← Chapters

အခန်း ၇၃-၇၅

Vol. 5 Ch. 73-75

အခန်း ၇၃-၇၅

Vol. 5 Ch. 73-75

အခန်း (၇၃)

သူဘယ်လောက်ချောလဲ

ရှောင်ဝမ်ယောင်၏ စကားကို ကြားပြီးနောက် ရဲလိနန်ရန်၏ မျက်နှာပေါ်တွင် အပြုံးရိပ်တစ်ခု ပေါ်လာကာ ပြောလိုက်သည်။

“ယောင်ယောင် ဒါက ဖြစ်မလာနိုင်ဘူးထင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် သူက ရှနိုင်ငံတော်ရဲ့ မင်းသားတစ်ပါးပါ။ သူ့ကို ဖမ်းမိရင် ရှနိုင်ငံတော်နှင့် လဲလှယ်မှုတွေ ပြုလုပ်ရာမှာ အသုံးချနိုင်တယ်။ သူ့က တို့အတွက် အသုံးဝင်မှု ရှိနေသေးတယ်။”

ရှောင်ဝမ်ယောင်သည် နှုတ်ခမ်းကို စူပြလိုက်ပြီး ထပ်မပြောတော့ပေ။ အဘယ်ကြောင့်ဆိုသော် ရဲလိနန်ရန်သည် မိဖုရားဖြစ်ပြီး ကောင်းကင်ဝံပုလွေဘုရင် မျိုးနွယ်စုတွင် ဩဇာလွှမ်းမိုးမှု ကြီးမားသူဖြစ်သည်။

မိဖုရား၏ ခေါင်းဆောင်မှုကြောင့်သာ ကောင်းကင်ဝံပုလွေဘုရင် မျိုးနွယ်စုသည် လက်ရှိအရွယ်အစားသို့ ကြီးထွားလာပြီး အဆင့်မြင့် လက်နက်များကို ရရှိခဲ့သည်။

သူမသည် ရှနိုင်ငံတော်မှ တစ်ဆင့် တက်ကြွစွာ သင်ယူခဲ့ပြီး ရှနိုင်ငံတော်မှ လူများစွာကို လျှို့ဝှက်စွာ ဝယ်ယူခဲ့သည်။ ထိုလူများကို အသုံးပြုကာ ရှနိုင်ငံတော်နှင့် စီးပွားရေးဆိုင်ရာ ကုန်သွယ်မှုများကို ဆက်လက်လုပ်ဆောင်နေခဲ့သည်။ သူမရှေ့တွင် ဒူးထောက်နေသော ဝူယွမ်သည်လည်း ထိုသူများထဲမှ တစ်ဦးဖြစ်သည်။

သူမ၏ ခေါင်းဆောင်မှုအောက်တွင် ကောင်းကင်ဝံပုလွေဘုရင် မျိုးနွယ်စုသည် အခြားသော လွင်ပြင်ဒေသ မျိုးနွယ်စုများထက် အားနည်းခြင်း မရှိတော့ပဲ အချို့ထက်ပင် ပိုမိုအားကောင်းလာသည်။

မြောက်ပိုင်းမြို့တော်တွင် နိုင်ငံတစ်ခု တည်ထောင်ရန် စိတ်ကူးသည်လည်း ရဲလိနန်ရန်၏ အကြံဉာဏ်ဖြစ်သည်။ မြောက်ပိုင်းဒေသ၏ ရာသီဥတုသည် နှစ်စဉ် အအေးပိုလာပြီး လွင်ပြင်ဒေသ မျိုးနွယ်စုများ၏ လူဦးရေသည်လည်း အလျင်အမြန် တိုးပွားလာနေသည်ကို သူမ သတိထားမိသည်။ လက်ရှိ မြက်ခင်းဒေသများသည် ထိုမျှများပြားလာသော လူဦးရေကို ထောက်ပံ့နိုင်စွမ်း မရှိတော့ပေ။

ထို့အပြင် မြောက်ပိုင်းမြို့တော်သည်လည်း နှစ်စဉ် ပိုမိုဆင်းရဲလာပြီး မြောက်ပိုင်းမြို့တော်ကို ဝင်ရောက်လုယက်ပါကလည်း ရရှိလာသော အစားအစာများသည် မျိုးနွယ်စုအတွက် ကြာရှည်ခံမည် မဟုတ်ပေ။

အကောင်းဆုံးသော ဖြေရှင်းနည်းမှာ ရှနိုင်ငံတော်မှ သင်ယူကာ စိုက်ပျိုးရေးလုပ်ငန်းများ လုပ်ကိုင်ပြီး တိုးပွားလာသော လူဦးရေကို ထောက်ပံ့နိုင်ရန် ဖြစ်သည်။

ထို့အပြင် သူမသည် မြောက်ပိုင်းမြို့တော်တွင် တစ်ဧကလျှင် ပေါင်တစ်ထောင် ထွက်ရှိနိုင်သော ကောက်ပဲသီးနှံတစ်မျိုး ပေါ်ထွက်လာကြောင်း သိရှိခဲ့သည်။ အကယ်၍ ကောင်းကင်ဝံပုလွေဘုရင်သည် မြောက်ပိုင်းမြို့တော်ကို သိမ်းပိုက်ပြီး နိုင်ငံတစ်ခု တည်ထောင်နိုင်ပါက သူတို့၏ မျိုးနွယ်စုသည် ရေကြည်ရာ မြက်နုရာကို လိုက်လံရှာဖွေရန် မလိုတော့ဘဲ သူတို့၏ ဘဝများ သိသိသာသာ တိုးတက်လာမည် ဖြစ်သည်။

ကောင်းကင်ဝံပုလွေဘုရင် မျိုးနွယ်စုသည် လက်ရှိ အင်အားနှင့် အရွယ်အစားသို့ ရောက်ရှိလာခြင်းမှာ ရဲလိနန်ရန်၏ မူဝါဒများစွာကြောင့် ဖြစ်ပြီး သူမသည် မျိုးနွယ်စုအတွင်း အစားထိုးမရနိုင်သော ပုဂ္ဂိုလ်တစ်ဦး ဖြစ်လာသည်။ ထို့ကြောင့် လက်ရှိ ကောင်းကင်ဝံပုလွေဘုရင် ရှောင်ဟွန်ဗိုသည်လည်း သူမကို အထူးလေးစားသည်။

တကယ်တော့ ရဲလိနန်ရန်၏ အဆင့်အတန်းသည် အစကတည်းက မြင့်မားခဲ့သည်တော့ မဟုတ်ပါ။ သူမသည် ဆယ်ကျော်သက်အရွယ်တွင် အရင်ကောင်းကင်ဝံပုလွေဘုရင်နှင့် လက်ထပ်ခဲ့ရသည်။

သို့သော် ထိုအချိန်က အရင်ကောင်းကင်ဝံပုလွေဘုရင်သည် အိပ်ယာထဲ လဲနေပြီဖြစ်၏။ သူသည် မျိုးနွယ်စုကို စီမံခန့်ခွဲနိုင်စွမ်း မရှိတော့သော အသက်ကြီးပိုင်း ပုဂ္ဂိုလ်တစ်ဦး ဖြစ်နေခဲ့ပြီ ဖြစ်သည်။ ရဲလိနန်ရန်သည် သူ့အား မျိုးနွယ်စုကို စီမံခန့်ခွဲရာတွင် ကူညီခဲ့ပြီး အချိန်ကြာလာသည်နှင့်အမျှ သူမ၏ လက်ထဲတွင် အာဏာအများအပြား ရရှိလာခဲ့သည်။

ကောင်းကင်ဝံပုလွေဘုရင် ကွယ်လွန်ပြီးနောက် သားသမီးမရှိသဖြင့် ရဲလိနန်ရန်၏ ကြားဝင်စီမံမှုကြောင့် ကောင်းကင်ဝံပုလွေဘုရင် မျိုးနွယ်စုသည် ရှောင်ဟွန်ဗိုကို ကောင်းကင်ဝံပုလွေဘုရင်အသစ်အဖြစ် ရွေးချယ်ခဲ့သည်။

လက်ရှိ ကောင်းကင်ဝံပုလွေဘုရင်ကို ရဲလိနန်ရန်၏ အကူအညီဖြင့် ရွေးချယ်ခဲ့ခြင်းက သူမ၏ အာဏာကို နောက်တစ်ကြိမ် ခိုင်မာစေခဲ့သည်။ ထို့အပြင် ရဲလိနန်ရန်သည် အလွန်ထက်သော အမျိုးသမီးတစ်ဦး ဖြစ်သည်။ သူမသည် လက်ရှိ ကောင်းကင်ဝံပုလွေဘုရင်အား လေးစားမှုအပြည့်ပေးကာ အရေးကြီးကိစ္စများတွင် ဆုံးဖြတ်ချက်များ ချမှတ်ခွင့်ပြုခဲ့သည်။ သူမ၏ အာဏာကို လုံးဝစွန့်လွှတ်ထားသည့်ပုံစံ ဖြစ်စေခဲ့သည်။

ကောင်းကင်ဝံပုလွေဘုရင်က သူမအား လက်ထပ်လိုကြောင်း ပြောကြားသောအခါတွင်လည်း သူမက ငြင်းပယ်ခြင်း မပြုပဲ ပန်းတိုင်တစ်ခု သတ်မှတ်ပေးကာ ထိုပန်းတိုင်သို့ ရောက်ရှိပါက လက်ထပ်မည်ဟု ကတိပေးခဲ့သည်။

ရဲလိနန်ရန် အရင်ကောင်းကင်ဝံပုလွေဘုရင်နှင့် လက်ထပ်ခဲ့သည့်အချိန်က သူမသည် ဆယ်ကျော်သက်အရွယ်သာ ရှိသေးပြီး ယနေ့ထိတိုင် အပျိုစင်ဘဝဖြင့် ရှိနေဆဲဖြစ်သည်။ သူမသည် ကွယ်လွန်ပြီးသော လူတစ်ဦးအတွက် မုဆိုးမဘဝဖြင့် အချိန်ကြာမြင့်စွာ နေထိုင်ရန် မဖြစ်နိုင်ပေ။ သူမသည် တစ်ချိန်ချိန်တွင် လက်ထပ်ရန် အမှန်တကယ် စီစဉ်ထားသူလည်း ဖြစ်သည်။

လက်ရှိ ကောင်းကင်ဝံပုလွေဘုရင် ရှောင်ဟွန်ဗို၏ မျက်လုံးထဲတွင် ရဲလိနန်ရန်သည် သူ၏ မိန်းမ ဖြစ်ရမည်သာဖြစ်သည်။ ထို့ကြောင့်လည်း သူက သူမကို အလွန်အမင်း ယုံကြည်ကိုးစားသည်။ သူမနှင့် လက်မထပ်မီ မြောက်ပိုင်းမြို့တော်ကို သိမ်းပိုက်ရန်မှာ ရှောင်ဟွန်ဗိုအတွက်မူ ရဲလိနန်ရန်အား သူပေးရမည့် ပေးလက်ဆောင်တစ်ခုလို ဖြစ်နေသည်။

ထိုအခိုက်အတန့်တွင် ရဲလိနန်ရန်သည် ဒူးထောက်နေသော ဝူယွမ်အား ဆက်ပြောလိုက်သည်။

“ဝူယွမ်၊ ရှနိုင်ငံတော်မှာ သတင်းအချက်အလက် စုဆောင်းရတာ ရှင်ပင်ပန်းသွားပြီထင်တယ်။ ကောင်းကောင်း အနားသွားယူပါ။”

“မိဖုရား၊ ကျေးဇူးတင်ပါတယ်။”

ဝူယွမ်က ချက်ချင်းပြန်လည်ဖြေကြားလိုက်သည်။ ပြောပြီးသွားသည်နှင့် ဝူယွမ်သည် ထလိုက်ပြီး ရဲလိနန်ရန်၏ ရွက်ဖျင်တဲမှ ထွက်ခွာသွားသည်။ ဝူယွမ် ထွက်ခွာသွားသည်ကို မြင်လိုက်ရသည်နှင့် ရှောင်ဝမ်ယောင်က လျင်မြန်စွာပြောလိုက်သည်။

“မိဖုရား၊ ကျွန်မလည်း ခွင့်ပြုပါ။”

ထို့နောက် ရှောင်ဝမ်ယောင်သည်လည်း ရွက်ဖျင်တဲမှ ထွက်ခွာသွားသည်။ ရှောင်ဝမ်ယောင်သည် ရွက်ဖျင်တဲထဲမှ ထွက်လာသည်နှင့် ဝူယွမ်ကို ချက်ချင်း ခေါ်လိုက်သည်။

“ဝူယွမ်၊ ခဏစောင့်ပါ။”

ဝူယွမ်က ခြေလှမ်းများကို ရပ်တန့်လိုက်ပြီး ခေါင်းလှည့်ကာ ရိုသေစွာဖြင့် မေးလိုက်သည်။

“မင်းသမီး။ တစ်ခုခု လိုပါသလား။”

ရှောင်ဝမ်ယောင်က တိုက်ရိုက်မေးလိုက်သည်။

“ကျွန်မအတွက် ရေမွှေးနဲ့ ဆပ်ပြာတွေ ယူလာခဲ့တာ ရှိလား။”

ဝူယွမ်က ပြုံး၍ပြန် ပြောလိုက်သည်။

“မင်းသမီးရဲ့ အမိန့်ဖြစ်သည့်အတွက် ကျွန်တော် အလိုလို နာခံပြီးသားပါ။ ပစ္စည်း‌ တွေ လှည်းပေါ်မှာ ရှိပါတယ်။ ကျွန်တော် မင်းသမီးဆီကို ချက်ချင်းယူလာပါမယ်။”

ရှောင်ဝမ်ယောင်က ပြန်ပြောလိုက်သည်။

“မလိုတော့ပါဘူး၊ ကျွန်မလည်း ရှင်နဲ့အတူ လိုက်မယ်။ လမ်းမှာ ရှနိုင်ငံတော်အကြောင်း ကျွန်မကို ပြောပြပါ။”

ရဲလိနန်ရန်၏ လွှမ်းမိုးမှုကြောင့်လားမသိ ရှောင်ဝမ်ယောင်သည် ရှနိုင်ငံတော်၏ အကြောင်းအရာများကို အလွန်စိတ်ဝင်စားသည်။

ဝူယွမ်သည် ရှနိုင်ငံတော်မှ လာသူဖြစ်သည့်အတွက် သူ ရှနိုင်ငံတော်မှ ပြန်လာတိုင်း ရှောင်ဝမ်ယောင်သည် သူ့အား ရှာဖွေပြီး ရှနိုင်ငံတော်နှင့် ပတ်သက်သော အကြောင်းအရာများကို မေးမြန်းလေ့ရှိသည်။

ဥပမာအားဖြင့် ရှနိုင်ငံတော်တွင် မကြာသေးမီက ဖြစ်ပျက်ခဲ့သော ပျော်စရာကောင်းသည့် အဖြစ်အပျက်များ သို့မဟုတ် မင်းသားများနှင့် ပတ်သက်သော အတင်းအဖျင်းများကို စသဖြင့် သူမ စိတ်ဝင်စားသည့် အကြောင်းအရာများကို ဝူယွမ်အား မေးမြန်းလေ့ရှိသည်။

ရှောင်ဝမ်ယောင်၏ စကားကို ကြားလိုက်ရသည်နှင့် ဝူယွမ်က ပြန်ပြောလိုက်သည်။

“ဟုတ်ကဲ့၊ မင်းသမီး။ မင်းသမီး သိလိုတာ‌ တွေကို ကျွန်တော့်ကို မေးမြန်းနိုင်ပါတယ်။”

လမ်းလျှောက်ရင်း ရှောင်ဝမ်ယောင်က မေးလိုက်သည်။

“လူတွေပြောနေကြတာက ရှနိုင်ငံတော်ရဲ့ မြောက်ပိုင်းနယ်စားမင်းသားက အင်မတန် ချောတယ်ဆိုတာ ဟုတ်လား။ သူ ဘယ်လောက်‌ ချောလှသလဲဆိုတာ ကျွန်မကို ပြောပြနိုင်မလား။”

ဒါက…

ရှောင်ဝမ်ယောင်၏ ပထမဆုံးမေးခွန်းကို ကြားလိုက်ရသည်နှင့် ဝူယွမ်သည် တုန်လှုပ်သွားခဲ့သည်။ ဝူယွမ်က ခဏတာမျှ တွေးတောနေလိုက်ပြီး ချက်ချင်းပြန် မဖြေပဲ နေလိုက်သည်။ ဝူယွမ် ချက်ချင်း ပြန်မဖြေသည်ကို တွေ့တော့ ရှောင်ဝမ်ယောင်က သူ့ဘက်သို့ လှည့်ကာ သိလိုစိတ်ပြင်းပြစွာဖြင့် ထပ်မေးလိုက်သည်။

“ရှင်ဘာဖြစ်သွားတာလဲ။ ဘာလို့ ပြန်မပြောတာလဲ။”

တွေးပြီးနောက် ဝူယွမ်က ပြောလိုက်သည်။ “မင်းသမီး၊ ကျွန်တော် မြောက်ပိုင်းနယ်စားမင်းသားကို ဘယ်လိုပြောပြရမှန်း တကယ်ကို မသိပါဘူး။”

“ရှနိုင်ငံတော်ရဲ့ အမျိုးသမီးတွေရဲ့ စံနှုန်းတွေနဲ့ ကြည့်မယ်ဆိုရင် မြောက်ပိုင်းနယ်စားမင်းသားဟာ တကယ်ကို ချောပါတယ်။ ဒါပေမယ့် လွင်ပြင်ဒေသက အမျိုးသမီးတွေရဲ့ ခင်ပွန်းရွေးချယ်မှု စံနှုန်းတွေနဲ့ ကြည့်မယ်ဆိုရင်တော့ မြောက်ပိုင်းနယ်စားမင်းသားဟာ နည်းနည်း ပိန်နေမယ်လို့ ထင်ပါတယ်။ မြောက်ပိုင်းနယ်စားမင်းသားဟာ သိုင်းပညာရှင်မဟုတ်ပါဘူး။ သူ့ရဲ့ ကိုယ်ခန္ဓာဟာ ကြံ့ခိုင်မှု မရှိပါဘူး။”

ဝူယွမ်၏ အဖြေကို ကြားလိုက်ရသည်နှင့် ရှောင်ဝမ်ယောင်၏ မျက်လုံးများတွင် အလင်းရောင်တစ်ခု ပေါ်လာပြီး ချက်ချင်းပြောလိုက်သည်။

“ကျွန်မက ကြံ့ခိုင်တောင့်တင်းလွန်းတဲ့ ယောက်ျားတွေကို မကြိုက်ပါဘူး။ လွင်ပြင်ဒေသက ယောက်ျားတွေ အားလုံးနီးပါးက တုတ်ခိုင်ပြီး အကောင်ကြီးကြီးနဲ့ ကြောက်စရာကောင်းနေတတ်တယ်။ အဲဒါကို ဘာကြိုက်စရာရှိလဲ။”

ရှောင်ဝမ်ယောင် မြောက်ပိုင်းနယ်စားမင်းသားအပေါ် အလွန်စိတ်ဝင်စားနေပုံရသည်ကို မြင်လိုက်ရသည်နှင့် ဝူယွမ်က ဆက်ပြောလိုက်သည်။

“မင်းသမီး။ မင်းသမီး သိထားရမှာက မြောက်ပိုင်းနယ်စားမင်းသားဟာ အလှအပကို အထူးနှစ်သက်ပါတယ်။ အကယ်၍ မင်းသမီးကို မြင်သွားရင် သူမင်းသမီး‌ ပေါ်က မျက်စိမခွာနိုင်အောင် ဖြစ်သွားမှာ အမှန်ပါပဲ။”

“မင်းသမီး မြောက်ပိုင်းနယ်စားမင်းသားအပေါ် စိတ်ဝင်စားတယ်ဆိုရင် ဘုရင်ကြီးရဲ့ မြောက်ပိုင်းမြို့တော်ကိုချီမယ့် တောင်ပိုင်းစစ်ဆင်ရေးဟာ မင်းသမီးအတွက် အခွင့်အရေးတစ်ခု ဖြစ်လာနိုင်ပါတယ်။”

ဝူယွမ်၏ စကားကို ကြားလိုက်ရသည်နှင့် ရှောင်ဝမ်ယောင်က သက်ပြင်းချလိုက်ပြီး ပြောလိုက်သည်။

“ရှင်ခုနက ကြားခဲ့သလိုပဲ။ မိဖုရားက မြောက်ပိုင်းနယ်စားမင်းသားဟာ အသုံးဝင်သေးတယ်လို့ ပြောထားတယ်။ တောင်ပိုင်းစစ်ဆင်ရေးမှာ မြောက်ပိုင်းနယ်စားမင်းသားကို ဖမ်းမိရင်တောင် သူက ကျွန်မကို လွှဲပေးမှာ မဟုတ်ဘူး။”

ဝူယွမ်၏ မျက်နှာပေါ်တွင် အပြုံးရိပ်တစ်ခု ပေါ်လာ၏။ မူလက ရှောင်ဝမ်ယောင်ကို မြောက်ပိုင်းမြို့တော်ကို တိုက်ရိုက်သွားဖို့ တိုက်တွန်းရန် ရည်ရွယ်ခဲ့သော်လည်း ပြန်စဉ်းစားပြီးနောက် မလုပ်ဖြစ်တော့ပေ။ ယခုအချိန်မှာ အရေးကြီးသော အချိန်ကာလဖြစ်ပြီး အပိုလုပ်ရပ်များသည် သံသယများကို ဖြစ်ပေါ်စေနိုင်ကာ အကျိုးထက် အပြစ်ပိုများစေနိုင်သည်။

ခဏအကြာတွင် ဝူယွမ်က ထပ်လောင်းပြောလိုက်သည်။

“မင်းသမီး။ စိတ်မပူပါနဲ့။ မင်းသမီး မြောက်ပိုင်းနယ်စားမင်းသားနဲ့ နှစ်ယောက်တည်း ဖြစ်နေဖို့ အခွင့်အရေးက အမြဲရှိပါလိမ့်မယ်။”

ရှောင်ဝမ်ယောင်က ပြောလိုက်သည်။

“အဲဒါတွေကို မပြောတော့ပါဘူး။ ဒါနဲ့ ရေမွှေးနဲ့ ဆပ်ပြာလုပ်နည်းတွေကို ရှင်သိလား။”

“ကျွန်မက အဲ့ဒါတွေ ကုန်သွားတိုင်း ရှနိုင်ငံတော်ကနေ ရှင်ဝယ်လာဖို့ စောင့်နေရတာ အရမ်းပဲ စိတ်ညစ်စရာကောင်းတယ်။ ကိုယ်တိုင်လုပ်လိုက်ရင် ပိုကောင်းမယ်။”

ဝူယွမ်က ရှင်းပြလိုက်သည်။

“မင်းသမီး။ ခွင့်လွှတ်ပါ။ ရေမွှေးနဲ့ ဆပ်ပြာလုပ်နည်းကို မြောက်ပိုင်းနယ်စားမင်းသားစံအိမ်ကသာ သိပါတယ်။ သူတို့က ကုန်ချောတွေကိုပဲ ရောင်းချပြီး ဆပ်ပြာနဲ့ ရေမွှေးလုပ်နည်းကို ဘယ်တော့မှ မပြောပြပါဘူး။”

ဝူယွမ်၏ စကားကို ကြားလိုက်ရတော့ ရှောင်ဝမ်ယောင် ခဏငြိမ်သွားသည်။

“မြောက်ပိုင်းနယ်စားမင်းသားစံအိမ်လား။”

ဝူယွမ်က ထပ်လောင်းပြောလိုက်သည်။

“ဟုတ်ပါတယ်။ ဒီပစ္စည်းနှစ်မျိုး ဖြစ်တဲ့ရေမွှေးနဲ့ ဆပ်ပြာတို့ဟာ တကယ်တော့ မြောက်ပိုင်းနယ်စားမင်းသားကိုယ်တိုင် တီထွင်ခဲ့တာပါ။”

“ နောက်ပြီး ဒီတစ်ခါ ကျွန်တော်က မင်းသမီးအတွက် ရနံ့ဆပ်ပြာလို့ခေါ်တဲ့ ပစ္စည်းအသစ်တစ်ခု ယူလာခဲ့ပါတယ်။ ဒါကိုလည်း မြောက်ပိုင်းနယ်စားမင်းသားစံအိမ်က ထုတ်လုပ်တာပါ။ ရနံ့ဆပ်ပြာဟာ သာမန်ဆပ်ပြာထက် ပိုကောင်းပါတယ်၊ မင်းသမီး အသုံးပြုပြီးရင် ကြိုက်နှစ်သက်မယ်လို့ ကျွန်တော် အာမခံပါတယ်။”

.....

အခန်း (၇၄) မြောက်ပိုင်းဖရီဘုရင်နဲ့ လက်မထပ်နဲ့ သမီး

ဝူယွမ်၏စကားကို ကြားပြီးနောက် ရှောင်ဝမ်ယောင်သည် မြောက်ပိုင်းနယ်စားမင်းသားအပေါ် ပို၍ပင် စူးစမ်းလိုစိတ်များ ဖြစ်လာသည်။ မကြာသေးမီက သူမ၏ဖခင်သည် မြောက်ပိုင်းမြို့တော်ကို တိုက်ခိုက်ရန် စီစဉ်နေသောကြောင့် သူမသည် မြောက်ပိုင်းနယ်စားမင်းသားနှင့်ပတ်သက်သော အကြောင်းအရာများကို မကြာခဏ ကြားနေရသည်။

ဤသည်မှာ ရှောင်ဝမ်ယောင် မြောက်ပိုင်းနယ်စားမင်းသားအပေါ် ရုတ်တရက် စိတ်ဝင်စားလာရသည့် အကြောင်းရင်းများထဲမှ တစ်ခုဖြစ်သည်။

တစ်ဖက်တွင် သူမသည် “မြောက်ပိုင်းနယ်စားမင်းသား” ဟူသော အမည်ကို မကြာခဏ ကြားသိရပြီး အခြားတစ်ဖက်တွင် သူမသည် နုနယ်သောပုံစံရှိသည့် အစေခံ တစ်ဦးလိုနေသည်။ ဆိုလိုသည်မှာ ချောမောလှပသော ယောက်ျားလေးတစ်ဦးကို လိုချင်နေခြင်းဖြစ်သညါ။

ထို့အပြင် သူမ အစေခံ၏ အဆင့်အတန်းသည် အလွန်မနိမ့်ကျသင့်ဟု သူမထင်သည်။ အဆင့်အတန်းနိမ့်သူတစ်ဦးကို သိမ်းပိုက်ရခြင်းက အောင်မြင်မှု၏ အရသာ မရှိပါ။ မြောက်ပိုင်းနယ်စားမင်းသားသည် အသုံးမကျသော မင်းသားတစ်ဦးဖြစ်သည်ဟု သတ်မှတ်ထားသောကြောင့် သူမ၏စိတ်ထဲတွင် အကြံတစ်ခု ပေါ်ပေါက်လာသည်။

မူလက မြောက်ပိုင်းနယ်စားမင်းသားသည် အပျော်အပါးကိုသာသိသော မင်းသားတစ်ဦးသာဖြစ်သည်ဟု သူမထင်ခဲ့သော်လည်း ဝူယွမ်၏စကားများက မြောက်ပိုင်းနယ်စားမင်းသားသည် အသုံးဝင်နိုင်သေးသည်ဟု သူမကို သိစေခဲ့သည်။

သူမသည် မြောက်ပိုင်းနယ်စားမင်းသားစံအိမ်မှ ရေမွှေးနှင့် ဆပ်ပြာများကို အလွန်သဘောကျသည်။ ရေမွှေးသည် သူမ၏သားမွှေးဝတ်စုံမှ အနံ့ကို ဖုံးကွယ်ပေးနိုင်ပြီး ဆပ်ပြာသည် သူမ၏ခန္ဓာကိုယ်ကို သန့်စင်ပေးနိုင်သည်။

ယခု ထိုပစ္စည်းနှစ်မျိုးသည် သူမအတွက် မရှိမဖြစ် ဖြစ်နေပြီဖြစ်သည်။ မြောက်ပိုင်းနယ်စားမင်းသားသည် ထိုပစ္စည်းနှစ်မျိုးကို ဖန်တီးခဲ့သည်ဟု သိလိုက်ရသောအခါ သူမသည် မြောက်ပိုင်းနယ်စားမင်းသားကို ဖမ်းဆီးပြီး သူမ၏ ‌အ‌စေခံအဖြစ် ပြောင်းလဲရန် ဆန္ဒပိုမိုပြင်းပြလာသည်။

ရှောင်ဝမ်ယောင်က

“ဒါဆို မြောက်ပိုင်းနယ်စားမင်းသားဟာ လုံးဝအသုံးမကျတဲ့သူတော့ မဟုတ်ဘူးပေါ့”

ဟု မှတ်ချက်ပေးလိုက်သည်။

စူးစမ်းလိုစိတ်ဖြင့် သူမက

“ဒါနဲ့ ရေမွှေးဆပ်ပြာဆိုတာ ဘာလဲ”

ဟု မေးလိုက်သည်။

ဝူယွမ်က

“ရေမွှေးဆပ်ပြာကို ရေချိုးရာမှာ အဓိက သုံးပါတယ်။ ရေချိုးပြီး ခန္ဓာကိုယ်ပေါ်မှာ မွှေးကြိုင်တဲ့ ရနံ့က ကြရှည်စွာ စွဲကျန်နေစေပါတယ်။”

ဟု ရှင်းပြလိုက်သည်။

ရှောင်ဝမ်ယောင်က

“ဒါဆို ရေမွှေးနဲ့ အတူတူပဲလား”

ဟု မေးလိုက်သည်။

“မင်းသမီး၊ ရေမွှေးကို အချိန်မရွေး ဆွတ်နိုင်ပေမယ့် ခန္ဓာကိုယ်ကို သန့်စင်ပေးနိုင်ခြင်းတော့ မရှိပါဘူး။ ဆပ်ပြာကတော့ ကွဲပြားပါတယ်။ ဆပ်ပြာက ခန္ဓာကိုယ်ပေါ်က အညစ်အကြေးတွေကို သန့်စင်ပေးပါတယ်” ဝူယွမ်က ပြန်လည်ဖြေကြားလိုက်သည်။

နားလည်သလို ရှိသော်လည်း သိပ်နားမလည်ဖြစ်နေသော ရှောင်ဝမ်ယောင်က

“ဒါဆို ဆပ်ပြာနဲ့ အတူတူပဲလား”

ဟု ပြောလိုက်သည်။

ဝူယွမ်သည် အတော်လေး စကားမပြောနိုင်တော့ပဲ ခဏအကြာတွင်

“မင်းသမီး။ ဆပ်ပြာကို အဝတ်အစားသန့်စင်ဖို့ပဲ အသုံးပြုပါတယ်။ ရေချိုးဖို့အတွက် အသုံးမပြုပါဘူး”

ဟု ပြောလိုက်သည်။

ရှောင်ဝမ်ယောင်သည် ဝူယွမ်၏ရှင်းပြချက်ကို လုံးဝဂရုမစိုက်ပဲ

“ဘာပဲဖြစ်ဖြစ်၊ ခန္ဓာကိုယ်ပေါ်က အညစ်အကြေးတွေကို သန့်စင်ပေးနိုင်ရင် ရပြီမဟုတ်လား”

ဟု ပြောလိုက်သည်။

ရှောင်ဝမ်ယောင်က ထိုမျှခိုင်မာစွာ ပြောနေသည်ကို မြင်သောအခါ ဝူယွမ်သည် သူမကို နောက်ထပ်ပြင်ဆင်ပေးရန် စိတ်မကူးတော့ပါ။ သူမ စိတ်ချမ်းသာလျှင် အဆင်ပြေပြီဖြစ်သည်။

သူတို့ဆက်လျှောက်သွားပြီး ဝူယွမ်၏ ကုန်တင်လှည်းတန်းရှေ့သို့ ရောက်ရှိလာကြသည်။ ထိုအချိန်တွင် ဝူယွမ်၏ ကုန်တင်လှည်းတန်းသည် ရှနိုင်ငံတော်မှ လဲလှယ်ထားသော ကုန်ပစ္စည်းအမျိုးမျိုးဖြင့် ပြည့်နှက်နေသည်။

ရဲလိနန်ရန်သည် ရှနိုင်ငံတော်၏ ကုန်သည်များကို စည်းရုံးပြီးနောက် ရှနိုင်ငံတော်၏ ကုန်သည်အချို့သည် လွင်ပြင်ဒေသ မျိုးနွယ်စုများနှင့် ကုန်သွယ်လာကြသည်။

အစတွင် သူတို့သည် ဆားနှင့် လက်ဖက်ခြောက်ကဲ့သို့သော သာမန်ပစ္စည်းများကိုသာ လဲလှယ်ကြသည်။ တဖြည်းဖြည်း ကုန်သွယ်မှု ပိုမိုများပြားလာသည်နှင့်အမျှ လွင်ပြင်ဒေသ မျိုးနွယ်စုများသည် ရှနိုင်ငံတော်မှ သံများကို တိုက်ရိုက်ဝယ်ယူလာကြပြီး၊ နောက်ပိုင်းတွင် လက်နက်နှင့် သံချပ်ကာဝတ်စုံများကိုပါ ဝယ်ယူလာကြသည်။

ကောင်းကင်ဝံပုလွေဘုရင်၏ လက်ရှိအင်အားသည် ရှနိုင်ငံတော်၏ ဤကုန်သည်များနှင့် များစွာဆက်စပ်နေသည်။ ဝူယွမ်သည် ချက်ချင်းပင် လှည်းတစ်စီးထံသို့ ချဉ်းကပ်သွားပြီး လှည်းထဲတွင် ရှာဖွေကာ ရေမွှေးဆပ်ပြာတစ်တုံးကို ထုတ်ယူပြီး ရှောင်ဝမ်ယောင်ကို ထုတ်ပြလိုက်သည်။

“မင်းသမီး။ ဒါက ရေချိုးသုံး ရေမွှေးဆပ်ပြာပါ။”

“မင်းသမီး၊ ကျေးဇူးပြုပြီး နောက်ပိုင်းမှာ ဆပ်ပြာဖြင့် ရေမချိုးပါနှင့်။ ခန္ဓာကိုယ်အတွက် မကောင်းပါဘူး။ အရေပြားကို ထိခိုက်စေနိုင်ပါတယ်။”

ဝူယွမ်၏ရှင်းပြချက်ကို ကြားလိုက်ရသောအခါ ရှောင်ဝမ်ယောင်သည် သူ၏လက်မှ ရေမွှေးဆပ်ပြာကို ယူလိုက်ပြီး စူးစမ်းလိုစိတ်ဖြင့် ကြည့်နေသည်။ ဆပ်ပြာကို နှာခေါင်းနားသို့ မကပ်မိပင် သူမသည် မွှေးကြိုင်သောအနံ့ကို ရနေပြီးဖြစ်သည်။ ထို့နောက် ဆပ်ပြာကို စိတ်လှုပ်ရှစွာဖြင့် နှာခေါင်းနားကပ်၍ ရှူရှိုက်ကြည့်ပြီး

“တကယ်ပဲ အနံ့က ကောင်းတယ်”

ဟု စိတ်လှုပ်ရှစွာ ပြောလိုက်သည်။

“မြောက်ပိုင်းနယ်စားမင်းသားက အမျိုးသမီးသုံး ပစ္စည်းတွေကို အထူးဂရုစိုက်ပုံရတယ်။ အကယ်၍ သူ့ကို အစေခံအဖြစ် သိမ်းပိုက်နိုင်မယ်ဆိုရင် နောက်ပိုင်းကျ အမျိုးသမီးတွေအတွက် ပိုပြီးအသုံးဝင်တဲ့ ပစ္စည်းတွေကို ဖန်တီးပေးနိုင်မှာပဲ။”

ဆပ်ပြာသည် အမျိုးသားနှင့် အမျိုးသမီးနှစ်မျိုးလုံးအတွက် ဖြစ်ကြောင်း ဝူယန်ပြောလိုသော်လည်း မပြောဖြစ်တော့ပါ။ ရိုးသားသောနုံအသော မင်းသမီးလေး ပျော်ရွှင်နေဖို့သာ အရေးကြီးသည်။

ထိုအချိန်တွင် လူတစ်ဦးသည် ရှောင်ဝမ်ယောင်ထံ ချဉ်းကပ်လာပြီး

“မင်းသမီး၊ ဘုရင်ကြီး ခေါ် ‌‌နေပါတယ်” ဟု သတင်းပို့သူက ပြောလိုက်သည်။

ထိုအခါ ရှောင်ဝမ်ယောင် ခဏငြိမ်သက်သွားပြီး

“ဖခင်က ကျွန်မကို ဘာလို့ခေါ်တာလဲ”

ဟု မေးလိုက်သည်။

“မသိပါဘူး၊ မင်းသမီး။ မင်းသမီး ရောက်ရင် သိမှာပါ”

ဟု ပြန်လည်ဖြေကြားလိုက်သည်။

ရှောင်ဝမ်ယောင်သည် ထို့နောက် ဆပ်ပြာကို ဝူယွမ်ထံ ပေးလိုက်ပြီး

“ဝူယွမ်၊ ဒီပစ္စည်းတွေကို ကျွန်မနေတဲ့နေရာကို ပို့ပေးပါ”

ဟု ပြောလိုက်သည်။

ဝူယွမ်က

“ဟုတ်ကဲ့၊ မင်းသမီး”

ဟု ရိုသေစွာ ပြန်လည်ဖြေကြားလိုက်သည်။

ဝူယွမ် နှင့်စကားပြောပြီးနောက် ရှောင်ဝမ်ယောင်သည် ပျော်ရွှင်စွာဖြင့် ဘုရင်၏တဲဆောင်သို့ သွားလိုက်သည်။ ထိုတဲဆောင်သည် ကောင်းကင်ဝံပုလွေဘုရင်၏ အကြီးဆုံး ရွက်ဖျင်တဲဖြစ်သည်။ ရွက်ဖျင်တဲ အတွင်းသို့ ဝင်လိုက်သောအခါ ရှောင်ဝမ်ယောင်သည် ယခင်က မမြင်ဖူးသော လူများစွာ အထဲတွင် ထိုင်နေသည်ကို တွေ့ရှိလိုက်သည်။

အလယ်တွင် ထိုင်နေသူမှာ အရပ်ရှည်ပြီး ခန္ဓာကိုယ်ကြီးမားကာ သူ၏နဖူးက ငေါထွက်နေ၏။ ထိုသူမှာ ရှောင်ဝမ်ယောင်၏ဖခင် လက်ရှိကောင်းကင်ဝံပုလွေဘုရင် ရှောင်ဟွန်ဗို ဖြစ်သည်။

ရှောင်ဝမ်ယောင် ဝင်လာသောအခါ ရှောင်ဟွန်ဗိုက စကားစပြောမည့်‌ တော့မည့်အချိန်တွင် သူမက

“ဖခင်၊ ကျွန်မနဲ့ ဘာကိစ္စ ဆွေးနွေးချင်တာလဲ”

ဟု ချက်ချင်းမေးလိုက်သည်။

ရှောင်ဝမ်ယောင် အလိုအလျောက်မေးလာသည်ကို မြင်သောအခါ ရှောင်ဟွန်ဗိုက သွယ်ဝိုက်မနေတော့ပဲ တိုက်ရိုက်ပြောလိုက်သည်။

“ယောင်ယောင်၊ မင်းကြီးလာပြီ၊ လက်ထပ်ဖို့ အချိန်တန်ပြီ။”

ထိုစကားများသည် သူမအပေါ် မိုးကြိုးပစ်သကဲ့သို့ ထိမှန်သွားပြီး ရှောင်ဝမ်ယောင်ကို လုံးဝကြက်သေသေသွားစေခဲ့သည်။ အချိန်အတော်ကြာပြီးနောက် ရှောင်ဝမ်ယောင်သည် သတိပြန်ဝင်လာပြီး

“ဖခင် ကျွန်မ အရွယ်မရောက်သေးပါဘူး။ ဖခင်ကို ခွဲခွာရမှာကို မခံစားနိုင်ပါဘူး။ ဖခင်ဘေးမှာ ဆက်နေချင်ပါတယ်”

ဟု အလျင်အမြန် ပြောလိုက်သည်။

ရှောင်ဝမ်ယောင်သည် အနည်းငယ် ရိုးသားနုံအ သော်လည်း သူမသည် ရူးနေသူတစ်ဦးတော့ မဟုတ်ပါ။ သူမလို အဆင့်အတန်းမျိုး ရှိသူတစ်ဦး အနေနှင့် အခြားမျိုးနွယ်စုတစ်ခုနှင့် လက်ထပ်ပြီး နိုင်ငံရေးပူးပေါင်းဆောင်ရွက်မှုတွင် ကိရိယာတစ်ခုဖြစ်လာနိုင်ချေများစွာ ရှိသည်။

မိဖုရားကို ကြည့်ရုံဖြင့် နားလည်နိုင်သည်။ ရွံစရာကောင်းသော အသက်ကြီးကြီးယောက်ျားတစ်ဦးနှင့် လက်ထပ်ပြီး သူ၏လိုအပ်ချက်တိုင်းကို ဖြည့်ဆည်းပေးနေရသည်။ ရဲလိနန်ရန်သည် ကံကောင်းသူတစ်ဦးဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သူမသည် သူမအတွက် ကြီးမားသော အာဏာကို စုစည်းနိုင်ခဲ့သည်။

အခြားအမျိုးသမီးများ၏ ကံကြမ္မာမှာ ကွဲပြားသည်။ ရှောင်ဝမ်ယောင်သည် ယခင်ကောင်းကင်ဝံပုလွေဘုရင်နှင့် လက်ထပ်ခဲ့သော အမျိုးသမီးများစွာကို မှတ်မိနေဆဲဖြစ်ပြီး သူတို့ထဲမှ အများစုသည် သေသည်အထိ စိတ်ဆင်းရဲသွား ခဲ့ရသည်။

အကယ်၍ ရဲလိနန်ရန်သည် ယခင်ကောင်းကင်ဝံပုလွေဘုရင်နှင့် သူ ကျန်းမာနေစဉ်တွင် လက်ထပ်ခဲ့ပါက သူမ၏ကံကြမ္မာမှာလည်း သိပ်ကောင်းမည် မဟုတ်ပါ။ ရှောင်ဝမ်ယောင်သည် လက်ထပ်ခြင်းကို အလွန်ကြောက်ရွံ့နေသည်။

ရှောင်ဝမ်ယောင် လက်ထပ်ရန် ဤမျှဆန့်ကျင်နေသည်ကို မြင်သောအခါ

ရှောင်ဟွန်ဗိုသည် ချက်ချင်းပင်

“ယောင်ယောင်၊ လွင်ပြင်ဒေသက အမျိုးသမီးများတွေက နင့်အရွယ်မှာ လက်ထပ်ရတာ ထုံးစံပဲ။ နင်က ငါ့သမီးဖြစ်ပေမယ့် ဒီဓလေ့ထုံးတမ်းက ကင်းလွတ်ခွင့် မရှိဘူး”

ဟု ပြောလိုက်သည်။

ဖခင်ဖြစ်သူက ဤမျှခိုင်မာစွာ ပြောဆို နေသည်ကို ကြားလိုက်ရသောအခါ သူမမည်မျှပြောပြောအကျိုးမရှိကြောင်း ရှောင်ဝမ်ယောင် သိလိုက်ရသည်။ ထို့ကြောင့် သူမသည် ကံကြမ္မာကို လက်ခံလိုက်ပြီး

“ဖခင်၊ ကျွန်မ နားလည်ပါတယ်”

ဟု ပြောလိုက်သည်။

သူမ၏သဘောတူညီချက်ကို ကြားလိုက်ရသောအခါ ရှောင်ဟွန်ဗို၏ တင်းမာနေသော မျက်နှာသည် ချက်ချင်းပင် လင်းထိန်လာပြီး

“မင်းက သဘောတူပြီဆိုတော့ ငါ မြောက်ပိုင်းမြို့တော်ကို သိမ်းပိုက်ပြီးတာနဲ့ မင်းက မြောက်ပိုင်းဖရီဘုရင်နဲ့ လက်ထပ်ပြီး သူ့ရဲ့မိဖုရားဖြစ်လာမယ်”

ဟု ပြုံးရင်း ပြောလိုက်သည်။

ထိုစကားများကို ကြားလိုက်ရသောအခါ၊ ရှောင်ဝမ်ယောင်၏မျက်နှာသည် လူသေလို ဖြူလျော်သွားခဲ့သည်။

မြောက်ပိုင်းဖရီဘုရင်သည် မြောက်ပိုင်းဒေသသို့ မကြာသေးမီကမှ ရောက်ရှိလာသူဖြစ်ပြီး လွင်ပြင်ဒေသ မျိုးနွယ်စုတစ်ခု၏ ခေါင်းဆောင်ဖြစ်သည်။

ချန်ယုဗဟိုအုပ်စုကဲ့သို့ ကြီးမားသည့်အာဏာစု ပြိုကွဲပြီးသွားနောက် လွင်ပြင်ဒေသ မျိုးနွယ်စုများသည် ခုနစ်စု ကွဲသွားပြီး သူတို့၏ကိုယ်ပိုင်နန်းတော်များနှင့် ဘုရင်များ ရှိလာကြသည်။ ထို့ကြောင့် ရှောင်ဟွန်ဗို၏မျိုးနွယ်စုအပါအဝင် မျိုးနွယ်စုတိုင်းသည် လွင်ပြင်ဒေသ မျိုးနွယ်စုများကို ယခင်ကဲ့သို့ ပြန်လည်ပေါင်းစည်းရန် ရည်မှန်းချက်ရှိကြသည်။

မြောက်ပိုင်းမြို့တော်ကို သိမ်းပိုက်ပြီးနောက် သူသည် သူ၏ကိုယ်ပိုင်နိုင်ငံကို တည်ထောင်မည်ဖြစ်သည်။ ထို့နောက် မြောက်ပိုင်းဖရီဘုရင်နှင့် သူမကို လက်ထပ်စေခြင်းဖြင့် သူ့ကိုပါ စည်းရုံးကာ နောက်ပိုင်းတွင် သူ့ကိုယ်သူ ချန်ယုမျိုးနွယ်စု‌ပေါင်း ခေါင်း‌ဆောင်အဖြစ် ကြေငြာပြီး အခြားမျိုးနွယ်စုများကို သစ္စာခံရန် တောင်းဆိုမည် ဖြစ်သည်။

ရှောင်ဟွန်ဗိုသည် လွင်ပြင်ဒေသ မျိုးနွယ်စု ခေါင်းဆောင်များထဲတွင် အလွန်ရည်မှန်းချက်ကြီးမားသော ဘုရင်တစ်ပါးဖြစ်သည်။

ထိုအချိန်တွင် ရှောင်ဝမ်ယောင်သည် ဒူးထောက်လိုက်ပြီး

“ဖခင်၊ ကျွန်မ တောင်းပန်ပါတယ်။ ကျွန်မ မြောက်ပိုင်းဖရီဘုရင်နဲ့ လက်မထပ်ချင်ပါဘူး”

ဟု ပြောလိုက်သည်။

ရှောင်ဝမ်ယောင်သည် မြောက်ပိုင်းဖရီဘုရင်မည်သူမည်ဝါဖြစ်သည်ကို ကြားဖူးသည်။ သူ၏မျိုးနွယ်စုသည် သူမတို့၏ မျိုးနွယ်စုနှင့် မတူပါ။ သူမတို့၏ မျိုးနွယ်စုသည် ရှနိုင်ငံတော်နှင့် မကြာခဏဆက်ဆံမှုရှိသောကြောင့် ရှနိုင်ငံတော်၏ ဓလေ့ထုံးတမ်းများစွာကို လက်ခံကျင့်သုံးလာကြသည်။

မြောက်ပိုင်းဖရီဘုရင်၏မျိုးနွယ်စုသည် ဆင်းရဲမွဲတေသည့်အပြင် သူတို့သည် အခုထိ လူသားစားခြင်း အလေ့အထကို ဆက်လက်ကျင့်သုံးနေဆဲဖြစ်သည်။ ထို့ပြင် မြောက်ပိုင်းဖရီဘုရင်ကိုယ်တိုင်မှာ အလွန်ရက်စက်သူတစ်ဦး ဖြစ်သည်။

ရှောင်ဝမ်ယောင်သည် မြောက်ပိုင်းဖရီဘုရင်နှင့် လက်ထပ်ပြီးနောက် သူမ ခံစားရမည့် လူမဆန်သော ဆက်ဆံခံရမှုများကို တွေးပင်မတွေးဝံ့ပါ။

.......

အခန်း (၇၅)

ကူညီနိုင်မယ့် ကျွန်တော့်သူငယ်ချင်းတစ်ယောက်ရှိတယ်

ရှောင်ဝမ်ယောင်သည် ကောင်းကင်ဝံပုလွေဘုရင် မျိုးနွယ်စုတွင် မင်းသမီးတစ်ပါးဖြစ်သော်လည်း မြောက်ပိုင်းဖရီဘုရင်၏ မျိုးနွယ်စုသို့ လက်ထပ်ပြီးနောက် သူမ၏ အဆင့်အတန်းသည် အတော်လေး ကွဲပြားသွားမည်ဖြစ်သည်။

လွင်ပြင်ဒေသ မျိုးနွယ်စုများတွင် အမျိုးသမီးများ၏ အဆင့်အတန်းသည် ယေဘုယျအားဖြင့် နိမ့်ကျလေ့ရှိသည်။ ရှောင်ဝမ်ယောင် ကောင်းကင်ဝံပုလွေဘုရင် မျိုးနွယ်စုတွင် အဆင့်အတန်း မြင့်မားရခြင်းမှာ သူမ၏ ဖခင်သည် မျိုးနွယ်စု၏ ဘုရင်ဖြစ်နေသောကြောင့် ဖြစ်သည်။

ထို့အပြင် မိဖုရား ရဲလိနန်ရန်သည်လည်း သူမ၏ အာဏာကို တစ်ညတည်းဖြင့် ရရှိခဲ့ခြင်း မဟုတ်ပေ။ သူမသည်လည်း အရင်ကောင်းကင်ဝံပုလွေဘုရင်၏ ကျန်းမာရေး မကောင်းခြင်းကို အခွင့်ကောင်းယူကာ သူမ၏ လက်ထဲတွင် အာဏာများကို တဖြည်းဖြည်း စုစည်းနိုင်ခဲ့သည်။

ရှောင်ဝမ်ယောင်သည် လက်ထပ်ပြီးနောက် မြောက်ပိုင်းဖရီဘုရင်ထံမှ ရရှိခံစားရမည့် ညှင်းပန်းနှိပ်စက်မှုများကို တွေးမိတိုင်း သူမ၏ နုနယ်သော ခန္ဓာကိုယ်သည် အလိုလိုတုန်ယင်နေမိသည်။

ငိုယိုရင်း ရှောင်ဝမ်ယောင်က ပြောလိုက်သည်။

“ဖခင်၊ မြောက်ပိုင်းဖရီဘုရင်ရဲ့ အရင်မိဖုရားတွေက သဘာဝမကျတဲ့ သေဆုံးပုံမျိုးတွေနဲ့ ကွယ်လွန်ခဲ့ကြတာလို့ ကျွန်မ ကြားတယ်။ ကျွန်မက ငယ်သေးတယ် အခုလို မြန်မြန် မသေချင်သေးဘူး။”

သူမ၏ စကားကို ကြားလိုက်ရသည်နှင့် ရှောင်ဟွန်ဗိုသည် အလွန်ဒေါသထွက်သွားပြီး

“အဓိပ္ပာယ်မရှိတဲ့ စကားတွေ။ မြောက်ပိုင်းဖရီဘုရင်က လွင်ပြင်ဒေသ မျိုးနွယ်စုတွေထဲက ဘုရင်တစ်ပါးပဲ။ သူကနင်နှင့် လုံးဝလိုက်ဖက်တယ်။ နင်က ဘာကို မကျေနပ်သေးတာလဲ။”

“ဒီအတိုင်း ဆုံးဖြတ်လိုက်ပြီ။ ငါ မြောက်ပိုင်းမြို့တော်ကို သိမ်းပိုက်ပြီးတာနဲ့ နင့်ကို အဲဒီမှာ လက်ထပ်ခိုင်းမယ်။ ဘာမှထပ် ဆွေးနွေးစရာ မလိုတော့ဘူး။”

ဖခင်၏ ဆုံးဖြတ်ချက်ကို ကြားလိုက်ရသည်နှင့် ရှောင်ဝမ်ယောင်သည် ချက်ချင်းထပြီး ငိုယိုကာ ပြေးထွက်သွားသည်။ ရှောင်ဝမ်ယောင်သည် မြက်ခင်းလွင်ပြင်ပေါ်တွင် မရပ်မနား ဆက်ပြေးသွားပြီး နောက်ဆုံးတွင် မရပ်တန့်ခင်အထိ မည်မျှကြာကြာ ပြေးနေမိမှန်း သူမကိုယ်တိုင်လည်း မသိခဲ့ပေ။

ထိုအခိုက်အတန့်တွင် ဝူယွမ်သည် ရှောင်ဝမ်ယောင်၏ နံဘေးသို့ ရောက်ရှိလာပြီး မေးလိုက်သည်။

“မင်းသမီး၊ ဘာဖြစ်လို့ပါလဲ။”

ဝူယွမ်သည် အခြားသူများကို ပစ္စည်းများ ချခိုင်းနေစဉ် ရှောင်ဝမ်ယောင် ငိုယိုကာ ဘုရင့်ရွက်ဖျင်တဲမှ ပြေးထွက်လာသည်ကို ရုတ်တရက် သတိထားမိလိုက်သည်။ သတင်း အသစ်တစ်ခုခု ရှိနိုင်သည်ဟု ခန့်မှန်းမိပြီး ရှောင်ဝမ်ယောင်အား နှစ်သိမ့်ပေးဟန်ဆောင်ကာ သူမထံ ချဉ်းကပ်လာခြင်း ဖြစ်သည်။

မျက်ရည်များကို သုတ်လိုက်ရင်း ရှောင်ဝမ်ယောင်က ပြောလိုက်သည်။

“ဖခင်က ကျွန်မကို မြောက်ပိုင်းဖရီဘုရင်နဲ့ လက်ထပ်ခိုင်းနေတယ်။ ဒါပေမယ့် ကျွန်မက အဲဒီဘီလူးကြီးနဲ့ လက်မထပ်ချင်ဘူး။”

ဒါက…

ဝူယွမ်၏ ဦးနှောက်သည် ခဏတာ ရပ်တန့်သွား စေခဲ့သည်။

မြောက်ပိုင်းဖရီဘုရင် ကောင်းကင်ဝံပုလွေဘုရင်နှင့် မြောက်ပိုင်းဖရီဘုရင်တို့က မြောက်ပိုင်းမြို့တော်ကို တိုက်ခိုက်ဖို့ ပူးပေါင်းဆောင်ရွက်တော့မှာလား။

ဝူယွမ်သည် ခဏတာခန့် တွေးတောလိုက်သည်။ ဟုတ်ပါသည်။ အကယ်၍ ကောင်းကင်ဝံပုလွေဘုရင် မျိုးနွယ်စုတစ်ခုတည်းသာ ဖြစ်ပါက စစ်သည်သုံးသိန်းအထိ စုဆောင်းနိုင်မည် မဟုတ်ပေ။ သို့သော် လွင်ပြင်ဒေသ ဘုရင်နှစ်ပါး ပူးပေါင်းပါက ထိုကြီးမားသော စစ်တပ်ကို ရရှိနိုင်မည် ဖြစ်သည်။

အကယ်၍ ကောင်းကင်ဝံပုလွေဘုရင်သည် မြောက်ပိုင်းမြို့တော်ကို တိုက်ခိုက်ရန် မြောက်ပိုင်းဖရီဘုရင်ထံမှ အကူအညီတောင်းခံပါက သူ့အနေနှင့် အကျိုးအမြတ်အချို့ကို ပေးရမည်ဖြစ်ပြီး ရှောင်ဝမ်ယောင်သည် ထိုအထဲမှ တစ်ခုဖြစ်နိုင်သည်။

ဝူယွမ် တိတ်ဆိတ်နေသည်ကို မြင်လိုက်ရသည်နှင့် ရှောင်ဝမ်ယောင်က သူ့ဘက်သို့ ခေါင်းလှည့်ကာ ပြောလိုက်သည်။

“ဝူယွမ် ရှင်ကျွန်မကို ရှနိုင်ငံတော်ကို ထွက်ပြေးဖို့ ကူညီပေးနိုင်မလား။ ကျွန်မဘယ်လိုပဲဖြစ်ဖြစ် မြောက်ပိုင်းဖရီဘုရင်နဲ့ လက်မထပ်နိုင်ဘူး။ ကျွန်မ မသေချင်သေးဘူး။”

“မင်းသမီး ဘယ်သူမှ ဒီလိုတောင်းဆိုမှုကို လက်ခံဖို့ ရဲလိမ့်မယ် မထင်ဘူး။”

ဟုဝူယွမ်က ပြောလိုက်သည်။

တကယ်တော့ ဝူယွမ်သည်လည်း စိတ်ရှုပ်နေသည်။ အဘယ်ကြောင့်ဆိုသော် သူသည် သူလျှိုတစ်ယောက်သာဖြစ်ပြီး မြောက်ပိုင်းမြို့တော် သို့မဟုတ် မြောက်ပိုင်းနယ်စားမင်းသားထံမှ မည်သည့်ဆုံးဖြတ်ချက်များ ချမှတ်မည်ကို သူမသိပေ။

အကယ်၍ သူသည် လွင်ပြင်ဒေသ ဘုရင်၏ သမီးတစ်ဦးကို မြောက်ပိုင်းမြို့တော် သို့မဟုတ် ရှနိုင်ငံတော်သို့ ခေါ်ဆောင်သွားပါက လွင်ပြင်ဒေသသားများကို ပိုမိုစောစီးစွာ တိုက်ခိုက်လာစေနိုင်ပြီး မြောက်ပိုင်းမြို့တော်ရှိ နည်းဗျူဟာဆိုင်ရာ စီစဉ်မှုများအတွက် အလွန်ဆိုးရွားသော အခြေအနေဖြစ်စေနိုင်သည်။

ထိုအချက်ကို စဉ်းစားမိပြီး ဝူယွမ်က ပြောလိုက်သည်။

“မင်းသမီး။ ကျွန်တော့်မှာ မိတ်ဆွေတစ်ယောက်ရှိပါတယ်။ သူက မင်းသမီးကို ကူညီနိုင်မယ်ထင်တယ်။ ဒါပေမယ့် သူ့အမြင်ကို အရင်မေးဖို့ လိုတယ်။ ကျွန်တော် နောက်တစ်ခါ ပြန်လာတဲ့အခါမှ မင်းသမီးကို အဖြေပေးနိုင်ပါမယ်။”

ထိုစကားကို ကြားလိုက်ရသည်နှင့် ရှောင်ဝမ်ယောင်စိတ်ထဲ ချက်ချင်းပင် မျှော်လင့်ချက်များဖြင့် ပြည့်နှက်သွားခဲ့သည်။

“ဝူယွမ် ရှင်ပြောတာ တကယ်လား။ ရှင့်ရဲ့ မိတ်ဆွေက တကယ်ပဲ ကျွန်မကို ကူညီနိုင်မှာလား။”

ဝူယွမ်က

“ဟုတ်ပါတယ်။ သူကသာ သဘောတူရင် မင်းသမီးကို တကယ်ပဲ ကူညီနိုင်မှာပါ။”

ထို့နောက် ရှောင်ဝမ်ယောင်က

“ကျေးဇူးပြုပြီး ကျွန်မအတွက် အဲဒါကို လုပ်ပေးပါ။ ရှင် ရှနိုင်ငံတော်ကို ဘယ်တော့ ထွက်မှာလဲ”

ဟု မေးလိုက်သည်။

ဝူယွမ်က

“မင်းသမီး ကျွန်တော်က ဒီနေ့မှ ပြန်ရောက်ခဲ့တာ။ အနည်းဆုံး နှစ်ရက်လောက် အနားယူဖို့ လိုပါတယ်။”

ဟု ပြန်ပြောလိုက်သည်။

ရှောင်ဝမ်ယောင်က

“အင်း။ ကောင်းပါပြီ။ ဒါဆို ရှင် နောက်တစ်ခါ ပြန်လာတဲ့အခါ ရှင့်မိတ်ဆွေရဲ့ အဖြေကို အမြန်ဆုံး ကျွန်မကို ပြောပြရမယ်နော်။” ဟု ပြောလိုက်သည်။

“ဟုတ်ကဲ့ပါ မင်းသမီး” ဝူယွမ်က ပြန်ပြောလိုက်သည်။ သူတို့ စကားပြောနေစဉ်တွင် သူတို့နောက်မှ မာကျောသော အမျိုးသားအသံတစ်ခု ထွက်ပေါ်လာခဲ့သည်။

“ယောင်ယောင်။ မင်းအဆင်ပြေရဲ့လား။”

ထိုစကားကို ကြားလိုက်ရသည်နှင့် ဝူယွမ်နှင့် ရှောင်ဝမ်ယောင်တို့ နောက်လှည့်ကြည့်လိုက်ရာ ရှောင်ပင်တိန်ကို မြင်လိုက်ရသည်။ ထို့နောက် ဝူယွမ်က

“မင်းသမီး။ ကျွန်တော့်ကို ခွင့်ပြုပါဦး။ မင်းသမီးတို့ နှစ်ယောက် ဆက်ပြောကြပါ။” ဟု ချက်ချင်းပြောလိုက်သည်။

စကားပြောပြီးနောက် ဝူယွမ်သည် လှည်းများဆီသို့ ပြန်သွားပြီး ကုန်ပစ္စည်းများ ဆက်လက်ချနေခဲ့သည်။ ရှောင်ပင်တိန်သည် ရှောင်ဝမ်ယောင်၏ ဦးလေးဖြစ်သည်။ သူသည် ရှောင်ဟွန်ဗို၏ တရားဝင်ဇနီး၏ မောင်ဖြစ်သည်။

တကယ်တော့ ရှောင်ပင်တိန်သည် ရှောင်အမည်ကို မခံယူသင့်ပေ။ အဘယ်ကြောင့်ဆိုသော် ရဲလိနန်ရန်က ရှောင်အမည်ကို ဘုရင့်မိသားစုအတွက်သာ သတ်မှတ်ထားသောကြောင့် ဖြစ်သည်။ သို့သော် ရှောင်ဟွန်ဗိုက သူ့အား ရှောင်မျိုးရိုးနာမည်ကို ပေးအပ်ကာ သိမ်းသွင်းရန် ကြိုးစားခဲ့သည်။

သူမ၏ ဦးလေးဖြစ်သူကို မြင်လိုက်ရသည်နှင့် ရှောင်ဝမ်ယောင်က

“ဦးလေး။ ဘာကိစ္စများ ရှိလို့လဲ။”

ဟု မေးလိုက်သည်။

ရှောင်ပင်တိန်က သက်ပြင်းတစ်ချက် ချလိုက်ပြီး ဆက်ပြောလိုက်သည်။

“ယောင်ယောင်။ မင်းရဲ့ အခြေအနေကို ဦးလေး ကြားသိပြီးသားပါ။”

ရှောင်ဝမ်ယောင် တုန်လှုပ်သွားခဲ့သည်။

ရှောင်ပင်တိန်က ဆက်လက်ပြောလိုက်သည်။

“ရှောင်ဟွန်ဗိုက တရားလွန်နေပြီ။၊ ပထမဆုံး သူက ငါ့အစ်မကို သေဆုံးစေခဲ့တယ်။ အခုကျတော့ မင်းကို အဲဒီယဉ်ကျေးမှုမရှိတဲ့ မျိုးနွယ်စုထဲ ပေးစားနေတယ်။”

ရှောင်ဝမ်ယောင်သည် ရှောင်ပင်တိန်၏ စကားထဲမှ ချက်ချင်းပင် အဓိက အကြောင်းအရာများကို သတိထားမိသွားသည်။ သူမက ရှောင်ပင်တိန်ကို ကြည့်လိုက်ကာ အလျင်အမြန် မေးလိုက်သည်။

“ဦးလေး၊ ဦးလေး အခုနက ဘာပြောတာလဲ။”

“ကျွန်မအမေကို ကျွန်မအဖေက သေဆုံးစေခဲ့တာလား။”

ရှောင်ပင်တိန်က ဒေါသထွက်လာပြီး

“သူမဟုတ်ရင် ဘယ်သူလဲ။ မင်းအမေက အမြဲတမ်း ကျန်းမာနေတာပဲ။ ရှောင်ဟွန်ဗိုက မိဖုရားနဲ့ လက်ထပ်ချင်လို့ သူ့ကို သေဆုံးစေခဲ့တာ မဟုတ်ရင် ရုတ်တရက် ဘယ်လိုသေဆုံးနိုင်မှာလဲ။”

ထိုစကားကို ကြားလိုက်ရသည်နှင့် ရှောင်ဝမ်ယောင်၏ လောကကြီးအပေါ် အမြင်များ ပြိုလဲသွားသလို ခံစားရသည်။ သူမ၏ ဖခင်ထိုသို့သော အရာမျိုး လုပ်လိမ့်မည်ကို သူမ ယုံကြည်ရန် ခက်ခဲနေသည်။ ထိုအချိန်အထိ ရှောင်ဝမ်ယောင်သည် မျှော်လင့်ချက်အနည်းငယ်ကို ဆုပ်ကိုင်ထား နေဆဲဖြစ်ပြီး ဆက်ပြောလိုက်သည်။

“ဦးလေး၊ ဒါတွေက ဦးလေးရဲ့ သံသယတွေပဲ ဖြစ်နေမှာပါ။”

ရှောင်ဝမ်ယောင်၏ မယုံကြည်မှုကို မြင်လိုက်ရသည်နှင့် ရှောင်ပင်တိန်က နောက်တစ်ကြိမ် သက်ပြင်းချလိုက်ပြီး ပြောလိုက်သည်။

“ယောင်ယောင် မင်းက ငယ်နေသေးတယ်။ ဒီလိုအရာတွေကို နားမလည်သေးဘူး။”

“မင်းအဖေက ဗဟိုလွင်ပြင် မင်းဆက်တွေရဲ့ ဧကရာဇ်တွေလိုပဲ ဖြစ်သွားပြီ။ သူတို့ရဲ့ လက်ထဲက အာဏာတည်မြဲဖို့အတွက် ဘာကိုမဆို စတေးဖို့ ဝန်မလေးဘူး။ သူတို့ရဲ့ ဇနီးနဲ့ သမီးတွေ အပါအဝင်ပေါ့။”

“ကောင်းပြီ။ အခု ဒီအကြောင်း မပြောတော့ဘူး။ ယောင်ယောင် စိတ်မပူနဲ့။ ဦးလေးက မင်းကို မြောက်ပိုင်းဖရီဘုရင်နဲ့ လက်မထပ်ခိုင်းဖို့ မင်းအဖေကို ကြိုးစားပြောပေးမယ်။ အကယ်၍ သူက တကယ်ပဲ နားမထောင်ချင်ဘူးဆိုရင် ဦးလေး တခြားနည်းလမ်းတွေ စဉ်းစားပေးမယ်။”

ရှောင်ဝမ်ယောင်က ကျေးဇူးတင်စွာဖြင့် ပြောလိုက်သည်။

“ကျေးဇူးတင်ပါတယ်၊ ဦးလေး။”

နောက်တစ်ပတ်အကြာတွင် ရှနိုင်ငံတော်၏ နေပြည်တော် ချွမ်ကျင်ခန်းမမှာ နန်းတွင်းဝန်ကြီးများက အရေးမပါသော အကြောင်းအရာများကို ဆွေးနွေးနေကြစဉ် ရုတ်တရက် ခန်းမ၏ အပြင်ဘက်မှ ကျယ်လောင်သော အသံတစ်ခု ကြားလိုက်ရသည်။

“မြောက်ပိုင်းဒေသမှ အရေးပေါ်သတင်း။ လွင်ပြင်ဒေသ မျိုးနွယ်စုများ လှုပ်ရှနေပြီ။”

ထိုစကားကို ကြားလိုက်ရသည်နှင့် ခန်းမအတွင်းရှိ ဝန်ကြီးများ ချက်ချင်း တိတ်ဆိတ်သွားခဲ့သည်။ မကြာမီ နောက်ကျောတွင် အနီရောင် အလံသုံးခုပါသော စစ်သည်တစ်ဦးသည် ခန်းမအတွင်းသို့ ဝင်လာပြီး ဒူးထောက်ကာ သူ၏ လက်ထဲရှိ ဝါးပြွန်ကို မြှောက်၍ ကြေညာလိုက်သည်။

“မင်းကြီး။ လွင်ပြင်ဒေသ မျိုးနွယ်စုများ လှုပ်ရှနေပါပြီ။ မြောက်ပိုင်းမြို့တော် အန္တရာယ်ကျရောက်နိုင်ပါတယ်။”

ထိုအခါ မိန်းမစိုးတစ်ယောက်သည် သတင်းပို့သူထံမှ ဝါးပြွန်ကို ယူပြီး ဆွမ်ဧကရာဇ်ထံသို့ ချဉ်းကပ်ကာ ဝါးပြွန်ကို ဖွင့်ပြီး ထောက်လှမ်းရေးသတင်း အစီရင်ခံစာကို ဧကရာဇ်ထံ ပေးအပ်လိုက်သည်။ ဧကရာဇ်သည် စာချွန်ကို လက်ခံလိုက်ပြီး လုချန်း၏ စာကို သေချာစွာ ဖတ်ရှုလိုက်သည်။

ထိုအခိုက်အတန့်တွင် ချွမ်ကျင်ခန်းမသည် အလွန်တိတ်ဆိတ်နေပြီး ဝန်ကြီးအားလုံး၏ မျက်လုံးများသည် ဧကရာဇ်အပေါ်တွင်သာ စွဲကပ်နေကာ ခန်းမအတွင်းတွင် အလွန်လေးလံသော ဖိအားတစ်ခု ဖြစ်ပေါ်နေသည်။

လွင်ပြင်ဒေသ မျိုးနွယ်စုများသည် အမြဲတစေပင် ရှနိုင်ငံတော်အတွက် အန္တရာယ်တစ်ခု ဖြစ်နေခဲ့သည်။ ရှနိုင်ငံတော်သည် လွင်ပြင်ဒေသ မျိုးနွယ်စုများကို တိုက်ခိုက်ရန် မကြာခဏ တပ်များ စေလွှတ်ခဲ့ပြီး အများအားဖြင့် ရှုံးနိမ့်မှုများသာ ရရှိခဲ့သည်။

ရှနိုင်ငံတော် အနိုင်ရသည့်အခါတွင်လည်း လွင်ပြင်ဒေသ မျိုးနွယ်စုများသည် သူတို့ မြင်းတပ်များ၏ အားသာချက်ကို အသုံးချကာ စစ်မြေပြင်မှ အမြန်ဆုံး ဆုတ်ခွာနိုင်ခဲ့သည်။ထို့ကြောင့် မည်သည့်စစ်ပွဲတွင်မဆို ရှနိုင်ငံတော်သည် လွင်ပြင်ဒေသ မျိုးနွယ်စုများကို အပြီးတိုင် သုတ်သင်နိုင်ခြင်း မရှိခဲ့ပေ။

လွင်ပြင်ဒေသမှ မြင်းတပ်သုံးသိန်း တောင်ဘက်သို့ ချီတက်တော့မည်ကို သိလိုက်ရသည်နှင့် ဧကရာဇ်၏ မျက်နှာသည် ချက်ချင်း ညိုမှောင်သွားခဲ့သည်။ လွင်ပြင်ဒေသ မြင်းတပ်များသည် အခြားမည်သည့်အချိန်တွင်မဆို လာနိုင်သော်လည်း အခု သူအာဏာရှိ မိသားစုများကို ကိုင်တွယ်ဖြေရှင်းတော့မည့် အချိန်တွင် တောင်ဘက်သို့ အချိန်ကိုက် ချီတက်လာခြင်း ဖြစ်သည်။

.........

All Chapters