အခန်း ၇၀-၇၂
Vol. 5 Ch. 70-72
အခန်း (၇၀)
အဲ့ဒါကို တွေးတောင်မတွေးနဲ့
ချူးယုချင်၏ စကားကို ကြားသောအခါ လုချန်းသည် သူမ ဆိုလိုချင်သည်ကို နားလည်လိုက်သည်။
ထို့နောက် လုချန်းသည် မျက်နှာပေါ်တွင် အားငယ်သည့် ပုံစံဖြင့်
“ဒေါ်လေးချူး၊ ကျွန်တော် ယောက်ျားလေးတစ် ယောက်ပါ။ အလွန်လှပတဲ့ မိန်းမတစ်ယောက်ကို ဖက်ထားရတဲ့ အရွယ်ရောက်ပြီးလူငယ်တစ် ယောက်က ဘာခံစားချက်မှ မရှိပဲ နေလို့မရပါဘူး” ဟု ပြောလိုက်သည်။
လုချန်းက သူမအား အလွန်လှသည်ဟု ချီးကျူးသည်ကို ကြားသောအခါ ချူးယုချင်ပို၍ပင် စိတ်လှုပ်ရှလာသည်။ မိနစ်အနည်းငယ်ခန့်က သူမ ကိုယ့်ကိုယ်ကို ငြိမ်သက်အောင် ပြုလုပ်ခဲ့သော်လည်း ဘာ့ကြောင့်မှန်းသေချာမသိပဲ သူမ ပြန်လည်၍ မတည်ငြိမ်နိုင်သလို ဖြစ်လာနေသည်။
ချူးယုချင်က ထပ်၍ အလေးထား ပြောလိုက်သည်။
“ ဒေါ်လေးက မင်းရဲ့ အဒေါ်ဖြစ်တယ်။ မင်း ဒေါ်လေးအပေါ်မှာ မသင့်လျော်တဲ့ စိတ်ကူးတွေ ထားလို့မရဘူး။”
လုချန်းက တည်ငြိမ်စွာ ပြန်ပြောလိုက်သည်။ “ဒေါ်လေးချူး၊ ကျွန်တော်တို့က သွေးသားဆွေမျိုးမဟုတ်ပါဘူး။ နောက်ပြီး ဒေါ်လေးက ကျွန်တော့်ထက် အသက် ဆယ့်တစ်နှစ်လောက်ပဲကြီးတာပါ။”
ထိုစကားကို ကြားသောအခါ ချူးယုချင်သည် ကြက်သေသေသွားသည်။ လုချန်းပြောသည်မှာ မှန်ကန်၏။ သူတို့သည် သွေးသားဆွေမျိုးများ မဟုတ်ကြပေ။ အများဆုံးအားဖြင့် သူမသည် လုချန်း၏ မိခင်နှင့် ညီအစ်မအဖြစ် သစ္စာပြု ထားခြင်းသာ ဖြစ်သည်။
ဆယ့်တစ်နှစ်ဟူသောကွာခြားမှုသည် ကြီးမားသည်ဟု ထင်ရသော်လည်း အသက် ခုနစ်ဆယ်၊ ရှစ်ဆယ်ခန့်ရှိသော အမျိုးသားများသည် ဆယ်ကျော်သက် မိန်းကလေးများနှင့် လက်ထပ်ကြသည်။ တကယ်တော့ အသက်ကွာခြားမှုသည် သိပ်အရေးပါသည်ဟု မဆိုနိုင်ပေ။
ထိုသို့စဉ်းစားလျှင် သူတို့နှစ်ဦးအကြား သိပ်မသင့်လျော်သော အရာမရှိဟု ထင်ရသည်။ ထိုအခိုက်အတွင်း ချူးယုချင်၏ စိတ်လွင့်မျောသွားသည်။ ထို့နောက် သူမသည် ထိုစိတ်ကူးများကို ချက်ချင်း ရပ်တန့်လိုက်ရသည်။
ဘယ်လိုလုပ် ဒီလိုမျိုး စဉ်းစားလို့ ရမှာလဲ။
သူမသည် လက်ထပ်ခဲ့ဖူးသော အမျိုးသမီးတစ်ဦးဖြစ်သည်။ သူမသည် ယခု မုဆိုးမတစ်ဦးဖြစ်သည်။ ထို့ပြင် ချန်းလေးသည် မင်းသားတစ်ပါးဖြစ်သည်။ မင်းသားတစ်ပါးသည် မည်သို့ မုဆိုးမတစ်ဦးနှင့် လက်ထပ်နိုင်မည်နည်း။
ထိုအတွေးဖြင့် ချူးယုချင်က ချက်ချင်း ပြန်ပြောလိုက်သည်။
“ချန်းလေး၊ ဘာပြောပြော မင်းဒေါ်လေးအပေါ် ဒီလို စိတ်မျိုးတွေ ထား၍မရဘူး။ ယွဲ့က သူ့သား ခန္ဓာကိုယ်ကို လိမ်လည်လှည့်ဖြားပြီး ယူခဲ့တယ်လို့သိရင် ဒေါ်လေး တမလွန်မှာ ယွဲ့ကို ဘယ်လိုရင်ဆိုင်မှာလဲ။”
ချူးယုချင်၏ စကားကို ကြားသောအခါ လုချန်းက ရယ်မောလိုက်ပြီး
“အဲ့ဒါကို ကျွန်တော်က ဒေါ်လေးကို လိမ်လည်ရယူမယ်”
ဟု ပြောလိုက်သည်။
ချူးယုချင်က အနည်းငယ် မျက်နှာမဲ့လိုက်ပြီး ပြန်ပြောလိုက်သည်။
“အဲ့ဒါကို စဉ်းတောင်မစဉ်းစားနဲ့။”
ချူးယုချင်၏ စကားကို ကြားသောအခါ လုချန်းက ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။ ချူးယုချင်သည် စကားများဖြင့် ပြင်းပြင်းထန်ထန် ဆန့်ကျင်နေသော်လည်း သူမ၏ ခုခံမှုများ တဖြည်းဖြည်း လျော့ကျလာနေကြောင်း သူ သိသည်။ နောက်ထပ် နီးကပ်သော အနေအထားများ အနည်းငယ် ဖြစ်ပွားပြီးလျှင် ချူးယုချင် လုံးဝလက်ခံ သွားမည်ဖြစ်သည်။
မသိနိုင်သော အချိန်တစ်ခု ကြာမြင့်ပြီးနောက် ချူးယုချင်က နူးညံ့စွာ မေးလိုက်သည်။
“ချန်းလေး၊ မင်း ပိုကောင်းသွားပြီလား”
လုချန်းက
“အင်း ကျွန်တော့်ရဲ့ အတွင်းအား ချက္ကရမှာ ပိုကောင်းသွားပါပြီ။ အတွင်းအား ပိတ်ဆို့နေသလို ခံစားချက် မရှိတော့ပါဘူး။ ဒါပေမယ့် တခြားတစ်နေရာမှာတော့ မသက်မသာ ဖြစ်နေတယ်။”
ဟု ပြန်ပြောလိုက်သည်။
ထိုစကားကို ကြားသောအခါ ချူးယုချင်သည် လုချန်း ဆိုလိုသည်ကို ချက်ချင်း နားလည်သွား၏။ သူမ ဒေါသထွက်လာကာ
“ငမိုက်သားလေး၊ မင်းရဲ့ စိတ်ထဲမှာ ဘာတွေရှိနေတယ်ဆိုတာ ဒေါ်လေး မသိဘူးလို့ မထင်နဲ့။ မုကျိရွှမ်းဆီကို သွားပြီး မင်းရဲ့ ကျန်တဲ့ ကိုယ်ခန္ဓာပြဿနာကို ဖြေရှင်းလိုက်။”
ဟု ပြောလိုက်သည်။
ထိုသို့ ပြောပြီးနောက် ချူးယုချင်သည် လုချန်းကို ခပ်ဖွဖွ တွန်းထုတ်လိုက်ပြီးနောက် သူနှင့် ခွာထားရန် နောက်သို့ နှစ်လှမ်းခန့် ဆုတ်သွားလိုက်သည်။
“ချန်းလေး၊ မင်း ပြန်ကောင်းသွားပြီဆိုတော့ ဒေါ်လေး ပြန်တော့မယ်။”
“ကောင်းပါပြီ” လုချန်းကပြောလိုက်သည်။
လောလောဆယ်အတွက် လုံလောက်ပြီဟု လုချန်း ခံစားရသည်။ ထိုကဲ့သို့သော ကိစ္စရပ်များသည် တဖြည်းဖြည်းချင်း သွားရ၏။ အတင်းအကြပ် မဖြစ်သင့်ပေ။
ထို့နောက် ချူးယုချင်က လှည့်၍ တံခါးဆီသို့ ဦးတည်သွားသည်။ ချူးယုချင်၏ ဆွဲဆောင်မှုရှိသော ပုံပန်းကို တွေ့မြင်သောအခါ လုချန်းသည် သူ့ကိုယ်သူ ထိန်းချုပ်နိုင်တော့မည် မဟုတ်ကြောင်း ခံစားရသည်။ ထို့နောက် သူသည် ချက်ချင်းပင် မုကျိရွှမ်း၏ အဆောင်ဝင်းသို့ သွားကာ သူမကို ပွေ့ချီလိုက်ပြီး နောက်ခန်းသို့ ခေါ်ဆောင်သွားကာ သူတို့၏ ဆက်ဆံရေးကို လေ့ကျင့်လိုက်သည်။
နောက်နေ့နံက်ခင်း။
မနက်စောစော လုချန်း အိပ်ရာမထမီကပင် မြောက်ပိုင်းမှ အရေးပါသော အရာရှိများသည် မင်းသားစံအိမ်သို့ ရောက်ရှိလာကြသည်။ နယ်စား လိယုရီသည် မင်းသားစံအိမ်၏ လေ့ကျင့်ရေးကွင်းတွင် သံချပ်ကာဝတ် ဗိုလ်ချုပ်များနှင့် ဗိုလ်ကြီးများကို တွေ့မြင်သောအခါ အနည်းငယ် နားမလည်နိုင် ဖြစ်သွားသည်။
မင်းသားစံအိမ်မှာ ဒီအချိန် သူတို့ကို စုစည်းခေါ်ယူခြင်း၏ ရည်ရွယ်ချက်က ဘာလဲ။
မြောက်ပိုင်းနယ်စားမင်းသားသည် မြောက်ပိုင်းမြို့တော်သို့ ရောက်ရှိလာပြီးနောက် မြောက်ပိုင်းမြို့တော်၏ ကိစ္စရပ်များနှင့် ပက်သက်ပြီး စိတ်ဝင်စားခြင်း မရှိပေ။ သူသည် မြောက်ပိုင်းနယ်စားမင်းသားထံ တာဝန်များကို တင်ပြသည့် အခါတိုင်း မြောက်ပိုင်းနယ်စားသည် သူ့ကို ပြန်သွားစေရန် အကြောင်းပြချက်တစ်ခု အမြဲပေးလေ့ရှိသည်။
ယခုအကြိမ်က မြောက်ပိုင်းနယ်စားမင်းသားသည် သူတို့ကို မင်းသားစံအိမ်ကို ခေါ်ယူတာ ပထမဆုံး သတ်မှတ်ရမည်။
မြောက်ပိုင်းနယ်စားမင်းသားသည် မြောက်ပိုင်းမြို့တော်၏ ကိစ္စရပ်များကို တာဝန်ယူကြီးကြပ်ရန် စီစဉ်နေခြင်းလား။
ထိုအတွေးကြောင့် လိယုရီသည် စိတ်ထဲတွင် တင်းကြပ်မှုအချို့ကို ခံစားလိုက်ရသည်။ မြောက်ပိုင်းနယ်စားမင်းသားသည် အဓိက မူဝါဒပြောင်းလဲမှုများ ပြုလုပ်မည်လား ဆိုတာကို သူမသေချာပေ။ မြောက်ပိုင်းနယ်စားမင်းသား တကယ်ပင် ပြုပြင်ပြောင်းလဲမှုများ စတင်ရန် ရည်ရွယ်ချက်ရှိပါက နယ်စားဖြစ်သူ သူ၏ လုပ်ငန်းတာဝန်များ သိသိသာသာ တိုးလာနိုင်သည်။
သို့သော် ဒါတွေက လိယုရီ၏ အကြီးဆုံး စိုးရိမ်မှုများ မဟုတ်ပါ။ သူ့ကို အကြီးမားဆုံး စိုးရိမ်စေသည်မှာ မြောက်ပိုင်းနယ်စားမင်းသားသည် သူ့ကို နယ်စားနေရာမှ ဖယ်ရှပြီး ပြုပြင်ပြောင်းလဲမှုများကို အဆင်ပြေချောမွေ့စေရန် သူ၏ လူယုံတစ်ဦးဦးကို ခန့်အပ်နိုင်သည်ဟူ သော ဖြစ်နိုင်ချေဖြစ်သည်။
ထိုသို့စဉ်းစားသောအခါ လိယုရီသည် ချက်ချင်းပင် လီဖန်းအနားသို့ တိုးကပ်သွားပြီး ခပ်တိုးတိုးလေး မေးလိုက်သည်။
“ဗိုလ်ချုပ်လီ၊ မင်းသားက ကျွန်တော်တို့ကို ဒီလိုမျိုး ခေါ်ယူရတဲ့ ရည်ရွယ်ချက်ကို သိပါသလား။”
လီဖန်းသည် ခေါင်းကို ခါလိုက်ပြီး
“ကျွန်တော်လည်း မင်းသားရဲ့ သတင်းစကားကို အခုမှ ရတာ။ သူဘာ ဆွေးနွေးချင်တယ် ဆိုတာကို တော့ မသိဘူး”
ဟု ပြောလိုက်သည်။
လီဖန်း၏ စကားကို ကြားသောအခါ လိယုရီသည် ပို၍ပင် စိတ်ပူလာသည်။ မြောက်ပိုင်းနယ်စားမင်းသားနှင့် နီးကပ်သော အရေးပါသည့် ဗိုလ်ချုပ်ဖြစ်သည့် လီဖန်းပင် ထိုကိစ္စကို မသိရှိသေးပါက ထိုကိစ္စသည် အလွန်အရေးကြီးသော အရာတစ်ခုခု ဖြစ်ရမည်။
ထိုအခိုက်အတွင်း သံချပ်ကာဝတ် သက်လတ်ပိုင်း အမျိုးသားတစ်ဦးသည် လူငယ်နှစ်ဦးနှင့်အတူ လေ့ကျင့်ရေးကွင်းထဲ့သို့ ဝင်လာသည်။ ထိုအမျိုးသားကို တွေ့မြင်သောအခါ လီဖန်းအပါဝင် လုချန်းနှင့်အတူ မြောက်ပိုင်းမြို့တော်သို့ လိုက်ပါလာသော စစ်သားများ အံ့အားသင့်သွားကြသည်။
ထို့နောက် လီဖန်းသည် ထိုအမျိုးသားထံ လျှောက်သွားသည်။ သူက အလေးပြုဖို့ လုပ်နေစဉ် ထိုအမျိုးသားက သူ၏လက်ကိုမြှောက်ကာ သူ့ကို ဟန့်တားလိုက်သည်။ လီဖန်းသည် မုချန်တိန်ကို အံ့အားသင့်စွာ ကြည့်ကာ မေးလိုက်သည်။
“ဗိုလ်ချုပ်မု၊ ဗိုလ်ချုပ် မြောက်ပိုင်းမြို့တော်ကို ဘာလို့ ရောက်လာတာလဲ။”
လီဖန်း၏ စကားကို ကြားသောအခါ မုချန်တိန်က ပြုံးလိုက်ပြီး
“ဗိုလ်ချုပ်လီ၊ ဗိုလ်ချုပ်က ကျွန်တော့်ကို တစ်ယောက်ယောက်နဲ့ မှားနေပြီ ထင်တယ်။ ကျွန်တော့် မျိုးရိုးနာမည်မှာ မိုး ဖြစ်ပါတယ်။ မု မဟုတ်ပါဘူး”
ဟု ပြင်ဆင်ပြောဆိုလိုက်သည်။
မုချန်တိန်၏ ရှင်းပြချက်ကို ကြားသောအခါ လီဖန်းသည် နေပြည်တော်တွင် အရေးကိစ္စတစ်ခုခု ဖြစ်ပွားခဲ့ရမည်ဟု ချက်ချင်း သဘောပေါက်လိုက်သည်။ မုချန်တိန်၏ လက်အောက်ငယ်သားဖြစ်သူ သူသည် မုချန်တိန်နှင့် သူ၏ သားနှစ်ယောက်ကို ဘယ်လိုလုပ် မသိပဲ နေမည်နည်း။
မုချန်တိန်သည် သူတို့အား မြောက်ပိုင်းနယ်စားမင်းသားနောက်ကို လိုက်ပါစေရန် အဘယ်ကြောင့် တာဝန်ပေးခဲ့သည်ကို လီဖန်းနောက်ဆုံး နားလည်လိုက်သည်။ အခြေအနေများကိုကြည့်၍ ခန့်မှန်းရလျှင်တော့ ဟူဘင်းတပ်မတော်ကို ဖျက်သိမ်းပြီး ပြန်လည်ဖွဲ့စည်းခဲ့ပြီးဖြစ်သည်ဟု ထင်ရသည်။
ထို့နောက် လီဖန်းက မေးလိုက်သည်။
“ဗိုလ်ချုပ်မိုး၊ နေပြည်တော်မှာ ဘာတွေ ဖြစ်ခဲ့တာလဲ။”
မုချန်တိန်က
“မုအိမ်တော်က ချန်နိုင်ငံရဲ့ အကြွင်းအကျန်တွေနဲ့ ပူပေါင်း ကြံစည်မှုရှိတယ်လို့ စွပ်စွဲခံရပြီး ဧကရာဇ်က ပြည်နှင်ဒဏ် ပေးလိုက်တယိ။ ကျွန်တော်တို့ မိုးမိသားစုလည်း အဲ့ဒါကြောင့် ဒုက္ခရောက်ခဲ့ရတယ်။ နေရပ်စွန့်ခွာတဲ့လမ်းမှာ လုပ်ကြံသူတွေရဲ့ တိုက်ခိုက်မှုကို ခံခဲ့ရတယ်။ ဒါပေမဲ့ ကံကောင်းထောက်မစွာပဲ မင်းသားက သူ့လူတွေကို စေလွှတ်ပြီး ကျွန်တော်တို့ကို ကယ်ဆယ်ခိုင်းခဲ့တယ်။ ပြီးတော့ မြောက်ပိုင်းမြို့တော်ကို ခေါ်လာခဲ့တယ်။”
ဟုရှည်လျားစွာ ရှင်းပြလိုက်သည်။
မုချန်တိန်၏ စကားကို ကြားသောအခါ လီဖန်း၏ စိတ်အတွေးများ ခဏမျှ ပျောက်ကွယ်သွားသည်။
မကြာသေးမီက မင်းသားစံအိမ်တွင် ပြောင်းလဲမှုများ ဖြစ်ပေါ်လာကြောင်း သူ သတိထားမိခဲ့သည်။ မကြာသေးမီကပင် စတုတ္ထအဆင့် ကျွမ်းကျင်သူများစွာ စတင်ရောက်ရှိလာခဲ့သည်။ ထို့အပြင် ထိပ်သီးပညာရှင်အဆင့် ရှိသည်ဟု ထင်ရသည့်သူ တစ်ဦလည်း ရှိသည်။ လီဖန်းသည် မြောက်ပိုင်းနယ်စားမင်းသား၏ ထူးခြားသော စွမ်းရည်များကို သိရှိထားသည်မှာ ကြာပြီဖြစ်သည်။ ထို့ကြောင့် မြောက်ပိုင်းနယ်စားမင်းသား မုချန်တိန်ကို ကယ်ဆယ်နိုင်သည်မှာ သူ့အတွက် ထူးဆန်းသည်တော့ မဟုတ်ပေ။ သူ ယုံကြည်ရန် ခက်ခဲသည်မှာ မြောက်ပိုင်းနယ်စားမင်းသား၏ ရဲရင့်မှုဖြစ်သည်။
သူတစ်ပါးကို ကယ်ဆယ်နိုင်သော စွမ်းရည်ရှိခြင်းနှင့် ကယ်ဆယ်ရန် ရဲရင့်မှုရှိခြင်းတို့က ကွာခြားချက်ရှိသည်။ လူအချို့တွင် သူတစ်ပါးကို ကယ်ဆယ်နိုင်သော စွမ်းရည်များ ရှိနိုင်သော်လည်း ထိုသို့ပြုလုပ်ရန် ရဲရင့်မှု ရှိချင်မှ ရှိနိုင်မည်။
မုအိမ်သည် ဧကရာဇ်နှင့် ပဋိပက္ခဖြစ်ပွားခြင်းကြောင့် ဖျက်သိမ်းခံခဲ့ရသည်။ သို့သော် မြောက်ပိုင်းနယ်စားမင်းသားသည် ထိုကဲ့သို့သော အခြေအနေမျိုးတွင် တစ်မိသားစုလုံးကို ကယ်ဆယ်ရဲသည့် သတ္တိရှိခဲ့သည်။ ထိုသည်မှာ မြောက်ပိုင်းနယ်စားမင်းသားသည် အလွန်ရဲရင့်သူတစ်ဦးဖြစ်ကြောင်း ပြသခဲ့ခြင်းဖြစ်သည်။
အခြားမင်းသား တစ်ယောက်ဆိုပါက ပါဝင်ပတ်သက်ရမည်ကို ကြောက်ရွံ့ပြီး မုအိမ်နှင့် ဆက်သွယ်ရဲလိမ့်မည် မဟုတ်ပေ။ လီဖန်း သူ့ဘာသာ တွေးတောလိုက်သည်။ မြောက်ပိုင်းနယ်စားမင်းသားက ဒီနေ့ သူတို့ကို ဗိုလ်ချုပ်မိုးကြောင့် ခေါ်ယူခြင်းဖြစ်နိုင်မည်လား။ လီဖန်း ထိုသို့ စဉ်းစားနေစဉ် မင်းသားစံအိမ်မှ အစေခံမလေးတစ်ဦး ရောက်လာပြီး အားလုံးကို ပြောလိုက်၏။
“မင်းသားက သူရဲ့ စာကြည့်ခန်းထဲမှာ စောင့်နေဖို့ ညွှန်ကြားလိုက်ပါတယ်”
ထိုစကားကို ကြားသောအခါ သူတို့အားလုံးလည်း ချက်ချင်းပင် လုချန်း၏ စာကြည့်ခန်းဆီသို့ ဦးတည်သွားကြသည်။
လုချန်းသည် အိပ်ရာထလားပြီး နံနက်စာအနည်းငယ် စားသုံးပြီးနောက် သူ၏ စာကြည့်ခန်းဆီသို့ ဦးတည်သွားလိုက်သည်။ ထိုအချိန်တွင် စာကြည့်ခန်းအတွင်းရှိ လူများသည် မြောက်ပိုင်းနယ်စားမင်းသားက သူတို့ကို အဘယ်ကြောင့် စုဝေးခေါ်ယူခဲ့သည်ကို ဆက်လက်၍ ခန့်မှန်းနေကြဆဲဖြစ်သည်။
ထို့နောက် မြောက်ပိုင်းနယ်စားမင်းသား၏ ပုံရိပ်သည် တံခါးဝတွင် ပေါ်လာပြီး လူအားလုံးသည် ချက်ချင်းပင် ဦးညွှတ်အလေးပြုလိုက်ကာ
“ကျွန်ုပ်တို့ မြောက်ပိုင်းနယ်စားမင်းသားကို နှုတ်ဆက်ပါတယ်။”
လုချန်းက လက်ဝှေ့ယမ်းပြလိုက်ပြီး ထုံးစံများအတိုင်း ဆက်မနှုတ်ဆက်ခိုင်းတော့ပဲ သူ၏ စားပွဲသို့ တည့်တည့် လျှောက်သွားကာ ထိုပေါ်တွင် ဖြန့်ခင်းထားသော မြေပုံကို ဖွင့်လိုက်သည်။
လိယုရီက ပထမဆုံး စပြောလိုက်သည်။ “မင်းသား၊ ဒီနေ့ ကျွန်တော်တို့ကို ယခုလိုမျိုး စုစည်းခေါ်ယူရခြင်းရဲ့ ရည်ရွယ်ချက်ကို သိခွင့်ရှိမလား။”
.............
အခန်း (၇၁) နန်းတွင်းမှ အကူအညီ တောင်းခံသင့်ပါသလား
လိယုရီ၏မေးခွန်းကို ကြားသောအခါ လုချန်းက တိုက်ရိုက်မဖြေခဲ့ပါ။ သူက လူအုပ်ကို တစ်ချက်ကြည့်ပြီးနောက် ချင်ယူရှန်ထံ လှည့်၍
“တပ်မှုးချင်ပဲ ပြောလိုက်ပါ။”
လုချန်း၏စကားကို ကြားသောအခါ သူတို့၏အကြည့်များက ချင်ယူရှန်ထံ စုပြုံကျသွားသည်။
လိယုရီနှင့် အခြားသူများလည်း အနည်းငယ် စိတ်ဝင်စားသွားကြသည်။
တပ်မှူး....
ထိုရာထူးက မည်သည့်အချိန်က မင်းသားစံအိမ်တွင် ရှိလာခဲ့သနည်း။ ထိုအခိုက်အတွင် ချင်ယူရှန်သည် လူအုပ်ထဲမှ ထွက်လာပြီး လုချန်း၏ စားပွဲရှေ့သို့ ချဉ်းကပ်လာသည်။ သူက အရင်ဦးညွှတ်လိုက်ပြီး
“ဟုတ်ကဲ့ပါ မင်းသား” ဟု ပြောလိုက်သည်။
ထို့နောက် ချင်ယူရှန်က လူအုပ်ကို ပြောလိုက်သည်။
“ကျွန်တော်တို့ လွင်ပြင်ဒေသက အမိန့်တစ်ချို့ကို ထောက်လှမ်းရမိခဲ့တယ်။ လွင်ပြင်ဒေသ မျိုးနွယ်စုတွေက မြင်းတပ်သုံးသိန်းကို စုစည်းပြီး တောင်ဘက်သို့ ဦးတည်လာမယ်။ ပြီးတော့ မြောက်ပိုင်းမြို့တော်ကို သိမ်းပိုက်ပြီး ဒီနေရာမှာ နိုင်ငံတည်ထောင်ဖို့ ပြင်ဆင်နေကြတယ်။ ရန်ခရိုင်ကို သူတို့ရဲ့ နေပြည်တော်အဖြစ် ထားရှိဖို့ ရွေးချယ်ထားကြတယ်။”
ချင်ယူရှန်၏ စကားကို ကြားသောအခါ အားလုံး၏ မျက်နှာများ ဖြူလျော်သွားကြသည်။
လွင်ပြင်ဒေသ မျိုးနွယ်စုများသည် မြောက်ပိုင်းမြို့တော်၏ အကြီးမားဆုံး ခြိမ်းခြောက်မှုဖြစ်သည်။ မြောက်ပိုင်းမြို့တော်၏ ဆင်းရဲမွဲတေမှုသည် လွင်ပြင်ဒေသ မျိုးနွယ်စုများ၏ တောင်ဘက်သို့ ပုံမှန်ပြုလုပ်တတ်သည့် ကျူးကျော်မှုများကြောင့် ဖြစ်သည်။
လွင်ပြင်ဒေသ မျိုးနွယ်စုများသည် ယခုအခါ လုယက်တိုက်ခိုက်မှုများ သာမက မြောက်ပိုင်းမြို့တော်ကို တိုက်ခိုက်သိမ်းပိုက်ပြီး ထိုနေရာတွင် နိုင်ငံတည်ထောင်ရန်အထိ ရည်မှန်းလာမည်ဟု ဘယ်သူမှ ထင်မှတ်မထားခဲ့ပါ။
စာကြည့်ခန်းထဲတွင် ရှိနေသူများကြားတွင်စိုးရိမ်ပူပန်မှုများက လွှမ်းမိုးသိမ်းပိုက်လိုက်သည်။ လိယုရီသည် လွင်ပြင်ဒေသ မျိုးနွယ်စုများ၏ လက်ချက်ဖြင့် သူ့ရှေ့မှ လူများ ကျဆုံးသွားခြင်းကြောင့် နယ်စားရာထူး ဆက်ခံရရှိခဲ့သူ ဖြစ်သည်။ မဟုတ်ပါက သူနယ်စားဖြစ်မည့် အလှည့်သို့ ရောက်ဦးမည် မဟုတ်သေးပေ။
သူသည် ငြိမ်းချမ်းသောနေ့ရက်များကို ခံစားရန် မျှော်လင့်ခဲ့သော်လည်း တစ်နှစ်ကျော်အကြာတွင် လွင်ပြင်ဒေသ မျိုးနွယ်စုများသည် တောင်ဘက်သို့ ထပ်မံဦးတည်လာခဲ့သည်။
ထို့အပြင် သူတို့သည် ဒီတစ်ကြိမ်တွင် လုယက်တိုက်ခိုက်မှု တစ်ခုတည်းသာ အတွက်သာ မဟုတ်ပါ။ ကောက်ပဲသီးနှံများအတွက် လာခြင်းသာ ဖြစ်လျှင် လိယုရီသည် ထိုမျှစိုးရိမ်မည်မဟုတ်ပါ။ လွင်ပြင်ဒေသ မျိုးနွယ်စုများသည် ရန်ခရိုင်၏ မြောက်ဘက်ရှိ အခြားမြို့များကို ပုံမှန် တိုက်ခိုက်လေ့ရှိပြီး ရန်ခရိုင်သည် တောင်ဘက် ပိုကျသောကြောင့် ရန်ခရိုင်သို့ လာရောက်ခဲသည်။
အတွေးယဉ်ကြောထဲ မျောနေရင်းမှ သတိရပြန်ဝင်လာပြီးနောက် လိယုရီက အလျင်အမြန် မေးမြန်းလိုက်သည်။
“တပ်မှူးချင် အဲ့ဒီသတင်းက ခိုင်လုံပါသလား”
မြောက်ပိုင်းမြို့တော်ကို တိုက်ခိုက်ရန် မြင်းစစ်သည်သုံးသိန်းနှင့် တောင်ဘက်သို့ ချီတက်လာခြင်း မဆိုထားနှင့် လွင်ပြင်ဒေသ မျိုးနွယ်စုများ တောင်ဘက်သို့ ကျူးကျော်မှု ပြုလုပ်မည်ဟူသော အချက်ကပင် အလွန်အရေးကြီးသော ကိစ္စဖြစ်နေပြီဖြစ်သည်။ ထို့ကြောင့် နန်းတွင်းကိုအမြန်ဆုံး သတင်းပို့ရန် လိုအပ်သည်။
ထိုနေရာတွင် ရှိနေသူများအတွက်တော့ မြောက်ပိုင်းမြို့တော်၏ စစ်သားသုံးသောင်းသည် လွင်ပြင်ဒေသ မျိုးနွယ်စုများ၏ မြင်းစစ်သည်သုံးသိန်းကို ခုခံတွန်းလှန်နိုင်ရန် လုံးဝဖြစ်နိုင်ချေ မရှိပါ။ သူတို့က နန်းတွင်းမှ ပို့လာမည့် စစ်ကူကိုသာ မျှော်လင့်ကြသည်။
တကယ်တော့ မြောက်ပိုင်းမြို့တော်သည် လွင်ပြင်ဒေသ မျိုးနွယ်စုများ၏ ကျူးကျော်မှုများကို တွန်းလှန်ရန် နန်းတွင်းမှ စစ်တပ်ကို အမြဲမှီခိုခဲ့ရသည်။ ဒေသခံစစ်သား သုံးသောင်းသည် သေးငယ်သော ခြိမ်းခြောက်မှုများကိုသာ ကိုင်တွယ်ရန် ဖြစ်သည်။
ထိုအချိန်တွင် ချင်ယူရှန်က
“ကျွန်တော်တို့ ရယူထားတဲ့ သတင်းက အတည်ပြုပြီး ဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ လွင်ပြင်ဒေသ မျိုးနွယ်စုများ၏ နန်းတွင်းထဲကို စိမ့်ဝင်နိုင်ခဲ့ပြီး လွင်ပြင်ဒေသ ဘုရင်တစ်ပါးရဲ့ နှုတ်ထွက်စကားက တိုက်ရိုက်ရလာတဲ့ သတင်းပါ။”
ဒါက...
ချင်ယူရှန်၏စကားကို ကြားသောအခါ ထိုနေရာတွင် ရှိသူအားလုံး၏ မျက်နှာများတွင် မယုံကြည်နိုင်မှု၏ အရောင်များ ချယ်သခံလိုက်ရသလို ဖြစ်ပေါ်လာသည်။
မင်းသား၏ ဘေးတွင် ရှိသည့် ထို တပ်မှူးချင် ဆိုတာကကော ဘယ်သူလဲ။
မင်းသား၏ လူများသည် လွင်ပြင်ဒေသ မျိုးနွယ်စုများရဲ့ နန်းတွင်းထဲကို တကယ်စိမ့်ဝင်နိုင်ခဲ့တာလား။
ထိုအခိုက်အတွင် လိယုရီ ရှင်းရှင်းလင်းလင်း သဘောပေါက်လိုက်သည်။ သူသည် လုချန်းကို တာဝန်မကျေပြွန်သော နယ်စားမင်းသားတစ်ပါးအဖြစ် အမြဲထင်မှတ်ခဲ့သည်။ သို့သော် ယခုအခါ သူသည် ထိုအရာအားလုံးသည် အခြားသူများ မြင်နိုင်ရန်အတွက် ပြုလုပ်ထားသော ပြယုဂ်တစ်ခုသာဖြစ်ကြောင်း နားလည်လိုက်သည်။
မြောက်ပိုင်းနယ်စားမင်းသားသည် သူ့ကိုယ်ပိုင်တပ်ဖွဲ့ကို လျှို့ဝှက်ထားရှိပြီး ထိုတပ်ဖွဲ့သည် မြောက်ပိုင်းမြို့တော်အတွင်းရှိ နေရာအသီးသီးသို့ ထိုးဖောက်ဝင်ရောက်နေကာ လွင်ပြင်ဒေသ မျိုးနွယ်စုများထံသို့ပါ ထိုးဖောက်ဝင်ရောက်နေပြီဖြစ်သည်။
ထိုအတွေးများကြောင့် လိယုရီ၏ နဖူးပေါ်တွင် ချွေးသီး ချွေးပေါက်များ ပေါ်ပေါက်လာသည်။ မြောက်ပိုင်းမြို့တော်သို့ မင်းသားရောက်ရှိလာသောအခါ သူ့ကို ချောက်တွန်းရန် ကြိုးစားခဲ့ခြင်း မရှိသည့်အတွက် သူသည် ကံကောင်းလှသည်။ မဟုတ်ပါက သူ၏ နယ်စားရာထူးသာ အန္တရာယ်ရှိမည် မဟုတ် သူအသက်ရှင်နေပါဦးမလားဆိုတာတောင် မေးခွန်းထုတ်စရာ ဖြစ်နေပြီ ဖြစ်သည်။
ထိုအချိန်တွင် မုချန်တိန်က
“မင်းသားရဲ့ အစီအစဉ်က ဘယ်လိုပါလဲ။နန်းတွင်းမှ အကူအညီ တောင်းခံမှာပါလား။”
သုံးသောင်းနှင့် သုံးသိန်း။
အနိုင်ရရန် အခွင့်အလမ်းမရှိပါ။ နန်းတွင်းမှ စစ်တပ်ကြီးကို ဤနေရာသို့ စေလွှတ်ရန် လိုအပ်သည်။ မဟုတ်ပါက မြောက်ပိုင်းမြို့တော် ပျက်စီးရပါလိမ့်မည်ဖြစ်သည်။
လုချန်းက
“လက်ရှိအခြေအနေကို နန်းတော်ကိုသတင်းပို့ဖို့ လူတစ်ယောက်စေလွှတ်ဖို့ စီစဉ်ထားပါတယ်။ ဒါပေမဲ့ နန်းတွင်းကလည်းစစ်တပ်ကြီး တစ်တပ်ကို စုစည်းဖို့ အနည်းဆုံး သုံးလကြာမှာပါ။ လွင်ပြင်ဒေသ မျိုးနွယ်စု တွေကတော့ နှစ်လခန့်အတွင်း စစ်တပ် စုစည်းမှုကို ပြီးမြောက်နိုင်ပါတယ်။ မြောက်ပိုင်းမြို့တော်ကို ကျွန်တော်တို့ ခဏတော့ ကာကွယ်နိုင်ဖို့ လိုအပ်ပါတယ်။”
ဟု ပြန်ပြောလိုက်သည်။
လုချန်းသည် သူ၏စစ်သား သုံးသောင်းဖြင့် မြောက်ပိုင်းမြို့တော်ကို ကာကွယ်ထိန်းသိမ်းနိုင်ပြီး လွင်ပြင်ဒေသ မျိုးနွယ်စုများ၏ မြင်းစစ်သည်သုံးသိန်းကိုပင် အနိုင်ယူနိုင်မည်ဟု ယုံကြည်မှုရှိသော်လည်း ထိုကဲ့သို့သော ကိစ္စရပ်မျိုးကို နန်းတော်သို့ အစီရင်ခံရမည်မှာက မလွှဲမရှောင်သာ ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် အနည်းဆုံးတော့ အမည်အားဖြင့် မြောက်ပိုင်းမြို့တော်သည် ရှနိုင်ငံ၏ နယ်မြေဖြစ်သောကြောင့်ဖြစ်သည်။
နိုင်ငံခြားကျူးကျော်မှုကို နန်းတွင်းသို့ အကြောင်းကြားခြင်း မပြုပါက တိုက်ပွဲတွင် အနိုင်ရသည်ဖြစ်စေ ရှုံးနိမ့်သည်ဖြစ်စေ နန်းတွင်းသည် ထိုကဲ့သို့သော အရေးကြီးသောကိစ္စကို အစီရင်ခံခြင်းမပြုသောကြောင့် ပုန်ကန်သောစိတ်ရှိသည်ဟု သံသယရှိလာမည်ဖြစ်သည်။
သို့သော် ရှနိုင်ငံက စစ်တပ်ကြီးတစ်တပ်ကို စုစည်းခြင်းသည် လွင်ပြင်ဒေသ မျိုးနွယ်စုများကဲ့သို့ လျင်မြန်မည်မဟုတ်ပါ။ စစ်တပ်ကြီးကို စုစည်းရန် အနည်းဆုံး နှစ်လမှ သုံးလခန့် ကြာမည်ဖြစ်သည်။
“စစ်သည်များနှင့် မြင်းများသည် ရိက္ခာများ မရှိပဲ သွားလာနိုင်မည်မဟုတ်” ဟူသော စကားပုံရှိ၏။ ထို့ကြောင့် ရှမင်းဆက်၏ စစ်တပ်သည် လွင်ပြင်ဒေသ မျိုးနွယ်စုများ၏ မြင်းများကဲ့သို့ လျင်မြန်နိုင်မည်မဟုတ်ပါ။
ထို့ပြင် ဤနေရာသည် မြောက်ပိုင်းမြို့တော်ဖြစ်သည်။ လမ်းပန်းဆက်သွယ်ရေးက ထူးထူးခြားခြား ဆိုးရွားသော နေရာဖြစ်သည်။ ထို့ကြောင့် ရှနိုင်ငံသည် ဤနေရာသို့ စစ်တပ်ကြီး ချီလာရန် အချိန်ပိုကြာမည်ဖြစ်သည်။
လုချန်း၏စကားကို ကြားသောအခါ လိယုရီ၏ မျက်နှာသည် ပို၍ဖြူလျော်သွားသည်။
လွင်ပြင်ဒေသ မျိုးနွယ်စုများသည် တောင်ဘက်သို့ ချီတက်လာပါက တစ်လမပြည့်မီပင် မြောက်ပိုင်းမြို့တော်တစ်ခုလုံးကို သိမ်းပိုက်နိုင်ချေရှိသည်။ ရှစစ်တပ်သည် စုစည်းရန် အချိန်အလွန်ကြာမြင့်နေသည့်အတွက် သူတို့ ရောက်ရှိလာသည့်အခါ သူတို့၏ စစ်သား သုံးသောင်းစလုံး သေဆုံးနေပြီး ဖြစ်နိုင်သည်။
ထိုအချိန်တွင် ရန်ခရိုင် မည်သို့ဖြစ်လာမည်ကို စိတ်ကူး၍ပင် မရပါ။
လုချန်းက ဆက်လက်၍
“ကျွန်တော်က ရန်ခရိုင်ရဲ့ မြောက်ဘက်မှာရှိတဲ့ပြည်သူအားလုံးကို ရန်ခရိုင်ရဲ့ တောင်ဘက်ပိုင်းကို ပြောင်းရွှေ့ဖို့ စီစဉ်ထားတယ်။ နောက်ပြီး ကျွန်တော်တို့ရဲ့ တပ်ဖွဲ့အားလုံးကို ရန်ခရိုင်မှာ စုစည်းပြီး လွင်ပြင်ဒေသ စစ်တပ်ရဲ့ စစ်သည်သုံးသိန်းကို တားဆီးမှာ ဖြစ်ပါတယ်။ ဗိုလ်ချုပ်မိုး ခင်ဗျားက အရင်တုန်းက လွင်ပြင်ဒေသ စစ်တပ်နှင့် တိုက်ပွဲဝင်ခဲ့ဖူးတယ်။ ဒီအစီအစဉ်ကို ခင်ဗျား ဘယ်လိုမြင်ပါသလဲ”
ဟု ပြောလိုက်သည်။
လုချန်း၏ မေးခွန်းကို ကြားသောအခါ မုချန်တိန်သည် တစ်စက္ကန့်ခန့် ရပ်တန့်ပြီး သူ၏ မျက်ခုံးများကို အနည်းငယ် ကွေးလိုက်သည်။
ထို့နောက် သူသည် မြေပုံကို တစ်ချက်ကြည့်လိုက်ပြီး
“လူရိက္ခာအားလုံးကို ရွှေ့ပြောင်းတာကပြဿနာမဟုတ်ပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့
ရန်ခရိုင်၏ မြောက်ဘက်က ပြည်သူအားလုံးကို ပြောင်းရွှေ့လိုက်ရင် လွင်ပြင်ဒေသ စစ်တပ်က တိုက်ရိုက် ချီတက်လာမှာဖြစ်ပြီး ရန်ခရိုင်သို့ ရောက်ရှိလာမှာပါ။ စစ်သား သုံးသောင်းနဲ့ သူတို့ကို ခုခံဖို့က ခက်ခဲမှာဖြစ်ပါတယ်”
ဟု ပြောလိုက်သည်။
မုချန်တိန်သည် လွင်ပြင်ဒေသ မြင်းသည်တော်များ၏ အစွမ်းကို ကောင်းစွာသိရှိသည်။ သူတို့အများစုသည် ထိပ်တန်းစစ်သည်များဖြစ်သည်။ စစ်သားသုံးသောင်းဖြင့် မြင်းစစ်သည် သုံးသိန်းကို တွန်းလှန်မည်ဆိုသည်မှာ အမြင်အားဖြင့်တော့ ဖြစ်နိုင်ခြင်းမရှိပေ။
လုချန်းက ဆက်လက်၍
“ကျွန်တော့်ဆီမှာ မြင်းတပ်ကို ချက်ချင်း ပြိုကွဲစေနိုင်တဲ့ လက်နက်ရှိတယ် ဆိုရင်ရော”
ဟု ပြောလိုက်သည်။ လုချန်း၏စကားကို ကြားသောအခါ လီဖန်းနှင့် အခြားသူများ၏ မျက်လုံးများ ချက်ချင်းပင် ဝင်းလက်သွားသည်။
အစကတည်းက မြောက်ပိုင်းနယ်စားမင်းသားနောက်သို့ လိုက်ပါခဲ့သူများသည် သူ့ဆီတွင် အံ့သြဖွယ် လက်နက်များ ရှိသည်ကို သိကြသည်။ ဥပမာအားဖြင့် အဆင့်ကိုး သိုင်းပညာရှင်များကို ချက်ချင်းသေစေနိုင်သော ပေါက်ကွဲစေနိုင်သည့် ကျောက်တုံးများနှင့် အနက်ရောင် တုတ်များ ဖြစ်သည်။
မြောက်ပိုင်းနယ်စားမင်းသားသည် ထာဝရတန်ခိုးရှင်၏ အမွေကို ရရှိခဲ့သည်ဟု စစ်တပ်တစ်ခုလုံးတွင် သတင်းများ ပြန့်နှံ့နေပြီဖြစ်သည်။
ထာဝရတန်ခိုးရှင်၏ အမွေရှိမရှိမှာ အဓိက မဟုတ်ပါ။ မြောက်ပိုင်းနယ်စားမင်းသားသည် လွင်ပြင်ဒေသ မျိုးနွယ်စုများကို ဖျက်ဆီးနိုင်သော လက်နက် သို့မဟုတ် ထိုကဲ့သို့သော လက်နက်များကို မြောက်မြားစွာ ထုတ်လုပ်နိုင်သည့် စွမ်းရည်ရှိသရွေ့ လုံလောက်ပါသည်။
မုချန်တိန်သည် လုချန်းကို လက်နက်အကြောင်း မေးမြန်းတော့မည်ဖြစ်သော်လည်း လုချန်းက မြေပုံကို ကြည့်ရင်း
“ဗိုလ်ချုပ်မိုး၊ ကျွန်တော်က လွင်ပြင်ဒေသ မြင်းစစ်သည်တွေကို ဝန်နင်းချိုင့်ဝှမ်းထဲ မျှားခေါ်ပြီးချိုင့်ဝှမ်းအထက်ပိုင်း ကုန်းမြင့်ပိုင်းက နေပြီးသူတို့ကို ချုံခိုတိုက်မယ်လို့ ကြံထားတယ်။ အဲ့ဒီအစီအစဉ်က ဖြစ်နိုင်တယ်လို့ ခင်ဗျားထင်သလား” ဟု မေးလိုက်သည်။
မုချန်တိန်သည် လွင်ပြင်ဒေသ မျိုးနွယ်စုများနှင့် အကြိမ်ကြိမ် တွေ့ဆုံခဲ့သောကြောင့် သူတို့၏ အခြေအနေကို ကောင်းကောင်း သိရှိသူဖြစ်သည်။ ထို့ကြောင့် လုချန်းသည် သူ၏ အမြင်ကို တောင်းခံခဲ့ခြင်းဖြစ်သည်။
ပညာရှင်တွေရဲ့ကိစ္စကို ပညာရှင်တွေဆီပဲပေးအပ်သင့်၏။ လုချန်း၏စကားကို ကြားသောအခါ မုချန်တိန်သည် စားပွဲပေါ်ရှိ မြေပုံကို စိုက်ကြည့်နေပြီး ခဏကြာသည်အထိ ဘာမှပြန် မဖြေပေ။
ထို့နောက် မုချန်တိန်က စကားစပြောလိုက်သည်။
“မင်းသားသာ ရန်ခရိုင်မှာ ရှိမယ်ဆိုရင် လွင်ပြင်ဒေသ မြင်းတပ်ကို ဝန်နင်းချိုင့်ဝှမ်းထဲ မျှားခေါ်ဖို့က မခက်ခဲပါဘူး။ ဝန်နင်းချိုင့်ဝှမ်းရဲ့ မြေမျက်နှာသွင်ပြင် အနေအထားက အများအားဖြင့် ညီညာပြီး တောင်ဘက်က ရန်ခရိုင်ကို တိုက်ရိုက် ချီတက်မယ့် မြင်းတပ်အတွက် အဆင်ပြေတဲ့ အနေအထားပါ။”
“ဒါပေမဲ့ မင်းသား... ဝန်နင်းချိုင့်ဝှမ်းမှာ စစ်သား သုံးသောင်းနှင့် ချုံခိုတိုက်ခိုက်မယ် ဆိုရင်တော့ လွင်ပြင်ဒေသ သံမြင်းတပ်ရဲ့ စီးနင်းမှုကို တားဆီးနိုင်မှာ မဟုတ်ဘူးလို့ ကျွန်တော် စိုးရိမ်မိပါတယ်။”
ဝန်နင်း တောင်ကြား၏ နှစ်ဖက်စလုံးတွင် မြင့်မားသော ကုန်းမြေများဖြင့် ကာရံထားပြီး အရှေ့တွင် ကျယ်ပြန့်သော လွင်ပြင်ရှိသည်။ ထို့ကြောင့် လွင်ပြင်ဒေသ သံမြင်းတပ်ကို ဝန်နင်းချိုင့်ဝှမ်းတွင် စောင့်၍ ချုံခိုတိုက်ခိုက်မည်ဆိုပါက သူတို့သည် ချိုင့်ဝှမ်းကို အမြန်ဆုံး ဖြတ်ကျော်နိုင်ရန် ချီတက်သည့် အရှိန်ကိုမြှင့်နိုင်သည်။
ဝန်နင်းချိုင့်ဝှမ်းသည် သိပ်မရှည်လှပါ။ အနည်းဆုံး စစ်သည် တစ်သိန်းခန့် မရှိပါက လွင်ပြင်ဒေသ သံမြင်းတပ်ကို တားဆီးဖို့က မဖြစ်နိုင်သလောက် ဖြစ်သည်။
ထို့အပြင် မြောက်ပိုင်းမြို့တော်၏ စစ်သား သုံးသောင်းသည် တောင်ကြား နှစ်ဖက်စလုံးရှိ ကုန်းမြင့်များတွင် စောင့်၍ ချုံခိုတိုက်ခိုက်ရန် လိုအပ်သေးသည်။ ထို့ကြောင့် ရန်သူကို တားဆီးပိတ်ဆို့ရန် ကျန်ရှိသောစစ်သားက သုံးသောင်းထက်ပင် နည်းသွားမည်ဖြစ်သည်။
......
အခန်း (၇၂)
သူ့ကို ငါ့ရဲ့ကျွန်ဖြစ်စေချင်တယ်
မုချန်တိန်၏စကားကို ကြားပြီးနောက် လုချန်းသည် မြေပုံကို ကြည့်ပြီး နက်နက်ရှိုင်းရှိုင်း စဉ်းစားနေပြန်သည်။ ဒါက တကယ့်ပြဿနာတစ်ခုဖြစ်သည်။ ဝန်နင်းတောင်ကြားသည် ရှည်လျားသောနေရာမဟုတ်ပါ။ လွင်ပြင်ဒေသ မျိုးနွယ်စုများ၏ မြင်းတပ်များအတွက် အမြန်ချီတက် ဖြတ်သန်းရန် မခက်ခဲပါ။
သူတို့ လက်ပစ်ဗုံးလောင်ချာများကို အသုံးပြုလိုက်သည်နှင့်တစ်ပြိုင်နက် လွင်ပြင်ဒေသ မျိုးနွယ်စုများ၏ မြင်းတပ်များ ကစဉ့်ကလျားဖြစ်သွားမည်မှာ သေချာသည်။ ထိုအခါ သူတို့သည် ရှေ့သို့ဖြစ်ဖြစ် နောက်သို့ဖြစ်ဖြစ် ဆုတ်ခွာသွားကြလိမ့်မည်။
လွင်ပြင်ဒေသ မျိုးနွယ်စုများ၏ မြင်းတပ်များ အရှေ့တက်သည်သဖြစ်စေ၊ နောက်ဆုတ်သည်ဖြစ်စေ မြင်းတပ်များကို ခုခံနိုင်ရည်ရှိရန် စစ်သည်အင်အား အမြောက်အမြား လိုအပ်လိမ့်မည်။
သေချာသည်မှာ လွင်ပြင်ဒေသ မျိုးနွယ်စုများ၏ စစ်သည်များကို ပြန်လည်တွန်းလှန်ရန်သာ ရည်ရွယ်ပါက ဝန်နင်းတောင်ကြား၏ ရှေ့တန်းကို ကြံကြံခံထားရန် လိုအပ်သည်။ သို့သော် လုချန်းတွင် ကြီးမားသော ရည်မှန်းချက်များ ရှိနေသည်။ လွင်ပြင်ဒေသ မျိုးနွယ်စုများ၏ မြင်းတပ်ကို ပြန်လည်တွန်းလှန်ရုံဖြင့် သူ ကျေနပ်မှု မရှိပါ။
အကယ်၍ လွင်ပြင်ဒေသ မျိုးနွယ်စုများ၏ မြင်းတပ်ကို ပြန်လည်တွန်းလှန်ရုံသာ လုပ်ခဲ့ပါက ရန်ခရိုင်ကို မသိမ်းပိုက်နိုင်ခဲ့သော မြင်းတပ်များသည် အခြားမြို့များကို တိုက်ခိုက်လာမည်ဖြစ်သည်။
ဤစစ်ပွဲတွင် သူ၏ရည်မှန်းချက်မှာ လွင်ပြင်ဒေသ မျိုးနွယ်စုများ၏ လက်ရှိအင်အားကို ဖျက်ဆီးပစ်ရန်ဖြစ်ပြီး သူတို့၏ စစ်အင်အားကိုစုစည်းကာ တောင်ဘက်သို့ ချီတက်နိုင်ခြင်းမှ နောက်အတော်ကြာကြာအထိ တားဆီးရန် ဖြစ်သည်။
ထို့ကြောင့် ဤစစ်သည်အင်အား သုံးသိန်းကို ပြန်ခွင့်မပေးနိုင်ပါ။ အကယ်၍ သူတို့ကို လွှတ်ပေးလိုက်ပါက လွင်ပြင်ဒေသ မျိုးနွယ်စုများ၏ စစ်သည်များ ပြန်လည်အားပြည့်လာသော အခါတွင် သူတို့သည် တောင်ဘက်သို့ ပြန်လည်ချီတက်ကာ လုယက်ဖျက်ဆီးဖို့ ကြိုးစားကြဦးမည် မဟုတ်ပါလား။ လက်ပစ်ဗုံးလောင်ချာများက သူတို့ကို အပြည့်အဝ ခြိမ်းခြောက်နိုင်မည်ဟု လုချန်း လုံးဝ မယုံကြည်ပါ။
လုချန်းသည် မြောက်ပိုင်းဒေသ၏ အခြေအနေကိုလည်း ကြားသိထားသည်။ ဆောင်းရာသီရောက်လာပါက မြောက်ပိုင်းမြို့တော်တွင်ပင် ပြည်သူများ အငတ်ဘေးကြုံရနိုင်ပြီး မြက်ခင်းဒေသရှိ လူများအတွက်မူ ပို၍ပင် ဆိုးရွားလိမ့်မည်။
လုချန်းသည် လွင်ပြင်ဒေသ မျိုးနွယ်စုများကို သနားကြင်နာနေခြင်း မဟုတ်ပါ။ သူ၏အမြင်တွင် အငတ်ဘေးနှင့် ရင်ဆိုင်နေရသော လူများသည် မည်သည့်အရာကိုမဆို လုပ်နိုင်စွမ်းရှိပြီး မြောက်ပိုင်းမြို့တော်တွင် လက်ပစ်ဗုံးလောင်ချာများ ရှိသည်ဆိုသည့်အချက်က လွင်ပြင်ဒေသ မျိုးနွယ်စုများကို တောင်ဘက်သို့ ချီတက်ရန် ကြောက်ရွံ့စေမည် မဟုတ်ပါ။
လုချန်းက သက်ပြင်းတစ်ချက်ချလိုက်ပြီး “စစ်သည်အသစ်တွေ လေ့ကျင့်စုဆောင်းရေးကို မြန်မြန်ပြီးအောင် လုပ်ပါ”
ဟု ပြောလိုက်သည်။
ဤစကားကို ကြားလိုက်ရသောအခါ မုချန်တိန်က စိုးရိမ်သွားပုံရပြီး
“မင်းသား ဒီလောက်တိုတောင်းတဲ့ အချိန်အတွင်းမှာ စစ်သည်အသစ်တွေ လေ့ကျင့်ပြီး လွင်ပြင်ဒေသ မျိုးနွယ်စု မြင်းတပ်ကို တိုက်ခိုက်ဖို့က မလွယ်ကူပါဘူး”
ဟု ပြောလိုက်သည်။
မုချန်တိန်၏စကားမှာ အတော်လေး အတွေ့အကြုံကို အခြေခံ၍ ပြောဆိုခြင်းဖြစ်သည်။ လွင်ပြင်ဒေသ မျိုးနွယ်စုများ၏ မြင်းတပ်ကို တိုက်ခိုက်ရန် စစ်သည်များကို နှစ်လအတွင်း လေ့ကျင့်ရန် လုံးဝမဖြစ်နိုင်ပါ။
လုချန်းလည်း ထိုအချက်ကို ကောင်းစွာနားလည်သွားပြီး ချက်ချင်းပင်
“ကျွန်တော်က အမြှောက်တပ်ဖွဲ့တစ်ခု ဖွဲ့စည်းဖို့ စဉ်းစားနေတယ်။ စစ်သည်အသစ်တွေကို ရှေ့တန်းတိုက်ပွဲတွေမှာ မပါခိုင်းပဲ လက်ရှိ မြောက်ပိုင်းမြို့တော်က စစ်သည်အင်အား သုံးသောင်းကို ရှေ့တန်းပို့မယ်”
ဟု ပြောလိုက်သည်။
အမြှောက်တပ်ဖွဲ့...။
အဲ့ဒါက ဘာလဲ။
လုချန်း၏ပါးစပ်မှ ထိုစကားလုံး အသစ်ကို ကြားလိုက်ရသောအခါ အားလူံးရှုပ်ထွေးသွားကြသည်။ သူတို့သည် အမြှောက်တပ်ဖွဲ့ဆိုသည်ကို ယခင်က တစ်ခါမှ မကြားဖူးကြပါ။
လုချန်းက လိယုရီကို ကြည့်ပြီး
“နယ်စားလိ၊ ဒီကိစ္စမှာ ခင်ဗျားကို ဒုက္ခပေးရမယ်။ ဗိုလ်ချုပ်လီနဲ့ အခြားသူတွေနဲ့ ပူးပေါင်းပြီး စစ်သည်အသစ် တစ်သောင်း မြန်မြန်စုဆောင်းဖို့ လိုတယ်”
ဟု ပြောလိုက်သည်။
လုချန်း၏စကားကို ကြားလိုက်ရသောအခါ လိယုရီက ချက်ချင်းပင်
“ဟုတ်ကဲ့ မင်းသား”
ဟု ပြောလိုက်သည်။
လိယုရီသည် စိတ်ထဲတွင် သက်ပြင်းချလိုက်မိသည်။ မြောက်ပိုင်းနယ်စားမင်းသားအား တောင်ဘက်သို့ ဆုတ်ခွာဖို့ အကြံပြုရန် ရည်ရွယ်ထားသော်လည်း မြောက်ပိုင်းနယ်စားမင်းသား၏ လေသံများအရ ဆုတ်ခွာရန် ရည်ရွယ်ချက် မရှိဟု ထင်ရသည်။
အကယ်၍ အခုအချိန်တွင် တောင်ဘက်သို့ ဆုတ်ခွာရန် အကြံပြုပါက မြောက်ပိုင်းနယ်စားမင်းသားကို စိတ်ဆိုးစေမည် မဟုတ်ပါလား။ လိယုရီသည် စဉ်းစားမိသည်။ စစ်သည်အသစ် တစ်သောင်း စုဆောင်းခြင်းဖြင့် ဘာအကျိုးရှိမည်နည်း။ စစ်သည်တစ် သောင်းပင်မဟုတ် စစ်သည်အသစ်အင်အား သိန်းနှင့်ချီပြီး ရှိလျှင်ပင် လွင်ပြင်ဒေသ မျိုးနွယ်စုများ၏ သံမဏိမြင်းတပ်များကို မတားဆီးနိုင်ပါ။
သူထိုကဲ့သို့ စဉ်းစားမိသော်လည်း လိယုရီ ထိုအကြံကို တိုက်ရိုက်ထုတ်ပြောရန် မဝံ့ပါ။ အဘယ်ကြောင့်ဆိုသော် မြောက်ပိုင်းနယ်စားမင်းသားသည် နယ်စားတစ်ဦးဖြစ်ပြီးသူကိုယ်တိုင်မှာ မြောက်ပိုင်းမြို့တော်၏ အရာရှိမျှသာဖြစ်သည်။
ထိုအချိန်တွင် လုချန်းသည် စားပွဲပေါ်ရှိ မြေပုံကို ကြည့်ပြီး
“အမြှောက်တပ်ဖွဲ့ ဖွဲ့စည်းပြီးတာနဲ့ ကျွန်တော်က မြောက်ပိုင်းနယ်စားမင်းသားစံအိမ်ရဲ့ လက်နက်အသစ်တွေကို ခင်ဗျားတို့ကို ပြမယ်” ဟု ပြောလိုက်သည်။
ထိုစကားကို ကြားလိုက်ရသောအခါ လူတိုင်းသည် ပို၍ပင် စူးစမ်းလိုစိတ်များ ဖြစ်လာကြသည်။ မြောက်ပိုင်းနယ်စားမင်းသားသည် သူ၏လက်နက်အသစ်များအပေါ် အလွန်ယုံကြည်မှုရှိပုံရ၏။ မည်သည့်လက်နက်အသစ်များက မြောက်ပိုင်းနယ်စားမင်းသားအား ရန်ခရိုင်တွင် လွင်ပြင်ဒေသ မျိုးနွယ်စုများ၏ တပ်များကို တိုက်ခိုက်ရန် သတ္တိများပေးနေသည်ကို သိလိုစိတ် ဖြစ်လာကြသည်။
သူတို့ သိလိုစိတ်ပြင်းပြနေကြသော်လည်း ဆက်လက်မေးမြန်းခြင်း မပြုကြပါ။ မြောက်ပိုင်းနယ်စားမင်းသားက သူတို့ကို ပြမည်ဟု ပြောထားပြီးဖြစ်သည်။ လက်ရှိအဓိကတာဝန်မှာ စစ်သည်များ စုဆောင်းရေးကို အမြန်ဆုံးပြီးအောင် လုပ်ဆောင်ရန်နှင့် စစ်တပ်အသစ်ကို အမြန်ဆုံးဖွဲ့စည်းရန် ဖြစ်သည်။
မြောက်ပိုင်းဒေသ လွင်ပြင်ဒေသ မျိုးနွယ်စုများ၏ နန်းတွင်းတွင် ကျယ်ပြန့်သော မြက်ခင်းပြင်များပေါ်တွင် အရွယ်အစားအမျိုးမျိုးရှိသော မွန်ဂိုးလီးယား ရွက်ဖျင်တဲများ ဖြန့်ကျက်လျက်ရှိသည်။
ဗဟိုနှင့် နီးလာသည်နှင့်အမျှ မွန်ဂိုးလီးယားရွက်ဖျင်တဲများသည် ပို၍ကြီးမားလာပြီး အကြီးဆုံးတဲမှာ လွင်ပြင်ဒေသ မျိုးနွယ်စုများ၏ ဘုရင်ကြီးတစ်ပါး အပိုင်ဖြစ်သည်။
လွင်ပြင်ဒေသ မျိုးနွယ်စုများသည် မြက်ခင်းလွင်ပြင်များပေါ်တွင် ကျယ်ပြန့်စွာ ပျံ့နှံ့နေပြီးစုစုပေါင်း ဘုရင်ခုနစ်ပါးဖြင့် ဖွဲ့စည်းထားသည်။ မြောက်ပိုင်းမြို့တော်၏ ကပ်လျက်မြောက်ဘက်တွင် တည်ရှိသော ကောင်းကင်ဝံပုလွေဘုရင်သည် မြောက်ပိုင်းမြို့တော်ကို တိုက်ခိုက်ရန် ပြင်ဆင်နေပြီး မြောက်ပိုင်းမြို့တော်တွင် နိုင်ငံတစ်ခုထူထောင်ရန် စီစဉ်နေသူဖြစ်သည်။
ထိုအချိန်တွင် တိရစ္ဆာန်အရေခွံ ဝတ်စုံကိုဝတ်ဆင်ထားသော အမျိုးသမီးတစ်ဦးသည် သူမ၏မြင်းကို စီးပြီး ရွက်ဖျင်တဲ အစုအဝေး၏ အလယ်ဗဟိုသို့ ရောက်ရှိလာခဲ့သည်။ သူမ၏အသားအရေမှာ ဖြူစင်ပြီး မျက်နှာမှာ နုနယ်လှပနေကာ မြက်ခင်းလွင်ပြင် ဒေသတွင် နေထိုင်သူတစ်ဦးဟု လုံးဝ ထင်မှတ်၍ မရနိုင် ပေ။
မြင်းပေါ်မှ ဆင်းလာပြီးနောက် သူမသည် ချက်ချင်းပင် သူမ၏ အစေခံကို
“ဝူယွမ် ပြန်လာပြီလား”
ဟု မေးမြန်းလိုက်သည်။
သူမ၏ဘေးမှ မျက်နှာတွင် အက္ခရာများ ထွင်းထားသော အစေခံက ချက်ချင်းပင်
“ပြန်လာပါပြီ၊ မင်းသမီး”
ဟု ပြန်လည်ဖြေကြားလိုက်သည်။
ထိုစကားကို ကြားလိုက်ရသောအခါ အမျိုးသမီးသည် စိတ်လှုပ်ရှစွာဖြင့် အကြီးဆုံးရွက်ဖျင်တဲ၏ဘေးရှိ ပိုမိုသေးငယ်သော မွန်ဂိုးလီးယား ရွက်ဖျင်တဲထဲသို့ ခပ်မြန်မြန်သွားပြီး တဲကန့်လန့်ကာကို ဖွင့်လိုက်၏။ ထိုအခါ သူမအခုနက ပြောနေခဲ့သော လူတကယ်ပင် ပြန်လာပြီဖြစ်ကြောင်း တွေ့ရှိလိုက်သည်။
ထိုအချိန်တွင် ဝူယွမ်ဟုခေါ်သော လူသည် မြေပြင်ပေါ်တွင် ဒူးထောက်နေပြီး အသက်ရှူမှားလောက်အောင် လှပသော အမျိုးသမီးတစ်ဦးထံ ထောက်လှမ်းရေးသတင်းအချို့ကို တင်ပြနေသည်။
ရွက်ဖျင်တဲအတွင်း၌ အလွန်လှပသော အမျိုးသမီးတစ်ဦးသည် အိပ်ရာပေါ်တွင် ထိုင်နေပြီး သူမ၏ ရှည်လျားဖြူစင်သော ခြေထောက်များကို ဖော်ထားသည်။ သူမသည် ခမ်းနားသော သားမွေး အဝတ်အစားများကို ဝတ်ဆင်ထားပြီး သူမ၏ခန္ဓာကိုယ်တစ်ခုလုံးတွင် တောက်ပသော လက်ဝတ်ရတနာများဖြင့် ဆင်ယင်ထားကာ ဆွဲဆောင်မှုရှိလှသော အသွင်အပြင်ကို ပြသနေသည်။
သူမသည် လွင်ပြင်ဒေသ မျိုးနွယ်စုများ၏ ဤမျိုးနွယ်ခွဲတွင် အရေးအပါဆုံးသော အမျိုးသမီး တစ်ဦးဖြစ်ပြီး ယခင်ကောင်းကင်ဝံပုလွေဘုရင်၏ ဇနီးဖြစ်သည်။ လွင်ပြင်ဒေသ မျိုးနွယ်စုများ၏ ဓလေ့ထုံးတမ်းအရ ယခင်ကောင်းကင်ဝံပုလွေဘုရင် ကွယ်လွန်ပြီးနောက် သူမသည် လက်ရှိကောင်းကင်ဝံပုလွေဘုရင်နှင့် လက်ထပ်ရမည်ဖြစ်သည်။
သို့သော် အကြောင်းအမျိုးမျိုးကြောင့် သူမလက်မထပ်ရသေးပါ။လက်ရှိကောင်းကင်ဝံပုလွေဘုရင်က မြောက်ပိုင်းမြို့တော်ကို သိမ်းပိုက်ပြီး နိုင်ငံတစ်ခုထူထောင်နိုင်ပါက သူမသည် သူနှင့်လက်ထပ်ကာ သူမ၏မိဖုရားဖြစ်လာမည်ဟု ကတိပေးထားပြီးဖြစ်သည်။
ထိုအချိန်တွင် တဲအတွင်းသို့ ဝင်လာသော အမျိုးသမီးက
“မိဖုရားကို ဦးညွှတ်ပါတယ်”
ဟု အရိုအသေပြု လိုက်သည်။
သူတို့ရှေ့မှာရှိနေသော အလွန်လှပသည့် အမျိုးသမီးသည် လက်ရှိကောင်းကင်ဝံပုလွေဘုရင်နှင့် လက်မထပ်ရသေးသော်လည်း လူတိုင်းက သူမကို မိဖုရားအဖြစ် အသိအမှတ်ပြုကြသည်။
ရဲလိနန်ရန်က ရှောင်ဝမ်ယောင်ကို တစ်ချက် ကြည့်လိုက်ပြီးနောက်
“ထပါ”
ဟု ခပ်တိုးတိုးပြောလိုက်သည်။
ရဲလိနန်ရန်၏ အသံသည် မယုံနိုင်လောက်အောင် နူးညံ့သိမ်မွေ့သည်။ နွေဦးရာသီ၏ လေပြေလေညှင်းကို ခံစားနေရသည့်အတိုင်း တစ်ဖက်လူကို ခံစားရစေသည်။ တဲအတွင်းသို့ ဝင်လာသော အမျိုးသမီးဖြစ်သည့် ရှောင်ဝမ်ယောင်သည် ယခုကောင်းကင်ဝံပုလွေဘုရင် ရှောင်ဟွန်ဗို၏ သမီးဖြစ်သည်။ မူလက သူတို့တွင် မျိုးရိုး နာမည်မရှိပါ။
သို့သော် ရှနိုင်ငံတော်ကို အတုယူလိုသည့်အတွက် ကောင်းကင်ဝံပုလွေဘုရင်၏ မျိုးနွယ်အားလုံးသည် မျိုးရိုးအမည်များ ယူထားပြီး ဘုရင့်မိသားစုသည် “ရှောင်” ဆိုသည့် အမည်ကို ခံယူထားသည်။
ရှောင်ဝမ်ယောင်ဟူသော အမည်ကိုလည်း မိဖုရား ရဲလိနန်ရန်က မကြာသေးမီက ပေးခဲ့ခြင်းဖြစ်သည်။ ရဲလိနန်ရန်သည် သူ့ရှေ့တွင် ရပ်နေသော လူကို အာရုံစိုက်လိုက်ပြီး မေးလိုက်သည်။
“မြောက်ပိုင်းမြို့တော်ရဲ့ မင်းသားက ကာမစိတ်ကြီးသူဖြစ်ပြီး မင်းသားစံအိမ်မှာပဲ ပျော်ပါးနေရင်း မြောက်ပိုင်းမြို့တော်ရဲ့ ကိစ္စတွေကို ဘယ်တုန်းကမှ မပါဝင်ခဲ့ဘူးလို့ ကြားတယ်။ အဲ့ဒါက အမှန်ပဲလား။”
ဝူယွမ်က
“ဟုတ်ပါသည်၊ မိဖုရား။”
ဟု ပြန်လည်ဖြေကြားလိုက်သည်။
ထိုလူ၏ အဖြေကို ကြားလိုက်ရသည်နှင့် ရဲလိနန်ရန်၏ မျက်နှာတွင် အပြုံးတစ်ခု ပေါ်လာသည်။
“အဲ့ဒီလိုဆိုရင် ကျွန်မတို့ ဘုရင်ကြီးရဲ့ တောင်ပိုင်းစစ်ဆင်ရေးမှာ မြောက်ပိုင်းမြို့တော်ကို လွယ်လွယ်ကူကူ သိမ်းပိုက်နိုင်မယ့် အခြေအနေတွင် ရှိတယ်ပေါ့။”
ဝူယွမ်က သတိပေးလိုက်သည်။
“မိဖုရား မြောက်ပိုင်းနယ်စားမင်းသားမှာ အစွမ်းမရှိပေမယ့် ရှနိုင်ငံတော်ရဲ့ တပ်မတော်က ဘေးက ကြည့်နေမှာ မဟုတ်ပါဘူး။ ဘုရင်ကြီးရဲ့ စစ်ဆင်ရေးစလိုက်တာနှင့် ရှနိုင်ငံတော်က မြောက်ပိုင်းကို ကြီးမားတဲ့တပ်တွေ စေလွှတ်မှာ သေချာပါတယ်။”
ရဲလိနန်ရန်က အေးဆေးစွာပြောလိုက်သည်။ “ရှနိုင်ငံတော်ရဲ့ တပ်တွေ ရောက်လာတဲ့ အခါတွင် ဘုရင်ကြီးက မြောက်ပိုင်းမြို့တော်မှာ ခိုင်ခိုင်မာမာ အခြေစိုက်နှင့်ပြီး ဖြစ်နေပါလိမ့်မယ်။ နောက်ပြီး ရှနိုင်ငံတော်မှာလည်း အတွင်းရေးပဋိပက္ခတွေ ပေါ်ပေါက်တော့မှာ။
ဆွမ်ဧကရာဇ်မှာ ကျွန်မတို့ကို ကိုင်တွယ်ဖို့ လုံလောက်တဲ့ အရင်းအမြစ် မရှိပါဘူး။”
ထိုအချိန်တွင် ရှောင်ဝမ်ယောင်က ဝင်ပြောလိုက်သည်။
“မိဖုရား အကယ်၍ ကျွန်မတို့ မြောက်ပိုင်းမြို့တော်ကို သိမ်းပိုက်မိပြီး မြောက်ပိုင်းနယ်စားမင်းသားကို ဖမ်းမိရင် ကျွန်မပေးနိုင်ပါလား။ သူက အလွန် ချောမောတယ်လို့ ကြားရတယ်။ သူ့ကို ကျွန်မရဲ့ အစေခံအဖြစ် ထားချင်ပါတယ်။”
.......