← Chapters

အခန်း ၄၆-၄၈

Vol. 4 Ch. 46-48

အခန်း ၄၆-၄၈

Vol. 4 Ch. 46-48

အခန်း (၄၆)

ဝမ်ချင်းစီ၏ ထောက်လှမ်းရေး အစီရင်ခံစာ

လုချန်းသည် သူ့အား ချန်နိုင်ငံ၏ လက်ကျန်လူများက ပစ်မှတ်ထားနေပြီဖြစ်ကြောင်း မသိပေ။ အထူးကိုယ်ရံတော်များ ရောက်ရှိလာသောအခါ လုချန်းပို၍ အလုပ်များလာသည်။

အထူးကိုယ်ရံတော်များ ယူဆောင်လာသော သတင်းအချက်အလက်များသည် အလွန်များပြားသောကြောင့် စုဆောင်းထားသော ထောက်လှမ်းရေးအချက်အလက်များကို လေ့လာရန် နောက်ပိုင်းရက်အနည်းငယ်ကို လုချန်းသူ၏ စာကြည့်ခန်းထဲတွင် ကုန်ဆုံးခဲ့သည်။

အထူးကိုယ်ရံတော်များ၏ စွမ်းရည်သည် တကယ်ပင် ထက်မြက်လှသည်။ သူတို့၏ အရှင်သခင်မှ ကြီးကြပ်ခိုင်း‌စေမှု မရှိသော်လည်း အထူးကိုယ်ရံတော်များသည် ရှမင်းဆက် ၏ အတိတ်က ကိစ္စရပ်အချို့ကို နက်နက်နဲနဲ စုံစမ်းနိုင်ခဲ့သည်။

ဥပမာအားဖြင့် သူ၏ မိခင်သေဆုံးမှု၏ အဖြစ်မှန်နှင့် အာဏာရှိ မိသားစုများ၏ ထောက်ခံမှုကို ရရှိထားသော ဆွမ်ဧကရာဇ်က တဖြည်းဖြည်း သူတို့နှင့် ဆန့်ကျင်လာခဲ့ပုံကို သိရှိရသည်။

ထိုအခိုက်တွင် လုချန်းသည် အထူးကိုယ်ရံတော်များ၏ မှတ်တမ်းများကို လှန်လှောကြည့်နေစဉ် သူ၏ မျက်ခုံးများသည် တစ်မိနစ်ထက်တစ်မိနစ် ပို၍တွန့်လာသည်။

မှတ်တမ်းများအရ ဆွမ်ဧကရာဇ်၏ ချစ်မြတ်နိုးရသည့် အမျိုးသမီးကို သူ၏မိခင်က သတ်ဖြတ်ခဲ့ပြီးနောက် ဆွမ်ဧကရာဇ်သည် သူမအား အလွန်အမင်း မုန်းတီးခဲ့ပြီး ထိုမုန်းတီးမှုက လုချန်းဆီကိုလည်း ဦးတည်ခဲ့သည်။ ဆွမ်ဧကရာဇ်သည် သူ့ကို မွေးဖွားသည့်အချိန်ကတည်းက ရှင်းပစ်ရန်ပင် စဉ်းစားခဲ့သည်။

သူ၏ မိခင်က ဆွမ်ဧကရာဇ်၏ အကြိုက်ဆုံး အမျိုးသမီးကို သတ်ဖြတ်ခဲ့သည့် အကြောင်းရင်းမှာ နန်းတွင်းရှိ မိန်းမများကြား ဖြစ်တတ်သည့် အရေးကြီးသော ကိစ္စရပ်များ‌ ကြောင့်ဖြစ်သည်။ ဥပမာအားဖြင့် ဧကရာဇ်မိဖုရား နေရာအတွက် ပြိုင်ဆိုင်မှုများ ဖြစ်သည်။

လုချန်းသည် ထိုကိစ္စရပ်များအပေါ် စိတ်ဝင်စားမှု မရှိပေ။ ယခု သူစိတ်ဝင်စားသည့်အရာမှာ နေပြည်တော်သို့ သူမည်သို့ ပြန်လည်ရောက်ရှိနိုင်မည်နည်းဟူသည့် မေးခွန်းပင်ဖြစ်သည်။ ဆွမ်ဧကရာဇ်က သူ့အပေါ်ထားသော သဘောထားကို ကြည့်ခြင်းအားဖြင့် သူ၏ ဘဝတစ်လျှောက်လုံးတွင် နေပြည်တော်သို့ ပြန်လည်ရောက်ရှိရန် တစ်ခုတည်းသော နည်းလမ်းမှာ ပုန်ကန်ခြင်းသာ ဖြစ်နိုင်သည်။

မည်သည့် မင်းသားမဆို အာဏာအတွက် ပြိုင်ဆိုင်မှုတွင် ပါဝင်နိုင်သည်။ သို့သော် မြောက်ပိုင်းနယ်စားမင်းသားသည် ပါဝင်နိုင်ခြင်း မရှိပေ။ ဆွမ်ဧကရာဇ်သည် သူအား ဘယ်သောအခါမှ ခွင့်ပြုမည် မဟုတ်ပေ။

သူ၏ ရုပ်အလောင်းသာ ပြန်သွားနိုင်မည်ဖြစ်သည်။ ထိုအခိုက်တွင် တံခါးအပြင်မှ ဆွဲဆောင်မှုရှိသော အသံတစ်ခု ကျယ်လောင်လာသည်။

“မင်းသား၊ မင်းသားရှိပါသလား။ ကျွန်မအရေးကြီးတဲ့ ကိစ္စရပ်တွေကို တင်ပြဖို့ လိုအပ်ပါတယ်။”

ဝမ်ချင်းစီ၏ အသံဖြစ်ကြောင်း ကြားသောအခါ လုချန်းသည် လက်ထဲရှိ ထောက်လှမ်းရေးအချက်အလက်များကို ချလိုက်သည်။ ကိစ္စရပ်များသည် အလွန်များပြားပြီး ခဏအတွင်း ဖြေရှင်းနိုင်မည်တော့ မဟုတ်ပေ။ အချိန်ယူ၍ လုပ်ဆောင်သင့်သည်။ သူ့မှာအချိန်များစွာရှိပါသည်။ ထို့ကြောင့် သူသည် အရင်ဆုံး အနည်းငယ် အနားယူသင့်သည်။

“ဝင်လာပါ” ဟု လုချန်းက ပြောလိုက်သည်။

လုချန်း၏ စကားကို ကြားသောအခါ ပါးလွှာသော အနီရောင် ဝတ်စုံကိုဝတ်ဆင်ထားသည့် ဝမ်ချင်းစီသည် အခန်းထဲသို့ တိုက်ရိုက် ဝင်လာသည်။

ယခု ဝမ်ချင်းစီသည် လုချန်းအား လုံးဝ နာခံမှုရှိနေပြီဖြစ်သည်။ သူတို့၏ ဆက်ဆံရေးကိုလည်း မကြာခဏ အတူရှိခဲ့သောကြောင့် ဖြစ်နိုင်သည်။ သူမသည် ပိုမို၍ ဆွဲဆောင်မှုရှိလာပြီး မှော်ဆန်လာသလိုပင် ဖြစ်နေသည်။

နူးညံ့သော နှာခေါင်း၊ နီရဲသော နှုတ်ခမ်းများ၊ သွယ်လျ‌သောခါး၊ ကျောက်စိမ်းကဲ့သို့ ဖြူဖွေးသော အသားအရေ… သူမ၏ ခန္ဓာကိုယ်မှ အမြဲထွက်ပေါ်နေသော နွေးထွေးသော အနံ့နှင့် ပေါင်းစပ်လိုက်လျှင် သူမ၏အရှေ့မှ ဖြတ်သန်းသွားရုံနှင့်ပင် သူမကို တစ်စုံတစ်ခု လုပ်လိုစိတ် ပေါ်ပေါက်လာမည်ဖြစ်သည်။

လုချန်းသာ အဆင့်ကိုး သိုင်းပညာရှင် မဟုတ်ခဲ့ပါက ကျားနဂါးဆေးလုံး၏ သက်ရောက်မှုကြောင့် ဝမ်ချင်းစီအား အခုချိန်မှာ ခုန်အုပ်လိုက်ပြီးပြီဖြစ်သည်။ လုချန်းသည် ယခုအခါ ကိုယ့်ကိုယ်ကို ထိန်းချုပ်နိုင်သော်လည်း ဝမ်ချင်းစီနှင့် ဆက်ဆံရေး ပြုစုပျိုးထောင်ခြင်းကို စွန့်လွှတ်မည်တော့ မဟုတ်ပါ။

မုကျိရွှမ်းနှင့် ကျန်သူနှစ်ဦး ကိုယ်ဝန်ဆောင်နေစဉ်ကာလအတွင်း ဝမ်ချင်းစီနှင့်သာ အများဆုံး ပြုစုပျိုးထောင်ဖြစ်ခဲ့သည်။ သူမသည် နေ့စဉ်နီးပါး မြောက်ပိုင်းနယ်စားမင်းသားစံအိမ်သို့ လာရောက်လေ့ရှိသည်။

ကျန်သူသုံးဦးနှင့် နှိုင်းယှဉ်ပါက လုချန်းသည် ဝမ်ချင်းစီအား ပိုမို၍ စိတ်အားထက်သန်မှု ရှိသည်။

သူမသည် ဂေဟာမယ်တစ်ဦး ဖြစ်သောကြောင့် လည်း ဖြစ်နိုင်သည်။ လူကြိုက်များသော ဂေဟာမယ်တစ်ဦးသည် သူ၏ အမျိုးသမီးအ‌ေစခံဖြစ်နေသည်ဟူသော အတွေးကပင် လုချန်းအားအလွန်အမင်း စိတ်လှုပ်ရှားစေသည်။

တစ်ခါတစ်ရံတွင် အဆင့်အတန်းက ပုံပန်းသဏ္ဌာန်ကို လိုက်ဖက်စေသည်ဟု ဆိုရမည်ဖြစ်သည်။ ဝမ်ချင်းစီသည် အခန်းထဲသို့ ဝင်လာသောအခါ တိုးတိုးလေး ပြောလိုက်၏။

“ကျွန်မ မင်းသားကို တွေ့ရပြီ။” ဟု ပြောလိုက်သည်။

လုချန်းသည် ဝမ်ချင်းစီကို တစ်ချက်ကြည့်လိုက်ပြီးနောက် သူမ၏ နူးညံ့သော လက်ကို ဆွဲယူကာ သူ၏ ရင်ခွင်ထဲသို့ အတင်းဆွဲသွင်းလိုက်သည်။

ဝမ်ချင်းစီက ခုခံခြင်း မရှိပဲ မကြာမီပင် လုချန်း၏ ပွေ့ဖက်မှုအောက်တွင် နစ်မျောသွား၏။ ထိုလူအား သူမခုခံနိုင်ခြင်း မရှိပါ။ ထို့ပြင် ထိုသို့လုပ်ရန်လည်း မလိုအပ်ပါ။ သူမသည် သူ၏ အမျိုးသမီးဖြစ်သည်။ သူ၏ ဆန္ဒအတိုင်း လိုက်လံလုပ်ဆောင်ရမည်သာ ဖြစ်သည်။

“ကိုယ့်ကို တွေ့ချင်တဲ့ အကြောင်းရင်းက ဘာလဲ” လုချန်းက မေးလိုက်သည်။

“မင်းသား၊ မင်းသား လုရှူယွမ်က စာတစ်စောင် ပေးပို့လာပါတယ်။ သွေးလဝန်း ရဲတိုက်မှူးက သူကိုယ်တိုင် မြောက်ပိုင်းမြို့တော်ကို လာဖို့ စီစဉ်နေပါပြီ။ သူက ကျွန်မကို မြောက်ပိုင်းနယ်စားမင်းသားစံအိမ်က နောက်ဆုံး အခြေအနေတွေနဲ့ အထူးသဖြင့် လျှို့ဝှက်ထိပ်သီးပညာရှင်ရဲ့ လှုပ်ရှားမှုတွေကို ထောက်လှမ်းထားဖို့ တာဝန်ပေးပါတယ်” ဝမ်ချင်းစီက ပြန်လည် ဖြေကြားလိုက်သည်။

ထိုစကားကို ကြားသောအခါ လုချန်းသည် ခဏတာ အံ့အားသင့်သွားသည်။ သူ၏ ညီအစ်ကိုဖြစ်သူ ရှူယွမ်သည် လက်လျှော့ခြင်း မရှိသေးပါလား။

မြောက်ပိုင်းမြို့တော်တွင် သူအကြာကြီး နေပြီးတာ‌တောင် ချူးမိသားစုက သူနဲ့ဆက်သွယ်ဖို့ ဘယ်သူ့ကိုမှ မလွှတ်တဲ့အကြောင်းကို လုရှုယွမ် သိရှိသင့်သည်။ သူဘာလို့ လုချန်းအတွက် ဒီလောက်ဒုက္ခခံနေရသေးတာလဲ။

ဝမ်ချင်းစီ၏ ခန္ဓာကိုယ်ကို ပွတ်သပ်နေစဉ် လုချန်းက

“သွေးလဝန်း ရဲတိုက်မှုးက ထိပ်သီးပညာရှင်လောက်ကို ဖြစ်ရမယ် မဟုတ်လား။ သူက

ကိုယ့်ကိုကို လုပ်ကြံဖို့ လာတာလား” ဟု မေးလိုက်သည်။

ဝမ်ချင်းစီက “မင်းသား လုရှုယွမ်က ကျွန်မကို အဲ့ဒါ မပြောပြခဲ့ပါဘူး။ သူက ကျွန်မကို မြောက်ပိုင်းနယ်စားမင်းသားစံအိမ်ရဲ့ လက်ရှိအခြေအနေနဲ့ လျှို့ဝှက်ထိပ်သီးပညာရှင်က လှုပ်ရှားမှု ရှိမရှိ ကိစ္စကိုပဲ စုံစမ်းခိုင်းတာပါ” ဟု ပြန်လည်ပြောကြားလိုက်သည်။

လုချန်း တွေးမိလိုက်သည်။ သူ၏ ညီအစ်ကိုဖြစ်သူ ရှူယွမ်သည် သူတို့၏ ဖခင်ဖြစ်သူ ဆွမ်ဧကရာဇ် တောင်ပိုင်းရှိ အာဏာရှိ မိသားစုများကို တိုက်ခိုက်ရန် စီစဉ်နေကြောင်း မသိသေးတာ သေချာ၏။ ဒီလောက်စွန့်စားစရာ များနေတာတောင် လုရှုယွမ်က ချူးမိသားစုရဲ့ ထောက်ခံမှုကို ရရှိဖို့ ဆက်လက် ကြိုးစားနေတုန်းလား။

“ချူးမိသားစုနှင့်အတူ ရှင်းလင်းမခံရပါစေနဲ့။”

ထိုအခိုက်တွင် အတွေးတစ်ခု ဝမ်ချင်းစီ၏ စိတ်ထဲသို့ ရောက်ရှိလာသလို ထင်ရပြီး သူမက “ဟုတ်ကဲ့၊ မင်းသား၊ ကျွန်မ နောက်ထပ် ကိစ္စတစ်ခုကိုလည်း စုံစမ်းခဲ့ပါတယ်။”

လုချန်းက “ဘာကိစ္စလဲ” ဟု မေးလိုက်သည်။

“မုမိသားစု တစ်ခုလုံး အနောက်မြောက်ဘက်ကိုပြည်နှင်ဒဏ် ပေးခံခဲ့ရတယ်လို့ ကြားသိရပါတယ်။”

မြူ‌ကျောင်းတော်၏ ထောက်လှမ်းရေးအဖွဲ့သည်လည်း အတော်လေးကောင်း၏။ သူတို့သည် နေပြည်တော်တွင် ဖြစ်ပေါ်နေသည့် သတင်းများကို အမြန်ဆုံး ရရှိနိုင်ပြီး ဝမ်ချင်းစီဆီသို့လည်း သတင်းရောက်နိုင်သည်။

မုအိမ်၏သတင်းကို ကြားသိရှိပြီး မိဖုရားသည်လည်း မုချန်တိန်၏ သမီးဖြစ်ကြောင်း စဉ်းစားသောအခါ လုချန်းသည် ထိုကိစ္စအပေါ် စိုးရိမ်မည်ဖြစ်သည်။ ထို့ကြောင့် သူမက ထိုကိစ္စကို ပြောလိုက်ခြင်းဖြစ်သည်။

သို့သော် ထိုစကားကို ကြားသောအခါ လုချန်းက

“ကိုယ် အဲ့ဒီကိစ္စကို သိပြီးပြီ” ဟု ပြောလိုက်သည်။

ထို့နောက် ဝမ်ချင်းစီက

“အဲ့ဒါဆို ကျွန်မမှာ တင်ပြစရာ မရှိတော့ပါဘူး။”

ထိုသို့ ပြောပြီးသောအခါ ဝမ်ချင်းစီသည် သူမ၏ ခန္ဓာကိုယ်ကို နည်းနည်း အနေအထား ပြောင်းလိုက်၏။ ထိုင်နေရတာ အနည်းငယ် သက်သောင့်သက်သာ မရှိသလို ခံစားရ သောကြောင့်ဖြစ်သည်။

ထိုအခိုက်တွင် လုချန်းက ပြုံးလျက်

“မဟုတ်ဘူး၊ မင်းမှာ ဆောင်ရွက်စရာ နောက်တစ်ခု ရှိသေးတယ်။” ဟု ပြောလိုက်သည်။

“တိုက်တိုက်ဆိုင်ဆိုင်ပဲ အခုကိုယ် နည်းနည်းပင်ပန်းနေလို့ အနားယူဖို့ လို‌နေတယ်။”

ထိုစကားကို ကြားသောအခါ ဝမ်ချင်းစီသည် လုချန်းအား သဘောမကျသလို တစ်ချက် ကြည့်လိုက်ပြီး သူဆိုလိုသည့်အရာကို နားလည်သွားကာ ထရပ်လိုက်ပြီး ပြန့်ကျဲနေသော ထောက်လှမ်းရေး စာရွက်စာတမ်းများကို ပြန်စီရန် စားပွဲကိုမှီလိုက်သည်။

[သခင်နှင့် ဝမ်ချင်းစီသည် ချစ်ခင်မှုကို တစ်ကြိမ် ပြုစုပျိုးထောင်ပြီးနောက်

အတွင်းအားမန္တာန်ကျင့်စဉ် ရမှတ် +၂၀

ပြန်လည်သန်စွမ်းစေ‌သောစွမ်းအား +၂၀

ပြန်လည်သန်စွမ်းစေ‌သောစွမ်းအားသည်

ဒုတိယအဆင့်သို့ ရောက်ရှိခဲ့ပါသည်။ သခင့်အား ဂုဏ်ပြုပါသည်။]

ထိုစကားကို ကြားသောအခါ လုချန်းသည် ကုတင်ပေါ်တွင် လဲလျောင်းနေသော ဝမ်ချင်းစီကို တစ်ချက်ကြည့်လိုက်ပြီး အနည်းငယ် အံ့အားသင့်သွားသည်။ သိုင်းပညာရှင်များသည် ကိုယ်ဝန်ရရန် ခက်ခဲသည်။ ထို့အ‌ချက်ကို လုချန်းသိ၏။

သို့သော် မုကျိရွှမ်းနှင့် ကျန်သူများ ကိုယ်ဝန်ရှိလာပြီးနောက် ဝမ်ချင်းစီသည် နေ့စဉ်နီးပါး မြောက်ပိုင်းနယ်စားမင်းသားစံအိမ်သို့ လာရောက်ပြီး သူနှင့် ချစ်ခင်မှုကို ပြုစုပျိုးထောင်ခဲ့သော်လည်း ဝမ်ချင်းစီ ကလေးမရပေ။

ဝမ်ချင်းစီသည် အဆင့်ကိုး သိုင်းပညာရှင် ဖြစ်သော်လည်း ကိုယ်ဝန်မရရှိနိုင်ခြင်းမှာ အနည်းငယ် ထူးဆန်းသည်။ တစ်နှစ်နီးပါး ရှိခဲ့ပြီဖြစ်သည်။ ဝမ်ချင်းစီ၏ ကိုယ်ခန္ဓာမှာ ပြဿနာရှိနေတာလား။

လုချန်းသည် သု၏ ကိုယ်ခန္ဓာတွင် ပြဿနာရှိမည်ဟု မထင်မှတ်ပေ။ ကျားနဂါးဆေးလုံးကို သောက်သုံးခဲ့ပြီး နဂါးဖီးနစ် လက်ဖက်ရည်ကိုလည်း သူသောက်သုံးခဲ့သည်။ ဝမ်ချင်းစီ၏ ကိုယ်ခန္ဓာတွင်သာ ပြဿနာရှိနေမည်ဟု လုချန်း ယူဆသည်။ ခဏစဉ်းစားပြီးနောက် လုချန်းသည် ပြန်လည်သန်စွမ်းစေ‌သောစွမ်းအားဖြင့် ဝမ်ချင်းစီ၏ ကိုယ်ခန္ဓာကို စစ်ဆေးခဲ့သည်။

ပြန်လည်သန်စွမ်းစေ‌သောစွမ်းအားသည် ဒုတိယအဆင့်သို့ ရောက်ရှိနေပြီဖြစ်သောကြောင့် တစ်စုံတစ်ဦး၏ ကိုယ်ခန္ဓာအတွင်းရှိ ကွယ်ဝှက်ထားသော ဒဏ်ရာ သို့မဟုတ် ရောဂါများကို စစ်ဆေးရန် အလွန်လွယ်ကူသည်။

ဝမ်ချင်းစီ၏ ဝမ်းဗိုက်ပေါ်တွင် လက်ကို တင်လိုက်သောအခါ သူမ၏ ကိုယ်ခန္ဓာအတွင်းရှိ အခြေအနေများသည် စိတ်ထဲတွင် တစ်ခဏအတွင်း ပြတ်ပြတ်သားသား ပေါ်လာသည်။

ဝမ်ချင်းစီ၏ ကိုယ်ခန္ဓာတွင် ပြဿနာမရှိပါ။ သာမန်အမျိုးသမီးတစ်ဦးကဲ့သို့ပင် ဖြစ်သည်။ ထိုသို့ဖြစ်ခြင်းမှာ အတော်လေး ထူးဆန်းလှပေသည်။ သူမ၏ ကိုယ်ခန္ဓာသည် ကောင်းမွန်သော်လည်း ကိုယ်ဝန်ရရှိရန် ခက်ခဲနေသည်။

အဆင့်ကိုး သိုင်းပညာရှင် ဖြစ်သောကြောင့်လား။ ထိုသို့ဆိုလျှင် နောင်တွင် လှပသော မိန်းမတစ်ဦးနှင့် သားသမီးရရှိရန် ပို၍ပင် ခက်ခဲလာမှာလား။ ထိုအခိုက်တွင် ဝမ်ချင်းစီက ခပ်မြန်မြန် ပြောလိုက်သည်။

“မင်းသား။ ဒေါ်လေးချူးကို ဘယ်အချိန်မှာ ‘စား’ မယ်လို့ ကြံထားလဲ။ ဒေါ်လေးရဲ့ မနာလိုစိတ်တွေက တစ်နေ့ထက်တစ်နေ့ ပိုပြင်းလာပြီး ကျွန်မကို ပြဿနာရှာချင်နေပါတယ်။”

ထိုစကားကို ကြားသောအခါ လုချန်းခဏမျှ ငြိမ်သက်သွား၏။

“မင်းဘာကို ဆိုလိုသလဲ။ ကိုယ်ကသူ့ကို ဒီလိုမျိုး မလေးမစားမ လုပ်ရပ်‌တွေ လုပ်မယ်လို့ တကယ်ထင်နေတာလား” ဟု ပြောလိုက်သည်။

ဝမ်ချင်းစီက

“ဒေါ်လေးချူး” ဆိုတဲ့ နာမည်ကို ကြားရင်‌တောင် ရှင်ကစိတ်ဆိုး‌နေတာ။ ဒါကို ကျွန်မထပ်ပြီး ရှင်းပြဖို့ လိုသေးလို့လား။

လုချန်းက ခြောက်ကပ်ကပ် ရယ်လိုက်ပြီးနောက်

“မင်းက အမျိုးသမီးအစေခံ ဆိုတဲ့ အဓိပ္ပာယ်ကို ဒီနေ့အထိ နားမလည်သေးပါလား။ ကိုယ့်ရဲ့ အရေးကိစ္စတွေမှာ စွက်ဖက်ရဲတယ်။ ဒီနေ့မင်းကို ပြစ်ဒဏ် ပေးရမယ်” ဟု ပြန်ပြောလိုက်သည်။

“မင်းသား၊ ကျွန်မ ပြစ်မှားမိသွားပါပြီ” ဟု သူမက တောင်းပန်လိုက်သည်။

“ကောင်းတယ်” ဟု သူမက ချိုသာစွာ ပြောလိုက်သည်။

.........

အခန်း (၄၇)

လုချမ်း၏ ပြဿနာ

ဝမ်ချင်းစီသည် လုချန်းရဲ့ စာကြည့်ခန်းထဲမှ ကပိုကရိုဖြင့် ထွက်လာခဲ့သည်။ ဆံပင်များကလည်း ‌ရှုပ်ပွနေပြီး မျက်နှာကလည်း နီရဲနေသည်။ သူမသည် ထော့နင်းထော့နင်းလမ်းလျှောက်နေရသည်။

ပင်မဝင်းကြီးမှ ထွက်လာချိန်တွင် လှည့်ကင်း လှည့်နေသည့် ချူးယုချင်နှင့် တိုးမိသွားသည်။

ချူးယုချင်သည် ဝမ်ချင်းစီရဲ့ အခြေအနေကို တွေ့သောအခါ ဒီစုန်းမက သူမရဲ့ ချန်းလေးအား ဖြားယောင်ရန်သွားခဲ့သည်ကို သိလိုက်သည်။

ချူးယူချင်က ခနဲ့သည့် လေသံဖြင့် ပြောလိုက်သည်။

“ မိန်းကလေးဝမ်။ ပန်းတစ်ရာဂေဟာမှာ စီးပွားရေး အရမ်းကောင်းနေတယ်လို့ ကြားတယ်။ ဂေဟာသခင်မ တစ်ယောက်အနေနှင့် မင်းသားစံအိမ်ကို နေ့တိုင်းလာမယ့်အစား ဘာလို့ အဲ့ဒီမှာ ကြီးကြပ်မနေတာလဲ။

ချူးယုချင်၏ မျက်လုံးထဲတွင် မနာလိုမှုများကို မြင်ရသောအခါ ဝမ်ချင်းစီက နားလည်စွာ ပြုံးလိုက်၏။ ချူးယူချင်သည် သူမကို မနှစ်သက်ရခြင်း အကြောင်းကို ဝမ်ချင်းစီ သိပါသည်။ မြောက်ပိုင်းနယ်စားမင်းသားဆီကို နေ့စဉ်လာနေသောကြောင့် ချူးယူချင်၏ ဝန်တိုစိတ်ကို ဆွပေးနေသလို ဖြစ်နေသည်။

ဝမ်ချင်းစီက “ဒေါ်လေးချူး၊ မိဖုရားနှင့် မောင်းမတွေက ကိုယ်ဝန်ဆောင်နေကြပါတယ်။ ဒါကြောင့် ကျွန်မလို ဂေဟာမယ်သာ မင်းသားကို ဖြည့်ဆည်း‌ပေးနိုင်ပါတယ်။ မင်းသားအခု စိတ်ဖိစီးမှုတွေ ခံနေရတယ် ဆိုတာ ဒေါ်လေးချူး မသိဘူးလား။ ကျွန်မက ဂရုမစိုက်ရဘူးဆိုရင် ဒေါ်လေးချူးက မင်းသားကို ကူညီဖြည့်ဆည်းပေးမယ်လို့ ဆိုလို‌နေတဲ့ သဘောလား” ဟု ပြောလိုက်သည်။

“ဒေါ်လေးချူးသာ မင်းသားရဲ့ စိတ်ဖိစီးမှု ဖြေလျှော့ဖို့ နေ့တိုင်း ကူညီပေးဖို့ စီစဉ်ထားတယ်ဆိုရင် ကျွန်မ မနက်ဖြန် မလာတော့ပါဘူး” ဟု ပြောလိုက်သည်။

ထိုစကားကို ကြားသောအခါ ချူးယူချင်၏ မျက်နှာ အရောင် ပြောင်းလဲသွားပြီးနောက် လေပြင်းတစ်ခု သူမ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာကာ သူမ၏ အဝတ်များကို တိုက်ခတ်သွားသည်။

“ဝမ်ချင်းစီ၊ မင်းက ချန်းလေးကို ဖြည့်ဆည်းပေးရတဲ့ အမျိုးသမီးအ‌ေစခံပဲ ဖြစ်တယ်။ မင်းရဲ့စကားတွေကို သတိထားဖို့ အကြံပေးချင်တယ်။”

“မဟုတ်ရင်။ ငါမင်းကို သတ်လိုက်ရင်‌တောင်

ချန်းလေးက ဘာမှ မပြောဘူးလို့ ငါယုံတယ်” ဟု ပြောလိုက်သည်။

ဝမ်ချင်းစီက ချိုသာစွာ ပြုံးလိုက်ပြီး

“ဒေါ်လေးချူးက ကျွန်မကို သတ်ဖို့စိတ်ကူးထားတာလား။ မင်းသားကို ဖြည့်ဆည်းပေးဖို့ ကျွန်မမရှိတော့ရင် ဒေါ်လေး မင်းသားကိုဖြည့်ဆည်းပေးဖို့ လိုအပ်လာလိမ့်မယ်” ဟု ပြောလိုက်သည်။

ထိုစကားကို ကြားသောအခါ ချူးယူချင်သည် ဒေါသလည်းထွက် ရှက်လည်း ရှက်သွားသဖြင့် မျက်နှာနီရဲသွားသည်။

“မင်း!”

ဝမ်ချင်းစီသည် သူမကို ကြောက်ရွံ့ခြင်း မရှိသည်ကို တွေ့သောအခါ ချူးယူချင် ထပ်မံ၍ ရန်ဖြစ်လိုစိတ် ပျောက်သွားသည်။ သူမသည် ခြေလှမ်းကို လှည့်လိုက်ပြီး မင်းသားစံအိမ်၏ အခြားတစ်ဖက်သို့ လမ်းလျှောက်သွားလိုက်၏။ နှုတ်မှလည်း ခပ်တိုးတိုး ရေရွတ်နေသည်။

“သူက ချန်းလေးရဲ့ စိတ်ရိုင်းတွေ ပေါက်ကွဲနိုင်ဖို့အတွက် အသုံးချတဲ့ ပစ္စည်းတစ်ခုပဲ ဖြစ်တယ်။ ပစ္စည်းတစ်ခုကို ငါကဘာကြောင့် စိတ်ဆိုးနေရမှာလဲ။

ဝမ်ချင်းစီသည် ထိုစကားများကို ကြားလိုက်သော်လည်း ဒေါသမထွက်ပေ။ သူမသည် တကယ်တော့ အသုံးချခံ ပစ္စည်းတစ်ခုသာဖြစ်သည်။ သို့သော် သူမ မြောက်ပိုင်းနယ်စားမင်းသားကို ကျေနပ်စေနိုင်သရွေ့ ကျန်တာအရေးမကြီးပါ။

ချူးယုချင်၏ စွဲမက်ဖွယ်ကောင်းသော ကိုယ်လုံးကို ကြည့်ရင်း ဝမ်ချင်းစီသည် သူမ၏ နှုတ်ခမ်းကို အနည်းငယ်ကွေး၍ တိုးတိုးလေး ပြောလိုက်သည်။

“ဒေါ်လေးချူး၊ ဒေါ်လေးချူး၊ မင်းသားရဲ့ စိတ်ရှည်မှုက ကန့်သတ်ချက်ရှိတယ်။ မကြာခင် ရှင်လည်းသူ့ရဲ့ ကုတင်ပေါ်ကို ရောက်လိမ့်မယ်။”

ချူးယုချင်သည် လွန်ခဲ့သော ခြောက်လအတွင်းက လုချန်းနှင့် ခပ်ခွာခွာနေရန် ကြိုးစားခဲ့သော်လည်း တကယ်တော့ သူမသည် လုချန်း၏ လုံခြုံရေးကို တာဝန်ယူသော လုံခြုံရေးမှူးဖြစ်သည်။

ထို့ကြောင့် ချူးယုချင်သည် လုချန်းက ဝမ်ချင်းစီကို သိမ်းပိုက်နေသည်ကို ခဏခဏ တွေ့မြင်ရလေ့ရှိသည်။ ဝမ်ချင်းစီကို ထိုကဲသို့ အခြေအနေမှာ တွေ့သည့်အခါ သို့မဟုတ် တစ်ခါတစ်ရံ သူမအကြောင်း ထည့်ပြောလာခဲ့လျှင်တောင် ချူးယုချင်၏ ဒေါသထွက်လာတတ်ပြီး အခြားလူတစ်ယောက်လို ပြောင်းလဲသွားသကဲ့သို့ ဖြစ်လာသည်။ ထိုအချက်က သူမကိုလည်း ထိတ်လန့်စေသည်။

လုချန်း၏ ချူးယုချင်အပေါ် မက်မောမှုသည်လည်း နေ့စဉ်နေ့တိုင်း တိုးပွားလာသည်ကို ထင်ရှားစွာ တွေ့မြင်ရသည်။ သူသည် သူ၏ အတွင်းစိတ်မှ တပ်မက်မှုကို ထိန်းချုပ်နိုင်သေးသော်လည်း ထာဝရတော့ ကြာမည်မဟုတ်ပေ။

သတိလစ်သွား‌သော တစ်နေ့တွင် နှစ်ဦးသား ငြိစွန်းမိသွားနိုင်သည်။ ထိုအခါ ချူးယုချင် ထွက်ပြေး၍ ရနိုင်တော့မည် မဟုတ်ပဲ လုံးဝဝါးမျိုခံလိုက်ရလိမ့်မည်ဖြစ်သည်။ ချူးယုချင်၏ ပုံရိပ် ပျောက်ကွယ်သွားသောအခါ ဝမ်ချင်းစီသည် လှည့်၍အဆောင်ဝင်းမှ ထွက်ခွာရန် ပြင်လိုက်သည်။ သို့သော် သူမလှည့်သောအခါ မုကျိရွှမ်းကို တွေ့လိုက်ရသည်။

မီးဖွားပြီး ခဏတာ အနားယူပြီးနောက် မုကျိရွှမ်းသည် ကျန်းမာရေး ပြန်လည်ကောင်းမွန်လာပြီး အိပ်ရာပေါ်မှ ထကာ လမ်းလျှောက်လာနိုင်ခဲ့သည်။

ချူးယုချင်နှင့်မတူပဲ ဝမ်ချင်းစီသည် မိဖုရား မုကျိရွှမ်းအား အလွန်လေးစားသည်။ သူမကို တွေ့သောအခါ ဝမ်ချင်းစီသည် ချက်ချင်းပင် “မိဖုရားကို နှုတ်ဆက်ပါတယ်” ဟု ပြောလိုက်သည်။

မုကျိရွှမ်းခပ် ခပ်ဖျော့ဖျော့ရယ်လိုက်ပြီး ခေါင်းညိတ်ပြလိုက်သည်။

“ထပါ၊ မိန်းကလေးဝမ်” ဟု ပြောလိုက်သည်။

မုကျိရွှမ်းက ဝမ်ချင်းစီသည် လုချန်း၏ အပျော်အပါးအတွက်သာဖြစ်သည်ကို သိသောကြောင့် ဝမ်ချင်းစီ အတွင်းဆောင်ကို မကြာခဏ လာရောက်လည်ပတ်သည်ကို လုံးဝ စိတ်မကွက်ပေ။

ဤခေတ်ကာလတွင် အိမ်ရှင်မ အများစုသည် သူတို့၏ ခင်ပွန်းများတွင် ကျွန်မများ သို့မဟုတ် မောင်းမများ ထားရှိသည်ကို မကန့်ကွက်ကြပေ။ မုကျိရွှမ်းသည်လည်း ခြွင်းချက်မဟုတ်ပါ။

ထိုအခိုက် မုကျိရွှမ်းက “မင်းသား အထဲမှာ ရှိပါလား” ဟု မေးလိုက်သည်။

ဝမ်ချင်းစီက “မင်းသားအခု စာကြည့်ခန်းထဲမှာ ရှိနေပါတယ်” ဟု ပြောလိုက်သည်။

မုကျိရွှမ်းက

“ကောင်းပါပြီ၊ မိန်းကလေးဝမ်၊

လုပ်စရာရှိတာကို ဆက်လုပ်ပါ။ ကျွန်မ မင်းသားကို သွားကြည့်လိုက်ပါဦးမယ်” ဟု ပြောလိုက်သည်။

မုကျိရွှမ်းထံ၌ မိဖုရားတစ်‌ယောက်၏ စိတ်‌နေစိတ်ထားများ တဖြည်းဖြည်း ပိုမိုပေါ်လွင်လာပြီး သူမ၏ စကားတစ်ခွန်း လုပ်ရပ်တစ်ခုချင်းစီတို့တွင် အဆင့်အတန်းမြင့်သူတစ်ဦး၏ အရိပ်အငွေ့များကို ဖော်ပြနေသည်။

ဝမ်ချင်းစီ ထွက်ခွာတော့မည် ဖြစ်သော်လည်း သူမက တစ်စုံတစ်ခုကို စဉ်းစားမိပြီး ချက်ချင်းပင်

“ဟုတ်ကဲ့ မိဖုရား။ ကျွန်မတောင်းဆိုချင်တဲ့ အကူအညီတစ်ခုရှိပါတယ်။ မိဖုရား ကြားချင်စိတ် ရှိပါသလား” ဟု ပြောလိုက်သည်။

ထိုစကားကို ကြားသောအခါ မုကျိရွှမ်း စိတ်ဝင်စားသွားပြီး

“ဘာများလဲ မိန်းကလေးဝမ်။ ပြောပါ” ဟု မေးလိုက်သည်။

ဝမ်ချင်းစီသည် လုချန်း၏ စာကြည့်ခန်းကို တစ်ချက် ကြည့်လိုက်ပြီးနောက်

“မိဖုရား။ မင်းသားဟာ အခြားမောင်းမတစ်‌ ယောက်ကို ထပ်ယူဖို့ အချိန်တန်ပြီ မဟုတ်ပါလား။ ကျွန်မ မပြောသင့်တာ ပြောတယ်လို့ ယူဆပါ” ဟု ပြောလိုက်သည်။

လုချန်း၏ ဇနီးများနှင့် မောင်းမများ ကိုယ်ဝန်ဆောင်ကြသည့်အချိန်မှစ၍ နေ့စဉ်နေ့တိုင်း လုချန်းကို ဂရုစိုက်ပြုစုရသူမှာ ဝမ်ချင်းစီဖြစ်သည်။ အဆင့်ကိုး သိုင်းပညာရှင်တစ်ဦးဖြစ်သော်လည်း သူမထပ်ပြီး ခံနိုင်ရည်မရှိတော့ပေ။

ယခု မုကျိရွှမ်းသည် မီးဖွားပြီးခါစ ဖြစ်သောကြောင့် သူမသည် လုချန်းကို ပြုစု၍ မရပေ။ ထို့ကြောင့် ကျွန်မဖြစ်သော သူမသည်သာ ဆက်လက်၍ ဆောင်ရွက်ပေးရမည့် အနေအထားဖြစ်သည်။ သူမသည် အမျိုးသမီး အစေခံမတစ်ဦးသာဖြစ်ပြီး သူမအနေနှင့် ထိုသို့ပြောဆိုရန် မသင့်တော်ကြောင်း နားလည်သော်လည်း သူမသည် ဆက်လက်၍ ခံနိုင်ရည်မရှိတော့ပေ။

မုကျိရွှမ်းသည် သဘောထားကြီးသူ တစ်ဦးဖြစ်ပြီး လုချန်း မောင်းမများယူခြင်းကို တားမြစ်မည်မဟုတ်ဟု သူမယုံကြည်သည်။ တကယ်တန်းတွင် မြောက်ပိုင်းနယ်စားမင်းသား၏ အိမ်ထောင်တွင် သူ့ကိုဖြည့်ဆည်းပေးရန် အမျိုးသမီးများ လုံလောက်စွာ မရှိပေ။ သူမသည် သူ၏ ဇနီးဖြစ်သောကြောင့် မောင်းမများ ယူသည့်ကိစ္စကိ အမြဲတမ်း ကန့်ကွက်ရန်လည်း မဖြစ်နိုင်ပေ။

မုကျိရွှမ်းသည် ဝမ်ချင်းစီ၏ စကားများကို ကြားသောအခါ ချက်ချင်းပင် အခြေအနေကို သဘောပေါက်လိုက်သည်။ ဝမ်ချင်းစီ အလွန်ပင်ပန်းနေပြီဖြစ်ကြောင်း သူမသိလိုက်သည်။

မုကျိရွှမ်းသည် စိတ်ထဲတွင် တွေးမိသည်မှာ အဆင့်ကိုး သိုင်းပညာရှင်တစ်ဦးပင် ခံနိုင်ရည်မရှိပါက မင်းသား၏ ခန္ဓာကိုယ်သည် အလွန်အားကောင်းပေလိမ့်မည်။

နေပြည်တော်တွင် လုချန်းနှင့် အိမ်ထောင်ပြုစဉ်က သူမသည် သူ့ကို သေရည်နှင့် အမျိုးသမီးများကြောင့် ခန္ဓာကိုယ်ပိုင်း ယိုယွင်းနေသော လူငယ်တစ်ဦးဟု ထင်မြင်ခဲ့သည်။ ထို့ကြောင့် သူသည် အလွန်အားနည်းလိမ့်မည်ဟု ယူဆခဲ့သည်။

အခုတော့...

မုကျိရွှမ်းက သက်ပြင်းချလိုက်ပြီးနောက် “မိန်းကလေးဝမ်၊ ကျွန်မ မင်းသားကို ‌ မောင်းမထပ်ယူဖို ကိစ္စကို ပြောပါ့မယ်။ စိတ်ချလက်ချ ပြန်သွားပါ” ဟု ပြောလိုက်သည်။

ဝမ်ချင်းစီသည် ချက်ချင်းပင် “ကျေးဇူးတင်ပါတယ် မိဖုရား” ဟု ပြောလိုက်သည်။

“ကျွန်မကို ခွင့်ပြုပါဦး။”

ထို့နောက် ဝမ်ချင်းစီသည် လှည့်၍ အဆောင်ဝင်းမှ ထွက်ခွာသွားသည်။

ထိုအချိန်တွင် စာကြည့်ခန်းမှ ထွက်လာသော လုချန်းသည် ချူးယုချင်ကို တွေ့လိုက်သည်။ သူမ၏ မျက်နှာသည် နီမြန်းနေပြီး ချက်ချင်းပင် လုချန်းက သူမအား

“ဒေါ်လေးချူး ခဏလေး။ ကျွန်တော် မေးချင်တဲ့ မေးခွန်းတစ်ခုရှိလို့” ဟု ခေါ်လိုက်သည်။

ထိုစကားကို ကြားသောအခါ ချူးယုချင်သည် သူမ၏ ခြေလှမ်းများကို ရပ်လိုက်သည်။ သူမသည် လုချန်းကို အံ့ဩသော မျက်လုံးများဖြင့် ကြည့်လိုက်ပြီး

“ချန်းလေး၊ ဘာများလဲ” ဟု မေးလိုက်သည်။

လုချန်းက

“ဒေါ်လေးချူး ကျွန်တော်သိရသလောက် သိုင်းပညာရှင်တစ်ဦးက စွမ်းအားမြင့်မားလာတာနှင့်အမျှ သားသမီးမရနိုင်ခြေ ပိုမိုများလာတယ် မဟုတ်လား။” ဟု မေးလိုက်သည်။

ချူးယုချင်က “ဟုတ်တယ်လေ။ ဘာလို့ မေးတာလဲ” ဟု ပြန်မေးလိုက်သည်။

ချူးယုချင် စိတ်လှုပ်ရှားမှုတစ်ခုကို ခံစားလိုက်ရ၏။ ချန်းလေးက ဘာလို့ဒါတွေ ရုတ်တရက် မေးလာတာလဲ။ သူက ငါ့ကို ရွေးချယ်မှုတစ်ခုအဖြစ် စဉ်းစားနေတုန်းပဲလား။ မြောက်ပိုင်းနယ်စားမင်းသားစံအိမ်၏ အတွင်းဆောင်တွင် လုချန်းနှင့် နီးစပ်သော အမျိုးသမီး သိုင်းပညာရှင်မှာ သူမတစ်ဦးတည်းသာဖြစ်သည်။

ထိုအခိုက် လုချန်းက

“ကျွန်တော် ဝမ်ချင်းစီနှင့် မကြာခဏ ဆက်ဆံရေး လုပ်ဖြစ်တယ်။ ဒါပေမဲ့ သူက အခုထိကိုယ်ဝန်မရှိသေးဘူး။ သူ့ခန္ဓာကိုယ်မှာလည်း ပြဿနာမရှိဘူး” ဟု ပြောလိုက်သည်။

“သိုင်းပညာရှင်တွေက စွမ်းအား ပိုမြင့်လာတာနှင့်အမျှ သားသမီးမရနိုင်ခြေ ပိုမိုများလာမယ် ဆိုပေမဲ့ ခြောက်လကြာပြီးတာတောင် သူ့ခန္ဓာကိုယ်က နည်းနည်းတောင် တုံ့ပြန်မှုမရှိသေးတာ မူမှန်ပါ့မလား။”

လုချန်းက ဝမ်ချင်းစီကို ပြောနေတာဖြစ်သဖြင့် ချူးယုချင် စိတ်သက်သာရာ ရသွားပြီး သက်ပြင်းတစ်ချက် ချလိုက်သည်။ သူက ဝမ်ချင်းစီကို ပြောနေခြင်းဖြစ်သည်။ သူမက‌တော့ သူမကိုစိတ်ဝင်စားနေသည်ဟု ထင်ခဲ့သည်။

ချူးယုချင်က နွေးထွေးစွာ ပြုံးပြီးနောက်

“ချန်းလေး၊ အဆင့်ငါးထက် ပိုမြင့်တဲ့ သိုင်းပညာရှင်တွေက အတွင်းအားကို အသုံးပြုပြီး သူတို့ခန္ဓာကိုယ်မှ အညစ်အကြေးတွေကို ထုတ်နိုင်တယ်ဆိုတာကို မသိဘူးလား” ဟု ပြန်ဖြေ လိုက်သည်။

“သိုင်းပညာရှင်တွေက အဆိပ်မိရင်‌တောင်အဆိပ်က မပြင်းသေးသရွေ့ အတွင်းအားကို အသုံးပြုပြီး အဆိပ်ကို ထုတ်နိုင်တယ်...” ဟု ပြောလိုက်သည်။

..........

အခန်း (၄၈)

အဲ့ဒါဆိုရင်တော့ ဒေါ်လေးချူးကိုပဲ ဒုက္ခပေးရတော့မယ်

ချူးယုချင်၏ ပြန်လည်ဖြေကြားမှုကို ကြားသောအခါ လုချန်းသည် ခဏခန့် အံ့အားသင့်သွားသည်။

ဒီလိုမျိုးပါလား။ ဝမ်ချင်းစီ မည်သည့် လက္ခဏာမှ မပြသသည့်အတွက် သူသည် အံ့ဩနေခဲ့သည်။ ခြောက်လကြာပြီးတာ‌တောင် သူမ၏ ဗိုက်မှ တုံ့ပြန်မှုမရှိသေးပေ။ သူမအား သူပေးသော စိတ်ခံစားချက်များကိုယူ၍ သူမ၏ အတွင်းအားကို အသုံးပြုကာ ပြန်ပြီးစွန့်ပစ် နေရဲပါလား။

နောက်တစ်ခါ သူမနှင့်‌တွေ့လျှင် သူမကို ကောင်းကောင်း အပြစ်ပေးရမည်။ သူ့ကို သူမ၏ သခင်အဖြစ် သူ၏ အာဏာကို သိရှိစေရန်အတွက် ဖြစ်သည်။

သူမသည် ခြောက်လကြာ သူ့ကို ဖုံးကွယ်ထားခဲ့သည်။ သူမ၏ ခန္ဓာကိုယ်တွင် တစ်စုံတစ်ခုမှားယွင်းနေသည်ဟုပင် သူသံသယဖြစ်ခဲ့သည်။ သို့သော် ပြဿနာက သူမကိုယ်တိုင် ဖြစ်သည်ကို နောက်ဆုံးတွင် သိရှိခဲ့သည်။

ထိုအခိုက် ချူးယုချင်က

“ချန်းလေး၊ ဝမ်ချင်းစီက အဆင့်ကိုး သိုင်းပညာရှင်ဖြစ်ပေမယ့် သူကပန်းတစ်ရာဂေဟာရဲ့ ဂေဟာမယ်ပဲ ဖြစ်တယ်။ အပျော်အပါး အတွက်ပဲဆိုရင် ပြဿနာမရှိဘူး။ ဒါပေမဲ့ မောင်းမအနေနဲ့ ယူမယ်ဆိုရင် မင်းရဲ့ ဂုဏ်သိက္ခာကို ထိခိုက်နိုင်တယ်” ဟု သတိပေးလိုက်သည်။

ချူးယုချင်သည် ဝမ်ချင်းစီကို အစကတည်းက မနှစ်သက်သော်လည်း သူမ၏ သတိပေးချက်သည် အကြောင်းမဲ့မဟုတ်ပေ။ ဤခေတ်ကာလတွင် လူတစ်ဦး၏ ဂုဏ်သိက္ခာသည် အလွန်အရေးပါ၏။

ဂေဟာမယ်တစ်ဦးကို လွတ်မြောက်စေပြီး သို့မဟုတ် ချမ်းသာကြွယ်ဝသော မိသားစုတစ်ခုမှ ဝယ်ယူပြီးလျှင်တောင် သူတို့သည် မောင်းမတစ်ဦး ဖြစ်လာနိုင်ရန် အခွင့်အလမ်းနည်းပါသည်။

ထို့ပြင် မင်းသားဖြစ်သော လုချန်းက ဂေဟာမယ်တစ်ဦးကို မောင်းမအဖြစ် တင်မြှောက်သည်ဟူသော သတင်းပြန့်နှံ့သွားပါက ရယ်စရာတစ်ခု ဖြစ်လာလိမ့်မည်။

ချူးယုချင်၏ သတိပေးချက်ကို ကြားသောအခါ လုချန်းက ပြုံး၍

“ဒေါ်လေးချူး၊ သူ့ကို မောင်းမအဖြစ် ယူလိုက်ရင်က ကျွန်တော် အင်အားကြီးလာဖို့အတွက် အချိန်ပိုရစေမယ်လို့ မထင်ဘူးလား” ဟု ပြောလိုက်သည်။

လုချန်း၏ စကားများကို ကြားသောအခါ ချူးယုချင် ခဏမျှ အံ့အားသင့်သွား၏။

ထို့‌ နောက် သူမက

“ချန်းလေး၊ မင်းက မင်းရဲ့ နာမည်ကို ဆက်ပြီး ညစ်နွမ်းနေစေပြီး နန်းတွင်းက အသုံးမကျတဲ့ မင်းသားဖြစ်ကြောင်း ပိုပြီးယုံကြည်စေချင်တာလား” ဟု မေးလိုက်သည်။

လုချန်းက

“အခု ပြဿနာတွေ အများကြီး ဖြစ်နေတယ်။ မြောက်ပိုင်းမြို့တော်က နန်းတွင်းရဲ့ တိုက်ရိုက်စောင့်ကြည့်မှုအောက်မှာ မရှိပေမဲ့ စောင့်ကြည့်နေသူတွေကတော့ ရှိနေတုန်းပဲ။ ဒါ့ကြောင့် ကျွန်တော့်ရဲ့ လှုပ်ရှားမှုတိုင်းက အရမ်းအရေးကြီးပါတယ်” ဟု ပြန်လည်ဖြေကြားလိုက်သည်။

ချူးယုချင်က ခဏစဉ်းစားလိုက်ပြီးနောက် သက်ပြင်းတိုးတိုးချလိုက်သည်။

“ချန်းလေး၊ မင်းလူကြီးဖြစ်လာပြီပဲ။ ကိုယ်ပိုင်အတွေးအခေါ်‌ ရှိလာပြီ။ မင်းဆန္ဒရှိတာ လုပ်ပါ။ အခက်အခဲ တစ်ခုခုကြုံရရင် ဒေါ်လေးကို ပြောပါ။ ဒေါ်လေးမင်းရဲ့အဖိုးကို အကူအညီပေးဖို့ ပြောပေးပါ့မယ်” ဟု ပြောလိုက်သည်။

ထိုစကားကို ကြားလိုက်ရသောအခါ လုချန်းက ပြုံး၍

“ဒေါ်လေးချူး၊ ကျွန်တော် အခုနောက်ပိုင်း အခက်အခဲတစ်ခု ကြုံနေရတယ်” ဟု ပြောလိုက်သည်။

ချူးယုချင်က စိုးရိမ်စွာဖြင့်

“ဘာအခက်အခဲလဲ” ဟု မေးလိုက်သည်။

လုချန်းက

“နောက်ပိုင်းတွင် ကျွန်တော်သိုင်းပညာ လေကျင့်ရင် ကျွန်တော့်ရဲ့ အတွင်းအားချက်က္ကရတွေမှာ ရှူသွင်းတဲ့လေက လှည့်ပတ်တာကို အမြဲခံစားရတယ်။ ခံစားရတာက မသက်သာဘူး။ ဘာဖြစ်နေတာလဲဆိုတာ ဒေါ်လေး ကြည့်ပေးပါလား” ဟု ပြောလိုက်သည်။

ထိုစကားကို ကြားသောအခါ ချူးယုချင်သည် အံ့အားသင့်သွားသည်။

လုချန်းငယ်စဉ်က သူမသည် သူ၏ ခန္ဓာကိုယ်ကို မကြာခဏ စစ်ဆေးလေ့ရှိသည်။ သို့သော် ယခု သူသည် ကြီးပြင်းလာပြီဖြစ်ပြီး ဇနီးပင် ရှိနေပြီဖြစ်သောကြောင့် အခုအချိန်တွင် သူမသည် သူ၏ ခန္ဓာကိုယ်ကို စစ်ဆေးရန်က အလွန်သင့်တော်သော ကိစ္စမဟုတ်ပေ။

သူသည် လူကြီးတစ်ဦးဖြစ်နေပြီဖြစ်ပြီး အမျိုးသားနှင့် အမျိုးသမီးအကြား ကွာခြားချက်များရှိလာသည်။

ချူးယုချင်သည် ခဏခန့် စဉ်းစားပြီးနောက်

“ချန်းလေး၊ မင်းက အခု လူကြီးဖြစ်နေပြီ

ဒေါ်လေးက မင်းရဲ့ခန္ဓာကိုယ်ကို စစ်ဆေးဖို့ မသင့်လျော်ဘူး။ ဗိုလ်ချုပ်လီကို နောက်မှ လာကြည့်‌ပေးဖို့ ခေါ်လိုက်မယ်။ ဘာပြဿနာလဲဆိုတာ သူသိလောက်မှာပါ” ဟု ပြောလိုက်သည်။

ထိုစကားကို ကြားသောအခါ လုချန်းက “ဒေါ်လေးချူး၊ ဗိုလ်ချုပ်လီက အဆင့်ရှစ်ပဲ ရှိသေးတယ်။ ပြီးတော့ သူကအဲ့ဒီအဆင့်ကို ရောက်သွားတာ မကြာသေးဘူး။ သူက ဒေါ်လေးလောက် အတွေ့အကြုံများမယ် မထင်ဘူး” ဟု ပြောလိုက်သည်။

ချူးယုချင်က

“အထူးကိုယ်ရံတော်တွေ ရှိနေတုန်းပဲ မဟုတ်ပါလား။ တပ်မှူးချင်က ရန်ခရိုင်ထဲမှာပဲ ရှိနေတုန်း မဟုတ်ပါလား။ သူက ထိပ်သီးပညာရှင် ဆိုတော့ သူ့ကိုပဲ စစ်ဆေးခိုင်းလိုက်ပါ” ဟု ပြောလိုက်သည်။

ချူးယုချင်သည် လုချန်း၏ ခန္ဓာကိုယ်ကို သူမ ကိုယ်တိုင် စစ်ဆေးရန် ငြင်းပယ်ခဲ့သည်။ ထပ်မံ၍ နီးကပ်သော ထိတွေ့မှု ဖြစ်ပေါ်လာနိုင်သည်ကို သူမ ကြောက်ရွံ့ခဲ့သည်။

ချူးယုချင်၏ စကားများကို ကြားသောအခါ လုချန်းက သက်ပြင်းရှည် တစ်ချက်ချလိုက်ပြီးနောက်

“အင်း။ ကျွန်တော် သဘောပေါက်ပါပြီ ဒေါ်လေးချူး။ ဒေါ်လေးက အခု ကျွန်တော့်ကို ရွံရှာနေပါပြီ။” ဟု ပြောလိုက်သည်။

ချူးယုချင်က ချက်ချင်းပင်

“ချန်းလေး။မင်းဘယ်လို ပြောလိုက်တာလဲ။

ဒေါ်လေးက မင်းရဲ့ အဒေါ်‌လေ။ မင်းကို ဘာလို့ရွံရှာရမှာလဲ” ဟု ပြောလိုက်သည်။

လုချန်းက

“ကျွန်‌‌တော်ငယ်ငယ်တုန်းက ဒေါ်လေး ကျွန်တော့်ခန္ဓာကိုယ်ကို မကြာခဏ စစ်ဆေးတတ်တယ်။ အခု ကြီးလာပြီးနောက်ပိုင်း မလုပ်တော့ဘူး။ အဲ့ဒါက ကျွန်တော့်ကို ရွံနေတာ မဟုတ်ရင် ဘာလဲ” ဟု ပြောလိုက်သည်။

ထိုစကားကို ကြားသောအခါ ချူးယုချင်၏ မျက်နှာ နီမြန်းသွားပြီး သူမလည်ပင်းအထိပင် ပျံ့နှံ့သွားသည်။ ချူးယုချင်သည် တစ်စုံတစ်ခု ပြောရန် ပြင်ဆင်နေစဉ် လုချန်းသည် ချက်ချင်းပင် တစ်ဖက်လှည့်လိုက်ပြီး

“ဒေါ်လေးချူး၊ကျွန်တော့်ကို မကူညီချင်ရင် သွားပါ‌။ တစ်ခုခု ဖြစ်သွားရင် ကျွန်တော်သေလိုက်ရုံပဲ။ ကြည့်ရတာ ဒေါ်လေးက ကျွန်တော့်ကို ဂရုမစိုက်တော့ဘူးပဲ။” ဟု ပြောလိုက်သည်။

ထိုစကားများကို ကြားသောအခါ ချူးယုချင် စိတ်ဆိုးသွား၏။ ထို့နောက် သူမကဒေါသဖြင့် “ချန်း‌လေး။ မင်းက သေခြင်းရှင်ခြင်းကိစ္စကို ဘာလို့ လွယ်လွယ်ကူကူ ပြောနေတာလဲ” ဟု ပြောလိုက်သည်။

ပြောပြီးသည်နှင့် ချက်ချင်းပင် ချူးယုချင်သည် လက်ကို ဆန့်၍ လုချန်း၏ လက်ကောက်ဝတ်ကို ဆွဲလိုက်သည်။ လုချန်း၏ နှုတ်ခမ်းထောင့်များ အနည်းငယ် ကွေးသွားသည်။ သို့သော် သူသည် ချူးယုချင်ကို ကျောခိုင်းနေသောကြောင့် သူမ မမြင်တွေ့နိုင်ပါ။

လုချန်းသည် နောက်ပိုင်းတွင် ချူးယုချင် သူ့ကို ရှောင်ရန် နည်းလမ်းများကို ရှာဖွေနေသည်ကို သတိပြုမိခဲ့တာ ကြာပြီဖြစ်သည်။

သဘာဝကျပါသည်။ ဘာ့ကြောင့်ဆိုတာကို လုချန်း နားလည်သည်။ ချူးယုချင်သည် သူတို့ကြားမှအခြေအနေများ ပိုမိုပြင်းထန်လာပြီး သူမသည် သူ၏ အမျိုးသမီးဖြစ်လာမည်ကို ကြောက်ရွံ့နေသည်။

သူမသည် ရှေးရိုးဆန်သော အမျိုးသမီးတစ်ဦးဖြစ်ပြီး ထိုကဲ့သို့သော အရာကို ယခုအချိန်တွင် လက်ခံနိုင်ခြင်း မရှိပေ။ လုချန်း၏ လက်ကောက်ဝတ်ကို ဆွဲလိုက်ပြီးနောက် ချူးယုချင်သည် သက်ပြင်းတစ်ချက်ချလိုက်ပြီး

“ချန်းလေး အခန်းထဲကိုလာ၊ ဒေါ်လေးကြည့်ပေးပါမယ်။ နောက်ပြီး မင်းရဲ့အတွင်းအားကို ထိန်းညှိပေးမယ်” ဟု ပြောလိုက်သည်။

ချူးယုချင်သည် တကယ်တော့ လုချန်း၏ ခန္ဓာကိုယ်ကို‌ စစ်ဆေးလိုခဲ့သည်။

လုချန်းသည် ဘုန်းကံရှိသော်လည်း သိုင်းပညာကျင့်ခန်းလုပ်ခြင်းသည် တစ်ဦးချင်းစီ၏ သီးခြားကိစ္စဖြစ်သည်။ ထို့ကြောင့် တစ်စုံတစ်ခု မှားယွင်းသွားနိုင်သလား ဆိုတာကို မည်သူမျှ မသိနိုင်ပေ။

သို့သော် ယခင်က ဖြစ်ပျက်ခဲ့သော ဖြစ်ရပ်ကို ပြန်လည်တွေးတောပြီး ဒီကလေးဆိုးလုချန်းသည် သူမ၏ ခန္ဓာကိုယ်ကို တပ်မက်နေခဲ့သည်မှာ ကြာပြီဖြစ်သည်ကို သိသောကြောင့် သူမသည် ကိုယ့်ကိုယ်ကို ထိန်းချုပ်ရပြီး သူ၏ ခန္ဓာကိုယ်ကို စစ်ဆေးဖို့ မပြောခဲ့ပေ။

ချူးယုချင်က သဘောတူသည်ကို တွေ့သောအခါ လုချန်းက ချက်ချင်းပင်

“အဲ့ဒါဆို ဒေါ်လေးကိုပဲ ဒုက္ခပေးရတော့မယ်” ဟု ပြောလိုက်သည်။

မကြာမီ သူတို့သည် စာကြည့်ခန်းသို့ ရောက်ရှိလာသည်။ ချူးယုချင်သည် စာကြည့်ခန်းတွင် အနံ့တစ်မျိုးကို ရှူရှိုက်လိုက်ရသောအခါ သူမ၏ မျက်နှာပေါ်တွင် ထူးဆန်းသော အသွင်အပြင် ပေါ်လာသည်။

“ဘာအနံ့လဲ။ ဘာ့ကြောင့် ဒီလောက် နံစော်‌ နေတာလဲ” ဟု မေးလိုက်သည်။

ချူးယုချင်သည် အသက်နှစ်ဆယ့်ရှစ်နှစ် ကျော်နေပြီဖြစ်သော်လည်း သူမသည် “ထိုကဲ့သို့သော ကိစ္စရပ်များ” တွင် ပါဝင်ခဲ့ဖူးသည် မဟုတ်ပေ။ ထို့ကြောင့် သူမလုံးဝမသိသော အရာများ ရှိနေသေးသည်။

လုချန်းက ခပ်တည်တည် ပြောလိုက်သည်။

“ဒါက မြောက်ပိုင်းနယ်စားမင်းသားစံအိမ်မှာ ဖန်တီးထားတဲ့ ရေမွှေး အသစ်ပါ။”

ချူးယုချင်က အံ့ဩသွားသည့်အသွင်ဖြင့် ပြောလိုက်သည်။

“ရေမွှေး။ ဒီလိုအနံ့ရှိတဲ့ ရေမွှေးကို ဘယ်သူကဝယ်မှာလဲ။”

သူမက ပြောနေစဉ် ချူးယုချင်က လေကို ရှုရှိုက်လိုက်ပြီးနောက် ဆက်၍ပြောလိုက်သည်။

“ဒီရေမွှေးအနံ့ရဲ့ သက်ရောက်မှုကြောင့် သိုင်းပညာလေ့ကျင့်ရာမှာ မင်းရဲ့ခန္ဓာကိုယ်ကို ထိခိုက်မှုရှိနေတာလား။”

တစ်ခါတစ်ရံတွင် လေ့ကျင့်မှုအတွင်း ဖြစ်ပေါ်တတ်သော အန္တရာယ်များသည် ပတ်ဝန်းကျင်ကြောင့် ဖြစ်ပေါ်နိုင်သောကြောင့် ချူးယုချင်သည် ထိုအနံ့ပြင်းသော ရေမွှေးကြောင့် လုချန်း၏လေ့ကျင့်မှုကို ပြဿနာရှိ‌စေနိုင်သည်ဟု သံသယရှိခဲ့သည်။

လုချန်းက

“မသိဘူး။ ဆက်စပ်မှုရှိနိုင်ပါတယ်။” ဟု ပြောလိုက်သည်။

ထိုအခိုက် ချူးယုချင်က လုချန်းကို တစ်ချက်ကြည့်လိုက်ပြီး နီရဲသော မျက်နှာဖြင့်

“အပေါ်အင်္ကျီကို ချွတ်လိုက်ပါ။ မင်းရဲ့ အခြေအနေကို အရင်စစ်ဆေးကြည့်ချင်တယ်။”

ချူးယုချင် ပြောပြီးသည်နှင့် ချက်ချင်းပင် လုချန်းက ကျွမ်းကျင်စွာပင် သူ၏ အပေါ်အင်္ကျီ ကို ချွတ်လိုက်သည်။

လုချန်းက အပေါ်အင်္ကျီကို ချွတ်လိုက်သည်နှင့် သူ၏ ကြွက်သားအပြည့်နှင့် ခန္ဓာကိုယ်ကို ချူးယုချင် မြင်လိုက်ရသည်။ လုချန်း၏ သေသပ်စွာ ပေါ်လွင်နေသော ဝမ်းဗိုက်ကြွက်သားများကို မြင်သောအခါ ချူးယုချင် ခဏမျှ မိန်းမောသွားသည်။

လုချန်း မုကျိရွှမ်းနှင့် လက်ထပ်သည့်အခါက ချူးယုချင်က သူ၏ ကိုယ်လုံးကို တစ်ခါစစ်ဆေးဖူးသည်။ ထိုအချိန်က ခန္ဓာကိုယ်တွင် ကြွက်သားအဖုအထစ်များ သိသာထင်ရှားစွာ မရှိသေးဘဲ ဗိုက်အနည်းငယ်ပင် ထွက်နေသည်။

ယခုအခါ လုချန်းတွင် ကြွက်သားများ ထင်ရှားစွာရှိနေသည်ကို မြင်သောအခါ ချူးယုချင် ယုံမှတ်ရခက် နေသည်။

လုချန်းသည် သိုင်းပညာရှင်တစ်ဦးဖြစ်သည်ကို သူမ သိသော်လည်း သူလေ့ကျင့်တာကို တကယ်တမ်း မမြင်ဖူးသေးပေ။ ထို့ကြောင့် လေ့ကျင့်မှု ပြုလုပ်ခြင်းမရှိသူအတွက် ထိုသို့သော သန်မာတောင့်တင်းသော ခန္ဓာကိုယ် ရှိနေခြင်းသည် တကယ်တမ်း အံ့ဩစရာပင်ဖြစ်သည်။

........

All Chapters