← Chapters

အခန်း ၅၈-၆၀

Vol. 4 Ch. 58-60

အခန်း ၅၈-၆၀

Vol. 4 Ch. 58-60

အခန်း (၅၈)

မြောက်ပိုင်း.... မြောက်ပိုင်းနယ်စားမင်းသား

မြောက်ပိုင်းမြို့တော်သို့ ပိုမိုနီးကပ်လာသည်နှင့်အမျှ မုအိမ်မှ လူတိုင်းသည် ပိုမို၍ စိတ်တင်းကျပ်လာကြသည်။ မုအိမ်ရှိ အမျိုးသမီးများသည် နောက်ဆုံးတွင် မုကျိရွှမ်းကို တွေ့နိုင်မည်ဟု မျှော်လင့်နေကြသည်။ အထူးသဖြင့် မုကတော်က သူမ၏သမီးမြောက်ပိုင်းနယ်စားမင်းသားစံအိမ်တွင် မည်သို့ နေထိုင်နေသည်ကို အမြဲသိချင်နေသည်။

သို့သော် မုအိမ်ရှိ အမျိုးသားများကတော့ မြောက်ပိုင်းမြို့တော်ကို ကျော်ဖြတ်သွားပြီး မြောက်ဘက်သို့ ဆက်လက် ခရီးဆက်သွားမည်လားဟု စိုးရိမ်နေကြသည်။ သူတို့ မြောက်ပိုင်းမြို့တော်ကို ကျော်ဖြတ်သွားပါက လွင်ပြင်ဒေသ မျိုးနွယ်စုများ၏ နယ်မြေသို့ ဦးတည်သွားမည်ဖြစ်သည်။ ရှနိုင်ငံကို သစ္စာဖောက်ခြင်းက သူတို့အတွက် လုံးဝ မဖြစ်နိုင်ပေ။

မကြာမီ မုချန်တိန်နှင့် အခြားသူများသည် မြောက်ပိုင်းမြို့တော်သို့ ရောက်ရှိသည့်အခါ တွင် လှည်းယာဉ်တန်း ရပ်တန့်ခြင်းမရှိသေးပဲ မြောက်ဘက်သို့ ဆက်လက် ခရီးဆက်နေဆဲဖြစ်သည်ကို တွေ့လိုက်ရသည်။

ထိုအခါ မုချန်တိန်၏ နှလုံးသည် လည်မျိုထဲသို့ ခုန်ပေါက်သွားတော့သည်။

ဤသူများသည် လွင်ပြင်ဒေသ မျိုးနွယ်စုများ၏ သူလျို‌တွေများလား။

ချက်ချင်းပင် မုချန်တိန်သည် သူ၏ဦးခေါင်းကို လှည်းယာဉ်ပြတင်းပေါက်မှ ပြူထွက်လိုက်ပြီး အပြင်ဘက်တွင် မြင်းစီးနေသော အထူးကိုယ်ရံတော်ကို

“ညီလေး၊ ကျုပ်တို့ ဘယ်ဘက်ကို ဦးတည်နေတာလဲ” ဟု မေးမြန်းလိုက်သည်။

အထူးကိုယ်ရံတော်က ချက်ချင်း ပြန်လည်ပြောကြားလိုက်သည်။

“မုအမတ်မင်း၊ ကျွန်တော်တို့ရဲ့ ဦးတည်ရာက ရန်ခရိုင်ပါ။ အဲ့ဒီကို ရောက်ဖို့ ရက်နည်းနည်း‌ ထပ်ကြာဦးမှာပါ။”

အထူးကိုယ်ရံတော်သည် ရန်ခရိုင်ဟူသော တိကျသည့် ဦးတည်ရာကို ပြောလိုက်သည်ကို ကြားသောအခါ မုချန်တိန်သည် အနည်းငယ် စိတ်သက်သာရာ ရရှိသွားသည်။ သူတို့သည် ရန်ခရိုင်သို့ ဦးတည်နေကြခြင်းဖြစ်သည်။ ထို့နောက် မုချန်တိန်၏ခေါင်းသည် ယာဉ်အတွင်းသို့ ပြန်လည်ဝင်‌ သွားသည်။ ထိုအခိုက်တွင် မုရှင်းပင်က

“ဖခင်၊ ကျွန်တော်မှတ်မိတယ်။ မြောက်ပိုင်းနယ်စားမင်းသားက ရန်ခရိုင်တွင် ရှိနေတာ။ သူတို့ပြောတဲ့ လျှို့ဝှက်မင်းသားက တကယ်ပဲ မြောက်ပိုင်းနယ်စားမင်းသားဖြစ်နိုင်လား” ဟု မေးမြန်းလိုက်သည်။

မုချန်တိန်သည် ခေါင်းကို ခါလိုက်ပြီး

“သူမဖြစ်နိုင်ပါဘူး။ ရန်ခရိုင်က မြောက်ပိုင်းမြို့တော်မှာ အချမ်းသာဆုံးမြို့။ လျှို့ဝှက်မင်းသားက ရန်ခရိုင်မှာ ငါတို့နဲ့ တွေ့ဆုံမယ့် ကိစ္စက အထူးအဆန်းတော့ မဟုတ်ဘူး။” ဟု ပြောလိုက်သည်။

မုချန်တိန်သည် လုချန်း ဤမျှအစွမ်းထက်သော ပုဂ္ဂိုလ်တစ်ဦးဖြစ်မည်ဟု ဘယ်တော့ကမှ မထင်မှတ်ခဲ့ပေ။ တကယ်တော့ အားလုံးသည် လုချန်း မည်သို့သော မင်းသားဖြစ်သည်ကို သိကြသည်။

ရက်အနည်းငယ်အကြာတွင်။

မြောက်ပိုင်းမြို့တော်၊ ရန်ခရိုင်။

ကုန်တင်ယာဉ်တန်းအဖြစ် ဟန်ဆောင်ထားသော မုအိမ်သားများ လိုက်ပါလာသည့် ယာဉ်တန်းသည် ရန်ခရိုင်သို့ နှေးကွေးစွာ ဝင်ရောက်လာသည်။ ရန်ခရိုင်သို့ ရောက်ရှိသည့်အခါ ယာဉ်များအတွင်းရှိ လူများသည် ပြတင်းပေါက်များကို ဖွင့်လိုက်ကြပြီး အပြင်ဘက်ရှိ အရာအားလုံးများကို လေ့လာကြည့်လိုက်ကြသည်။

ထိုအခိုက်တွင် မုချန်တိန်သည် သူ၏မျက်လုံးများကို မှိတ်ကာ အနားယူနေသည်။ မုကျင်းဝူက

“ဖခင်၊ ကျွန်တော်တို့ ရန်ခရိုင်ကို ရောက်လာပါပြီ” ဟု သတိပေးလိုက်သည်။

မုကျင်းဝူ၏ သတိပေးသံကို ကြားသောအခါ မုချန်တိန်သည် မျက်လုံးများကို ဖွင့်လိုက်ပြီး ပြတင်းပေါက်မှတစ်ဆင့် အပြင်ဘက်ကို ကြည့်လိုက်သည်။

ရန်ခရိုင်သည် မြောက်ပိုင်းမြို့တော်တွင် အချမ်းသာဆုံးသော မြို့ဖြစ်သော်လည်း တစ်ချက်ကြည့်ရုံနှင့် ရှနိုင်ငံရှိ အခြားမြို့များနှင့် ကွာခြားချက်ကို တွေ့မြင်နိုင်သည်။

လမ်းများပေါ်ရှိ လူထုသည် အများအားဖြင့် အပေါက်အပြဲဖာရာများရှိသော အဝတ်အစားများကို ဝတ်ဆင်ထားကြသည်။ ဖာရာအနည်းငယ်ပင် မဟုတ်ကြပါ။ ဖာရာဗရပွနှင့် အဝတ်အစားများဖြစ်သည်။ ထို့ပြင် လူအများစုသည် ဖိနပ်မပါပဲ ခြေဗလာဖြင့် လမ်းလျှောက်ကြသည်။

မြောက်ပိုင်းမြို့တော်အကြောင်း ချီးကျူးရန် အကြောင်းပြချက်တစ်ခုခု ရှာရမည်ဆိုလျှင် လူများ၏ မျက်လုံးများသည် တောက်ပနေပြီး အနာဂတ်အတွက် မျှော်လင့်ချက်များဖြင့် ပြည့်နေသကဲ့သို့ စိတ်ဓာတ်များ မြင့်မားနေကြသည်။

ထိုအခိုက်တွင် မုရှင်းပင်က

“မြောက်ပိုင်းမြို့တော်က အချမ်းသာဆုံးဖြစ်တဲ့ ရန်ခရိုင်က ဒီလောက်ဆင်းရဲလိမ့်မယ်လို့ကို မထင်ထားခဲ့ဘူး။ မြောက်ပိုင်းမြို့တော် ဖွံ့ဖြိုးတိုးတက်ဖို့က မလွယ်ကူဘူးလို့ ထင်တယ်။ ညီမလေး မြောက်ပိုင်းနယ်စားမင်းသားစံအိမ်မှာ ဘယ်လိုနေထိုင်နေရလဲဆိုတာ ကျွန်တော်လည်း စိတ်ဝင်စားမိတယ်။” ဟု ပြောလိုက်သည်။

မုကျင်းဝူက “စိတ်မပူပါနှင့်၊ မြောက်ပိုင်းမြို့တော်က ဆင်းရဲပေမဲ့ မြောက်ပိုင်းနယ်စားမင်းသားစံအိမ်ကတော့ မဆင်းရဲလောက်ပါဘူး။ ငါကြားတာက မြောက်ပိုင်းစားမင်းသားစံအိမ်က ရေမွှေးနဲ့ ဆပ်ပြာတွေရောင်းပြီး တစ်လဝင်ငွေ သိန်းနဲ့ချီ ရတယ်လို့ ကြားတယ်။” ဟု ပြောလိုက်သည်။

ထိုအခိုက်တွင် မုချန်တိန်၏ စိတ်ကူးများသည် တင်ယာဉ်အတွင်း၌ မရှိပေ။ သူသည် လျှို့ဝှက်မင်းသားနှင့် တွေ့ဆုံရန်သာ စိတ်အားထက်သန်နေသည်။ မင်းသားသည် လွင်ပြင်ဒေသ မျိုးနွယ်စုများမှ ဖြစ်ပါက သူမည်သို့ တုံ့ပြန်သင့်သည်ကို စတင် စဉ်းစားနေပြီဖြစ်သည်။

ထို့အချိန် မြောက်ပိုင်းစားမင်းသားစံအိမ်တွင် လုချန်းသည် ဝမ်ချင်းစီနှင့်အတူ လေ့ကျင့်ခန်း လုပ်ပြီးပြီဖြစ်သည်။ ယခု သူတို့သည် မင်းသားစံအိမ်၏ မောင်းမများ ရွေးချယ်ရေးတွင် ပါဝင်သည့် အမျိုးသမီးများ၏ ပုံတူများကို ရွေးချယ်နေကြသည်။

မုကျိရွှမ်း တစ်ကြိမ် ရွေးပြီးသားဖြစ်သော်လည်း မောင်းမယူမည့်သူက လုချန်းဖြစ်‌ သောကြောင့် သူကိုယ်တိုင် ကြည့်ရှုရွေးချယ်ရမည်ဖြစ်သည်။ သို့သော် လုချန်းသည် ပုံတူများကို သိပ်ပြီး စိတ်ဝင်စားခြင်း မရှိပေ။

ပုံတူများသည် ခေတ်သစ်ဓာတ်ပုံပြင်ဆင်မှုများထက် ပို၍လိမ်လည်ပြင်ဆင်မှုများ ရှိသည်။ ဓာတ်ပုံပြင်ဆင်မှုများသည် အနည်းဆုံးတွင် မူရင်းပုံအပေါ်အခြေခံ၍ ဓာတ်ပုံကိုပြုပြင်ထားခြင်းဖြစ်သည်။ ပုံတူများသည် ပန်းချီကျွမ်းကျင်သူ၏ စိတ်ကြိုက်ပုံဖော်ထားသော ပုံရိပ်များသာ ဖြစ်သည်။

သို့သော် လုချန်းသည် ကျေနပ်အားရမှု မရှိသော်လည်း လှပသည်ဟု ထင်ရသော အမျိုးသမီးများ၏ ပုံတူများကို ရွေးချယ်လိုက်သည်။ ဤသည်မှာ ပမာဏ ရွေးချယ်မှုသာ ဖြစ်သည်။ မောင်းမများကို တကယ် ရွေးချယ်ရန် သူသည် ကိုယ်တိုင် တွေ့ဆုံရန် လိုအပ်သည်။

သူတို့ကို ကိုယ်တိုင် မတွေ့ရလျှင် အမှတ်ဘယ်လောက် ရှိသည်ကို သူသိရမည် မဟုတ်ပေ။

ထိုအခိုက်တွင် အထူးကိုယ်ရံတော်တစ်ဦးသည် အဆောင်ဝင်းအတွင်းသို့ ဝင်လာပြီး

“မင်းသား၊ မုမိသားစု ရောက်ရှိလာပါပြီ” ဟု ကြေညာလိုက်သည်။

ထိုစကားများကို ကြားသောအခါ လုချန်းသည် ကျောက်ခုံပေါ်မှ ချက်ချင်းထလိုက်သည်။ နောက်ဆုံးတွင် သူတို့ ရောက်ရှိလာကြပြီ ဖြစ်သည်။ မုကျိရွှမ်းအတွက် တကယ်ကို အံ့အားသင့်ဖွယ်ရာ ဖြစ်သည်။

ချက်ချင်းပင် လုချန်းက

“တွေ့ဆုံဖို့ ချက်ချင်း စီစဉ်ပါ” ဟု ပြောလိုက်သည်။

“ဟုတ်ကဲ့၊ မင်းသား။”

အခြေအနေကို တင်ပြပြီးနောက် အထူးကိုယ်ရံတော်သည် လှည့်ပြီး ထွက်သွားလိုက်သည်။ မုအိမ်၏ ယာဉ်တန်းသည် နောက်ဆုံးတွင် ရန်ခရိုင်ရှိ ရွှင်ပျော်ပျော် စားသောက်ဆိုင်သို့ ရောက်ရှိလာသည်။

ဆိုင်သို့ရောက်ရှိပြီးနောက် အရပ်မြင့်မြင့်နှင့် ခန္ဓာကိုယ်တောင့်တင်းသော သက်လတ်ပိုင်း အမျိုးသားတစ်ဦးသည် မုချန်တိန်ထံသို့ ချဉ်းကပ်လာသည်။ သူ့ရှေ့ရှိ အမျိုးသားကို တွေ့မြင်သောအခါ မုချန်တိန်၏ နှလုံးက တုန်ယင်သွားသလို ခံစားလိုက်ရသည်။

နောက်ထပ် ထိပ်သီးပညာရှင်တစ်ဦး။ လျှို့ဝှက်မင်းသား၏ အောက်ရှိ တပ်ဖွဲ့များက ဘယ်လောက်တောင် ကြောက်မက်ဖွယ်ကောင်း‌ နေတာလဲ။ ခဏအတွင်းပင် သူတို့ထိပ်သီးပညာရှင်နှစ်ဦးနှင့် ကြုံတွေ့ခဲ့ကြသည်။

ချင်ယူရှန်က

“မုအမတ်။ ခင်ဗျားတို့သုံး‌ယောက် ကျွန်တော်နဲ့အတူ လိုက်ခဲ့ပါ” ဟု ပြောလိုက်သည်။

ချင်ယူရှန်သည် မုချန်တိန်နှင့် သူ၏သားနှစ်ဦးကို ရည်ညွှန်းလိုက်ခြင်းဖြစ်သည်။ သူတို့ရှေ့ရှိ အမျိုးသား၏ စကားကို ကြားသောအခါ မုချန်တိန်နှင့် သူ၏သားများသည် လျှို့ဝှက်မင်းသားနှင့် တွေ့ဆုံမည်ဖြစ်ကြောင်း သဘောပေါက်သွားကြသည်။

ထိုအတွေးများကြောင့် သုံးဦးစလုံး စိတ်လှုပ်ရှားမှု့များနှင့် ပြည့်နေကြသည်။ ထို့ကြောင့် မုချန်တိန်နှင့် သူ၏သားများသည် မုအိမ်မှ အမျိုးသမီးများနှင့် ခွဲထွက်လာကြသည်။ သူတို့သည် ဆိုင်၏ အနောက်ဘက်သို့ လိုက်သွားကြပြီး ချင်ယူရှန်နှင့်အတူ ဒုတိယထပ်သို့ တက်သွားကြသည်။

သို့သော် သူတို့သည် ဒုတိယထပ်ရှိ သီးသန့်အခန်းသို့ ရောက်ရှိသည့်အခါ လျှို့ဝှက်မင်းသားကို မတွေ့ရှိပေ။

ချင်ယူရှန်က ထိုအခိုက်တွင်

“မုအမတ် ခဏစောင့်ပေးပါ၊ ကျွန်တော်တို့ရဲ့ မင်းသား ခဏနေရင် ရောက်လာပါလိမ့်မယ်။”

မုချန်တိန်သည် အများကြီး မစဉ်းစားပါ။ အခု သူတို့ စောင့်ဆိုင်းရန်သာ လိုအပ်သည်။ အချိန်က တဖြည်းဖြည်း ကုန်လွန်သွားသည်။ ၁၅ မိနစ်ခန့်အကြာတွင် အခန်းတံခါး ပွင့်လာသည်။

တံခါးမှ အသံကို ကြားသောအခါ မုချန်တိန်နှင့် သူ၏သားနှစ်ဦးသည် ချက်ချင်းပင် ထိုင်ရာမှ ထလိုက်ကြသည်။ သူတို့၏ မျက်လုံးများသည် တံခါးဝကို ငေးကြည့်နေကြသည်။ ဘယ်သူပေါ်လာမလဲဆိုတာကို စိတ်အားထက်သန်စွာ စောင့်မျှော်နေကြသည်။

သို့သော် တံခါးသည် ဖြည်းညှင်းစွာ ပွင့်လာပြီး သူတို့သုံးဦး၏ အရှေ့တွင် ရင်းနှီးသော မျက်နှာတစ်ခု ပေါ်လာသည်။ ရောက်ရှိလာသူကို တွေ့မြင်သောအခါ မုချန်တိန် အလွန်အံ့အားသင့်သွားရသည်။

“မြောက်ပိုင်း... မြောက်ပိုင်းနယ်စားမင်းသားလား” ဟု သူမပိီမသ ရေရွတ်မိသွား၏။

မုချန်တိန်သာ အံ့အားသင့်သွားခြင်းမဟုတ်ပါ။ သူ၏သားနှစ်ဦးသည်လည်း ကြက်သေသေသွားကြသည်။ သူတို့သည် မြောက်ပိုင်းနယ်စားမင်းသား မည်သူဖြစ်သည်ကို သိကြသည်။

မုချန်တိန်သည် မြောက်ပိုင်းနယ်စားမင်းသား နေပြည်တော်မှ ထွက်ခွာသွားသည့် အချိန်ကို သတိရသွားမိသည်။ သူမင်းသားကို တစ်ကြိမ် တွေ့ဆုံဖူးသည်။ ထိုအချိန်က မြောက်ပိုင်းနယ်စား မင်းသား၏ စိတ်ထားသည် ကလေးဆန်ဆန် ဖြစ်နေဆဲဖြစ်သည်။ နိုင်ငံရေးဆိုင်ရာ မသင့်လျော်သော တားမြစ်ချက်များကိုပင် သူသိရှိခြင်း မရှိပေ။

ဤမျှ နိုင်ငံရေးနှင့် မရင်းနှီးသော ပညာမဲ့သူတစ်ဦးက ဘယ်လိုလုပ် ဤမျှ‌အစွမ်းထက်သော တပ်ဖွဲ့ကို သူ၏လက်အောက်တွင် ရရှိနိုင်မည်နည်း။

မုချန်တိန် မစဉ်းစားပဲ မနေနိုင်‌တော့ပါ။ မြောက်ပိုင်းနယ်စားမင်းသားသည် သူ၏စွမ်းရည်များကို အမြဲ ဖုံးကွယ်ထားပြီး အသုံးမကျသူဟု ဟန်ဆောင်နေခြင်း ဖြစ်နိုင်ပါသလား။ သူသည် ဘာမှ မသိဟု အားလုံးကို ယုံကြည်စေခြင်းကော ဖြစ်နိုင်ပါသလား။

ထိုသို့ဖြစ်ပါက မြောက်ပိုင်းနယ်စားမင်းသား၏ အကြံအစည်သည် အလွန်နက်နဲသည်။ မြောက်ပိုင်းနယ်စားမင်းသားသည် သူတို့ကိုသာမက ရှားနိုင်ငံရှိ လူထုအားလုံးကို လိမ်လည်ခဲ့သည်။

သူတို့သုံးဦးသည် မြောက်ပိုင်းမြို့တော်သို့ ရောက်ရှိသည်အထိ မြောက်ပိုင်းနယ်စားမင်းသားသည် လျှို့ဝှက်မင်းသားဖြစ်သည်ကို မယုံကြည်ခဲ့ပေ။ ယခုအခါ သူတို့တွေ့ဆုံနေရသူမှာ မြောက်ပိုင်းနယ်စားမင်းသားကိုယ်တိုင် ဖြစ်လာသည်။

ဤမျှ နက်နဲသော လိမ်လည်မှုနှင့် သူ၏လက်အောက်ရှိ အစွမ်းထက်သော တပ်ဖွဲ့များကို ကြည့်လျှင်တော့ သူလုပ်ဆောင်လိုသည့် အရာကို ခန့်မှန်းရန် မလိုအပ်ပေ။ မုချန်တိန်နှင့် သူ၏သားများ၏ မျက်နှာပေါ်ရှိ မယုံကြည်နိုင်သော ခံစားချက်များကို တွေ့မြင်သောအခါ လုချန်းသည် ပြုံးလိုက်ပြီး

“ယောက္ခထီးတော်။ ကျွန်တော့်ကိုတွေ့ရလို့ အရမ်းအံ့အားသင့်နေပါသလား” ဟု မေးမြန်းလိုက်သည်။

လုချန်း၏ စကားများကို ကြားသောအခါ မုချန်တိန်နှင့် သူ၏သားများသည် သတိပြန်ဝင်လာကြပြီး လျင်မြန်စွာ ဦးညွှတ်ကြသည်။

“ကျွန်တော်တို့ မြောက်ပိုင်းနယ်စားမင်းသားကို ဦးညွှတ်ပါတယ်။”

........

အခန်း (၅၉)

တောအုပ်ထဲတွင် ထင်ရှားနေသော သစ်ပင်သည် လေ၏တိုက်ခတ်ခြင်းကို ခံရမည်

အရိုအသေပေးမှုများ ပြီးဆုံးသွားပြီးနောက် မုချန်တိန်က အနည်းငယ် ရှက်ရွံ့စွာဖြင့် ပြောလိုက်သည်။

“မုစံအိမ်ကို ကယ်တင်သူသည် မင်းသားဖြစ်မည်ဟု ကျွန်တော် ဘယ်တော့ကမှ မထင်မှတ်ခဲ့ပါ။”

မြောက်ပိုင်းမြို့တော်သို့ သွားစဉ် မုချန်တိန်နှင့် အိမ်သားများသည် လျှံဇွန်း ပြောပြခဲ့သည့် လျှို့ဝှက်သော မင်းသားသည် မြောက်ပိုင်းနယ်စားမင်းသား ဖြစ်နိုင်သည်ဟု စဉ်းစားခဲ့ကြသည်။ မြောက်ပိုင်းမြို့တော်သည် မြောက်ပိုင်းနယ်စားမင်းသား၏ နယ်မြေဖြစ်သောကြောင့် ဖြစ်သည်။

သို့သော် “လျှို့ဝှက် မင်းသားသည် မြောက်ပိုင်းနယ်စားမင်းသားဖြစ်သည်” ဟူသော အတွေးသည် သူတို့၏ စိတ်ထဲတွင် ခဏတာသာ ဖြတ်သန်းသွားခဲ့ခြင်းဖြစ်သည်။ သူတို့

ထိုအ‌တွေးကို ချက်ချင်း ဖယ်ရှားခဲ့ကြသည်။ သို့သော် ယခု သူတို့ရှေ့တွင် ရပ်နေသူမှာ မြောက်ပိုင်းနယ်စားမင်းသားကိုယ်တိုင် ဖြစ်သည်။ ထို့ကြောင့် သူတို့ အလွန်တုန်လှုပ်အံ့ဩ သွားခဲ့ကြသည်။

ပညာမဲ့ပြီး ပျက်စီးနေသူဟု ပြောဆိုနေကြသော မြောက်ပိုင်းနယ်စားမင်းသားသည် သူ၏ သရုပ်မှန်ကို ဤမျှလောက် နက်ရှိုင်းစွာ ဖုံးကွယ်နိုင်မည်ဟု သူတို့ ယုံကြည်နိုင်ခြင်း မရှိပေ။

မြောက်ပိုင်းနယ်စားမင်းသားသည် စွမ်းအား ပြရခြင်းဆေးကဲ့သို့ တန်ဖိုးကြီးမားသော ဆေးလုံးကို ထုတ်လုပ်နိုင်ခြင်းနှင့် သူ၏ လက်အောက်ခံတပ်များ၏ အင်အားကြီးမားမှုကို ကြည့်ခြင်းအားဖြင့် မင်းသား လုရိပင်လျှင် နန်းမွေဆက်ခံရေး ပြိုင်ဆိုင်မှုတွင် သူနှင့် ယှဉ်ပြိုင်နိုင်မည် မဟုတ်ကြောင်း ထင်ရှားသည်။

ထိုအခိုက်အတွင် မုချန်တိန်နှင့် သားနှစ်ယောက်၏ ခေါင်းထဲတွင် မေးခွန်းတစ်ခုက တစ်ပြိုင်နက်တည်း ပေါ်ပေါက်လာသည်။ အင်အားကြီးမားသည့် မြောက်ပိုင်းနယ်စားမင်းသားသည် သူ၏ စွမ်းရည်များကို ဆက်လက်၍ ဖုံးကွယ်ထားရန် အဘယ်ကြောင့် ဆုံးဖြတ်ရသနည်း ဟူ‌သောမေးခွန်းဖြစ်သည်။

သူသာ နန်းမွေဆက်ခံရေး ပြိုင်ဆိုင်မှုတွင် ပါဝင်ပါက သူ၏ လက်အောက်ခံတပ်များနှင့်အတူ တောင်ပိုင်းမှ အာဏာရှိမိသားစုများ၏ ထောက်ခံမှုကို ရရှိမည်ဖြစ်သည်။ ထို့အခါနေပြည်တော်ရှိ ရာဇပလ္လင်ကို သူသိမ်းပိုက်နိုင်မည်ဖြစ်သည်။

သို့သော် ယခုအခါတွင် မြောက်ပိုင်းမြို့တော်သို့ စေလွှတ်ခံရပြီး ဖြစ်သဖြင့် သူနန်းတက်လိုပါက စစ်တပ်တစ်ခု တည်ထောင်ရမည့် နည်းလမ်းကိုသာ အသုံးပြုရတော့မည်ဖြစ်သည်။

သို့သော် မုချန်တိန်နှင့် သူ၏မိသားစုဝင်များသည် မြောက်ပိုင်းမြို့တော်၏ အခြေအနေကိုလည်း မြင်တွေ့ခဲ့ကြပြီးဖြစ်သည်။ ထိုနေရာတွင် စစ်တပ်တည်ထောင် စုစည်းခြင်းသည် ဆွမ်ဧကရာဇ်၏ ထိပ်တန်းစစ်သားများနှင့် တိုက်ခိုက်ရန် ခက်ခဲမည်ဖြစ်သည်။

သူတို့ အနိုင်ရပါကလည်း ဆွမ်နိုင်ငံတော်သည် ဆင်းရဲဒုက္ခ ကြီးစွာနှင့် ရင်ဆိုင်ရမည်ဖြစ်သည်။ ထိုအခါ မြောက်ပိုင်းနယ်စားမင်းသားသည် ဆိုးရွားသော နိုင်ငံတော်အခြေအနေကိုသာ အမွေခံရရှိမည်ဖြစ်သည်။

ထို့နောက် လုချန်းက

“ကျေးဇူးပြု၍ ထိုင်ပါ၊ အစဉ်အလာတွေ မလိုပါဘူး” ဟု ပြောလိုက်သည်။

ထိုသို့ ပြောပြီးနောက် လုချန်းသည် သီးခြားခန်းထဲသို့ ဝင်သွားပြီး တံခါးဝရှိ အထူးကိုယ်ရံတော်များက တံခါးကို ပိတ်လိုက်ကြသည်။ လုချန်း အခန်းထဲသို့ ဝင်ပြီးနောက် မုချန်တိန်က တိုက်ရိုက်မေးလိုက်သည်။

“မင်းသား၊ မင်းသားရဲ့ လက်အောက်ခံတပ်တွေက အလွန်အင်အားကြီးမားပါတယ်။ နေပြည်တော်မှာ မင်းသားရဲ့ စွမ်းရည်ကို ဘာ့ကြောင့် ဖုံးကွယ်ထားခဲ့တာလဲ။”

လုချန်းက တုံ့ဆိုင်းမှုမရှိဘဲ ဖြေကြားလိုက်သည်။

“တောအုပ်ထဲတွင် ထင်ရှားနေသော သစ်ပင်သည် လေ၏တိုက်ခတ်ခြင်းကို ခံရမည်။”

“ကျွန်တော့်ဖခင် ဆွမ်ဧကရာဇ်က အရွယ်ကောင်းမှာ ရှိနေသေးတယ်။ ကျွန်တော့်လက်ထဲမှာ ဒီလောက်အင်အားကြီးတဲ့တပ်မျိုး ရှိနေတာ သူသိသွားရင် သူဘာလုပ်မလဲလို့ ထင်ပါသလဲ ယောက္ခထီးတော်။”

ထိုစကားကို ကြားသောအခါ မုချန်တိန်နှင့် သူ၏ သားနှစ်ယောက်လည်း ချက်ချင်း သဘောပေါက်သွားကြသည်။ မင်းသားတစ်ပါးအနေဖြင့် ထိုကဲ့သို့သော တန်ခိုးကြီးမားသည့် အစွမ်းအာဏာကို ပိုင်ဆိုင်ပြီး စစ်တပ်အတွင်း၌ အတွင်းလူများ ရှိနေပါက ဆွမ်ဧကရာဇ် သံသယဖြစ်မည်မှာ သေချာသည်။

ဖခင် ဧကရာဇ်က အရွယ်ကောင်းတွင် ရှိနေစဉ် မင်းသားဖြစ်သူက ကိုယ်ပိုင်တပ်များကို စုစည်းပြီး စစ်သားများကို သွေးဆောင်နေခြင်းက....

ဘာကိုရည်ညွှန်းနေတာလဲ။

သို့သော် မုချန်တိန် အပြည့်အဝ နားမလည်နိုင် သေးပေ။ မြောက်ပိုင်းနယ်စားမင်းသားသည် အစွမ်းကြီးမားသော်လည်း အသုံးမကျသူတစ်ဦးအဖြစ် ဟန်ဆောင်ရန် မလိုအပ်ပေ။ သူသည် သူ၏ အဓိကအင်အားကို ထုတ်ဖော်မပြရန်သာ လိုအပ်သည်။

စိတ်ရှုပ်ထွေးသော်လည်း မုချန်တိန် ထိုမေးခွန်းများကို ဆက်လက်မမေးတော့ပေ။

မြောက်ပိုင်းနယ်စားမင်းသားသည် အကြံအစည် ကြီးမာသူတစ်ဦးဖြစ်ကြောင်း သဘောပေါက်သွားသောကြောင့် မုချန်တိန်သည် သူ့ကို နိုင်ငံရေး နားမလည်သူအဖြစ် မမြင်တော့ပေ။ မြောက်ပိုင်းနယ်စားမင်းသား၏ လုပ်ရပ်များသည် သေချာစွာ စဉ်းစားတွေးခေါ်ပြီး ဆောင်ရွက်ခြင်းဖြစ်သည်ဟု သူယုံကြည်လာသည်။

မြောက်ပိုင်းနယ်စားမင်းသားဆီမှာ ပိုပြီးကြီးမားသော အစီအစဉ်များ ရှိနေမည်မှာ သေချာသည်။ မြောက်ပိုင်းနယ်စားမင်းသားသည် ဆွမ်ဧကရာဇ်၏ သွေးသားတော်စပ်သူ ဖြစ်သော်လည်း သူသည် မုစံအိမ်ကို ကယ်တင်ရန် ကူညီပေးခဲ့သောကြောင့်နှင့် မုကျိရွှမ်းသည် မင်းသား၏ ဇနီးဖြစ်သောကြောင့် မုချန်တိန်သည် လုချန်းအပေါ် သံသယမရှိပေ။

မုချန်တိန်က ထို့နောက်

“မြောက်ပိုင်းနယ်စားမင်းသားက ကျွန်တော်တို့ မုစံအိမ်ကို ကယ်တင်ခဲ့ပါတယ်။ နောင်တွင် မင်းသား ကျွန်တော့်ရဲ့ကူညီမှု လိုအပ်ပါက ကျွန်‌တော်မုချန်တိန်က အစွမ်းကုန် တာဝန်ထမ်းဆောင်ပါမယ်” ဟု ပြောလိုက်သည်။

ထိုစကားများဖြင့် မုချန်တိန်သည် လုချန်းအား သစ္စာခံမည်ဖြစ်ကြောင်း ထင်ရှားစွာ ကြေညာလိုက်ခြင်းဖြစ်သည်။ မုချန်တိန် ထိုသို့ပြောဆိုသည်ကို ကြားသောအခါ မုရှင်းပင်နှင့် မုကျင်းဝူတို့လည်း

“ကျွန်တော်တို့လည်း မြောက်ပိုင်းနယ်စားမင်းသား‌ အနောက်ကို သေသည်အထိ လိုက်ပါမည်။”

လုချန်းက ပြုံး၍

“ကျွန်တော်တို့က မိသားစုဝင်‌တွေပါ။ ဒါတွေပြောဖို့ မလိုအပ်ပါဘူး။” ဟု ပြန်လည်ပြောဆိုလိုက်သည်။

ထိုအခိုက်တွင် လုချန်းက မုချန်တိန်ကို ကြည့်၍ “ ယေက္ခထီးတော်၊ မေးလိုတာ တစ်ခုရှိပါတယ်။ ဒါပေမဲ့ မေးမြန်းရမည့်သူကို မတွေ့သေးပါဘူး။ ယခု ယောက္ခထီးတော် ရောက်လာတာကြောင့် အကြံဥာဏ်ကို တောင်းခံလိုပါတယ်။” ဟု မေးမြန်းလိုက်သည်။

သူ၏လူများနှင့် စကားပြောသောအခါ လုချန်းသည် ကိုယ်ကိုယ်ကို “မင်းသား” ဟု မသုံးနှုံးပဲ “ကျွန်တော်” ဟုသာ သုံးနှုံး၏ ။ ထိုသို့ ခေါ်ဆိုခြင်းက သူတို့အကြားမှ ကွာဟချက်ကို လျှော့ချရန် ဖြစ်သည်။

သို့သော် မုချန်တိန်က အတော်လေး ရှေးရိုးဆန်သူဖြစ်သည်။ လုချန်းသည် သူ၏ သမက်ဖြစ်သော်လည်း မင်းသားတစ်ပါးလည်း ဖြစ်သည်။ မုချန်တိန်၏ အမြင်တွင် မင်းသားဖြစ်သည့် လုချန်း၏ ပုံရိပ်သည် သမက်တစ်ယောက်ထက် ပိုကြီးသည်။ ထို့ကြောင့် အလွန်ရိုသေစွာဖြင့်

မုချန်တိန်က

“မင်းသား၊ ကျေးဇူးပြုပြီး ပြောပါ” ဟု ပြန်လည်ဖြေကြားလိုက်သည်။

လုချန်းက ချက်ချင်း မေးလိုက်သည်။

“ယုတ္တိရှိရှိ စဉ်းစားရင် ကျွန်တော့်ရဲ့ဖခင် အနေနှင့် အာဏာရှိ မိသားစုတွေကို ဖယ်ရှားချင်ရင်သူ့အတွက် ထက်မြက်တဲ့ ဓားတစ်ချောင်း လိုအပ်ပါတယ်။ အဲ့ဒီအတွက် ယောက္ခထီးတော်က အသင့်တော်ဆုံး ဖြစ်တယ်ဆိုတာ သံသယ ရှိစရာ မလိုပါဘူး။ ဒါပေမဲ့ ဘာ့ကြောင့်…”

လုချန်းသည် ဆက်မပြောတော့ပေ။ ထိုစကားများသည် မုချန်တိန်၏ အနာကို ဆွပေးသလို ဖြစ်စေသောကြောင့် ဖြစ်သည်။

မုချန်တိန်သည် လုချန်း မေးမြန်းလိုသည့်အကြောင်းကို ချက်ချင်း သဘောပေါက်သွားသည်။ သူက သက်ပြင်းချလိုက်ပြီး

“မင်းသား၊ ဧကရာဇ်မင်းက ကျွန်တော့်ကို ဘယ်တုန်းကမှ ယုံကြည်ခဲ့ခြင်း မရှိခဲ့ပါဘူး။ သို့သူရဲ့ မျက်လုံးထဲမှာ ကျွန်တော်က ထက်မြက်တဲ့ ဓားတစ်ချောင်း မဟုတ်ပါဘူး။ အဲ့ဒီလို ဖြစ်ခဲ့ရင်တောင် ကျွန်တော်က သူ့အမြင်မှာ အာဏာရှိ မိသားစုတွေရဲ့ ဓားသာဖြစ်နိုင်ပါတယ်။” ဟု ပြန်လည်ဖြေကြားလိုက်သည်။

မုချန်တိန်သည် ဆွမ်ဧကရာဇ်ကို နာမည်ဖြင့် ခေါ်ဆိုလိုသော်လည်း မြောက်ပိုင်းနယ်စားမင်းသားသည် ဆွမ်ဧကရာဇ်၏ သားဖြစ်သောကြောင့် သူ၏ ရှေ့မှောက်တွင် တိုက်ရိုက် နာမည်ဖြင့် ခေါ်ဆိုခြင်းသည် မသင့်လျော်ဟု ထင်မြင်သောကြောင့် နောက်ဆုံးတွင် “ဧကရာဇ်မင်း” ဟုသာ ခေါ်ဆိုခဲ့သည်။

ထိုအခိုက်တွင် မုချန်တိန်သည် တစ်စုံတစ်ခုကို သတိရလိုက်ပြီး

“နောက်ပြီး ဧကရာဇ်ဆီမှာ ပိုမိုထက်မြက်တဲ့ ဓားတစ်ချောင်း ရှိနေပြီလို့ ကျွန်တော် သံသယရှိပါတယ်။” ဟု ဆက်လက်ပြောလိုက်သည်။

မုချန်တိန်၏ စကားများကို ကြားသောအခါ လုချန်း အတွေးနက်သွားသည်။

ခဏကြာသောအခါ လုချန်းက

“မုစံအိမ်က ပျက်စီးသွားပြီဖြစ်တဲ့ အတွက်ကြောင့် ကျွန်‌တော် ယောက္ခထီးတော်အတွက် နေအိမ်အသစ်ကို ပြင်ဆင်ထားပြီးပါပြီ။ ဒါပေမဲ့ အခုချိန်ကစပြီး ယေက္ခထီးတော်ရဲ့နာမည်ကို ပြောင်းရမှာ ဖြစ်ပါတယ်။” ဟု ပြောလိုက်သည်။

မုချန်တိန်က ချက်ချင်း ပြန်လည်ဖြေကြားလိုက်သည်။

“ကျေးဇူးတင်ပါတယ်၊ မြောက်ပိုင်းနယ်စားမင်းသား။”

အသက်ရှင်သန်နိုင်ခြင်းသည်ပင် လုံလောက်ပြီဖြစ်သည်။ နာမည်ကို ပြောင်းလဲရန်အတွက် မုချန်တိန်သည် များစွာစိတ်ထဲမထား‌ပေ။ ဆွမ်ဧကရာဇ် ကွယ်လွန်ပြီးနောက် သူတို့၏ နာမည်ကို ပြန်လည်ပြောင်းလဲနိုင်သည်။

ထိုအခိုက်တွင် မုချန်တိန်က သတိထား၍ မေးလိုက်သည်။

“မင်းသား၊ မြောက်ပိုင်းမြို့တော်သို့ ရောက်ရှိပြီးနောက် မင်းသားမှာ ဘာအစီအစဉ်များ ရှိပါသလဲ။”

မုချန်တိန်၏ အမြင်တွင် ထိုကဲ့သို့သော အစွမ်းကြီးမားသော တပ်ဖွဲ့ကို လက်ဝယ်ရရှိပြီးနောက် မြောက်ပိုင်းနယ်စားမင်းသားသည် မြောက်ပိုင်းမြို့တော်တွင် ပျင်းရိစွာ နေထိုင်ရန် ရည်ရွယ်မည် မဟုတ်ပေ။ မုချန်တိန်သည် ထိုအခွင့်အရေးကို အသုံးချလိုသည်။

နောင်တွင် မြောက်ပိုင်းနယ်စားမင်းသားသည် ထီးနန်းကို သိမ်းပိုက်ပြီး ရှားနိုင်ငံ၏ ဧကရာဇ်သစ် ဖြစ်လာပါက မုစံအိမ်သည် ယခင်က ရရှိခဲ့သော ဂုဏ်သိက္ခာကို ပြန်လည်ရရှိနိုင်မည်ဖြစ်သည်။

ဆွမ်ဧကရာဇ်ကြောင့် မုစံအိမ် ပြုလဲခဲ့ရသော်လည်း မုချန်တိန်သည် ဆွမ်ဧကရာဇ်၏ သားဖြစ်သူ လုချန်းအား ပြင်းပြင်းထန်ထန် မမုန်းသည့်အကြောင်းရင်းမှာ ထိုအရာများ အားလုံးသည် နိုင်ငံရေးပဋိပက္ခကြောင့်သာ ဖြစ်သောကြောင့် ဖြစ်သည်။ သားဖြစ်သူ၏ အကျိုးစီးပွားနှင့် ဖခင်၏ အကျိုးစီးပွားသည် ကွဲပြားခြားနားသောကြောင့် ဖြစ်သည်။

သမိုင်းတစ်လျှောက်တွင် ရှေးဧကရာဇ်မင်းများသည် သူ၏အရာရှိများကို ပြည်နှင်လေ့ရှိပြီး နောက်မင်းများက ထိုအရာရှိများကို ပြန်လည်အသုံးပြုလေ့ရှိသည်။ ဤသည်မှာ နောက်မင်းများအတွက် သူတို့၏ ကျေးဇူးပြုမှု ပြသနိုင်သော အခွင့်အရေးတစ်ခု ဖြစ်သည်။ ပြည်နှင်ခံရပြီးနောက် တရားဝင်ပြန်လည်ရောက်ရှိလာသော အရာရှိများသည် နောက်မင်းများအား ပြစ်တင်မုန်းတီးမှုမရှိဘဲ ကျေးဇူးတင်ကြောင်း ပြသလေ့ရှိသည်။

မုချန်တိန်၏ မေးခွန်းကို ကြားသောအခါ လုချန်း၏ နှုတ်ခမ်းများ အနည်းငယ် ကွေးသွားပြီးရယ်မောလျက်

“လက်ရှိ ကျွန်တော့်အနေနှင့် ဘာမှစီစဉ်ထားခြင်း မရှိပါဘူး”

ထိုစကားများကို…

မုချန်တိန်သည် အံ့ဩသွားသည်။

သူသည် လုချန်း၏ စကားများကို မယုံနိုင်ပေ။ မြောက်ပိုင်းနယ်စားမင်းသားသည် နေပြည်တော်၌ နှစ်ပေါင်းများစွာ သူ၏ စွမ်းရည်ကို ဖုံးကွယ်ထားပြီး ထိုမျှအစွမ်းကြီးမားသောတပ်ကို စုဆောင်းထားခဲ့သည်။ မြောက်ပိုင်းနယ်စားမင်းသား ဘာမှ စီစဉ်ထားခြင်း မရှိပါဟု ပြောလျှင် ယုံကြည်သူ ရှိနိုင်မည် မဟုတ်ပေ။

လုချန်းက မုချန်တိန် သူ့စကားကို မယုံကြောင်း သိသောကြောင့် ဆက်၍ ပြောလိုက်သည်။

“အချိန်မရောက်သေးဘူး၊ လောလောဆယ် လုပ်ဆောင်လျှင် အကျိုးမရှိပါဘူး။”

မြောက်ပိုင်းနယ်စားမင်းသားသည် အခွင့်အရေးကို စောင့်မျှော်နေခြင်းဖြစ်ကြောင်း မုချန်တိန် ချက်ချင်း သဘောပေါက်လိုက်သည်။ သူသိပါသည်။ မြောက်ပိုင်းနယ်စားမင်းသားကဲ့သို့ အကြံအစည်ကြီးသော လူတစ်ယောက်သည် မည်သို့မျှ သူ့ကိုယ်သူ နစ်မွှန်းခံနိုင်မည် မဟုတ်ပေ။

မုချန်တိန်သည် ချက်ချင်းပင် ပြောလိုက်သည်။ “မင်းသား၊ နောင်အခါ ကျွန်တော် မုချန်တိန်ရဲ့ အကူအညီ လိုအပ်ပါက ကျွန်တော်သည် အသက်ကိုပင် မတွန့်ဆုတ်ဘဲ ပေးဆပ်ပါမယ်။”

လုချန်းက ပြန်လည်ပြောလိုက်သည်။

“နောင်အခါကို မပြောပါနှင့်။ အခုပဲ ယောက္ခထီးတော်ရဲ့ အကူအညီကို လိုအပ်နေပါတယ်။”

မုချန်တိန်သည် ချက်ချင်းပင် ပြန်လည်ဖြေကြားလိုက်သည်။

“ကျေးဇူးပြုပြီး ပြောပါ မင်းသား။”

လုချန်းက ပြောလိုက်သည်။

“မြောက်ပိုင်းမြို့တော်မှာ မြင်းတပ်ကို လေ့ကျင့်ဖို့ စီစဉ်ထားပါတယ်။ ဒါပေမဲ့ သင့်တော်တဲ့ ဗိုလ်ချုပ်မရှိသေးပါဘူး။ ယောက္ခထီးတော်စိတ်ဝင်စားပါသလား။”

လုချန်း၏ စကားကို ကြားသောအခါ မုချန်တိန် စိတ်လှုပ်ရှားသွားသည်။ မြောက်ပိုင်းမြို့တော်သို့ ရောက်ရှိပြီး မကြာမီပင် သူ၏ အသုံးဝင်မှုကို ပြသနိုင်မည်ဟု မျှော်လင့်မထားပေ။ သူသည် ချက်ချင်းပင် ထိုင်ခုံမှ ထလိုက်ပြီး လုချန်းအား ဦးညွှတ်၍ ပြောလိုက်သည်။

“ကျွန်တော် မြင်းတပ်ကို အမြန်ဆုံး လေ့ကျင့်ပေးပါမယ်။ မင်းသားကို စိတ်မပျက်စေရပါဘူး။”

လုချန်းသည် ခေါင်းညိတ်ပြီးနောက် ထိုင်ခုံမှ ထလိုက်ကာ ပြောလိုက်သည်။

“ကောင်းပါပြီ၊ ဒီနေ့အတွက်တော့ ဒီလောက်ပါပဲ။ နောက်ပိုင်း ကျွန်တော် မိဖုရားကို ယောက္ခထီးတော်ရဲ့ နေအိမ်သစ်ကို လာရောက်စေပါမယ်။”

ထိုသို့ ပြောပြီးနောက် လုချန်းသည် တံခါးဘက်သို့ လျှောက်သွားလိုက်သည်။

မုချန်တိန်နှင့် သားနှစ်ဦးတို့က ထပ်မံ၍ ဦးညွှတ်ကာ ပြောလိုက်သည်။

“ မင်းသားကို လေးစားစွာ နှုတ်ဆက်ပို့‌ဆောင်ပါတယ်။”

........

အခန်း (၆၀)

ဒါက မြောက်ပိုင်းနယ်စားမင်းသားရဲ့ သရုပ်အမှန်ပဲ

လုချန်းထွက်သွားပြီးနောက် မုချန်တိန်နှင့်သူ၏ သားနှစ်ဦးသည် ပုခုံးပေါ်မှ လေးလံသော အရာတစ်ခု ဖယ်ရှားခံလိုက်ရသကဲ့သို့ သက်ပြင်းချလိုက်ကြသည်။

ယခုတိုင်အောင် သူတို့ယုံကြည်၍ မရနိုင်သေးပေ။

ထိုသူသည် မြောက်ပိုင်းနယ်စားမင်းသားဖြစ်သည်။

အသိဉာဏ်နည်းပြီး အပျော်မက်သော မြောက်ပိုင်းနယ်စားမင်းသားဖြစ်သည်။

သူသည် မုစံအိမ်ကို ကယ်တင်ခဲ့သော လျှို့ဝှက် မင်းသားဖြစ်သည်။

ထိုအချိန်တွင် မုချန်တိန်က ကိုယ့်ကိုယ်ကို သရော်လိုက်သည်။

“ဟားဟား၊ ငါသူ့ကို ခန့်မှန်းတာ ဒီလောက်လွဲမယ်လို့ ဘယ်တော့ကမှ မထင်ခဲ့မိဘူး။”

မုကျင်းဝူက ဝင်ပြောလိုက်သည်။

“ဖခင်၊ ကျွန်တော် မြောက်ပိုင်းနယ်စားမင်းသားက နေပြည်တော်မှာ သူ့ရဲ့ စွမ်းရည်ကို ဘာအကြောင်းကြောင့် ဖုံးကွယ်ထားခဲ့တာလဲ ဆိုတာကို အခုထိ မသိသေးပါဘူး။ သူရဲ့ အစွမ်းနှင့် ချူးမိသားစုရဲ့ အကူအညီဖြင့် ပေါင်းလိုက်ရင် အိမ်ရှေ့စံ ရာထူးက သူ့အတွက်ပဲ မဟုတ်လား။”

မြောက်ပိုင်းနယ်စားမင်းသားက

“တောအုပ်ထဲတွင် ထင်ရှားနေသော သစ်ပင်သည် လေ၏တိုက်ခတ်ခြင်းကို ခံရမည်”

ဟုသာ ပြောခဲ့သော်လည်း သူ၏ စွမ်းရည်ကို ဖုံးကွယ်ထားရသည့် အကြောင်းရင်းများကို အပြည့်အစုံ မရှင်းလင်းခဲ့ပေ။

သားဖြစ်သူ၏ မေးခွန်းကို ကြားသောအခါ မုချန်တိန်က ခဏစဉ်းစားပြီးနောက် သူ၏မှုတ်ဆိတ်‌ မွှေးများကို ပွတ်သပ်ကာ ပြောလိုက်သည်။

“မြောက်ပိုင်းနယ်စားမင်းသားရဲ့ အတွေးကို ငါတို့ ဘယ်လိုလုပ် အပြည့်အဝ နားလည်နိုင်မှာလဲ။”

!!..

“ဒါပေမဲ့ မြောက်ပိုင်းနယ်စားမင်းသားရဲ့ လုပ်ရပ်တွေအားလုံးကို ကြည့်ရင်‌တော့ သူက အာဏာရှိ မိသားစုတွေရဲ့ အာဏာကို အားကိုးဖို့ စိတ်ကူးမရှိတဲ့ပုံပေါ် တယ်။ မဟုတ်ရင် သူမြောက်ပိုင်းမြို့တော်သို့ ရောက်ပြီး ချက်ချင်းမြောက်ပိုင်းမြို့တော်ကို အုပ်ချုပ်ဖို့ ချူးမိသားစုဆီက အကူအညီတောင်းဖို့ လူလွှတ်မှာပဲ။ ဒါပေမဲ့ ငါသိသလောက်က ချူးမိသားစုနှင့် မြောက်ပိုင်းနယ်စားမင်းသားစံအိမ်တို့က အဆက်အသွယ် မရှိတာကြာပြီ။”

“ဒါ့ကြောင့် ငါ့အထင် မြောက်ပိုင်းနယ်စားမင်းသားရဲ့ အာဏာရှိ မိသားစုတွေအပေါ် သဘောထားက ဆွမ်ဧကရာဇ်ရဲ့ သဘောထားနှင့် တူတယ်လို့ သံသယရှိတယ်။”

ထိုစကားများကို ကြားသောအခါ မုကျင်းဝူနှင့် မုရှင်းပင်တို့ အံ့ဩသွားကြသည်။

ခဏအကြာတွင် မုရှင်းပင်သည် တစ်စုံတစ်ခုကို သဘောပေါက်သွားသကဲ့သို့ ထုတ်ပြောလိုက်သည်။

“မြောက်ပိုင်းနယ်စားမင်းသားက နေပြည်တော်က တမင်ထွက်သွားချင်တာလဲ ဖြစ်နိုင်တယ်။ ပြီးတော့ ဧကရာဇ်ကို အသုံးချပြီး အာဏာရှိ မိသားစု‌တွေကို ဖယ်ရှားချင်တာလည်း ဖြစ်နိုင်တယ်။ နေပြည်တော်မှာ အိမ်ရှေ့မင်းသား ရာထူးအတွက် ပြိုင်ဆိုင်မှုကြောင့် အင်အားနည်းသွားကြတဲ့အချိန်မှ သူကနန်းတက်ဖို့ ပြန်လာမယ် ထင်ရတယ်။”

မုချန်တိန်က ပြောလိုက်သည်။

“ဟုတ်တယ်။ ဒါက ဖြစ်နိုင်ချေ အများဆုံးပဲ။ အာဏာရှိ မိသားစုတွေကြောင့် ကမောက်ကမ ဖြစ်ရတာ‌ တွေက သမိုင်းတစ်‌လျှောက် အများကြီးရှိတယ်။ ဒီလောက် စိတ်ရှည်တဲ့ မင်းသားတစ်ပါးအနေဖြင့် သူရဲ့အကြံအစည်သေချာပေါက် ကြီးမားလိမ့်မယ်။ သူရဲ့ မျှော်မှန်းချက်က အိမ်ရှေ့မင်းသား ရာထူး လောက်ပဲ မဟုတ်လောက်ဘူး။”

“ သူကနန်းတက်ပြီးနောက် ကိုင်တွယ်ရမယ့် အရာတွေကို အခုကတည်းက စပြီးစဉ်းစားနေပြီလို့ ငါသံသယဝင်မိတယ်။”

“ဆွမ်ဧကရာဇ်က အာဏာရှိ မိသားစုအားလုံးကို ကိုင်တွယ်နိုင်ရင် မြောက်ပိုင်းနယ်စားမင်းသား နန်းတက်ပြီးနောက်ပိုင်း ရှားနိုင်တစ်ခုလုံးကို သူတစ်ဦးတည်းကပဲ အုပ်ချုပ်နိုင်မှာဖြစ်တယ်”

“ဒိိီနည်းလမ်းက သူ့အတွက်နောက်ထပ် အားသာချက်တစ်ခု ပေးသေးတယ်။ နောက်ပိုင်း တော်ဝင်မိသားစုက လူမဆန်ဘူး ရက်စက်တယ်လို့ ပြောဆိုကြမယ်ဆိုရင် လက်ရှိ ဆွမ်ဧကရာဇ်ကိုပဲ ပြောဆိုကြမှာ။ မြောက်ပိုင်းနယ်စားမင်းသားနဲ့က မဆိုင်ဘူး။”

မုချန်တိန်၏ ခန့်မှန်းချက်ကို ကြားသောအခါ မုကျင်းဝူနှင့် မုရှင်းပင်နှစ်ဦး အံ့ဩသွားကြသည်။

သူတို့သည် လူများက ဆန်ကုန်မြေလေးဟု ခေါ်ဆိုခဲ့သည့် မြောက်ပိုင်းနယ်စားမင်းသား၌ ဤမျှကြီးမားသော စိတ်ကူးများနှင့် နိုင်ငံရေးဆိုင်ရာ ရှုမြင်မှုများ ရှိမည်ဟု မျှော်လင့်မထားပေ။

နောင်အခါတွင် မြောက်ပိုင်းနယ်စားမင်းသားနန်းတက်ပြီး ရှားမင်းဆက်၏ ဧကရာဇ်သစ် ဖြစ်လာပါက သူ၏ စိတ်ကူးများသည် ရှားနိုင်ငံကိုသာ ထိန်းချုပ်ရန်လောက်ဖြင့် ရပ်တန့်မည် မဟုတ်ပေ။

မြောက်ပိုင်းနယ်စားမင်းသား၏ လက်ရှိ စီစဉ်မှုအရ သူနန်းတက်သည့်အချိန်တွင် ရှားနိုင်ငံနယ်မြေအတွင်းရှိ အာဏာရှိ မိသားစုများကို

ဆွမ်ဧကရာဇ်က အလုံးစုံ ဖယ်ရှားပြီးသား ဖြစ်မည်ဖြစ်၏။ ထို့နောက် ရှားနိုင်ငံသည် သူ၏ အုပ်ချုပ်မှုအောက်သို့ လုံးလုံးလျားလျားကျရောက်လိမ့်မည် ဖြစ်သည်။

မြောက်ပိုင်းနယ်စားမင်းသားကဲ့သို့ ရည်မှန်းချက် ကြီးမားပြီး မဟာဗျူဟာကျကျ တွေးခေါ်နိုင်သော သူတစ်ဦးအတွက် ရှားနိုင်ငံတစ်ခုလုံးကို ထိန်းချုပ်ပြီးနောက် ကြီးမားသော အရာတစ်ခုကို မလုပ်ဆောင်လျှင် သူ၏ ကြာရှည်စွာ ကြံရွယ်ခဲ့သည့် အစီအစဉ်များက အလဟဿ ဖြစ်သွားပေလိမ့်မည်။

မုကျင်းဝူနှင့် မုရှင်းပင်တို့သည် မြောက်ပိုင်းနယ်စားမင်းသား နန်းတက်ပြီးနောက် ရှားနိုင်ငံဟူ‌ သော သင်္ဘောကြီးကို မည်သည့်အရပ်သို့ ဦးတည်စေမည်ကို ထပ်မံစဉ်းစားရန် သတ္တိမရှိတော့ပေ။

မြောက်ပိုင်းနယ်စားမင်းသား၏ တကယ့် ရည်ရွယ်ချက်သည် မင်းဆက်အားလုံးကို ဖယ်ရှားပြီး ကမ္ဘာကြီးကို သူတစ်ဦးတည်း စိုးမိုးရန် ဖြစ်နိုင်သည်ဟု သူတို့တွေးမိကြသည်။

ယခုအချိန်အထိ မြောက်ပိုင်းနယ်စားမင်းသား စီစဉ်ခဲ့သည်များသည် အစသာ ဖြစ်နိုင်ပါလား။

ထိုသို့တွေးမိသောအခါ မုကျင်းဝူနှင့် မုရှင်းပင်တို့သည် အသက်ရှူ အေးသွားသည်။

ဒါက မြောက်ပိုင်းနယ်စားမင်းသား၏ တကယ့်ရည်ရွယ်ချက်ဖြစ်ရမည်။

ဤသည်မှာ မြောက်ပိုင်းနယ်စားမင်းသား၏ စစ်မှန်သော မျက်နှာဖြစ်သလော။

မြောက်ပိုင်းနယ်စားမင်းသားစံအိမ်သို့ ပြန်လာစဉ် လုချန်းသည် မရပ်မနား နှာချေနေသည်။ သူအအေးမိသွားတာလားဟု အံ့ဩနေမိသည်။

သူသည် အဆင့်ကိုး သိုင်းပညာရှင်ဖြစ်သည်။ ဒီလောက် လွယ်လွယ်ကူကူ အအေးမမိသင့်ပါ။

မကြာမီ လုချန်းသည် မြောက်ပိုင်းနယ်စားမင်းသားစံအိမ်သို့ ပြန်လည်ရောက်ရှိလာသည်။

စံအိမ်သို့ လုချန်း ရောက်သည်နှင့် မုကျိရွှမ်း ကို သွားရှာသည်။

မုကျိရွှမ်းသည် အခန်းထဲတွင် ကလေးထိန်းနေသည်။ လုချန်း ရောက်လာသည်ကို တွေ့သောအခါ သူသည် လုချန်းဖုန်းကို ချက်ချင်းပင် ချလိုက်သည်။

“မဂ်လာပါ မင်းသား”

လုချန်းသည် မုကျိရွှမ်း၏ အနားသို့ ရောက်လာပြီး သူမ၏ ခါးကို သိုင်းဖက်ထားလိုက်ကာ လက်ကိုမြှောက်၍ သူမ၏ နှာခေါင်းသေးသေးကို ပွတ်သပ်လိုက်ပြီးနောက် ပြောလိုက်သည်။

“နှမ‌တော်၊ ကိုယ့်ကို နေ့တိုင်း ရိုးရာမပျက် နှုတ်ဆက်စရာ မလိုဘူးလို့ ခဏခဏ ပြောပြီးပြီ‌လေ။”

မုကျိရွှမ်းက ရယ်မောလျက် ပြန်ပြောလိုက်သည်။

“မင်းသားက မင်းသားပါပဲ။ ကျွန်မအနေနှင့် လေးလေးစားစား နှုတ်ဆက်ရမှာပါ။”

မုကျိရွှမ်းက ထိုသို့ ဆက်လက်ပြောဆိုသည်ကို တွေ့သောအခါ လုချန်းသည် ထိုအကြောင်းအရာကို ဆက်လက်၍ မပြောဆိုတော့ပေ။ သူက ချက်ချင်းပင် ပြောလိုက်သည်။

“နှမ‌တော်အတွက် အံ့အားသင့်စရာတစ်ခု ပြင်ဆင်ထားတယ်။စိတ်ဝင်စားလား။”

ထိုစကားကို ကြားသောအခါ မုကျိရွှမ်းက အံ့ဩသွားပြီး မေးလိုက်သည်။

“အံ့အားသင့်စရာလား။ ဘယ်လို အံ့အားသင့်စရာလဲ”

လုချန်းက ရယ်မောလျက် ပြန်ပြောလိုက်သည်။

“ကိုယ်က ဘာအံ့အားသင့်စရာလဲဆိုတာ ပြောပြလိုက်ရင် ဘယ်လိုလုပ် အံ့အားသင့်စရာ ဖြစ်တော့မှာလဲက။ ကိုယ်က လူတစ်ယောက်ကို စေလွှတ်ပြီး နှမတော်ကို နေရာတစ်ခုကို ခေါ်သွားမယ်။ အဲ့ဒီကျရင် မြင်ရလိမ့်မယ်။”

မုကျိရွှမ်းက ချက်ချင်းပင် ပြောလိုက်သည်။ “မင်းသား၊ ဖုန်းလေးက မအိပ်သေးဘူး။”

လုချန်းသည် ကုတင်ပေါ်ရှိ လုချန်းဖုန်းကို တစ်ချက်ကြည့်လိုက်ပြီးနောက် ပြောလိုက်သည်။ “ရှောင်ရို့နှင့် နို့ထိန်းကို သူ့ကို ကြည့်ခိုင်းလိုက်ပါ။ နှမ အဲ့ဒီနေရာကို အရင်သွားပါ။”

လုချန်း၏ စကားကို ကြားသောအခါ မုကျိရွှမ်း ပို၍ပင် စိတ်ဝင်စားသွားသည်။ မည်သည့် အံ့အားသင့်စရာမျိုး ဖြစ်မည်နည်း။

မြောက်ပိုင်းနယ်စားမင်းသားနှင့် လက်ထပ်ခဲ့တာ ကြာပြီဖြစ်‌သော်လည်း သူသည် သူမအတွက် အံ့အားသင့်စရာဆိုသည်ကို လုပ်ခဲ့ဖူးခြင်း မရှိပေ။ သို့သော်လည်း မြောက်ပိုင်းနယ်စားမင်းသားကိုယ်တိုင်သည် သူမအတွက် အံ့အားသင့်စရာတစ်ခု ဖြစ်ခဲ့သည်။

အစပိုင်းတွင် သူမသည် မြောက်ပိုင်းနယ်စားမင်းသားနှင့် လက်ထပ်ခဲ့သောအခါ သူမ၏ ဘဝသည် အလွန်ဆိုးရွားလိမ့်မည်ဟု ထင်ခဲ့သည်။ သို့သော်မြောက်ပိုင်းနယ်စားမင်းသားသည် လိင်စိတ်အားကြီးသူ ဖြစ်သည်မှလွဲ၍ အခြားသော အပြစ်များ မရှိသလောက်ဖြစ်သည်။

ထို့ပြင် မြောက်ပိုင်းနယ်စားမင်းသားသည် သူ၏ မိဖုရားဖြစ်သူ သူမအား အမြဲတမ်း ကောင်းမွန်စွာ ဆက်ဆံပေးခဲ့သည်။ သူမအား ချစ်ခင်ပြီး ယုံကြည်ပေးခဲ့သည်။ မြောက်ပိုင်းနယ်စားမင်းသားစံအိမ်၏ ပိုင်ဆိုင်မှုများကိုပင် သူမ၏ လက်ထဲသို့ ထည့်ပေးခဲ့သည်။

ပြစ်ဒဏ်ကျခံရသော မိသားစုမှ ဆင်းသက်လာသည့် မိန်းမတစ်ဦးအတွက် ဤမျှလောက် ကောင်းသော လူတစ်ဦးနှင့် လက်ထပ်နိုင်ခြင်းအလွန်ခက်ခဲ၏။ မုကျိရွှမ်း အနေနှင့် မည်သို့ ပိုမိုသော အံ့အားသင့်စရာများကို မျှော်လင့်နိုင်မည်နည်း။

မုကျိရွှမ်းက ထို့နောက် ပြောလိုက်သည်။ “ကောင်းပါပြီ၊ ကျွန်မ မင်းသားရဲ့ အံ့အားသင့်စရာကို သွားကြည့်လိုက်ပါမယ်။”

မုကျိရွှမ်းက သဘောတူသည်ကို တွေ့သောအခါ လုချန်းသည် ချက်ချင်းပင် သူမကို ခေါ်ဆောင်ကာ အခန်းထဲမှ ထွက်သွားလိုက်သည်။

ထို့နောက် လုချန်းသည် အထူးကိုယ်ရံတော်တစ်ဦးကို စေလွှတ်ကာ မုကျိရွှမ်းကို မုစံအိမ်သို့ ခေါ်ဆောင်စေလိုက်သည်။

မုစံအိမ်သစ်သို့ သွားစဉ် မုကျိရွှမ်းသည် သူမ၏ သိလိုစိတ်ကို မထိန်းချုပ်နိုင်တော့ပေ။ သူမက ရထားတံခါးကို ဖွင့်လိုက်ပြီး သူမကို စောင့်ရှောက်ပေးနေသော အထူးကိုယ်ရံတော်ကို မေးလိုက်သည်။

“မင်းသား ပြောတဲ့ အံ့အားသင့်စရာဆိုတာကို သိပါသလား”

မုကျိရွှမ်း၏ မေးခွန်းကို ကြားသောအခါ အထူးကိုယ်ရံတော်သည် ချက်ချင်းပင် ဖြေကြားလိုက်သည်။

“မိဖုရား၊ မင်းသားက ကျွန်တော်တို့ကို ကြိုပြီး မပြောပြဖို့ မိန့်မှာထားပါတယ်။ ရောက်ရှိတဲ့ အခါ သိရပါမယ်။”

အထူးကိုယ်ရံတော်၏ ဖြေကြားချက်ကို ကြားသောအခါ မုကျိရွှမ်းသည် နှုတ်ခမ်းကို စူပုတ်လိုက်ပြီး သူမ၏ စိတ်ထဲတွင် ဘယ်လို အံ့အားသင့်စရာမျိုးက ဤမျှလောက် လျှို့ဝှက်‌ နေရတာလဲဟု တွေးမိနေသည်။

မကြာမီပင် မုကျိရွှမ်းသည် မုစံအိမ်၏ တံခါးဝသို့ ရောက်ရှိလာသည်။

မုမိသားစု၏ နာမည်နှင့် ဆက်စပ်သည့် အန္တရာယ်များကြောင့် မုစံအိမ်၏ တံခါးဝထက်တွင် မိသားစုနာမည် ဆိုင်းဘုတ် မတပ်ဆင်ထားပဲ ကြီးမားသော တံခါးတစ်ခုသာ ရှိသည်။

ထိုစဉ် အထူးကိုယ်ရံတော်တစ်ဦးက ရထားထဲတွင် ရှိသော မုကျိရွှမ်းအား ပြောလိုက်သည်။ “မိဖုရား၊ ကျွန်‌တော်တို့ ရောက်ရှိလာပါပြီ။”

ထိုစကားကို ကြားသောအခါ မုကျိရွှမ်းသည် ချက်ချင်းပင် ရထားပေါ်မှ ဆင်းလိုက်ပြီး သူမ၏ ရှေ့မှောက်ရှိ ကြီးမားသော ဂိတ်တံခါးကို တွေ့သောအခါ ပို၍ပင် အံ့ဩသွားသည်။ မင်းသားက သူမကို ဒီနေရာမှာ ဘာလုပ်စေချင်တာလဲ။

ထိုအချိန်တွင် အထူးကိုယ်ရံတော်တစ်ဦးသည် တံခါးဆီသို့ လျှောက်သွားပြီး တံခါးစောင့်ကို ပြောလိုက်သည်။

“ခင်ဗျားရဲ့ သခင်ဆိီကို မိဖုရား ရောက်လာကြောင်း သတင်းသွားပို့ပါ။”

ထိုစကားကို ကြားသောအခါ တံခါးစောင့်သည် စံအိမ်အတွင်းသို့ ပြေးဝင်သွားလိုက်သည်။

မုကျိရွှမ်းသည် မုစံအိမ်၏ တံခါးဝတွင် ရှိနေသည်ကို တွေ့သောအခါ မုစံအိမ်၏ အစေခံများသည် ချက်ချင်းပင် လေးစားစွာ နှုတ်ဆက်ကြသည်။

“နှုတ်ဆက်ပါတယ်၊ မိဖုရား။”

မုကျိရွှမ်းက တည်ငြိမ်စွာဖြင့် ပြောလိုက်သည်။

“ထကြပါ”

သူမသည် ယခုချိန် ဘာကိုမှ စိတ်မဝင်စားတော့ပေ။ လုချန်းက သူမအတွက် ပြင်ဆင်ထားသည့် အံ့အားသင့်စရာက ဘာလဲဟုသာ သိလိုနေသည်။

ထိုအခိုက်အတန့်တွင် မဝေးလှသော နေရာမှ ရင်းနှီးပြီးသား မိန်းမအသံတစ်ခုကို ကြားလိုက်ရသည်။

“ရွှမ်း လေး…. ”

..........

All Chapters