← Chapters

အခန်း ၁၀၆-၁၀၈

Vol. 8 Ch. 106-108

အခန်း ၁၀၆-၁၀၈

Vol. 8 Ch. 106-108

အခန်း (၁၀၆)

လွင်ပြင်ဒေသ မျိုးနွယ်စုများ ရန်ခရိုင်သို့ ရောက်ရှိလာခြင်း

လွင်ပြင်ဒေသ မျိုးနွယ်စုတပ်များသည် ရန်ခရိုင်သို့ အမြန်ဆုံး ချီတက်နေပြီး ရှနိုင်ငံတော်၏ စစ်သည်ခုနှစ်သောင်း တပ်မကြီးသည်လည်း ရန်ခရိုင်သို့ အမြန်နိုင်ဆုံး ချီတက်နေသည်။ သူတို့သည် အချိန်နှင့် ယှဉ်ပြိုင်နေကြ သကဲ့သို့ပင် ဖြစ်သည်။

သို့သော် မြက်ခင်းလွင်ပြင်ဒေသနှင့် ရန်ခရိုင်ကြား ကျယ်ပြန့်သော လွင်ပြင်ကြီးတစ်ခုသာ ရှိနေပြီး လင်ရှုမင်၏ တပ်များ မည်မျှပင် မြန်မြန် ချီတက်နေစေကာမူ လွင်ပြင်ဒေသ မျိုးနွယ်စု မြင်းတပ်များ၏ အမြန်နှုန်းကို မမီနိုင်ပါ။

ရက်အနည်းငယ်အတွင်းမှာပင် လွင်ပြင်ဒေသ မျိုးနွယ်စုများ၏ သုံးသိန်းသော တပ်မကြီးသည် ဝန်နင်းတောင်ကြားသို့ နီးကပ်လာပြီ ဖြစ်သည်။

မနက်စောစော အချိန် လုချန်းသည် ပိုင်ချင်းချင်း၏ နူးညံ့သော ကိုယ်သင်းရနံ့ဖြင့် နိုးထလာ၏။ ပိုင်ချင်းချင်းက လုချန်းကို သူမကိုယ်တိုင် အဝတ်အစားများ ဝတ်ဆင်ပေးလိုက်သည်။ ငယ်ငယ်က မာနကြီးပြီး စကားနည်းတတ်သော ပိုင်ချင်းချင်းသည် ယခုအခါတွင် အေးစက်သော အရွယ်ရောက်ပြီး အမျိုးသမီးတစ်ဦး ဖြစ်လာသည်။

သူမသည် လုချန်း၏ နေ့စဉ်လိုအပ်ချက်များကို ဂရုတစိုက် စောင့်ရှောက်ပေးနေပြီး ကိုယ်လုပ်တော်မောင်းမတစ်ဦး၏ အခန်းကဏ္ဍကို အပြည့်အဝ လက်ခံယူထားသည်။

လုချန်း အဝတ်အစား ဝတ်ဆင်ပြီး အခန်းမှ ထွက်လာသည်နှင့် အမျိုးသမီး အစောင့်တစ်ဦး ပြေးလာပြီး

“မင်းသား။ ရှေ့တန်းမှ အရေးကြီးသတင်းပါ။ လွင်ပြင်ဒေသ မျိုးနွယ်စုတပ်‌တွေ ဝန်နင်းတောင်ကြားကို ရောက်ရှိလာပါပြီ။”

ထိုစကားကို ကြားသောအခါ လုချန်းက အံ့အားသင့်စွာဖြင့်ပြန်ပြောလိုက်သည်။

“ဒီလောက် မြန်မြန် ရောက်လာပြီလား။”

လွင်ပြင်ဒေသ မျိုးနွယ်စုများ၏ ရောက်ရှိချိန်သည် လုချန်းနှင့် သူ၏လူများ ထောက်လှမ်းရေး အစီရင်ခံစာများကို အခြေခံ၍ မျှော်မှန်းထားသည်ထက် သိသိသာသာ စောနေ၏။ သို့‌သော် သူတို့သည် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ပြီးပြီ ဖြစ်သောကြောင့် ထိုအချက်သည် ပြဿနာတစ်ခုတော့ မဟုတ်ပါ။

လွင်ပြင်ဒေသ မျိုးနွယ်စုများနှင့် မကြာမီ အသေအကြေ တိုက်ပွဲဝင်ရမည့် အကြောင်းကို တွေးမိသည်နှင့် လုချန်း၏ သွေးများ စိတ်လှုပ်ရှားမှုဖြင့် ဆူပွက်လာသည်။ သူသည် ယခင်က သတ်ဖြတ်မှုများကို ကျူးလွန်ခဲ့ဖူးပြီး မြင်လည်းမြင်တွေ့ခဲ့ဖူးသော်လည်း တကယ့် စစ်မြေပြင်ကမည်သို့ပုံစံရှိသည်ကိုတော့ မမြင်ဖူးပါ။

မနက်စာ မစားပဲ လုချန်းသည် ရန်ခရိုင်၏ မျှော်စင်သို့ ခပ်မြန်မြန် သွားလိုက်သည်။ ထိုအချိန်တွင် မုချန်တိန်သည် စစ်သည်သုံးသောင်းဖြင့် တိုက်ပွဲအတွက် အဆင်သင့်ဖြစ်နေပြီး မုကျင်းဝူသည် ဝန်နင်းတောင်ကြား၏ နှစ်ဖက်စလုံးတွင် အမြောက်တပ်ကို တပ်စွဲထား၏။ အနက်ရောင် မြင်းတပ်သည်လည်း စတင် လှုပ်ရှားလာနေပြီ ဖြစ်သည်။ အရာရာသည် လွင်ပြင်ဒေသ မျိုးနွယ်စုများ၏ မြင်းတပ်များ ဝန်နင်းတောင်ကြားထဲသို့ ဝင်ရောက်လာရန် စောင့်ဆိုင်းနေသည်။

ထိုအချိန်တွင် ကင်းထောက် စစ်သည်တစ်ဦးက လုချန်းထံ ချဉ်းကပ်လာပြီး

“မင်းသား။ လွင်ပြင်ဒေသ မျိုးနွယ်စုတပ်‌တွေက ဝန်နင်းတောင်ကြားထဲကို ချက်ချင်း မဝင်ကြသေးပါဘူး။ တောင်ကြားအပြင်ဘက် မြက်ခင်းလွင်ပြင်ပေါ်မှာ တပ်ချထားပါတယ်”

ဟု ပြောလိုက်သည်။

ထိုစကားကို ကြားသောအခါ မျှော်စင်ပေါ်ရှိ စစ်သည်များသည် ရုတ်တရက် နေမထိ ထိုင်မသာ ဖြစ်သွားကြသည်။ လွင်ပြင်ဒေသ မျိုးနွယ်စု မြင်းတပ်က တစ်စုံတစ်ခုကို သတိထားမိသွားပြီးလား။ သို့မဟုတ် သူတို့၏ စစ်ဆင်ရေး အစီအစဉ်များ ပေါက်ကြားသွားပြီလားဟု သူတို့မတွေးတောပဲ မနေနိုင်ကြတော့ပေ။

ထိုသို့ဖြစ်ပါက ဒုက္ခများလာနိုင်သည်။ လွင်ပြင်ဒေသ မျိုးနွယ်စု မြင်းတပ်ကို အနိုင်မရနိုင်သည့်အပြင် ဝန်နင်းတောင်ကြား၏ နှစ်ဖက်စလုံးတွင် တပ်စွဲထားသော အမြောက်တပ်သည်လည်း လွင်ပြင်ဒေသ မျိုးနွယ်စုများ၏ စစ်သည်များ၏ လျှပ်တပြက် ဖျက်ဆီးခြင်းကို ခံရနိုင်သည်။

ထိုအခါ ထိုအဖျက်စွမ်းအားကြီးသော လက်နက်များသည် လွင်ပြင်ဒေသ မျိုးနွယ်စုများ၏ လက်ထဲသို့ ရောက်ရှိသွားပါက ရန်ခရိုင် မြို့ရိုးကို တစ်ချက်တည်းဖြင့် ချိုးဖောက်နိုင်၏။ ထိုအချိန်တွင် သူ့တိုမှာ ခုခံနိုင်စွမ်း လုံးဝ ရှိတော့မည် မဟုတ်ပါ။

ထိုအချိန်တွင် မုချန်တိန်က စကားစလိုက်သည်။

“မင်းသား ကျွန်တော် စစ်သည်တွေကို မြို့တော်အပြင်ဘက် ဦးဆောင်သွားပြီး လွင်ပြင်ဒေသမျိုးနွယ်စုတပ်ကို ဝန်နင်းတောင်ကြားထဲ မျှားခေါ်လာရင် ကောင်းမလား။”

မုချန်တိန်၏ အကြံဉာဏ်ကို ကြားပြီးနောက် လုချန်းက ချက်ချင်း ပြန်မပြောပဲ ခဏစဉ်းစားပြီးနောက် ကင်းထောက်စစ်သားကို မေးလိုက်သည်။

“လွင်ပြင်ဒေသမျိုးနွယ်စုစစ်တပ်က ဝန်နင်းတောင်ကြားအပြင်ဘက်ကို ဘယ်အချိန်မှာရောက်လာတာလဲ။”

ကင်းထောက်စစ်သားက

“ဒီနေ့ မနက်ပိုင်းပါ။”

ထိုစကားကို ကြားပြီးနောက် လုချန်းက ချက်ချင်းအမိန့်ပေးလိုက်သည်။

“ဝန်နင်းတောင်ကြား၏ နှစ်ဖက်စလုံးက အမြောက်တပ်သားများတွေကို ပုန်းခိုင်းထားပါ။ လွင်ပြင်ဒေသမျိုးနွယ်စုစစ်တပ် တောင်ကြားထဲ မဝင်ခင် မမြင်‌သွားစေနဲ့။”

“ နောက်ပြီး ကျွန်တော်တို့ မလောဖို့ လိုအပ်တယ်။ လွင်ပြင်ဒေသမျိုးနွယ်စု စစ်သည်‌တွက မနက်ကမှ ရောက်လာတာ။ ညတုန်းက ခရီးနှင်လာတော့ အခုစခန်းချပြီး နားနေကြပုံရတယ်။”

“ရှေ့တန်းက ကင်းထောက်စစ်သားတွေကို သူတို့ရဲ့ လှုပ်ရှားမှုတွေ စောင့်ကြည့်ခိုင်းထားပါ။ လွင်ပြင်ဒေသမျိုးနွယ်စုဘက်က ကင်းထောက်တွေလွှတ်ရင် သူတို့ကို ဝန်နင်းတောင်ကြားထဲ ဝင်ခွင့်ပေးပြိီးလျစ်လျူရှုထားလိုက်ပါ။”

သတင်းလာပို့သော ကင်းထောက် စစ်သားက

“ဟုတ်ကဲ့ မင်းသား။”

“ကျွန်တော်ကို ခွင့်ပြုပါဦး။”

စစ်သားထွက်သွားပြီးနောက် မုချန်တိန်က ထပ်ပြောလိုက်သည်။

“မင်းသား။ လွင်ပြင်ဒေသမျိုးနွယ်စုတွေက ရန်ခရိုင်ကို အကြာကြီး ဝိုင်းထားဖို့ ပြင်ဆင်ထားပုံရတယ်။”

“ အဲ့ဒီလို မဟုတ်ရင် သူတို့ဝန်နင်းတောင်ကြားအပြင်ဘက်မှာ စခန်းချထားမှာ မဟုတ်ဘူး။ တစ်ခါတည်း တန်းဝင်လာမှာ။”

လုချန်းက စဉ်းစားလိုက်ပြီးနောက် ပြောလိုက်သည်။

“ရှောင်ဟွန်ဗိုကလည်း အရူးတော့ ဟုတ်ပုံမရ ဘူး။ ရန်ခရိုင်ကို လွယ်လွယ်ကူကူ သိမ်းပိုက်နိုင်မှာ မဟုတ်တာ သူသိတယ်”

ရှောင်ဟွန်ဗိုသည် ရန်ခရိုင်ကို ပထမတစ်လှိုင်း တိုက်ခိုက်ရုံဖြင့် ရနိုင်မည်ဟု ယုံကြည်ပါက သူတို့သည် စခန်းချထားခြင်း မပြုပဲ ခဏအနားယူပြီး တပ်များကို ဝန်နင်းတောင်ကြားထဲသို့ တစ်ခါတည်း စေလွှတ်ခဲ့မည်ဖြစ်သည်။

ရန်ခရိုင်ကို သိမ်းပိုက်ပြီး မြို့ထဲတွင် အနားယူခြင်းက ပို၍ကောင်းမည် မဟုတ်လား။ လွင်ပြင်ဒေသမျိုးနွယ်စုများ ဝန်နင်းတောင်ကြားအပြင်ဘက်တွင် စခန်းချထားခြင်းက သူတို့သည် ဝန်နင်းတောင်ကြား၏ မြေမျက်နှာသွင်ပြင်ကို သတိထားကြောင်း ပြသခြင်းဖြစ်၏။ ထို့ပြင် ယနေ့ ရန်ခရိုင်ကို သိမ်းပိုက်နိုင်မည်ဟု သူတို့မယုံကြည်ကြောင်း ဖော်ပြခြင်းဖြစ်သည်။

ထိုအချိန်တွင် နောက်ထပ် ကင်းထောက်စစ်သားတစ်ဦးရှေ့တန်းမှ ပြန်လာခဲ့သည်။

“မင်းသား လွင်ပြင်ဒေသမျိုးနွယ်စုတွေဟာ သူတို့ရဲ့ ကင်းထောက်မြင်းတပ်ကို စေလွှတ်လာပါတယ်။ သူတို့က ဝန်နင်းတောင်ကြားအတွင်းပိုင်းကို ဝင်လာပြီး ရန်ခရိုင်ဘက်သို့ တိုက်ရိုက်ဦးတည်နေပါတယ်”

ဟု စစ်သားက သတင်းပို့သည်။

လုချန်းကမေးလိုက်သည်။

“ဘယ်နှစ်ယောက်ရှိလဲ”

စစ်သားက ပြန်ဖြေလိုက်သည်။

“သုံးလေးဆယ်လောက်ပဲ ရှိပါတယ်”

လုချန်းက ခဏစဉ်းစားပြီးနောက်

“သူတို့ကို စိတ်ထဲမထားပါနှင့်။ဆက်ပြီးစောင့်ကြည့်ထားပါ”

ဟု ပြောလိုက်သည်။

“ဟုတ်ကဲ့ မင်းသား။”

ဝန်နင်းတောင်ကြားအပြင်ဘက်တွင် ရှောင်ပင်တိန်သည် မြစ်ကမ်းဘေးတွင် ရပ်နေပြီး ဝန်နင်းတောင်ကြား၏မြေမျက်နှာသွင်ပြင်ကို ကြည့်ရင်း ကြီးမားသော စိုးရိမ်မှုကို ခံစားနေရသည်။

မူလက ရှောင်ဟွန်ဗိုသည် စစ်သည်သုံးသိန်းစလုံးကို ဦးဆောင်ကာ ဝန်နင်းတောင်ကြားအတွင်းသို့ ဝင်ရောက်ပြီး ရန်ခရိုင်ကို တိုက်ခိုက်ရန် အစီအစဉ်ရှိခဲ့သည်။ မွန်းတည့်ချိန်မတိုင်မီ ရန်ခရိုင်ကို သိမ်းပိုက်ရန် ဖြစ်သည်။

သို့သော် ရှောင်ပင်တိန်က အမျိုးမျိုးသော စည်းရုံးရေး စကားများဖြင့် စစ်သည်များတစ်ညလုံး ခရီးနှင်လာပြီး ပင်ပန်းနွမ်းနယ်နေကြောင်း အနားယူရန် လိုအပ်ကြောင်း စသည်ဖြင့် နားချထားရသည်။ ထို့ပြင် မိဖုရား၏ အမည်ကိုပါ သုံးကာ ဖျောင်းဖျထားသောကြောင့် နောက်ဆုံးတွင် ရှောင်ဟွန်ဗိုသည် ဝန်နင်းတောင်ကြားအပြင်ဘက်တွင် တပ်စခန်းချ အနားယူရန် သဘောတူခဲ့သည်။

ရှောင်ပင်တိန်သည် ရှောင်ဟွန်ဗို သူ့အပေါ် မကျေမနပ် ဖြစ်နေသည်ကို ကောင်းစွာ သိရှိသည်။ မြောက်ပိုင်းမြို့တော်ကို တိုက်ခိုက်ရန် တောင်ဘက်သို့ ချီတက်စဉ်က ရှောင်ဟွန်ဗို မကြားလိုသော စကားများစွာကို သူပြောခဲ့ရပြီး မိဖုရား၏ အမည်ကိုလည်း အကြိမ်ကြိမ် အသုံးပြုခဲ့ရသည်။

အမှန်စင်စစ် ရှောင်ဟွန်ဗို၏ သူ့အပေါ် မကျေနပ်မှုသည် မကြာသေးမီကမှ ဖြစ်ပေါ်လာခြင်း မဟုတ်ပါ။ ကောင်းကင်ဝံပုလွေဘုရင် မျိုးနွယ်စုထဲ အတူရှိစဉ်ကတည်းက သူတို့နှစ်ဦး၏ ဩဇာအာဏာ မကွာခြားမှုကြောင့် စိတ်ဝမ်းကွဲမှုတစ်ချို့ စတင်ဖြစ်ပေါ်ခဲ့သည်။ ရှောင်ပင်တိန်သည် ကောင်းကင်ဝံပုလွေဘုရင် နေရာအတွက် ရှောင်ဟွန်ဗိုနှင့် အပြင်းအထန် ယှဉ်ပြိုင်နေသူ ဖြစ်သည်။

သို့သော်လည်း မိဖုရား၏ စေ့စပ်ညှိနှိုင်းမှုဖြင့် ကောင်းကင်ဝံပုလွေဘုရင် မျိုးနွယ်စု၏ အကြီးအကဲများသည် နောက်ဆုံးတွင် ဘုရင်ရာထူးကို ရှောင်ဟွန်ဗိုအား ပေးအပ်ခဲ့သည်။

ရှောင်ဟွန်ဗို ကောင်းကင်ဝံပုလွေဘုရင် ဖြစ်လာပြီးနောက်တွင်ပင် သူ၏ နေရာကို အမြဲခြိမ်းခြောက်နေသော လူတစ်ဦး သူ့ဘေးတွင် ရှိနေခြင်းက သူ့အား စိတ်မသက်မသာ ဖြစ်စေသည်။

ရှောင်ပင်တိန်သည် လူမိုက်မဟုတ်ပါ။ ရှောင်ဟွန်ဗို၏ သူ့အပေါ် မနှစ်မြို့မှုကို ရှင်းရှင်းလင်းလင်း သိထားသည်။ သို့သော် ကောင်းကင်ဝံပုလွေဘုရင် မျိုးနွယ်စု၏ မြောက်ပိုင်းမြို့တော်ကို သိမ်းပိုက်သည့် စစ်ဆင်ရေးအတွင်း ပြဿနာများ မဖြစ်ပေါ်စေရန် သူပြောသင့်သည်ကို ပြောရမည် ဖြစ်သည်။

ဝန်နင်းတောင်ကြား၏ မြေမျက်နှာသွင်ပြင် အနေအထားအရ သူတို့၏ သုံးသိန်းသော တပ်မကြီးသည် တိုက်ရိုက်ဝင်ရောက်တိုက်ခိုက်ပြီး ရန်ခရိုင်ကို မသိမ်းပိုက်နိုင်ပါက ရှနိုင်ငံတော်၏ တပ်များက အနောက်မှ ဝင်ရောက်လာလျှင် သူတို့အားလုံး ဝန်နင်းတောင်ကြားအတွင်း ပိတ်မိနေမည် ဖြစ်သည်။

ထိုအချိန်တွင် ဝူယွမ်၏ ကုန်သည်လှည်းတန်းမှ အစေခံတစ်ဦးသည် ရှောင်ပင်တိန်ထံ ချဉ်းကပ်လာပြီး

“ဗိုလ်ချုပ် ရှောင်။ ကျွန်တော့်ကို တစ်ခုခုခိုင်းဖို့ ခေါ်တာလား။”

ဟု မေးလိုက်သည်။

သူတို့သည် တောင်ဘက်သို့ ချီတက်စဉ် ဝူယွမ်၏ ကုန်သည်လှည်းတန်းကိုပါ လိုက်ပါ စေခဲ့သည်။ အဘယ်ကြောင့်ဆိုသော် လုယက်ရရှိလာသော ဘဏ္ဍာများကို သယ်ဆောင်ရန် လိုအပ်ပြီး ဝူယွမ်၏ ကုန်သည်လှည်းတန်းက ထိုလိုအပ်ချက်ကို ဖြည့်ဆည်းပေးမည်ဖြစ်သည်။

ရှောင်ပင်တိန်က မေးလိုက်သည်။

“မင်းတို့ ကုန်တွေဘက်က ရှနိုင်ငံတော် နန်းတွင်းက လှုပ်ရှားမှုတွေနဲ့ ပတ်သက်ပြီး ဘာသတင်းတွေ ရထားလဲ။ ဥပမာ မြောက်ပိုင်းမြို့တော်ကို ကူညီဖို့ စစ်တပ်ကြီး လွှတ်တာမျိုး ရှိလား။”

အစေခံက ချက်ချင်း ပြန်ဖြေလိုက်၏။ “ဟုတ်ကဲ့ ဗိုလ်ချုပ်။ နန်းတွင်းက မြောက်ပိုင်းနယ်စားမင်းသားကို ကူညီဖို့ စစ်သည်ခုနှစ်သောင်း စေလွှတ်ထားပါတယ်။”

ထိုစကားကို ကြားသောအခါ ရှောင်ပင်တိန်သည် မတွေးတောပဲ မနေနိုင်တော့ပါ။ သူသည် အခြေအနေကို လွန်ကဲစွာ တွေးတောနေခြင်း ဖြစ်နိုင်ပါသလား။

စစ်သည်ခုနှစ်သောင်းတည်းလား။ ထိုစစ်တပ်သည် မြောက်ပိုင်းနယ်စားမင်းသားကို ကူညီရန်သာ ဖြစ်နိုင်၏။ ထိုးစစ်ဆင်ဖို့ မဟုတ်ပါ။ သူတို့ကို အနောက်မှ ဝိုင်းရန်လည်း မဟုတ်ပါ။

လွင်ပြင်ဒေသ မျိုးနွယ်စုမြင်းတပ်က တိုက်ခိုက်ပါက ခုနှစ်သောင်းသော တပ်သည် ချက်ချင်း ပြိုကွဲသွားမည် ဖြစ်သည်။ ဝိုင်းရံမှု မအောင်မြင်ပါက ထိုစစ်သည်များသည် သေခြင်းဆီသို့ ချီတက်နေခြင်းသာ ဖြစ်သွားမည်။

ထိုအချိန်တွင် လွင်ပြင်ဒေသ မျိုးနွယ်စု စစ်သည်တစ်ဦးသည် မြင်းစီးလျက် ရှောင်ပင်တိန်ထံ ချဉ်းကပ်လာပြီး

“ဗိုလ်ချုပ်။ ဘုရင်ကြီးက ခင်ဗျားကို ခေါ်နေပါတယ်”

.........

အခန်း (၁၀၇)

အမြောက်ဆိုတာ ဘာလဲ။ ဒါက ကျောက်မောင်း လက်နက်တွေပါ

ရှောင်ဟွန်ဗို၏ အမိန့်ကို ရရှိသောအခါ ရှောင်ပင်တိန်သည် ရှောင်ဟွန်ဗို၏ တဲသို့ အမြန် ရောက်ရှိလာသည်။ ထိုအချိန်တွင် ရှောင်ဟွန်ဗိုသည် လွင်ပြင်ဒေသမျိုးနွယ်စု ဗိုလ်ချုပ်များနှင့် ရန်ခရိုင်ကို မည်သို့တိုက်ခိုက်ရမည်ကို စီစဉ်နေသည်။

ရှောင်ပင်တိန် တဲအတွင်းသို့ ဝင်ရောက်လာသောအခါစတင်မေးလိုက်သည်။

“ဘုရင်ကြီး။ ကျွန်တော့်ကို ခေါ်တယ်ဆိုလို့”

ရှောင်ပင်တိန်ကို မြင်သောအခါ ရှောင်ဟွန်ဗို၏ မျက်နှာပေါ်တွင် ချက်ချင်း အပြုံးရိပ်တစ်ခုပေါ်လာပြီး‌နောက် ရယ်မောကာ

“ပင်တိန် ခင်ဗျားပြောတာတွေကို ကျုပ်သေချာ စဉ်းစားနေတာ။ ခင်ဗျားရဲ့ စကားတွေက အကျိုးအကြောင်း ညီညွှတ်တယ်လို့ ကျုပ်ထင်တယ်။”

“ကျုပ်တို့ ဝန်နင်းတောင်ကြားထဲ ဝင်သွားပြီးတဲ့အချိန် ရှစစ်သည်တွေ အနောက်က ပေါ်လာရင် ကျုပ်တို့ ဝန်နင်းတောင်ကြားထဲမှာ ပိတ်မိသွားမှာ။”

“ဒါ့ကြောင့် ကျုပ် ခင်ဗျားကို အရမ်းအရေးကြီးတဲ့ တာဝန်တစ်ခု ပေးဖို့ ဆုံးဖြတ်လိုက်တယ်။ ညနေကျရင် ကျုပ်က စစ်သည်နှစ်သိန်းခွဲနဲ့ ရန်ခရိုင်ကို စတိုက်မယ်။ ခင်ဗျားက စစ်သည်ငါးသောင်းနဲ့ နောက်မှာ ချန်နေရစ်ပြီး ရှစစ်သည်တွေ အနောက်က ရုတ်တရက် ဝင်လာမှာကို ကာကွယ်ရမယ်။”

ထိုသို့ ပြောရင်း ရှောင်ဟွန်ဗိုက ရယ်မောကာ ရှောင်ပင်တိန်၏ ပခုံးကို ပုတ်လိုက်သည်။

“ပင်တိန် ဒီတာဝန်က အလွန်အရေးကြီးတယ်။ ကျုပ်တို့ရဲ့ နောက်ကျောလုံဖို့ကို ခင်ဗျားဆီမှာ အပ်ထားမယ်။”

ထိုစကားကို ကြားသောအခါ ရှောင်ပင်တိန်၏ မျက်နှာပေါ်တွင် အပြုံးရိပ် အနည်းငယ်ပေါ်လာပြီး

“ဘုရင်ကြီးရဲ့ ယုံကြည်မှုအတွက် ကျေးဇူးတင်ပါတယ်။ ကျွန်တော် ကျွန်တော်တို့ရဲ့ အနောက်ဘက်ကို ကောင်းကောင်းစောင့်ကြည့်ထားပါမယ်” ဟု ပြောလိုက်သည်။

ရှောင်ပင်တိန်သည် အရူး မဟုတ်ပါ။ ရှောင်ဟွန်ဗို၏ အကြံအစည်ကို သူမမြင်နိုင်ပဲ ရှိပါ့မလား။

သူသည် ကောင်းကင်ဝံပုလွေဘုရင် မျိုးနွယ်စုတွင် ရှောင်ဟွန်ဗိုပြီးလျှင် ဒုတိယအဆင့် ရာထူးကို ပိုင်ဆိုင်ထားပြီး ရန်ခရိုင်ကို တိုက်ခိုက်ရာတွင် ထင်ရှား‌သော အောင်မြင်မှုများ ရရှိပါက သူ၏အောင်မြင်မှုများသည် ဘုရင်ကို ကျော်လွန်သွားမည် ဖြစ်သည်။

ရှောင်ဟွန်ဗိုက သူပြောသော အကြံဉာဏ်ကို ကောင်းသည်ဟု ယူဆနေခြင်း မဟုတ်ပါ။ သူတိုက်ပွဲတွင် ပါဝင်ပြီး ဂုဏ်ထူးဆောင်ခြင်းများ မပြုလုပ်နိုင်ရန် သူ့အားနောက်တန်းတွင် ထားခဲ့ဖို့ အကြောင်းပြချက် ရသွားခြင်းသာဖြစ်သည်။

ရှောင်ပင်တိန် အခြားစကားများထပ် မပြောတော့ပေ။ တာဝန်ပေးချက်အတိုင်း သူသည် နောက်တန်းတွင် နေမည်ဖြစ်သည်။ ထို့အပြင် ရှားစစ်သည်များ ရုတ်တရက်တိုက်ခိုက်လာမည်ကိုလည်း သူ စိုးရိမ်နေသည်။

ထိုအချိန်တွင် စစ်သားတစ်ဦး တဲအတွင်းသို့ ဝင်ရောက်လာခဲ့သည်။

“ဘုရင်ကြီး။ ကျွန်တော်တို့ စေလွှတ်လိုက်တဲ့ ကင်းထောက်အဖွဲ့ ပြန်ရောက်လာပါပြီ။”

ရှောင်ဟွန်ဗိုက ချက်ချင်းအမိန့်ပေးလိုက်သည်။

“သူ့ကို အထဲ ဝင်ခွင့်ပြုလိုက်ပါ။”

ရှောင်ဟွန်ဗို၏ စကားမဆုံးမီတွင် နောက်ထပ်စစ်သားတစ်ဦး အတွင်းသို့ ဝင်ရောက်လာခဲ့သည်။

“ဘုရင်ကြီး။ ကျွန်တော်တို့ သွားကြည့်ခဲ့ပြီး ပါပြီ။ ရန်ခရိုင်ရဲ့ မြို့တံခါး‌တွေကို အခိုင်အခန့် ပိတ်ထားပြီး သူတို့ရဲ့ စစ်သည်တွေက မြို့တံတိုင်းတွေပေါ်မှာလည်း ကျောက်‌မောင်း‌ လက်နက်တွေ တပ်ဆင်ထားပြီးဖြစ်ပါတယ်။”

ရှောင်ဟွန်ဗိုက ရယ်မောလျက်

“မြောက်ပိုင်းနယ်စားမင်းသားက ရန်ခရိုင်မှာ ကျုပ်ကို စောင့်နေတာ အသေအချာပဲပေါ့။”

“ကောင်းတယ်။ မြောက်ပိုင်းနယ်စားမင်းသားက မိန်းမလှတွေကို နှစ်သက်ပြီး သူရဲ့အိမ်မှာ မိန်းမလှတွေ ထားထားတယ်လို့ ကြားဖူးတယ်။ ရန်ခရိုင်ကို သိမ်းပိုက်ပြီးရင် ကျုပ်လည်း မြောက်ပိုင်းနယ်စားမင်းသားရဲ့ စည်းစိမ်တွေကို တစ်ဝကြီး ခံစားလိုက်ဦးမယ်။”

ရဲလိနန်ရန် ထိုနေရာတွင် မရှိသောကြောင့် ရှောင်ဟွန်ဗိုသည် သူ၏သဘာဝအစစ်ကို ပွင့်ပွင့်လင်းလင်း ထုတ်‌‌ဖော်နေခြင်းဖြစ်သည်။ သူပြောခဲ့သည့်စကားများနှင့် လုပ်ရပ်များကို ဘယ်သူကမှ ရဲလိနန်ရန်ကို ပြန်ပြောရဲလိမ့်မည်ဟု သူမထင်ပါ။

ထိုအတောအတွင်း ရန်ခရိုင် မြို့တံတိုင်းပေါ်တွင် မုချန်တိန်သည် မြို့တံတိုင်းပေါ်ရှိ အမြောက်များကို ကြည့်ရင်း စိုးရိမ်စွာဖြင့် ပြောလိုက်သည်။

“မင်းသား ဒီလက်နက်တွေကို ဒီလိုပြထားရင်လွင်ပြင်ဒေသမျိုးနွယ်စု ကင်းထောက်စစ်သားတွေ မြင်သွားရင် သံသယမဝင်သွားကြနိုင်ဘူးလား။”

လုချန်းသည် ခပ်ဖွဖွပြုံးလျက်

“ အမြောက်ဟုတ်လား။ ဘယ်မှာလဲ အ‌မြောက်လက်နက်တွေ။ ဒါတွေက ကျောက်မောင်း လက်နက်တွေပါ” ဟု ပြန်ပြောလိုက်သည်။

လွင်ပြင်ဒေသမျိုးနွယ်စု မြင်းတပ်သည် အမြောက်လက်နက်များကို မမြင်ဖူးပါ။ သူတို့ဘယ်လို သိနိုင်မှာလဲ။ လွင်ပြင်ဒေသမျိုးနွယ်စု ကင်းထောက်တပ်သည် အမြောက်လက်နက်၏ ဖျက်စီးနိုင်စွမ်းကို သိပါက ရန်ခရိုင်နားသို့ ချဉ်းကပ်ရဲကြမည်မဟုတ်ပေ။ ထို့ကြောင့် လုချန်းသည် အမြောက်လက်နက်များကို လွင်ပြင်ဒေသမျိုးနွယ်စု ကင်းထောက်စစ်သားများ မြင် တွေ့သွားမည်ကို စိုးရိမ်ခြင်း မရှိပါ။

အမြောက်လက်နက်များကို အသုံးမပြုမီတွင် လွင်ပြင်ဒေသမျိုးနွယ်စုများသည် ထိုလက်နက်ကို ကျောက်မောင်းလက်နက်ဟုသာ ထင်မှတ်ကြမည်ဖြစ်သည်။

တကယ်တော့ အဝေးမှကြည့်လျှင် အမြောက်လက်နက်များသည် ကျောက်မောင်းလက်နက်များနှင့် တူသည်။ သို့သော် မတူသည်များကတော့ အသေအချာကို ရှိပါသည်။ ယခုအခါ အရာအားလုံးက အဆင်သင့်ဖြစ်နေပြီဖြစ်သည်။ လွင်ပြင်ဒေသမျိုးနွယ်စုမြင်းတပ်များ ထောင်ချောက်ထဲသို့ ကျရောက်လာရန်သာ လိုတော့သည်။

တစ်နေကုန်လုံး လုချန်းသည် မြို့တံတိုင်းပေါ်တွင် နေနေပြီး လွင်ပြင်ဒေသမျိုးနွယ်စုစစ်တပ်၏ လှုပ်ရှားမှုများကို အဆက်မပြတ်စောင့်ကြည့်နေခဲ့သည်။ အချိန်က တဖြည်းဖြည်း ကုန်လာ၏။ နေသည် မိုးကုပ်စက်ဝိုင်းကို ထိလာပြီးဆည်းဆာ၏ အရိပ်က ကောင်းကင်တစ်ခွင်လုံးကို လွှမ်းခြုံလာပြီး လူတိုင်း၏ အသားအရေကို ကြေးနီရောင်သန်း သွားစေသည်။

ထိုအချိန်တွင် ကင်းထောက် စစ်သားတစ်ဦးသည် မြို့တံခါးဘက်သို့ မြင်းကို ဒုန်းစိုင်းစီးလာပြီး အော်ဟစ်လိုက်သည်။

“လွင်ပြင်ဒေသမျိုးနွယ်စုစစ်တပ် ဝန်နင်းတောင်ကြားထဲကို ဝင်လာပါပြီ။”

“လွင်ပြင်ဒေသမျိုးနွယ်စုစစ်တပ် ဝန်နင်းတောင်ကြားထဲကို ဝင်လာပါပြီ။”

“လွင်ပြင်ဒေသမျိုးနွယ်စုစစ်တပ် ဝန်နင်းတောင်ကြားထဲကို ဝင်လာပါပြီ။”

ကင်းထောက်စစ်သား၏ အသံကို ကြားအခါ မြို့တံတိုင်းပေါ်ရှိ စစ်သည်များသည် မုချန်တိန်၏ အမိန့်ကို စောင့်ဆိုင်းခြင်း မပြုတော့ပဲ ချက်ချင်းလှုပ်ရှားလာကာ တိုက်ပွဲအတွက် အသင့်ပြင်လိုက်ကြသည်။

မကြာမီ ကင်းထောက်စစ်သားက လုချန်းထံရောက်ရှိလာပြီး

“မင်းသား လွင်ပြင်ဒေသမျိုးနွယ်စု စစ်တပ်ဝန်နင်းတောင်ကြားထဲ ဝင်ရောက်လာပါပြီ။ သူတို့က အုပ်စုနှစ်စုခွဲထားပြီး ရှေ့တန်းမှာ စစ်သည်နှစ်သိန်းခွဲလောက် ချီလာပြီးကျန်စစ်သည်ငါးသောင်းလောက်က နောက်တန်းကို စောင့်နေပုံ ရပါတယ်”

ဟု ပြောလိုက်သည်။

ထိုစကားကိုကြားလိုက်ရသောအခါ လုချန်းသည် နဖူးပေါ်တွင် အရေးအကြောင်းများ ဖြစ်ပေါ်လာသည်။ လွင်ပြင်ဒေသမျိုးနွယ်စုများသည် ဝန်နင်းတောင်ကြားအတွင်းသို့ အုပ်စုနှစ်စုခွဲ၍ ဝင်ရောက်လာမည်ဟု သူမမျှော်လင့်ထားခဲ့ပေ။

လွင်ပြင်ဒေသမျိုးနွယ်စုများသည် နောက်တန်းကို ကာကွယ်ရန်အတွက် စစ်သည်ငါးသောင်းချန်ထားပါက သူတို့၏ အနက်ရောင် မြင်းတပ်ငါးသောင်းသည် လွင်ပြင်ဒေသမျိုးနွယ်စု စစ်တပ်ကို ဝိုင်းရန် အလွန်ခက်ခဲသွားလိမ့်မည်။

ထိုအချိန်တွင် လုချန်းက

“လွင်ပြင်ဒေသမျိုးနွယ်စုရဲ့ နောက်တန်းတပ်ကရော ဝန်နင်းတောင်ကြားထဲ ဝင်နေပြီလား” ဟု မေးလိုက်သည်။

စစ်သားက ချက်ချင်းပြန်ပြောသည်။

“ဝင်နေပါပြီ။ ဒါပေမဲ့ ရှေ့တန်းက စစ်တပ်ကြီးနှင့် အကွာအဝေးတစ်ခု ထားထားပါတယ်။”

စစ်သား၏စကားကိုကြားလိုက်ရသောအခါ လုချန်း သက်သောင့်သက်သာဖြစ်သွားခဲ့သည်။ သူတို့အားလုံး ဝန်နင်းတောင်ကြားအတွင်းသို့ ဝင်ရောက်လာပြီ ဆိုပါက ကိစ္စမရှိပေ။

လွင်ပြင်ဒေသမျိုးနွယ်စုများ၏ စစ်သည်သုံးသိန်းမှ စစ်သည်အချို့ကို ဝန်နင်းတောင်ကြားအပြင်ဘက်တွင် ချန်ထားမည်ကိုသာ သူစိုးရိမ်နေခြင်းဖြစ်သည်။ ထိုသို့ဖြစ်ပါက အနက်ရောင် မြင်းတပ်သည် ဝန်နင်းတောင်ကြား အပြင်တွင် ကျန်ရစ်ခဲ့သော လွင်ပြင်ဒေသမျိုးနွယ်စု မြင်းတပ်ကို အရင်တိုက်ခိုက်ပြီးမှသာ ဆုတ်ခွာလာမည့် လမ်းကြောင်းကို ပိတ်ဆို့ထားနိုင်မည်ဖြစ်သည်။

အနက်ရောင် မြင်းတပ်က ဝန်နင်းတောင်ကြား အပြင်ဘက်ရှိ မြင်းတပ်ကို ဖျက်ဆီးပြီးသည့်အချိန်တွင် လွင်ပြင်ဒေသမျိုးနွယ်စု စစ်တပ်သည်လည်း တောင်ကြားအတွင်းမှ ဆုတ်ခွာသွားလောက်ပြီ ဖြစ်၏။ ထိုအချိန်တွင် လွင်ပြင်ဒေသမျိုးနွယ်စု စစ်တပ်ကို လွှတ်ပေးရုံသာ ရှိတော့သည်။

ထိုစဉ် လုချန်းက

“တိုက်ပွဲအတွက် အသင့်ပြင်ဆင်ပါ။ အမြောက်တပ်ကို အမိန့်ပေးပို့ပါ။ လွင်ပြင်ဒေသမျိုးနွယ်စု မြင်းတပ် ရန်ခရိုင်နား ကပ်လာတော့မှ စပစ်ခိုင်းပါ။”

လုချန်း၏အမိန့်ဖြင့် ရန်ခရိုင်၏ ခံစစ်စတင်ခဲ့၏။ ထိုခံစစ်၏ နောက်ဆုံးရည်ရွယ်ချက်မှာ လွင်ပြင်ဒေသမျိုးနွယ်စုများ၏ စစ်တပ်ကို ဝိုင်းရံတိုက်ခိုက်ရန် ဖြစ်သည်။

ရှောင်ဟွန်ဗို ဦးဆောင်သော စစ်သည်နှစ်သိန်းခွဲသည် မကြာမီပင် ရန်ခရိုင်၏ မြို့တံတိုင်းအောက်သို့ ရောက်ရှိလာတော့မည်ဖြစ်သည်။ ရန်ခရိုင်၏ မြို့တံတိုင်းပေါ်မှ လူများသည် လွင်ပြင်ဒေသမျိုးနွယ်စု မြင်းတပ်ကို မမြင်ရသေးသော်လည်း မြင်းခွာသံများကို ကြားနေရပြီဖြစ်သည်။

မြေပြင်က တုန်ဟီးနေသည်ဟု ထင်မှတ်ရသည်အထိပင်။ ထိုအရာသည် စစ်သည်သုံးသိန်း အင်အားရှိ‌သော လွင်ပြင်ဒေသမျိုးနွယ်စုများ၏ မြင်းတပ်ဖြစ်သည်။

မြို့တံတိုင်းပေါ်ရှိ စစ်သည်များသည် အလွန်စိတ်လှုပ်ရှားနေကြသည်။ သူတို့တွင် အမြောက်လက်နက်များ ရှိသော်လည်း စစ်သည်သုံးသိန်းကို ရင်ဆိုင်ရသည့်အခါတွင် သူတို့အပေါ်တွင် ကြီးမားသောဖိအားကြီး တစ်ခုက သက်ရောက်နေသည်။

အနက်ရောင် မြင်းတပ်အပါအဝင် မြောက်ပိုင်းမြို့တော်တွင် စစ်သည်စုစုပေါင်း ကိုးသောင်းသာရှိသည်။ ကိုးသောင်းနှင့် သုံးသိန်းကို ရင်ဆိုင်ရသည့်အခါတွင် ဖိအားများ ရှိမည်ကတော့ မလွဲဧကန်ဖြစ်သည်။

မြင်းခွာသံများကို ကြားလိုက်ရသောအခါ လုချန်းသည်လည်း သူ၏နှလုံးခုန်သံ ပြင်းထန်လာသည်ကို ခံစားလိုက်ရသည်။ သူ၏ခန္ဓာကိုယ်အတွင်း စိတ်ကြွလှုပ်ရှားစေသော ဓာတ်များထွက်ရှိလာပြီး ခန္ဓာကိုယ်ရှိ ဆဲလ်တိုင်းကို နိုးကြားလာစေသည်။

မြင်းခွာသံများ ပိုမိုကျယ်လောင်လာပြီး နီးကပ်လာသည်နှင့်အမျှ လွင်ပြင်ဒေသ မျိုးနွယ်စု စစ်တပ်၏ အလံများသည် အားလုံး၏ မျက်စိ‌ရှေ့တွင် တဖြည်းဖြည်း ပေါ်ထွက်လာသည်။ လုချန်းသည် မျှော်စင်ပေါ်တွင် ရပ်နေပြီး လွင်ပြင်ဒေသ မျိုးနွယ်စုများ၏ စစ်တပ်ရှေ့တန်းရှိ ဗိုလ်ချုပ်များ၏ အချက်အလက်များကို အလျင်အမြန် စစ်ဆေးကြည့်လိုက်သည်။

[အမည်- ရှောင်ဟွန်ဗို]

[အဆင့်အတန်း- လွင်ပြင်ဒေသ မျိုးနွယ်စု၏ ကောင်းကင်ဝံပုလွေဘုရင်]

[စွမ်းအား- ထိပ်သီးပညာရှင်]

[သစ္စာစောင့်သိမှု: -၁၀၀ (ရန်သူ)]

[အမည်- မျိုးနွယ်စု သံမဏိ]

[အဆင့်အတန်း - ကောင်းကင်ဝံပုလွေဘုရင် မျိုးနွယ်စု၏ ဗိုလ်ချုပ်]

[စွမ်းအား- ထိပ်သီးပညာရှင်]

[သစ္စာစောင့်သိမှု -၁၀၀ (ရန်သူ)]

[အမည်- ရှန်ကျား]

[အဆင့်အတန်း- မြောက်ပိုင်းဖရီ ဘုရင် မျိုးနွယ်စု၏ ဗိုလ်ချုပ်]

[စွမ်းအား- ထိပ်သီးပညာရှင်]

[သစ္စာစောင့်သိမှု -၁၀၀ (ရန်သူ)]

ထိုသူသုံးဦး၏ အချက်အလက်များကို ပြန်လည်သုံးသပ်ပြီးနောက် လုချန်းသည် အခြားဗိုလ်ချုပ်များ၏ အချက်အလက်များကို လျှောက်ကြည့်လိုက်သည်။

နောက်ဆုံးတွင် လွင်ပြင်ဒေသ မျိုးနွယ်စုစစ်တပ် ရှေ့တန်းမှ နှစ်သိန်းကျော်ရှိသော စစ်သည်များအနက် ထိပ်သီးပညာရှင် သုံးဦးခန့် ၊ထိပ်သီးအဆင့်တစ်ဝက် ငါးဦးနှင့် အဆင့်ကိုး စစ်သည်ဆယ့်နှစ်ဦးခန့် ရှိသည်။

လုချန်းသည် နောက်တွင် ရှိနေသော စစ်သည်သောင်းချီထဲတွင် ထိပ်သီးပညာရှင်များ ရှိမရှိကို မသိရသေးပါ။ အခုအချိန် အမြောက်များ မရှိပါက မြောက်ပိုင်းမြို့တော်သည် လွင်ပြင်ဒေသ မျိုးနွယ်စုများ၏ အင်အားကို မခံနိုင်ပဲ ကျဆုံးသွားမည် ဖြစ်သည်။ လွင်ပြင်ဒေသ မျိုးနွယ်စုများ၏ ဤကဲ့သို့သော အင်အားဖွဲ့စည်းပုံဖြင့် မြောက်ပိုင်းမြို့တော် သာမဟုတ်ပါ နိုင်ငံငယ် အချို့ကိုပင် ဖျက်ဆီးပစ်ရန်ပင် ပြဿနာ မရှိပါ။

.......

အခန်း (၁၀၈) စစ်ပွဲစတင်ခြင်း

ရှောင်ဟွန်ဗိုသည် မြောက်ပိုင်းမြို့တော်၏ မြို့ရိုးပေါ်တွင် စိုက်ထူထားသော မြောက်ပိုင်းနယ်စားမင်းသားစံအိမ်၏ အလံကို မြင်သောအခါ အလွန်စိတ်လှုပ်ရှားသွားသည်။

သူက သူ့နောက်မှ စစ်သည်များကို

“ရန်ခရိုင်ဟာ ကျုပ်တို့ ရှေ့မှောက်မှာ ရှိနေပြီ။ လွင်ပြင်ဒေသ မျိုးနွယ်စု စစ်သည်တော်များ။ ကျုပ်နဲ့အတူ တိုက်ခိုက်ကြ။”

“မြောက်ပိုင်းနယ်စားမင်းသားကို ဖမ်းနိုင်တဲ့သူကို ကျုပ်က မိန်းမလှဆယ်ယောက်နှင့် နွားတစ်ထောင်ကို ဆုချီးမြှင့်မယ်” ဟု အော်လိုက်သည်။

ရှောင်ဟွန်ဗို၏ စကားကို ကြားသောအခါ လွင်ပြင်ဒေသ မျိုးနွယ်စု စစ်သည်များသည် ချက်ချင်း စိတ်လှုပ်ရှားသွားကြပြီး ချီတက်မှုနှုန်းကို အရှိန်မြှင့်တင်လိုက်ကြ၏။

တစ်ချိန်တည်းမှာပင် ရှောင်ပင်တိန်သည် လွင်ပြင်ဒေသ မျိုးနွယ်စုစစ်သည်များ အရှေ့တွင် ထိုမျှမြန်မြန် ချီတက်နေသည်ကို မြင်သောအခါ အလွန်စိုးရိမ်သွားမိသည်။

အလွန်တိတ်ဆိတ်နေ၏ ဝန်နင်းတောင်ကြားသည် အလွန်တိတ်ဆိတ်နေ၏။ အသက်မရှူ မဝ‌စေသော ဖိစီးမှုကို ဖြစ်စေသော တိတ်ဆိတ်မှုမျိုးဖြစ်သည်။

မြောက်ပိုင်းနယ်စားမင်းသားသည် တကယ်ပဲ ရန်ခရိုင်ကို ကာကွယ်နေပြီး လွင်ပြင်ဒေသ မျိုးနွယ်စုများ၏ တိုက်ခိုက်မှုကို စောင့်ဆိုင်းနေပါက ဝန်နင်းတောင်ကြားတွင် လွင်ပြင်ဒေသ မျိုးနွယ်စု စစ်တပ် ချီတက်လာမှုကို ဟန့်တားမည့် အတားအဆီးများ လုံးဝမရှိတာက မဖြစ်သင့်ပါ။

ရှောင်ပင်တိန်သည် ယခင်က ရှားစစ်တပ်နှင့် တိုက်ပွဲဝင်ခဲ့ဖူးပြီး သူတို့၏ နည်းလမ်းများကို သိရှိသည်။ မြို့ကို ကာကွယ်သည့်အခါတွင် သူတို့သည် မြင်းတပ်၏ ချီတက်မှုကို ဟန့်တားရန် အတားအဆီးများ ပြုလုပ်လေ့ရှိသည်။

အရင်က တောင်ဘက်သို့ ဝင်ရောက်တိုက်ခိုက်စဉ်က သူတို့လုယက်ခဲ့သော မြို့ငယ်များတွင်ပင် လွင်ပြင်ဒေသမျိုးနွယ်စုများ၏ မြင်းတပ်ကို ရပ်တန့်စေရန် စစ်သည်များက အတားအဆီးများတည်ဆောက်ထားခဲ့သည်။ ရန်ခရိုင်၏ကာကွယ်သူများက ထိုသို့မလုပ်ပဲ နေမည်မဟုတ်ပါ။

ထိုအရာသည် ပုံမှန်ဖြစ်နိုင်သလား။ လုံးဝမဖြစ်နိုင်ပါ။

ရန်ခရိုင်၏ ကာကွယ်သူများသည် သူတို့အား ချဉ်းကပ်ခွင့်ပြထားတာက ရည်ရွယ်ချက်ရှိသည်ဟု ရှောင်ပင်တိန်သံသယရှိသည်။ သို့မဟုတ် သူတို့အား ဝန်နင်းတောင်ကြားအတွင်းသို့ ဝင်ရောက်ခွင့်ပြုရန် ရည်ရွယ်ချက်ရှိသည်။

သူ့ကိုယ်သူ ‌အတွေးလွန်နေတာ ဖြစ်ပါစေဟု သူမျှော်လင့်နေသည်။ သို့သော် ရန်ခရိုင်၏ ကာကွယ်သူများသည် သူတို့အား ဝန်နင်းတောင်ကြားအတွင်းသို့ ရည်ရွယ်ချက်ရှိရှိ ဝင်ရောက်ခွင့်ပြုနေပါက ကြီးမားသော ပြဿနာတစ်ခု ဖြစ်လာမည်ဖြစ်သည်။

ထိုအချိန်တွင် လွင်ပြင်ဒေသမျိုးနွယ်စု စစ်တပ်သည် မြို့တော်နှင့် နီးကပ်လာပြီဖြစ်သည်။

ရန်ခရိုင်မှ စစ်သည်များသည် သူတို့၏ပြင်ဆင်မှုများကို ပြီးမြောက်အောင်လုပ်ဆောင်ပြီးဖြစ်ပြီး ဝန်နင်းတောင်ကြား၏ နှစ်ဖက်စလုံးရှိ အမြောက်တပ်သားများသည် အမြောက်များကို ချိန်ညှိထားပြီးပြီဖြစ်သည်။ လုချန်း၏ အမိန့်ကိုသာ စောင့်ဆိုင်းနေရုံဖြစ်သည်။

လွင်ပြင်ဒေသမျိုးနွယ်စုများ မြင်းတပ် နီးကပ်လာသည်နှင့်အမျှ မြင်းခွာသံများကလည်း ပို၍ကျယ်လောင်လာကြသည်။ ထိုအသံများက လူတိုင်း၏ နှလုံးခုန်နှုန်းကို မြန်ဆန်လာစေသည်။ လုချန်းသည် အမြောက်တစ်လက်နားသို့ ကိုယ်တိုင်ချဉ်းကပ်ပြီး ချိန်ညှိလိုက်ကာ ရှောင်ဟွန်ဗို ရှိရာနေရာကို ပစ်မှတ်ထားလိုက်သည်။

လုချန်းသည် စစ်မက်ရေးရာ ကျင့်ဝတ်သိက္ခာများကို လိုက်နာရန် ရည်ရွယ်ချက်မရှိသလို ရှောင်ဟွန်ဗိုကို အရှင်ဖမ်းရန်လည်း အစီအစဉ်မရှိပေ။ အမြောက်ဖြင့်ပစ်ကာ သူ့ကိုသတ်နိုင်ပါက အကောင်းဆုံးဖြစ်သည်။

ရှောင်ဟွန်ဗိုသည်လည်း မြို့ရိုးပေါ်ရှိ အမြောက်များကို မြင်တွေ့ခဲ့သည်။ သို့သော်သူတို့သည် ထိုအမြောက်များကို ကျောက်မောင်းလက်နက်များဟုသာ ထင်နေကြပြီးစိတ်လည်း မဝင်စားကြပါ။

ထိပ်သီးပညာရှင်များအတွက် ထိုကဲ့သို့သော ကျောက်မောင်းလက်နက်များသည် အန္တရာယ်မရှိပါ။ အခု သူတို့ အနေနှင့် တိုက်ရိုက်စီးနင်း တိုက်ခိုက်နိုင်ရန်သာ လိုအပ်သည်။ လွင်ပြင်ဒေသ မျိုးနွယ်စု စစ်တပ် ပိုမိုနီးကပ်လာသည်ကို ကြည့်ရင်း လုချန်းသည် အချိန်ကျပြီဟု ခံစားလိုက်ရပြီး ချက်ချင်းပင် အမြောက်ကျည်ကို ပစ်လွှတ်လိုက်သည်။

နောက်တစ်မိနစ်တွင် ၁၂၂ မီလီမီတာ အမြောက်ကျည်တစ်လုံးသည် ကောင်းကင်သို့ ပျံတက်သွားပြီး ရှောင်ဟွန်ဗို၏ အရှေ့မှ ဦးဆောင်ချီတက်နေသော လွင်ပြင်ဒေသ မျိုးနွယ်စုများ၏ အရေးပါသော ပုဂ္ဂိုလ်များဆီသို့ ပြုတ်ကျလာသည်။

ထိပ်သီးပညာရှင် အဆင့်ရှိသူတစ်ဦးအနေဖြင့် ရှောင်ဟွန်ဗိုသည် အမြောက်ကျည်ကို သတိပြုမိသော်လည်း သူ့အတွက် ထိုအ‌ မြောက်ကျည်သည် ကျောက်တုံးတစ်ခုသာ ဖြစ်သည်။

ရှောင်ဟွန်ဗိုသည် ကျောက်တုံးကို သူ၏ ပုဆိန်ဖြင့် ရိုက်ချရန် အသင့်ပြင်နေစဉ် သူ့ဘေးရှိ လွင်ပြင်ဒေသ မျိုးနွယ်စု ထိပ်သီးပညာရှင် ဗိုလ်ချုပ်တစ်ဦးဖြစ်သော ရှန်ကျားသည် မြင်းပေါ်မှတဆင့် မီတာအနည်းငယ် အမြင့်အထိ အပေါ်သို့ ခုန်တက်လိုက်သည်။

ဤမြင်ကွင်းကို ကြည့်ရင်း လုချန်းပင် အံ့အားသင့်သွားသည်။ ဒါက ထိပ်သီးပညာရှင်တစ်‌ယောက်ရဲ့ တကယ့်စွမ်းအားလား။ ခန္ဓာကိုယ်မှ အင်အားဖြင့် ဒီလောက်မြင့်မြင့် ခုန်တက်နိုင်လား။

ထိုအချိန်တွင် ရှန်ကျားသည် သူ၏လက်ထဲရှိ ကြီးမားသော ပုဆိန်ဖြင့် အမြောက်ကျည်ကို ရိုက်ချလိုက်သည်။ နောက်တစ်မိနစ်တွင် အမြောက်ကျည်က ပေါက်ကွဲသွားသည်။

ပေါက်ကွဲသံ…ဘုန်း….

ကြားရသူတိုင်း နားအူသွားစေသော ပေါက်ကွဲသံဖြင့် လွင်ပြင်ဒေသ မျိုးနွယ်စုထိပ်သီးပညာရှင် ဗိုလ်ချုပ် ရှန်ကျား၏ ခန္ဓာကိုယ်သည် အပိုင်းပိုင်းပြုတ်ထွက်သွားသည်။

အမြောက်ကျည် ပေါက်ကွဲသောအခါ ရှောင်ဟွန်ဗို၏ အရှေ့တွင် ရှိနေသော စစ်သည်များသည်လည်း ချက်ချင်းပင် သေဆုံးသူသေဆုံး၊ ဒဏ်ရာရသူရနှင့် ကသောင်းကနင်း ဖြစ်သွားကြပြီး ရှောင်ဟွန်ဗိုအပါအဝင် အခြား လွင်ပြင်ဒေသ မျိုးနွယ်စုထိပ်သီးပညာရှင် တစ်ဦးသည်လည်း ပေါက်ကွဲမှုကြောင့် မီတာအနည်းငယ်ခန့် လွင့်စင်သွားကြသည်။

မူလက စိတ်လှုပ်ရှား တက်ကြွနေသော လွင်ပြင်ဒေသ မျိုးနွယ်စု စစ်တပ်သည် ချက်ချင်းပင် ပေါက်ကွဲသံကြောင့် လက်တွေ့ဘဝထဲသို့ နိုးထလာကြသည်။ နောက်ဆုံးတွင် သူတို့သည် တစ်စုံတစ်ခုမှားယွင်းနေသည်ကို သတိထားမိလာကြသည်။ အရှိန်ဖြင့် အစွမ်းကုန် ချီတက်နေသော လွင်ပြင်ဒေသမျိုးနွယ်စု စစ်တပ်သည် ရုတ်တရက် ရပ်တန့်သွားပြီး တပ်တစ်ခုလုံး ကစဉ့်ကလျား ဖြစ်သွားသည်။

“ဘုရားသခင်။ ဒါဘာ‌တွေ ဖြစ်နေတာလဲ။”

“ထိပ်သီးပညာရှင်… ထိပ်သီးပညာရှင်။ ရန်ခရိုင်မှာ ထိပ်သီးပညာရှင်တစ်ဦး ရှိနေလို့လား။”

“ဘုရင်ကြီး ဒဏ်ရာရနေပြီ။”

“ဘုရင်ကြီး အတွက် လက်စားချေရမယ်။”

“တိုက်ကြ။”

ကသောင်းကနင်းဖြစ်နေသော လွင်ပြင်ဒေသမျိုးနွယ်စု စစ်တပ်သည် ခဏတာတုံ့ဆိုင်းနေပြီးနောက် တိုက်ခိုက်မှုကို စတင်လာမည်ဟု လုချန်းမျှော်လင့်မထားပါ။

သို့သော် ဒါက အံ့အားသင့်စရာတော့ မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် သူတို့သည် အမြောက်ကျည်တစ်တောင့်သာ ပစ်ခတ်ခဲ့ပြီး အမြောက်လက်နက်၏အန္တရာယ်ကို သူတို့ကောင်းကောင်း မသိရှိကြသေးပေ။ လုချန်း သူတို့၏ ရဲရင့်မှုကို ချီးကျူးမိ၏။ သို့သော် တစ်ခါတစ်ရံတွင် အလွန်အမင်းရဲရင့်ခြင်းသည် ကောင်းသောအရာတော့မဟုတ်ပေ။

ထို့နောက် လုချန်းက အသံကျယ်ကျယ်ဖြင့်အော်ဟစ်လိုက်သည်။

“ပစ်”

နောက်ခဏတွင် မြို့တံတိုင်းပေါ်ရှိ လေးသမားများနှင့် အမြောက်တပ်သားများသည် တိုက်ခိုက်မှုကို တပြိုင်နက်တည်း စတင်လိုက်သည်။ မရေမတွက်နိုင်သော မြားများသည် အပေါ်မှ ရွာသွန်းလာသည်။

ထို့အပြင် အမြောက်ကျည်များသည် လွင်ပြင်ဒေသမျိုးနွယ်စု စစ်တပ်ထဲတွင် ကျရောက်ပေါက်ကွဲသွားပြီး လူများရော မြင်းများပါ ကြေမွပျက်စီးကုန်ကြသည်။ ဝန်နင်း တောင်ကြား၏ ကျဉ်းမြောင်းမှုကြောင့် ပေါက်ကွဲမှုတစ်ကြိမ်ဖြစ်တိုင်း ပျက်စီးမှုက ကြီးမားကျယ်ပြန့်၏။

ခဏအတွင်းတွင် မရေမတွက်နိုင်သော လွင်ပြင်ဒေသမျိုးနွယ်စုများ၏ စစ်သည်များသည် သေဆုံးခြင်း သို့မဟုတ် ဒဏ်ရာခြင်းများဖြင့် အဆုံးသတ်သွားကြသည်။

ထိုအချိန်တွင် ဝန်နင်းတောင်ကြား၏ နှစ်ဖက်စလုံးတွင် ပုန်းအောင်းနေသော အမြောက်တပ်သားများသည် ချက်ချင်းတိုက်ခိုက်ခြင်း မပြုသေးပဲ ရှောင်ပင်တိန်နှင့် သူ၏စစ်သည်ငါးသောင်း သူတို့၏ ပစ်ကွင်းအတွင်းသို့ ဝင်ရောက်လာသည်ကို စောင့်ဆိုင်းနေခဲ့သည်။

ထိုအချိန်တွင် ရှောင်ပင်တိန်သည် ရှေ့တန်းရှိ လွင်ပြင်ဒေသမျိုးနွယ်စု စစ်တပ် ရုတ်တရက်ကသောင်းကနင်း ဖြစ်သွားသည်ကို သတိထားမိပြီး တစ်စုံတစ်ခုဖြစ်ပျက်နေသည်ကို ချက်ချင်းနားလည်သွားခဲ့သည်။

ခဏတာမျှ စဉ်းစားပြီးနောက် သူက နောက်လှည့်ပြီး သူ့နောက်ရှိ စစ်သည်များကို

“နောက်တန်းကို သတိထားပါ။ တိုက်ဖို့ အသင့်ပြင်ထားပါ”

ဟု ပြောလိုက်သည်။

ရှောင်ပင်တိန်၏တုံ့ပြန်မှုသည် အလွန်လျင်မြန်၏။ အနက်ရောင် မြင်းတပ်များ မပေါ်ထွက်လာမီတွင်ပင် သူတို့ အဝိုင်းခံရတော့မည်ကို ခံစားမိခဲ့သည်။

ရှောင်ပင်တိန်၏တပ်များ သတိထားလာသည်ကို မြင်လိုက်ရသောအခါ အမြောက်တပ်သားတစ်ဦးသည် သူ့ဘေးရှိ မုကျင်းဝူကို

“ဗိုလ်ကြီးမု။ အခု ကျွန်တော်တို့ မတိုက်ရင် ရန်ခရိုင်က လက်နက်ခဲယမ်းတွေ ကုန်သွားပါလိမ့်မယ်” ဟု ပြောလိုက်သည်။

ရန်ခရိုင်တွင် အမြောက်ကျည်ဆံ အများအပြားမရှိပါ။ အမြှောက်ကျည် အများစုကို ဝန်နင်းတောင်ကြား၏ နှစ်ဖက်စလုံးရှိ အမြောက် တပ်စခန်းများသို့ ခွဲဝေပေးထားသည်။

မုကျင်းဝူသည် ရှောင်ပင်တိန်၏ စစ်သည်ငါးသောင်းကို ကြည့်လိုက်ပြီးနောက်

“တပ်သားအားလုံး အသင့်ပြင်ထားပါ။ စပစ်တော့”

ဟု အသံကျယ်ကျယ်ဖြင့် အော်ဟစ်လိုက်သည်။

အမိန့်ပေးသံနှင့်အတူ အမြောက်ကျည် ဒါဇင် ပေါင်းများစွာသည် လွင်ပြင်ဒေသမျိုးနွယ်စုများ၏ စစ်တပ်ထဲတွင် ကျရောက်ပေါက်ကွဲသွားပြီး လွင်ပြင်ဒေသမျိုးနွယ်စု မြင်းတပ်သားများ၏ ခြေလက်များကို လေထဲသို့ လွင့်စင်သွားစေသည်။ မြေကြီးသည်လည်း ချိုင့်ဝင်သွားပြီး လွင်ပြင်ဒေသမျိုးနွယ်စု မြင်းတပ်သားအချို့သည် ပေါက်ကွဲမှုကြောင့် မြေမြှုပ်သေဆုံးသွားကြသည်။

ပေါက်ကွဲမှုသည် ရှောင်ပင်တိန်တို့ တပ်များနှင့် မဝေးလှပေ။ ရှေ့တန်းရှိ ကြောက်မက်ဖွယ်ရာ အခြေအနေကို မြင်လိုက်ရသောအခါ ရှောင်ပင်တိန်၏ စစ်သည်ငါးသောင်းသည်လည်း ဆုတ်ခွာရန် စဉ်းစားလာကြသည်။

“ဝံပုလွေနတ်ဘုရား။ ဒီလက်နက်က ဘယ်လိုလက်နက်မျိုးလဲ။”

“ရှနိုင်ငံက ဒီလို ကြောက်စရာ‌ ကောင်းတဲ့ လက်နက်ကို ဘယ်အချိန်ကစပြီး ရလာတာလဲ။”

“ဗိုလ်ချုပ်။ ကျွန်တော်တို့ လှည့်စားခံလိုက်ရပါပြီ။”

“ဗိုလ်ချုပ်။ ကျွန်ုပ်တို့ မြန်မြန် ဆုတ်ခွာသင့်ပါတယ်။”

လွင်ပြင်ဒေသမျိုးနွယ်စု စစ်သည်များ လေထဲတွင် လွင့်စင်နေသည်ကို မြင်လိုက်ရသောအခါ ရှောင်ပင်တိန်သည် သူတို့လှည့်စားခံလိုက်ရသည်ကို သဘောပေါက်လိုက်သည်။ လက်ရှိအချိန်တွင် အရေးအကြီးဆုံးအလုပ်မှာ နောက်တန်းရှိ ဆုတ်ခွာရေးလမ်းကို ကာကွယ်ရန်ဖြစ်ပြီး သူတို့၏ လွင်ပြင်ဒေသမျိုးနွယ်စု မြင်းတပ် ဝန်နင်းတောင်ကြားမှ ဆုတ်ခွာနိုင်ရန်ဖြစ်သည်။

ထိုသို့မဟုတ်ပါက ရှနိုင်ငံတော်၏ ထူးဆန်းသောလက်နက်၏ အောက်တွင် သူတို့၏ လွင်ပြင်ဒေသ မျိုးနွယ်စု မြင်းတပ်သုံးသိန်းစလုံး ဝန်နင်းတောင်ကြားတွင် အဆုံးသတ်သွားနိုင်သည်။

ရှောင်ပင်တိန်က သူ၏စစ်သည်ငါးသောင်းနှင့်အတူ ဆုတ်ခွာရန် ပြင်ဆင်နေသည်ကို မြင်လိုက်ရသောအခါ ဝန်နင်းတောင်ကြား၏နှစ်ဖက်စလုံးရှိ အမြှောက်တပ်သားများ စိုးရိမ်လာကြသည်။ သူတို့၏ မျက်စိ‌ရှေ့တွင် လွင်ပြင်ဒေသမျိုးနွယ်စုများ၏ စစ်သည် သောင်းနှင့်ချီ ရှိနေပြီး သူတို့အား ထွက်ပြေးခွင့် မပြုနိုင်ပေ။

ချက်ချင်းပင် အမြောက်တပ်သားအချို့သည် အမြာက်ကို ရှောင်ပင်တိန်၏စစ်သည်ငါးသောင်းဆီသို့ ချိန်ညှိကာ ပစ်ခတ်လိုက်ကြသည်။ ကျည်တစ်တောင့် လူအုပ်ထဲတွင် ပေါက်ကွဲသော ထိုအခိုက်အတန့်တွင် ရှောင်ပင်တိန်၏ စစ်သည်ငါးသောင်းလည်း လုံးဝကသောင်းကနင်း ဖြစ်သွားခဲ့သည်။

ဤမြင်ကွင်းကို မြင်ရသောအခါ သူတို့ အမြန်ဆုံး ဆုတ်ခွာရတော့မည်ကို ရှောင်ပင်တိန် သိလိုက်ပြီး

“ဆုတ်ကြ။ တပ်တစ်ခုလုံး ဆုတ်ကြ”

ဟု အသံကျယ်ကျယ်ဖြင့် အော်ဟစ်လိုက်သည်။

ထို့နောက် သတင်းပို့ စစ်သားက ခရာထုတ်ယူကာ ဆုတ်ခွာရန် အချက်ပြသံကို မှုတ်လိုက်သည်။

ဝူးဝူးဝူးဝူး——— !!!!

.......

All Chapters