← Chapters

ဝင်္ကပါအတွင်း ချိုးဖျက်ဝင်ရောက်ခြင်း

Vol. 020 Ch. 1971

ဝင်္ကပါအတွင်း ချိုးဖျက်ဝင်ရောက်ခြင်း

Vol. 020 Ch. 1971

ရီဖူရှင်းက ထိုလူများကို တစ်ချက်လှမ်းကြည်လိုက်သော်လည်း စကားမဆိုခဲ့ပေ။ လင်ချိုးက လမ်းလျှောက်လာကာ သူတို့အား ကြည့်လိုက်၏။ "မင်းတို့ ဘယ်အချိန်တုန်းက ဝမ်ရှန့်စောင့်ကြည့်မျှော်စင်ရဲ့ အရေးကိစ္စတွေကို ဝင်စွက်ခွင့်ရသွားတာလဲ။ ဒီနေ့ ရန်ဟောင်ရီ ဝမ်ရှန့်စောင့်ကြည့်မျှော်စင်ကို ရောက်လာတဲ့အခါ သူဝင်လို့ရမလားဆိုတာ မင်းတို့အားလုံးကို မေးဖို့လိုသေးတာလား။ မင်းတို့တွေက ဝမ်ရှန့်စောင့်ကြည့်မျှော်စင်ရဲ့ သဘောထားကို ကိုယ်စားပြုနေနိုင်ပြီလား။"

လင်ချိုး ပြောသော စကားလုံးများက လူအများ၏ မျက်လုံးတို့ကို အနည်းငယ် ထက်ရှလာစေခဲ့သည်။ သူက သူတို့အား အလွန် ခက်ထန်စွာ ပြစ်တင်ပြောဆိုပေသည်။

"ကောင်းကင်တိုက်ပွဲနန်းတော်က ပြဿနာလည်း ရှိသေးတယ်။ မင်းတို့က ရန်ဟောင်ရီကို လှည့်စားခဲ့တယ်။ သူရောက်လာပြီးတော့ သူ့ကို လေးစားမှုမထားဘဲ ရန်စ စကားတွေပြောခဲ့တယ်။ ဒါပေမယ့် အခု လိုအပ်လာတော့ ရန်ဟောင်ရီကို စစ်ပွဲမှာ ပါဝင်ဖို့ တိုက်တွန်းတယ်။ မင်းကိုယ်မင်း ဘယ်သူလို့ ထင်နေတာလဲ။ မင်းက ရန်ဟောင်ရီထက် ဆေးသန့်စင်တာမှာတော်လား။ သူ့ထက်ပိုအားကောင်းလို့လား။"

လင်ချိုးက ဆက်ပြောလိုက်သည်။ "အဲဒီနေ့က မင်း လုံးဝ ရှုံးနိမ့်ခဲ့တယ်။ ကိုယ့်ရဲ့ ကိုယ်ပိုင်ခွန်အားက မကောင်းဘူးဆိုတာ သိလို့ အခု အပြစ်တင်ဖို့ တစ်စုံတစ်ယောက်ကို ရှာနေတာလား။"

သူ့အသံက ပေါ့ပါးနေပြီး ပျော်ရွှင်ခြင်း ဒေါသထွက်ခြင်း မရှိပေ။ သူ့ကို ကြည့်ရသည်မှာ အလွန်ပင် တည်ငြိမ်နေ၏။ တစ်ဖက်လူက ပြန်လည်ချေပလိုသော်လည်း လင်ချိုးက ဆက်ပြောလိုက်သည်။ "အဓိပ္ပါယ်မရှိတာတွေ ပြောမနေနဲ့။ ရန်ဟောင်ရီ ဘာကြောင့် ထွက်သွားတာလဲ သိလား။ ရန်ဟောင်ရီရဲ့ မျက်လုံးထဲမှာ မင်းတို့က ဘာမှမဟုတ်တဲ့ အဖွဲ့ပဲ။ ရန်ဟောင်ရီက ဆေးဖော်စပ်သန့်စင်ဖို့ စိတ်မဝင်စားပေမယ့် မင်းတို့က အတင်းလုပ်ခိုင်းခဲ့တယ်။ နောက်ဆုံးရလဒ်ကရော။ အဲဒီနေ့က ကောင်းကင်တိုက်ပွဲနန်းတော်မှာလည်း အတူတူပဲ။ ချင်းဟယ်နန်းတော်ရဲ့ ရန်ဟောင်တွေက သူ့ကို ရန်စခဲ့တယ်။ အဆုံးမှာ ဘာဖြစ်သွားသလဲ။ ကျုပ် မြင်တာတော့ မင်းတို့က အခုထိ နောင်တမရကြသေးပုံပဲ။ ကြည့်ရတာ မင်းတို့က သင်ခန်းစာမရကြသေးဘူး ထင်တယ်။"

“…” ထိုသူများက လင်ချိုးကို ကြည့်လို့သည်။ အမျှင်မပြတ်သော စကားလုံးအတွဲလိုက်ကြီးက သူတို့ ပြန်လှန်ပြောဆိုမည့် စကားလုံးများကို တားဆီးထားလေသည်။ ထိုလူက နှုတ်သီးကောင်းလျှာပါးဟု မထင်ရသော်လည်း ထိုမျှ အာသွက်လျှာသွက် ရှိပေသည်။

ရီဖူရှင်းက သူတို့ကို အရေးမစိုက်သည်လား။

လင်ချိုး၏ စကားများကို နားထောင်ပြီးနောက် သူတို့အနီးမှ လူများသည် ရီဖူရှင်းအား နားလည်မှုလွဲမိသည်ဟု ခံစားလိုက်ကြရပေသည်။

အမှန်မှာ တစ်ဖက်လူက အဆက်မပြတ် ရန်စနေသည့်အတွက် သူက တစ်ဖက်လူနှင့် ပတ်သတ်ရန် လွန်စွာ ပျင်းရိနေသဖြင့် ထွက်ခွာသွားခဲ့သည်လား။

"လင်ချိုး မင်းဘယ်လောက်ပဲ လိမ္မာပါးနပ်နေပါစေ သူက ကျုပ်တို့နဲ့ ပတ်သတ်မှုကို အဆုံးသတ်ပြီး တိုက်ခိုက်မှုကို ရှောင်တိမ်းတယ်ဆိုတဲ့ အချက်ကိုတော့ မင်း မပြောင်းလဲနိုင်ဘူး။" ချင်းဟယ်နန်းတော်မှ အစွမ်းထက် တန်ခိုးရှင်တစ်ဦးက အေးစက်စွာ ပြောလိုက်သည်။ သူက ထိုကဲ့သို့ ပြောဆိုခြင်းဖြင့် ပြဿနာကို ရှင်းပစ်ချင်နေသည်လား။

"မတိုက်ခိုက်ဘဲ ရှောင်တိမ်းတယ်လား။"

ရီဖူရှင်းက ခေါင်းကို မော့ကာ စကားပြောလာသူအား ကြည့်လိုက်သည်။ သူ၏ ဂရုမစိုက်ဟန် မျက်လုံးများတွင် အထင်အမြင်သေးခြင်းများ ပြည့်နေပြီး သူက ပါးစပ်ဖွင့်ကာ စကားပြောလာသည်။ "တိုက်ခိုက်ဖို့ ခင်ဗျားက တန်လို့လား။"

ထိုသို့ ပြောပြီးနောက် သူက တစ်ဖက်လူကို ထပ်မကြည့်တော့ဘဲ အရှေ့သို့ လျှောက်လာခဲ့သည်။ "လင်ချိုး.. မင်းက ဒီလူတစ်စုကို ဘာမဟုတ်တဲ့ လူတွေဆိုတာ သိနေမှတော့ ဘာလို့ စကားအများကြီး ပြောပြီး အားအင်တွေ ဖြုန်းတီးနေတာလဲ။"

“…” လင်ချိုးသည် ရီဖူရှင်းက မည်မျှ အားကောင်းသန်မာသည်ကို သိနေသည့်အတွက်ကြောင့် အနည်းငယ် ကြွားဝါ၍ သူ့ကို ကူညီချင်ခဲ့ခြင်း ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ သူက မကြာခင် ထုတ်ဖော်ပြသတော့မည် ဖြစ်သည်။ ထို့နောက်တွင် သူက အခြားလူများ မည်သို့ တုန့်ပြန်လာမည်ကို မြင်လိုပေသည်။ သူက ရီဖူရှင်းကိုယ်တိုင် ထိုမျှ မောက်မာသည့်စကားများ သုံးနှုန်းပြောဆိုလာလိမ့်မည်ဟု ထင်မှတ်မထားခဲ့ပေ။ ဤတစ်ကြိမ်၌ ပို၍ စိတ်ဝင်စားစရာ ဖြစ်လာပေတော့မည်။

ထိုရန်ဟောင်များက ယခု ပို၍ ဒေါသထွက်လာမည်မှာ သေချာပေသည်။ သူက ထိုသည်ကို စောင့်ကြည့်ရန် ပို၍ပင် စိတ်အားထက်သန်လာတော့သည်။

ရီဖူရှင်းသည် ယခင်က မြောက်ပိုင်းနယ်မြေမှ မောက်မာသော ရန်ဟောင်များကို ထိုက်တန်သော ပြိုင်ဘက်မဟုတ်ဟု ပြောခဲ့သည်။

အရပ်မျက်နှာအသီးသီးမှ လူတိုင်း၏ မျက်လုံးများက ရီဖူရှင်းကို စူးစိုက်ကြည့်နေခဲ့ကြသည်။ သူက အလွန် မောက်မာလှပေသည်။ ရန်ဟောင်များစွာက ဤနေရာ၌ ရှိနေခဲ့သည်။ ဝမ်တုမှ ထိပ်သီးအင်အားစုများနှင့် ကုန်းမြေအသီးသီးမှ ထိပ်သီးပုဂ္ဂိုလ်များ ရောက်ရှိနေသည်။ သို့သော် သူက တုန်းရှောင်းကုန်းမြေ၏ ထိပ်တန်းအဆင့်၌ ရပ်တည်နေသူများကို ပြဿနာကောင်တစ်စုဟုပင် ရိုင်းစိုင်းစွာ ပြောခဲ့သည်လား။

"ဒီလိုဆိုမှတော့ မင်းရဲ့ နောက်ထပ်စွမ်းဆောင်ရည်ကို စောင့်ကြည့်နေမယ်။" ချင်းဟယ်နန်းတော်မှ အစွမ်းထက်ပုဂ္ဂိုလ်က ဂရုမထားဟန် တုန့်ပြန်လိုက်ပြီး နေရာအမျိုးမျိုးမှ အားလုံးသော တန်ခိုးရှင်များက ရီဖူရှင်းကို ကြည့်လိုက်ကြသည်။ သူ ဝမ်ရှန့်စောင့်ကြည့်မျှော်စင်ကို ဝင်ရောက်လာပြီးနောက် သူတို့က အမှန်တရားကို သိနိုင်စွမ်း ရှိလာပေလိမ့်မည်။ အလွန်မောက်မာခဲ့ပြီးမှ စစ်မှန်သော ခွန်အားမရှိလျှင် သူက ပျက်စီးခြင်း ဆိုက်ရပေလိမ့်မည်။

ဤတစ်ကြိမ်၌ ရီဖူရှင်းက လူအများကြီးကို ဆန့်ကျင်ခဲ့ပေသည်။

အခြားတစ်ဖက်တွင် ဧကရီယိက ရီဖူရှင်းအား ကြည့်ကာ ရီဖူရှင်းက လုံးဝ ကွာခြားသည်ဟု တွေးနေခဲ့သည်။ ဝမ်တုအတွင်း ကျင့်ကြံနေစဥ် သူမသည် ထိပ်သီးအင်အားစုများစွာနှင့် လူအမျိုးမျိုး မြင်တွေ့ခဲ့ဖူးသည်။ ရီဖူရှင်းက မည်သူနှင့်မှ မတူပေ။ အားလုံးသော ထိပ်တန်း တန်ခိုးရှင်များနှင့် ရင်ဆိုင်သောအခါ သူက လွတ်လပ်သော ကမ္ဘာ၌ အမှီအခိုကင်းကင်း တည်ရှိနေသလိုပင်။ ထိုခံစားချက်မှာ မည်သူကမှ သူ၏ အာရုံစိုက်မှုကို မရနိုင်သကဲ့သို့ ထင်မှတ်ရပေသည်။

ကောင်းကင်တိုက်ပွဲနန်းတော်မှ ယန့်ချန်ဖြစ်စေ၊ အာခီမီနတ်နန်းတော်မှ ဆက်ခံသူ ချီမုဖြစ်စေ၊ မြောက်ပိုင်းနယ်မြေမှ အစွမ်းထက် ရန်ဟောင်များဖြစ်စေ ရီဖူရှင်းက သူတို့နှင့် ပတ်သတ်၍ မည်သည့်အခါမှ အာရုံစိုက်မနေပေ။ သူက အလွန် မောက်မာလှပေသည်။

သူမသည် ဤအဆင့်လေးရန်ဟောင်က ဝမ်တုမှ လူတိုင်းကို ဂရုမထားဘဲ ပြုမူနိုင်စေရန် မည်သို့သော ခွန်အားမျိုး ပိုင်ဆိုင်ထားသည်အား အလွန် မြင်တွေ့လိုနေခဲ့သည်။

ထိုအချိန်တွင် ဝမ်ရှန့်စောင့်ကြည့်မျှော်စင်၏ အဝေးတစ်နေရာ၌ အလွန် ခမ်းနားထည်ဝါသော ပုဂ္ဂိုလ်များ ကောင်းကင်ထက်တွင် ပေါ်ပေါက်လာသည်။ သူတို့က လေဟာနယ်ကို ဖြတ်ကာ လာနေသည့် ထိုလူများကို ကြည့်လိုက်ကြသည်။ သူတို့က အဝေးတွင်ဖြစ်သော်လည်း လက်တစ်ကမ်း၌ ရှိနေသကဲ့သို့ပင်။

"ဝင်္ကပါအစီအရင်စပြီ။" ဝမ်ရှန့်စောင့်ကြည့်မျှော်စင်အထက်မှ တစ်စုံတစ်ယောက်က ပြောလိုက်သည်။ ချက်ချင်းပင် လောကကြီးက ပြောင်းလဲသွားပြီး ဝမ်ရှန့်စောင့်ကြည့်မျှော်စင်၏ အပြင်ဘက်မှ အတွင်းသို့တိုင် မဟာလမ်းစဥ် အရှိန်အဝါတို့က ပြည့်နှက်နေသည့် နေရာလွတ်တစ်ခု ဖြစ်လာလေသည်။ အရှေ့တွင် ဝမ်ရှန့်စောင့်ကြည့်မျှော်စင်သို့ သွားရန် လှေကားများနှင့် နန်းတော်များကို မြင်တွေ့နိုင်ပေသည်။ သူတို့က လက်တစ်ကမ်း၌ ရှိနေသလို ထင်မှတ်ရသော်လည်း ထိုသည်မှာ ထင်ယောင်ထင်မှား ပုံရိပ်ယောင်သာ ဖြစ်ကြောင်း ဝမ်တုမှ လူများ သိကြပေသည်။ သူတို့က လှေကားကို တက်ပြီး ဝမ်ရှန့်စောင့်ကြည့်မျှော်စင်သို့ ဝင်ရောက်လိုလျှင် ခက်ခဲလိမ့်မည် ဖြစ်ကြောင်း သိကြပေသည်။

ထိုအခိုက်တွင် ကြီးမားသော ဝင်္ကပါတစ်ခုက ဝမ်ရှန့်စောင့်ကြည့်မျှော်စင်အတွင်း ပေါ်ပေါက်လာပြီး ထိုကြီးမားသော ကလန်အစောင့်အရှောက်ဝင်္ကပါအစီအရင်ကို ဖြတ်ကျော်နိုင်သူသာ ဝမ်ရှန့်စောင့်ကြည့်မျှော်စင်သို့ ဝင်ရောက်ရန် အခွင့်အရေး ပြည့်မီမည် ဖြစ်ပြီး ဆေးအင်ပါယာ၏ သင်ကြားပို့ချမှုကို နားထောင်ရန် အခွင့်အရေး ရနိုင်ပေလိမ့်မည်။ ထိုသည်မှာ နှစ်တိုင်း မပြောင်းလဲသော စည်းမျဥ်းဖြစ်သည်။

"လမ်းစဥ် ရှာဖွေမယ့်သူတွေ အခု ဝင်လာလို့ရပြီ။" အဝေးရှိ လေထဲမှ အသံတစ်ခုက ပြောလိုက်သည်။ ထိုအချိန်၌ မရေတွက်နိုင်သော လူများက ရှေ့သို့ ကြည့်လိုက်ကြပြီး ရီဖူရှင်းအကြောင်း ထပ်မတွေးကြတော့ပေ။

ဝမ်ရှန့်စောင့်ကြည့်မျှော်စင်က ဖွင့်လှစ်ပြီ ဖြစ်သည်။ ထိုသည်မှာ အလွန်ရှားပါးသော အခွင့်အရေး ဖြစ်၏။ သူက မည်သူ ထိုအခွင့်အရေးကို ဆုပ်ကိုင်နိုင်မည်လဲ သိချင်နေပေသည်။

အမျိုးမျိုးသော အင်အားစုများက ရှေ့သို့ ခြေချလိုက်ကြပြီး ဝင်္ကပါအစီအရင်သို့ ခြေလှမ်းလိုက်သည်။

ရီဖူရှင်းက သီးခြားလေဟာနယ်အဖြစ် ဖြစ်တည်နေသော ဝင်္ကပါအစီအရင်ကို စူးစမ်းလေ့လာလိုက်သည်။ ထိုသည်က ထူးခြားဆန်းကြယ်လှပြီး ဆရာသခင်အဆင့် ပုဂ္ဂိုလ်တစ်ဦးသာ ထိုသို့သော ဝင်္ကပါအစီအရင်ကို ဖန်တီးနိုင်ပေလိမ့်မည်။

"ဝင်သွားတော့။" အာခီမီအင်ပါယာက ပြောလိုက်ပြီး ရီဖူရှင်းက ခေါင်းညိတ်လိုက်၏။ လူတစ်စုက ရှေ့သို့ ခြေလှမ်းကာ အရှေ့ကို လျှောက်သွားကြသည်။ အာခီမီအင်ပါယာ၊ နတ်မိမယ်တုံ့လိုင်နှင့် အခြားသူများက အပြင်ဘက်မှ စောင့်ကြည့်နေခဲ့ကြသည်။ သူတို့သာမကဘဲ အခြားအင်အားစုများသည်လည်း အတူတူပင် ဖြစ်သည်။ သူတို့က ထိုဝင်္ကပါအစီအရင်အား ချိုးဖျက်နိုင်လျှင် နှစ်ပေါင်းများစွာကတည်းကပင် ထိုသို့ လုပ်ဆောင်ခဲ့ပြီး ဖြစ်ပေလိမ့်မည်။ စီနီယာမျိုးဆက်မှ ထိပ်သီးအဆင့် ပုဂ္ဂိုလ်များက ဆေးအင်ပါယာ၏ သင်ကြားပို့ချမှုကို နားထောင်ဖူးကြသည်။ ဤတစ်ကြိမ်၌ လာရောက်သူများမှာ သူတို့၏ သက်ဆိုင်ရာ အင်အားစုများမှ လူငယ်မျိုးဆက်များအတွက် လာရောက်ခြင်းဖြစ်ပြီး သူတို့၏ မျိုးဆက်သစ်များ ဖြတ်ကျော်နိုင်ရန် ယုံကြည်ချက်အပြည့်ချက်ရှိပေသည်။

အင်အားစုတစ်ခုချင်းစီမှ နေရာအကန့်အသတ်ရှိခြင်းကြောင့် သူတို့က နှစ်တိုင်း ဝင်ရောက်ရန် အစွမ်းထက်ဆုံးနှင့် အလားအလာအရှိဆုံးသူကိုသာ ရွေးချယ်ရပေသည်။

ရီဖူရှင်းက ထိုအတွင်းသို့ ခြေလှမ်းလိုက်သည့်အခါ အရာအားလုံးက ပြောင်းလဲသွားသည်ဟု ထင်မှတ်ရပြီး မဟာလမ်းစဥ်ဝင်္ကပါက ပုံရိပ်ယောင်နယ်မြေတစ်ခုအဖြစ် ဖွဲ့စည်းထားသလိုပင် ဖြစ်သည်။ ထိုသည်မှာ ယခင်က သူ မြင်တွေ့ခဲ့သော လောကကြီး မဟုတ်တော့ဘဲ ပုံရိပ်ယောင် ကမ္ဘာတစ်ခု ဖြစ်လာခဲ့သည်။

ထိုနေရာက ကျယ်ပြောကာ အဆောက်အဦးများစွာနှင့် တောင်ထွတ်များ ရှိသည်။ အဝေးသို့ ကြည့်လိုက်သည့်အခါ သူ့မျက်လုံးထဲမှ အဝေးဆုံးနေရာမှာ ဝမ်ရှန့်စောင့်ကြည့်မျှော်စင်ကို လမ်းပြနေသော တံခါးကဲ့သို့ ကောင်းကင်ဂိတ်တံခါးကိုသာ မြင်နိုင်ပေသည်။

သူ၏ မျက်လုံးများက နတ်ဆိုးဆန်သော အရောင်အသွေးကို ရုတ်တရက် ပြောင်းလဲသွားပြီး ပုံရိပ်ယောင်ကို ဖြတ်မြင်ရန် ကြိုးစားလိုက်သည်။ သူက ဤနေရာရှိ အဆောက်အဦးများကို မြင်နိုင်စွမ်းရှိပြီး သည်နေရာမှ ကောင်းကင်နှင့်မြေကြီးက မဟာလမ်းစဥ် စွမ်းအားများဖြင့် ဖန်တီးထားခြင်း ဖြစ်သည်။ သို့သော် သူက အပြည့်အဝ ဖြတ်သန်းမမြင်နိုင်ပေ။ သူက မြင်နိုင်သော်လည်း မထွက်နိုင်ဘဲ ဝင်္ကပါအစီအရင်အတွင်း ပိတ်မိနေဆဲသာ ဖြစ်သည်။

ကောင်းကင်နှင့် မြေကြီးကြားတွင် မမြင်ရသော စွမ်းအားတစ်ခု ထွက်ပေါ်လာသည်။ ကြည့်ရသည်မှာ မရေတွက်နိုင်သော လမ်းစဥ်စွမ်းအင်လှိုင်းများက သူတို့ခန္ဓာကိုယ်ပေါ် ကျဆင်းကာ စီးဆင်းလာပြီး သူတို့အားလုံးကို မမြင်နိုင်သော ဖိအားနှင့် လွှမ်းခြုံခံလိုက်ရပေသည်။

"ဂရုစိုက်။ တစ်ယောက်ယောက် တိုက်ခိုက်လာလိမ့်မယ်။ ဒါက ဝမ်ရှန့်စောင့်ကြည့်မျှော်စင်ရဲ့ တန်ခိုးရှင်တွေပဲ။" လင်ချိုးက ရီဖူရှင်းကို ပြောလိုက်သည်။ "အဲဒါအပြင် ကျုပ်တို့ တခြားတန်ခိုးရှင်တွေရဲ့ စွမ်းအားကိုလည်း သတိထားရမယ်။"

ရီဖူရှင်းက ခေါင်းညိတ်လိုက်သည်။ သူက ဤနေရာသို့ မလာခင် အချို့အရာများကို သိရှိပြီး ဖြစ်သည်။ ဝမ်ရှန့်စောင့်ကြည့်မျှော်စင်သို့ ဝင်ရောက်ဖို့ရာ သူသည် ဤကလန်အစောင့်အရှောက်ဝင်္ကပါအစီအရင်ကို ဖြတ်သန်းရန် လိုသည်။ ထို့ပြင် ဤဝင်္ကပါအတွင်း၌ ဝမ်ရှန့်စောင့်ကြည့်မျှော်စင်မှ တန်ခိုးရှင်များက သူတို့ကို တိုက်ခိုက်ကြပေလိမ့်မည်။ သူတို့က အလင်းထဲတွင် ဖြစ်ပြီး တစ်ဖက်လူများက အမှောင်ထဲမှာ ဖြစ်သည်။

လူတစ်စုက ဝင်္ကပါအတွင်း အတူတကွ မရပ်ဘဲ ဖြန့်ကျက်နေရာယူထားသည်။ ရီဖူရှင်း၏ ဘက်တွင် ရှားရှင်းယွန်၊ ပေ့ကုံးရွှမ်း၊ ပိုင်မုနှင့် စီဖုန်းတို့ ရှိနေသည်။ သူတို့၏ ခွန်အားကို ဆုံးဖြတ်ရလျှင် စီဖုန်းက အသန်မာဆုံး ဖြစ်သည်။

ဘန်း...

ထိုအခိုက်တွင် တစ်စုံတစ်ယောက်က အလွန် လျင်မြန်စွာ လှုပ်ရှားလိုက်ပြီး လျှပ်စီးအလင်းတန်းကဲ့သို့ အလျင်အမြန် ဖြတ်ကျော်ရန် ကြိုးစားလိုက်သည်။ သို့သော်လည်း မည်သည့်နေရာကမှန်းမသိ ရုတ်တရက် ထွက်ပေါ်လာသည့် ကြီးမားသော လက်တစ်ဖက်က ကောင်းကင်မှ ကျဆင်းလာသည်။ ကြီးမားသော ရွှေရောင်လက်ကြီးက ကောင်းကင်အား ဖုံးလွှမ်းပြီး နေကို အုပ်ကွယ်သွားသည်။ ထိုကျဆင်းလာသော ကြီးမားသည့် လက်ကြီးတွင် သင်္ကေတစာလုံးများစွာ ရှိနေသည်။

၎င်းက ထိုကျင့်ကြံသူ၏ ပြန်ဆုတ်ခွာမှုကို တားဆီးထားသည်။ အလွန်အားကောင်းလှသော လမ်းစဥ်စွမ်းအားကို တောင့်ခံရင်း သူ၏ မဟာလမ်းစဥ် နတ်ဝင်ရိုးစွမ်းအားများ ပေါက်ကွဲထွက်လာသည်။ သူ၏ ခန္ဓာကိုယ်က လေဟာနယ်ကို တိုက်ရိုက် ဖြတ်သန်းသွားကာ ကောင်းကင်ထက်သို့ ထိုးတက်သွားလေသည်။

ကလန်...

ကျယ်လောင်သော အသံတစ်ခု ထွက်ပေါ်လာပြီး ကျင့်ကြံသူများ၏ ရှေ့ဆုံးမှ ပြေးဝင်သွားသော ထိုကျင့်ကြံသူက မဟာလမ်းစဥ် လက်ဝါးနှင့် ရိုက်ချခံလိုက်ရသည်။ သူ့ခန္ဓာကိုယ်က ရှုပ်ပွကာ အလွန် ကြည့်ရဆိုးသွားပေသည်။ နောက်တခဏတွင် ရွှေရောင်လက်တစ်ဖက်က လေဟာနယ်အတွင်း ပေါ်ပေါက်လာပြီး သူ့အား ဆွဲယူကာ အဝေးသို့ လွှင့်ပစ်လိုက်သည်။

ထိုမြင်ကွင်းကို ကြည့်ကာ အစွမ်းထက်တန်ခိုးရှင်များက သတိရှိလာကြသည်။ ပြောစရာမလိုအောင် ဝမ်ရှန့်စောင့်ကြည့်မျှော်စင်မှ တန်ခိုးရှင်များက အစွမ်းထက်လှသည်။ ဝမ်ရှန့်စောင့်ကြည့်မျှော်စင်သို့ ဝင်နိုင်သူများမှာ အများစုထက်ပို၍ အရည်အချင်းရှိသူများသာ ဖြစ်ပေသည်။ ဝင်္ကပါအစီအရင်အား ဖြတ်ကျော်ရန်မှာ လွယ်ကူရိုးရှင်းသည့် ကိစ္စမဟုတ်ပေ။

သူတို့က ဝင်္ကပါအစီအရင်အား ဖြတ်ကျော်ရန် ကြိုးစားလိုက်သည်နှင့် ဝမ်ရှန့်စောင့်ကြည့်မျှော်စင် အပြင်ဘက်တွင် နောက်ထပ် လူတစ်စု ပေါ်ပေါက်လာသည်။ ထိုလူများ၏ အရှိန်အဝါက ကြောက်မက်ဖွယ် ကောင်းလှပြီး လူအများက သူတို့ကို သတိပြုမိကြသည်။ သူတို့က ထိုနေ့တွင် ကောင်းကင်တိုက်ပွဲနန်းတော်၌ ထွက်ပေါ်လာသော မြောက်ပိုင်းနယ်မြေမှ ရန်ဟောင်များ ဖြစ်ကြသည်။

သို့သော် ထိုသူတို့အား ဦးဆောင်လာသည့် လူအနည်းငယ်ကို ကောင်းကင်တိုက်ပွဲနန်းတော်သို့ လာရောက်သော နေ့၌ မမြင်တွေ့ဖူးခဲ့ကြပေ။

သို့ပေမယ့် အကြည့်တစ်ချက်နှင့်ပင် ထိုလူများက မည်သည့်နေရာက လာကြောင်း လူအများက သိရှိကြပေသည်။

***

All Chapters