← Chapters

အခန်း ၈၅-၈၇

Vol. 6 Ch. 85-87

အခန်း ၈၅-၈၇

Vol. 6 Ch. 85-87

အခန်း (၈၅) တတိယကလေး မွေးဖွားခြင်း

မြောက်ပိုင်းနယ်စားမင်းသား၏ စံအိမ် မြောက်ဘက် အဆောင်ဝင်းတွင်းရှိ ကျောင်းယိုယို၏ အခန်း။

ဝမ်းဆွဲသည်များနှင့် အစေခံများသည် ဝင်ထွက်လှုပ်ရှလျက် ရေနွေးဖြင့် ကျောင်းယိုယို၏ ကိုယ်ကို သုတ်သင်ပေးရင်း သွေးတိတ်အောင် ကြိုးစားနေကြသည်။

ကျောင်းယိုယို၏ အခြေအနေသည် ရေမြွာပေါက်ခြင်းထက် ပိုမိုရှုပ်ထွေးနေတာက ထင်ရှသည်။ သွေးမတိတ်ပါက သူမ အသက်ရှင်နိုင်မရှင်နိုင် မေးခွန်းထုတ်စရာဖြစ်နေသည်။ ထိုသို့သော သေဆုံးမှုမျိုးသည် မိခင်နှင့် ကလေးနှစ်ဦးစလုံး ဆုံးရှုံးရသည့် အဖြစ်များပင်။

အခန်းတွင်းရှိ စိတ်အခြေလေထုသည် အလွန်ပင် ဖိစီးနေသည်။ ကျောင်းယိုယိုသည် သေလုမျောပါး နာကျင်ခံစားနေရပြီး သတိလစ်လုနီးပါးဖြစ်နေသည်။

ထိုအချိန်တွင် အစေခံတစ်ဦးက

“မင်းသား ရောက်လာပြီ ။ မင်းသား ရောက်လာပြီ”

ဟု အော်လိုက်သည်။

ထိုစကားကို ကြားလိုက်ရသည်နှင့် အားလုံးသည် လုချန်းအတွက် လမ်းဖယ်ပေးလိုက်ကြသည်။ မင်းသား၏ စံအိမ်ရှိ အစေခံအချို့က လုချန်းတွင် ထာဝရတန်ခိုးရှင်၏ နည်းလမ်းများ ရှိသည်ဟု သိထားကြသည်။

ဝမ်းဆွဲသည်များနှင့် အစေခံများက မြောက်ပိုင်းနယ်စားမင်းသား အချိန်မီရောက်လာပါက မိခင်ကို ကယ်တင်ရန် ပြဿနာမရှိဟု ယုံကြည်ကြသည်။

မင်းသား ရောက်လာပြီဟု အစေခံများပြောသည်ကို ကြားလိုက်ရသည်နှင့် ကျောင်းယိုယို၏ မှုန်ဝါးနေသော အသိတရားသည် အနည်းငယ် ပြန်လည်ကြည်လင်လာသည်။

လုချန်းသည် ကျောင်းယိုယို၏ အိပ်ရာဘေးသို့ လျင်မြန်စွာ ရောက်ရှိလာပြီး သူမ၏လက်ကို ကိုင်ကာ ပြန်လည်သန်စွမ်းစေ‌သောစွမ်းအားဖြင့် ကုသမှုကို ချက်ချင်းစတင်လိုက်သည်။

ကျောင်းယိုယို၏ မျက်နှာ‌ပေါ်တွင် ချွေးစေးများပြန်နေပြီး သူမ၏အသားအရေသည် ဖြူဖတ်ဖြူရော်ဖြစ်နေကာ သွေးရောင်မရှိသလောက်ပင် ဖြစ်နေသည်။ လူသေတစ်ဦး၏ မျက်နှာနှင့် ပင် မခြားပါ။

အားအင်မရှိသလောက်ဖြစ်နေသော ကျောင်းယိုယိုက

“မင်းသား။ ယိုယိုအသက်မရှင်နိုင်တော့ဘူးထင်တယ်။ ကလေးကိုတော့ ရအောင်ကယ်ပေးပါနော်။”

“နောက်ကျရင်...”

သူမ ရုတ်တရက် စကားကို ရပ်လိုက်ပြီး ဆက်မပြောတော့ပေ။

အကြောင်းမှာ သူမ၏ ခန္ဓာကိုယ်သည် ရုတ်တရက် ပေါ့ပါးသွားသလို ခံစားရပြီး နာကျင်မှုများသည်လည်း ပျောက်ကွယ်သွားသလို ခံစားလိုက်ရသောကြောင့်ဖြစ်သည်။ ကျောင်းယိုယို ခဏတာမျှ မိန်းမောသွားသည်။

လုချန်း၏ လက်များမှ အစိမ်းရောင်အလင်းမှုန်များ ထွက်ပေါ်နေသည်ကို မြင်လိုက်ရသည်နှင့် သူမသည် သူ့ကို ထာဝရတန်ခိုးရှင်၏ နည်းလမ်းဖြင့် ကုသပေးနေသည်ဟု ချက်ချင်းနားလည်သွားသည်။

ထိုအချိန်တွင် လုချန်းက ကျောင်းယိုယို၏ မျက်လုံးကို ကြည့်ကာ

“နောက်ကျရင် ဘာဖြစ်မလဲ”

ဟု ပြုံးရင်း မေးလိုက်သည်။

ကျောင်းယိုယိုလည်း ပြုံးပြလိုက်ပြီး

“နောက်တစ်ခါ ယိုယို မင်းသားအတွက် ကလေးတွေ ထပ်ရချင်သေးတယ်”

ဟု ပြောလိုက်သည်။

ကျောင်းယိုယို၏ စကားသံ မပြီးမီမှာပင် ဝမ်းဆွဲသည်က

“သွေးတိတ်သွားပြီ။ ကလေးမွေးဖို့ အသင့်ပြင်ကြပါ”

ဟု အော်လိုက်သည်။

ကျောင်းယိုယို၏ ကလေးသည် မွေးဖွားရန် အချိန်မတန်သေးသော်လည်း ရွေးချယ်စရာမရှိတော့ပေ။ ရေမွှာပေါက်ပြီးသွားပြီ ဖြစ်သောကြောင့် ကလေးကို စောမွေးဖို့သာ ရှိတော့သည်။

ဤသို့ဖြင့် လုချန်းကို စိတ်ညစ်နေစေသော ပြဿနာတစ်ခု ချက်ချင်းပင် ပြေလည်သွားသည်။

လုချန်းသည် ကျောင်းယိုယို၏ ဗိုက်က ကြီးလွန်းနေသဖြင့် ခရီးသွားရန် မသင့်တော်မည်ကို စိုးရိမ်နေခဲ့သည်။ တောင်ဘက်သို့ ခရီးသွားပါက သူလည်းအနားမှာ ရှိမနေနိုင်တုန်း သူမနှင့် သူမ၏ဗိုက်ထဲက ကလေးအတွက် အန္တရာယ်ဖြစ်နိုင်သည်ကို စိုးရိမ်နေခဲ့သည်။

ယခုတော့ ကလေးကို စောမွေးရမည်ဖြစ်သောကြောင့် လုချန်းသည် ပြန်လည်သန်စွမ်းစေ‌သောစွမ်းအားကို အသုံးပြုကာ ကျောင်းယိုယိုကို ကြိုတင်ကုသနိုင်ပြီး သူမအား မြန်မြန်ဆန်ဆန် ပြန်လည်ကျန်းမာစေကာ လမ်းခရီးတွင် ပြဿနာ ဖြစ်သွားနိုင်မည့် ကိစ္စအပေါ် စိတ်ချနိုင်လာသည်။

ထိုအချိန်တွင် အစေခံတစ်ဦး အခန်းထဲသို့ ပြေးဝင်လာသည်။

လုချန်း ကျောင်းယိုယိုကို ကုသနေသည်ကို မြင်လိုက်ရသောအခါ အစေခံသည် သူ့တို့ကို မနှောင့်ယှက်ပဲ ချူးယုချင်ထံသို့ တိတ်တဆိတ်ချဉ်းကပ်ကာ

“ဒေါ်လေးချူး။ အရှေ့ဘက် အဆောင်က ဧည့်သည်တွေက အမတော်လေးကျောင်းကို ကုသနိုင်တယ်လို့ ပြောပါတယ်။ လိုအပ်ရင် သူတို့ဆီမှာအကူအညီတောင်းနိုင်ပါတယ်”

ဟု အနားကပ်၍ တိုးညှင်းစွာ ပြောလိုက်သည်။

ချူးယုချင်က

“အင်း။ သိပြီ”

ဟု တိုးတိုးပြန်ပြောလိုက်သည်။

ထို့နောက် ချူးယုချင်သည် လုချန်းနှင့် အိပ်ရာပေါ်တွင် သက်သာလာနေသော ကျောင်းယိုယိုကို ကြည့်လိုက်သည်။

လျှို့ဝှက်လဝန်းနန်းတော် သခင်ထံမှ အကူအညီတောင်းရန် မလိုတော့ဟု သူမထင်မိသည်။ အကြောင်းမှာ လုချန်းသည် ထာဝရတန်ခိုးရှင်၏ နည်းလမ်းများကို ကျွမ်းကျင် တတ်‌ မြောက်သူ ဖြစ်သည်။ လျှို့ဝှက်လဝန်းနန်းတော်သခင်၏ ကုသမှုသည် ထာဝရတန်ခိုးရှင်၏ နည်းလမ်းများထက် ပိုမိုကောင်းမွန်နိုင်မည် မဟုတ်ပေ။

ခဏအကြာတွင် အခန်းထဲ၌ ကလေးငိုသံတစ်ခု ထွက်‌ပေါ်လာသည်။

[ဂုဏ်ယူပါတယ် သခင်၊ သားတစ်ယောက် ရရှိပါပြီ။ ဆုလာဘ် - အနက်ရောင်မြင်းတပ်သား ငါးသောင်း၊ ထိပ်တန်းအဆင့် ဗိုလ်ချုပ် နှစ်ဦး၊ နှင့် လူဦးရေ ငါးသိန်း တိုးပွားစေပါသည်။]

ဝမ်းဆွဲသည်က လုချန်းထံသို့ လှည့်ကာ “မင်းသား။ သားလေးမွေးပါပြီ]”

ဟု ဝမ်းမြောက်စွာ ပြောလိုက်သည်။

ထို့နောက် ဝမ်းဆွဲသည်က ကလေးငယ်ကို လုချန်းထံ ယူလာခဲ့သည်။ ကလေးငယ်သည် လမစေ့ပဲ မွေးဖွားလာသောကြောင့် သူ၏အခြေအနေမှာ မတည်ငြိမ်ပေ။ ဤခေတ်တွင် ခေတ်သစ်ဆေးပညာမရှိသောကြောင့် လမစေ့ပဲ မွေးဖွားသော ကလေးငယ်များ၏ သေဆုံးနှုန်းမှာ အလွန်မြင့်မားသည်။

ဝမ်းဆွဲသည်သည် လုချန်းတွင် ထာဝရတန်ခိုးရှင်၏ နည်းလမ်းများ ရှိသည်ကို သိထားသောကြောင့် ကလေးငယ်ကို လုချန်းထံ ကုသရန် ယူလာခြင်းဖြစ်သည်။

လုချန်းက ဝမ်းဆွဲသည်ကို “ကလေးကို အိပ်ရာပေါ်တင်လိုက် ဟု ပြောလိုက်သည်။

“ဟုတ်ကဲ့ မင်းသား”

ဝမ်းဆွဲသည်က ပြန်ပြောလိုက်ကာ ငိုနေသော ကလေးငယ်ကို ကျောင်းယိုယို၏ နံဘေး အိပ်ရာပေါ်တင်လိုက်သည်။

ပြန်လည်သန်စွမ်းစေ‌သောစွမ်းအား၏ ကျေးဇူးကြောင့် ကျောင်းယိုယိုသည် လုံးဝသက်သာလာပြီဖြစ်သည်။ သူမသည် ခေါင်းကိုလှည့်ကာ သူမ၏ကလေးငယ်ကို ကြည့်လိုက်သည်။ ယခင်က နူးညံ့သိမ်မွေ့သော မျက်နှာသည် ယခုအခါတွင် မိခင်တစ်ဦး၏ ရောင်ဝါများ ထွက် ပေါ်နေသည်။

လုချန်းသည် သူ၏အခြားလက်ကို ကလေးငယ်ပေါ်တင်ကာ ကလေးငယ်ကိုလည်း ကုသပေးလိုက်သည်။ တဖြည်းဖြည်းနှင့် ကလေးငယ်၏ ငိုသံများ ရပ်သွားပြီး လက်လေးနှင့် ခြေထောက်လေးများက လေထဲတွင် လှုပ်ရှလာနေသည်။

ထိုအချိန်တွင် ချူးယုချင်၏ မျက်လုံးများသည် လုချန်း၏ မျက်နှာပေါ်သို့ စိုက်ကြည့်နေသည်။ လုချန်း၏မျက်နှာ ဖြူ‌ရော်လာနေသည်ကို မြင်သောအခါ ချူးယုချင်၏ ပြုံးနေသော မျက်နှာသည် ချက်ချင်းပင် ပျောက်ကွယ်သွားသည်။ သူမက ချက်ချင်းပင် လုချန်းနားသို့ သွားပြီး

“ချန်းလေး မင်း အဆင်ပြေရဲ့လား”

ဟု စိုးရိမ်စွာ မေးလိုက်သည်။

ပြန်လည်သန်စွမ်းစေသော စွမ်းအား၏ ကုသမှုသည် စိတ်စွမ်းအားကို သုံးစွဲရပြီး ဤကမ္ဘာတွင် စိတ်စွမ်းအင်သည် အလွန်အားနည်းနေသည်။ လုချန်းသည် ကျောင်းယိုယိုကို ကယ်တင်ရာတွင် စိတ်စွမ်းအား အမြောက်အမြား သုံးစွဲခဲ့ရသည်။ ချက်ချင်းပြန်လည်ဖြည့်တင်းခြင်း မရှိပါက သူ၏ ခန္ဓာကိုယ်အတွင်း သိုလှောင်ထားသော စိတ်စွမ်းအားများ ကုန်ခမ်းသွားပြီး သူ့ကို အလွန်ပင်ပန်းနွမ်းနယ်စေသည်။

လုချန်းလည်း ထိုအရာကို ခံစားမိသည်။ သူသည် အခြားသူများကို ကုသသည့်အခါတိုင်း ပင်ပန်းနွမ်းနယ်သွားသည်ဟု အမြဲခံစားရသည်။

အဓိကပြဿနာမှာ သူ၏ ကျင့်စဉ်အဆင့်က မြင့်မားခြင်း မရှိသေး‌သောကြောင့် သူ၏ ခန္ဓာကိုယ်အတွင်း သိုလှောင်ထားသော စိတ်စွမ်းအားများ နည်းပါးနေခြင်းကြောင့် ဖြစ်သည်။ ထိပ်သီးပညာရှင် အဆင့်သို့ ရောက်ရှိမှသာ သူ၏ ကျင့်စဉ်သည် လမ်းကြောင်း‌ ပေါ်သို့ အမှန်တကယ် စတင်ရောက်ရှိမည် ဖြစ်သည်။

ချူးယုချင်၏ စိုးရိမ်နေသောအသံကို ကြားသောအခါ လုချန်းက

“ကျွန်တော် အဆင်ပြေပါတယ်”

ဟု ညင်သာစွာ ပြောလိုက်သည်။

ကျောင်းယိုယိုသည်လည်း လုချန်း၏ မျက်နှာဖြူဖပ်ဖပ် ဖြစ်နေသည်ကို သတိထားမိသည်။ သူမကို ကုသနေရသည့်အတွက် သူ၏မျက်နှာ ဖြူသွားသည်ဟု မှန်းဆမိပြီး

“မင်းသား။ ကျွန်မ အခု အဆင်ပြေနေပါပြီ။ ကျွန်မကို ဆက်ပြီး ထာဝရတန်ခိုးရှင် စွမ်းအားသုံးပြီး ကုသဖို့ မလိုတော့ပါဘူး”

ဟု လျင်မြန်စွာ ပြောလိုက်သည်။

လုချန်းက ပြုံးပြီး

“စိတ်မပူပါနဲ့။ က်ိုယ်ဘယ်လောက်ထိ လုပ်နိုင်တယ်ဆိုတာ သိပါတယ်”

ဟု ပြောလိုက်သည်။

ကျောင်းယိုယို၏ မျက်နှာတွင် စိုးရိမ်မှုအနည်းငယ် ပေါ်လာသော်လည်း နောက်ထပ် ဘာမှ မပြောတော့ပေ။

ခဏကြာပြီးနောက် လုချန်းသည် ကျောင်းယိုယို၏ ခန္ဓာကိုယ်လည်း ကိုယ်ဝန်မဆောင်မီ အခြေအနေသို့ ပြန်လည်ရောက်ရှိလာပြီဟု သတိပြုမိသောကြောင့် သူမထံသို့ စိတ်စွမ်းအားများ ဆက်လက်ထုတ်လွှတ်နေခြင်းကို ရပ်တန့်လိုက်သည်။

ကုသမှု ပြီးဆုံးသည့်အချိန်တွင် လုချန်း၏ ခန္ဓာကိုယ်သည် ယိုင်နဲ့သွားပြီး လဲကျသွားမည့်ပုံပေါက်နေသည်။ ချူးယုချင်က ချက်ချင်းပင် သူ့ကို နောက်မှ ဖေးမပေးလိုက်သည်။

“ချန်းလေး ။ဘယ်လို‌နေလဲ။”

လုချန်း၏ ကုတ်ပိုးသည် ချက်ချင်းပင် နွေးထွေးမှုနှင့် နူးညံ့မှုတို့ကို ခံစားလိုက်ရပြီး သိမ်မွေ့သော ရနံ့တစ်ခုက သူ၏ နှာခေါင်းထဲသို့ ဝင်ရောက်လာသည်။ ထိုအချိန်တွင် အခန်းထဲရှိ မိန်းမအားလုံးသည် လုချန်းနားသို့ လာရောက်ပြီး သူ့ကို စိုးရိမ်သောမျက်လုံးများဖြင့် ကြည့်နေကြသည်။

ချူးယုချင်ကို ခဏတာမျှ မှီနေပြီးနောက် လုချန်းက

“ကျွန်တော် နည်းနည်းလေး အနားယူလိုက်ရုံပါပဲ။ကျွန်တော့်ကို စိတ်မပူပါနဲ့”

ဟု ပြောလိုက်သည်။

လုချန်းကိုယ်တိုင်က ဘာမှမဖြစ်ကြောင်း ပြောသောအခါမှ မုကျိရွှမ်းနှင့် အခြားသူများသည် စိတ်သက်သာရာ ရသွားကြသည်။ ခဏကြာပြီးနောက် ချူးယုချင်က လုချန်း၏ ခေါင်းကို ကိုင်ပြီး သူ၏ပါးပြင်မှ ဆံပင်များကို ဖြီးပေးနေရင်း

“ချန်းလေး။ ကလေးကို အမည်ပေးကြရအောင်”

ဟု ပြောလိုက်သည်။

လုချန်းသည် အိပ်ရာပေါ်ရှိ ကလေးငယ်ကို ကြည့်ပြီး စဉ်းစားလိုက်ကာ

“လုချမ်းရှန်း လို့ ခေါ်ကြရအောင်”

ဟု ပြောလိုက်သည်။

ကလေးသည် လမစေ့ပဲ မွေးဖွားလာသောကြောင့် သူ၏ ကိုယ်ခန္ဓာသည် မူလကတည်းက သန်မာမှု မရှိပေ။ လုချန်းသည် သူ့အတွက် ကြီးမားသော အောင်မြင်မှုများ ရရှိရန် မျှော်လင့်ချက် မထားတော့ပဲ သူ ကောင်းမွန်စွာ ရှင်သန်နိုင်ရန်သာ မျှော်လင့်လိုက်သည်။

.......

အခန်း (၈၆) ယူနိုင်ငံတော်၏ အကြွင်းအကျန်များ

မြောက်ပိုင်းနယ်စားမင်းသား၏ စံအိမ်

အရှေ့ဘက် အဆောင်ဝင်း။

ချန်ဝမ်ရွန်နှင့် လင်ဝမ်ရွန်တို့သည် ထိုအဆောင်ငယ်အတွင်းတွင် နာရီနှစ်နာရီခန့် ထိုင်နေခဲ့ကြသော်လည်း မြောက်ပိုင်းနယ်စားမင်းသား၏ စံအိမ်မှ အစေခံသို့မဟုတ် ကျေးကျွန်တစ်ဦးတစ်ယောက်ကမှ သူတို့ကို မြောက်ပိုင်းနယ်စားမင်းသား၏ မောင်းမကို ကုသရန် လာရောက်ခေါ်ဆောင်ခြင်း မရှိခဲ့ပေ။

ဤအချက်က သူတို့နှစ်ဦးစလုံးကို အနည်းငယ် စိတ်ရှုပ်ထွေးစေခဲ့သည်။

သားအိမ်ရေမွှာပေါက်ခြင်းသည် အလွန်အန္တရာယ်များ၏။ ဤခေတ်တွင် မိခင်နှင့်ကလေး နှစ်ဦးစလုံး ထိုအခြေအနေမျိုးတွင် သေဆုံးရသည့် အဖြစ်များက ရှားပါးသည်မဟုတ်ပါ။

မြောက်ပိုင်းနယ်စားမင်းသားသည် သူတို့၏ အကူအညီကို လာရောက် တောင်းဆိုရမည်မဟုတ်ပါလား။ သူတို့နှစ်ဦးသည် လျှို့ဝှက်လဝန်းနန်းတော်မှ လာသူများဖြစ်ပြီး တစ်ဦးမှာ နန်းတော်၏ သခင်ဖြစ်သည်။ သားအိမ်ရေမြွာပေါက်နေသော မိန်းမတစ်ဦးကို ကယ်တင်ရန်မှာ သူတို့အတွက် ပြဿနာမဟုတ်ပေ။

မြောက်ပိုင်းနယ်စားမင်းသားက သူတို့ကို မယုံကြည်ဘူးလား။

ထိုအချိန်တွင် လင်ဝမ်ရွန်သည် မြောက်ဘက် အဆောင်သို့ အကူအညီပေးရန် သွားခဲ့သော အစေခံ ပြန်လာသည်ကို သတိထားမိသည်။ သူမသည် ချက်ချင်းပင် ကျောက်ခုံမှ ထလာပြီး အစေခံထံသို့ ချဉ်းကပ်ကာ

“ကလေး။ အမကျောင်း အခြေအနေ အခု ဘယ်လိုလဲ]”

ဟု မေးလိုက်သည်။

အစေခံသည် အချို့သောအရာများကို ဖွင့်ပြောရန် မသင့်ကြောင်း သိသောကြောင့်

“အမကျောင်းက အခု အန္တရာယ်ကင်းသွားပါပြီ။ မင်းသားအတွက် အမွေဆက်ခံသူတစ်ဦးကို အောင်အောင်မြင်မြင် မွေးဖွားလိုက်ပါပြီ” ဟု ရိုးရိုးလေး ဖြေလိုက်သည်။

အစေခံ၏ အဖြေကို ကြားသောအခါ လင်ဝမ်ရွန် အနည်းငယ် အံ့သြသွားသည်။ နယ်စားမင်းသား၏ စံအိမ်တွင် ကျွမ်းကျင်သူများ ရှိနေသည်မှာ ထင်ရှားသည်။

ထို့နောက် လင်ဝမ်ရွန် ပြန်ဝင်လာပြီး

“နန်းတော်သခင် လွင်ပြင်ဒေသ မျိုးနွယ်စုတွေကို တွန်းလှန်ပြီးမှပဲ အခွင့်အရေး ရလာမှာပါ” ဟု ပြောလိုက်သည်။

လင်ဝမ်ရွန် ရည်ညွှန်းနေသော အခွင့်အရေးမှာ မြောက်ပိုင်းနယ်စားမင်းသား ‌အ‌ရှေ့သို့ ရောက်ရှိနိုင်ရန် အခွင့်အရေးပင်ဖြစ်သည်။ အကယ်၍ ချန်ဝမ်ရွန်သည် လုချန်းကို ဖြားယောင်းပြီး သူ၏ ချစ်ခြင်းမေတ္တာကို နှိုးဆွလိုပါက သူမသည် လုချန်းရှေ့တွင် ပိုမိုရှိ‌ နေနိုင်ရန် လိုအပ်သည်။

သူတို့ မြောက်ပိုင်းမြို့‌တော်သို့ ပထမဆုံးရောက်ရှိချိန်တွင် မြောက်ပိုင်းနယ်စားမင်းသားသည် ကာမဂုဏ်တွင် စိတ်ဝင်စားသူဟု သိရှိထားသောကြောင့် သူ့ကို ဖမ်းစားရန် လွယ်ကူမည်ဟု ယုံကြည်ခဲ့ကြသည်။ အဘယ်ကြောင့်ဆိုသော် ချန်ဝမ်ရွန်၏ အလှသည် ရှနိုင်ငံတော်တွင် ထိပ်တန်း အဆင့်ဖြစ်ပြီး သူမသည် နိုင်ငံ၏ အလှပဆုံးသူများထဲတွင် တစ်ဦးအပါအဝင်ဖြစ်သည်။

ထိုမကောင်းသောစိတ်ရှိသူသည် ချန်ဝမ်ရွန်ကို မြင်လိုက်ရသည်နှင့် တပ်မက်သွားခဲ့သည်။

သို့သော် လုချန်းနှင့် စကားပြောပြီးနောက်တွင် သူတို့သည် မြောက်ပိုင်းနယ်စားမင်းသားကို အလှအပနှင့် ဖြားယောင်းရုံမျှဖြင့် မလွယ်ကူနိုင်ဟု ယုံကြည်လာကြသည်။ မြောက်ပိုင်းနယ်စားမင်းသားသည် မကောင်းသောစိတ်ရှိသော်လည်း သူသည် ဉာဏ်ရည်ထက်မြက်သူဖြစ်သည်။ သူတို့၏ ရည်ရွယ်ချက်များကို သူသတိထားမိနိုင်သည်။

ထို့ကြောင့် မြောက်ပိုင်းနယ်စားမင်းသားနှင့် နီးစပ်လိုပါက အလှအပနှင့် ဖြားယောင်းရုံမျှဖြင့် မလုံလောက်ပေ။ သူတို့၏ အခြားတန်ဖိုးများကိုလည်း ပြသရန် လိုအပ်သည်။

မြောက်ပိုင်းနယ်စားမင်းသားကို သူတို့၏ နန်း တော်သခင်နှင့် ချစ်ကြိုက်စေရန်က အကောင်းဆုံးဖြစ်သည်။

မြောက်ပိုင်းနယ်စားမင်းသားကို ချန်ဝမ်ရွန်နှင့် ချစ်ကြိုက်စေရန် အချိန်အနည်းငယ် လိုအပ်သည်။ ယခုအခါ လွင်ပြင်ဒေသ မျိုးနွယ်စုများ၏ တပ်များ တောင်ဘက်သို့ ချီတက်လာတော့မည်ဖြစ်သဖြင့် အချိန်က များစွာ မကျန်တော့ပေ။

လက်ရှိအခြေအနေအရ စစ်ပွဲပြီးဆုံးသည်အထိ စောင့်ရမည်သာ ဖြစ်သည်။ သို့သော် မြောက်ပိုင်းနယ်စားမင်းသား စစ်ပွဲပြီးသည်အထိ အသက်ရှင်နိုင်မရှင်နိုင်က မေးခွန်းထုတ်စရာဖြစ်နေသည်။

ထိုအတွေးများနှင့်အတူ ချန်ဝမ်ရွန်လည်း ခေါင်းရှုပ်သွားတော့သည်။

ရှနိုင်ငံတော်က ချန်နိုင်ငံကို တိုက်ခိုက်ခဲ့သည့်အချိန်ကို သူမသတိရနေသည်။ သူမ၏ ဖခင်ဖြစ်သူ ဧကရာဇ်သည် မိဖုရားများ၊ ကိုယ်လုပ်တော်များနှင့် သားသမီးများကို မြို့တော်မှ ထွက်ခွာခွင့်ပေးခဲ့ပြီး ရှနိုင်ငံတော်၏ တပ်များနှင့် မြို့ရိုးပေါ်တွင် နောက်ဆုံးအထိ တိုက်ပွဲဝင်ခဲ့ကာ အသက်ဆုံးရှုံးရခဲ့သည်။

ထိုအချိန်က သူမငယ်ရွယ်သေးသော်လည်း ထိုဖြစ်ရပ်များကို ရှင်းရှင်းလင်းလင်း မှတ်မိနေသည်။

မည်သူက ဤမျှတိုတောင်းသော နှစ်အနည်းငယ်အတွင်း အလားတူအဖြစ်အပျက်ကို သူမကြုံတွေ့ရမည်ကို မျှော်လင့်ထားမည်နည်း။ ဤအကြိမ်တွင် ကျူးကျော်လာသော ရန်သူကို တိုက်ခိုက်နေသူမှာ သူမ၏ ဖခင်မဟုတ်တော့ပဲ သူမ၏ ဖခင်ကို သတ်ခဲ့သူ၏ သားဖြစ်နေသည်။

ချန်ဝမ်ရွန်သည် ထိုအခြေအနေကို တွေးကြည့်ရင်း ကံကြမ္မာ၏ လှည့်စားတတ်မှုကို ခံစားလိုက်မိသည်။

ကျောင်းယိုယို၊ ကလေးငယ် တို့နှင့်အတူ မီးဖွားခန်းထဲတွင် အချိန်အနည်းငယ် ကုန်ဆုံးပြီးနောက် လုချန်းသည် သူ၏ စာကြည့်ခန်းသို့ ပြန်သွားခဲ့သည်။

သူသည် မကြာသေးမီက ရရှိခဲ့သော ဆုလာဘ်နှင့် ပတ်သက်၍ အလွန်စိတ်ဝင်စားနေသည်။

စာကြည့်ခန်းထဲသို့ ဝင်ရောက်ပြီးနောက် လုချန်းသည် ချက်ချင်းပင် စနစ်ကို မေးလိုက်သည်၊ [စနစ်။ အနက်ရောင် မြင်းစီးတပ်သား ၅၀၀၀၀ က အခု ဘယ်နေရာမှာလဲ။]

လွင်ပြင်ဒေသ မျိုးနွယ်စုတပ်များသည် တောင်ဘက်သို့ ချီတက်လာတော့မည်ဖြစ်ပြီး လုချန်းသည် မျိုးနွယ်စု မြင်းစီးတပ် ၃၀၀၀၀၀ ကို မည်သို့ ဖျက်ဆီးရမည်ကို တွေးတောနေခဲ့သည်။ သို့သော် မြေပုံများကို အကြိမ်ကြိမ် လေ့လာကြည့်သော်လည်း မျိုးနွယ်စု မြင်းစီးတပ် ၃၀၀၀၀၀ ကို ဖျက်ဆီးရန်မှာ အလွန်ခက်ခဲသော အလုပ်ဖြစ်သည်ကို သူတွေ့ရှိခဲ့သည်။

သူ့တွင် ၁၂၂ မီလီမီတာ ဟောင်ဝစ်ဇာ ကဲ့သို့သော အင်အားကြီးလက်နက်များရှိသော်လည်း မျိုးနွယ်စု မြင်းစီးတပ်သည် အလွန်လျင်မြန်စွာ ရွေ့လျားနိုင်သည်။ သူတို့ ထွက်ပြေးဖို့ ဆုံးဖြတ်လိုက်ပါက သူ၏လူများသည် သူတို့ကို နောက်ကိုလိုက်၍ မီနိုင်မည် မဟုတ်ပေ။

မြောက်ပိုင်းမြို့တော်တွင် စစ်သည်အင်အား သုံးသောင်းသာ ရှိသည်။ ထိုအင်အားထဲတွင် မြင်းစီးတပ်သား အနည်းငယ်သာ ပါဝင်သည်။ ထိုမြင်းစီးတပ်သားများမှာလည်း လေ့ကျင့်မှု မပြည့်ဝကြပေ။

လွင်ပြင်ဒေသ မျိုးနွယ်စုများ၏ တပ်များ ဟောင်ဝစ်ဇာများကြောင့် ထိတ်လန့်ပြီး ထွက်ပြေးသွားပါက မြောက်ပိုင်းမြို့မှ စစ်သည်အင်အား အနည်းငယ်ဖြင့် လွင်ပြင်ဒေသ မျိုးနွယ်စုများ၏ မြင်းတပ်ကို လိုက်လံတိုက်ခိုက်ရန် သို့မဟုတ် ဝင်ရောက်စီးနင်းရန်က မဖြစ်နိုင်ပေ။

သို့သော် အခုတော့ အခြေအနေများ ပြောင်းလဲသွားပြီဖြစ်သည်။

အခု သူ့လက်အောက်၌ မြင်းတပ်သား ငါးသောင်း ရှိနေပြီဖြစ်သည်။ ထိုတပ်များကို ဝမ်နင်းချိုင့်ဝှမ်း၏ အနောက်ဘက်တွင် ပုန်းအောင်းခိုင်းထားနိုင်သည်။ လွင်ပြင်ဒေသ မျိုးနွယ်စုများ၏ မြင်းတပ်များ ချိုင့်ဝှမ်းထဲသို့ ဝင်ရောက်လာပါက ထိုတပ်များက မျိုးနွယ်စုများ၏ မြင်းတပ်သား သုံးသိန်းကို ဝိုင်းပတ်တိုက်ခိုက်နိုင်သည်။

လွင်ပြင်ဒေသ မျိုးနွယ်စုများ၏ မြင်းတပ်များ ထွက်ပြေးပါကလည်း ထိုငါးသောင်းသော တပ်များက လိုက်လံတိုက်ခိုက်နိုင်မည် ဖြစ်သည်။

ဤအကြံကို စဉ်းစားမိသောအခါ လုချန်းသည် စနစ်ကို အတွင်းစိတ်မှ ချီးကျူးလိုက်မိသည်။ စနစ်က သူ့တွင် လိုအပ်နေသော အရာများကို အမြဲတမ်း အတိအကျ ပေးစွမ်းနိုင်သည်။

ထိုအချိန်တွင် စနစ်မှ အသိပေးချက် ရောက်ရှိလာသည်။

[အနက်ရောင် မြင်းတပ်သား ငါးသောင်းသည် မြောက်ပိုင်းမြို့‌တော်၏ အရှေ့မြောက်ဘက် ရန်အန်းတောင်ခြေတွင် တပ်စွဲထားပြီး သခင့်၏ ဆင့်ခေါ်မှုကို လက်ခံရရှိထားပြီ ဖြစ်သည်။]

ထိုအသိပေးချက်ကို မြင်သောအခါ လုချန်း အံ့သြသွားသည်။

ဤကမ္ဘာတွင် စနစ်မှတစ်ဆင့် ရရှိသော လက်အောက်ငယ်သားများသည် သူတို့၏ ကိုယ်ပိုင်ဘဝများရှိကြောင်း သူသိသည်။ ဆိုလိုသည်မှာ သူတို့သည် ဤကမ္ဘာမှ လူသားများ ဖြစ်ကြသည်။ မြောက်ပိုင်းမြို့တော်၏ အရှေ့မြောက်ဘက်တွင် သူ၏ ငါးသောင်းသော အနက်ရောင် မြင်းတပ်များ ရှိနေကြောင်း ကြားသိရသောအခါ လုချန်း စိုးရိမ်သွားမိသည်။

ထိုငါးသောင်းသော အနက်ရောင် မြင်းတပ်သားများသည် လွင်ပြင်ဒေသ မျိုးနွယ်စုများ၏ စစ်သည်များ အနေနှင့် ရှိနေတာများလား။

အဘယ်ကြောင့်ဆိုသော် မြောက်ပိုင်းဒေသတွင် လွင်ပြင်ဒေသ မျိုးနွယ်စုများသာ နေထိုင်ကြသည်…

လုချန်းသည် ချက်ချင်းမေးလိုက်သည်။

[စနစ်၊ အနက်ရောင် မြင်းတပ်နှင့် ငါးသိန်းက လွင်ပြင်ဒေသ မျိုးနွယ်စုများထဲကလား။]

[သင့်ထံရောက်ရှိလာသော ငါးသောင်းသော အနက်ရောင် မြင်းတပ်နှင့် ငါးသိန်းသော လူများသည် ယု နိုင်ငံတော်၏ ကြွင်းကျန်သူများ ဖြစ်ကြသည်။ သူတို့သည် လွန်ခဲ့သော နှစ်ပေါင်း ငါးရာ‌‌ လောက်က စစ်ပွဲ၏ ကပ်ဘေးဒဏ်မှ လွတ်မြောက်ရန် မြောက်ပိုင်းသို့ ထွက်ပြေးခဲ့ကြပြီး တောင်ကြီးတစ်ခုအတွင်း၌ အခြေချနေထိုင်ခဲ့ကြသည်။]

[ယနေ့တွင် သူတို့၏ နတ်ဆရာများသည် ကောင်းကင်ဘုံ၏ အမိန့်ကို လိုက်နာပြီး မြောက်ပိုင်းနယ်စားမင်းသားကို ကံကြမ္မာ၏သားတော် အဖြစ် အသိအမှတ်ပြုကြသည်။ သူတို့သည် မြောက်ပိုင်းနယ်စားမင်းသားနှင့်အတူ ကမ္ဘာကြီးကို စုစည်းညီညွတ်စေရန် လိုက်ပါဆောင်ရွက်ကြမည်။]

ဒါက…

ထိုသူများ၏ ရာဇဝင် အချက်အလက်များက လက်မခံနိုင်စရာ မဟုတ်ပေ။

အဘယ်ကြောင့်ဆိုသော် ယူ နိုင်ငံတော်သည် လွန်ခဲ့သော နှစ်ပေါင်း ငါးရာကျော်က ပျောက်ကွယ်သွားခဲ့ပြီး ရှ နိုင်ငံတော်သည် ယူး နိုင်ငံတော်ပေါ်တွင် အခြေခံ၍ တည်ထောင်ခဲ့ခြင်း ဖြစ်သည်။ ရှ နိုင်ငံတော်၏ နိုင်ငံသားများသည် ယခင်က ယူ နိုင်ငံတော်၏ လူများ ဖြစ်ကြသည်။

လုချန်းသည် ဆက်ပြောလိုက်သည်

[ယခု ကျွန်တော်ရဲ့ ဆင့်ခေါ်မှုကို ထုတ်ပြန်လိုက်ရင် အနက်ရောင် မြင်းတပ်တွေ ရောက်လာဖို့ ဘယ်‌ လောက်ကြာမှာလဲ။]

[အစောဆုံး လဝက်ခန့် ကြာမယ်။] စနစ်က ပြန်ဖြေလိုက်သည်။

လုချန်းက သူ့ဘာသာသူ ပြောလိုက်သည်။

“လဝက်ကြာမယ်။ ဒါက လုံလောက်ပါတယ်။”

မြောက်ပိုင်းဒေသ။

ရန်အန်းတောင်။

တောင်ခြေတွင် အစဉ်အဆက် တည်ရှိနေသော အဆောက်အအုံများ ရှိသည်။ ဤနေရာ၏ ဗိသုကာဟန်သည် ရှ နိုင်ငံတော်နှင့် အလွန်ဆင်တူသည်။ ဤနေရာသည် ရှ နိုင်ငံတော် နယ်နိမိတ်အတွင်း၌ ရှိနေသည်ဟု ထင်ရသည်။

သို့သော် ထိုနေရာသည် ရှနိုင်ငံတော်၏ ပိုင်နက်မဟုတ်သလို အခြားမည်သည့်နိုင်ငံ သို့မဟုတ် မင်းဆက်နှင့်မှ သက်ဆိုင်ခြင်း မရှိပါ။ ထိုနေရာမှာ ယူနိုင်ငံတော် မြို့တော်ကြီး ဖြစ်သည်။

ထိုအချိန်တွင် ယူမြို့တော်ကြီး၏ လမ်းများပေါ်၌ လူသူအသွားအလာများ စည်ကားလျက်ရှိ၏။ လူများ၊လှည်းများ၊ မြင်းများ စသည်ဖြင့် အသွားအလာ များပြားကာ အလွန်စည်ကားနေသည်။ သို့သော် ထိုအချိန်တွင် လမ်းပေါ်တွင် လျှောက်နေသူများသည် ရုတ်တရက် ရပ်တန့်သွားကြသည်။ သူတို့၏ ခန္ဓာကိုယ်များသည် အေးခဲသွားသကဲ့သို့ လှုပ်ရှမှုမရှိတော့ပေ။

လှည်းများလည်း ချက်ချင်း ရပ်တန့်သွားကြသည်။ လူတိုင်းသည် တစ်ပြိုင်နက်တည်း ခေါင်းများကို မော့ကာ တောင်ဘက်သို့ ကြည့်နေကြသည်။

ထိုအချိန်တွင် ယူမြို့တော်ကြီး၏ မြို့တော်ဝန်အိမ်တော်။

အဖိုးအိုတစ်ဦးသည် သူ့ရှေ့တွင် ရှိသော လိပ်ခွံကို စူးစိုက်ကြည့်ကာ အနားရှိ အနက်ရောင် သံချပ်ကာ ဝတ်စုံဝတ်ထားသည့် ခန့်ညားသော ယောက်ျားနှစ်ဦးအား ပြောလိုက်သည်။

“တောင်ဘက်မှာ ကောင်းကင်ဘုံရဲ့ အမိန့်တော်ရှိတယ်။ လူသားဧကရာဇ် ပေါ်ထွန်းလာပြီ။ ကျွန်ုပ်တို့ ကမ္ဘာကြီးထဲသို့ ဝင်ရောက်ဖို့ အချိန်တန်ပြီ။”

ချက်ချင်းပင် ထိုယောက်ျားနှစ်ဦးသည် အနက်ရောင် မြင်းတပ်သားများကို စုစည်းကာ ရှနိုင်ငံတော်၏ မြောက်ပိုင်းမြို့‌တော်သို့ အစွမ်းကုန် စတင်ချီတက်လိုက်ကြသည်။

ထိုညနေခင်း ညစာစားပြီးနောက် ချူးယုချင်သည် အတွင်း ဆောင်ကို လှည့်လည်စစ်ဆေးနေ၏။ ညအချိန်တွင် နယ်စားမင်းသား၏ အိမ်တော်ကို မီးအိမ်များဖြင့် အလင်းပေးထားသော်လည်း မီးအိမ်များ၏ အလင်းရောင်သည် မတောက်ပသဖြင့် ခြံဝင်းအတွင်း အနည်းငယ် မှောင်နေဆဲဖြစ်သည်။

ချူးယုချင် အရိပ်တစ်ခုကို ရုတ်တရက် မြင်လိုက်ရသည်။ ထိုအရိပ်သည် ပိုင်ချင်းချင်း နေထိုင်သည့် အဆောင်ခြံဝင်း အတွင်းသို့ ခိုးဝင်နေသည်။ သူမလည်း ခြေဖျားထောက်၍ ညင်သာစွာဖြင့် ခြံအတွင်းသို့ ခုန်တက်လိုက်ပြီး ထိုအရိပ်၏ နောက်ကို ခြေရာခံလိုက်ပါသွားလိုက်သည်။

ထိုလူသည် မကောင်းမှုတစ်ခုခု ပြုလုပ်ရန် ကြံစည်နေသည့်ပုံဖြင့် လျှို့ဝှက်စွာ လှုပ်ရှနေသည်။

......

အခန်း (၈၇) ပိုင်ချင်းချင်း၏ အခန်းထဲသို့ ဝင်ရောက်လာသော အရိပ်မည်း

ချူးယုချင်သည် မြောက်ပိုင်းနယ်စားမင်းသား၏ အတွင်းဆောင်သို့ ညအချိန်တွင် ဝင်ရောက်လာသူအကြောင်း စူးစမ်းလိုစိတ် ဖြစ်ပေါ်နေသည်။

ယခင်က လုချန်းကို လုပ်ကြံရန် လာခဲ့သူများသည် ယခုအခါတွင် အကြွင်းအကျန်ပင် မရှိတော့ပေ။ သို့သော် ထိုသို့သော အခြေအနေများတွင်တောင် မြောက်ပိုင်းနယ်စားမင်းသား၏ နေရာသို့ ဝင်ရောက်လာပြီး ပြဿနာဖန်တီးရန် ကြံစည်နေသူက ရှိနေသေးသည်။

ပိုင်ချင်းချင်း နေထိုင်ရာ အတွင်းဆောင်သို့ ရောက်ရှိလာသောအခါ ချူးယုချင်သည် ချက်ချင်းပင် ကျောက်တောင်ကလေးတစ်ခုနောက်တွင် ပုန်းကွယ် နေလိုက်သည်။ ထိုအရိပ်မည်း မည်သည့်အရာကို လုပ်ဆောင်မည်ကို စောင့်ကြည့်ရန် စဉ်းစားလိုက်သည်။

ထိုအချိန်တွင် ထိုအရိပ်မည်းသည် ပိုင်ချင်းချင်း၏ အခန်းတံခါးကို ဖွင့်လိုက်ပြီး အတွင်းသို့ ဝင်ရောက်သွားသည်။

မီးအိမ်၏ အလင်းရောင်မှာ မှိန်ဖျော့နေသောကြောင့် ချူးယုချင်သည် ထိုသူ၏ မျက်နှာကို ကောင်းစွာ မမြင်နိုင်ခဲ့ပေ။ ချူးယုချင်သည် စဉ်းစားမိသည်။ ထိုသူသည် ပိုင်ချင်းချင်း၏ အခန်းထဲသို့ မည်သည့်အတွက် ဝင်ရောက်သွားခြင်းဖြစ်မည်နည်း။

ထိုသူသည် ပိုင်ချင်းချင်းကို တစ်ခုတစ်ခု လုပ်ရန် ရည်ရွယ်ထားခြင်းလား။

သို့သော် ပိုင်ချင်းချင်းသည်လည်း သိုင်းပညာရှင်တစ်ဦးဖြစ်သည်။ နေ့ခင်းပိုင်းက သူမသည် ပိုင်ချင်းချင်း၏ အတွင်းစွမ်းအားကို ခံစားမိခဲ့သည်။ ပိုင်ချင်းချင်းသည် အဆင့်ကိုး သိုင်းပညာရှင် အဆင့်ကို ကျော်နေပြီ ဖြစ်ပြီး သူမထက် ပိုမိုအားကောင်းနိုင်သည်ဟု ထင်မိသည်။

အကယ်၍ လုပ်ကြံသူသည် ပိုင်ချင်းချင်းကို ဒုက္ခပေးရန် ရည်ရွယ်ထားပါက သေခြင်းကို ရှာဖွေနေခြင်းနှင့်သာ တူသည် မဟုတ်ပါလော။ ထို့အပြင် ပိုင်ချင်းချင်းသည် မင်းသားစံအိမ်သို့ မကြာမီကမှ ရောက်ရှိလာခဲ့သူဖြစ်သည်။ သူမကို လုပ်ကြံမည့်သူက ယနေ့ပင် ရောက်ရှိလာနိုင်မည်လား။

သို့မဟုတ် လုပ်ကြံသူသည် အခန်းမှားပြီး ဝင်ရောက်ခဲ့ခြင်းလား။ လုချန်း၏ အခန်းသို့ ဝင်ရန် ရည်ရွယ်ခဲ့သော်လည်း ပိုင်ချင်းချင်း၏ အခန်းကို လုချန်း၏ အခန်းဟု ထင်နေခြင်းလား။

ချူးယုချင်သည် စဉ်းစားနေစဉ်တွင် အခန်းတွင်း၌ ဖယောင်းတိုင်တစ်ခု ထွန်းညှိလိုက်သည်။

သို့သော် အခန်းတွင်းမှ တိုက်ခိုက်သံများ မကြားရပေ။ ချူးယုချင်သည် အနည်းငယ် အံ့သြသွားသည်။

ဘာဖြစ်နေတာလဲ။

ဘာ့ကြောင့် ပိုင်ချင်းချင်းက လုပ်ကြံသူကို တိုက်ခိုက်ခြင်း မပြုရတာလဲ။

ထိုသူက ပိုင်ချင်းချင်းနှင့် တစ်ဖွဲ့တည်းလား။တစ်ဖက်က စဉ်းစားကြည့်ပါက ပိုင်ချင်းချင်းသည် ထိုသူနှင့် တစ်ဖွဲ့တည်းဖြစ်ရမည်။ ပိုင်ချင်းချင်းသည် နှစ်ပေါင်းများစွာ ပျောက်ဆုံးနေပြီးနောက် အခု ရုတ်တရက် သူတို့ထံ ပြန်လာကာ နေထိုင်ရန် ဆုံးဖြတ်ခဲ့သည်။ ဤအရာသည် အစကတည်းက သံသယဖြစ်ဖွယ်ဖြစ်နေသည်။

လုချန်း၏ လုံခြုံရေးကိစ္စနှင့် ပတ်သက်လာလျှင် ချူးယုချင်သည် အမြဲတမ်း သတိထားတတ်သည်။ ဝမ်ချင်းစီ လုချန်းနှင့် ရင်းနှီးရန် လာရောက်ခဲ့သည့် အခါတွင်ပင် သူမသည် ဝမ်ချင်းစီကို အထူးသတိထားခဲ့သည်။

ချူးယုချင်သည် အခန်းအနီးသို့ သတိဖြင့် ချဉ်းကပ်ကာ အတွင်းရှိ အခြေအနေကို ကြည့်ရှုရန် ကြံစည်လိုက်သည်။

ထိုအချိန်တွင်

အခန်းအတွင်း၌။

လုချန်းသည် ဖယောင်းတိုင်ထွန်းပြီးနောက် အိပ်ရာပေါ်တွင် အတွင်းအားထိုင်ကျင့်နေသော ပိုင်ချင်းချင်းကို ကြည့်လိုက်သည်။

လုချန်းက ညအချိန်ကြီး သူမထံ လာရောက်သည်ကို မြင်သောအခါ ပိုင်ချင်းချင်း နားမလည်နိုင်ဖြစ်သွားကာ

“မင်းသား ဒီလောက်ညအချိန်ကြီးမှာ ငါ့အခန်းကို အခန်းကို ဘာလို့ရောက်လာတာလဲ” ဟု မေးလိုက်သည်။

လုချန်းက ပြုံးလျက် ပြန်ပြောလိုက်သည်။

“ကိစ္စ ထွေထွေထူးထူး မရှိရင် မင်းဆီ လာလို့မရဘူးလား။”

သူပြောသည့်အတိုင်းပင် လုချန်းသည် ရဲတင်းစွာဖြင့် အိပ်ရာ၏ အစွန်းတွင် ထိုင်လိုက်သည်။ သူလက်မထပ်ရသေးသော မိန်းကလေးတစ်ဦး၏ အိပ်ရာပေါ်တွင် ထိုင်နေသည်ကို လုံးဝ မသိသကဲ့သို့ ပြုမူနေသည်။

လုချန်း ရုတ်တရက် ထိုမျှနီးကပ်လာသောအခါ ပိုင်ချင်းချင်း၏ နှလုံးသားက တဟုန်ထိုး ခုန်လာပြီး သူမကိုယ်တိုင်တွင်လည်း မည်သည့်အကြောင်းကြောင့်မှန်းမသိ ထူးဆန်းသော ခံစားချက်တစ်မျိုး ရုတ်တရက် ဖြစ်ပေါ်လာသည်။

ထိုအခိုက်တွင် လုချန်းက မေးလိုက်သည်။

“ပိုင်၊ မင်းငယ်ငယ်တုန်းက ငါ မင်းကို ဖက်ပြီး ပုံပြင်တွေ ပြောပြတာကို မင်းမှတ်မိသေးလား။”

လုချန်းက ထိုကိစ္စကို ရုတ်တရက် ပြောလာသောအခါ ပိုင်ချင်းချင်းသည် ပို၍ စိတ်ရှုပ်ထွေးသွားသည်။ မြောက်ပိုင်းနယ်စားမင်းသားသည် ညအချိန်တွင် သူမ၏အခန်းထဲကို ထိုကိစ္စများ ပြောဖို့ လာခဲ့တာလား။

ပိုင်ချင်းချင်းက စိတ်ခံစားချက်မပါပဲ ပြန်ဖြေလိုက်သည်။

“မှတ်မိပါတယ်။”

ထို့နောက် လုချန်းက သူ၏လက်ကို ဆန့်ထုတ်လိုက်ပြီး ပိုင်ချင်းချင်း၏ လက်ကိုဆုပ်ကိုင်လိုက်ကာ ဆက်ပြောလိုက်သည်။

“ဒါဆို မင်းကြီးလာရင် မင်းဟာ ငါ့ရဲ့ မိန်းမဖြစ်လာရမယ်ဆိုတာ မင်းမှတ်မိမယ်ထင်တယ်။”

ထိုစကားကို ကြားလိုက်ရသောအခါမှ မြောက်ပိုင်းနယ်စားမင်းသားသည် ညအချိန်တွင် သူမ၏အခန်းထဲကို မည်သည့်အတွက် လာရသည်ကို ပိုင်ချင်းချင်း နားလည်သွားသည်။

သူမသည် နန်းတော်ထဲတွင် မြောက်ပိုင်းနယ်စားမင်းသား၏ အိပ်ရာနွေးအစေခံအဖြစ် နေထိုင်စဉ်က သူသည် ဘယ်တော့မှ တင်းတိမ်နေတတ်သော လူတစ်ဦး မဟုတ်ခဲ့ပေ။

ထို့အပြင် အရိပ်ကိုယ်ရံတော်တို့၏ မကြာသေးမီက စုဆောင်းထားသော သတင်းအချက်အလက်တွေများအရလည်း မြောက်ပိုင်းနယ်စားမင်းသားသည် အလွန်အမင်း ကာမဂုဏ်ခံစားသော လူတစ်ဦး ဖြစ်သည်။

ညသန်းခေါင်အချိန်တွင် သူမ၏အခန်းထဲကို တစ်ဦးတည်း လာခြင်းက ဘာအတွက်လဲဆိုတာကို သူမသိသွားပြီဖြစ်သည်။ သို့သော် ပိုင်ချင်းချင်းက သိပ်ပြီး စိတ်လှုပ်ရှားမှု မပြပဲ သစ်သားရုပ်တု တစ်ခုကဲ့သို့ ငြိမ်သက်နေသည်။ လုချန်း၏ လှုပ်ရှလာမှုများကို မတားဆီးပဲ နေလိုက်သည်။

ထိုအချိန်တွင် ပိုင်ချင်းချင်းက ခံစားချက်မဲ့သော မျက်နှာဖြင့်

“ငါက မင်းသားရဲ့ မောင်းမအစေခံပါ။ မင်းသား လိုလားသည့်အခါတိုင်း ငါ့ခန္ဓာကိုယ်ကို အသုံးပြုနိုင်ပါတယ်”

ဟု ပြောလိုက်သည်။

ပိုင်ချင်းချင်း၏ အေးစက်ပြီး မျက်နှာအမူအရာ ကင်းမဲ့သည့် ပုံစံကို မြင်ရသောအခါ လုချန်း၏ စိတ်များ ပို၍ပင် မငြိမ်မသက်ဖြစ်လာသည်။

ပိုင်ချင်းချင်း ပို၍အေးစက်နေလေ သူမ နောင်တွင် သူ့ကိုအသနားခံလာသည့်ပုံစံကို လုချန်း ပို၍မြင်ချင်လာလေဖြစ်နေပြီး သူမအား သိမ်းပိုက်လိုစိတ်များကို ပို၍ပေါ်ပေါက်စေသည်။

သို့သော် လုချန်းသည် ထိုကိစ္စကို တိုက်ရိုက်မစတင်သေးပေ။

ပိုင်ချင်းချင်း၏ စိတ်ခံစားမှုများသည် မကြာသေးမီကမှ ပြန်လည်နိုးထလာခဲ့ခြင်းဖြစ်ပြီး ငယ်စဉ်ကတည်းက သူ၏ ပွေ့ဖက်ပွတ်သပ်မှုကိုခံခဲ့ရသည့်အတွက် အခုချိန်တွင် သူမသည် ခုခံရန် စဉ်းစားမိခြင်းပင် မရှိခဲ့ပေ။

ထို့ကြောင့် လုချန်းသည် ပိုင်ချင်းချင်း၏ သရုပ်အမှန်ကို ဖော်ထုတ်ရန် ကြံစည်လိုက်သည်။ သူမ၏ သရုပ်အမှန်ကို သူသိရှိပြီးဖြစ်ကြောင်း သိစေမည်ဖြစ်သည်။ သူမ၏ သရုပ်အမှန် ပေါ်လာသောအခါ ပိုင်ချင်းချင်း ဧကန်မုချ ပုံစံပြောင်းသွားရမည်ဖြစ်သည်။သူမ နောင်တွင် ဤမျှ ဆက်လက်အေးစက် နေနိုင်မည်ဟု လုချန်း မယုံကြည်ပေ။

ထို့နောက် လုချန်းသည် သူ၏လက်နှစ်ဖက်ကို ပိုင်ချင်းချင်း၏ မွှေးကြိုင်သောပခုံးများပေါ်တွင် တင်လိုက်ပြီး သူမကို ဖြည်းညင်းစွာ အိပ်ရာပေါ်သို့ လှဲချလိုက်ကာ သူမ၏ နူးညံ့သောကိုယ်ခန္ဓာပေါ်တွင် လှဲလျောင်းလိုက်ပြီး သူမကို စိုက်ကြည့်နေလိုက်သည်။

ပိုင်ချင်းချင်းကလည်း လုချန်း၏ မျက်လုံးများကို ပြန်လည်စိုက်ကြည့်နေပြီး ခုခံခြင်းကို မပြသကြောင်း ဆက်လက်တွေ့ရသည်။ လုချန်းသည် ထို့နောက် သူမ၏ ကျောက်စိမ်းကဲ့သို့ ချောမွေ့သော လက်မောင်းများကို အပေါ် မြှောက်တင်လိုက်ပြီး လက်ကောက်ဝတ်များကို သူ၏ လက်တစ်ဖက်ဖြင့် ဆုပ်ကိုင်လိုက်ကာ သူမ၏ နားနားကပ်၍ တိုးညင်းစွာ ပြောလိုက်သည်။

“ဒု ခေါင်းဆောင်ကြီး ပိုင်၊ ကျွန်တော်၏ ဖခမည်းတော် ပေးအပ်ထားသော တာဝန်ကို ဖြည့်ဆည်းဖို့ ခင်ဗျားရဲ့ စင်ကြယ်မှုကို ဒီလိုမျိုး စတေးရတာက ထိုက်တန်ပါရဲ့လား။”

လုချန်း၏ ပြောသံကို ကြားရသောအခါ ပိုင်ချင်းချင်း၏ မျက်လုံးသူငယ်အိမ်များ ရုတ်တရက် ကျုံ့သွားကြသည်။ လုချန်းသည် သူမ၏ သရုပ်မှန်ကို သိပြီးဖြစ်မည်ဟု သူမ မမျှော်လင့်ထားပေ။

သူမ၏ စိတ်ခံစားမှုများ ပြန်လည်နိုးထလာသည်နှင့်အမျှ ပိုင်ချင်းချင်းသည် စိတ်လှုပ်ရှားမှုနှင့် ထိတ်လန့်မှုကဲ့သို့သော စိတ်ခံစားမှုများကို စတင်ခံစားလာရသည်။ သူမ သည် ယခင်ကလို ကြောက်ရွံ့ခြင်း ကင်းမဲ့သော သတ်ဖြတ်ရေးကိရိယာတစ်ခု မဟုတ်တော့ပေ။

ပိုင်ချင်းချင်း ယုံကြည်ရ ခက်နေသည်။ သူမ မြောက်ပိုင်းမြို့သို့ ရောက်ရှိလာသည်မှာ မကြာသေးပါ။ မြောက်ပိုင်းနယ်စားမင်းသားက သူမ၏ သရုပ်မှန်ကို ဘယ်လိုသိသွားတာလဲ။

ထို့အပြင် အရိပ်ကိုယ်ရံတော်များ၏ ထောက်လှမ်းရေးအချက်အလက်များအရ မြောက်ပိုင်းနယ်စားမင်းသားသည် အရည်အချင်းမရှိသော မင်းသားတစ်ပါးသာဖြစ်ပြီး သူမ ငယ်စဉ်ကတည်းက သူ့အကြောင်း များကို သိထားသည်များအရလည်း သူသည် တဏှာရူးတစ်ယောက်သာ မဟုတ်ပါလား။

သို့သော် သူမ၏ အပေါ်တွင် လှဲလျောင်းနေသော ဤမြောက်ပိုင်းနယ်စားမင်းသားသည် တစ်ချက်တည်းဖြင့် သူမ၏ သရုပ်မှန်ကို သိမြင်နိုင်သွားပါလား။

သူမ၏ စိတ်ထဲတွင် ခဏမျှ စိုးရိမ်သွားသော်လည်း အရိပ်ကိုယ်ရံတော်၏ အတွေ့အကြုံရှိ ဒုခေါင်းဆောင်တစ်ဦးဖြစ်သည့် ပိုင်ချင်းချင်းသည် တည်ငြိမ်မှုကို ချက်ချင်း ပြန်လည်ရရှိလိုက်သည်။

ထို့နောက် သူမက အေးစက်သောအသံဖြင့် ပြောလိုက်သည်။

“ဘာကိုဆိုလိုတာလဲ မင်းသား။ ကျွန်မဘာမှ နားမလည်ပါဘူး။”

လုချန်း၏ လက်သည် အနားနေခြင်း မရှိပဲ ပိုင်ချင်းချင်း၏ အဝတ်အစားထဲသို့ လျှိုဝင်သွားပြီး သူမကို စိတ်ကြိုက်ထိတွေ့ရင်း ပြောလိုက်သည်။

“ပိုင်၊ မင်းဒီနှစ်တွေအတွင်း တကယ်ပဲ အတော်ထွားလာတာပဲ။”

ထိုစကားများနှင့်အတူ သူသည် ပိုင်ချင်းချင်း၏ နားထင့်သို့ ညင်သာစွာ လေတစ်ချက်မှုတ်လိုက်သည်။ ထိုအခါ သူမ၏ နှလုံးသားသည် ရုတ်တရက် တဒိန်းဒိန်းခုန်လာခဲ့သည်။

ချက်ချင်းပင် ထူးဆန်းသော ခံစားမှုတစ်ခုက သူမ၏ခန္ဓာကိုယ်တစ်ခုလုံးကို လွှမ်းခြုံသွားပြီး မကြုံစဖူး ပူပြင်းလာမှု တစ်ခုကို ခံစားလာရသည်။

ထိုအခါ ပိုင်ချင်းချင်းသည် ထပ်မံ၍ အံ့အားသင့်သွားရ၏။ သူမ၏စိတ်ခံစားမှုများ စတင်နိုးထလာခဲ့သည်ကို သတိပြုမိသော်လည်း သူမ၏ ရုပ်ပိုင်းဆိုင်ရာ လှုံ့ဆော်မှုများကိုတော့ မည်သို့တုံ့ပြန်ရမည်ကို မသိခဲ့ပေ။

သို့သော် ထိုသို့ဖြစ်ရခြင်းသည် လုချန်းနှင့် ဆက်စပ်နေနိုင်မည်ဟု သူမနားလည်လာသည်။ ပိုင်ချင်းချင်းသည် သူမ၏နူးညံ့သောခန္ဓာကိုယ်ကို အနည်းငယ်လှည့်ကာ လုချန်း၏အောက်မှ လွတ်မြောက်ရန် ကြိုးစားလိုက်သည်။ သို့သော် သူမ၏ခန္ဓာကိုယ်ကို လုချန်းက မြဲမြံစွာဖိကပ်ထားပြီး ဖြစ်သောကြောင့် လွတ်မြောက်ရန်အခွင့်အလမ်းမရှိတော့ပေ။

ပိုင်ချင်းချင်း စတင်လှုပ်ရှလာသည်ကို မြင်သော လုချန်းသည် သူ၏စကားများ အကျိုးသက်ရောက်မှု ရှိလာပြီဟု နားလည်လိုက်ရပြီး သူမ၏နားထဲသို့ တိုးတိုးပြောလိုက်သည်။

“ပိုင် ငါ့ဖခင် ဧကရာဇ်က မင်းကို မြောက်ပိုင်းမြို့တော် လွှတ်လိုက်တာက ငါ့လူတွေထဲမှာ လျှို့ဝှက်လဝန်းနန်းတော်က သူလျှိုတွေ ရှိမရှိ စုံစမ်းဖို့ စေလွှတ်တာလား။”

လုချန်းက သူမ၏တာဝန်အကြောင်းကိုပါ ပြောလာသောအခါ ပိုင်ချင်းချင်း ရုတ်တရက် သတိထားမိလိုက်သည်။ မင်းသားသည် သူမထင်ထားသည်ထက် ပိုမိုသိရှိနေပြီဖြစ်သည်။

ဤသည်မှာ ပြဿနာတစ်ခုဖြစ်သည်။ မင်းသားစံအိမ်သို့ ရောက်ရှိပြီးပြီးချင်းပင် သူမ၏ သရုပ်အမှန်နှင့် တာဝန်တို့ကို မင်းသားက ဖော်ထုတ်နိုင်လိမ့်မည်ဟု သူမမျှော်လင့်မထားခဲ့ပေ။

.......

All Chapters