အမြင်များ
Vol. 020 Ch. 1970
ပုံမှန်အားဖြင့် လင်ချိုးနှင့် အခြားလူများက ရီဖူရှင်း 'ဆယ်စုနှစ်များ' မှာ ချဲ့ကားပြောဆိုနေခြင်းဖြစ်ကြောင်း သိရှိပေသည်။ သူတို့သည် သူက အရိုးသားဆုံးလူ မဟုတ်သည်အား သိရှိပေသည်။ သို့သော်လည်း သူတို့က ထိုဆေးလုံးများနှင့် အဖိုးထိုက်တန်မှုကို မငြင်းဆန်နိုင်ပေ။
ထိုသို့သော အဆင့်နှင့် ဆေးလုံးများမှာ နဂါးဝပ်ဆင်းတောင်တန်းတွင်ပင် ရရှိရန် ခက်ခဲပေသည်။ ထို့ပြင် သူတို့က ရီဖူရှင်း၏ ကျင့်ကြံဆင့်နှင့် ထိုအဆင့်ရှိ ဆေးလုံးကို ဖန်တီးရန်မှာ မလွယ်ကူကြောင်းတွေးမိကြပေသည်။ ထို့ကြောင့် ထိုဆေးလုံးများကို တုံ့လိုင်နတ်ဘုရားအကြီးအကဲ၏ သမီးက လက်ဆောင်ပေးခဲ့ခြင်း ဖြစ်နိုင်ပေသည်။ ရီဖူရှင်းက ထိုဆေးလုံးများကို သူတို့အား ပေးလေရာ သူတို့က သေချာပေါက် ကျေးဇူးတင်မိကြပေသည်။
ထိုသည်မှာ ထင်ရှားသည့် မျက်နှာသာပေးမှုပင် ဖြစ်သည်။
"ညီအစ်ကိုရီက အနာဂတ်မှာ တောင်းဆိုချင်တာ ဘာရှိရှိ ကျုပ်တို့ကို ပြောပါ။" လင်ချိုး၏ ဘေးမှ လန်ရယ့်က ပြောလိုက်သည်။ သူတို့ သုံးယောက်သည် နဂါးဝပ်ဆင်းအိမ်တော်သခင် သုံးယောက်၏ သားများ ဖြစ်သည်။ သူတို့က အလွန်သစ္စာရှိသော စရိုက်သဘာဝများ ရှိကြသည်။ မဟုတ်လျှင် အိမ်တော်သခင်သုံးယောက်က နှစ်ပေါင်းများစွာ အတူတူ ရှိနေနိုင်ကြမည် မဟုတ်ပေ။
ရီဖူရှင်းက ပြုံးကာ ပြောလိုက်သည်။ "ခင်ဗျားတို့ရဲ့ ကျင့်ကြံခြင်းနဲ့ အဆင့်အရဆို ဆေးလုံးတွေကို စုပ်ယူဖို့ အချိန်တချို့လိုလိမ့်မယ်။ အဲဒါကို လွယ်လွယ်ကူကူ သန့်စင်နိုင်မှာ မဟုတ်ဘူး။ ခင်ဗျားတို့ ဆက် ကျင့်ကြံပြီး ဆေးအာနိသင်ကို အဆုံးစွန်ထိ စုပ်ယူနိုင်ဖို့ ကြိုးစားသင့်တယ်။ အခုလောလောဆယ် ကျုပ် ဘာမှလိုအပ်မနေဘူး။"
"ကောင်းပြီ။" လင်ချိုးက ခေါင်းညိတ်လိုက်သည်။ "ဒီလိုဆိုမှတော့ အစ်ကိုရီ ကျုပ်တို့ သွားလိုက်ပါဦးမယ်။"
ထို့နောက် သူတို့သုံးယောက်က ကျင့်ကြံရန် ပြန်ထွက်သွားတော့သည်။ ဤတစ်ကြိမ် သူတို့ လာသော အဓိက အကြောင်းရင်းမှာ ဆေးလုံးများ၏ ထိတ်လန့်ဖွယ်ကောင်းလောက်သည့် အကျိုးသက်ရောက်မှုကြောင့် ကိုယ်တိုင်ကိုယ်ကျ ကျေးဇူးတင်ရန် ရောက်လာခဲ့ခြင်း ဖြစ်သည်။ ယခုတွင် သူတို့က ထိုဆေးလုံးများ၏ အာနိသင်ကို အပြည့်အဝ မစုပ်ယူရသေးသည်မှာ အမှန်ဖြစ်ကာ ဆက်လက်ကျင့်ကြံ၍ တိုးတက်အောင် လုပ်နိုင်သေးပေသည်။
ရီဖူရှင်းက ဆိတ်ငြိမ်စွာ ဆက်လက်ကျင့်ကြံနေခဲ့သည်။ ဝမ်တုက ယခင်ကဲ့သို့ အလုပ်များလျက် ကျန်ရစ်ပေသည်။ မြောက်ပိုင်းမှ တန်ခိုးရှင်များက ဆက်လက်၍ ပြဿနာမလုပ်ကြတော့ပေ။ သို့သော် သူတို့က ထွက်မသွားကြချေ။ သူတို့က ဝမ်တုအတွင်း အခြေချနေထိုင်လျက် ရှိသည်။
လူအများသည် မြောက်ပိုင်းမှ လာခဲ့သော တန်ခိုးရှင်များက ဝမ်ရှန့်စောင့်ကြည့်မျှော်စင်အတွက် စောင့်ဆိုင်းနေခြင်း ဖြစ်ကြောင်း နားလည်ကြပေသည်။ ပုံမှန်အားဖြင့် သူတို့နောက်တွင် တော်ဝင်ယန်မိသားစုက ကျောထောက်နောက်ခံ ပြုထားခဲ့ပြီး တော်ဝင်မိသားစုသည်လည်း မကြာသေးခင်ကပင် ရောက်နေခဲ့ပြီ ဖြစ်သည်။ သူတို့က လူရှေ့သူရှေ့ ထွက်မလာကြခြင်းသာ ဖြစ်သည်။
ထိုနေ့တွင် အာခီမီအင်ပါယာနှင့် နတ်မိမယ်တုံ့လိုင်က ရီဖူရှင်းထံ လာလည်ကြသည်။
"စီနီယာအစ်ကို တစ်ခုခု ဖြစ်လို့လား။" ရီဖူရှင်းက ပြုံးကာ အာခီမီအင်ပါယာအား မေးလိုက်သည်။
အာခီမီအင်ပါယာက ရီဖူရှင်း သူ့အား ခေါ်လိုက်သည့် အသုံးအနှုန်းကို သဘောကျပေသည်။ ထိုက်ယွမ်ကုန်းမြေ၏ ထိပ်တန်းအာခီမီဆရာသခင်တစ်ယောက်အနေနှင့် အလေးစားခံရမည့် အနေအထားရှိသော်လည်း သူက တုံ့လိုင်နတ်ဘုရားအကြီးအကဲကိုအမြဲ လေးစားကြည်ညိုပေသည်။ ထိုစဥ်က သူသည် တုံ့လိုင်နတ်ဘုရားအကြီးအကဲ၏ တပည့်အစစ်အမှန် မဖြစ်နိုင်ခဲ့ခြင်းမှာ သူ၏ အကြီးမားဆုံး နောင်တ ဖြစ်လေသည်။
ရီဖူရှင်းက တုံ့လိုင်နတ်ဘုရားအကြီးအကဲ၏ စိတ်ဆန္ဒများကို ဆက်ခံခဲ့သည့်အတွက်ကြောင့် သူ့ကို ဆက်ခံသူဟု ဆုံးဖြတ်နိုင်သည်။ ထို့ကြောင့် ရီဖူရှင်းက သူ့ကို စီနီယာအစ်ကိုဟု ခေါ်သောအခါ အာခီမီအင်ပါယာက အတော်လေးပျော်ရွှင်သွားမိပေသည်။
"ဟုတ်တယ်။" အာခီမီအင်ပါယာက ခေါင်းညိတ်လိုက်၏။ "ဝမ်ရှန့်စောင့်ကြည့်မျှော်စင်က သတင်းထွက်လာတယ်။ ဝမ်ရှန့်စောင့်ကြည့်မျှော်စင်ကို နောက်သုံးရက်နေရင် ဖွင့်မယ်တဲ့။ အဲဒီအချိန်ကျ လူတိုင်း လာရောက်ဖို့အခွင့််အရေး ရှိတယ်။ ကျုပ်တို့လည်း အတူတူပဲ။ အဲဒီနောက်မှာ မင်းက ဆေးအင်ပါယာနဲ့ တွေ့ဖို့ အခွင့်အရေးကို ဆုပ်ကိုင်နိုင်အောင် ကြိုးစားရမယ်။"
"နားလည်ပါပြီ။" ရီဖူရှင်းက ခေါင်းညိတ်လိုက်သည်။ သူတို့က ဤနေရာသို့ ရောက်ရှိသည်မှာ ရက်အတော်ကြာပြီ ဖြစ်၏။ ထို့ကြောင့် သူက ဝမ်ရှန့်စောင့်ကြည့်မျှော်စင်ဝန်းကျင်ရှိ ကိစ္စများကို သိရှိပေသည်။
ဝမ်ရှန့်စောင့်ကြည့်မျှော်စင်က ဝမ်တုမြို့၏ အထွတ်အထိပ်၌ ရပ်တည်နေသည်။ နှစ်တိုင်း ဝမ်တုမှ ကျင့်ကြံသူများနှင့် ကုန်းမြေအသီးသီးမှ အခြားသူများက ဝမ်ရှန့်စောင့်ကြည့်မျှော်စင်၌ ကျင့်ကြံဖို့ရာ ဝင်ရောက်ရန် အခွင့်အရေးရှိပေသည်။ ကံကောင်းလျှင် သူတို့က ဆေးအင်ပါယာနှင့် တွေ့ဆုံ၍ သူ့စကားများကို နားထောင်ရန် အခွင့်အရေးပင် ရပေလိမ့်မည်။ ထိုအစဥ်အလာမှာ နှစ်ပေါင်းများစွာအတွင်း မပြောင်းမလဲ ကျန်ရစ်နေပေသည်။
နှစ်တိုင်း ထိုအခိုက်အတန့်တွင် ဆေးအင်ပါယာက ဝမ်ရှန့်စောင့်ကြည့်မျှော်စင်အတွင်း ထိုင်ကာ ဟောပြောပို့ချပေသည်။ ရန်ဟောင်များအတွက် ဆေးအင်ပါယာနှင့် တွေ့ဆုံရန် အခွင့်အရေးတစ်ခုပင် ဖြစ်သည်။
အစပိုင်းတွင် သူတို့ တွေးကြသည်မှာ တုံ့လိုင်နတ်ဘုရားအကြီးအကဲ၏ ဆက်ခံသူဟူသော ရီဖူရှင်း အဆင့်အတန်းက ဆေးအင်ပါယာနှင့် တွေ့ဆုံရန် လုံလောက်ပြီဟု ဖြစ်ပေသည်။ သို့သော် နတ်မိမယ်တုံ့လိုင်က ထိုသို့မလုပ်ရန် ဆုံးဖြတ်ခဲ့၏။ ထို့အစား သူမသည် ရီဖူရှင်းအား အရင်ဆုံး ကိုယ့်ကိုယ်ကိုယ် သက်သေပြစေချင်ပေသည်။
ထို့ပြင် လူတိုင်းက ဤကိစ္စအတွက် ရောက်လာကြခြင်း ဖြစ်သည်။
ရှေးဟောင်းတော်ဝင်ယန်မိသားစုသည်ပင် ထိုကိစ္စအတွက် မြောက်ပိုင်းမှ အစွမ်းထက် တန်ခိုးရှင်များကို ဦးဆောင်လာခဲ့သည်။ သူတို့က လွန်ခဲ့သော ရက်အနည်းငယ်ကပင် ရောက်နေခဲ့သော်လည်း တိတ်ဆိတ်စွာနှင့် ထိုနေ့ကို စောင့်ဆိုင်းနေခဲ့ပေသည်။
ဝမ်ရှန့်စောင့်ကြည့်မျှော်စင်က ငြိမ်းချမ်းစွာ ရှိနေရန် အကြောင်းမရှိနေပေ။
ထို့ကြောင့် ဝမ်ရှန့်စောင့်ကြည့်မျှော်စင်တွင် ရှေးဟောင်းတော်ဝင် ယန်မိသားစု ရောက်လာသည့်သတင်းက ပျံ့နှံ့ပြီး ဖြစ်ပေလိမ့်မည်။ သို့သော် သူတို့က ထိုသို့သော ကိစ္စမျိုးကို စိတ်ပူနေရန် မလိုပေ။
"အသင့်ပြင်ထားပါ။ မထွက်ခွာခင် နောက်တစ်ခါလာပြီး အသိပေးမယ်။" အာခီမီအင်ပါယာက ပြောလိုက်သည်။ ရီဖူရှင်းက ခေါင်းညိတ်လိုက်၏။ အရိုးသားဆုံးပြောရလျှင် သူ မည်သည့်အရာမှ ပြင်ဆင်ရန် မလိုအပ်ပေ။ ဝမ်ရှန့်စောင့်ကြည့်မျှော်စင်သို့ လာရောက်သည့် ခရီး၌ သူ၏ အဓိကပြိုင်ဘက်များမှာ တုန်းရှောင်းကုန်းမြေ၏ ကျင့်ကြံသူများ ဖြစ်လေသည်။ သူတို့က သူ့ကို ဖိအားပေးရန် လုံလောက်အောင် သန်မာခြင်း မရှိပေ။
သူ့ကို ခြိမ်းခြောက်နိုင်သူများမှာ ကြီးကျယ်ခမ်းနားသော ရှေးဟောင်းတော်ဝင် ယန်မိသားစုကဲ့သို့ ထိပ်တန်းအင်အားစုများ ဖြစ်သည်။
သူသည် အစကတည်းက ချင်းဟယ်နန်းတော်နှင့် အာခီမီနတ်နန်းတော်တို့အား ရင်ဆိုင်သည့်အခါ အလွယ်တကူ လုပ်ဆောင်နိုင်ခဲ့သည်။ အကြောင်းမှာ သူက သူတို့အား သိပ်ဂရုမစိုက်ဘဲ ပြိုင်ဘက်များအဖြစ် မမြင်သောကြောင့် ဖြစ်လေသည်။
ဝမ်ရှန့်စောင့်ကြည့်မျှော်စင်မှ သတင်းထွက်လာသောအခါ ဝမ်တုက ချက်ချင်းပင် ပို၍ လှုပ်လှုပ်ရှားရှား ဖြစ်လာတော့သည်။ လူများစွာက စတင်စကားပြောလာကြသည်။ ရန်ဟောင် မည်မျှများများက ဝမ်ရှန့်စောင့်ကြည့်မျှော်စင်သို့ ဝင်ရောက်ကာ လမ်းစဥ်သင်ယူ ကျင့်ကြံနိုင်မည့် အခွင့်အရေး ရှိနိုင်ပါမည်နည်း။ ဆေးအင်ပါယာနှင့် တွေ့ဆုံနိုင်မည့်အခွင့်အရေး ရှိသူ မည်မျှများများ ရှိနိုင်မည်နည်း။ ဆေးအင်ပါယာ၏ သင်ကြားပို့ချမှုကို ခံယူရမည့်သူ ရှိနိုင်မည်လား။
သို့သော်လည်း သည့်မတိုင်ခင် ဝမ်ရှန့်စောင့်ကြည့်မျှော်စင်၌ ရုတ်ရုတ်သဲသဲဲ ဖြစ်သွားခဲ့သည်။ ထိုသည်မှာ ရှေးဟောင်းတော်ဝင် ယန်မိသားစုနှင့် ပတ်သတ်ပေသည်။ ထိုလူများက လွန်ခဲ့သည့် ရက်အနည်းငယ်တွင် ဆက်လက် ငြိမ်သက်နေခဲ့ကြ၏။ သူတို့သည် ဤနေ့အတွက် စောင့်ဆိုင်းနေခြင်း ဖြစ်ပေသည်။
သုံးရက်က မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွားခဲ့သည်။ ကျင့်ကြံသူများအတွက် သုံးရက်ဟူသည်မှာ အလွန် တိုတောင်းလှပေသည်။
ထိုနေ့ကို ရောက်လာသည့်အခါ ဝမ်တုတစ်မြို့လုံးက စိတ်လှုပ်ရှားပျော်ရွှင်နေကြသည်။ အရုဏ်ဦးတွင် မရေတွက်နိုင်သော လူများက ကောင်းကင်၌ လှုပ်ရှားလာကြသည်။ ကျင့်ကြံသူတိုင်းက တူညီသော နေရာသို့ ဦးတည်နေကြသည်။ အဝေးမှပင် သူတို့ ဦးတည်နေသော နေရာ၌ မားမားမတ်မတ် တည်ရှိနေသည့် ရှေးဟောင်းနန်းတော်တစ်ခုကို မြင်ရပေသည်။ ၎င်းကို ကြည့်ရသည်မှာ သေမျိုးလောက၏ တိမ်တိုက်များအကြား ရောင်ပြန်ဟပ်နေသော ရှေးဟောင်းတော်ဝင် နတ်မြို့တော်တစ်ခုဟု ထင်မှတ်ရပေသည်။
ဝမ်တု၏ ကောင်းကင်တွင် အမျိုးစုံသော အရှိန်အဝါများ ပြည့်နှက်နေခဲ့သည်။ အချို့က ကောင်းကင်ကို ဖြတ်သန်းသွားနေကြပြီး တချို့လူများက ဓားများနှင့် ခရီးဆက်ကာ အချို့မှာ သားရဲများကို စီးနင်းသွားကြသည်။
ထိုနေ့တွင် ဝမ်တုအတွင်း အိမ်တော်တစ်ခုတွင် လူတစ်ယောက် အခန်းထဲမှ ထွက်လာခဲ့၏။ ထိုသူက ခေါင်းကိုမော့ကာ အဝေးတစ်နေရာသို့ ကြည့်လိုက်သည်။ ထို့နောက် လျှပ်တပြက်အတွင်း အရိပ်များစွာ ဝင်ရောက်လာပြီး အနီးရှိ နေရာအများအပြားတွင် ဆင်းသက်လိုက်သော်လည်း သူတို့်အား မည်သူမှ မမြင်နိုင်ကြပေ။
"ပြင်ဆင်ထားတော့။" အခန်းတွင်းမှ လူက တည်ငြိမ်စွာ ပြောလိုက်သည်။
"နားလည်ပါပြီ။" ညီညာသော အသံများက သူ့ဝန်းကျင်မှ ထွက်ပေါ်လာသည်။ ထို့နောက် အရိပ်များစွာက တစ်ခုပြီးတစ်ခု ပျောက်ကွယ်သွားလေသည်။
ထိုနေ့တွင် ဝမ်တုမြို့တစ်ခွင်လုံးက ပျားပန်းခတ်မျှ လှုပ်ရှားနေကြသည်။ မြို့က ယခင်ကနှင့်မတူ အလွန် သက်ဝင်လှုပ်ရှားနေပေသည်။
…
ဒဏ္ဍာရီများအရ အစပိုင်းတွင် ဝမ်ရှန့် စောင့်ကြည့်မျှော်စင်က အကာအရံအနည်းငယ်သာ ရှိခဲ့သည်။ ဆေးအင်ပါယာနှင့် တုံ့လိုင်နတ်ဘုရားအကြီးအကဲက ထိုအကာအရံများ အလယ်၌ မဟာလမ်းစဥ်ကို ဆွေးနွေးပြောဆိုခဲ့ကြသည်။ သို့သော် နှစ်များစွာ ကုန်လွန်သွားပြီး ဝမ်ရှန့်စောင့်ကြည့်မျှော်စင်က တုန်းရှောင်းကုန်းမြေ၌ အသန်မာဆုံး အင်အားစုဖြစ်သော သန့်စင်မြင့်မြတ်နယ်မြေတစ်ခု ဖြစ်လာခဲ့သည်။ ၎င်းသည် ဝမ်တု၏ အလယ်ဗဟို၌ တည်ရှိပြီး ကြီးမားသော နေရာကို ပိုင်ဆိုင်ထားပေသည်။
အပြင်ဘက်မှ ကြည့်လျှင် ၎င်း၏ အဆုံးသတ်ကို မြင်နိုင်ရန် မဖြစ်နိုင်ဘဲ အဆုံးမဲ့ လေဟာနယ်ကိုသာ မြင်တွေ့နိုင်ပေသည်။ တစ်စုံတစ်ယောက်က လုံလောက်စွာ ကြိုးစားခဲ့လျှင် ကောင်းကင်သို့တိုင် ထိုးဖောက်နေသော မဟာလမ်းစဥ် တံတိုင်းများနှင့် မြင့်မား ထည်ဝါလှသည့် ရှေးဟောင်းအဆောက်အအုံများကို ဝိုးတဝါးမြင်တွေ့နိုင်ပေသည်။ ထို့ပြင် အရာအားလုံး၏ ထိပ်ဆုံး၌ ရပ်ကာ ကြည့်လျှင် ဆေးအင်ပါယာ ကျင့်ကြံရာ နေရာဖြစ်သော ကောင်းကင်တွင် လွင့်မျောနေသည့် ရှေးဟောင်းနန်းတော်အား မြင်တွေ့နိုင်သည်ဟု ဒဏ္ဍာရီများက ဆိုသည်။
ပြောကြသည်မှာ ထိုလွင့်မျောနေသော နန်းတော်၏ နောက်၌ ယခုထိတိုင် ပြီးပြည့်စုံစွာ ထိန်းသိမ်းထားသည့် ဝမ်ရှန့်စောင့်ကြည့်မျှော်စင်ဟောင်း ရှိသည်ဟု ဖြစ်သည်။
ထိုအခိုက်အတန့်တွင် များပြားသော ကျင့်ကြံသူများက ဝမ်ရှန့်စောင့်ကြည့်မျှော်စင်၏ အပြင်ဘက်တွင် ရောက်ရှိလာကြသည်။ တစ်စုံတစ်ယောက်သည် ထိုလူအုပ်ကြီး၏ အဆုံးကိုပင် မြင်တွေ့နိုင်ခြင်း မရှိသော်လည်း အများစုမှာ စူးစမ်းလေ့လာရန် လာရောက်ကြသူများဖြစ်သည်။ သာမန်လူများက ဝမ်ရှန့်စောင့်ကြည့်မျှော်စင်သို့ ဝင်ရောက်ရန် အရည်အချင်းမပြည့်မှီပေ။ မဟုတ်လျှင် ဝမ်ရှန့်စောင့်ကြည့်မျှော်စင်သည် လူသူ ထူထပ်မှုကြောင့် ပြဿနာ ဖြစ်လာပေလိမ့်မည်။
ဝမ်တု၏ ထိပ်သီးအင်အားစုများနှင့် မတူညီသော ကုန်းမြေများမှ ထိပ်သီးအင်အားစုများသာလျှင် ဝမ်ရှန့်စောင့်ကြည့်မျှော်စင်၌ ဝင်ရောက်ကျင့်ကြံဖို့ရာ ရွေးချယ်ရန် အရည်အချင်းပြည့်မှီပေသည်။ ထို အင်အားစုများမှ ရွေးချယ်ထားသော တန်ခိုးရှင်များမှ အမြဲ အစွမ်းထက်ဆုံးနှင့် အလားအလာ အကောင်းဆုံး သူများ ဖြစ်ပေသည်။ ထို့ကြောင့် အချင်းချင်း ပြိုင်ပွဲများမှာ နှစ်စဥ်နှစ်တိုင်း ဖြစ်ပွားကြပေသည်။
ထိုအချိန်တွင် လူတစ်စု ရောက်ရှိလာ၏။ သူတို့၏ ဝတ်ရုံများက လေထဲတွင် တဖျတ်ဖျတ် လွင့်နေခဲ့ပြီး နတ်ဘုရားများ ကဲ့သို့ပင် ထင်မှတ်ရသည်။ မရေတွက်နိုင်သော အကြည့်များက ထိုအဖွဲ့ထံ ကျရောက်လာခဲ့သည်။ ထို့နောက် တစ်စုံတစ်ယောက်က အော်ဟစ်လိုက်သည်။ "နတ်မိမယ်တောင်ထွတ်က နတ်မိမယ်တွေ ရောက်လာပြီ။"
နတ်မိမယ်တောင်ထွတ်မှာ ဝမ်တုတွင် ထိပ်သီး အင်အားစု တစ်ခု ဖြစ်သည်။ ထို့ကြောင့် သူတို့သည်လည်း ဝမ်ရှန့်စောင့်ကြည့်မျှော်စင်သို့ ဝင်ရောက်ရန် ရွေးချယ်ခံများရှ်ိပြီး ဆေးအင်ပါယာ၏ လမ်းညွှန်မှုကို ရရှိနိုင်ပေသည်။
ဝမ်ရှန့်စောင့်ကြည့်မျှော်စင်သို့ ဝင်ရောက်ခြင်းမှာ ဝမ်ရှန့်စောင့်ကြည့်မျှော်စင်နှင့် ပူးပေါင်းလိုက်ခြင်းဟု မဆိုလိုပေ။ ၎င်းမှာ ရိုးရှင်းစွာပင် ဝင်ရောက်ကာ ကျင့်ကြံလေ့ကျင့်၍ သင်ကြားပြသမှုများကို လက်ခံရယူခြင်း ဖြစ်သည်။ တစ်စုံတစ်ယောက်က ဝမ်ရှန့်စောင့်ကြည့်မျှော်စင်ကို စိတ်ဝင်စားမှု လုံလောက်စွာ ပြင်းထန်လျှင် ဝမ်ရှန့်စောင့်ကြည့်မျှော်စင်နှင့် ပူးပေါင်းရန် ရွေးချယ်နိုင်ပေသည်။
"မင်္ဂလာ နံနက်ခင်းပါ နတ်မိမယ်တို့။" အစွမ်းထက်သော တန်ခိုးရှင်တစ်ခု ရောက်ရှိလာသည်။ သူတို့က အာခီမီနတ်နန်းမှ တန်ခိုးရှင်များ ဖြစ်ကြသည်။ ကျင့်ကြံသူအများစုက သူတို့နှင့် လိုက်ပါလာသည်မှာ လကို ဝန်းရံထောက်ပံ့နေသော အသင်္ချေ ကြယ်များကဲ့သို့ပင် ဖြစ်ပေသည်။ အဘက်ဘက်က တန်ခိုးရှင်များက သူတို့ကို နှုတ်ဆက်သွားကြသည်။ သူတို့က အားလုံးက အလွန် ယဥ်ကျေးသိမ်မွေ့ပုံရလေသည်။
ထို့နောက်တွင် ကောင်းကင်တိုက်ပွဲနန်းတော်နှင့် အခြားသော အင်အားစုများ ရောက်လာကြပေသည်။ တုန်းရှောင်းကုန်းမြေအနီးဝန်းကျင်ရှိ ကုန်းမြေများမှ အင်အားစုများလည်း ရောက်လာကြသည်။
ထိုအချိန်တွင် ကောင်းကင်ထက်၌ နောက်ထပ်တန်ခိုးရှင် တစ်ခု ရောက်ရှိလာပြီး ဝမ်ရှန့်စောင့်ကြည့်မျှော်စင်၏ အပြင်ဘက်တွင် ဆင်းသက်လိုက်သည်။ သူတို့အား ဦးဆောင်လာသော သူမှာ အာခီမီအင်ပါယာဖြစ်သည်။ ထိုသည်မှာ ရီဖူရှင်းတို့ အဖွဲ့ဖြစ်လေသည်။
ချက်ချင်းပင် လူအများက သူတို့၏ အကြည့်များကို ရီဖူရှင်းသို့ထံ ရွေ့ပြောင်းလိုက်ကြသည်။ အာခီမီနတ်နန်းတော်မှ တန်ခိုးရှင်များက အရိုအသေပြုကာ အာခီမီအင်ပါယာကို နှုတ်ဆက်လိုက်ကြသည်။ "အာခီမီအင်ပါယာကို အရိုအသေ ပေးပါတယ်။"
သူတို့၏ အသံများက ချက်ချင်းပင် ပိုမိုများပြားသော အကြည့်များကို ဆွဲဆောင်လိုက်ကြသည်။ အာခီမီအင်ပါယာက ရောက်ရှိလာပြီးဖြစ်သည်။ ထိုသည်မှာ သူ့ဘေးမှ အဖြူရောင် ဆံပင်နှင့် လူငယ်က ရီလျှို့နျန်ဖြစ်သည်ဟု ဆိုလိုပေသည်။
"အာခီမီအင်ပါယာကို နှုတ်ဆက်ပါတယ်။" လူအများက အာခီမီအင်ပါယာကို အရိုအသေပြုလိုက်ကြသည်။ သို့သော်လည်း သူတို့က အမှန်တကယ် အရိုးခံအတိုင်း နှုတ်ဆက်သည်လား မည်သူမှ မသိကြပေ။ အချို့က ရီဖူရှင်းအား ကြည့်နေကြပြီးနောက် တစ်စုံတစ်ယောက်က ပြောလိုက်၏။ "စီနီယာအာခီမီအင်ပါယာ ဒီလူက ဝမ်တုက ကျင့်ကြံသူတစ်ယောက်မဟုတ်ဘဲ တုန်းရှောင်းကုန်းမြေနဲ့လည်း ပတ်သတ်မှုမရှိဘူးလို့ အရင်တိုက်ပွဲမှာ ငြင်းဆိုခဲ့တယ်။ အဲဒီလို ပြုမှုခဲ့တဲ့ တစ်စုံတစ်ယောက်ကို ဘာလို့ ဒီကို ခေါ်လာရတာလဲ။"
ချင်းဟယ်နန်းတော်မှ တန်ခိုးရှင်တစ်ယောက်က ပြောလိုက်သည်။ ထို့နောက် သူက ရီဖူရှင်းအား ကြည့်ကာ ပြောလိုက်၏။ "မင်းက တုန်းရှောင်းကုန်းမြေနဲ့ ပတ်သတ်မှု မရှိဘူးဆိုမှတော့ ဘာလို့ ဒီနေရာမှာ ရှိနေရသေးတာလဲ။"
လူအုပ်ကြီးက ယခုတွင် ရီဖူရှင်းကို အာရုံစိုက်နေကြသည်။ ယခင် ကောင်းကင်တိုက်ပွဲနန်းတော်မှ အဖြစ်အပျက်သည် လူအများအပြားကို ဒေါသထွက်စေခဲ့သည်။ ယခု သူက ဝမ်ရှန့်စောင့်ကြည့်မျှော်စင်သို့ ဝင်ရောက်ရန် ကြိုးစားနေသည်ကို မြင်တွေ့လိုက်ရသည့်အခါ လူအများက သိသာစွာ စိတ်အနှောက်အယှက် ဖြစ်ကြပေသည်။
အာခီမီနတ်နန်းတော်မှ ချီမုက ပြုံးစွာစောင့်ကြည့်နေခဲ့သည်။ အဆုံးမှာတော့ သူက သက်ရောက်မှု ရှိနေဆဲဖြစ်သည်။ သူသည် ဤအဖြစ်အပျက်ကြောင့် ဝမ်ရှန့်စောင့်ကြည့်မျှော်စင်မှ ကျင့်ကြံသူများက ရီဖူရှင်းအပေါ် မကောင်းသော ထင်မြင်ချက်များ ရှိသွားလိမ့်မည်ဟု သေချာသည်။
ထို့ကြောင့် ရီဖူရှင်း ဝမ်ရှန့်စောင့်ကြည့်မျှော်စင်သို့ဝင်ရောက်ရန် ခက်ခဲမှုမှာ သိသာစွာပင် တိုးမြင့်လာပေလိမ့်မည်။ သူကစောစီးစွာ ထုတ်ပယ်ခံရသည်ပင် ဖြစ်နိုင်ပေသည်။
***