← Chapters

အခန်း ၄၉-၅၁

Vol. 4 Ch. 49-51

အခန်း ၄၉-၅၁

Vol. 4 Ch. 49-51

အခန်း (၄၉)

မင်းရဲ့အဒေါ်ကို လှည့်စားနေတာလား

လုချန်း၏ ကြွက်သားများသည် သေသပ်စွာ ပေါ်လွင်နေသော်လည်း ခေတ်သစ် အလေးမ သမားများကဲ့သို့ ကြီးမားရောင်ကိုင်းနေခြင်း မရှိပေ။

လုချန်း၏ ကြွက်သားများ၏ ပုံသဏ္ဌာန်သည် ပြည့်စုံ၏။ ထိုမြင်ကွင်းက ချူးယုချင်ကို အံ့အားသင့်စေခဲ့သည်။

ချူးယုချင်သည် စိတ်ထဲတွင် အတွေးများဖြင့် ရုန်းကန်နေရင်း

“ချန်းလေး၊ မင်းက အခုသိုင်းပညာရှင်တစ်ဦးဖြစ်နေပြီ ဆိုပေမဲ့ မင်းသိုင်းပညာ လေ့ကျင့်နေတာကို တစ်ခါမှ မမြင်ဖူးဘူး။ မင်းရဲ့ ခန္ဓာကိုယ်က ဘာလို့ ဒီလောက်တောင့်တင်း ကြံ့ခိုင်နေရတာလဲ။” ဟု‌ မေးလိုက်သည်။

လုချန်းက ပြုံး၍

“ဒေါ်လေးချူး၊ ကျွန်တော် သိုင်းပညာမလေ့ကျင့်ခဲ့ဘူးလို့ ဘယ်သူပြောလဲ။ ကျွန်တော် ယခုရက်ပိုင်းအတွင်း နေ့တိုင်း လေ့ကျင့်နေခဲ့တာ မဟုတ်လား။”

ထိုစကားကို ကြားသောအခါ ချူးယုချင်က နားမလည်နိုင်စွာ မေးလိုက်သည်။

“အဲ့ဒါဆို ဒေါ်လေးဘာလို့ တစ်ခါမှ မတွေ့ဖူးရတာလဲ။”

လုချန်းက

“ကျွန်တော်က ပုံမှန်အားဖြင့် ကျွန်တော့်အခန်းထဲမှာပဲ လေ့ကျင့်တာ။ နောက်ပြီး အဲ့ဒါက ဝမ်ချင်းစီရဲ့ ပူးပေါင်းဆောင်ရွက်မှု လိုအပ်လို့ ဒေါ်လေး မမြင်ရတာ မဆန်းပါဘူး။” ဟု ပြန်လည်ပြောလိုက်သည်။

ထိုစကားကို ကြားသောအခါ ချူးယုချင်သည် ချက်ချင်းပင် လုချန်း၏ ဆိုလိုရင်းကို သဘောပေါက်လိုက်ပြီး သူ့ကိုရှုတည်တည် ကြည့်လိုက်ကာ

“ကောင်စုတ်လေး၊ အဲ့ဒါကို သိုင်းပညာလေ့ကျင့်တယ်လို့ ခေါ်သလား။” ဟု ပြောလိုက်သည်။

လုချန်းက ရှက်ရွံ့မှုမရှိဘဲ

“ အဲ့ဒါက ဒေါ်လေး နားမလည်လို့ပါ။ သိုင်းပညာလေ့ကျင့်တဲ့ နည်းလမ်းက အများကြီး ရှိပါတယ်။” ဟု ပြောလိုက်သည်။

ချူးယုချင် အနည်းငယ် စိတ်ကောက်သွားပြီး လုချန်းနှင့် ထိုအကြောင်းအရာကို ဆက်လက်မဆွေးနွေးတော့ပေ။

“ချန်းလေး။ ပြောပါ။

မသက်မသာ ဖြစ်နေတာ ဘယ်နေရာမှာလဲ။”

သူမပြောပြီးသည်နှင့် ချူးယုချင်သည် လုချန်း၏ ကြွက်သားအဖုအထစ်များကို သေချာစွာ စတင်စစ်ဆေးလိုက်သည်။ ထိုအခိုက် လုချန်းက ချူးယုချင်၏ ဖြူနုသောလက်ကို ဆုပ်ကိုင်လိုက်ပြီး သူ၏ရင်ဘတ်ပေါ်သို့ တိုက်ရိုက် တင်လိုက်သည်။

“ကျွန်တော် တစ်ခါတစ်ခါ ဒီနေရာမှာ နာကျင်မှုလိုမျိုး ခံစားရတယ်။ ထူးဆန်းတာက သိုင်းပညာလေ့ကျင့်ချိန်မှာ ပိုနာတယ်။ တစ်ခါတစ်လေ နာကျင်မှုဒဏ်ကြောင့် လှုပ်တောင်မလှုပ်ရှားနိုင်ဘူး။”

လုချန်းက သူမ၏လက်ကို ကိုင်လိုက်သောအခါ ချူးယုချင်က အလိုလျောက် ပြန်ရုန်းလိုက်သည်။ သို့သော် သူ၏စကားကို ကြားသောအခါ သူမသည် ထိုကိစ္စကို ဂရုမစိုက်တော့ပေ။

သူမသည် စေတနာပါစွာဖြင့် လုချန်း၏ အခြေအနေကို စမ်းသပ်အာရုံခံကြည့်သည်။ အခု သူမသည် သူမ၏ အတွင်းအားကို တစ်ခြားသူတစ်‌ယောက်၏ ခန္ဓာကိုယ်အတွင်းသို့ ထုတ်လွှတ်နိုင်ပြီး ထိုသူ၏ ခန္ဓာကိုယ် အတွင်းရှိ ရောဂါလက္ခဏာများကို လွယ်ကူစွာ စမ်းသပ်နိုင်သည်။

ခဏကြာသောအခါ ချူးယုချင်က ရေရွတ်လိုက်သည်။

“ထူးဆန်းတယ်၊ ဘာမှမမှားနေသလိုပဲ။”

လုချန်းက ချူးယုချင်၏ စကားကို တုံ့ပြန်လိုက်သည်။

“ဒေါ်လေးချူး မှားနေတာလား။ ဘယ်လိုလုပ် ပြဿနာမရှိနိုင်ရတာလဲ။”

ထိုစကားကို ပြောစဉ် လုချန်းသည် တစ်စုံတစ်ခုကို စဉ်းစားမိသလို ဖြစ်လာပြီး ထို့နောက် အံ့ဩသွားသည့်အသွင်ဖြင့်

“ဟာ ထူးဆန်းလိုက်တာ။” ဟု ကျယ်လောင်စွာ ပြောလိုက်သည်။

“ဒေါ်လေးချူး၊ ဘာလို့လဲတော့ မသိဘူး။ ဒါပေမဲ့ ဒေါ်လေးလက်က ကျွန်တော့်ရဲ့ အတွင်းအား ချက္ကရကို ထိပြီးနောက်ပိုင်း အဲ့ဒီ ပူလောင်တဲ့ ခံစားချက်တွေ ပျောက်သွားတယ်။”

ထိုစကားကို ကြားသောအခါ ချူးယုချင်က လုချန်းကို သံသယရှိစွာ ကြည့်လိုက်သည်။

“တကယ်လား။”

လုချန်းက “ကျွန်တော်က ဒေါ်လေးကို လိမ်မှာလား။” ဟု ပြောလိုက်သည်။

ထိုအခိုက် လုချန်းက သူ၏ရင်ဘတ်ကို ကြည့်လိုက်ပြီး

“ဒေါ်လေးချူး၊ မြန်မြန်ကြည့်ပါ၊ ကျွန်တော့်ရင်ဘတ်ပေါ်တွင် ထူးဆန်းတဲ့ အရာတစ်ခု ပေါ်လာတယ်။” ဟု ပြောလိုက်သည်။

သူ၏စကားကို ကြားသောအခါ ချူးယုချင်၏ မျက်လုံးများသည် ချက်ချင်းပင် လုချန်း၏ မျက်နှာမှ သူ၏ရင်ဘတ်သို့ ရွှေ့သွားသည်။ သူမကြည့်လိုက်သောအခါ လုချန်း၏ ရင်ဘတ်မှ အစိမ်းရောင် အလင်းများ ထွက်ပေါ်နေသည်ကို တွေ့လိုက်ရသည်။

ဘာကြီးလဲ။

ချူးယုချင်သည် ထိုကဲ့သို့သော ဖြစ်စဉ်ကို ပထမဆုံးအကြိမ် တွေ့မြင်ဖူးခြင်းဖြစ်သည်။

လုချန်းက ဆက်လက်၍ပြောလိုက်သည်။

“ထူးဆန်းလိုက်တာ ဒေါ်လေးချူး။ ကျွန်တော့်ရဲ့ အတွင်းအား ချက္ကရမှာ စုနေတဲ့ ဓာတ်ငွေ့တွေ တဖြည်းဖြည်း လျော့ကျသွားသလို ခံစားရတယ်။ ကျွန်တော့်ရဲ့ အတွင်းအားတွေ ပြန်စီးဆင်းနေသလို ခံစားရတယ်။”

ချူးယုချင်က နားမလည်နိုင်သလို မေးလိုက်သည်။

“တကယ်လား။”

“ဒါပေမဲ့ ဒေါ်လေးဘာမှ မလုပ်ခဲ့ပါဘူး။”

သူမသည် လုချန်း၏ ရင်ဘတ်ပေါ်တွင် သူမ၏လက်ကို တင်လိုက်ပြီး သူ၏ ခန္ဓာကိုယ်ကို စစ်ဆေးခဲ့သည်။ သူမသည် သူ၏ အတွင်းအားကို ချိန်ညှိရန် ဘာမှ မလုပ်ခဲ့သော်လည်း သူ၏ ခန္ဓာကိုယ်က သူ့ဘာသာသူ ပြန်လည် ကောင်းမွန်လာခဲ့သည်။

ဒီလို အံ့ဖွယ်ကိစ္စမျိုးက ရှိခဲ့ဖူးလို့လား။

ချူးယုချင်သည် ဖြစ်ပျက်နေသည့်အရာများကို နားမလည်နိုင်ခဲ့ပေ။

ထိုအခိုက် လုချန်းက ဖြီးဖြန်းပြောဆိုလိုက်သည်။

“ဒေါ်လေးချူး။ အဲ့ဒါက ဘာဖြစ်တာလဲဆိုတာ ကျွန်တော် နားလည်ပြီ။”

သူ၏စကားကို ကြားသောအခါ ချူးယုချင်က ချက်ချင်းမေးလိုက်သည်။

“ဘာလဲ အဲ့ဒါက။”

လုချန်းက ဆက်လက်၍ပြောလိုက်သည်။

“ကျွန်တော် အမွေဆက်ခံထားတဲ့ ထာဝရတန်ခိုးရှင် ကျင့်စဉ်တွေထဲမှာ ထူးခြားတဲ့ အတွင်းအားမန္တာန်ကျင့်စဉ် ပါဝင်တယ်။ အဲ့ဒီ ကျင့်စဉ်အရ ကျွန်တော့်နှလုံးသားနှင့် ဆက်သွယ်ချက်ရှိတဲ့ အမျိုးသမီးတစ်ဦးက ကျွန်တော့်ကို အတွင်းအား ကျင့်ကြံရာမှာ အကူအညီပေးနိုင်တယ်တဲ့။”

“ဒေါ်လေးချူးက ကျွန်တော့်ရဲ့ ခန္ဓာကိုယ်ကို ထိမိသောကြောင့် ကျွန်တော်တို့ရဲ့ တွဲဖက်ကျင့်စဉ်အတွက် မတော်တဆ အခြေအနေ ညီညွတ်သွားတယ်လို့ ယူဆရတာပဲ။ အဲ့ဒါကြောင့် ကျွန်တော့်ခန္ဓာကိုယ်ထဲက ဖောက်ပြန်နေတဲ့ အတွင်းအားတွေက ငြိမ်သက်သွားပြီး ကျွန်တော့်ရဲ့ အတွင်းအားတွေ ချောချောမွေ့မွေ့ စီးဆင်းသွားနိုင်တာ။”

သံသယ အကြည့်ဖြင့် ချူးယုချင်က လုချန်းကို စိုက်ကြည့်လိုက်သည်။

“ချန်းလေး မင်းဒေါ်လေးကို လှည့်စားနေတာ မဟုတ်ပါဘူး‌နော်။”

“မင်းပြောနေတဲ့ အတွင်းအားမန္တာန်ကျင့်စဉ်က နတ်ဆိုးဂိုဏ်းရဲ့ ပေါင်းစပ်ပျော်ရွှင်ကျင့်စဉ်နှင့် တူနေသလို ဒေါ်လေးခံစားရတယ်။”

လုချန်းက စိတ်အားထက်သန်စွာ မေးလိုက်သည်။

“ဒေါ်လေးချူး၊ နတ်ဆိုးဂိုဏ်းရဲ့ ပေါင်းစပ်ပျော်ရွှင် ကျင့်စဉ်က ဘယ်ကဆင်းသက်လာတယ်ဆိုတာကို စဉ်းစားမိခဲ့ဖူးလား။”

“နတ်ဆိုးဂိုဏ်းရဲ့ ပေါင်းစပ်ပျော်ရွှင်ကျင့်စဉ်က လူသားတွေအတွက် ထိခိုက်စေတယ်။ ဒါပေမဲ့ကျွန်တော် အမွေဆက်ခံရတဲ့ ထာဝရတန်ခိုးရှင်ကျင့်စဉ်တွေက နှစ်ဦးနှစ်ဖက်လုံးကို အကျိုးပြုပါတယ်။ နောက်ပြီး ဒေါ်လေးမြင်တဲ့အတိုင်းပဲ ဒေါ်လေး ကျွန်တော့်ခန္ဓာကိုယ်ကို ထိမိလိုက်တာနဲ့ ကျွန်တော့်ရဲ့ အတွင်းအားက တည်ငြိမ်သွားပြီး ဒေါ်လေးကိုလည်း ဘာမှ မထိခိုက်ခဲ့ဘူး။”

ထိုသို့ပြောစဉ် လုချန်းက ချူးယုချင်၏ လှပသော မျက်ဝန်းများထဲသို့ စိုက်ကြည့်လိုက်သည်။

“ပေါင်းစပ်ပျော်ရွှင် ကျင့်စဉ်က ကျွန်တော် လေ့ကျင့်နေတဲ့ အတွင်းအားမန္တာန်ကျင့်စဉ်နှင့် ဆင်တယ်လို့ ကျွန်တော်လည်း သံသယရှိတယ်။ ဒါပေမဲ့ ပေါင်းစပ်ပျော်ရွှင်ကျင့်စဉ်က ပြည့်စုံမှု မရှိလို့ လူသားတွေကို ထိခိုက်စေတာ။”

“ကျွန်တော် ပိုင်ဆိုင်တဲ့ အတွင်းအားမန္တာန်ကျင့်စဉ်က ပြည့်စုံတာကြောင့် နှစ်ဦးနှစ်ဖက်စလုံးအတွက် မဆိုးပါဘူး။ ဒါ့ကြောင့် တစ်‌ ယောက်‌ယောက်က ထာဝရတန်ခိုးရှင်ကျင့်စဉ် တစ်စိတ်တစ်ပိုင်းကို ခိုးယူခဲ့ပြီး အဲ့ဒီ မပြည့်စုံတဲ့ကျင့်စဉ်က နတ်ဆိုးဂိုဏ်းရဲ့ ပေါင်းစပ်ပျော်ရွှင်ကျင့်စဉ် ဖြစ်လာခဲ့တာ နေမယ်။”

လုချန်း၏ လီဆယ်ဖြီးဖြန်းသော စကားများကို ကြားသောအခါ ချူးယုချင်က လေးလေးနက်နက် စဉ်းစားလိုက်ပြီး ထိုစကားများက အကျိုးအကြောင်း သင့်လျော်မှု ရှိနေသည်ဟု ထင်မှတ်သွားခဲ့သည်။

“အဲ့ဒါဆို တို့တွေဘာလုပ်မလဲ။” ဟု ချူးယုချင်က မျက်နှာနီရဲစွာဖြင့် မေးလိုက်သည်။

သူမ၏လက်သည် လုချန်း၏ ရင်ဘတ်ပေါ်တွင် ရှိနေဆဲဖြစ်ပြီး သူမသည် သူ့နှင့် အနီးကပ်နေသောကြောင့် ယခုအခိုက်တွင် သူမသည် အလွန်စိတ်လှုပ်ရှားနေခဲ့သည်။

လုချန်း၏ ခန္ဓာကိုယ်မှ ထွက်ရှိလာသော ယောင်္ကျားပီသသော အနံ့သည် သူမအား ဆက်တိုက် လှုံ့ဆော်နေပြီး သူမ၏ အတွင်းအကျဆုံး စိတ်ကူးများကို တိုက်ခိုက်နေသည်။

ဒီအတိုင်းသာ ဆက်သွားနေပါက ယခင်က ဖြစ်ပျက်ခဲ့သည့်အတိုင်း ဖြစ်လာနိုင်သည်။

ထိုအခိုက် လုချန်းက

“ဒေါ်လေးချူးက ကျွန်တော့်ကို ထိလိုက်ရင် ကျွန်တော့်ရဲ့ အတွင်းအားကို တည်ငြိမ်စေနိုင်တယ်ဆို‌တော့ ဒေါ်လေးကျွန်တော့်နှင့် အနီးကပ် နည်းနည်းထပ်နေပေးပါလား။” ဟု ပြောလိုက်သည်။

ချူးယုချင် ခဏစဉ်းစားလိုက်သည်။ သူမ၏လက်သည် လုချန်း၏ ရင်ဘတ်ပေါ်တွင် တင်နေခြင်းသာဖြစ်သည်။ သူမသည် ပိုမိုမနီးကပ်သရွေ့ ပြဿနာမရှိသင့်ပေ။

ထိုစိတ်ကူးဖြင့် ချူးယုချင်က သက်ပြင်းချလိုက်ပြီး

“ကောင်းပါပြီ၊ မင်းပိုသက်သာလာရင် ဒေါ်‌လေးကို ချက်ချင်းပြောပါ။” ဟု ပြောလိုက်သည်။

သို့သော် ထိုအခိုက် လုချန်းသည် တစ်စုံတစ်ရာကြောင့် နာကျင်သွားသည့်အသံဖြင့် တအီးအီး ညည်းလိုက်ပြီး သူမ၏လက်ကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်လိုက်ကာ သူ၏ရင်ဘတ်ပေါ်သို့ တင်းကျပ်စွာ ဖိထားလိုက်သည်။

ထိုအခိုက် ချူးယုချင်က စိုးရိမ်စွာ မေးလိုက်သည်။

“ချန်းလေး ဘာဖြစ်တာလဲ။”

ထိုသို့ပြောပြီးသည်နှင့် ချက်ချင်းပင် ချူးယုချင်၏ ခန္ဓာကိုယ်သည် လုချန်း၏ အရှေ့သို့ အလိုလို ရွေ့သွားပြီး သူမ၏ ကျန်ရှိသော လက်တစ်ဖက်က သူ့ကို အလျင်အမြန် ဖေးမလိုက်သည်။

လုချန်းက နာကျင်နေသည့်အသွင်ဖြင့် ပြောလိုက်သည်။

“ဒေါ်လေးချူး၊ ကျွန်တော့် ခန္ဓာကိုယ်ထဲက သိုင်းပညာလေ့ကျင့်လို့ စုပုံနေတဲ့ အညစ်အကြေးတွေက များလွန်းနေတယ်။ တစ်ခေါက်တည်းနဲ့တော့ သန့်စင်နိုင်မှာ မဟုတ်ဘူး။”

ချူးယုချင်၏ နီရဲနေသော မျက်နှာသည် ချက်ချင်းပင် ဖြူလျော်သွားသည်။

“အဲ့ဒါဆို တို့ဘာလုပ်ကြမလဲ။”

လုချန်းက

“ဒေါ်လေးချူး၊ အခုလောလောဆယ် ကျွန်တော့်ကို ကိုင်ထားပါ။ ကျွန်တော် လေ့ကျင့်နေတဲ့ အထူး အတွင်းအားကျင့်စဉ်ကိုသုံးပြီး ကျွန်တော့်ခန္ဓာကိုယ်ရဲ့ နာကျင်မှုအချို့ကို သက်သာအောင် ဒေါ်လေးကူညီနိုင်မယ် ထင်တာပဲ။”

ဒါက...

လုချန်း၏ စကားကို ကြားသောအခါ ချူးယုချင်သည် တွန့်ဆုတ်သွားသည်။ လုချန်းသည် ကြီးပြင်းလာပြီဖြစ်သည်။ သူသည် ကလေးငယ်တစ်ဦး မဟုတ်တော့ပေ။ ထိုကဲ့သို့ သူနှင့် အနီးကပ် ထိတွေ့ခြင်းက မသင့်လျော်ဘူးဆိုတာကတော့ အသေအချာပင် ဖြစ်သည်။

သို့သော် လုချန်း ပြင်းထန်စွာ နာကျင်နေသည်ကို မြင်သောအခါ ချူးယုချင်သည် မခံစားနိုင်ပါ။ ထို့နောက် သူမသည် သူမ၏ နှုတ်ခမ်းကို ကိုက်လိုက်ပြီး

“ချန်းလေး သက်သာလာရင် ဒေါ်လေးကို ချက်ချင်းပြောပါ။” ဟု ပြောလိုက်သည်။

ထိုသို့ပြောပြီးနောက် ချူးယုချင်ကစ၍ လုချန်း၏ ခန္ဓာကိုယ်ကို သိုင်းဖက်လိုက်သည်။ ထိုအခါ လုချန်းက သူ၏ ခန္ဓာကိုယ်အတွင်းရှိ အတွင်းအားအားလုံးကို အလျင်အမြန် ထိန်းချုပ်လိုက်ပြီး သူ၏စိတ်ကိုတည်ငြိမ် အောင် ထားလိုက်သည်။

အဆင့်ကိုး သိုင်းပညာရှင်တစ်ဦးဖြစ်သော်လည်း သူမနည်း ထိန်းချုပ်နေရသည်။ တကယ့်ကို ၉၇ မှတ်ရတဲ့ အမျိုးသမီးတစ်ဦးပါလား။ ထို့နောက် သူတို့နှစ်ဦး တစ်ဦးကိုတစ်ဦး ဖက်ထားစဉ် ခဏကြာသောအခါ ချူးယုချင်သည် သူမ၏ ခန္ဓာကိုယ် ပိုမိုပူနွေးလာပြီး ပိုမိုစိတ်လှုပ်ရှားလာသောကြောင့် တစ်ခုခု မှား‌ နေတာကို ခံစားလိုက်ရသည်။

ချူးယုချင်သည် သူမ၏သွားများကို တင်းတင်းကြိတ်လိုက်ပြီး ဤကလေးသည် ယွဲ့၏ သားဖြစ်ကြောင်း သူမ၏စိတ်ထဲတွင် သတိပေးလိုက်သည်။ သူမထံတွင် မသင့်လျော်သော စိတ်ကူးများ မရှိစေရပေ။

သို့သော် ထိုသို့ ပိုမိုစဉ်းစားလေလေ ချူးယုချင် ပိုပြီးစိုးရိမ်လာလေလေဖြစ်သည်။

တဖြည်းဖြည်းနှင့် ချူးယုချင်၏ ခန္ဓာကိုယ်သည် ပျော့ပျောင်းလာ၏။ သူမက စတင်ကာ လုချန်းကို သိုင်းဖက်ထားသော်လည်း ယခုအခါ လုချန်းက သူမ၏ နူးညံ့သော ခန္ဓာကိုယ်ကို ကိုင်ထားသည်။

ချူးယုချင်၏ အခြေအနေကို မြင်သောအခါ လုချန်းသည် နဂါးဖီးနစ် လက်ဖက်ရည်၏ သက်ရောက်မှုဟု သိရှိလိုက်သည်။

လုချန်းက သူ၏စိတ်ထဲတွင် တွေးလိုက်သည်။ ငါချစ်ရတဲ့ ဒေါ်လေးချူး။ ဒေါ်လေးက တစ်နှစ်ကျော်ကြာ ကျွန်တော့်ကို ရှောင်ရှားနေခဲ့ပေမယ့်လည်း ဒီနေ့‌တော့ ဒေါ်လေးထပ်ပုန်းနေလို့ မရနိုင်တော့ပါဘူး။

ထိုသို့ တွေးနေစဉ် တံခါးအပြင်ဘက်မှ တစ်စုံတစ်ဦး၏ အသံကို ကြားလိုက်ရသည်။ “မင်းသား။ အထဲမှာ ရှိပါလား။”

..........

အခန်း (၅၀)

မင်းသား မောင်းမတစ်ယောက် ထပ်ယူပါလား

အပိုင်း(၁)

မုကျိရွှမ်း၏ အသံကို ကြားသောအခါ ရမ္မက်‌ စိတ်နှင့် မိန်းမောနေမိသော ချူးယုချင် ချက်ချင်း သတိပြန်ဝင်လာသည်။ သူမသည် လုချန်းကို အားဖြင့်တွန်းထုတ်လိုက်ပြီး စိုးရိမ်စွာ ပြောလိုက်သည်။

“ချန်းလေး၊ ဒေါ်လေးကို လွှတ်လိုက်ပါ၊

ကျိရွှမ်းလာနေပြီ။”

လုချန်းသည် ငိုချင်နေသော်လည်း ကျစရာ မျက်ရည်မရှိပေ။ ငါ့ရဲ့ ချစ်မိဖုရားရယ်။ အချိန်‌တွေ အများကြီးထဲမှာမှ ဘာလို့ အခုလိုအချိန်မှာ လာရတာလဲ။ ဘာကြောင့် အချိန်တိတိကျကျ လာရတာလဲ။

ထို့နောက် လုချန်းသည် ချူးယုချင်ကို လွှတ် ပေးလိုက်ရုံကလွဲ၍ ရွေးစရာ မရှိတော့ပါ။ သို့သော် ချူးယုချင်က ချက်ချင်း မထွက်ပြေးသေးပေ။ သူမက လုချန်းကို စိုးရိမ်မကင်းစွာ ကြည့်ရင်း

“ချန်းလေး၊ အခု ပိုသက်သာသွားပြီလား” ဟု မေးလိုက်သည်။

လုချန်းက ခေါင်းညိတ်ပြလိုက်ပြီး

“ဟုတ်ကဲ့၊ ပိုကောင်းသွားပါပြီ၊ ဒီနည်းက တကယ် အကျိုးရှိတယ်ထင်တယ်။” ဟု ပြောလိုက်သည်။

“ဒေါ်လေးချူး၊ နောက်ကျရင် ကျွန်တော့် ခန္ဓာကိုယ်ကို ပုံမှန် ထိန်းညှိပေးရမယ်နော်။”

ချူးယုချင်က

“ကျိရွှမ်းနဲ့ အခြားသူတွေက ဒါကို ကူညီပေးလို့ မရဘူးလား” ဟု မေးလိုက်သည်။

လုချန်းက

“ကျိရွှမ်းနဲ့ ကျန်တဲ့ နှစ်ယောက်က သိုင်းပညာရှင်တွေမဟုတ်ဘူး။ သူတို့မှာ အတွင်းအားမရှိ‌ တော့ အလုပ်ဖြစ်မှာ မဟုတ်ဘူး။ ပြီးတော့ ချင်းစီက ကျွန်တော့်ကို ခံစားချက်မရှိလို့ ထင်တယ်။ ဒါကြောင့် နှစ်ဦးတွဲ အတွင်းအားကျင့်စဉ်အတွက် အခြေအနေကို ပြည့်မီလိမ့်မယ်လို့ မထင်ဘူး” ဟု ပြောလိုက်သည်။

လုချန်း၏ စကားကို ကြားသောအခါ ချူးယုချင်၏ ဦးနှောက် ပြုတ်ကျတော့မည်ကဲ့သို့

ဖြစ်သွားသည်။ သူမက ချက်ချင်းပင်

“အင်း။ နောက်ပိုင်း နေလို့မကောင်းရင် ဒေါ်လေးကို လာရှာပါ။ ဒေါ်လေး သွားပြီ။”

ထိုစကားများဖြင့် ချူးယုချင်သည် တံခါးဘက်သို့ ချက်ချင်း ဦးတည်သွားလိုက်သည်။

မုကျိရွှမ်းသည် ချူးယုချင်က တံခါးဖွင့်လိုက်သည်ကို တွေ့သောအခါ ခဏမျှ အံ့ဩသွားသည်။

ချူးယုချင်သည် ချက်ချင်း ရှင်းပြလိုက်သည်။ “ချန်းလေးရဲ့ ကျန်းမာရေး အခြေအနေကို ကြည့်နေတာ။ မင်းတို့နှစ်ယောက် စကားပြောကြပါ။ ဒေါ်လေး သွားပါတော့မယ်။”

သူမပြောပြီးသည်နှင့် ချက်ချင်း ရှောင်ထွက်သွားလိုက်သည်။ ချူးယုချင်၏ တုန်လှုပ်နေသော ပုံရိပ်နှင့် နီမြန်းနေသော မျက်နှာကို တွေ့သောအခါ မုကျိရွှမ်းသည် ခုနက ဖြစ်ပျက်ခဲ့သည့်အရာကို ချက်ချင်း သဘောပေါက်သွားသည်။

သူမက လုချန်းဘက်ကို လှည့်၍

“မင်းသား။ ဒါက နှမတော်ရဲ့ အပြစ်ပါ၊ နောင်ကျရင် ပို၍ သတိထားပါ့မယ်” ဟု တောင်းပန်လိုက်သည်။

ထိုစကားကို ကြားသောအခါ လုချန်းက ပြုံးလိုက်ပြီးနောက်

“ရပါတယ်။ ဒေါ်လေးချူးနှင့် ကိုယ်တို့က စကားပြောနေကြတာပါ။ မသင့်‌တော်တဲ့ အရာတစ်ခုမှ မလုပ်ခဲ့ဘူး” ဟု ပြောလိုက်သည်။

“ဒါနဲ့ နှမတော် ကိုယ့်ဆီကို ဘာကိစ္စနဲ့ လာတွေ့တာလဲ။”

မုကျိရွှမ်းသည် ချက်ချင်း စာကြည့်ခန်းထဲသို့ ဝင်လာပြီး “မင်းသား...” ဟု ပြန်လည်ပြောလိုက်သည်။

မုကျိရွှမ်းပြောခါနီးတွင် သူမ စူးရှသော အနံ့တစ်ခုကို ရလိုက်သည်။ မုကျိရွှမ်းသည် လုချန်း၏ မိဖုရားဖြစ်သောကြောင့် ထိုအနံ့ကို မည်သို့မျှ မမှတ်မိပဲ မရှိနိုင်ပါ။

မုကျိရွှမ်းသည် လုချန်းကို ကြည့်ရင်း စကားမပြောနိုင်သလို ဖြစ်သွားသည်။ သူမသည် သူတို့မည်သည့်အရာမှ မလုပ်ခဲ့ပါဟု ပြောခဲ့သော်လည်း အခန်းထဲတွင် ထိုအနံ့က ပြင်းထန်စွာ ပျံ့နှံ့နေသည်ကို သတိထားမိသည်။

မုကျိရွှမ်းသည် စကားမပြောပဲ ချက်ချင်း ရပ်သွားပြီး သူမ၏ မျက်နှာပေါ်တွင် ထူးဆန်းသော အမူအရာ ပေါ်လာသည်ကို တွေ့သောအခါ လုချန်းသည် သူမ နားလည်မူ လွဲနေပြီ ဖြစ်ကြောင်း သိရှိသဖြင့် ချက်ချင်း ထပ်မံပြောလိုက်သည်။

“အင်း။ဟုတ်တယ်။ ချင်းစီ ဒီမှာ စောစောက ရှိတယ်။”

ထိုစကားကို ကြားသောအခါ မုကျိရွှမ်းက အခန်းထဲရှိ အနံ့သည် ဝမ်ချင်းစီကြောင့် ဖြစ်သည်ကို သဘောပေါက်သွားသည်။

လုချန်းက

“နှမတော်၊ စကားပြောစရာရှိတာ ဆက်ပြောပါ။”

မုကျိရွှမ်းက မဆိုင်းမတွ ပြောလိုက်သည်။ “မင်းသား၊ ဒီနေ့ မင်းသားစံအိမ်ရဲ့ စီးပွားရေးကို ကျွန်မ ပြန်ပြီး ကိုင်တွယ်ပါတယ်။ နောက်ပိုင်းမှာ ကျွန်မတို့ရဲ့ ဆပ်ပြာနဲ့ ရေမွှေရောင်းအားက မြို့တော်မှာ သိသိသာသာ ကျဆင်းသွားတာကို တွေ့ရတယ်။ဘာကြောင့်လဲဆိုတာကိုတော့ ကျွန်မ မသေချာဘူး။”

လုချန်းလည်း အံ့အားသင့်သွား၏။ သူက ချက်ချင်း မုကျိရွှမ်းအနားသို့သွားပြီး သူမ၏ ခန္ဓာကိုယ်ကို သိုင်းဖက်ကာ

“နှမတော်။ ကလေးမွေးပြီးတာ ကြာသေးတာ မဟုတ်ဘူး။ မင်းသားစံအိမ်ရဲ့ စီးပွားရေးကို ခုလို စောစောပြန်စီမံမယ့်အစား ကောင်းကောင်း နားနေသင့်တယ်” ဟု ပြောလိုက်သည်။

မုကျိရွှမ်းက “မင်းသား၊ ကျွန်မစံအိမ်မှာ အလုပ်မရှိပဲ မနေတတ်ပါဘူး။ ပြီးတော့ ဖုန်းလေး ကိုလည်း ကောင်းကောင်း စောင့်ရှောက်ပေးနေပါတယ်” ဟု ပြောလိုက်သည်။

ရှေးကမင်းသားမိန်းမများသည် သားသမီးမွေးသောအခါ နို့ထိမ်းမိခင် ခေါ်လေ့ရှိပြီး မင်းသားစံအိမ်သည်လည်း ခြွင်းချက်မဟုတ်ပေ။

မုကျိရွှမ်းသည် ကလေးမွေးပြီးနောက် သူမကိုယ်တိုင် ကလေးကို စောင့်ရှောက်သော်လည်း အများစုမှာ မင်းသားစံအိမ်ရှိ နို့ထိမ်းမိခင်များနှင့် ရံရွေတော်များက စောင့်ရှောက်ပေးသောကြောင့် သူမသည် ပို၍နားနားနေနေ နေနိုင်သည်။

မုကျိရွှမ်းသည် တစ်နေရာတည်း ငြိမ်ငြိမ်နေနိုင်သူ မဟုတ်ပေ။ ကိုယ်ဝန်ဆောင်စဉ်ကာလအတွင်း မင်းသားစံအိမ်တွင် အချိန်ကြာကြာနေခဲ့ရသောကြောင့် သူမသည် စိတ်ညစ်လာသည်။ ထို့ကြောင့် မိီဖွားပြီးနောက် ကျန်းမာရေး ပြန်လည်ကောင်းမွန်လာသည်နှင့် တစ်ပြိုင်နက် မင်းသားစံအိမ်၏ စီးပွားရေးကို တစ်ဖန် လွှဲပြောင်းလက်ခံခဲ့သည်။

မုကျိရွှမ်းက ဆက်မေးလိုက်သည်။

“မင်းသား သတင်းစု‌ဆောင်းရေးအဖွဲ့ တစ်ဖွဲ့ကို တည်ထောင်ထားတယ်လို့ ကြားတယ်။ နေပြည်တော်မှာ ဘာတွေ ဖြစ်နေလဲ မင်းသား သိပါသလား” ဟု မေးလိုက်သည်။

အထူးကိုယ်ရံတော်များသည် လူသိရှင်ကြား မဟုတ်သော်လည်း မုကျိရွှမ်းသည် ယခင်ရက်များက မင်းသားစံအိမ်တွင် လုချန်းထံသို့ သတင်းပို့ရန် လာရောက်သော အထူးကိုယ်ရံတော်အချို့ကို တွေ့မြင်ခဲ့သည်။ ထို့ကြောင့် သူမသည် အထူးကိုယ်ရံတော်အဖွဲ့ အကြောင်းကို သဘောပေါက်နားလည်မှု အချို့ရှိပြီး လုချန်းသည် သတင်းစုဆောင်းရေးအဖွဲ့ တစ်ဖွဲ့ကို တည်ထောင်ထားကြောင်းလည်း သိရှိထားသည်။

မုကျိရွှမ်းသည် ယခုမှ မီးဖွားပြီးခါစ ဖြစ်သောကြောင့် လုချန်းသည် မုကျိရွှမ်းကို မုအိမ်၏ ကိစ္စရပ်များကို ပြောပြမည် မဟုတ်ပေ။

ထိုအချိန်က လုချန်းက

“ နေပြည်တော်မှာ နောက်ပိုင်း မငြိမ်မသက် ဖြစ်နေတယ်။ နန်းတွင်း စစ်သူကြီးတွေကို အပြောင်းအလဲလုပ်နေတာ တွေ့ရတယ်။

မင်းသားစံအိမ်ရဲ့ စီးပွားရေး ကျဆင်းတာကလည်း လက်ရှိအခြေအနေနဲ့ ဆက်စပ်နေနိုင်ပါတယ်” ဟု ပြောလိုက်သည်။

မုကျိရွှမ်းထံ၌ နားလည်သော မျက်နှာပေါ်ပေါက်လာပြီးနောက်

“ဒါဆို သဘောပေါက်ပါပြီ။ မင်းသားစံအိမ်ရဲ့ စီးပွားရေး ဘာကြောင့် ဒီလောက် လျင်လျင်မြန်မြန် ကျဆင်းသွားလဲ တွေးနေတာ” ဟု ပြောလိုက်သည်။ မင်းသားစံအိမ်၏ စီးပွားရေး ကျဆင်းခြင်းနှင့် ပတ်သက်သော အကြောင်းရင်းများကို အခြေခံအားဖြင့် လုချန်း သိရှိပြီးဖြစ်သည်။ ခေတ်ကာလ မတည်ငြိမ်မှု တစ်ခုတည်းကြောင့်တော့ မဟုတ်ပါ။

ဆပ်ပြာ၊ ရေမွှေးနှင့် ဆပ်ပြာမွှေးများသည် မြို့တော်တွင် အရောင်းရဆုံး နှင့် အကျိုးအမြတ်များသော ပစ္စည်းသစ်များဖြစ်သည်။ ထို့ကြောင့် ထိုလုပ်ငန်းများကို လောဘမတက်သူ မရှိဘူးဆိုတာက‌တော့ မဖြစ်နိုင်ပါ။

ယခင်က မုအိမ်တော်က စောင့်ကြည့်နေသောကြောင့် မည်သူမှ မြောက်ပိုင်းနယ်စားမင်းသားစံအိမ်၏ စီးပွားရေးကို တိုက်ခိုက်ရန် မစွန့်စားခဲ့ပေ။ သို့သော် ယခုအခါ မုအိမ်တော်တစ်ခုလုံး ပြည်နှင်ဒဏ် ခံရသောကြောင့် မည်သူကမှ မုအိမ်‌တော်ကို ကြောက်မည်မဟုတ်တော့ပေ။

ထို့ပြင် မြောက်ပိုင်းနယ်စားမင်းသားသည် ဝေးလံခေါင်သီသော မြောက်ပိုင်းမြို့တော်တွင် ရှိနေသောကြောင့် နေပြည်တော်ကို လှမ်း၍စီမံခန့်ခွဲနိုင်မည် မဟုတ်ပေ။

နေပြည်တော်ရှိ မြောက်ပိုင်းနယ်စားမင်းသားစံအိမ်၏ ဆိုင်များ ဓားပြတိုက်ခိုက်ခံရသည်ဖြစ်စေ၊ ဖျက်ဆီးခံရသည်ဖြစ်စေ တစ်ခုခု ဖြစ်နိုင်သည်။ ထို့ပြင် အချို့သောသူများသည် ဆပ်ပြာနှင့် အမွှေးနံ့သာ ထုတ်လုပ်သည့်နည်းလမ်းများကို လိုချင်တက်မက်နေတာလည်း ဖြစ်နိုင်သည်။

ယခုမှစ၍ မင်းသားစံအိမ်၏ စီးပွားရေးနည်းဗျူဟာကို ပြောင်းလဲရမည်။ ဒေသခံကုန်သည်များ သို့မဟုတ် အရာရှိကြီးများနှင့် ပူးပေါင်း၍ အကျိုးအမြတ်အချို့ကို အခြားသူများနှင့် မျှဝေခြင်းသည် အကောင်းဆုံးဖြစ်သည်။ မဟုတ်ပါက သူတို့အမြဲတမ်း မျက်စိကျနေကြပေလိမ့်မည်။

ထိုသို့တွေးမိသောအခါ လုချန်းက မုကျိရွှမ်းကို “နှမတော် ယခုချိန်ကစပြီး မင်းသားစံအိမ်ရဲ့ စီးပွားရေးကို နေပြည်တော်မှာပဲ မဟုတ်ပဲ အခြားနယ်မြေတွေကိုလည်း ဖြန့်ကျက်ထားသင့်တယ်။”

“နောင်အနာဂတ်မှာ စီးပွားရေးလုပ်ငန်း လုပ်တဲ့အခါ သက်ဆိုင်ရာ နယ်မြေတွေရဲ့နယ်စားမင်းများကို လက်ဆောင်ပေးဖို့ ကြိုးစားပါ။ အထူးသဖြင့် ဆိုင်များရဲ့ အကျိုးအမြတ်တွေထဲက ခွဲပေးပါ၊ မဟုတ်ရင် အခြားသူတွေက အမြဲ မျက်စိကျနေမှာ” ဟု ပြောလိုက်သည်။

လုချန်း၏ သတိပေးချက်ကို ကြားသောအခါ မုကျိရွှမ်းသည် လုချန်း၏ ဆိုလိုရင်းကို ချက်ချင်း နားလည်သွားသည်။ စီးပွားရေးလုပ်ငန်း လုပ်ကိုင်ရာတွင် လူမှုဆက်ဆံရေးကို နားလည်ရန် လိုအပ်ပြီး အချို့သော အကျိုးအမြတ်များကို စွန့်လွှတ်ရမည်ဖြစ်သည်။

မုကျိရွှမ်းက ထို့နောက်

“မင်းသားပြောတာကို ကျွန်မ မှတ်ထားပါ့မယ်” ဟု ပြောလိုက်သည်။

ထိုအခိုက် မုကျိရွှမ်းသည် တစ်စုံတစ်ခုကို သတိရမိသွားပြီးနောက်

“မင်းသား၊ ပြောသင့် မပြောသင့် မသေချာတဲ့ အကြောင်းတစ်ခု ရှိပါတယ်” ဟု စပြောလိုက်သည်။

လုချန်းသည် ခပ်ဖွဖွ ပြုံးလိုက်ပြီးနောက် သူမ၏ နှာခေါင်းနုနုလေးကို ပွတ်သပ်လိုက်ရင်း

“ခင်ပွန်းနဲ့ ဇနီးအကြားမှာ ဘာကို မပြောရမှာလဲ။ ပြောပါ။ ဘာကိစ္စလဲ” ဟု မေးလိုက်သည်။

မုကျိရွှမ်းက “မင်းသား၊ ကျွန်မက ကလေးမွေးပြီးခါစကို ဖြစ်ပြီး ရှောင်ရှောင်နဲ့ ယိုယိုတို့လည်း ကိုယ်ဝန်ဆောင်နေကြပါတယ်။ ဒါကြောင့် ယခုအခါ ဝမ်မိန်းကလေး တစ်ယောက်တည်း မင်းသားကို စောင့်ရှောက်နေရပါတယ်။”

“မင်းသားရဲ့ ကျန်းမာရေးက နောက်ပိုင်း ပိုကောင်းလာပြီး ဝမ်မိန်းက‌လေးလည်း နည်းနည်း ပင်ပန်းနေသလို ထင်ရတယ်။ မင်းသား နောက်ထပ်မောင်းမ ယူသင့်တဲ့ အချိန်ရောက်နေပြီလားလို့ပါ” ဟု မေးလိုက်သည်။

ဝမ်ချင်းစီအကြောင်း ပြောသောအခါ လုချန်းသ၏ စိတ်ထဲတွင် အနည်းငယ်ခုမိသည်။ သူ မုကျိရွှမ်းကို ဒေါသဖြစ် နေခြင်းမဟုတ်ပါ။သို့သော်လည်း ဝမ်ချင်းစီက သူမ၏ ခံစားချက်များကို ခွာထားနိုင်ခဲ့သည်ကို လုချန်းစိတ်ပျက်မိသည်။

ခဏစဉ်းစားပြီးနောက် လုချန်းက

“နှမတော်က ပြောပြီဆိုတော့ ကိုယ် အချိန်တစ်ခုအတွင်း မောင်းမထပ်ယူပါမယ်” ဟု ပြောလိုက်သည်။

“ဒါပေမဲ့ မြောက်ပိုင်းမြို့တော်မှာက မိန်းမလှ မရှိသလောက်ပဲ။ သိတဲ့အတိုင်း ကိုယ်က စိတ်ကြီးရင်ကြီးမယ်။ ဒါပေမဲ့ ကိုယ်က ထိပ်တန်း မိန်းမလှကိုပဲ စိတ်ဝင်စားတာ။ သာမန်မိန်းမတွေက ကိုယ့်ကို သိပ်မစွဲဆောင်နိုင်ဘူး။”

ထိုစကားကို ကြားသောအခါ မုကျိရွှမ်းက ခဏစဉ်းစားပြီးနောက်

“မင်းသား၊ ကျွန်မတို့ မောင်းမဖိတ်ခေါ်ကြေညာချက် ထုတ်ပြန်ပြီး ရှနိုင်ငံတစ်ခုလုံးက မိသားစုတွေကို မောင်းမရွေးချယ်ရာမှာ စေလွှတ်နိုင်ဖို့ ပွင့်ပွင့်လင်းလင်း ဖိတ်ခေါ်သင့်ပါတယ်။”

“အဲ့ဒီအခါကျရင် မိသားစုတွေက မြောက်ပိုင်းနယ်စားမင်းသားစံအိမ်ကို သူတို့ရဲ သမီးတွေ အရွေးအချယ်ခံနိုင်ဖို့ ပေးပို့လာမှာဖြစ်ပါတယ်။ လျှောက်ထားသူ အ‌မြောက်အမြားများရှိမယ်ဆိုရင် သူတို့ထဲမှာ မင်းသားကို ဆွဲဆောင်နိုင်တဲ့သူ တစ်ယောက်‌တော့ သေချာပေါက် ရှိလာမှာပါ။”

..........

အခန်း (၅၁)

လုချန်းမှာ အခြား အထူးကိုယ်စားပြုမှု တစ်ခုရှိတယ်

မုကျိရွှမ်း၏ အကြံပြုချက်ကို ကြားသောအခါ လုချန်း၏ မျက်လုံးများ လင်းလက်လာသည်။ ထိုနည်းလမ်းက အလုပ်ဖြစ်နိုင်သည်ဟု သူကထင်သည်။ အစပိုင်းတွင် သူ၏ အာရုံစူးစိုက်မှုမှာ မြောက်ပိုင်းမြို့တော်တွင်သာ ရှိခဲ့သည်။ သူ၏ အင်အားကနည်း‌နေသေးသောကြောင့် လူအများ အာရုံစိုက်လာမည်ကို သူမလိုလားပေ။

ထို့ပြင် ထိုအချိန်က သူသည် ဆင်းရဲသော မြောက်ပိုင်းမြို့တော်သို့ ပြောင်းလာသည်မှာ မကြာသေးပေ။ ထို့ကြောင့် သူသာ မောင်းမရွေးချယ်ရန် ကြော်ငြာထုတ်ပြန်ပါက တခြားနယ်မြေများမှ မိန်းမလှများ မြောက်ပိုင်းမြို့တော်ကို လာပါ့မလားဆိုသည်က သေချာမူမရှိပေ။

ယခုအခါ မြောက်ပိုင်းနယ်စားမင်းသားစံအိမ်၏ ဆပ်ပြာနှင့် အမွှေးနံ့သာပစ္စည်းများသည် ရှနိုင်ငံတစ်ခွင်တွင် ပျံ့နှံ့လျက်ရှိသည်။ မြောက်ပိုင်းနယ်စားမင်းသားစံအိမ်၏ ချမ်းသာကြွယ်ဝမှုကို လူအများက သိရှိကြသည်။

ယခု မောင်းမရွေးချယ်ရန် ကြော်ငြာထုတ်ပြန်ပါက သြဇာကြီးမားသော မိသားစုများစွာပင် စိတ်ဝင်စားလာမည်ဖြစ်သည်။ ထိုအခါ သူတို့သည် သူတို့၏ မိသားစုမှ မိန်းမလှများကို မြောက်ပိုင်းနယ်စားမင်းသားစံအိမ်သို့ စေလွှတ်လာကြမည်ဖြစ်သည်။

ပါဝင်ဆင်နွှဲသူများ များများစားစား ရှိမှသာ ၉၀ အထက် ရမှတ်ရရှိသူများ ပေါ်ပေါက်လာနိုင်မည်ဖြစ်သည်။

ခဏကြာ တိတ်ဆိတ်သွားပြီးနောက် လုချန်းက မုကျိရွှမ်းအား

“ကောင်းပါပြီ၊ နှမတော်ရဲ့ အကြံပြုချက်အတိုင်းပဲ လုပ်ကြပါစို့။ ” ဟု ပြောလိုက်သည်။

လုချန်း သဘောတူသည်ကို တွေ့သောအခါ မုကျိရွှမ်းက ချက်ချင်းပင်

“မင်းသား။ မောင်းမရွေးချယ်တာ ကျွန်မ တာဝန်ယူ စီစဉ်လို့ရလား” ဟု ပြောလိုက်သည်။

မုကျိရွှမ်းကို ထွေးပွေ့ကာ သူမ၏ ဆံပင်ကို ဖွဖွလေး ပွတ်သပ်နေသော လုချန်းက

“နှမ‌တော်က မီးဖွားပြီးခါစပဲ ရှိပါသေးတယ်။ နားနေပြီး ပြန်လည်ကျန်းမာအောင် အရင်လုပ်သင့်တယ်” ဟု ပြောလိုက်သည်။

လုချန်းသည် သိပ်ကောင်းသူတစ်ဦး မဟုတ်သော်လည်း ကလေးမွေးပြီးခါစ သူ၏ဇနီးကို ပင်ပင်ပန်းပန်း အလုပ်လုပ်စေသည်အထိတော့မသိတတ်သူ မဟုတ်ပေ။ ထို့ပြင် မောင်းမခေါ်ယူခြင်း လုပ်ငန်းစဉ်တွင် သူ၏ ဇနီးကို ပါဝင်စေလိုခြင်း မရှိပေ။ မည်သို့မျှ မသင့်လျော်ပေ။

မုကျိရွှမ်းက

“ကျွန်မ မင်းသားရဲ့ အလုပ်တာဝန်တွေကို ခွဲယူချင်တယ်။ ဒါ့ကြောင့် ဒီကိစ္စကို ကျွန်မ ကိုယ်တိုင်ကိုယ်ကျ ကိုင်တွယ်ဆောင်ရွက်ချင်ပါတယ်” ဟု ပြောလိုက်သည်။

ထိုအခိုက်တွင် မုကျိရွှမ်းသည် လုချန်း၏ မျက်လုံးထဲသို့ သူမ၏ တောက်ပလှပသော မျက်လုံးများဖြင့် စိတ်အားထက်သန်စွာ ‌‌ကြည့်လိုက်၏။

မုကျိရွှမ်း၏ အကြည့်ကို တွေ့သောအခါ လုချန်း ငြင်းပယ်ရန် ခက်ခဲသွားသည်။ ထို့ကြောင့် သူက

“ကောင်းပါပြီ။ မောင်းမရွေးချယ်တဲ့ ကိစ္စကို နှမတော်ပဲ စီစဉ်ပေးပါ။ ဒါပေမဲ့ ရွေးချယ်တဲ့ နေ့မှာ‌တော့ မောင်တော်ကိုယ်တိုင် တက်‌ရောက်မှရမယ်” ဟုသာ ပြောနိုင်သည်။

လုချန်းသည် သူမအား မောင်းမခေါ်ယူခြင်းကိစ္စကို ကြီးကြပ်စေရန် သဘောတူသည်ကို တွေ့သောအခါ မုကျိရွှမ်း အလွန်ဝမ်းမြောက်သွားပြီး

“မင်းသား စိတ်ချပါ၊ ရွေးချယ်တဲ့နေ့မှာ မင်းသားကိုယ်တိုင် ရွေးချယ်နိုင်ဖို့ ကျွန်မစီစဉ်ပေးပါမယ်” ဟု ပြောလိုက်သည်။

ရက်အနည်းငယ်ကြာပြီးနောက်.....

မြောက်ပိုင်းနယ်စားမင်းသားစံအိမ်သည် ရှနိုင်ငံတစ်ခွင်တွင် မောင်းမ ရွေးချယ်ခေါ်ယူခြင်း ကြော်ငြာများကို ထုတ်ပြန်လိုက်သည်။ မောင်းမများ ခေါ်ယူရန် ကြော်ငြာထုတ်ပြန်ပြီးနောက် လုချန်းသည် ရှနိုင်ငံတစ်ခွင်မှ ပြည်သူလူထု၏ ဝေဖန်ခြင်းကို ခံရလေသည်။

သို့သော် မြောက်ပိုင်းမြို့တော်ရှိ ပြည်သူလူထုများကတော့ ထိုကိစ္စကို သိပ်မစဉ်းစားကြပေ။ တကယ်တော့ နယ်စားမင်းသားသည် မြောက်ပိုင်းမြို့တော်သို့ ရောက်ရှိလာပြီးနောက် ပြည်သူလူထုအား ဒုက္ခပေးမှု တစ်ခုမှ ပြုလုပ်ခဲ့ခြင်း မရှိပါ။

ထို့ပြင် မြောက်ပိုင်းနယ်စားမင်းသားစံအိမ်သည် တစ်ဧကလျှင် ထောင်ချီထွက်သော အသီးအနှံကို တီထွင်နိုင်ခဲ့သည်ဟု ထင်ရသည်။ ထိုအသီးအနှံကို မြောက်ပိုင်းမြို့တော်၏ နေရာအနှံ့အပြားတွင် စမ်းသပ်စိုက်ပျိုးပြီးဖြစ်သည်။

“အာလူး” ဟုခေါ်သော ထိုသီးနှံကို ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးပါက မြောက်ပိုင်းမြို့တော်သည် စားနပ်ရိက္ခာခေါင်းပါးမှုမှ ကင်းဝေးလိမ့်မည်။ ထို့ကြောင့် မြောက်ပိုင်းမြို့တော်ရှိ ပြည်သူလူထုသည် လုချန်း၏ စိတ်ဆန္ဒများကို သည်းခံနိုင်ကြသည်။

အရေးအကြီးဆုံးမှာ မြောက်ပိုင်းမြို့တော်ရှိ ပြည်သူလူထုသည် လုချန်း၏ နယ်မြေတွင် နေထိုင်ကြသည်။ မြောက်ပိုင်းမြို့တော်၏ ဘုရင်ဖြစ်သူကို သူ၏ကိုယ်ပိုင်မြေပေါ်တွင် ကျိန်ဆဲရန် မည်သူမျှ ရဲရင့်မည်မဟုတ်ပေ။ ထိုသူသည် အသက်ရှင်သန်လိုစိတ် မရှိတော့မှသာ လုပ်ရဲမည်ဖြစ်သည်။

အခြား နယ်မြေများကတော့ မတူပါ။ ရှနိုင်ငံ၏ ပြည်သူလူထုအများစုက မြောက်ပိုင်းနယ်စားမင်းသားသည် ကာမဂုဏ်အာရုံကို လွန်ကဲစွာ နှစ်သက်ပြီး အစွမ်းအစ မရှိသူဟု ယူဆကြသည်။

မြောက်ပိုင်းနယ်စားမင်းသားသည် သူ၏ စံအိမ်တွင် မိန်းမလှများစွာကို ထိန်းသိမ်းထားပြီး နေ့ ရောညပါ အပျော်အပါး ကာမအာရုံတို့ဖြင့်သာ နေထိုင်ကြောင်း လူအများက ကြားသိထားကြသည်မှာ ကြာပြီဖြစ်သည်။

မြောက်ပိုင်းနယ်စားမင်းသားသည် မိန်းမလှများစွာကို ရယူထားပြီး ဖြစ်သော်လည်း မောင်းမများကို ထပ်မံခေါ်ယူလိုဆဲဖြစ်သည်။ သူ၏ ဒေသမှာတွင်မက ရှနိုင်ငံ တစ်ခွင်လုံးမှ ခေါ်ယူလိုသည်။

မြောက်ပိုင်းနယ်စားမင်းသားသည် မြောက်ပိုင်းမြို့တော်ရှိ မိန်းမလှများအားလုံးကို ငြီးငွေ့လာသဖြင့် ယခုအခါ တခြားသော နယ်စားများ၏ နယ်မြေများမှ အမျိုးသမီးများကို ထိခိုက်စေချင်နေတာလား။

ထိုကဲ့သို့ စဉ်းစားသောအခါ ထိပ်တန်း စာပေပညာရှင်များနှင့် ကဗျာဆရာအချို့က အလွန်ဒေါသထွက်လာကြသည်။ မြောက်ပိုင်းနယ်စားမင်းသားက မိန်းမလှအားလုံးကို မြောက်ပိုင်းနယ်စားမင်းသားစံအိမ်သို့ ခေါ်ဆောင်သွားပါက သူတို့အတွက် အမျိုးသမီးများ ရွေးစရာ မကျန်တော့ပဲ ရှိတော့မည် မဟုတ်ပါလား။

ချက်ချင်းပင် နေရာအနှံ့အပြားရှိ စာပေပညာရှင်များသည် မြောက်ပိုင်းနယ်စားမင်းသားအား ပြစ်တင်ဝေဖန်သော စာများကို ရေးသားလာကြသည်။

ထို့အတူ ရှနိုင်ငံ နန်းတော်တွင်လည်း မြောက်ပိုင်းနယ်စားမင်းသားအား တရားစွဲဆိုရန် ဆွေးနွေးမှုများ ပေါ်ပေါက်လာသည်။

နန်းတွင်အာဏာပိုင်များက မြောက်ပိုင်းနယ်စားမင်းသားအား တရားစွဲဆိုချင်သည်က သူတို့၏ အမျိုးသမီးများကို လုယူမည်ကို စိုးရိမ်သောကြောင့်တော့ မဟုတ်ပါ။ နန်းတွင်းက အာရုံစိုက်သော ကိစ္စများသည် နိုင်ငံရေး ရည်ရွယ်ချက်များကြောင့်သာဖြစ်သည်။

မြောက်ပိုင်းနယ်စားမင်းသားအား တရားစွဲဆိုသူများသည် မင်းသား လုရှုယွမ်၏ အုပ်စုမှအရာရှိများ ဖြစ်သည်။ သူတို့၏ အဓိကအကြောင်းရင်းမှာ လုချန်းအား သိက္ခာကျဆင်း စေလိုခြင်း ဖြစ်သည်။

ချူးမိသားစုသည် မြောက်ပိုင်းနယ်စားမင်းသားနှင့် ဆက်ဆံရေးကို အခြေခံအားဖြင့် ရပ်ဆိုင်းထားသော်လည်း သူတို့ကြားမှာ သွေးသားဆွေမျိုး ဆက်ဆံရေး ရှိနေသရွေ့ လုရှုယွမ်နှင့် ချိတ်ဆက်နေသော အရာရှိများသည် မြောက်ပိုင်းနယ်စားမင်းသားအား အသရေဖျက်ရန် အခွင့်အရေးကို ဘယ်သောအခါမျှ လက်လွှတ်ခံမည် မဟုတ်ပေ။

မြောက်ပိုင်းနယ်စားမင်းသားအား တရားစွဲရုံနှင့်တော့ သူ၏မင်းသားဘွဲ့ကို ဆုံးရှုံးနိုင်စေမည်ဟုတော့ သူတို့ မထင်ကြပါ။

ရှမင်းဆက်တွင် နယ်စားဘွဲ့သည် လွယ်လွယ်ကူကူ ဆုံးရှုံးတတ်သည့် အရာမဟုတ်ပေ။ ထိုသူတို့သည် ရှမင်းဆက်အား ပုန်ကန်ခြင်း သို့မဟုတ် နိုင်ငံ‌တော်ကို သစ္စာဖောက်မှုတွင် ပါဝင်ပက်သက်မှာသာ နယ်စားမင်းသားဘွဲ့ကို ဆုံးရှုံးနိုင်မည်ဖြစ်သည်။

သူ၏အပိုင်နယ်မြေတွင် အန္တရာယ်ရှိနိုင်သော လုပ်ရပ်များ မလုပ်ဘဲ ကိုယ်ပိုင်နယ်စားမင်းသားစံအိမ်အတွင်း ပျော်ပါးနေသော မြောက်ပိုင်းနယ်စားမင်းသားကဲ့သို့သော မင်းသားများသည် နန်းတော်အတွက် စိုးရိမ်စရာမဟုတ်ပေ။ ဆွမ်ဧကရာဇ်သည် ရှားနိုင်ငံရှိ မင်းသားအားလုံး လုချန်းကဲ့သို့ ဖြစ်နေတာကိုပင် ပို၍လိုလားသည်။

ရှနိုင်ငံရှိ နယ်စားအားလုံးသည် လုချန်းကဲ့သို့ ဖြစ်ပါက ဆွမ်ဧကရာဇ်သည် ရှနိုင်ငံတစ်ခွင်လုံးကို ပိုမိုလွယ်ကူစွာ ထိန်းချုပ်နိုင်မည်ဖြစ်သည်။

အာဏာပိုင် အရာရှိများက လုချန်းအား တရားစွဲဆိုခြင်းကို ဆွမ်ဧကရာဇ်က လုံးဝ ဂရုမစိုက်ပေ။ နေပြည်တော်ရှိ နောက်ဆုံးဖြစ်စဉ်များသည်သာ အရေးအကြီးဆုံးဖြစ်သည်။ မြောက်ပိုင်းနယ်စားမင်းသားနှင့် စပ်လျဉ်း၍ သူသည် ပုန်ကန်မှု မပြုလုပ်သရွေ့ မြောက်ပိုင်းမြို့တော်တွင် သူလုပ်ဆောင်သည့် ကိစ္စရပ်များသည် နန်းတွင်းအတွက် ဘာမှအရေးမပါပေ။

နန်းတွင်းအစည်းအဝေး အပြီးနောက် ဆွမ်ဧကရာဇ်သည် နန်းတော်ဥယျာဉ်သို့ ထွက်ခွာသွားလေသည်။

ဆွမ်ဧကရာဇ်သည် နန်းတော်အစည်းအဝေးမှ အရေးမပါသော ကိစ္စများကို ဘေးဖယ်ထားလိုက်သည်။ အစည်းအဝေးအပြီးမှသာ အရေးကြီးသော ကိစ္စရပ်များကို ကိုင်တွယ်ဆောင်ရွက်သည့် အချိန်ဖြစ်သောကြောင့် ဖြစ်သည်။

အခု နိုင်ငံတော်ပညာရှိ စစ်တူစီသည် အဆောင်ငယ်ထဲတွင် စောင့်ဆိုင်းနေပြီးဖြစ်သည်။

နိုင်ငံတော်ပညာရှိကြီးက အခြားနန်းတော်ဝန်ကြီးများကဲ့သို့ နန်းတွင်းအစည်းအဝေးများကို တက်ရောက်ရန် မလိုအပ်ပါ။ ထိုသို့သော အခွင့်အရေးမှာ ထိပ်သီးပညာရှင်တစ်ဦး၏ အခွင့်အရေးဖြစ်သည်။

ဆွမ်ဧကရာဇ်သည် အဆောင်ငယ်ထဲသို့ ရောက်ရှိလာသောအခါ နက်မှောင်သော သံချပ်ကာဝတ် နန်းတော်စောင့်တပ်သားတစ်ဦးသည် သူ့ရှေ့သို့ ရောက်လာပြီး

“မင်းကြီး။ ချန်နိုင်ငံ၏ အကြွင်းအကျန်များသည် မင်းကြီးအား လုပ်ကြံရန် နန်းတော်သို့ ဝင်ရောက်ခဲ့ခြင်း မဟုတ်ပါ။ သူတို့က တစ်စုံတစ်ခုကို ရှာဖွေနေခြင်း ဖြစ်ပါတယ်” ဟု ပြောလိုက်သည်။

ချန်နိုင်ငံ၏ အကြွင်းအကျန်များသည် နန်းတော်သို့ ဝင်ရောက်လာပြီးနောက် ဆွမ်ဧကရာဇ်သည် သူတို့၏ ရည်ရွယ်ချက်ကို စုံစမ်းစစ်ဆေးရန် လူများကို စေလွှတ်ခဲ့သည်။

သူသည် ချန်နိုင်ငံ၏ အကြွင်းအကျန်များက ထထိပ်သီးတစ်ဝက်အဆင့်ပညာရှင် နှစ်ဦး‌သာ အဓိကပါဝင်သော အင်အားဖြင့် သူ့အား လုပ်ကြံရန် နန်းတော်သို့ ဝင်လာ‌ရဲလောက်အောင် မိုက်မဲသူများ မဟုတ်ကြောင်း ယူဆခဲ့သည်။ ထိုသို့ လုပ်ဆောင်ခြင်းက သူတို့ကိုယ်သူတို့ သေကြောင်းကြံစည်နေသလို ဖြစ်နေလိမ့်မည်။

အရိပ်ကိုယ်ရံတော်တပ်ဖွဲ့ဝင်၏ စကားများကို ကြားသောအခါ ဆွမ်ဧကရာဇ်၏ မျက်လုံးများ အနည်းငယ် ကျယ်လာသည်။ သူကြိုတင် တွေး တောထားသည့်အတိုင်းပင် ချန်နိုင်ငံ၏ အကြွင်းအကျန်များသည် သူ့အား လုပ်ကြံရန် လာရောက်ကြခြင်း မဟုတ်ပေ။ သူတို့တွင် အခြားရည်ရွယ်ချက်တစ်ခု ရှိနေသည်။

ထိုအချိန်တွင် ဆွမ်ဧကရာဇ်က အဆောင်ငယ်အတွင်းရှိ နိုင်ငံတော် ပညာရှိကြီး စစ်တူစီအား “ပညာရှိကြီး။ ချန်နိုင်ငံရဲ့ အကြွင်းအကျန်တွေက နန်းတော်ကို ဘာရှာဖို့ ဝင်လာတယ်လို့ ခင်ဗျားထင်သလဲ။” ဟု မေးမြန်းလိုက်သည်။

စစ်တူစီက

“ချန်နိုင်ငံရဲ့ အကြွင်းအကျန်တွေက နန်းတော်ထဲကို ဒီလိုအန္တရာယ်‌တွေ သိသိကြီးနဲ့ ဝင်လာတာက ချန်နိုင်ငံရဲ့ တော်ဝင်ကျောက်စိမ်းတံဆိပ်

‌ကြောင့်သာ ဖြစ်နိုင်ပါတယ်” ဟု ပြောလိုက်သည်။

“ချန်နိုင်ငံရဲ့ တော်ဝင်ကျောက်စိမ်းတံဆိပ်က သူတို့ရဲ့ ဘဏ္ဍာတိုက်နဲ့ ဆိုင်တဲ့သော့ချက်ဖြစ်တယ်လို့ ဆိုကြပါတယ်။ ရှနိုင်ငံက ချန်နိုင်ငံကို အနိုင်ယူပြီးနောက် ချန်နိုင်ငံရဲ့ ဘဏ္ဍာတိုက် နေရာကို မတွေ့ရှိခဲ့ရပါဘူး။ ဒါပေမဲ့ ကျွန်တော်ယုံကြည်တာက ချန်နိုင်ငံ တော်ဝင်မိသားစု အကြွင်းအကျန်တွေကတော့ အဲ့ဒီနေရာကို သိကြမှာပါ။” ဟု ပြောလိုက်သည်။

“ချန်နိုင်ငံက သူတို့ရဲ့ အုပ်ချုပ်မှုကို ပြန်လည်ထူထောင်လိုရင် တပ်မတော်ကို ဖွဲ့စည်းဖို့ ငွေကြေးလိုအပ်ပါလိမ့်မယ်။ ဒါကြောင့် သူတို့က ဘဏ္ဍာတိုက်ကိုဖွင့်ပြီး ရတနာပစ္စည်းတွေကို ယူချင်ကြတာပါ။”ဟု ပြောလိုက်သည်။

စစ်တူစီ၏ စကားများကို နားထောင်ပြီးနောက် ဆွမ်ဧကရာဇ်က အေးစက်စွာဖြင့်

“ကျုပ်တောင် ချန်နိုင်ငံရဲ့ တော်ဝင်ကျောက်စိမ်းတံဆိပ် ရှိတဲ့နေရာကို မသိနိုင်ဘူး။ တံဆိပ်ကို ရှာဖွေဖို့ နန်းတော်ထဲကို လာကြတယ် ဆိုတာက ရယ်စရာပဲ” ဟု ပြောလိုက်သည်။

ထိုအခိုက် ဆွမ်ဧကရာဇ်၏ အရှေ့ရှိ အရိပ်ကိုယ်ရံတော်တပ်ဖွဲ့ဝင်က

“မင်းကြီး၊ ကျွန်‌တော်အခြားတစ်ခုကိုလည်း တွေ့ရှိခဲ့ပါတယ်” ဟု ဆက်လက်ပြောလိုက်သည်။

ဆွမ်ဧကရာဇ်က တည်ငြိမ်စွာဖြင့် “ပြောပါ” ဟု ဆိုလိုက်သည်။

အရိပ်ကိုယ်ရံတော်တပ်မှုးက ချက်ချင်းပင်

“ချန်နိုင်ငံရဲ့ အကြွင်းအကျန်တွေက လျှို့ဝှက်လဝန်းနန်းတော်နှင့် ဆက်စပ်နေတာကိုလည်းတွေ့ရှိခဲ့ရပါတယ်။ ချန်နိုင်ငံရဲ့ အကြွင်းအကျန်တွေ ပျောက်ကွယ်သွားပြီးနောက်ပိုင်း သူတို့ကို နောက်ဆုံးတွေ့ရှိတဲ့ နေရာက လျှို့ဝှက်လဝန်းနန်းတော်ရဲ့ တပည့်တစ်ဦး ပေါ်ပေါက်လာတဲ့နေရာဖြစ်ပါတယ်။” ဟု ပြောလိုက်သည်။

“လျှို့ဝှက်လဝန်းနန်းတော်” ဟူသော စကားလုံးသုံးလုံးကို ကြားသောအခါ ဆွမ်ဧကရာဇ်၏ မျက်နှာသည် ချက်ချင်းပင် မဲသွားသည်။ ထိုစကားလုံးများသည် သူပြန်လည်မမှတ်မိလိုသည့် အတိတ်က ဖြစ်ရပ်များကို သတိရသွားစေသကဲ့သို့ ဖြစ်သည်။

ဆွမ်ဧကရာဇ်က “ကျုပ်သဘောပေါက်ပြီ” ဟု ပြောလိုက်သည်။

ထို့နောက် ဆွမ်ဧကရာဇ်က

“နယ်စားမင်းသား လုချန်းဘက်မှာကော အခြေအနေ ဘယ်လိုရှိသလဲ” ဟု မေးမြန်းလိုက်သည်။

အရိပ်ကိုယ်ရံ‌တော် တပ်မှုးက

“နယ်စားမင်းသား လုချန်းဟာ မြောက်ပိုင်းမြို့တော် သွားပြီးနောက် နယ်စားမင်းသားစံအိမ်မှာပဲ ပျော်ပါးမှုများကို လိုက်စားနေပြီး ဘာမှထူးထူးခြားခြား အပြောင်းအလဲ မရှိပါဘူး။ ပြီးခဲ့တဲ့ ရက်အနည်းငယ်ကတော့ မင်းသားလုချန်းရဲ့ ဇနီးကလေးမွေးဖွားခဲ့ပါတယ်။”

အရိပ်ကိုယ်ရံတော်တပ်မှူး၏ သတင်းပို့ချက်ကို ကြားသောအခါ ဆွမ်ဧကရာဇ်က တည်ငြိမ်စွာဖြင့်

“ကောင်းပြီ၊မင်းသွားနိုင်ပါပြီ” ဟု ပြောလိုက်သည်။

“မင်းကြီး။ ခွင့်ပြုပါ။”

အရိပ်ကိုယ်ရံတော်တပ်မှုး ထွက်ခွာသွားပြီးနောက် လက်နှစ်ဖက်ကို နောက်ပစ်ကာ ဆွမ်ဧကရာဇ်သည် ပဒုမ္မာကြာကန်အတွင်း ကူးခတ်နေသော ငါးများကို ငေးကြည့်ရင်း

“ပညာရှိကြီး။ မင်းသား လုချန်းရဲ့ အနားမှာရှိတဲ့ ထိပ်သီးပညာရှင်က ချူးရှုံ စေလွှတ်တာ မဟုတ်ပဲ လျှို့ဝှက်လဝန်းနန်းတော်က ထည့်ထားတဲ့လူလို့ ကျုပ် ခံစားရတယ်” ဟု ပြောလိုက်သည်။

နယ်စားမင်းသား လုချန်း၏ မိခင်ဖြစ်သူ ချူးယွဲ့သည် ယခင်က လျှို့ဝှက်လဝန်းနန်းတော်၏ အဖွဲ့ဝင်တစ်ဦးဖြစ်ခဲ့ပြီး သူမသည် နန်းတော်၏ နတ်သမီးအဆင့်ပင် ဖြစ်ခဲ့သည်။

အစပိုင်းတွင် ဆွမ်ဧကရာဇ်သည် လျှို့ဝှက်လဝန်းနန်းတော်ကို ထည့်မစဉ်းစားခဲ့ပေ။ သို့သော် အရိပ်ကိုယ်ရံတော်တပ်မှုးက ယခု ထိုစကားကို ပြောလာသောအခါ လုချန်းတွင် အထူးကိုယ်စားပြုမှု တစ်ခုခုရှိနိုင်သည်ဟု သူ သဘောပေါက်လာသည်။

..........

All Chapters