အခန်း ၆၇-၆၉
Vol. 5 Ch. 67-69
အခန်း (၆၇)
သိုင်းပညာရှင်ခောတ် ကုန်ခါနီးပြီ
ချင်ယူရှန်နှင့် ကျောင်းဟန်ဝမ်တို့ ထိတွေ့တိုက်ပွဲ ဖြစ်သောအခါ အထူးကိုယ်ရံတော် တပ်ဖွဲ့မှ အဆင့်ကိုး သိုင်းပညာရှင်များကလည်း ပျင်းရိနေခြင်း မရှိပါ။ လက်ပစ်ဗုံးများ၏ ကူညီမှုဖြင့် သူတို့သည် သွေးလဝန်းရဲတိုက်မှ လုပ်ကြံသူအားလုံးကို အမြန်ဆုံး ရှင်းလင်းနိုင်ခဲ့သည်။
ယခုအခါ သွေးလဝန်းရဲတိုက်၏ ရဲတိုက်မှူးဖြစ်သော ကျောင်းဟန်ဝမ် တစ်ဦးတည်းသာ ကျန်ရှိတော့သည်။ ထိုအခိုက် လုချန်းသည် အိမ်ခေါင်မိုးပေါ်မှ ခုန်ဆင်းလာပြီး လေ့ကျင့်ရေးကွင်းရှိ ပန်းမွေ့ရာပေါ်တွင်ထိုင်ကာ ကျောင်းဟန်ဝမ်နှင့် ချင်ယူရှန်တို့၏ တိုက်ပွဲကို ကြည့်နေလိုက်သည်။
အထူကိုယ်ရံတော် တပ်မှူးတစ်ဦးက လုချန်းထံသို့ ချဉ်းကပ်လာပြီး
[မင်းသား၊ ကျွန်တော်တို့ လှုပ်ရှလိုက်တော့မလား”]ဟု မေးလိုက်သည်။
လုချန်းက ချက်ချင်း လက်ကာပြလိုက်ပြီး
“မလိုပါဘူး။ ထိပ်သီးပညာရှင်နှစ်ယောက်ရဲ့ တိုက်ပွဲ ဘယ်လိုလဲ ဆိုတာကို ကျွန်တော် ကြည့်ချင်သေးတယ်။”
လုချန်းသည် ထိပ်သီးပညာရှင်များ၏ တိုက်ပွဲကို တစ်ခါမှ မတွေ့ဖူးသေးသောကြောင့် ထိပ်သီးပညာရှင်၏ စွမ်းအား အတိုင်းအတာကို မသိသေးပေ။ ထိပ်သီးပညာရှင်များ၏ တိုက်ပွဲကို ကိုယ်တွေ့ မြင်လိုက်ခြင်းဖြင့် သူသည် ထိပ်သီးပညာရှင်၏ တိုက်ခိုက်ရေး စွမ်းအားကို ပိုမိုကောင်းမွန်စွာ ခန့်မှန်းနိုင်မည်ဖြစ်ပြီး ခေတ်သစ်လက်နက်များသည် ထိပ်သီးပညာရှင်တစ်ဦးကို လွယ်လွယ်ကူကူ ဖြိုခွင်းနိုင်မည်လား ဆိုတာကို ဆုံးဖြတ်နိုင်မည် ဖြစ်သည်။
လွင်ပြင်ဒေသ မျိုးနွယ်စုများ၏ မြင်းတပ်တွင်ထိပ်သီးအဆင့် သိုင်းပညာရှင်များစွာ ရှိနေမည်မှာ သေချာသည်။ တစ်ယောက်မကတော့ ရှိနိုင်တာ သေချာသည်။ ထိပ်သီးပညာရှင်တစ်ယောက်၏ တိုက်ခိုက်ရေး စွမ်းအားကို ကြိုတင် သိရှိထားမှသာ သူ့အနေနှင့် ပြင်ဆင်မှုများ ပြည့်ပြည့်ဝတ လုပ်နိုင်မည် ဖြစ်သည်။
ထိုအချိန်တွင် ချင်ယူရှန်၏ ဓားသည် ကျောင်းဟန်ဝမ်အား ခုတ်ဖြတ်ရန် ဖိအားလာသောကြောင့် ကျောင်းဟန်ဝမ် မဖြစ်မနေ ရှောင်တိမ်းလိုက်ရလိုက်သည်။ ကျောင်းဟန်ဝမ် တန်ပြန်တိုက်ခိုက်ရန် လုံးဝ မတတ်နိုင်ခဲ့ပေ။
ကျောင်းဟန်ဝမ်သည် သူ၏ လက်များ အဆက်မပြတ် တုန်ယင်နေသည်ကို ခံစားလိုက်ရသည်။ သိုင်းလောကတွင် တစ်ချိန်က နာမည်ကျော်ကြားခဲ့သော သွေးနတ်ရူးဓား၏ အစွမ်းကို ပေါ့ပျက်ပျက် မှတ်ယူရန် မသင့်ပါ။ သူ၏ လွဲချော်မှု သေးသေးလေးတစ်ခုကပင် သူ၏ အသက်ကို ဆုံးရှုံးစေနိုင်သည်။
ထိုအခိုက် ကျောင်းဟန်ဝမ်းသည် ခပ်လှမ်းလှမ်းရှိ လုချန်းကို မြင်လိုက်ရသည်။ သူသည် လုချန်းကို တစ်ခါမျှ မတွေ့ဖူးသော်လည်း သူ့ပတ်ဝန်းကျင်ရှိ အထူးကိုယ်ရံတော်များ၏ ရိုသေသော ပုံစံကြောင့် ကျောင်းဟန်ဝမ် လုချန်းကို ခန့်မှန်းနိုင်ခဲ့သည်။
ကျောင်းဟန်ဝမ် သတိရသွားသည်။ မကြာသေးခင်က ပန်းတစ်ရာဂေဟာသို့ ရောက်လာခဲ့သူသည် မြောက်ပိုင်းနယ်စားမင်းသား မဟုတ်ကြောင်း သူ သိရှိလိုက်သည်။ ခပ်လှမ်းလှမ်းမှ ထိုချောမောသည့် လူငယ်သည် မြောက်ပိုင်းနယ်စားမင်းသားသာ ဖြစ်သည်။
အစပိုင်းကတည်းက သူတို့ သွေးလဝန်းရဲတိုက်ကို လှည့်စားခံခဲ့ရပြီသည်။ ထိုသို့ တွေးမိသောအခါ ကျောင်းဟန်ဝမ်၏ စိတ်နှလုံးသည် ဒေါသစိတ်များဖြင့် လောင်ကျွမ်းသွားခဲ့သည်။ သို့သော် ယခုအချိန်တွင် သူဘာမှ မတတ်နိုင်တော့ပါ။
သူသည် ချင်ယူရှန်၏ ဖိအားကို ခံနေရပြီး မြောက်ပိုင်းနယ်စားမင်းသား၏ အသက်ကို နုတ်ယူရန် မဆိုထားနှင့် ထွက်ပြေးရန်ပင် ခက်ခဲနေသည်။ ထိုကောင်လေး၏လက်ထဲကို သူ ဒီနေ့ကျရောက်သွားပြီလား။ ထိုသို့ တွေးမိသောအခါ ကျောင်းဟန်ဝမ်၏ နှလုံးသားသည် စိတ်မချမ်းသာမှုများနှင့် ပြည့်နှက်သွားတော့သည်။
သူသွေးလဝန်းရဲတိုက်မှူး ဖြစ်လာကတည်းလုပ်ကြံမှုများ မအောင်မြင်ခဲ့ခြင်း မရှိသလောက် ဖြစ်ခဲ့သည်။ အထူးသဖြင့် သူကိုယ်တိုင် ပါဝင်သော လုပ်ကြံမှုများသည် ရာနှုန်းပြည့် အောင်မြင်ခဲ့သည်။ ယနေ့တွင် သူသည် အသုံးမကျသော ကောင်လေးတစ်ဦးဟု ထင်ရသော မင်းသား၏ ထောင်ချောက်ထဲတွင် လှည့်စားခံလိုက်ရမည်ဟု မည်သူက ထင်မိမည်နည်း။
ကျောင်းဟန်ဝမ် ပို၍ပို၍ စိတ်ဆိုးလာလေလေ သူ၏ ခန္ဓာကိုယ်အတွင်း၌လည်း စွမ်းအားများ ပြင်းထန်စွာ စီးဆင်းလာ လေလေဖြစ်လာသည်။ ထို့နောက် ကျောင်းဟန်ဝမ်၏ ခန္ဓာကိုယ်တစ်ခုလုံးတွင် အနီရောင်သွေးကြာများ ပေါ်လာခဲ့သည်။
ထိုမြင်ကွင်းကို တွေ့မြင်သောအခါ ချင်ယူရှန်၏ မျက်ခုံးများ တွန့်သွားလေသည်။
ကျောင်းဟန်ဝမ်းသည် ယပ်တောင်ကို လှုပ်ရမ်းလိုက်ပြီး ချွန်ထက်သော အပ်ငယ်များ မြောက်များစွာကို ပစ်ခတ်လိုက်သည်။ ချင်ယူရှန်က ချက်ချင်းပင် နောက်သို့ ဆုတ်လိုက်ပြီး သူ၏ဓားဖြင့် အပ်ငယ်များကို ပိတ်ဆို့လိုက်သည်။
သို့သော် ကျောင်းဟန်ဝမ်းဆီမှာ ထွက်ပြေးရန် ရည်ရွယ်ချက် မရှိပါ။ သူသည် အပ်ငယ်များအားလုံးကို ပစ်ခတ်ပြီးသည်နှင့် တစ်ပြိုင်နက် ခပ်လှမ်းလှမ်းမှ လုချန်းဘက်သို့ တိုက်ခိုက်ရန် ပြေးသွားလိုက်သည်။
ထိုမြင်ကွင်းကို တွေ့မြင်သောအခါ ချင်ယူရှန်၏ မျက်နှာ ဖြူလျော်သွားသည်။
[မကောင်းတော့ဘူး။ မင်းသား ထွက်ပြေးပါ။]
ကျောင်းဟန်ဝမ်က အားတက်လာသော အသံဖြင့် [ကောင်လေး။ ငါ့ကို သတ်ချင်ရင် ငါနှင့်အတူ သေရမယ်] ဟု ကျယ်လောင်စွာ ဟစ်ကြွေးလိုက်သည်။
ထိုစကားများကို ကြားသောအခါ လုချန်းက ပြုံးလိုက်ပြီး တစ်ချက်မှ ရွေ့လျားခြင်း မရှိပေ။ ဒီအချိန်သည် လက်နက်ငယ်များကို စမ်းသပ်ရန် အကောင်းဆုံးအချိန် ဖြစ်သည်။
သွေးပွက်မီးလျှံ စွမ်းအားကို အသုံးပြုထားပြီး ကာကွယ်မှု အတွင်းအားဖြင့် ကာကွယ်ထားသော ထိပ်သီးပညာရှင်တစ်ဦး။ ဘာရတ်သေနတ်၏ ကျည်ဆံများသည် သူ၏ ခန္ဓာကိုယ်ကို ထိုးဖောက်နိုင်မှာလား ဆိုသည်ကို လုချန်း စမ်းသပ်လိုသည်။
ထိုသို့ တွေးမိသောအခါ လုချန်းသည် သူ၏ လက်ကို မြှောက်လိုက်ပြီး ရှည်လျားသော ဘာရတ် သေနတ်တစ်လက်က သူ၏ လက်ထဲတွင် ပေါ်လာခဲ့သည်။ အနက်ရောင် သေနတ်ပြောင်းဝသည် ကျောင်းဟန်ဝမ်၏ ရင်ဘတ်ကို တည့်တည့် ဦးတည်နေသည်။
လုချန်း၏ လက်ထဲတွင် တုတ်ကဲ့သို့သော လက်နက် ပေါ်လာသည့်အခါ ကျောင်းဟန်ဝမ်အံ့အားသင့်သွားခဲ့သည်။ လုချန်း၏ လက်ထဲတွင် လက်နက်တစ်ခုက ဘယ်ကမှန်းမသိ ပေါ်ထွက်လာခဲ့သည်။ ထိုမြင်ကွင်းက မည်သူ့ကိုမဆို အံ့အားသင့်စေမည်ဖြစ်သည်။ ချင်ယူရှန်နှင့် သူ၏ အထူးကိုယ်ရံတော်များပင် ခဏမျှ အံ့အားသင့်သွားခဲ့သည်။
မှော်ပညာ မျက်လှည့်တစ်ခုလား။
ထိုကဲ့သို့သော ရှည်လျားသည့် လက်နက်တစ်ခုက ဘယ်နေရာက ရောက်လာရတာလဲ။ လုချန်း၏ လုပ်ရပ်ကြောင့် ခဏတာမျှ အံ့အားသင့်သွားသော်လည်း ကျောင်းဟန်ဝမ်း၏ ခန္ဓာကိုယ်က ရပ်တန့်ခြင်း မရှိသေးပေ။
ကျောင်းဟန်ဝမ်က လုချန်းဆီသို့ ရောက်ခါနီး သောအခါ
[တုတ်တစ်ချောင်းက ငါ့ကို ရပ်တန့်နိုင်မယ်လို့ ထင်လို့လား။ ငါ့ကိုမင်း တော်တော်အထင်သေးတာပဲ] ဟုကျောင်းဟန်ဝမ်က လှောင်ပြောင်လိုက်သည်။
ထိုစကားပြောနေစဉ်ပင် ကျောင်းဟန်ဝမ်က လုချန်း၏ အသက်ကို နှုတ်ယူရန် ပြင်ဆင်လိုက်သည်။
သို့သော် သူ စိတ်ကူးထားသည့်အတိုင်း ဖြစ်မလာခဲ့ပေ။ နောက်တစ်စက္ကန့်တွင် ကျယ်လောင်သောပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာခဲ့သည်။
အတွင်းအား...
လုချန်း၏ ပခုံးသည် နောက်သို့ အနည်းငယ် တွန့်သွားခဲ့သည်။ သူသည် ယခုအခါ အဆင့်ကိုး သိုင်းပညာရှင် ဖြစ်နေပြီ ဖြစ်သော်လည်း ဘာရတ်သေနတ်၏ ပြန်ကန်အားက သိသာထင်ရှနေဆဲဖြစ်သည်။
ကံကောင်းစွာဖြင့် သူ၏ ပစ်မှတ်သည် တိကျမှန်ကန်ခဲ့သည်။ ထိုကဲ့သို့ နီးကပ်သော အကွာအဝေးတွင် မျက်မမြင်တစ်ယောက် ပင်လျှင် မျက်လုံးမဖွင့်ဘဲ ထိုပစ်မှတ်ကို ထိမှန်နိုင်မည် ဖြစ်သည်။ ကျည်ဆံသည် မယုံကြည်နိုင်လောက်အောင် မြန်ဆန်စွာ ပျံသန်းသွားခဲ့သည်။ ထိပ်သီးပညာရှင်ဖြစ်သော ကျောင်းဟန်ဝမ်ပင်လျှင် ထိုကျည်ဆံကို ရှောင်တိမ်းနိုင်မည် မဟုတ်ပေ။
သို့သော် ထိပ်သီးပညာရှင်သည် သာမန် သိုင်းပညာရှင်များနှင့် ကွာခြားသေးသည်။ ကျည်ဆံသည် သေနတ်ပြောင်းဝမှ ထွက်ခွာသွားသည့်အခိုက် ကျောင်းဟန်ဝမ်သည် ပျံသန်းလာသောအနက်ရောင် အစက်တစ်ခုကို သဲသဲကွဲကွဲ မြင်လိုက်သည်။ ကျောင်းဟန်ဝမ်က ထိုအရာသည် လက်နက်ပုံး တစ်ခုဟု ထင်မှတ်လိုက်ပြီး သူ၏ ယပ်တောင်ဖြင့် ကာကွယ်ရန် ကြံစည်လိုက်သည်။
သို့သော်...
ကျောင်းဟန်ဝမ် ယပ်တောင်ကို လှုပ်ရမ်းလိုက်သည့်အခိုက် ဘာရတ်ကျည်ဆံသည် သူ၏ သံယ်တောင်ကို ထိုးဖောက်သွားတော့သည်။ ထို့နောက် ကာကွယ်မှု အတွင်းအားကို ထိုးဖောက်ကာ သူ၏ ရင်ဘတ်ထဲကို တည့်တည့် ဝင်ရောက်သွားခဲ့သည်။
ကျည်ဆံသည် ကျောင်းဟန်ဝမ်၏ ခန္ဓာကိုယ်ကို ထိုးဖောက်သွားသည့်အခိုက် သူသည် နာကျင်မှုကို လုံးဝ ခံစားရခြင်း မရှိခဲ့ပေ။ သို့သော် သူ၏ ခန္ဓာကိုယ်ကို တစ်စုံတစ်ခုက ထိုးဖောက်သွားသည်ကိုတော့ သူ ခံစားလိုက်ရသည်။
ကျောင်းဟန်ဝမ်သည် သူ၏ ရင်ဘတ်တွင် သွေးစိမ့်နေသောသော အပေါက်ကို ငုံ့ကြည့်လိုက်ပြီးမယုံကြည်နိုင် ဖြစ်သွားခဲ့သည်။ သူ၏ မျက်လုံး သူငယ်အိမ်များ ကျဉ်းသွားပြီး အံ့အားသင့်မှုနှင့် မယုံကြည်နိုင်မှုများက သူ၏မျက်နှာပေါ်တွင် တစ်ဆက်တည်း ပေါ်ပေါက်လာခဲ့သည်။
သူသည် ထိပ်သီးပညာရှင်တစ်ဦးဖြစ်ပြီး ကာကွယ်မှု အတွင်းအားဖြင့်လည်း ကာကွယ်ထားခဲ့သည်။ မည်သည့် လျှို့ဝှက်လက်နက်က သူ၏ ခန္ဓာကိုယ်ကို ထိုးဖောက်နိုင်သွားတာလဲဆိုတာ သူနားမလည်နိုင်ခဲ့ပေ။
ထို့ပြင် သူ၏ သံယပ်တောင်ပင် ထိုအရာကို ရပ်တန့်နိုင်ခဲ့ခြင်း မရှိပေ။ မကြာမီ ကျောင်းဟန်ဝမ်၏ သတိက ဝေဝါးမှေးမှိန်လာခဲ့ပြီး သူ၏ ခန္ဓာကိုယ်သည်လည်း ပြိုလဲသွားခဲ့သည်။ ကျောင်းဟန်ဝမ်၏ ရင်ဘတ်ရှိ သွေးစိမ့်နေသော အပေါက်ကို တွေ့မြင်ရသောအခါ ခပ်လှမ်းလှမ်းရှိ ချင်ယူရှန်လည်း အသက်ကို ခပ်ပြင်းပြင်းရှူသွင်းလိုက်ကာ မနေနိုင်တော့ပဲ အာမေဋိတ် စကားဆိုလိုက်သည်။
[ကြည့်ရတာ သိုင်းပညာရှင်တွေရဲ့ခေတ်က ကုန်တော့မယ် ထင်ပါတယ်။]
ချင်ယူရှန်သည် အကြောင်းပြချက်တစ်ချို့ကြောင့် အထူးကိုယ်ရံတော် ဖြစ်လာခဲ့သည်။ သို့သော် သူကိုယ်တိုင်ပင် လုချန်းတွင် ထိုကဲ့သို့သော စွမ်းအားမြင့်သည့် လက်နက် ရှိကြောင်း မသိရှိခဲ့ပေ။ လုချန်းသည် သူတို့ လိုက်နာရမည့် အရှင်သခင်ဖြစ်ကြောင်းသာ သူ သိရှိခဲ့သည်။
လုချန်း၏ လက်ထဲတွင် ရှိသော လက်နက်ကြောင့် ဖြစ်ပေါ်လာသော ထိခိုက်မှုကို တွေ့မြင်ပြီးနောက် လုချန်းသည် အဘယ့်ကြောင့် အထူးကိုယ်ရံတော်များ၏ အရှင်သခင်ဖြစ်လာရသည်ဆိုတာကို ချင်ယူရှန် တဖြည်းဖြည်း နားလည်လာခဲ့သည်။
ထိုလူငယ်တွင် ဤကမ္ဘာကြီး၏ ထိပ်ဆုံးတွင် ရပ်တည်ရန် ဘုန်းကံရှိနေသည်။ အရာရာကို ငုံ့ကြည့်နေမည်ဖြစ်သည်။
ထိုအချိန်တွင်ပင်။
သွေးလဝန်းရဲတိုက်မှ လုပ်ကြံသူများသည် မင်းသားစံအိမ်သို့ ထွက်ခွာသွားပြိီဖြစ်ကြောင်း ဝမ်ချင်းစီထံမှ သိရှိသောအခါ မုချန်တိန်သည် ချူးယုချင်နှင့်အတူ ချက်ချင်း ပြန်လာခဲ့သည်။ လမ်းတစ်လျှောက် မုချန်တိန်သည် ချူးယုချင်၏ စိုးရိမ်ပူပန်မှု မရှိသည့် ပုံစံကို မြင်ရပြီး စိတ်ဝင်စားစွာ မေးလိုက်သည်။
[ချူး။ မြောက်ပိုင်းနယ်စားမင်းသား အန္တရာယ်ရှိနိုင်တာကို ခင်ဗျားက စိုးရိမ်ပူပန်မှု မရှိပါလား။]
ချူးယုချင်က ပြန်ပြောလိုက်၏။
[ဗိုလ်ချုပ်မုက မင်းသား ဒုက္ခရောက်တာ မြင်ချင်နေလို့လား။]
မုချန်တိန်က အမြန် ပြန်ဖြေလိုက်သည်။
[အဲ့ဒီလိုမျိုး မဟုတ်ပါဘူး။ သွေးလဝန်းရဲတိုက်က လုပ်ကြံသူတွေက မင်းသားကို အန္တရာယ်ပေးနိုင်မှာလားလို့ ကျုပ်ကစိတ်ပူနေတာ။]
မုချန်တိန်သည် မြောက်ပိုင်းမြို့တော်သို့ ယခုမှ ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။ မြောက်ပိုင်းနယ်စားမင်းသားအား မကောင်းတာ တစ်ခုခု ဖြစ်သွားပါက သူ၏ မိသားစုအတွက် ကောင်းကျိုးမဖြစ်နိုင်ပေ။ ထို့ကြောင့် သူသည် လုချန်း၏ ဘေးကင်းမှုကို အလွန်စိုးရိမ်ပူပန် နေခဲ့သည်။
ချူးယုချင် ငြိမ်သက်နေသည်ကို တွေ့သောအခါ မုချန်တိန်၏ စိတ်ထဲတွင် သိလိုစိတ်တစ်ခု ဖြစ်ပေါ်လာခဲ့သည်။ မြောက်ပိုင်းနယ်စားမင်းသားစံအိမ်သည် ထိပ်သီးပညာရှင်တစ်ဦးပါဝင်သော သွေးလဝန်းရဲတိုက်မှ တပ်ကုန်သုံးတိုက်ခိုက်မှုကို လုံးဝမမှုသည့် သဘောလား။
မကြာမီ မုချန်တိန်နှင့် ချူးယုချင်တို့သည် မင်းသားစံအိမ်သို့ ပြန်လည်ရောက်ရှိလာခဲ့သည်။
မုချန်တိန်သည် သွေးလဝန်းရဲတိုက်မှ လုပ်ကြံသူများကို ရင်ဆိုင်ရန် စိတ်ကူးဖြင့် မြောက်ပိုင်းစားမင်းသားစံအိမ်သို့ အလျင်အမြန် ဝင်လာခဲ့သည်။ သို့သော် သူ ရောက်ရှိသောသွားအခါ အနက်ရောင်ဝတ် လူသေအလောင်းများကိုသာ တွေ့ရှိလိုက်သည်။ ထိုလူများသည် သွေးလဝန်း ရဲတိုက်မှ လုပ်ကြံသူများ ဖြစ်ကြသည်။
.
အခန်း (၆၈)
ဆေးကုပေးတဲ့လူက ကိုယ့်ကိုယ်ကို ပြန်မကုနိုင်ဘူး ဒေါ်လေးချူး
မုချန်တိန်နှင့် ချူးယုချင်တို့ ပြန်လာသည်ကို တွေ့မြင်သောအခါ လုချန်းက ပြုံး၍
“ ယေက္ခထီးတော် နှင့်ဒေါ်လေးချူးတို့ ပင်ပန်းသွားကြပြီ” ဟု ပြောလိုက်သည်။
ချူးယုချင်က ဘာမျှ မပြောပဲ လုချန်း၏ နံဘေးသို့ အမြန်ဆုံး လျှောက်သွားပြီး စိုးရိမ်မကင်းဖြင့် မေးလိုက်သည်။
“ချန်းလေး မင်းရော အဆင်ပြေရဲ့လား။ ဒဏ်ရာရသွားတာကော ရှိသေးလား။”
သူမသည် ပြန်လာစဉ် လမ်းတစ်လျှောက် မြောက်ပိုင်းစားမင်းသားစံအိမ်ရှိ အခြေအနေကို စိုးရိမ်ပူပန်မှု မရှိသည့်ပုံစံ ပြုခဲ့သော်လည်း သူမသည် လုချန်းအတွက် အလွန်စိုးရိမ်ပူပန် နေခဲ့သည်။ လုချန်းက သူ ကောင်းကောင်းမွန်မွန် ရှိကြောင်း ပြန်ဖြေရန် ပြင်လိုက်သော်လည်း တစ်စုံတစ်ခုကို ရုတ်တရက် သတိရလိုက်ပြီး သူ၏ ရင်ဘတ်ကို ချက်ချင်း ဖိလိုက်ကာ မသက်မသာဖြင့် ပြောလိုက်သည်။
“ဒေါ်လေးချူး ကျွန်တော်ကောင်းပါတယ်။ ဒဏ်ရာနဲနဲတော့ ရသွားတယ်”
လုချန်း၏ ပုံစံကို တွေ့မြင်သောအခါ ချူးယုချင်သည် အလွန်စိုးရိမ်ပူပန်သွားခဲ့သည်။
“ချန်းလေး။ ဘယ်နေရာ ထိသွားလို့လဲ။”
လုချန်းက
“မသက်မသာ ဖြစ်တာမျိုးတော့ မဟုတ်ဘူး။ ဒါပေမဲ့ ကျွန်တော့်ရဲ့ အတွင်းအား ချက္ကရနေရာမှာ တစ်ခုခု ပိတ်ဆို့နေသလို ခံစားရပြီး အသက်ရှူရ ခက်နေတယ်”
ဟု ပြောလိုက်သည်။
ထိုစကားများကို ကြားသောအခါ မနီးမဝေးရှိ မုချန်တိန်သည်လည်း မစိုးရိမ်ပဲ မနေနိုင်တော့ပေ။ သူတစ်ခုခု ပြောဖို့လုပ်နေတုန်းတွင် လုချန်းက
“တပ်မှူးချင်၊ စံအိမ်က အလောင်းတွေကိစ္စကို ဖြေရှင်းဖို့ ကူညီပေးပါဦး။ ကျွန်တော် နေလို့သိပ်မကောင်းလို့ အရင်သွားနားလိုက်တော့မယ်”
ဟု ပြောလိုက်သည်။
ထို့နောက် လုချန်းသည် လူအားလုံးရှေ့တွင် ချူးယုချင်၏ လက်ကိုကိုင်လိုက်ပြီး ထွက်ခွာသွားလိုက်၏။ ထို့နောက်
“ဒေါ်လေးချူး ကျွန်တော့် ခန္ဓာကိုယ်ထဲက စွမ်းအားတွေက ပိုပိတ်ဆို့လာတယ်လို့ ခံစားရတယ်။ ကျွန်တော့်ကို အမြန်အတွင်းအား ညှိပေးပါ”
ဟု ပြောလိုက်သည်။
ထိုမြင်ကွင်းကို တွေ့မြင်သောအခါ မုချန်တိန်သအံ့အားသင့်သွားခဲ့သည်။ လုချန်းနှင့် ချူးယုချင်တို့ ထွက်ခွာသွားပြီးနောက် မုချန်တိန်က ချင်ယူရှန်အား စိတ်ဝင်စားစွာ မေးလိုက်သည်။
“တပ်မှူးချင်၊ မြောက်ပိုင်းနယ်စားမင်းသား အခြေအနေ ကောင်းရဲ့လား။”
ဘာဖြစ်နေသည်ကို မုချန်တိန် မသိရှိပါ။ လုချန်းသည် ပြင်းထန်စွာ ဒဏ်ရာရရှိပြီး ချူးယုချင်၏ ကုသမှုကို လိုအပ်နေသည်ဟု သူတကယ် ထင် နေခဲ့သည်။
မုချန်တိန်၏ မေးခွန်းကို ကြားသောအခါ ချင်ယူရှန်က ပြုံး၍
“ ဟုတ်တာပေါ့ မြောက်ပိုင်းနယ်စားမင်းသားသည် အခြေအနေ မကောင်းဘူး”
ဒါက...
မုချန်တိန်က ရှုပ်ထွေးသွားပြီး ဆက်မေးလိုက်သည်။
“မြောက်ပိုင်းနယ်စားမင်းသား အခြေအနေမ ကောင်းတာကို ခင်ဗျားက ဘာလို့ပြုံးနေတာလဲ။”
ချင်ယူရှန်က ပြန်လည်ပြောသည်။
“ဗိုလ်ချုပ်မု၊ မြောက်ပိုင်းနယ်စားမင်းသားက ဒေါ်လေးချူးရှေ့မှာပဲ သူ့ပြဿနာကို ပြချင်တယ်လို့ ခင်ဗျားမထင်ဘူးလား။”
မုချန်တိန်သည် နုံအသူ မဟုတ်ပေ။ ချင်ယူရှန်၏ သတိပေးမှုကြောင့် အဖြစ်မှန်ကို သူချက်ချင်း နားလည်လိုက်သည်။ ဒဏ်ရာရခြင်းဆိုသည်မှာ ဆင်ခြေတစ်ခုသာ ဖြစ်သည်။ ထို့ကြောင့် မြောက်ပိုင်းနယ်စားမင်းသားသည် ချူးယုချင်အပေါ် အခြားအတွေးတွေများ ရှိနေလို့လား။
မုချန်တိန် ထိုထက်ပို၍ စဉ်းစားခြင်း မပြုတော့ပဲ အတွေးများကို ချက်ချင်း ရပ်တန့်လိုက်သည်။ ထိုကိစ္စရပ်များကို စိုးရိမ်ပူပန်ရန်က သူ၏နေရာမဟုတ်ပေ။ ယောက်ျားတစ်ဦးသည် လှပသော အမျိုးသမီးတစ်ဦးအပေါ် စိတ်ကူးများ ရှိခြင်းသည် သာမန်ကိစ္စပင်ဖြစ်သည်။ မြောက်ပိုင်းနယ်စားမင်းသားသည် လည်း ယောက်ျားတစ်ဦးဖြစ်သည်။ သူဒီလိုမျိုး စဉ်းစားတာက ဘာမှ မထူးဆန်းပါ။
ထို့နောက် မုချန်တိန်သည် မြေပြင်ပေါ်တွင် ပြန့်ကျဲနေသော လုပ်ကြံသူများ၏ အလောင်းများဘက်သို့ သူ၏ အာရုံကို ပြောင်းလိုက်သည်။ သူသည် လုပ်ကြံသူများ၏ အလောင်းများအပြင် အခြားသူများ မရှိကြောင်း သတိပြုမိလိုက်သည်။
မင်းသားစံအိမ်မှ စစ်သားတစ်ဦးတစ်ယောက်မှ ကျဆုံးခြင်း မရှိခဲ့ပေ။ ထိုသို့ဖြစ်ခြင်းမှာ သွေးလဝန်းရဲတိုက်မှ လုပ်ကြံသူများသည် မင်းသားစံအိမ်သို့ ရောက်ရှိလာပြီးနောက် မင်းသားစံအိမ်သည် လုပ်ကြံသူအားလုံးကို အထိအခိုက်မရှိပဲ ဖြိုခွင်းနိုင်ခဲ့သည်ဟု ဆိုလိုသည်။
ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ထို့နောက် မုချန်တိန်သည် ချင်ယူရှန်ကို ကြည့်လိုက်ပြီး ဆက်မေးလိုက်သည်။
“တပ်မှူးချင်၊ မင်းသားစံအိမ်က စစ်သား တွေရဲ့အလောင်းတွေ ကျုပ်မမြင်မိပါလား။”
ချင်ယူရှန်က ပြန်ဖြေလိုက်သည်။
“ဗိုလ်ချုပ်မု၊ မင်းသားစံအိမ်မှ စစ်သားတစ်ဦးတစ်ယောက်မှ သေဆုံးခြင်း မရှိပါဘူး။ ဘယ်လိုလုပ် အလောင်းက ရှိမှာပါလဲ။”
ချင်ယူရှန်၏ ဖြေကြားမှုကို ကြားသောအခါ မုချန်တိန်သည် လုံးဝ အံ့သြဘနန်း ဖြစ်သွားသည်။ မြောက်ပိုင်းနယ်စားမင်းသားစံအိမ်သည် စစ်သားတစ်ဦးတစ်ယောက်မှ ဆုံးရှုံးခြင်း မရှိပဲ သွေးလဝန်းရဲတိုက်မှ လုပ်ကြံသူအားလုံးကို ရှင်းလင်းနိုင်ခဲ့သည်။
ဒါက မြောက်ပိုင်းနယ်စားမင်းသားစံအိမ်ရဲ့ စစ်တကယ့် စွမ်းအားလား။
ထိုအခိုက် ချင်ယူရှန်က
“ဗိုလ်ချုပ်မု ခင်ဗျား ဒီနေ့ ပြန်သွားပြီး ကောင်းကောင်းနားသင့်ပါတယ်။ မနက်ဖြန်နံက် မင်းသားက ကျွန်တော်တို့အား ခေါ်ယူစုဝေးမယ့် ကိစ္စရပ်တွေ ရှိပါတယ်။ ပြီးတော့ ခင်ဗျားလည်း ပါဝင်ရမယ့် ကိစ္စပါ။”
ဟု ပြောလိုက်သည်။
ထိုစကားကို ကြားသောအခါ မုချန်တိန်က “ကောင်းပါပြီ၊ ကျုပ် ပြန်သွားပါမယ်” ဟု ပြောလိုက်သည်။
ထို့နောက် မုချန်တိန်သည် မင်းသားစံအိမ်မှ ထွက်ခွာသွားလိုက်သည်။
ထိုအချိန်တွင် စာကြည့်ခန်းသို့ ရောက်ရှိသောအခါ လုချန်းက အတော်အတန် မသက်မသာ ဖြစ်နေသည့်ပုံစံ ဟန်ဆောင်လိုက်သည်။
လုချန်း၏ပုံစံကို တွေ့မြင်သောအခါ ချူးယုချင်က စိုးရိမ်သော မျက်နှာဖြင့်
“ချန်းလေး။ ဒေါ်လေးကို မခြောက်ပါနဲ့။ အခုဘယ်လိုနေလို့လဲ။”
လုချန်းက ပြန်လည်ဖြေကြားသည်။
“လုပ်ကြံသူ တစ်ယောက်ရဲ့ လက်ဝါးတစ်ချက်ကို ကျွန်တော် သတိမရှိလို့ ခံလိုက်ရတယ်။ တပ်မှူးချင်က ကျွန်တော်ကို စစ်ဆေးပြီး ဘာမှ စိုးရိမ်စရာ မရှိဘူးလို့တော့ ပြောတယ်။ ဒါပေမဲ့ ဘာလို့လဲ မသိဘူး ရင်ဘတ်နေရာက မသက်မသာ ဖြစ်နေတယ်။”
လုချန်း၏ စကားများကို ကြားသောအခါ ချူးယုချင်သည် ယောက်ျားနှင့် မိန်းမ တွေ့ဆုံရာတွင် လိုက်နာရမည့် စည်းဘောင်များကို ဂရုမစိုက်တော့ပေ။ ထို့နောက် သူမက
“အဝတ်အစားတွေ အမြန်ချွတ်လိုက်ပါ။ ဒေါ်လေး ကြည့်ပေးမယ်”
ဟု တန်းပြောလိုက်သည်။
ထို့နောက် စကားတစ်ခွန်းမှ ထပ်မပြောပဲ လုချန်းက ချက်ချင်း သူ၏အဝတ်အစားများကို ချွတ်လိုက်သည်။ ထို့နောက် သူ၏ အပေါ်အင်္ကျီများကို ချွတ်လိုက်သည်။
ချူးယုချင်သည် ချက်ချင်း သူမ၏ နူးညံ့သော လက်များကို မြှောက်လိုက်ပြီး လုချန်း၏ ရင်ဘတ်ကို ဖြည်းညှင်းစွာ ထိပါသည်။ သူမသည် လုချန်း၏ ခန္ဓာကိုယ်အတွင်းသို့ သူမ၏ အတွင်းအားကို စီးဆင်းစေပြီး တစ်စုံတစ်ခု မှားယွင်းနေမှု ရှိမရှိကို စစ်ဆေးရန် ကြိုးစားခဲ့သော်လည်း သူမ မည်သည့် ပြဿနာကိုမှ မတွေ့ရှိခဲ့ပေ။
ချူးယုချင်က သူ့ဘာသူ ရေရွတ်လိုက်သည်။ “ထူးဆန်းတယ်။ ငါမူမမှန်တာ တစ်ခုမှ မတွေ့ရပါလား။”
ထို့နောက် ချူးယုချင်သည် သူမ၏ လှပသော မျက်ဝန်းများ ပင့်တင်ပြီး လုချန်းကို ကြည့်လိုက်ကာ ပြောလိုက်သည်။
“ချန်းလေး။ အရင်တုန်းကလို သိုင်းပညာ လေ့ကျင့်နေတုန်း ပြဿနာ တစ်ခုခု ရှိခဲ့တာလား။ ဒါ့ကြောင့် အတွင်းအား စီးဆင်းမှု မကောင်းတာလား”
လုချန်းက ပြန်လည်ဖြေကြားသည်။
“အဲ့ဒါမျိုးလည်း ဖြစ်နိုင်ပါတယ်။ အဲ့ဒီသူခိုးရဲ့ လက်ချက်ကြောင့်လည်း ကျွန်တော်လေ့ကျင့်ခန်းလုပ်ရင်း ရထားခဲ့တဲ့ တိမ်မြုပ်နေတဲ့ဒဏ်ရာပုန်းတွေ ပေါ်လာတာလည်း ဖြစ်နိုင်တယ်။ ဒါ့ကြောင့် ကျွန်တော့်ရဲ့ အတွင်းအား ချက္ကရတွေမှာ စီးဆင်းမှု မချောမွေ့သလို ခံစားရတာ။”
“ခန္ဓာကိုယ်ကို ကုသတဲ့ ထာဝရတန်ခိုးရှင် ကျင့်စဉ်ကို မင်းတတ်တယ် မဟုတ်လား။ ကိုယ့်ကိုယ်ကို ကုသဖို့ အဲ့ဒီကျင့်စဉ်ကို မသုံးကြည့်ဘူးလား။” ရုတ်တရက် ချူးယုချင်သည် တစ်စုံတစ်ခုကို သတိရလိုက်ပြီး ပြောလိုက်သည်။
လုချန်းက သက်ပြင်းချလိုက်ပြီး
“အာ၊ ဒေါ်လေးချူး။ သမားတော်တစ်ယောက်က ကိုယ်ကိုယ်ကို ကုသဖို့ ခက်တယ်ဆိုတာ ဒေါ်လေးလည်း သိတာပဲ။ ကျွန်တော့်ရဲ့ ထာဝရတန်ခိုးရှင် ကျင့်စဉ်က အခြားသူတွေကို ကုသဖို့ သုံးနိုင်ပေမဲ့ ကိုယ်ကိုယ်ကို ကုသဖို့ ကျ အသုံးပြုလို့ မရဘူး” ဟု ပြောလိုက်သည်။
ချူးယုချင်က စိုးရိမ်စွာ မေးလိုက်သည်။ “အဲ့ဒါဆို ဒေါ်လေးတို့ ဘာလုပ်သင့်လဲ။”
လုချန်းက ပြုံး၍ မေးလိုက်သည်။
“ဒေါ်လေးချူး၊ အရင်က ကျွန်တော့်ရဲ့ အခြေအနေကို ထိန်းညှိပေးဖို့ ကျွန်တော်တို့ သုံးခဲ့တဲ့ နည်းလမ်းကို ဒေါ်လေး မေ့သွားပြီလား။”
ဒါက...
ချူးယုချင်သည် ခဏမျှ စဉ်းစားလိုက်သည်။ သူမသည် ယခင်က လုချန်းကို မည်သို့ ကူညီပေးခဲ့သည်ကို လုံးဝ မမေ့ပါ။ သို့သော် ထိုနည်းလမ်းက အနည်းငယ် မသင့်လျော်ဟု သူမဆက်လက် ခံစားနေရသေးသည်။
ထို့ပြင် ထိုအခေါက်က အမှားတစ်ခု ကျူးလွန် ခါနီးအထိ ဖြစ်ခဲ့သည်။ သူမက ထိုနည်းလမ်းအတိုင်း ထပ်လုပ်လျှင် နောက်ပိုင်းတွင် သူမ ကိုယ့်ကိုယ်ကို ထိန်းချုပ်နိုင်ခြင်း မရှိခဲ့ပါက ဘယ်လိုလုပ်မည်နည်း။
ယခင်က ဖြစ်ပျက်ခဲ့သည့်အရာများကို စဉ်းစားသောအခါ ချူးယုချင်၏ ချောမောလှပပြီး ကျက်သရေရှိသော မျက်နှာက ရဲရဲနီနီ လာခဲ့သည်။ ထို့နောက် သူမက
“ချန်းလေး။ အဲ့ဒီနည်းလမ်းက မင်းရဲ့ ခန္ဓာကိုယ်အတွက် တကယ်ထိရောက်လား”
ဟု ပြောလိုက်သည်။
လုချန်းက ပြန်လည်ဖြေကြားသည်။
“ကျွန်တော်တို့ အရင်က စမ်းသပ်ခဲ့ပြီးပြီ မဟုတ်လား။ အဲ့ဒီနည်းလမ်းက သေချာပေါက်ကို ထိရောက်တယ်။”
ချူးယုချင်က ခဏစဉ်းစားလိုက်ပြီးနောက် “ကောင်းပြီ။ ထပ်ပြီး စမ်းသပ်ကြည့်ကြတာပေါ့။ ဒါပေမဲ့ မင်းရဲ့ခြေထောက်တွေက ဒေါ်လေးနဲ့ ဝေးဝေးမှာ နေရမယ်” ဟု ပြောလိုက်သည်။
ထိုသို့ ပြောသောအခါ ချူးယုချင်၏ မျက်နှာသည် ပို၍ နီရဲလာခဲ့သည်။ ရှက်ရွံမှုနှင့် လှပနေသည့် အမျိုးသမီးတစ်ဦး၏ ပုံစံ အတိအကျပင် ဖြစ်သည်။
သူတို့၏ ခန္ဓာကိုယ်အပေါ်ပိုင်းများ နီးကပ်နေခြင်းက ပြဿနာမရှိပါ။ သို့သော် သူတို့၏ အောက်ပိုင်းများ နီးကပ်နေခြင်းကတော့ မသင့်လျော်ပေ။ လုချန်းသည် သူမအပေါ် ခံစားချက်အချို့ ရှိကြောင်း သူမ သိသည်။ ထို့ကြောင့် သူသည် ကိုယ့်ကိုယ်ကို ထိန်းချုပ်နိုင်မည် မဟုတ်ဟု သူမ စိုးရိမ်သည်။
ချူးယုချင်၏ သဘောတူညီမှုကို တွေ့မြင်သောအခါ လုချန်းက
“ဟုတ်ကဲ့၊ ကျွန်ုပ် နားလည်ပါတယ်”
ဟု ပြောလိုက်သည်။
ထို့နောက် လုချန်းသည် သူ၏ လက်များကို မြှောက်လိုက်ပြီး ချူးယုချင်၏ ခါးကို ပွေ့ဖက်လိုက်သည်။mချူးယုချင်၏ တင်ပါးများသည် စားပွဲကို မှီထားပြီ အိကျနေသည်။
ထိုအခိုက် လုချန်းသည် ချူးယုချင်၏ နားသို့ ကပ်၍
“ဒေါ်လေးချူး၊ ဒီတစ်ခေါက် လွင်ပြင်ဒေသ မျိုးနွယ်စုတွေတိုက်ခိုက်လာတဲ့အခါကျရင် ကျွန်တော်နောက်ပိုင်း ဒေါ်လေးနဲ့ တွေ့နိုင်ပါတော့မလား မသိဘူး။”
လုချန်း၏ စကားများကို ကြားသောအခါ ချူးယုချင်က ချက်ချင်း ပြန်ပြောလိုက်သည်။
“ချန်းလေး။ ဒီလိုနမိတ်မရှိတာတွေ မပြောပါနှင့်။ မင်းက လွင်ပြင်ဒေသ မျိုးနွယ်စုတွေကို အနိုင်ယူနိုင်မယ်လို့ ဒေါ်လေးယုံကြည်တယ်။ ပြီးတော့ မင်းက ထာဝရတန်ခိုးရှင်တွေနဲ့ အဆက်အစပ် ရှိတဲ့သူ။ ထာဝရတန်ခိုးရှင်တွေက ကောင်းချီးပေးထားတဲ့သူ။”
လုချန်းက စိတ်ဓာတ်ကျသွားသည့် အသံဖြင့် ပြောလိုက်သည်။
“ဒါက လူပေါင်းများစွာရဲ့ အကြောက်တရား မဟုတ်ဘူး။ တစ်ဦးတစ် ယောက်တည်းရဲ့ အကြောက်တရား။”
ထိုအခိုက် လုချန်းသည် အားထည့်ကာ သိမ်မွေ့နူးညံ့သော ချူးယုချင်၏ ခန္ဓာကိုယ်ကို ပို၍တင်းကျပ်စွာ ဖက်ထားလိုက်သည်။ သူတို့၏ ခန္ဓာကိုယ်များသည်လည်း ပူးကပ်သွားကြတော့သည်။
ချူးယုချင်သည် သူမ၏ တင်ပါးကို အနည်းငယ် စောင်းလိုက်ပြီး လုချန်း၏ စိတ်အားထက်သန်မှုကို ရှောင်လွှဲရန် ကြိုးစားလိုက်သည်။ သို့သော် သူမ မည်သို့မျှ ရွေ့လျှားနိုင်ခြင်း မရှိပါ။ သူ့အားလိုက်လျောလိုက်ရုံသာ တတ်နိုင်တော့သည်။
ထိုအခိုက် လုချန်း၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာသော ထင်ရှသည့် ယောက်ျားပီသသော အနံ့သည် ချူးယုချင်၏ နှာခေါင်းထဲသို့ ဝင်ရောက်လာခဲ့ပြီး သူမ၏ တစ်ကိုယ်လုံး တစ်နည်းတစ်ဖုံ နွေးထွေးသွားခဲ့သည်။
ချူးယုချင် လန့်လာ၏။ တကယ်ကို နောက်ဆုံးတစ်ခေါက်တုန်းက အတိုင်းလိုပင် ဖြစ်လာပြီဖြစ်သည်....
...........
အခန်း (၆၉)
ဘာလို့ဒီလိုဆက်ဆံရတာလဲ
ချူးယုချင်သည် သူမ၏ ကိုယ်ခန္ဓာအတွင်း၌ ဖြစ်ပေါ်နေသည့် ပုံမှန်မဟုတ်သော ခံစားချက်များကို သက်သာစေရန်နှင့် မရပ်နားနိုင်သော သူမ၏ နှလုံးကို ငြိမ်သက်စေရန် အတွင်းအားကို စုစည်းထားလိုသော်လည်း အရင်တုန်းကလိုပင် အခု သူမဆီမှာ အတွင်းအား အနည်းငယ်မျှ မရှိတော့ပေ။ သာမန်လူတစ်ယောက်လိုသာ ဖြစ်နေသည်။
ချူးယုချင် မလန့်ပဲ မနေနိုင်တော့ပေ။ လုချန်းနှင့် ထိတွေသည့်အခါတိုင်း ထိုသို့ခံစားရသည်။ ဒီလိုသာ ဆက်သွားနေပါက တစ်နေ့တွင် သူမ အမှားပြုလုပ်မိနိုင်မှာလားဆိုတာကို မသိနိုင်ပေ။
ကံကောင်းသည်က ယခု လောလောဆယ်အထိတွင် လုချန်းက မသင့်လျော်သော အပြုအမူများကို ပြုလုပ်ခြင်း မရှိပေ။ သူသည် ချူးယုချင်ကို တင်းကျပ်စွာ ဖက်ထားပြီး သူမ၏ မွှေးပျံ့သော ပခုံးပေါ်တွင် ခေါင်းကို တင်ကာ နားနားသို့ကပ်၍ ပြောလိုက်သည်။
“တစ်နေ့ ကျွန်တော်တစ်ခုခုဖြစ်သွားရင် ကျိရွှမ်းတို့ကို ဂရုစိုက်ပေးပါ။ ကျွန်တော် ဒေါ်လေးကို အပ်ပါတယ်။”
လုချန်း၏ လေသံမှာ သူ၏နောက်ဆုံးဆန္ဒကို ပြောနေသည့် လေသံမျိူး ဖြစ်နေသောကြောင့် ချူးယုချင်က အလျင်အမြန် ပြန်ပြောလိုက်သည်။
“ချန်းလေး၊ ဒီလိုစကားတွေ ထပ်ပြောနေမယ်ဆိုရင် ဒေါ်လေး ဒေါသထွက်မှာနော်။”
ချူးယုချင်၏ အမြင်အရ လုချန်း၏ စကားများက အလွန် မင်္ဂလာမရှိပါ။ ဒါကတကယ့် နမိတ်ဆိုးတစ်ခုဖြစ်နေပါက သူ့ကို ထိခိုက်မှုတစ်ခုခု ဖြစ်လာလျှင် သူမ ဘယ်လိုလုပ်ရမလဲ။
ချူးယုချင်၏ စကားသံတွင် စိုးရိမ်ပူပန်မှု ပါဝင်နေသည်ကို တွေ့မြင်ရသောအခါ လုချန်းသည် ပြုံးလျက်
“ကောင်းပါပြီ၊ ကျွန်တော် ထပ်မပြောတော့ပါဘူး။”
ချူးယုချင်၏ ခန္ဓာကိုယ်နူးညံ့ပျော့ပျောင်းမှုကို ခံစားရသည့်အခါ လုချန်း၏ စိတ်များက အခြားကိစ္စများဆီသို့ ပြေးလွှားသွားပြီး သွေးသားများ ဆူပွက်ကာ စိတ်မထိန်းနိုင် ဖြစ်လာသည်။ ထူးခြားသည့် သင်းရနံ့သည် လုချန်း၏ နှာခေါင်းထဲသို့ ဆက်တိုက်ဝင်ရောက်လာပြီး သူ့ကို စနောက်နေသကဲ့သို့ အဆက်မပြတ် ဆွပေးနေသည်။
ချူးယုချင်သည်လည်း ထိုအခိုက်တွင် ထူးခြားမှုတစ်ခုကို သတိထားလိုက်မိသည်။ သူမက သူမ၏ တင်ပါးများနှင့် လုချန်းနှင့် ဝေးကွာစေရန် အနည်းငယ် နေရာရွှေ့လိုက်သည်။
သို့သော် လုချန်းသည် သူမ၏ ဆန္ဒကို လိုက်နာခြင်း မရှိပေ။ သူ၏ ကြီးမားသည့်လက်သည် အနည်းငယ် လျှောဆင်းလာပြီး ချူးယုချင်ကို ငြိမ်အောင်ထိန်းလိုက်ကာ သူမ လှုပ်ရှမှုကို ဟန့်တားလိုက်သည်။
ချူးယုချင်၏ နှလုံးက မငြိမ်သက်နိုင် တော့ပေ။ လုချန်း ဤမျှလောက် ရဲတင်းလိမ့်မည်ဟု သူမ မျှော်လင့်မထားပေ။ သူမက ချက်ချင်းပင် လုချန်းကို ခန္ဓာကိုယ်အပေါ်ပိုင်းမှ အနည်းငယ် တွန်းထုတ်လိုက်ပြီးနောက် နွေဦးစမ်းရေကဲ့သို့ စိုစွတ်နေသော မျက်လုံးများဖြင့် သူ့ကို ကြည့်ကာ
“ချန်းလေး၊ မင်း ပိုသက်သာသွားပြီလား”
ဟု မေးလိုက်သည်။
“ကောင်းသွားပြီဆိုရင် ဒေါ်လေးကို လွှတ်ပေးပါ။”
ချူးယုချင်၏ အသံတွင် တောင်းပန်နေသည့် အရိပ်အယောင်တစ်ခု ပါဝင်နေသည်။ ဤသို့ ဆက်ဖြစ်နေပါက မကောင်းတော့ပါ။
လုချန်းက
“ကျွန်တော် မသက်သာသေးဘူး။ နည်းနည်း ကြာကြာအောင် နေခွင့်ပေးပါ။ ဒဏ်ရာပုန်းတွေ အများပြီး စုနေတာကြောင့် ဖြစ်မယ်ထင်တယ်။ ပြန်ကောင်းဖို့က အချိန်နည်းနည်း လိုသေးတယ်။”
ချူးယုချင်၏ မျက်နှာ နီမြန်းသွားပြီး တိုးတိုးလေးပြောလိုက်သည်။
“မင်းလက်တွေက နည်းနည်းဆင်ခြင်ပေးပါလား။ နေရာတိုင်းကို လိုက်မထိနဲ့။ ဒီလို ဆက်ဖြစ်နေရင် ဒေါ်လေး တကယ်ကို ဒေါသထွက်မှာ။”
လုချန်းက အပြစ်ကင်းစင်သည့် မျက်နှာဖြင့် “နေရာမရွေး ထိနေသလား။ မဟုတ်ပါဘူး၊ ကျွန်တော့်လက်တွေက ဒီမှာပဲ ရှိနေတာလေ” ဟု ပြောလိုက်သည်။
ချူးယုချင်က သူမ၏နှုတ်ခမ်းကို ဖိကပ်လိုက်ပြီး ထပ်မံပြောဆိုခြင်း မရှိတော့ပေ။ သူမအတွက် စကားပြောရန် တကယ်ကို ခက်ခဲလှသည်။ အချိန်ကြာလာသည်နှင့်အမျှ ချူးယုချင်သည် သူမ၏ အနားမနေနိုင်သော နှလုံးကို ထိန်းချုပ်ရန် ပို၍ခက်ခဲလာသည်။ သူမ၏ တစ်ကိုယ်လုံးသည် ပျော့ပျောင်းလာပြီး လုချန်းကို မှီ၍ရပ်နေရသည်။
ဤအခိုက်အတွင်း လုချန်းသည် ချူးယုချင်၏ လှပသော မျက်လုံးများထဲသို့ စိုက်ကြည့်ကာ
“ဒီကုထုံးက ထိရောက်မှု မရှိတော့သလို ခံစားရတယ်။ ကျွန်တော်တို့ တစ်ဆင့်တက်သင့်ပြီ”
ဟု ပြောလိုက်သည်။
ထိုစကားကို ကြားသောအခါ စိတ်လွတ်သွားနေပြီဖြစ်သော ချူးယုချင်သည် ချက်ချင်း သတိပြန်ဝင်လာတော့သည်။
တစ်ဆင့်တက်မယ်တဲ့လား။
သူတို့၏ ခန္ဓာကိုယ်များသည် ပူးကပ်နေပြီးဖြစ်သည်။ နောက်တစ်ဆင့် ဆက်လက်သွားမည်ဆိုပါက ဘယ်လိုဖြစ်သွားမှာလဲ ...
ချူးယုချင် ထို့ထက်ပို၍ စဉ်းစားရန် မရဲတော့ပဲ
“မရပါဘူး၊ ဒေါ်လေးတို့ ဒီလိုအရာမျိုး လုပ်လို့မရဘူး”
ဟု ကတိုက်ကရိုက် ပြန်ပြောလိုက်သည်။
ချူးယုချင်၏ မျက်နှာပေါ်ရှိ စိတ်လှုပ်ရှမှုကို တွေ့မြင်သောအခါ လုချန်းက ပြုံးလိုက်ပြီး
“ ဒေါ်လေး နားလည်မှု လွဲနေပြီ။ ကျွန်တော် ဆိုလိုချင်တာ အဲ့ဒါမဟုတ်ပါဘူး။”
လုချန်း၏ စကားကို ကြားသောအခါ ချူးယုချင်သည် နည်းနည်း ပြေလျော့သွားပြီး နူးညံ့သော အသံဖြင့်
“ချန်းလေး၊ တစ်ဆင့်တက်သွားမယ် ဆိုတာက...”
ဟု မေးလိုက်သည်။ ချူးယုချင် ပြောဆိုနိုင်ခြင်းမရှိမီပင် လုချန်းသည် ရှေ့သို့ကိုင်း၍ သူမ၏ မွေးပျံ့နေသော နှုတ်ခမ်းများကို နမ်းလိုက်သည်။
ချူးယုချင်၏ စိတ်များလွတ်သွားသည်။ လုချန်း ဒါမျိုးလုပ်မည်ဟု သူမမျှော်လင့်မထားပေ။ ထို့အပြင် သူ၏ လုပ်ရပ်များသည် အလွန်မြန်ဆန်လွန်းသဖြင့် သူမရှောင်တိမ်းရန် အချိန်ပင် မရှိခဲ့ပေ။ ထိုအခိုက်အတွင် လုချန်းသည် ချူးယုချင်၏ နှစ်သက်မှုကို ကြည့်လိုက်သည်။ အမြဲတမ်း ၉၈ တွင် ရှိနေပြီး ၁၀၀ သို့ ရောက်ရှိရန် နှစ်မှတ်က လိုနေသေးသည်။
သို့သော် သူက ဦးဆောင်ပြီး နမ်းလိုက်သည့်အတွက် ချူးယုချင်၏ နှစ်သက်မှုသည် လျော့ကျသွားခြင်းမရှိဘဲ တစ်မှတ် တိုးလာပြီး ၉၉ သို့ ရောက်ရှိသွားသည်။ လုချန်း အနည်းငယ် မယုံချင်သလို ဖြစ်မိသည်။ ထိုကဲ့သို့သော ဖြစ်ရပ်မျိုး ဖြစ်ပြီးနောက် ချူးယုချင်၏ သူ့အပေါ် နှစ်သက်မှုသည် ကျဆင်းသွားမည်ဟု သူမျှော်လင့်ထားခဲ့သည်။
တကယ်တော့ ဒါကရှင်းပါသည်။ ချူးယုချင်တွင် သူ့အပေါ် ထိုကဲ့သို့သော ခံစားချက်များနက်ရှိုင်းစွာ ကိန်းအောင်းနေခဲ့ပြီး နဂါးဖီးနစ်ရည်၏ ဆက်တိုက် သက်ရောက်မှုကြောင့် သူမ၏ နှလုံးသားသည် သူ့အပိုင်ဖြစ်နေတာ ကြာပြီ ဖြစ်သည်။
သို့သော် ကျင့်ဝတ်များ အစဉ်အလာများကြောင့် သူမသည် လုချန်းနှင့် ထို့ထက်ပို၍ အဆင့်တက်ရန် မည်သည့်အခါကမှ သတ္တိမရှိခဲ့ပေ။
သို့သော် ယနေ့တွင် လုချန်းသည် သူတို့နှစ်ဦးအကြားရှိ မတင်မကျ အခြေအနေကို ဦးဆောင်ချိုးဖျက်ခဲ့ပြီး ချူးယုချင်၏ နှလုံးသားကို ချည်နှောင်ထားသည့် သံကြိုးများကို တိုက်ရိုက် ဖြုတ်ချလိုက်သည်။ ထို့ကြောင့် လုချန်းအပေါ် သူမ၏ နှစ်သက်မှုသည် တိုးတက်လာခြင်းဖြစ်သည်။
ချူးယုချင်သည် သူမ၏ စိတ်ကို ပြန်လည်ထိန်းချုပ်နိုင်ပြီးနောက် ချက်ချင်းပင် သူမသည် လက်များကိုမြှောက်ကာ လုချန်း၏ ရင်ဘတ်ကို ဆက်တိုက်တွန်းထုတ်ရန် ကြိုးစားနေတော့သည်။
“အမ် အမ် အမ်...”
ချူးယုချင်သည် သူမ၏ ကျောက်စိမ်းကဲ့သို့ ချောမွေ့သောလက်များဖြင့် လုချန်း၏ ရင်ဘတ်ကို တွန်းထုတ်နေရင်း ငြင်းဆန်နေသံများ ထွက်ပေါ်လာသော်လည်း လုချန်းက ဂရုမစိုက်တော့ပါ။
ဤသည်မှာ ခံနိုင်ရည်ကို မြှင့်တင်ရန် အကောင်းဆုံး အခွင့်အရေးဖြစ်သည်။ သူနှင့် ချူးယုချင်တို့ ထို့ထက်ပို၍ ဘာမျှ မဖြစ်ပါက သူတို့၏ ဆက်ဆံရေးသည် ယခုကဲ့သို့ ပိတ်မိနေမည်ဖြစ်သည်။
ချူးယုချင်ကို ဒီနေ့ရယူဖို့ လုချန်း မကြံရွယ်ထားပါ။ သို့သော် သူနှင့် သူမအကြား ခင်မင်ရင်းနှီးမှုကို ကျင့်သားရလာစေရန် အရေးကြီးသည်။ ထိုသို့ဖြစ်မှသာ နောင်ပိုင်းတွင် အခြေအနေ ပေးလာပါက သူမသူ့ကို ပိုမိုအဆင်သင့်စွာ လက်ခံနိုင်မည်ဖြစ်သည်။
ချူးယုချင်သည် ခဏတာ ကြိုးစားပြီးနောက် လုချန်းကို တွန်းထုတ်နိုင်မည်မဟုတ်ကြောင်း သဘောပေါက်သောအခါ လက်လျှော့သွားတော့သည်။ သူ၏ အနမ်းကို လက်ခံရုံကလွဲ၍ သူမတွင် ရွေးစရာ မရှိတော့ပါ။
ထာဝရလောက် ကြာညောင်းသွားသလို ခံစားရပြီးနောက် ချူးယုချင်သည် လုချန်း၏ လက်များက ပို၍ပို၍ မငြိမ်သက်လာကြောင်း သတိထားမိလာသည်။ သူမ၏ အတွေးများ ရှင်းလင်းလာသည့် အချိန် ပြန်လည်ရောက်ရှိလာပြီး ဤသို့ ဆက်လက်နေပါက သူမသည် လုချန်း၏ အမျိုးသမီး ဖြစ်သွားနိုင်မည်ကို သတိရသွားသည်။
မရပါဘူး! ဒီလို ဆက်ဖြစ်လို့ မရဘူး။
သူက ယွဲ့ရဲ့ သား။
ငါ မှားယွင်းလို့ မရဘူး။
သူမ မည်သည့်နေရာမှ အားများ ရရှိလာခဲ့သည်ကို မသိပေ။ သို့သော် သူမ အလျင်အမြန် သူ့ကို တွန်းထုတ်လိုက်၏။ ဒီတကြိမ်တွင် သူမတကယ်ပင် လုချန်းကို တွန်းထုတ်နိုင်ခဲ့သည်။ လုချန်းကို တွန်းထုတ်ပြီးနောက် ချူးယုချင်သည် မျက်ရည်များ စီးကျနေပြီး ရှက်စိတ် ဒေါသစိတ်တို့ဖြင့် ပြောလိုက်၏။
“ချန်းလေး၊ မင်းလွန်သွားပြီ။”
“မင်းဘယ်လိုဆက်ဆံနေတာလဲ ဒေါ်လေးကို။”
“ ဒေါ်လေးက မင်းရဲ့ အဒေါ်နော်။”
(ချူးယုချင်သည် သွေးဝေးသော သူတယောက်ဖြစ်ပြီး ဇာတ်လိုက်အမေ၏ သူငယ်ချင်းဖြစ်သောကြောင့် ဒေါ်လေးချူးဟု ခေါ်ဆိုခြင်းသာ ဖြစ်ပါတယ် )
ချူးယုချင်၏ သနားစရာကောင်းသော ပုံစံကို တွေ့မြင်သောအခါ လုချန်းသည် စိတ်ထဲတွင် အပြစ် ရှိသလို ခံစားလိုက်ရသည်။
သူက ချက်ချင်းပင်
“ခုနက ဘာဖြစ်သွားမှန်း ကျွန်တော် မသိဘူး။ ကျွန်တော် ရုတ်တရက် ကိုယ့်ကိုယ်ကို မထိန်းချုပ်နိုင်တော့ဘူး။ ကျွန်တော် ကျင့်နေသတဲ့ ထာဝရတန်ခိုးရှင် ကျင့်စဉ်နဲ့ ဆက်စပ်နေနိုင်တယ်”
ဟု ပြောလိုက်သည်။
“ကျွန်တော် မှားပါတယ်။ စိတ်မဆိုးပါနဲ့နော်”
လုချန်း၏ စကားကို ကြားသောအခါ ချူးယုချင် အနည်းငယ် ငြိမ်သက်သွားသည်။ သူမသည် သူမ၏ အင်္ကျီလက်ဖြင့် မျက်ရည်များကို သုတ်လိုက်ပြီးနောက်
“မင်းခန္ဓာကိုယ် အခု ဘယ်လိုနေလဲ” ဟု မေးလိုက်သည်။
လုချန်းက
“နည်းနည်းပိုကောင်းသွားပြီ။ အရင်ကထက် ပိုကောင်းသွားပါပြီ”
ဟု ပြန်လည်ပြောသည်။
လုချန်း၏ အဖြေကို ကြားသောအခါ ချူးယုချင်က
“ ဒေါ်လေး မင်းကို ပြန်ကောင်းလာအောင် ကူညီနိုင်ပါတယ်။ ဒါပေမယ့် မင်း ဒေါ်လေးကို ထပ်ပြီး မဟုတ်တာ မလုပ်ရဘူး။”
“ကျွန်တော် နားလည်ပါတယ်” လုချန်းသည် စိတ်ဓာတ်ကျသွားသည့် ပုံစံကို ပြသကာ ပြောလိုက်သည်။
လုချန်း၏ ပြုမူပုံကို တွေ့မြင်သောအခါ ချူးယုချင်သည် သူမ၏ စကားများ ပြင်းထန်လွန်ကဲသွားကြောင်း သိရှိလိုက်ရသည်။ သူမသည် အလွန် အပြစ်ရှိသလို ခံစားလိုက်ရပြီးနောက် သူမကပင် စ၍အနီးကပ်လိုက်ကာ လုချန်း၏ ကျယ်ပြန့်သော ရင်ဘတ်ကို မှီလိုက်သည်။
ထိုအပြုအမူကိုမြင်ရသောအခါ လုချန်းအံ့အားသင့်သွားသည်။ သူမကိုယ်တိုင်က စပြီးကပ်လာမည်ဟု သူ မျှော်လင့်မထားပေ။
ထိုအခိုက်အတွင်း ချူးယုချင်က
“မလှုပ်ပါနဲ့၊ ဒေါ်လေးကို ဖက်ထားခွင့်ပေးပါ” ဟု ပြောလိုက်သည်။
ထိုစကားကို ကြားသောအခါ လုချန်းက “ကောင်းပါပြီ”
ဟု ပြန်ပြောလိုက်တော့သည်။
ခဏအကြာတွင် ချူးယုချင်သည် လုချန်းတွင် ထူးခြားမှုတစ်ခုခု ရှိနေကြောင်း ထပ်မံသတိထားမိသွားပြီး သူမ၏ မျက်နှာ နီမြန်းသွားကာ ဒေါသဖြင့်
“ချန်းလေး၊ ကောင်စုတ်လေး။ ဘာလို့အမြဲတမ်း အငြိမ် မနေနိုင်ရတာလဲ”
ဟု ဆူပေးလိုက်သည်။
..........