အခန်း ၇၆-၇၈
Vol. 6 Ch. 76-78
အခန်း (၇၆)
လွင်ပြင်ဒေသ မျိုးနွယ်စုတွေ တောင်ဘက်ချီလာမယ်ဆိုတာ သူဘယ်လိုသိတာလဲ
ဆွမ်ဧကရာဇ်သည် လုချန်း၏ စာတွင် လွင်ပြင်ဒေသ မြင်းတပ်များ တောင်ဘက်သို့ ချီတက်တော့မည်ဟု ဖော်ပြထားသည်ကို မြင်လိုက်ရသည်နှင့် ဤအရာသည် အာဏာရှိ မိသားစုနှင့် ဆက်စပ်နေပြီး သူ၏ သားများထဲမှ တစ်ဦးဦးပင် ပါဝင်နေနိုင်သည်ကို သဘောပေါက်လိုက်သည်။
အတွေ့အကြုံရှိသော နိုင်ငံရေးသမားတစ်ဦးအနေဖြင့် ပြင်ပရန်များကို ခေါ်ယူပြီး ထိုရန်များကို အသုံးပြု၍ အကျိုးအမြတ်များ ရယူခြင်းသည် ဧကရာဇ်တစ်ယောက်ဖြစ်သောသူလည်း လုပ်ခဲ့ဖူးသော အရာဖြစ်သည်။
ဆွမ်ဧကရာဇ်၏ မျက်နှာ အလွန်ညိုသွားသည်ကို မြင်လိုက်ရသည်နှင့် ချွန်ကျင်ခန်းမ၏ အတွင်းရှိ ဝန်ကြီးများသည် အသက်ကိုပင် ကျယ်ကျယ် မရှူရဲကြတော့ပေ။ ဤသည်မှာ ယခုနှစ်တွင် ဆွမ်ဧကရာဇ်၏မျက်နှာ ဤမျှပျက်သွားသည် မြင်ရသည့် ပထမဆုံးအကြိမ် ဖြစ်သည်။
ကြာမြင့်စွာ တိတ်ဆိတ်နေပြီးနောက် ဆွမ်ဧကရာဇ်က အေးစက်သော အပြုံးတစ်ခုဖြင့် ပြောလိုက်သည်။
“လွင်ပြင်ဒေသ မျိုးနွယ်စုတွေက အချိန်ကို တကယ် ရွေးချယ်တတ်ကြပါတယ်။”
ခန်းမ၏ ဘယ်ဘက်အစွန်းတွင် ရပ်နေသော ပိန်ရှည်ရှည်လူတစ်ဦးက စမေးလိုက်၏။
“မင်းကြီး၊ မြောက်ပိုင်းမြို့တော်ရဲ့ အခြေအနေနှင့် ပတ်သက်ပြီး သတင်းအချက်အလက် တစ်စုံတစ်ရာ ရှိလို့ပါလား။”
ထိုလူ၏ စကားဆုံးသွားသည်နှင့် ဆွမ်ဧကရာဇ်က ပြောလိုက်သည်။
“မြောက်ပိုင်းနယ်စားမင်းသားက စာတစ်စောင် ပို့လာတယ်။ သူ့လူတွေက လွင်ပြင်ဒေသမှာ လွင်ပြင်ဒေသ မျိုးနွယ်စုတွေရဲ့ ဆင့်ခေါ်အမိန့်ကို ကြားဖြတ်ရယူခဲ့တယ်လို့ ဆိုတယ်။ လွင်ပြင်ဒေသ မျိုးနွယ်စုတွေဟာ မြင်းစစ်သည် သုံးသိန်းကို စုစည်းပြီး တောင်ဘက်ကို ချီတက်ကြလိမ့်မယ်။ ပြီးတော့ မြောက်ပိုင်းမြို့တော်ကို သိမ်းပိုက်ပြီး နိုင်ငံတည်ထောင်ပြီး ရန်ခရိုင်ကို မြို့တော်အဖြစ် ထားဖို့ စီစဉ်နေတယ်လို့ ဆိုတယ်။”
ဆွမ်ဧကရာဇ်၏ စကားကို ကြားလိုက်ရသည်နှင့် နန်းတွင်း ဝန်ကြီးများအကြား စကားသံများ ဆူညံလာခဲ့သည်။
“သုံးသိန်းလား။ ဘုရားရေ။ ဒီလောက်များပါ့မလား။”
“နိုင်ငံတည်ထောင်ဖို့လား။ လွင်ပြင်ဒေသ မျိုးနွယ်စုတွေကို မြောက်ပိုင်းမြို့တော်မှာ နိုင်ငံတည်ထောင်ခွင့် ပေးလိုက်ရင် ရှနိုင်ငံတော်ဟာ အမြဲတမ်း လွင်ပြင်ဒေသ မြင်းတပ်ရဲ့ ခြိမ်းခြောက်မှုအောက်မှာ ရှိနေမှာပဲ။”
“လွင်ပြင်ဒေသ မျိုးနွယ်စုတွေကို တောင်ဘက်ကို ချီတက်ခွင့် မပေးရဘူး။”
“လွင်ပြင်ဒေသ မျိုးနွယ်စုတွေမှာ ဒီလောက်ကြီးမားတဲ့ ရည်မှန်းချက်တွေ ရှိနေတယ်။ ရှနိုင်ငံတော်က ဒီတစ်ခါတော့ သူတို့ကို အလွယ်တကူ လွှတ်မပေးသင့်ဘူး။”
ဝန်ကြီးများ၏ ဆွေးနွေးမှုများကို ကြားပြီး ဆွမ်ဧကရာဇ်သည် ကြာမြင့်စွာ တိတ်ဆိတ်နေကာ မည်သည့် စကားမှ ပြောဆိုခြင်း မရှိပေ။
အချိန်အတန်ကြာပြီးနောက် မင်းသား လုရှုယွမ်က ထပြီး ပြောလိုက်သည်။
“ဖခင်မင်းကြီး ကျွန်တော်ထင်ပါတယ်။ မြောက်ပိုင်းနယ်စားမင်းသားက စစ်ရေးအခြေအနေကို ချဲ့ကားပြောနေတာ ဖြစ်နိုင်ပါတယ်။ ကျွန်တော်သိသလောက်ဆိုရင် မြောက်ပိုင်းနယ်စားမင်းသားဟာ မြောက်ပိုင်းမြို့တော်ကို ရောက်ရှိပြီးကတည်းက သူ့စံအိမ်တွင်းမှာပဲ ပျော်ပါးနေပြီး မြောက်ပိုင်းမြို့တော်ကို ကောင်းစွာ စီမံခန့်ခွဲခြင်း မရှိပါဘူး။”
“လွင်ပြင်ဒေသ မျိုးနွယ်စုတွေ တောင်ဘက်ကို ဦးတည်နေတယ်ဆိုတာကို သူဘယ်လိုလုပ် သိမှာလဲ။”
“ နောက်ပြီး လွင်ပြင်ဒေသ မျိုးနွယ်စုတွေက မြောက်ပိုင်းမြို့တော်ရဲ့ မြောက်ဘက်မှာ ပိုပြီးနေပါတယ်။ လွင်ပြင်ဒေသ မျိုးနွယ်စု တွေ စစ်ချီမယ့် အစီအစဉ် ရှိခဲ့ရင်တောင် သူရဲ့ လူတွေက လွင်ပြင်ဒေသ မျိုးနွယ်စုတွေရဲ့ ဒေသထဲအထိ ထိုးဖောက်ဝင်ရောက်တာမျိုး မရှိရင် ဒီသတင်းမျိုးကို ဘယ်လိုရနိုင်မှာလဲ။”
မင်းသားလုရှုယွမ် ထိုသို့ပြောဆိုသည်ကို ကြားလိုက်ရသောအခါ ဝန်ကြီးများက တုံ့ပြန်လာကြသည်။
မှန်ပါသည်။ မြောက်ပိုင်းမြို့တော်သို့ ရောက်ရှိပြီးနောက် အုပ်ချုပ်ရေး ကိစ္စရပ်များကို မစီမံခဲ့သော ထိုပျင်းရိပြီး အသုံးမကျသော မင်းသားသည် လွင်ပြင်ဒေသ မျိုးနွယ်စုများ နေထိုင်ရာဒေသထဲသို့ လူများစေလွှတ်ကာ သူတို့၏ စစ်သတင်းကို ဖမ်းမိခဲ့တယ် ဆိုတာ ဖြစ်နိုင်ပါသလား။
သူက ဒီလိုကိစ္စမျိုးကို လုပ်ဆောင်နိုင်မည့်ပုံ မပေါက်ပါ။ မြောက်ပိုင်းနယ်စာမင်းသားသည် တကယ်ပင် စစ်ရေးအခြေအနေကို ချဲ့ကားပြောဆိုခဲ့ခြင်း ဖြစ်နိုင်ပါသလား။
ထိုစကားများကို ကြားသောအခါ ဝန်ကြီးချုပ် လင်ကောင်းယွမ်က စကားစပြောလိုက်၏။
“လုရှုယွမ်မင်းသား။ ခင်ဗျားက မြောက်ပိုင်းနယ်စားမင်းသား စစ်ရေးအခြေအနေကို ချဲ့ကားပြောဆိုနေတယ်လို့ ပြောပါတယ်။ မြောက်ပိုင်းနယ်စားမင်းသားရဲ့ စရိုက်ကိုကြည့်ပြီး ခန့်မှန်းတာအပြင် ခင်ဗျားမှာ အခြား သက်သေများ ရှိသေးလား။”
ထိုမေးခွန်းကို ကြားသောအခါ လုရှုယွမ် ငြိမ်သွား၏။ ထို့နောက် လုရှုယွမ်က ဝန်ကြီးချုပ် လင်ကောင်းယွမ် ကို ပြန်ပြောလိုက်သည်။
“ဝန်ကြီးချုပ်၊ ဒီအချက်တစ်ခုတည်းနှင့် မလုံလောက်ဘူးလား။ ဒါမှမဟုတ် မြောက်ပိုင်းနယ်စားမင်းသားက တကယ်ပဲ လွင်ပြင်ဒေသထဲ သူ့လူတွေ စေလွတ်ထားတယ်လို့ ခင်ဗျားယုံကြည်နေတာလား။”
“ကျွန်တော်ဟာ မြောက်ပိုင်းနယ်စားမင်းသားက မြောက်ပိုင်းဒေသကို လူစေလွှတ်ခဲ့လားဆိုတာ မသိပါဘူး။ ကျွန်တော်သိရတာက မြောက်ပိုင်းနယ်စားမင်းသားက အနီရောင်ဖဲကြိုးတပ် သတင်းပို့သူနဲ့ စာကို ပို့ခဲ့တယ်ဆိုတာပါပဲ။”
လင်ကောင်းယွမ်က အေးဆေးစွာ ဖြေကြားလိုက်သည်။
ရှနိုင်ငံတော်တွင် အနီရောင်ဖဲကြိုးတပ် သတင်းပို့သူသည် အရေးအကြီးဆုံး စစ်ရေးသတင်းကို ရည်ညွှန်းပြီး မည်သည့်အချိန်တွင်မဆို ပေါ့ပေါ့တန်တန် စေလွှတ်ခြင်း မပြုရပါ။ ဝန်ကြီးချုပ်လင်၏ အမြင်တွင် မြောက်ပိုင်းနယ်စားမင်းသားသည် မိုက်မဲသူတစ်ဦးဖြစ်နေပါစေ အနီရောင်ဖဲကြိုးတပ်ထားသော သတင်းပို့သူ၏ အရေးပါမှုကို မသိပဲ ရှိမည် မဟုတ်ပါ။
စစ်ရေးသတင်းကို ချဲ့ကားပြောဆိုခြင်းနှင့် ပတ်သက်၍ မြောက်ပိုင်းနယ်စားမင်းသားသည် နောက်ပိုင်းတွင် လာမည့်ပြစ်ဒဏ်ကို ခံနိုင်ရည်ရှိမည် မဟုတ်ပါ။
မြောက်ပိုင်းနယ်စားမင်းသားကဲ့သို့ အသုံးမကျပဲ နေ့စဉ်နှင့်အမျှ အပျော်အပါး လိုက်စားနေသော မင်းသားတစ်ဦးသည် စစ်ရေးသတင်းကို ချဲ့ကားပြောဆိုရဲမည် မဟုတ်ပါ။ ထို့ပြင် ဧကရာဇ်က သူ့ကို မင်းသားရာထူးမှ ဖယ်ရှားမှာကို မကြောက်ဘူးလား။
ထို့ကြောင့် လွင်ပြင်ဒေသ မျိုးနွယ်စုများ အမှန်တကယ်ပင် ပုံမှန်မဟုတ်သော လှုပ်ရှမှုများ ပြုလုပ်နေသည်ဟု လင်ကောင်းယွမ် ယုံကြည်သည်။ စစ်သည်အင်အား သုံးသိန်းရှိမရှိ ဆိုသည်မှာမူ မသေချာပါ။
ထို့အပြင် မြောက်ပိုင်းနယ်စားမင်းသားသည် နန်းတွင်းမှ ထောက်ပံ့မှုရရှိရန် လွင်ပြင်ဒေသ မြင်းတပ်များ၏ အရေအတွက်ကို ချဲ့ကားပြောခြင်း ဖြစ်နိုင်သည်။
အကျဉ်းချုပ်အားဖြင့် လွင်ပြင်ဒေသ မျိုးနွယ်စုများ တောင်ဘက်သို့ ချီတက်မည်ဆိုသည်မှာ ဖြစ်နိုင်ခြေရှိသော်လည်း သူတို့မှာ မြင်းတပ်သား သုံးသိန်း ရှိလားဆိုသည်ကတော့ အတည်မပြုနိုင်ပေ။ ဤသည်မှာ လင်ကောင်းယွမ်၏ မှန်းဆချက်ဖြစ်သည်။
လင်ကောင်းယွမ် စကားပြောပြီးသည်နှင့် မင်းသား လုရိက ဝင်ပြောလိုက်သည်။
“ဖခင် မင်းကြီး။ ကျွန်တော် တပ်တွေကို ခေါင်းဆောင်ပြီး မြောက်ဘက်ကို ချီတက်ကာ လွင်ပြင်ဒေသ မျိုးနွယ်စုတွေကို တွန်းလှန်ချင်ပါတယ်။”
ထိုအချိန်တွင် မင်းသား ဝူမင်းက သရော်သည့် လေသံဖြင့် ပြောလိုက်သည်။
“အစ်ကိုကြီးက နည်းနည်း အလောကြီး မနေဘူလား။ လွင်ပြင်ဒေသ မျိုးနွယ်စုတွေ တောင်ဘက်ကို ချီတက်နေတာကို မသေချာသေးဘူး။ ဒါပေမယ့် မင်းက တပ်တွေကို ခေါင်းဆောင်ပြီး မြောက်ဘက်ကို ချီတက်ချင်နေတယ်။ မင်းတပ်တွေကို ကိုင်တွယ်ပြီးတကယ်ပဲ လွင်ပြင်ဒေသ မျိုးနွယ်စုတွေကို တွန်းလှန်မယ်လို့ အာမခံနိုင်ပါ့မလား။”
အရေးမကြီးသော အချိန်မျိုးတွင် မဆိုထားနှင့် လွင်ပြင်ဒေသ မျိုးနွယ်စုများ ကျူးကျော်ဝင်ရောက်တော့မည့် အချိန်တွင်ပင် နန်းတွင်းတွင် အပြန်အလှန် စွပ်စွဲပြစ်တင်မှုများက ပုံမှန်ဖြစ်နေ၏။
အကယ်၍ မင်းသားတစ်ပါးသည် တပ်များကို ခေါင်းဆောင်ပြီး မြောက်ဘက်သို့ ချီတက်ပါက စစ်တပ်အတွင်းတွင် ကျော်ကြားမှုရရှိပြီး ထီးနန်းဆက်ခံရေးအတွက် အလွန်အထောက်အကူဖြစ်စေနိုင်သည်။ ထို့ကြောင့် မင်းသားတိုင်းသည် တပ်များကို ခေါင်းဆောင်ရမည့် အခွင့်အရေးကို လိုလားကြပြီး အခြားမင်းသားများ ထိုအခွင့်အရေး ရရှိသွားမည်ကို မလိုလားကြပေ။
မင်းသား ဝူမင်း၏ စကားကို ကြားလိုက်ရသည်နှင့် မင်းသား လုရိက အေးစက်စွာ ပြောလိုက်သည်။
“ညီလေး မင်းဘာကို ဆိုလိုတာလဲ။ လွင်ပြင်ဒေသ မျိုးနွယ်စုတွေကို တွန်းလှန်ခြင်းဟာ ငါတို့ တော်ဝင်မိသားစုရဲ့ တာဝန်ဖြစ်တယ်။ မင်းက ငါ့မှာ တခြားရည်ရွယ်ချက်တွေ ရှိတယ်လို့ ဆိုလိုတာလား။”
မင်းသား ဝူမင်း ထပ်ပြောမည့်အချိန်တွင် နဂါးပလ္လင်ပေါ်တွင် ထိုင်နေသော ဆွမ်ဧကရာဇ်က ကြားဖြတ်ဝင် ပြောလိုက်သည်။
“ တော်ပြီ။”
ဆွမ်ဧကရာဇ် စကားပြောသည်ကို ကြားလိုက်ရသည်နှင့် ဈေးတန်းကြီး တစ်ခုလို ဆူညံနေသော ခန်းမသည် ချက်ချင်း တိတ်ဆိတ်သွားခဲ့သည်။
“လွင်ပြင်ဒေသ မျိုးနွယ်စုတွေ တကယ်ပဲ တောင်ဘက်ကို ချီတက်မှာလား ဆိုတာကို ငါ့ရဲ့ အရိပ်ကိုယ်ရံတော်တွေက အတည်ပြုပေးမယ်။ မင်းတို့ အခု ဆွေးနွေးရမှာက လွင်ပြင်ဒေသ မျိုးနွယ်စုတွေ တောင်ဘက်ကို ချီတက်လာရင် ဘယ်လိုတုံ့ပြန်မလဲ ဆိုတာပဲ။” ဟု သူက မိန့်ကြားလိုက်သည်။
ဆွမ်ဧကရာဇ် ဤသို့ ပြောသည်ကို ကြားလိုက်ရသည်နှင့် အားလုံးသည် ထိုကိစ္စ အဖြစ်မှန် ဟုတ်မဟုတ်ကို ဆွေးနွေးငြင်းခုံ ခြင်းအား ရပ်တန့်လိုက်ကြသည်။
ထိုအခိုက်တွင် လုရှုယွမ်၏ မျက်နှာ အနည်းငယ် မသက်မသာ ဖြစ်နေသည်။လွင်ပြင်ဒေသ မျိုးနွယ်စုများ၏ ကျူးကျော်ဝင်ရောက်မှုသည် မြောက်ပိုင်းနယ်စားမင်းသားကို အငိုက်မိသွားစေမည်ဖြစ်ပြီး ကျူးကျော်မှူက သွေးလဝန်းရဲတိုက်မှ လုပ်ကြံသွားသည့် ကိစ္စကိုလည်း ဖုံးကွယ်သွားမည်ဟု ထင်ခဲ့သည်။
မျှော်လင့်မထားသည်မှာ မြောက်ပိုင်းနယ်စားမင်းသားသည် လွင်ပြင်ဒေသ မျိုးနွယ်စုများ တောင်ဘက်သို့ ချီတက်မည့် အကြောင်းကို ကြိုတင် သိရှိသွားခဲ့သည်။
သို့သော် အခုအချိန်တွင် ဒါတွေက သိပ်ပြီး အရေးမကြီးတော့ပါ။ မြောက်ပိုင်းနယ်စားမင်းသားတွင် အသက်ရှင်ရန် ရက်ပေါင်းများစွာ မကျန်တော့ပေ။ အခုလောက်ဆိုရင် သွေးလဝန်းရဲတိုက်မှ လူများသည် ရန်ခရိုင်သို့ ရောက်ရှိနေပြီး ဖြစ်နိုင်သည်။
သွေးလဝန်းရဲတိုက်မှ ထိပ်သီးပညာရှင်တစ်ဦး၏ ဦးဆောင်မှုအောက်တွင် လျှို့ဝှက်ထိပ်သီးပညာရှင်က မြောက်ပိုင်းနယ်စားမင်းသားကို ကာကွယ်နိုင်မည် မဟုတ်ဟု သူယုံကြည်၏။
သူယခု စဉ်းစားရမည့်အရာမှာ မြောက်ဘက်သို့ စစ်တပ်ဦးဆောင်ခွင့်ကို မည်သို့ရယူမည်ဆိုသည်ပင်။
သူသည် မြောက်ဘက်သို့ စစ်တပ်ဦးဆောင်နိုင်ပါက လွင်ပြင်ဒေသ မျိုးနွယ်စုများနှင့် သူ၏သဘောတူညီချက်အရ သူတို့ထံမှ ရသင့်ရထိုက်သော လိုက်လျောမှု အချို့ကို ရယူနိုင်မည်ဖြစ်သည်။ ထို့အပြင် စစ်တပ်တွင်းတွင် သူ၏ဂုဏ်သတင်းကို တည်ဆောက်နိုင်မည်ဖြစ်၏။၊ ထိုသို့ဖြင့် နန်းလျာပြိုင်ပွဲတွင် သူ၏အနိုင်ရနိုင်ချေက များစွာ တိုးတက်လာမည်ဖြစ်သည်။
မြောက်ပိုင်းမြို့တော်ကို လွင်ပြင်ဒေသ မျိုးနွယ်စုများထံ လွှဲအပ်ရမည့်ကိစ္စကို လုရှုယွမ်လုံးဝဂရုမစိုက်ပါ။ သူဂရုစိုက်သည်မှာ သူ၏ နန်းလျာရာထူး ခိုင်မာစေရန်ဖြစ်သည်။
မြောက်ပိုင်းမြို့တော်သည် ဆင်းရဲမွဲတေသောနေရာတစ်ခုသာဖြစ်သည်။ လွင်ပြင်ဒေသ မျိုးနွယ်စုများက လိုချင်နေပါက သူသည် ထိုနေရာကို လွှဲအပ်ရန် ဝန်မလေးပါ။
ထိုအချိန်တွင် မင်းသားလုရိက ထပ်မံပြောဆိုလိုက်သည်။
“ဖခင်မင်းကြီး။ ကျွန်တော်တို့ ချက်ချင်းပဲ စစ်တပ်ကြီးတစ်ခုကို စုစည်းပြီး မြောက်ဘက်ကို ချီတက်သင့်ပါတယ်။”
“မြောက်ပိုင်းနယ်စားမင်းသားက အနီရောင်ဖဲကြိုးတပ် သတင်းပို့သူကို အသုံးပြုတယ်ဆိုရင် လွင်ပြင်ဒေသ မျိုးနွယ်စုတွေ တောင်ဘက်ကို ချီတက်မည့် ကိစ္စက အရေးပေါ်ကိစ္စပါ။ နန်းတွင်းက စစ်တပ်လွှတ်ဖို့ နောက်ကျခဲ့ရင် မြောက်ပိုင်းမြို့တော်က စစ်သည် ၃၀၀၀၀က လွင်ပြင်ဒေသ မျိုးနွယ်စုရဲ့ မြင်းစီးစစ်သည် ၃၀၀၀၀၀ ကို မခုခံနိုင်ပါဘူး။”
မင်းသားလုရိ ပြောပြီးသည်နှင့် မင်းသားစီကလည်း သဘောတူညီကြောင်း ထောက်ခံပြောဆိုလိုက်သည်။
“ဖခင်မင်းကြီး။ သားတော်လည်း စစ်တပ်များကို မြောက်ဘက်သို့ ချက်ချင်းစေလွှတ်သင့်တယ်လို့ ယုံကြည်ပါတယ်။”
စစ်တပ်ဦးဆောင်ခွင့်ရမည့် အခွင့်အရေးကို မည်သည့်မင်းသားမှ လက်လွတ်မခံလိုပါ။ ရှနိုင်ငံတွင် ထိုကဲ့သို့သော အခွင့်အရေးမျိုး မပေါ်ပေါက်တာ နှစ်ပေါင်းများစွာ ရှိပြီဖြစ်၏။ စစ်တပ်တွင်း ဂုဏ်သတင်းတည်ဆောက်ရန် အခွင့်အရေးဖြစ် သောကြောင့် မည်သည့်မင်းသားကမှ လက်လွတ်မခံလိုပါ။
သို့သော် ထိုအချိန်တွင် လုရှုယွန်က ဝင်ပြောလိုက်သည်။
“ဖခင် မင်းကြီး။ ကျွန်တော့်ရဲ့ အမြင်အရ တော့ မြောက်ပိုင်းမြို့တော်ဟာ မြောက်ပိုင်းနယ်စားမင်းသားရဲ့ ပိုင်နက်ဖြစ်နေပါပြီ။ လွင်ပြင်ဒေသ မျိုးနွယ်စုတွေရဲ့ကျူးကျော်မှုကို ခုခံဖို့ သူ့မှာတာဝန်ရှိပါတယ်။”
“နယ်စပ်မှာ နိုင်ငံခြားကျူးကျော်မှု ပေါ်လာတိုင်း နန်းတွင်းက စစ်တပ်စေလွှတ်ဖို့ လိုအပ် နေမယ်ဆိုရင် နယ်စားမင်းသားတွေရဲ့ အခန်းကဏ္ဍက ဘာပါလဲ။”
လုရှုယွမ် စကားပြောပြီးသည်နှင့် ဝန်ကြီးများ၏ ညာဘက်ထိပ်တွင် ရပ်တည်နေသူက ဝင်ပြောလိုက်သည်။
“မင်းကြီး ကျွန်တော် မင်းသားလုရှုယွမ် ပြောကြားခဲ့တာကို သဘောတူပါတယ်။ နယ်စပ်ရှိ နယ်စားမင်းသားများဟာ နိုင်ငံခြားရန်သူများကို ခုခံရန် တာဝန်ရှိပါတယ်။ ကျူးကျော်မှုတိုင်းအတွက် နန်းတော်က စစ်တပ်စေလွှတ်ခြင်းကို အမြဲမှီခို မနေသင့်ပါဘူး။”
......
အခန်း (၇၇)
စစ်တပ်ချဲ့ထွင်ရေး အမိန့်
ညာလက်ရုံးဝန်ကြီး ကျောင်းဝမ်ဟန် ပြောသောစကားကို ကြားသောအခါ ဘယ်လက်ရုံးဝန်ကြီး လင်ကောင်းယွမ်က ပြုံးလိုက်ပြီး ပြောလိုက်သည်။
“ဟုတ်ပါတယ်။ နယ်စပ်ဒေသ နယ်စားတွေရဲ့ တာဝန်က နိုင်ငံခြားရန်သူတွေ ဝင်ရောက်တိုက်ခိုက်မှုကို တားဆီးရမှာပါ။ဒါပေမယ့် မြောက်ပိုင်းမြို့တော်မှာ စစ်သားသုံးသောင်းပဲ ရှိပါတယ်။ မြောက်ပိုင်းနယ်စားမင်းသားက လွင်ပြင်ဒေသ မျိုးနွယ်စုတွေရဲ့ တိုက်ခိုက်မှုကို ဒီစစ်သားသုံးသောင်းနဲ့ တွန်းလှန်နိုင်မယ်လို့ ဝန်ကြီးချုပ် ကျောင်းက တကယ် ယုံကြည်နေတာလား။”
ကျောင်းဝမ်ဟန်က ချက်ချင်း ပြန်လည်ပြောလိုက်သည်။
“ကျွန်တော် အဲ့ဒီလို မပြောခဲ့ပါဘူး။”
ထိုအခိုက်တွင် ကျောင်းဝမ်ဟန်က နဂါးပလ္လင်ပေါ်ရှိ ဆွမ်ဧကရာဇ်ကို ကြည့်လိုက်ပြီး ဆက်ပြောလိုက်သည်။
“မင်းကြီး။ မြောက်ပိုင်းမြို့တော်ဟာ အမြဲတစေ လွင်ပြင်ဒေသ မျိုးနွယ်စုတွေရဲ့ တိုက်ခိုက်မှုကို ခုခံတဲ့ ပထမဆုံး ခံတပ်စည်းမျဉ်း ဖြစ်ခဲ့ပါတယ်။ အရင်ကလို စစ်သားသုံးသောင်းနဲ့ လွင်ပြင်ဒေသ မျိုးနွယ်စုတွေရဲ့ ကျူးကျော်မှုကို ကာကွယ်ဖို့ မလုံလောက်တော့ပါဘူး။
ဒါ့ကြောင့် ကျွန်တော့်အမြင်အရ မြောက်ပိုင်းမြို့တော်အတွက် စစ်တပ်ချဲ့ထွင်ရေး အမိန့် ထုတ်ပြန်ရမယ့် အချိန်တွေရောက်ပါပြီ။”
ကျောင်းဝမ်ဟန် ပြောပြီးသည်နှင့် တစ်ပြိုင်နက် နန်းတွင်းဝန်ကြီးများကြား ဆွေးနွေးမှုများ စတင်လာကြသည်။ ဆွမ်ဧကရာဇ် နန်းတက်ပြီးကတည်းက နယ်စားများ၏ ပုန်ကန်မှုကို ကာကွယ်ရန်အတွက် သူတို့ဟ စစ်သည်ဦးရေကို ကန့်သတ်သည့် အမိန့်ပြန်တမ်းတစ်ခု ထုတ်ပြန်ခဲ့သည်။
နယ်စား၏ နယ်မြေအတွင်း နယ်မြေအကျယ်အဝန်းပေါ် မူတည်၍ ထိန်းသိမ်းနိုင်သော စစ်သည်အရေအတွက် အများဆုံး သတ်မှတ်ချက် ရှိသည်။ မြောက်ပိုင်းမြို့တော်အတွက် စစ်သည်အရေအတွက် အများဆုံး သတ်မှတ်ချက်က ငါးသောင်းဖြစ်သောကြောင့် လုချန်းက စစ်သည်သစ်များ စုဆောင်းရန် ပြောဆိုသောအခါ တစ်သောင်းသာ စုဆောင်းခဲ့ခြင်း ဖြစ်သည်။
ကျောင်းဝမ်ဟန်၏ အကြံပြုချက်က သဘာဝကျကြောင်း ထင်ရှ၏။ မြောက်ပိုင်းမြို့တော်သည် လွင်ပြင်ဒေသမျိုးနွယ်စုများနှင့် ရင်ဆိုင်ရသည့် ရှေ့တန်းတွင် ရှိနေသောကြောင့် မြောက်ပိုင်းနယ်စားမင်းသားအား စစ်သည်ဦးရေတိုးမြင့်ခွင့်ပြုခြင်းသည် သင့်လျော်သည်။
သို့သော်...ဤဥပမာ တစ်ကြိမ် ဖြစ်သွားပါက နယ်စပ်ဒေသရှိ အခြားနယ်စားများသည်လည်း သူတို့၏ စစ်တပ်ကို ချဲ့ထွင်ရန်အတွက် ထိုအကြောင်းပြချက်ကို အသုံးပြုလာကြမည် ဖြစ်သည်။
လွင်ပြင်ဒေသ မျိုးနွယ်စုများကို ခုခံကာကွယ်ခြင်းသည် နိုင်ငံခြားရန်သူများကို ကာကွယ်ခြင်းဖြစ်ပြီး ရှနိုင်ငံတော်၏ အခြားသော နယ်စပ်ဒေသများတွင်လည်း အင်အားကြီးမားသော နိုင်ငံများစွာ ရှိနေသည်။ ထိုနိုင်ငံများနှင့် စစ်ပွဲများ မဖြစ်ပွားခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီ ဖြစ်သော်လည်း တစ်နေ့နေ့ တိုက်ခိုက်လာမည် မဟုတ်ဟု အာမမခံနိုင်ပါ။
မြောက်ပိုင်းမြို့တော်က စစ်တပ်ကို ချဲ့ထွင်ပါက အခြားနယ်စားများသည်လည်း သူတို့၏ တပ်များကို ချဲ့ထွင်ရန် တောင်းဆိုလာမည်မှာ သေချာပါသည်။
ထိုသို့ဖြစ်လာပါက ဆင့်ကဲအကျိုးသက်ရောက်မှုများ ဖြစ်ပေါ်လာမည်မှာ သေချာပါသည်။ ထို့ပြင် မြောက်ပိုင်းမြို့တော်က စစ်တပ်အင်အားကို ချဲ့ထွင်ပါက အခြားနိုင်ငံများသည်လည်း ရှနိုင်ငံကို တိုက်ခိုက်ရန် စတင်ဆုံးဖြတ်လာနိုင်သည်။
နယ်စားတို့သည် နာခံမှုရှိသူများတော့ အမြဲတ စေ မဟုတ်ပါ။ နိုင်ငံခြားရန်သူများနှင့်
ပူးပေါင်း၍ စစ်တပ်ချဲ့ထွင်ရေး အမိန့်ကို နန်းတွင်းမှ တောင်းဆိုရန် အခွင့်ကောင်းယူခြင်းက မဖြစ်နိုင်သည်ဟု ဆို၍မရ။
ဆွမ်ဧကရာဇ်သည် အရူးတစ်ယောက် မဟုတ်ပါ။ မြောက်ပိုင်းမြို့တော်အတွက် စစ်တပ်ချဲ့ထွင်ရေး အမိန့် ထုတ်ပြန်ခြင်း၏ ဖြစ်လာနိုင်သည့် နောက်ဆက်တွဲ ရလဒ်များကို သူကောင်း ကောင်း သဘောပေါက်၏။
သို့သော် ထိုအခိုက်တွင် ဆွမ်ဧကရာဇ်က ပြောလိုက်သည်။
“အမိန့်စာထုတ်လိုက်။
မြောက်ပိုင်းမြို့တော်သည် လွင်ပြင်ဒေသသားများ၏ ကျူးကျော်မှုကို ခုခံရန် ပထမခံစစ် စည်းဖြစ်သည်။ ယခုအခါ စစ်သားသုံးသောင်းသည် လုံလောက်ခြင်း မရှိတော့။ ထို့ကြောင့် ယခုချက်ချင်း မြောက်ပိုင်းမြို့တော်အတွက် စစ်သားတစ်သိန်းငါးသောင်းအထိ တိုးမြှင့်ရမည်။ ထို့ပြင် မြောက်ပိုင်းနယ်စားမင်းသားသည် မြောက်ပိုင်းမြို့တော်၏ နယ်စားမင်းသားဖြစ်သောကြောင့် စစ်ပွဲတွင် ထွက်ပြေးခွင့် မရှိရ။ မည်သည့်အခြေအနေမျိုးမဆို မြောက်ပိုင်းမြို့တော်ကို ကြံ့ကြံ့ခံ ကာကွယ်ရမည်။”
ဆွမ်ဧကရာဇ်၏ စကားကို ကြားသောအခါ ညာလက်ရုံး ဝန်ကြီး ကျောင်းဝမ်ဟန်က ချက်ချင်း ဦးညွှတ်ပြီး
“မင်းကြီး အမြော်အမြင်နှင့် ပြည့်စုံလှပါတယ်” ဟု ပြောလိုက်သည်။
ဆွမ်ဧကရာဇ်က ကျောင်းဝမ်ဟန်ကို အေးဆေးစွာ ကြည့်လိုက်ပြီး ဆက်၍
“ဝန်ကြီး ဝမ်၊ ဝန်ကြီး ချူး၊ ဝန်ကြီးချုပ် လင်၊ ညာလက်ရုံး ဝန်ကြီးချုပ်ကျောင်း ခင်ဗျားတို့လေးယောက် နေခဲ့ကြ။ ကျန်သူအားလုံး နန်းတွင်းက ထွက်ခွာနိုင်ပြီ” ဟု မိန့်မှာလိုက်သည်။
မိန့်မှာပြီးသည်နှင့် ဆွမ်ဧကရာဇ်သည် နဂါးပလ္လင်ပေါ်မှ ထလိုက်ပြီး တစ်ဖက်လှည့်၍ ထွက်ခွာသွားသည်။ သူ၏ နဂါးဝတ်ရုံကလည်း လွင့်ပျံနေသည်။ မြောက်ပိုင်းမြို့တော် စစ်တပ်ချဲ့ထွင်ရေး ကိစ္စသည် ဆွမ်ဧကရာဇ်အတွက် မသက်မသာ ဖြစ်စေသော ကိစ္စဖြစ်သော်လည်း သူ့တွင် အခြားရွေးစရာ မရှိပါ။
ယခုအခါ ရှနိုင်ငံအတွင်း လျှို့ဝှက် လှုပ်ရှမှုားများ ရှိနေသည်။ လွင်ပြင်ဒေသသားများကို တွန်းလှန်ရန် စစ်သားသိန်းပေါင်းများစွာကို မြောက်ဘက်သို့ စေလွှတ်ခြင်းက မဖြစ်နိုင်ပါ။
ယခုအချိန် စစ်တပ်ကြီးတစ်တပ်ကို မြောက်ဘက်သို့ စေလွှတ်ခြင်းသည် နိုင်ငံ၏ အခြေခံအုတ်မြစ်ကို ယိမ်းယိုင်စေမည်ဖြစ်သည်။
အာဏာရှိ မိသားစုများသည် လွင်ပြင်ဒေသသားများ၏ ကျူးကျော်မှုနှင့် ဆက်စပ်နေသည့် အလားအလာများ များစွာရှိသည်ကို ဆွမ်ဧကရာဇ် သိသည်။ မည်သည့် မင်းသားများ ပါဝင်ပတ်သက်နေသည်ကိုမူ စောင့်ကြည့်ရဦးမည်ဖြစ်သည်။
သို့သော် ယခုအချိန်သည် ထိုကိစ္စများကို အာရုံစိုက်ရန် အချိန်မဟုတ်ပါ။
စစ်ပွဲ၏နောက်ကွယ်တွင် နိုင်ငံရေးရှိပါသည်။ မြောက်ပိုင်းနယ်စားမင်းသား၏ စာတွင် ဖော်ပြထားသည့်အတိုင်း လွင်ပြင်ဒေသသားများသည် မြောက်ပိုင်းမြို့တော်၌ နိုင်ငံတစ်ခု တည်ထောင်ရန် ရည်ရွယ်နေပါက ထိုကိစ္စကို လုံးဝ လက်ခံနိုင်စရာ မရှိပါ။
မြောက်ပိုင်းမြို့တော်သည် ရှနိုင်ငံ၏ တံခါးဝ ဖြစ်သည်။ လွင်ပြင်ဒေသသားများက ထိုနေရာကို သိမ်းပိုက်လိုက်ပါက သူတို့၏ လှံများသည် နေပြည်တော်ကို တိုက်ရိုက် ဦးတည်လာမည်ဖြစ်သည်။
ဤအကျပ်အတည်းကို ဖြေရှင်းရန် လွင်ပြင်ဒေသသားများသာမက အာဏာရှိ မိသားစုများနှင့်ပါ ညှိနှိုင်းရန် လိုအပ်ကြောင်း ဆွမ်ဧကရာဇ်သည် နားလည်သည်။ ယခုအခြေနေသည် သူနန်းတက်ပြီးနောက် ကြုံတွေ့ရသော အခြေအနေများထဲမှ အခက်ခဲဆုံး အခြေအနေဖြစ်သည်။
အဓိက ပြဿနာမှာ ဆွမ်ဧကရာဇ်သည် ရှစစ်တပ်ကို ပြန်လည်ဖွဲ့စည်းရန် စတင်ခဲ့သည်မှာ မကြာသေးခြင်း ဖြစ်သည်။ လွင်ပြင်ဒေသသားများ၏ မြောက်ဘက်မှ ဆင်းသက်လာမှု ရုတ်တရက် ဖြစ်လွန်းသဖြင့် သူအသက်ရှူချိန်ပင် မရခဲ့ပေ။
သူသာ နောက်ထပ်တစ်နှစ်ခန့်အချိန်ပိုရခဲ့ပြီး ရှစစ်တပ် ပြန်လည်ဖွဲ့စည်းမှု ပြီးစီးသွားပါက ထို လွင်ပြင်ဒေသ မြင်းတပ်များသည် ပြဿနာ မဟုတ်တော့ပေ။ သို့သော် ယခုတော့ ထိုကဲ့သို့သော ဖြစ်ခဲ့လျှင် ဆိုသည့် စိတ်ကူးများအတွက် အချိန်မရှိပါ။
အရေးတကြီး ဆောင်ရွက်ရမည့် ကိစ္စမှာ မြောက်ပိုင်းမြို့တော်ရှိ အကျပ်အတည်းကို မည်သို့ ဖြေရှင်းရမည်ကို ဆွေးနွေးရန် ဖြစ်သည်။
ဆွမ်ဧကရာဇ်သည် ဝန်ကြီးလေးဦးကို သူ၏စာကြည့်ခန်းထဲသို့ ဆင့်ခေါ်ပြီး လွင်ပြင်ဒေသ မျိုးနွယ်စုများ တောင်ဘက်ဆင်းလာသည့်ကိစ္စကို ကြေကြေလည်လည် ဆွေးနွေးခဲ့သည်။
အကောင်းဆုံးလုပ်ဆောင်ချက်မှာ ငြိမ်းချမ်းရေးအတွက် ညှိနှိုင်းဆွေးနွေးခြင်းဖြစ်သည်ဟု နောက်ဆုံးတွင် သူတို့ဆုံးဖြတ်ခဲ့သည်။ စစ်သည်များစေလွှတ်ရန် လိုအပ်သော်လည်း သိန်းနှင့်ချီသော စစ်သည်များကို စေလွှတ်ရန် မလိုအပ်ပါ။
မြောက်ပိုင်းမြို့တော်တစ်ခုလုံးကို လွှဲပေးခြင်းက မဖြစ်နိုင်သော်လည်း ညှိနှိုင်းဆွေးနွေးနိုင်သည့် အခွင့်အလမ်းများ ရှိနေသေးသည်။ ဖြစ်နိုင်လျှင် မြောက်ပိုင်းမြို့တော်၏ နယ်မြေအချို့ကို လွင်ပြင်ဒေသ မျိုးနွယ်စုများထံ လွှဲပေးနိုင်သည်။
တကယ်တော့ မြောက်ပိုင်းမြို့တော်သည် မြောက်ပိုင်းနယ်စားမင်းသား၏ နယ်မြေဖြစ်ပြီး မြောက်ပိုင်းနယ်စားမင်းသားမှာ အသုံးမကျသော မင်းသားတစ်ဦးသာဖြစ်ကာ ဤမျှကျယ်ပြန့်သော နယ်မြေကို စီမံခန့်ခွဲနိုင်စွမ်း မရှိပါ။
ဘာလုပ်ရမည်ဆိုသည့် အသေးစိတ်အချက်များကို ဆွေးနွေးပြီးနောက် လင်ကောင်းယွမ်သည် ဆွမ်ဧကရာဇ်၏ စာကြည့်ခန်းမှ ထွက်ခွာသွားခဲ့သည်။ သူ၏မျက်နှာအမူအရာ အလွန်ပျက်နေပြီး သူတို့ဆွေးနွေးခဲ့သည့် ရလဒ်ကို လင်ကောင်းယွမ် မကျေနပ်ကြောင်း ထင်ရှနေသည်။
ဆွမ်ဧကရာဇ်သည် စုစုပေါင်း လေးဦးကို ဆင့်ခေါ်ခဲ့သော်လည်း တစ်ဦးမှာ အာဏာရှိမိသားစုမှ ဘဏ္ဍာရေးဝန်ကြီးဖြစ်ပြီး အခြားတစ်ဦးမှာ အာဏာရှိမိသားစုမှ စစ်ရေးဝန်ကြီးဖြစ်ကာ ညာလက်ရုံးဝန်ကြီးမှာမူ အာဏာလိုချင်သော သစ္စာဖောက်တစ်ဦးသာ ဖြစ်သည်။
သူတို့သုံးဦး စုဝေးနေမှတော့ ဘယ်လိုလုပ် ကောင်းမွန်တဲ့ အစီအစဉ်ကို ရနိုင်မှာလဲ။
ထိုအစီအစဉ်မှာ နိုင်ငံ့မြေကို ခွဲပေးခြင်းဆိုသည့် ရှေးရိုးစွဲ မဟာဗျူဟာထက် ပိုမည်မဟုတ်ပါ။ လင်ကောင်းယွမ်သည် သူ၏နေအိမ်သို့ ပြန်ရောက်သောအခါ အချိန်အတော်ကြာကြာ တိတ်ဆိတ်စွာ စဉ်းစားနေခဲ့သည်။ ထိုအချိန်တွင် သံချပ်ကာဝတ်စုံ ဝတ်ဆင်ထားသော လူတစ်ဦး ခန်းမဆောင်ထဲသို့ ဝင်လာခဲ့သည်။
ထိုလူသည် ခန်းမဆောင်ထဲသို့ ဝင်ရောက်လာသည်နှင့်တစ်ပြိုင်နက်
“ဖခင်။ လွင်ပြင်ဒေသ မျိုးနွယ်စု စစ်သည်သုံးသိန်း တောင်ဘက်ကို ချီတက်လာနေတယ်လို့ ကျွန်တော်ကြားတယ်။ အဲ့ဒါအမှန်ပဲလား။”
ဟု ချက်ချင်းမေးလိုက်သည်။
လွင်ပြင်ဒေသ မျိုးနွယ်စုများ တောင်ဘက်သို့ ချီတက်လာခြင်းသည် အရေးကြီးသော ဖြစ်ရပ်ဖြစ်ပြီး ဝန်ကြီးများသည် နန်းတွင်းမှ ထွက်လာပြီးနောက် နေရာတိုင်းတွင် ထိုကိစ္စကို မရပ်မနား ဆွေးနွေး နေကြသည်။ ထို့ကြောင့် စစ်တပ်ထဲတွင်ရှိသော လင်ရှုမင်းသည်လည်း ထိုသတင်းကို မကြာခင် ကြားသိသွားခဲ့သည်။
လင်ရှုမင်းသည် ယခုအခါ ချိလင်တပ်မတော်၏ စစ်ခေါင်းဆောင် ဖြစ်ပြီး စစ်ရေးကိစ္စများကို အလွန်အလေးအနက် ထားသည်။
သားဖြစ်သူ၏ မေးခွန်းကို ကြားလိုက်ရသောအခါ လင်ကောင်းယွမ်သည် သတိပြန်ဝင်လာပြီး
“အမှန်လား အမှားလား ဆိုတာ မသေချာသေးပေမယ့် မြောက်ပိုင်းနယ်စားမင်းသားက အနီရောင် ဖဲကြိုးတပ် သတင်းပို့သူကို အသုံးပြုထားတယ်။ ဒါကြောင့် အမှန်ဖြစ်နိုင်ခြေရှိတယ်။”
ဟု ပြောရင်း သက်ပြင်းချလိုက်သည်။
လင်ရှုမင်းက ဆက်လက်မေးမြန်းလိုက်သည်။ “ဒါဆို မင်းကြီးရဲ့ အစီအစဉ်က ဘာလဲ။”
ထိုမေးခွန်းကို ကြားလိုက်ရသောအခါ လင်ကောင်းယွမ်က အေးစက်သော ရယ်သံတစ်ချက်ကို ထုတ်လိုက်၏။
“အစီအစဉ်လား။ အင်း မင်းကြီးက မင်းကို ထိပ်တန်း စစ်သည်အင်အား ခုနှစ်သောင်းနဲ့ မြောက်ဘက်ကို ဦးဆောင်သွားပြီး မြောက်ပိုင်းနယ်စားမင်းသားကို ကူညီပြီး လွင်ပြင်ဒေသ မျိုးနွယ်စုရဲ့ စစ်သည်အင်အား သုံးသိန်းကို သွားတိုက်ခိုင်းဖို့ စဉ်းစားနေတယ်။”
ဘာ....။
ဖခင်၏စကားကို ကြားလိုက်ရသောအခါ လင်ရှုမင်း ကြက်သေသေသွားခဲ့သည်။ စစ်သည်အင်အား ခုနှစ်သောင်းကို ဦးဆောင်ပြီး လွင်ပြင်ဒေသ မျိုးနွယ်စုရဲ့ စစ်သည်အင်အား သုံးသိန်းကို တိုက်ခိုက်ဖို့လား။
ဒါ ဘယ်လိုဟာသမျိုးလဲ။ သူတို့ကို ထိပ်တန်းစစ်သည်များကို ခေါ်ပါက ထိုသူများသည် စစ်တိုက်ရန် သင့်တော်သော စစ်သည်များဖြစ်ရမည်။ သို့သော် ခုနှစ်သောင်းသော စစ်သည်များနှင့် မြောက်ပိုင်းမြို့တော်ရှိ စစ်သည်အင်အား သုံးသောင်းတို့ကို ပေါင်းလိုက်လျှင်ပင် စုစုပေါင်း တစ်သိန်းသာ ရှိမည်ဖြစ်သည်။
လွင်ပြင်ဒေသ မျိုးနွယ်စုရဲ့ မြင်းတပ်သုံးသိန်းကို ခုခံဖို့က စစ်သည်တစ်သိန်းလား။
လင်ရှုမင်းသည် မျက်မှောင်ကြုတ်ထားကာ စိတ်ရှုပ်နေသည်။ ရှနိုင်ငံတော်တွင် လက်ရှိ စစ်သည်အင်အား ငါးသိန်းခန့် ရှိနေသည် မဟုတ်လား။ ဒါဆို ဘာကြောင့် မြောက်ဘက်ကို ခုနှစ်သောင်းပဲ စေလွှတ်ရတာလဲ။
လင်ရှုမင်းက ဆက်လက်မေးမြန်းသည်။
“ဖခင်။ မင်းကြီးက တပ်မတော်ကို ပြန်လည်ဖွဲ့စည်းပြီး စစ်သည်အင်အား ငါးသိန်းခန့် ရှိနေတယ်ဆိုတာ မဟုတ်ဘူးလား။”
သားဖြစ်သူ၏ ရိုးသားသောမေးခွန်းကို ကြားလိုက်ရသောအခါ လင်ကောင်းယွမ်က နောက်တစ်ကြိမ် ရယ်မောပြီး ပြောလိုက်သည်။
“ငါးသိန်းလား။ မင်းကြီးက ဒီငါးသိန်းသော စစ်သည်တွေကို ရွှေ့ပြောင်းရဲပါ့မလား။ အကယ်၍ သူရွှေ့လိုက်ရင် ရှနိုင်ငံတော်မှာ ကစဉ့်ကလျားဖြစ်နိုင်တယ်လေ။”
လင်ကောင်းယွမ်သည် နက်ရှိုင်းသောအကြောင်းရင်းများကို မပြောတော့ဘဲ လင်ရှုမင်းကို ရိုးရိုးလေးပြောလိုက်သည်။
“ငါ များများပြောမနေတော့ဘူး။ ဧကရာဇ်ရဲ့ အမိန့်တော်ကို စောင့်ပြီး ချက်ချင်းပဲ စစ်သည်တွေကို ဦးဆောင်သွားပြီး မြောက်ပိုင်းမြို့တော်မှာ မြောက်ပိုင်းနယ်စားမင်းသားနဲ့ တွေ့ပါ။”
“စစ်ပွဲအတွင်းမှာ လွင်ပြင်ဒေသ မြင်းတပ်ကို တတ်နိုင်သမျှ ခုခံနိုင်အောင် ကြိုးစားပါ။ အသက်ပေးတိုက်ဖို့ မလိုပါဘူး။ တကယ့်စစ်မြေပြင်ဟာ မြောက်ပိုင်းမြို့တော်မှာ မဟုတ်ဘဲ နန်းတွင်းမှာ ဖြစ်နေတယ်။”
လင်ကောင်းယွမ်၏ သတိပေးချက်ကို သတိပြုမိသောအခါ လင်ရှုမင်းသည် တစ်ခုခုကို နားလည်သွားသကဲ့သို့ ခံစားရပြီး ချက်ချင်းပင်
“နားလည်ပါပြီ ဖခင်။ ပြောတဲ့အတိုင်း လုပ်ပါ့မယ်။”
ဟု ပြောလိုက်သည်။
မြောက်ပိုင်းမြို့တော်၊ ရန်ခရိုင်။ အနက်ရောင်ဝတ်စုံဝတ်ဆင်ထားသော အမျိုးသမီးတစ်ဦးသည် ဓားရှည်တစ်ချောင်းကို ကိုင်ထားပြီး ရန်ခရိုင်၏ လမ်းများပေါ်တွင် ဖြည်းဖြည်းချင်း လျှောက်သွားနေသည်။
သူမမျက်နှာသည် နှင်းခဲကဲ့သို့ အေးစက်နေသော်လည်း အလွန်လှပပြီး လူ့လောကနှင့် မဆက်စပ်သော နတ်သမီးတစ်ပါးနှင့် တူနေသည်။ ထိုအချိန်တွင် အလျင်အမြန် မောင်းနှင်နေသောမြင်းလှည်းတစ်စီးသည် သူမ၏ဘေးမှ ဖြတ်သန်းသွားခဲ့သည်။
လေတိုက်ခတ်မှုကြောင့် လှည်း၏ လိုက်ကာပွင့်သွားပြီး လှည်းအတွင်းမှ သူအတွက် အနက်ရောင်ဝတ်စုံဝတ်ဆင်ထားသော ကောင်းကင်ဘုံမှ နတ်သမီးတစ်ပါးကို မြင်တွေ့ရသကဲ့သို့ ဖြစ်သွားသည်။
လမ်းဘေးရှိ အနက်ရောင်ဝတ်စုံဝတ်ဆင်ထားသော အမျိုးသမီးသည် လှည်းအတွင်းရှိ အဖြူရောင် ဝတ်စုံဝတ်ဆင်ထားသော အမျိုးသမီးနှင့် မျက်လုံးချင်းဆုံမိသွားခဲ့သည်။
သို့သော် ယင်းမှာ ခဏတာမျှသာဖြစ်သည်။ လှည်းသည် သူ၏လမ်းကြောင်းအတိုင်း ဆက်လက်သွားနေပြီး အနက်ရောင်ဝတ်စုံဝတ်ဆင်ထားသော အမျိုးသမီးသည် လှည်း၏နောက်ကျောပိုင်းကို စိတ်မဝင်စားသလို ကြည့်ရှုရင်း ကျန်ခဲ့သည်။
......
အခန်း (၇၈) - လင်ဝမ်ရွန်
မြောက်ပိုင်းမြို့တော်၊ ရန်ခရိုင်။
လှည်းပေါ်တွင်။
ချန်ဝမ်ရွန်သည် သူမ ခုနက မြင်ခဲ့ရသော အနက်ရောင်ဝတ်စုံဝတ်ဆင်ထားသည့် အမျိုးသမီးကို သတိရသွားပြီး သူမ၏ဘေးမှ ခရမ်းရောင်တိမ်တိုက်ဝတ်စုံဝတ်ဆင်ထားသော အလွန်လှပသည့် အမျိုးသမီးကို
“ဒေါ်လင်း ခုနက အဲဒီအမျိုးသမီးကို မြင်လိုက်လား”
ဟု ချက်ချင်းမေးလိုက်သည်။
လင်ဝမ်ရွန်က
“မြင်လိုက်တယ်”
ဟု ချက်ချင်းပြန်လည်ဖြေကြားလိုက်သည်။
“ကျွန်မမှားမယ်မထင်ဘူး။ သူက ဆွမ်ဧကရာဇ်ဘက်က လူတစ်ယောက်ဖြစ်ရမယ်”
ချန်ဝမ်ရွန်က မည်သည့်မျက်နှာအမူအရာမှ မပါပဲ ပြောလိုက်သည်။
လွန်ခဲ့သော နှစ်အနည်းငယ်က ချန်ဝမ်ရွန်သည် နန်းတွင်းသို့ အတော်ကြာကြာ ထိုးဖောက်ဝင်ရောက်ခဲ့ဖူးသောကြောင့် ဆွမ်ဧကရာဇ်၏ အရိပ်ကိုယ်ရံတော်များအကြောင်း အနည်းငယ်သိရှိသည်။ သူမသည် အနက်ရောင်ဝတ်စုံဝတ်ဆင်ထားသော အမျိုးသမီးသည် ယခင်က သူမနှင့် ဆုံခဲ့ဖူးသူဖြစ်ကြောင်း ချက်ချင်းသိလိုက်သည်။
ခဏစဉ်းစားပြီးနောက် လင်ဝမ်ရွန်က
“ကျွန်မ ချူးယွဲ့ မင်းသမီးရဲ့ ခရီးသွားနန်းတော်မှာ ဒီအမျိုးသမီးကို မြင်ဖူးတယ်။ ဒီအမျိုးသမီးက ဧကရာဇ်ရဲ့ အရိပ်ကိုယ်ရံတော်တွေထဲက တစ်ယောက်ဖြစ်နိုင်တယ်”
ဟု ပြောလိုက်သည်။
ချန်ဝမ်ရွန်က ဆက်လက်ပြောသည်။
“သူရဲ့ အငွေ့အသက်အရ သူက အနည်းဆုံး ထိပ်သီးပညာရှင်အဆင့် စွမ်းအားရှိတယ်။ ဧကရာဇ်က အသုံးမကျတဲ့ မင်းသားတစ်ယောက်ကို ကာကွယ်ဖို့ ထိပ်သီးပညာရှင်တစ်ယောက်ကို စေလွှတ်ခဲ့တယ်။ ဒေါ်လင်း ဒါကို ထူးဆန်းတယ်လို့ မထင်ဘူးလား။”
ချန်ဝမ်ရွန်၏ စကားကို ကြားသောအခါ လင်ဝမ်ရွန်က ချက်ချင်းပြန် မဖြေနိုင်ပါ။ ဆွမ်ဧကရာဇ်သည် အသုံးမကျသော မင်းသားတစ်ဦးကို ကာကွယ်ရန် ထိပ်သီးပညာရှင်တစ်ဦးကို စေလွှတ်ရခြင်း၏ အကြောင်းရင်းကို သူမ မသိရှိနိုင်သော်လည်း အလွန်ထူးဆန်းသည်ဟုတော့ ထင်မိသည်။
ခဏကြာပြီးနောက် လင်ဝမ်ရွန်က
“ဆိုလိုတာက မင်းသားစံအိမ်ရဲ့ လျှို့ဝှက်ထိပ်သီးပညာရှင်ဆိုတာ ဒီအမျိုးသမီးများလား။” ဟု ပြောလိုက်သည်။
ချန်ဝမ်ရွန် တိတ်ဆိတ်သွားသည်။
သူမ မြောက်ပိုင်းမြို့တော်သို့ သွားပြီး မြောက်ပိုင်းနယ်စားမင်းသားကို အလွယ်တကူ ထိန်းချုပ်နိုင်မည်ဟု ထင်ခဲ့သည်။ ထို့နောက် သူ့ကို အသုံးချကာ လျှို့ဝှက်နဂါးမန္တာန်ကို ဖန်တီးပြီးနောက်ပိုင်းတွင် ဆွမ်ဧကရာဇ်ကို ကိုင်တွယ်ဖြေရှင်းနိုင်မည်ဟု ထင်မှတ်ခဲ့သည်။
မျှော်လင့်မထားသည်မှာ သူမသည် ဤနေရာတွင် ဧကရာဇ်၏ လူတစ်ဦးနှင့် တွေ့ဆုံခဲ့ရခြင်းဖြစ်သည်။ ဒီအတိုင်းဆိုရင်တော့ သူတို့၏အစီအစဉ်သည် သူတို့မျှော်လင့်ထားသည့်အတိုင်း အလွယ်တကူ အကောင်အထည်ဖော်နိုင်မည် မဟုတ်ပါ။
ဆွမ်ဧကရာဇ်သည် အသုံးမကျသော မင်းသားတစ်ဦးကို ကာကွယ်ရန် အဘယ်ကြောင့် လူစေလွှတ်ထားခဲ့သည်ကို သူမ မသိသော်လည်း သူ့တွင် အကြောင်းရင်း ရှိရမည်ဖြစ်သည်။
နှစ်နာရီကြာပြီးနောက် မြောက်ပိုင်းနယ်စားမင်းသားစံအိမ်တွင်။
ချူးယုချင်သည် အတွင်းဆောင်ပိုင်းတွင် ကင်းလှည့်နေစဉ် ရုတ်တရက် အမျိုးသမီး အစောင့်တစ်ဦး ခြံဝင်းအတွင်းသို့ ဝင်လာပြီး
“ဒေါ်လေးချူး၊ လျှို့ဝှက်လဝန်းနန်းတော်က လူတစ်ယောက် ရောက်လာပါတယ်။”
ဟု ပြောလိုက်သည်။
ဤစကားကို ကြားလိုက်ရသောအခါ၊ ချူးယုချင်သည် ခဏမျှ စိတ်ရှုပ်သွား၏။ ဘာတွေဖြစ်နေသည်ကို သူမ ချက်ချင်းနားမလည်နိုင်ခဲ့ပါ။
ခဏကြာပြီးနောက် သူမသည် သတိပြန်ဝင်လာပြီး သူမ၏အရှေ့မှ အမျိုးသမီး အစောင့်ကို ကြည့်ကာ
“လျှို့ဝှက်လဝန်းနန်းတော်လား။ လျှို့ဝှက်လဝန်းနန်းတော်က လူတွေက မြောက်ပိုင်းနယ်စားမင်းသားစံအိမ်မှာ ဘာလုပ်နေတာလဲ။”
ဟု မေးလိုက်သည်။
အမျိုးသမီး အစောင့်က
“ကျွန်မ မသိပါဘူး၊ ဒါပေမယ့် အမျိုးသမီးတစ်ယောက်က ဒေါ်လေးကို သိတယ်လို့ ပြောပြီး တွေ့ချင်တယ်လို့ ပြောပါတယ်။”
ဟု ပြန်လည်ဖြေကြားလိုက်သည်။ အမျိုးသမီး အစောင့်ပြောနေစဉ်ပင် ချူးယုချင်၏ စိတ်ထဲတွင် အမျိုးသမီးတစ်ယောက်၏ ပုံရိပ်ပေါ်လာသည်။
ထို့နောက် ချူးယုချင်က
“နားလည်ပြီ၊ ငါ အခုပဲ သွားမယ်”
ဟု ပြောလိုက်သည်။
အမျိုးသမီး အစောင့်၏ နောက်ကို လိုက်ပြီး ချူးယုချင်သည် မကြာမီပင် စံအိမ်ဝင်ပေါက်သို့ ရောက်ရှိလာသည်။ မြောက်ပိုင်းနယ်စားမင်းသားစံအိမ်၏ ဝင်ပေါက်အရှေ့တွင် လှည်းတစ်စီး ရပ်ထားပြီးအတွင်းမှ လူများသည် လှည်းပေါ်မှ မဆင်းသေးပါ။
ချူးယုချင် စံအိမ်ဝင်ပေါက်သို့ ရောက်ရှိပြီး မကြာမီ လှည်းလိုက်ကာ ပွင့်သွားပြီး ခရမ်းရောင်တိမ်တိုက်ဝတ်စုံဝတ်ဆင်ထားသော လှပသည့် အမျိုးသမီးတစ်ဦးသည် လှည်းပေါ်မှ ဆင်းလာသည်။ ဧည့်သည်သည် လင်ဝမ်ရွန်ဖြစ်ကြောင်း မြင်လိုက်ရသောအခါ ချူးယုချင်၏ ခေါင်းထဲမှ အတွေးများ ရပ်တန့်သွားခဲ့သည်။ ထို့နောက် သူမက အံ့အားသင့်စွာဖြင့်
“လင် မြောက်ပိုင်းမြို့တော်ကို ဘယ်လိုရောက်လာတာလဲ။”
ဟု မေးလိုက်သည်။
ပြောပြောဆိုဆိုနှင့် ချူးယုချင်သည် လင်ဝမ်ရွန်ထံ ချဉ်းကပ်လာသည်။ လင်ဝမ်ရွမ်သည် ချူးယုချင်၏မေးခွန်းကို ချက်ချင်းမဖြေပဲ
“ယုချင် တို့မတွေ့ရတာ နှစ်ပေါင်းများစွာ ကြာပြီမဟုတ်လား။”
ဟု နူးညံ့စွာပြုံးရင်း နှုတ်ဆက်လိုက်သည်။
ချူးယုချင်က
“ဟုတ်တယ် နင်လျှို့ဝှက်လဝန်းနန်းတော်ကို သွားပြီးကတည်းကပဲ။”
ချူးယုချင်သည် လှည်းကို ကြည့်လိုက်ပြီး
“လင်မြောက်ပိုင်းမြို့တော်ကို လာတာက…”
ဟု ထပ်မံမေးလိုက်သည်။
လင်ဝမ်ရွန်က
“နန်းတော်သခင်နဲ့ ငါက မြောက်ပိုင်းမြို့တော်က ဖြတ်သွားနေတာ။ နင်လည်း ဒီမှာရှိတယ်ဆိုတာ ကြားတော့ နင့်ကို တွေ့ချင်လာတယ်။”
ဟု ပြန်ဖြေလိုက်၏။
လင်ဝမ်ရွန်၏အဖြေကို ကြားလိုက်ရသောအခါ ချူးယုချင်သည် အံ့အားသင့်သွား၏။
ထို့နောက် သူမက လှည်းကို ကြည့်ပြီး
“လျှို့ဝှက်ဝန်းနန်းတော် သခင်က လှည်းထဲမှာလား။”
ဟု မေးလိုက်သည်။
လင်ဝမ်ရွန်က ခေါင်းညိတ်လိုက်သည်။
“ဟုတ်တယ်။”
လျှို့ဝှက်လဝန်းနန်းတော် သခင်သည် ပုံမှန်အားဖြင့် နန်းတော်မှ ထွက်ခွာခြင်း မရှိပါ။ နန်းတော်မှ ထွက်လာသည်ဆိုသည်မှာ အရေးကြီးသော ကိစ္စတစ်ခုရှိကြောင်း ညွှန်ပြသည်။
ချူးယုချင်သည် မြောက်ပိုင်းမြို့တော်တွင် လျှို့ဝှက်လဝန်းနန်းတော်သခင်နှင့် တွေ့ရမည်ဟု မျှော်လင့်မထားခဲ့ပေ။ထိုအချိန်တွင် ချူးယုချင်က လျှင်မြန်စွာ ပြောလိုက်သည်။
“ ခဏစောင့်ပါ လင်း။ ငါချန်းလေးကို နင်ရောက်လာတဲ့ အကြောင်း သတင်းပို့လိုက်ဦးမယ်။”
ထိုသို့ပြောလိုက်ပြီးနောက် ချူးယုချင်သည် လုချန်းကို ရှာဖွေရန် လှည့်ထွက်သွားလိုက်သည်။
ချူးယုချင်သည် မင်းသား၏ စံအိမ်တွင် သူမ၏ အဆင့်အတန်းမြင့်မားပြီး လုချန်းက သူမကို အလွန်လေးစားသည်ကို သိထားသော်လည်း လုချန်း၏ ခွင့်ပြုချက်မရှိပဲ အခြားလူများကို စံအိမ်သို့ ဖိတ်ကြားမည် မဟုတ်ပါ။
စံအိမ်သို့ လူများကို ဖိတ်ကြားလိုပါက မိဖုရား သို့မဟုတ် မင်းသား လုချန်းကို အသိပေးရမည်ဖြစ်သည်။ ချူးယုချင် လှည့်လိုက်သည်နှင့် တစ်ပြိုင်နက် လုချန်းသည် စံအိမ်၏ ပင်မတံခါးဝမှ ထွက်လာသည်။
“ဒေါ်လေးချူး၊ ဧည့်သည်တွေ ရောက်
နေတယ်လို့ ကြားလိုက်ရတယ်။”
အခုတံခါးဝတွင် ရှိနေသော အစောင့်သည် ချူးယုချင်ကို အသိပေးရုံသာမက စံအိမ်သို့ ဧည့်သည်များ ရောက်ရှိလာကြောင်း လုချန်းကိုလည်း အသိပေးခဲ့သည်။
ထိုသတင်းကို ကြားလိုက်ရသည်နှင့် လုချန်းသည် စံအိမ်သို့ မည်သည့်ဧည့်သည်တွေများ ရောက်လာတာတာလဲဆိုတာကို သိလိုစိတ်ပြင်းပြလာပြီး ကိုယ်တိုင် သွားရောက်ကြည့်ရှုရန် တံခါးဝသို့ သွားလိုက်သည်။
ချူးယုချင်နှင့် အလွန်လှပသော အမျိုးသမီးတစ်ဦး စကားပြောနေသည်ကို မြင်လိုက်ရသော လုချန်း၏ မျက်လုံးများ လင်းလက်လာသည်။
ထိုအမျိုးသမီးသည် ခရမ်းရောင် တိမ်တိုက်ဝတ်စုံကို ဝတ်ဆင်ထားပြီး သူမ၏ ဆံပင်များကို မြင့်မြင့်စီးထားကာ ရင်ဘတ်ပေါ်တွင် ဖြန့်ထားသည်။ ထိုအမျိုးသမီးသည် ဂုဏ်သိက္ခာရှိပြီး ချစ်စရာကောင်းကာ ချူးယုချင်၏ အလှနှင့် ယှဉ်လျှင်ပင် မလျော့ပေ။
လုချန်းသည် ချက်ချင်းပင် စနစ်ကို အသုံးပြုကာ သူမ၏ အချက်အလက်ကို ဖော်ထုတ်လိုက်သည်။
[အမည်- လင်းဝမ်ယွမ်]
[အဆင့်- ရှနိုင်ငံတော်၏ ဝန်ကြီးချုပ် လင် ကောင်းယွမ်၏ မွေးစားသမီး။ နောက်ပိုင်းတွင် လင်မိသားစုမှ ထွက်ခွာကာ မြူကျောင်းတော်သို့ ဝင်ရောက်ခဲ့သည်။ ထိပ်သီးအဆင့် တစ်ဝက်၊ ယခုနှစ်တွင် အသက် ၃၁ နှစ်၊ နန်းတော်သခင် ချန်ဝမ်ရွန်နှင့်အတူ မြောက်ပိုင်းမြို့တော်သို့ ရောက်ရှိလာပြီး ဆွမ်ဧကရာဇ်ကို ရင်ဆိုင်ရန် လျှို့ဝှက်နဂါးမန္တာန်ကျင့်စဉ်ကို မြှင့်တင်ရန် မြောက်ပိုင်းနယ်စားမင်းသား၏ သွေးကို အသုံးပြုရန် ကြံစည်ထားသည်။]
[အဆင့်သတ်မှတ်ချက်- ၉၅]
[သဘောကျမှု- ၆၀ (သခင်သည် သူမ မိတ်ဆွေ၏ သားဖြစ်သောကြောင့်)]
လုချန်းသည် သူ့ရှေ့တွင် ပေါ်လာသော အသိပေးချက်ကို မြင်လိုက်ရသည်နှင့် အံ့အားသင့်သွားသည်။ အဆင့် ၉၅ ရှိသော လှပသော အမျိုးသမီးတစ်ဦး သူ့အိမ်တံခါးဝသို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိလာမည်ဟု သူ မျှော်လင့်မထားခဲ့ပေ။ ထို့ပြင် သူမသည် သူ့မိခင်၏ မိတ်ဆွေလည်း ဖြစ်နေသည်။
ချူးယုချင်နှင့် သူမ ရင်းနှီးနေသည်မှာ အံ့သြစရာမရှိပေ။
သို့သော် ထိုအမျိုးသမီး သူ့အပေါ် သဘောကျမှုရှိသည်က ယုတ္တိရှိသော်လည်း သူမ၏ လာရောက်ရခြင်းတွင် အခြားရည်ရွယ်ချက်တစ်ခု ရှိနေနိုင်သည်။
လုချန်းသည် လျှို့ဝှက်နဂါးမန္တာန်ကျင့်စဉ်ဆိုသည်မှာ ဘာမှန်း မသိသော်လည်း စနစ်၏ ဖော်ပြချက်အရ သူမ၏ ရည်ရွယ်ချက်မှာ သူ၏သွေးကို အသုံးပြုကာ ထိုကျင့်စဉ် အဆင့်မြှင့်တင်ရန် ဖြစ်ပြီး ထိုကျင့်စဉ်သည် သူ၏ဖခင် ဧကရာဇ်ကို ပစ်မှတ်ထားသည်ဟု ဆိုသည်။
ထို့ကြောင့် လျှို့ဝှက်လဝန်းနန်းတော်သည် ရှနိုင်ငံတော်၏ ရန်သူဖြစ်သည်မှာ ထင်ရှားသည်။ ထိုအချိန်တွင် လုချန်း၏ မျက်လုံးများသည် လှည်းပေါ်သို့ ကျရောက်သွားသည်။
လင်ဝမ်ရွမ်သည် လျှို့ဝှက်လဝန်း နန်းတော်သခင်နှင့် အတူလာခဲ့သည်ဆိုလျှင် နန်းတော်သခင်သည် လှည်းအတွင်း၌ ရှိနေမည်မှာ သေချာသည်။ စနစ်၏ မိတ်ဆက်ချက်တွင် ပေါ်လာသော အမည်အရ လျှို့ဝှက်လဝန်းနန်းတော်သခင်သည်လည်း အမျိုးသမီးတစ်ဦး ဖြစ်နေမလား။
ထိုသို့ တွေးနေစဉ်တွင် ချူးယုချင်၏ အသံက လုချန်းကို ပြန်လည်သတိဝင်သွားစေသည်။
“ချန်းလေး။ မင်းရောက်လာတာ ကောင်းတယ်။ မင်းကို မိတ်ဆက်ပေးရမယ်။ ဒါကတော့ မင်းအမေရဲ့ သွေးသောက်ညီအစ်မ လင်းဝမ်ရွန်ပါ။ သူက လျို့ဝှက်လဝန်းနန်းတော်ရဲ့ အကြီးအကဲတစ်ဦးဖြစ်တယ်။ မင်းမွေးဖွားပြီးမကြာမီ နန်းတော်ထဲ ဝင်သွားလို့ မင်းတို့ မတွေ့ဖူးကြသေးဘူး။”
ထိုစကားကို ကြားလိုက်ရသည်နှင့် လုချန်းသည် ချက်ချင်း အမျိုးသမီးနှစ်ဦးနားသို့ ချဉ်းကပ်လိုက်သည်။
လုချန်းကို မြင်လိုက်ရသည်နှင့် လင်ဝမ်ရွမ်ကချက်ချင်း ဦးညွှတ်လိုက်ကာ
“ကျွန်မ မင်းသားကို အရိုအသေပြုပါတယ်။” ဟု ပြောလိုက်သည်။
လုချန်းသည် ပြုံး၍
“ဒီလောက်ကြီး ထုံးစံတွေ မလုပ်ပါနဲ့။ အဒေါ်ကကျွန်တော့်အမေနှင့် သွေးသောက်ညီအစ်မဆို တော့ ကျွန်တော်က ဒေါ်လေးလင်းလို့ ခေါ်ရမှာပါ။”
ဟု တုံ့ပြန်လိုက်သည်။
ထိုစကားကို ကြားလိုက်ရသည်နှင့် လင်ဝမ်ရွန်၏ သဘောကျမှုသည် ချက်ချင်း တစ်မှတ်တက် သွားသည်။ အမှတ်တက်သွားသည်ကို မြင်လိုက်ရသည်နှင့် လုချန်းသည် စဉ်းစားသွားမိသည်။
ဒီအမျိုးသမီးရဲ့ သဘောကျမှုကို တိုးဖို့က ဒီလောက်လွယ်ကူသလား။
ဒါဆို သူမနှစ်သက်အောင် လုပ်ဖို့ အတော်လေးလွယ်ကူနိုင်နိုင်လား။ အဆင့် ၉၅ ရှိသော အမျိုးသမီးတစ်ဦး သူ့ထံ ကိုယ်တိုင်လာရောက်နေမှတော့ လုချန်း အားနာနေတော့မည် မဟုတ်ပေ။
ထိုအချိန်တွင် လှည်း၏ လိုက်ကာကဖြည်းညင်းစွာ ပွင့်လာပြီး အဖြူရောင်ဝတ်စုံဝတ် အမျိုးသမီးတစ်ဦး လှည်းပေါ်မှ ဆင်းလာသည်။
......