အခန်း ၁၃၃-၁၃၅
Vol. 9 Ch. 133-135
အခန်း (၁၃၃)
မုကျိရွှမ်း၏ စိတ်တွင်းပူပန်မှုများ (၂)
အားလုံး မင်းသားစံအိမ်ထဲသို့ ဝင်ရောက်သွားပြီးနောက် လုချန်းသည်လည်း စံအိမ်ထဲသို့ ဝင်ရောက်သွားခဲ့သည်။
မင်းသားစံအိမ်သို့ ပြန်ရောက်သည်နှင့် မုကျိရွှမ်းသည် ကလေးကို နို့ထိန်းဆီအပ်ပြီး ရေချိုးရန် သွားခဲ့သည်။ မင်းသား၏စံအိမ်ရှိ အမျိုးသမီးအားလုံးသည် တစ်ညီတစ်ညွတ်တည်း နားလည်ထားသည်မှာ ပြန်ရောက်သည်နှင့် ပထမဆုံးလုပ်ရမည့်အရာမှာ ရေချိုးခြင်းဖြစ်သည်။
လုချန်းသည် မုကျိရွှမ်း၏အခန်းသို့ ရောက်ရှိလာသောအခါ သူမ၏ ဆံပင်ကို ဖြီးနေချိန်ဖြစ်သည်။ လုချန်း ဝင်လာသည်ကို မြင်လိုက်ရသည်နှင့် မုကျိရွှမ်းသည် ချက်ချင်းထပြီး သူ့ကို အရိုအသေပေးရန် ရည်ရွယ်ခဲ့သော်လည်း ထိုသို့မလုပ်နိုင်မီ လုချန်း၏ ရင်ခွင်ထဲသို့ ဆွဲခေါ်ခံလိုက်ရသည်။
မုကျိရွှမ်း၏ နုနယ်သော ခန္ဓာကိုယ်သည် လုချန်း၏ ကျယ်ပြန့်သော ရင်ဘတ်နှင့် ပူးကပ်နေသည်။ ချက်ချင်းပင် ယောက်ျားတစ်ယောက်၏ အနံ့သည် သူမ၏နှာခေါင်းမှတစ်ဆင့် ဦးနှောက်ထဲသို့ ဝင်ရောက်လာပြီး သူမ၏စိတ်ကို လှုပ်ရှားသွားစေပြီး ခန္ဓာကိုယ်ကိုလည်း အနည်းငယ်တုန်ယင်သွား စေခဲ့သည်။
နီရဲနေသောမျက်နှာဖြင့် မုကျိရွှမ်းက
“မင်းသား။ ကျွန်မရဲ့ဆံပင်က ဖြီးလို့မပြီးသေးပါဘူး” ဟု ပြောလိုက်သည်။
လုချန်းက အနည်းငယ်ပြုံးပြီး မုကျိရွှမ်း၏ နုနယ်သောကျောကို ညင်သာစွာ ပွတ်သပ်ကာ သူမကို ပွေ့ဖက်ကာ အိပ်ရာဆီသို့ လျှောက်သွားရင်း
“ဘာမှမဖြစ်ပါဘူး။နောက် ပြန်ရှုပ်ပွသွားမှာပဲ”
ဟု ပြောလိုက်သည်။
လုချန်းသည် သူ၏မိဖုရားများနှင့် နဂါးဖိီးနစ်ယင်ယန် ကျင့်စဉ်ကို လေ့ကျင့်ရန် စိတ်ကူးထားခဲ့သည်မှာ ကြာပြီဖြစ်သည်။သူ၏မိဖုရားများသည် သာမန်လူများဖြစ်ပြီး သူတို့၏သက်တမ်းသည် အနှစ်တစ်ရာခန့်သာ ရှိသည်။
သူတို့အိုမင်းပြီး သေဆုံးသည့်နေ့ကို မြင်တွေ့ရန် လုချန်း မလိုလားပေ။ သူ၏စွမ်းအားများ တိုးတက်လာသည်နှင့်အမျှ သူ၏မိဖုရားများနှင့် သားသမီးများအားလုံး သူ့မတိုင်မီ သေဆုံးသွားနိုင်သည်။ ထို့ကြောင့် လုချန်းသည် သူ၏မိဖုရားများကို ကျင့်စဉ်များ လေ့ကျင့်ခိုင်းရန် ဆုံးဖြတ်ခဲ့သည်။
နဂါးဖိီးနစ်ယင်ယန် ကျင့်စဉ်သည် သိုင်းပညာ မလေ့ကျင့်ဖူးသူများကို အတွင်းအားရှိစေပြီး သူတို့၏စွမ်းအားကို တိုးတက်စေနိုင်သည်။ မုကျိရွှမ်းတို့ အတွင်းအား အတိုင်းအတာ တစ်ခုအထိ ရရှိပြီးပါက သူတို့အတွက် သင့်လျော်သော လေ့ကျင့်ခန်းနည်းလမ်းများကို ရှာဖွေပေးနိုင်မည်ဖြစ်သည်။
သူတို့ နှစ်ဘယ်လောက်ကြာအောင် အသက်ရှင်နိုင်မည်ဆိုသည်ကတော့ ကံကြမ္မာအပေါ်တွင် မူတည်သော်လည်း သူတို့နှစ်ပေါင်းများစွာ အသက်ရှင်နိုင်စေရန် လုချန်းကြိုးစားမည်ဖြစ်သည်။
မုကျိရွှမ်းနှင့် အိပ်ရာပေါ်သို့ ရောက်ရှိပြီးနောက် လုချန်းသည် သူမနှင့် အဓိကကိစ္စကို ပြုလုပ်ပြီးနောက် အချိန်နီးလာသောအခါ နဂါးဖီးနစ်ယင်ယန် ကျင့်စဉ်ကို အသုံးပြုခဲ့သည်။
မုကျိရွှမ်းသည် သာမန်လူတစ်ဦးဖြစ်သော်လည်း သူမ၏ခန္ဓာကိုယ်တွင်း၌ အတွင်းအားများ ပေါ်ထွက်လာသည်ကို ခံစားမိသောအခါ လုချန်းက သူမ၏ခန္ဓာကိုယ်ကို ပြောင်းလဲနေသည်ကို သိရှိသွားပြီး သူနှင့် ပိုမို ပူးပေါင်းဆောင်ရွက်ခဲ့သည်။
[သခင်သည် မုကျိရွှမ်းနှင့် တစ်ကြိမ် ခံစားမှုများကို လေ့ကျင့်ခဲ့ပြီး အတွင်းအားမန္တာန်ကျင့်စဉ်အတွေ့အကြုံတန်ဖိုး ၂၀ တိုးလာခဲ့သည်။ပြန်လည်သန်စွမ်းစေသောစွမ်းအား အတွေ့အကြုံတန်ဖိုး ၂၀ တိုးလာခဲ့သည်။
နဂါးဖီးနစ်ယင်ယန်ကျင့်စဉ် အတွေ့အကြုံတန်ဖိုး ၃၀.၁ တိုးလာခဲ့သည်။
ထိုအချိန်တွင် မင်းသားစံအိမ်အတွင်း ချူးချင်လီအတွက် နေရာထိုင်ခင်းစီစဉ်ပြီးနောက် ချူးယုချင်သည် သူမအား အတွင်းဆောင် အနီးတစ်ဝိုက် လှည့်လည်ပြသခဲ့သည်။ ချူးချင်လီသည် နောက်ပိုင်းတွင် အတွင်းဆောင်၏ လုံခြုံရေးမှူးဖြစ်လာမည်ဖြစ်သောကြောင့် စံအိမ်၏ အတွင်း ဆောင်ကို ရင်းနှီးကျွမ်းဝင်ရန် လိုအပ်သည်။
ချူးယုချင်သည် ချူးချင်လီကို မုကျိရွှမ်း၏ အဆောင်သို့ ခေါ်ဆောင်လာသောအခါ ချူးယုချင်က ချူးချင်လီအား ပြောလိုက်သည်။
“ချင်လီ။ ဒီအဆောင်မှာ အခန်းသုံးခန်းရှိတယ်။ အလယ်အခန်းက မိဖုရားရဲ့ အခန်းပဲ။ ညဘက်ကျရင် ချန်းလေးလည်း လာအိပ်တတ်တယ်။”
“ဘေးခန်းက…”
ချူးယုချင်၏ စကားမဆုံးမီ အခန်းအတွင်းမှ ထူးဆန်းသောအသံများ ကြားလာရသည်။ မင်းသားစံအိမ်တွင် နေထိုင်သူများကတော့ ထိုအသံများ၏ အဓိပ္ပာယ်ကို သူ ကောင်းစွာသိသည်။ထိုအချိန်တွင် ချူးယုချင်၏ မျက်နှာသည် နီရဲလာသည်။ ချူးချင်လီသည်လည်း ထိုအသံကို ကြားလိုက်ရသည်။
ချူးမိသားစု၏ အညစ်ပတ်ဆုံး အလုပ်များကို မကြာခဏလုပ်ကိုင်ရသည့် လူသတ်သမားဖြစ်သည့်အတွက် သူမသည် အပျိုစင်အဖြစ် ရှိနေသေးသော်လည်း ထိုအသံ၏ အဓိပ္ပာယ်ကို နားလည်သည်။
ချူးချင်လီက အေးစက်စွာဖြင့် နှာခေါင်းရှုံ့ကာ ပြောလိုက်သည်။
“သူက တကယ်ပဲ တဏှာကြီးတဲ့လူတစ်ယောက်ပဲ။”
မိဖုရားက ရန်နယ်သို့ ပင်ပန်းစွာ ခရီးနှင်ပြီး ပြန်ရောက်တာ မကြာသေးခင်ပင် ထိုရမ္မက်ကြီးသူက သူမအား ထိပါးလိုက်သည်။
အပြင်ရှိ ကောလဟာလများက တကယ်အမှန်ဖြစ်သည်ဟု ထင်ရသည်။ တစ်ခုတည်းသော အမှားမှာ မြောက်ပိုင်းနယ်စားမင်းသားသည် ရမ္မက်ကြီးသော်လည်း စွမ်းရည်အနည်းငယ်ရှိသူဖြစ်သည်။ သူသည်
အားနည်းသူတစ်ဦး လုံးဝမဟုတ်ပေ။
သူသည် အားနည်းသူဖြစ်ခဲ့လျှင် ရန်နယ်ကို ကာကွယ်နိုင်မည်မဟုတ်သလို မြင်းတပ်ငါးသောင်းကိုလည်း ကွပ်ကဲနိုင်မည် မဟုတ်ပေ။ သို့သော် လုချန်းတွင် စွမ်းရည်ရှိသော်လည်း သူသည် ရမ္မက်ကြီးသူတစ်ဦးဖြစ်နေသည်ကတော့ မပြောင်းလဲနိုင်ပေ။ ချူးယုချင် စံအိမ်တွင် ဆက်လက်နေထိုင်ပါက တစ်နေ့တွင် သူမလည်း မြောက်ပိုင်းနယ်စားမင်းသား၏ အိပ်ရာထဲသို့ ရောက်သွားနိုင်သည်ကို ချူးချင်လီ စိုးရိမ်နေသည်။
ချူးယုချင်၏ ညီမဖြစ်သူအနေဖြင့် ထိုသို့ဖြစ်ရပ်မျိုး မဖြစ်ပေါ်စေရန် သူမတတ်နိုင်သမျှ ကြိုးစားမည်ဟု ဆုံးဖြတ်လိုက်သည်။
ချူးယုချင် စိတ်မသက်မသာဖြစ်သွားပြီး
“အခြားတစ်နေရာကို သွားကြစို့…”
မုကျိရွှမ်း၏ အခန်းထဲမှ အသံများသည် ပိုမိုကျယ်လောင်လာပြီး နားထောင်နေရန် မသင့်တော်တော့ပေ။
ထို့နောက် ချူးယုချင်သည် ချူးချင်လီကို အခြားတစ်နေရာသို့ ခေါ်ဆောင်သွားသည်။
အချိန်မည်မျှ ကုန်လွန်သွားသည် မသိပါ။ မုကျိရွှမ်းက လုချန်းအား အဝတ်များ ဝတ်ဆင်ပေးရန် ထလာ၏။ လုချန်းကို တစ်နေကုန် ဆွဲထားရန်စိတ်ကူး သူမမှာ မရှိပါ။ လုချန်းတွင် အခြားအမျိုးသမီးများလည်း ရှိနေသေးသည်။
ထို့အပြင် လုချန်းက တစ်နေကုန် သူမနှင့်အတူ နေမည်ဆိုပါက သူမ၏ ခန္ဓာကိုယ်က ခံနိုင်ရည်ရှိမည် မဟုတ်ပေ။
ထိုအချိန်တွင် မုကျိရွှမ်းက ပြောလိုက်သည်။ “မင်းသား ကျွန်မရဲ့ ခန္ဓာကိုယ်ထဲမှာ နွေးထွေးတဲ့ စီးဆင်းမှုတစ်ခု ခံစားနေရပါတယ်။ ဒါက မင်းသား ကျွန်မကို အတွင်းအားသွင်းပေးလိုက်လို့လား။”
စစ်ဗိုလ်ချုပ်တစ်ဦး၏ သမီးဖြစ်သည့်အတွက် မုကျိရွှမ်းသည် အတွင်းအားအကြောင်းကို အနည်းငယ် နားလည်သည်။ လုချန်းက ပြန်ပြောလိုက်၏။
“ဟုတ်တယ်။ကိုယ်တို့ အဲ့ဒါကို လုပ်နေတဲ့ အချိန်မှာ အတူတကွ လေ့ကျင့်နိုင်တဲ့ အထူးကျင့်စဉ်တစ်ခုကို ကိုယ်လေ့ကျင့်ထားတယ်။”
ထို့နောက် လုချန်းကသူ၏ခေါင်းကို လှည့်ကာ မုကျိရွှမ်း၏ လှပသောမျက်နှာကို ကြည့်ပြီး ပြောလိုက်သည်။
“ နှမတော်ရယ် ယိုယို၊ ရှောင်ရှောင်တို့က သာမန်လူတွေပါ။ နှမတော်တို့ သုံးယောက် လေ့ကျင့်ခန်း မလုပ်ဘူးဆိုရင် အများဆုံး နှစ်တစ်ရာပဲ အသက်ရှင်နိုင်မှာပါ။ နှမတော်တို့ကိုယ့်ထက်စောပြီး သေဆုံးသွားတာမျိုး မဖြစ်စေချင်ဘူး။”
ထိုစကားကို ကြားလိုက်ရသောအခါ မုကျိရွှမ်း နှလုံးတုန်သွားသည်။ သူမ ယခင်က ထိုပြဿနာအကြောင်း စဉ်းစားခဲ့ဖူးခြင်း မရှိပေ။
ယခု စဉ်းစားကြည့်လိုက်သောအခါ သာမန်လူသားများသည် အများဆုံး နှစ်တစ်ရာ အသက်ရှင်နိုင်ပြီး ထိပ်သီးပညာရှင်များနှင့် ကောင်းကင်ဘုံမှ နတ်ဘုရားများသည် နှစ်ပေါင်းရာချီ၍ အသက်ရှင်နိုင်သည်ကို သတိရလိုက်သည်။
..........
အခန်း (၁၃၄)
မုကျိရွှမ်း၏ စိတ်တွင်းပူပန်မှုများ (၂)
ဆိုလိုသည်မှာ လုချန်းက နုပျိုနေဆဲ အချိန်တွင် သူတို့သုံးယောက်ကတော့ အိုမင်းရင့်ရော်ပြီး ဆံပင်ဖြူနေမည် ဖြစ်သည်။ သူတို့ အိုမင်းလာသောအခါ လုချန်းက သူတို့အပေါ် စိတ်ဝင်စားမှု မရှိတော့မည်ကို စဉ်းစားမိသောအခါ မုကျိရွှမ်း၏ စိတ်နှလုံးတွင် ကြီးမားသော စိုးရိမ်ပူပန်မှုများဖြင့် ပြည့်လျှံလာတော့သည်။
လုချန်း၏ နွေးထွေးသော ချစ်ခြင်းမေတ္တာကို ခံစားရင်း သူမ မင်းသားကောင်းတစ်ဦးနှင့် လက်ထပ်မိပြီး ဤဘဝသည် အမြဲတမ်း ဒီအတိုင်း ဖြစ်နေမည်ဟု ယုံကြည်ခဲ့သည်။ လုချန်းသည် လက်ရှိအချိန်တွင် သူမအပေါ် အလွန်ကောင်းသော်လည်း တစ်နေ့တွင် သူတို့အိုမင်းလာသောအခါ သူတို့အား ရွံရှာသွားမည်ကို သတိရလိုက်သည်။
လုချန်းသည် သူတို့အား မရွံရှာသည့်တိုင် သူတို့၏ ဆံဖြူများနှင့် အိုမင်းရင့်ရော်သော ပုံပန်းသဏ္ဍာန်သည် လုချန်း၏ နုပျိုသော ပုံသဏ္ဍန်အင်အားတို့နှင့် ယှဉ်လျှင် စိတ်မသက်မသာစရာများ ဖြစ်လာမည် ဖြစ်သည်။ ထိုအခါ သူတို့လည်း လုချန်းကို ဆက်လက်ပြုစုနိုင် တော့မည် မဟုတ်ပါ။ သူတို့၏ နှလုံးသားများထဲတွင် အမျိုးမျိုးသော အတွေးများ ပေါ်ပေါက်လာမည်မှာ မလွဲဧကန်ဖြစ်သည်။
သတိပြန်ဝင်လာပြီးနောက်ညမုကျိရွှမ်းက ပြောလိုက်သည်။
“မင်းသား။ ကျွန်မ နားလည်ပါတယ်။ ကျွန်မ မနက်ဖြန်ကစပြီး သိုင်းပညာကို စတင်လေ့ကျင့်ပါမယ်။”
ထိုစကားကို ကြားလိုက်ရသောအခါ လုချန်းသည် ရယ်မောကာ မုကျိရွှမ်း၏ ဆံပင်ကို သပ်ပေးပြီး ပြောလိုက်သည်။
“နှမတော်က သိုင်းပညာကို အထူးတလည် လေ့ကျင့်စရာမလိုပါဘူး။ ကိုယ်ကနှမတော်ကို ထာဝရတန်ခိုးရှင်တို့ရဲ့ နည်းဥပဒေ တွေသင်ပေးမယ်။ နှမတော် ကိုယ်နှင့်အတူ လေ့ကျင့်နိုင်တယ်။”
မုကျိရွှမ်း ခဏတာမျှ အံ့အားသင့်သွားပြီး “မင်းသား။ ထာဝရတန်ခိုးရှင်တို့ရဲ့နည်း ဥပဒေကို အလွယ်တကူ မသင်ပေးသင့်ပါဘူး။ ထာဝရတန်ခိုးရှင်တွေက မင်းသား ကျွန်မတို့ကို သင်ပေးတာကို သိသွားရင် မင်းသားရဲ့ ထာဝရတန်ခိုးရှင်ဖြစ်ခွင့်ကို ဖြတ်တောက်သွားနိုင်ပါတယ်။”
မျက်မှောက်လောကတွင် ထာဝရတန်ခိုးရှင်ဖြစ်ခွင့်သည် မြင့်မြတ်ပြီး ထာဝရတန်ခိုးရှင်တို့၏ ခွင့်ပြုချက်မရှိပဲ သူတို့၏ အသိပညာကို မျှဝေခြင်းသည် ထာဝရတန်ခိုးရှင်တို့၏ အပြစ်ပေးခြင်းကို ဖြစ်စေနိုင်သည့် မလေးမခန့် အပြုအမှု တစ်ခုဖြစ်သည်။ မုကျိရွှမ်းက လုချန်းလည်း ထာဝရတန်ခိုးရှင်တို့၏ အပြစ်ပေးခြင်းကို ခံရနိုင်သည်ကို အလွန်စိုးရိမ်နေသည်။
လုချန်းက ပြန်ပြောလိုက်၏။
“စိတ်မပူပါနဲ့။ ကိုယ်ရရှိထားတဲ့ ထာဝရတန်ခိုးရှင် ဖြစ်ခွင့်ဟာ သာမန် ထာဝရတန်ခိုးရှင် ဖြစ်ခွင့်တွေနဲ့ မတူဘူး။ ကိုယ်က နှမတော်ကို ထာဝရတန်ခိုးရှင်တို့ရဲ့ နည်းဥပဒေကို သင်ပေးလိုက်တာတောင်
ထာဝရတန်ခိုးရှင်တွေက ကိုယ့်ကို အပြစ်တင်ကြမှာ မဟုတ်ပါဘူး။ ဒါ့အပြင်
ကိုယ်က ထာဝရတန်ခိုးရှင် နည်းဥပဒေတွေလက်ဆင့်ကမ်းတာကို သူတို့ နှစ်သက်ကြမှာပါ။”
လုချန်းက ထိုသို့ပြောလိုက်သောအခါ မုကျိရွှမ်းလည်း စိတ်သက်သာရာရသွားပြီး “ကျွန်မ နားလည်ပါပြီ။ မင်းသား လက်ဆင့်ကမ်းပေးတဲ့ ထာဝရတန်ခိုးရှင်တို့ရဲ့နည်းဥပဒေကို ကျွန်မ အားထုတ်ပြီး သင်ယူမှာပါ။” ဟု ပြောလိုက်သည်။
ထို့နောက် မုကျိရွှမ်းသည် လုချန်း၏ ခါးပတ်ကို ချည်ပေးလိုက်သည်။ သူမ လုချန်းအား အဝတ်များ ဝတ်ဆင်ပေးပြီးသောအခါ ဆက်ပြောလိုက်သည်။ “မင်းသား။ မင်းသား ရှောင်ရှောင်တို့ဆီ သွားသင့်ပါပြီ။ သူတို့ သူတို့အခန်းထဲမှာ စောင့်နေကြမှာပါ။”
လုချန်းသည် ပြုံးရယ်လျက် မုကျိရွှမ်းကို ဖက်ပြီး နမ်းလိုက်ကာပြောလိုက်သည်။
“ကိုယ် ညကျရင် နှမတော်နဲ့အတူနေဖို့ လာမယ်။”
မုကျိရွှမ်း၏ မျက်နှာနီရဲသွားပြီး
“အင်း” ဟု ပြောလိုက်သည်။
ချက်ချင်းပင် လုချန်းသည် မုကျိရွှမ်း၏ အခန်းမှ ထွက်ခွာသွားသည်။
ထိုအချိန်တွင်ပင်ာကျောင်းရှောင်ရှောင်သည် ကျောင်းယိုယို၏ အခန်းထဲတွင် ရှိနေပြီး ကျောင်းယိုယိုက ကြေးမုံတစ်ချပ်၏ အရှေ့တွင် ထိုင်နေကာ ကျောင်းရှောင်ရှောင်က သူမ၏ အနောက်မှ ဆံပင် ဖြီးပေးနေသည်။
ကျောင်းယိုယိုက မေးလိုက်၏။
“အစ်မ။ မင်းသားက နေ့ခင်းဘက်မှာ ကျွန်မတို့ဆီ လာမယ်ထင်လာ။”
ကျောင်းရှောင်ရှောင်က ပြန်ပြောလိုက်သည်။
“လာမယ်ထင်တယ်။”
ကျောင်းယိုယိုက ဆက်ပြောလိုက်သည်၊ “သူက အစ်မမုနဲ့အတူ နေမှာပဲ။”
ကျောင်းရှောင်ရှောင်က ကျောင်းယိုယို၏ ဆံပင်ကို ဖြီးနေရင်း ပြောလိုက်သည်။
“ယိုယို။ မင်းသားက ဘယ်လောက်ထိ စွမ်းအားကြီးတယ်ဆိုတာ နင်သိပါတယ်။ အစ်မမုက မင်းသားကို တစ်နေကုန် ဘယ်လိုပြစုနိုင်မှာလဲ။”
ကျောင်းရှောင်ရှောင်၏ စကားကို ကြားလိုက်ရသည်နှင့် ကျောင်းယိုယို၏ နုနယ်သော ခန္ဓာကိုယ်လည်း မတုန်လှုပ်ပဲ မနေနိုင်တော့ပေ။
သူမ မှတ်မိသည်။ မုကျိရွှမ်းနှင့် ကျောင်းရှောင်ရှောင်တို့ ကိုယ်ဝန်ရှိနေချိန်တုန်းက မင်းသားက နေ့စဉ်လာရောက်ပြီး သူမကို ချစ်ခင်မှုပြုခဲ့သည်။ ထိုအချိန်တုန်းက သူမ၏ ခန္ဓာကိုယ်ကို သူမမပိုင် တော့သလိုပင် ခံစားခဲ့ရသည်။
ညီအစ်မ နှစ်ယောက် စကားပြောနေစဉ် အခန်းတံခါးကို တွန်းဖွင့်လိုက်သံ ကြားလိုက်ရသည်။
လုချန်း ဝင်လာသည်ကို မြင်လျှင် ညီအစ်မနှစ်ယောက်သည် ချက်ချင်းမတ်တပ်ရပ်ပြီး “မင်းသားကို နှုတ်ဆက်ပါတယ်”
ဟု ပြောလိုက်ကြသည်။
လုချန်းသည် ပြုံး၍မေးလိုက်သည်။
“ကိုယ့်နောက်ကွယ်မှာ ကိုယ့်အကြောင်းပြောနေတာကို ကြားလိုက်ရတယ်။”
“မင်းတို့ ကိုယ့်အကြောင်း ပြောနေကြတာလား။”
ကျောင်းရှောင်ရှောင် ချက်ချင်း ပြောလိုက်သည်။
“မင်းသား၊ ကျွန်မတို့ မပြောရဲပါဘူး။”
လုချန်းသည် တံခါးကို ပိတ်လိုက်ပြီး ကျောင်းရှောင်ရှောင်၏ အနားသို့ ချဉ်းကပ်လာကာ
“ဘာကို မပြောရဲဘူးလဲ။ မင်းက ကိုယ့်နောက်ကွယ်မှာ ကိုယ့်အကြောင်းပြောတာတစ်ကြိမ်မကတော့ဘူး။ ဒါဆို ကောင်းကောင်း အပြစ်ဒဏ်ပေးဖို့ လိုနေပြီထင်တယ်”
ဟု ပြောလိုက်သည်။
လုချန်း၏ စကားကို ကြားလိုက်ရသည်နှင့် ညီအစ်မနှစ်ယောက်စလုံး၏ မျက်နှာများ ချက်ချင်း နီရဲသွားခဲ့သည်။ လုချန်းသည် သူတို့ကို အပြစ်တင်နေခြင်း မဟုတ်ပါ။ သူသည် သူတို့ကို “အပြစ်ဒဏ်ပေးဖို့” ဆိုသည့် အကြောင်းပြချက်ကို ရှာနေခြင်းသာ ဖြစ်သည်။
ကျောင်းရှောင်ရှောင် ပြောလိုက်သည်။ “မင်းသား။ မင်းသား ကျွန်မကို ခွင့်လွှတ်ပေးမယ်ဆိုရင် ကျွန်မ အပြစ်ဒဏ်ကို လက်ခံပါမယ်။”
လုချန်း၏ မျက်လုံးများသည် သေးငယ်ပြီး ချစ်စရာကောင်းသော ကျောင်းယိုယို ပေါ်သို့ ကျရောက်သွားသည်။ သူမ၏ မျက်နှာနီရဲသွားပြီး
“ကျွန်မ မှားပါတယ်။ မင်းသားရဲ့ နောက်ကွယ်မှာ မင်းသားအကြောင်း မပြောသင့်ပါဘူး။ ကျွန်မလည်း မင်းသားရဲ့ ပြစ်ဒဏ်ကို လက်ခံပါမယ်” ဟု ပြောလိုက်သည်။
လုချန်းက ချက်ချင်း အမျိုးသမီးနှစ်ယောက်ကို ပွေ့ဖက်လိုက်ပြီး
“ဒါဆို ကိုယ်ရဲ့ အပြစ်ဒဏ်ကို စတင်လိုက်ပြီ” ဟု ပြောလိုက်သည်။
ထို့နောက် သူတို့နှစ်ယောက်လည်း တိတ်ဆိတ်စွာဖြင့် လုချန်း၏ ပြစ်ဒဏ်ကို လက်ခံခဲ့ကြသည်။
..........
အခန်း (၁၃၅)
ချူးချင်လီ၏ နားမလည်နိုင်မှုများ
ချူးယုချင်သည် ချူးချင်လီနှင့်အတူ အတွင်းဆောင်ကို လှည့်လည်စစ်ဆေးပြီးနောက် မြောက်ပိုင်းအဆောင်သို့ ထွက်ခွာသွားသည်။ သူတို့သွားရင်း ချူးယုချင်က ပြောလိုက်သည်။
“ချင်လီ။ ချန်းလေးက မင်းသားတစ်ပါးပါ။ ဒါကြောင့် နောက်တစ်ခါ သူ့ကိုတွေ့ရင် ဒီလောက်တင်းမာတဲ့ မျက်နှာကြီးနဲ့ မနေပါနဲ့တော့”
ချူးချင်လီ၏ လုချန်းအပေါ် မကျေနပ်မှုများက ကြီးမားသော ပဋိပက္ခများ ဖြစ်သွားမည်ကို ချူးယုချင် စိုးရိမ်နေ၏။ တစ်ယောက်က သူမ၏ညီမ တစ်ယောက်က သူမ၏ချန်းလေး ဖြစ်နေသည်။ သူတို့နှစ်ဦးကြား မည်သည့်ပဋိပက္ခမှ ချူးယုချင် မဖြစ်စေလိုပါ။
ချူးချင်လီက မျက်နှာအပြောင်းအလဲမရှိပဲ ပြန်ပြောသည်။
“အစ်မ။ ကျွန်မက လူသတ်သမားပါ။ ကျွန်မက အမြဲဒီလိုပါပဲ။ အစ်မလည်း သိပါတယ်။”
ချူးချင်လီ၏ အဖြေကိုကြားပြီး ချူးယုချင်က သက်ပြင်းချလိုက်ကာ
“ချင်လီ။ နင်က အခုချူးမိသားစုကနေ ထွက်လာပြီ။ နင့်ရဲ့ဘဝပုံစံ ပြောင်းသွားပြီ။ ဘဝပုံစံအသစ်နဲ့ မြန်မြန်ဆန်ဆန်လိုက်လျောညီထွေ ဖြစ်အောင် နေဖို့လိုတယ်။ နင်က လူသတ်သမားမဟုတ်တော့ဘူး။ နင့်ကိုယ်နင်လည်း လူသတ်သမားလို့ ဆက်ပြီး မမြင်သင့်တော့ဘူး။”
“နင်က မျက်နှာတင်းပြီး လူတိုင်းနဲ့ စည်းခြားနေမယ်ဆိုရင် ဘယ်ယောက်ျားက နင့်ကိုယူမှာလဲ။ နောက်ကျရင် နင့်ကို ဘယ်လိုလက်ထပ်ပေးမှာလဲ။”
ချူးချင်လီက အေးစက်စွာဖြင့် ပြန်ဖြေသည်။
“ကျွန်မမှာ လက်ထပ်ဖို့ အစီအစဉ်မရှိပါဘူး။ အစ်မရှိတာနဲ့ပဲ လုံလောက်ပါပြီ။”
ဒါက… ချူးယုချင်လည်း ချူးချင်လီကို ဘယ်လိုနည်းနဲ့ စည်းရုံးရမည်းမှန်း မသိတော့ပေ။ ချူးချင်လီသည် အမြဲတမ်း ခေါင်းမာသူဖြစ်ပြီး တစ်ခါဆုံးဖြတ်ပြီးပါက ပြန်ပြောင်းလေ့မရှိပေ။ သူမကို စည်းရုံးရန် ခက်ခဲသည်။
သူတို့စကားပြောနေရင်း မြောက်ပိုင်းအဆောင်သို့ ရောက်ရှိလာ၏။ ထိုအချိန်တွင် ချူးယုချင်က ချူးချင်လီကို
“ဒါက မြောက်ပိုင်းအဆောင်။ ကျောင်း…”
“အကို…”
“အို အချစ်။ လွှတ်ပေးပါ…”
ချူးယုချင် စကားမဆုံးမီ အခန်းတစ်ခုထဲမှ အသံများကို ကြားလိုက်ရသည်။ ချူးယုချင် စကားကို ရပ်လိုက်သည်။ ချူးချင်လီ၏ မျက်နှာပေါ်တွင် စက်ဆုပ်ရွံရှာသော အမူအရာများ ပေါ်လာသည်။ ဤနေရာသည် အတွင်းဆောင်ဖြစ်သည်။ ဒီနေရာတွင် ဒါတွေလုပ်နေတာ ဘယ်သူတွေလဲဆိုတာကိုက စဉ်းစားစရာ မလိုပေ။
ထိုလူသည် မုကျိရွှမ်းနှင့် အတူနေပြီးပြီး ယခု ဒီနေရာကို ရောက်နေပြန်သည်။
သူက တစ်နေ့လုံး မိန်းမကိစ္စပဲ တွေးနေတာလား။ ဘယ်လို သတ္တဝါမျိုးလဲ။
ချူးယုချင်က ချောင်းဟန့်လိုက်ပြီးပြောလိုက်သည်။
“ချင်လီ။ တစ်ခြားနေရာအရင်ကို သွားကြည့်ရအောင်”
ပြောပြီးနောက် ချူးယုချင်သည် မြောက်ပိုင်းအဆောင်မှ ထွက်ခွာသွားသည်။
မြောက်ပိုင်းအဆောင်မှ ထွက်လာပြီးနောက် ချူးချင်လီက
“အစ်မ။ မြောက်ပိုင်းနယ်စားမင်းသားက သိုင်းပညာရှင်တစ်ယောက်ပဲလား” ဟု မေးလိုက်သည်။
လုချန်းထံ၌ သိုင်းပညာရှင်တစ်ဦး၏ အငွေ့အသက်ကို ချူးချင်လီ သူနှင့်ပထမဆုံးအကြိမ်တွေ့ကတည်းက ခံစားမိခဲ့သည်။ လုချန်းသည် သာမန်သိုင်းပညာရှင်တစ်ဦးနှင့် မတူသော်လည်း လူသတ်သမားတစ်ဦးအနေဖြင့် ချူးချင်လီသည် သိုင်းပညာရှင်အမျိုးမျိုးကို ကြုံတွေ့ဖူးပြီး ဘယ်သူက သိုင်းပညာရှင် ဟုတ်မဟုတ် ဆိုတာကို အလွယ်တကူ သိရှိနိုင်သည်။
“ဟုတ်ပါတယ်။ ချန်းလေးဟာ သိုင်းပညာရှင်တစ်ယောက်ပါ”
ချူးယုချင်က ပြန်ပြောလိုက်သည်။
ချူးချင်လီက ဆက်ပြောသည်။
“သိုင်းပညာရှင်တွေဟာ ကာမဂုဏ်ကို ရှောင်ကြဉ်ရမှာ မဟုတ်ဘူးလား။ သူ့စံအိမ်မှာ အမျိုးသမီးတွေ အများကြီးရှိနေတယ်။ ဒါတောင် သူက သိုင်းပညာကို ဆက်လေ့ကျင့်နိုင်သေးလား။”
ကာမဂုဏ်ကို အလွန်အကျွံခံစားခြင်းက သိုင်းပညာရှင်အများစုအတွက် သူတို့၏ အားအင်ကို သိသိသာသာ လျော့နည်းစေနိုင်သည်။ နတ်ဆိုးဂိုဏ်းများ၏ လမ်းစဉ်ကို လိုက်သူများမှလွဲ၍ အများစုသည် ကာမစိတ်ကို ထိန်းချုပ်ရပြီး ကာမရာဂဂုဏ်ခံစားမှုကို ခဏခဏ မပြုလုပ်ကြပါ။
ဤခောတ်ကမ္ဘာတွင် အချို့သော အမျိုးသမီးများသည် သူတို့၏ ခင်ပွန်းများကို အဆင့်မြင့်သိုင်းပညာရှင်များထက် အဆင့်နိမ့်သော ပညာရှင်သည်များသာ ဖြစ်စေလိုကြခြင်းမှာ ထိုအချက်ကြောင့်ဖြစ်သည်။
သိုင်းပညာ အဆင့်မြင့်လေ ကာမဂုဏ်ကို ပို၍ ရှောင်ကြဉ်ရလေဖြစ်၏။ အချို့ဆိုလျှင် ဆယ်နှစ်ကျော်အထိ အမျိုးသမီးများကို မထိကြပါ။ ထိုသို့သော သိုင်းပညာရှင်များနှင့် လက်ထပ်ခြင်းသည် ကာမဂုဏ်ရှောင်ကြဉ်ရသော ဘဝကို ရရှိခြင်းနှင့်တူသည်။
လုချန်း၏ ပြင်းထန်သည့် သိုင်းပညာစွမ်းအားကို ချူးချင်လီ ခံစားမိခဲ့သည်။ သူ၏ စွမ်းအားသည် အနည်းဆုံး အဆင့်ရှစ်ထက် ပိုမည်ဖြစ်သည်။ သူသည်အဆင့်မြင့်သိုင်းပညာရှင်တစ်ဦး ဖြစ်သည်။
အဆင့်မြင့်သိုင်းပညာရှင်တစ်ဦးအနေဖြင့် သူ့စံအိမ်တွင် အမျိုးသမီးများစွာ ထားရှိပြီးနေထိုင်နေသည်ကို ချူးချင်လီက အံ့အားသင့်မိသည်။ သူက ကာမဂုဏ်ကို ဒီလောက်စွဲလမ်းနေတာတောင် ဘာလို့အသက် ၁၆ နှစ်၊၁၇ နှစ်အရွယ်မှာ အဆင့်ရှစ်ထက် မြင့်တဲ့ သိုင်းပညာရှင်ဖြစ် နေရတာလဲ။
ချူးချင်လီ၏ မေးခွန်းကို ကြားလိုက်တော့နှချူးယုချင်၏ မျက်နှာသည် နီရဲသွားပြီး
“ချန်းလေး လေ့ကျင့်တဲ့ သိုင်းပညာက နည်းနည်းထူးခြားတယ်။ ကာမဂုဏ်ကို ရှောင်ကြဉ်စရာ မလိုပါဘူး” ဟု ပြန်ပြောလိုက်သည်။
လုချန်း လေ့ကျင့်သော ထာဝရတန်ခိုးရှင် ကျင့်စဉ်ကို သူမသတိရလိုက်ရသည်။ ထိုကျင့်စဉ်သည် ကာမဂုဏ်ကို ရှောင်ကြဉ်ရန် မလိုအပ်ပဲ အမျိုးသမီးများနှင့် ထိတွေ့မှုများဖြင့် စွမ်းအားပိုမိုအားကောင်းလာနိုင်သည်ကို ချူးယုချင် ခံစားမိလိုက်ပြီး သူမ၏ မျက်နှာလည်း ပူလောင်လာသည်။
သို့သော် လုချန်းသည် မကောင်းသော ကျင့်စဉ်ကို လေ့ကျင့်နေသည်ဟု ချူးချင်လီက မထင်စေရန်အတွက် ထိုအကြောင်းကို သူမ မပြောပြရဲပါ။ ချူးယုချင်၏ စကားကို ကြားလိုက်ရသည်နှင့် ချူးချင်လီ သံသယဝင်လာသည်။ ကာမဂုဏ်ကို ရှောင်ကြဉ်စရာ မလိုသော သိုင်းပညာဆိုတာ ဘယ်လိုမျိုးလဲ။
ဒါက ဟုတ်နိုင်ပါ့မလား။ ယခင်က ထိုသို့သော သိုင်းပညာမျိုးကို သူမ မကြားဖူးပါ။
ဒါဟာ ယင်ယန် ညီမျှခြင်း ကျင့်စဉ်တွေ ဖြစ်နိုင်သလား။ ထပ်မမေးတော့ပဲ ချူးချင်လီသည် မင်းသားစံအိမ်ရှိ အခြေအနေ အထူးသဖြင့် လုချန်းရဲ့ အမျိုးသမီးများ၏ အခြေအနေကို အနီးကပ် စောင့်ကြည့်ရန် ဆုံးဖြတ်လိုက်သည်။
အကယ်၍ နတ်ဆိုးဂိုဏ်းကျင့်စဉ်မျိုး ဖြစ်နေပါက လုချန်း၏ အမျိုးသမီးများတွင် ပေါ်လာမည့် လက္ခဏာများကို ချက်ချင်း သတိထားမိမည်။ ယင်ယန် ညီမျှခြင်း ကျင့်စဉ်များသည် အမျိုးသမီးများ၏ ကျန်းမာရေးကို အလွန်ထိခိုက်စေပြီး လုချန်း၏ မယားများထဲမှ အများစုသည် သာမန်လူများဖြစ်သောကြောင့် ထိုသို့သော နည်းလမ်းများကို ခံနိုင်ရည်မရှိဘဲ မကြာမီ နာမကျန်းဖြစ်လာကြမည်ဖြစ်သည်။
မုကျိရွှမ်းတို့ ထိုနည်းလမ်းများ၏ သက်ရောက်မှုကို ခံနေရပါက ချူးချင်လီသည် နောက်တစ်နေ့တွင် လက္ခဏာများကို သတိထားမိမည်။ ချူးချင်လီက စဉ်းစားလိုက်သည်။ မြောက်ပိုင်းနယ်စားမင်းသားက အမှန်တကယ် ထိုကဲ့သို့ ကျင့်စဉ်မျိုးကို အသုံးပြုနေကြောင်း သူမ အတည်ပြုမိပါက သူမ၏အစ်မကို အမြန်ဆုံး ခေါ်ထုတ်ရမည်ဖြစ်သည်။ သူမ၏ အစ်မ မြောက်ပိုင်းနယ်စားမင်းသားကြောင့် နစ်နာသွားမည်ကို သူမလိုလားပါ။
[သခင်သည် ကျောင်းရှောင်ရှောင်နှင့် လေ့ကျင့်ပြီးနောက် အတွင်းအားမန္တာန်ကျင့်စဉ် အတွေ့အကြုံတန်ဖိုး ၂၀ တိုးလာသည်။ ပြန်လည်သန်စွမ်းစေသောစွမ်းအား အတွေ့အကြုံတန်ဖိုး ၂၀ တိုးလာသည်။ နဂါးဖီးနစ်ယင်ယန်ကျင့်စဉ် အတွေ့အကြုံတန်ဖိုး ၃၀ တိုးလာသည်။]
[သခင်သည် ကျောင်းယိုးယိုးနှင့် လေ့ကျင့်ပြီးနောက် အတွင်းအားမန္တာန်ကျင့်စဉ် အတွေ့အကြုံတန်ဖိုး ၂၀ တိုးလာသည်။ ပြန်လည်သန်စွမ်းစေသောစွမ်းအား အတွေ့အကြုံတန်ဖိုး ၂၀ တိုးလာသည်။ နဂါးဖီးနစ်ယင်ယန်ကျင့်စဉ် အတွေ့အကြုံတန်ဖိုး ၃၀ တိုးလာပြီး နဂါးဖီးနစ်ယင်ယန်ကျင့်စဉ် ဒုတိယအဆင့်သို့ ရောက်ရှိသွားသည်။]
လုချန်းသည် ကျောင်းယိုးယိုးနှင့် ကျောင်းရှောင်ရှောင်ကို ပွေ့ဖက်ထားရင်း သူ့ရှေ့မှာ ပေါ်နေသော စနစ်၏ စာသားများကို ကြည့်နေရင်း အတွေ့အကြုံအမှတ်များ ပိုရဖို့ဆိုရင် ထို “အစေခံ” ကို ရှာဖွေရမည်ဟု တွေးလိုက်မိသည်။
ကျောင်းယိုးယိုးနှင့် ကျောင်းရှောင်ရှောင်တို့သည် သာမန်လူသားများဖြစ်သည့်အတွက် လုချန်းသည် သူတို့နှင့် ကြမ်းကြမ်းတမ်းတမ်း ပြုမူရန် မဝံ့မရဲဖြစ်နေသည်။
သို့သော် ထို “အစေခံ” မှာမူ ကွဲပြားသည်။ သူမသည် ထိပ်သီးပညာရှင် တစ်ဝက်အဆင့် ဖြစ်နေပြီ ဖြစ်သည့်အတွက် လုချန်းသည် သူမနှင့် စိတ်ကြိုက်ပြုမူနိုင်သည်။
လုချန်းသည် စနစ်လှန်လှောကြည့်ရှုပြီး နဂါးဖီးနစ်ယင်ယန်ကျင့်စဉ်ကို လေ့လာလိုက်သည်။
နဂါးဖီးနစ်ယင်ယန်ကျင့်စဉ် ဒုတိယအဆင့်သို့ ရောက်ရှိပြီးနောက် သူသည် သူ၏ဇနီးမယားများထံသို့ အတွင်းအားကို ပိုမိုထည့်သွင်းနိုင်ပြီး သူတို့၏အဆင့်များကို ပိုမိုမြန်ဆန်စွာ တိုးတက်စေနိုင်သည်။ ထို့အပြင် သူ၏ကိုယ်ပိုင်အတွင်းအားကိုလည်း ပိုမိုမြန်ဆန်စွာ တိုးတက်စေနိုင်သည်။
အတွင်းအားမန္တာန်ကျင့်စဉ်နှင့် ပေါင်းစပ်လိုက်ပါက နဂါးဖီးနစ်ယင်ယန်ကျင့်စဉ်၏ အတွေ့အကြုံအမှတ်များကို ပိုများလာနိုင်လိမ့်မည်။ ထိုသို့တွေးမိပြီး စမ်းသပ်ကြည့်ရန် လုချန်းဆုံးဖြတ်လိုက်သည်။
သူသည် ကျောင်းယိုးယိုးနှင့် ကျောင်းရှောင်ရှောင်ကို ကြည့်လိုက်ပြီး သူတို့ ပင်ပန်းနေတာကို မြင်တွေ့ရသဖြင့် သူတို့ကို ထပ်မံအနှောင့်အယှက်မပေးတော့ဘဲ ဖြည်းဖြည်းချင်း ထလိုက်သည်။
ထို့နောက် သူသည် ထို “အစေခံ” ကို ရှာဖွေရန် ပြင်ဆင်လိုက်သည်။ လုချန်း ထလိုက်သည်ကို မြင်တော့ ကျောင်းညီအစ်မတို့က သူ့ကို အဝတ်အစားများ ဝတ်ဆင်ပေးလိုက်ကြသည်။ ထိုအတောအတွင်း ဇီးသီးပန်းများ ဖူးပွင့်နေသော အဆောင်တစ်ဆောင်ထဲတွင်
အဆောင်သည် အလွန်တိတ်ဆိတ်နေပြီး အထဲတွင် အစေခံများ မရှိပေ။ အခန်းအတွင်း၌ လှပသောပုံရိပ်တစ်ခု၏ ခြေထောက်များက ရေဇလုံထဲ ဖြည်းညင်းစွာ ဝင်ရောက်လာသည်။ ရေထဲတွင် ခဏစိမ်ပြီးနောက် ထိုလှပသောပုံရိပ်သည် ရေဇလုံထဲမှ ပြန်ထွက်လာကာ သူမ၏ ထိုင်ခုံပေါ်သို့ ပြန်သွားလိုက်သည်။
သူမ၏ ရှည်လျားသော ခြေထောက်များကို ကြည့်ရင်း သူမကသူမကိုယ်သူမ ပြောလိုက်သည်။
“မင်းသားလေးက ဒီနေ့ လာမှာမဟုတ်ဘူးထင်တယ်”
လုချန်းတွင် ဇနီးသုံးယောက်ရှိပြီး အားလုံးကို တရားဝင် လက်ထပ်ထားသည်။ ဝမ်ချင်းစီက သူ၏ အစေခံတစ်ယောက်သာဖြစ်၏။ မိဖုရားလည်း စံအိမ်သို့ ပြန်ရောက်နေပြီဖြစ်သည့်အတွက် လုချန်း မိဖုရားနှင့် အတူနေမည်ဟုသာ ထင်မှတ်ထားသည်။
သို့သော် ထိုအချိန်တွင် တံခါးဝမှ ရင်းနှီးသောအသံတစ်ခု ကြားလိုက်ရသည်။
“ဒီနေ့ ကိုယ်မလာဘူးလို့ ဘယ်သူပြောတာလဲ။”
အသံပြီးသည်နှင့် လုချန်းသည် တံခါးကို ဖွင့်လိုက်ပြီး လျော့ရဲနေသော အဝတ်အစားများဖြင့် လဲလျောင်းနေသော ဝမ်ချင်းစီကို မြင်တွေ့လိုက်ရသည်။ ထို့နောက် လုချန်းက
“ကိုယ့်ရဲ့ အစေခံဖြစ်နေပြီး ကိုယ့်ကို မင်းသားလေးလို့ ခေါ်ရဲတယ်ဟုတ်လား။ ချင်းစီ မင်း သိပ်ရဲတင်းလာပြီနဲ့တူတယ်” ဟု ပြောလိုက်သည်။
လုချန်း ရောက်လာသည်ကို မြင်တွေ့ရသော်လည်း ဝမ်ချင်းစီက မထပဲ သူမ၏လက်ချောင်းများဖြင့် ပါးစပ်ကို ကာရင်း
“မင်းသားက မင်းသားလေးဟုတ်မဟုတ် ဒီအစေခံလေးက မသိပဲ နေပါ့မလား” ဟု ပြုံးရယ်ကာ ပြောလိုက်သည်။
လုချန်းသည် တံခါးကို ပိတ်လိုက်ပြီး ထို “အစေခံ” နားသို့တန်းသွားလိုက်ကာ သူမ၏ခါးကို ပွေ့ဖက်လိုက်သည်။
“မင်းသားလေး ဟုတ်လား။ ခွဲနေတာ ကြာပြီဆိုတော့ မင်းအတွက် သင်ခန်းစာတစ်ခု လိုနေပြီလို့ ထင်တယ်။”
“မင်းကို စနစ်တကျ ဆုံးမသင့်တယ်။ အဲဒါမှ မိန်းမအစေခံတစ်ယောက်အနေနဲ့ ဘာကိုပြောသင့်တယ် ဘာကိုမပြောသင့်ဘူးဆိုတာ သိမှာပဲ။”
ထိုအချိန်တွင် ဝမ်ချင်းစီသည် ခေါင်းကို လှည့်လိုက်ပြီး မြူစွယ်သော မျက်နှာထားဖြင့် ဆက်လက်ဆွပေးရန် ကြိုးစားနေစဉ် ချက်ချင်းပင် နမ်းရှုံ့ခံရခြင်းကြောင့် နှုတ်ဆိတ်သွားစေခဲ့သည်။
“အမ်…”
ချူးချင်လီသည် ချူးယုချင်နှင့်အတူ အတွင်းဆောင်တစ်ခုလုံးကို လှည့်လည်ပြီးနောက် ချူးယုချင် စီစဉ်ပေးထားသော အခန်းသို့ ပြန်ရန် စီစဉ်ထားသည်။ ထိုအချိန်တွင် သူမသည် ဇီးပွင့်များ ပွင့်နေသော အဆောင်တစ်ခုကို ဖြတ်သန်းမိသွား၏။ ထိုထူးခြားသော ရှုခင်းကို သတိထားမိပြီး ချူးချင်လီလည်း ခဏမျှ ငေးမောရပ်တန့် နေမိသည်။
သို့သော် ထိုအချိန်တွင် အသံအချို့ကို သူမကြားလိုက်ရသည်။ အဆောင်ထဲသို့ မဝင်ရသေးသောကြောင့် ထိုအသံများကို အတိအကျ မကြားသိရပါ။ သိလိုစိတ်ဖြင့် ချူးချင်လီ အဆောင်ထဲသို့ ဝင်သွားပြီး သေချာ နားထောင်လိုက်သည်။
“အစ်ကို… ကျွန်မ မှားပါတယ်…”
“ရှင်က မင်းသားလေး မဟုတ်ဘူး… မင်းသားကြီးပါ…”
“ကျွန်မ သေတော့မယ်…”
ချူးချင်လီ၏ မျက်နှာ ရုတ်တရက် ညိုမှောင်သွားသည်။ သူမသည် အစတွင် ထိုအသံများကို အခြား အသံများဟု ထင်ခဲ့သော်လည်း နောက်ဆုံးတွင် ထိုအသံများသည် မကောင်းသော အပြုအမူများကို ပြုလုပ်နေသော တိရစ္ဆာန်ကောင်၏ အသံများဖြစ်ကြောင်း သိလိုက်ရသည်။
ဒီလူက အလုပ်ကောင်းကောင်း မလုပ်ပဲ တစ်နေ့လုံး မိန်းမတွေနဲ့ ကုန်ဆုံးနေတာလား။
ချူးချင်လီသည် ထိုအသံများ ထွက်ပေါ်လာသော အခန်းကို ရွံရှာစွာ ကြည့်ပြီးထွက်ခွာသွားခဲ့သည်။
ချူးချင်လီ ထွက်လာပြီး မကြာမီပင် မုကျိရွှမ်း အဆောင်ထဲမှ ထွက်လာသည်ကို သူမ တွေ့လိုက်ရသည်။
ချူးချင်လီက
“မိဖုရားကို နှုတ်ဆက်ပါတယ်” ဟု ချက်ချင်း ပြောလိုက်သည်။
မုကျိရွှမ်းက ပြုံး၍ မေးလိုက်သည်။
“ချင်လီ။ ဒေါ်လေးချူးက ရှင့်ကို နေစရာ စီစဉ်ပေးပြီးပြီလား။”
ချူးချင်လီက
“ကျေးဇူးတင်ပါတယ် မိဖုရား။ အကုန်လုံး စီစဉ်ပေးပြီးပါပြီ”
ဟု ပြန်ပြောလိုက်သည်။
ချူးချင်လီက
“မိဖုရား အခုကျွန်မ အဆောင်ထဲ ကင်းလှည့်လိုက်ပါဦးမယ်” ဟု ဆက်ပြောသည်။
“အင်း။ ကောင်းပါပြီ။”
ထို့နောက် ချူးချင်လီသည် မုကျိရွှမ်းဆီမှ သူမ၏ အခန်းသို့ ဆက်လက်လျှောက်သွားခဲ့သည်။
လမ်းလျှောက်ရင်း ချူးချင်လီ စဉ်းစားမိသည်။ မုကျိရွှမ်းသည် ယင်ယန် ညီမျှခြင်း ကျင့်စဉ်ကြောင့် ထိခိုက်မှုမရှိဘဲ ပိုမိုလှပလာတာ ဘာ့ကြောင့်လဲ။ သူမ၏ အသားအရေသည် ပိုမို အရောင်ထွက်လာပြီး ပိုမိုနုပျိုလာသည်ကို ခံစားမိလိုက်သည်။
ဒါ သူမရဲ့ စိတ်ကူးသက်သက်လား။ ယင်ယန် ညီမျှခြင်း ကျင့်စဉ်ကို ခံယူပြီးပါက ပင်ပန်းနွမ်းနယ်ပြီး ပိန်ချုံးနေသင့်သည်။ မုကျိရွှမ်းက ထိုကဲ့သို့ မဟုတ်ပါ။
မြောက်ပိုင်းနယ်စားမင်းသားက ယင်ယန် ညီမျှခြင်း ကျင့်စဉ်ကို အသုံးမပြုဘူးလား။
ယင်ယန် ညီမျှခြင်း ကျင့်စဉ် မရှိပါက မိန်းမတွေနှင့် အမြဲနေတတ်သော မြောက်ပိုင်းနယ်စားမင်းသားလို သိုင်းပညာရှင်တစ်ယောက်သည် သိုင်းပညာ လေ့ကျင့်ဖို့မဆိုထားနှင့် ရက်ပိုင်းအတွင်းပင် အင်အားကုန်ခမ်းသွားမည်ဖြစ်သည်။
ထူးဆန်းတယ်။ သူက ဒါကို ဘယ်လိုလုပ်ခဲ့တာလဲ။
..........