အခန်း ၁၃၆-၁၃၈
Vol. 10 Ch. 136-138
အခန်း (၁၃၆)
အဆင့်မြင့် သိုင်းပညရှင်အဆင့်သို့ ရောက်ရှိခြင်း
မြောက်ပိုင်းနယ်စားမင်းသား၏ ရည်မှန်းချက် (၁)
ဇီးသီးပန်းများ ဖူးပွင့်နေသော အဆောင်ငယ်လေးထဲတွင် အသံများက တဖြည်းဖြည်း ငြိမ်သက်သွားခဲ့သည်။ အခန်းအတွင်း၌ လှပသောပုံရိပ်တစ်ခုသည် ခုတင်ပေါ်တွင် လဲလျောင်း နေပြီး သူမ၏နူးညံ့သောကိုယ်ခန္ဓာက အနည်းငယ် တုန်ယင်နေသည်။
လုချန်းက သူ့ရှေ့မှာ ပေါ်နေသော စနစ်၏ အသိပေးချက်ကို ကြည့်ရင်း သူ၏ခန္ဓာကိုယ်ထဲမှာ လှိုင်းထနေသော အားအင်များကို ခံစားမိပြီး သူ၏နှုတ်ခမ်းထောင့်များ အနည်းငယ် မြင့်တက်လာသည်။
ဟုတ်ပါတယ်။ ငါ့အားအင်ကို မြှင့်တင်ဖို့ဆိုရင် ငါ့ကို စိန်ခေါ်တတ်တဲ့ ဒီ “အစေခံ” ကို ရှာဖွေရမှာပဲ။
“[သခင်နှင့် ဝမ်ချင်းစီတို့သည် လေ့ကျင့်ပြီးနောက် အတွင်းအားမန္တာန်ကျင့်စဉ် အတွေ့အကြုံတန်ဖိုး ၂၀ တိုးလာသည်။ ပြန်လည်သန်စွမ်းစေသောစွမ်းအား အတွေ့အကြုံတန်ဖိုး ၂၀ တိုးလာသည်။ နဂါးဖီးနစ်ယင်ယန်ကျင့်စဉ် အတွေ့အကြုံတန်ဖိုး ၃၀ တိုးလာသည်။ စိတ်ခံစားမှု မှတ်တိုင်တစ်ခု ရရှိပြီး ကျင့်စဉ်အားလုံး၏ အတွေ့အကြုံတန်ဖိုး ၂၀၀ အပိုတိုးလာသည်။ အတွင်းအားမန္တာန်ကျင့်စဉ် တတိယအဆင့်သို့ ရောက်ရှိပြီး အဆင့်မြင့် ပညာရှင်အဆင့်သို့ ရောက်ရှိသွားသည်ကို ဂုဏ်ပြုအပ်ပါသည်။]
ထိပ်သီးပညာရှင်အဆင့်ကတော့ ကွဲပြားသည်။ အဆင့်မြင့် ပညာရှင်အဆင့်သည် ထိပ်သီးပညာရှင်အဆင့်ပြီးလျှင် ဒုတိယမြောက် အစွမ်းထက်ဆုံး အဆင့်ဖြစ်သည်။ လုချန်းသည် ယခုအခါ ထိပ်သီးပညာရှင်တစ်ဦးနှင့် အနီးစပ်ဆုံး စွမ်းရည်များကို ပိုင်ဆိုင်ထားပြီဖြစ်သည်။
ထိုအချိန်တွင် လုချန်းသည် ကုန်ခန်းမသွားနိုင်သော အားအင်များကို ပိုင်ဆိုင်ထားသည်ဟု ခံစားရပြီး သူ၏အာရုံခံစွမ်းအားများလည်း သိသိသာသာ မြင့်တက်လာသည်ကို သတိထားမိလိုက်သည်။ အထူးသဖြင့် သူ၏မြင်နိုင်စွမ်းနှင့် အကြားအာရုံတို့ဖြစ်သည်။
သူက ပြတင်းပေါက်ဖက်သို့ လှမ်းကြည့်လိုက်သောအခါ ပြတင်းပေါက်ကြားမှ တဆင့် အပြင်ဘက်ရှိ အရာဝတ္ထုများကို မြင်နိုင်သည်။ ထို့အပြင် အပြင်ဘက်ရှိ အစေခံများ ညစာဘာစားရမည်ကို ဆွေးနွေးနေသည်ကိုပင် ကြားနိုင်သည်။
သူ၏အာရုံခံစွမ်းအားသာမက လုချန်းသည် သူ၏အရေပြားမှ အငွေ့အသက်တစ်မျိုးထွက်နေသည်ကိုလည်း ခံစားမိသည်။ လုချန်းသည် သူ၏လက်ဖဝါးကို ငုံ့ကြည့်လိုက်ပြီး အငွေ့အသက် အနည်းငယ် စုစည်းလာသည်ကို မြင်တွေ့ရသည်။
ထိုအရာသည် ထိပ်သီးပညာရှင်များ၏ ကာကွယ်မှု အတွင်းအား ဖြစ်မည်ဟု လုချန်းတွေးမိလိုက်သည်။ ထို့နောက် လုချန်းသည် သူ၏ခန္ဓာကိုယ်အတွင်းရှိ အတွင်းအားများကို စုစည်းကာ သူ့တစ်ကိုယ်လုံးတွင် ကာကွယ်မှု အတွင်းအားများ ဖန်တီးရန် ကြိုးစားလိုက်သည်။
ခဏအကြာတွင် လုချန်း၏ခန္ဓာကိုယ်မှ အဖြူရောင် အငွေ့များ စတင်ထွက်ပေါ်လာပြီး ထိုအငွေ့အသက်များသည် သူ့ခန္ဓာကိုယ်ပတ်လည်တွင် ပါးလွှာသော အကာအကွယ်တစ်ခု ဖန်တီးလိုက်သည်။ ထိုအချိန်တွင် ကုတင်ပေါ်တွင် မှိန်းနေသော ဝမ်ချင်းစီလည်း ထိုမြင်ကွင်းကို မြင်လိုက်ရပြီး ရုတ်တရက် သတိထားမိသွားသည်။
သူမသည် ထိပ်သီးပညာရှင်တစ်ဦး မဟုတ်သော်လည်း လုချန်း ထုတ်လွှတ်နေသော အငွေ့အသက်သည် ထိပ်သီးပညာရှင်တစ်ဦး၏ ကာကွယ်မှု အတွင်းအား ဖြစ်ကြောင်းတစ်ချက်ကြည့်လိုက်တာနှင့် သိလိုက်ရသည်။ လုချန်း၏ ကာကွယ်မှု အတွင်းအား သည် သာမန်ထိပ်သီးပညာရှင်များ၏
ကာကွယ်မှု အတွင်းအားနှင့် မတူပဲ ပိုမိုထူးခြားနေသည်။
လုချန်း၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာသော အငွေ့အသက်သည် သာမန်ထိပ်သီးပညာရှင်များထက် ပိုမိုပြင်းထန်ပြီး ဝမ်ချင်းစီကို ခဏမျှ အံ့အားသင့်သွားစေခဲ့သည်။ မင်းသားလေးက တကယ်ပဲ ထိပ်သီးပညာရှင်တစ်ဦးဖြစ်နေပြီလား။ အသက် ၁၆ နှစ်၊ ၁၇ နှစ်အရွယ်မှာ ထိပ်သီးပညာရှင်တစ်ယောက် ဖြစ်နေပြီလား။
လုချန်း၏ စွမ်းအားမသေးကြောင်း သူမ သိထားသော်လည်း သူ၏ တကယ့် အဆင့်ကို မသိခဲ့ပါ။ လုချန်းသည် ထိပ်သီးပညာရှင်တစ်ဦး ဖြစ်နိုင်ကြောင်း သူမ မှန်းဆခဲ့သော်လည်း ယခုအခါမှသာ အတည်ပြုနိုင်ခဲ့သည်။
ယခု လုချန်း ထုတ်လွှတ်သော ကာကွယ်မှု အတွင်းအားကို မြင်လိုက်ရတော့မှ သူသည် ထိပ်သီးပညာရှင်တစ်ဦး သို့မဟုတ် ထိပ်သီးပညာရှင် အဆင့်နှင့် နီးစပ်နေသည် သိရှိလိုက်ရသည်။ မင်းသားစံအိမ်ရှိ အစေခံများအကြား ပြောဆိုနေကြသော ကောလဟာလများသည် အားလုံးက အမှန်ဖြစ်နိုင်လား။
မင်းသားလေးက တကယ်ပဲ ထာဝရတန်ခိုးရှင်ရဲ့ တပည့်တစ်ဦးလား။ ထာဝရတန်ခိုးရှင်၏ ကံကြမ္မာကို ပိုင်ဆိုင်ထားသူလား။
ဝမ်ချင်းစီ စဉ်းစားနေစဉ်ပင် လုချန်းက သူ၏ ကာကွယ်မှု အတွင်းအား ကို ပြန်လည်ရုပ်သိမ်းလိုက်သည်။ သူသည် အသက်ကို ပြင်းပြင်းရှူလိုက်ပြီး ကုတင်ပေါ်မှ သူ့ကို စိုက်ကြည့်နေသော ဝမ်ချင်းစီဘက်သို့ လှည့်လိုက်သည်။
ထိုအချိန်တွင် လုချန်းသည် အင်္ကျီမပါပဲ ရှိနေဆဲဖြစ်သည်။ သူကပြုံး၍ မေးလိုက်သည်။
“အစေခံကောင်မလေး ပြန်အားပြည့်လာပြီလား”
ဝမ်ချင်းစီ သတိဝင်လာပြီး မကျေမနပ်ဖြစ် နေသော မျက်နှာဖြင့် ပြောလိုက်သည်။
“မင်းသား ဒီလောက်ကြမ်းတာ မဆန်းပါဘူး မင်းသားက ထိပ်သီးပညာရှင်တစ်ယောက်ဖြစ်နေတာကိုး။ တကယ်လို့ ဒီအစေခံသာ သိခဲ့မည်ဆိုလျှင် အစောကြီးကတည်းက အညံ့ခံခဲ့မှာပေါ့”
လုချန်းသည် ပြုံးလျက်
“ကိုယ့်ကို စိန်ခေါ်ရဲတဲ့သူကို ကိုယ်ထိပ်သီးပညာရှင်မဟုတ်ရင်တောင် စိန်ခေါ်တဲ့အကျိုးဆက်ကို သိအောင်လုပ်မှာပဲ” ဟု ပြောလိုက်သည်။
ဝမ်ချင်းစီက ဆက်ပြောသည်။
“မင်းသား။ ရန်ခရိုင်ကို ပြန်ရောက်ရင် ကျွန်မကို အလုပ်တစ်ခုခု စီစဉ်ပေးမယ်လို့ ပြောခဲ့တယ်မလား။ မင်းသားက ကျွန်မအတွက် ဘာအလုပ်စီစဉ်ထားလဲဆိုတာ သိချင်ပါတယ်”
လုချန်းသည် သူမ၏ တင်ပါးကို ပုတ်လိုက်ပြီး
“ဘယ်လို အလုပ်မျိုး လုပ်ချင်လဲ”
ဟု မေးလိုက်သည်။
ဝမ်ချင်းစီက
“ကျွန်မက အရင်တုန်းက လူသတ်သမားပါ။ လူသတ်တတ်တာပဲ သိတယ်။အခြားဘာမှ မတတ်ပါဘူး”
ဟု ပြန်ဖြေသည်။
လုချန်းက ပြောလိုက်သည်။
“ဒါဆို ဒီလိုလုပ်ကြစို့။ ကိုယ်က မိုးေရစက်ရဲတိုက်လို့ နာမည်ပေးထားတဲ့ ထောက်လှမ်းရေး အဖွဲ့တစ်ခု ထောင်ဖို့ စီစဉ်နေတယ်။ မင်းက အဲဒီရဲတိုက်ရဲ့ ရဲတိုက်မှူးလုပ်ရမယ်”
ထိုစကားကို ကြားလိုက်တော့ ဝမ်ချင်းစီက “ထောက်လှမ်းရေးအဖွဲ့လား။ မင်းသားမှာ အထူးကိုယ်ရံတော်ဆိုတဲ့ အဖွဲ့ရှိပြီးသားမဟုတ်လား”
ဟု သံသယစိတ်ဖြင့် မေးလိုက်သည်။
ဝမ်ချင်းစီသည် အထူးကိုယ်ရံတော်တပ်ဖွဲ့ အကြောင်းကို သိပ်မသိသော်လည်း မင်းသားစံအိမ်ကို မကြာခဏ လာရောက်လည်ပတ်နေခဲ့သည့်အတွက် ဤနေရာတွင် အလွန်အားကောင်းသော ထောက်လှမ်းရေးအဖွဲ့တစ်ခုရှိကြောင်း သိထားပြီးဖြစ်သည်။
လွင်ပြင်ဒေသ မျိုးနွယ်စုများ၏ လှုပ်ရှားမှုများကိုပင် အလိုရှိသလို ကြိုတင်ခန့်မှန်းနိုင်သည်မှာ ထိုအဖွဲ့၏ စွမ်းအားကို ဖော်ပြနေသည်။ ထိုကဲ့သို့သော အားကောင်းသည့် ထောက်လှမ်းရေးအဖွဲ့တစ်ခု ရှိပြီးသားဖြစ်လျှင် အဘယ်ကြောင့် နောက်ထပ်တစ်ခု ထပ်မံဖွဲ့စည်းရန် လိုအပ်သနည်း။ ဝမ်ချင်းစီသည် အနည်းငယ် ရှုပ်သွားသည်။
လုချန်းက ပြောလိုက်သည်။
“ဟုတ်တယ်။ ကိုယ့်မှာ ထောက်လှမ်းရေးအဖွဲ့တစ်ခု ရှိပြီးသားပါ။ ဒါပေမယ့် ဒီအဖွဲ့ဟာ မကြာခင်မှာ တရားဝင်ဖြစ်လာလိမ့်မယ်။ မကြာခင်မှာပဲ လူတိုင်းက ကိုယ့်မှာ အထူးကိုယ်ရံတော် အဖွဲ့ရှိတယ်ဆိုတာ သိသွားကြမယ်။ ဒါကြောင့် ကိုယ့်အတွက်ကိုယ်ပိုင်ထောက်လှမ်းရေးအဖွဲ့တစ်ခု လိုအပ်တယ်။”
အချိန်ကြာလာသည်နှင့်အမျှ အထူးကိုယ်ရံတော်တပ် လူသိရှင်ကြား ပေါ်လာမည်မှာ မလွဲဧကန်ဖြစ်သည်။ လူတွေက သူတို့၏ ထောက်လှမ်းရေး လုပ်ငန်းများကို မသိရှိနိုင်သော်လည်း အဖွဲ့အကြောင်းကိုတော့ သိလာကြမည်ဖြစ်သည်။
သို့သော် လုချန်းသည် အထူးကိုယ်ရံတော်အဖွဲ့ ပေါ်လာမည်ဆိုသည့်အတွက်ကြောင့် နောက်ထပ်ထောက်လှမ်းရေးအဖွဲ့တစ်ခု ဖွဲ့စည်းရန် စီစဉ်နေခြင်းတော့ မဟုတ်ပါ။ သူ့တွင် ပိုမိုနက်ရှိုင်းသော ရည်ရွယ်ချက်များ ရှိနေသည်။
လုချန်းက ဆက်ပြောလိုက်သည်။
“အနာဂတ်မှာ မိုးရေစက် ရဲတိုက်ဟာ ကုန်သည်တွေ အနေနှင့် နိုင်ငံအသီးသီးမှာ လှုပ်ရှားရင်း ထောက်လှမ်းရေးအချက်အလက်တွေ စုဆောင်းရမယ်။”
လုချန်း၏ ရည်ရွယ်ချက်ကို နားလည်သွားသောအခါ ဝမ်ချင်းစီက
“ကောင်းပါပြီ။ ဒါဆို ကျွန်မ မိုးရေစက်ရဲတိုက်ရဲ့ ပထမဆုံး ရဲတိုက်မှူးအဖြစ် တာဝန်ယူပါမယ်” ဟု ပြောလိုက်သည်။
ထိုအချိန်တွင် လုချန်းသည် ခေါင်းကို လှည့်ပြီး ဝမ်ချင်းစီ၏ စွဲမက်ဖွယ် ကောင်းသော ပုံစံကို ကြည့်ရင်း ရယ်မောလိုက်ကာ
“ မင်းကို ကိုယ်ကဒီလောက်ကြီးမားတဲ့ လက်ဆောင်တစ်ခု ပေးထားတာကို ကျေးဇူးတင်စကား ပြောသင့်တယ်မဟုတ်လား။”
.........
အခန်း (၁၃၇)
အဆင့်မြင့် သိုင်းပညရှင်အဆင့်သို့ ရောက်ရှိခြင်း
မြောက်ပိုင်းနယ်စားမင်းသား၏ ရည်မှန်းချက် (၂)
ဝမ်ချင်းစီ၏ မျက်လုံးများထဲတွင် စိတ်ခံစားမှုများနှင့် ပြည့်နှက်နေပြီး သူမက “မင်းသား။ ခုနက ကျေးဇူးတင်ပြီးပြီ မဟုတ်လား” ဟု ပြောလိုက်သည်။
လုချန်းက ကိုယ်ကိုကိုင်းညွတ်လိုက်ပြီး အပေါ်မှ သူမကိုကြည့်ကာပြုံးရယ်ရင်း ပြောလိုက်သည်။
“ဒါနဲ့တော့ မလုံလောက်သေးဘူး”
လုချန်းသည် ယခုအခါ ထိပ်သီးပညာရှင်အဆင့်တန်းထဲသို့ ရောက်ရှိလာပြီဖြစ်ပြီး သူ၏ခန္ဓာကိုယ်တွင် အားအင်များ ပိုလျှံနေသည်။ လုချန်း၏ မျက်လုံးထဲတွင် တပ်မက်မှုများ ပြည့်နေသည်ကို မြင်တွေ့ရသော ဝမ်ချင်းစီသည် သူမ၏နူးညံ့သောလက်ဖြင့် သူ၏ကျယ်ပြန့်သောရင်ဘတ်ကို တားလိုက်ပြီး
“မင်းသား။ ကျွန်မရဲ့ အကန့်အသတ်ကိုရောက်နေပါပြီ။ ကျေးဇူးပြုပြီး မင်းသားရဲ့ အခြားဇနီးတွေဆီကို သွားပါလား” ဟု ပြောလိုက်သည်။
ဝမ်ချင်းစီ လုချန်းကို အလွန်ကြောက်ရွံ့နေသည်။ လုချန်းသည် သူမ၏ဒဏ်ရာများကို ချက်ချင်းပျောက်ကင်းစေနိုင်သော အထူးကုသမှုတစ်ခုကို သိထားသည့်တိုင် သူမ၏ခန္ဓာကိုယ်ကို သူမမပိုင်တော့သလို ဖြစ်နေသည့် ခံစားချက်ကို မကြာခဏ မခံစားလိုပေ။
မကြာမီ ပျော်ရွှင်သာယာမှုကိုသာ လိုက်စားသော မိန်းမတစ်ယောက်အဖြစ် လုံးဝ ပြောင်းလဲသွားမည်ကို သူမ စိုးရိမ်နေသည်။ လုချန်းက ဝမ်ချင်းစီ၏စကားကို နားမထောင်ပဲ သူမ၏လက်ကို ဖယ်ရှားလိုက်ပြီး သူမ၏ခေါင်းပေါ်သို့ ထားလိုက်ကာ
“ကိုယ်က အလွန်အမင်း လက်စားချေတတ်တယ်။ မင်းက ခုနက ကိုယ့်ကို မင်းသားလေးလို့ ခေါ်ခဲ့တယ်။ အခုနက ဒဏ်ခတ်မှုလေးက လုံလောက်မှာမဟုတ်ဘူး။ အစေခံဖြစ်နေပြီဆိုရင် ကိုယ့်သခင်ကို မထိပါးရဘူးဆိုတာ နားလည်ဖို့လိုတယ်” ဟု ပြောလိုက်သည်။
ဝမ်ချင်းစီ၏မျက်နှာသည် ရှက်ရွံ့သော အမူအယာများဖြင့် ပြည့်သွားပြီး လုချန်း၏မျက်လုံးကို ကြည့်ကာ
“မင်းသား… ကျွန်မ… …”
ထိုညတွင် လုချန်းသည် မုကျိရွှမ်း၏အခန်းသို့ ပြန်လာပြီး သူမ၏ပွေ့ဖက်မှုအောက်တွင် ညကို ကုန်ဆုံးစေခဲ့သည်။ သူသည် ထိုနေ့တစ်နေ့လုံး သူ၏ဇနီးများနှင့် အတူနေခဲ့သည်။
နောက်တစ်နေ့မနက်။ လုချန်း အစောကြီးထလာ၏။ မုကျိရွှမ်းက သူ့ကို အဝတ်အစားများကို ဝတ်ပေးပြီးနောက် အစေခံတစ်ယောက် သူ့ဆီသို့ ချဉ်းကပ်လာသည်။
“မင်းသား။ လူတစ်ယောက်က မင်းသားကို ရှာနေပါတယ်။”
ထိုအခါ လုချန်းက
“သူ့ကို စာကြည့်ခန်းမှာ စောင့်ခိုင်းထားပါ” ဟု ချက်ချင်းပြောလိုက်သည်။
“ဟုတ်ကဲ့ မင်းသား။”
ထို့နောက် အစေခံ ထွက်ခွာသွားသည်။အစေခံ ထွက်ခွာသွားပြီးနောက် မုကျိရွှမ်းက နူးညံ့စွာပြောလိုက်သည်။
“မင်းသား။ မနက်စာ ပြင်ဆင်ထားပြီးပါပြီ။ မကြာခင် ယူလာပေးပါမယ်။ မင်းသား မသွားခင် စားသွားပါလား။”
လုချန်းက သူ၏လက်ကို မြှောက်ကာ မုကျိရွှမ်း၏ ပါးကို နူးညံ့စွာ ပွတ်သပ်ပြီး သူမကို ဖက်နမ်းလိုက်သည်။ မုကျိရွှမ်း၏ မျက်နှာချက်ချင်း နီရဲလာသည်။ သူမနားမလည်နိုင်သည်မှာ လုချန်းသည် အဲဒီအရာကို မလုပ်သည့်အခါများတွင်ပင် သူမကို နမ်းရတာကို အဘယ်ကြောင့် အမြဲနှစ်သက်နေရသည် ဆိုသည်ကိုပင်။
မုကျိရွှမ်း၏ အမြင်တွင် နမ်းခြင်းဆိုသည်မှာ ယောက်ျားနှင့် မိန်းမတို့ကြား အိမ်ထောင်ရေးကိစ္စများတွင်သာ လုပ်လေ့ရှိသော အရာဖြစ်သည်။ သို့သော် လုချန်းကမူ ထိုသို့မဟုတ်။ သူကတော့ ထိုအရာကို သာမန်လုပ်ရပ်တစ်ခုလို မှတ်ယူထားပုံရသည်။
သို့သော် မုကျိရွှမ်း ဒါကို လုံးဝစိတ်မကွက်ပါ။ အဘယ်ကြောင့်ဆိုသော် ထိုသို့ပြုလုပ်ခြင်းသည် လုချန်း၏ ချစ်ခြင်းမေတ္တာကို ဖော်ပြသော နည်းလမ်းတစ်ခုသာဖြစ်၏။ သူမကို နမ်းခြင်းဖြင့် သူ၏ ချစ်ခြင်းကို ပြသခြင်းဖြစ်သည်။
“ မနက်စာ မစားတော့ဘူး နှမတော်။ အထူးကိုယ်ရံတော်တွေမှာ ဘာကိစ္စရှိနေလဲ သိဖို့ သွားရမယ်။ အရေးကြီးတာပဲ ဖြစ်မယ်။”
မုကျိရွှမ်းက
“နားလည်ပါတယ်၊ ဒါဆို ကျွန်မ အစေခံတွေကို မင်းသားရဲ့ စာကြည့်ခန်းထဲ မနက်စာ ပို့ခိုင်းလိုက်ပါရမလား။”
လုချန်းက
“အင်း။ကောင်းပါပြီ”
ဟု ပြောလိုက်သည်။
စကားပြောပြီးသည်နှင့် လုချန်းက မုကျိရွှမ်းကို လွှတ်လိုက်ကာ အခန်းမှ ထွက်ခွာသွားသည်။ လုချန်း စာကြည့်ခန်းထဲသို့ ဝင်လာသည်နှင့် သူသည် ချင်ယူရှန်သာမက မုချန်တိန်ပါ ရှိနေသည်ကို တွေ့လိုက်ရသည်။
လုချန်း ဝင်လာသည်ကို မြင်သောအခါ သူတို့နှစ်ဦးစလုံးက “မင်းသားကို ဂါရဝပြုပါတယ်”
ဟု ချက်ချင်း ဦးညွှတ်လိုက်ကြသည်။
လုချန်းက ခေါင်းညိတ်ကာ
“ဘာကိစ္စပါလဲ” ဟု မေးလိုက်သည်။
ချင်ယူရှန်က ဖြေလိုက်သည်။
“မင်းသား။လွင်ပြင်ဒေသ မျိုးနွယ်စု ဗိုလ်ချုပ် ရှောင်ပင်တိန် နိုးလာပါပြီ။”
ထိုစကားကို ကြားလိုက်ရသည်နှင့် လုချန်း၏ မျက်လုံးသူငယ်အိမ်များ အနည်းငယ် ကျဉ်းသွားသည်။ ရှောင်ပင်တိန်သည် လုချန်းအတွက် အလွန်အသုံးဝင်သေးသဖြင့် သူ့ကို သတ်ဖို့ စိတ်ကူးမရှိပါ။
ထိုအချိန်တွင် မုချန်တိန်က ပြောလိုက်သည်၊ “မင်းသား။ ကျွန်တော် သိသလောက်ဆိုရင် ဒီရှောင်ပင်တိန်ဟာ ကောင်းကင်ဝံပုလွေဘုရင်ရဲ့ လွင်ပြင်ဒေသ မျိုးနွယ်စုထဲမှာ အလွန် အဆင့်မြင့်တဲ့ ရာထူးရှိပါတယ်။ သူ့ရဲ့ စွမ်းအားနဲ့ ရာထူးဟာ ကောင်းကင်ဝံပုလွေဘုရင်ပြီးရင် ဒုတိယနေရာမှာပါ။ အကယ်၍
ဖမ်းမိထားတဲ့ လွင်ပြင်ဒေသ မျိုးနွယ်စုတွေသူ အသက်ရှင်နေတယ်ဆိုတာ သိသွားရင်ဒုက္ခများလာနိုင်ပါတယ်။ ကျွန်တော်ကတော့ သူ့ကို သတ်လိုက်တာက အကောင်းဆုံးလို့ ထင်ပါတယ်။”
မုချန်တိန်၏ အတွေးအခေါ် မမှားပါ။ ရှောင်ပင်တိန်သည် ရှောင်ဟွန်ဗိုပြီးလျှင် အဆင့်အမြင့်ဆုံး ဗိုလ်ချုပ်ဖြစ်ပြီး ရှောင်ဟွန်ပိုနှင့် ရှောင်ပင်တိန်တို့ကြားတွင် တင်းမာမှုများ အမြဲရှိနေသော်လည်း အပြင်ပန်းမှာတော့ သူတို့နှစ်ဦးသည် သဟဇာတဖြစ်နေပုံရသည်။
လွင်ပြင်ဒေသ မျိုးနွယ်စု စစ်သည်တော်တို့အကြားတွင် ရှောင်ပင်တိန်သည် အတော်အတန် နာမည်ရှိသည်။ အကယ်၍ သူ လွတ်မြောက်သွားပြီး သူတို့ မျိုးနွယ်စု နန်းတွင်းသို့ ပြန်ရောက်သွားပါက သူသည် နောက်ထပ် ကောင်းကင်ဝံပုလွေဘုရင် ဖြစ်လာနိုင်ချေ အလွန်မြင့်မားသည်။
ထို့အပြင် ဤအရာသည် ဖမ်းမိထားသော လွင်ပြင်ဒေသ မျိုးနွယ်စုများ အကြားတွင် အခြားသော လှုံ့ဆော်မှုများ ပေးနိုင်သည်။ အကယ်၍ ဖမ်းမိထားသော အကျဉ်းသားများ စည်းလုံးသွားပါက မြောက်ပိုင်းမြို့တော်မှ ထွက်ပြေးရန် ကြိုးပမ်းမှုများနှင့် ပုန်ကန်မှုများ အများအပြား ဖြစ်ပေါ်လာနိုင်သည်။
အကောင်းဆုံး ဖြေရှင်းနည်းကတော့ ရှောင်ပင်တိန်ကို ချက်ချင်းသတ်ပစ်လိုက်ပြီး ကောင်းကင်ဝံပုလွေဘုရင်၏ မျိုးနွယ်စုရဲ့ ကျောရိုးကို ဖျက်ဆီးလိုက်ကာ သူတို့ ပြန်လည် မစုစည်းမိနိုင် တားဆီးလိုက်ခြင်းသာ ဖြစ်သည်။
သို့သော် လုချန်းက မုချန်တိန်၏ အကြံဉာဏ်ကို ချက်ချင်းလိုက်နာခြင်း မပြုပဲ ချင်ယူရှန်ဘက်သို့ လှည့်ကာ
“တပ်မှူးချင်။ သူ့ကို သတ်ပစ်တာက ပိုကောင်းမလား ဒါမှမဟုတ် အသက်ရှင်ခွင့်ပေးတာက ပိုကောင်းမလား”
ဟု မေးလိုက်သည်။
ချင်ယူရှန်က
“မင်းသား။ ကျွန်တော် သိသလောက်ဆိုရင် လွင်ပြင်ဒေသ မျိုးနွယ်စု နန်းတွင်းမှာ အမြင့်ဆုံးရာထူးကို ကောင်းကင်ဝံပုလွေဘုရင် မပိုင်ဆိုင်ပါဘူး။ ရှောင်ပင်တိန်ကလည်း မပိုင်ဆိုင်ပါဘူး။ ကောင်းကင်ဝံပုလွေဘုရင်ရဲ့ မိဖုရားကသာ ပိုင်ဆိုင်ပါတယ်။”
“အကယ်၍ ကျွန်တော်တို့ဟာ ကောင်းကင်ဝံပုလွေဘုရင်ရဲ့ မိဖုရားကို မဖမ်းမိရင် ရှောင်ပင်တိန်ကို သတ်ပစ်လိုက်တာဟာ ကောင်းကင်ဝံပုလွေဘုရင်မျိုးနွယ်စုပြန်လည်ထူထောင်ခြင်းကို မတားဆီးနိုင်ပါဘူး။”
“ကျွန်တော်ရဲ့ အတွေးအခေါ်ကတော့ ဗိုလ်ချုပ်မုနဲ့ မတူပါဘူး။ ကျွန်တော်ကတော့ ရှောင်ပင်တိန်ကို အသက်ရှင်ခွင့်ပေးထားပြီး ကောင်းကင်ဝံပုလွေဘုရင်၏ မျိုးနွယ်စုကို ထပ်ပြိီး သွေးခွဲထားနိုင်တယ်လို့ ယုံကြည်ပါတယ်။ ကျွန်တော်တို့အနေနဲ့ ရှောင်ပင်တိန်ကို နောက်ထပ် ကောင်းကင်ဝံပုလွေဘုရင်အဖြစ် အသိအမှတ်ပြုပေးတာက အကောင်းဆုံးဖြစ်မယ်လို့ ထင်ပါတယ်။”
ချင်ယူရှန်၏ စကားကို ကြားပြီးနောက် လုချန်း အတွေးနက်သွားသည်။ နှစ်ဦးစလုံး၏ အချက်များသည် မှန်ကန်သည်။ သူတို့သည် ထိုကိစ္စကို မတူညီသော ရှုထောင့်များမှ သုံးသပ်နေခြင်းသာ ဖြစ်သည်။
အကယ်၍ သူတို့သည် ရှောင်ပင်တိန်ကို အသက်ရှင်ခွင့်ပေးပြီး သူ့ကို ကောင်းကင်ဝံပုလွေဘုရင်အဖြစ် ကြေညာလိုက်ပါက ကောင်းကင်ဝံပုလွေဘုရင်၏ မျိုးနွယ်စုက သူ့ကို အသိအမှတ်ပြုမည် မဟုတ်ပေ။
ရှောင်ပင်တိန်ကို ကောင်းကင်ဝံပုလွေဘုရင်မျိုးနွယ်စု၏ သစ္စာဖောက်သူအဖြစ် မှတ်ယူကြမည်ဖြစ်ပြီး ရှောင်ပင်တိန်ကို ထောက်ခံသူများနှင့် မိဖုရားကို ထောက်ခံသူများအကြား မျိုးနွယ်စုများတွင် ကွဲလွဲမှုများ ဖြစ်ပေါ်လာစေမည်။
ကောင်းကင်ဝံပုလွေဘုရင်မျိုးနွယ်စုအတွင်း ထပ်မံခွဲထွက်မှုများ ဖြစ်ပေါ်လာနိုင်သည့် အလားအလာများ ရှိနေသည်။
သို့သော်…ကောင်းကင်ဝံပုလွေဘုရင်၏ မျိုးနွယ်စုအတွင်း သွေးကွဲခြင်း ရှိမရှိဆိုသည်မှာ လုချန်းအတွက် အရေးမကြီးလှပါ။ သူ၏ရည်မှန်းချက်က ကောင်းကင်ဝံပုလွေဘုရင်မျိုးနွယ်စုကို ရရှိခြင်းထက် ပို၏။ ထိုအချိန်တွင် လုချန်း၏ အကြည့်များသည် သူ၏ စာကြည့်ခန်းရှိ မြေပုံပေါ်သို့ ကျရောက်သွားသည်။
ထို့နောက် သူက
“ဗိုလ်ချုပ်မု။ နန်းတွင်းက ကျွန်တော့်ကို ပေးတဲ့ ဆုလာဘ်တွေထဲက နယ်မြေချဲ့ထွင်ခွင့်အမိန့်ဆိုတာ သိပါသလား” ဟု ပြောလိုက်သည်။
ထိုစကားကို ကြားလိုက်ရသည်နှင့် မုချန်တိန်ငြိမ်သက်သွားသည်။ လုချန်းက သူ့ကို “ယောက္ခထီးတော်” ဟု မခေါ်ခြင်းကြောင့် မဟုတ်ပါ။ သူတို့သည် အလုပ်ကိစ္စများကို ဆွေးနွေးနေခြင်းကြောင့် ဖြစ်သည်။ သူငြိမ်သက်သွားသည်မှာ နယ်မြေချဲ့ထွင်ခွင့်အမိန့်ဆိုသည့် စကားလုံးကြောင့် ဖြစ်သည်။
နန်းတွင်းမှ မြောက်ပိုင်းမြို့တော်အတွက် အမိန့်ပြန်တမ်း ပို့လိုက်ပြီ ဖြစ်သော်လည်း လုချန်းအား နန်းတွင်းမှ ပေးအပ်သော လက်ဆောင်များအကြောင်း မုချန်တိန် မသိရှိပါ။ လုချန်းသည်လည်း အထူးကိုယ်ရံတော်တို့၏ စာပို့ခိုများကြောင့် ကြိုတင်သိရှိထားခြင်း ဖြစ်သည်။
နေပြည်တော်ရှိ မည်သည့်လှုပ်ရှားမှုကိုမဆို ရက်အနည်းငယ်အတွင်း လုချန်းသိရှိနိုင်၏။ ထို့ကြောင့် နေပြည်တော်မှ သူ့အား ပေးအပ်သော ပစ္စည်းများထဲတွင် နယ်မြေချဲ့ထွင်ခွင့်အမိန့်ပါဝင်သည်ကို သူသိရှိထားသည်။
စိတ်ငြိမ်သက်မှုကို ပြန်လည်ရရှိပြီးနောက် လုချန်းတွင် အကြံဉာဏ်တစ်ခု ရှိနေပုံရသည်ဟု မုချန်တိန်က ထင်လိုက်သည်။ သူက
“မင်းသား။ မြောက်ပိုင်းဒေသရဲ့ နယ်မြေတစ်ခုလုံးကို မြောက်ပိုင်းမြို့တော်ထဲ သွတ်သွင်းဖို့ ရည်ရွယ်နေတာလား” ဟု ချက်ချင်းမေးလိုက်သည်။
နန်းတွင်းက လုချန်းအား နယ်မြေချဲ့ထွင်ခွင့်အမိန့်ကို ပေးအပ်လိုက်သည်ကို မုချန်တိန်အံ့အားသင့်နေသော်လည်း လုချန်း၏ ရည်ရွယ်ချက်ကို သိရသည့်အခါ ပို၍ပင် အံ့အားသင့်သွားသည်။
မြောက်ပိုင်းဒေသ၏ ကျယ်ပြန့်မှုသည် မှန်းဆ၍မရနိုင်အောင် ကြီးမားသည်။ အကယ်၍ လုချန်းသည် ထိုဒေသကိုသိမ်းပိုက်ရန် ရည်ရွယ်ထားပါက ထိုနယ်မြေများအားလုံးကို ကာကွယ်ရန် စစ်သည်မည်မျှလိုအပ်မည်ကို မုချန်တိန်မှာ မြင်ယောင်ကြည့်၍ပင် မရပေ။
လုချန်းက ပြုံးရယ်ကာ သူ၏ စားပွဲဘေးသို့ သွားပြီး အထူးကိုယ်ရံတော်တို့က ရေးဆွဲထားသော မြေပုံကို ဖြန့်လိုက်သည်။
မြေပုံကို ကြည့်ရင်း သူက
“မြောက်ပိုင်းဒေသဟာ ရှနိုင်ငံတော်တစ်ခုလုံးထက် ပိုကြီးပါတယ်။ မြောက်ပိုင်းမြို့တော်တစ်ခုတည်းနဲ့ လုံလောက်မှာ မဟုတ်ပါဘူး။”
“ကျွန်တော် လုပ်ချင်တာက မြောက်ပိုင်းဒေသကို ကျွန်တော့်ရဲ့ နယ်မြေအဖြစ် သတ်မှတ်ပြီး အဲ့ဒီထဲမှာ နယ်မြေခွဲတွေ ထပ်ဖွဲ့စည်းဖို့ပါ။”
ထိုစကားကို ကြားလိုက်ရသည်နှင့် မုချန်တိန်နှင့် ချင်ယူရှန်တို့ ထပ်မံ အံ့အားသင့်သွားကြသည်။ မြောက်ပိုင်းဒေသသည် အမြဲတမ်း ရေကြည်ရာ မြက်နုရာရှာဖွေပြီး လှည့်လည်နေထိုင်တတ်သော မျိုးနွယ်စုများ၏ နယ်မြေဖြစ်ပြီး ထိုဒေသကို လုံးဝသိမ်းပိုက်ရန် ဆိုလျှင် သူတို့အားလုံးကို မောင်းထုတ်ရမည် သို့မဟုတ် အောင်နိုင်ရမည်ဖြစ်သည်။
သို့သော် မြောက်ပိုင်းဒေသသည် ကျယ်ပြန့်လွန်းသည်။ ထိုမျိုးနွယ်စုများကို ရှာဖွေရမည့် စိန်ခေါ်မှုကို ဘေးဖယ်ထားလျှင်ပင် သူတို့ ထိုမျိုးနွယ်စုများကို တွေ့ရှိပြီးသည့်တိုင် သူတို့ထွက်ပြေးသွားနိုင်သည်။ သူတို့၏ အန္တရာယ်မှ မည်သို့ ကာကွယ်နိုင်မည်နည်း။
မြောက်ပိုင်းဒေသကို ဖြတ်သန်းကာ မဟာတံတိုင်းကြီး တစ်ခုတည်ဆောက်ရန် အစီအစဉ်ရှိလို့လား။ မြောက်ပိုင်းဒေသ၏ နယ်မြေဧရိယာကို ထည့်သွင်းစဉ်းစားလျှင် ထိုကဲ့သို့သော တံတိုင်းကြီးတစ်ခုကို ဆောက်လုပ်ရန် လိုအပ်မည့် လူအင်အားနှင့် သယံဇာတများမှာ မယုံနိုင်စရာ ဖြစ်သွားမည်။ မြောက်ပိုင်းနယ်စားမင်းသား၏ လက်အောက်တွင် လွင်ပြင်ဒေသ မျိုးနွယ်စု ကျွန်စစ်သား တစ်သိန်းရှိသော်လည်း သူတို့၏ လူ့သက်တမ်းအတွင်း မြောက်ပိုင်းဒေသတစ်ခုလုံးကို ဝန်းရံထားသည့် တံတိုင်းတစ်ခုကို ဆောက်လုပ်ရန် မဖြစ်နိုင်ပါ။
.......
အခန်း (၁၃၈)
မိဖုရား မိုးပြိုကျနေပြီ (၁)
အတော်ကြာပြီးနောက် မုချန်တိန်နှင့် ချင်ယူရှန်တို့သည် လုချန်း၏ ရည်မှန်းချက်ကို သိရှိပြီး အံ့အားသင့်သွားကြသည်။ သို့သော် ချင်ယူရှန်ကတော့ မကြာခင်ပင် စိတ်ငြိမ်သက်သွားခဲ့သည်။ သူ၏မျက်လုံးထဲတွင် လုချန်းသည် ကံကြမ္မာ၏သားတော်ဖြစ်ပြီး တစ်နေ့တွင် တိုက်ကြီးတစ်ခုလုံးကို စုစည်းလုံးပေးမည့်သူဖြစ်သည်။
သို့သော် မုချန်တိန်မှာမူ ကွဲပြားသည်။ သူသည်လည်း လုချန်း၏ ရည်မှန်းချက်သည် ကမ္ဘာကြီးကို စုစည်းရန်ဖြစ်သည်ဟု တွေးထင်ခဲ့သော်သူ ဖြစ်သော်လည်း သူ၏ကမ္ဘာဟူသော အဓိပ္ပာယ်ဖွင့်ဆိုချက်တွင် မြောက်ပိုင်းဒေသကို မပါဝင်ပေ။
မြောက်ပိုင်းဒေသသည် အလွန်ကျယ်ပြန့်ပြီး လွင်ပြင်ဒေသမျိုးနွယ်စုများပင် ထိုနယ်မြေ၏ ပမာဏကို မသိကြပေ။ သို့သော် ယခု လုချန်းသည် မြောက်ပိုင်းဒေသကို သူ၏နယ်မြေထဲသို့ ထည့်သွင်းလိုနေသည်။
အကယ်၍ လုချန်းသာ ထိုသို့ပြုလုပ်နိုင်ပါက သူပိုင်ဆိုင်သော နယ်မြေသည်
ရှနိုင်ငံတော်၏ နယ်မြေအားလုံးထက် ပိုမိုကျယ်ပြန့်လာမည်။ အကယ်၍ မင်းသားတစ်ပါးသည် ဧကရာဇ်ထက် ပိုမိုကျယ်ပြန့်သော နယ်မြေကို ပိုင်ဆိုင်ပါက သူ့ကို မင်းသားဟု ဆိုနိုင်ပါတော့မလား။
သို့သော် ထိုအချက်သည် အဓိကမဟုတ်ပါ။ အဓိကအချက်မှာ သူမြောက်ပိုင်းဒေသကို တကယ်ပိုင်ဆိုင်နိုင်မည်လား ဆိုသည့်အချက်ဖြစ်သည်။ မြေပုံပေါ်တွင် စက်ဝိုင်းတစ်ခုဆွဲကာ မြောက်ပိုင်းဒေသသည် မြောက်ပိုင်းနယ်စားမင်းသား၏ နယ်မြေဖြစ်သည်ဟု ကြေညာခြင်းက မလုံလောက်ပါ။
လွင်ပြင်ဒေသ မျိုးနွယ်စုများက ထိုမြေပုံကို အသိအမှတ်ပြုမည် မဟုတ်ပေ။
ထိုအချိန်တွင် မုချန်တိန်က
“မင်းသား။ အကယ်၍ မင်းသားဟာ မြောက်ပိုင်းဒေသကို မင်းသားရဲ့ နယ်မြေထဲသို့ ထည့်သွင်းမယ်ဆိုရင် လွင်ပြင်ဒေသမျိုးနွယ်စုတွေရဲ့ကျူးကျော်မှုကို ဘယ်လိုကာကွယ်မှာလဲ။”
“မင်းသားက မြောက်ပိုင်းဒေသမှာ မဟာတံတိုင်းကြီးတစ်ခု တည်ဆောက်မလို့လား ” ဟု မေးလိုက်သည်။
လုချန်းက
“လွင်ပြင်ဒေသမျိုးနွယ်စုများ ဆိုတာ ဘာတွေလဲ” ဟု ပြန်မေးလိုက်သည်။
လုချန်း၏ ပြန်ပြောကြားချက်ကို ကြားရသော မုချန်တိန်၏ စိတ်ထဲတွင် ဗလာဖြစ်သွားသည်။ မြောက်ပိုင်းဒေသတွင် လွင်ပြင်ဒေသမျိုးနွယ်စုများ ရှိပြီး မြောက်ပိုင်းနယ်စားမင်းသားသည် ထိုအကြောင်းကို သိရှိပြီးဖြစ်သည်။ ကောင်းကင်ဝံပုလွေဘုရင်၏ နန်းတော်သည်လည်း ထိုနေရာတွင်ရှိသည်။ မြောက်ပိုင်းနယ်စားမင်းသားက သူ့ကို လွင်ပြင်ဒေသမျိုးနွယ်စုတွေအကြောင်း ပြန်မေးနေပါလား။
လုချန်းက ဆက်ပြောလိုက်၏။
“လွင်ပြင်ဒေသမျိုးနွယ်စုတွေဆိုတာ ဘယ်သူတွေလဲ။ သူတို့အားလုံးက ကျွန်တော်ရဲ့လက်အောက်ခံတွေပဲ” ဟု ဆက်ပြောလိုက်သည်။
ဒါက…
လုချန်းက မြောက်ပိုင်းဒေသ၏ မြေပုံကို ကြည့်ရင်း
“ဘယ်မဟာတံတိုင်းက ဘယ်လောက် ခိုင်ခိုင်အတွင်းရန်ကို မကာကွယ်နိုင်ပါဘူး။”
“ကျွန်တော်တည်ဆောက်မယ့် မဟာတံတိုင်းက အပြင်ဘက်မှာ မဟုတ်ဘူး။ ရန်သူတွေရဲ့ စိတ်ထဲမှာ တည်ဆောက်မယ့် မဟာတံတိုင်း။ ကျွန်တော်တို့ရဲ့ ရန်တွေ ကျွန်တော်တို့ နယ်မြေထဲ ခြေချဖို့ တွေးမိတာနှင့် သူတို့ရဲ့ မသိစိတ်တွေထဲမှာပဲ နောက်ပြန်ဆုတ်သွားစေရမယ်။ ရှေ့ကိုတစ်လှမ်းမှ မတိုးရဲစေအောင် လုပ်ရမှာ” ဟု ဆက်ပြောလိုက်သည်။
လုချန်းပြောနေသည်များကို ကြားသောအခါ မုချန်တိန်နှင့် ချင်ယူရှန်တို့ ငိုင်သွားကြသည်။
လုချန်းသည် မြောက်ပိုင်းဒေသ၏ မြေကို အလွန်တောင့်တနေသည်။ မြောက်ပိုင်းဒေသသည် မြောက်ပိုင်းမြို့တော်အတွက် မြင်းများ၊ နွားများနှင့် သိုးများကို မွေးမြူရန် မြက်ခင်းများအဖြစ် အသုံးပြုနိုင်သည်ကို ထည့်မစဉ်းစားလျှင်ပင် ထိုကျယ်ပြန့်သော မြေဧရိယာပေါ်တွင် သယံဇာတများ အများအပြား ရှိနေမည်မှာ သေချာသည်။
ဥပမာ ကျောက်မီးသွေး၊ ရေနံ၊ သတ္တုရိုင်းအမျိုးမျိုး။ ထိုအရာများသည် လက်ရှိတွင် အသုံးဝင်ခြင်း ရှာဖွေတွေ့ရှိခြင်းများ မရှိသေးသော်လည်း နယ်မြေကျယ်ပြန့်လေလေ သယံဇာတများ ပိုမိုရှိနိုင်ချေ များလေလေ ဖြစ်သည်။ နောက်ဆုံးတွင် ထိုသယံဇာတများကို သူလိုအပ်လာမည်ဖြစ်သည်။
အဓိကအချက်မှာ မြောက်ပိုင်းဒေသတွင် လွင်ပြင်ဒေသ မျိုးနွယ်စုများသာ နေထိုင်ကြပြီး သူတို့သည်လည်း မြောက်ပိုင်းဒေသ၏ ပိုင်ရှင်များ မဟုတ်ကြခြင်းပင်။ မြောက်ပိုင်းဒေသကို ပိုင်ရှင်မရှိသော မြေအဖြစ် သတ်မှတ်နိုင်သည်။
ကျူး နိုင်ငံသည်လည်း မြောက်ပိုင်းဒေသကို သူတို့၏ နယ်မြေအဖြစ် သတ်မှတ်ထားခြင်း မရှိပါ။ စနစ်က သူ့အား သူ၏ သားသမီးများ မွေးဖွားလာသည်နှင့်အမျှ နောင်တွင် ရရှိမည့် ဆုလာဘ်များ ပိုမိုကြွယ်ဝလာမည်ဟု ဖော်ပြခဲ့သည်ကို လုချန်းသတိရလိုက်သည်။
သယံဇာတများကို လက်ရှိတွင် ရှာဖွေတွေ့ရှိနိုင်ခြင်း သို့မဟုတ် တူးဖော်နိုင်ခြင်း မရှိသေးသော်လည်း စနစ်မှ ပေးအပ်သော ဆုလာဘ်များ တိုးပွားလာသည်နှင့်အမျှ ထိုသယံဇာတများကို တူးဖော်နိုင်မည့် နည်းလမ်းများ ရရှိလာမည်ဖြစ်သည်။
အတိုချုပ်ဆိုရလျှင် နယ်မြေကျယ်ပြန့်လေလေ သယံဇာတများ ပိုမိုရှိနိုင်ချေ များလေလေ ဖြစ်သည်။ နယ်မြေကို အရင်သိမ်းပိုက်ရန် အရေးကြီးသည်။ မြောက်ပိုင်းဒေသ၏ လွင်ပြင်ဒေသ မျိုးနွယ်စုများကို မည်သို့ကိုင်တွယ်ရမည်နည်းဆိုသည်နှင့် ပက်သက်၍တော့ လုချန်းတွင် ရိုးရှင်းသော အကြံဉာဏ်တစ်ခု ရှိသည်။
လူဦးရေသည်လည်း သယံဇာတတစ်မျိုးပင်။ လုချန်း ပြောလိုက်သော စကားများကို ကြားပြီးနောက် မုချန်တိန်လည်း အတော်ကြာမှ ပြန်လည် သတိဝင်လာသည်။
သူက ချက်ချင်းဦးညွှတ်ကာ
“မင်းသား။ မင်းသားရဲ့ ရည်မှန်းချက်က အလွန်ကြီးမားပါတယ်။ ကျွန်တော်ကို မင်းသားရဲ့ ဓားတစ်လက်အဖြစ် ဖြစ်စေချင်ပါတယ်။ ဓားက ညွှန်ပြတဲ့ နေရာကို စစ်တပ်က ချီတက်ပါစေမယ်။ မင်းသားအတွက် ရန်သူများ မကျော်လွှားနိုင်တဲ့ မဟာတံတိုင်းကြီး တည်ဆောက်ဖို့ ကျွန်တော့်မှာ ဆန္ဒရှိပါတယ်” ဟု ပြောလိုက်သည်။
လုချန်းက အနည်းငယ် ချောင်းဟန့်ကာ
“ဗိုလ်ချုပ်မုရဲ့ သစ္စာရှိမှုကို ကျွန်တော် ခံစားမိပါပြီ။ အခု အရေးကြီးကိစ္စကို ဆွေးနွေးကြရအောင်” ဟု ပြောလိုက်သည်။
လုချန်းက ချင်ယူရှန်ကိုပြောလိုက်သည်။
“တပ်မှူးချင်။ အထူးကိုယ်ရံတော်တွေကို ဦးဆောင်ပြီး ကောင်းကင်ဝံပုလွေဘုရင်ရဲ့ နန်းတွင်းအကြောင်း ထောက်လှမ်းရေးကို ဆက်လုပ်ပါ။ သူတို့ရဲ့ လှုပ်ရှားမှုတွေကို အမြဲသိရှိထားဖို့ လိုပါတယ်” ဟု
ချင်ယူရှန်က
“ဟုတ်ကဲ့၊ မင်းသား” ဟု ဖြေလိုက်သည်။
ထို့နောက် လုချန်းသည် စဉ်းစားလိုက်ပြီး “ရှောင်ပင်တိန်ကို အရင်သွားကြည့်ရအောင်။ သူ့ကို ပြောစရာစကားတွေ ရှိပါတယ်” ဟု ပြောလိုက်သည်။
ထိုစကားကို ကြားလိုက်ရသည်နှင့် မုချန်တိန်နှင့် ချင်ယူရှန်တို့သည် လုချန်းအတွက် လမ်းပြပေးကာ မကြာမီ သူတို့သုံးဦး ရန်ခရိုင်ရှိ အကျဉ်းထောင်သို့ ရောက်ရှိလာကြသည်။
ရှောင်ပင်တိန်သည် ဆံပင်များ ဖရိုဖရဲဖြင့် စိတ်ဓာတ်ကျစွာဖြင့် မြေကြီးပေါ်တွင် ထိုင်နေသည်။ သူ့ကို အထူးကိုယ်ရံတော်တို့က ဆေးများဖြင့် သူ၏စွမ်းအားများ ဖျက်ဆီးပစ်လိုက်ပြီ ဖြစ်သဖြင့် ယခုအခါတွင် သူသည် သာမန်လူတစ်ဦးနှင့် မခြားနားတော့ပါ။
ရှောင်ပင်တိန်ကို ချုပ်နှောင်ထားသော အကျဉ်းခန်းသည် အတော်အတန် သန့်ရှင်းပြီး အိပ်ရာနှင့် စောင်များ ပါရှိသည်။ အခြားသော အကျဉ်းခန်းများကဲ့သို့ ညစ်ပတ်နေခြင်း မရှိပေ။
တံခါးဖွင့်သံကို ကြားလိုက်ရသည်နှင့် တစ်ယောက်ယောက် လာနေသည်ကို ရှောင်ပင်တိန် သတိပြုလိုက်မိလိုက်ပြီး အကျဉ်းခန်း အပြင်ဘက်တွင် မည်သူရှိသည်ကို ကြည့်လိုက်သည်။
နဂါးပုံပါသော ဖဲဝတ်ရုံကို ဝတ်ဆင်ထားပြီး ခါးတွင် ကျောက်စိမ်းခါးပတ် ပတ်ထားသော လူငယ်တစ်ဦးကို မြင်လိုက်ရသည်နှင့် ရှောင်ပင်တိန်သည် ထိုလူ မည်သူဖြစ်မည်ကို ချက်ချင်း မှန်းဆလိုက်သည်။
ရှောင်ပင်တိန်က နှာခေါင်းရှုံ့လိုက်ကာ
“မြောက်ပိုင်းနယ်စားမင်းသားဆိုတာ လူငယ်တစ်ယောက်ပဲ။ ကာမဂုဏ်စွဲလမ်းပြီး အရည်အချင်းလည်းမရှိ စိတ်ဓာတ်လည်းပျော့ညံ့သူပါလို့ ပြောကြတယ်။ အဆုံးမှာတော့ ဒီလူငယ်လေးက မြောက်ပိုင်းမြို့တော်ရဲ့ စစ်သည်သောင်းဂဏန်းလောက်နဲ့ ကျွန်တော်တို့ ကောင်းကင်ဝံပုလွေဘုရင်ရဲ့ စစ်သည်တော် သုံးသိန်းကို ဖျက်ဆီးပစ်လိုက်မယ်ဆိုတာ မျှော်လင့်မထားမိပါဘူး” ဟု ပြောလိုက်သည်။
လုချန်းက
“ကျုပ်ရှေ့မှာ ကျုက်ကို လူငယ်လို့ ခေါ်နေတာ ကျုပ်က ခင်ဗျားကို သတ်ပစ်မှာကို မကြောက်ဘူးလား” ဟု မေးလိုက်သည်။
ရှောင်ပင်တိန်က ဂရုမစိုက်သလိုဖြင့် “ကျွန်တော် အခုဖြစ်နေတာ သေသွားတာနဲ့ ဘာကွာလို့လဲ” ဟု ပြောလိုက်သည်။
ရှောင်ပင်တိန်၏ စွမ်းအားများ ပျောက်ဆုံးသွားပြီဖြစ်ပြီး သူသည် အခု မစွမ်းသူတစ်ယောက်ဖြစ်နေပြီဖြစ်သည်။ ကောင်းကင်ဝံပုလွေဘုရင်၏ စစ်သည် သုံးသိန်းလည်း မြောက်ပိုင်းနယ်စားမင်းသား၏ လက်ချက်နဲ့ ပျက်စီးသွားပြီဖြစ်သဖြင့် သူ့အတွက် ကောင်းကင်ဝံပုလွေဘုရင် မျိုးနွယ်စုဆီ ပြန်ပြရန် မျက်နှာမရှိတော့ဟု ယူဆထားပြီဖြစ်သည်။
........