အခန်း ၉၄-၉၆
Vol. 7 Ch. 94-96
အခန်း (၉၄ )
မြောက်ပိုင်းနယ်စားမင်းသား ထွက်ပြေးသွားပြီမဟုတ်လား
မြောက်ပိုင်းမြို့တော်ရှိ ကောလာဟလများနှင့်ပတ်သက်၍ မင်းသားစံအိမ်တွင် ရှိနေသော လုချန်းသည်လည်း ကြားသိခဲ့ရသည်။
မင်းသားစံအိမ်မှ ဤမျှကြီးမားသော လှည်းတန်းတစ်ခု တောင်ဘက်သို့ ဦးတည်သွားသည်ကို သာမန်ပြည်သူများ သတိထားမိပြီး ကောလာဟလများ ဖြစ်ပေါ်လာခြင်းကတော့ မလွဲမသွေ ဖြစ်မည့် ကိစ္စဖြစ်သည်။
ကောလာဟလများကို လုချန်း အလွန်အမင်း ဂရုမစိုက်ပါ။ လွင်ပြင်ဒေသ မျိုးနွယ်စုများကို ကာကွယ်ရန် ပြင်ဆင်နေရင်း သူမအားလပ် နိုင်လောက်အောင် ဖြစ်နေပြီဖြစ်သည်။
ရက်အနည်းငယ်အကြာတွင်။
မီးရှို့မြေလှန် ဗျူဟာကို မြောက်ပိုင်းမြို့တော်၏ မြောက်ဘက်ပိုင်းရှိ ပြည်သူများကို ပူးပေါင်းပါစေရန်နှင့် ထိုဒေသမှ လူများကို ဘေးကင်းရာ ရှောင်ရှားခိုင်းရန်အတွက် လွင်ပြင်ဒေသ မျိုးနွယ်စုများသည် မြင်းစီးသူရဲ သုံးသိန်းကို စုစည်းပြီး တောင်ဘက်သို့ ဦးတည်လာကာ မြောက်ပိုင်းမြို့ကို သိမ်းပိုက်ရန်နှင့် နိုင်ငံတစ်ခုကို တည်ထောင်ရန် စီစဉ်နေကြောင်း မြောက်ပိုင်းနယ်စားမင်းသား၏ စံအိမ်မှ တိုက်ရိုက်ကြေညာချက်ထုတ်ပြန်ကာ ပြည်သူများကို အသိပေးခဲ့သည်။
ကြေညာချက်ထွက်ရှိပြီးနောက် တစ်လမပြည့်မီပင် တစ်နယ်လုံး အုတ်အုတ်ကျက်ကျက် ဖြစ်သွားတော့သည်။ မြောက်ပိုင်းမြို့တော်၏ ပြည်သူများသာမက ရှနိုင်ငံတော်တစ်ခုလုံးနှင့် ရှနိုင်ငံတော်အနီးရှိ အိမ်နီးချင်းနိုင်ငံများပါ လွင်ပြင်ဒေသ မျိုးနွယ်စုများ တောင်ဘက်သို့ ရွေ့လျားလာတော့မည်ကို သိရှိလာကြသည်။
မြောက်ပိုင်းနယ်စားမင်းသား၏ စံအိမ်မှ လှည်းတန်းသည် တောင်ဘက်သို့ ဦးတည်နေစဉ် ကတည်းက ပြည်သူများသည် လွင်ပြင်ဒေသ မျိုးနွယ်စုများ တောင်ဘက်သို့ ရွေ့လျားတော့မည်ဟူသော ကောလာဟလများကို ကြားခဲ့ကြပြီးဖြစ်သည်။ ယခုအခါ မြောက်ပိုင်းနယ်စားမင်းသား၏ စံအိမ်မှ ကြေညာချက်ကို တိုက်ရိုက်ထုတ်ပြန်လိုက်ခြင်းက လွင်ပြင်ဒေသ မျိုးနွယ်စုများ တောင်ဘက်သို့ ဦးတည်ရန် အစီအစဉ်ရှိကြောင်း အတည်ပြုလိုက်ခြင်းဖြစ်သည်။
အချို့သော ပြည်သူများက သူတို့၏ နယ်စားမင်းသားပင် ထွက်ပြေးသွားပြီဖြစ်သည့်အတွက် မြောက်ပိုင်းမြို့တွင် ဆက်နေလျှင် သေဖို့သေချာသည်ဟု ယူဆပြီး တောင်ဘက်သို့ ထွက်ပြေးကြသည်။
သို့သော် အချို့သော ပြည်သူများသည် သူတို့ဘိုးစဉ်ဘောင်ဆက် တစ်လျှောက် နေထိုင်ခဲ့သော သူတို့၏ အိမ်များကို စွန့်ခွာရန် မလိုလားကြပေ။
မီးရှို့မြေလှန်ဗျူဟာကို ပြည်သူများ ပူးပေါင်းပါဝင်စေရန် မြောက်ပိုင်းနယ်စားမင်းသား၏စံအိမ်မှ နောက်ထပ် ကြေညာချက်တစ်ခုကို အမြန်ထုတ်ပြန်လိုက်သည်။ မည်သည့်ပြည်သူမဆို ဤမူဝါဒကို ပူးပေါင်းပါဝင်ပါက စစ်ပွဲပြီးဆုံးပြီး သူတို့၏ မူလမြေများသို့ ပြန်ရောက်သောအခါ နှစ်နှစ်စာ လယ်ယာစိုက်ပျိုးရေးအခွန် ကင်းလွတ်ခွင့်ရရှိမည်ဖြစ်သည်။
လယ်ယာစိုက်ပျိုးရေးအခွန်မှ ကင်းလွတ်ခွင့်ပေးသည့် မူဝါဒကို လုချန်းက သီးနှံအသစ်များ စိုက်ပျိုးရေးကို မြှင့်တင်ရန် အစပိုင်းတွင် စီစဉ်ခဲ့သော်လည်း မြောက်ပိုင်းပြည်သူအချို့က ထွက်ခွာရန် ခေါင်းမာနေသောကြောင့် သူ့တွင် အခြားရွေးချယ်စရာမရှိတော့ပဲ ထိုကြေညာချက်ကို စောစီးစွာ ထုတ်ပြန်လိုက်ရခြင်း ဖြစ်သည်။
ထိုအခြေအနေတွင်တောင် ထိုပြည်သူများက စွန့်ခွာရန် ငြင်းဆန်နေသေးပါက ထပ်မံစွက်ဖက်ရန် ရည်ရွယ်ချက် လုချန်းတွင် မရှိတော့ပါ။ စစ်တပ်အသစ်ကို လေ့ကျင့်ရန် သူအာရုံစိုက်ရမည်ဖြစ်ပြီး မီးရှို့မြေလှန်ဗျူဟာအတွက် တစ်ချိန်လုံး မစဉ်းစားပေးနိုင်တော့ပါ။
မနက်စောစော အချိန်။
လုချန်းသည် အိပ်ရာထဲမှ ထလာပြီး သူ၏ လက်ထဲတွင် ရှိနေသော ရေခဲကဲ့သို့ အေးစက်သည့် မိန်းမလှကို လှမ်းကြည့်လိုက်သည်။ ပိုင်ချင်းချင်းသည်လည်း သူ့ကို စိုက်ကြည့်နေသည်။ အကြောင်းမှာ သူမသည် လုချန်းထက် အမြဲစောစော နိုးနေတတ်သောကြောင့် ဖြစ်သည်။
လုချန်းက သူမကို ကြည့်နေသည်ကို မြင်သောအခါ ပိုင်ချင်းချင်း၏ အေးစက်သော မျက်နှာက နီမြန်းလာပြီး လျင်မြန်စွာ ခေါင်းလှည့်ကာ အဝးကို ကြည့်လိုက်သည်။
လုချန်း၏ ဇနီးများ ထွက်ခွာသွားပြီးနောက် သူသည် ညတိုင်း သူမ၏ အိပ်ရာထဲသို့ လာရောက်ခဲ့သည်။ သူမ၏ ခန္ဓာကိုယ်နှင့် စိတ်နှလုံးသည် လုချန်းအတွက်သာ ဖြစ်နေပြီဖြစ်သော်လည်း သူမသည် သူ၏ မျက်လုံးများကို တိုက်ရိုက်ကြည့်ရန် မဝံ့မရဲ ဖြစ်နေဆဲဖြစ်သည်။
ပိုင်ချင်းချင်း၏ ရှက်ရွံ့နေသော အမူအရာကို မြင်သောအခါ လုချန်းက ပြုံးလိုက်၏။ ဒီရက်တွေအတွင်း လေ့လာမှုများပြုလုပ်ပြီးနောက် သူသည် နဂါးဖီးနစ် ယင်ယန်မန္တာန်ကျင့်စဉ် အသုံးပြုနည်းကို နားလည်သွားသည်။
နဂါးဖီးနစ် ယင်ယန်မန္တာန်ကျင့်စဉ်၏ အခန်းကဏ္ဍမှာ မိမိ၏ အတွင်းစွမ်းအင်ကို မြန်ဆန်စွာ တိုးတက်စေရန်၊ စွမ်းအင်များကို စုပ်ယူနိုင်မှု အရှိန်မြှင့်တင်ရန်နှင့် မိန်းမ အဖော်ကို အတွင်းစွမ်းအား လမ်းကြောင်းပေါ် ရောက်စေရန်ဖြစ်သည်။
တစ်နည်းအားဖြင့် နဂါးဖီးနစ် ယင်ယန်မန္တာန်ကျင့်စဉ်သည် စုံတွဲများ အတူတကွ အတွင်းစွမ်းအား လေ့ကျင့်သည့် နည်းလမ်းတစ်ခုဖြစ်သည်။
လုချန်းသည် လွင်ပြင်ဒေသ မျိုးနွယ်စုများနှင့် စစ်ပွဲပြီးဆုံးသွားပါက ကျိရွှမ်းနှင့် အခြားသူများကို ပြန်ခေါ်ပြီးနဂါးဖီးနစ် ယင်ယန်မန္တာန်ကျင့်စဉ်ကို အတူတကွ လေ့ကျင့်ရန် စီစဉ်ထားသည်။
ဤကမ္ဘာတွင် စိတ်စွမ်းအင်များ ရှပါးပြီး ထာဝရတန်ခိုးရှင်ဖြစ်ရန် အခွင့်အလမ်းနည်းပါးသော်လည်း အသက်ရှည်ရန် သို့မဟုတ် နုပျိုလှပမှုကို ထိန်းသိမ်းရန်အတွက်တော့ အလားအလာများရှိသည်။
ထိုအချိန်တွင် လုချန်းသည် အိပ်ရာမှ ထလိုက်သည်။ သူသည် မနက်ခင်းတွင် ပိုင်ချင်းချင်းကို နှုတ်ဆက်မှုပြုပြီး သူ၏နေ့ကို စတင်ရန် မစီစဉ်ထားပေ။ အကြောင်းမှာ သူ့တွင် ဒီနေ့ လုပ်ဆောင်ရန် အရေးကြီးသော အလုပ်များ ရှိနေသည်။
ထလာပြီးနောက် လုချန်းသည် မနက်စာကို ရိုးရိုးရှင်းရှင်သောစားပြီးနောက် မြင်းစီးကာ စစ်တပ်စခန်းသို့ ထွက်ခွာလာသည်။ ရန်ခရိုင်မှ ပြည်သူများသည် လုချန်း မြင်းစီးလာသည်ကို မြင်သောအခါ အလွန်အံ့အားသင့်ကြပြီး သူတို့ကြားထဲ စကားသံမများက ဆူညံသွားကြသည်။
“မြောက်ပိုင်းနယ်စားမင်းသား ထွက်ပြေးသွားပြီလို့ ပြောနေကြတာမဟုတ်လား။”
“ဟုတ်တယ်၊ မင်းသားရဲ့ ဇနီးမယားတွေ တောင်ဘက်ကို ထွက်သွားတာကို ငါကိုယ်တိုင် မြင်ခဲ့တယ်။”
“ဒါဆို မြောက်ပိုင်းနယ်စားမင်းသားက ဘာလို့ ရန်ခရိုင်မှာ ရှိနေသေးတာလဲ။”
“ဒါ မြောက်ပိုင်းနယ်စားမင်းသား အတုလား။”
“အတု ဘယ်လိုလုပ် ဖြစ်မှာလဲ။ ငါ မြောက်ပိုင်းနယ်စားမင်းသားကို အကြိမ်ကြိမ်မြင်ဖူးတယ်။ ဒါ သူကိုယ်တိုင်ပဲ။”
“ဒါဆို မြောက်ပိုင်းနယ်စားမင်းသားက သူ့ဇနီးမယားတွေကို တောင်ဘက်မှာ ခိုလှုံဖို့ ပို့လိုက်ပြီး သူကိုယ်တိုင်ကတော့ မထွက်ပြေးဘူးပေါ့။”
“မြောက်ပိုင်းနယ်စားမင်းသားမှာ ဒီလို စိတ်ဓာတ်ရှိမယ်လို့ မထင်ခဲ့ဘူး။”
လုချန်းသည် ပြည်သူများ၏ စကားသံများကို ကြားရသော်လည်း သူသိပ်ဂရုမစိုက်ပါ။ ရန်ခရိုင်မှ ပြည်သူများကို သူရန်ခရိုင်မှ မထွက်ခွာသေးကြောင်း သိစေရန် တမင်မြင်းစီးပြီး စစ်တပ်စခန်းသို့ သွားခဲ့ခြင်းဖြစ်သည်။
မကြာမီပင် လုချန်းသည် စစ်တပ်စခန်းသို့ ရောက်ရှိလာသည်။ စစ်တပ်စခန်းအသစ်ကို မြို့ပြင်တွင် တည်ဆောက်ထား၏။ အမြောက်များ စမ်းသပ်နိုင်ရန်အတွက် လုချန်းက ရန်ခရိုင်မှ အတန်ငယ်ဝေးသော နေရာတွင် စစ်တပ်စခန်းအသစ်ကို တည်ဆောက်ခိုင်းခဲ့ခြင်းသည်။
လုချန်း စစ်တပ်စခန်းသို့ ရောက်ရှိသောအခါမုချန်တိန်နှင့် အခြားအရေးပါသော ဗိုလ်ချုပ်များသည် လုချန်းထံသို့ ချက်ချင်းလာရောက်ပြီး
“မင်းသားကို ဂါရဝပြုပါတယ်။”
လုချန်းက ခေါင်းညိတ်ပြလိုက်ပြီး မေးလိုက်သည်။
“စစ်တပ်အသစ်အတွက် စစ်သည်တွေ အားလုံး စုဆောင်းပြီးပြီလား။”
မုချန်တိန်က ပြန်ဖြေလိုက်သည်။
“မင်းသား၊ အားလုံး စုဆောင်းပြီးပါပြီ။ တစ်သောင်းတိတိ ရှိပါတယ်။”
မုချန်တိန်၏ အသံမပျောက်မီ လီဖန်းက စကားစပြောလိုက်သည်။
“မင်းသား၊ နန်းတွင်းက မြောက်ပိုင်းမြို့ တော်ကို စစ်သည်ဦးရေ တိုးချဲ့ဖို့ အမိန့်ထုတ်ပြန်ခဲ့တယ်လို့ ကြားရပါတယ်။ မြောက်ပိုင်းမြို့တော်မှာ စစ်သည် တစ်သိန်းခွဲထိ ရှိနိုင်ပါတယ်။ ဒီအခွင့်အရေးကို အသုံးချပြီး စစ်သည်အသစ်တွေ ထပ်ပြီး စုဆောင်းလိုက်ရင် မကောင်းဘူးလား။”
လွင်ပြင်ဒေသ မျိုးနွယ်စုများ တောင်ဘက်သို့ ရွေ့လျားလာနေကြောင်း နန်းတွင်းသို့ အစီရင်ခံပြီးနောက် နန်းတွင်းက စစ်သည်တိုးချဲ့ရန် အမိန့်ထုတ်ခဲ့သည်။ သို့သော် အချိန်အတော်ကြာပြီးသည်အထိ လုချန်းက စစ်သည်အသစ်များ ထပ်မံစုဆောင်းခြင်း မပြုတော့ပါ။ စုဆောင်းရန် ရည်ရွယ်ချက်လည်း မရှိဟု ထင်ရသည်။ ထို့ကြောင့် လီဖန်းနှင့် အခြားသူများသည်လည်း အနည်းငယ် နားမလည်နိုင် ဖြစ်နေကြ၏။
စစ်တပ်တိုးချဲ့ရန် အမိန့်ကို တရားဝင်ရရှိရန်က မလွယ်ကူပါ။ လူတိုင်းသိသည်မှာ ဆွမ်ဧကရာဇ်သည် အမြဲတမ်း နယ်စားမင်းသားများ၏ အာဏာကို အားနည်းစေရန် ကြိုးစားနေခြင်းဖြစ်သည်။ မြောက်ပိုင်းမြို့တော်တွင် စစ်သား တစ်သိန်းထားနိုင်ခြင်းသည် အတော်လေး အောင်မြင်မှုတစ်ခုဖြစ်သည်။
ရှနိုင်ငံတော်၏ အတွင်းပိုင်းတွင် မတည်ငြိမ်မှုများ မရှိခဲ့ပဲ နန်းတော်မှ စစ်တပ်ကြီးချီလာရမှာ ပြဿနာ မရှိနိုင်ခဲ့ပါက ဆွမ်ဧကရာဇ်သည် မြောက်ပိုင်းမြို့တော်၏ စစ်တပ်အင်အားတိုးချဲ့ရန် အမိန့်ကို ဘယ်သောအခါမှ သဘောတူမည် မဟုတ်ပေ။
ထိုစစ်တပ်အင်အားတိုးချဲ့ရန် အမိန့်သည် မြောက်ပိုင်းမြို့အတွက် အခွင့်အရေးတစ်ခုဖြစ်ပြီး မြောက်ပိုင်းနယ်စားမင်းသားအတွက် သူ၏ အင်အားကို လျင်မြန်စွာ တိုးမြှင့်ရန် အခွင့်အရေးလည်း ဖြစ်သည်။
သို့သော် မြောက်ပိုင်းနယ်စားမင်းသားသည် ထိုသို့ လုပ်ဆောင်ခြင်း မရှိခဲ့ပေ။
မြောက်ပိုင်းမြို့၏ လူဦးရေသည် ကျဲပါးသော်လည်း စစ်သား တစ်သိန်းခွဲ စုဆောင်းရန်က ပြဿနာကြီးတစ်ခု မဟုတ်သေးပေ။
ထို့အပြင် လွင်ပြင်ဒေသ မျိုးနွယ်စုများနှင့် စစ်ဖြစ်တော့မည်ဖြစ်သည်။ နောက်ထပ် စစ်သားအသစ် တစ်သိန်းကို အချိန်တိုအတွင်း စုဆောင်းနိုင်ပါက လွင်ပြင်ဒေသ မျိုးနွယ်စုများကို အနိုင်ယူနိုင်မည့် မျှော်လင့်ချက်ကလည်း ပို၍ကြီးမားလာမည် ဖြစ်သည်။
လီဖန်း၏ မေးခွန်းကို ကြားသောအခါ လုချန်းက ပြုံးပြလိုက်ပြီး
“စစ်သားများ၏ တန်ဖိုးဟာ သူတို့ရဲ့ အရေအတွက်မှာ တည်ရှိတာ မဟုတ်ပါဘူး သူတို့ရဲ့ အရည်အသွေးမှာ တည်တာပါ”
ဟု ပြောလိုက်သည်။
“အခု စစ်သားအသစ် တစ်သိန်းကို ထပ်စုဆောင်းလိုက်ရင် ခင်ဗျားအနေနှင့် အချိန်တိုအတွင်း သူတို့ကို လေ့ကျင့်ပေးနိုင်မှာလား။”
“စစ်မြေပြင်ကို ရောက်သွားရင် လွင်ပြင်ဒေသ မျိုးနွယ်စု မြင်းတပ်ရဲ့ တိုက်ခိုက်မှုကြောင့် သူတို့ပြိုကွဲသွားနိုင်တယ်။”
“စစ်သားအသစ်စုမယ့် အကြောင်း မပြောပဲ နေကြရအောင်။ ဧကရာဇ်ရဲ့ စစ်တပ်တောင် လွင်ပြင်ဒေသ မျိုးနွယ်စုတွေရဲ့၏ မြင်းတပ်ကို ရင်ဆိုင်ရရင် မကြာခဏ ပြိုကွဲသွားတတ်တယ်။ ဟုတ်ပါသလား ဗိုလ်ချုပ် မု။”
ထိုသို့ပြောရင်း လုချန်း၏ မျက်လုံးများသည် မုချန်တိန် အပေါ်သို့ ကျရောက်သွားသည်။ အလုပ်ကိစ္စများကို ဆွေးနွေးရန် အချိန်ရောက်ပြီဖြစ်သောကြောင့် လုချန်းက မုချန်တိန်ကို ယောက္ခထီးတော်ဟု မခေါ်တော့ပဲ တိုက်ရိုက် ဗိုလ်ချုပ်မု ဟု ရည်ညွှန်းလိုက်ခြင်း ဖြစ်သည်။
မုချန်တိန်သည် လွင်ပြင်ဒေသ မျိုးနွယ်စုများနှင့် မကြာခဏ တိုက်ခိုက်ခဲ့ဖူးပြီး အတွေ့အကြုံ များစွာရှိသောကြောင့် လုချန်းက သူ့ကိုတည်ပြီး ထိုစကားများကို ပြောလိုက်ခြင်း ဖြစ်သည်။
လုချန်း၏ စကားကို ကြားသောအခါ မုချန်တိန်က။
“မင်းသား ပြောတာ မှန်ပါတယ်။ စစ်သားအသစ်တွေကို လွင်ပြင်ဒေသ မျိုးနွယ်စုမြင်းတပ်နှင့် တိုက်ရိုက်ရင်ဆိုင်စေရင် သူတို့ဟာ မြင်းတပ်ရဲ့ တဟုန်ထိုး စီးနင်းတိုက်ခိုက်မှုတစ်ခုတည်းနဲ့တင် ပြိုကွဲသွားနိုင်ပါတယ်” ဟု ပြောလိုက်သည်။
ထိုသို့ပြောရင်း မုချန်တိန်၏ လေသံက အနည်းငယ် ပြောင်းလဲသွားသည်။
“ဒါပေမဲ့ မင်းသား၊ စစ်သားအသစ်တွေဟာလွင်ပြင်ဒေသ မျိုးနွယ်စုတပ်နှင့် တိုက်ရိုက်ရင်ဆိုင်ဖို့ မလိုအပ်ပါဘူး။ သူတို့က မြို့ကို ကာကွယ်ဖို့ပဲ လိုအပ်ပါတယ်။”
“ကျွန်ုပ်တို့ဟာ ခုခံကာကွယ်တဲ့ဘက်က ဖြစ်နေပြီ ဖြစ်တာကြောင့် လွင်ပြင်ဒေသ မျိုးနွယ်စုမြင်းတပ်ရဲ့ စီးနင်းတိုက်ခိုက်မှုနှင့် တိုက်ရိုက်ရင်ဆိုင်ဖို့ မလိုအပ်ပါဘူး။ မြို့ကို ကာကွယ်ဖို့ စစ်သားများ လိုအပ်ပါတယ်။ စစ်သားအသစ်များဟာ မြင်းတပ်ရဲ့ စီးနင်းတိုက်ခိုက်မှုကို မယှဉ်နိုင်ပေမဲ့လည်း မြို့ကိုကာကွယ်ရေးမှာတော့ အရေးပါတဲ့ အခန်းကဏ္ဍကပါဝင်နိုင်ပါတယ်။”
ထို့ကြောင့် မုချန်တိန်က စစ်သည်များ ထပ်မံစုဆောင်းရန် သဘောတူနေသည်။
ထိုအချိန်တွင် လုချန်းက ပြောလိုက်သည်။ “ခင်ဗျားတို့ရဲ့ စိတ်ကူးကို ကျွန်တော်နားလည်ပါတယ်။ ဒါပေမယ့် စိတ်မပူပါနဲ့။ နန်းတွင်းက စစ်သည်အင်အားတိုးချဲ့ဖို အမိန့်ထုတ်ပြီးပြီဆိုတော့ ကျွန်တော်ကလည်း စစ်တပ်ကို တိုးချဲ့မှာပါ။ ဒါပေမယ့် အခုချက်ချင်းတော့ မဟုတ်ဘူး။”
“ပြီးတော့ ရက်အနည်းငယ်အတွင်းမှာ ကျွန်တော် ခင်ဗျားတို့ကို အံ့အားသင့်စရာတစ်ခု ပေးမယ်။”
ထိုစကားကို ကြားရသောအခါ မုချန်တိန်နှင့် အခြားသူများသည် တစ်ယောက်ကို တစ်ယောက် မေးခွန်းထုတ်သလို ကြည့်လိုက်ကြ၏။ လုချန်း ပြောသော အံ့အားသင့်စရာအကြောင်း သူတို့အားလုံး သိလိုကြသည်။
လုချန်းက ဆက်ပြောလိုက်သည်။
“စကားမစပ်၊ ခင်ဗျားတို့ကို တူးခိုင်းထားတဲ့ လှိုင်ခေါင်းတွေ တူးပြီးပြီလား။”
လီဖန်က ပြန်ဖြေလိုက်သည်။
“မင်းသား၊ ပြီးသွားပါပြီ။”
လုချန်းက ဆက်ပြောလိုက်သည်။
“ကျွန်တော့်ကို အဲဒီ့နေရာ ခေါ်သွားပါ။”
ထို့နောက် လီဖန်နှင့် အခြားသူများသည် လုချန်းကို အမြောက်စခန်းရှိ လှိုင်ခေါင်းဆီသို့ ခေါ်ဆောင်သွားကြသည်။
လှိုင်ခေါင်းကို မြင်သောအခါ လီဖန်းသည် လုချန်းကို ထိုလှိုင်ခေါင်းများ တူးရခြင်း၏ ရည်ရွယ်ချက်ကို မေးရန် အလွန်စိတ်အားထက်သန်နေသော်လည်း နောက်ဆုံးတွင် သူသည် ထိုမေးခွန်းကို မမေးပဲ နေလိုက်သည်။
မြောက်ပိုင်းနယ်စားမင်းသားက သူတို့ကို လှိုင်ခေါင်းတူးခိုင်းထားပါက ထိုလှိုင်ခေါင်းများက တစ်ခုခု အသုံးဝင်မည် ဖြစ်သည်။ မကြာမီ မင်းသားက ထိုအကြောင်းကို ဖွင့်ဟပြောပြမည်ဟုလည်း သူယုံကြည်သည်။
လုချန်းသည် ချက်ချင်း လှိုင်ခေါင်းထဲသို့ တန်းဝင်သွားပြီး ပြောလိုက်သည်။
“ခင်ဗျားတို့အားလုံး အပြင်မှာ စောင့်နေပါ။ ကျွန်တော့် အမိန့်မရှိဘဲ ဘယ်သူမှ ဝင်လာခွင့်မရှိဘူး။”
လုချန်း၏ စကားကို ကြားရသောအခါ အားလုံးချက်ချင်း ရပ်တန့်သွားကြသည်။
လုချန်း လှိုင်ခေါင်းထဲသို့ ဝင်သွားပြီးနောက် စနစ်ကို ဖွင့်ပြီး ၁၂၂ မမ ဟောင်ဝစ်ဇာ အမြှောက်တစ်လက်ကို ထုတ်ယူလိုက်သည်။
ထို့နောက် သူသည် အမြောက်၏ အချက်အလက်များကို ကြည့်လိုက်သည်။
[အချင်း - ၁၂၂မမ၊ ပစ်နိုင်သည့် အကွာအဝေး - ၁၈၀၀၀မီတာ၊ပစ်နှုန်း - တစ်စက္ကန့်၆၉၀ မီတာ ၊ ကျည်ဆန်အလေးချိန် - ၃၃.၄ ကီလို၊ စုစုပေါင်းအလေးချိန် - ၃၄၀၀ ကီလို၊ ကျည်ဆံ ထိခိုက်နိုင်သောဧရိယာ - ၁၅-၃၀ မီတာ။]
.......
အခန်း (၉၅)
စမ်းသပ်ပစ်ခတ်ခြင်း
၁၂၂မမ အမြောက်၏ အချက်အလက်များကို ပြန်လည်သုံးသပ်ပြီးနောက် လုချန်း၏ နှုတ်ခမ်းများ အနည်းငယ် ကွေးသွားသည်။ ထိုကဲ့သို့သော စွမ်းအားကြီးမားသည့် လက်နက်များကို ကိုင်ဆောင်ထားပါက လွင်ပြင်ဒေသ မျိုးနွယ်စုများ၏ မြင်းတပ် မည်သို့မှ မခံနိုင်ပေ။
သို့သော် ကျည်ဆံများက အလွန်နည်းပါးနေသည် တစ်ထောင်သာ ရှိသည်။ အမြောက်နှစ်ရာနှင့် ကျည်ဆံတစ်ထောင်သာ ရှိ၏။ စနစ်သည် အလွန်တရာ စေ့စပ်နေသည်။
တစ်ထောင်သည် များသည်ဟု ထင်ရသော်လည်း အမြောက်တစ်လက်လျှင် ကျည်ငါးလုံးစာသာ ရှိသည်။ ထို့အပြင် သူသည် စစ်တပ်အသစ်ကို လေ့ကျင့်ပေးရန်နှင့် စစ်သည်များအား ကျည်ဆံများ မည်သို့ပစ်လွှတ်သည်ကို ပြသရန် လိုအပ်သည်။
စစ်သည်များအား ၁၂၂မမ အမြောက်များကို အသုံးပြုနည်း သင်ပေးရာတွင် ကျည်ဆံအချို့ ဖြုန်းတီးရမည်ဖြစ်ပြီး စစ်မြေပြင်သို့ ရောက်သောအခါ ကျည်ဆံတစ်ထောင်ပြည့်အောင် ကျန်မည်မဟုတ်ပေ။
ထိုအချိန်တွင် လုချန်းက အပြင်မှ လူများကို ခေါ်လိုက်သည်။
“ကောင်းပြီ၊ အားလုံး ဝင်လာပါ။”
အတွင်းမှ လုချန်း၏ အသံကို ကြားရသောအခါ မုချန်တိန်နှင့် အခြားသူများသည် ချက်ချင်း ဝင်လာကြသည်။
အားလုံး လှိုင်ခေါင်းထဲဝင်လာပြီး အမြောက်များကို မြင်သောအခါ သူတို့အားလုံး ခဏတာ တုန်လှုပ်သွားကြသည်။
ဒါက ဘာလဲ။
ဒီပစ္စည်းတွေက လှိုင်ခေါင်းထဲမှာ ရှိပြီးသားလား။
မုချန်တိန် ၊မုကျင်းဝူတို့နှင့် မတူပဲ လီဖန်းနှင့် အခြားသူများသည် လုချန်း လက်နက်များကို မျက်လှည့်ပြသလို ယူလာနိုင်သည်ကို မြင်ဖူးကြ၏။၊ ထို့ကြောင့် လှိုင်ခေါင်းထဲတွင် အမြောက်များ ရုတ်တရက် ပေါ်လာခြင်းကို သူတို့ အံ့အားသင့်ခြင်း မရှိကြပေ။
သို့သော် လီဖန်းနှင့် အခြားသူများသည်လည်း အလွန်စိတ်လှုပ်ရှားနေကြသည်။ အမြောက်၏ ပုံစံသည် လုချန်း၏လက်ထဲတွင် ယခင်က သူတို့တွေ့ခဲ့ဖူးသော လျှို့ဝှက်လက်နက်နှင့် အလွန်ဆင်တူပြီး ပိုကြီးမားသည်ကို တွေ့ရှိကြသည်။
လီဖန်းတို့၏ မျက်လုံးများတွင် လှိုင်ဂူထဲရှိ အမြောက်သည် လုချန်း၏ ဘာရတ်သေနတ်၏ အကြီးစားသာ ဖြစ်သည်။ လုချန်း၏လက်ထဲတွင် ရှိသော လျှို့ဝှက်လက်နက်သည် အဆင့်မြင့် သိုင်းပညာရှင် တစ်ယောက်ကိုပင် သတ်နိုင်ပါက ဤလက်နက်သည် ထိပ်သီး ပညာရှင်တစ်ယောက်ကိုပင် သတ်နိုင်မည်လား။
မုချန်တိန်သည် အမြောက်ကို သေချာစွာ ကြည့်ရှုပြီးနောက် မေးလိုက်သည်။
“မင်းသား၊ ဒါက ဘာလဲ။”
လုချန်းက အေးဆေးစွာ ပြန်ပြောလိုက်သည်။
“အမြောက်တွေပါ။ စစ်သည်တွေကို ဒါတွေကို ဆွဲထုတ်ခိုင်းပါ။ ပြီးရင် ဒီလက်နက်ရဲ့ စွမ်းအားကို ကျွန်တော် ခင်ဗျားတို့ကို ပြမယ်။”
လုချန်း၏ စကားကို ကြားရသောအခါ အားလုံးသည် ခဏတာမျှ တုံ့ဆိုင်းသွားကြ၏။ မကြာမီ စစ်သည်များစွာ စုရုံးလာပြီး အမြောက်များ အပြင်ဘက်သို့ ရွေ့ခြင်းကိုစတင်ကြသည်။
ဤလက်နက်၏ အမျိုးအစားကို သူတို့မသိသော်လည် လက်နက်၏ အလေးချိန်နှင့် သတ္တုပစ္စည်းများကို အသုံးပြုထားသည်ကို ကြည့်ခြင်းဖြင့် လက်နက်သည် သာမန်မဟုတ်ကြောင်း နားလည်ကြသည်။
မုချန်တိန်နှင့် အခြားသူများသည် ထိုလက်နက်များ လှိုင်ခေါင်းထဲသို့ မည်သို့ရောက်ရှိလာသည်ကို စဉ်းစားမနေတော့ပဲ ထိုလက်နက်များ၏ စွမ်းအားကို သိလိုလာကြသည်။
သူတို့ မမှားပါက လုချန်းသည် ထိုလျှို့ဝှက်လက်နက်ကို အသုံးပြုရန် အမြောက်စခန်းတစ်ခု ဖွဲ့စည်းတည်ဆောက်ခိုင်းပြီး စစ်သည်အသစ်တစ်သောင်းကို စုဆောင်းခဲ့ခြင်း ဖြစ်သည်။
စစ်သည်များ၏ အားထုတ်မှုဖြင့် အမြောက်များကို မြန်မြန်ဆန်ဆန် ထုတ်ယူလိုက်ကြနိုင်၏။ သူတို့၏ အရှေ့တွင် ရှိသော လျှို့ဝှက်လက်နက်ကို မြင်သောအခါ အားလုံးသည် တစ်ဦးနှင့်တစ်ဦးကြည့်၍ ဆွေးနွေးလာကြသည်။
“ဒါက ဘာလဲ။”
“ဒါ မြို့သိမ်းလက်နက်တစ်မျိုးလား။”
“ဘီးတွေပါတယ်၊ ဒါ မြို့သိမ်းယာဉ်တစ်စီးလား။”
“မင်းသားက ဘာလို့ မြို့သိမ်းယာဉ်တွေကို ထုတ်လာတာလဲ။”
“ဒါ မြို့သိမ်းယာဉ် မဟုတ်ဘူးထင်တယ်။ ကြည့်လိုက်။ သတ္တုနဲ့ လုပ်ထားတာပဲ။မြို့သိမ်းယာဉ်ဆိုရင် အလေးချိန်ပိုများမယ်။”
လုချန်းသည် စစ်သားများ၏ ဆွေးနွေးမှုများကို လျစ်လျူရှုထားကာ သူ့ဘေးမှ မုကျင်းဝူကို ပြောလိုက်သည်။
“ဗိုလ်မှူး မူ၊ စစ်သားအသစ်တွေကို ချက်ချင်းစုလိုက်ပါ။ ဒီလက်နက် အသုံးပြုနည်းကို စစ်သားတွေရှေ့မှာ သရုပ်ပြသဖို့ လိုပါတယ်။”
“ဟုတ်ကဲ့ နယ်စားမင်းသား”
မုကျင်းဝူသည် စစ်သား တစ်သောင်းကို အမြန်ဆုံး စုရုံးလိုက်၏။ ထို့နောက် ဟောင်ဝစ်ဇာ အမြာက်များကို ကျယ်ပြန့်သော နေရာတစ်ခုသို့ ရွှေ့လိုက်၏။
အမြာက်များကို နေရာချ ပြီးနောက် လုချန်းသည် စနစ်ထံမှ လမ်းညွှန်လက်စွဲစာအုပ်ကို ထုတ်ယူကာ လမ်းညွှန်ပုံစံအတိုင်း ဟောင်ဝစ်ဇာ အမြောက်ကို ချိန်ညှိလိုက်သည်။
ထို့နောက် သူ့နောက်က လူများကို
“အားလုံးပဲ နားပိတ်ထားကြပါ”
ဟု ပြောလိုက်သည်။
သူ၏အမိန့်ကို ကြားသောအခါ စစ်သားများသည် ချက်ချင်းပင် လက်များဖြင့် နားကိုအုပ်ထားလိုက်ကြသည်။
နောက်တစ်မိနစ်တွင် နားကွဲမတတ် ကျယ်လောင်သော အသံတစ်ခု ထွက်ပေါ်လာပြီး သူတို့အနီးရှိ မြေပြင်က တုန်ခါသွားသည်။
နားများကို ပိတ်ထားသော်လည်း ထိုကျယ်လောင်လှသော အသံကို ကြားနေရဆဲဖြစ်သည်။
ထို့နောက် အမြာက်မှ ပစ်လွှတ်လိုက်သော ကျည်သည် ဝေးလံသော သစ်တောထဲတွင် ပေါက်ကွဲပြီး ချက်ချင်း မြေပြင်တွင် ကြီးမားပြီး မီတာအနည်းငယ် နက်သောချိုင့်ခွက်တစ်ခုဖြစ်သွားပြီး အနီးအနားရှိ သစ်ပင်အချို့သည်လည်း ပေါက်ကွဲမှုကြောင့်လွင့်စင်သွားကြသည်။
ထိုမြင်ကွင်းကို မြင်တွေ့ရသောအခါ မုချန်တိန်တို့လည်း အံ့အားသင့်သွားကြသည်။ သူတို့၏ မျက်နှာများအားလုံးက အံ့အားသင့်မှုကို ဖော်ပြနေကြသည်။ ထိုကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသည့် လက်နက်ကို သူတို့ တစ်ခါမှ မမြင်ဖူးကြပေ။
ပစ်လွှတ်သည့်အချိန်တွင် မြေကြီးတုန်ခါသွားပြီး ပစ်လွှတ်လိုက်သော ကျည်သည် မြေပြင်တွင် ငါးမီတာခန့်ရှိသော ချိုင့်ခွက်တစ်ခုကို ချက်ချင်း ဖြစ်ပေါ်စေနိုင်သည်။ ထိုကျည်သည် သူတို့အလယ်တွင် ကျရောက်ခဲ့ပါက သူတို့ထဲမှ လူမည်မျှ သေဆုံးသွားမလဲ မသိနိုင်ပေ။
ဒါက မင်းသား ပြောခဲ့ဖူးတဲ့ လျှို့ဝှက်ဆန်းကြယ်သည့် လက်နက်ဖြစ်နိုင်သလား။
မုချန်တိန်တို့ အတွေး မရပ်နိုင်ကြပေ။ အကယ်၍ သူတို့တွင် ထိုကဲ့သို့သော လက်နက်ရှိပါက သို့မဟုတ် ထိုလျှို့ဝှက်ဆန်းကြယ်သည့် လက်နက်ကို ပိုမိုထုတ်လုပ်နိုင်ပါက လွင်ပြင်ဒေသ မျိုးနွယ်စုများကို ဘာများ ကြောက်ရွံ့ရမည်နည်း။
လွင်ပြင်ဒေသ မျိုးနွယ်စုများကို တင်မဟုတ် ကမ္ဘာတစ်ဝှမ်းလုံးကို စုစည်းညီညွတ်အောင် လုပ်ရန်ပင် ပြဿနာမရှိပါ။ မုချန်တိန်နှင့် သူ၏သား မုကျင်းဝူတို့သည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြ၏။ တစ်ယောက်နှင့်တစ်ယောက် မျက်လုံးထဲတွင် အံ့အားသင့်မှုများကို မြင်တွေ့နေကြသည်။
မြောက်ပိုင်းနယ်စားမင်းသားသည် ကမ္ဘာကို စုစည်းညီညွတ်နိုင်ရေး အတွက် အင်အားစုစည်း ပြင်ဆင်နိုင်ရန် မြောက်ပိုင်းမြို့တော်သို့ ရည်ရွယ်ချက်ရှိရှိ လာရောက်ခဲ့သည်ဟု သူတို့ မှန်းဆပြီးသားဖြစ်သည်။
ယခု မြောက်ပိုင်းနယ်စားမင်းသားသည် ထိုကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသည့် လက်နက်ကို ထုတ်ဖော်ပြသလိုက်ပြီဖြစ်ရာ သူတို့၏ မှန်းဆချက်က မှန်ကန်နေပြီဟု ဆိုနိုင်သည်။ ထိုကဲ့သို့သော လက်နက်တစ်ခု သူတို့တွင် ရှိနေပါက ကမ္ဘာကို စုစည်းညီညွတ်အောင် ပြုလုပ်ခြင်း၌ မအောင်မြင်မှာကို ဘာများ ကြောက်ရွံ့ရမည်နည်း။
မည်သည့်မြို့တံခါးက ထိုလက်နက်၏ ပစ်ခတ်မှုကို ခံနိုင်ရည်ရှိမည်နည်း။
တံခါးများ မည်မျှပင် ခိုင်ခံ့နေပါစေ တစ်ချက်တည်းနှင့် ဖျက်ဆီးခံရနိုင်၏။ ထိပ်သီးအဆင့် စစ်သူရဲကောင်းတစ်ဦးပင် မကြာသေးမီက ပစ်လွှတ်လိုက်သော ကျည်နှင့် ထိမိပါက တစ်စစီ ဖြစ်သွားနိုင်သည်။
ဤသည်မှာ မြောက်ပိုင်းနယ်စားမင်းသား၏ အနိုင်ဖဲချပ် ဖြစ်သည်။ ထိုအချိန်တွင် လုချန်းက သူ့နောက်မှ လူများကို လှည့်ကြည့်လိုက်သည်။ သူတို့သည် အံ့အားသင့်လွန်းသဖြင့် စကားပင် မပြောနိုင်ကြပေ။
“ဗိုလ်ချုပ် မု၊ ကျွန်တော့်ရဲ့ လျှို့ဝှက်လက်နက်ကို ဘယ်လိုထင်ပါသလဲ။ လွင်ပြင်ဒေသ မျိုးနွယ်စု မြင်းစီးသူရဲ သုံးသိန်းကို ခုခံနိုင်ပါသလား။”
ထိုစကားကို ကြားသောအခါ မုချန်တိန် သည် အံ့အားသင့်မှုမှ နောက်ဆုံးတွင် ပြန်လည်သတိဝင်လာပြီး ချက်ချင်းပင်
“မင်းသား ထိုကဲ့သို့သော နတ်လက်နက်တစ်ခု ပိုင်ဆိုင်သည့်အတွက် ဂုဏ်ယူပါသည်။ မင်းသား ကမ္ဘာကို စုစည်းညီညွတ်အောင် လုပ်နိုင်ဖို့က လက်တစ်ကမ်းစာမှာ ရှိနေပါပြီ” ဟု ပြန်ပြောလိုက်သည်။
ဒါက …
လုချန်းလည်း အံ့အားသင့်သွားရသည်။ သူသည် ကမ္ဘာကို စုစည်းညီညွတ်အောင် လုပ်ရန် ရည်ရွယ်ချက်ရှိကြောင်း ဘယ်တုန်းကများ ကြေညာခဲ့ဖူးပါသလဲ။
ထိုစဉ် မုချန်တိန်က ဆက်လက်မေးမြန်း လိုက်သည်။
“မင်းသား၊ ဒီ… မြို့တံခါးဖောက်ယာဉ် တွေကို ဘယ်လောက် အသုံးပြုနိုင်ပါလဲ။”
မုချန်တိန်သည် ထိုအရာ၏ အမည်ကို မသိသောကြောင့် ယာယီအားဖြင့် မြို့တံခါးဖောက်ယာဉ်ဟု ရည်ညွှန်းလိုက်ခြင်းဖြစ်သည်။ အကြောင်းမှာ ယင်းသည် မြို့တံခါးဖောက်ယာဉ်နှင့် အနည်းငယ်ဆင်တူသောကြောင့် ဖြစ်သည်။ ဥပမာ ဘီးများပါရှိသည်။
လုချန်းသည် မုချန်တိန်၏ စကားလုံးကို မပြင်ဆင်တော့ပဲ့
“ကျွန်တော့်မှာ အလက် တစ်ရာရှိပြီး ကျည် ဆံကရှစ်ရာလောက် ရှိပါတယ်” ဟု ပြန်ပြောလိုက်သည်။
လုချန်းသည် သူပိုင်ဆိုင်သော အမြာက်နှင့် ကျည်အရေအတွက်အားလုံးကို ပြောပြခြင်း မရှိပေ။ လွင်ပြင်ဒေသ မျိုးနွယ်စုများနှင့် အခုဖြစ်မည့် စစ်ပွဲတွင် ကျည်ဆံများစွာ မလိုအပ်သလို အမြာက်များစွာလည်း မလိုအပ်ပါ။ တစ်ရာသည် စစ်မြေပြင်တွင် အသုံးပြုရန် လုံလောက်ပါသည်။
လုချန်း၏ အဖြေကို ကြားသောအခါ မုချန်တိန်က
“မင်းသား၊ မင်းသားပြောတဲ့ ကျည်ဆံဆိုတာ ခုနက ပစ်လွှတ်လိုက်တဲ့ အရာနဲ့ တူတူပါပဲလား”
ဟု မေးလိုက်သည်။
လုချန်းက
“ဟုတ်ပါတယ်၊ ကျွန်တော်တို့ရှေ့မှာရှိတဲ့ အရာဟာ ကျည်ဆံပစ်လွှတ်တဲ့ ကိရိယာတစ်ခုပါပဲ။ တကယ့် အကျိုးသက်ရောက်မှုရှိတဲ့ အပိုင်းကတော့ ကျွန်တော်တို့ ခုနကပစ်လွှတ်လိုက်တဲ့ ကျည်ဆံပါပဲ”
ဟု ပြန်ပြောလိုက်သည်။
ထို့နောက် လုချန်းသည် ထိုင်လိုက်ပြီး ကျည်ဆံများကို သိမ်းဆည်းထားသော သစ်သားသေတ္တာကို ဖွင့်လိုက်ကာ ကျည်ဆံတစ်ခုကို ထုတ်ယူလိုက်သည်။
လုချန်း၏လက်ထဲရှိ ကျည်ဆံကို မြင်လိုက်ရသောအခါ အားလုံးလည်း နက်ရှိုင်းစွာ တွေးတောသွားကြသည်။
ထိုသို့သော ကျည်ဆန်များကို ရှနိုင်ငံတော်တွင် ထုတ်လုပ်နိုင်စွမ်း မရှိဟု ထင်ရသည်။ မြောက်ပိုင်းနယ်စားမင်းသားသည် ထိုကြောက်မက်ဖွယ်လက်နက်ကို မည်သည့်နေရာမှ ရရှိခဲ့သနည်း။
ထိုအချိန်တွင် မုကျင်းဝူက မေးလိုက်သည်။
“နယ်စားမင်းသား၊ ကျွန်တော်တို့ ဒီကျည်ဆံတွေကို ထုတ်လုပ်နိုင်မလား။”
လုချန်းက ပြန်ပြောသည်။
“အခုချိန်မှာတော့ မဟုတ်သေးဘူး၊ ဒါပေမယ့် မကြာခင်မှာ ဒီလိုလက်နက်တွေကို ထုတ်လုပ်နိုင်လာမယ်။”
ထိုစကားကို ကြားရသောအခါ အနားရှိ လူအားလုံး အလွန်စိတ်လှုပ်ရှားသွားကြသည်။ အကယ်၍ ထိုကဲ့သို့သော ကြောက်မက်ဖွယ်လက်နက်များကို အစုလိုက်အပြုံလိုက် ထုတ်လုပ်နိုင်ပါက နောင်တွင် မြောက်ပိုင်းမြို့တော်၏ ပြိုင်ဘက်မည်သူရှိမည်နည်း။
........
အခန်း (၉၆)
နယ်စားမင်းသားက ထာဝရတန်ခိုးရှင်လား
လုချန်း၏ အမြောက်စမ်းသပ်မှုသည် စစ်သည်များအား များစွာ ယုံကြည်မှုရှိစေခဲ့သည်။ သူတို့၏ မျက်လုံးများထဲတွင် ထိုကဲ့သို့သော ကြောက်မက်ဖွယ်လက်နက်ကို ပိုင်ဆိုင်ထားပါက လွင်ပြင်ဒေသ မျိုးနွယ်စုများ၏ မြင်းတပ်ကို ဘာမှ မကြောက်ရတော့ပေ။
ထိုအချိန်တွင် မုချန်တိန်တို့လည်း လုချန်းသည် အစကတည်းက လွင်ပြင်ဒေသ မျိုးနွယ်စုများ၏ မြင်းတပ်ကို ဝန်နင်းချိုင့်ဝှမ်းထဲသို့ ဘာကြောင့် မျှားခေါ်ရန် စီစဉ်ခဲ့သည်ကို နားလည်သွားကြသည်။ လွင်ပြင်ဒေသ မျိုးနွယ်စုများ၏ မြင်းတပ်အားလုံး စုစည်းနေမှသာ ဤလက်နက်သည် ယင်း၏ စွမ်းအားကို အပြည့်အဝ ပြသနိုင်မည်ဖြစ်သည်။
ထိုအချိန်တွင် ဝန်နင်းချိုင့်ဝှမ်း၏ တောင်ကုန်းနှစ်ဖက်မှ ပစ်ခတ်မည်ဆိုပါက ထိုလွင်ပြင်ဒေသ မျိုးနွယ်စုများ၏ မြင်းတပ်သည် လုံးဝ ခုခံနိုင်စွမ်း ရှိတော့မည် မဟုတ်ပေ။ လုချန်းက သူကိုင်ထားသော ကျည်ဆန်ကို ချလိုက်ပြီး မုကျင်းဝူအား ပြောလိုက်သည်။
“ဗိုလ်ကြီးမု၊ ဒီနေ့ကစပြီး အမြောက်စခန်းကို ခင်ဗျားနဲ့ စုဝေတို့ အုပ်ချုပ်ရမယ်။”
လုချန်းက သူ့အား ထိုကဲ့သို့သော အရေးပါသည့် လက်နက်ကို သူ့ဆီအပ်နှံမည်ဟု ကြားရသောအခါ မုကျင်းဝူ အလွန်စိတ်လှုပ်ရှသွားသည်။ သူက ချက်ချင်း လုချန်းအား တုံ့ပြန်လိုက်သည်။
“မင်းသား၊ ကျွန်တော် မင်းသားကို စိတ်မပျက်စေရပါဘူး။ အမြောက်စခန်းရဲ့ စစ်သည်တွေ ဒီလက်နက်ကို ကျွမ်းကျွမ်းကျင်ကျင် အသုံးပြုတတ်အောင် အမြန်ဆုံး လေ့ကျင့်ပေးပါမယ်။”
လုချန်းသည် ထို့နောက် အမြောက်သုံးနည်း လက်စွဲစာအုပ်ကို မုကျင်းဝူထံ လွှဲအပ်လိုက်သည်။
“ဒါက အမြောက်ရဲ့ လက်စွဲစာအုပ်ပါ။ ခင်ဗျားကို လေ့ကျင့်ဖို့ ကျည်ဆံ ငါးဆယ် လောက်ပေးမယ်။ ခင်ဗျားစိတ်ကြိုက် စီစဉ်ပါ။ လွင်ပြင်ဒေသ မျိုးနွယ်စုတွေရဲ့ မြင်းတပ် မရောက်ခင် အမြောက်စခန်းက စစ်သည်တိုင်း ဒီလက်နက် အသုံးပြုနည်း နားလည်အောင် ကြိုးစားပါ။”
မုကျင်းဝူက ပြန်ပြောလိုက်သည်။
“ဟုတ်ကဲ့၊ မင်းသား။”
သူ၏စကားဆုံးသွားသည်နှင့် မုကျင်းဝူသည် လုချန်း၏လက်မှ အမြောက်လက်စွဲစာအုပ်ကိုယူပြီး လေ့လာရန် စတင်လိုက်သည်။
လုချန်းသူ၏ စိတ်ထဲတွင် တွေးလိုက်သည်။ အမြောက်ကို ပစ်ခတ်နိုင်အောင် သင်ယူဖို့ကအချိန်ယူရမည်မှာ သေချာသည်။ သို့သော်စစ်သည်များသည် အမြောက်၏ လုပ်ဆောင်ပုံကို ကျွမ်းကျင်လာပါက ချိန်ဆမှု ပုံစံများကို နားမလည်နိုင်သော်လည်း…
ထိုအတွေးကို တွေးမိသောအခါ လုချန်းက ရပ်လိုက်ပြီး လီဖန်းထံ လှည့်ကာ ပြောလိုက်သည်။
“ဗိုလ်ချုပ်လီ ခင်ဗျားရဲ့စခန်းက လေးသမားတစ်စုကို အမြောက်စခန်းကို ခေါ်လာပါ။ နောက်ပိုင်းမှာ အမြောက်ရဲ့ အဓိကလုပ်ဆောင်မှုကို လေးသမားတွေက ကိုင်တွယ်ရမယ်။”
ထိုအချိန်တွင် လုချန်း သတိထားမိလိုက်သည်။ ပစ်ခတ်မှု ပုံစံများကို နားမလည်ခြင်းသည် စစ်သည်များအတွက် ပြဿနာတစ်ခု ဖြစ်နိုင်သည်။ သို့သော် လေးသမားများသည် မြားပစ်သည့်အခါ ထောင့်ကို ချိန်ညှိတတ်သည့် အကျင့်ရှိပြီး ပစ်ခတ်မှု ပုံစံများကို မဖတ်နိုင်သော်လည်း အမြောက်၏ ပစ်ခတ်မှုထောင့် ချိန်ညှိပုံကို သိမည်ဖြစ်သည်။ အသစ်စုဆောင်းထားသော စစ်သည်များသည် ထောက်ပို့ရေးလုပ်ငန်းများ၊ ဥပမာ ကျည်ဆံများ သယ်ယူခြင်းနှင့် ထည့်သွင်းခြင်းတို့ကို လုပ်ဆောင်နိုင်သည်။
လီဖန်းက
“ဟုတ်ကဲ့၊ နယ်စားမင်းသား။”
လုချန်းက ဆက်ပြောသည်။
“ဗိုလ်ချုပ်လီ၊ အခုပဲ လေးသမားတွေကို စုဆောင်းပါ။ ဒီနေ့ ကျွန်တော် အမြောက်စခန်းမှာ ရှိနေတာကြောင့် အမြောက်နဲ့ပတ်သက်ပြီး မေးစရာရှိရင် ကျွန်တော့်ကို မေးနိုင်တယ်။”
“ဟုတ်ကဲ့၊ မင်းသား။”
လီဖန်းသည် ချက်ချင်းပင် အမြောက်စခန်းမှ ထွက်ခွာသွားကာ အခြားစခန်းမှ လေးသမားများကို စုရုံးလိုက်သည်။ ထိုနေ့ တစ်နေ့တာလုံး လုချန်းသည် အမြောက်စခန်းရှိ စစ်သားများနှင့်အတူ နေထိုင်ခဲ့သည်။
လုချန်းတွေးထားသလိုပင် လေးသမားများသည် ပုံမှန်စစ်သားများနှင့် နှိုင်းယှဉ်ပါက ဟောင်ဝစ်ဇာ အမြောက်၏ ပစ်ခတ်မှုထောင့်များကို ပိုမိုနားလည်ကြောင်း တွေ့ရှိခဲ့သည်။ မွန်းလွဲပိုင်းခန့်တွင် လီဖန်းခေါ်ဆောင်လာသော လေးသမားများသည် အခြေခံ ပစ်ခတ်နည်းကို နားလည်သွားပြီး အချို့သော လေးသမားများသည် လုချန်းလက်ထဲတွင် ရှိနေသော ပစ်ခတ်မှု ပုံစံဇယားများကိုပင် နားလည်နိုင်ခဲ့သည်။
ဤအချက်က လုချန်းကို စိတ်သက်သာရာရစေခဲ့သည်။ ရှေးခောတ်လူများသည် သူတွေးထားသလောက် သင်ယူတတ်မြောက်ရန် နှေးကွေးကြသည်တော့ မဟုတ်ပေ။ စစ်သားများသည် ပစ်ခတ်မှု ပုံစံဇယားများကို နားမလည်သောကြောင့် အမြောက် အသုံးပြုနည်း မသိကြမည်ကို အစပိုင်းတွင် သူစိုးရိမ်ခဲ့သည်။ ယခုအခါတွင် သူစိုးရိမ်ခဲ့ရသည်မှာ အလကားဖြစ်သွားပြီဟု ထင်ရသည်။
သူတို့သည် အမြောက်၏ နောက်ကွယ်မှ အခြေခံသဘောတရားများကို နားမလည်နိုင်သော်လည်း အသုံးပြုနည်းကို လျင်မြန်စွာ သင်ယူနိုင်ကြသည်။
ညနေခင်းရောက်သောအခါ လုချန်းသည် သင်ယူရာတွင် ပိုမိုမြန်ဆန်သော စစ်သားအနည်းငယ်ကို အမြောက်အား သူတို့ကိုယ်တိုင်ကိုင်တွယ် ပစ်ခတ်ခွင့် ပေးခဲ့ပြီး ရလဒ်များမှာ အလွန်ကျေနပ်ဖွယ်ရာ ကောင်းခဲ့သည်။
စစ်သားများသည် သတ်မှတ်ထားသော နေရာအတိအကျကို မထိမှန်သော်လည်း မီတာအနည်းငယ်သာ လွဲချော်ခဲ့သည်။ ဟောင်ဝစ်ဇာ အမြောက်၏ ဖျက်ဆီးနိုင်သော အချင်းသည် ၁၅ မှ ၃၀ မီတာအထိရှိသည်။ လွင်ပြင်ဒေသ မျိုးနွယ်စုများ၏ မြင်းစီးတပ်သည် ဝန်နင်းတောင်ကြားထဲသို့ ဝင်ရောက်လာပါက မျက်စိမှိတ်ထားလျှင်ပင် ပစ်မှတ်ကို ထိမှန်နိုင်သည်ဟု ပြောရမည်ဆိုလျှင် မမှားပါ။ ထိုကဲ့သို့ အနည်းငယ်မျှသော လွဲချော်မှုသည် သိပ်အရေးမကြီးပေ။
စစ်သားများ စမ်းသပ်ပစ်ခတ်မှု ပြီးဆုံးသွားသောအခါ လုချန်းသည် နောက်ဆုံးတွင် စံအိမ်သို့ မြင်းစီး၍ ပြန်လာခဲ့သည်။ ထိုအချိန်တွင် မုချန်တိန်တို့သည် တောင်ကုန်းပေါ်တွင် ရပ်နေပြီး အမြောက်စမ်းသပ်မှုကြောင့် ကျန်ရစ်ခဲ့သော ကြီးမားသည့် ချိုင့်ခွက်များကို တိတ်တဆိတ် ကြည့်ရှုနေကြသည်။
အချိန်အတော်ကြာပြီးနောက် မူချန်တိန်က တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်ပြီး
“ဗိုလ်ချုပ် လီ၊ မင်းသားက အဲ့ဒီလျှို့ဝှက်ဆန်းကြယ်တဲ့ လက်နက်ကို ဘယ်နေရာက ရခဲ့တာလဲ။ မင်းသား မြောက်ပိုင်းမြို့တော်ကို ရောက်ရှိတဲ့ အချိန်ကစပြီး ခင်ဗျားက သူနှင့်အတူရှိနေခဲ့တာပဲ။ ခင်ဗျား သိရမှာ မဟုတ်လား”
ဟု မေးလိုက်သည်။
လီဖန်းက
“ကျွန်တော်လည်း မသိပါဘူး”
ဟု ပြောလိုက်သည်။
ထိုအချိန်တွင် မုချန်တိန်က ရယ်မောပြီး “ဗိုလ်ချုပ် လီ၊ ကျွန်တော်က မုအိမ်တော်ရဲ့သခင်ကြီး မဟုတ်တော့ပါဘူး။ ကျွန်တော်တို့က အခု အဆင့်တူ နေပါပြီ။ ဒါ့ကြောင့် ခင်ဗျားကိုယ်ခင်ဗျား ကျွန်တော့်ရဲ့ လက်အောက်ငယ်သားလို ပြောဆိုဆက်ဆံဖို့ မလိုတော့ပါဘူး။”
“မင်းသား သိသွားရင်က သူ အတွေးလွန်သွားနိုင်တယ်။”
လီဖန်းသည် ဟူဘင်းစစ်တပ်တွင် ရှိနေစဉ်က မုချန်တိန်၏ လက်အောက်ငယ်သားဖြစ်ခဲ့သော်လည်း ယခုအခါတွင် သူတို့သည် နေပြည်တော်တွင် မရှိတော့သလို မုချန်တိန်သည်လည်း မုအိမ်တော်၏ သခင်ကြီး မဟုတ်တော့ပေ။ လီဖန်းကိုယ်တိုင်သည်လည်း လုချန်းက အလွန်အမင်း အားကိုးအားထား ပြုခံရသူဖြစ်သောကြောင့် သူသည် မုချန်တိန်၏ လက်အောက်ငယ်သားအဖြစ် ဆက်လက်မှတ်ယူပါက လက်အောက်ခံ လူမွေးပြီး အဖွဲ့ဖွဲ့သည်ဟု သံသယ အဝင်ခံရနိုင်သည်။
မုချန်တိန်သည် ထိုအချက်ကို နိုင်ငံရေး သဘောအရ သတိပြုမိသည်။
အုပ်ချုပ်သူများသည် သူတို့၏ လက်အောက်ငယ်သားများ အချင်းချင်း အလွန်အမင်း မရင်းနှီးစေလိုကြပါ။ လက်အောက်ငယ်သားများကြားအချင်းချင်း အလွန်ရင်းနှီးမှုသည် အုပ်ချုပ်သူအား စိုးရိမ်မှုကို ဖြစ်ပေါ်စေနိုင်သောကြောင့် ဖြစ်သည်။
လီဖန်းသည် မုချန်တိန်၏ ဆိုလိုရင်းကို ချက်ချင်းနားလည်သွားပြီး ချက်ချင်းပင် သူ့ကိုယ်သူ ပုံစံ ပြင်ဆင်လိုက်ကာ
“ကျွန်တော် နားလည်ပါပြီ၊ ဗိုလ်ချုပ် မု” ဟု ပြောလိုက်သည်။
ထို့နောက် လီဖန်းက ဆက်ပြောလိုက်သည်။ “မင်းသားရဲ့ လက်နက်တွေ ဘယ်နေရာက လာတယ်ဆိုတာကို ကျွန်တော် မသိပါဘူး။ ဒါပေမဲ့ ကျွန်တော်လည်း မင်းသားလေထဲကနေ လျှို့ဝှက်ဆန်းကြယ်တဲ့ လက်နက်တစ်ခုကို ထုတ်လိုက်တာကို မြင်ဖူးတယ်။ အဲ့ဒီလက်နက်က အမြောက်နှင့် ဆင်ပေမဲ့ ပိုသေးပြီး လက်ထဲမှာ ကိုင်ထားနိုင်တယ်။ အမြောက်လိုပဲ ပစ်ခတ်နိုင်တယ်။”
“မင်းသားက အဲ့ဒီလက်နက်ကို အသုံးပြုပြီး အဆင့်ကို သိုင်းပညာရှင်တစ်ဦးကို တစ်ချက်တည်းနဲ့ သတ်ခဲ့ဖူးတယ်။ သွေးလဝန်းရဲတိုက်က ထိပ်သီးပညာရှင်လည်း အဲ့ဒီလက်နက်နဲ့ တစ်ချက်တည်း အသတ်ခံခဲ့ရတယ်လို့ ကြားတယ်။”
လီဖန်း၏ စကားကို ကြားသောအခါ မုချန်တိန်နှင့် မုကျင်းဝူတို့ တိတ်ဆိတ်သွားကြသည်။ အဆင့်ကိုးပညာရှင်တစ်ဦးနှင့် ထိပ်သီးပညာရှင်တစ်ဦးကို တစ်ချက်တည်းသတ်တယ်။ မြောက်ပိုင်းနယ်စားမင်းသား၏ လက်ထဲတွင် ရှိနေသော လျှို့ဝှက်ဆန်းကြယ်သည့် လက်နက်များသည် ဤမျှ ကြောက်မက်ဖွယ်ကောင်းနေပါသလား။
ထိုအချိန်တွင် မူချန်တိန်သည် ရုတ်တရက် တစ်စုံတစ်ခုကို တွေးမိသွား၏။ ထို့နောက် သူက
“ နေပါဦး၊ မြောက်ပိုင်းနယ်စားမင်းသားက လက်နက်ကို လေထဲက ထုတ်လာတယ်လို့ ခင်ဗျားပြောခဲ့တာလား”
ဟု မေးလိုက်သည်။
လီဖန်းက
“ဟုတ်ပါတယ်”
ဟု ပြောလိုက်သည်။
ဒါက…
မုချန်တိန်နှင့် သူ၏သား မုကျင်းဝူတို့သည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။
မုကျင်းဝူက
“ဖခင်၊ မင်းသားက… ထာဝရတန်ခိုးရှင်တစ်ပါး ဖြစ်နိုင်သလား…”
မုကျင်းဝူသည် “ထာဝရတန်ခိုးရှင်” ဟူသော စကားလုံးကို ပြီးဆုံးအောင် မပြောခဲ့ပေ။ အကြောင်းမှာ ထိုသတင်းသည် အလွန်အမင်း ထိခိုက်မှုရှိနိုင်သောကြောင့် ဖြစ်သည်။
မုချန်တိန်က
“သူထာဝရတန်ခိုးရှင်တစ်ပါး ဟုတ်မဟုတ် ငါလည်းမသိဘူး။ ဒါပေမဲ့ ဒီလောကမှာ အဲ့ဒီလို လက်နက်မျိုးတွေ မရှိတာတော့ သေချာတယ်။”
ထိုအချိန်တွင် လီဖန်းက
“တကယ်တော့ စခန်းမှာ မင်းသားက ထာဝရတန်ခိုးရှင်ဆိုတဲ့ ကောလာဟလတွေက ပြန့်နေတာ ကြာလှပါပြီ။ ဒါမှမဟုတ်ရင် ထာဝရတန်ခိုးရှင်တစ်ပါးက ကောင်းချီးပေးခံရသူဖြစ်ပြီး ကံကြမ္မာရဲ့ သားတော်ဖြစ်ရမယ်။ဒီလက်နက်အားလုံးက ထာဝရတန်ခိုးရှင်တွေက မင်းသားအတွက် လက်ဆောင် ပေးထားတာလို့ ဆိုကြတယ်။”
လီဖန်း၏ စကားကို ကြားသောအခါ မုချန်တိန်က မျက်ခုံးကို ကြုံ့လိုက်ရင်း
“ဒါက မင်းသားအတွက် ကောင်းတယ်လို့ မဆိုနိုင်ပါဘူး။”
ဆွမ်ဧကရာဇ်သည် အသက်ရှင်နေဆဲဖြစ်ပြီး သူ၏ အကောင်းဆုံး အခြေအနေတွင် ရှိနေစဉ် လူအများက မြောက်ပိုင်းနယ်စားမင်းသားသည် ကံကြမ္မာ၏သားဖြစ်သည်ဟု ပြောနေကြသည်။ အကယ်၍ မြောက်ပိုင်းနယ်စားမင်းသားသည် ကံကြမ္မာ၏သားဖြစ်ပါက ဆွမ်ဧကရာဇ်က ဘယ်လိုဖြစ်သွားမည်နည်း။
သို့သော် မြောက်ပိုင်းနယ်စားမင်းသားကိုကံကြမ္မာ၏သားဖြစ်သည်ဟု ပြောခြင်းက မမှားပါ။ သူသည် ထာဝရတန်ခိုးရှင်များနှင့် ဆက်နွယ်မှု မရှိပါက ထိုကဲ့သို့သော ကြောက်မက်ဖွယ်ကောင်းသည့် လျှို့ဝှက်ဆန်းကြယ်သည့် လက်နက်များကို မည်သို့ ထုတ်လာနိုင်မည်နည်း။
ထိုစဉ် မုချန်တိန်က မုကျင်းဝူကို ကြည့်ပြီး
“ကျင်းဝူ၊ မင်းသားက ဒီလောက် အရေးကြီးတဲ့ လက်နက်ကို မင်းကို အပ်ထာားတာက ငါတို့ မုမိသားစုအပေါ် သူရဲ့ယုံကြည်မှုကို ပြသခြင်းဖြစ်တယ်။ မင်းသားရဲ့ မျှော်လင့်ချက်ကို မပျက်ပြားစေနဲ့”
ဟု ပြောလိုက်သည်။
မုကျင်းဝူက
“စိတ်ချပါ၊ လွင်ပြင်ဒေသ မျိုးနွယ်စုတွေရောက်လာချိန်မှာ အမြောက်စခန်းက စစ်သားတွေ အမြောက်ကို ကျွမ်းကျွမ်းကျင်ကျင် အသုံးပြုတတ်စေဖို့ သေချာစေရပါမယ်”
ဟု ပြန်ပြောလိုက်သည်။
မုကျင်းဝူ၏ အဖြေကို ရရှိပြီးနောက် မုချန်တိန်သည်လည်း စိတ်ချသွားကာ အမြောက်စခန်းမှ ထွက်ခွာသွားခဲ့သည်။
သူတို့၏ စိတ်ထဲတွင် လုချန်းသည် ထာဝရတန်ခိုးရှင်တစ်ပါး ဖြစ်သည်ဟု လက်ခံထားပြီးဖြစ်သည်။ သို့မဟုတ် သူသည် အနည်းဆုံး နတ်ဘုရားတစ်ပါး၏ ထိတွေ့မှုကို ခံရသူတစ်ဦးဖြစ်သည်။
......