← Chapters

အခန်း ၆၄-၆၆

Vol. 5 Ch. 64-66

အခန်း ၆၄-၆၆

Vol. 5 Ch. 64-66

အခန်း (၆၄)

ဒါက စစ်သည်သုံးသိန်းအင်အားရှိတဲ့ စစ်တပ်

ညနေခင်းတွင် လုချန်းသည် သူ၏ စာကြည့်ခန်းထဲတွင် ရှနိုင်ငံ၏ မြေပုံကို အထပ်ထပ် အခါခါ လေ့လာနေသည်။ ထို့အပြင် မြောက်ပိုင်းမြို့တော်၏ ပတ်ဝန်းကျင် တောင်တန်းဒေသများကို အထူးစိစစ်နေသည်။ ထိုမြေပုံကို စစ်သားများက ရေးဆွဲထားခြင်းဖြစ်သော်လည်း အချို့သော အချက်အလက်များကို ကိုးကားနိုင်သေးသည်။

လက်နက်ကြီးများ၏ ထိရောက်မှုကို အမြင့်ဆုံးဖြစ်စေလိုပါက လွင်ပြင်ဒေသ မျိုးနွယ်စုများ၏ မြင်းစစ်သည် သုံးသိန်းကို ကျဉ်းမြောင်းသော နေရာဒေသတစ်ခုသို့ မျှားခေါ်သင့်သည်ဟု လုချန်းစဉ်းစားမိသည်။ ထိုမှသာ လွင်ပြင်ဒေသ မျိုးနွယ်စုများ၏ မြင်းစစ်သည်များကို ထွက်ပေါက်မရှိအောင် ပိတ်ဆို့နိုင်မည်ဖြစ်သည်။

သို့သော် ထိုအစီအစဉ်က စာရွက်ပေါ်ရှိ သီအိုရီသာဖြစ်သည်။ တကယ်တမ်း လက်တွေ့အကောင်အထည်ဖော်ရန် အလွန်ခက်ခဲမည်မှာ သေချာသည်။

ဥပမာအားဖြင့် လွင်ပြင်ဒေသ မျိုးနွယ်စုများသည် ထိုလှည့်ကွက်ထဲ ဝင်လာမှာလား။ သူတို့၏ စဉ်းစားနည်းအတိုင်းသာ သွားမည်လား။ ထိုအရာအားလုံးသည် လွင်ပြင်ဒေသ မျိုးနွယ်စုများ၏ ခေါင်းဆောင်များပေါ်တွင်သာ မူတည်သည်။

ထိုအခိုက် စာကြည့်ခန်းတံခါးကို ခေါက်သံ ကြားလိုက်ရသည်။

[ချန်းလေး၊ ဒေါ်လေးဝင်လာလို့ရမလား။]

ချူးယုချင်၏ အသံဖြစ်ကြောင်း ကြားသောအခါ လုချန်းက အလိုလိုပင်

“ဝင်ခဲ့ပါ” ဟု ပြန်လည်ပြောလိုက်သည်။

ချူးယုချင်သည် စာကြည့်ခန်းထဲသို့ ဝင်လာပြီး လုချန်း၏ မျက်လုံးများသည် စားပွဲပေါ်ရှိ မြေပုံကို စိုက်ကြည့်နေသည်ကို တွေ့လိုက်ရသည်။ ချင်ယူရှန်နှင့် တွေ့ဆုံပြီးနောက် လုချန်းသည် စာကြည့်ခန်းထဲမှ မထွက်တော့သည်ကို သိသောအခါ ကြီးမားသော အကျပ်အတည်းတစ်ခု နီးကပ်လာပြီဖြစ်ကြောင်း ချူးယုချင်သဘောပေါက်လိုက်သည်။

ချူးယုချင်က စိတ်ပူစွာဖြင့် မေးလိုက်သည်။

[ချန်း လေး။ဘာတွေဖြစ်နေတာလဲ။]

ချူးယုချင်သည် အပြင်လူ မဟုတ်ပါ။ လုချန်းသည်လည်း သူမအား အသိမပေးပဲထားရန် ရည်ရွယ်ချက်မရှိပေ။ ထို့ကြောင့် သူက

[လွင်ပြင်ဒေသ မျိုးနွယ်စုတွေရဲ့ နန်းတွင်းက စစ်သူရဲ သုံးသိန်းကို စုစည်းပြီး တောင်ဘက်ကိုတိုက်ခိုက်ဖို့ ပြင်နေပြီ ဒေါ်လေး။ သူတို့က မြောက်ပိုင်းမြို့တော်ကို သိမ်းပိုက်ပြီး ဒီနေရာမှာ နိုင်ငံတည်ထောင်ဖို့ စီစဉ်နေတယ်။ ရန်ခရိုင်ကို နေပြည်တော်အဖြစ် သတ်မှတ်ဖို့ ရည်ရွယ်ထားတယ်] ဟု ပြောလိုက်သည်။

ထိုသတင်းကို ကြားသောအခါ ချူးယုချင် ခဏမျှ အတွေးမဲ့သွား၏။ ဤလောကတွင် စစ်ပွဲကြီးများကို ထိပ်သီးပညာရှင်တစ်ဦး သို့မဟုတ် အစွမ်းရှိသူ အနည်းငယ်ဖြင့် လွှမ်းမိုးချုပ်ကိုင်နိုင်သည် မဟုတ်ပေ။

မြင်းစစ်သူရဲ သုံးသိန်းဖြင့် တောင်ဘက်သို့ တိုက်ခိုက်လာပါက မြောက်ပိုင်းမြို့တော်ရှိ လူအနည်းငယ်က ခုခံနိုင်မည် မဟုတ်ပေ။ လုချန်း အစာစားချင်စိတ် ပျောက်ဆုံးသွားပြီး တစ်ညလုံး စာကြည့်ခန်းထဲတွင် နေခဲ့သည်မှာ မဆန်းပေ။

ချူးယုချင်က [ချန်းလေး ဒီသတင်းက အမှန်ပဲလား]ဟု ထပ်မံမေးလိုက်သည်။

လုချန်းက ခေါင်းညိတ်ပြလိုက်သည်။

[ဒီသတင်းက လွင်ပြင်ဒေသက အထူးကိုယ်ရံတော်တွေ ပို့လာတဲ့ ထောက်လှမ်းရေးသတင်းပါ။]

ချူးယုချင် တိတ်ဆိတ်သွားလိုက်သည်။

သွေးလဝန်းရဲတိုက်မှ လူများ လုချန်းကို လုပ်ကြံရန် လူများ စေလွှတ်သောအခါ သူမသည် လုချန်းကို အပြည့်အဝ ကာကွယ်နိုင်ခြင်း မရှိပေ။ မြင်းစစ်သူရဲ သုံးသိန်းကြားတွင် မြောက်ပိုင်းနယ်စားမင်းသားစံအိမ်ကို သူမလုံးဝ ကာကွယ်နိုင်မည် မဟုတ်ပေ။

ဤအရေးကိစ္စကို သူမ ဝင်ရောက်ပါဝင်နိုင်မည်မဟုတ်ကြောင်း ချူးယုချင် သဘောပေါက်လိုက်သည်။

ထိုစဉ် လုချန်းက

[ဒေါ်လေးချူး၊ ကျွန်တော်သည် မုကျိရွှမ်းနှင့် အခြားသူတွေကို အန်းပင်မြို့ကို ပြောင်းခိုင်းထားမယ်။ ပြီးရင် ကျွန်တော် စစ်သူရဲ သုံးသောင်းကို ရန်ခရိုင်မှာ လွင်ပြင်ဒေသ မြင်းတပ်တွေကို ခုခံဖို့ ဦးဆောင်မယ်] ဟု ပြောလိုက်သည်။

အန်းပင်မြို့သည်လည်း မြောက်ပိုင်းမြို့တော်အတွင်းရှိ မြို့တစ်မြို့ဖြစ်သော်လည်း ပိုမို၍ တောင်ဘက်ကျ‌သော နေရာတွင် တည်ရှိသည်။ မြောက်ပိုင်းမြို့တော် ကျသွားပါက မုကျိရွှမ်းနှင့် အခြားသူများသည် အခွင့်အရေးရသည်နှင့် မြောက်ပိုင်းမြို့တော်မှ ထွက်ခွာပြီး နေပြည်တော်သို့ ပြန်သွားနိုင်မည်ဖြစ်သည်။

လုချန်း၏ စကားများကို ကြားသောအခါ ချူးယုချင် ခဏတာမျှ အံ့အားသင့်သွားပြီးနောက်

[ချန်းလေး။ မင်း မလုပ်ရဘူး] ဟု စိုးရိမ်စွာ ပြောလိုက်သည်။

[ဒါက မြင်းစစ်သည် သုံးသိန်းလေ]

[မြောက်ပိုင်းမြို့တော်ရဲ့ စစ်သားသုံးသောင်းနှင့် လွင်ပြင်ဒေသ မြင်းတပ်သုံးသိန်းကို ဘယ်လိုတိုက်ခိုက်နိုင်မှာလဲ။]

ချူးယုချင်သည် စစ်မြေပြင်သို့ တစ်ခါမှမသွားဖူးသော်လည်း လွင်ပြင်ဒေသ မျိုးနွယ်စုများ၏ မြင်းတပ်သုံးသိန်းသည် တကယ်ပင် သုံးသိန်းရှိသည်ကို သိသည်။ ရှနိုင်ငံနှင့် အခြားနိုင်ငံများသည်လည်း နယ်ချဲ့စစ်ဆင်ရေးမျိုးတွင် စစ်သား သိန်းချီ သို့မဟုတ် သန်းချီ စေလွှတ်သည်ဟု ဆိုလေ့ရှိသည်။

သို့သော် ထိုစစ်သား သိန်းချီ သို့မဟုတ် သန်းချီအင်အားရှိသော တပ်များသည် အလွန်ချဲ့ကား ခန့်မှန်းထားခြင်းများသာ ဖြစ်၏။ ထောက်ပို့ လုပ်ငန်းများတွင် ပါဝင်သူများပါ ထည့်တွက်ထားခြင်းဖြစ်ပြီး အမှန်တကယ် တိုက်ပွဲဝင်နိုင်သော စစ်သည်များသည် ထက်ဝက်မျှပင် မရှိနိုင်ပေ။

သို့သော် လွင်ပြင်ဒေသ မျိုးနွယ်စုများ၏ စစ်သည်များသည် ကွဲပြားခြားနား၏။ သူတို့၏ မြင်းစစ်သည်တိုင်းသည် တိုက်ပွဲဝင်နိုင်သော စစ်သည်များဖြစ်ကြသည်။ သူတို့တွင် မြင်းတပ်သုံးသိန်းရှိသည်ဟု ဆိုလျှင် တကယ်ပင် တိုက်ပွဲဝင်နိုင်သော စစ်သည်သုံးသိန်းရှိသည်ဟု အဓိပ္ပာယ်ရသည်။

လွင်ပြင်ဒေသ မျိုးနွယ်စုများ၏ မြင်းတပ်သုံးသိန်းက မြောက်ပိုင်းမြို့တော်ကို ဝိုင်းလိုက်လျှင် လုချန်းသည် မြောက်ပိုင်းမြို့တော်၏ စစ်သည်သုံးသောင်းဖြင့် မည်သို့မည်ပုံ ခုခံနိုင်မည်ကို ချူးယုချင် စိတ်ကူး၍ပင် မရပေ။

ချူးယုချင် ထိတ်လန့်သွားသည်ကို တွေ့သောအခါ လုချန်းသည် ယုံကြည်မှုရှိသော အပြုံးဖြင့်

[ဒေါ်လေးချူး၊ ကျွန်‌ တော်က ဘုန်းကံကြီးတဲ့သူဆိုတာ မေ့‌နေပြီလား] ဟု ပြောလိုက်သည်။

လုချန်းက ထိုသို့ပြောသော်လည်း ချူးယုချင် စိတ်သက်သာရာ ရမသွားပါ။

[ချန်းလေး။ ဒေါ်လေးက မင်းကံကောင်းတယ်ဆိုတာ သိပါတယ်။ ဒါပေမယ့် မင်းရဲ့ လက်ရှိအားနဲ့ စစ်သားသုံးသိန်းကို ခုခံနိုင်မှာ မဟုတ်ဘူး]

[နောက်ပြီး လွင်ပြင်ဒေသ မျိုးနွယ်စုတွေရဲ့ တပ်မှာ ထိပ်သီးပညာရှင်တွေ အများကြီး ရှိနေမှာပဲ။ ထိပ်သီးအဆင့် ထက်ပိုတဲ့ အဆင့်လွန် ထိပ်သီး ပညာရှင်တွေပါ ရှိနိုင်တယ်။]

လုချန်းက တည်ငြိမ်စွာ ပြောလိုက်၏။

[ကျွန်တော်ပြောချင်တာက ကျွန်တော့်မှာပိုပြီး ကြောက်စရာကောင်းတဲ့ လက်နက်တွေ ရှိနေတယ်ဆိုတာပါ]

လုချန်း၏ စကားကို ကြားသောအခါ ချူးယုချင်သည် ယခင်က သူအသုံးပြုခဲ့သော ထူးဆန်းသည့် လက်နက်များကို ချက်ချင်း သတိရမိသည်။ လုချန်းတွင် ထိုသို့သော လက်နက်များ များစွာ ရှိပါက သို့မဟုတ် မင်းသားစံအိမ်တွင် ထိုသို့သော လက်နက်များကို ထုတ်လုပ်နိုင်ပါက စစ်သည်သုံးသောင်းဖြင့် စစ်သည်သုံးသိန်းကို တိုက်ခိုက်နိုင်ရန် မဖြစ်နိုင်ဟု ပြော၍ မရပေ။

.

[ချန်း လေး။ မင်းပြောတဲ့ လက်နက်တွေက လွင်ပြင်ဒေသ မြင်းတပ်ရဲ့ တိုက်ခိုက်မှုကို တားနိုင်မှာလား] ဟု ချူးယုချင်က စိတ်ဝင်တစား မေးမြန်းလိုက်သည်။

လုချန်းသည် မြေပုံကို ကြည့်ရင်း ချူးယုချင်၏ မေးခွန်းကို တိုက်ရိုက် မဖြေပဲ

[ဒေါ်လေးချူး၊ အခုကျွန်တော် အစိုးရိမ်ဆုံးက လာလဲသိလား] ဟု ပြန်မေးမြန်းလိုက်သည်။

ချူးယုချင်က မြေပုံကို ငုံ့ကြည့်ကာ ဘာမှပြန်မပြောပေ။

လုချန်းသည် စစ်သားသုံးသောင်းကို ဦးစီး၍ လွင်ပြင်ဒေသ မျိုးနွယ်စုများ၏ မြင်းစစ်သည်သုံးသိန်းကို တိုက်ရိုက် ရင်ဆိုင်ရန် ဆုံးဖြတ်ပြီးဖြစ်သည်။ ထို့ကြောင့် သူသည် လွင်ပြင်ဒေသ မျိုးနွယ်စုများ၏ တပ်များသည် မြို့တော်သို့ ရောက်ရှိလာမည်ကို စိုးရိမ်မနေတော့ပေ။

လုချန်းသည် မြို့တော်သို့ လွင်ပြင်ဒေသ မျိုးနွယ်စုများ၏ တပ်များ ရောက်ရှိလာမည်ကိုပင် မစိုးရိမ်ပါက လုချန်း မည်သည့် အခြားအရာတစ်ခုကို စိုးရိမ်နေမည်ကို ချူးယုချင်စိတ်ကူးကြည့်၍ မရပေ။

ထိုအချိန်တွင် လုချန်းက

[ကျွန်တော် စိုးရိမ်နေတာက လွင်ပြင်ဒေသ မျိုးနွယ်စု မြင်းတပ်တွေ ထွက်ပြေးသွားပြီး သူတို့ရဲ့ မြင်းစစ်သည် သုံးသိန်းလုံးကို အလုံးစုံ မထိန်းချုပ် ထားနိုင်မှာကိုပဲ]ဟု ပြောလိုက်သည်။

ချူးယုချင်…

လုချန်း၏ စကားကို ကြားသောအခါ ချူးယုချင် နားလည်ရန် ပိုခက်ခဲလာသည်။

တောင်ဘက်သို့ ဦးတည်လာမည့် မြင်းစစ်သည်သုံးသိန်း၏ တိုက်ခိုက်မှုကို ခုခံနိုင်ရုံသာမက သူတို့ကို လုံးဝ အနိုင်ယူပြီး တစ်ဦးတစ်ယောက်မျှ ထွက်ပြေးမသွားစေရန် လုပ်ဖို့က လိုအပ်လို့လား။

မည်သူမဆို ထိုစကားကို ကြားလျှင် မြောက်ပိုင်းနယ်စားမင်းသားသည် လွင်ပြင်ဒေသ မျိုးနွယ်စုများ တောင်ဘက်သို့ ချီလာမည့် သတင်းကို ကြားသောကြောင့် အကြောက်လွန်ပြီး ရူးသွားပြီဟု ထင်ကြပေလိမ့်မည်။

ဒါက စစ်သည်သုံးသိန်းအင်အားရှိသော စစ်တပ်ဖြစ်သည်။

ထို့ပြင် မြင်းတပ်ဖြစ်သောကြောင့် သူတို့ကို အနိုင်ယူနိုင်ဖို့ ဖြစ်နိုင်မဖြစ်နိုင် ဆိုသောကိစ္စကို ထည့်မတွက်လျှင်တောင် ထိုမြင်းတပ်သုံးသိန်းလုံး ထွက်ပြေးနိုင်အောင် ထိန်းချုပ်ထားဦးမည်ဟူသော အတွေးက ဆောင်းအိမ်မက်တစ်ခုနှင့်သာ တူနေသည်။

ထိုအချိန်တွင် ချူးယုချင်က သက်ပြင်းချလျက်

[ချန်းလေး။ ဒေါ်လေးက မိန်းမသားတစ် ယောက်ပါ။ စစ်ပွဲနဲ့ ပတ်သက်ပြီး များများစားစား မသိပါဘူး။ မင်းဘေးရန်ကင်းကင်း ပြန်လာနိုင်ပါ‌စေလို့ပဲ ဒေါ်လေးမျှော်လင့်ပါတယ်] ဟု ပြောလိုက်သည်။

ထို့နောက် လုချန်းက ချူးယုချင်၏ စိုးရိမ်နေသော မျက်နှာကို မော့ကြည့်လိုက်ရင်း မျက်ခုံးတွန့်လိုက်ကာ ပြုံး၍ပြောလိုက်သည်။

[ဒေါ်လေးချူး၊ စိတ်မပူပါနဲ့။ လွင်ပြင်ဒေသ မျိုးနွယ်စုတွေကို မခုခံနိုင်ရင် ကျွန်တော် ထွက်ပြေးနိုင်မယ့် နည်းလမ်းကို ရှာမှာပါ။]

[လွင်ပြင်ဒေသ မျိုးနွယ်စုတွေရဲ့ ဝိုင်းရံခံမှုကနေ ထွက်ပြေးတာက ကျွန်တော့်အတွက် အရမ်းခက်ခဲတဲ့ ကိစ္စမဟုတ်ပါဘူး။]

ချူးယုချင်က မေးမြန်းလိုက်၏။

[ကျိရွှမ်းနှင့် အခြားသူတွေကို အန်းပင်မြို့ကို ဘယ်အချိန် စပြောင်းခိုင်းထားမလဲ။]

လုချန်းက

[မြန်လေကောင်းလေပဲ။ ကျွန်‌တော်တို့ ကြိုတင်ပြင်ဆင်ထားဖို့ လိုတယ်။]

ထိုအချိန်တွင် လုချန်းသည် ချူးယုချင်၏ မျက်ဝန်းထဲသို့ စိုက်ကြည့်ကာ ဆက်၍ [ဒေါ်လေးချူး အချိန်ကျလာရင် ဒေါ်လေးလည်း ကျိရွှမ်းတို့နဲ့အတူ ရှောင်သွားပြီး သူတို့ကို ကူညီကာကွယ်ပေးမယ်လို့ မျှော်လင့်ပါတယ်။]ဟု ပြောလိုက်သည်။

လုချန်း၏ တောင်းဆိုချက်ကို ချူးယုချင်က ယခုတစ်ကြိမ်တွင် ငြင်းဆိုခြင်း မရှိတော့ပေ။ ထိုကဲ့သို့သော ကြီးမားသည့် စစ်ပွဲတွင် သူမအနေနှင် အကူအညီ အထောက်အပံ့များစွာ မ ပေးနိုင်မည်ကို သူမ သိသည်။

[ကောင်းပါပြီ။ မြောက်ပိုင်းမြို့တော် တကယ် ကျသွားခဲ့ရင် ဒေါ်လေးကျိရွှမ်းတို့ကိုနေပြည်တော် ပြန်ခေါ်သွားပါမယ်။ မင်းက ရန်ခုန်ခရိုင်မှာ လွင်ပြင်ဒေသ မျိုးနွယ်စုတွေကို ရင်ဆိုင်တိုက်ခိုက်ဖို့ပဲ အာရုံစိုက်ပါ။]

ချူးယုချင် သဘောတူတာကို တွေ့ရတော့ လုချန်း စိတ်ထဲ တစ်ခု ပေါ့သွား၏။

ထိုအချိန်တွင် တံခါးဝမှ အစေခံတစ်ဦး၏ အသံကို ကြားလိုက်ရ၏။

[မင်းသား၊ အထူးကိုယ်ရံတော်က အရေးတကြီး စာပေးပို့လာပါတယ်။]

လုချန်းက [ဝင်လာခဲ့] ဟု အမိန့်ပေးလိုက်၏။

အစေခံက စာကြည့်ခန်းထဲသို့ ဝင်လာပြီး စာအားလုချန်းကို ပေးလိုက်၏။ လုချန်းက စာကိုဖွင့်ဖတ်ကြည့်ပြီးနောက် တွေးလိုက်၏။

[လွင်ပြင်ဒေသ မျိုးနွယ်စုတွေ တောင်ဘက်ကို တိုက်ခိုက်လာမယ့်ကိစ္စကို ရင်ဆိုင်မခင်မှာ ကျွန်တော်တို့ ပြဿနာလေးတစ်ခုကို ပြီးအောင် ဖြေရှင်းရဦးမယ်ထင်တယ်...]

......

အခန်း (၆၅)

သွေးလဝန်း ရဲတိုက်၏ တိုက်ခိုက်မှု

လုချန်း၏စကားကို ကြားသောအခါ ချူးယုချင်က ချက်ချင်းမေးလိုက်သည်။

[ချန်းလေး ဘာတွေထပ်ဖြစ်နေပြန်ပြီလဲ။]

လုချန်းက ပြန်‌ဖြေလိုက်၏။

[သွေးလဝန်းရဲတိုက်က ရဲတိုက်မှူးကိုယ်တိုင်

ရန်ခရိုင် ရောက်လာပြီ။ သူကချင်းစီကို ကျွန်တော်ပန်းတစ်ရာဂေဟာလာအောင် မျှားခေါ်ခိုင်းထားတယ်။ ထိပ်သီးပညာရှင်ပါ ကျွန်တော်နှင့်ပါလာရင် သွေးလဝန်းရဲတိုက်က လူတွေက မင်းသားစံအိမ်သို့ တိုက်ရိုက်သွားပြီး ရှိသမျှ လူအားလုံးကို သတ်လိမ့်မယ်။ ထိပ်သီးပညာရှင် ကျွန်တော်နဲ့ အတူမပါလာရင် သူတို့က ကျွန်တော့်ကို ပန်းတစ်ရာဂေဟာမှာ အရင်သတ်ပြီး ကျွန်တော်လုပ်ကြံခံရတဲ့ အ‌ကြောင်းကြောင့် ထိပ်သီးပညာရှင် ထွက်ပေါ်လာအောင် လုပ်ဖို့ စီစဉ်ထားကြတယ်။]

လုချန်း၏စကားကို ကြားသောအခါ ချူးယုချင်၏ မျက်ခုံးများ အနည်းငယ်တွန့်သွားပြီး အေးစက်စွာ ပြောလိုက်သည်။

[သွေးလဝန်းရဲတိုက်က အရမ်းအတင့်ရဲနေပါလား။ အကြိမ်ကြိမ်ကို လုပ်ကြံဖို့ ကြိုးစားနေတယ်။]

ထိုစဉ် ချူးယုချင်သည် လုချန်းကို ကြည့်ကာ [ချန်းလေး မင်းဘယ်လိုလုပ်မယ် စိတ်ကူးလဲ] ဟု မေးလိုက်သည်။

လုချန်းက တည်ငြိမ်စွာ ပြောလိုက်သည်။

[သွေးလဝန်းရဲတိုက်ဆိုတဲ့ ပြဿနာကို ဖြေရှင်းဖို့ အချိန်ရောက်ပြီ။ ကျွန်တော့် ကိုသတ်တာက ပြဿနာမရှိဘူး။ ဒါပေမဲ့ သူတို့က ကျွန်တော့်မိသားစုကိုပါ ထိခိုက်ချင်တယ်ဆိုရင်တော့သူတို့အားလုံး ငရဲသွားပြီး ယမမင်းနှင့် တွေ့သင့်ပြီ။]

လုချန်း၏ စကားသည် အလွန်တည်ငြိမ်သော်လည်း သူ၏အသံတွင် လူသတ်လိုစိတ်များ ပြည့်နှက်နေသည်။

အခု သူသည် အမှန်တကယ် ဒေါသထွက်နေပြီဖြစ်သည်။ စနစ်က သူ၏အမျိုးသမီးများသည် သူ၏အားနည်းချက်ဖြစ်ကြောင်း ဆုံးဖြတ်ခဲ့ပြီးဖြစ်သည်။ ယခုအခါ သူတို့ပါ ပစ်မှတ်ထားခံနေရပြီဖြစ်သောကြောင့် သူသည် တစ်ဖက်သားကို အသက်ရှင်ခွင့် ပေးတော့မည် မဟုတ်ပေ။

လုချန်းက ဆက်လက်၍ ပြောလိုက်သည်။ [သွေးလဝန်းရဲတိုက်ကို ရှင်းလင်းတာက အစပဲ ရှိ‌သေးတယ်။ သူ့ရဲ့နောက်ကွယ်က လူက ဆက်ရှိနေတုန်းပဲ။ သွေးလဝန်းရဲတိုက်မရှိရင်လည်း အခြား လူသတ်အဖွဲ့တွေက တံခါးလာခေါက်ကြအုံးမှာပဲ။ နောက်ကွယ်ကလူကို သတိပေးဖို့ အချိန်ရောက်ပြီ။]

ထိုစကားကို ကြားသောအခါ ချူးယုချင်သည် လုချန်း၏ ရည်ရွယ်ချက်ကို ချက်ချင်း နားလည်သွားသည်။ လုချန်းသည် နေပြည်တော်ရှိ မင်းသားတစ်ပါးကို တစ်ခုခုလုပ်ရန် စီစဉ်နေခြင်းဖြစ်သည်။

ချူးယုချင်က လုချန်းကို တားမြစ်မည် မဟုတ်ပါ။ ထိုမင်းသားသည် လုချန်းကို ထပ်ခါတလဲလဲ လုပ်ကြံရန် လူသတ်သမားများ စေလွှတ်ခဲ့သည် မဟုတ်ပါလား။ ထိုကဲ့သို့သော အခြေအနေကို မည်သူမှ သည်းခံနိုင်မည်မဟုတ်ပေ။

သို့သော် ချူးယုချင်သည် သူ့ကိုသတိပေးလိုက်သည်။

[ချန်းအာ၊ လွင်ပြင်ဒေသ မျိုးနွယ်စုတွေက တောင်ဘက်ကို ရွှေ့လျှားလာနေတယ်။ မင်းအခု နေပြည်တော်က တစ်ယောက်ယောက်ကို တစ်ခုခုလုပ်မယ်ဆိုရင် လုပ်တဲ့လူက သပ်သပ်ရပ်ရပ် လုပ်မှရမယ်။ မဟုတ်ရင် မင်းရဲ့ဖခင် ဧကရာဇ်က သိသွားရင် မင်းအတွက် စစ်ကူလွှတ်ပေးဖို့ ငြင်းလိမ့်မယ်။]

လုချန်းက ပြန်ပြောလိုက်သည်။

[ဒေါ်လေးချူး၊ စိတ်ချပါ။ ကျွန်တော် အကျိုးအပြစ်တွေကို ကောင်းကောင်းနားလည်ပါတယ်။]

ထို့နောက် လုချန်းက စာကြည့်ခန်း အပြင်ရှိ အိမ်ဖော်မိန်းကလေးကို ပြောလိုက်သည်။

[ရှောင်ရွှဲ၊ တပ်မှုးချင်ကို ခေါ်ခိုင်းလိုက်ပါ။]

အိမ်ဖော်မိန်းကလေး၏ အသံက တံခါးပြင်ပမှ ထွက်ပေါ်လာသည်။

[ဟုတ်ကဲ့၊ မင်းသား။]

အိမ်ဖော်မိန်းကလေးထွက်သွားပြီးနောက် လုချန်းက ချူးယုချင်ကို ပြုံး၍ ပြောလိုက်သည်။ [ဒေါ်လေးချူး၊ ကျွန်တော် ဒေါ်လေးကို ခဏနေရင် ပန်းတစ်ရာဂေဟာကို သွားဖို့ ဒုက္ခပေးရတော့မယ်။]

ချူးယုချင်သည် လုချန်း၏ လုပ်ချင်သည့်အရာကို ချက်ချင်း သဘောပေါက်သွားသည်။ သူသည် သွေးလဝန်းရဲတိုက်မှ လူများအား သူမနှင့် ထိပ်သီးပညာရှင်သည် လုချန်းနှင့်အတူ ပန်းတစ်ရာဂေဟာသို့ သွားနေကြသည်ဟု ယုံကြည်စေလိုချင်ခြင်းဖြစ်သည်။ လုပ်ကြံသူများအား မင်းသားစံအိမ်သို့ လာရောက်၍ လူသတ်ရန် မျှားခေါ်လိုခြင်းဖြစ်သည်။

ချူးယုချင်က ပြောလိုက်သည်။

[ကောင်းပြီ ‌ချန်း‌လေး မင်းလည်း အရမ်းသတိထားရမယ်။]

လုချန်း၏ အင်အားသည် အရင်ကလို မဟုတ်တော့တာကို သူမသိရှိသော်လည်း ချူးယုချင်သည် သူ့အား ကလေးဘဝမှ ကြီးပြင်းလာသည်ကို ကြည့်ရှုခဲ့သောကြောင့် သူမ၏မသိစိတ်အတွင်း၌ သူ့အတွက် စိုးရိမ်မှုများ ဆက်လက်၍ ရှိနေသေးသည်။

ယခုအခါ အထူးကိုယ်ရံတော်များ ပါဝင်လာပြီဖြစ်သောကြောင့် မင်းသားစံအိမ်ရှိ လုပ်ဆောင်မှုများသည် အလွန်မြန်ဆန်လာသည်။ ချင်ယူရှန်သည် မင်းသားစံအိမ်သို့ ရောက်ရှိပြီး မကြာခင်မှာပင် သူသည် အထူးကိုယ်ရံတော်များ ချုံခိုတိုက်ခိုက်နိုင်ရန် စီစဉ်ခဲ့သည်။

သွေးလဝန်းရဲတိုက်မှ လုပ်ကြံသူများသည် လာရောက်ရဲလျှင် သူတို့အတွက် အပြန်လမ်း ရှိတော့မည် မဟုတ်ပေ။ သွေးလဝန်းရဲတိုက်တွင် ထိပ်သီးပညာရှင် တစ်ဦးရှိသော်လည်း ချင်ယူရှန်သည် ထိပ်သီးပညာရှင်တစ်ဦးဖြစ်သည်။ သူသည် သာမန်ထိပ်သီးပညာရှင်တစ်‌ယောက်သာ မဟုတ်ပါ။ သွေးလဝန်းရဲတိုက်မှ ထိပ်သီးပညာရှင်ငယ်တစ်ဦးကို ရင်ဆိုင်ရန်က သူ့အတွက် စိန်ခေါ်မှုမဟုတ်ပေ။

သူ၏လှည့်စားမှုကို ပိုမိုယုံကြည်လာစေရန် လုချန်းသည် လူတစ်ဦးကို မုချန်တိန်ထံသို့ စေလွှတ်ကာ သူ့တွင် အလွန်အရေးကြီးသော အကြောင်းအရာတစ်ခု ပေါ်ပေါက်လာပြီဖြစ်သောကြောင့် မင်းသားစံအိမ်သို့ လာရောက်ရန် တောင်းဆိုခဲ့သည်။

မုချန်တိန်သည် မြောက်ပိုင်းနယ်စားမင်းသားက သူ့အား တာဝန်ပေးသည်ကို ကြားသောအခါ အလွန်ပျော်ရွှင်သွားသည်။ မြောက်ပိုင်းမြို့တော်သို့ ရောက်ရှိပြီးနောက် ချက်ချင်း တာဝန်ပေးခံရခြင်းက မြောက်ပိုင်းနယ်စားမင်းသားသည် သူ့ကို အလွန်တန်ဖိုးထားကြောင်း ဆိုလိုသည်။ မြောက်ပိုင်းနယ်စားမင်းသားက သူ့ကို ဘေးဖယ်ထားလိမ့်မည်ကို သူက စိုးရိမ်ခြင်းခဲ့ခြင်းဖြစ်သည်။

နယ်စား၏ မျက်နှာသာပေးခြင်း မခံရသော ဗိုလ်ချုပ်သည် တန်ဖိုးမရှိပေ။ သူသည် သူ၏တန်ဖိုးကို ပြသရမည့်အချိန်ရောက်ရှိလာပြီဖြစ်သည်။ ထို့နောက် မုချန်တိန်သည် လုချန်း၏ တောင်းဆိုချက်အတိုင်း သေသေချာချာ ဝတ်ဆင်လိုက်သည်။ သူသည် ယခု သိုင်းလောကသား သူရဲကောင်းတစ်ဦးနှင့် လုံးဝတူသွားပြီ ဖြစ်သည်။ သူ၏မျက်နှာကို ခမောက်ကျယ်ကျယ်‌တစ်ခုဆောင်း၍ ဖုံးကွယ်ထားသောကြောင့် သူ့ကိုမမှတ်မနိုင်ပေ။

မုချန်တိန်သည် လုချန်းက သူ့အား အရေးကြီးသော တာဝန်တစ်ခု ပေးအပ်တော့မည်ဟု တွေးနေကာ စိတ်အားထက်သန်စွာဖြင့် မင်းသားစံအိမ်သို့ ရောက်ရှိလာခဲ့၏။

လုချန်းက ပြောလိုက်၏။

[ယောက္ခထီးတော် ကျွန်တော့်အတွက် မင်းသားစံအိမ်ရဲ့ ထိပ်သီးပညာရှင်လို ဟန်ဆောင်ပြီး ပန်းတစ်ရာဂေဟာကို သွားပေးပါ။

သွေးလဝန်းရဲတိုက်မှ လုပ်ကြံတွေကို အာရုံလွှဲလှည့်စားနိုင်ဖို့ပါ။ ထိပ်သီးပညာရှင် မင်းသားစံအိမ်က ထွက်သွားပြီဟု သူတို့ယုံကြည်လာ‌အောင် လုပ်ပါ။ အဲ့ဒါဆို သူတို့ ကျွန်တော်တို့ကို လာတိုက်ဖို့ လုပ်လာမှာပါ။]

ထိုစကားကို ကြားသောအခါ မုချန်တိန်သည် ခဏမျှ အံ့အားသင့်သွားသည်။ လုပ်ကြံသူများကို အာရုံလွှဲဖို့တဲ့။ အရေးကြီးသောကိစ္စတစ်ခုဆိုတာ ဒါကိုပြောတာလား။

လုချန်းသည် သူ၏အစေခံကို အလွန်အရေးကြီးသောကိစ္စဖြစ်သောကြောင့် ချက်ချင်းလာရောက်ရန် မှာခဲ့သေးသည်။ အဲ့ဒါတွေ အားလုံးက ဒီကိစ္စ အတွက်လား။

စိတ်ပျက်မိသော်လည်း မုချန်တိန်သည် အမိန့်ကို လက်ခံလိုက်သည်။

“ဟုတ်ကဲ့၊ မင်းသား။”

ထိုသို့ ပြောဆိုပြီးနောက် မုချန်တိန်သည် မနေနိုင်တော့ပဲ စိတ်ဝင်တစား မေးလိုက်မိသည်။

[မင်းသား၊ သွေးလဝန်းရဲတိုက်က မင်းသားကို လုပ်ကြံဖို့ လူသတ်သမား ဘယ်နှစ်ယောက် စလွှတ်ခဲ့တာလဲ။ မင်းသား ကျွန်တော့်အကူအညီကို လိုအပ်နိုင်မယ် မဟုတ်လား။]

မုချန်တိန်သည် လုချန်းတွင် အစွမ်းထက်သော တိုက်ခိုက်ရေးသမား များစွာရှိသည်ကို သိသော်လည်း သူသည်လည်း ထိပ်သီးပညာရှင်တစ်ဦးဖြစ်သည်။ ထိပ်သီးပညာရှင်တစ်ဦးသည် ပိုမိုကြီးမားသော အခန်းကဏ္ဍမှ ပါဝင်နိုင်မည်ဖြစ်သည်။

လုချန်းသည် ပြုံး၍ ပြောလိုက်သည်။

[လူသတ်သမားက မများပါဘူး။ သူတို့ကို အမြန် ဖြေရှင်းနိုင်ပါတယ်။ ကျွန်တော်သည် အခုအချိန်မှာ ယေက္မထီးတော်ရဲ့ အကူအညီကို မလိုအပ်သေးပါဘူး။]

လုချန်းက ထိုသို့ပြောသည်ကို တွေ့သောအခါ မုချန်တိန် ထပ်ပြီး တိုက်တွန်းခြင်း မပြုတော့ပေ။ လုချန်း၏ ညွှန်ကြားချက်များကို လိုက်နာကာ လုချန်းအတုကို ပန်းတစ်ရာဂေဟာသို့ ပို့ဆောင်ပေးရမည်ဖြစ်သည်။

ပန်းတစ်ရာဂေဟာသို့ သွားသောလမ်းတွင် မုချန်တိန်သည် သူ၏နံဘေးတွင်ရှိသော ချူးယုချင်ကို စိတ်ဝင်တစား မေးလိုက်သည်။

[အရီးတော်ချူး။ အခုတကြိမ် သွေးလဝန်းရဲတိုက်က ကျွမ်းကျင်သူ ဘယ်နှစ်‌ယောက် လွှတ်ခဲ့တာလဲ။]

ချူးယုချင်က ပြန်လည်ပြောလိုက်သည်။ [ကျွန်မလည်း မသေချာဘူး။ ဒါပေမဲ့ ဒီတစ်ခါသူတို့ရဲ့ ရဲတိုက်မှူး ကိုယ်တိုင်လာတယ်လို့ ကြားသိရပါတယ်။]

ဒါက...

ချူးယုချင်၏ အဖြေကို ကြားသောအခါ မုချန်တိန်သည် အံ့အားသင့်သွားသည်။ သွေးလဝန်းရဲတိုက်မှ ရဲတိုက်မှူး ကိုယ်တိုင်ရောက်လာခဲ့သည်။ မြောက်ပိုင်းနယ်စားမင်းသားက ဒါကို ဘယ်လိုလုပ်ပြီး အေးအေးဆေးဆေး ဖြစ်နေတာလဲ။

မကြာမီပင် မုချန်တိန်သည် သူ၏စိတ်အတွေးများကို ငြိမ်သက်အောင် လုပ်လိုက်သည်။ မြောက်ပိုင်းနယ်စားမင်းသား၏ လက်အောက်ခံများတွင် အစွမ်းထက်သော တိုက်ခိုက်ရေးသမားများ များစွာရှိသောကြောင့် သွေးလဝန်းရဲတိုက်ကို ကြောက်ရွံ့ရန် မလိုအပ်ပေ။

အများဆုံး သွေးလဝန်းရဲတိုက်မှ ရဲတိုက်မှူးသည် ထိပ်သီးပညာရှင်တစ်ဦးသာဖြစ်သည်။ မြောက်ပိုင်းနယ်စားမင်းသားတွင် ထိပ်သီးပညာရှင်တစ်ဦးထက်ပို၍ သူ၏လက်အောက်တွင် ရှိနေရမည်ဖြစ်သည်။ သွေးလဝန်းရဲတိုက်သည် မြောက်ပိုင်းနယ်စားမင်းသားစံအိမ်ကို ဝင်ရောက်ရှာဖွေခြင်းသည် သေခြင်းကို တောင်းခံခြင်းစစ်စစ် သာဖြစ်သည်။

မုချန်တိန်သည် သူ့စိတ်ထဲတွင် ထိုကိစ္စကို ဒီအတိုင်း သဘောပိုက်ထားလိုက်သည်။ မြောက်ပိုင်းမြို့တော်သို့ ရောက်ရှိပြီးနောက် သူ၏သစ္စာရှိမှုကို ပြသရန် အခွင့်အရေးများစွာ ရှိလိမ့်မည်ဖြစ်သည်။ အလျင်စလို လုပ်ရန် မလိုအပ်ပေ။ မြောက်ပိုင်းနယ်စားမင်းသားက သူ့ကို မြင်းတပ်များ လေ့ကျင့်ပေးရန် ပြောဆိုခဲ့သည်။ ထိုသို့သော ရာထူးခန့်အပ်မှုသည်လည်း အရေးကြီးသော ရာထူးခန့်အပ်မှုတစ်ခုဟု ယူဆ၍ရသည်။

မကြာမီပင် မင်းသားစံအိမ်မှ ယာဉ်သည် ပန်းတစ်ရာဂေဟာ၏ တံခါးဝသို့ ရောက်ရှိလာသည်။ မင်းသားစံအိမ်၏ ယာဉ်အနီးတွင် ကပ်လျက်လိုက်ပါလာ‌သောရှိသော ဝါးခမောက်ဆောင်းထားသည့် လူတစ်ဦးနှင့် ချူးယုချင်တို့ကို တွေ့မြင်သောအခါ အတွင်းမှ ကျောင်းဟန်ဝမ်သည် သူ၏နှုတ်ခမ်းထောင့်များကို နည်းငယ် ကွေးလိုက်ကာ

[ဝမ် မိန်းက‌လေး။ ခင်ဗျားပြောတဲ့အတိုင်းပဲ ဖြစ်နေပုံရတယ်။ သူတို့နှစ်ယောက်က မြောက်ပိုင်းနယ်စားမင်းသားကို အမြဲတမ်း ကာကွယ်နေကြမှာပဲ။]

[နောက်တစ်ခုအနေနဲ့ မြောက်ပိုင်းနယ်စားမင်းသားကို အချိန်‌ဆွဲထားလို့ရ‌အောင် နည်းလမ်းရှာဖွေပေးဖို့ ဝမ်မိန်းကလေးကို ဒုက္ခပေး ပါရစေ။ အခု ကျွန်တော် မြောက်ပိုင်းနယ်စားမင်းသားစံအိမ်ကို သွားပါတော့မယ်] ဟု သူက ဆက်ပြောလိုက်သည်။

ဝမ်ချင်းစီသည် ပြုံး၍ ပြောလိုက်သည်။ [ရဲတိုက်မှုးကျောင်း။ ဂရုစိုက်ပါ။ ကျွန်မအကောင်းဆုံး ကြိုးစားအချိန်ဆွဲထားပြီး ရှင်ပြန်လာတာကို စောင့်နေပါ့မယ်။]

ဝမ်ချင်းစီ၏ စကားများထွက်ကျသည်နှင့် တပြိုင်နက် ကျောင်းဟန်ဝမ်သည် သွေးလဝန်းရဲတိုက်မှ လူများနှင့်အတူ မြောက်ပိုင်းနယ်စားမင်းသားစံအိမ်သို့ ဦးတည်ထွက်ခွာသွားတော့သည်။

ယခု ညနေခင်းအချိန် ရောက်ရှိလာပြီဖြစ်သည်။ ညနေနေရောင်က လူများ၏ အသားကို ကြေးနုရောင်ဖြင့် ချယ်သထားသကဲ့သို့ ဖြစ်စေသည်။

ကျောင်းဟန်ဝမ်နှင့် သူ၏အဖွဲ့သည် မြို့တွင်းလမ်းများပေါ်တွင် ခရီးပြင်းနှင်နေကြပြီး မြောက်ပိုင်းနယ်စားမင်းသားစံအိမ်သို့ တိုက်ရိုက်ဦးတည်သွားနေကြသည်။ ထိုအချိန်တွင် မြောက်ပိုင်းနယ်စားမင်းသားစံအိမ်သည် ပုံမှန်မဟုတ်စွာ တိတ်ဆိတ်နေသည်။ စံအိမ်အတွင်း၌ လူတစ်ဦးတစ်ယောက်မှ မရှိသည့်အလား ဖြစ်နေသည်။

ကျောင်းဟန်ဝမ်နှင့် သူ၏လူများသည် မြောက်ပိုင်းနယ်စားမင်းသားစံအိမ်သို့ ရောက်သွားသောအခါ စံအိမ်အတွင်း၌ အိမ်ဖော်တစ်ဦးတစ်ယောက်ပင် မရှိသည်ကို တွေ့ရသည်။ ကျောင်းဟန်ဝမ်၏ မျက်ခုံးများ တွန့်သွားသည်။ သူသည် ချက်ချင်းပင် တစ်စုံတစ်ခုမှားယွင်းနေကြောင်း ခံစားမိသည်။

နောက်ခဏတွင်တော့ မြားတံများစွာက သူတို့ဆီသို့ ပျံသန်းလာသည်။ သူတို့ လှည့်စားခံခဲ့ရပြီဖြစ်ကြောင်း ကျောင်းဟန်ဝမ် သဘောပေါက်သွားသည်။ သို့သော် ကျောင်းဟန်ဝမ်သည် သူ့ကိုယ်သူ အလွန်ယုံကြည်မှု ရှိနေဆဲဖြစ်သည်။ ထိပ်သီးပညာရှင်တစ်ဦးအနေဖြင့် ထိုကဲ့သို့သော မြားများက သူ့ကို ထိခိုက်နိုင်မည်မဟုတ်ပေ။

ထိပ်သီးပညာရှင်တစ်ဦးဖြစ်သောကြောင့် သူသည် ပန်းတစ်ရာဂေဟာတွင် တွေ့ခဲ့ရသော ဝါးခ‌မောက်ဆောင်းထားသော လူသည်လည်း ထိပ်သီးပညာရှင်တစ်ဦးဖြစ်ကြောင်း ခံစားမိသည်။ ထိပ်သီးပညာရှင်နှင့် ချူးယုချင်တို့သည် မြောက်ပိုင်းနယ်စားမင်းသားစံအိမ်တွင် ရှိ မနေပါ။ စံအိမ်တွင် ကျန်ရှိသော အစောင့်များက မြောက်ပိုင်းနယ်စားမင်းသားစံအိမ်ကို သူတို့၏ တိုက်ခိုက်မှုမှ တားဆီးနိုင်မည်မဟုတ်ပေ။

ထို့နောက် ကျောင်းဟန်ဝမ်သည် သူ့အနောက်မှ လုပ်ကြံသူများကို ပြောလိုက်သည်။

[ငါ့အမိန့်အတိုင်း သတ်ကြ။ မြောက်ပိုင်းနယ်စားမင်းသားစံအိမ်က တတစ်ယောက်ကိုမှ အလွတ်မပေးနဲ့။]

......

အခန်း (၆၆)

နောက်ထပ်ထိပ်သီးပညာရှင် တစ်ယောက်...

ကျောင်းဟန်ဝမ်၏ အမိန့် ကျရောက်သည်နှင့် တပြိုင်နက် သွေးလဝန်းရဲတိုက်မှ လုပ်ကြံသူများသည် မိုးသီးမိုး‌ ပေါက်များကဲ့သို့ ကျရောက်လာသော မြားတံများအကြားတွင် အထူးကိိုယ်ရံတော်များကို တိုက်ခိုက်ရန် ပြေးဝင်လာကြသည်။ ထိုမြင်ကွင်းက လုချန်းကို စိတ်မရှုပ်ထွေးစေတော့ပေ။ သွေးလဝန်းရဲတိုက်၏ ဒုတိယရဲတိုက်မှုးနှင့် ယခင်က ရင်ဆိုင်ခဲ့ဖူးသောအချိန်ကို လုချန်း ပြန်လည်သတိရမိသည်။ ယခုကဲ့သို့ပင် သွေးလဝန်းရဲတိုက်မှ အဆင့်ကိုး ပညာရှင်များသည်လည်း မြားမိုးများအလယ် တိုက်ခိုက်ရန် ဝင်လာကြခဲ့ဖူးသည်။

ယမ်းကိုမတွေ့ရှိမီကာလက ကမ္ဘာကြီးတွင် သိုင်းပညာရှင်များ၏ အဆင့်အတန်းကို စိန်ခေါ်ရန် ခက်ခဲခဲ့သည်မှာ သေချာသည်။ သို့သော် သူတို့အတွက် ကံဆိုးစွာပင် လုချန်း ရောက်ရှိလာခဲ့ပြိီဖြစ်သည်။

ထို့နောက် လုချန်းသည် အထူးကိုယ်ရံတော်များအား လက်ပစ်ဗုံးများ ဖြန့်ဝေပေးလိုက်သည်။ ပြီးခဲ့သည့် တစ်ခေါက်က သွေးလဝန်းရဲတိုက်မှ လုပ်ကြံသူများကို သတ်ဖြတ်ရန် လက်ပစ်ဗုံး အနည်းငယ်သာ အသုံးပြုခဲ့သောကြောင့် လက်ပစ်ဗုံး အမြောက်အမြားများ သူ၏လက်ထဲ ကျန်ရှိနေသေးသည်။

လုချန်းက အထူးကိုယ်ရံတော်များအား

[ကျွန်တော့်လိုပဲ လက်ဗစ်ဗုံးကို ပစ်ကြ] ဟု ပြောလိုက်သည်။

ထိုသို့ ပြောလိုက်ပြီးသည်နှင့် တစ်ပြိုင်နက် လုချန်းသည် လက်ပစ်ဗုံး၏ စနက်တံကို ဖြုတ်လိုက်ပြီး လက်ထဲတွင် ခဏမျှ ကိုင်ထားကာ ကျောင်းဟန်ဝမ်း ရှိရာ ဘက်သို့ ပစ်ချလိုက်သည်။

လုချန်း၏စနစ်သည် လူများကို ခွဲခြားသိရှိနိုင်ပြီး တစ်ချက်ကြည့်လျှင်ပင် အဖြူရောင်ဝတ်စုံဝတ်လူသည် သွေးလဝန်းရဲတိုက်၏ ရဲတိုက်မှုးဖြစ်သည်ကို သူ သိရှိလိုက်သည်။ အဆင့်ကိုး သိုင်းပညာရှင်တစ်‌ယောက်ဖြစ်သော လုချန်း သည် လက်ပစ်ဗုံးကို ကျောင်းဟန်ဝမ်း၏ ခေါင်းပေါ်သို့ အခက်အခဲမရှိ ပစ်ချနိုင်လိုက်သည်။

ကျောင်းဟန်ဝမ်းသည် အာရုံခံစားမှု ထက်မြက်သူဖြစ်ပြီး လေထဲတွင် လွင့်မျောနေသော လုံးသဝန်း‌သောသဏ္ဍာန်ရှိ ပစ္စည်းကို ချက်ချင်း သတိပြုမိလိုက်သည်။ ထိုအရာက မည်သည့်အရာဖြစ်သည်ကို မသိသော်လည်း သူ၏ စိတ်အတွင်း၌ ကြီးမားသော အန္တရာယ်တစ်ခုကို ခံစားလိုက်ရသည်။

ထိုလုံးဝန်းသောပုံသဏ္ဍာန်ရှိသည့် ပစ္စည်းသည် ကျောက်ခဲနှင့် ဆင်တူသော်လည်း ကျောင်းဟန်ဝမ်သည် မင်းသားစံအိမ်တွင် မြားတံများ ကုန်ခမ်းသွားသော်ကြောင့် ကျောက်ခဲများနှင့် ပစ် ပေါက်ရပြီဟု မယုံကြည်ခဲ့ပါ။ ထိုအရာသည် ထူးခြားသည့် လက်နက်တစ်မျိုးဖြစ်ကြောင်း သူ သိရှိခဲ့သည်။

!!..

ကျောင်းဟန်ဝမ် အလျင်အမြန် အနောက်သို့ ခုန်ထွက်သွားလိုက်သည်။ ကျောင်းဟန်ဝမ် ရှောင်ထွက်နိုင်သော်လည်း သူ့ဘေးရှိ သိုင်းပညာရှင်များက‌တော့ အချိန်မီ မတုံ့ပြန်နိုင်ခဲ့ပေ။ လက်ပစ်ဗုံးသည် လေထဲတွင် မိုးချိန်းသံကဲ့သို့ ကျယ်လောင်စွာ ပေါက်ကွဲသွားပြီး မရေမတွက်နိုင်သော ဗုံးဆံအစအနများသည် အောက်မှသိုင်းပညာရှင်များ၏ ခေါင်းများကို ထိုးဖောက်သွားလေတော့သည်။

လားရာကို သိနိုင်သော မြားတံများနှင့် တိုက်ခိုက်ရာတွင် ထိုသိုင်းပညာရှင်များသည် ကိုယ်ကိုယ်ကို ကာကွယ်နိုင်ခဲ့သော်လည်း အလွန်မြန်ဆန်စွာ စင်ထွက်သွားသော ဗုံးဆံများကို‌တော့ သူတို့အနေနှင့် ရှောင်တိမ်းခြင်းမှအပ နည်းလမ်းအခြားမရှိခဲ့ပေ။ ထိုမြင်ကွင်းကို တွေ့မြင်ရသောအခါ ကျောင်းဟန်ဝမ်၏ မျက်နှာသည် ချက်ချင်း ညိုမှိုင်းသွားလေသည်။

သူသည် မင်းသားစံအိမ်၏ ထူးခြားသည့် လက်နက်တစ်မျိုးဖြစ်ကြောင်း ခန့်မှန်းခဲ့သော်လည်း ထိုလက်နက်၏ အဖျက်စွမ်းအားသည် ထိုမျှလောက် ပြင်းထန်မည်ဟု သူမထင်မှတ်ခဲ့ပေ။ အဆင့်ကိုး သိုင်းပညာရှင်များသည် ထိုလက်နက်နှင့် ရင်ဆိုင်ရသောအခါ အခွင့်အရေးမရှိခဲ့ပေ။ မျက်တောင် တစ်ခတ်အတွင်း အတွင်း သွေးလဝန်းရဲတိုက်မှ အဆင့်ကိုး ပညာရှင်များ ဆုံးရှုံးသွားခဲ့ရသည်။

ကျောင်းဟန်ဝမ်သည် မင်းသားစံအိမ်တွင် ထူးဆန်းသော ထိပ်သီးပညာရှင်တစ်ဦး ရှိနေသည်ဟုသာ ထင်မှတ်ခဲ့ပြီး မြောက်ပိုင်းနယ်စားမင်းသား သွေးလဝန်းရဲတိုက်မှ လုပ်ကြံမှုများစွာကို ကာကွယ်နိုင်ခြင်းသည် ထိုလျှို့ဝှက် ထိပ်သီးပညာရှင်ကြောင့်သာ ဖြစ်သည်ဟုသာ ယူဆခဲ့သည်။

ယခု သူတို့ သေလောက်အောင် လွဲမှားခဲ့ပြီ ဖြစ်ကြောင်း သိရှိလိုက်ရသည်။ လျှို့ဝှက်ထိပ်သီးပညာရှင်မပါလျှင်‌တောင် ဤဆန်းသစ်သော လက်နက်နှင့်သာဆိုလျှင် သွေးလဝန်းရဲတိုက်မှ လုပ်ကြံသူများသည် မြောက်ပိုင်းနယ်စားမင်းသားကို လုပ်ကြံရန် လွယ်ကူဦးမည် မဟုတ်ပေ။ မြောက်ပိုင်းနယ်စားမင်းသားစံအိမ်တွင် သိုင်းပညာရှင် တစ်ဦးတစ်ယောက်မျှ မရှိသည့်တိုင်အောင် ဖြစ်သည်။

အားလုံးက မြောက်ပိုင်းနယ်စားမင်းသားသည် အသုံးမကျသူဟု ထင်မှတ်ခဲ့ကြသော်လည်း အခုကြည့်ရတာတော့ တစ်လောကလုံး လှည့်စားခံခဲ့လိုက်ရပြီ ဖြစ်သည်။ ထိုကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော လက်နက်ကို ပိုင်ဆိုင်ထားပြီး လျှို့လည်းလျှို့ဝှက်ထားခြင်းအားဖြင့် မြောက်ပိုင်းနယ်စားမင်းသားဆီမှာ အကြံအစည်တစ်ခုခု ရှိနေမည်မှာ သေချာသည်။

သို့သော် ယခုအခါ ထိုအရာများက အရေးမကြီးလှတော့ပါ။ အရေးကြီးသည်မှာ ယခုလို အခြေအနေမျိုးတွင် မြောက်ပိုင်းနယ်စားမင်းသားကို မည်သို့ သတ်ဖြတ်မည်နည်းဟူ‌ သော ကိစ္စသာဖြစ်သည်။

သွေးလဝန်းရဲတိုက်၏ ရဲတိုက်မှုးဖြစ်သော ကျောင်းဟန်ဝမ်က ကိုယ်တိုင် ဦးဆောင်လာသောကြောင့်လည်း ဖြစ်နိုင်သည်။ ပထမဆုံး လက်ပစ်ဗုံး ပေါက်ကွဲမှုကြောင့် အဆင့်ကိုး သိုင်းပညာရှင်များစွာ သေဆုံးသွားသော်လည်း သွေးလဝန်းရဲတိုက်မှ လုပ်ကြံသူများသည် သွေးပျက်တွန့်ဆုတ်သွားခြင်း မရှိကြ‌သေးပေ။

ထိုအချက်က လုချန်းကို အမှန်တကယ်အံ့အားသင့်စေခဲ့သည်။

သို့သော် လုချန်းက သူတို့အား တုံ့ပြန်ဖို့ အချိန်ပေးရန် မရည်ရွယ်ထားပါ။ ထို့နောက် သူသည် ဆက်လက်၍ လက်ပစ်ဗုံးများကို ပစ်ချလိုက်သည်။ လုချန်း ပြသခဲ့သည့် နည်းလမ်းအတိုင်း လက်ပစ်ဗုံးများကို ကိုင်ဆောင်ထားသော အထူးကိုယ်ရံတော်များကလည်း လက်ပစ်ဗုံးများကို ပစ်ချလိုက်ကြသည်။

ထို့နောက် လက်ပစ်ဗုံး ဆယ့်နှစ်လုံးခန့်သည် သွေးလဝန်းရဲတိုက်မှ လုပ်ကြံသူများ၏ ခေါင်းပေါ်တွင် ပေါက်ကွဲသွားခဲ့သည်။ သနားစရာကောင်းသော သွေးလဝန်းရဲတိုက်မှ လုပ်ကြံသူများသည် မြောက်ပိုင်းနယ်စားမင်းသားကို တွေ့မြင်ခွင့်ပင် မရလိုက်ပဲ ကျဆုံးသွားခဲ့ကြပြီး အနည်းငယ်သာ အသက်ရှင် ကျန်ရစ်တော့သည်။

ယခုအချိန်တွင်တော့ ကျောင်းဟန်ဝမ် ကြောက်လန့်လာပြီ ဖြစ်သည်။ ထိုကဲ့သို့ အချိန်တိုအတွင်းမှာ သူ့လူများအားလုံးနီးပါး သေဆုံးသွားလိမ့်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။ ထိုသူများသည် သွေးလဝန်းရဲတိုက်မှ ထိပ်တန်း လုပ်ကြံသူများဖြစ်ကြသည်။

ယခင်က ထိုလုပ်ကြံသူများသည် မင်းသားတစ်ပါး၏ အသက်ကိုသာမက နိုင်ငံငယ်တစ်ခု၏ ဧကရာဇ်ကိုပင် သတ်နိုင်ခဲ့သည်။ သို့သော် ဒီနေ့တော့ သူတို့အားလုံးနီးပါး မြောက်ပိုင်းနယ်စားမင်းသားကို မြင်တွေ့ခွင့်ပင် မရသေးပဲ သေဆုံးသွားခဲ့ကြရသည်။

မြောက်ပိုင်းစားမင်းသားစံအိမ်၏ လက်နက်များသည် အလွန်ကြောက်မက်ဖွယ်ကောင်းလှသည်။

မကောင်းပါ။

သူမြောက်ပိုင်းနယ်စားမင်းသားစံအိမ်မှ အမြန်ဆုံး ဆုတ်ခွာရမည်ဖြစ်သည်။ မြောက်ပိုင်းနယ်စားမင်းသားစံအိမ်၏ လက်နက်များ အကြောင်းက သတင်းတစ်စုံတစ်ရာ ပြန့်နှံ့ခဲ့ခြင်း မရှိခဲ့ပေ။ အကြောင်းမှာ ထိုလက်နက်များကို တွေ့မြင်ခဲ့ရဖူးသူ အပြင်လူများအားလုံး သေဆုံးသွားခဲ့ရ သောကြောင့် ဖြစ်ရမည်။ မဟုတ်ပါက ရှနိုင်ငံသည် ထိုကဲ့သို့သော လက်နက်များအကြောင်း သတင်းမရရှိနိုင်ခြင်း မဖြစ်နိုင်ပေ။

ဤသည်မှာ သိုင်းလောကကို ပြောင်းပြန်လန်စေနိုင်သော စွမ်းအားကြီးမားသည့် လက်နက်ဖြစ်သည်။ မြောက်ပိုင်းနယ်စားမင်းသားစံအိမ်တွင် ထိုကဲ့သို့သော လက်နက်များရှိကြောင်း သတင်းပြန့်နှံ့သွားပါက သိုင်းလောကကြီးတစ်ခုလုံး တုန်ခါသွားမည်ဖြစ်ပြီး သိုင်းပညာရှင်များ၏ အဆင့်အတန်းလည်း ကျဆင်းသွားမည်ဖြစ်သည်။

ကျောင်းဟန်ဝမ်က သူသည် မြောက်ပိုင်းနယ်နယ်စားမင်းသားကို သတ်ဖြတ်နိုင်မည် မဟုတ်သော်လည်း မြောက်ပိုင်းစားမင်းသားစံအိမ်၏ လျှို့ဝှက်လက်နက်များအကြောင်း သတင်းကို ပြန့်နှံ့စေနိုင်ပါက သိုင်းလောကတစ်ခုလုံးမှ ထိပ်တန်း သိုင်းပညာရှင်များက မြောက်ပိုင်းနယ်စားမင်းသားကို မကြာမီပင် လုပ်ကြံသတ်ဖြတ်ကြလိမ့်မည်ဟု တွေးမိသည်။

ထိုအချိန်တွင် မြောက်ပိုင်းနယ်စားမင်းသားသည် ကိုယ်ကိုယ်ကို ကာကွယ်နိုင်ဦးမည်ဟု သူ မယုံကြည်ပေ။

ထိုသို့ တွေးမိသောအခါ ကျောင်းဟန်ဝမ် ထွက်ပြေးရန် လှည့်ထွက်သွားလိုက်သည်။ သို့သော် သူ လှည့်သွားသည့်အခိုက် ခါးတွင် ဓားရှည်တစ်လက် ချိတ်ဆွဲထားသည့် အနီရောင်ဝတ်စုံဝတ် လူတစ်ဦးသည် စံအိမ်၏ ပင်မတံခါးဘောင်ကို မှီ၍ရပ်နေသည်ကို တွေ့လိုက်ရသည်။

ကျောင်းဟန်ဝမ် ချင်ယူရှန်ကို တွေ့မြင်လိုက်သည့်အခိုက် သူ၏ မျက်လုံးသူငယ်အိမ်များ ချက်ချင်း ကျဉ်းသွားတော့သည်။

ထိပ်သီးပညာရှင် နောက်တစ်ဦး။

သူသည် ထိပ်သီးပညာရှင် တစ်ယောက်သာ မဟုတ်ပါ။

သူသည် ထိုလူကို ယခင်က တွေ့ဖူးခဲ့သည်။ ထိုသူသည် သိုင်းလောကတွင် သွေးနတ်ရူးဓား ဟု လူသိများသော လုပ်ကြံသူဖြစ်သည်။ ထိုလူ သိုင်းလောကကို လွှမ်းမိုးခဲ့စဉ်က သွေးလဝန်းရဲတိုက်ပင် မရှိသေးပေ။ ယခင်က သူသည် ထိုလူကို အဝေးမှသာ မြင်ဖူးခဲ့သည်။

ဤနေရာတွင် ထိုလူကို ထပ်မံတွေ့မြင်ရမည်ဟု ကျောင်းဟန်ဝမ် မမျှော်လင့်ခဲ့ပေ။ ကျောင်းဟန်ဝမ်၏ ခေါင်းထဲတွင် နောက်ဆုံးကျန်ရှိသော အတွေးမှာ ထွက်ပြေးရန်သာ ဖြစ်သည်။ မြောက်ပိုင်းစားမင်းသားစံအိမ်၏ လျှို့ဝှက်လက်နက်များကို မဆိုထားနှင့် သွေးနတ်ရူးဓား တစ်ဦးတည်းသာဆိုလျှင်ပင် သူ ရင်ဆိုင်နိုင်မည် မဟုတ်ပေ။

အခြားသူများသည် ဆယ်စုနှစ်များစွာ ကတည်းက ထိပ်သီးပညာရှင်များ ဖြစ်ခဲ့ကြပြီး ချင်ယူရှန်သည် ယခုအခါ ထိပ်သီးပညာရှင်အဆင့် ရှိနေသေးပါက သူ၏ အစွမ်းသည် မမှန်းဆနိုင်‌ လောက်သော ထိပ်သီးပညာရှင်အဆင့် ဖြစ်လိမ့်မည်။

မကြာသေးမီက ထိပ်သီးအဆင့်သို့ ရောက်ရှိလာသူဖြစ်သော သူ့အနေနှင့် ရင်ဆိုင်နိုင်မည် မဟုတ်ပေ။ ကျောင်းဟန်ဝမ်သည် သွေးနတ်ရူးဓား မည်သို့ မည်ပုံ မြောက်ပိုင်းနယ်စားမင်းသားစံအိမ်တွင် ထွက်ပေါ်လာရသည်ကို နားမလည်နိုင်ခဲ့ပေ။

သူသည် မြောက်ပိုင်းနယ်စားမင်းသား၏ လက်အောက်ငယ်သား ဖြစ်လာခဲ့သည်။ မြောက်ပိုင်းနယ်စားမင်းသားက ဒီလိုမျိုး လုပ်နိုင်တာ ဘာ့ကြောင့်လဲ။

ထိုအခိုက် ချင်ယူရှန်က ပြုံး၍

[အသက်လု စာပေသမား ကျောင်းဟန်ဝမ်၊ သွေးလဝန်းရဲတိုက်ရဲ့ ရဲတိုက်မှုး ကျုပ်က ခင်ဗျားရဲ့ သံယပ်တောင်ကို တွေ့ဖူးချင်နေတာ ကြာပြီ။ ဒီနေ့တော့ ကျုပ်ဆန္ဒပြည့်ဝသွားပုံရတယ်။]ဟု ပြောလိုက်သည်။

ချင်ယူရှန်၏ စကားကို ကြားသောအခါ ကျောင်းဟန်ဝမ် သတိပြန်ဝင်လာသည်။

ယခုအချိန်သည် ထိုအရာများကို စဉ်းစားရမည့် အချိန်မဟုတ်ပေ။ ယခု သူသည် မြောက်ပိုင်းစားမင်းသားစံအိမ်၏ ကြောက်မက်ဖွယ်ရာ လက်နက် အကြောင်းကို သိလိုက်ရပြီဖြစ်သောကြောင့် မြောက်ပိုင်းနယ်စားမင်းသားသည် သူ့အားပို၍ပင် ထွက်ခွာခွင့် ပေးတော့မည် မဟုတ်လောက်ပေ။ သူ ထွက်ပြေးလိုပါက သူသည် ပထမဦးစွာ ချင်ယူရှန်နှင့် တိုက်ခိုက်ရမည် ဖြစ်သည်။

ထို့နောက် ကျောင်းဟန်ဝမ်သည် ယပ်တောင်ကို ထုတ်ယူလိုက်၏။

“ဝှီး”

ထို့နောက်သူက ဆက်ပြောလိုက်၏

[အဲ့ဒါဆိုရင်လည်း ကျွန်တော့်ကို သင်ကြားပေးပါ ဝါစဉ်ကြီးအစ်ကို]ဟု ပြောလိုက်သည်။

စကားပြောနေစဉ်ပင် ကျောင်းဟန်ဝမ်သည် ယပ်တောင်ကို လှုပ်ရမ်းလိုက် သောအခါ ချွန်ထက်သော အပ်ငယ် ဆယ့်နှစ်ချောင်းခန့်သည် ချင်ယူရှန်ဘက်ဆီသို့ ပျံသန်းသွားသည်။ ချင်ယူရှန်က ထိုအပ်များကို လွယ်ကူစွာ ရှောင်တိမ်းလိုက်ပြီး ခြေတစ်ချက်‌‌ ဆောင့်လိုက်ကာ အမြှောက်ဆံတစ်ခုကဲ့သို့ ကျောင်းဟန်ဝမ်းဆီသို့ ခုန်ဝင်သွားသည်။

ကျောင်းဟန်ဝမ်း၏ လက်ထဲတွင် ရှိသော လက်နက်ပုံးမျိုးကို ရင်ဆိုင်ရန် အကောင်းဆုံးနည်းလမ်းမှာ အနီးကပ် တိုက်ခိုက်ရန် ဖြစ်သည်။ သို့သော် ကျောင်းဟန်ဝမ်း၏ သံယပ်တောင်သည် လက်နက်ပုံးသာ ပစ်ခတ်နိုင်ရုံ မဟုတ်ပါ။ သူသည် ချက်ချင်းပင် သူ၏လက်ကောက်ဝတ်ကို လှုပ်ရမ်းလိုက်ပြီး ယပ်တောင်ကို ပိတ်လိုက်သည်။ ထို့နောက် စက္ကန့်ပိုင်းအတွင်း ဓားသွားတစ်ခုက ယပ်တောင်ထိပ်တွင် ပေါ်ထွက်လာခဲ့သည်။

ထိုအခိုက် ကျောင်းဟန်ဝမ်း၏ သံယပ်‌တောင် သည် ဓားတစ်လက် ဖြစ်လာခဲ့သည်။

ထို့နောက် သူတို့နှစ်ဦး အနီးကပ် စတင်တိုက်ခိုက်လိုက်ကြသည်။ ဓားနှင့် ယပ်တောင်တို့၏ ထိခတ်မိသောအခါ မီးစများ ပြန့်ကျဲသွားခဲ့သည်။ သူတို့နှစ်ဦးစလုံးသည် အကာအကွယ်အတွင်းအားစွမ်းအင်ကို အပြည့်အဝ ထုတ်လွှတ်လိုက်ကြသောကြောင့် သူတို့၏ ပတ်ဝန်းကျင်ရှိ ကျောက်ခဲများလည်း လွှင့်ပျံသွားကြသည်။

.......

All Chapters