← Chapters

အခန်း ၁၀၃-၁၀၅

Vol. 7 Ch. 103-105

အခန်း ၁၀၃-၁၀၅

Vol. 7 Ch. 103-105

အခန်း (၁၀၃) အနက်ရောင်မြင်းတပ်

စစ်သား၏စကားကိုကြားလိုက်ရသည့်အခါ လုချန်းသည် တုံ့ပြန်မှုများစွာ မပြခဲ့ပေ။ ထိုအချိန်တွင် လုချန်းသည် သူ၏စိတ်ထဲ၌ စနစ်ကိုမေးလိုက်သည်။

“စနစ်။ ငါ၏အနက်ရောင်မြင်းတပ်ငါးသောင်းသည် ရောက်ခါနီးပြီလား။”

ရက်များကို ရေတွက်ကြည့်လိုက်သည့်အခါ သူ၏အနက်ရောင်မြင်းတပ်ရောက်ရှိ သင့်ပြီသည်ဟု လုချန်းယုံကြည်ခဲ့သည်။ ထို့ကြောင့် စစ်သားပြောသည့် မြင်းတပ်သည် လွင်ပြင်ဒေသမျိုးနွယ်စုများ၏ ရှေ့ ပြေးစစ်သည်များ ဖြစ်သည်ဟု သူမယုံကြည်ခဲ့ပေ။

[သခင်၏ အနက်ရောင်မြင်းတပ်ငါးသောင်းသည် ဝန်နင်းတောင်ကြားသို့ ရောက်ရှိပါပြီ။ ရန်ခရိုင်၏ စစ်တပ်နှင့် အထင်မှားမှုမဖြစ်စေရန် အနက်ရောင်မြင်းတပ်သည် ချီတက်မှုကိုရပ်နားထားပါသည်။ ကျေးဇူးပြု၍ သွားရောက်စစ်ဆေးပါ]

ဟု စနစ်ကတုံ့ပြန်လိုက်သည်။ စနစ်၏အဖြေကိုမြင်လိုက်ရပြီးနောက် လုချန်းစဉ်းစားလိုက်သည်။ ထိုမြင်းတပ်သည် သူ၏အနက်ရောင်မြင်းတပ်ပင်ဖြစ်သည်။

ထို့နောက် သူသည် စစ်သားကိုအမိန့်ပေးလိုက်သည်။

“ ဝန်နင်းတောင်ကြားက မြင်းတပ်ကိုမတိုက်ခိုက်ဖို့ စစ်တပ်သုံးခုလုံးကို ချက်ချင်းအမိန့်ပေးပို့လိုက်ပါ။ မင်းသားရောက်ရှိတဲ့အထိ စောင့်ဆိုင်းခိုင်းပါ။”

ထိုစစ်သားသည် လုချန်း အဘယ်ကြောင့် ထိုကဲ့သို့သော အမိန့်ကို ထုတ်ပြန်ရသည်ကို နားမလည်သော်လည်း သူသည် ချက်ချင်းပင် လိုက်နာလိုက်သည်။ လုချန်း၏ အမိန့် မုချန်တိန်တို့ ဗိုလ်ချုပ်များ၏ နားသို့ ရောက်ရှိသောအခါသူတို့အားလုံး အလွန်တုန်လှုပ်သွားကြသည်။

သူတို့သည် စတိုက်ရန် အဆင်သင့်ပင် ဖြစ်နေပြီး အမြောက်ကျည်များကိုပင် ပစ်ဖောက်ရန် အသင့်ရှိနေကြသည်။ သို့သော် အခုမြောက်ပိုင်းနယ်စားမင်းသားက သူတို့အား တိုက်ခိုက်ခြင်း မပြုရန် ပြောလိုက်သည်။

မုချန်တိန်သည် မူလက ရှနိုင်ငံတော်၏ ဗိုလ်ချုပ် ဖြစ်ခဲ့ပြီး ရှနိုင်ငံတော်၏ ချပ်ဝတ်တန်ဆာများကို ကောင်းကောင်းသိသည်။ မုချန်တိန်သိသည်မှာ ဝန်နင်းတောင်ကြားရှိ ထိုမြင်းတပ်သည် ရှနိုင်ငံတော်၏ တပ်များမဟုတ်ပါ။ အဘယ်ကြောင့်ဆိုသော် ရှနိုင်ငံတော်၏ မြင်းတပ်သည် ထိုကဲ့သို့သော အနက်ရောင် သံချပ်ကာများကို အပြည့်အဝကို မတပ်ဆင်ပါ။

ထိုမြင်းတပ်သည် အနက်ရောင် သံချပ်ကာကို ဝတ်ဆင်ထားသည်သာမက သူတို့၏ စစ်မြင်းများပါ အနက်ရောင် သံချပ်ကာဖြင့် ဖုံးအုပ်ထားသည်။ ရှနိုင်ငံတော်တွင် သံချပ်ကာ မြင်းတပ်ကို မည်သည့်အခါကမှ မဖွဲ့စည်းခဲ့ပါ။ ထိုကဲ့သို့သော သံချပ်ကာ မြင်းတပ်သည် လွင်ပြင်ဒေသ မျိုးနွယ်စုများ၏ တပ်ဖြစ်နိုင်သည်။

သို့သော် မြောက်ပိုင်းနယ်စားမင်းသားက သူတို့အား တိုက်ခိုက်ခြင်း မပြုရန် အမိန့်ထုတ်ပြန်ထားပြီ ဖြစ်သောကြောင့် သူ့ဆီမှာ ကိုယ်ပိုင်နည်းဗျူဟာ ရှိမည်ဖြစ်သည်။ ထို့ကြောင့် မုချန်တိန်တို့လည်း ဝန်နင်းတောင်ကြားတွင် သူတို့၏ စစ်သည်များနှင့်အတူ စောင့်ဆိုင်းပြီး မည်သည့်တိုက်ခိုက်မှုကိုမှ စတင်ခြင်း မပြုကြပါ။

မုချန်တိန်တို့ အံ့အားသင့်သည်က သူတို့က တိုက်ခိုက်ခြင်း မပြုသကဲ့သို့ သူတို့၏ ရန်သူများကလည်း တိုက်ခိုက်ခြင်း မပြုကြပါ။ အနက်ရောင် သံချပ်ကာ ဝတ်ဆင်ထားသော မြင်းတပ်သည် ဝန်နင်းတောင်ကြား၏ ပြန့်ပြူးသော နေရာတစ်ခုတွင် ရပ်တန့်နေပြီး တစ်စုံတစ်ခုကို စောင့်ဆိုင်းနေသည်ဟု ထင်ရသည်။

ဤအချက်က မုချန်တိန်နှင့် သူ၏ စစ်သည်များကို လွင်ပြင်ဒေသ မျိုးနွယ်စုများ၏ မြင်းတပ်သည် ပိုမိုကြီးမားသော တပ်များ ရောက်ရှိလာရန် စောင့်ဆိုင်းနေခြင်းဖြစ်ပြီး လုချန်း၏ တိုက်ခိုက်ခြင်း မပြုရန် အမိန့်သည် လွင်ပြင်ဒေသ မျိုးနွယ်စုများ၏ မြင်းတပ်တစ်ခုလုံး ဝန်နင်းတောင်ကြားထဲသို့ ဝင်ရောက်လာစေရန် ဖြစ်သည်ဟု သံသယ ဖြစ်စေသည်။

မကြာမီ လုချန်းသည် မြင်းစီးလျက် မုချန်တိန်တို့ ရှေ့သို့ ရောက်ရှိလာသည်။

လုချန်းကို မြင်သောအခါ ဗိုလ်ချုပ်အားလုံးက

“ကျွန်တော်တို့ မင်းသားကို ဂါရဝပြုပါတယ်”

ဟု နှုတ်ဆက်လိုက်ကြသည်။

လုချန်းက အနည်းငယ် ခေါင်းညိတ်ပြလိုက်သည်။

ထိုအချိန်တွင် မုချန်တိန်က

“မင်းသား။ အဲ့ဒီ မြင်းတပ်က လွင်ပြင်ဒေသ မျိုးနွယ်စုများရဲ့ သံချပ်ကာ မြင်းတပ် ဖြစ်နိုင်ပါတယ်။ ကျွန်တော်တို့ သူတို့ကို မတိုက်သင့်ဘူးလား။ သူတို့ကို ဖြတ်သန်းခွင့်ပေးလိုက်ရင် ဖြစ်လာနိုင်တဲ့ နောက်ဆက်တွဲ အကျိုးဆက် တွေကို စိုးရိမ်မိပါတယ်”

ဟု ပြောလိုက်သည်။

မြောက်ပိုင်းမြို့တော်၏ ခြေလျင်တပ်သည် သံချပ်ကာမြင်းတပ်၏ စီးနင်းတိုက်ခိုက်မှုကို ခံနိုင်ရည် မရှိပါ။

ထိုစကားကို ကြားသောအခါ လုချန်းက “ဗိုလ်ချုပ် မု။ ခင်ဗျား အစိုးရိမ်လွန်‌နေတာပါ”

ဟု ပြုံးရင်း ပြောလိုက်သည်။

“သူတို့က လွင်ပြင်ဒေသ မျိုးနွယ်စုတွေရဲ့မြင်းတပ် မဟုတ်ပါဘူး။ ကျွန်တော်ရဲ့ အနက်ရောင်မြင်းတပ် ဖြစ်ပါတယ်။”

ထိုစကားကို ကြားသောအခါ ရှေ့တွင် ရှိနေသော ဗိုလ်ချုပ်များ အားလုံး အံ့အားသင့်သွားကြသည်။ မြောက်ပိုင်းနယ်စားမင်းသား၏ အနက်ရောင် မြင်းတပ်တဲ့လား။ မြောက်ပိုင်းနယ်စားမင်းသားတွင် ထိုကဲ့သို့သော သံချပ်ကာ မြင်းတပ်ကြီး မည်သည့်အချိန်က ရှိလာတာလဲ။

မုချန်တိန် မတွေးပဲ မနေနိုင်ပါ။ သူတို့ ပထမဆုံး တွေ့ဆုံစဉ်က မြောက်ပိုင်းနယ်စားမင်းသားသည် မြောက်ပိုင်းမြို့တော်အတွက် မြင်းတပ်တစ်တပ် လေ့ကျင့်ရန် သူနှင့် တိုင်ပင်နေခဲ့သည် မဟုတ်လား။ သို့သော် အခုတော့ မြောက်ပိုင်းနယ်စားမင်းသားမှာ သူ၏ ကိုယ်ပိုင်မြင်းတပ် ရှိနှင့်ပြီးသား ဖြစ်နေပြီလား။

ထိုမြင်းတပ်သည် သာမန် မြင်းတပ်မျိုး မဟုတ်ပါ။ သံချပ်ကာ မြင်းတပ် ဖြစ်သည်။ အဝေးမှ ကြည့်လျှင်ပင် ခန့်မှန်းခြေအားဖြင့် သံချပ်ကာ မြင်းတပ်သား ငါးသောင်းခန့် ရှိနေသည်ဟု ထင်ရသည်။

မြောက်ပိုင်းမြို့တော်သည် အလွန်ဆင်းရဲပြီး မြောက်ပိုင်းနယ်စားမင်းသားလည်း မကြာမီကမှ ရောက်ရှိလာသူ ဖြစ်သောကြောင့် သူသည် သံချပ်ကာ မြင်းတပ်တစ်တပ်ကို မည်ကဲ့သို့ ဖွဲ့စည်းနိုင်မည်နည်း။

မြင်းတပ်တစ်တပ်ကို လေ့ကျင့်ရန် လပေါင်းများစွာ ကြာမြင့်ပြီး သံချပ်ကာများ ပြုလုပ်ရန်လည်း အချိန်ယူရသည်။ ထိုမျှလောက်များပြားသော မြင်းတပ် သံချပ်ကာများကို တစ်နှစ်အတွင်း ပြီးစီးအောင် လုပ်နိုင်ရန်ပင် မလွယ်ကူပါ။

သို့သော် သံချပ်ကာ မြင်းတပ်သည် လူအားလုံး၏ အရှေ့တွင် ရောက်ရှိနေသည်။ ထိုမြင်းတပ်သည် မြောက်ပိုင်းနယ်စားမင်းသား၏ တပ်ဖြစ်ပါက ဖြစ်နိုင်ချေ တစ်ခုသာ ရှိသည်။ မြောက်ပိုင်းနယ်စားမင်းသားသည် မြောက်ပိုင်းမြို့တော်သို့ မရောက်မီကတည်းကပင် လျှို့ဝှက်စွာဖြင့် သံချပ်ကာ မြင်းတပ်တစ်ခုကို ဖွဲ့စည်းထားနှင့်ပြီး ဖြစ်သည်။

ထိုသို့ တွေးမိသောအခါ ဗိုလ်ချုပ်များသည် လုချန်း၏ အမြော်အမြင်ကို ပို၍ လေးစားလာကြပြီး မြောက်ပိုင်းနယ်စားမင်းသား၏ ကြီးမားသော ရည်ရွယ်ချက်များကို ပို၍ ယုံကြည်လာကြသည်။

ရည်မှန်းချက်ကြီးမားသော မင်းသားတစ်ပါးသည် အမြဲတမ်း အကျင့်ပျက်သူကဲ့သို့ ပြုမူနေပြီး တစ်ချိန်တည်းမှာပင် ထောင်နှင့်ချီသော အထူးကိုယ်ရံတော်များနှင့် သောင်းနှင့်ချီသော သံချပ်ကာ မြင်းတပ်များကို လျှို့ဝှက်စွာ လေ့ကျင့်နေမည် မဟုတ်ပါလား။

အဓိက အချက်မှာ နန်းတွင်းတွင် မြောက်ပိုင်းနယ်စားမင်းသား၏ လုပ်ရပ်များကို သိရှိသူ တစ်ဦးတစ်ယောက်မှ မရှိဟု ထင်ရသည်။ နန်းတွင်းက မြောက်ပိုင်းနယ်စားမင်းသားသည် လျှို့ဝှက်စွာဖြင့် သံချပ်ကာ မြင်းတပ်တစ်တပ် ဖွဲ့စည်းနေသည်ကို သိရှိပါက ပုန်ကန်ရန် ကြံစည်နေသည်ဟု ယူဆကာ အရေးယူခြင်း ခံရမည် ဖြစ်သည်။

လုချန်းသည် မုချန်တိန်တို့၏ အံ့အားသင့်နေသော မျက်လုံးများကို လျစ်လျူရှုကာ အနက်ရောင် မြင်းတပ်ဆီသို့ တိုက်ရိုက် ဦးတည်သွားလိုက်သည်။

ထိုမြင်ကွင်းကို မြင်သောအခါ မုချန်တိန်တို့လည်း စိုးရိမ်စိတ်များ ဖြစ်ပေါ်လာကြသည်။ လုချန်းက ထိုမြင်းတပ်သည် သူ၏ ကိုယ်ပိုင် သံချပ်ကာ မြင်းတပ်ဖြစ်ကြောင်း ပြောပြီးသော်လည်း မုချန်တိန်နှင့် သူ၏ လူများသည် ထိုတပ်ကို ယခင်က မမြင်ဖူးသောကြောင့် ထိုတပ်က လုချန်းအား အန္တရာယ် ပေးမည်ကို စိုးရိမ်နေကြဆဲ ဖြစ်သည်။

ထိုအချိန်တွင် အနက်ရောင် မြင်းတပ်၏ ရှေ့ဆုံးမှ ခန္ဓာကိုယ် ကြီးမားသော အမျိုးသား နှစ်ယောက်သည် မြင်းစီးလျက် လုချန်းဆီသို့ ဦးတည်လာကြသည်။ လုချန်းနှင့် နီးကပ်လာသောအခါ ထိုသူနှစ်ယောက်က မြင်းပေါ်မှ ဆင်းလာကြသည်။

သူတို့က ကိုယ်ကိုကိုင်း၍ ဦးညွှတ်လိုက်ကာ “ဗိုလ်ချုပ်ဝမ်ရန်လီနှင့် ဗိုလ်ချုပ်ရွှမ်ယွမ်ချန်းတို့က မင်းသားကို ဂါရဝ ပြုပါတယ်။ မင်းသား အသက်ရှည်စွာဖြင့် နှစ်ပေါင်းထောင်ချီ စိုးစံနိုင်ပါစေ”

ဟု ပြောလိုက်သည်။

အနက်ရောင်မြင်းတပ်၏ ခေါင်းဆောင်များသည် လုချန်းကို ဦးညွှတ်နေသည်ကို မြင်လိုက်ရသောအခါ မုချန်တိန်နှင့် အခြားသူများသည် ထိတ်လန့်တုန်လှုပ်စွာဖြင့် ရပ်နေမိကြသည်။ ထို့နောက် သူတို့သည် လွန်ခဲ့သောတစ်ပတ်ခန့်က လုချန်းပြောခဲ့သည့် စကားကို သတိရလိုက်ကြသည်။ သူတို့အား တစ်ပတ်အကြာတွင် အံ့အားသင့်စရာတစ်ခု ပေးမည်ဟု လုချန်း ပြောခဲ့ဖူးသည်။

ဒါက မြောက်ပိုင်းနယ်စားမင်းသား ပြောတဲ့ အံ့အားသင့်စရာ ဖြစ်နိုင်သလား။

သူတို့တွင် အမြောက်ဟူသော လက်နက်ကြီးများ ရှိသော်လည်း ထိုလက်နက်ကို အသုံးပြုလိုက်သည်နှင့် လွင်ပြင်ဒေသမျိုးနွယ်စုများ၏ မြင်းတပ်သည် ကသောင်းကနင်းဖြစ်သွားမည်ဖြစ်သည်။ ထိုအချိန်တွင် လွင်ပြင်ဒေသမျိုးနွယ်စုများ၏ မြင်းတပ်သည် ထွက်ပြေးဖို့ဆုံးဖြတ်လိုက်ပါက မြောက်ပိုင်းမြို့တော်၏ စစ်သည်အနည်းငယ်မျှဖြင့် သူတို့ကို မတားဆီးနိုင်ပေ။

သို့သော် အခုတော့ ထိုအခြေအနေများက ပြောင်းလဲသွားပြီဖြစ်သည်။ သံချပ်ကာ မြင်းတပ်ငါးသောင်းရှိပါက ထိုလွင်ပြင်ဒေသမျိုးနွယ်စုများ ထွက်ပြေးလိုပါ က ထိုသံချပ်ကာ မြင်းတပ်သည် ဝမ်နင်းတောင်ကြားနောက်မှ ထွက်လာကာ သူတို့၏ ဆုတ်ခွာမည့် လမ်းကြောင်းကို ချက်ချင်းပိတ်စို့ လိုက်နိုင်ပြီး ဝန်နင်းတောင်ကြားမှ ထွက်ပြေးခြင်းကို တားဆီးနိုင်မည်ဖြစ်သည်။

လုချန်းသည် ထိုလူနှစ်ဦး၏ အချက်အလက်များကို ကြည့်လိုက်သည်။

[အမည်- ဝမ်ရန်လီ]

[အဆင့်အတန်း- ယူနိုင်ငံတော်၏ အကြွင်းအကျန်၊ အနက်ရောင်မြင်းတပ်၏ခေါင်းဆောင်]

[စွမ်းအား - ထိပ်သီးပညာရှင်အဆင့်]

[သစ္စာစောင့်သိမှု - ၁၀၀]

[အမည် - ရွှမ်ယွမ်ချန်း]

[အဆင့်အတန်း - ယူနိုင်ငံတော်၏ အကြွင်းအကျန်၊ အနက်ရောင်မြင်းတပ်၏ခေါင်းဆောင်]

[စွမ်းအား - ထိပ်သီးပညာရှင်အဆင့်]

[သစ္စာစောင့်သိမှု - ၁၀၀]

လုချန်းသည် မြင်းပေါ်မှဆင်းလာကာ ရွှမ်ယွမ်ချန်း၏ လက်ကိုကိုင်လိုက်ပြီး တစ်ဖက်က ဝမ်ရန်လီ၏ပခုံးပေါ်တွင် လက်တင်လိုက်ကာ

“ဗိုလ်ချုပ်တို့၊ ကျေးဇူးပြီး ထကြပါ။ ကျွန်တော် ရန်ခရိုင်မှာ ခင်ဗျားတို့ရောက်လာဖို့ စောင့်နေခဲ့တာ ကြာပါပြီ”

ဟု ပြောလိုက်သည်။

ထိုအချိန်တွင် မုချန်တိန်တို့သည် လုချန်း၏ အနောက်တွင် ရောက်လာကြသည်။ မုချန်တိန်သည် ရွှမ်ယွမ်ချန်းနှင့် ဝမ်ရန်လီတို့ဆိီမှ ထွက်ပေါ်လာသော အငွေ့အသက်ကို ခံစားမိသောအခါ အံ့အားသင့်သွားခဲ့သည်။

ထိပ်သီးပညာရှင် နှစ်ဦးထပ်ရှိနေပါလား။ မြောက်ပိုင်းနယ်စားမင်းသားတွင် ထိပ်သီးပညာရှင်များ အများအပြားရှိနေပြီလား။ သူသိထားသည့်အတိုင်းဆိုလျှင် ထိုနှစ်ဦးအပါအဝင် ထိပ်သီးပညာရှင်လေးဦးရှိပြီဖြစ်သည်။ ထိုအချိန်က မုချန်တိန်သည် မြောက်ပိုင်းနယ်စားမင်းသား၏ စံအိမ်တွင် နောက်ထပ်ထိပ်သီးပညာရှင်တစ်ဦးရှိနေသေးသည်ကို မသိရှိခဲ့ပေ။

လုချန်း၏ ကိုယ်လုပ်တော်သည်ပင် ထိပ်သီးပညာရှင် ဖြစ်နေသည်ကို မုချန်တိန် သိရှိခဲ့ပါက သူပို၍ပင် အံ့အားသင့်သွားပေမည်။

ရှနိုင်ငံတော်တွင် ထိပ်သီးပညာရှင်အရေအတွက် အနည်းငယ်သာရှိပြီး ယခုအခါ မုချန်တိန်နှင့် နေပြည်တော်တွင် ရှိနေဆဲဖြစ်သော အထူးကိုယ်ရံတော်တပ်မှူး လျံဇွန်းတို့အပါအဝင် မြောက်ပိုင်းမြို့တော်တွင် ထိပ်သီးပညာရှင်ခြောက်ဦးရှိနေပြီဖြစ်သည်။

နိုင်ငံငယ်အချို့တွင်ပင် ထိပ်သီးပညာရှင်အရေအတွက် ဒီလောက်များများစားစား မရှိနိုင်ပေ။

လုချန်းသည် ပြုံးရယ်ကာ

“ဗိုလ်ချုပ်နှစ်ယောက်ရဲ့ အကူအညီနဲ့ လွင်ပြင်ဒေသမျိုးနွယ်စုတွေရဲ့ မြင်းတပ်က‌ သေချာပေါက် ပြန်လမ်းမရှိတဲ့ ခရီးဖြစ်သွား‌ တော့မယ်” ဟု ပြောလိုက်သည်။

“မြို့တော်ကို ပြန်ကြရအောင်။ ကျွန်တော်က ဗိုလ်ချုပ်နှစ်ယောက်ကို ကြိုဆိုဖို့ စားသောက်ပွဲကျင်းပပြီး အားဖြည့်ပေးပါမယ်။”

မြို့တော်ရှိနေထိုင်သူများ၏အာရုံကို မဖမ်းစားမိစေရန်နှင့် သတင်းများ စောစီးစွာမထွက်ပေါ်စေရန် လုချန်းသည် သံချပ်ကာမြင်းတပ်ကို ကြိုတင်ပြင်ဆင်ထားသော မြို့တော်အပြင်ရှိ စစ်စခန်းတွင် တပ်စွဲထားစေခဲ့သည်။

ထို့နောက် သူသည် ဝမ်ရန်လီနှင့် ရွှမ်ယွမ်ချန်းတို့အပါအဝင် အရေးပါသော ဗိုလ်ချုပ်အနည်းငယ်ကိုသာ ခေါ်ဆောင်ကာ ရန်ခရိုင်သို့ဝင်ရောက်ခဲ့သည်။ လုချန်းသည် ကျန်ခဲ့သော ထိုအနက်‌ရောင် မြင်းတပ်သားများကို အရက်ကောင်းနှင့် အသားများပေးပြီး ဧည့်ခံခဲ့သည်။

သူတို့သည် ဝေးကွာသောနေရာမှ နေပူမရှောင် မိုးရွာမရှောင် ခရီးပြင်းနှင်လာခဲ့ရသည် မဟုတ်ပါလား။ ထို့ကြောင့် သူတို့ကို ကောင်းမွန်စွာ ဧည့်ခံကျွေးမွေးခြင်းသည် အလွန်ဖြစ်သင့်သော ကိစ္စဖြစ်သည်။

........

အခန်း (၁၀၄) လွင်ပြင်ဒေသမျိုးနွယ်စုများ တောင်ဘက်သို့ ရွေ့လျားလာခြင်း

လုချန်းသည် ရွှမ်ယွမ်ချန်း၊ ဝမ်ရန်လီနှင့် ဗိုလ်ချုပ်များအဖွဲ့ကို မင်းသားစံအိမ်တွင် ဧည့်ခံပြီးနောက် ယူနိုင်ငံတော်၏ အကြွင်းအကျန်များနှင့် ပတ်သက်သော အကြောင်းအရာများကို မေးမြန်းခဲ့သည်။

စစ်ပွဲအပြီးတွင် လုချန်းသည် ယူနိုင်ငံတော်၏ အကြွင်းအကျန် အားလုံးကို မြောက်ပိုင်းမြို့တော်သို့ ပြောင်းရွှေ့ရန် အစီအစဉ်ရှိသည်။ အဘယ်ကြောင့်ဆိုသော် မြောက်ပိုင်းမြို့တော်၏တည်ဆောက်မှုအတွက် လူဦးရေအမြောက်အမြား လိုအပ်နေသောကြောင့်ဖြစ်သည်။

လက်ရှိ မြောက်ပိုင်းမြို့တော်၏လူဦးရေဖြင့် မြို့တော်တည်ဆောက်မည့် သူ၏အစီအစဉ်များကို အကောင်အထည် ဖော်နိုင်မည်မဟုတ်ပေ။

ယူနိုင်ငံတော်၏ အကြွင်းအကျန်များက ငါးသိန်းသာရှိသော်လည်း သူတို့ကို မြောက်ပိုင်းမြို့တော်သို့ ပြောင်းရွှေ့စေခြင်းက လူဦးရေတိုးပွားလာစေရန် အထောက်အကူ ဖြစ်စေမည်ဖြစ်သည်။

မြောက်ပိုင်းမြို့တော်သည် ကျယ်ပြန့်ပြီး လူဦးရေ နည်းပါးသည်။ လူသူမနေထိုင်သော နေရာများစွာ လစ်လပ်နေဆဲ ဖြစ်သည်။ လူဦးရေငါးသိန်းကို နေရာချထားရန် ပြဿနာ မရှိသလို နောက်ထပ်သုံးသန်းလည်း ထပ်မံထည့်သွင်းနိုင်သည်။

ကြိုဆိုဧည့်ခံပွဲတွင် လုချန်းနှင့် အနက်ရောင်မြင်းတပ်ဗိုလ်ချုပ်များ ဆွေးနွေးနေသည်ကို နားထောင်ရင်း မုချန်တိန်နှင့် အခြားသူများသည် လုချန်း ဤမျှကြီးမားသော မြင်းတပ်ကို လေ့ကျင့်နေသည်ကို သူတို့မသိရှိရသည့်အကြောင်းရင်းကို နောက်ဆုံးတွင် နားလည်သွားခဲ့ကြသည်။

ဤအနက်‌ရောင် မြင်းတပ်သည် မြောက်ပိုင်းမြို့တော်တွင်တောင်မဟုတ်ဘဲ မြောက်ပိုင်းဒေသ၏ ပို၍ဝေးကွာသောနေရာတွင် တပ်စွဲထားပြီး လူဦးရေငါးသိန်းပင် ရှိနေသည့်နေရာဖြစ်သည်။

မြောက်ပိုင်းဒေသသည် လွင်ပြင်ဒေသ မျိုးနွယ်စုများ၏ နေရပ်ဖြစ်ပြီး ရှနိုင်ငံတော်၏ တပ်များသည် မြောက်ပိုင်းဒေသတွင်းသို့ ဝင်ရောက်တတ်ခြင်း မရှိသောကြောင့် မြောက်ပိုင်းဒေသတွင် ယူနိုင်ငံတော်၏ အကြွင်းအကျန်များ ငါးသိန်းခန့် ရှိနေသည်ကို သိသူ နည်းပါးသည်။

မုချန်တိန်နှင့် အခြားသူများသည် လုချန်းကို မချီးကျူးဘဲ မနေနိုင်ကြပါ။ လုချန်းသည် ထိုငါးသိန်းသော ယူနိုင်ငံတော်၏ အကြွင်းအကျန်များကို ရှာဖွေတွေ့ရှိရုံသာမက ထိုအနက်ရောင် မြင်းတပ်သားငါးသောင်းကိုပါ ဖွဲ့စည်းနိုင်ခဲ့သည်။

အမှန်တော့ လုချန်းသည် နတ်ဘုရားများ၏ ကောင်းချီးကို ခံယူထားသူဖြစ်၏။ ယူနိုင်ငံတော် အကြွင်းအကျန်များ၏ သစ္စာစောင့်သိမှုသည် မုချန်တိန်နှင့် အခြားသူများကို လုချန်းသည် တကယ်ပင် ကံကြမ္မာ၏ သားတော်ဖြစ်ကြောင်း ပို၍ ယုံကြည်စေခဲ့သည်။

ယခုအခါ စနစ်မှ ခေါ်ယူခြင်း ခံထားရသည် မဟုတ်သော ဗိုလ်ချုပ်များနှင့် စစ်သည်များ၏ လုချန်းအပေါ် သစ္စာစောင့်သိမှုသည်လည်း အခြေခံအားဖြင့် ၁၀၀ ရာခိုင်နှုန်းအထိ ရောက်ရှိလာပြီ ဖြစ်သည်။ မြောက်ပိုင်းနယ်စားမင်းသား ပြသခဲ့သော အင်အားနှင့် ရည်မှန်းချက်များသည် ကမ္ဘာကို စုစည်းနိုင်မည့် အလားအလာကို သူတို့အား အမှန်တကယ် မြင်စေခဲ့သည်။ သူတို့သည် မြောက်ပိုင်းနယ်စားမင်းသားနောက်ကို လိုက်ခြင်းဖြင့် တစ်နေ့တွင် ဂုဏ်သရေရှိသော မှူးမတ်များ ဖြစ်လာမည်ဟု ယုံကြည်ကြသည်။

ကြိုဆိုစား‌သောက်ပွဲ ပြီးသွားပြီးနောက် လုချန်းသည် ချက်ချင်းပင် ဗိုလ်ချုပ်များကို သူ၏ စာကြည့်ခန်းသို့ ခေါ်ဆောင်သွားပြီး လွင်ပြင်ဒေသ မျိုးနွယ်စုများကို ရင်ဆိုင်တိုက်ခိုက်ရန် အစီအစဉ်များ ရေးဆွဲခြင်းကို စတင်လိုက်သည်။

ရက်အနည်းငယ်အကြာ မြောက်ပိုင်းမြို့တော်၊ ထျန်းကောင်းမြို့တွင် မြင်းတပ်ကြီးတစ်ခုသည် ထျန်းကောင်းမြို့ကို ဝိုင်းရံထားသည်။ ရှောင်ဟွန်ဗိုသည် မြင်းပေါ်တွင် စီးနင်းလျက် သူရှေ့တွင် ရှိနေသော ပျက်စီးနေသည့် မြို့ကို ကြည့်ရင်း ဝမ်းမြောက်စွာ ကြွေးကြော်လိုက်သည်။

“မြောက်ပိုင်းမြို့တော်ကို ငါ ရောက်လာပြီ။”

“အခုချိန်ကစပြီး မြောက်ပိုင်းမြို့တော်က ငါရဲ့ နယ်မြေ ဖြစ်လာပြီ။”

ထိုအချိန်တွင် ထျန်းကောင်းမြို့ဘက်မှ ကြည့်မည်ဆိုပါက မြိုအနီးအနားတွင် ကျယ်ပြန့်သော အဆုံးမရှိသည့် မြင်းတပ်ပင်လယ်ကြီးကို မြင်တွေ့နိုင်မည် ဖြစ်သည်။ သို့သော် ဝမ်းနည်းစရာ ကောင်းသည်မှာ ထျန်းကောင်းမြို့သည် ယခုအခါတွင် လူသူကင်းမဲ့နေပြီး ထိုကြီးကျယ်ခမ်းနားသော မြင်ကွင်းကို မည်သူမျှ မြင်တွေ့နိုင်ခြင်း မရှိတော့ပါ။

ထျန်းကောင်းမြို့သည် မြောက်ပိုင်းမြို့တော်၏ မြောက်ပိုင်းအကျဆုံး မြို့ဖြစ်သောကြောင့် လွင်ပြင်ဒေသ မျိုးနွယ်စုများ၏ ပထမဆုံး ပစ်မှတ် ဖြစ်လာသည်။ လက်ရှိတွင် ရှောင်ဟွန်ဗို၏ သုံးသိန်းသော တပ်မကြီးသည် နေရာခွဲထားခြင်း မရှိပဲ ထျန်းကောင်းမြို့ အပြင်ဘက်တွင် အားလုံးစုဝေးနေကြသည်။

ထျန်းကောင်းမြို့သည် လွင်ပြင်ဒေသ မျိုးနွယ်စုများ၏ သံမဏိ မြင်းတပ်ကို ခံနိုင်ရည် ရှိမည်ဟု ရှောင်ဟွန်ဗို မယုံကြည်ပါ။ သူသည် သူ့ဘေးရှိ စစ်သည်များကို တိုက်ရိုက် ပြောလိုက်သည်။

“ထျန်းကောင်းမြို့က ရှနိုင်ငံတော်ကို ကာကွယ်သူများကို ချက်ချင်း ကြေညာလိုက်ပါ။ သူတို့ လက်နက်ချလျှင် သူတို့ရဲ့ အသက်ကို ချမ်းသာပေးရုံတင်မကပဲ သူတို့ကို ငါရဲ့ တပ်မှာပါဝင်ခွင့် ပေးမယ်။ နောင်အခါ သူတို့ဟာ ငါနှင့်အတူ ချမ်းသာကြွယ်ဝမှုကို မျှဝေခံစားကြရမယ်။”

ချီတက်မည့် အချိန်မတိုင်မီ ရဲလိနန်ရန်က ရှောင်ဟွန်ဗိုအား ဤစစ်ဆင်ရေးတွင် သတ်ဖြတ်ခြင်းကို အမြဲတမ်း မပြုလုပ်ရန်နှင့် ဒေသခံများ၏ လွင်ပြင်ဒေသ မျိုးနွယ်စုများအပေါ် ကြောက်ရွံ့မှုကို တတ်နိုင်သမျှ လျှော့ချရန် သတိပေးခဲ့သည်။

သူတို့တည်ဆောက်ရန် စီစဉ်ထားသော နိုင်ငံသည် ရှနိုင်ငံတော်၏ လူများမပါပဲ တည်ဆောက်ရန် ခက်ခဲလိမ့်မည်။ လွင်ပြင်ဒေသမျိုးနွယ်စုများသည် အမြဲတမ်း မြက်ခင်းလွင်ပြင်များတွင် လှည့်လည်သွားလာနေထိုင်သော မျိုးနွယ်စုများ ဖြစ်ပြီး နိုင်ငံတည်ဆောက်သည့် အတွေ့အကြုံမရှိပေ။ မြောက်ပိုင်းမြို့တော်ရှိ ရှနိုင်ငံသားများသည် လွင်ပြင်ဒေသမျိုးနွယ်စုများအတွက် အရေးပါသောကြောင့် ရှနိုင်ငံသားများနှင့် လွင်ပြင်ဒေသမျိုးနွယ်စုများကြား ပဋိပက္ခ အလွန်မကြီးအောင် သတိထားရမည်ဖြစ်သည်။

သို့သော် မြောက်ပိုင်းမြို့တော်၏ ကာကွယ်သူများသည် အဆုံးတိုင် ခုခံရန် ရွေးချယ်ပါက သူတို့သည် သွေးချောင်းစီးသည့် နှိမ်နင်းမှုကို ရင်ဆိုင်ရမည်ဖြစ်သည်။ ထိုအချိန်တွင် လွင်ပြင်ဒေသမျိုးနွယ်စုစစ်သည်များသည် ထျန်းကောင်းမြို့နားသို့ မြင်းစီးလာပြီး မြို့၏ ကာကွယ်သူများကို လက်နက်ချရန် အော်ဟစ်သတိပေးခဲ့သည်။

သို့သော် စစ်သည်များ အားကုန်ထုတ်အော်ဟစ်သော်လည်း ထျန်းကောင်းမြို့၏ ကာကွယ်သူများထံမှ တုံ့ပြန်မှု မရရှိခဲ့ပေ။ မြို့ထဲမှ စစ်သည်များပင် ထွက်ပေါ်လာသည်ကို မမြင်ရပေ။

ထိုအရာကို မြင်လိုက်ရသောအခါ ရှောင်ဟွန်ဗိုသည် ထျန်းကောင်းမြို့၏ စစ်သည်များသည် သူတို့၏ စစ်တပ်ချဉ်းကပ်လာသည်အထိ စောင့်ဆိုင်းပြီး အလစ်တိုက်ခိုက်ရန် အစီအစဉ် ရှိနေလားဟု စဉ်းစားမိလိုက်သည်။

အစားအစာနှင့် အမျိုးသမီးများအတွက် တောင်ဘက်သို့ ဝင်ရောက်တိုက်ခိုက်စဉ်က ရှနိုင်ငံတော်အား ကာကွယ်သူများ၏ နည်းဗျူဟာမှာ မြို့ထဲတွင် လူမရှိသကဲ့သို့ ဟန်ဆောင်ပြီး လွင်ပြင်ဒေသမျိုးနွယ်စုများ၏စစ်သည်များ ချဉ်းကပ်လာသည့်အခါ မထင်မှတ်ပဲ မြားများဖြင့် ပစ်ခတ်ခြင်းဖြစ်သည်။

ရှောင်ဟွန်ဗိုသည် ထျန်းကောင်းမြို့၏ မြို့ရိုး အောက်ခြေသို့ စစ်သည်အနည်းငယ်ထပ်မံစေလွှတ်ကာ ယခုအကြိမ်တွင် မြို့ရိုးနှင့် ပို၍နီးကပ်စွာသွားရန် အမိန့်ပေးခဲ့သည်။ သူတို့သည် မြို့တော်တံခါးမှ မီတာနှစ်ဆယ်အကွာသို့ ရောက်ရှိသွားပြီဖြစ်သည်။

သို့သော် တုံ့ပြန်က သူမရှိသေးပေ။ ထျန်းကောင်းမြို့သည် ကာကွယ်သူမရှိပဲ လစ်လပ်နေသည်ဟု ထင်ရသည်။

ရှောင်ဟွန်ဗို၏ နဖူးတွင်အရေးအကြောင်းများဖြစ်ပေါ်လာသည်။ ရှနိုင်ငံတော်၏ လူများသည် ထျန်းကောင်းမြို့ကို စွန့်ခွာသွားသည်ဟု သူမယုံကြည်ပေ။ သူ့အမြင်တွင် ထျန်းကောင်းမြို့၏စစ်သည်များသည် ပုန်းအောင်း‌နေကြပြီး လွင်ပြင်ဒေသမျိုးနွယ်စုစစ်တပ် ချဉ်းကပ်လာသည်ကို စောင့်ဆိုင်းကာ ရုတ်တရက် တိုက်ခိုက်ကြမည် ဖြစ်သည်။

ထိုအတွေးကို တွေးမိသောအခါ ရှောင်ဟွန်ဗိုသည် ဒေါသဖြစ်လာသည်။ ဤရှနိုင်ငံတော်၏ လူများသည် တကယ်ပင် ခုခံရန် စိတ်ပိုင်းဖြတ်ထားကြပုံ ရသည်။ သူတို့သည် လက်နက်မချပဲ မြို့ကိုကာကွယ်နေဦးမည် ဆိုပါက သေခြင်းသည်သာ သူတို့၏ တစ်ခုတည်းသော လမ်းဖြစ်လာမည် ဖြစ်သည်။

ချက်ချင်းပင် ရှောင်ဟွန်ဗိုသည် သူ၏ ကြီးမားသော ပုဆိန်ကို မြှောက်လိုက်ကာ အော်လိုက်သည်။

“ထျန်းကောင်းမြို့ကို တိုက်ခိုက်ကြ”

နောက်တစ်မိနစ်တွင် စစ်ခရာများကို ကိုင်ဆောင်ထားသော စစ်သည် ဆယ်ဂဏန်းခန့်သည် စစ်ခရာများကို စတင်မှုတ်လိုက်တော့၏။ ခရာသံများသည် မြက်ခင်းလွင်ပြင်‌တစ်ခုလုံးတွင် ပဲ့တင်ထပ်လာ တော့သည်။

မကြာမီ မြို့တံခါးကို ချိုးဖောက်ရန် တာဝန်ရှိသော စစ်သည်များသည် ထျန်းကောင်းမြို့၏ မြိုတံခါးများကို ချိုးဖောက်ရန် မြို့သိမ်းယာဉ်တစ်စီးကို ယူဆောင်လာကြသည်။ မြောက်ပိုင်းမြို့တော်ကို သိမ်းပိုက်မည့် ယခုစစ်ဆင်ရေးအတွက် ကောင်းကင်ဝံပုလွေဘုရင်၏ မျိုးနွယ်စုသည် လုံလောက်သော ပြင်ဆင်မှုများ ပြုလုပ်ထား၏။

သူတို့သည် မြင်းတပ်သုံးသိန်းကို ခေါ်ဆောင်လာရုံသာမက မြို့သိမ်းယာဉ်များကိုလည်း အပြည့်အစုံ ပြင်ဆင်ထားသည်။ ယခုအကြိမ်သည် အစားအစာနှင့် အမျိုးသမီးများကို လုယက်ရန်သာ မဟုတ်တော့ပဲ မြို့ကိုပါသိမ်းပိုက်ရန် ရည်ရွယ်ထားသော စစ်ဆင်ရေးဖြစ်သောကြောင့် မြို့သိမ်းယာဉ်များ ပါရှိရန် လိုအပ်သည်။

ထျန်းကောင်းမြို့၏ မြို့တံခါးများကို လွင်ပြင်ဒေသ မျိုးနွယ်စု စစ်သည်များက အလွယ်တကူ ချိုးဖောက်နိုင်သည်ကို မြင်သောအခါ ရှောင်ဟွန်ဗို အလွန်အံ့အားသင့်သွား၏။ လွင်ပြင်ဒေသ မျိုးနွယ်စုများ၏ စစ်သည်များသည်လည်း ကြက်သေသေသွားကြသည်။

ပုံမှန်အားဖြင့် မြို့တံခါးများကို ချိုးဖောက်ရန် မြို့သိမ်းယာဉ်ဖြင့် ဆယ်ကြိမ်ကျော် ထိုးဖောက်ရန် လိုအပ်သော်လည်း အခုထျန်းကောင်းမြို့၏ မြို့တံခါးများကို တစ်ချက်တည်းဖြင့် ချိုးဖောက်နိုင်ခဲ့သည်။

ဒါက ဖြစ်နိုင်ပါ့မလား။ ထျန်းကောင်းမြို့၏ စစ်သည်များသည် လွင်ပြင်ဒေသ မျိုးနွယ်စုများ၏ မြင်းတပ်ကို မြို့ထဲသို့ ဝင်ရောက်စေပြီး အသေအကြေ တိုက်ခိုက်ရန် စီစဉ်ထားခြင်းများလား။

ထိုဖြစ်နိုင်ခြေကို စဉ်းစားမိသောအခါ လွင်ပြင်ဒေသ မျိုးနွယ်စုများ၏ စစ်သည်များသည် သတိကြီးစွာဖြင့် ထျန်းကောင်းမြို့ထဲသို့ ဝင်ရောက်လိုက်ကြသည်။ ရှောင်ဟွန်ဗိုသည် မြင်းစီးလျက်ကြီးမားသော တပ်မကြီး၏ အလယ်တွင် ရပ်နေပြီး ထျန်းကောင်းမြို့အတွင်းမှ သတင်းကို တိတ်ဆိတ်စွာ စောင့်ဆိုင်းနေသည်။

ခဏအကြာတွင် ရှောင်ပင်တိန်သည် ထျန်းကောင်းမြို့အတွင်းမှ မြင်းစီးလျက် ထွက်လာပြီး ရှောင်ဟွန်ဗိုဆီသို့ တိုက်ရိုက်ဦးတည်လာသည်။

“ဘုရင်ကြီး။ ထျန်းကောင်းမြို့မှာ လူသူကင်းမဲ့နေပါတယ်။”

“ရှနိုင်ငံတော်ရဲ့ စစ်သားများ မရှိတဲ့အပြင်ပြည်သူတစ်ယောက်မှကိုလည်း မတွေ့ရပါဘူး။”

ထိုစကားကို ကြားသောအခါ ရှောင်ဟွန်ဗိုသည် ခဏတာမျှ ငြိမ်သက်သွား ပြီးနောက် ကျယ်လောင်စွာ ရယ်မောလိုက်သည်။

“ဟားဟားဟား။ ကျုပ် အခု နားလည်ပြီ။ ကျုပ်တို့ ရောက်လာမယ့် သတင်းကို ကြား တော့ ငယ်ရွယ်သေးတဲ့ မြောက်ပိုင်းနယ်စားမင်းသားလည်း လန့်ပြီး မြောက်ပိုင်းမြို့တော်က ပြည်သူအကုန်လုံးပါခေါ်ပြီး ထွက်ပြေးသွားကြတာ ဖြစ်ရမယ်။”

ထိုအချိန်တွင် ရှောင်ပင်တိန်က သူ့အား သတိပေးလိုက်သည်။

“ဘုရင်ကြီး။ မိဖုရားကြီးက မြောက်ပိုင်းမြို့တော်ကို သိမ်းပိုက်တဲ့အခါ ရှနိုင်ငံတော်ရဲ့ ပြည်သူတွေကိုပါ တတ်နိုင်သမျှ ဖမ်းဆီးဖို့မိန့်ထားပါတယ်။ ရှနိုင်ငံတော်က ပြည်သူ‌ တွေအားလုံး ထွက်ပြေးသွားရင် ကျွန်တော်တို့ နိုင်ငံတည်ထောင်တဲ့အခါကျရင် ကျွန်တော်တို့အတွက် အလုပ်လုပ် ပေးမယ့်သူ မရှိတော့ပါဘူး။”

ထိုစကားကို ကြားသောအခါ ရှောင်ဟွန်ဗို၏ မျက်နှာပေါ်ရှိ အပြုံးရိပ်သည် ချက်ချင်း ကွယ်‌ပျောက်သွား‌၏။ သူသည် ထိုအသေးစိတ်အချက်ကို မေ့နေခဲ့သည်။ ချက်ချင်းပင် ရှောင်ဟွန်ဗိုက အမိန့်ထုတ်လိုက်သည်။

“ရှောင်ပင်တိန် မြောက်ပိုင်းမြို့တော်ရဲ့ မျဉ်းကွေးမြို့ကို စစ်သည်တစ်သိန်းကို ခေါ်ဆောင်သွားပါ။ မျိုးနွယ်စု သံမဏိကလည်း စစ်သည်ငါးသောင်းကို ခေါ်ပြီး လူပြတ်မြို့ကို သွားပါ။”

ရှောင်ပင်တိန်နှင့် နောက်ထပ် လွင်ပြင်ဒေသ ဗိုလ်ချုပ်တစ်ဦးက

“ဟုတ်ကဲ့ပါ ဘုရင်ကြီး” ဟု ချက်ချင်း တုံ့ပြန်လိုက်သည်။

လျင်မြန်စွာပင် လွင်ပြင်ဒေသ မျိုးနွယ်စုများသည် သုံးစုကွဲသွားပြီး တောင်ဘက်သို့ ဆက်လက် ချီတက်ကြသည်။ သို့သော် သူတို့သည် မြောက်ပိုင်းမြို့တော်အတွင်းပိုင်း တောင်ဘက်ထဲသို့ ချီတက်လာသည်နှင့်အမျှ ရှနိုင်ငံတော်ကို ကာကွယ်သူများကို မတွေ့ရသည့်အပြင် ပြည်သူများလည်း မရှိသလောက် ဖြစ်နေသည်ကို သတိထားမိကြသည်။

သူတို့ ဖမ်းဆီးမိသော ပြည်သူအနည်းငယ်မှာမြောက်ပိုင်းမြို့တော်မှ ထွက်ခွာရန် ငြင်းဆန်သော အိုမင်းသူများ၊ နေမကောင်းသူမျာနှင့် မသန်စွမ်းသူများသာ ဖြစ်ကြသည်။

ထိုအချက်က ရှောင်ဟွန်ဗိုအား မကျေမနပ်ဖြစ်စေသည်။ သူတို့သည် တောင်ဘက်သို့ ချီတက်ပြီး မြောက်ပိုင်းမြို့တော်ကို သိမ်းပိုက်ရန် ရည်ရွယ်ခဲ့သည်။ သူတို့သည် မြေကို လိုချင်သည်သာမက ပြည်သူများကိုလည်း လိုချင်သည်။

အခုတော့ ပြည်သူများ အားလုံးက ထွက်ပြေးသွားပြီဖြစ်၏။ သူတို့မြောက်ပိုင်းမြို့တော်ကို သိမ်းပိုက်လျှင်တောင် မြို့ကိုမည်သို့ ဆက်လက် လည်ပတ်ရမည်ကို မသိပေ။

.......

အခန်း (၁၀၅) ရှောင်ပင်တိန်၏ အလိုလိုသိစိတ်

လွင်ပြင်ဒေသ မျိုးနွယ်စုများသည် အမြဲတမ်း နေရင်းဒေသမရှိဘဲ ရေကြည်ရာမြက်နုရာကို ရွှေ့ပြောင်းနေထိုင်လေ့ရှိပြီး တိရစ္ဆာန်မွေးမြူခြင်းဖြင့် အသက်မွေးကြသည်။

ယခုအခါတွင် သူတို့သည် နေရာတစ်ခုကို ရှာဖွေပြီး နိုင်ငံတစ်နိုင်ငံ တည်ထောင်ကာ လယ်ယာစိုက်ပျိုးရေးလုပ်ရန် လိုအပ်လာသည်။ ထိုသို့သော ဘဝနေထိုင်မှုပုံစံကို သူတို့ မည်ကဲ့သို့ အလွယ်တကူ ကျင့်သားရမည်နည်း။

ထို့ကြောင့် ရှနိုင်ငံတော်၏ ပြည်သူများသည် သူတို့အတွက် အလွန်အရေးကြီးသည်။ ရဲလိနန်ရန်၏ စိတ်ကူးမှာ ရှနိုင်ငံတော်၏ ပြည်သူများနှင့် လွင်ပြင်ဒေသ မျိုးနွယ်စုများကြား ဆက်ဆံရေး ကောင်းမွန်စေပြီး လွင်ပြင်ဒေသ မျိုးနွယ်စုများကို ရှနိုင်ငံတော်၏ လယ်ယာယဉ်ကျေးမှုနှင့် ရင်းနှီးစေရန် ဖြစ်သည်။

သို့သော် ယခု ရှနိုင်ငံတော်၏ ပြည်သူများသည် လွင်ပြင်ဒေသ မျိုးနွယ်စုများ ရောက်ရှိလာသည်ကို ကြားသောအခါ အားလုံး ထွက်ပြေးသွားကြသည်။ လွင်ပြင်ဒေသ မျိုးနွယ်စုများသည် မြောက်ပိုင်းမြို့တော်ကို သိမ်းပိုက်ပြီး ပြည်သူများ မရှိတော့ပါက ဘာမှအကျိုးမရှိပါ။

ရှနိုင်ငံတော်၏ ပြည်သူများ မရှိပါက တစ်နှစ်ပတ်လုံး တိရစ္ဆာန်မွေးမြူခြင်းဖြင့် အသက်မွေးနေကြသော သူတို့လူများအား လယ်ယာစိုက်ပျိုး‌ရေး လုပ်ကြရန် မျှော်လင့်နိုင်ပါသလား။

အတွေ့အကြုံမရှိသော သူတို့သည် စိုက်ပျိုးရေးကို ထိထိရောက်ရောက် လုပ်နိုင်မည်မဟုတ်ပေ။ လယ်ယာစိုက်ပျိုးရေးယဉ်ကျေးမှုနှင့် ပေါင်းစည်းနိုင်ခြင်းမရှိပါက နောက်ဆုံးတွင် မြောက်ပိုင်းမြို့တော်ကို သိမ်းပိုက်နိုင်သော်လည်း တောင်ဘက်သို့ သွားရောက်၍ ဆက်လက်လုယက်ကြရဦးမည်ဖြစ်သည်။

တောင်ဘက်သို့ သွားရောက်လုယက်ခြင်းသည် ရှနိုင်ငံတော်၏ အဓိကအကျိုးစီးပွားနှင့် တိုက်ရိုက်ဆန့်ကျင်သွားလိမ့်မည်။ အရင်က လွင်ပြင်ဒေသ မျိုးနွယ်စုများနှင့် ပူးပေါင်းဆောင်ရွက်ခဲ့သော ရှနိုင်ငံ အရာရှိများနှင့် အာဏာရှိမိသားစုများလည်း ပေါင်းစည်းသွားကာ စစ်တပ်ကြီးတစ်တပ်ကို မြောက်ဘက်သို့ စေလွှတ်ကြလိမ့်မည်။ ထိုအချိန်တွင် လွင်ပြင်ဒေသမျိုးနွယ်စုများသည် မြောက်ပိုင်းမြို့တော်ကို ဆက်လက်ထိန်းသိမ်းထားနိုင်မည်လားဆိုသည်က မသေချာပေ။

လွင်ပြင်ဒေသမျိုးနွယ်စုများသည် မြင်းစီးတိုက်ခိုက်ရာတွင် ကျွမ်းကျင်ပြီး မြန်ဆန်စွာ ရွေ့လျားနိုင်စွမ်းရှိသည်။ ထိုအချက်က မြို့တစ်မြို့ကို တိုက်ခိုက်ဖို့ဆိုလျှင် ကောင်းပါသည်။ သို့သော် မြို့တစ်မြို့ကို ကာကွယ်ရန်တော့ သူတို့တွင် အတွေ့အကြုံမရှိပေ။

ထိုအချက်သည် သူတို့အတွက် အလွန်အခက်အခဲဖြစ်စေသည်။ ထိုအချိန်တွင် ရှောင်ဟွန်ဗိုသည် မြင်းစီးလျက် မြက်ခင်းလွင်ပြင်ပေါ်ရှိ တောင်ကုန်းငယ် တစ်ခုပေါ်တွင် ရပ်နေပြီး ရန်ခရိုင်ဘက်သို့ ငေးကြည့်နေသည်။

ခဏအကြာတွင် မြင်းတပ်တစ်တပ်သည် သူတို့၏ ပင်မတပ်ကြီးဘက်သို့ လျင်မြန်စွာ ချဉ်းကပ်လာခဲ့သည်။ ရှောင်ပင်တိန်နှင့် သူ၏လူများ ပြန်လာခြင်းဖြစ်သည်။ ရှောင်ဟွန်ဗိုသည် ရှောင်ပင်တိန်ဦးဆောင်သော တပ်မကြီးဘက်သို့ ချက်ချင်းလှည့်ကြည့်လိုက်သည်။ ရှောင်ပင်တိန်သည် အတော်လေး စိတ်ညစ်နေသောမျက်နှာဖြင့် ရှောင်ဟွန်ဗို၏ အရှေ့သို့ ရောက်ရှိလာခဲ့သည်။

“ဘုရင်ကြီး။ ကျွန်တော်တို့ သွားကြည့်ခဲ့တဲ့ မြို့အားလုံးမှာ လူသူကင်းမဲ့နေပါတယ်။ ရှနိုင်ငံတော်က ပြည်သူအများစုက တောင်ဘက်ကို ပြောင်းရွှေ့သွားပါပြီ။”

“ကျွန်တော်တို့ ရှနိုင်ငံတော် ပြည်သူအချို့ကို ဖမ်းဆီးရမိပါတယ်။ သူတို့ရဲ့ ပြောပြချက်အရ မြောက်ပိုင်းနယ်စားမင်းသားက မကြာသေးမီကပဲ ပြည်သူအားလုံးကို တောင်ဘက်ပြောင်းရွှေ့ဖို့ ညွှန်ကြားခဲ့ပါတယ်။ သူက မြောက်ပိုင်းမြို့တော်က စစ်သည်သုံးသောင်းကို ဦးဆောင်ပြီး ရန်ခရိုင်မှာ ကျွန်တော်တို့နဲ့ အ‌သေအကြေတိုက်ခိုက်ဖို့ အစီအစဉ်ရှိပါတယ်။”

ထိုစကားကိုကြားလိုက်ရသောအခါ ရှောင်ဟွန်ဗို ခဏတာမျှ တုန်လှုပ်သွားခဲ့သည်။

ထို့နောက် သူက မယုံကြည်နိုင်သေးပဲ ထပ်မေးလိုက်သည်။

“မြောက်ပိုင်းနယ်စားမင်းသားက ကျုပ်တို့နဲ့ ရန်ခရိုင်မှာ အသေအကြေတိုက်မယ် ဟုတ်လား။”

ရှောင်ဟွန်ဗိုသည် မြောက်ပိုင်းနယ်စားမင်းသားကို မမြင်ဖူးသော်လည်း ရှနိုင်ငံတော်၏ ကုန်သည်များထံမှ မြောက်ပိုင်းနယ်စားမင်းသားသည် မည်သည့်လူစားမျိုးဖြစ်သည်ကို ကြားဖူးခဲ့သည်။ သူသည် ပညာမဲ့ပြီး အပျော်အပါးကိုသာ စိတ်ဝင်စားသော နယ်စားမင်းသားတစ်ဦးဖြစ်သည်။

မြောက်ပိုင်းနယ်စားမင်းသားသည် မြောက်ပိုင်းမြို့တော်သို့ရောက်ရှိလာပြီးနောက် နေ့စဉ်နေ့တိုင်း သူ၏စံအိမ်တွင် ပျော်ပါးစွာ နေထိုင်ပြီး မြောက်ပိုင်းမြို့တော်၏ ကိစ္စရပ်များကို လုံးဝဂရုမစိုက်ခဲ့ပေ။

ထို့အပြင် မြောက်ပိုင်းနယ်စားမင်းသားသည် ယခုနှစ်တွင် အသက် ၁၇ နှစ်သာရှိသေးသည်ဟု ထင်ရသည်။ ၁၇ နှစ်သည် ဤခေတ်တွင် လူကြီးအဖြစ် သတ်မှတ်ခံရသော်လည်း တစ်ချို့သူများကတော့ ၁၇ နှစ်အရွယ်အများစုကို ကလေးများအဖြစ် မြင်နေဆဲဖြစ်သည်။

ရှောင်ဟွန်ဗို၏အမြင်တွင် မြောက်ပိုင်းနယ်စားမင်းသားသည်လည်း ချွင်းချက်မဟုတ်ပါ။ သူ၏အမြင်တွင် မြောက်ပိုင်းနယ်စားမင်းသားသည် ကလေးတစ်ယောက်သာဖြစ်သည်။ သူ၏တောင်ဘက်သို့ ချီတက်မှုကို ကြားလိုက်သည်နှင့် ထိုလူငယ်သည် လန့်ပြီး အမြှီးကုပ်ကာ ထွက်ပြေးသွားလိမ့်မည်ဟု သူအမြဲထင်မှတ်ခဲ့သည်။

ယခု ရှောင်ပင်တိန်က မြောက်ပိုင်းနယ်စားမင်းသားသည် မထွက်ပြေးပဲ ရန်ခရိုင်တွင် သူတို့နှင့် အသေအကြေ တိုက်ခိုက်ရန် စောင့်ဆိုင်းနေသည်ဟု သူ့အားပြောနေသည်။ ထိုအသုံးမကျသော နယ်စားမင်းသားသည် အသေအကြေ တိုက်ခိုက်ဖို့အထိ ရဲရင့်နေပါသလား။

လွင်ပြင်ဒေသမျိုးနွယ်စုများ၏ သံမဏိမြင်းတပ်အတွက် စစ်သည်သုံးသောင်းဆိုသည်မှာ ဘာမှမဟုတ်ပါ။ လက်နက်ကိုင်ထားသော ခြေနှစ်ချောင်း သိုးအုပ်တစ်အုပ်ထက်ပင် ပိုမည်မဟုတ်ပေ။

ရှောင်ပင်တိန်က ဆက်ပြောလိုက်၏။

“ဘုရင်ကြီး ဒါတွေက ကျွန်တော်တို့ ဖမ်းဆီးထားတဲ့ ပြည်သူတွေရဲ့ ပြောပြချက်‌တွေ ဖြစ်ပါတယ်။ ဒါ့အပြင် ရှားနန်းတွင်းက မြောက်ပိုင်းနယ်စားမင်းသားကို သေသည်အထိ ခုခံပြီး ထွက်မပြေးဖို့လည်း အမိန့်ထုတ်ထားတယ်လို့ သိရပါတယ်။”

ပြည်သူများက‌တော့ မြောက်ပိုင်းနယ်စားမင်းသားအား မြောက်ပိုင်းမြို့တော်ကို အသက်ပေးကာကွယ်ရန် နန်းတွင်းမှအမိန့်တော် ထုတ်ပြန်ခဲ့သည်ဟု သိရှိမည် မဟုတ်တာ သေချာ၏။ ဒါက သူတို့၏ ထင်ကြေးသာ ဖြစ်သည်။

မြောက်ပိုင်းနယ်စားမင်းသားသည် အသုံးမကျသော နယ်စားမင်းသားတစ်ဦးအဖြစ် တစ်ချိန်လုံး ထင်မြင်ယူဆခံရပြီး အခု သူက မြောက်ပိုင်းမြို့တော်တွင် လွင်ပြင်ဒေသမျိုးနွယ်စုများအား အသက်ပေးတိုက်ခိုက်ရန် ရုတ်တရက် ကြေညာခြင်းသည် လုံးဝမဖြစ်နိင်ဟု ယူဆရသည်။ ထို့ကြောင့် ပြည်သူများက မြောက်ပိုင်းနယ်စားမင်းသားအား ရန်ခရိုင်တွင် နေစေရန် နန်းတွင်းမှ အမိန့်ပေးခဲ့သည်ဟု ယုံကြည်ခဲ့ကြသည်။

ရှောင်ပင်တိန်၏စကားကိုကြားပြီးနောက် ရှောင်ဟွန်ဗိုက ရယ်မောကာ

“ဟားဟား။ ဟုတ်ပါပြီ။ ဒီလူငယ်ဆိုးလေးက ကျုပ်တို့ရဲ့ သံမဏိမြင်းတပ်ကို ရင်ဆိုင်ရဲမှာ‌တော့မဟုတ်ပါဘူး။”

“ကြည့်ရတာ ဆွမ်ဧကရာဇ်က ဒီအသုံးမကျတဲ့ နယ်စားမင်းသားကို လုံးဝစွန့်ပစ်လိုက်ဖို့ အစီအစဉ် ရှိနေပုံရတယ်။”

ရှောင်ဟွန်ဗိုသည် ရှောင်ပင်တိန်၏ အကြောင်းပြချက်ကို လက်ခံလိုက်၏။ မြောက်ပိုင်းနယ်စားမင်းသားအား ရှနိုင်ငံတော်၏ နန်းတော်မှ ဆုတ်ခွာခွင့် မပေးပဲ တင်းကျပ်သော အမိန့်တစ်ခု ထုတ်ပြန်ခဲ့သည်ဟု သူလည်းယုံကြည်သွားသည်။ ထို့ကြောင့် မြောက်ပိုင်းနယ်စားမင်းသားသည် ရန်ခရိုင်တွင် ဆက်လက်၍ ခုခံနေရခြင်းဖြစ်သည်။

မြောက်ပိုင်းမြို့တော်တစ်ခုလုံးကို အချိန်တိုအတွင်း သိမ်းပိုက်နိုင်ရန် ဝန်နင်းတောင်ကြားကို ဖြတ်သန်းရမည်ဖြစ်ပြီး ရန်ခရိုင်သည် တောင်ကြား၏ အခြေတွင် တည်ရှိသောကြောင့် ရန်ခရိုင်ကို သိမ်းပိုက်မိရန် အရေးကြီးသည်။

ရှနိုင်ငံတော်အတွက် ရန်ခရိုင်သည် မဟာဗျူဟာကျသောနေရာတွင် တည်ရှိ၏။ မြောက်ပိုင်းနယ်စားမင်းသားကို ရန်ခရိုင်အား ကာကွယ်စေခြင်းဖြင့် လွင်ပြင်ဒေသ မျိုးနွယ်စုများအား ရန်ခရိုင်၏ မြောက်ဘက်မှ မကျော်ဖြတ်နိုင်‌အောင် တားဆီးနိုင်မည် ဖြစ်သည်။

အမှန်စင်စစ်အားဖြင့် ထိုစိတ်ကူးသည် မှားယွင်းခြင်း မရှိပါ။အဘယ်ကြောင့်ဆိုသော် အရင်တုန်းကလည်း လွင်ပြင်ဒေသ မျိုးနွယ်စုများသည် ရန်ခရိုင်ကို တိုက်ရိုက် တိုက်ခိုက်လေ့ မရှိ‌သောကြောင့်ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် အရင်တုန်းက လွင်ပြင်ဒေသ မျိုးနွယ်စုများသည် အဓိကအားဖြင့် အစားအစာနှင့် အမျိုးသမီးများကို ဖမ်းဆီးရန် တောင်ဘက်လာ၍ တိုက်ခိုက်ကြခြင်းဖြစ်ပြီး ရန်ခရိုင်၏ မြောက်ဘက်ရှိ အခြားမြို့များသည် သူတို့၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်သည်။

ထို့အပြင် အရင်တုန်းက သူတို့သည် အဓိကအားဖြင့် မြင်းတပ်ကို အသုံးပြုပြီး မြို့သိမ်းယာဉ်များ မပါရှိသောကြောင့် စစ်သည်သောင်းချီရှိသော ရန်ခရိုင်ကဲ့သို့သော မြို့ကို သိမ်းပိုက်ရန် လပေါင်းများစွာ ကြာမြင့်မည် ဖြစ်သည်။

သို့သော် ယခုတစ်ခေါက်ကတော့ မတူနိုင်ပါ။ အဘယ်ကြောင့်ဆိုသော် သူတို့သည် မြောက်ပိုင်းမြို့တော်တစ်ခုလုံးကို သိမ်းပိုက်ရန် စိတ်ပိုင်းဖြတ်ထားပြီဖြစ်ပြီး အစကတည်း မြို့သိမ်းယာဉ်များကို ပြင်ဆင်ထား၏။

ရန်ခရိုင်ကို သိမ်းပိုက်ရန် လုံးဝ ခက်ခဲမည် မဟုတ်ပါ။ ရှောင်ဟွန်ဗိုသည် ထို့နောက် အသံကျယ်ကျယ်ဖြင့် အမိန့်ထုတ်လိုက်သည်။

“ချက်ချင်း အမိန့်ထုတ်ပါ။ ရန်ခရိုင်ကို အမြန်ဆုံး ချီတက်ပါ။ ကျုပ်တို့ အဲ့ဒီ လူလားမမြောက်သေးတဲ့ မြောက်ပိုင်းနယ်စားမင်းသား ဆိုတဲ့သူကို ဖမ်းရမည်။ သူ့ကို လွှတ်မပေးရဘူး။”

ရှောင်ဟွန်ဗို၏ အမိန့်စကားကို ကြားသောအခါ သူ့နောက်က စစ်သည်များသည် ချက်ချင်းပင် စစ်ခရာများကို မှုတ်လိုက်ကြသည်။ ထိုအချိန်တွင် ရှောင်ပင်တိန်က သတိပေးလိုက်သည်။

“ဘုရင်ကြီး။ ကျွန်တော်တို့ သတိထားဖို့ လိုကောင်းလိုပါမယ်။ သူတို့မှာ စစ်သည်သုံးသောင်းပဲ ရှိတယ်ဆိုရင် မြောက်ပိုင်းနယ်စားမင်းသားသည် ကျွန်တော်တို့နှင့် ဘာလို့အသေအကြေ တိုက်ရမှာလဲ။”

“ကျွန်တော့် အမြင်အရ ကျွန်တော်တို့ အရင်ဆုံး ရှေ့‌ပြေး စစ်သည်‌တွေကို စေလွှတ်ပြီး အခြေအနေကို စုံစမ်းစေသင့်ပါတယ်။ နောက်မှ ပင်မတပ်က တောင်ဘက်ချီတက်သင့်ပါတယ်။”

ရှောင်ပင်တိန်သည် အမြဲတမ်း တစ်စုံတစ်ခု မှားယွင်းနေသည်ဟု ခံစားမိနေ၏။ ယခုအခြေအနေတွင် ဘယ်ဘက်က ကြည့်ကြည့်ထူးဆန်းမှုများ ရှိနေသည်။

မြောက်ပိုင်းနယ်စားမင်းသားသည် အမှန်တကယ်ပင် လွင်ပြင်ဒေသ မျိုးနွယ်စုများ၏ တောင်ဘက်သို့ ချီတက်မှုကို ခုခံရန် ရည်ရွယ်ထားပါက ရန်ခရိုင်၏ မြောက်ဘက်ရှိ ခံစစ် တစ်ခုလုံးကို ဖျက်သိမ်းလိမ့်မည် မဟုတ်ပါ။

ရန်ခရိုင်၏မြောက်ဘက်ရှိ မြို့များ၏ မြို့ရိုးများသည် ရန်ခရိုင်၏ မြိုရိုးနံရံများလောက် ခိုင်ခံ့မှု မရှိသော်လည်း လွင်ပြင်ဒေသမျိုးနွယ်စုများသည် ထိုမြို့များကို သိမ်းပိုက်ရန် အချိန်ယူရဦးမည် ဖြစ်သည်။

လွင်ပြင်ဒေသမျိုးနွယ်စုများ ထိုမြို့များကို တိုက်ခိုက်နေသည့် အချိန်အတွင်း ရန်ခရိုင်အတွက် ပြင်ဆင်ချိန် လုံလောက်စွာရရှိသွားမည်ဖြစ်သည်။ထို့အခါ ရှနန်းတွင်းမှ မြောက်ပိုင်းနယ်စားမင်းသားကို ကူညီရန် စစ်တပ်စေလွှတ်ဖို့ အချိန်ရရှိသွားမည်ဖြစ်သည်။

ရှနန်းတွင်းသည် ယခုအချိန်တွင် စစ်တပ်ကြီးတစ်ခုကို စေလွှတ်ရဲခြင်း မရှိသော်လည်း နယ်စားမင်းသားများအား စစ်တပ်စေလွှတ်ရန် တောင်းဆိုမည်က မလွဲမသွေဖြစ်လာမည်ဖြစ်သည်။ တစ်ချို့ နယ်စားမင်းသားက စစ်တပ်လွှတ်ပေးရန် တွန့်ဆုတ်နေကြလျှင်တောင် ဖြစ်သည်။

ယုတ္တိဗေဒအရ မြောက်ပိုင်းမြို့တော်သည် ပို၍ကြာကြာ ခုခံနိုင်လေလေ မြောက်ပိုင်းနယ်စားမင်းသားသည် မြောက်ပိုင်းမြို့တော်ကို အောင်မြင်စွာ ကာကွယ်နိုင်မည့်အခွင့်အလမ်းက ပိုများလေလေဖြစ်သည်။

မြောက်ပိုင်းနယ်စားမင်းသား ဘာမှနားမလည်သည့်တိုင် သူ့ဘေးမှ ဗိုလ်ချုပ်များနှင့် စစ်သည်များသည် မြောက်ပိုင်းဒေသရှိ ထိုမြို့များ၏ အရေးပါမှုကို သိရှိထားကြမည်မဟုတ်လား။ သို့သော် မြောက်ပိုင်းနယ်စားမင်းသားသည် ထိုမြို့များမှ စစ်သည်များနှင့် ပြည်သူများကို ဆုတ်ခွာခိုင်းလိုက်သည်။

ဤအရာက ရှောင်ပင်တိန်အား လှည့်ကွက်တစ်ခုရှိနေသည်ဟု ခံစားရစေသည်။

ရှောင်ပင်တိန်၏စကားကိုကြားလိုက်ရသောအခါ ရှောင်ဟွန်ဗိုသည် ရယ်မောပြီးနောက်

“ရှောင်ပင်တိန် ခင်ဗျားက အရမ်းသတိကြီးလွန်းတယ်”

ဟု ပြောလိုက်သည်။

“အကြီးအကဲတွေက ခင်ဗျားကို ကောင်းကင်ဝံပုလွေဘုရင်အဖြစ် မရွေးချယ်ရတဲ့အကြောင်းရင်းကို ခင်ဗျားသိလား။ ဘာလို့လဲဆိုတော့ ခင်ဗျားက အရမ်းတွေဝေတတ်လို့။ လုပ်ရမယ့် ကိစ္စတွေမှာ ဆုံးဖြတ်ချက် မပြတ်သားလို့။”

ထိုစကားများဖြင့် ရှောင်ဟွန်ဗိုသည် မြင်းစီးကာ ရန်ခရိုင်ဘက်သို့ ဦးတည်ထွက်ခွာလိုက်ပြီး ရှောင်ပင်တိန်အား ချန်ထားခဲ့သည်။ ရှောင်ဟွန်ဗို၏နောက်ကျောကို ကြည့်ရင်း ရှောင်ပင်တိန် သက်ပြင်းချလိုက်သည်။

ဘာ့ကြောင့်မှန်းမသိ သူ၏စိတ်ထဲ မသက်သာသလို နက်နက်ရှိုင်းရှိုင်း ခံစားနေရသည်။ မကောင်းသောအရာတစ်ခုခု ဖြစ်တော့မည်ဟု ခံစားရသလိုဖြစ်သည်.....။

........

All Chapters