← Chapters

အခန်း ၁၄၈-၁၅၀

Vol. 10 Ch. 148-150

အခန်း ၁၄၈-၁၅၀

Vol. 10 Ch. 148-150

အခန်း( ၁၄၈ )

ကျွန်တော့်အနားမှာ ဓားစာခံအဖြစ် နေရမယ် (၂)

လုချန်းကပြောလိုက်သည်။

“ကျွန်တော်က ခင်ဗျားတို့လူတွေကို မြောက်ပိုင်းမြို့တော်ထဲ ဝင်ခွင့်ပြုလိုက်တဲ့အချိန်ကစပြီး ကောင်းကင်ဝံပုလွေဘုရင် မျိုးနွယ်စုဝင်တိုင်းဟာ ကျွန်တော်ရဲ့ လက်အောက်ခံတွေဖြစ်သွားပြီ။ သူတို့ဟာ ကျွန်တော်ရဲ့ အမိန့်တွေကို လိုက်နာရမယ်။ မြောက်ပိုင်းမြို့တော်ရဲ့ ဥပဒေနဲ့ စည်းမျဉ်းတွေကို လိုလိုလားလား လိုက်နာရမယ်”

ထိုစကားကို ကြားလိုက်ရသောအခါ ရဲလိန်ရန် ခဏစဉ်းစားလိုက်သည်။ ကောင်းကင်ဝံပုလွေဘုရင်၏ မျိုးနွယ်စု မြောက်ပိုင်းမြို့တော်သို့ ပြောင်းရွှေ့ပါက မြောက်ပိုင်းနယ်စားမင်းသား၏ အမိန့်ကို လိုက်နာရမည်မှာ သေချာသော်လည်း ဒီလောက်ရိုးရှင်းလိမ့်မည် ရဲလိန်ရန် မထင်ပေ။

အဘယ်ကြောင့်ဆိုသော် ကောင်းကင်ဝံပုလွေဘုရင်၏ မျိုးနွယ်စုသည် လွင်ပြင်ဒေသမျိုးနွယ်စုဖြစ်သည်။ မြောက်ပိုင်းနယ်စားမင်းသားသည် သူတို့တွေ မြောက်ပိုင်းမြို့တော်သို့ ပြောင်းရွှေ့လာခြင်းကို စိတ်ချနိုင်မှာလား။ အခြားအခြေအနေများ ရှိနေမည်ဖြစ်သည်။

ရဲလိန်ရန်သည် တတိယအခြေအနေရှိမရှိ မေးမြန်းရန် စဉ်းစားနေစဉ် လုချန်းက

“ဟုတ်ပါတယ်။ ကောင်းကင်ဝံပုလွေဘုရင်၏ မျိုးနွယ်စုက မြောက်ပိုင်းမြို့တော်ကို ပြောင်းရွှေ့ နေထိုင်ရင် တစ်ကွဲတပြားစီ သီးခြားနေထိုင်ရမှာပါ။ အဲ့ဒီအချိန်ကစပြီး ကောင်းကင်ဝံပုလွေဘုရင် မျိုးနွယ်စုဆိုတာ ပျောက်ကွယ်သွားမယ်” ဟု ပြောလိုက်သည်။

ထိုစကားကို ကြားလိုက်ရသောအခါ ရဲလိန်ရန်သည် မပြောမီ သူမ၏နောက်တွင် ရပ်နေသော မျိုးနွယ်စု၏ နတ်ဆရာ အကြီးအကဲက

“မဖြစ်နိုင်ပါဘူး။ ကျွန်ုပ်တို့ ဒီလိုအခြေအနေကို လုံးဝလက်မခံနိုင်ပါဘူး”

ဟု ချက်ချင်းပြောလိုက်သည်။

မြောက်ပိုင်းမြို့တော်သို့ ပြောင်းရွှေ့ခြင်းသည် မြောက်ပိုင်းနယ်စားမင်းသား၏ လှည့်ကွက်ဖြစ်နိုင်လားဆိုတာတောင်ကို မသိပဲ မျိုးနွယ်စုတစ်ခုလုံးကို ဖျက်သိမ်းရမည့်အခြေအနေကို သူတို့ လက်ခံနိုင်မည်လား။

ထိုအခြေအနေကို သူတို့လုံးဝလက်မခံနိုင်ပေ။ ရဲလိန်ရန်၏ မျက်နှာသည်လည်း မည်းနက်သွားသည်။ သူမထင်ထားသည့်အတိုင်း မြောက်ပိုင်းနယ်စားမင်းသားသည် ကောင်းကင်ဝံပုလွေဘုရင်၏ မျိုးနွယ်စုတစ်ခုလုံးကို ဖျက်သိမ်းပစ်လိုက်ပြီး သမိုင်းမှ အပြီးတိုင် ပျောက်ကွယ်သွားစေလိုသည်။

ထိုအချိန်တွင် ရဲလိနန်ရန်က

“အကယ်၍ ကျွန်မတို့က မြောက်ပိုင်းနယ်စားမင်းသားပြောတဲ့ အခြေအနေတွေကို လက်မခံဘူးဆိုရင် မြောက်ပိုင်းနယ်စားမင်းသားက ဘာလုပ်မလဲ” ဟု အေးစက်စက် မေးလိုက်သည်။

လုချန်းက

“အကယ်၍ မိဖုရား ရဲလိနန်ရန်က လက်မခံဘူးဆိုရင် ကျွန်တော်က ခင်ဗျားတို့ လွင်ပြင်ဒေသ မျိုးနွယ်စုတွေကို အတုယူပြီး ခင်ဗျားကို အတင်းအဓမ္မ ခေါ်ဆောင်သွားမယ်။ ကျွန်တော့်ရဲ့ မိန်းမအဖြစ် သိမ်းပိုက်လိုက်မယ်” ဟု အေးဆေးစွာ ပြောလိုက်သည်။

လုချန်း၏ တိုက်ရိုက်စကားလုံးများကို ကြားလိုက်ရသည်နှင့် ရဲလိနန်ရန်က

“မြောက်ပိုင်းနယ်စားမင်းသားက ကျွန်မကို အားနည်းတဲ့ မိန်းမတစ်ယောက်လို့ ထင်နေတာလား” ဟု အေးစက်စက် ပြောလိုက်သည်။

သူမ စကားပြောနေစဉ်တွင် ရဲလိနန်ရန်သည် သိုင်းပညာရှင်တစ်ဦး၏ အငွေ့အသက်များကို ပြသလိုက်သည်။

သူမသည် နှစ်ပေါင်းများစွာ ရှနိုင်ငံတော်၏ သိုင်းပညာများကို နည်းလမ်းပေါင်းစုံဖြင့် စုဆောင်းခဲ့ပြီး သိုင်းပညာကို လျှို့ဝှက်စွာ လေ့ကျင့်ခဲ့သည်။ ကောင်းကင်ဝံပုလွေဘုရင် မျိုးနွယ်စုအတွင်း သူမ၏ သိုင်းပညာအစွမ်းကို သိသူ နည်းပါးသည်။ သူမသည် သူမ၏ စွမ်းအားကို အသုံးပြုခဲသော်လည်း သူမသည် အားနည်းသော မိန်းမတစ်ဦး မဟုတ်ပေ။

သို့သော်-ရဲလိနန်ရန်သည် သူမကိုယ်သူမ တွေးမိသည်။ သူမသည် အဆင့်ကိုး သိုင်းပညာရှင်ဖြစ်ပြီး မြောက်ပိုင်းနယ်စားမင်းသားသည် အလွန်စဉ်းစားတတ်သော်လည်း သူ၏ သိုင်းစွမ်းအားသည် အဆင့်ငါးလောက်သာ ရှိမည်ဖြစ်သည်။

အကယ်၍ သူတို့ အမှန်တကယ် ရင်ဆိုင်ကြပါက သူတို့ကြားရှိ အကွာအဝေးအရ သူမအတွက် မြောက်ပိုင်းနယ်စားမင်းသားကို တိုက်ရိုက် ဖမ်းဆီးချုပ်‌နှောင်ရန် မခက်ခဲပေ။

ထိုအချိန်တွင် လုချန်း၏ နောက်ကွယ်ရှိ စစ်သည်တော်များသည် ဟန်ဆောင်ခြင်းကို ရပ်တန့်လိုက်ပြီး သူတို့၏ သိုင်းပညာအငွေ့အသက်များကို ထုတ်လွှတ်လိုက်သည်။ မုချန်တိန်နှင့်တို့ကလည်း သူတို့၏ ကာကွယ်ခြင်း အတွင်းအားကို တိုက်ရိုက်ပြသလိုက်သည်။

ရဲလိနန်ရန်က ယခုလို သူ့ကို ယုံကြည်ချက်ရှိစွာ စကားပြောနေရဲသည့် အကြောင်းရင်းကို လုချန်းသိသည်။ သူမသည် လျှို့ဝှက်စွာဖြင့် အဆင့်ကိုး သိုင်းပညာရှင် တစ်ဦး ဖြစ်နေပြီဖြစ်ပြီး သူမကို လုချန်း မယှဉ်နိုင်ဟု ထင်နေမည်မှာ သေချာသည်။

ရဲလိနန်ရန်ကို အလုံးစုံ စိတ်အား‌ လျော့သွားစေရန် လုချန်းကလည်း သူ၏ ကာကွယ်ခြင်း အတွင်းအားကို တိုက်ရိုက်ထုတ်လွှတ်လိုက်သည်။ မုချန်တိန်တို့နှင့် လုချန်းတို့ သူတို့၏ ကာကွယ်ခြင်း အတွင်းအားများကို ထုတ်လွှတ်လိုက်သည်နှင့် လွင်ပြင်ဒေသ မျိုးနွယ်စု စစ်သည်တော်များလည်း ချက်ချင်း မငြိမ်မသက်ဖြစ်လာကြသည်။

ရဲလိနန်ရန်ပင် မယုံကြည်နိုင်သော မျက်နှာအမူအရာကို ပြသနေသည်။

လေးယောက်… ထိပ်သီးပညာရှင် လေးယောက်။ မြောက်ပိုင်းနယ်စားမင်းသားလည်း ထိပ်သီးပညာရှင်တစ်ဦးဖြစ်နေပြီ။ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ။ မြောက်ပိုင်းနယ်စားမင်းသားက ၁၆ သို့မဟုတ် ၁၇ နှစ်သာ ရှိသေးတယ်မဟုတ်လား။

လုချန်း၏ ကာကွယ်ခြင်း အတွင်းအားကို ထုတ်လွှတ်သည်ကို မြင်လိုက်ရသည်နှင့် လွင်ပြင်ဒေသ မျိုးနွယ်စု အကြီးအကဲများ အားလုံး စိတ်ဓာတ်ကျသွားကြသည်။ သူတို့၏ စစ်သည်တော် သုံးသိန်း မြောက်ပိုင်းမြို့တော်တွင် ပျက်စီးသွားရခြင်း၏ အကြောင်းရင်းကို နားလည်သွားသည်။ ၁၆ သို့မဟုတ် ၁၇ နှစ်သာ ရှိသေးသော မြောက်ပိုင်းနယ်စားမင်းသားပင် ထိပ်သီးပညာရှင်တစ်ဦး ဖြစ်နေသည်။

ထိုအချိန်တွင် ရှောင်ပင်တိန်သည်လည်း သူ၏နေရာတွင် ငေးသွားခဲ့သည်။ သူသည် ယခု နားလည်သွားပြီဖြစ်သည်။ လွန်ခဲ့သည့် တစ်လအကြာက ထောင်ထဲတွင် ညှိနှိုင်းဆွေးနွေးပွဲပြီးလျှင် သူရွေးချယ်မှုတစ်ခု ပြုလုပ်ရမည်ဟု လုချန်းပြောခဲ့တဲ့ အကြောင်းရင်းကို သူနားလည်သွားပြီဖြစ်သည်။

အသက် ၁၆ နှစ် ၁၇ နှစ်အရွယ် ထိပ်သီးပညာရှင်တစ်ဦး။ သူ့အတွက် ဘာမှ ထပ်ပြီးစဉ်းစားစရာ မလိုတော့ပါ။ ဒါဟာ အနာဂတ်မှာ တန်ခိုးရှင်အဆင့်ကို ရောက်ဖို့ သေချာတဲ့ ပုဂ္ဂိုလ်တစ်ဦးဖြစ်သည်။ အားကြီးသူကို ဦးညွှတ်ရမယ်ဆိုတသည့် လွင်ပြင်ဒေသ၏ စည်းမျဉ်းကို လိုက်နာရမည်ဖြစ်သည်။ အားအကြီးဆုံးသူသာလျှင် ခေါင်းဆောင်ဖြစ်သည်။

အနာဂတ်မှာ တန်ခိုးရှင်အဆင့်ကို ရောက်နိုင်တဲ့ ပုဂ္ဂိုလ်တစ်ဦး၏ လက်အောက်ခံဖြစ်တာက ရှက်စရာမဟုတ်ပါ။ လုချန်းဆီမှ ထွက်ပေါ်လာ‌သော အင်အားကြီးမားသည့် အငွေ့အသက်ကို ခံစားလိုက်ရတဲ့အခါ ရဲလိနန်ရန်၏ နုနယ်သော ခန္ဓာကိုယ်လည်း အနည်းငယ် တုန်ယင်သွားခဲ့သည်။

သူမမှာ ရွေးချယ်စရာ မရှိတော့ပါ။ ဒီလူငယ်ရဲ့ မိန်းမဖြစ်ဖို့ သို့မဟုတ် သေရမယ့်လမ်းသာ ရှိတော့၏။

ထိုအချိန်တွင် လွင်ပြင်ဒေသ စစ်သားတစ်ဦးသည် ရုတ်တရက် ရဲလိနန်ရန်၏ ဘေးသို့ ပြေးလာပြီး စိုးရိမ်ပူပန်သော မျက်နှာဖြင့် သူမ၏ နားနားကပ်၍ တစ်စုံတစ်ရာကို ကပ် ပြောလိုက်သည်။ ထိုအခါ ရဲလိနန်ရန်၏ မျက်နှာသည် ပို၍ပင် ဖြူလျော်သွားသည်။

ရဲလိနန်ရန်သည် သူမအရှေ့က လူငယ်ကို ငေးကြည့်လိုက်ပြီး သူမ၏ မျက်လုံးများတွင် ရှုပ်ထွေးသော ခံစားချက်များ ပြည့်နှက်သွားသည်။

စစ်သားက ရဲလိနန်ရန်ကို ဘာပြောလိုက်သည်ကို လုချန်းက ခန့်မှန်းမိသွားပြီး

“အင်း။ ဟုတ်ပြီ။ ကျွန်တော် မေ့နေတာ တစ်ခုရှိတယ်။ လွန်ခဲ့တဲ့ လဝက်လောက်က ကျွန်တော်က အခြားလွင်ပြင်ဒေသက မျိုးနွယ်စုတွေဆီကို ကောင်းကင်ဝံပုလွေဘုရင် ရှုံးနိမ့်သွားကြောင်း သတင်းပို့ခဲ့ပြီးပြီ။ အခုဆိုရင် မြောက်ပိုင်းဖရီးဘုရင်က ကောင်းကင်ဝံပုလွေဘုရင် နန်းတော်ကို‌ ရေဆုံးမြေဆုံး ရှာဖွေနေမယ်ဆိုတာ ကျွန်တော် ယုံကြည်တယ်။”

လုချန်း၏ စကားကို ကြားလိုက်ရသောအခါ လွင်ပြင်ဒေသ မျိုးနွယ်စု အကြီးအကဲများ၏ မျက်နှာများသည် ရုတ်တရက် ပြောင်းလဲသွားသည်။ မြောက်ပိုင်းဖရီဘုရင်သာ သူတို့၏ ရှုံးနိမ့်မှုကို သိရှိပါက သူတို့ကို နေရာအနှံ့ ရအောင်ရှာဖွေပြီး သူတို့၏ မျိုးနွယ်စုဆိီမှ လုယက်မည်မှာ သေချာသည်။

လုချန်းက ဆက်ပြောလိုက်သည်။

“ခင်ဗျားတို့မှာ အခု ရွေးချယ်စရာ နှစ်ခုပဲရှိတယ်။ ပထမတစ်ခုက ကျွန်တော်ပြောတဲ့ အခြေအနေတွေကို လက်ခံပြီး ခင်ဗျားတို့ လူတွေအားလုံးမြောက်ပိုင်းမြို့တော်ထဲ ရွှေ့ပြောင်းပြီး ခင်ဗျားတို့ရဲ့ မိဖုရားက ကျွန်တော့်ကို လက်ထပ်ပြီး ကျွန်တော့်ရဲ့ အမျိုးသမီးအဖြစ်နဲ့‌ နေမလား။”

“ဒါမှမဟုတ် ခင်ဗျားတို့ ဆုတ်ခွာပြီး မြောက်ပိုင်းဖရီဘုရင်နဲ့ သေတဲ့အထိ တိုက်ခိုက်ကြမလားဆိုတာပဲ။”

“‌ နောက်ပြီး မြောက်ပိုင်းဖရီဘုရင်က ခင်ဗျားတို့နန်းတော်ရဲ့ တည်နေရာကို မသိဘူးဆိုရင်တောင် ကျွန်တော်ကတော့ သိတယ်။ ကျွန်တော်ထင်တယ် ဒီသတင်းအချက်အလက်က မြောက်ပိုင်းဖရီဘုရင်အတွက် တန်ဖိုးကြီးလိမ့်မယ်။”

ထိုအချိန်တွင် လွင်ပြင်ဒေသ မျိုးနွယ်စု အကြီးအကဲများသည် လုချန်း၏ ယုတ်မာပြီး အရှက်မဲ့သော အပြုအမူကို ကဲ့ရဲ့လိုကြသော်လည်း စဉ့်နှီးတုံး‌ပေါ် ရောက်နေသောငါးများကဲ့သို့ သူတို့တွင် ရွေးချယ်စရာ မရှိတော့ပေ။

“ကျွန်‌တော့်မှာ အချိန်တွေ အများကြီးရှိတယ်။ ခင်ဗျားတို့ ဒီအကြောင်းကို ဖြည်းဖြည်းချင်း ဆွေးနွေးဖို့ စောင့်ပေးနိုင်တယ်။ ဒါပေမယ့် နေဝင်ချိန်မတိုင်ခင်မှာ ခင်ဗျားတို့ဆီက တိကျတဲ့ အဖြေကို ကျွန်တော်မျှော်လင့်တယ်။”

ထို့နောက် လုချန်းသည် လှည့်ထွက်သွားပြီး အနက်ရောင် မြင်းတပ်သားများဘက်သို့ လျှောက်သွားသည်။ သို့သော် သူပြန်သွားခြင်းတော့ မဟုတ်ပါ။

ထိုအချိန်တွင် အနက်ရောင် မြင်းတပ်သားများသည် စားပွဲတစ်လုံးကို ယူလာပြီး ချက်ချင်းပင် သူတို့ပြင်ဆင်ထားသော အစားအစာများကို ဖြန့်ကျက်ကာ လုချန်းအတွက် ဝိုင်တစ်ခွက်ကို လောင်းထည့်ပေးလိုက်သည်။

လုချန်းလည်း စားပွဲပေါ်တွင် ထိုင်ပြီး ဝိုင်အရက်ကို ငုံ‌နေလိုက်သည်။

ထိုအချိန်တွင် ရဲလိနန်ရန်နှင့် လွင်ပြင်ဒေသ မျိုးနွယ်စု အကြီးအကဲများ နှုတ်ဆိတ်နေကြဆဲဖြစ်သည်။ သူတို့ လမ်းဆုံးသို့ ရောက်နေပြီဟု ထင်ရသည်။ မဟုတ်ပါ။ ပိုမိုတိကျစွာပြောရလျှင် သူတို့သည် မြောက်ပိုင်းမြို့တော်ကို တိုက်ခိုက်ရန် ဆုံးဖြတ်ချက်ချခဲ့သည့် အခိုက်အတန့်ကတည်းက သူတို့သည် ပြန်လမ်းမရှိသော လမ်းကြောင်းပေါ်သို့ ခြေချခဲ့ကြခြင်းဖြစ်သည်။

သူတို့သည် သူတို့ ဘယ်တော့မှ မတိုက်သင့်သော ရန်သူကို ရွေးချယ်မိခဲ့ကြသည်။ မြောက်ပိုင်းနယ်စားမင်းသားသည် သူတို့၏ ကောင်းကင်ဝံပုလွေဘုရင်မျိုးနွယ်စု၏ ကံကြမ္မာဆိုး ဖြစ်သည်ဆိုတာကို သံသယရှိစရာ မလိုပါ။ ဒီလိုပုဂ္ဂိုလ်မျိုးနှင့်လည်း ဘယ်တုန်းကမှ သူတို့ မတွေ့ကြုံဖူးပါ။

ကောင်းကင်ဝံပုလွေဘုရင်မျိုးနွယ်စု၏ နောက်ဆုံးနေ့ရက်များ ရောက်ရှိလာပြီဖြစ်သည်။ ကြာမြင့်စွာ တိတ်ဆိတ်နေကြပြီးနောက် ရဲလိနန်ရန်က စပြောလိုက်သည်။

“ထိပ်သီးပညာရှင်လေးယောက်ရှေ့က ဒီနေ့ ကျွန်မတို့ ထွက်ခွာနိုင်မလား ဆိုတာကို ထည့်မစဉ်းစားနဲ့ဦး ကျွန်မတို့ ပြန်ရောက်ရင်တောင် မြောက်ပိုင်းဖရီဘုရင်ရဲ့ သတ်ဖြတ်မှုကို ခံနိုင်မယ်လို့ မထင်ဘူး။”

နတ်ဆရာ အကြီးအကဲက မေးလိုက်သည်။

“မိဖုရား ကျွန်တော်တို့မျိုးနွယ်စုကို ဖျက်သိမ်းဖို့ပဲ ရွေးချယ်စရာ ရှိတာလား။”

ရဲလိနန်ရန်က ပြန်ဖြေလိုက်သည်။

“မြောက်ပိုင်းနယ်စားမင်းသားက တကယ်ပဲ ကျွန်မတို့ ကောင်းကင်ဝံပုလွေဘုရင်မျိုးနွယ်စုကို လက်ခံချင်တယ်ဆိုရင် မြောက်ပိုင်းမြို့တော်ကို ရွှေ့ပြောင်းတာက ကျွန်မတို့အတွက် မကောင်းတဲ့အရာ မဟုတ်ဘူး။ ဒါပေမယ့် သူက ကျွန်မတို့မျိုးနွယ်စုကို တစ်စုတစ်စည်းတည်း နေခွင့်မပေးဘူး။ ဒါကလည်း မြောက်ပိုင်းမြို့တော်အတွက် ကြီးမားတဲ့ ခြိမ်းခြောက်မှုတစ်ခု ဖြစ်နေတော့ သူက ဒီလိုခြိမ်းခြောက်မှုမျိုး ရှိနေခွင့် ပြုမှာမဟုတ်ဘူး။”

ရဲလိနန်ရန်၏ စကားကို ကြားလိုက်ရသောအခါ ကောင်းကင်ဝံပုလွေဘုရင်မျိုးနွယ်စု၏ နတ်ဆရာ အကြီးအကဲသည် သူ၏ မျက်လုံးများကို ပိတ်လိုက်၏။ သူအလွန်ပင်ပန်းနွမ်းနယ်နေ ပုံရသည်။ ထို့နောက် သူက ဆက်ပြောလိုက်သည်။

“မိဖုရား ဘာဆုံးဖြတ်ချက်ချချ။ ကျွန်တော်တို့ လိုက်နာမယ်။”

ထိုအချိန်တွင် လုချန်းက သူ့အနောက်မှ ရှောင်ပင်တိန်ကို ပြောလိုက်သည်။

“ဗိုလ်ချုပ်ရှောင်။ ခင်ဗျားတို့လူတွေနဲ့ ပြန်ဆုံဖို့ အခု သွားလို့ရပြီ။”

လုချန်း၏ စကားကို ကြားလိုက်ရသောအခါ ရှောင်ပင်တိန်သည် အနည်းငယ် အံ့အားသင့်သွားသည်။ သူက မယုံကြည်နိုင်စွာဖြင့် မေးလိုက်သည်။ “ခင်ဗျားက ကျွန်တော့်ကို အဲဒီဘက် သွားခွင့်ပေးမှာလား။ ကျွန်တော် ထွက်ပြေးသွားမှာကို မကြောက်ဘူးလား။”

လုချန်းက ဝိုင်ကို တစ်ငုံသောက်လိုက်ပြီး ပြောလိုက်သည်။

“ခင်ဗျား ထွက်ပြေးနိုင်မယ်လို့ ထင်ရင် ကြိုးစားကြည့်လို့ရပါတယ်။”

ရှောင်ပင်တိန်သည် ခပ်လှမ်းလှမ်းမှ ဝမ်ရန်လီကို ကြည့်လိုက်သည်။ ဝမ်ရန်လီ၏ ပုဆိန်ဒဏ်ကြောင့် သူသည် ယခင်က သတိလစ်သွားခဲ့ရပြီး ထိုပုဆိန်ကို ကြည့်လျှင် သူ့စိတ်ထဲတွင် ကြောက်ရွံ့မှုများ ဖြစ်ပေါ်နေဆဲဖြစ်သည်။

သူက သက်ပြင်းရှည်တစ်ချက် ချလိုက်ပြီး ရဲလိနန်ရန်တို့ဘက်သို့ လျှောက်သွားလိုက်သည်။ လုချန်းတို့ဘက်မှ ရှောင်ပင်တိန်လာနေသည်ကို မြင်သောအခါ ရှောင်ဝမ်ယောင် အလွန်စိတ်လှုပ်ရှားသွားသည်။ သူမက လျင်မြန်စွာ ပြေးလာပြီး ရှောင်ပင်တိန်၏ လက်ကို ဆုပ်ကိုင်ကာ ငိုကြွေးလိုက်သည်။

“ဦးလေး။ ဦးလေး အသက်ရှင်နေတာကိုပဲ ကျေးဇူးတင်ပါတယ်....”

ရှောင်ပင်တိန်က ရှောင်ဝမ်ယောင်၏ ခေါင်းကို ပုတ်ပေးရင်း ပြောလိုက်သည်။

“ယောင်ယောင် မငိုနဲ့၊။ ဦးလေး အခု အဆင်ပြေတယ်။ အရင်ဆုံး အဲ့ဒီဘက်ကို သွားကြရအောင်။”

ရှောင်ဝမ်ယောင်က ခေါင်းညိတ်လိုက်ပြီး နှစ်ယောက်သား ရဲလိနန်ရန်တို့ဘက်သို့ ဦးတည်သွားလိုက်ကြသည်။

ရှောင်ပင်တိန်က ရဲလိနန်ရန်ကို မြင်သောအခါ ဦးညွှတ်ပြီး ပြောလိုက်သည်။

“မိဖုရားကို ဂါရဝပြုပါတယ်။”

ရှောင်ပင်တိန်ကို လုချန်းက လွှတ်ပေးလိုက်သည်ကို မြင်သောအခါ ရဲလိနန်ရန်က သက်ပြင်းချလိုက်ပြီး မေးလိုက်သည်။

“ဗိုလ်ချုပ်‌‌ ရှောင်။ ရှင့်ရဲ့ ရွေးချယ်မှုက ဘာလဲ။”

..........

အခန်း (၁၄၉)

အခုချိန်ကစပြီး ကောင်းကင်ဝံပုလွေဘုရင် မျိုးနွယ်စုဆိုတာ မရှိတော့ဘူး (၁)

ရှောင်ပင်တိန်သည် ကောင်းကင်ဝံပုလွေဘုရင် မျိုးနွယ်စု၏ တစ်ဦးတည်းသော ထိပ်သီးပညာရှင် စွမ်းအားရှိသူဖြစ်၏။ သူ၏ အဆင့်ကျဆင်းသွားပြီဖြစ်သော်လည်း နောင်တွင် ထိပ်သီးပညာရှင် အဆင့်သို့ ပြန်လည်ရောက်ရှိနိုင်သည့် မျှော်လင့်ချက်ရှိသေးသည်။

ရှောင်ဟွန်ဗို သေဆုံးသွားပြီဖြစ်သဖြင့် ရှောင်ပင်တိန်သည် နောက်ထပ် ကောင်းကင်ဝံပုလွေဘုရင် ဖြစ်လာနိုင်သည့် တစ်ဦးတည်းသော သူဖြစ်သည်။ ယခု ကောင်းကင်ဝံပုလွေဘုရင် မျိုးနွယ်စုသည် အကျပ်အတည်းနှင့် ရင်ဆိုင်နေရပြီဖြစ်သဖြင့် ရဲလိနန်ရန်က ရှောင်ပင်တိန်၏ အစီအစဉ်ကို သိလိုသည်။

ရဲလိနန်ရန်၏ မေးခွန်းကို ကြားလိုက်ပြီး ရှောင်ပင်တိန်သည် တစ်ခဏမျှ တိတ်ဆိတ်သွားသည်။ အချိန်အနည်းငယ်ကြာပြီးနောက် ရဲလိနန်ရန်၏ မေးခွန်းကို ဖြေမည့်အစား ရှောင်ပင်တိန်က

“မိဖုရား။ အကယ်၍ ကျွန်တော်တို့ မြက်ခင်း လွင်ပြင်ကို ပြန်သွားရင် မြောက်ပိုင်းဖရီမျိုးနွယ်စုက ကျွန်တော်တို့ကို အလွတ်ပေးမှာလား” ဟု မေးလိုက်သည်။

ရဲလိနန်ရန်က ဖြေလိုက်သည်။

“မပေးပါဘူး”

ရှောင်ပင်တိန်က ဆက်ပြောသည်။

“အဲဒီအချိန်မှာ မိဖုရားကော ယောင်ယောင် ကော မြောက်ပိုင်းဖရီးဘုရင်က ဖမ်းဆီးပြီး ခံရပြီး သူ့ရဲ့ ကျွန်တွေဖြစ်သွားမှာပါ။ မိဖုရားက မြောက်ပိုင်းနယ်စားမင်းသားရဲ့ မိန်းမဖြစ်ချင်လား ဒါမှမဟုတ် မြောက်ပိုင်းဖရီးဘုရင်ရဲ့ ကျွန်မဖြစ်ချင်လား။”

ရဲလိနန်ရန်သည် ထိုမေးခွန်းကို မဖြေခဲ့ပေ။ အကယ်၍ သူမသည် နှစ်ဦးထဲမှ တစ်ဦးကို ရွေးချယ်ရမည်ဆိုပါက ရဲလိနန်ရန်သည် မလွဲမသွေ အနီးအနားရှိ ထိုလူငယ်လေးကိုသာ ရွေးချယ်မည်ဖြစ်၏။ မြောက်ပိုင်းဖရီးဘုရင်ဆိုသည့် အိုမင်းနေသော သူကို ဘယ်သောအခါမှ သူမရွေးချယ်လိမ့်မည် မဟုတ်ပေ။

သို့သော် ရဲလိနန်ရန် ကောင်းစွာနားလည်သိရှိထားသည်မှာ ကောင်းကင်ဝံပုလွေဘုရင် မျိုးနွယ်စုတွင် သူမသည် ဩဇာအာဏာရှိသော သခင်မတစ်ဦးဖြစ်ပြီး မြောက်ပိုင်းနယ်စားမင်းသား၏ စံအိမ်သို့ ရောက်ရှိသွားပါက သူမသည် မြောက်ပိုင်းနယ်စားမင်းသား၏ မိန်းမဖြစ်သွားပြီး သူမ၏ ဩဇာအာဏာအားလုံးကို ဆုံးရှုံးသွားမည်ဖြစ်သည်။ ထိုအချိန်တွင် သူမသည် မြောက်ပိုင်းနယ်စားမင်းသား၏ စံအိမ်တွင် သာမန်အိမ်သားတစ်ဦးသာ ဖြစ်လာမည်ဖြစ်သည်။

ထို့အပြင် သူမသည် ယခုနှစ်တွင် အသက်သုံးဆယ်ကျော်နေပြီဖြစ်သဖြင့် မြောက်ပိုင်းနယ်စားမင်းသား၏ အခြားသော မိန်းမများနှင့် နှိုင်းယှဉ်ပါက အသက်ကြီးပြီး အိုရန်လည်း နီးလာပြီဖြစ်သည်။

အစတွင် မြောက်ပိုင်းနယ်စားမင်းသားသည် သူမ၏ အလှတရားကို တောင့်တနေမည်ဖြစ်သော်လည်း သူမ အိုမင်းရင့်ရော်လာပြီး အလှများ မှေးမှိန်သွားသည့်အခါ မြောက်ပိုင်းနယ်စားမင်းသားသည် သူမအပေါ် စိတ်ဝင်စားမှု လုံးဝပျောက်ဆုံးသွားမည်ဖြစ်ပြီး သူမသည် မြောက်ပိုင်းနယ်စားမင်းသား၏ စံအိမ်တွင် တစ်ကိုယ်တည်း အထီးကျန်စွာ အဆုံးသတ်ရမည်ဖြစ်သည်။

သို့သော် ယခုအချိန်တွင် ထိုအတွေးများက အသုံးမဝင်တော့ပါ။ သူမမှာ ရွေးချယ်စရာ မရှိတော့ပါ။ထို့အပြင် ရှနိုင်ငံတွင် နေထိုင်ရသည့် ဘဝကသူမ ငယ်စဉ်ကတည်းက တောင့်တနေခဲ့သော အရာဖြစ်၏။ အကယ်၍ ဒီအခွင့်အရေးကို လက်လွတ်ခဲ့ပါက ယခင်က လို လှည့်လည်နေထိုင်ခဲ့ရသော ဘဝသို့ သူမ ပြန်လည်ရောက်ရှိသွားနိုင်သည်။

ရေကြည်ရာ မြက်နုရာ လှည့်လည်နေထိုင်ရသည့် ဘဝကို သူမ စိတ်ကုန်နေပြီဖြစ်သည်။ ရဲလိနန်ရန်က သူ့မေးခွန်းကို မဖြေပဲနေတာကို မြင်လိုက်ရသည်နှင့် ရှောင်ပင်တိန်က

“မြောက်ပိုင်းနယ်စားမင်းသားက အလွန်ဆုံး အသက် ၁၇ နှစ်ပဲ ရှိသေးတယ်။ ဒါပေမယ့် သူက ထိပ်သီးပညာရှင်တစ်ဦး ဖြစ်နေပြီ။ သူဟာ အနာဂတ်မှာ တန်ခိုးရှင်အဆင့်ကို ရောက်ဖို့ အခွင့်အလမ်းကောင်းတွေ ရှိနေတယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။ ကျွန်တော်တို့ မျိုးနွယ်စု စတည်ထောင်ကတည်းက စွမ်းအားကြီးသူတွေကို ရိုသေလေးစားခဲ့ကြတယ်။ သူဟာ စွမ်းအားကြီးပြီး ကျွန်တော်တို့ကို အနိုင်ယူထားတဲ့အတွက် သူ့ကို သစ္စာခံဖို့ ငြင်းဆန်စရာ အကြောင်းမရှိပါဘူး။”

“ကောင်းကင်ဝံပုလွေဘုရင် မျိုးနွယ်စုဟာ ဒီနေ့ ဒီအဆင့်ကို ရောက်လာတာက စစ်ပွဲတွေဆင်နွှဲပြီး မျိုးနွယ်စုငယ်တွေကို သိမ်းပိုက်ခဲ့လို့ပါပဲ။ အခု ကျွန်တော်တို့ ရှုံးနိမ့်သွားပြီဆိုတော့ ကျွန်တော်တို့ရဲ့ ကံကြမ္မာဟာ အရင်က ကျွန်တော်တို့ သိမ်းပိုက်ခဲ့တဲ့ မျိုးနွယ်စုတွေနဲ့ မထူးပါဘူး။ ဒါကို လက်ခံရတာ ခက်ခဲတဲ့ အရာတစ်ခုလို့ မထင်ပါဘူး။”

ရှောင်ပင်တိန်၏ စကားကို ကြားလိုက်ရသည်နှင့် လွင်ပြင်ဒေသ မျိုးနွယ်စုမှ အကြီးအကဲများသည် တွေးတောငေးငိုင် သွားကြသည်။ တကယ်တော့ ကောင်းကင်ဝံပုလွေဘုရင် မျိုးနွယ်စု လက်ရှိအဆင့်ကို ရောက်ရှိလာတာက ပတ်ဝန်းကျင်က မျိုးနွယ်ငယ်စုများကို စစ်ပွဲများဆင်နွှဲပြီး သိမ်းပိုက်ခဲ့ခြင်းကြောင့်ဖြစ်သည်။

ထိုအကြီးအကဲတွေထဲတွင် အချို့မှာ အခြား‌ မျိုးနွယ်ငယ်များမှ လာသူများဖြစ်၏။ ဖူအကြီးအကဲ၏ မူလမျိုးနွယ်စုကိုလည်း ကောင်းကင်ဝံပုလွေဘုရင် မျိုးနွယ်စုက သိမ်းပိုက်ပြီးနောက် သူတို့ကို သိမ်းသွင်းခဲ့ခြင်းဖြစ်သည်။

အကယ်၍ မြောက်ပိုင်းမြို့တော်ကို ပိုကြီးမား‌သော လွင်ပြင်ဒေသ မျိုးနွယ်စုတစ်ခုကဲ့သို့ ရှုမြင်မည်ဆိုပါက မြောက်ပိုင်းမြို့တော်ကို ပြောင်းရွှေ့ခြင်းသည် လက်မခံနိုင်စရာ မဟုတ်ပါ။

ထိုအချိန်တွင် လွင်ပြင်ဒေသ မျိုးနွယ်စုမှ အကြီးအကဲများသည် မြောက်ပိုင်းမြို့တော်သို့ ပြောင်းရွှေ့ရန် ပြင်းပြင်းထန်ထန် ကန့်ကွက်ခြင်း မရှိတော့ပါ။ သူတို့မှာ ရွေးချယ်စရာလည်း မရှိတော့ပါ။ သူတို့ လွင်ပြင်ဒေသကို ပြန်သွားပြီး မြောက်ပိုင်းဖရီဘုရင်က သူတို့ကို ရှာဖွေတွေ့ရှိသွားမယ်ဆိုရလျှင်လည်း သူတို့ သိမ်းပိုက်ခံရမည်သာ ဖြစ်သည်။

ထို့ပြင် ကောင်းကင်ဝံပုလွေဘုရင် မျိုးနွယ်စုမှ လူများသည် ရဲလိနန်ရန်၏ ဦးဆောင်မှုအောက်တွင် ရှနိုင်ငံတော်၏ ဘဝနေထိုင်မှုပုံစံကို လိုချင်နေကြပြီဖြစ်သည်။ အခုလို အခွင့်အလမ်းကောင်းတစ်ခု ရှိနေစဉ် သူတို့ ဘာကိုရွေးချယ်ရမည်ဆိုတာကို ထပ်ပြီး ဆွေးနွေးစရာ မလိုတော့ပါ။

ထိုအချိန်တွင် နတ်ဆရာ အကြီးအကဲကသူ၏မျက်လုံးများကို ဖွင့်လိုက်ပြီး

“မဲခွဲကြရအောင်။ မြောက်ပိုင်းမြို့တော်ကို ပြောင်းရွှေ့ဖို့ သဘောတူတဲ့သူတွေက လက်ထောင်ပြပါ” ဟု ပြောလိုက်သည်။

ထို့နောက် နတ်ဆရာ အကြီးအကဲက ပထမဆုံး လက်ထောင်လိုက်သည်။

နတ်ဆရာသည် မျိုးနွယ်စု၏ အကြီးအကဲများကြား အရေးပါသော နေရာတွင် ရှိနေပြီးသူက စပြီးသဘောတူနေ ‌သောကြောင့် အခြားသူများက ကန့်ကွက်ရန် မလွယ်ကူပေ။ နတ်ဆရာအကြီးအကဲပြီးနောက် ဖူအကြီးအကဲကလည်း လက်ထောင်လိုက်သည်။ မကြာမီ အကြီးအကဲများသည် မြောက်ပိုင်းမြို့တော်သို့ ရွှေ့ပြောင်းဖို့ မဲပေးရန် လက်များကို ထောင်လိုက်ကြသည်။

နတ်ဆရာ အကြီးအကဲက လက်ထောင်လိုက်သည့် အခိုက်အတန့်တွင် သူတို့သည် မြောက်ပိုင်းမြို့တော်သို့ ရွှေ့ပြောင်းရန် သဘောတူညီပြီး ဖြစ်နေပြီ ဖြစ်သည်။ နတ်ဆရာ အကြီးအကဲသည် မျိုးနွယ်စုတစ်ခုလုံးတွင် ရှေးရိုးအစွဲဆုံးသူဖြစ်ပြီး သူက သဘောတူသောကြောင့် အခြားသူများက သဘောမတူနိုင်ချေ မရှိပေ။

သို့သော် ထိုအချိန်အထိ ရဲလိနန်ရန်က လက်မထောင်‌သေးပေ။ ရဲလိနန်ရန်က လက်မထောင်တာကို မြင်သောအခါ ရှောင်ပင်တိန်က မေးလိုက်သည်။

“မိဖုရား။ ဒါက…”

ရဲလိနန်ရန်က ပြောလိုက်သည်။

“ကျွန်မမှာ ကောင်းကင်ဝံပုလွေဘုရင်မျိုးနွယ်စုရဲ့ အနာဂတ်ကို မဲပေးပိုင်ခွင့် မရှိဘူး။”

“ဒါပေမဲ့ ရှင်တို့အားလုံး သဘောတူတာနဲ့ ဗိုလ်ချုပ်ရှောင်က မြောက်ပိုင်းနယ်စားမင်းသားဆီ ဒီသတင်းကို သွားပြောသင့်တယ်။”

ရှောင်ပင်တိန်က ဆက်ပြောလိုက်သည်။ “ကျွန်တော် နားလည်ပါတယ်။”

ထို့နောက် ရှောင်ပင်တိန်သည် လှည့်ပြီး လုချန်းတို့ဘက်သို့ လျှောက်သွားလိုက်သည်။ ရှောင်ပင်တိန် ပြန်လာသည်ကို မြင်သောအခါ လုချန်းသည် ပြုံးနေသော မျက်နှာဖြင့် ပြောလိုက်သည်။

“ခင်ဗျားတို့ ဆုံးဖြတ်ချက်ချလိုက်ပြီထင်တယ်။ ကျွန်တော်သိချင်တာက ခင်ဗျားတို့အသက်ရှင်ဖို့ ရွေးခဲ့တာလား ဒါမှမဟုတ် ဖျက်ဆီးခံဖို့ ရွေးခဲ့တာလား။”

လုချန်း စကားပြောပြီးသည်နှင့် ရှောင်ပင်တိန်သည် ချက်ချင်းပင် ဒူးတစ်ဖက်ထောက်လိုက်ပြီး ဦးညွှတ်လိုက်ကာ ကျယ်လောင်စွာ ပြောလိုက်သည်။

“ကျွန်တော် ရှောင်ပင်တိန် မင်းသားကို ဂါရဝပြုပါတယ်။ ဒီနေ့မှစပြီး မင်းသားရဲ့ ဓားအဖြစ် အမှုထမ်းလိုပါတယ်။ မင်းသားရဲ့ လမ်းကို ရှင်းလင်းပေးပါရစေ။”

ထိုစကားကို ကြားလိုက်ရသောအခါ လုချန်းသည် ရှောင်ပင်တိန်၏ သစ္စာရှိမှုကို ကြည့်လိုက်သည်။ အဆင့် ၇၅ သို့ ရောက်ရှိသွားပြီဖြစ်သည်။ ထိုအရေအတွက်သည် မနည်းလှပေ။

ကောင်းကင်ဝံပုလွေဘုရင်မျိုးနွယ်စုသည် မြောက်ပိုင်းမြို့တော်သို့ ရွှေ့ပြောင်းရန် ရွေးချယ်လိုက်သည်ဟု ထင်ရသည်။

ထို့နောက် လုချန်းသည် ထလိုက်ပြီး ပြောလိုက်သည်။

“ဗိုလ်ချုပ် ရှောင်။ ကျေးဇူးပြုပြီး ထပါ။”

ရှောင်ပင်တိန်က

“ကျေးဇူးတင်ပါတယ် မင်းသား” ဟု ပြောလိုက်သည်။

စကားပြောပြီးသွားသောအခါ ရှောင်ပင်တိန်သည် မြေပြင်မှ ထလိုက်၏။ ထိုအချိန်တွင် လုချန်းသည် ရဲလိနန်ရန်နတို့ဘက်သို့ လျှောက်သွားလိုက်သည်။

........

အခန်း (၁၅၀)

အခုချိန်ကစပြီး ကောင်းကင်ဝံပုလွေဘုရင် မျိုးနွယ်စုဆိုတာ မရှိတော့ဘူး (၂)

မကြာမီ လုချန်းသည် သူတို့စကားပြောဆိုခဲ့သောနေရာသို့ ပြန်ရောက်လာခဲ့သည်။ ထို့နောက် သားမွေးကော်ဇောပေါ်တွင် ပြန်ထိုင်လိုက်ပြီး ရဲလိနန်ရန်ကို ပြောလိုက်သည်။

“ကျွန်တော်ပြောတဲ့ အခြေအနေတွေကို သဘောတူပြီးပြီလို့ ထင်ပါတယ်။”

“ဟုတ်ပါတယ်”

ရဲလိနန်ရန်က ပြောလိုက်သည်။

“ဒါပေမယ့် ကျွန်မတို့မှာ နောက်ထပ် တောင်းဆိုချက် တစ်ခုရှိပါတယ်။”

“အို။ ဘာ‌တောင်းဆိုချက်လဲ”

လုချန်းက မေးလိုက်သည်။

ရဲလိနန်ရန်က တိုက်ရိုက်မဖြေပဲ

“မင်းသားဟာ တကယ်ပဲ စစ်သား တစ်သိန်းကို လွှတ်ပေးဖို့ ရည်ရွယ်ချက် မရှိဘူးလား။ ကျွန်မတို့ မြောက်ပိုင်းမြို့တော်ကို ဝင်ရောက်လာရင် အဲဒီစစ်သား တစ်သိန်းဟာ အကျဉ်းသားတွေ မဟုတ်တော့ပဲ မင်းသားရဲ့ လက်အောက်ခံတွေ ဖြစ်သွားမှာပါ။”

ထိုစကားကို ကြားလိုက်ရသည်နှင့် လုချန်းသည် ရဲလိနန်ရန်၏ ရည်ရွယ်ချက်ကို နားလည်သွားပြီး

“ကျွန်တော် သူတို့ကို လွှတ်ပေးလို့ရတယ်။ ဒါပေမယ့် အခုချက်ချင်းတော့ မဟုတ်ဘူး။”

“သူတို့ကို မြောက်ပိုင်းမြို့တော်မှာ ဆယ်နှစ်ကြာ အလုပ်လုပ်စေမယ်။ အကယ်၍ သူတို့ဟာ ကောင်းကောင်းလုပ်ဆောင်မယ်ဆိုရင် ကျွန်တော် သူတို့ကို စောစောလွှတ်ပေးမယ်။ ဒီကာလအတွင်းမှာ သူတို့ရဲ့ မိသားစုတွေကို လာရောက်လည်ပတ်ခွင့် ပေးမယ်။ အကယ်၍ သူတို့ဟာ တကယ့်ကို ကောင်းကောင်းမွန်မွန် အလုပ်လုပ်ရင် ယာယီအားဖြင့် အိမ်ပြန်ခွင့်ပေးပြီး မိသားစုနဲ့ ပြန်လည်ဆုံစည်းခွင့် ပေးမယ်။”

ထိုစကားကို ကြားလိုက်ရသည်နှင့် ရဲလိနန်ရန်သည် စိတ်ထဲတွင် သက်ပြင်းချလိုက်မိသည်။ ဒါက မြောက်ပိုင်းနယ်စားမင်းသား လုပ်ပေးနိုင်သည့် အကြီးမားဆုံး လိုက်လျောမှုဖြစ်မည်ဟု သူမထင်သည်။

ထိုလိုက်လျောမှုထက်ပို၍ မြောက်ပိုင်းနယ်စားမင်းသားထံမှ ရယူနိုင်မည် မဟုတ်ပေ။

ရဲလိနန်ရန်က ဆက်မေးလိုက်သည်။ “ကောင်းကင်ဝံပုလွေဘုရင် မျိုးနွယ်စုတွေ မြောက်ပိုင်းမြို့တော်ကို ရွှေ့ပြောင်းလာရင် မြောက်ပိုင်းနယ်စားမင်းသားက ဘယ်လို စီစဉ်ပေးမှာလဲ။”

“ခင်ဗျားတို့ မြောက်ပိုင်းမြို့တော်ကို ရောက်လာရင် အလိုလို သိသွားမှာပါ”

လုချန်းက ပြောလိုက်သည်။

ရဲလိနန်ရန်က ထပ်မေး၏။

“ကျွန်မတို့လူတွေနဲ့ မြောက်ပိုင်းမြို့တော်က သာမန်ပြည်သူတွေကြား ပဋိပက္ခဖြစ်မှာကို မင်းသား မစိုးရိမ်ဘူးလား။ စစ်ပွဲက မကြာသေးခင်ကပဲ ပြီးသွားတာပါ။ ဒီစစ်ပွဲကြောင့် မြောက်ပိုင်းမြို့တော်မှာ လူတော်တော်များများ သေဆုံးခဲ့မှာပါ။ မြောက်ပိုင်းမြို့တော်က ပြည်သူတွေရဲ့ ကျွန်မတို့အပေါ် မုန်းတီးမှုကို တစ်ရက် နှစ်ရက်နဲ့ ဖျောက်ဖျက်လို့ မရနိုင်ပါဘူး။”

လုချန်းက ထိုအကြောင်းအရာကို ဆက်လက်မဆွေးနွေးတော့ပဲ အေးဆေးစွာဖြင့် ပြောလိုက်သည်။

“မြောက်ပိုင်းမြို့တော်ဟာ ကျယ်ပြန့်ပြီး လူဦးရေ နည်းပါးတယ်။”

ရှနိုင်ငံတော်၏ အခြားခရိုင်တွေနဲ့ နှိုင်းယှဉ်လျှင် မြောက်ပိုင်းမြို့တော်သည် မြေဧရိယာကျယ်ပြန့်ပြီး လူဦးရေနည်းပါးခြင်းကို ထင်ရှားစွာ မြင်တွေ့နိုင်သည်။ မြောက်ပိုင်းဒေသက လွင်ပြင်ဒေသ မျိုးနွယ်စုအားလုံး ရွှေ့ပြောင်းလာရင်တောင် မြောက်ပိုင်းမြို့တော်က လက်ခံနိုင်စွမ်း ရှိသေးသည်။

အဓိကအချက်က လုချန်းသည် မကြာမီ မြောက်ပိုင်းဒေသကို သူ၏နယ်မြေအောက်သို့ သိမ်းသွင်းတော့မည်ဖြစ်ပြီး ထိုအချိန်တွင် သူ၏နယ်မြေသည် မြောက်ဘက်သို့ ဆက်လက်ချဲ့ထွင်သွားမည်ဖြစ်ကာ ပိုမိုကျယ်ပြန့်သော မြေနေရာများ ရရှိလာမည်ဖြစ်သည်။

လွင်ပြင်ဒေသ မျိုးနွယ်စုတို့၏ လူဦးရေမှာ ထိုမြေဧရိယာနှင့် နှိုင်းယှဉ်လျှင် မပြောပလောက်ပေ။ ပြည်သူတို့၏ မုန်းတီးမှုမှာ တိုတောင်းသောကာလအတွင်း ပပျောက်အောင် လုပ်နိုင်မည့်အရာ မဟုတ်ပါ။ သူတို့ သင့်သင့်မြတ်မြတ် ရောနှောနေထိုင်နိုင်ရန် အချိန်လိုအပ်၏။

လုချန်းက ဆက်လက်ပြောလိုက်သည်။

“ခင်‌ဗျာတို့မှာ အခြားမေးစရာတွေ ရှိသေးရင်ဒိီ‌နေ့ပဲ တစ်ခါတည်း မေးလိုက်ပါ။ ကျွန်တော်ကိုယ်တိုင် ဖြေပေးမယ်။”

ခဏစဉ်းစားပြီးနောက် ရဲလိနန်ရန်က ပြောလိုက်သည်။

“ကျွန်မတို့ မြောက်ပိုင်းမြို့တော်ကို ရောက်ရင် ကျွန်မတို့ရဲ့ စစ်သားတွေကို သွားကြည့်ချင်ပါတယ်။”

လုချန်းသည် စဉ်းပင်မစဉ်းစားပဲ ချက်ချင်းဖြေလိုက်သည်။

“အဲဒါ ဖြစ်နိုင်ပါတယ်။”

ရဲလိနန်ရန်ကို လွင်ပြင်ဒေသ မျိုးနွယ်စုအကျဉ်းသားများနှင့် သွားရောက်တွေ့ဆုံစေရန် လုချန်း စီစဉ်ထားပြီးဖြစ်သည်။ ထိုသို့လုပ်ဆောင်ရခြင်းမှာ လွင်ပြင်ဒေသ မျိုးနွယ်စုများကို တည်ငြိမ်စေရန်နှင့် အကျဉ်းသားများ စိတ်ထဲတွင် အခြားအတွေးများ မဝင်စေရန်ဖြစ်သည်။

ရဲလိနန်ရန်ကိုယ်တိုင် တောင်းဆိုလာ သောအခါ လုချန်းအနေဖြင့် ငြင်းပယ်စရာ အကြောင်းမရှိတော့ပေ။ ထို့နောက် ရဲလိနန်ရန်က အသက်ပြင်းပြင်း ရှူသွင်းလိုက်ပြီး ပြောလိုက်သည်။

“မြောက်ပိုင်းနယ်စားမင်းသားကို ကျေးဇူးတင်ပါတယ်။ ကျွန်မတို့မှာ အခြားပြဿနာတွေ မရှိတော့ပါဘူး။”

“ကောင်းပါပြီ”

လုချန်းက ပြောလိုက်သည်။

“ခင်ဗျားတို့မှာ အခြားပြဿနာတွေ မရှိတော့ရင် မိဖုရား ရဲလိန်ရန်နဲ့ မင်းသမီး ရှောင်ဝမ် ယောင်တို့ဟာ ကျွန်တော်နဲ့အတူ ချက်ချင်းပဲ မြောက်ပိုင်းမြို့တော်ကို ပြန်လိုက်ရပါမယ်။”

ထိုစကားကို ကြားလိုက်ရသည်နှင့် လွင်ပြင်ဒေသ မျိုးနွယ်စု အကြီးအကဲများ၏ မျက်နှာများတွင် ဝမ်းနည်းမှု အရိပ်အရောင်များ ထင်ဟပ်လာတော့သည်။ မိဖုရား ထွက်ခွာသွားပြီး ကောင်းကင်ဝံပုလွေဘုရင် မျိုးနွယ်စု မြောက်ပိုင်းမြို့တော်သို့ ရွှေ့ပြောင်းသွားခြင်းသည် ကောင်းကင်ဝံပုလွေဘုရင် မျိုးနွယ်စု၏ အဆုံးသတ်ကို ဆိုလိုခြင်းဖြစ်သည်။

သူတို့၏ ဘဝနေထိုင်မှုများသည် ယခင်ထက် ပိုမိုကောင်းမွန်လာနိုင်သော်လည်း ကောင်းကင်ဝံပုလွေဘုရင် မျိုးနွယ်စုအပေါ်ရှိ သူတို့၏ အစွဲအလန်းမှာ တစ်ညတည်းဖြင့် ‌မေ့ပျောက်၍ရသော အရာမဟုတ်ပေ။

ထိုအချိန်တွင် လုချန်းက ထလိုက်ပြီး အနက်ရောင် မြင်းတပ်ရှိရာသို့ လျှောက်သွားလိုက်သည်။ သူ၏ နောက်ပြန်လှည့်ထွက်သွားသည့် ပုံရိပ်ကို ကြည့်ရင်း ရဲလိနန်ရန်သည် အလွန်ရှုပ်ထွေးသော စိတ်ခံစားချက်များကို ခံစားလိုက်ရသည်။

သူမ၏အသက်ကြီးချိန်မှ မြောက်ပိုင်းနယ်စားမင်းသား၏ မိန်းမဖြစ်လာမည်ကို သူမသည် မည်သည့်အခါကမှ မမျှော်လင့်ထားခဲ့ပေ။ သူမသည် မြောက်ပိုင်းနယ်စားမင်းသားထက် များစွာအသက်ပိုကြီးသည်။

ထိုအချိန်တွင် အတွေးလွန်သကဲ့သို့ ဖြစ်နေသော ရှောင်ဝမ်ယောင်ကို ရဲလိနန်ရန်က လှည့်ကြည့်လိုက်ပြီး

“ယောင်ယောင်။ သွားကြရအောင်”

ဟု ပြောလိုက်သည်။

ရှောင်ဝမ်ယောင် အံ့အားသင့်သွားပြီး “မိဖုရား။ ကျွန်မတို့ တကယ်ပဲ မြောက်ပိုင်းနယ်စားမင်းသား၏ စံအိမ်ကို သွားကြမှာလား” ဟု မေးလိုက်သည်။

“မြောက်ပိုင်းနယ်စားမင်းသားနဲ့ မြောက်ပိုင်းဖရီဘုရင်ကြား ဘယ်သူ့ကို ရွေးချယ်မလဲ” ဟု ရဲလိနန်ရန်က ပြန်မေးလိုက်သည်။

ရှောင်ဝမ်ယောင်က

“ကျွန်မ နားလည်ပါတယ်” ဟု ဝမ်းနည်းစွာ ပြောလိုက်သည်။

ထို့နောက် ရှောင်ဝမ်ယောင်လည်း အနက်ရောင်မြင်းတပ်ရှိရာသို့ လျှောက်သွားလိုက်သည်။ အနက်ရောင်မြင်းတပ်ရှေ့သို့ ပြန်ရောက်သောအခါ လုချန်းက ရှောင်ပင်တိန်ကို ပြောလိုက်သည်။

“ဗိုလ်ချုပ် ရှောင်။ ကောင်းကင်ဝံပုလွေဘုရင် မျိုးနွယ်စုကို မြောက်ပိုင်းမြို့တော်ထဲနေရာချထားမယ့်ကိစ္စ ခင်ဗျားကိုပဲ အပ်လိုက်‌တော့မယ်။”

ထိုစကားကို ကြားသောအခါ ရှောင်ပင်တိန် ခဏတာမျှ အံ့အားသင့်သွားသည်။ သူသည် မကြာသေးမီကမှ မြောက်ပိုင်းနယ်စားမင်းသားထံ သစ္စာခံခဲ့၏။ ယခု မြောက်ပိုင်းနယ်စားမင်းသားက သူ့အား ထိုတာဝန်ကို ပေးအပ်လိုက်သည်။

သူ့မှာ အခြားရည်ရွယ်ချက်တွေ ရှိလာနိုင်တာကို မြောက်ပိုင်းနယ်စားမင်းသားက မစိုးရိမ်ဘူးလား။

လုချန်းက ရှောင်ပင်တိန် ဘာတွေးနေသည်ကို ဂရုမစိုက်ပဲ ချင်ယူရှန်ကို ပြောလိုက်သည်။

“တပ်မှူး ချင်။ ခင်ဗျားမှာ စွမ်းအားပြန်လည်ရရှိစေတဲ့ ဆေးတစ်မျိုး ရှိသည်ဟု ပြောခဲ့တယ် မဟုတ်လား။ ဗိုလ်ချုပ်ရှောင်ကို တစ်လုံး ပေးလိုက်ပါ။”

ချင်ယူရှန် မတွန့်ဆုတ်ပဲ သူ၏လက်မောင်းအတွင်းမှ ကြွေပုလင်းကလေးတစ်ခုကို ထုတ်ယူပြီး ရှောင်ပင်တိန်ထံ ပေးလိုက်ကာ

“ ဒါကစွမ်းအားပြန်ရခြင်း ဆေးလုံးပါ။ တစ်လုံးတည်းနှင့် ခင်ဗျားရဲ့ စွမ်းအားကို ပြန်လည်ရရှိစေမှာပါ။ နှစ်ပတ်အတွင်း နဂို ပညာရှင်အဆင့်သို့ ပြန်ရောက်ရှိနိုင်မှာပါ” ဟု ပြောလိုက်သည်။

ချင်ယူရှန်၏လက်ထဲတွင် ရှိသော ပုလင်းကလေးကို မြင်သောအခါ ရှောင်ပင်တိန်အလွန်အမင်း စိတ်လှုပ်ရှားသွားသည်။ တစ်သက်လုံး သူ၏စွမ်းအားဆုံးရှုံးသွားပြီး စွမ်းအားပြန်လည်ရရှိရန် အလွန်ခက်ခဲမည်ဟု ထင်မှတ်ထားသည်။ မြောက်ပိုင်းနယ်စားမင်းသားထံတွင် ထိုကဲ့သို့သော အံ့ဖွယ်ဆေးဝါး ရှိမည်ကို သူ မမျှော်လင့်ထားခဲ့ပေ။

ရှောင်ပင်တိန်သည် ချင်ယူရှန်၏လက်ထဲမှ ပုလင်းကလေးကို ယူပြီး လုချန်းကို ချက်ချင်းပြောလိုက်သည်။

“မင်းသား။ ကျွန်တော့်ကို ယုံကြည်ပေးမှုအတွက် ကျေးဇူးတင်ပါတယ်။”

ထို့နောက် ရှောင်ပင်တိန်သည် ပုလင်းကို ဖွင့်ပြီး အတွင်းရှိ ဆေးလုံးကို မတွန့်မဆုတ်ပဲ မျိုချလိုက်သည်။ ထိုဆေးလုံးသည် အဆိပ်လည်း ဖြစ်နိုင်သည်ကို သူ မစဉ်းစားမိပေ။ အကယ်၍ အဆိပ်ဖြစ်ခဲ့ပါကလည်း သူလက်ခံရမည်သာ ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် သူသည် မသန်မစွမ်းဘဝကို ရောက်နေပြီဖြစ်ပြီး သူ၏စွမ်းအားများ ပြန်လည်ရရှိရန် အခွင့်အလမ်းက နည်းပါးနေသည်။

ရှောင်ပင်တိန်သည် စွမ်းအားပြန်ရခြင်းဆေး လုံးကို မျိုချပြီးနောက် သူ၏စွမ်းအား ပြန်လည်ရရှိလာသည်ကို ချက်ချင်း ခံစားရသည်။ ထို့အပြင် သူ၏ ခန္ဓာကိုယ်ပတ်လည်တွင် ကာကွယ်ခြင်း အတွင်းအားများ ဖြစ်ပေါ်လာသည်။

စွမ်းအားပြန်ရခြင်း ဆေးလုံးက ဘာဆိုတာကို သူ မသိသော်လည်း ထိုဆေးအလွန်တန်ဖိုးကြိီးမည် ဆိုတာကို‌တော့ ရှောင်ပင်တိန် နားလည်သည်။ လုချန်းက ထိုကဲ့သို့သော တန်ဖိုးကြီးဆေးကို သူ့အား ပေးအပ်ခဲ့သည်မှာ သူ့အား မည်မျှတန်ဖိုးထားသည်ကို ပြသခြင်းဖြစ်သည်။

တဒင်္ဂအကြာတွင် ရှောင်ပင်တိန်၏ သစ္စာရှိမှုသည် လျင်မြန်စွာ တက်လာပြီး ချက်ချင်း ၈၉ ကို ရောက်သွားကာ ၉၀ နီးပါးအထိ ရောက်သွားသည်။ ရှောင်ပင်တိန် သူ၏စွမ်းအားကို ပြန်လည်ရရှိသွားသည်ကို မြင်လိုက်ရသည်နှင့် လုချန်းက ဆက်ပြောသည်။

“ဗိုလ်ချုပ်ရှောင်။ ခင်ဗျားကတော့ ဒီနေ့ ခင်ဗျားတို့ရဲ့ မျိုးနွယ်စု အကြီးအကဲတွေနဲ့အတူ ကောင်းကင်ဝံပုလွေဘုရင် မျိုးနွယ်စုဆီ ပြန်သင့်တယ်။”

ထိုစကားကို ကြားလိုက်ရသည်နှင့် ရှောင်ပင်တိန် ထပ်မံ၍ ငေးငိုင်သွားခဲ့ရသည်။

သတိပြန်ဝင်လာသည်နှင့် ရှောင်ပင်တိန်က ချက်ချင်းမေးလိုက်သည်။

“မင်းသား။ ကျွန်တော် ထွက်ပြေးသွားမှာကို မကြောက်ဘူးလား။”

အခုဆိုရင် သူ့ရဲ့ စွမ်းအား ၉၀ရာခိုင်နှုန်း ပြန်ရသွားပြီဖြစ်သဖြင့် အကယ်၍ သူ့ကို ကောင်းကင်ဝံပုလွေဘုရင် မျိုးနွယ်စုဆီ ပြန်ခွင့်ပြုလိုက်ပါက မြောက်ပိုင်းမြို့တော်ကို ဘယ်တော့မှ ပြန်မလာတော့ပဲ ထွက်ပြေးသွားနိုင်၏။

လုချန်းက သူ့ကို ဘာကြောင့် ဒီလောက် ယုံကြည်မှုရှိနေတာလဲဆိုတာကို ရှောင်ပင်တိန်က နားမလည်ပါ။

လုချန်းက ပြုံးပြုံး ရယ်ရယ်ဖြင့် ပြောလိုက်သည်။

“ခုနက ပြောသလိုပဲပေါ့။ ခင်ဗျား ထွက်ပြေးလို့ရတယ်လို့ ထင်ရင် ကြိုးစားကြည့်လိုက်ပါ။”

ထိုစကားကို ပြောပြီးနောက် လုချန်းသည် သူ၏ မြင်းဆီသို့ လျှောက်သွားပြီး မြင်းပေါ်တက်စီးလိုက်သည်။ ထိုအချိန်တွင် ရဲလိနန်ရန်နှင့် ရှောင်ဝမ်ယောင်တို့လည်း အနက်ရောင် မြင်းတပ်ဘက်သို့ ချဉ်းကပ်လာကြသည်။

ဝမ်ရန်လီက မြင်းနှစ်ကောင်ကို ခေါ်လာပြီး ရဲလိနန်ရန်နှင့် ရှောင်ဝမ်ယောင်တို့ကို “အမျိုးသမီးများ ကျေးဇူးပြုပြီး တက်ပါ” ဟု ပြောလိုက်သည်။

ဝမ်ရန်လီက သူမကို “အမျိုးသမီး” ဟု ခေါ်သည်ကို ကြားလိုက်ရသည်နှင့် ရှောင်ဝမ်ယောင်၏ မျက်နှာ ချက်ချင်း နီရဲသွားသည်။ သူမသည် မြင်းပေါ်တွင် ရှိနေပြီဖြစ်သော လုချန်းကို ခိုးကြည့်လိုက်သည်။

လုချန်းက သူမကို လက်ထပ်ဖို့ ရည်ရွယ်ထားသည်ဟု ရှောင်ဝမ်ယောင် မယုံကြည်ပါ။ သူမကလည်း လုချန်းနဲ့ လက်ထပ်ဖို့ မစဉ်းစားပါ။

ရှောင်ဝမ်ယောင်၏ အမြင်တွင် သူမသည် လုချန်း၏ အစေခံတစ်ဦးသာ ဖြစ်သည်။ ရှောင်ဝမ်ယောင်သည် လွင်ပြင်ဒေသတွင် ကြီးပြင်းလာခဲ့ပြီး သူမ၏ လောကကြီးအကြောင်း နားလည်သဘောပေါက်ပုံကို ထိုနေရာမှ ပုံဖော်ပေးခဲ့သည်။

လွင်ပြင်ဒေသတွင် ရှုံးနိမ့်သူများသည် အမြဲတမ်း အစေခံများဖြစ်ကြသည်။ လွင်ပြင်ဒေသတွင် လူ့အခွင့်အရေးဆိုတာ မရှိပါ။ ရဲလိနန်ရန်ကတော့ အများကြီး မတွေးပဲ မြင်းကို လျင်မြန်စွာ တက်စီးလိုက်သည်။

ရဲလိနန်ရန် မြင်းပေါ်တွင် ရောက်သွားသည်နှင့် ရှောင်ဝမ်ယောင်လည်း သတိပြန်ဝင်လာပြီး မြင်းကို မြန်မြန်ဆန်ဆန် တက်စီးလိုက်သည်။ ဒီမှာအစေခံ ဖြစ်ရတာက မြောက်ပိုင်းဖရီးဘုရင်လို လူသားတွေကို စားသော၊ ရေမချိုး သော လူအိုကြီးတစ်ယောက်နဲ့ လက်ထပ်ရတာထက် ပိုကောင်း၏။

ထိုအတွေးဖြင့် ရှောင်ဝမ်ယောင်သည် သူမ၏ ကံကြမ္မာကို လက်ခံလိုက်ပြီး မြောက်ပိုင်းနယ်စားမင်းသား၏ အစေခံမိန်းမငယ်လေးအဖြစ် သူမကိုယ်သူမ မှတ်ယူလိုက်သည်။ အခုချိန်ကစပြီး မြောက်ပိုင်းနယ်စားမင်းသားသည် ရှောင်ဝမ်ယောင်၏ သခင်ဖြစ်လာပြီဖြစ်သည်။

ထိုအချိန်တွင် ရှောင်ပင်တိန်က ရှောင်ဝမ်ယောင်ကို ကြည့်ပြီး

“ယောင်ယောင်။ ဦးလေး အခု မျိုးနွယ်စုဆီ ပြန်သွားမယ်။ ခဏနေရင် မင်းကို ပြန်လာကြည့်မယ်” ဟု ပြောလိုက်သည်။

ထိုစကားကို ကြားလိုက်ရသည်နှင့် ရှောင်ဝမ်ယောင်နှင့် ရဲလိနန်ရန်တို့သည် ငေးငိုင်သွားကြသည်။ လုချန်းက ရှောင်ပင်တိန်ကို ကောင်းကင်ဝံပုလွေဘုရင် မျိုးနွယ်စုဆီ ပြန်ခွင့်ပြုမယ်ဆိုသည့် အစီအစဉ်ကို သူတို့ ကြိုတင်မသိခဲ့ကြပါ။

သတိပြန်ဝင်လာသည်နှင့် ရဲလိနန်ရန်၏ လှပသော မျက်လုံးများသည် လုချန်း၏ ကျောဘက်ကို စိုက်ကြည့်နေပြီး ထိုလူငယ်ကို နားလည်နိုင်ဖို့ ကြိုးစားနေသည်။

......

All Chapters