← Chapters

အခန်း ၈၈-၉၀

Vol. 6 Ch. 88-90

အခန်း ၈၈-၉၀

Vol. 6 Ch. 88-90

အခန်း (၈၈)

ဤအစေခံသည် တကယ်တော့ မင်းသား၏ အစေခံဖြစ်သည်

လုချန်းက သူမ၏ လျှို့ဝှက်ချက်များကို တိုက်ရိုက်ပြောလိုက်ပြီးသော်လည်း ပိုင်ချင်းချင်းက အခိုင်အမာပင် ပြောဆိုနေဆဲဖြစ်သည်။

“မင်းသား။ ငါ မြောက်ပိုင်းမြို့‌တော်ကို ငါ့ဘာသာလာတာပါ။ ဘုရင်မင်းမြတ်နှင့် ဘာမှမဆိုင်ပါဘူး။ မင်းသားက ဘာလို့ ဒီလိုထင်ရတာလဲ နားမလည်ပါဘူး။”

မြောက်ပိုင်းနယ်စား မင်းသားက သူမ၏ လျှို့ဝှက်ချက်နှင့် တာဝန်ကို မည်သို့သိရှိနိုင်ခဲ့သည်ကို ပိုင်ချင်းချင်း လုံးဝနားမလည်နိုင်ခဲ့ပေ။

မြောက်ပိုင်းနယ်စား မင်းသား၏ ထောက်လှမ်းရေးကွန်ရက်သည် အလွန်ကျယ်ပြန့်ပြီး နေပြည်တော်တွင် သူလျှိုများ ရှိနေသည်ဆိုလျှင်ပင် မင်းသားသည် သူမက အရိပ်ကိုယ်ရံတော် တစ်ဦးဖြစ်ကြောင်းသာ သိရှိနိုင်၏။ သူမ အရိပ်ကိုယ်ရံတော်တပ်၏ ဒုတိယခေါင်းဆောင် ဖြစ်ကြောင်းကိုတော့ လုံးဝမသိနိုင်ပါ။

အရိပ်ကိုယ်ရံတော်များ၏ ခေါင်းဆောင်တောင်မှ သူမအရိပ်ကိုယ်ရံတော်တပ်၏ ဒုခေါင်းဆောင်ဖြစ်ကြောင်း မသိခဲ့ပေ။ သို့သော် မြောက်ပိုင်းနယ်စားမင်းသားက သိရှိနေပြီဖြစ်သည်။

ထို့အပြင် ဆွမ်ဧကရာဇ်က သူမအား အမိန့်ပေးခဲ့သည့်အချိန်တွင် သူမတစ်ဦးတည်းသာ သူ၏ ရှေ့မှောက်တွင် ရှိနေခဲ့ပြီး အမိန့်များကို ဒုတိယလူတစ်ဦးထံ လက်ဆင့်ကမ်းခြင်း သို့မဟုတ် နှုတ်ဖြင့်ပြောဆိုခြင်း မရှိခဲ့ပေ။ သဘောတရားအရ ဤသတင်းသည် အပြင်ထွက်သွားနိုင်ချေ မရှိသင့်ပေ။

ဧကရာဇ်အနီးတွင် ပြဿနာတစ်ခုခု ရှိနေသလလား...။

နိုင်ငံတော်ပညာရှိ....

စစ်တူစီ၏ ပုံရိပ်သည် ခဏအတွင်း ပိုင်ချင်းချင်း၏ စိတ်ထဲ ပေါ်လာခဲ့သည်။

ဟုတ်ပါပြီ။

ဧကရာဇ်က သူမအား အမိန့်ပေးခဲ့သည့်နေ့တွင် စစ်တူစီလည်း ရှေ့မှောက်တွင် ရှိနေခဲ့သည်။ ထို့ကြောင့် သူမ၏ သရုပ်မှန်နှင့် တာဝန်များကို ထုတ်ဖော်ပြောဆိုနိုင်သူဆိုလျှင် နိုင်ငံတော် ပညာရှိ စစ်တူစီသာ ဖြစ်နိုင်သည်။

သို့သော် နိုင်ငံတော်ပညာရှိ စစ်တူစီသည် ဆွမ်ဧကရာဇ်၏ ယုံကြည်ရသူဖြစ်သည်။ သူ့တွင် သူမ၏ ကိစ္စများကို ထုတ်ဖော်ပြောဆိုရန် အကြောင်းပြချက် မရှိသင့်ပေ။

စစ်တူစီ သစ္စာဖောက်သွားပြီလား။ ပိုင်ချင်းချင်းက ဆက်လက်ငြင်းဆန်နေသေးသည်ကို မြင်သောအခါ လုချန်းက ပြုံးလိုက်ပြီး သူမ၏ နားထဲတွင် တိုးတိုးကပ်ပြောလိုက်သည်။

“ငါဘာကြောင့် ဒါတွေအားလုံးကို သိတာလဲဆိုတာ မင်းသိပ်သိချင်နေမှာပဲ။”

ထိုစကားကို ကြားလိုက်ရသည်နှင့် ပိုင်ချင်းချင်းက အားနည်းစွာ ရုန်းကန်လိုက်သည်။ လုချန်းက ဘယ်လိုသိလာ သလဲဆိုတာ တကယ်ကို သူမ သိချင်နေခဲ့သည်။ သို့သော် ထိုအချိန်တွင် လုချန်းက သူမ၏ နားနားကပ်၍ တိုးတိုးပြောလိုက်သည်။

“ဘာလို့လဲဆိုတော့ မင်းရဲ့ နှလုံးသားနဲ့ ငါ့ရဲ့ နှလုံးသားက ဆက်သွယ်နေလို့ပါ။ မင်းရဲ့ စိတ်ထဲက အတွေးတွေကို ငါကြားနိုင်တယ်။”

ထိုစကားကို ကြားလိုက်ရသည်နှင့် ပိုင်ချင်းချင်းသည် လုချန်းက သူ့မကို လှောင်ပြောင်စနောက်နေပြီဖြစ်ကြောင်း သိလိုက်သည်။

သူမ၏ တာဝန်က ပျက်ကွက်သွားပြီဖြစ်ပြီး မြောက်ပိုင်းနယ်စားမင်းသား၏ စံအိမ်တွင် ဆက်လက်နေထိုင်ရန် မလိုအပ်တော့ဟု သူမခံစားမိသည်။ ချက်ချင်းဆိုသလို သူမ၏ အတွင်းအားကို အသုံးပြုကာ လုချန်းကို တွန်းလှန်ရန် ပြင်ဆင်လိုက်သည်။

အရင်က သူမ၏ အတွင်းအားကို အသုံးမပြုရဲခဲ့သည်မှာ လုချန်းသည် သာမန်လူတစ်ဦးဖြစ်နိုင်သည်ဟု သူမထင်နေပြီး မတော်တဆ သူ့ကို ထိခိုက်မိမှာကို စိုးရိမ်သောကြောင့်ဖြစ်သည်။

သို့သော် အခုတော့ သူမ၏ သရုပ်အမှန်ကို ဖော်ထုတ်လိုက်ပြီဖြစ်သည့်အတွက် မြောက်ပိုင်းနယ်စားမင်းသား၏ စံအိမ်မှ ထွက်ခွာရန် လိုအပ်နေပြီဖြစ်သည်။ ထို့ကြောင့် သူထိခိုက်မည်ကို သူမဂရုမစိုက်တော့ပေ။

လုချန်းကို အခုမတွန်းလှန်နိုင်ပါက သူမသည် နောက်ပိုင်းတွင် ထွက်ခွာသွားရန် အခွင့်အရေး ရှိတော့မည် မဟုတ်ပေ။ ပိုင်ချင်းချင်း သူမ၏ အတွင်းအားကို အသုံးပြုရန် စက္ကန့်ပိုင်းအလိုတွင် သူမ ရပ်တန့်သွားရသည်။

သူမ၏ အတွင်းအား ပျောက်ဆုံးနေပြီ...။

ဘာဖြစ်နေတာလဲ...။

သူမသည် နေ့ခင်းပိုင်းတွင် အလားတူ အခြေအနေမျိုးကို တစ်ကြိမ်ကြုံတွေ့ဖူးခဲ့ပြီဖြစ်သည်။ အစက သူမ၏ သိုင်းပညာလေ့ကျင့်မှုအတွင်း ပေါ်ပေါက်လာသော အခက်အခဲတစ်ခုကြောင့် သူမ၏စွမ်းရည်များ ခဏတာပျောက်ဆုံးသွားသည်ဟု ယူဆခဲ့သည်။

သို့သော် ယခုလို အရေးကြီးသောအချိန်တွင် သူမ၏အတွင်းအားများက ထပ်မံပျောက်ဆုံးသွားရပြန်သည်။ ဒါက သူမ၏သိုင်းပညာလေ့ကျင့်မှုနှင့် တကယ် ဆက်စပ်နေလို့လား။

သို့မဟုတ် ထိုအရာအားလုံးသည် သူမနှင့်ကပ်ထားသော မြောက်ပိုင်းနယ်စားမင်းသားနှင့် သက်ဆိုင်နေတာလား။ ပိုင်ချင်းချင်းသည် လုချန်းကို အာရုံစိုက်ကြည့်နေပြီး သူ၏အကြည့်မှ တစ်စုံတစ်ခုကို သိရှိရန် ကြိုးစားနေသည်။ သို့သော် ကံမကောင်းစွာပင် သူမသည် သူမအပေါ် ရှိနေသော လုချန်း၏ ရမ္မက်စိတ်ကိုသာ မြင်တွေ့ရပြီး အခြားအရာများကို မမြင်တွေ့ရပေ။

ပိုင်ချင်းချင်းက

“မင်းသား၊ ဒီနေ့ ငါ နည်းနည်းနေမကောင်းသလို ဖြစ်နေလို့ နောက်တစ်နေ့မှ ပြန်လာပါလား”

ဟု ပြောလိုက်သည်။

ပိုင်ချင်းချင်း၏ အသံသည် အေးစက်နေဆဲဖြစ်ပြီး သူမ၏မျက်နှာအမူအရာမှာလည်း ဂရုမစိုက်သလို ပေါ့ပေါ့တန်တန် ဖြစ်နေသည်။ လုချန်း၏ လက်မှ လွတ်မြောက်ရန် မကြိုးစားသလိုပင် ဖြစ်နေသည်။

လုချန်း၏လက်များသည် သူမ၏ခန္ဓာကိုယ်ကို ခပ်ဖွဖွ ပွတ်သပ်နေဆဲဖြစ်ပြီး သူက

“ပိုင်၊ အခုကစပြီး မင်းကို ငါနှင့်အတူ နေရမယ်”

ဟု ပြောလိုက်သည်။

ထိုစကားကို ကြားလိုက်ရသည်နှင့် ပိုင်ချင်းချင်းက

“ငါက အစကတည်းက မင်းသားရဲ့ အစေခံမိန်းမပါ”

ဟု ချက်ချင်းပြန်ပြောလိုက်သည်။

လုချန်းက ပြုံးလိုက်ပြီး

“ပိုင်၊ ငါဘာဆိုလိုတာလဲ မင်းသိပါတယ်”

ဟု ပြောလိုက်သည်။

ထိုအချိန်တွင် ပိုင်ချင်းချင်း၏ နှလုံးသားသည် တတိယအကြိမ် အပြင်းအထန် တုန်လှုပ်သွားသည်။

ရုတ်တရက် သူမ၏ အေးစက်သော မျက်နှာပြင်ပေါ်တွင် နီမြန်းသော အရောင်များ ပေါ်လာသည်။ ရေခဲတောင်ပေါ်တွင် ပန်းနီတစ်ပွင့် ပွင့်လာသကဲ့သို့ ဖြစ်နေသည်။ သူမ၏ခန္ဓာကိုယ်တွင် တစ်စုံတစ်ရာ မှားယွင်းနေသည်ကို ပိုင်ချင်းချင်း သတိထားမိလာသည်။ သူမ စွမ်းအားကို ထပ်မံဖော်ထုတ်ရန် ကြိုးစားသော်လည်း တုံ့ပြန်မှု မရှိပေ။

ဤအရာသည် လုချန်းနှင့် ဆက်စပ်နေသည်ဟု ပိုင်ချင်းချင်း အခြေခံအားဖြင့် သိရှိလာသည်။ နေ့ခင်းပိုင်းက အဆောင်ငယ်ထဲတွင် သူမ၏အတွင်းအား ပျောက်ဆုံးသွားသည်ကို ခံစားရစဉ်ကလည်း လုချန်းနှင့် ယခုလို နီးကပ်စွာ ရှိနေချိန်ဖြစ်သည်။

မြောက်ပိုင်းမြို့တော်သို့ လာရောက်ခဲ့သည့် လမ်းတစ်လျှောက်လုံး ယခုကဲ့သို့ ဖြစ်ခဲ့ဖူးခြင်း မရှိသလို မည်သည့်လက္ခဏာမှလည်း မတွေ့ခဲ့ရပေ။ သို့သော် မြောက်ပိုင်းနယ်စားအိမ်တော်ထဲသို့ ဝင်ရောက်ပြီး မြောက်ပိုင်းနယ်စားမင်းသားနှင့် ထိတွေ့ပြီးနောက်တွင် သူမ၏စွမ်းအားများ ပျောက်ဆုံးသွားခြင်း ဖြစ်သည်။

ထို့အပြင် အခု လုချန်းသည် သူမ၏ သရုပ်မှန်ကို သိရှိပြီးဖြစ်သည်။ ထိုအရာအားလုံးသည် သူနှင့် ဆက်စပ်နေသည်ဟု ထင်ရသည်။ အခြားဖြစ်နိုင်ချေရှိသော ရှင်းလင်းချက်များ မရှိတော့ပေ။

ယခု ဘာလုပ်ရမည်နည်း။

စွမ်းအားများ မရှိပါက သူမသည် သာမန်လူတစ်ဦးနှင့် မခြားနားပေ။

တစ်ခုတည်းသော ကွာခြားချက်မှာ သူမသည် သာမန်မင်းမျိုးမင်းနွယ် မိသားစုမှ မိန်းကလေးတစ်ဦးထက် အားအနည်းငယ် ပိုကောင်းနိုင်သည်။

သို့သော်…

ထိုအချိန်တွင် ပိုင်ချင်းချင်းသည် လုချန်းကို တွန်းလှန်ရန် သူမ၏ပုံမှန်ခန္ဓာကိုယ်အားကို အသုံးပြုရန် ကြိုးစားလိုက်သည်။ သူမသည် လူသတ်သမားတစ်ဦးဖြစ်သည့်အတွက် အတွင်းအား မရှိလင့်ကစား သူမ၏ကိုယ်ခန္ဓာအားသည် သာမန်လူတစ်ဦးထက် ပိုမိုကောင်းမွန်သည်။

သို့သော် သူမ၏လက်တွင် အားစိုက်လိုက်သည်နှင့် သူမ၏အားများ ပျောက်ဆုံးသွားသည်သာမက ခန္ဓာကိုယ်တွင် မည်သည့်အားမှ မကျန်ရှိတော့သည်ကို သတိထားမိလာသည်။

ယခု ပိုင်ချင်းချင်းသည် သူမ လုချန်း၏ လက်အောက်သို့ အပြည့်အဝ ရောက်ရှိနေပြီဖြစ်ကြောင်း နားလည်သွားသည်။ လွတ်မြောက်ရန် လမ်းလည်း မရှိတော့ပေ။ ထို့နောက် သူမသည် ကံကြမ္မာကို လက်ခံလိုက်ပြီး အိပ်ရာပေါ်တွင် ပက်လက်လှန်ကာ လုချန်း စိတ်ကြိုက်လုပ်နိုင်ရန် စောင့်ဆိုင်းနေလိုက်သည်။

သူမ၏ သရုပ်မှန်ကလည်း ပေါက်ကြားသွားပြီဖြစ်သည်။ စွမ်းအားများလည်း ပိတ်ပင်ခံထားရသည်။ ခန္ဓာကိုယ်တွင်လည်း အားမရှိတော့ပေ။ လုချန်း၏ ဆန္ဒများကို ဖြည့်ဆည်းပေးပြီး သူ၏အစေခံမိန်းမဖြစ်ရန် မှတစ်ပါး အခြားရွေးချယ်စရာ မရှိတော့ပေ။

အမှန်စင်စစ် သူမသည် ငယ်စဉ်ကတည်းက လုချန်းကို ပွေ့ဖက်အိပ်စက်ခဲ့သူဖြစ်သည်။ အိမ်ထောင်မကျသေးသော်လည်း လက်တွေ့အားဖြင့် သူမသည် သူ့အား သူမ၏သန့်ရှင်းမှုကိုပေးအပ်ခဲ့ပြီးဖြစ်သည်။

ဤခေတ်တွင် အိမ်ထောင်မကျသေးသော မိန်းကလေးတစ်ဦးသည် ယောက်ျားတစ်ဦး၏လက်ကို ကိုင်မိရုံမျှဖြင့် သူမ၏ဂုဏ်သိက္ခာကို ပျက်ပြားစေနိုင်သည်။ လုချန်း၏အိပ်ရာထဲကို မကြာခဏ ဝင်ရောက်အိပ်စက်ရခြင်းဆိုလျှင် ဆိုဖွယ်ရာ မရှိတော့ပေ။

ပိုင်ချင်းချင်း၏ စိတ်ထဲတွင် သူမ၏ငယ်ဘဝမှ မြင်ကွင်းများ လျှပ်တစ်ပြက် ပေါ်ပေါက်လာသည်။ သူမ မွေးဖွားလာသည့်အချိန်မှစ၍ သူမသည် ကံဆိုးမိုးမှောင်ကျရန်အတွက် ကြိုတင်သတ်မှတ်ခံထားရသူဖြစ်သည်။ ထို့ကြောင့် ယခုဖြစ်ပျက်နေသော အရာအားလုံးသည်လည်း သဘာဝကျနေသကဲ့သို့ ဖြစ်နေသည်။

သူမသည် ကိရိယာတစ်ခုသာ ဖြစ်သည်။ ဆွမ်ဧကရာဇ်၏ အုပ်စိုးမှုအတွက် ကိရိယာတစ်ခုဖြစ်စေ မြောက်ပိုင်းနယ်စားမင်းသား၏ စိတ်များကို ဖြေဖျောက်ရန် ကိရိယာတစ်ခုဖြစ်စေ ဘယ်လိုပဲဖြစ်ဖြစ် ကိရိယာသည် ကိရိယာသာ ဖြစ်သည်။

ပိုင်ချင်းချင်းသည် ဘေးသို့ခေါင်းလှည့်ထားပြီး လှုပ်ရှမှုမရှိပဲ လုချန်း လုပ်ချင်ရာလုပ်နိုင်သည်ဟူသော လက်လျှော့လိုက်သည့်ဟန်ဖြင့် လှဲနေသည်ကို မြင်လိုက်ရသောအခါ လုချန်းသည် အနည်းငယ် အံ့အားသင့်သွားသည်။

သူမ၏ သရုပ်မှန်ကို ဖော်ထုတ်ပြီးဖြစ်ပြီး သူမ၏သဘောကျမှုသည် ၁၀၀ ဖြစ်နေသော်လည်း သူမသည် အနည်းငယ်တော့ ခုခံသင့်သည် မဟုတ်လား။

သူမ ဒီလောက် လွယ်လွယ်ကူကူ လက်လျှော့သွားပြီလား။

လုချန်းက စပြောလိုက်သည်။

“ပိုင်၊ မင်းရဲ့အတိတ်ကို ငါမပြောင်းလဲနိုင်ပေမယ့် မင်းရဲ့အနာဂတ်ကိုတော့ ပြောင်းလဲပေးနိုင်တယ်။”

“အရိပ်ကိုယ်ရံတော် အဖွဲ့ကနေ ထွက်ပြီး ငါ့ရဲ့အမျိုးသမီးလုပ်ပါလား။”

ပိုင်ချင်းချင်း မည်သို့မျှ တုံ့ပြန်မှု မပြုတော့ပေ။ ရေနွေးပူလောင်ခံရသည်ကို မကြောက်တော့သော ဝက်သေတစ်ကောင်ကဲ့သို့ ဖြစ်နေသည်။

လုချန်း၏အောက်တွင် လဲလျောင်းနေရပြီဖြစ်သည့်အချိန်တွင် သူမက ဘာများပြောရဦးမှာလဲ။ သူတို့၏ အသားများသည် အဝတ်အစားအနည်းငယ်သာ ခြားတော့ပြီး လုချန်း အချိန်မရွေး လုပ်ငန်းစနိုင်ပြီဖြစ်သည်။

ပိုင်ချင်းချင်းကို ယခုကဲ့သို့မြင်လိုက်ရသောအခါ လုချန်းသည် သူမ၏စိတ်ခံစားမှုများ ပြန်လည်ရှင်သန်လာပြီဟု ထင်မြင်ယူဆလိုက်သည်။ ယောက်ျားနှင့်မိန်းမကြားက ကိစ္စများနှင့် ပတ်သက်၍ သူမ စိတ်မလှုပ်ရှပဲ နေနိုင်တော့မည် မဟုတ်ပေ။

ထိုသို့တွေးမိသည်နှင့် လုချန်းသည် ခေါင်းကို မော့လိုက်ပြီး ပိုင်ချင်းချင်း၏ ပန်းနုရောင်နှုတ်ခမ်းများဆီသို့ ဖြည်းဖြည်းချင်း တိုးကပ်လိုက်၏။

ပိုင်ချင်းချင်းက ရှောင်တိမ်းခြင်း မရှိပေ။ လုချန်းက ဆက်နမ်းလိုက်သည်။ လုချန်းသည် စိတ်မပူတော့ပါ။ စတင်ပြီးပြီဆိုလျှင် ဆက်လုပ်လိုက်ရုံသာ ဖြစ်သည်။

ထို့နောက် လုချန်းသည် ပိုင်ချင်းချင်းကို စနမ်းလာတော့သည်။

ထိုအချိန်တွင်...တံခါးဝတွင် ချူးယုချင်သည် အပေါက်ငယ်လေးမှတစ်ဆင့် အခန်းအတွင်း ဖြစ်ပျက်နေသမျှကို မျက်လုံးအဝိုင်းကြီးသားဖြင့် စိုက်ကြည့်နေသည်။

.......

အခန်း (၈၉) လေ့ကျင့်ရေးနည်းစနစ်အသစ်ရယူခြင်း

အခန်းထဲရှိ ဖယောင်းတိုင်များ၏ အလင်းရောင်မှာ မှိန်ဖျော့နေသော်လည်း ချူးယုချင်သည် အတွင်းရှိ လူနှစ်ဦး၏ မျက်နှာများနှင့် သူတို့လုပ်နေသည့်အရာကို မြင်နိုင်ခဲ့သည်။

ချူးယုချင်သည် စိတ်တည်ငြိမ်စေရန် အတွင်းအားကို အမြန်လှည့်ပတ်လိုက်သည်။ မကြာမီ သူမ စိတ်တည်ငြိမ်မှု အတော်လေး ရရှိသွားခဲ့သည်။ တစ်ချို့သူများသည် နေ့ခင်းဘက်တွင် နယ်စားမင်းသား၏ စံအိမ်သို့ ရောက်ရှိလာခဲ့ပြီး လုချန်းသည် ညဘက်တွင် သူမ၏ အိပ်ရာထဲသို့ လျှို့ဝှက်ဝင်ရောက်ကာ လင်မယားကိစ္စများကို လုပ်နေသည်။

ချူးယုချင်သည် ပိုင်ချင်းချင်းကို လုချန်း၏ မောင်းမအဖြစ် ထားရှိရန် စီစဉ်ထားသော်လည်း ထိုမိန်းကလေးသည် မြောက်ပိုင်းမြို့တော်သို့ ခရီးနှင်လာသည်မှာ မကြာသေးပါ။ အနည်းဆုံး သူမ အနားယူပြီးမှ လုပ်သင့်သည်။

ညတွင်းချင်း သူမ၏ အိပ်ခန်းထဲတွင် ဝန်ဆောင်မှုပေးရတာက မဖြစ်သင့်ပါ။ သူမသည် အစပိုင်းတွင် လူသတ်သမား တစ်ဦး နယ်စားမင်းသား၏ စံအိမ်သို့ ဝင်ရောက်လာသည်ဟု ထင်ခဲ့သော်လည်း နောက်ဆုံးတွင် ထို ကောင်စုတ်လေးပင် ဖြစ်နေသည်။

ချူးယုချင် သက်ပြင်းတစ်ချက် ချလိုက်ပြီး ဆက်လက် ကြည့်ရှုရန် စိတ်မပါတော့ပေ။

သူမသည် ပြန်လှည့်ကာ တံခါးဝမှ ထွက်ခွာသွားသည်။ ပိုင်ချင်းချင်းသည် တကယ်တော့ လုချန်း၏ အစေခံဖြစ်ပြီး လုချန်းသည် ပိုင်ချင်းချင်းကို ဘာလုပ်ချင်ချင် ထိုကိစ္စတွင် များစွာ ဝင်ရောက်စွက်ဖက်ရန် ချူးယုချင် မရည်ရွယ်ပါ။

ကလေးတစ်ယောက် မွေးသွားသည့်တိုင် ပြဿနာတစ်ခု မဟုတ်ပါ။ အချိန်တန်လျှင် သူတို့သည် ပိုင်ချင်းချင်းအတွက် မိသားစုတစ်စုကို ရှာဖွေပေးပြီး မိဘ‌နေရာ နေစေကာ သူမကို မြောက်ပိုင်းနယ်စားမင်းသား၏ စံအိမ်၏ မောင်းမအဖြစ် လက်ထပ်ပေးမည်ဖြစ်သည်။

ချူးယုချင် ထွက်ခွာသွားပြီးနောက် လုချန်းနှင့် ပိုင်ချင်းချင်းတို့သည် သူတို့၏ နမ်းရှုံ့မှုကို ဆက်လက်လုပ်ဆောင်နေကြသည်။ ပိုင်ချင်းချင်းသည် အစပိုင်းတွင် သူမ၏ စိတ်ထဲဘာမှမခံစားရဟု ထင်ခဲ့သည်။ သူမသည် ငယ်စဉ်ကတည်းက လုချန်းနှင့် ထိတွေ့မှုများ ရှိခဲ့ပြီး သူက သူမ၏ ခန္ဓာကိုယ်ကို ဘာပဲလုပ်လုပ် သူမ ဘာမှမခံစားရဟု ယူဆခဲ့သည်။

သို့သော် မကြာမီပင် တစ်ခုခုမှားယွင်းနေသည်ကို သူမ သတိထားမိလာသည်။

သူတို့၏ နမ်းရှုံ့မှုသည် သူမ၏ ခန္ဓာကိုယ်ကို အလွန် လှုံ့ဆော်ပေးနေပြီး သူမ၏ ခန္ဓာကိုယ်တစ်ခုလုံးတွင် နွေးထွေးသော စီးဆင်းမှုတစ်ခု ရှိနေသည်ဟု ခံစားရသည်။

သူမ၏ ဘဝတစ်လျှောက်တွင် ပထမဆုံးအကြိမ် ထိုကဲ့သို့သော ခံစားမှုမျိုးကို ကြုံတွေ့ရခြင်းဖြစ်သည်။

ဘာဖြစ်နေသည်ကို သူမ လုံးဝနားမလည်ခဲ့ပါ။

တကယ်တော့ သူမ နန်းတော်ထဲတွင် ရှိနေစဉ်က နန်းတွင်းအမျိုးသမီးများက သူမကို ယောက်ျားနှင့် မိန်းမတို့ကြား ကိစ္စများအကြောင်း သင်ကြားပေးခဲ့သည်။ သူမကို လုချန်း၏ မောင်းမအဖြစ် ရည်ရွယ်ထားခဲ့သောကြောင့် ဖြစ်သည်။

သို့သော် ထိုအချိန်က သူမ၏ စိတ်ခံစားမှုများကို ပိတ်ဆို့ထားသောကြောင့် လုချန်းက သူမကို ပွေ့ဖက်ပြီး အရေပြားချင်း ထိတွေ့ခဲ့ဖူးသည့်တိုင် သူမ ဘာမှမခံစားရခဲ့ပါ။

သို့သော် ယခုအခါတွင် ထိုကိစ္စက ကွဲပြားလာနေသည်။ သူမ၏ စိတ်ခံစားမှုများ နိုးထလာပြီးဆယ်စုနှစ်ကျော်ကြာ ပိတ်ဆို့ထားခဲ့သော သူမ၏ စိတ်ထဲရှိ ချစ်ခြင်းမေတ္တာများသည် ထွက်ပေါက်ရှာနေသော ရေများကဲ့သို့ ရုတ်တရက် ပေါက်ထွက်လာသည်။

လုချန်းသည် ပိုင်ချင်းချင်း၏ လက်များကို ဆက်လက် မထိန်းချုပ်ထားတော့ပါ။ သူ၏ လက်များသည် ယခုအခါတွင် အခြားနေရာတွင် ရောက်နေပြီဖြစ်သည်။

လုချန်းက ပိုင်ချင်းချင်း၏ လက်များကို လွှတ်လိုက်ပြီးနောက် သူမသည် သူမ၏ လက်များကို ဘယ်နေရာမှာ ထားရမည်ကို မသိ‌တော့ပေ။ နောက်ဆုံးတွင် သူမ လုချန်း၏ လည်ပင်းကို ပွေ့ဖက်ပြီး သူနှင့် ကပ်နေမိသည်။

ခဏကြာပြီးနောက် ပိုင်ချင်းချင်းသည် တစ်ခုခုမှားယွင်းနေသည်ကို သတိထားမိလာသည်။ သူမ၏ အဝတ်အစားများ မည်သည့်အချိန်တွင် ပျောက်ကွယ်သွားသည်ကို သူမ သတိမထားမိခဲ့ပါ။

သို့သော် ထိုအချိန်တွင် လုချန်းသည် တဖြည်းဖြည်းချင်း ခေါင်းကို မော့လိုက်ပြီး သူတို့၏ နှုတ်ခမ်းများသည် အနည်းငယ် ခွာသွားသည်။

လုချန်းက ပိုင်ချင်းချင်းကို ကြည့်လိုက်သည်။ သူမ၏ မျက်နှာ နီရဲနေသော်လည်း အေးဆေးတည်ငြိမ်နေဆဲဖြစ်သည်။ သူကလက်ကို မြှောက်လိုက်ပြီး သူမ၏ ချောမွေ့ဖြူစင်သော ပါးပြင်ကို ညင်သာစွာ ပွတ်သပ်လိုက်သည်။

ရုတ်တရက် လုချန်းက အနမ်းရပ်လိုက်သည်။ ပိုင်ချင်းချင်းကတော့ ထိုသို့ရပ်သွားသည်ကို ကျင့်သားမရသေးပေ။ သူမ၏ လက်မောင်းများက သူ၏လည်ပင်းကို ပတ်ထားဆဲဖြစ်သည်။

လုချန်းက သူမကို စနောက်လိုက်သည်။

“ပိုင်၊ ဒီနှစ်တွေအတွင်းမှာ မင်းလည်း ဆိုးတတ်လာပြီနဲ့တူတယ်။”

ဤစကားကို ကြားလိုက်ရသည်နှင့် ပိုင်ချင်းချင်း၏ စိတ်အတွင်းထဲတွင် ရှက်ရွံ့မှုကို ခံစားလိုက်ရ၏။ သူမ အလွန်ရှက်သွားသည်။ ဘာကြောင့်မှန်းမသိပဲ သူမသည် လုချန်း၏ မျက်လုံးများကို ဆက်မကြည့်နိုင်တော့ပဲ မျက်လုံးကို တခြားဘက်သို့ လွှဲလိုက်သည်။

သူ၏အောက်တွင် လှဲနေသော အေးစက်သည့် မိန်းမလှ၏ မျက်နှာပေါ်တွင် ရှက်ရွံ့မှုများ ဖြတ်သန်းသွားသည် မြင်လိုက်ရတော့ လုချန်း သည်းမခံနိုင်တော့ပေ။ သူသည် ဤအေးစက်သော အမျိုးသမီးကို ဒီနေ့ည မတိုင်ခင် မတူညီသော ပုံစံတစ်ခုသို့ ပြောင်းလဲပစ်ရန် ဆုံးဖြတ်လိုက်သည်။

ထိုအတွေးဖြင့် လုချန်းသည် ပြန်လည်ကိုင်းညွတ်လာပြီး ပိုင်ချင်းချင်း၏ နှုတ်ခမ်းကို ထပ်မံဖုံးအုပ်လိုက်သည်။

ပိုင်ချင်းချင်းက လုချန်းက နမ်းနေတုန်းပဲလို့ ထင်နေဆဲဖြစ်ပြီး ယခင်ကလိုပင် သူ့အနမ်းများကို တုံ့ပြန်လိုက်သည်။ သို့သော် မကြာမီမှာပင် လုချန်းက နမ်းနေတာထက် ပိုပြီးလုပ်နေတာကို ပိုင်ချင်းချင်းသတိထားမိလိုက်သည်။

“ဟမ်း…”

ပိုင်ချင်းချင်း၏ လည်ချောင်းထဲမှ စူးရှတိုးညင်းသော ညည်းညူသံထွက်လာသည်နှင့် အခန်းထဲရှိ ဖယောင်းတိုင်မီးများသည်လည်း တောက်လောင်လာသည်။

[ သခင်သည် ပိုင်ချင်းချင်းနှင့် စိတ်ခံစားမှု ဆက်သွယ်ခြင်း တည်ဆောက်နိုင်ခဲ့ပါသည်။ အတွင်းအားမန္တာန်ကျင့်စဉ် အတွေ့အကြုံရမှတ် ၄၀ တိုးမြင့်ခဲ့ပါသည်။ ပြန်လည်သန်စွမ်းစေ‌သောစွမ်းအား အတွေ့အကြုံရမှတ် ၄၀ တိုးမြင့်ခဲ့ပါသည်။ နဂါးဖီးနစ် ယင်ယန် အတွေ့အကြုံရမှတ် ၂၀ တိုးမြင့်ခဲ့ပါသည်။ နဂါးဖီးနစ် ယင်ယန်ကျင့်စဉ် စတင်ခြင်း အောင်မြင်ခဲ့ပါသည်။]

[သခင်သည် ပိုင်ချင်းချင်းနှင့် စိတ်ခံစားမှု မှတ်တိုင်တစ်ခု ရရှိခဲ့ပါသည်။ အတွင်းအားမန္တာန်ကျင့်စဉ် အတွေ့အကြုံရမှတ် ၈၀ တိုးမြင့်ခဲ့ပါသည်။ ပြန်လည်သန်စွမ်းစေ‌သောစွမ်းအား အတွေ့အကြုံရမှတ် ၈၀ တိုးမြင့်ခဲ့ပါသည်။ နဂါးဖီးနစ် ယင်ယန် အတွေ့အကြုံရမှတ် ၄၀ တိုးမြင့်ခဲ့ပါသည်။ နဂါးဖီးနစ် ယင်ယန် ပထမအဆင့်သို့ တိုးတက်ခဲ့ပါသည်။]

စနစ်မှ အသိပေးချက်များ ပေါ်လာသော်လည်း ထိုအချိန်တွင် လုချန်းသည် ထိုအရာများကို ဂရုမစိုက်တော့ပေ။ သူလိုချင်သည်မှာ သူ့ရှေ့မှောက်ရှိ အေးစက်သော အမျိုးသမီးကို လုံးဝ ပိုင်ဆိုင်ရန်သာ ဖြစ်သည်။

ထိုအချိန်တွင် လုချန်းသည်လည်း ထူးဆန်းသော ခံစားချက်ကို သတိထားမိသည်။ သူတို့၏ ခန္ဓာကိုယ်များကြားတွင် နွေးထွေးသော စီးဆင်းမှုကို ခံစားလိုက်ရသည်။

သူတို့သည် ပိတ်ထားသော လျှပ်စစ်ပတ်လမ်းကဲ့သို့ ဖြစ်နေသည်။

လုချန်းသည် နဂါးဖီးနစ်ယင်ယန်ကျင့်စဉ်ကို မကြည့်ရသေးသော်လည်း ထိုစွမ်းအားသည် အမျိုးသမီးနှင့် အတူ လေ့ကျင့်ရသော စွမ်းအားဖြစ်သည်ဟု ခန့်မှန်းမိသည်။

ထိုစွမ်းအားသည် အချို့သော နတ်ဆိုးဂိုဏ်းများ အသုံးပြုသည့် ပေါင်းစပ်‌ပျော်ရွှင် ကျင့်စဉ်နှင့် ဆင်တူသည်။ သို့သော် နဂါးဖီးနစ်ယင်ယန်ကျင့်စဉ်သည် ပေါင်းစပ်ပျော်ရွှင် ကျင့်စဉ်နှင့် ကွာခြားသည်။ ထိုစွမ်းအားသည် တစ်ဖက်လူကို ထိခိုက်စေမည် မဟုတ်ပါ။

ထိုအချိန်တွင် ပိုင်ချင်းချင်းသည် မိန်း‌‌မောနေသော်လည်း သူမ၏ စိတ်များပြန်လည် ရှင်းလင်းလာခဲ့ပြီး သူမ၏ ခန္ဓာကိုယ်ထဲတွင် စီးဆင်းနေသော စွမ်းအားကို ခံစားမိသည်။ သူမ၏ စွမ်းအားသည် ပျောက်ဆုံးနေခဲ့သော်လည်း ယခု ပြန်လည်ရောက်ရှိလာသည်။ ထို့အပြင် သူမ မကြုံဖူးသော စွမ်းအားအသစ်ကို ခံစားရသည်။

ထိုစွမ်းအားသည် လုချန်းမှ သူမထံသို့ လွှဲပြောင်းပေးခြင်း ဖြစ်သည်။ လွှဲပြောင်းနည်းမှာ စိတ်ခံစားမှု ဆက်သွယ်ခြင်းဖြင့် ဖြစ်သည်။

ပိုင်ချင်းချင်းသည် လုချန်းကို တွန်းထုတ်ရန် ကြိုးစားသော်လည်း သူမ မတတ်နိုင်ပါ။ သူမ၏ စွမ်းအားမရှိတော့သောကြောင့် မဟုတ်ပါ။ သူမ၏ နှလုံးသားက လုချန်းအပေါ် မှီခိုနေပြီဖြစ်သောကြောင့် ဖြစ်သည်။

ဤမကောင်းသော မင်းသား၏ မောင်းမအဖြစ် တစ်သက်လုံး နေရတော့မည်ကို ပိုင်ချင်းချင်း နားလည်သွားသည်။ပိုင်ချင်းချင်း၏ မျက်လုံးထဲတွင် ရှုပ်ထွေးနေ ‌သော ခံစားချက်များကို လုချန်း သတိထားမိသည်။ သူက ပြုံးလိုက်ပြီး

“ပိုင်၊ ငါ့ကို သခင်လို့ ခေါ်ပါ” ဟု ပြောလိုက်သည်။

ပိုင်ချင်းချင်းက လုချန်းကို လျစ်လျူရှုကာ ခေါင်းကို လှည့်ထားလိုက်သည်။

ပိုင်ချင်းချင်း၏ အေးစက်မှုကို မြင်လိုက်ရသော လုချန်းသည် စိတ်ထဲတွင် သက်ပြင်းချလိုက်မိသည်။ သူသည် ပိုင်ချင်းချင်းကို ကျေနပ်စေခြင်း မရှိသေးဟု ထင်ရသည်။ ထို့ကြောင့် သူသည် စိတ်ခံစားမှု ဆက်သွယ်ခြင်းကို ဆက်လက်လုပ်ဆောင်ရန် ဆုံးဖြတ်လိုက်သည်။

ကံကောင်းထောက်မစွာပင် နဂါးဖီးနစ်ယင်ယန်ကျင့်စဉ် ၏ အကူအညီဖြင့် ပိုင်ချင်းချင်းသည် နောက်ဆုံးတွင် လက်နက်ချကာ လိုက်လျောလိုက်သည်။

“ပိုင်၊ ငါ့ကို သခင်လို့ တကယ်မခေါ်ဘူးလား။”

“သခင်… သခင်…”

“အင်း၊ သခင်ဆိုတဲ့ စကားလုံးက မင်းနဲ့ မလိုက်ဘူး၊ ငါ့ကို ချစ်ရတဲ့ အစ်ကိုလေးလို့ ခေါ်ပါ…”

“ချစ်ရတဲ့ အစ်…ကိုလေး… အစ်…”

နောက်တစ်နေ့ နံနက်ခင်းတွင်။

ပိုင်ချင်းချင်း တစ်ညလုံး စိတ်အတွင်းထဲရှိ စကားများ ပြောဆိုပြီးနောက် သူမသည် လုံးဝ ပျော့ပျောင်းသွားပြီဖြစ်သည်။ လုချန်း နိုးလာသောအခါ သူ၏ဘေးသို့ လှည့်ကြည့်လိုက်သည်။ ပိုင်ချင်းချင်းသည်လည်း သူ့ကို ကြည့်နေသည်။

သူတို့၏ မျက်လုံးများ တွေ့ဆုံသွားသည်။ တဒင်္ဂအတွင်း ပိုင်ချင်းချင်း၏ အေးစက်သော လှပသောမျက်နှာပေါ်တွင် နီမြန်းမှုများ ပြန်လည်ပေါ်ထွက်လာသည်။ ပိုင်ချင်းချင်းသည် ချက်ချင်း ခေါင်းကို လှည့်လိုက်ကာ မနေ့က အေးစက်သော ဟန်ပန်သို့ ပြန်ရောက်သွားသည်။

လုချန်းက ပိုင်ချင်းချင်း၏ ခန္ဓာကိုယ်ကို ပွေ့ဖက်လိုက်ကာ သူမ၏ နားနားကပ်၍ ခပ်တိုးတိုးပြောလိုက်သည်။

“ပိုင်၊ မင်း တကယ်ပဲ ငါအမျိုးသမီး လုပ်ဖို့အစီအစဉ် မရှိဘူးလား။”

လုချန်းကို ကျောပေးထားသော ပိုင်ချင်းချင်းက ခံစားချက်မဲ့သော အသံဖြင့် ပြောလိုက်သည်။

“ငါက မင်းသားရဲ့ မောင်းမ ဖြစ်နေပါပြီ။”

ထိုစကားသည် ပိုင်ချင်းချင်း မနေ့က ပြောခဲ့သော စကားနှင့် အတူတူပင်ဖြစ်သော်လည်း လုချန်း သိပါသည်။ စကားလုံးများသည် တူညီသော်လည်း ပိုင်ချင်းချင်း အခုပြောသောအခါ အဓိပ္ပာယ်က ကွဲပြားနေပြီဖြစ်သည်။

......

အခန်း (၉၀)

ထောက်လှမ်းရေး သတင်းအသစ်

ပိုင်ချင်းချင်းသည် သူမအနေဖြင့် ဆွမ်ဧကရာဇ်ကို သစ္စာဖောက်ရန်မှတပါး ရွေးချယ်စရာ မရှိတော့ကြောင်း သိလိုက်ရသည်။ သူမ၏ သရုပ်မှန်ကို လုချန်းက ဖော်ထုတ်လိုက်ပြီဖြစ်ပြီး အခုသူမ၏ ခန္ဓာကိုယ်သည်လည်း လုချန်း၏ ထိန်းချုပ်မှုအောက်တွင် ရှိနေပြီဖြစ်သည်။

ဤအချိန်တွင် သူမအနေဖြင့် လုချန်းထံ လက်နက်ချရန်မှလွဲ၍ ရွေးချယ်စရာ မရှိတော့ပေ။ ထို့အပြင် သူမ၏ နှလုံးသားသည်လည်း လုချန်းကို လုံးဝလက်ခံလိုက်ပြီဖြစ်သည်။ သူမအတွက် ဆွမ်ဧကရာဇ်၏ ပစ္စည်းကိရိယာတစ်ခုဖြစ်ရခြင်းနှင့် လုချန်းအတွက် ပစ္စည်းကိရိယာတစ်ခုဖြစ်ရခြင်းက ဘာမှမကွာခြားပေ။

သူမသည် အရိပ်ကိုယ်ရံတော်များနှင့် ပတ်သက်၍ မည်သည့်အခါကမှ သက်ဆိုင်မှုကို ရှိသလို မခံစားခဲ့ရပေ။ အခု လုချန်းက သူမကို ထိန်းချုပ်ထားပြီဖြစ်သည့်အတွက် သူ၏ လူတစ်ယောက်ဖြစ်လာသည်က သဘာဝကျပါသည်။

သို့သော် သူမသည် လုချန်း၏ မိန်းမတစ်ယောက်ဖြစ်ရန် မကျင့်သားရသေးပေ။အရင်က သူမ၏ စိတ်ခံစားမှုများ ပြန်လည်မရှင်သန်လာမီ အချိန်တွင် လုချန်းက သူမကို ပွေ့ဖက်ထားသည့်တိုင် သူမသည် ဘာမှမခံစားရပေ။

သို့သော် ယခုအခါတွင် အရာရာက ကွဲပြားသွားပြီဖြစ်သည်။ သူမ၏ အသားသည် လုချန်း၏ အသားနှင့် ထိတွေ့သည့်အခါတိုင်း သူမ၏ ခန္ဓာကိုယ်အတွင်း စိတ်လှုပ်ရှမှုများ၊ ပူလောင်မှုများနှင့် နားမလည်နိုင်သော စိတ်ခံစားမှုများကို ခံစားရသည်။

အထူးသဖြင့် မနေ့ညက ခံစားချက်များသည် သူမကို ပို၍ပင် စိတ်ရှုပ်ထွေးစေသည်။ သူမသည် ဘာကြောင့် လုံးဝ ပြောင်းလဲသွားသလို ခံစားရသည်ကို နားမလည်နိုင်ပါ။

သူမသည် လုချန်းရှေ့တွင် အော်ဟစ်ငိုကြွေးရုံသာမက သူ့ကို သခင်၊ ချစ်ရသော အစ်ကိုလေး ချစ်သူစသည်ဖြင့် ခေါ်ဝေါ်ခဲ့သည်။

သူမ၏ ခန္ဓာကိုယ်အတွင်း၌ အခြားဝိညာဉ်တစ်ခု ရှိနေသည်ဟုပင် သံသယဝင်မိသည်။ မနေ့ညက ဖြစ်ပျက်သမျှသည် သူမနှင့် မည်သို့မျှ မသက်ဆိုင်ပေ။ ထိုအရာများအားလုံးသည် ထိုအခြားဝိညာဉ်ကြောင့် ဖြစ်ရသည်ဟု သူမထင်သည်။

ထိုအချိန်တွင် လုချန်းသည် ပိုင်ချင်းချင်း၏ နှုတ်ဖြင့်ပြောသော အညံ့ခံမှုကို ဂရုမစိုက်တော့ပေ။ အကြောင်းမှာ သူမ၏ နှလုံးသားသည် သူ့ထံသို့ ရောက်ရှိသွားပြီဖြစ်သည်။

ထိုအချိန်တွင် လုချန်းက ပိုင်ချင်းချင်း၏ နူးညံ့သိမ်မွေ့သော ခန္ဓာကိုယ်ကို ပွေ့ဖက်လျက် လှည့်လိုက်ပြီး သူမ၏ နူးညံ့သော ပုံသဏ္ဍာန်ပေါ်သို့ တက်လိုက်ကာ အထက်မှ သူမ၏ အေးစက်သော မျက်နှာကို ကြည့်နေလိုက်သည်။

ထိုအချိန်တွင် ပိုင်ချင်းချင်းသည် မနေ့ညက ခံစားခဲ့ရသော ထူးဆန်းသည့် ခံစားမှုကို ထပ်မံခံစားလိုက်ရသည်။ သူမ၏ ခန္ဓာကိုယ် ပို၍မငြိမ်မသက် မဖြစ်လာစေရန် သူမ၏ အတွင်းအားကို အသုံးပြုလိုသော်လည်း သူမ၏ စွမ်းအားများ ပျောက်ကွယ်သွားကြောင်း မကြာမီ သိလိုက်ရသည်။

ပိုင်ချင်းချင်းသည် နားလည်လိုက်၏။ သူမသည် လုချန်းနှင့် ခန္ဓာကိုယ်ချင်း ထိတွေ့မိသည့်အခါတိုင်း သူမ၏ စွမ်းအားများ ပျောက်ကွယ်သွားမည်ဖြစ်သည်။

သို့သော် ခြွင်းချက်တစ်ခုတော့ရှိပါသည်။ သူမနှင့် လုချန်းတို့သည် ခံစားချက်များကို အတူတကွ လေ့ကျင့်သောအခါတွင် သူမ၏ စွမ်းအားများ ပြန်လည်ပေါ်ထွက်လာမည်ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် ထိုအချိန်တွင် သူမ၏ ခန္ဓာကိုယ်အတွင်းရှိ အတွင်းစွမ်းအားနှင့် လုချန်း၏ အတွင်းစွမ်းအားတို့သည် စက်ဝိုင်းပုံသဏ္ဍာန် ဖြစ်ပေါ်လာပြီး သူတို့နှစ်ဦးကြားတွင် အဆက်မပြတ် လည်ပတ်နေမည်ဖြစ်သည်။

သို့သော် လက်ရှိအခြေအနေကဲ့သို့သာ ဖြစ်နေပါက သူမသည် သူမ၏ စွမ်းအားကို အသုံးပြုနိုင်မည် မဟုတ်ပေ။

အေးစက်သော အလှအပ၏ ရှက်ရွံ့နေသော မျက်နှာကို မြင်လိုက်ရသည်နှင့် လုချန်း၏ စိတ်ထဲတွင် ပျော်စရာကောင်းသော စိတ်ကူးများ ဖြစ်ပေါ်လာပြီး ထပ်မံ၍ မကောင်းမှုများ ပြုလုပ်ရန် စတင်လိုက်သည်။

ပိုင်ချင်းချင်း၏ ခန္ဓာကိုယ်သည် ပို၍ပူလောင်လာသည်။ သူမသည် သူမ၏ အောက်နှုတ်ခမ်းကို ညင်သာစွာ ကိုက်လိုက်ပြီး မျက်ခုံးများကို အနည်းငယ် တွန့်လိုက်သည်။

လုချန်းသည် သူမကို ကြည့်လေလေ သူမကို ပို၍ စနောက်ချင်လာလေလေ ဖြစ်သည်။

ထိုအချိန်တွင် ပိုင်ချင်းချင်းက စကားပြောလိုက်သည်။

“မင်းသား၊ နင်ထဖို့ အချိန်ရောက်ပြီ။”

လုချန်းသည် ပြုံးရယ်လိုက်ပြီး ဆက်ပြောသည်။

“မင်းက ငါ့ကို ဘာလုပ်ရမယ်ဆိုတာ ညွှန်ကြားနေတာလား။ မင်းကငါ့ရဲ့ မောင်းမ။ မင်း မင်းသားစံအိမ်ရဲ့ စည်းကမ်းတွေကို သင်ယူဖို့ လိုနေပြီထင်တယ်။”

စကားမပြီးမီပင် လုချန်း၏ ခန္ဓာကိုယ် ကိုင်းညွတ်လာ၏။ ပိုင်ချင်းချင်းသည် သူမ၏ခေါင်းကို လှည့်လိုက်ရန် ကြိုးစားသော်လည်း လုချန်းသည် ချက်ချင်းပင် သူမ၏လက်ကို ချုပ်လိုက်ပြီး သူမ၏ နူးညံ့သော မေးစေ့ကို ကိုင်လိုက်ကာ နမ်းလိုက်သည်။

“အင်…”

ထိုအတောအတွင်း။

မင်းသားစံအိမ်တွင်။

မိုးလင်းစတွင် ချူးယုချင်သည် သူမ၏ နေ့စဉ်စစ်ဆေးမှုများကို လုပ်ဆောင်နေစဉ် အစေခံမိန်းမတစ်ယောက်က သူမထံသို့ ချဉ်းကပ်လာသည်။

“ဒေါ်လေးချူး၊ ဆိုးရွားတဲ့ကိစ္စ တစ်ခုခု ဖြစ်သွားပြီ။”

အစေခံမိန်းမ စိတ်ရှုပ်နေသည်ကို မြင်လိုက်ရသည်နှင့် ချူးယုချင်သည် ချက်ချင်း မေးလိုက်သည်။

“ဘာဖြစ်သွားတာလဲ။”

အစေခံမိန်းမက အလျင်အမြန် ပြန်ပြောလိုက်သည်။

“တပ်မှုးချင်က မင်းသားနဲ့ ကိစ္စတစ်ခုတိုင်ပင်ဖို့ ရောက်နေပါတယ်။ ဒါပေမယ့် ကျွန်မ မိဖုရားတွေရဲ့ အခန်းတွေအားလုံးကို ရှာဖွေကြည့်ပြီးပါပြီ။ မင်းသားကို ဘယ်နေရာမှာမှ မတွေ့ရပါဘူး။ သူပျောက်သွားသလိုပါပဲ။”

ပုံမှန်အားဖြင့် လုချန်းသည် မနက်ခင်းတိုင်း သူ၏ ဇနီးများ သို့မဟုတ် မောင်းမများ၏ အခန်းမှ ထွက်လာလေ့ရှိသည်။ သို့မဟုတ်ပါက သူသည် စောစောထပြီး စာကြည့်ခန်းသို့ သွားလေ့ရှိသည်။

သို့သော် ယနေ့တွင် အစေခံမိန်းမသည် ပထမဆုံး စာကြည့်ခန်းသို့ သွားကြည့်ပြီးနောက် မုကျိရွှမ်းနှင့် အခြားမိန်းမများ၏ အခန်းများသို့ သွားရောက်ကြည့်ရှုသော်လည်း လုချန်း၏ အရိပ်အယောင်ကိုပင် မတွေ့ရပေ။ သူမက လုချန်း ပျောက်သွားပြီဟု ထင်ကာ ချူးယုချင်ကို ရှာဖို့ ပြေးလာခဲ့ခြင်းဖြစ်သည်။

အစေခံမိန်းမ၏ စကားကို ကြားလိုက်ရသည်နှင့် ချူးယုချင်က ရယ်လိုက်သည်။

လုချန်း ဘယ်နေရာရောက်နေသည်ကို သူမအတိအကျ သိသည်။ ထိုလူဆိုးလေးသည် ညက တားမြစ်ထားသော အပျော်အပါးတစ်ခုကို လိုက်စားရန် လျှို့ဝှက်ထွက်ခွာသွားခဲ့သည်။

ထို့နောက် ချူးယုချင်က အစေခံအား ပြောလိုက်သည်။

“သူဘယ်မှာလဲဆိုတာ ငါသိတယ်။ စိတ်မပူနဲ့။ ငါသူ့ကိုရှာလာမယ်။ မင်းအလုပ်ကိုပဲ ဆက်လုပ်နေပါ။”

ဒေါ်လေးချူး၏ အာမခံချက်ကို ကြားရသောအခါ အစေခံလည်း စိတ်သက်သာရာရသွားပြီး ပြောလိုက်သည်။

“ဟုတ်ကဲ့၊ ဒေါ်လေးချူး။”

ထို့နောက် ချူးယုချင်သည် ပိုင်ချင်းချင်း၏ အိမ်ခန်းဆီသို့ ဦးတည်လာခဲ့သည်။

သူမသည် ပိုင်ချင်းချင်း၏ အခန်းတံခါးကို ကြည့်လိုက်ပြီး စဉ်းစားလိုက်သည်။

အခု နောက်ကျနေပြီဖြစ်သည်။ ချန်းလေး မကြာခင်ထလာမှာပဲ မဟုတ်လား။

ထိုအတွေးဖြင့် ချူးယုချင်သည် ပိုင်ချင်းချင်း၏ အခန်းတံခါးနားသို့ ရောက်လာခဲ့သည်။

တပ်မှုးချင်က သူ့ကိုရှာနေကြောင်း သတိပေးရမည်ဖြစ်သည်။ သို့သော် ထိုအချိန်တွင် ပိုင်ချင်းချင်း၏ အသံများက အခန်းအတွင်းမှ ထွက်ပေါ်လာခဲ့သည်။

ထိုအသံကို ကြားရသောအခါ ချူးယုချင်သည် ဖြစ်ပျက်‌နေသည့် အကြောင်းကို သိလိုက်သည်။

သို့သော် ထိုအချိန်တွင် ချူးယုချင် အလွန်အံ့အားသင့်သွားခဲ့သည်။

သူမ၏ အံ့အားသင့်မှုမှာ လုချန်းက ပိုင်ချင်းချင်းကို စားသုံးလိုက်သောကြောင့် မဟုတ်ပါ။ ပိုင်ချင်းချင်း ထိုသို့သော တုံ့ပြန်မှုမျိုး ပြသလိမ့်မည်ဟု မထင်ခဲ့ခြင်းဖြစ်သည်။

ပိုင်ချင်းချင်းသည် ငယ်စဉ်ကတည်းက နန်းတော်တွင်း၌ ကြီးပြင်းခဲ့သည်။ ထိုနှစ်များတစ်လျှောက် ပိုင်ချင်းချင်း၏ အခြားမည်သည့် မျက်နှာအမူအရာကိုမှ ချူးယုချင် မမြင်ဖူးခဲ့ပေ။ ပိုင်ချင်းချင်းသည် ချော်လဲသည့်အခါတွင်ပင် အသံမထွက် မငိုပဲ နေတတ်သည်။

အချို့ဆရာများက သူမသည် စိတ်ခံစားမှုမရှိသူဟု ဆိုကြသည်။ သို့သော် ထိုစိတ်ခံစားမှုမရှိဟု ဆိုသူသည် လုချန်း၏ ရှေ့မှောက်တွင် ထိုသို့သော အသံမျိုးကို ပြုလုပ်နေခဲ့သည်။

သူမက တကယ်ပဲ စိတ်ခံစားမှုမရှိသူ တစ်ယောက်လား။ သို့မဟုတ် ထိုစိတ်ခံစားမှုမရှိသူမျိုးပင် ထိုသို့သော အပြုအမူမျိုးကို ပြုလုပ်သောအခါ တစ်စုံတစ်ရာ ခံစားရတတ်သလား။

ချူးယုချင် စဉ်းစားနေစဉ် ပိုင်ချင်းချင်း၏ အသံမြင့်မြင့်ဖြင့် အော်လိုက်သည့် အသံတစ်ချက်ထွက်ပေါ်လာပြီးနောက် လုချန်း၏ အသံသည်လည်း အခန်းအတွင်းမှ ထွက်ပေါ်လာခဲ့သည်။

“ဒေါ်လေးချူး။ ကျွန်တော့်ကို ကိစ္စရှိလို့ လာရှာတာလား။”

လုချန်း၏ အာရုံခံစွမ်းအားများသည် အလွန်ထက်လာပြီဖြစ်သည်။ သူသည် တံခါးနားတွင် တစ်စုံတစ်ယောက်ရှိနေသည်ကို အလွယ်တကူ သိရှိနိုင်သည်။

ညက ချူးယုချင် တံခါးနားမှ ချောင်းကြည့်နေသည်ကိုလည်း သူ သတိထားမိခဲ့သည်။

သို့သော် လုချန်း လုံးဝဂရုမစိုက်ခဲ့ပေ။

ထို့အပြင် ချူးယုချင် အခုလို သူ့ကို ကြည့်ခြင်းမှာ ပထမဆုံးအကြိမ် သို့မဟုတ် ဒုတိယအကြိမ်လည်း မဟုတ်ကြောင်းလည်း သူသိသည်။

မကြာခဏဆိုသလို သူနှင့် ဝမ်ချင်းစီတို့ အဆောင်ထဲ လေ့ကျင့်နေစဉ် ချူးယုချင်က ကင်းလှည့်စစ်ဆေးရင်း သူတို့ကို တွေ့သည့်အခါတိုင်း ချောင်းကြည့်လေ့ရှိပြီး

အတော်ကြာကြည့်နေပြီးမှသာ ထွက်ခွာသွားတတ်သည်။

လုချန်း၏ အသံကို ကြားရသောအခါ တံခါးနားတွင် ရပ်နေသော ချူးယုချင်သည် တစ်စက္ကန့်ခန့် ငြိမ်သက်သွားခဲ့သည်။ ထို့နောက် လုချန်းသည် အခုပြောင်းလဲသွားပြီဖြစ်ကြောင်း သူမသတိရလာသည်။ သူသည် သူမ မသိသော အဆင့်များသို့ မြင့်တက်သွားပြီဖြစ်သည်။

ထို့အပြင် သူသည် ထာဝရတန်ခိုးရှင်၏ နည်းလမ်းကို ကျင့်သုံးနေပြီဖြစ်ရာ သာမန်ကျင့်စဉ်များနှင့် မတူပဲ သီးသန့်ကွဲပြားနေမည်မှာ သေချာသည်။ ထို့ကြောင့် အခန်းအပြင်ဘက်မှာ လူရှိနေတာကို သူသတိထားမိခြင်းက ပုံမှန်ဖြစ်သည်။

သို့သော် သူမ၏ ချောင်းနား‌ထောင်နေမှုကို လုချန်း မိသွားကြောင်း သိလိုက်သောအခါ

ချူးယုချင်၏ မျက်နှာပူလောင် သွားသည်။

ထို့နောက် ချူးယုချင်က ချောင်းဟန့်ပြီး ပြောလိုက်သည်။

“ချန်းလေး၊ တပ်မှူးချင်က မင်းကိုတွေ့ဖို့လိုတယ်လို့ ပြောတယ်။ သူက မင်းရဲ့စာကြည့်ခန်းမှာ သွားပြီး စောင့်နေပြီ။”

ထိုစကားကို ကြားရသောအခါ လုချန်းက ချက်ချင်းပြန်ဖြေလိုက်သည်။

“‌ကောင်းပါပြီ။ ကျွန်တော်သိပြီ။ အခုပဲ သွားလိုက်ပါမယ်။”

ထို့‌နောက်လုချန်းသည် အိပ်ရာမှ ထလာပြီး

ပိုင်ချင်းချင်း၏ ပါးကို ညင်သာစွာ ပွတ်သပ်ကာ ပြုံးရင်း ပြောလိုက်သည်၊

“ပိုင်၊ မင်းက ငါ့ရဲ့ အစေခံအဖြစ်ကို လုံးဝအသားကျသွားပြီနဲ့တူတယ်။”

ပိုင်ချင်းချင်းသည် အိပ်ရာထဲတွင် လဲလျောင်းနေပြီး သူမ၏ မျက်နှာတွင် ရှက်ရွံ့ခြင်းများဖြင့် ပြည့်နှက်နေသည်။ သူမ ဘာကြောင့် ထိုသို့ပြောင်းလဲသွားရသည်ကို နားမလည်နိုင်ခဲ့ပေ။

ဘာကြောင့် ထိုသို့သော ခံစားချက်များ ရရှိလာရသည်ကိုလည်း သူမ မသိခဲ့ပါ။

သူမက မူလအစကတည်းက ဒီလိုအမျိုးသမီးတစ်ယောက်လား။

ဒါမှမဟုတ် သူမ၏ ခန္ဓာကိုယ်သာမက စိတ်ဝိညာဉ်ပါ လုချန်း၏ လုံးဝကျွန်ပြုခြင်းကို ခံလိုက်ရပြီလား။

လုချန်းက အဝတ်အစားများကို ဝတ်ရင်း ပြောလိုက်သည်။

“ငါ ညကျမှ မင်းဆီလာမယ်။ အခု အလုပ်တွေရှိနေလို့ သွားတော့မယ်။ မင်းဒီအတိုင်း လဲလျောင်းနေပြီး ကောင်းကောင်းအနားယူထားနော်။”

အဝတ်အစားများ ဝတ်ပြီးသောအခါ လုချန်းသည် အခန်းမှ ထွက်ခွာသွားခဲ့သည်။

လုချန်း၏ ထွက်ခွာသွားသော ပုံရိပ်ကို ကြည့်ရင်း ပိုင်ချင်းချင်း၏ မျက်လုံးများထဲတွင် ရှုပ်ထွေးသော စိတ်ခံစားချက်များဖြင့် ပြည့်နှက်နေခဲ့သည်။

လုချန်းသည် မနက်စာကိုပင် မစားတော့ပဲ စာကြည့်ခန်းသို့ တန်းသွားခဲ့သည်။

ထိုအချိန်တွင် ချင်ယူရှန်သည် စာကြည့်ခန်းထဲတွင် လုချန်းကို စောင့်နေပြီဖြစ်သည်။

လုချန်း ရောက်လာသည်ကို မြင်သောအခါ ချင်ယူရှန်ကချက်ချင်း ဦးညွှတ်ပြီး ပြောလိုက်သည်။

“မဂ်လာပါ မင်းသား။”

လုချန်းက ခေါင်းညိတ် အသိအမှတ်ပြုလိုက်ပြီး မေးလိုက်သည်။

“တပ်မှုးချင်၊ သတင်းအသစ်တွေ ရှိလို့လား။”

ချင်ယူရှန် မနက်စောစောတွင် သူ့ဆီလာခြင်းမှာ အရေးကြီးသော အကြောင်းအရာတစ်ခုခု ရှိနေမှသာ ဖြစ်မည်။ သို့မဟုတ်လျှင် သူသည် မနက်စောစောအချိန်မျိုး လုချန်းကို ရှာဖွေရန် လာမည်မဟုတ်ပေ။

လုချန်းသည် ဇနီးဖြစ်သူနှင့် အတူအိပ်ပြီး နောက်ကျမှ အိပ်ရာထရန် နှစ်သက်သူဖြစ်ကြောင်း လူတိုင်းသိသည်။ ထို့ကြောင့် သူတို့သည် မနက်စောစော သူ့ကို မနှောင့်ယှက်တတ်ကြပေ။

ချင်ယူရှန်က ပြန်ဖြေလိုက်သည်။

“မင်းသား၊ နေပြည်တော်ကနေ စာတစ်စောင် ရောက်လာပါတယ်။ တပ်မှူးလျှံနှင့် အဖွဲ့သား တွေက မင်းသားလုရှုယွမ် လွင်ပြင်ဒေသ မျိုးနွယ်စုတွေနဲ့ ပူး‌ပေါင်းနေကြောင်း သိရှိခဲ့ပါတယ်။

ကုန်သည်လှည်းတန်းတွေကတစ်ဆင့် မင်းသားလုရှုယွမ်ဟာ လွင်ပြင်ဒေသ မျိုးနွယ်စုတွေရဲ့ ကောင်းကင်ဝံပုလွေဘုရင်နှင့် ဆားနှင့်သံ အမြောက်အများကို တရားမဝင် သယ်ယူပို့ဆောင်နေပါတယ်။”

“ဒီတစ်ကြိမ် လွင်ပြင်ဒေသ မျိုးနွယ်စုတွေရဲစစ်သည်သုံးသိန်းသည် တောင်ဘက်ကို ကျူးကျော်လာမယ့် အရေးကလည်း မင်းသားလုရှုယွမ် အပါအဝင် တောင်ပိုင်းအာဏာရှိ မိသားစုတွေနဲ့ ဆက်နွယ်နေဖွယ် ရှိပါတယ်။”

ထို့နောက် ချင်ယူရှန်သည် သူ၏ လက်မောင်းအတွင်းမှ စာတစ်စောင်ကို ထုတ်ယူလိုက်သည်။

ထိုစာသည် ဒီနေ့မနက်ပိုင်းတွင် ရောက်ရှိလာခဲ့သော စာဖြစ်သည်။ လုချန်းက သူ့ဆီမှစာကိုယူပြီး ဖွင့်ကြည့်ကာ သေချာစွာ ဖတ်လိုက်သည်။ ထို့နောက် လုချန်း၏ မျက်နှာပေါ်တွင် တဖြည်းဖြည်း မနှစ်မြို့ဖွယ် အမူအရာများ ပေါ်လာခဲ့သည်။

မင်းသားလုရှုယွမ်ဆိုသူသည် အေးအေးဆေးဆေး နေတတ်သော သူ့လို ညီတစ်‌ယောက်ကို လုပ်ကြံရန် ကြံစည်ခဲ့သည်သာမက အခု နိုင်ငံတော် သစ္စာဖောက်မှုများကိုပါ ပြုလုပ်နေမည်ဟု လုချန်း မျှော်လင့်မထားခဲ့ပေ။

........

All Chapters