အခန်း ၁၃၀-၁၃၂
Vol. 9 Ch. 130-132
အခန်း (၁၃၀)
သူ့ကို အိမ်ရှေ့စံရာထူးခန့်ဖို့ ရည်ရွယ်ထားတယ် (၂)
ဆွမ်ဧကရာဇ်သည် ခဏတာ တွေးတောနေခဲ့ပြီးနောက်
“အမိန့်ထုတ်လိုက်ပါ။ မြောက်ပိုင်းနယ်စားမင်းသားသည် လွင်ပြင်ဒေသ မျိုးနွယ်စုများ၏ စစ်သည်နှစ်သိန်းကို သုတ်သင်ပစ်လိုက်ပြီး နောက်ထပ် တစ်သိန်းကျော်ကို ဖမ်းမိ၏။ ထို့အပြင် ကောင်းကင်ဝံပုလွေဘုရင်ကို စစ်မြေပြင်တွင် စီရင်နိုင်ခဲ့သည်။ သူ၏ ကြီးမားသော စွမ်းဆောင်မှုအတွက် သူ ငွေသား နှစ်သန်း၊ အထည် နှစ်သိန်းနှင့် နယ်မြေချဲ့ထွင်ခွင့် အမိန့်တော်ကို အထူးဆုအဖြစ်ချီးမြှင့်သည်။”
ဆွမ်ဧကရာဇ်က နယ်မြေချဲ့ထွင်ရေး အမိန့်ကို ဒီလောက် လွယ်လွယ်ကူကူ ပေးလိုက်သည်ကို မြင်လိုက်ရသည်နှင့် ဝန်ကြီးများလည်း အနည်းငယ် အံ့အားသင့်သွားခဲ့ကြသည်။ ယခင်ဆွမ်ဧကရာဇ်များအတွက် နယ်မြေချဲ့ထွင်ခွင့် အမိန့်ကို ပြန်လည်ရုတ်သိမ်းရန် မလွယ်ကူခဲ့ပေ။ ယခု လက်ရှိဆွမ်ဧကရာဇ်က ထိုအမိန့်ကို ပြန်လည်ပေးအပ်လိုက်ခြင်းဖြစ်သည်။
သို့သော် ထိုအချိန်တွင် ဝန်ကြီးများထဲမှ မည်သူမှ စကားမပြောကြပေ။ အဘယ့်ကြောင့်ဆိုသော် နယ်မြေချဲ့ထွင်ခွင့် အမိန့်နှင့် နှိုင်းထက် အားလုံးက အိမ်ရှေ့မင်းသားရာထူးကို ပို၍ စိတ်ဝင်စားနေကြသည်။
သူတို့သည် အိမ်ရှေ့မင်းသားရာထူးအစား နယ်မြေချဲ့ထွင်ခွင့် အမိန့်ကိုပို၍ လက်ခံနိုင်ကြမည်ဖြစ်သည်။ ထို့ပြင် မြောက်ဘက်သည် လွင်ပြင်ဒေသ မျိုးနွယ်စုများ၏ နယ်မြေဖြစ်ပြီး မြောက်ပိုင်းနယ်စားမင်းသားသည် သူ၏ နယ်မြေကို မြောက်ဘက်သို့သာ ဆက်လက်ချဲ့ထွင်နိုင်မည်ဖြစ်သည်။
အကယ်၍ သူသည် တောင်ဘက်သို့ ရွေ့လျားလာပါက နယ်မြေချဲ့ထွင်ခြင်းမဟုတ်ပဲ ပုန်ကန်ခြင်းသာဖြစ်မည်။
မြောက်ပိုင်းနယ်စားမင်းသား အိမ်ရှေ့မင်းသားမဖြစ်သရွေ့ အရာရာကို ညှိနှိုင်းနိုင်ပြီး သူ့ကို နယ်မြေချဲ့ထွင်ခွင့် အမိန့်ပေးအပ်ခြင်းက ပြဿနာမရှိပေ။
ထိုအတောအတွင်း။ နေပြည်တော်၏ မြောက်ဘက်တံခါးတွင် အနီရောင်အလံငယ်တစ်ခုကို ကိုင်ထားသော စစ်သည်တစ်ဦးသည် မြင်းစီးလျက် အသံကျယ်ကျယ်ဖြင့် အော်ဟစ်နေခဲ့သည်။
“မြောက်ပိုင်းမြို့တော်မှာ အောင်ပွဲကြီးရပြီ။”
"မြောက်ပိုင်းနယ်စားမင်းသားဟာ မြောက်ပိုင်းမြို့တော်ရဲ့ စစ်သည်တွေကို ဦးဆောင်ပြီး လွင်ပြင်ဒေသ မျိုးနွယ်စု စစ်သည်နှစ်သိန်းကို သုတ်သင်လိုက်ပြီ။ နောက်ထပ် တစ်သိန်းကိုလည်း ဖမ်းမိထားပြီ။"
စစ်သည်သည် နန်းတော်သို့ ဦးတည်ကာ မြင်းစီးလျက် အော်ဟစ်နေခဲ့သည်။ ထိုကဲ့သို့သော ကြီးမားသည့် အောင်ပွဲကို အော်ဟစ်ဖော်ထုတ်ရမည်ဖြစ်သည်။ ပြည်သူလူထုကို သိစေရမည်။ သို့သော် လင်ရှုမင်နှင့် စစ်ရေးကြီးကြပ်မှူးတို့သည် အနီရောင်ဖဲကြိုးတပ် သတင်းပို့သူများကို နေပြည်တော်တွင် အော်ဟစ် မကြေညာရန် နန်းတော်သို့ ရောက်မှသာ ကြေညာရန် ကြိုတင် ညွှန်ကြားထားခဲ့သည်။
အဘယ့်ကြောင့်ဆိုသော် မြောက်ပိုင်းနယ်စားမင်းသား၏ စွမ်းဆောင်မှုသည် အလွန်ကြီးမားလှပြီး နန်းတွင်းမှ မြောက်ပိုင်းနယ်စားမင်းသားကို မည်သို့ဆုချီးမြှင့်မည်ကို ဆွေးနွေးဆုံးဖြတ်ပြီးမှသာ ပြည်သူလူထုကိို သိရှိရန်က အကောင်းဆုံးဖြစ်သည်။ သို့မဟုတ်ပါက ပြည်သူလူထု၏ သဘောထားသည် နန်းတွင်းအပေါ် ဖိအားအနည်းငယ် သက်ရောက်နိုင်သည်။
သို့သော် လုချန်းကတော့ ဒီလောက် မတွေးခဲ့ပေ။ ပြည်သူလူထုက နောက်ဆုံးတွင် သိရှိသွားမည်ဟု သူယူဆခဲ့သည်။ ထို့ကြောင့် သူက အနီရောင်ဖဲကြိုးတပ် သတင်းပို့သူကို စေလွှတ်လိုက်ပြီး လမ်းတစ်လျှောက်တွင် အားရပါးရ အော်ဟစ်ရန် ညွှန်ကြားခဲ့သည်။ ထို့အပြင် ထိုသူအတွက် ရေဗူးဒါဇင်နှင့်ချီ ပြင်ဆင်ပေးခဲ့သည်။
ရှနိုင်ငံတော်၏ ပြည်သူလူထုက မြောက်ပိုင်းမြို့တော်တွင် မြောက်ပိုင်းနယ်စားမင်းသားက လွင်ပြင်ဒေသ မျိုးနွယ်စုများ၏ စစ်သည်နှစ်သိန်းကို သတ်ဖြတ်ပစ်လိုက်သည်ကို သိရှိမှသာ နန်းတွင်းက သူ့ကို ဘာမှ မလုပ်ရဲမည်ဖြစ်သည်။
ဒီလောက် ကြီးမားသော စွမ်းဆောင်မှုကို နန်းတွင်းမှ ဆုချီးမြှင့်ရန် မစဉ်းစားပဲ သူ၏ နယ်မြေကို လျှော့ချရန် သို့မဟုတ် သူ့ကို ပုန်ကန်မှုဖြင့် စွပ်စွဲရန် စဉ်းစားပါက ပြည်သူလူထု၏ ထောက်ခံမှုကို ဆုံးရှုံးမည်မှာ သေချာပေသည်။
ထိုအချိန်တွင် နေပြည်တော်ရှိ သာမန်ပြည်သူများသည် အနီရောင်ဖဲကြိုးတပ် သတင်းပို့သူထံမှ စစ်ရေးအစီရင်ခံစာကို ကြားသောအခါ ကြက်သေသေ သွားကြသည်။
သူတို့ နားကြားမှားနေတာလား။ မြောက်ပိုင်းနယ်စားမင်းသားက မြောက်ပိုင်းမြို့တော်ရဲ့ စစ်သည်တွေကို ဦးဆောင်ပြီး လွင်ပြင်ဒေသ မျိုးနွယ်စု စစ်သည်နှစ်သိန်းကို သုတ်သင်ခဲ့တယ်တဲ့လား။
ဒါအမှန်လား။ မြောက်ပိုင်းနယ်စားမင်းသားက အသုံးမကျတဲ့ မင်းသားတစ်ပါး မဟုတ်ဘူးလား။
အရက်နှင့် အမျိုးသမီးများဖြင့် ကာမဂုဏ်ကို လွန်ကျူးစွာ ခံစားပျော်ပါးခြင်းကြောင့် ခန္ဓာကိုယ်ကို အားနည်းနေခဲ့တဲ့ မင်းသားတစ်ပါးက ဒီလောက်ကြီးမားတဲ့ စစ်ရေးအောင်ပွဲကို ရရှိနိုင်သလား။
ထိုသတင်းသည် အလွန်မယုံနိုင်စရာ ဖြစ်နေသဖြင့် သူတို့သံသယ မဝင်ပဲ မနေနိုင်ပေ။ သာမန်ပြည်သူများသည် နိုင်ငံရေးကို နားမလည်ကြသော်လည်း ဤမျှမယုံနိုင်လောက်အောင် မှားယွင်းနေသော စစ်ရေးအစီရင်ခံစာကို မည်သူမှ ကြေညာရဲမည် မဟုတ်ကြောင်း သူတို့သိကြသည်။
အထူးသဖြင့် ထိုသတင်းကို အနီရောင်ဖဲကြိုးတပ် သတင်းပို့သူက နေပြည်တော်သို့ ယူဆောင်လာခဲ့လျှင် ဖြစ်သည်။ တစ်ချိန်တည်းတွင် နေပြည်တော်ရှိ သာမန်ပြည်သူအားလုံးသည် စိတ်လှုပ်ရှားသွားကြသည်။ သို့သော် ပြည်သူအများစုကသတင်း၏ မှန်ကန်မှုကို သံသယဝင်နေကြသည်။ အဘယ်ကြောင့်ဆိုသော် ထိုသတင်းသည် ယုံကြည်ရန် အလွန်ခက်ခဲလှသောကြောင့်ဖြစ်သည်။
လူအများက အသုံးမကျသူဟု သိထားသော လူတစ်ဦးကို နေရာပြောင်းလိုက်တာနဲ့ပဲ ဒီလောက်ကြီးမားတဲ့ ပြောင်းလဲမှုကို ဖြစ်စေနိုင်သည်မှာလား။ မဖြစ်နိုင်တာ ထင်ရှားပါသည်။
တစ်ချိန်တည်းတွင်ပင် နေပြည်တော်အတွင်းရှိ အခြားနိုင်ငံများ သို့မဟုတ် မင်းဆက်များမှ သူလျှိုများသည်လည်း အနီရောင်ဖဲကြိုးတပ် သတင်းပို့သူ ယူဆောင်လာသော သတင်းကို ကြားသိလိုက်ကြသည်။ သူတို့လည်း အလွန်သံသယဝင်နေကြသော်လည်း သူတို့၏ တုံ့ပြန်မှုကတော့ သာမန်ပြည်သူများနှင့် မတူပါ။
အနီရောင်ဖဲကြိုးတပ် သတင်းပို့သူထံမှ သတင်းကို ကြားသိလိုက်သည်နှင့် အခြားနိုင်ငံများမှ သူလျှိုများသည် နန်းတော်ရှိ အကြီးအကဲများ၏ လှုပ်ရှားမှုများကို စုံစမ်းရန် မျိုးစုံသော ထောက်လှမ်းဆက်သွယ်မှုများကို ပြုလုပ်ကြသည်။
ထိုဝန်ကြီးများက ထိုဖြစ်ရပ်သည် မှန်လား မှားလားဆိုသည်ကို သိကြမည်မှာ သေချာသည်။
မကြာမီပင် အခြားနိုင်ငံများမှ သူလျှိုများသည်လည်း အနီရောင်ဖဲကြိုးတပ် သတင်းပို့သူ ယူဆောင်လာသော စစ်ရေးသတင်းသည် အမှန်တကယ်ပင် ဖြစ်ကြောင်း သိရှိလိုက်ကြသည်။ ထိုအခါ သူတို့သည်လည်း အံ့အားသင့်သွားကြရပြန်သည်။
ရှနိုင်ငံတော်တွင် နှစ်ပေါင်းများစွာ ထောက်လှမ်းရေး လုပ်ကိုင်လာခဲ့သော်လည်းသူတို့သည် မြောက်ပိုင်းနယ်စားမင်းသားကို အလေးအနက်ထားခြင်း မရှိခဲ့ကြပါ။ သူ့ကို အသုံးမကျသော မင်းသားတစ်ပါးအဖြစ်သာ မှတ်ယူခဲ့ကြပြီး စောင့်ကြည့်ရန် မလိုအပ်ဟု ထင်ခဲ့ကြသည်။ ထိုကဲ့သို့သော အသုံးမကျသည့် မင်းသားတစ်ပါးသည် ရှားနိုင်ငံတော်၏ ထီးနန်းအရိုက်အရာကို ရရှိနိုင်မည်ဟု သူတို့ ဘယ်တော့ကမှ မမျှော်လင့်ခဲ့ကြပါ။
ရလာဒ်.....
စစ်ရေးအစီရင်ခံစာ မှန်ကန်ကြောင်း အတည်ပြုပြီးသည့် အခါတွင်တော့ သူတို့ နှစ်ပေါင်းများစွာ စုဆောင်းထားသော မြောက်ပိုင်းနယ်စားမင်းသားနှင့် ပတ်သက်သည့် ထောက်လှမ်းရေးသတင်းများ အားလုံးက မှားယွင်းနေသည်ဟု အဓိပ္ပာယ် ရသွားသည်။ သူတို့အားလုံးသည် မြောက်ပိုင်းနယ်စားမင်းသားကို လှည့်စားမှုကိုခဲ့ရ၏။ သူသည် ရှနိုင်ငံတော်တွင် အကြံအကြီးဆုံး အလိမ္မာအပါးနပ်ဆုံး မင်းသားတစ်ပါးဖြစ်နေသည်။
အချို့အတွက် ထိုအခြေအနေကို လက်ခံရန် ခက်ခဲနေသော်လည်း အခြားနိုင်ငံများမှ သူလျှိုများသည် မြောက်ပိုင်းနယ်စားမင်းသားနှင့် ပတ်သက်သည့် ထောက်လှမ်းရေးသတင်းများကို သူတို့၏မြို့တော်များသို့ အလျင်အမြန် ပေးပို့လိုက်ကြသည်။
တစ်ချိန်တည်းတွင် နန်းတော် ဥယျာဉ်ရှိ စစ်တူစီရှိရာသို့ ရောက်ရှိလာသောအခါ ဆွမ်ဧကရာဇ်က
"နိုင်ငံတော်ပညာရှိကြီး။ ခင်ဗျားအားလုံးကို သိပြီးဖြစ်မယ်ထင်တယ်" ဟု မေးလိုက်သည်။
စစ်တူစီက
"ဟုတ်ပါတယ်၊ ကျွန်တော်သိပါတယ်"
ဟု ပြန်ပြောလိုက်သည်။
မြောက်ပိုင်းမြို့တော်မှ သတင်းကို အခြားသူများကဲ့သို့ပင် စစ်တူစီလည်း မယုံနိုင်ခဲ့ပါ။ သို့သော် အရိပ်ကိုယ်ရံတော်တစ်ယောက်က သူ့အား သူတို့စုဆောင်းထားသော ထောက်လှမ်းရေးသတင်းများကို ပြသပြီးနောက် သူလည်း တဖြည်းဖြည်း ထိုသတင်းကို လက်ခံလာခဲ့သည်။
ထိုအချိန်တွင် စစ်တူစီက
"မင်းကြီး မင်းသားလုချန်ကဲ့သို့ ရဲရင့်ပြီး ကျွမ်းကျင်သော စစ်သူကြီးတစ်ဦးကို ပိုင်ဆိုင်ထားတာ ဂုဏ်ယူပါတယ်" ဟု ပြောလိုက်သည်။
ထိုစကားကို ကြားသောအခါ ဆွမ်ဧကရာဇ်က
"နိုင်ငံတော် ပညာရှိကြီး။ ခင်ဗျားက ကျုပ်ကို လှောင်ပြောင်နေတာလား"
ဟု အေးစက်စွာ မေးလိုက်သည်။
စစ်တူစီက
"ကျွန်တော် မလှောင်ပြောင်ဝံ့ပါဘူး" ဟု ချက်ချင်း ပြန်ပြောလိုက်သည်။
ဆွမ်ဧကရာဇ်က နှာခေါင်းရှုံ့လိုက်ပြီး
"ချန်းက သူရဲ့ အစွမ်းကို တော်တော်လေး လျှို့ဝှက်ထားတာပဲ။ သံချပ်ကာမြင်းတပ် ငါးသောင်းတဲ့။ နန်းတွင်းကတောင် ဒီလောက် သံချပ်ကာမြင်းတပ်သား များများကို ထိန်းသိမ်းထားဖို့ မတတ်နိုင်ဘူး။ ဒါပေမဲ့ မြောက်ပိုင်းမြို့တော်မှာ ရုတ်တရက် သံချပ်ကာမြင်းတပ် ငါးသောင်းကို သူကတကယ် ဖွဲ့စည်းလိုက်တယ်။"
ထိုအချိန်တွင် စစ်တူစီက
"မင်းကြီး အရိပ်ကိုယ်ရံတော် ဒုခေါင်း ဆောင်ပိုင်ရဲ့ ထောက်လှမ်းရေးသတင်းက မှားယွင်းခြင်း မရှိဘူးလို့ ထင်ပါတယ်။ မင်းသားလုချန်းဟာ လျှို့ဝှက်လဝန်းနန်းတော်နှင့် ပူးပေါင်းဆောင်ရွက်ခြင်းမရှိဘူးလို့ အတော်လေး ယူဆလို့ ရပါတယ်။ ဘာလို့လဲဆိုတော့ သူက သူတို့ကို မှီခိုဖို့ မလိုအပ်လို့ပါ။"
ဆွမ်ဧကရာဇ်က
"နိုင်ငံတော်ပညာရှိကြီး။ ချန်းရဲ့ သံချပ်ကာမြင်းတပ်က ဘယ်နေရာက လာတယ်ဆိုတာ စဉ်းစားပြီးပြီလား။"
"မြောက်ပိုင်းမြို့တော်က ဘယ်လိုနေရာလဲ ဆိုတာကို ခင်ဗျားလည်း ကောင်းကောင်းသိပါတယ်။ သူက အဲ့ဒီနေရာကို ရောက်သွားတာတောင် မကြာသေးဘူး။ ဘယ်လိုလုပ် သူသံချပ်ကာမြင်းတပ် ငါးသောင်း ရသွားတာလဲ။"
စစ်တူစီက ပြန်မေးလိုက်၏။
"မင်းကြီးက မင်းသားလုချန်းက အခြားနိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်နေတယ်လို့ သံသယရှိ နေတာပါလား။ နောက်ပြီး ဒီသံချပ်ကာမြင်းတပ်က အခြားနိုင်ငံတစ်ခုက လာတယ်လို့ သံသယရှိ နေပါသလား။"
"ဒါပေမဲ ကျွန်တော်သိသလောက်ဆိုရင် ရှနိုင်ငံတော်ကလွဲပြီး မြောက်ပိုင်းမြို့တော်ဟာ ကျူးနိုင်ငံနှင့်သာ နယ်နိမိတ်ချင်းထိစပ်နေပါတယ်။ အကယ်၍ ဒီလောက်ကြီးမားတဲ့ သံချပ်ကာမြင်းတပ်က ကျူးနိုင်ငံကို ဖြတ်သန်းသွားခဲ့ရင် အရိပ်ကိုယ်ရံတော်တွေက သတင်းအချို့တော့ ရရှိမည်မှာ သေချာပါတယ်။"
စစ်တူစီ၏ စကားများကို ကြားသောအခါ ဆွမ်ဧကရာဇ်သည် တိတ်ဆိတ်သွားသည်။ စစ်တူစီပြောသည့်အတိုင်း သံချပ်ကာမြင်းတပ်များသည် နိုင်ငံတိုင်းအတွက် အလွန်စိတ်ဝင်စားဖွယ်ကောင်း၏။ မည်သည့် နိုင်ငံမဆို သံချပ်ကာမြင်းတပ်များကို အသုံးပြုပါက အခြားနိုင်ငံများက မသိပဲနေမည်တော့ မဟုတ်ပါ။
ထို့အပြင် မည်သည့်နိုင်ငံကမှ သံချပ်ကာမြင်းတပ် ငါးသောင်းကို အခြားသူတစ် ယောက်အား ပေးအပ်လိမ့်မည် မဟုတ်ပါ။ ဒါက လုံးဝမဖြစ်နိုင်ပါ။ ထို့ကြောင့် တစ်ခုတည်းသော ဖြစ်နိုင်ခြေမှာ သံချပ်ကာမြင်းတပ် ငါးသောင်းသည် မြောက်ပိုင်းနယ်စားမင်းသားကိုယ်တိုင် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။
သို့သော် အချိန်နှင့် အရင်းအမြစ်များကို ထည့်သွင်းစဉ်းစားပါက မြောက်ပိုင်းမြို့တော်သည် သံချပ်ကာမြင်းတပ် ငါးသောင်းကို ဖန်တီးနိုင်မည် မဟုတ်ပါ။ ထိုမင်းသားသည် လေထဲမှ စစ်သည်များကို ဖန်တီးနိုင် နေပြီလား။
ထိုအချိန်တွင် စစ်တူစီက ပြောလိုက်သည်။
"မင်းကြီး။ဒါက ခင်ဗျားအတွက် ကောင်းတဲ့အရာတစ်ခု ဖြစ်နိုင်တယ်လို့ ကျွန်ုပ်ထင်ပါတယ်"
ဆွမ်ဧကရာဇ်က
"နိုင်ငံတော် ပညာရှိကြီး ခင်ဗျားက ဘာကြောင့် ဒီလိုထင်တာလဲ"
ဟု မေးလိုက်သည်။
" ဒီသံချပ်ကာမြင်းတပ် ငါးသောင်းရဲ့ မူလအစကို မင်းကြီးမသိပါဘူး။ နန်းတွင်းက ဝန်ကြီးတွေလည်း မသိပါဘူး။ အာဏာရှိ မိသားစုများလည်း မသိပါဘူး" စစ်တူစီက ဖြေလိုက်သည်။
စစ်တူစီ၏ စကားကို ကြားသောအခါ ဆွမ်ဧကရာဇ်သည် နားလည်သွားသည်။ ဆိုလိုသည်မှာ သူသည် မြောက်ပိုင်းနယ်စားမင်းသားကို သူထောက်ပံ့ခဲ့သူအဖြစ် ဟန်ဆောင်နိုင်သည်။ အဘယ်ကြောင့်ဆိုသော် မြောက်ပိုင်းနယ်စားမင်းသားသည် သံချပ်ကာမြင်းတပ်များကို မည်သို့ရရှိခဲ့သည်ကို မည်သူမှ မသိကြပါ။
မြောက်ပိုင်းနယ်စားမင်းသားကို သူကိုယ်တိုင် မြောက်ပိုင်းမြို့တော်၏ နယ်စားအဖြစ် ခန့်အပ်ခဲ့သည်။ ထို့ကြောင့် မြောက်ပိုင်းနယ်စားမင်းသား ယခုရရှိထားသော စစ်ရေးအောင်ပွဲများက ဆွမ်ဧကရာဇ်ကိုယ်တိုင်ကြောင့် ရရှိခဲ့သည်ဟု ပြောနိုင်သည်။
ထို့ကြောင့် ဆွမ်ဧကရာဇ်သည် မြောက်ပိုင်းနယ်စားမင်းသား၏ ဖုံးကွယ်ထားသော သရုပ်အမှန်ကို အစကတည်းက သိထားရှိပြီး သူ့အား မြောက်ပိုင်းမြို့တော်သို့ စေလွှတ်ခြင်းသည် အရေးကြီးသော တာဝန်တစ်ရပ်၏ အစိတ်အပိုင်းဖြစ်နိုင်သည်။
ဒါတွေ အားလုံးက ဆွမ်ဧကရာဇ်၏ ကြီးမားသော စီမံကိန်းတစ်ခုလည်း ဖြစ်နိုင်သည်။
သံချပ်ကာ မြင်းတပ်ဖွဲ့စည်းရန် အရင်းအမြစ်များစွာ လိုအပ်၏။ တစ်ရက် နှစ်ရက်အတွင်း ပြီးစီးနိုင်သည့် အရာမဟုတ်ပေ။ မြောက်ပိုင်းမြို့တော်တွင် ထိုအရင်းအမြစ်များ မရှိပေ။ ယခုအချိန်တွင် ရှနိုင်ငံတော်တစ်ခုလုံးတွင် မြောက်ပိုင်းနယ်စားမင်းသားအား သံချပ်ကာ မြင်းတပ်ငါးသောင်း ဖွဲ့စည်းနိုင်ရန် ထောက်ပံ့ပေးနိုင်သူ တစ်ဦးတည်းသာ ရှိသည်။
ထိုသူမှာ လက်ရှိဆွမ်ဧကရာဇ်မှလွဲ၍ အခြားမည်သူမှ မဟုတ်ပေ။
ထိုအချိန်တွင် ဆွမ်ဧကရာဇ်က မေးလိုက်သည်။
“နိုင်ငံတော်ပညာရှိကြီး။ ကျုပ်က ချန်းရဲ့ သံချပ်ကာ မြင်းတပ်ကို အသုံးချပြီး အာဏာရှိ မိသားစုတွေကို စိတ်ဓာတ်ပျက်ပြားအောင်လုပ်နိုင်တယ်လို့ ခင်ဗျားထင်တားလား။”
စစ်တူစီက
“ဟုတ်ပါတယ် မင်းကြီး။ လက်ရှိအချိန်မှာ မင်းကြီးကသာ မြောက်ပိုင်းမြို့တော်ကို သံချပ်ကာ မြင်းတပ် ငါးသောင်း ရှိစေနိုင်ပါတယ်။ ဘယ်မိသားစု သို့မဟုတ် ဘယ်နိုင်ငံကမှ ဒီလိုလုပ်နိုင်စွမ်း မရှိပါဘူး။ မြောက်ပိုင်းနယ်စားမင်းသားကို မြောက်ပိုင်းမြို့တော်ကို ပို့ခဲ့တာလည်း မင်းကြီးကိုယ်တိုင်ပါပဲ။”
ဆွမ်ဧကရာဇ်သည် လက်နှစ်ဖက်ကို နောက်ပစ်ကာ သူ့ရှေ့တွင် ရှိသော ကြာပန်းရေကန်ကို ကြည့်ရှုနေပြီး ကြာမြင့်စွာ အတွေးနက် နေခဲ့သည်။
မြောက်ပိုင်းမြို့တော်၏ သံချပ်ကာ မြင်းတပ် ငါးသောင်းက အမှန်တကယ် အသုံးဝင်နိုင်သော်လည်း သူတို့ကို အသုံးပြုပြီးနောက် မည်သို့ကိုင်တွယ်ရမည်ဆိုသည်က ခက်ခဲသည့် နောက်ဆက်တွဲ ပြဿနာ တစ်ခု ဖြစ်လာမည်ဖြစ်သည်။
ကြာမြင့်စွာ စဉ်းစားပြီးနောက် ဆွမ်ဧကရာဇ်က ပြောလိုက်သည်။
“နိုင်ငံတော် ပညာရှိကြီး။ ကျုပ် ခင်ဗျားကို မြောက်ပိုင်းမြို့တော် သွားခိုင်းဖို့လိုတယ်။”
စစ်တူစီက မျှော်လင့်ထားသူဖြစ်သည့်အတွက် ချက်ချင်းပြန်ဖြေလိုက်သည်။
“ဟုတ်ကဲ့ပါ မင်းကြီး။”
ဆွမ်ဧကရာဇ်က ဆက်ပြောလိုက်သည်။
“မြောက်ပိုင်းမြို့တော်ကို ရောက်ရင် ကျုပ်က သူ့ကို အိမ်ရှေ့စံရာထူးပေးဖို့ စဉ်းစားနေတယ်လို့ ချန်းကိုပြောပါ။ ခင်ဗျား ကျုပ်ကို စိတ်မပျက်ဘူးလို့ မျှော်လင့်တယ်။”
စစ်တူစီက
“ကျွန်တော် နားလည်ပါတယ်။”
ထို့နောက် ဆွမ်ဧကရာဇ်က လှည့်ပြီး ပြောလိုက်သည်။
“ကောင်းပြီ။ နိုင်ငံတော် ပညာရှိကြီး။ ခင်ဗျား မြောက်ပိုင်းမြို့တော်ကို ခရီးထွက်ဖို့ ပြင်ဆင်ပါ။”
“ဟုတ်ကဲ့ပါ မင်းကြီး။ကျွန်တော့်ကို ခွင့်ပြုပါဦး။”
................
အခန်း (၁၃၁)
မိဖုရားနှင့် ပြန်လည်ဆုံဆည်းခြင်း (၁)
မြောက်ပိုင်းနယ်စားမင်းသားသည် မြောက်ပိုင်းမြို့တော်၏ စစ်သည်များကို ဦးဆောင်ပြီး လွင်ပြင်ဒေသ မျိုးနွယ်စုများ၏ မြင်းတပ်သုံးသိန်းကို ချေမှုန်းခဲ့သည်ဟူသောသတင်းသည် နေပြည်တော်မှတစ်ဆင့် ရှနိုင်ငံတော်တစ်ခွင်သို့ လျင်မြန်စွာ ပျံ့နှံ့သွားခဲ့သည်။ တစ်ချိန်တည်းတွင် ဆွမ်ဧကရာဇ်က မြောက်ပိုင်းနယ်စားမင်းသားအား ချီးမြှင့်သော နယ်မြေချဲ့ထွင်ခွင့် အမိန့်အကြောင်းကိုလည်း လူအများကြား ကြားသိလာကြသည်။ ထို့ကြောင့် မြောက်ပိုင်းနယ်စားမင်းသား၏ စစ်ရေးအောင်ပွဲသည် အမှန်ဖြစ် ကြောင်း အတည်ပြုလိုက်ရသည်။
ချက်ချင်းပင် ရှနိုင်ငံတော်၏ ပြည်သူများသည် မြောက်ပိုင်းနယ်စားမင်းသားအပေါ် သူတို့၏အမြင်ကို ပြောင်းလဲလိုက်ကြသည်။ မြောက်ပိုင်းနယ်စားမင်းသားသည် ပညာမရှိသူ အပျော်အပါးမက်သူဟူသော အရာအားလုံးသည် ဟန်ဆောင်မှုသာဖြစ်သည်ဟု လူအများ သတ်မှတ်လာကြသည်။
မြောက်ပိုင်းနယ်စားမင်းသားက မောင်းမရှာဖွေရန် ကြော်ငြာထုတ်ပြန်ခဲ့သည်ကို တွေးမိသောအခါ မိသားစုပေါင်းများစွာသည် သူတို့၏သမီးများကို မြောက်ပိုင်းနယ်စားမင်းသားနှင့် လက်ထပ်ပေးရန် စီစဉ်လာကြသည်။
တစ်ချိန်တည်းမှာပင် မြောက်ပိုင်းနယ်စားမင်းသား ထင်ရှားလာခြင်းသည် ရှနိုင်ငံတော်၏ အဓိက အာဏာရှိ မိသားစုများအပေါ်တွင် ကြီးမားသော ဖိအားကို ဖြစ်စေခဲ့သည်။ စစ်တူစီ မှန်းဆထားသည့်အတိုင်းပင် အာဏာရှိ မိသားစုတိုင်းက မြောက်ပိုင်းနယ်စားမင်းသား၏ သံချပ်ကာမြင်းတပ် ငါးသောင်းသည် တကယ်တော့
ဆွမ်ဧကရာဇ်၏ သီးသန့်စစ်တပ်ဖြစ်ရမည်ဟု ယုံကြည်လာကြသည်။
အဘယ်ကြောင့်ဆိုသော် ဆွမ်ဧကရာဇ်တစ်ပါးတည်းသာ မြောက်ပိုင်းမြို့တော်တွင် သံချပ်ကာမြင်းတပ် ငါးသောင်းကို ဖန်တီးနိုင်စွမ်းရှိသောကြောင့်ဖြစ်သည်။
အာဏာရှိ မိသားစုများ၏ အမြင်တွင် မြောက်ပိုင်းနယ်စားမင်းသားသည် ဆွမ်ဧကရာဇ်၏ မြောက်ပိုင်းမြို့တော်တွင် ထားရှိသော အရေးပါသည့် စီမံချက်တစ်ခု ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် ဆွမ်ဧကရာဇ်က မြောက်ပိုင်းမြို့တော်ကို မြောက်ပိုင်းနယ်စားမင်းသားအား မပေးအပ်ခဲ့ပါက မြောက်ပိုင်းနယ်စားမင်းသားသည် ဤမျှကြီးမားသော စစ်ရေးအောင်ပွဲများကို ရရှိမည်မဟုတ်ပါ။
သံချပ်ကာမြင်းတပ် ငါးသောင်းသည်လည်း အာဏာရှိ မိသားစုများ၏ ခေါင်းပေါ်တွင် ချိတ်ဆွဲထားသော ဓားတစ်စင်းကဲ့သို့ ဖြစ်နေသည်။ ထို့ကြောင့် အာဏာရှိ မိသားစုအားလုံးလည်း အလွန်စိတ်မသက်သာဖြစ်နေကြသည်။
သို့သော်...ရှနိုင်ငံတော်၏ ပြည်မအတွင်းတွင် စစ်သည်များနှင့် အာဏာရှိ မိသားစုများကို ငွေကြေးဖြင့် လာဘ်ထိုးနိုင်သည်။ ဆွမ်ဧကရာဇ်သည် စစ်အာဏာချုပ်ကိုင်ပြီး စစ်တပ်ကို ပြုပြင်ဖွဲ့စည်းခဲ့သော်လည်း စစ်တပ်အတွင်းရှိ အချို့အင်အားစုများတွင် အဓိက အာဏာရှိ မိသားစုများ၏ လွှမ်းမိုးမှုများ ပါဝင်နေဆဲဖြစ်သည်။
သို့သော် မြောက်ပိုင်းမြို့တော်မှ စစ်သားများကတော့ မတူပါ။
အဓိကအာဏာရှိ မိသားစုများသည် မြောက်ပိုင်းနယ်စားမင်းသား သံချပ်ကာ မြင်းတပ် ငါးသောင်းကို မည်သည့်အချိန်က ဖွဲ့စည်းခဲ့သည်ကို မသိကြပေ။ ထို့အပြင် ထိုစစ်သားများကို လာဘ်ပေးရန်မှာလည်း မဖြစ်နိုင်ပေ။ ထို့ကြောင့် ထိုစစ်တပ်ကို ဆွမ်ဧကရာဇ်က မြောက်ပိုင်းမြို့တော်ရှိ မြောက်ပိုင်းနယ်စားမင်းသားအတွက် အထူးပြုလုပ်ပေးထားသည်ဟု အာဏာရှိ မိသားစုများက သံသယရှိကြသည်။
အဘယ်ကြောင့်ဆိုသော် မြောက်ပိုင်းမြို့တော်၏ မြောက်ဘက်တွင် စားကျက်မြက်ခင်းပြင်များရှိပြီး မြင်းမွေးမြူရန် အထူးသင့်တော်သည်။ ထို့အပြင် အာဏာရှိ မိသားစုများသည် မြောက်ပိုင်းမြို့တော်နှင့် မြောက်ပိုင်းနယ်စားမင်းသားကို ဂရုမစိုက်ကြသောကြောင့် သံချပ်ကာမြင်းတပ် ငါးသောင်းပေါ်ထွက်လာခြင်းကို လုံးဝမသိလိုက်ကြပေ။
ယခု ဆွမ်ဧကရာဇ်သည် မြောက်ပိုင်းနယ်စားမင်းသားကို သံချပ်ကာ မြင်းတပ် ငါးသောင်းအကြောင်းကို အဘယ့်ကြောင့် ဖော်ထုတ် စေသနည်း။
အာဏာရှိ မိသားစုများ၏ အမြင်တွင် ဆွမ်ဧကရာဇ်သည် သူတို့ကို စတင်တိုက်ခိုက်ရန် အသင့်ပြင်နေသောကြောင့် သူသည် ထို သံချပ်ကာ မြင်းတပ်ကို လွင်ပြင်ဒေသ မျိုးနွယ်စုများ၏ စစ်တပ်သုံးသိန်းဖြင့် ဓားသွေးပြီး ရှနိုင်ငံတော်အတွင်းရှိ အာဏာရှိ မိသားစုများကို ခြိမ်းခြောက်ရန်ဖြစ်သည်။
အမှန်တကယ်လည်း ထိုခြိမ်းခြောက်မှုက အကျိုးသက်ရောက်မှု ရှိခဲ့သည်။
မြောက်ပိုင်းမြို့တော်တွင် သံချပ်ကာ မြင်းတပ် ငါးသောင်းရှိကြောင်း သိရှိပြီးနောက် နန်းတွင်းရှိ အာဏာရှိ မိသားစုများ၏ အသံများ သိသိသာသာ လျော့နည်းသွားခဲ့သည်။ ထို့အပြင် နောက်ပိုင်းတွင် သူတို့သည် ပို၍နာခံလာကြသည်။
ရက်အနည်းငယ်အကြာတွင် မြောက်ပိုင်းမြို့တော်။
မြောက်ပိုင်းနယ်စားမင်းသားစံအိမ်သို့ ပြန်လာသော မုကျိရွှမ်းတို့၏ ခရီးသွားလှည်းတန်းသည် ရန်ခရိုင်သို့ ဖြည်းဖြည်းချင်း ဝင်ရောက်လာခဲ့ပြီဖြစ်သည်။ လုချန်းက သူတို့ကို မြို့တံခါးတွင် စောင့်ဆိုင်းနေခဲ့သည်။
မကြာမီတွင် မုကျိရွှမ်းတို့၏ လှည်းတန်းသည် မြို့တံခါးကို ဖြတ်သန်းဝင်ရောက်လာခဲ့သည်။ လုချန်းကိုယ်တိုင် လာရောက်ကြိုဆိုနေသည်ကို မြင်လိုက်ရသည်နှင့် မုကျိရွှမ်းသည် ချက်ချင်းပင် လှည်းမောင်းသူကို ရပ်ခိုင်းလိုက်ပြီး လှည်းမှဆင်းကာ လုချန်းထံသို့ ပြေးသွားကာ သူ့ကို ပွေ့ဖက်လိုက်သည်။
“မင်းသား။ ကျွန်မ နောက်ဆုံးတော့ မင်းသားကို ပြန်တွေ့ရပြီ။”
ထိုအချိန်တွင် ကျောင်းညီအစ်မ တို့သည်လည်း လှည်းမှဆင်းလာပြီး လုချန်းထံသို့ ပြေးသွားကာ သူ့ကို ပွေ့ဖက်လိုက်ကြသည်။လုချန်းသည် ပြုံးရင်းဖြင့် သူတို့ကို နှစ်သိမ့်ပေးလိုက်သည်၊
"ကောင်းပါပြီ။ ကောင်းပါပြီ။ မျက်လုံးများစွာက ကိုယ်တို့ကို စောင့်ကြည့်နေတယ်။ စံအိမ် ပြန်ရောက်မှပဲ ထပ်ပြောကြမယ်။"
လုချန်း၏ စကားကို ကြားပြီးနောက် မုကျိရွှမ်းနှင့် ကျောင်းညီအစ်မတို့၏ မျက်နှာများ ချက်ချင်းပင် နီရဲသွားကြသည်။ သူတို့၏ လူကို ကြာမြင့်စွာ မမြင်ရသည့်အတွက် သူတို့သည် အချို့ကိစ္စများကို တွေးနေကြသည်။
လုချန်းက သူတို့နှင့် စကားပြောမည်ဟု ပြောလိုက်သည်နှင့် သူတို့လည်း လုချန်း၏ ဆိုလိုရင်းကို ချက်ချင်းနားလည်သွားကြသည်။
ထိုအချိန်တွင် ချူးယုချင်က လုချန်းကို ခပ် ဝေးဝေးနေရာမှ ကြည့်နေပြီး အနားကပ်လာခြင်း မရှိပေ။ အဘယ်ကြောင့်ဆိုသော် သူမ၏ ညီမက အနားတွင် ရှိနေသည်။ အကယ်၍ သူမ အနားကပ်သွားပါက ချူးချင်လီက သူ့ကို ဘယ်လိုပြောမည်ကို ဘယ်သူမှ မသိနိုင်ပေ။
အခြားအချိန်တစ်ခုဖြစ်ပါက သူမ ချက်ချင်းပင် အနားလာမည် ဖြစ်သည်။ ချူးချင်လီက သူ့ကို အာရုံစိုက်ကြည့်နေသည်ကို ခံစားရသောအခါ ချူးယုချင်လည်း ဖိအားအနည်းငယ်ရနေပြီး အပြစ်ရှိသလိုလည်းခံစားသွားရသည်။
ချူးယုချင်က မြင်းပေါ်မှ သူ့ကို ကြည့်နေသည်ကို မြင်တွေ့ရသောအခါ လုချန်းသည် ရုတ်တရက် ရှုပ်ထွေးသွားသည်။
ဘာဖြစ်နေတာလဲ။
ချူးယုချင်က သူနှင့် တစ်ကြိမ်သာ ခွဲခွာပြီးနောက် ဒီလောက်စိမ်းသွားရတာ ဘာလို့လဲ။ သူ့နားမလာတာ ဘာ့ကြောင့်လဲ။ အရင်ကဆိုလျှင် ချူးယုချင်သည် သူ့ကို အဝတ်ချွတ်ပြီး သူ၏ ခန္ဓာကိုယ်ကို သူမစိတ်ချသည်အထိ စစ်ဆေးမည်ဖြစ်သည်။
ထိုအချိန်တွင် လုချန်းသည် ချူးယုချင်၏ ဘေးနားရှိ အေးစက်ပြီး အသက်မပါသလို မျက်နှာနှင့် အမျိုးသမီးကို မြင်တွေ့လိုက်သည်။ ထိုအမျိုးသမီးကို မြင်တွေ့ရသောအခါ လုချန်းသည် ခဏမျှ အံ့သြသွားသည်။ ထိုအမျိုးသမီး၏ မျက်လုံးများက သူ့ဘက်သို့ စိုက်ကြည့်နေသည်။ သူ့အပေါ် မုန်းတီးမှုများဖြင့် ပြည့်နေသည်ဟု ထင်ရသည်။ လုချန်းသည် အနည်းငယ် နားမလည်နိုင် ဖြစ်သွားသည်။
ထိုလှပသော အမျိုးသမီးက မည်သူနည်း။
ပြီးတော့ သူ့အပေါ် ဘာ့ကြောင့် နက်နက်ရှိုင်းရှိုင်း မုန်းတီးနေရတာလဲ။
သူမက ချူးယုချင် ဘေးနားမှာ ဘာလုပ်နေတာလဲ။
လုချန်းသည် ချက်ချင်းပင် စနစ်ကို အသုံးပြုကာ သူမ၏ အချက်အလက်များကို ဖော်ထုတ်လိုက်သည်။
[အမည် - ချူးချင်လီ]
[ကိုယ်ရေးအကျဉ်း - ချူးမိသားစု၏ မွေးစားသမီး၊ ချူးမိသားစုက လေ့ကျင့်ပေးထားသော လုပ်ကြံသူ၊ အဆင့်ကိုး သိုင်းပညာရှင်၊ အသက် ၂၆ နှစ်၊ ချူးယုချင်၏ သွေးသားမတော်စပ်သော ညီမ၊ ချူးယုချင်ကို ပိုင်ဆိုင်သည်ဟု ယုံကြည်နေသူ၊ မြောက်ပိုင်းနယ်စားမင်းသားက သူမ၏ အစ်မကို ခိုးယူသွားသည်ဟု ယူဆသဖြင့် မြောက်ပိုင်းနယ်စားမင်းသားကို မုန်းတီးသည်။]
[အဆင့်သတ်မှတ်ချက် - ၉၅]
[သဘောကျမှု - ၅၀ (နဂါးဖီးနစ်လက်ဖက်ရည်၏ လက်ဖက်ရည်၏ လက်ရှိသက်ရောက်မှုကြောင့်)]
သူ့ရှေ့မှ စနစ်၏ မိတ်ဆက်ချက်ကို မြင်လိုက်ရတော့လုချန်း ခဏတာခန့် တုန်လှုပ်သွားခဲ့ပြီး ချူးယုချင် ဒီနေ့ ဘာကြောင့် သူ့ဆီမလာပဲ ပုံမှန်မဟုတ်တဲ့ အပြုအမူတွေ လုပ်နေတာလဲဆိုတာ သဘောပေါက်သွားခဲ့သည်။ ဒါက သူမရဲ့ ညီမ ချူးချင်လီ ကြောင့်ဖြစ်သည်။
သို့သော် ချူးချင်လီကလည်း နဂါးဖီးနစ်လက်ဖက်ရည်ကို သောက်သုံးခဲ့ပြီးပြီဖြစ်သည်။ သူ့ရဲ့ မိဖုရားက တကယ်ကို အမြော်အမြင်ရှိပေသည်။ ထိုသို့ တွေးမိတဲ့အခါ လုချန်းက မုကျိရွှမ်း၏ ဆံပင်ကို ချစ်ခင်စွာဖြင့် ပွတ်သပ်လိုက်၏။
ထို့နောက် လုချန်းက ပြောလိုက်၏။
“အရင်ဆုံး စံအိမ်ကို ပြန်ကြရအောင်။ ကျန်တဲ့အရာတွေကို နောက်မှ ဆွေးနွေးကြမယ်။”
လုချန်းရဲ့ စကားကို ကြားလိုက်ရပြီးနောက် အမျိုးသမီးသုံးဦးစလုံး နောက်ထပ် စကားမပြောကြတော့ပါ။
ထို့နောက် လုချန်းနဲ့ မုကျိရွှမ်းတို့သည် လှည်းထဲကို အတူတကွ တက်သွားကြလိုက်၏။ လှည်းထဲရောက်တော့ မုကျိရွှမ်းက စိုးရိမ်စွာနဲ့ မေးလိုက်တယ်
“မင်းသား။ မင်းသား ဒဏ်ရာရသွား သေးလား။”
လုချန်းက ပြန်ပြောလိုက်တယ်
“ စိတ်ချပါ နှမတော်။ ကိုယ်ဘာမှမဖြစ်ပါဘူး။”
ထိုအချိန်တွင် လုချန်းက မေးလိုက်၏။ “စကားမစပ် ချန်မိန်းကလေးနဲ့ သူ့အဖော်ကော ရန်ခရိုင်ကို အတူလိုက်လာခဲ့ကြတာလား။”
ချန်ဝမ်ရွန်နဲ့ လင်ဝမ်ရွန်တို့က သူ့ရဲ့ တကယ့်စွမ်းအားကို သိရှိသွားပြီး ထွက်ပြေးသွားမှာကို လုချန်း အနည်းငယ် စိုးရိမ်နေခဲ့၏။ သူတို့နှစ်ယောက်စလုံးသည် အလွန်လှပပြီး အဆင့်သတ်မှတ်ချက် အလွန်မြင့်မားသော အမျိုးသမီးများ ဖြစ်သောကြောင့် လုချန်း သူတို့ကို လက်လွတ် မဆုံးရှုံးချင်ပါ။
မုကျိရွှမ်းက
“သူတို့ ကျွန်မတို့နဲ့အတူ လိုက်လာခဲ့ကြပါတယ်။ အနောက်လှည်းထဲမှာ ရှိနေကြတယ်။”
မုကျိရွှမ်းရဲ့ အဖြေကို ကြားပြီးနောက် လုချန်း စိတ်သက်သာရာရသွားခဲ့၏။ လျှို့ဝှက်လဝန်းနန်းတော်က သူ့ကို မစွန့်လွှတ်သေးဘူးဆိုတာ ထင်ရှားနေ၏။ ဒါက အကောင်းဆုံးဖြစ်သည်။
ထိုအချိန်တွင် မုကျိရွှမ်းက ရုတ်တရက် တစ်ခုခုကို သတိရသွားပြီး လုချန်းကို တစ်ချက်ကြည့်လိုက်ကာ သတိထားပြီး ပြောလိုက်၏။
“မင်းသား။ ကျွန်မ အန်းပင်မြို့မှာ အမှားတစ်ခု လုပ်မိသွားပါတယ်။”
လုချန်းက နားမလည်သဖြင့် မေးလိုက်၏။
“ဘာအမှားလုပ်မိသွားတာလဲ။”
မုကျိရွှမ်းက
“ကျွန်မ ဒေါ်လေးချူးရဲ့ ညိီမကို နဂါးဖီးနစ် လက်ဖက်ရည် တိုက်မိသွားပါတယ်။”
ဒေါသထွက်ရမည့်အစား လုချန်းက အနည်းငယ် ပြုံးပြလိုက်၏။ ထို့နောက် မုကျိရွှမ်း၏ နူးညံ့သော ခန္ဓာကိုယ်ကို ပွေ့ဖက်ရင်း ပြောလိုက်၏။
“ကိုယ့်ရဲ့ ချစ်လှစွာသော မိဖုရားလေးက ကိုယ့်အတွက် မောင်းမ ရွေးချယ်ဖို့ ဒီလောက်တောင် အားစိုက်ကြိုးစားပေးထားတာပဲ။ ဒါက ဘယ်လိုမှ အမှားမဖြစ်နိုင်ပါဘူး။”
လုချန်းက ထိုသို့ပြောတော့မှ မုကျိရွှမ်းအနည်းငယ် စိတ်သက်သာရာရသွားခဲ့၏။ လုချန်းက ချူးချင်လီကို မကြိုက်ပဲ ခေါ်လာမိမှာကို သူမစိုးရိမ်နေခြင်းဖြစ်သည်။ ထို့နောက် မုကျိရွှမ်းကလုချန်း၏ ရင်ခွင်ထဲဝင်လိုက်ပြီး တိတ်ဆိတ်စွာ နေနေလိုက်၏။
မကြာမီပင် သူတို့ မင်းသားစံအိမ်ကို ပြန်ရောက်သွားကြ၏။ အားလုံး လှည်းများပေါ်မှ ဆင်းပြီးသောအခါမှ လုချန်းလည်း ချန်ဝမ်ရွန်နဲ့ လင်ဝမ်ရွန်တို့ကို ပြန်မြင်လိုက်ရ၏။ လုချန်းက ချန်ဝမ်ရွန်ကို ပြုံးရင်းပြောလိုက်၏။
“ချန်မိန်းကလေးနဲ့ ဒေါ်လေးလင်တို့က မြောက်ပိုင်းမြို့တော်ဟာ အန္တရာယ်များလွန်းတယ်လို့ ထင်ပြီး ရန်ခရိုင်ကို ဘယ်တော့မှ ပြန်မလာကြတော့မှာကို စိုးရိမ်နေတာ။”
ထိုစကားကို ကြားသောအခါ လင်ဝမ်ရွန်က
“ မြောက်ပိုင်းမြို့တော်မှာ ဘာတွေဖြစ်ခဲ့တယ်ဆိုတာ ဒေါ်လေးတို့ သိပါတယ်။ မင်းသား ဒီမှာရှိနေရင် မြောက်ပိုင်းမြို့တော်ဟာ ဘယ်လိုမှ အန္တရာယ်မရှိနိုင်ပါဘူး။ ရန်ခရိုင်ဟာ အခု ရှားနိုင်ငံတော်မှာ အလုံခြုံနေရာဖြစ်တယ်လို့ ပြောရင် မမှားပါဘူး။”
လုချန်းက
"ဒေါ်လေးလင်းက မြှောက်နေပါပြီ။ အလုံခြုံဆုံးနေရာဆိုတာ နေပြည်တော်ပဲ ဖြစ်နိုင်တာပါ" ဟု ပြောလိုက်သည်။
ထိုအချိန်တွင် လင်းဝမ်ရွန်သည် တစ်ခုခုကို သတိရသကဲ့သို့ ဖြစ်သွားပြီး
"မင်းသား။ ဒေါ်လေးတို့ နန်းတော်သခင်က ရန်ခရိုင်မှာ စားသောက်ဆိုင် တစ်ခုဖွင့်ဖို့ စိတ်ကူးရှိနေပါတယ်။ ဒါကို လက်ခံနိုင်ပါမလား" ဟု ဆက်ပြောလိုက်သည်။
ထိုစကားကို ကြားသောအခါ လုချန်းက ခေါင်းလှည့်ပြီး ချန်ဝမ်ရွန်ကို ကြည့်ကာ
"ချန်မိန်းကလေးက ရန်ခရိုင်မှာ စားသောက်ဆိုင် ဖွင့်ချင်တာလား။ ငွေရှာဖို့ဆိုရင်တော့ နေပြည်တော်မှာ ဖွင့်သင့်ပါတယ်။ ရန်ခရိုင်က ငွေရှာလို့ကောင်းတဲ့ နေရာမဟုတ်ဘူးမလား" ဟု ပြောလိုက်သည်။
ချန်ဝမ်ရွန်က
"မင်းသားရှိနေတဲ့အတွက် ရန်ခရိုင်ဟာ မကြာခင်မှာ နေပြည်တော်ထက်တောင် ပိုစည်ကားလာမယ်လို့ ကျွန်မ ယုံကြည်ပါတယ်"
ဟု ပြန်ပြောလိုက်သည်။
ချန်ဝမ်ရွန်၏ အသံသည် ကြည်လင်ပြီး သာယာနာပျော်ဖွယ် ကောင်းလှသည်။ ရင်းနှီးသော အိမ်နီးချင်းမိန်းကလေးတစ်ယောက်၏ အသံကဲ့သို့ လုချန်း၏ နှလုံးသားကို ဆွပေးလိုက်သည်။
လင်းဝမ်ရွန်နှင့် ချန်ဝမ်ရွန်တို့၏ ရည်ရွယ်ချက်ကို လုချန်းနားလည်သည်။ သူတို့သည် ရန်ခရိုင်တွင် ဆိုင်ဖွင့်ရန် အစီအစဉ်ချထားခြင်းသာမက သူ့ကို လေ့လာနေချင်ခြင်းလည်း ဖြစ်သည်။
လျှို့ဝှက်လဝန်းနန်းတော်၏ စားသောက်ဆိုင်တစ်ခု ရန်ခရိုင်တွင် ရှိနေခြင်းသည် နန်းတော်၏ အင်အားစုများ ရန်ခရိုင်သို့ ရွှေ့ပြောင်းလာခြင်းကို ညွှန်ပြသည်။ တစ်နည်းအားဖြင့် လျှို့ဝှက်လဝန်းနန်းတော်သည် မြောက်ပိုင်းနယ်စားမင်းသားကို ထောက်ခံရန် စီစဉ်ထားပြီး သူ၏ဘက်တွင် ရပ်တည်ရန် ရည်ရွယ်ထားသည်။
"ချန်မိန်းကလေး ကျွန်တော့်ကို ဒီလောက်ယုံကြည်မှုရှိတယ်ဆိုရင်တော့ ကျွန်တော်ကလည်း ချန်မိန်းကလေးကို စိတ်ပျက်စေမှာ မဟုတ်ပါဘူး။ လျှို့ဝှက်လဝန်းနန်းတော်က ရန်ခရိုင်မှာ စားသောက်ဆိုင် ဖွင့်ချင်သလောက် ဖွင့်နိုင်ပါတယ်" လုချန်းက ပြောလိုက်သည်။
ထိုစကားကို ကြားသောအခါ လင်းဝမ်ရွန်နှင့် ချန်ဝမ်ရွန်တို့သည် အတိုင်းအတာတစ်ခုအထိ စိတ်သက်သာရာရသွားကြသည်။ မြောက်ပိုင်းနယ်စားမင်းသားက ငြင်းပယ်နိုင်သည်ကို သူတို့ အနည်းငယ်စိုးရိမ်နေခဲ့သော်လည်း သူသဘောတူလိုက်သည်နှင့် အရာရာ ပိုမိုလွယ်ကူသွားသည်။ ယခုတွင် မြောက်ပိုင်းနယ်စားမင်းသားကို ထိန်းချုပ်ရန် အခွင့်အရေးတစ်ခု စောင့်ဆိုင်းရန်သာ လိုတော့သည်။
ထိုအချိန်တွင် လုချန်းသည် ချန်ဝမ်ရွန်ကို လှမ်းကြည့်လိုက်သည်။
[အမည် - ချန်ဝမ်ရွန်]
[ကိုယ်ရေးအကျဉ်း - ချန်မိသားစု၏ သမီး၊ ချန်နိုင်ငံ၏ မင်းသမီး၊ လျှို့ဝှက်လဝန်းနန်းတော်၏ နန်းတော်သခင်၊ အသက် ၂၁ နှစ်၊ ထိပ်သီးပညာရှင်အဆင့်၊ မြောက်ပိုင်းမြို့တော်သို့ အဓိကလာရောက်ရခြင်းမှာ မြောက်ပိုင်းနယ်စားမင်းသားနှင့် ရင်းနှီးရန်၊ သူ့ကို ချစ်ခြင်းပိုးဖြင့် ထိန်းချုပ်ရန်နှင့် ဆွမ်ဧကရာဇ်ကို ဆန့်ကျင်ရန် လျှို့ဝှက်နဂါးမန္တာန်ကို ဖော်စပ်ရန်အတွက် မင်းသား၏သွေးကို အသုံးပြုရန်၊ ချန်နိုင်ငံအတွက် လက်စားချေရန်။ အကြောင်းအမျိုးမျိုးကြောင့် သူမသည် မြောက်ပိုင်းနယ်စားမင်းသားအပေါ် ရှုပ်ထွေးသော ခံစားချက်များ ဖြစ်ပေါ်လာသည်။]
[အဆင့် - ၉၈]
[သဘောကျမှု - ၈၀ (သူမသည် လွင်ပြင်ဒေသ မျိုးနွယ်စုများ၏ ကျူးကျော်မှုကို တွန်းလှန်ရာတွင် သင်၏ကိုယ်ကျိုးစွန့်စိတ်ကို အလွန်ချီးကျူးသည်)]
ချန်ဝမ်ရွန်ထံမှ ဤမျှမြင့်မားသော သဘောကျမှုကို မြင်လိုက်ရတော့ လုချန်းကို အံ့အားသင့်စေခဲ့သည်။
ထို့နောက် လင်းဝမ်ရွန်ကို လှမ်းကြည့်လိုက်သည်။
[အမည် - လင်းဝမ်ရွန်]
[ကိုယ်ရေးအကျဉ်း - ရှနိုင်ငံတော်၏ ဘယ်လက်ရုံး ဝန်ကြီး လင်ကောင်းယွမ်၏ မွေးစားသမီး။ နောက်ပိုင်းတွင် လင်မိသားစုမှ ထွက်ခွာပြီး လျှို့ဝှက်လဝန်းနန်းတော်သို့ ဝင်ရောက်ခဲ့သည်။ ထိပ်သီးပညာရှင် တစ်ဝက်အဆင့်၊ အသက် ၃၁ နှစ်၊ နန်းတော်သခင် ချန်ဝမ်ရွန်နှင့်အတူ မြောက်ပိုင်းမြို့တော်သို့ လိုက်ပါလာခဲ့ပြီး၊ ဆွမ်ဧကရာဇ်ကို ဆန့်ကျင်ရန် လျှို့ဝှက်နဂါးမန္တာန်ကို ဖော်စပ်ရန်အတွက် မြောက်ပိုင်းနယ်စားမင်းသား၏သွေးကို အသုံးပြုရန် ရည်ရွယ်ခဲ့သည်။ အကြောင်းအမျိုးမျိုးကြောင့် သူမသည် မြောက်ပိုင်းနယ်စားမင်းသားကို ကြီးမြတ်သူတစ်ယောက်ဟု ယုံကြည်လာပြီး သူ့အပေါ် ရှုပ်ထွေးသော ခံစားချက်များ ဖြစ်ပေါ်လာသည်။]
[အဆင့် - ၉၅]
[သဘောကျမှု - ၉၀]
ဒါက…
တစ်ယောက်က သဘောကျမှု ၈၀၊ နောက်တစ်ယောက်က ၉၀။ သူ့ကိုယ်သူ ယခုမှစပြီး အားလပ်တော့မည်မဟုတ်ဟု လုချန်း တွေးမိလိုက်သည်။ ထိုအချိန်တွင် လုချန်း၏ နောက်မှ နူးညံ့သိမ်မွေ့သော အသံတစ်ခု ထွက်ပေါ်လာသည်။
"မင်းသား။ ကျွန်မ နောက်ဆုံးတော့ မင်းသားကို တွေ့လိုက်ရပါပြီ။"
လုချန်းသည် ခေါင်းလှည့်ကြည့်လိုက်တော့ဝမ်ချင်းစီဆိုသည့် ထိုမိန်းမကို မြင်လိုက်ရသည်။ ဝမ်ချင်းစီသည် ချက်ချင်းပင် လုချန်း၏ အနားသို့ ရောက်လာပြီး သူ့အား ပွေ့ဖက်လိုက်ကာ
"မင်းသား။ ကျွန်မ အန်းပင်မြို့မှာ နေ့ညမပြတ် မင်းသား အကြောင်းကိုပဲ တွေးတောနေခဲ့တာ" ဟု ပြောလိုက်သည်။
ထိုစကားကို ကြားသောအခါ လုချန်းသည် အနည်းငယ်ပြုံးပြီး
"မင်းက ကိုယ့်အကြောင်းကို တွေးနေတာထက် ကိုယ့်ဆီက အခြားအရာတွေကို တွေးနေတာပဲ ဖြစ်မှာပါ" ဟု ပြောလိုက်သည်။
ထိုစကားများကို ကြားသောအခါ ဝမ်ချင်းစီသည် အော်ဟစ်လိုက်ပြီး
"မင်းသား။ ဘယ်တုန်းက ဒီလောက် ဆိုးတတ်လာတာလဲ" ဟု ပြန်ပြောလိုက်သည်။
လုချန်းက
"ကောင်းပါပြီ။ မြန်မြန်အထဲဝင်ပါ။ နောက်မှ စကားပြောရဦးမယ်" ဟု ပြောလိုက်သည်။
ဝမ်ချင်းစီက
"ကျွန်မ အခန်းထဲမှာ မင်းသားကို စောင့်နေပါမယ်" ဟု ပြောလိုက်သည်။
ထိုစကားကို ပြောပြီးနောက် ဝမ်ချင်းစီသည် မင်းသားစံအိမ်တော်ထဲသို့ ခါးကိုယိမ်းယိုင်၍ လှမ်းဝင်သွားလိုက်သည်။ ထိုအချိန်တွင် ချူးချင်လီသည် လုချန်းနှင့် အမျိုးသမီးတစ်အုပ် အပြန်အလှန်ဆက်ဆံနေသည်ကို ခပ်ဝေးဝေးမှ ကြည့်ရှုနေပြီး
"မြောက်ပိုင်းနယ်စားမင်းသားသည် အပြင်လောကက ကောလာဟလတွေအတိုင်း မဟုတ်လောက်ဘူးလို့ ထင်ခဲ့သေးတယ်။ ဒါပေမဲ့ မှားသွားတယ်။ မြောက်ပိုင်းနယ်စားမင်းသားက မြောက်ပိုင်းနယ်စားမင်းသားပါပဲ " ဟု အေးစက်စွာ ပြောလိုက်သည်။
ချူးချင်လီ၏စကားကို ကြားလိုက်ရသည်နှင့် ချူးယုချင်က
“ချင်လီ။ ယောင်္ကျားတွေမှာ အလှတရားကို မကြိုက်တဲ့သူ ဘယ်သူရှိလဲ။ ချန်းလေးက လှပတဲ့ မိန်းကလေးတွေကို ကြိုက်တာက ဘာမှမမှားပါဘူး။”
“သူသာ လှပတဲ့ မိန်းကလေးတွေကို မကြိုက်ရင် သူ့မျိုးဆက်ကို ဆက်လက်ထိန်းသိမ်းနိုင်မှာလား။”
“ငါနဲ့အတူလိုက်လာခဲ့။ ချန်းလေးကို နင်နဲ့မိတ်ဆက်ပေးမယ်။”
ထိုသို့ပြောပြီး ချူးယုချင်သည် လုချန်းဆီသို့ လျှောက်သွားလိုက်၏။ ချူးချင်လီလည်း စိတ်မပါစွာနှင့် လိုက်သွားခဲ့သည်။ သူမသာ မင်းသားစံအိမ်တွင် နေထိုင်ပြီး ချူးယုချင်နှင့် မင်းသားကြား ဘာမှမဖြစ်စေရန် ချူးယုချင်ကို စောင့်ကြည့်ဖို့ မလိုအပ်ပါက ထိုမြောက်ပိုင်းနယ်စားမင်းသားနှင့် မိတ်ဆက်ရန် မလိုပေ။
လုချန်း အရှေ့သို့ ရောက်သောအခါ ချူးယုချင်က
“ချန်းလေး။ မင်းကို တစ်ယောက်နဲ့ မိတ်ဆက်ပေးမယ်” ဟု ပြောလိုက်သည်။
...............
အခန်း (၁၃၂)
မုကျိရွှမ်း၏ စိတ်တွင်းပူပန်မှုများ (၁)
ချူးယုချင်၏ စကားကို ကြားပြီးနောက် လုချန်းက ခပ်ဖွဖွ ပြုံးလိုက်၏။ ချူးယုချင် သူ့ကို ဘယ်သူနှင့် မိတ်ဆက်ပေးလိုသည်ကို သူသိသည်။ လုချန်း၏ မျက်လုံးများက ချူးယုချင်၏ ဘေးနားရှိ ချူးချင်လီဘက်သို့ လှည့်သွားလိုက်သည်။
ချူးချင်လီသည် အေးစက်သော ဟန်ပန်ရှိ၏။ အပြာရောင် ဝတ်စုံကို ဝတ်ဆင်ထားပြီး လက်တွင် ဓားတစ်လက်ကို ကိုင်ထားသည်။ သူမ၏ အလှတရားကတော့ ထင်ရှားနေသည်။ သွယ်လျသော ကိုယ်ခန္ဓာနှင့် သေးသွယ်သောခါးရှိသည်။ သူမသည် ကောင်းကင်မှ နတ်သမီးတစ်ပါးကဲ့သို့ ဖြစ်နေသည်။
သူမသည် ပိုင်ချင်းချင်းနှင့် ဆင်တူသည်။ နှစ်ဦးစလုံးသည် အေးစက်သော ဟန်ပန်ရှိသော အမျိုးသမီးများ ဖြစ်ကြသည်။ သို့သော် သူမ၏ အေးစက်မှုသည် ပိုင်ချင်းချင်း၏ အေးစက်မှုနှင့် ကွဲပြားသည်။
ပိုင်ချင်းချင်း၏ အေးစက်မှုသည် စိတ်ခံစားမှုကင်းမဲ့သော အထီးကျန်ဆန်သည့် အေးစက်မှု ဖြစ်သည်။ ချူးချင်လီ၏ အေးစက်မှုက မာန်မာန ထောင်လွှားသော အေးစက်မှုမျိုး ဖြစ်သည်။ သူမ၏ အပြင်ပန်းမှာ အေးစက်သော်လည်း သူမ၏ နှလုံးသားထဲတွင် မည်သည့်အရာရှိသည်ကို မသိနိုင်ပေ။
လုချန်းသည် ချူးချင်လီကို ကြည့်ပြီး ပြောလိုက်သည်။
"ဒေါ်လေးချူး။ ဒေါ်လေးနားက ဒီမိန်းကလေးနှင့် ကျွန်တော့်ကို မိတ်ဆက်ပေးမလို့လား။"
ချူးယုချင်က ပြန်ဖြေလိုက်သည်။
"ဟုတ်တယ်။ သူကဒေါ်လေးရဲ့ ညီမပါ။ နာမည်က ချူးချင်လီပါ။"
ထိုအခါ လုချန်းက ပြုံး၍ပြောလိုက်သည်။
"ဒေါ်လေးချူးရဲ့ ညီမလား။ ကျွန်တော်က သူ့ကို 'အဒေါ်'လို့ ခေါ်ရမှာလား။"
ချူးယုချင်က ပြောလိုက်သည်။
"မလိုပါဘူး။ သူ့ကို ချင်လီလို့ပဲ ခေါ်ပါ။"
အသက်အရွယ်အရ လုချန်းက ချူးချင်လီကို 'အဒေါ်'ဟု ခေါ်ခြင်းသည် မှားယွင်းမည် မဟုတ်ပေ။ သို့သော် မင်းတစ်ပါးအနေဖြင့် လူတိုင်းကို ထိုသို့ခေါ်ရန် မဖြစ်နိုင်ပေ။ နယ်စားမင်းသားတစ်ပါး အနေနှင့် သူ၏ ဂုဏ်သိက္ခာကို ထိန်းသိမ်းရန် လိုအပ်သည်။
ချူးယုချင်ကိုမူ လုချန်းက ငယ်စဉ်ကတည်းက 'ဒေါ်လေး'ဟု ခေါ်ခဲ့သည်မှာ ဆယ်စုနှစ်ကျော်ကြာခဲ့ပြီဖြစ်သည်။ သူမကလည်း သူ့ကို 'ချန်းလေး'ဟု ခေါ်ခဲ့သည်။ ထို့ကြောင့် သူတို့နှစ်ဦးကြား ထိုကဲ့သို့ တစ်ဦးကိုတစ်ဦး ခေါ်ဝေါ်ခြင်းက လက်ခံနိုင်စရာ ဖြစ်သော်လည်း အခြားသူများအတွက်တော့ မသင့်တော်ပေ။
ထိုအချိန်တွင် ချူးချင်လီသည် အနည်းငယ် မလိုလားဟန်ဖြင့် လုချန်းထံ ချဉ်းကပ်လာပြီးဦးညွှတ်ကာ ပြောလိုက်သည်။
" မင်းသားကို ဂါရပြုပါတယ်။"
လုချန်းက ပြုံးပြီး ပြောလိုက်သည်။
"ချင်လီ။ ကျွန်တော်တို့အားလုံးက မိသားစုဝင် တွေပါပဲ။ ဒီလိုထုံးစံတွေ မလိုပါဘူး။"
လုချန်း၏ စကားကို ကြားပြီး ချူးချင်လီ၏ စိတ်ထဲတွင် ရယ်မောလိုက်သည်။ ဒီတဏှာသမားကို ဘယ်သူက မိသားစုဝင်အဖြစ် သတ်မှတ်မှာလဲ။ ထို့နောက် ချူးယုချင်က ဆက်ပြောလိုက်သည်
"ချန်းလေး။ ဒေါ်လေးက ချင်လီကို မင်းသားအိမ်တော်၏ အတွင်းဆောင် လုံခြုံရေး
ဒုခေါင်းဆောင်အဖြစ် ခန့်မလို့။ မင်းဘယ်လိုထင်သလဲ။"
အဘယ်ကြောင့်ဆိုသော် မင်းသားစံအိမ်တော်သည် လုချန်း၏ နယ်မြေဖြစ်သည်။ ခေါင်းဆောင် ရာထူးတစ်ခုအတွက် သူ၏ ခွင့်ပြုချက်ကို လိုအပ်မည် ဖြစ်သည်။ ချူးယုချင်၏ အကြံပြုချက်ကို ကြားပြီးနောက် လုချန်းက တွေးပင် မတွေးပဲ ပြန်ဖြေလိုက်သည်။
"ကောင်းပါတယ် ပြဿနာမရှိပါဘူး။"
"ပိုင်က ကျွန်တော်၏ ကိုယ်ရံတော်လုပ်တာ အကောင်းဆုံးပါပဲ။ ဒါ့ကြောင့် ချင်လီက ပိုင်ရဲ့အရင် ရာထူးကို ယူနိုင်ပါတယ်။"
အစက လုချန်းသည် ပိုင်ချင်းချင်းကို အတွင်းဆောင် လုံခြုံရေး ဒုခေါင်းဆောင်အဖြစ် ဆက်လက်ထားရှိရန် အစီအစဉ်ရှိသည်။ သို့သော် ချူးချင်လီ ဝင်လာသောကြောင့် သူက ချုးချင်လီကို ထိုရာထူးကို ယူစေရန် ဆုံးဖြတ်လိုက်သည်။
လုချန်း၏ အမြင်တွင် သူ၏ အတွင်းဆောင်တွင် အမျိုးသမီးများ များလေကောင်းလေဖြစ်၏။ အထူးသဖြင့် ချူးချင်လီကဲ့သို့ လှပသော အမျိုးသမီးများ ဖြစ်သည်။ ထိုအချိန်တွင် ချူးယုချင်က လုချန်းကို ကြည့်လိုက်ပြီးနောက် ချူးချင်လီကို မျက်လုံးထောင့်ကပ်ပြီး လှမ်းကြည့်ကာ
"ချန်းလေး။ မင်းမြောက်ပိုင်းမြို့တော်ရဲ့ စစ်သည်တွေကို ဦးဆောင်ပြီး လွင်ပြင်ဒေသ မျိုးနွယ်စု စစ်သည်သုံးသိန်းကို တစ်ညလုံး တိုက်ခိုက်ခဲ့တယ်လို့ ကြားရတယ်။ ဒဏ်ရာတွေ ရခဲ့သလား။ ဘယ်နေရာမှာ မသက်မသာ ဖြစ်နေသလဲ" ဟု စိုးရိမ်စွာ မေးလိုက်သည်။
လုချန်းက
"အင်း။ ဒေါ်လေးချူး မမေးခင်တော့ ကျွန်တော် ဘာမှမဖြစ်ဘူး။ အခုတော့ ကျွန်တော့်ရဲ့ အတွင်းအား ချက္ကရနေရာက နာလာပြီ"
ဟု ပြောလိုက်သည်။
"ကျွန်တော့်ရဲ့ စွမ်းအားကို အလွန်အကျွံသုံးမိတာကြောင့်လား မသိဘူး။ ပြီးခဲ့တဲ့ ရက်တွေက ကျွန်တော့်ရဲ့ အတွင်းစွမ်းအားက ချောချောမွေ့မွေ့ မစီးဆင်းနိုင်ဘူး။ ကျွန်တော် အားနည်းနေသလို ခံစားရပြီး အသက်ရှူရတာတောင် ခက်ခဲနေတယ်။"
လုချန်း၏ စကားကို ကြားသောအခါ ချူးယုချင်၏ မျက်နှာတွင် စိုးရိမ်သောအမူအရာ များပေါ်လာပြီး
"ခန္ဓာကိုယ်ကို ထိန်းညှိဖို့ အဲ့ဒီ အထူးလေ့ကျင့်ရေးနည်းလမ်းကို မသုံးဘူးလား။ ပိုင်ရဲ့ စွမ်းအားက ဒေါ်လေးထက် သာတယ်။ မင်း သူ့ကို အကူအညီ မတောင်းခဲ့ဘူးလား"
ဟု မေးလိုက်သည်။
ချူးယုချင် ရည်ညွှန်းနေသည့် အထူးလေ့ကျင့်ရေးနည်းလမ်းမှာ နဂါးဖီးနစ်ယင်ယန် ကျင့်စဉ် ဖြစ်သည်။ သို့သော် သူမ၏ညီမ ချူးချင်လီ ရှိနေသည့်အတွက် သူမသည် ထိုအရာကို ပေါ်ပေါ်ထင်ထင် မပြောဝံ့ပါ။ အဘယ်ကြောင့်ဆိုသော် ထိုအရာသည် နှစ်ဦးပါဝင် ကျင့်ကြံသော နည်းလမ်းဖြစ်ပြီး ထိုအရာကို ပြောမိပါက သူမနှင့်လုချန်းတို့၏ ရင်းနှီးသော ထိတွေ့မှုကို ဖော်ထုတ်မိသွားမည် ဖြစ်သည်။
"ဒေါ်လေးချူး။ ပိုင်က စိတ်ခံစားမှုမရှိတဲ့ သူတစ်ဦးဖြစ်တယ်ဆိုတာကို မေ့သွားပြီလား။ အထူးလေ့ကျင့်ရေးနည်းလမ်းအတွက် ကျွန်တော်နှင့် စိတ်ချင်းဆက်သွယ်နိုင်တဲ့ လူတစ်ယောက်လိုတယ်လေ။ သူဘယ်လောက်အတွင်းအားကောင်းနေပါစေ အဲ့ဒီအချက်မရှိရင် အသုံးမဝင်ဘူး"
လုချန်းက ပြောလိုက်သည်။
ထိုစကားကို ကြားသောအခါ ချူးယုချင်သည် လုချန်းက အစကတည်းက သူမကို ပြောခဲ့သည့် သူ့အပေါ် ခံစားချက်များရှိသော အမျိုးသမီးနှင့်သာ သူ၏ အထူးလေ့ကျင့်ရေးနည်းလမ်းက အကျိုးသက်ရောက်မှုကို ဖြစ်ပေါ်စေနိုင်သည်ဟူသော စကားများကို ပြန်သတိရလာသည်။
ပိုင်ချင်းချင်းသည် လုချန်း၏ အမျိုးသမီးဖြစ်သော်လည်း သူမတွင် စိတ်ခံစားမှုများ မရှိပါ။ ထို့ကြောင့် သူမနှင့် လုချန်းသည် ရင်းနှီးစွာ ထိတွေ့ခဲ့သည့်တိုင် သူ၏ အထူးလေ့ကျင့်ရေးနည်းလမ်းကို လုပ်ဆောင်ရန် အသုံးမဝင်ပါ။ သူတို့သည် တစ်အိပ်ရာထဲ အိပ်ခဲ့သည်ဖြစ်ပါကလည်း မဆိုင်ပါ။
ချူးယုချင်သည် ထိုအကြောင်းကို တွေးနေစဉ် သူမ၏ မျက်နှာက နီရဲလာသည်။ သူမသာ ချန်းလေး၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ပြီး အခြား မည်သည့်အမျိုးသမီးမျှ မလုပ်နိုင်ဟု ဆိုလိုသလား။
ထိုအတွေးနှင့်အတူ ချူးယုချင်၏ နှလုံးသားထဲတွင် ထူးဆန်းသော ခံစားချက်များ ပေါ်ပေါက်လာသည်။ ကျေနပ်မှုနှင့် ရှက်ရွံ့မှုတို့၏ ရောနှောကာ ရှုပ်ထွေးသော ခံစားချက်များ ပေါ်လာခြင်းဖြစ်သည်။
လုချန်းနှင့် ချူးယုချင်တို့၏ အပြန်အလှန်စကားများကို ကြားနေရသော ချူးချင်လီသည် မျက်ခုံးများကို အနည်းငယ်တွန့်ပြီး သူတို့ကို သံသယဖြင့် ကြည့်လိုက်သည်။ သူမသည် ချူးယုချင်နှင့် လုချန်းတို့ကြား တရားမဝင်သော ဆက်ဆံရေးတစ်ခု ရှိနေသည်ဟု အမြဲထင်နေသည်။
မည်သည့် အထူးလေ့ကျင့်ရေးနည်းလမ်းသက လူနှစ်ဦး စိတ်ခံစားမှုအရ ဆက်သွယ်ရန် လိုအပ်သနည်း။ ဒါမျိုးက မည်သည့်ပုံမှန်ကျင့်စဉ်နှင့်မှ မတူပါ။ သူမ၏ ညီမထံမှ သံသယဖြင့် ကြည့်နေသော မျက်လုံးများကို သတိပြုမိသောအခါ ချူးယုချင်သည် ချောင်းဟန့်လိုက်ပြီး လုချန်းကိုခပ်မြန်မြန်ပြောလိုက်သည်။
"ချန်းလေး။ ဒေါ်လေး ချင်လီကို စံအိမ်ထဲ ခေါ်သွားပြီး သူ့အတွက် နေရာထိုင်ခင်း စီစဉ်ပေးလိုက်ဦးမယ်။ ကျန်တာတွေကို နောက်မှ ဆွေးနွေးကြမယ်"
လုချန်းက
"ဟုတ်ကဲ့။ ကောင်းပါပြီ" ဟု ပြန်ပြောလိုက်သည်။
ထို့နောက် ချူးယုချင်က ချူးချင်လီအား "ချင်လီ၊ ငါနဲ့လိုက်ခဲ့။ နင့်အခန်းကို ငါပြမယ်" ဟု ပြောလိုက်သည်။
ချူးချင်လီလည်း နောက်ထပ်မတွေးတော့ပဲ ချူးယုချင်နှင့်အတူ မင်းသားစံအိမ်ထဲသို့ လိုက်သွားလိုက်သည်။ အဘယ်ကြောင့်ဆိုသော် ယခုသူမသည် မင်းသားစံအိမ်တွင် ရှိနေပြီး သူမအစ်မဖြစ်သူ၏ လှုပ်ရှားမှုတိုင်းက သူမ၏ စောင့်ကြည့်မှုအောက်တွင် ရှိနေမည်ဖြစ်သည်။ အကယ်၍ သူမအစ်မနှင့် မြောက်ပိုင်းနယ်စားမင်းသားတို့ကြား အထူးဆက်ဆံရေးတစ်ခု ရှိပါက သူမ နောက်ဆုံး သိလာမည် ဖြစ်သည်။
.............