အခန်း ၈၂-၈၄
Vol. 6 Ch. 82-84
အခန်း (၈၂) လက်ဖက်ရည်အတွက် ကျေးဇူးတင်ပါတယ် မင်းသား
လုချန်းသည် မင်းသားတစ်ပါးဖြစ်သော်လည်း ပိုင်ချင်းချင်းရှေ့တွင် သူ၏ မင်းမျိုးမင်းနွယ်အဆင့်အတန်းကို သိပ်ပြသလေ့ မရှိခဲ့ပေ။ အကြောင်းမှာ သူတို့သည် ကလေးဘဝကတည်းက အတူတကွ ကြီးပြင်းလာခဲ့ကြပြီး လုချန်းသည်လည်း တစ်ခြားခောတ်ကာလမှ ပြောင်းရွှေ့လာ ဝိညာဉ်ကို ပိုင်ဆိုင်ထားသူ ဖြစ်သောကြောင့်ဖြစ်သည်။
ကလေးဘဝတုန်းက လုချန်းသည် ပိုင်ချင်းချင်းကို စကားဖြင့် ကျီစယ်လေ့ရှိသည်။ သူမတွင် ထိတ်လန့်စိတ် သို့မဟုတ် စိတ်ပျက်စရာ လက္ခဏာများ ပေါ်လာမလား စမ်းသပ်ရန် ဖြစ်သည်။ သို့သော် နှစ်များစွာ ကုန်လွန်သွားသော်လည်း သူမရဲ့ မျက်နှာအမူအရာတွင် မည်သည့် ပြောင်းလဲမှုမှ မတွေ့ခဲ့ရပေ။
ယခု ပိုင်ချင်းချင်းသည် လုချန်း၏ စကားကို ကြားလိုက်ရသောအခါတွင်လည်း သူမ၏ စိတ်သည် ကလေးဘဝတုန်းကနှင့် ဘာမှ ကွာခြားမှု မရှိခဲ့ပေ။ ဘာမှ မထူးခြားသလို မည်သည့်ကြောက်ရွံ့တုန်လှုပ်သည့် လက္ခဏာကိုမှ သူမ မပြသပေ။
ထိုအချင်းအရာကို တွေ့ပြီး လုချန်း၏ စိတ်ထဲ၌ ပိုင်ချင်းချင်းသည် အမှန်တကယ်ပင် ခံစားချက် မရှိသော အမျိုးသမီးတစ်ဦးဖြစ်သည်ဟု တွေးမိလိုက်သည်။
ထိုအချိန်တွင် ပိုင်ချင်းချင်းက လုချန်းကို ဦးညွှတ်ကာ
“မင်းသား၊ ကျေးဇူးတင်ပါတယ်”
ဟု ပြောလိုက်သည်။
လုချန်းသည် သူမရှေ့တွင် မင်းမျိုးမင်းနွယ်အဆင့်အတန်းကို မပြသသော်လည်း သူသည် မင်းသားတစ်ပါးဖြစ်ပြီး မြောက်ပိုင်းနယ်စားမင်းသားဖြစ်သောကြောင့် သူတို့တွေ့ဆုံသည့်အခါ ပိုင်ချင်းချင်းအနေဖြင့် ဦးညွှတ်ရခြင်းဖြစ်သည်။
လုချန်းက ချက်ချင်းပင် ပိုင်ချင်းချင်း၏ လက်ကို ကိုင်လိုက်ပြီး သူမ၏ မျက်လုံးကို စိုက်ကြည့်ကာပြုံးရင်း ပြောလိုက်သည်။
“ပိုင်၊ မင်းက သိပ်စည်းကမ်းလိုက်နာတာပဲ။ ငါ့ကို ဘာလို့ ဦးညွှတ်နေရတာလဲ။”
လုချန်း၏ မျက်လုံးများက ပိုင်ချင်းချင်းကို စူးစိုက်ကြည့်နေသည်ကို မြင်လိုက်ရသောအခါ ချူးယုချင်၏ စိတ်ထဲတွင် ထူးဆန်းသော ခံစားချက်တစ်ခုကို ရုတ်တရက် ခံစားလိုက်ရသည်။
သူမကိုယ်တိုင် မထိန်းနိုင်ပဲ တွေးမိလိုက်သည်။ ချန်းက ပိုင့်အပေါ် အဲ့ဒီလို ခံစားချက် တွေများ ရှိနေတာလား။ ထိုသို့ တွေးမိပြီးနောက် ချူးယုချင်သည် သူမ၏ အတွေးများကို ချက်ချင်းရပ်တန့်လိုက်သည်။
သူမကိုယ်တိုင် ဘာတွေမှားနေလဲ မသိပါ။ ဒီနေ့ လုချန်း အခြားအမျိုးသမီးတစ်ဦးနှင့် စကားပြောနေတာကို မြင်တိုင်း သူမ၏ စိတ်နှလုံးသည် မသက်သာသော ခံစားချက်တစ်ခုကို ခံစားရပြီး လုချန်းတွင် ထိုအမျိုးသမီးများအပေါ် ခံစားချက်များ ရှိနေသည်ဟု သံသယဝင်မိသည်။
ချူးယုချင်သည် သူမကိုယ်သူမ စိတ်ထဲတွင် ဆုံးမရန် ကြိုးစားလိုက်သည်။ ချန်းလေးသည် သူတို့ကို စိတ်ဝင်စားနေသည် ဆိုလျှင်တောင်ထိုသို့ဖြစ်ခြင်းသည် ထူးဆန်းသည်မဟုတ်သလို သူမအနေဖြင့် အလွန်အမင်း တွေးတောနေစရာလည်း မလိုပေ။
ထိုအချိန်တွင် လုချန်းက ပိုင်ချင်းချင်းကို
“ပိုင်၊ ဝင်လာခဲ့လေ။ မင်း ဒီနှစ်တွေအတွင်း ဘယ်မှာရှိခဲ့တယ် ဘာတွေကြုံခဲ့ရတယ်ဆိုတာ ငါသိချင်တယ်” ဟု ပြောလိုက်သည်။
ထိုသို့ပြောပြီး လုချန်းသည် ပိုင်ချင်းချင်း၏ လက်ကို ကိုင်ကာ မင်းသားစံအိမ်ဆီထဲသို့ လျှောက်သွားသည်။ ပိုင်ချင်းချင်းကလည်း လက်ကို ရုန်းရန် စိတ်ကူးပင် မပေါ်ပါ။ မည်သည့် ခုခံခြင်းမှ မပြုခဲ့ပေ။
သူတို့သည် ကလေးဘဝကတည်းက နီးနီးကပ်ကပ် နေခဲ့ကြပြီး တစ်ယောက်ကိုတစ်ယောက် ပွေ့ဖက်အိပ်စက်ခဲ့ကြသည့်အတွက် ပိုင်ချင်းချင်းသည် လုချန်းနှင့် နီးနီးကပ်ကပ် ထိတွေ့မှုကို နေသားကျနေသည်မှာ ကြာပြီဖြစ်သည်။ ထို့ကြောင့် လုချန်းက သူမ၏ လက်ကို ကိုင်ထားခြင်းကို သူမ လုံးဝ မကန့်ကွက်ခဲ့ပေ။
မကြာမီ သူတို့သည် ပင်မ ခြံဝင်းအတွင်းသို့ ရောက်ရှိလာခဲ့ကြသည်။ လုချန်းက အစေခံအမျိုးသမီးတစ်ဦးကို နဂါးဖီးနစ် လက်ဖက်ရည်တစ်အိုးယူလာရန် အမိန့်ပေးလိုက်ပြီး သူကိုယ်တိုင် ပိုင်ချင်းချင်းအတွက် လက်ဖက်ရည်ကို ငှဲ့ပေးလိုက်သည်။
စနစ်က နဂါးဖီးနစ် လက်ဖက်ရည်သည် ပိုင်ချင်းချင်း၏ စိတ်ခံစားချက်များကို ပြန်လည်နှိုးဆွပေးရန်အတွက် လိုအပ်ကြောင်း ဖော်ပြခဲ့သည်။ သို့သော် သူမ၏ စိတ်ခံစားချက်များ ပြန်လည်နိုးကြားလာပါက သူမ၏ တုံ့ပြန်မှုက ဘာဖြစ်လာမည်ကို သူ မသိခဲ့ပေ။
နဂါးဖီးနစ် လက်ဖက်ရည်၏ အဓိက အကျိုးသက်ရောက်မှုမှာ အမျိုးသမီးတစ်ဦး၏ သူ့အပေါ် နှစ်သက်သဘောကျမှုကို တိုးပွားစေပြီး ထိုအမျိုးသမီးကို သူ့အား မခွဲခွာနိုင်အောင် ဖန်တီးပေးနိုင်ခြင်းဖြစ်သည်။ ထို့ကြောင့် ပိုင်ချင်းချင်း၏ စိတ်ခံစားချက်များ ပြန်လည်နိုးကြားလာပါကလည်း သူမထံ၌ မည်သည့် ဆိုးကျိုးမှ ဖြစ်လာမည် မဟုတ်ပေ။
လက်ဖက်ရည်ကို လောင်းဖြည့်ပြီးနောက် လုချန်းက ပိုင်ချင်းချင်း၏ လက်ကို ကိုင်ကာ
“ပိုင်၊ ဒါက မင်းသားစံအိမ်က အထူးလက်ဖက်ရည်ပါ။ စိတ်ကို လန်းဆန်းတက်ကြွစေနိုင်တယ်။ သောက်ကြည့်လိုက်ပါ”
ဟု ပြောလိုက်သည်။
ထိုစကားကို ကြားလိုက်ရသောအခါ ပိုင်ချင်းချင်းက ဘာမှမပြောပဲ လက်ဖက်ရည်ခွက်ကို ကောက်ယူကာ ဖြည်းညင်းစွာ သောက်လိုက်သည်။
သောက်လိုက်သောအခါ ပိုင်ချင်းချင်းသည် ထိုလက်ဖက်ရည်က စိတ်ကို လန်းဆန်းတက်ကြွစေကြောင်း သိလိုက်ရသော်လည်း သူမတွင် စိတ်ခံစားချက်များ ကင်းမဲ့နေသောကြောင့် အံ့အားသင့်သည့် လက္ခဏာများ မပြခဲ့ပေ။
ထို့နောက် သူမသည် လက်ဖက်ရည်ခွက်ကို ပြန်ချပြီး မျက်နှာအမူအရာမဲ့စွာဖြင့် လုချန်းကို “လက်ဖက်ရည်အတွက် ကျေးဇူးတင်ပါတယ်၊ မင်းသား” ဟု ပြောလိုက်သည်။
လုချန်းက အနည်းငယ် ပြုံးပြလိုက်ပြီး မေးလိုက်သည်။
“မင်း မြို့တော်ကနေ ထွက်သွားပြီးနောက် ဘယ်မှာသွားပြီး သိုင်းပညာလေ့ကျင့်ခဲ့တာလဲ။ ဘာလို့ ငါ့ဆီကို လာမတွေ့ ခဲ့တာလဲ။”
ပိုင်ချင်းချင်းက
“တောင်တန်းတစ်ခုရဲ့ အတွင်းပိုင်းမှာ သွားပြီး လေ့ကျင့်ခဲ့တာ။ ဘယ်နေရာလဲဆိုတာ အတိအကျ မသိဘူး”
ဟု ပြန်ဖြေလိုက်သည်။
သူမသည် မျက်နှာအမူအရာမပါပဲ လိမ်လည်ပြောဆိုခဲ့ပြီး အပြင်လူများအနေဖြင့် သူမ လိမ်နေသည်ကို မသိမြင်နိုင်ခဲ့ပေ။ လုချန်းတွင် စနစ်မရှိခဲ့ပါက သူမသည် တောင်တန်းတစ်ခု၏ အတွင်းပိုင်းသို့ သွားရောက်ကာ သိုင်းပညာလေ့ကျင့်ခဲ့သည်ဟု ယုံကြည်သွားနိုင်သည်။
လုချန်းက ဆက်လက်မေးမြန်းလိုက်သည်။
“ဒါဆို မင်း ပြန်သွားဖို့ စီစဉ်ထားလား။”
ပိုင်ချင်းချင်းက အေးစက်စွာဖြင့်
“မဟုတ်ပါဘူး။ ငါ့လေ့ကျင့်မှုက ပြီးသွားပြီ”
ဟု ဖြေလိုက်သည်။
ပိုင်ချင်းချင်း၏ အဖြေကိုကြားလိုက်ရ သောအခါ ချူးယုချင်က ချက်ချင်းပင်
“မင်းလေ့ကျင့်ခန်းတွေပြီးသွားပြီဆိုတော့ မင်းသားစံအိမ်မှာပဲ နေပါလား။ တို့နဲ့အတူ နေလိုက်ပါ”
ဟုအကြံပြုလိုက်၏။
ပိုင်ချင်းချင်းက ငြင်းပယ်ခြင်းမရှိပဲ
“အင်း၊ ကောင်းပါပြီ”
ဟု သဘောတူလိုက်၏။
ဒီတစ်ခါ သူမ မင်းသားစံအိမ် ကိုလာရခြင်း၏ အဓိကတာဝန်က မင်းသားကို စောင့်ကြည့်ရန်ဖြစ်ပြီး ချူးယုချင်က သူမကို နေဖို့တောင်းဆိုနေသောအခါ မင်းသား၏ လှုပ်ရှမှုတိုင်းကို စောင့်ကြည့်ဖို့ အခွင့်အရေးကောင်းတစ်ခု ဖြစ်သွား၏။
ပိုင်ချင်းချင်း သဘောတူသွားသည် တွေ့မြင်ရသည့်အခါ ချူးယုချင် အလွန်ပင် ဝမ်းမြောက်သွားသည်။သို့သော် ချူးယုချင်နှင့်မတူပဲ လုချန်းကတော့ ပိုင်ချင်းချင်းက သူမ၏ ကိုယ်ပိုင်ဆန္ဒကြောင့် နေထိုင်လိမ့်မည်ဟု ကြိုတင်သိရှိထားသူဖြစ်သောကြောင့် သူမ၏ သဘောတူသွားတာကို လုံးဝမအံ့သြခဲ့ပေ။
ယခုသူစဉ်းစားနေသည်မှာ ပိုင်ချင်းချင်းသည် အခုလိုအချိန်တွင် မြောက်ပိုင်းနယ်စားမင်းသားစံအိမ်သို့ ရောက်ရှိလာခြင်းဖြစ်၏။ လွင်ပြင်ဒေသ မျိုးနွယ်စုများ တောင်ဘက်သို့ ချီတက်လာသည့်အချိန်နှင့် တိုက်ဆိုင်နေသောကြောင့် မြောက်ပိုင်းနယ်စားမင်းသားစံအိမ်၏ လျှို့ဝှက်ချက်အချို့သည် သူမ၏ အရှေ့မှောက်တွင် မလွှဲမရှောင်သာ ပေါ်ပေါက်လာမည်ဖြစ်သည်။
ဥပမာအားဖြင့် အထူးကိုယ်ရံတော်များနှင့် သူ မကြာမီ စစ်သည်များအား ပြသရန် ရည်ရွယ်ထားသည့် လက်ပစ်ဗုံး လောင်ချာများစသည့် လျှို့ဝှက်ချက်များ ဖြစ်သည်။
ပိုင်ချင်းချင်းက ထိုကိစ္စရပ်များကို ဆွမ်ဧကရာဇ်ဖြစ်သူ သူ့ဖခင်ထံ တိုင်ကြားပါက သူ့အတွက် ပြဿနာများ ဖြစ်ပေါ်လာနိုင်သည်။ ထို့ကြောင့် အကောင်းဆုံးနည်းလမ်းမှာ ပိုင်ချင်းချင်း ထိုကိစ္စရပ်များကို တိုင်ကြားနိုင်ခြင်းမရှိမီ သူမအား သူ၏ အမျိုးသမီးအဖြစ် ပြုလုပ်ရန် ဖြစ်သည်။ ထိုသို့သာ ပြုလုပ်မှသာလျှင် သူ၏ လျှို့ဝှက်ချက်များကို ဆွမ်ဧကရာဇ်၏ သိရှိသွားခြင်းမှ ကာကွယ်နိုင်မည်ဖြစ်သည်။
ထိုသို့ စဉ်းစားရင်း လုချန်းက ပိုင်ချင်းချင်းအား ပြုံး၍
“ပိုင်၊ ဒီလက်ဖက်ရည်က မင်းရဲ့ အတွင်းအားကို တိုးပွားစေဖို့ ကူညီပေးတယ်။ များများ သောက်သင့်တယ်။”
ပြောနေရင်းပင် လုချန်းသည် နဂါးဖီးနစ် လက်ဖက်ရည် တစ်ခွက်ကို ထပ်ငှဲ့လိုက်ပြီး သူကိုယ်တိုင် သောက်လိုက်သည်။
ပိုင်ချင်းချင်းသည် သူမရှေ့ရှိ လက်ဖက်ရည်သည် သူမ၏ အတွင်းအားကို တိုးပွားစေနိုင်ကြောင်း လုချန်း၏ ပြောဆိုချက်ကို ကြားသောအခါ ချက်ချင်းပင် စိတ်ဝင်စားသွားသည်။ ထိုလက်ဖက်ရည်က စိတ်လန်းဆန်းစေရန်အတွက်သာ ဖြစ်သည်ဟု သူမထင်ခဲ့ပြီး အခြားသော သက်ရောက်မှုများ ရှိမည်ဟု မမျှော်လင့်ခဲ့ပေ။
ထိုအချိန်တွင် ပိုင်ချင်းချင်းက
“အင်း။ကောင်းပါပြီ”
ဟု ပြောလိုက်သည်။
ပြောပြီးသည်နှင့် သူမသည် လက်ဖက်ရည်ခွက်ကို ပြန်ကောက်ယူပြီး နောက်တစ်ငုံ သောက်လိုက်သည်။ တစ်ငုံထပ်သောက်လိုက်တော့မှ ထိုလက်ဖက်ရည်က သူမ၏အတွင်းအားကို တိုးမြှင့်တင်ပေးနိုင်သည်ဟု ခံစားလိုက်ရသည်။ သူမ၏ခန္ဓာကိုယ်အတွင်းရှိ အတွင်းအားများက ပိုမိုချောမွေ့စွာ စီးဆင်းနေသည်။
သတင်းအချက်အလက်များ စုဆောင်းရန် လိုအပ်နေသည့်အတွက် ပိုင်ချင်းချင်းက “မင်းသား၊ ဒီလက်ဖက်ရည် နောက်ထပ် ရှိသေးလား”
ဟု မေးလိုက်သည်။
လူချန်းက
“ဟုတ်တယ်။ ငါ့စံအိမ်မှာ အဲ့ဒီအပင်တွေ ရှိတယ်။ နောင်ပိုင်း လက်ဖက်ရည်သောက်ချင်ရင် အဲ့ဒီအရွက်တွေခူးပြီး လက်ဖက်ရည်ဖျော်လို့ရတယ်”
ဟု ပြန်ဖြေလိုက်သည်။
လူချန်း၏အဖြေကို နားထောင်ပြီး ပိုင်ချင်းချင်းသည် ထိုသတင်းအချက်အလက်ကို အစီရင်ခံရန် ပြင်ဆင်နေပြီဖြစ်သည်။
အတွင်းအားကို တိုးမြှင့်ပေးနိုင်သည့် လက်ဖက်ရည်မျိုးကို ယခင်က သူမ မကြားဖူးပါ။ အရိပ်ကိုယ်ရံတော်တပ်၏ ဒုတိယခေါင်းဆောင်ဖြစ်သည့် ပိုင်ချင်းချင်းသည် ဆွမ်ဧကရာဇ်ထံ ထိုသတင်းကို ပေးပို့ရမည်မှာ သေချာသည်။
နောက်ထပ်သတင်းအချက်အလက်များ စုံစမ်းရန် ပိုင်ချင်းချင်းကပဲ စတင်၍ မေးလိုက်သည်။
“မင်းသား၊ ဒီနေ့ မြို့ထဲမှာ နဖူးမှာ ဇီးကွက်ပန်းအမှတ်အသားပါတဲ့ အမျိုးသမီးတစ်ယောက်ကို တွေ့လိုက်တယ်။ နင်တွေ့ဖူးလား။”
ချန်ဝမ်ရွန်သည် ပိုင်ချင်းချင်း၏ ထူးခြားမှုကို ခံစားမိပြီး ပိုင်ချင်းချင်းသည်လည်း ချန်ဝမ်ရွမ်၏ ထူးခြားမှုကို ခံစားမိသည်။ နှစ်ယောက်စလုံးသည် ထိပ်သီးအဆင့်များဖြစ်ပြီး ထိပ်သီးများမှ ထုတ်လွှတ်တတ်သည့် အငွေ့အသက်ကို ကောင်းစွာနားလည်ကြသည်။
ပိုင်ချင်းချင်းက ထိုအမျိုးသမီးသည် မင်းသားစံအိမ်မှ လူအများ ပြောနေကြသော လျှို့ဝှက်ထိပ်သီးပညာရှင်ဖြစ်မည်ဟု သံသယရှိပြီး ထိုအမျိုးသမီးနောက်ကွယ်တွင် မည်သည့်အင်အားစုများ ရှိနေသည်ကို သိရှိဖို့ စုံစမ်းစစ်ဆေးရန် ကြံစည်လိုက်သည်။
ပိုင်ချင်းချင်း၏မေးခွန်းကို ကြားလိုက်ရသည့်အခါ လူချန်းက ဘာမှ ဖုံးကွယ်ခြင်းမရှိဘဲ တိုက်ရိုက်ပြောလိုက်သည်။
“ချန်မိန်းကလေးအကြောင်း ပြောနေတာလား။”
“သူ့နဖူးမှာ ဇီးပန်းအမှတ်အသား တကယ်ပါပါတယ်။သူအခု စံအိမ်မှာပဲ ရှိနေပါတယ်။ သူ့ဆီက တစ်ခုခု လိုအပ်လို့လား။ ငါသူ့ကို အခုပဲ လာခိုင်းလိုက်မယ်။”
လူချန်း၏အဖြေကို ကြားလိုက်ရသည့်အခါ
ထိုအမျိုးသမီးသည် မင်းသားစံအိမ်မှ လျှို့ဝှက်ထိပ်သီးပညာရှင် ဖြစ်ရမည်ဟု ပိုင်ချင်းချင်း ယူဆလိုက်သည်။
အခု သူမသည် ပစ်မှတ်ကို အတည်ပြုပြီးပြီဖြစ်သည့်အတွက် နောက်တစ်ဆင့်မှာ ရိုးရှင်းပါသည်။ ထိုအမျိုးသမီးသည် မြောက်ပိုင်းနယ်စားမင်းသား စံအိမ်တွင် ဘာလုပ်နေသည်ကို ရှာဖွေရန်သာ လိုအပ်သည်။
ပိုင်ချင်းချင်း ထိုသို့တွေးနေစဉ် သူမ၏ဦးနှောက်သည် ရုတ်တရက် ရပ်တန့်သွားပြီး ပြင်းထန်သော နာကျင်မှုများ ဝင်ရောက်လာသည်။
ထိုအခိုက်အတွင် ပိုင်ချင်းချင်း၏ မျက်နှာသည် ငေးငိုင်သွားပြီး ခန္ဓာကိုယ်လည်း ယိုင်သွားကာ သူမ၏ စိတ်ထဲတွင် မရေမတွက်နိုင်သော ပုံရိပ်များစွာ ပြေးလွှားသွားသလို ခံစားလိုက်ရသည်။ သူမနှင့် မသက်ဆိုင်သော အတိတ်ကာလ မှတ်ဉာဏ်များက သူမ၏ ဦးနှောက်ထဲသို့ ဝင်ရောက်လာသလို ခံစားရသည်။
ပိုင်ချင်းချင်းက သူမ၏ဦးခေါင်းကို လက်ဖြင့် ထောက်ကာ လဲကျမတတ်ဖြစ်နေသည်ကို တွေ့သောအခါ လုချန်းက ချက်ချင်းပင် သူမကို ထိန်းလိုက်ရင်း
“ပိုင်၊ ဘာဖြစ်တာလဲ” ဟု မေးမြန်းလိုက်သည်။
အခန်း (၈၃) ပိုင်ချင်းချင်း၏ စိတ်လှုပ်ရှမှု ပြန်လည်နိုးထခြင်း
လုချန်းက သူမကို ထိန်းပေးပြီးနောက် ပိုင်ချင်းချင်းသည် သူမ၏ ခန္ဓာကိုယ်တွင် တစ်စုံတစ်ခု မှားယွင်းနေမှု ရှိမရှိ စစ်ဆေးရန် သူမ၏ အတွင်းအားကို အမြန်လှည့်ပတ်ကြည့်ရန် စိတ်အားထက်သန်လာခဲ့သည်။ သို့သော် ထိုအချိန်တွင် ပိုင်ချင်းချင်းသည် ရုတ်တရက် သူမ၏ ခန္ဓာကိုယ်အတွင်းရှိ အတွင်းအားများ လုံးဝပျောက်ဆုံးနေသည်ကို သတိထားမိလိုက်သည်။
သူမသည် ယခုအခါ သာမန်လူတစ်ဦးကဲ့သို့ပင် ဖြစ်နေပြီ။ ဖြစ်ပျက်ခဲ့သည့် အကြောင်းအရာကို သူမ နားမလည်နိုင်သော်လည်း ထိုအရာကသည် လုချန်းနှင့် ဆက်စပ်နေမည်ဟု ပိုင်ချင်းချင်း သိလိုက်သည်။
ဖြစ်နိုင်သည်မှာ သူမ မကြာသေးမီက သောက်ခဲ့သည့် လက်ဖက်ရည်ထဲတွင် တစ်စုံတစ်ခု ရှိနေခြင်းကြောင့် ဖြစ်ရမည်။ သို့သော် သူမ လက်ဖက်ရည်ကို အရင်ကြိုတင်စစ်ဆေးခဲ့ပြီး မည်သည့်ဆေးဝါး၏ အရိပ်အယောင်မှ မတွေ့ခဲ့ရပေ။အဘယ်ကြောင့် ထောင်ချောက်ထဲသို့ ကျသွားရသည်ကို သူမ နားမလည်နိုင်ခဲ့ပေ။
သူမ အဘယ်ကြောင့် ထိခိုက်သွားရတာလဲ။ တဖြည်းဖြည်းနှင့် ပိုင်ချင်းချင်း၏ အမြင်အာရုံများ ဝေဝါးလာပြီး ထူးဆန်းသော ကမ္ဘာတစ်ခုထဲသို့ ရောက်ရှိသွားသကဲ့သို့ သူမ ခံစားလိုက်ရသည်။
ရှနိုင်ငံ ဆူဖုန်းမြို့တွင် ပိုင်စံအိမ်ရှိသည်။ ပိုင်စံအိမ်၏ သခင်သည် ပန်းပွင့်တစ်ပွင့်ကဲ့သို့ လှပသည့် ဇနီးတစ်ဦးနှင့် လက်ထပ်ခဲ့ပြီး သူတို့၏ ဆက်ဆံရေးသည် အဆင်ပြေခဲ့သည်။
တစ်နေ့တွင် ပိုင်စံအိမ်၏ သခင်မသည် စံအိမ်ရှင်နှင့် အစေခံအမျိုးသမီးတစ်ဦး ငြိစွန်းနေပြီး ထိုအမျိုးသမီးသည် စံအိမ်ရှင်နှင့် ကိုယ်ဝန်ရှိနေသည်ကို ရုတ်တရက် သိရှိလိုက်ရသည်။
ထိုနေ့မှစ၍ ပိုင်စံအိမ် သခင်နှင့် သခင်မကြား ပြဿနာများ ဖြစ်ပေါ်လာခဲ့သည်။ သူတို့၏ နေ့စဉ်ဘဝများသည် ပုံမှန်အတိုင်း ဆက်လက်လည်ပတ်နေသော်လည်း သခင်မသည် အစေခံအမျိုးသမီးကို အကြိမ်ကြိမ် သတ်ပစ်ရန် စိတ်ကူးခဲ့သည်။ သူမ၏ သားသမီးမွေးဖွားခြင်းကို တားဆီးရန် ဖြစ်သည်။
သို့သော် စံအိမ်သခင်၏ ကာကွယ်မှုအောက်တွင် အစေခံအမျိုးသမီးသည် ကလေးတစ်ဦး မွေးဖွားနိုင်ခဲ့သည်။သို့သော် ထိုကလေးသည် မွေးဖွားသည့်နေ့မှစ၍ မတရားမှုမျိုးစုံကို ခံစားခဲ့ရသည်။
ကလေး၏မိခင် အစေခံအမျိုးသမီးသည် သားတစ်ဦး မွေးဖွားနိုင်ပါက သူမ၏အဆင့်အတန်းကို မြှင့်တင်ပေးလိမ့်မည်ဟု မျှော်လင့်ခဲ့သော်လည်း သမီးတစ်ဦးကိုသာ မွေးဖွားလိုက်ရသည့်အခါ ဒေါသထွက်သွားခဲ့သည်။
သူမ အလွန်ဒေါသထွက်ပြီး ကလေးကို ကိုယ်တိုင်သတ်ပစ်ရန် အကြိမ်ကြိမ်ကြိုးစားခဲ့သော်လည်း စံအိမ်ရှင်၏ ဝင်ရောက်စွက်ဖက်မှုကြောင့် အကြိမ်တိုင်း အောင်မြင်ခဲ့ခြင်း မရှိပေ။
ကလေးကြီးပြင်းလာသည်နှင့်အမျှ စံအိမ်သခင်မ၏ ကလေးများက သူမကို မုန်းတီးခဲ့ကြပြီး သူမကို မိမစစ် ဖမစစ်ဟုပင် ခေါ်ဆိုကြကာ မကြာခဏ ရိုက်နှက်ခဲ့ကြသည်။ သူမကို သေစေလိုကြသည်။ သူမမှတ်မိသလောက် သူမ၏ခန္ဓာကိုယ်တွင် အညိုအမဲ ပွန်းပဲ့ရာများနှင့် ပြည့်နှက်နေခဲ့သည်။
ပိုင်စံအိမ်၏သခင်သည်လည်း ထိုမိန်းကလေးနှင့်ပတ်သက်၍ သခင်မနှင့် အငြင်းပွားခဲ့ပြီး ပိုင်စံအိမ်အတွင်း ပြဿနာမျိုးစုံ ဖြစ်ပေါ်လာခဲ့သည်။ ယခင်က သူမကို ကာကွယ်ပေးခဲ့သည့် စံအိမ်သခင်သည်လည်း သူမအပေါ် စိတ်ဆိုးလာပြီး မကြာခဏ ဒေါသထွက်ကာ အော်ဟစ် ကြိမ်းမောင်းခဲ့သည်။
ထို့ကြောင့် ထိုမိန်းကလေးသည် ပိုင်စံအိမ်ရှိ လူတိုင်းမှ မုန်းတီးခံခဲ့ရပြီး သူမ ငါးနှစ်သမီး အရွယ်တွင် သူမ၏မိခင်သည်ပင် သူမကို လုံးဝဂရုမစိုက်တော့ပေ။
တစ်နေ့တွင် လျှို့ဝှက်သော ပုဂ္ဂိုလ်တစ်ဦး ပိုင်စံအိမ်သို့ ရောက်ရှိလာခဲ့သည်။ ထိုလျှို့ဝှက်သော ပုဂ္ဂိုလ်က ကလေးအား ဆေးတစ်အိတ်ကို ပေးလိုက်ပြီး ထိုဆေးကို ရေတွင်းထဲသို့ လောင်းချလိုက်ပါက သူမ လုံးဝလွတ်မြောက်သွားမည်ဟု ပြောခဲ့သည်။
ထိုကလေးငယ်သည် တစ်စုံတစ်ရာက ပြုစားခံသလို သို့မဟုတ် ထိန်းချုပ်ခံရသလို ဖြစ်သွားကာ တွေဝေခြင်း မရှိပဲ ထိုည၌ပင် လျှို့ဝှက်ပုဂ္ဂိုလ်ပေးခဲ့သည့် ဆေးကို ရေတွင်းထဲသို့ လောင်းချလိုက်သည်။ နောက်တစ်နေ့တွင် သူမ နိုးလာသည့်အခါ ပိုင်စံအိမ်ရှိ လူပေါင်းရာချီ သေဆုံးနေသည်ကို တွေ့လိုက်ရသည်။
နောက်ပိုင်းတွင် ထိုကလေးငယ်ကို လျှို့ဝှက်ပုဂ္ဂိုလ်က လျှို့ဝှက်နေရာတစ်ခုသို့ ခေါ်ဆောင်သွားခဲ့ပြီး သူမသည် သတ်ဖြတ်ခြင်းနှင့်ပတ်သက်သည့် အကြောင်းအရာများကို နေ့ညမပြတ် သင်ယူခဲ့ရသည်။ တဖြည်းဖြည်းနှင့် သူမသည် ပိုမိုအေးစက်လာပြီး သူမ၏အတိတ်မှတ်ဉာဏ်များ မှေးမှိန်လာကာ မကြာမီပင် သူမ ခံစားခဲ့ရသည့် ဒုက္ခများအားလုံးကို လုံးဝမေ့ လျော့သွားခဲ့သည်။
တစ်နေ့တွင် ပိုင်စံအိမ်မှ သူမကို ခေါ်ဆောင်သွားခဲ့သည့် ထိုလျှို့ဝှက်ပုဂ္ဂိုလ် ပြန်ပေါ်လာပြီး သူမအား တာဝန်တစ်ခုကို ပေးအပ်၏။ မင်းမျိုးမင်းနွယ်တစ်ဦးလာမည့် လမ်းကြောင်းပေါ်တွင် သူတောင်းစား ကလေးငယ်တစ်ဦးအဖြစ် ဟန်ဆောင်ရန် ညွှန်ကြားခြင်း ဖြစ်သည်။
ထိုအချိန်တွင် ထိုကလေးငယ်သည် သတ်ဖြတ်ခြင်းအတွက် ရည်ရွယ်ထားသော ကိရိယာတစ်ခု ဖြစ်နေပြီဖြစ်ပြီး ထိုလျှို့ဝှက်ပုဂ္ဂိုလ်၏ အမိန့်ကို လုံးဝတွန့်ဆုတ်မှုမျှမရှိဘဲ လိုက်နာတတ် နေပြီဖြစ်သည်။
နောက်ပိုင်းတွင် သူမကို ထိုမင်းမျိုးမင်းနွယ်က နန်းတော်သို့ ခေါ်ဆောင်သွားခဲ့ပြီး မင်းသားတစ်ပါးအတွက် အစေခံအပျိုတော်တစ်ဦးအဖြစ် ထားရှိရန် စဉ်းစားခံရသည်အထိ ဖြစ်လာခဲ့သည်။
နန်းတော်ရှိ လူများက သူမကို အလွန်ကောင်းမွန်စွာ ဆက်ဆံခဲ့ကြသည်။ အထူးသဖြင့် မင်းသားသည် သူမကို လှောင်ပြောင်ရတာ နှစ်သက်သော်လည်း သူ၏ မင်းမျိုးမင်းနွယ်အဆင့်အတန်းဖြင့် သူမကို ဘယ်တော့မှ ဖိနှိပ်ခဲ့ခြင်း မရှိပေ။
ဤနွေးထွေးသောပတ်ဝန်းကျင်တွင် သူမ တစ်သက်လုံးနေထိုင်ရမည်လားဟု သူမ တစ်ခါက တွေးမိခဲ့ဖူးသည်။ သို့သော် တစ်နေ့တွင် လျှို့ဝှက်ပုဂ္ဂိုလ်က ထိုမင်းမျိုးမင်းနွယ်၏ နေအိမ်တွင် အထူးပစ္စည်းတစ်ခုကို ရှာဖွေရန် အမိန့်ပေးလိုက်သည့်အခါ သူမသည် ကိရိယာတစ်ခုသာ ဖြစ်ကြောင်း သိလိုက်ရသည်။
ထို့နောက် သူမသည် ပေးအပ်သော တာဝန်ပြီးဆုံးသည်အထိ အေးစက်သော ကိရိယာတစ်ခုအဖြစ် ပြန်လည်ပြောင်းလဲသွားခဲ့သည်။ နောက်ဆုံးတွင် သူမသည် နန်းတော်မှ ထွက်ခွာသွားပြီး လုပ်ကြံသတ်ဖြတ်မှု တာဝန်များစွာကို ဆက်လက်လုပ်ဆောင်ခဲ့သည်။
နောက်ပိုင်းတွင် သူမ သည် ဆွမ်နိုင်ငံ၏ အရိပ်ကိုယ်ရံတော် ဒုတိယခေါင်းဆောင်ဖြစ်လာခဲ့သည်။
ထိုသူမှာ ပိုင်ချင်းချင်း ဖြစ်သည်။
ထိုအချိန်တွင် ပိုင်ချင်းချင်း၏ စိတ်ထဲတွင် လုချန်းနှင့် နန်းတော်အတွင်း အတူနေထိုင်ခဲ့သည့် ဘဝဖြစ်ရပ် ပုံရိပ်များကို အဆက်မပြတ် ပြန်လည်ကြည့်ရှုနေမိသည်။
အထူးသဖြင့် ညတိုင်း လုချန်းက သူမကို ပွေ့ဖက်အိပ်စက်ပြီး ပုံပြင်မျိုးစုံကို ပြောပြနေသည့်အချိန်များဖြစ်သည်။ သူမ အခု ထိုအချိန်များဆီသို့ ပြန်လည်ရောက်ရှိနေသကဲ့သို့ ခံစားရသည်။
ထိုဖြစ်ရပ်များ၏ မှတ်ဉာဏ်များ သူမ၏ ခေါင်းထဲ၌ အဆက်မပြတ် မပီဝိုးတဝါး ဖြတ်သန်းနေသည့်အချိန်တွင် ပိုင်ချင်းချင်းသည် ရုတ်တရက် သူမ၏ နှလုံးခုန်သံများကို ပြန်ကြားနေရသကဲ့သို့ ခံစားလိုက်ရသည်။
ဒုံး… ဒုံး…
တစ်ကြိမ်… နှစ်ကြိမ်…
တဖြည်းဖြည်း ပိုမိုရှင်းလင်းလာသည်… သူမ၏ ပုံမှန်အားဖြင့် အေးစက်နေတတ်သည့် ပါးပြင်များတွင် ယခုအခါတွင် နီရဲသော အရောင်တစ်ခု ပေါ်လာသည်။ ထိုအချိန်တွင် ချူးယုချင်၏ အသံက သူမ၏ နားထဲသို့ ရောက်လာသည်။
“ပိုင်… ပိုင်… မင်းဘာဖြစ်နေတာလဲ။”
“မင်းရဲ့ ကျင့်စဉ်မှာ တစ်ခုခု ပြဿနာရှိနေတာလား။”
“ခဏလေး၊ ဒေါ်လေးမင်းကို အခုပဲ ညှိပေးမယ်။”
ထိုအချိန်တွင် ပိုင်ချင်းချင်းသည် သူမ၏ ခန္ဓာကိုယ်ထဲသို့ နွေးထွေးသော စီးဆင်းမှုတစ်ခု ဝင်ရောက်လာသည်ကို ခံစားလိုက်ရပြီး သူမ၏ စိတ်ထဲရှိ ရောထွေးနေသည့် မှတ်ဉာဏ်ပုံရိပ်များ တဖြည်းဖြည်း ရပ်တန့်သွားခဲ့သည်။
ထိုမှတ်ဉာဏ်များသည် အခြားသူတစ်ဦး၏ မှတ်ဉာဏ်များ မဟုတ်ပဲ သူမ၏ ကိုယ်ပိုင်မှတ်ဉာဏ်များဖြစ်ကြောင်း အခုအချိန်တွင် ပိုင်ချင်းချင်း နားလည်လိုက်သည်။
သို့သော် သူမသည် ထိုမှတ်ဉာဏ်များကို ပြန်လည်သတိမရချင်ခဲ့သည့် အတွက်ထိုမှတ်ဉာဏ်တို့သည် တဖြည်းဖြည်း သူမ၏ စိတ်ထဲတွင် ပိတ်သိမ်းခံထားရပြီး မေ့သွားခဲ့ခြင်း ဖြစ်သည်။
ဤအရာသည် သူမ မကြာသေးမီက သောက်ခဲ့သည့် လက်ဖက်ရည်နှင့် မည်သို့မှ သက်ဆိုင်ခြင်း မရှိပေ။
ဟုတ်ပါသည်။ သူမ ထိုသို့ ယုံကြည်ခဲ့သည်။
ပိုင်ချင်းချင်း စိတ်တည်ငြိမ်သွားသည်ကို တွေ့ရသည့်အခါ လုချန်းက သူမကို လွှတ်လိုက်သည်။ မကြာမီ ပိုင်ချင်းချင်းသည် သူမ၏ စွမ်းရည်များ ပြန်လည်ရရှိလာသည်ကို ခံစားလိုက်ရသည်။
ချူးယုချင်၏ အတွင်းအား ညှိပေးမှုဖြင့် ပိုင်ချင်းချင်းသည် မြန်မြန်ဆန်ဆန် ပုံမှန်အတိုင်း ပြန်ဖြစ်သွားခဲ့သည်။
သူမက မျက်လုံးများကို ဖွင့်လိုက်ပြီး ချူးယုချင်ကို ပြောလိုက်သည်။
“ဒေါ်လေးချူး၊ ကျွန်မ အခုကောင်းသွားပါပြီ။ ကျေးဇူးတင်ပါတယ်။”
ပိုင်ချင်းချင်း၏ စကားကို ကြားရသည့်အခါ ချူးယုချင်က သူမ၏ အတွင်းအား လွှဲပြောင်းပေးခြင်းကို ရပ်လိုက်ပြီး စိုးရိမ်သောအသံဖြင့် မေးလိုက်သည်။
“ပိုင်၊ မင်းခန္ဓာကိုယ်မှာ ဘာဖြစ်နေတာလဲ။ ဒေါ်လေး မင်းရဲ့ အတွင်းအားတွေ ရုတ်တရက် ပျောက်သွားသလို ခံစားရတယ်။”
ပိုင်ချင်းချင်းသည်လည်း ဘာကြောင့် ဒီလိုဖြစ်ရတာလဲဆိုတာ မသိခဲ့ပေ။ ထို့ကြောင့် သူမက
“မကြာသေးခင်က အတွင်းအား လေ့ကျင့်ရင်း မတော်တဆဖြစ်ခဲ့တာ နေမယ်။ ညအိပ်ရေးဝဝ အိပ်လိုက်ရင် ပြန်ကောင်းသွားမှာပါ”
ဟု ပြန်ဖြေလိုက်၏။
ချူယုချင်က ချက်ချင်းပင်
“ဒါဆို အခုပဲ အနားယူလိုက်ပါ။ မင်းရဲ့ကျန်းမာရေးက အရေးအကြီးဆုံးပဲ”
ဟု ပြောလိုက်သည်။
ချူယူချင်စကားပြောပြီးသည်နှင့် လုချမ်းက
“ ပိုင်၊ မင်းအတွက် အခန်းစီစဉ်ပေးဖို့ ငါအခုပဲ တစ်ယောက်ယောက်ကို ခိုင်းလိုက်မယ်”
ပြီးနောက် လုချမ်းက နောက်လှည့်လိုက်ပြီး အစေခံမိန်းကလေးများအား အခန်းပြင်ဆင်ဖို့ ချက်ချင်း အမိန့်ပေးလိုက်၏။ လုချမ်း ထွက်ခွာသွားသော ပုံရိပ်ကို ကြည့်ရင်း ဘာကြောင့်မှန်းမသိ သူမရဲ့စိတ်အာရုံများ ထပ်မံမှုန်ဝါးသွားသလို ပိုင်ချင်းချင်း ခံစားလိုက်ရ၏။
သူဟာ အမှောင်ထုထဲက ကြယ်တစ်ပွင့်လိုဖြစ်၏။ အဆုံးမရှိသော အမှောင်ထုထဲတွင် သူမကို အလင်းရောင်တစ်ခု ပေးနေသလိုပင် ဖြစ်၏။ လုချမ်းက အစေခံမိန်းကလေးများအား ပိုင်ချင်းချင်းအတွက် အခန်းစီစဉ်ခိုင်းနေစဉ်ပင် ရုတ်တရက် သူ၏နားထဲတွင် စနစ်၏ သတိပေးချက်တစ်ခု မြည်လာပြီး သူ့ရှေ့မှာ စာသားတစ်ခု ပေါ်လာ၏။
[ပိုင်ချင်းချင်း၏ စိတ်ခံစားမှုများ ပြန်လည်နိုးထလာပါပြီ။ နှစ်သက်သဘောကျမှု ၁၀၀။]
စနစ်၏ သတိပေးချက်ကို မြင်လိုက်သည့် အခါတွင် လုချမ်း ခဏမျှ ငေးငိုင်သွား၏။ ပိုင်ချင်းချင်းရဲ့ စိတ်ခံစားမှုတွေ ပြန်လည်နိုးထလာပြီး သူ့အပေါ် သဘောကျမှုက ချက်ချင်းပဲ ၁၀၀ ရာခိုင်နှုန်း ရောက်သွားတာလား။
လုချမ်းက ချက်ချင်းပင် သတိပြန်ထားလိုက်ပြီး ပိုင်ချင်းချင်းကို လှည့်ကြည့်လိုက်စဉ် သူမက သူ့ကို ကြည့်နေသည်ကို တွေ့လိုက်ရ၏။
သူမ၏ မျက်လုံးတွေထဲမှာလည်း တစ်ခုခု ပိုနေသလို လုချန်း ခံစားလိုက်ရ၏။
သို့သော် ဘာလဲဆိုတာကိုတော့ လုချမ်း ပြောမပြတတ်ပေ။ သူမသည် အေးစက်နေဆဲဖြစ်သော်လည်း သူမ၏ မျက်လုံးများမှ သိမ်မွေ့သော အလင်းတစ်ခုကို ထုတ်လွှတ်နေသလိုမျိုး ခံစားရ၏။
.......
အခန်း (၈၄) ကျောင်းယိုယို ဒုက္ခရောက်ခြင်း
လုချန်းသည် အစေခံမိန်းမများကို အမြန်ခိုင်းစေပြီး ပိုင်ချင်းချင်းအား ရေချိုးရန် ပြင်ဆင်ပေးကာ အနားယူစေခဲ့သည်။ ထိုညတွင် ပိုင်ချင်းချင်းနှင့် စကားပြောသွားပြောရန် စဉ်းစားနေစဉ် ချူးယုချင်က ရုတ်တရက် သူ့ကို လာရှာ၏။
လုချန်းသည် စာကြည့်ခန်းထဲ၌ ထိုင်နေပြီး ပိုင်ချင်းချင်း၏ အေးစက်လှပသော မျက်နှာကို ပြန်လည်သတိရနေခဲ့သည်။ ထိုအချိန်တွင် တံခါးခေါက်သံ ကြားလိုက်ရသည်။
“တံခါးမပိတ်ထားဘူး၊ ဝင်လာပါ” ဟု လုချန်းက ပြောလိုက်သည်။
ခဏအကြာတွင် ချူးယုချင်သည် တံခါးကို တွန်းဖွင့်ပြီး အတွင်းသို့ ဝင်လာခဲ့သည်။ သူမသည် ယနေ့ညတွင် အစိမ်းရောင် တိမ်တိုက်ဝတ်စုံကို ဝတ်ဆင်ထားပြီးသူမ ခန္ဓာကိုယ်၏ ကောက်ကြောင်းများကို ပိုမို ပေါ်လွင်ထင်ရှား နေစေသည်။ အိမ်ထောင်သည်မိန်းမတစ်ဦး ပုံစံဆံထုံးကို ဆင်မြန်းထားပြီး ရင့်ကျက်သော အမျိုးသမီးတစ်ဦးအသွင်နှင့် လုံးဝကိုက်ညီနေသည်။
သူမကို မြင်လိုက်ရသည်နှင့် လုချန်းက ပြုံးရင်းမေးလိုက်သည်။
“ဒေါ်လေးချူး၊ ဘာလို့ ဒီကိုရောက်လာတာလဲ။”
ချူးယုချင်က သွယ်ဝိုက်မနေတော့ပဲ တိုက်ရိုက်မေးလိုက်သည်။
“ချန်းလေး၊ ပိုင်ချင်းချင်း ဒီနေ့ရုတ်တရက် သူ့အတွင်းအားစွမ်းရည်တွေ ပျောက်သွားတာနဲ့ မင်းနဲ့ ဆိုင်သလား။”
သူမသည်လည်း လုချန်းရှေ့တွင် မကြာခဏ အတွင်းအားစွမ်းရည်များ ရုတ်တရက် ပျောက်ဆုံးတတ်သည်ဖြစ်ရာ ထိုအကြောင်းမှာ သူ့ကြောင့်ဟုတ်မဟုတ် သိလို၏။ အကယ်၍ လုချန်းကြောင့်ဆိုလျှင် ပြဿနာမရှိပေ။
သို့သော် ပိုင်ချင်းချင်းတွင် ကျန်းမာရေးပြဿနာရှိပါက သူမအနေဖြင့် သေချာဂရုစိုက်ရန် လိုအပ်မည်ဖြစ်သည်။ ထို့ကြောင့် သူမ လုချန်းထံ မေးမြန်းရန် လာရခြင်းဖြစ်သည်။
လုချန်းက တစ်စုံတစ်ရာ ဖုံးကွယ်ခြင်းမရှိဘဲ တိုက်ရိုက်ပြောလိုက်သည်။
“ဟုတ်တယ်၊ ကျွန်တော့်ကြောင့်ပါ။ ကျွန်တော်ပြောဖူးတယ်မလား ကျွန်တော့်ကို နှစ်သက်တဲ့မိန်းမတစ်ယောက်ဟာ ကျွန်တော့် ခန္ဓာကိုယ်ကို ထိလိုက်တာနဲ့ သူရဲ့အတွင်းအားစွမ်းရည်တွေ ပျောက်သွားမယ်ဆိုတာ။”
လုချန်း၏ အဖြေကို ကြားလိုက်ရသည့်အခါ ချူးယုချင်၏ မျက်နှာတွင် ထူးဆန်းသောအမူအရာများ ပေါ်လာသည်။ သူပြောခဲ့သည်ကို သူမအမှတ်ရနေသည်။ အစတုန်းက သူမထင်ခဲ့သည်မှာ ဒီကောင်စုတ်လေးက သူမကို နောက်နေသည်ဟူ၍သာ ဖြစ်သည်။
သို့သော် သူ့ကိုချစ်သောမိန်းမသာ သူ့ကိုထိလျှင် စွမ်းရည်ပျောက်သည်ဆိုသည့် အချက်ကို သဘောပေါက်လာသောအခါ ချူးယုချင်၏ စိတ်ထဲတွင် အတော်ပင် ရှုပ်ထွေးမှုများ ဖြစ်ပေါ်လာသည်။
ဒါဆို သူမလည်း ချန်းလေးအပေါ် အဲ့ဒီလို ခံစားချက်တွေများ ရှိနေခဲ့ပြီလား…
သူမက သူ့အပေါ် အချစ်ရေးဆန်ဆန် ခံစားချက်များ ဘယ်လိုထားရှိနိုင်မှာလဲ။ လုံးဝခွင့်မပြုနိုင်ပါ။ ချူးယုချင်သည် ထိုအတွေးများကို ဆက်လက်တွေးတောခြင်းမှ အလျင်အမြန် ရပ်တန့်လိုက်သည်။
ထို့နောက် သူမက အကြောင်းအရာကို ပြောင်းလိုက်သည်။
“ချန်းလေး။ မင်းမှာ လူတွေကို ရောဂါပျောက်ကင်းစေနိုင်တဲ့ မှော်နည်းလမ်းတစ်ခု ရှိတယ်ဆိုတာ ဒေါ်လေးမှတ်မိတယ်။ ဒီနေ့ ပိုင်ကို စစ်ဆေးဖို့ အဲဒါကို အသုံးပြုခဲ့လား။ သူရဲ့ ခန္ဓာကိုယ်ထဲမှာ ဘာဖြစ်နေတာလဲ။”
လုချန်းက ပြန်ဖြေလိုက်သည်။
“ကျွန်တော် စစ်ဆေးပြီးပါပြီ။ ဘာမှမဖြစ်ပါဘူး။ လေ့ကျင့်ခန်းလုပ်ရင်း နည်းနည်းလေး မတော်တဆဖြစ်သွားတာပါ။ ကျွန်တော် သူကို ထိန်းညှိပေးပြီးသွားပါပြီ။ နောက်မှ ထပ်ပြီး သွားလုပ်ပေးမယ်။ သူ ပြန်ကောင်းသွားမှာပါ။”
ချူးယုချင် သက်ပြင်းတစ်ချက် ချလိုက်သည်။ ဒါဆို တကယ်ပဲ လေ့ကျင့်မှု မှားယွင်းမှုတစ်ခုပါပဲ။ သူမ စိုးရိမ်နေမိသည် ပိုင်ချင်းချင်းက ကုသမရနိုင်သော ရောဂါတစ်ခုခု ဖြစ်နေပြီး မြောက်ပိုင်းနယ်စားမင်းသား ၏ စံအိမ်တွင် နောက်ဆုံးအချိန်များ ကုန်ဆုံးရန် ဆုံးဖြတ်ထားတာများလားဟုပင်။
ချူးယုချင်က ပြောလိုက်သည်။
“ဘာမှ မဖြစ်တာ ကောင်းပါတယ်။”
ထို့နောက် ချူးယုချင် သည် စားပွဲပေါ်ရှိ ထောက်လှမ်းရေးအစီရင်ခံစာများကို ကြည့်လိုက်ပြီး မေးလိုက်သည်။
“ချန်းလေး၊ လွင်ပြင်ဒေသ မျိုးနွယ်စုတွေ ဘက်က ဒီကြားထဲ လှုပ်ရှားမှုတွေ ရှိလား။”
လုချန်း က ပြန်ပြောလိုက်သည်။
“အခုချိန်ထိ ဘာမှ မရှိသေးပါဘူး။ ဒါပေမယ့် ဒါက ကျွန်တော်တို့အတွက် အခွင့်အရေးတစ်ခုပါပဲ။ သန်ဘက်ခါလောက်မှာ ဒေါ်လေးနဲ့ ကျိရွှမ်း တို့ တောင်ဘက်ကို စထွက်သွားသင့်ပြီ။”
ချူးယုချင် က သတိပေးလိုက်သည်။
“ယိုယိုက ကလေးမွေးဖို့ နီးနေပြီ။ ဒီအချိန်မှာ ခရီးထွက်ရင် သူ့အတွက် မကောင်းဘူး။”
ချူးယုချင် ၏ သတိပေးချက်ကို ကြားလိုက်ရသည်နှင့် လုချန်း သည် တုန်လှုပ်သွားသည်။
သူ ဘယ်လိုမေ့သွားရတာလဲ။ဒါက တကယ့် ပြဿနာတစ်ခုဖြစ်သည်။ ကျောင်းယိုယို၏ ဗိုက်က ကြီးထွားနေပြီဖြစ်သည်။ သူမ ခရီးထွက်ခြင်း၏ ပင်ပန်းမှုဒဏ်ကို မခံနိုင်ပါ။
ကျောင်းယိုယို ကိုလည်း ရန်ခရိုင်မှာ ထားခဲ့သင့်သလား။ သူတို့ လွင်ပြင်ဒေသ မျိုးနွယ်စုများကို အနိုင်ရနိုင်ခြေများသော်လည်း ရန်ခရိုင်သည် အရှေ့တန်း စစ်မျက်နှာ ဖြစ်နေသည်။ လုချန်း သည် နောက်ကွယ်မှာ နောက်ဆံတင်းစရာများ မထားချင်ပါ။
ကျောင်းယိုယို ကို ရန်ခရိုင်မှာ ထားခဲ့မည်ဆိုရင် လွင်ပြင်ဒေသ မျိုးနွယ်စုများ၏ သိုင်းပညာကျွမ်းကျင်သူများက သူမအကြောင်း သိသွားရင် ဘာဖြစ်မလဲ။ သူတို့က စစ်ရေးကျင့်ဝတ်ကို မလိုက်နာကြသူများ မဟုတ်ပါ။ သူမကို ပြန်ပေးဆွဲသွားရင် ဘာဖြစ်မလဲ။
ဖြစ်နိုင်ခြေနည်းသော်လည်း မဖြစ်နိုင်တာတော့ မဟုတ်ပါ။ စစ်မြေပြင်မှာ ဘာမဆို ဖြစ်နိုင်၏။ လုချန်းသည် ဘာလုပ်ရမလဲ စဉ်းစားနေစဉ် ရုတ်တရက် အပြင်ဘက်မှ အိမ်စေတစ်ဦး၏ အသံကို ကြားလိုက်ရသည်။
“မင်းသား။ အရမ်းဆိုးတဲ့ကိစ္စတစ်ခု ဖြစ်သွားပါပြီ။”
အိမ်စေ၏ စိတ်ရှုပ်ထွေးနေသော အသံကို ကြားလိုက်ရသည်နှင့် ချူးယုချင်က ချက်ချင်း လှည့်လိုက်ပြီး စာကြည့်ခန်းတံခါးကို ဖွင့်လိုက်သည်။ အိမ်စေက အသက်ရှူမဝသလို ဝင်လာပြီး ပြောလိုက်သည်။
“မင်းသား... ကျောင်း... တစ်ခုခု ဖြစ်သွားပါပြီ။”
ထိုစကားကို ကြားလိုက်ရသည်နှင့် လုချန်း ၏ မျက်နှာသည် မည်းသွားပြီး ချက်ချင်း ထလိုက်ကာ မေးလိုက်သည်။
“ဘာဖြစ်သွားတာလဲ။”
အိမ်စေက မြန်မြန်ပြောလိုက်သည်။
“မိန်းကလေးကျောင်းက အဆောင်တစ်ခုထဲမှာ အနားယူနေတုန်း ရုတ်တရက် ဗိုက်အောင့်လာပြီး သွေးတွေ ကျလာတယ်။ ကျောင်းက မင်းသားကို ရှာခိုင်းဖို့ကျွန်မကို လွှတ်လိုက်တာပါ။”
အိမ်စေ၏ စကားကို ကြားလိုက်ရသည်နှင့် လုချန်းသည် ကျောင်းယိုယို အသက်အန္တရာယ် ရှိနေနိုင်သည်ဟု သိလိုက်ရသည်။ ထို့ကြောင့် နောက်ထပ်မေးမြန်းခြင်း မပြုတော့ပဲသူမ ရှိရာအဆောင်သို့ တိုက်ရိုက်သွားလိုက်သည်။
ချူးယုချင်လည်း နောက်မှ အမြန်လိုက်သွားပြီး သူမကို ကူညီနိုင်မည့် နည်းလမ်းရှိမရှိ ကြည့်ရှုရန် အသင့်ပြင်ထားသည်။
မကြာမီပင် မင်းသားစံအိမ်တစ်ခုလုံး ရှုပ်ထွေးသွားသည်။ အိမ်စေများ ပြေးလွှားနေသည်ကို မြင်လိုက်ရသည်နှင့် အရှေ့ဘက်ခြံရှိ အဆောင်ငယ်တစ်ခုတွင် ထိုင်နေသော လင်ဝမ်ရွန်က စပ်စုမိချင်သွားသည်။ သူမက ချက်ချင်းပင် အိမ်စေတစ်ဦးကို ရပ်တန့်စေပြီး မေးလိုက်သည်။
“ကောင်မလေး စံအိမ်မှာ ဘာတွေဖြစ်သွားတာလဲ။ ဘာလို့ လူတိုင်း ထိတ်ထိတ်ဖြာဖြာ ဖြစ်နေကြတာလဲ။”
အိမ်စေက ပြန်ပြောလိုက်သည်။
“မိန်းကလေးကျောင်း ရေမွှာပေါက်သွားပြီ။ ကျွန်မတို့ မြောက်ဘက်အဆောင်ကို သွားကူရမယ်။”
ထိုစကားကို ကြားလိုက်ရသည်နှင့် လင်ဝမ်ရွန် အံ့အားသင့်သွားသည်။
အမကျောင်း။
သူမ အမကျောင်း ဆိုတာ ဘယ်သူမှန်း မသိပါ။ “ အမလေးကျောင်း” နှင့် “ အမကြီးကျောင်း” ဆိုသည်မှာ မင်းသား စံအိမ်ရှိ အစေခံများက ကျောင်းယိုယို နှင့် ကျောင်းရှောင်ရှောင် တို့ကို ခွဲခြားသတ်မှတ်ထားခြင်းသာ ဖြစ်သည်။ သို့သော် အိမ်စေများက သူမကို အမတော်လေးဟု ခေါ်သည်ကို ကြားလိုက်ရသည်နှင့် လင်ဝမ်ရွန် က ထိုအမျိုးသမီးသည် မြောက်ပိုင်းနယ်စားမင်းသား၏ မောင်းမတစ်ဦး ဖြစ်နိုင်သည်ဟု ခန့်မှန်းလိုက်သည်။
လင်ဝမ်ရွန်သည် သူမရှေ့ရှိ အိမ်စေ ကို ဆက်မ မေးတော့ပဲ ပြောလိုက်သည်။
“ဟုတ်ပြီ။ လုပ်စရာရှိတာ ဆက်လုပ်ပါ။”
အလျင်အမြန် ဦးညွှတ်ပြီးနောက် အိမ်စေသည် လင်ဝမ်ရွန် ကို ကျော်သွားကာ မြောက်ဘက်
အဆောင်သို့ ဦးတည်သွားလိုက်သည်။
ထိုအချိန်တွင် လင်ဝမ်ရွန်က အဆောင်ထဲသို့ ပြန်ဝင်သွားလိုက်ပြီး ချန်ဝမ်ရွန် ကို ပြောလိုက်သည်။
“နန်းတော်သခင် ဒါက အခွင့်ကောင်းတစ်ခုပါ။ မင်းက မြောက်ပိုင်းနယ်စားမင်းသားရဲ့ မောင်းမကို ကယ်တင်ပေးနိုင်ရင် သူက မင်းကို ကျေးဇူးတင်မှာပါ။”
ချန်ဝမ်ရွန် အနေဖြင့် လုချန်းထံတွင် ချစ်ခြင်းပိုးကောင် စိုက်ထည့်ရန် သူ့ကို အရင်ဆုံး သူမနှင့် ချစ်ကြိုက်အောင် လုပ်ရမည်ဖြစ်သည်။ ထိုမှသာ ချစ်ခြင်းပိုးကောင် အောင်မြင်စွာ စိုက်ထည့်နိုင်မည်။
သို့မဟုတ်ပါက ချစ်ခြင်းပိုးကောင် စိုက်ထည့်နိုင်လျှင်တောင် လုချန်း ကို အပြည့်အဝ ထိန်းချုပ်နိုင်ရန် ခက်ခဲလိမ့်မည်။ ချန်ဝမ်ရွန်က ခဏမျှ တွေးတောပြီးနောက် အေးဆေးစွာဖြင့် ပြောလိုက်သည်။
“ဒေါ်လေးလင်။ အိမ်စေတစ်ယောက်ကို မြောက်ပိုင်းနယ်စားမင်းသားကို သွားပြောခိုင်းလိုက်ပါ။ သူ့ဇနီးကို ကျွန်မ ကယ်တင်ပေးနိုင်တယ်။ အကူအညီလိုရင် ကျွန်မကို ပြောလိုက်ပါလို့။”
ချန်ဝမ်ရွန် ၏ သဘောတူညီချက်ကို ရလိုက်ရသည်နှင့် လင်ဝမ်ရွန် သည် ချက်ချင်းလှည့်ပြီး မြောက်ဘက် အဆောင်သို့ သွားနေသော အိမ် စေတစ်ဦးကို တားဆီးပြီး လုချန်းထံ သတင်းပို့ခိုင်းလိုက်သည်။
အမကျောင်း ကို ကယ်တင်ပေးနိုင်သူရှိသည်ဟု ကြားလိုက်ရသည်နှင့် နယ်စားမင်းသား၏ စံအိမ်ရှိ အိမ်စေသည် မနှောင့်နှေးပဲ မြောက်ဘက် အဆောင်သို့ အမြန်ပြေးသွားလိုက်သည်။
ထို့နောက် လင်ဝမ်ရွန်က ပြန်ဝင်လာပြီး အ ဆောင်ငယ်ထဲတွင် ထိုင်လိုက်သည်။
“နန်းတော်သခင်၊ နောက်ဘာဆက်လုပ်မလဲ။ မြောက်ပိုင်းနယ်စားမင်းသားရဲ့ ဇနီးနဲ့ မောင်းမတွေ တောင်ဘက်ကို ထွက်တဲ့အခါ လိုက်သွားမလား။”
သူတို့သည် အစီအစဉ်ကို အလွယ်တကူ အကောင်အထည်ဖော်နိုင်မည်ဟု ထင်ခဲ့ကြသော်လည်း ယခုအခါတွင် သူတို့၏ အစီအစဉ်များကို ခဏတာ ရွှေ့ဆိုင်းရန် လိုအပ်နေသည်ဟု ထင်ရသည်။
လွင်ပြင်ဒေသ မျိုးနွယ်စုများသည် ဒီလိုအချိန်တွင် တောင်ဘက်သို့ ချီလာလိမ့်မည်ဟု မည်သူမှ မမျှော်လင့်ထားပါ။ မြောက်ပိုင်းနယ်စားမင်းသားသည်လည်း ရန်ခရိုင်တွင် သူတို့နှင့် အသက်ပေး တိုက်ခိုက်ရန် ဆုံးဖြတ်လိမ့်မည်ဟုလည်း မထင်ထားပါ။
ချန်ဝမ်ရွန်က ချက်ချင်း မတုံ့မပြန်ပဲ မြောက်ဘက် အဆောင်ဘက်သို့ ကြည့်နေသည်။ ခဏကြာပြီးနောက် သူမက ပြောလိုက်သည်။
“ကျွန်မတို့ နှစ်ပေါင်းများစွာ စောင့်ဆိုင်းခဲ့ပြီးပြီ။ နည်းနည်းလောက် ထပ်စောင့်ရင် ဘာမှ မဖြစ်ပါဘူး။ သူ စစ်ပွဲမှာ သေသွားရင် ကျွန်မတို့ မြို့တော်ကို သွားပြီး တခြားမင်းသားတစ်ယောက်နဲ့ ပူးပေါင်းလိုက်မယ်။”
ထီးနန်းသည် မည်သည့်မင်းသားအတွက်မဆို ကြီးမားသော ဆွဲဆောင်မှုတစ်ခုဖြစ်ပြီး သူတို့၏ လျှို့ဝှက်လဝန်းနန်းတော် နှင့် ပူးပေါင်းလုပ်ဆောင်လိုသော မင်းသားများ ရှိလိမ့်မည်ဟု ချန်ဝမ်ရွန် ယုံကြည်သည်။
သို့သော် ထိုမင်းသားများနှင့် နှိုင်းယှဉ်ပါက မြောက်ပိုင်းနယ်စားမင်းသား သည် အသင့်လျော်ဆုံး လူဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သူသည် နေပြည်တော်မှ ဝေးကွာသောနေရာတွင် ရှိနေခြင်းကြောင့် လျှို့ဝှက်လဝန်းနန်းတော် အနေဖြင့် လုပ်ငန်းဆောင်တာများကို လုပ်ဆောင်ရန် ပိုမိုလွယ်ကူသောကြောင့် ဖြစ်သည်။
သို့သော် အကယ်၍ သူတို့တွင် အခြားရွေးချယ်စရာ လုံးဝမရှိပါက အခြားမင်းသားတစ်ဦးနှင့် ပူးပေါင်းရန် လိုအပ်လိမ့်မည်။
........