အခန်း ၁၅၁-၁၅၃
Vol. 11 Ch. 151-153
အခန်း (၁၅၁)
ရည်မှန်းချက်ကကြီးပါတယ် ဒါပေမဲ့ အင်အား မျှမမျှ မသေချာ
ရှောင်ပင်တိန်သည် ကောင်းကင်ဝံပုလွေဘုရင် မျိုးနွယ်စု၏ ဗိုလ်ချုပ်ကြီးဖြစ်ပြီး ကောင်းကင်ဝံပုလွေဘုရင် ရာထူးအတွက် လျာထားခံရသူလည်း ဖြစ်သည်။ ယခုအချိန်တွင် လုချန်းက သူ့ကို ကောင်းကင်ဝံပုလွေဘုရင် မျိုးနွယ်စုထံ ပြန်ခွင့်ပြုလိုက်သည့်ကိစ္စက ရဲလိနန်ရန် ဘယ်တုန်းကမှ မျှော်လင့်ထားခြင်း မရှိသည့် အရာဖြစ်သည်။
မြောက်ပိုင်းနယ်စားမင်းသား၏ ထို့ကဲ့သို့ ရဲရင့်မှုမျိုးမှာ အသက် ၁၆ နှစ်၊ ၁၇ နှစ်အရွယ် ကလေးတစ်ဦးတွင် ရှိမည့် အရာမဟုတ်ပါ။ လုချန်း၏ ပုံရိပ်ကို မျက်လုံး မခွာနိုင်အောင် ရဲလိနန်ရန် စိုက်ကြည့်နေမိနေသည်။
တကယ်တော့ ရဲလိနန်ရန်ပင် ရှောင်ပင်တိန်အပေါ် ယုံကြည်မှု အပြည့်အဝ မရှိပေ။ ကောင်းကင်ဝံပုလွေဘုရင် စစ်ပွဲတွင် ကျဆုံးသွားပြီဖြစ်ပြီး သူမကိုယ်တိုင်လည်း မြောက်ပိုင်းနယ်စားမင်းသား၏ လက်အောက်သို့ ရောက်ရှိသွားပြီဖြစ်သည်။
ထို့ကြောင့် ရှောင်ပင်တိန်သည် ကောင်းကင်ဝံပုလွေဘုရင် မျိုးနွယ်စုထံ ပြန်ရောက်သွားပါက သူသည် အာဏာ၏ ဗဟိုချက်ဖြစ်လာမည်။
သူသည် ကောင်းကင်ဝံပုလွေဘုရင် မျိုးနွယ်စုကို မြောက်ပိုင်းဒေသမှ ခွဲထုတ်ပြီး ထွက်ခွာသွားနိုင်သလို မြောက်ပိုင်းဖရီဘုရင်၏ မျိုးနွယ်စုနှင့် ပူးပေါင်းကာ မြောက်ပိုင်းမြို့တော်သို့ ပြောင်းရွှေ့ရန် ငြင်းဆန်နိုင်သည်။
ထိုကဲ့သို့သော အချိန်တွင် ရှောင်ပင်တိန်ကို ကောင်းကင်ဝံပုလွေဘုရင် မျိုးနွယ်စုထံ ပြန်လွှတ်လိုက်ခြင်းမှာ ဘယ်သူမှာမှ ရှိနိုင်သည့် ရဲရင့်မှုမျိုး မဟုတ်ပေ။ လုချန်းကတော့ အပြည့်အဝ ယုံကြည်မှုရှိ နေသည်ကို ရဲလိနန်ရန် မြင်တွေ့ရသည်။ ဤလူငယ်လေးသည် သူမ တွေ့ဖူးသမျှထဲတွင် သူ့ကိုယ်သူ ယုံကြည်မှူအရှိဆုံးနှင့် အရဲရင့်ဆုံး လူသားဖြစ်သည်။
ထိုအချိန်တွင် ရှောင်ဝမ်ယောင်က သတိဝင်လာပြီး သတိထားမေးလိုက်သည်။
“ဦးလေး။ မြောက်ပိုင်းနယ်စားမင်းသားက ဦးလေးကို ပြန်ခွင့်ပြုတော့မှာလား။”
ရှောင်ပင်တိန်က ခေါင်းညိတ်လိုက်ပြီး “မြောက်ပိုင်းနယ်စားမင်းသားက မျိုးနွယ်စုကို မြောက်ပိုင်းမြို့တော်သို့ ပြောင်းရွှေ့ဖို့ ဦးလေးကို တာဝန်ပေးထားတယ်” ဟု ပြောလိုက်သည်။
ရဲလိနန်ရန်က လုချန်းဘက်မှ မျက်နှာလွှဲလိုက်ပြီး ရှောင်ပင်တိန်ကို ကြည့်ကာ “ဗိုလ်ချုပ်ရှောင်။ မြောက်ပိုင်းနယ်စားမင်းသားက ရှင့်ကို အတော်လေး အားကိုးနေပုံရတယ်” ဟု ပြောလိုက်သည်။
ရဲလိနန်ရန်၏ စကားကို ကြားလိုက်ရသည့်အခါ ရှောင်ပင်တိန်မှာ စိတ်ထဲတွင် ရောထွေးသည့် ခံစားချက်များ ဖြစ်ပေါ်လာသည်။
သူက ပြုံးရယ်ရင်း
“ဒါဟာ ဂုဏ်ယူစရာပါပဲ”
ဟု ပြောလိုက်သည်။
ထို့နောက် ရှောင်ပင်တိန်က ရှောင်ဝမ်ယောင်ကို ကြည့်ပြီး
“ယောင်ယောင်။ မြောက်ပိုင်းနယ်စားမင်းသားစံအိမ်ဟာ တို့ရဲ့နန်းတော်မဟုတ်ဘူး။ အဲဒီကို ရောက်သွားရင် အရင်လို စိတ်တိုင်းကျ မလုပ်နိုင်တော့ဘူး” ဟု သတိပေးလိုက်သည်။
ရှောင်ပင်တိန်သည် ရှောင်ဝမ်ယောင်၏ ကျေးကျွန်များကို ညှဉ်းပန်းတတ်သည့် အကျင့်ကို သိထားသည်။ သူတို့နန်းတော်အတွင်းတွင် ထိုသို့လုပ်ခြင်းမှာ ဝေဖန်စရာ မရှိသော်လည်း မြောက်ပိုင်းနယ်စားမင်းသား၏ စံအိမ်မှာမူ ကွဲပြားသည်။
အဲဒီနေရာတွင် ရှနိုင်ငံတော်မှ လူများနေထိုင်ပြီး အစေခံများလည်း ရှနိုင်ငံတော်မှ ဖြစ်သည်။ ရှောင်ဝမ်ယောင်မှာ လွင်ပြင်ဒေသ မျိုးနွယ်စုမှ ဓားစာခံသက်သက်သာ ဖြစ်သည်။ အကယ်၍ သူမအရင်လို အစေခံများကို ဆက်လက် ညှဉ်းပန်းပါက မြောက်ပိုင်းနယ်စားမင်းသား၏ ဒေါသထွက်ခြင်းကို ခံရနိုင်သည်။
ရှောင်ဝမ်ယောင်က ပြောလိုက်သည်။
“ဦးလေး။ စိတ်မပူပါနဲ့။ ကျွန်မ ဘာလုပ်ရမယ်ဆိုတာ သိပါတယ်။”
ရှောင်ဝမ်ယောင်သည် သူမ၏ နှလုံးသားထဲတွင် မြောက်ပိုင်းနယ်စားမင်းသား၏ အစေခံဖြစ်ရန် စိတ်ပိုင်းဖြတ်ထားပြီးဖြစ်သည်။ အစေခံများစွာကို ပိုင်ဆိုင်ခဲ့ဖူးသူတစ်ယောက်အနေဖြင့် သူမ၏ ယခင်အတွေ့အကြုံများအရ အစေခံတစ်ယောက်သည် မည်သို့ပြုမူရမည်ကို သူမ သဘောပေါက်နေသည်။
ရှောင်ဝမ်ယောင်ကို သတိပေးပြီးနောက် ရှောင်ပင်တိန်သည် ရဲလိနန်ရန်ကို ကြည့်ပြီး ပြောလိုက်သည်။
“မိဖုရား။ဂရုစိုက်ပါ”
သူ၏ အသံပျောက်ကွယ်သွားသောအခါ ရှောင်ပင်တိန်သည် လှည့်ပြီး လွင်ပြင်ဒေသ မျိုးနွယ်စု အကြီးအကဲများ ရှိရာဘက်သို့ လျှောက်သွားလိုက်သည်။
ရှောင်ပင်တိန် မြင်သောအခါ သူ၏ စွမ်းအားများ ပြန်လည်ရရှိထားပုံ ပေါ်နေသောကြောင့်ရ မျိုးနွယ်စု အကြီးအကဲများသည် ခဏတာ အလွန်စိတ်လှုပ်ရှားသွားကြသည်။ သို့သော် ရှောင်ပင်တိန်၏ စကားများသည်အကြီးအကဲများ၏ စိတ်ကို အေးစက်သွားစေသည်။
“အကြီးအကဲများ။ ကျွန်တော် မြောက်ပိုင်းနယ်စားမင်းသားကို သစ္စာခံပြီးပါပြီ။ မြောက်ပိုင်းမြို့တော်သို့ ရွှေ့ပြောင်းရေးအတွက် တာဝန်ယူပါမယ်။”
နတ်ဆရာ အကြီးအကဲက သက်ပြင်းချလိုက်ပြီး တစ်ဖက်လှည့်ကာ ပြောလိုက်သည်။
“သွားကြရအောင်။ ပြန်ဖို့ ပြင်ဆင်ကြမယ်။”
သူက နောက်ထပ် ဘာမှမပြောတော့ပေ။ ကောင်းကင်ဝံပုလွေဘုရင်မျိုးနွယ်စုသည် ပြန်လမ်းမရှိသော လမ်းကြောင်းပေါ်တွင် ရှိနေပြီဖြစ်သည်။ ရှောင်ပင်တိန် ပြန်လာခြင်းသည် ထိုအရာကို ပြောင်းလဲနိုင်မည် မဟုတ်ပေ။
ယခုအချိန်တွင် မြောက်ပိုင်းဖရီဘုရင်သည် သူ၏ စစ်တပ်ကို ဦးဆောင်ပြီး မြောက်ပိုင်းဒေသတစ်ခုလုံးတွင် သူတို့ကို ရှာဖွေနေမည်ဖြစ်သည်။ ရှောင်ပင်တိန် ပြန်လာသော်လည်း သူတို့မျိုးနွယ်စု၏ အင်အားသည် မြောက်ဖရီးဘုရင်နှင့် တိုက်ရိုက်ရင်ဆိုင်ရန် မလုံလောက်ပေ။
တောင်ဘက်သို့ ရွှေ့ပြောင်းခြင်းသည်သာ မြောက်ဖရီးဘုရင်ကို ရှောင်ရှားရန်အတွက် သူတို့အတွက် ကျန်ရှိသည့် တစ်ခုတည်းသော နည်းလမ်းဖြစ်သည်။
သို့မဟုတ် သူတို့သည် မြောက်ဖရီးဘုရင်၏ မျိုးနွယ်စုထဲသို့ တိုက်ရိုက်ဝင်ရောက်နိုင်သည်။
သို့သော် ကောင်းကင်ဝံပုလွေဘုရင်မျိုးနွယ်စုမှ လူအများစုသည် မြောက်ပိုင်းဖရီဘုရင်၏ မျိုးနွယ်စုထဲသို့ ဝင်ရောက်ရန် မဖြစ်နိုင်ပေ။
ရဲလိနန်ရန်၏ ဦးဆောင်မှုအောက်တွင် နှစ်ပေါင်းများစွာ နေထိုင်ခဲ့သော ကောင်းကင်ဝံပုလွေဘုရင်မျိုးနွယ်စုဝင်များ၏ ဘဝ နေထိုင်မှုနှင့် အလေ့အထများသည် ရှနိုင်ငံတော်နှင့် ပိုမိုနီးစပ်လာခဲ့သည်။ မြောက်ပိုင်းဖရီဘုရင်၏ မျိုးနွယ်စုသည် ယဉ်ကျေးမှုမရှိသေးသော မျိုးနွယ်စုတစ်ခုဖြစ်နေဆဲဖြစ်သည်။
သို့သော် မြက်ခင်းလွင်ပြင်ပေါ်တွင် နေထိုင်ရသည့် ဘဝကို နှစ်သက်သူများလည်း ရှိနေဆဲဖြစ်သည်။
နတ်ဆရာ အကြီးအကဲ၏ စကားကို ကြားလိုက်ရသောအခါ အားလုံး တိတ်ဆိတ်သွားကြသည်။ အပြန်လမ်းတွင် မည်သူမှ စကားမပြောကြပေ။ မြောက်လေတိုက်ခတ်နေသော မြက်ခင်းပြင်ပေါ်တွင် လေတိုးသံနှင့် မြင်းခွာသံများသာ ကြားနေရသည်။
ထိုအချိန်တွင် လုချန်းသည်လည်း ရဲလိနန်ရန်နှင့် ရှောင်ဝမ်ယောင်တို့နှင့်အတူ အိမ်ပြန်ရန် စတင်ထွက်ခွာလိုက်သည်။ ခရီးတစ်လျှောက်တွင် လုချန်းသည် ရဲလိနန်ရန်ကို စွဲမက်လာမိပြီး သူတို့ အနားယူစဉ်တွင် သူမနှင့် ဆက်ဆံလိုစိတ်များ ဖြစ်ပေါ်လာသည်။
ရဲလိနန်ရန်၏ ရင့်ကျက်သော အလှအပသည် ယောက်ျားများအပေါ် အလွန်ပြင်းထန်သော သက်ရောက်မှုရှိ၏။ လုချန်းသည် ထိပ်သီးပညာရှင်အဆင့်သို့ ရောက်ရှိပြီးသော်လည်း သူမရှေ့တွင် သူ့ကိုယ်သူ ထိန်းချုပ်ရန် ခက်ခဲနေသည်။
ရဲလိနန်ရန်၏ လွင်ပြင်ဒေသ မျိုးနွယ်စုအတွင်း ဆယ်စုနှစ်များစွာ သူမ၏ သန့်ရှင်းမှုကို ထိန်းသိမ်းထားနိုင်ခြင်းက လုချန်းအား သူမအပေါ် နက်နက်ရှိုင်းရှိုင်း လေးစားမှုကို ဖြစ်စေသည်။
ရဲလိနန်ရန်သည် မည်သည့်စွမ်းအားကိုမှ အသုံးမပြုပဲ လွင်ပြင်ဒေသ မျိုးနွယ်စုအတွင်း ဤမျှကြာအောင် သူမ၏ သန့်ရှင်းမှုကို ထိန်းသိမ်းထားနိုင်မည်တော့ မဟုတ်ပေ။
ကံကောင်းစွာပင် လုချန်းသည် သူ၏ ကိုယ်ရံတော် ပိုင်ချင်းချင်းကို အမြဲတမ်း ဘေးတွင် ထားရှိသည်။ သူ့ကိုယ်သူ ထိန်းချုပ်ရန် မတတ်နိုင်သည့်အခါ သူသည် ပိုင်ချင်းချင်းနှင့် စကားပြောကာ သူတို့၏ ဆက်ဆံရေးကို မြှင့်တင်လေ့ရှိသည်။
ရဲလိနန်ရန်သည် ယခုအခါ လုချန်းအပိုင်ဖြစ်နေပြီဖြစ်သော်လည်း သူတို့သည် အိမ်ပြန်လမ်းခရီးပေါ်တွင် ရှိနေဆဲဖြစ်သည်။ ရန်နယ်သို့ ရောက်သည်အထိ စောင့်ဆိုင်းပြီး အစေခံများက ရဲလိနန်ရန်နှင့် ရှောင်ဝမ်ယောင်တို့ကို အရင်ပြုစုစောင့်ရှောက်စေရန် လုချန်း တွေးလိုက်သည်။
မကြာမီ။
လုချန်းနှင့် သူ၏အဖွဲ့သည် နောက်ဆုံးတွင် ရန်ခရိုင်သို့ ရောက်ရှိလာခဲ့သည်။
ရန်ခရိုင်မှ သာမန်ပြည်သူများသည် လုချန်းက ကောင်းကင်ဝံပုလွေဘုရင်၏ ဇနီးနှင့် သမီးကို ခေါ်ဆောင်လာသည်ကို မြင်သောအခါ ဝမ်းမြောက်ဝမ်းသာ ဖြစ်ခဲ့ကြသည်။
သာမန်ပြည်သူများ၏ အမြင်တွင် မြောက်ပိုင်းနယ်စားမင်းသားသည် ကောင်းကင်ဝံပုလွေဘုရင်၏ မျိုးနွယ်စုကို သိမ်းပိုက်ရုံသာမက ကောင်းကင်ဝံပုလွေဘုရင်၏ ဇနီးနှင့် သမီးကိုပါ သိမ်းပိုက်လိုက်သည်ဟု ထင်မြင်ခဲ့ကြသည်။
ထိုအမြင်သည် အနည်းငယ် မသင့်လျော်သော်လည်း သာမန်ပြည်သူများအတွက်မူ အမှန်တကယ် စိတ်လှုပ်ရှားဖွယ်ကောင်းသော အဖြစ်အပျက်တစ်ခု ဖြစ်သည်။
အရင်က လွင်ပြင်ဒေသ မျိုးနွယ်စုများသည် တောင်ဘက်သို့ ဆင်းလာပြီး ရှနိုင်ငံတော်မှ အမျိုးသမီးများကို လုယူဖမ်းဆီးခဲ့ကြသည်။ ယခု သူတို့၏ မင်းသားက နောက်ဆုံးတွင် ကောင်းကင်ဝံပုလွေဘုရင်၏ ဇနီးနှင့် သမီးကို ဖမ်းဆီးလိုက်သည်။
မြောက်ပိုင်းနယ်စားမင်းသားသည် ညအချိန် ရောက်တိုင်း ကောင်းကင်ဝံပုလွေဘုရင်၏ ဇနီးနှင့် သမီးကို ပြင်းထန်စွာ နှိပ်စက်သည်ဟူသော အတွေးသည် ပြည်သူများအား အလွန်ပင် ကျေနပ်စေခဲ့သည်။
ရန်ခရိုင်၏ လမ်းများပေါ်မှ ဝမ်းမြောက်စွာ အော်ဟစ်နေသော ပြည်သူများကို ကြည့်ရင်း ရဲလိနန်ရန်နှင့် ရှောင်ဝမ်ယောင်တို့ အနည်းငယ် စိတ်ရှုပ်ထွေးနေမိသည်။
ပြည်သူများ ဝမ်းမြောက်အော်ဟစ်နေရသည့် အကြောင်းရင်းမှာ မြောက်ပိုင်းနယ်စားမင်းသားက အမျိုးသမီးနှစ်ဦးကို ခေါ်ဆောင်လာခြင်းကြောင့် ဖြစ်ပြီး ထိုအချက်က သူတို့ကို ရှက်ရွံ့စိတ်များ ဖြစ်ပေါ်စေခဲ့သည်။
ကံကောင်းထောက်မစွာပင် မကြာမီ သူတို့ မြောက်ပိုင်းနယ်စားမင်းသား၏ စံအိမ်သို့ ရောက်ရှိလာခဲ့သည်။ လုချန်း မြင်းစီးလျက် စံအိမ်သို့ ပြန်ရောက်သောအခါ မုကျိရွှမ်းက ကျောင်းညီအစ်မတို့နှင့်အတူ စံအိမ်၏ တံခါးဝတွင် စောင့်ဆိုင်းနေပြီး ဖြစ်သည်။
အထူးကိုယ်ရံတော်တို့က လုချန်း အမျိုးသမီးနှစ်ဦးနှင့်အတူ ပြန်လာမည်ကို မုကျိရွှမ်းထံ အသိပေးထားပြီး ဖြစ်သည်။ ထို့ကြောင့် သူမသည် ရဲလိနန်ရန်နှင့် ရှောင်ဝမ်ယောင်တို့အတွက် အခန်းများကို အကြိုပြင်ဆင်ထားပြီး အစေခံများကိုလည်း စီစဉ်ပေးထားသည်။
မြင်းပေါ်မှ ဆင်းလာပြီးနောက် မုကျိရွှမ်းသည် ချက်ချင်း အနားရောက်လာကာ “မင်းသား ပြန်ရောက်ပြီနော်” ဟု ပြောလိုက်သည်။
လုချန်းက အနည်းငယ် ပြုံးလိုက်ကာ
“ဒီနှစ်ပတ်အတွင်း မောင်တော်စံအိမ်မှာ မရှိတုန်း အားလုံးကို တစ်ယောက်တည်း စီမံခန့်ခွဲနေရတာ ပင်ပန်းခဲ့သွားပြီလား” ဟု ပြောလိုက်သည်။
မုကျိရွှမ်းက
“ဒါက ကျွန်မရဲ့ တာဝန်ပါ။ လုံးဝမပင်ပန်းပါဘူး” ဟု ပြန်ပြောလိုက်သည်။
ထို့နောက် မုကျိရွှမ်းသည် ရဲလိနန်ရန်နှင့် ရှောင်ဝမ်ယောင်တို့ဘက်သို့ လှည့်လိုက်သည်။
ပြုံးရွှင်စွာဖြင့် မုကျိရွှမ်းက
“မင်းသား။ သူတို့က အထူးကိုယ်ရံတော်တွေအကြောင်းကြားထားတဲ့ အမျိုးသမီးနှစ်ဦးလား” ဟု မေးလိုက်သည်။
လုချန်းက တစ်ဖက်လှည့်လိုက်ကာ ရဲလိနန်ရန်နှင့် ရှောင်ဝမ်ယောင်တို့ကို ကြည့်ပြီး မုကျိရွှမ်းကို မိတ်ဆက်ပေးလိုက်သည်။
“သူက ကောင်းကင်ဝံပုလွေဘုရင်ရဲ့ ဇနီးပါ။သူကတော့ ကောင်းကင်ဝံပုလွေဘုရင်ရဲ့ သမီး။”
ထို့နောက် မုကျိရွှမ်းသည် ချက်ချင်းပင် ရဲလိနန်ရန်နှင့် ရှောင်ဝမ်ယောင်တို့ထံ သွားရောက်လိုက်သည်။
ရဲလိနန်ရန်က ချက်ချင်းပင်
“မိဖုရားကို ဂါရဝပြု နှုတ်ဆက်ပါတယ်။”
မိဖုရားတစ်ဦးနှင့် မိဖုရားတစ်ဦး တွေ့ဆုံသောအခါ ထိုကဲ့သို့သော ဓလေ့ထုံးတမ်းများ မလိုအပ်သော်လည်း သူမ၏ အဆင့်အတန်းသည် အကျဉ်းသားတစ်ဦးနှင့် မခြားနားကြောင်း ရဲလိနန်ရန် သိထားသည်။ အကယ်၍ သူမသည် မြောက်ပိုင်းနယ်စားမင်းသား၏ စံအိမ်တွင် ကောင်းမွန်စွာ နေထိုင်လိုပါက မြောက်ပိုင်းနယ်စားမင်းသား၏ ဇနီးနှင့် ကောင်းကောင်းမွန်မွန် ဆက်ဆံရန် လိုအပ်သည်။
ရဲလိနန်ရန်၏ နှုတ်ဆက်စကားကို ကြားလိုက်ရသောအခါ တုံ့ပြန်မှု နှေးကွေးနေသော ရှောင်ဝမ်ယောင်ကလည်း ချက်ချင်း လိုက်ပြောလိုက်သည်။
“မိဖုရားကို ဂါရဝပြု နှုတ်ဆက်ပါတယ်။”
မုကျိရွှမ်းက အနည်းငယ်ပြုံးလိုက်ကာ ရဲလိနန်ရန်နှင့် ရှောင်ဝမ်ယောင်တို့၏ လက်များကို ကိုင်လိုက်ပြီး ပြောလိုက်သည်။
“ဒိီလို ဓလေ့ထုံးတမ်း စည်းကမ်းတွေ မလိုအပ်ပါဘူး။ အခုချိန်ကစပြီး ကျွန်မတို့က မိသားစုဝင်တွေ ဖြစ်သွားပါပြီ။”
ထို့နောက် မုကျိရွှမ်းသည် တစ်စုံတစ်ခု သတိရသွားသကဲ့သို့ ပြောလိုက်သည်။
“ဟုတ်ပြီ။ ကျွန်မ ရှင်တို့ရဲ့ နာမည်နဲ့ အသက်ကို မသိရသေးပါဘူး။”
ရဲလိနန်ရန်နှင့် ရှောင်ဝမ်ယောင်တို့သည် မြောက်ပိုင်းနယ်စားမင်းသား၏ စံအိမ်သို့ ဝင်ရောက်လာပြီဖြစ်သောကြောင့် သူတို့၏ ယခင်ဘွဲ့များကို စွန့်လွှတ်ရမည် ဖြစ်သည်။ သူတို့ကို “မင်းသမီး” သို့မဟုတ် “မိဖုရား” ဟု ဆက်လက် ခေါ်ဆိုရန် မဖြစ်နိုင်တော့ပေ။
ရဲလိနန်ရန်က ချက်ချင်းပင် တုံ့ပြန်လိုက်သည်။
“မိဖုရား။ ကျွန်မ နာမည်က ရဲလိနန်ရန်ပါ။အသက် ၃၂ နှစ် ရှိပါပြီ။”
ရှောင်ဝမ်ယောင်ကလည်း မြန်မြန်ပြောလိုက်သည်။
“ကျွန်မက ရှောင်ဝမ်ယောင်ပါ။ အသက် ၁၈ နှစ် ရှိပါပြီ။”
မုကျိရွှမ်းက ပြုံး၍ ပြန်ပြောလိုက်သည်။ “၃၂ နှစ်။ ကျွန်မထက် အများကြီး ကြီးပါတယ်။ ဒါကြောင့် ကျွန်မက အခုကစပြီးအစ်မနန်ရန်လို့ ခေါ်ပါမယ်။”
ရဲလိနန်ရန်က ချက်ချင်းပင် တုံ့ပြန်လိုက်သည်။
“မိဖုရား။ ဒါက မသင့်တော်ပါဘူး။ ကျွန်မက မင်းသားရဲ့ အကျဉ်းသားတစ်ယောက်ပါ။ ကျွန်မကို အစ်မလို့ ခေါ်ဖို့ မထိုက်တန်ပါဘူး။”
မုကျိရွှမ်းက ပြုံးရယ်ကာ ပြောလိုက်သည်။ “ဘာမှ မသင့်တော်တာ မရှိပါဘူး။ မြောက်ပိုင်းနယ်စားမင်းသားစံအိမ်မှာ စည်းကမ်းတွေ အများကြီး မရှိပါဘူး။”
ရှေးရိုးအစဉ်အလာ များပြားလှသော ရှနိုင်ငံတော်နှင့် နှိုင်းယှဉ်ပါက မြောက်ပိုင်းနယ်စားမင်းသား၏ စံအိမ်တွင် စည်းကမ်းထုံးတမ်းများ မရှိသလောက် နည်းပါးသည်။ မုကျိရွှမ်းသည် မိဖုရား တစ်ဦးဖြစ်သော်လည်း လုချန်း၏ နမူနာကို လိုက်၍ ချူးယုချင်ကို “ဒေါ်လေးချူး” ဟု ခေါ်ဆိုသည်။ ထို့ကြောင့် ရဲလိနန်ရန်ကို “အစ်မ” ဟု ခေါ်ဆိုခြင်းသည် ကြီးမားသော ကိစ္စတစ်ခု မဟုတ်ပေ။
အရေးအကြီးဆုံးမှာ ရဲလိနန်ရန်သည် ကောင်းကင်ဝံပုလွေဘုရင်၏ ဇနီးဖြစ်သည်။ ရဲလိနန်ရန်သည် ယခုအခါ ကောင်းကင်ဝံပုလွေဘုရင် မျိုးနွယ်စုမှ ထွက်ခွာသွားပြီ ဖြစ်သော်လည်း သူမ၏ အဆင့်အတန်းသည် လုချန်းအတွက် နိုင်ငံရေးအရ အလွန်အရေးပါဆဲ ဖြစ်သည်။
ထိုအချိန်တွင် မုကျိရွှမ်းက ဆက်ပြောလိုက်သည်။
“ပြီးတော့။ ကျွန်မက အစ်မတို့ နှစ်ဦးအတွက် အခန်းတွေ ပြင်ဆင်ထားပါတယ်။ ကျေးဇူးပြုပြီး ကျွန်မနဲ့အတူ လိုက်ခဲ့ပါ။”
ဒါက…
မိဖုရား၏ ဧည့်ဝတ်ကျေပွန်မှုကို မြင်လိုက်ရသောအခါ ရဲလိနန်ရန်နှင့် ရှောင်ဝမ်ယောင်တို့သည် အနည်းငယ် အံ့အားသင့်သွားကြသည်။
သူတို့နှစ်ဦးသည် အကျဉ်းသားများသာ ဖြစ်ပြီး မြောက်ပိုင်းနယ်စားမင်းသား၏ ဇနီးက သူတို့အား ဤမျှ ယဉ်ကျေးစွာ ဆက်ဆံလိမ့်မည်ဟု မျှော်လင့်ထားခဲ့ခြင်း မရှိပေ။
သို့သော် အသက်အရွယ်ကြီးရင့်ပြီး အတွေ့အကြုံများသော ရဲလိနန်ရန်ကတော့ ဤသည်မှာ မုကျိရွှမ်း၏ လူသိမ်းသွင်းနည်းဖြစ်ကြောင်း သိထားသည်။ သို့သော် မုကျိရွှမ်းသည် ကောင်းကင်ဝံပုလွေဘုရင်၏ ဇနီးဖြစ်သော သူမကို စည်းရုံးရန် အဘယ်ကြောင့် ကြိုးစားရသည်ကို ရဲလိနန်ရန် နားမလည်ခဲ့ပေ။
ထိုအချိန်တွင် ရဲလိနန်ရန်နှင့် ရှောင်ဝမ်ယောင်တို့သည် လုချန်းဘက်သို့ လှည့်ကြည့်လိုက်ကြသည်။ အခု သူတို့သည် လုချန်း၏ အမျိုးသမီးများ ဖြစ်နေပြီဖြစ်သောကြောင့် သူ၏ စိတ်အခြေအနေကို နားလည်ရန် လိုအပ်သည်။
လုချန်းက ရဲလိနန်ရန်နှင့် ရှောင်ဝမ်ယောင်တို့ကို ပြုံးရယ်ကာ ပြောလိုက်သည်။
“ခင်ဗျားတို့ ကျွန်တော်ရဲ့ ဇနီးနောက်ကို လိုက်သွားပါ။”
လုချန်း ပြောလိုက်ပြီးသည်နှင့် ရဲလိနန်ရန်နှင့် ရှောင်ဝမ်ယောင်တို့က တစ်ပြိုင်နက်တည်း ပြောလိုက်သည်။
“ဟုတ်ကဲ့ မင်းသား။”
ထို့နောက် သူတို့နှစ်ဦးသည် မုကျိရွှမ်းနောက်ကို လိုက်သွားကာ စံအိမ်အတွင်းသို့ ဝင်ရောက်သွားကြသည်။
လုချန်းက ပိုင်ချင်းချင်း၏ တင်ပါးကို ပုတ်ခတ်လိုက်ပြီး သူမကို အတွင်းသို့ လိုက်သွားရန် အချက်ပြလိုက်သည်။
ပိုင်ချင်းချင်း၏ မျက်နှာအနည်းငယ် နီရဲသွားသော်လည်း သူမက ဘာမှမပြောပဲ ချက်ချင်းပင် အတွင်းသို့ ဝင်လိုက်သွားလိုက်သည်။
ရဲလိနန်ရန်သည် အဆင့်ကိုး သိုင်းပညာရှင်တစ်ဦးဖြစ်ပြီး ရှောင်ဝမ်ယောင်သည် အဆင့်ခုနှစ် သိုင်းပညာရှင်တစ်ဦး ဖြစ်သည်။
ထိုအမျိုးသမီးနှစ်ဦးကို အပြည့်အဝထိန်းချုပ်နိုင်ခြင်း မရှိသေးသရွေ့သူတို့သည် သူ၏လူများအတွက် အန္တရာယ်ဖြစ်နိုင်သည်ကို လုချန်း စိုးရိမ်နေဆဲဖြစ်သည်။ထို့ကြောင့် သတိထားရန် လိုအပ်နေဆဲဖြစ်သည်။
သူ၏ အိမ်တွင်းရေး မငြိမ်သက်မှုများ ဖြစ်ပေါ်လာခြင်းကို လုချန်း လုံးဝမလိုလားပေ။
မုကျိရွှမ်းသည် ရဲလိနန်ရန်နှင့် ရှောင်ဝမ်ယောင်တို့ကို စံအိမ်အတွင်းသို့ ဦးဆောင်သွားပြီးနောက် လုချန်းလည်း သူ၏ စာကြည့်ခန်းသို့ တန်းသွားလိုက်သည်။
ထိုအချိန်တွင်
ရန်ခရိုင်၏ မြို့တံခါးဝတွင်
ဆံပင်ဖြူနေပြီဖြစ်သော ဖျင်ကြမ်းအဝတ်များကို ဝတ်ဆင်ထားသည့် လူကြီးတစ်ဦးသည် မြို့ထဲရှိ ကြေညာချက်ထုတ်ပြန်ထားသည့် စာများ အရှေ့တွင် ရပ်နေပြီး ဖြတ်သွားဖြတ်လာသူများ၏ စကားများကို တိတ်တဆိတ် နားထောင်နေသည်။
“မင်းသားက တကယ်ပဲ ငါတို့အတွက် ကလဲ့စား ချေပေးလိုက်တာပဲ။ အရင်တုန်းက လွင်ပြင်ဒေသ မျိုးနွယ်စုတွေက ငါတို့ရဲ့ မိန်းမတွေကို လုယူတယ်။ ဒီနေ့တော့ ငါတို့အလှည့် ရောက်လာပြီ။ သူတို့ရဲ့ မိန်းမတွေကို ပြန်လုယူကြမယ်။”
“ကောင်းကင်ဝံပုလွေဘုရင်၏ ဇနီးက
တကယ့်ကို လှတာပဲ။ မင်းသား ကံကောင်းတာပေါ့။”
“ကောင်းကင်ဝံပုလွေဘုရင်ရဲ့ သမီးကလည်း မဆိုးပါဘူး။ ခန္ဓာကိုယ်က ကျစ်လစ်ပြီးသန်မာတယ်။”
“ခင်ဗျားတို့က မိန်းမတွေအကြောင်းပဲ စိတ်ဝင်စားနေကြတာ။ မင်းသားက ကောင်းကင်ဝံပုလွေဘုရင် မျိုးနွယ်စုကို မြောက်ပိုင်းမြို့တော်ကို ပြောင်းရွှေ့ဖို့ စီစဉ်နေတယ်ဆိုတာ မသိကြဘူးလား။”
“ငါ့အမြင်တော့ ဒီလို ယဉ်ကျေးမှုမရှိတဲ့ လူရမ်းကားတွေကို သတ်ပစ်သင့်တယ်။ မင်းသားက သူတို့ကို မြောက်ပိုင်းမြို့တော်ကို ပြောင်းရွှေ့ဖို့ စဉ်းစားနေတယ်ဆိုတာ အံ့သြစရာပဲ။”
“သတ်ပစ်မယ် ဟုတ်လား။ ခင်ဗျားက ဘာမှ နားမလည်ဘူး။ မင်းသားက လမ်းတွေ၊ ခံတပ်မြို့တွေ တည်ဆောက်ဖို့ စီစဉ်နေတယ်ဆိုတာ မကြားဖူးဘူးလား။ လွင်ပြင်ဒေသ မျိုးနွယ်စုတွေ အားလုံးကို သတ်ပစ်လိုက်ရင် အလုပ်ကြမ်းတွေ ဘယ်သူလုပ်မှာလဲ။”
“အေး။ ကောင်းကင်ဝံပုလွေဘုရင် မျိုးနွယ်စုက မင်းသားကို အညံ့ခံပြီးသွားပြီ။ သူတို့ကို မြောက်ပိုင်းမြို့တော်ကို ပြောင်းရွှေ့ခိုင်းမယ်ဆိုရင် ရွှေ့ကြပစေပေါ့။”
“ငါကြားတာကတော့ မင်းသားရဲ့ အစီအစဉ်က ကောင်းကင်ဝံပုလွေဘုရင် မျိုးနွယ်စုကို မြောက်ပိုင်းမြို့တော်ကို ပြောင်းရွှေ့ရုံတင် မဟုတ်ဘူး။ မြောက်ပိုင်းဒေသကို သူ့ရဲ့ နယ်မြေအဖြစ် ပြောင်းလဲဖို့ ရည်ရွယ်နေတယ်။ မကြာခင်မှာ မြောက်ပိုင်းဒေသက လွင်ပြင်ဒေသ မျိုးနွယ်စုအားလုံးဟာ မင်းသားရဲ့ လက်အောက်ခံတွေ ဖြစ်လာကြမယ်။ အညံ့မခံတဲ့ မည်သူ့ကိုမဆို သူ့ရဲ့ တပ်တွေက တိုက်ခိုက်မယ်။”
“မင်းသားက တကယ့်ကို ရဲရင့်တဲ့သူပဲ။ အရင်တုန်းကဆို လွင်ပြင်ဒေသ မျိုးနွယ်စုတွေ ဒီလို အဖြစ်မျိုး ကြုံရမယ်လို့ ငါတို့ အိပ်မက်တောင် မမက်ခဲ့ကြဘူး။”
ထိုလူကြီးသည် မြို့သူမြို့သားတို့၏ ပြောဆိုဆွေးနွေးမှုများကို နားထောင်ရင်း
“ကြီးမားတဲ့ ရည်မှန်းချက်ရှိတယ်။ ဒါပေမဲ့ သူ့မှာ ထိုက်တန်တဲ့ အင်အားရှိမရှိ ဆိုတာကတော့ စောင့်ကြည့်ရဦးမယ်” ဟု သူ့ဘာသာသူ ပြောလိုက်သည်။
........
အခန်း (၁၅၂)
နိုင်ငံတော် ပညာရှိကြီး မြောက်ပိုင်းမြို့တော်သို့ ဘာကြောင့်ရောက်လာပါသလဲ (၁ )
စစ်တူစီသည် မြောက်ပိုင်းမြို့တော်သို့ လွန်ခဲ့သော တစ်ပတ်ကပင် ရောက်ရှိခဲ့သော်လည်း လုချန်းကို တွေ့ရန် မင်းသား စံအိမ်သို့ တိုက်ရိုက်မသွားခဲ့ပေ။ သူသည် ရန်ခရိုင်တွင် တစ်ပတ်ကြာ နေထိုင်ခဲ့ပြီး ပတ်ဝန်းကျင်ကို လှည့်လည်ကြည့်ရှုကာ ဒေသခံများ၏ လုချန်းအပေါ် ထင်မြင်ယူဆချက်များကို စုံစမ်းမေးမြန်းခဲ့သည်။
သူမျှော်လင့်ထားသည့်အတိုင်း မြောက်ပိုင်းနယ်စားမင်းသား၏ ဂုဏ်သတင်းသည် လုံးဝပြောင်းလဲသွားပြီဖြစ်ကာ ယခုအခါတွင် မြောက်ပိုင်းမြို့တော်၏ သာမန်ပြည်သူများသည် မြောက်ပိုင်းနယ်စားမင်းသားကို အလွန်ထောက်ခံလာကြသည်။
ဤသည်မှာ စစ်တူစီ၏ မျှော်လင့်ထားသည့်အတိုင်းဖြစ်ပြီး သူအလွန် အံ့သြခြင်း မရှိခဲ့ပေ။
ထိုကာလအတွင်း စစ်တူစီသည် မြောက်ပိုင်းမြို့တော်၏ ဒေသခံများ၏ စကားများမှ စိတ်ဝင်စားဖွယ် ထင်မြင်ယူဆချက်တစ်ခုကို ကြားလိုက်ရသည်။ သူတို့အနက် လူအမြောက်အမြားက မြောက်ပိုင်းနယ်စားမင်းသားသည် “ကံကြမ္မာ၏သားတော်” ဖြစ်ပြီး နတ်ဘုရားများက ကောင်းချီးပေးသော လူသားတစ်ဦးဖြစ်သည်ဟု ဆိုကြသည်။
အချို့သော စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ပြီးနောက် အရိပ်ကိုယ်ရံတော်များမှ စုဆောင်းရရှိသော ထောက်လှမ်းရေးအချက်အလက်များနှင့် ပေါင်းစပ်လိုက်သောအခါ ပြည်သူများက မြောက်ပိုင်းနယ်စားမင်းသားကို “ကံကြမ္မာ၏သားတော်” ဟု ထင်မြင်ရသည့် အကြောင်းရင်းကို စစ်တူစီ ချက်ချင်းနားလည်သွားခဲ့သည်။
သူတို့အပြောအရ လွင်ပြင်ဒေသ မျိုးနွယ်စုများ မြောက်ပိုင်းမြို့တော်ကို တိုက်ခိုက်သောနေ့တွင် ကောင်းကင်မှ မရေမတွက်နိုင်သော မိုးကြိုးများ ကျရောက်လာပြီး လွင်ပြင်ဒေသ မျိုးနွယ်စုများ၏ တပ်များပျက်စေခဲ့ သည်။
သာမန်ပြည်သူများသည် စစ်မြေပြင်တွင် မရှိခဲ့သော်လည်း ထိုနေရာတွင် ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်များအကြောင်း ပြောဆိုချက်များကို ကြားခဲ့ရသည်။
သို့သော် စစ်တူစီသည် ပျံ့နှံ့နေသော ထို ကောလာဟလများကို ယုံကြည်ခြင်းတော့ မဟုတ်ပါ။ သို့သော် ထို ကောလာဟလများ ဆက်လက်တည်ရှိနေခြင်းသည် ထိုနေ့တွင် မိုးကြိုးပစ်ခြင်းနှင့် ဆက်စပ်သော အဖြစ်အပျက်တစ်ခု ဖြစ်ပေါ်ခဲ့ကြောင်း ညွှန်ပြနေသည်။
ထိုအချိန်တွင် စစ်တူစီသည် မြို့တံခါးဝရှိ သတင်းပြန်ကြားရေး စာတမ်းများနားမှ လှည့်ထွက်လိုက်ပြီး နန်းတွင်းတပ်စခန်းသို့ တိုက်ရိုက်သွားလိုက်သည်။
နန်းတွင်းတပ်သည် မကြာမီတွင် နေပြည်တော်သို့ ပြန်လည်ထွက်ခွာတော့မည်ဖြစ်ပြီး စစ်တူစီသည် နန်းတွင်းတပ်တော်ကို ဦးဆောင်၍ ပြန်လာမည့် လင်ရှုမင်နှင့် မြောက်ပိုင်းမြို့တော်သို့ ရောက်ရှိပြီးနောက် သူတို့မြင်တွေ့ခဲ့ရသော အရာများကို မေးမြန်းဆွေးနွေးရန် စီစဉ်ထားသည်။
ထိုအချိန်တွင် လင်ရှုမင်သည် နေပြည်တော်သို့ ပြန်ရောက်ပြီးနောက် တင်ပြရန် လိုအပ်သော မြောက်ပိုင်းမြို့တော်ဆိုင်ရာ အစီရင်ခံစာကို ပြင်ဆင်နေစဉ် တပ်သားတစ်ဦးက တဲအတွင်းသို့ ဝင်ရောက်လာပြီး အစီရင်ခံလိုက်သည်။
“ဗိုလ်ချုပ်။ အပြင်ဘက်မှာ ဆံပင်ဖြူနေတဲ့လူကြီးတစ်ဦးက ကျောက်စိမ်းဆွဲပြားတစ်တစ်ခုကို ပြပြီး ဗိုလ်ချုပ်နဲ့ အရေးတကြီးကိစ္စ ဆွေးနွေးစရာ ရှိတယ်လို့ ဆိုပါတယ်။”
သာမန်လူကြီးတစ်ဦးဖြစ်ပါက တပ်သားများသည် သူ့အား ပြန်လွှတ်လိုက်မည်ဖြစ်သည်။
သို့သော် ထိုလူကြီးသည် ဧကရာဇ်မင်းမှ ပေးအပ်သော ကျောက်စိမ်းဆွဲပြားကို ပြသခဲ့သောကြောင့် တပ်သားလည်း အစစ်အမှန် ဟုတ်မဟုတ် မသိရှိသဖြင့် လင်ရှုမင်အား ပြသရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။
ထို့နောက် တပ်သားသည် ကျောက်စိမ်းဆွဲပြား စားပွဲပေါ်တွင် တင်လိုက်သည်။ ကျောက်စိမ်းဆွဲပြားနှင့်အတူ သူ့ကို ရှာဖွေလာမည့်သူအကြောင်း သိလိုနေသော လင်ရှုမင်လည်း ထိုအရာကို မြင်သည်နှင့်တပြိုင်နက် အံ့ဩသွားခဲ့ရသည်။
သာမန်လူများက နိုင်ငံပညာရှိနှင့် တွေ့ဆုံခွင့် မရှိသလို သူ့ကို မြင်ဖူးသူများလည်း ရှားပါးသည်။ အချို့သော အမြင့်ဆုံးဝန်ကြီးများပင် စစ်တူစီကို မမြင်ဖူးကြပေ။ သို့သော် လင်ရှုမင်မှာမူ ကွဲပြားခြားနားသည်။ ဝန်ကြီးချုပ်၏သားဖြစ်သည့်အတွက် သူသည် နိုင်ငံတော် ပညာရှိ စစ်တူစီနှင့် မကြာခဏ တွေ့ဆုံဖူးသည်။
ထို့အပြင် သူသည် စစ်တူစီကိုင်ဆောင်သော ကျောက်စိမ်းဆွဲပြားကိုလည်း သိထားသည်။ ကျောက်စိမ်းဆွဲပြားကို တစ်ချက်ကြည့်လိုက်ရုံဖြင့် လင်ရှုမင်သည် စစ်တူစီ သူ့ကို လာရောက်တွေ့ဆုံမည်ကို သိလိုက်ရသည်။
သို့သော် သူအလွန်တရာ အံ့အားသင့်နေခဲ့သည်။ နိုင်ငံတော် ပညာရှိသည်
ရှနိုင်ငံတော်၏ ထောက်တိုင်တစ်ခုဖြစ်ပြီး ပုံမှန်အားဖြင့် နေပြည်တော်မှ ထွက်ခွာလေ့မရှိပေ။ သူမြောက်ပိုင်းမြို့တော်ကို ကိုယ်တိုင်လာရောက်တာက ဘယ်လိုဖြစ်နိုင်မှာလဲ။
သတိပြန်ရလာသောအခါ လင်ရှုမင်က ချက်ချင်းပင်
“ကျေးဇူးပြုပြီး အဲ့ဒီလူကြီးကို ဖိတ်ခေါ်လိုက်ပါ” ဟု ပြောလိုက်သည်။
လင်ရှုမင်သည် စစ်တူစီ၏ သရုပ်မှန်ကို တပ်သားအား အသိမပေးပါ။ စစ်တူစီသည် မြောက်ပိုင်းမြို့တော်သို့ ရောက်ရှိလာပြီဖြစ်သောကြောင့် သူသည် အရေးကြီးသော တာဝန်တစ်ခုကို ထမ်းဆောင်နေမည်ဖြစ်ပြီး လင်ရှုမင်သည် သူ၏ သရုပ်မှန်ကို ဖော်ထုတ်ရန် မရည်ရွယ်ခဲ့ပေ။
ကျောက်စိမ်းဆွဲပြားကို တွေ့ပြီး လင်ရှုမင်၏ မျက်နှာအမူအရာ ပြောင်းလဲသွားသည်ကို မြင်သောအခါ တပ်သားလည်း ထိုလူကြီး သာမန်မဟုတ်ကြောင်း သိလိုက်ရသည်။ သူက ချက်ချင်းပင်
“ကျွန်ုတော် ချက်ချင်း သူ့ကို ခေါ်ခဲ့ပါမယ်” ဟု ပြောလိုက်သည်။
တပ်သားလည်း ပြောပြီးသည်နှင့်တပြိုင်နက်ချက်ချင်းပင် တဲမှ ထွက်ခွာသွားခဲ့သည်။ မကြာမီ စစ်တူစီသည် လင်ရှုမင်၏ တဲထဲသို့ ရောက်လာခဲ့သည်။
လင်ရှုမင်က ချက်ချင်းပင် တပ်သားကို ညွှန်ကြားလိုက်သည်။
“အပြင်ထွက်သွားပါ။ အပြင်က ရဲဘော်တွေကို တဲနဲ့ ခြေလှမ်းနှစ်ဆယ် ခွာခိုင်းလိုက်ပါ။”
“ဟုတ်ကဲ့ ဗိုလ်ချုပ်။”
တပ်သား တဲထဲမှ ထွက်ခွာသွားပြီးနောက် လင်ရှုမင်သည် ချက်ချင်းပင် ဦးညွှတ်ကာ “နိုင်ငံတော် ပညာရှိကို ဂါရဝပြုပါတယ်” ဟု ပြောလိုက်သည်။ထို့နောက် လင်ရှုမင်သည် ရှေ့သို့ လျှောက်သွားပြီး ကျောက်စိမ်းဆွဲပြားကို လက်နှစ်ဖက်ဖြင့် ကိုင်ကာ စစ်တူစီထံ ပြန်အပ်လိုက်၏။
“နိုင်ငံတော် ပညာရှိကြီး မြောက်ပိုင်းမြို့တော်ကို ဘာဘာကြောင့် လာရောက်ရပါသလဲ” ဟု မေးလိုက်သည်။
စစ်တူစီက သူ၏မုတ်ဆိတ်များကို ပွတ်သပ်ရင်း
“ကျွန်တော်က မြောက်ပိုင်းမြို့တော်ကို အရေးကြီး အကြောင်းကိစ္စတွေအတွက် လာရောက်ခဲ့တာပါ။ ဗိုလ်ချုပ်လင် ဆက်ပြီးမေးမြန်းစရာ မလိုအပ်ပါဘူး” ဟု ပြုံးရယ်ကာ ပြန်ပြောလိုက်သည်။
ထိုစကားကို ကြားလိုက်ရသည်နှင့် လင်ရှုမင်လည်း နိုင်ငံတော်ပညာရှိ မြောက်ပိုင်းနယ်စားမင်းသားအတွက် ရောက်လာပုံ ရကြောင်း ချက်ချင်းသိလိုက်ရသည်။ ဆွမ်ဧကရာဇ်က နိုင်ငံတော်ပညာရှိအား တာဝန်တစ်ခု ပေးအပ်ထားပုံရပြီး ထိုကိစ္စသည် ဗိုလ်ချုပ်တစ်ဦး၏ လုပ်ပိုင်ခွင့်ထက် ကျော်လွန်နေသည်မှာ သေချာသည်။
လင်ရှုမင်းက ချက်ချင်းပင်အကြောင်းအရာကို ပြောင်းလဲကာ
“ကျွန်တော် စည်းမဲ့ကမ်းမဲ့ ပြောမိပါတယ်။ ပညာရှိကြီး ကျွန်တော့ဆီကို ရောက်ရှိလာတဲ့ အကြောင်းရင်းကို သိလိုပါတယ်” ဟု မေးလိုက်သည်။
စစ်တူစီက
“ခင်ဗျားတို့ မြောက်ပိုင်းမြို့တော်ကို ရောက်ပြီးနောက် မြင်ခဲ့ရသမျှကို ကျွန်တော်သိချင်တယ်” ဟု ပြောလိုက်သည်။
ထိုမေးခွန်းကို ကြားလိုက်ရသည်နှင့် ရန်ခရိုင်အပြင်ဘက်ရှိ ကြောက်မက်ဖွယ်ရာမြင်ကွင်းသည် လင်ရှုမင်၏ မျက်လုံးထဲတွင် ပြန်ပေါ်လာသည်။ လင်ရှုမင်သည် မြောက်ပိုင်းမြို့တော်တွင် နှစ်လနီးပါးနေထိုင်ခဲ့ချိန် အတွင်း မြောက်ပိုင်းနယ်စားမင်းသား၏ အမျက်ထွက်ခြင်းကို မခံရအောင် သူ၏စစ်သည်များအား စုံစမ်းစစ်ဆေးခြင်းမပြုရန် တင်းကြပ်စွာ တားမြစ်ထားခဲ့သည်။
လင်ရှုမင်သည် အရူးတစ်ယောက် မဟုတ်ပါ။ ထိုကြီးမားသော မြေကျင်းများနှင့် လွင်ပြင်ဒေသ မျိုးနွယ်စုများ၏ အလောင်းများ တစ်စစီ ပျံ့နှံ့နေသည်မှာ လက်နက်တစ်မျိုးမျိုးကြောင့်ဖြစ်ကြောင်း သူချက်ချင်းသိလိုက်ရသည်။
သို့သော် ထိုကိစ္စသည် သူ၏လုပ်ပိုင်ခွင့်အတွင်းက မဟုတ်ပါ။ သူတို့သည် မြောက်ပိုင်းမြို့တော်တွင်ရှိနေပြီး မြောက်ပိုင်းနယ်စားမင်းသား၏ စောင့်ကြည့်မှုအောက်တွင်ရှိနေသည်။ အကယ်၍ မှားယွင်းသောလှုပ်ရှားမှုတစ်ခုခုကို မြောက်ပိုင်းနယ်စားမင်းသား သိရှိသွားပါက သူနေပြည်တော်သို့ ပြန်ရောက်နိုင် မရောက်နိုင်က မသေချာနိုင်ပေ။
ထို့ကြောင့် လင်ရှုမင်သည် စခန်းရှိ စစ်သည်များအား သူတို့မြောက်ပိုင်းမြို့တော်သို့ ရောက်ရှိပြီးနောက် မြင်တွေခဲ့ရသည်များကို ဆွေးနွေးခြင်းမပြုရန် တားမြစ်ထားခဲ့သည်။
ထိုအချိန်တွင် လင်ရှုမင်၏ မျက်နှာသည် အနည်းငယ်ဖြူဖတ်ဖြူလျော်ဖြစ်သွားသော်လည်း သူက သတိကြီးစွာဖြင့်
“ကျွန်တော်တို့ ရန်ခရိုင်ကို ရောက်ရှိပြီး မြို့အပြင်ဘက်မှာ မြေကျင်းကြီးတွေနဲ့ ပြည့်နှက်နေပါတယ်။ မြေပြင်တစ်ခုလုံးမှာလည်း လွင်ပြင်ဒေသ မျိုးနွယ်စုတွေရဲ့ ကိုယ်လက်အင်္ဂါအစိတ်အပိုင်းတွေ ပျံ့နှံ့နေတာကို တွေ့မြင်ခဲ့ရပါတယ်။ မြေကျင်းကြီးတွေရဲ့ အကျယ်က အနည်းဆုံး ခြေလှမ်းခုနစ်လှမ်းခန့် ရှိပါတယ်”
ဟု ပြန်လည်ဖြေကြားလိုက်သည်။
ထိုစကားကို ကြားလိုက်ပြီးနောက် စစ်တူစီက ဆက်လက်မေးမြန်းလိုက်သည်။ “ဗိုလ်ချုပ် လင်ရဲ့ အကဲဖြတ်ချက်အရ အဲ့ဒီမြေကျင်းတွေ ဘာကြောင့်ဖြစ်ပေါ်လာရတယ် ထင်ပါသလဲ။”
.........
အခန်း (၁၅၃)
နိုင်ငံတော် ပညာရှိကြီး မြောက်ပိုင်းမြို့တော်သို့ ဘာကြောင့်ရောက်လာပါသလဲ (၂ )
လင်ရှုမင်က ပြန်ဖြေလိုက်သည်။
“ကျွန်တော်လည်း ဒီလောက်ကြီးမားတဲ့ မြေကျင်းတွေ ဖြစ်စေနိုင်တဲ့ အရာတစ်ခုကိုမှ စဉ်းစားလို့မရဘူး။ ဒါပေမယ့် ထူးဆန်းတဲ့လက်နက်တစ်မျိုးမျိုးဖြစ်မယ်လို့ ထင်မိပါတယ်။”
“လွင်ပြင်ဒေသ မျိုးနွယ်စုသားတွေရဲ့ အလောင်းတွေ ဖြန့်ကျက်နေပုံကို ကြည့်ရင် မြောက်ပိုင်းမြို့တော်ရဲ့ သံချပ်ကာ မြင်းတပ် ငါးသောင်းက အရေးပါတဲ့ အခန်းကဏ္ဍက ပါဝင်နေတယ်။ ဒါပေမယ့် လွင်ပြင်ဒေသ မျိုးနွယ်စုသား သုံးသိန်းကို ချေမှုန်းနိုင်ခဲ့တဲ့ လျှို့ဝှက်လက်နက်မရှိရင် သံချပ်ကာ မြင်းတပ် ငါးသောင်းတည်းနဲ့ လွင်ပြင်ဒေသ မျိုးနွယ်စုတပ်ကို အနိုင်ရဖို့ အလွန်ခက်ခဲမှာပါ။”
လင်ရှုမင်သည် စစ်သူကြီးတစ်ဦးဖြစ်ပြီး စစ်မြေပြင်များစွာကို မြင်တွေ့ခဲ့ဖူးသူဖြစ်သည်။ လွင်ပြင်ဒေသ မျိုးနွယ်စုသားများ၏ အလောင်းတွေ ဖြန့်ကျက်နေပုံကို ကြည့်ရုံနှင့် မြောက်ပိုင်းမြို့တော်ကို လွင်ပြင်ဒေသ မျိုးနွယ်စုတိုက်ခိုက်စဉ်က ဖြစ်ရပ်များကို ပြန်လည်ပုံဖော်နိုင်သည်။
မည်ကဲ့သို့သော လျှို့ဝှက်လက်နက်ဖြစ်မည်ဆိုတာကိုတော့ သူမသိနိုင်ပါ။ ထိုအရာကလည်း သူအား စိုးရိမ်ပူပန်မှုများ ဆက်လက်ဖြစ်ပေါ်နေစေသည်။
ထိုအချိန်တွင် လင်ရှုမင်သည် ရုတ်တရက် တစ်ခုခုကို သတိရလိုက်ပြီး ထပ်ပြောလိုက်သည်။
“ နောက်ပြီး လွင်ပြင်ဒေသ မျိုးနွယ်စုတွေ ရန်ခရိုင်ကို တိုက်ခိုက်တဲ့နေ့မှာ ရန်ခရိုင်က ပြည်သူတွေက မိုးကြိုးပစ်သံတွေ အဆက်မပြတ်ကြားရတယ်လို့ ပြောကြတယ်။ ဒါကြောင့် ဒီမြေကျင်းတွေဟာ ရန်နယ်က လူတွေကြားရတဲ့ အသံတွေနဲ့ ဆက်စပ်နေမယ်လို့ သံသယရှိပါတယ်။”
လင်ရှုမင်၏ စကားကို ကြားလိုက်ရသောအခါ စစ်တူစီက ခဏတာမျှ တွေးတောသွားသည်။
ခြောက်ခုနစ်လှမ်းကျယ်တဲ့ မြေကျင်းတစ်ခုကို ဖန်တီးဖို့ဆိုရင် ထိပ်သီးပညာရှင်တစ်ယောက်တောင် မလုပ်နိုင်ပါ။ သူ့လို စွမ်းအားကြီးသည့် ထိပ်သီးပညာရှင်တစ်ယောက်သာ ဒီလောက်ကြီးမားတဲ့ အဖျက်စွမ်းအားကို ထုတ်လွှတ်နိုင်မည်ဖြစ်သည်။
ထိုအတွေးနှင့် စစ်တူစီက ဆက်မေးလိုက်သည်။
“မြောက်ပိုင်းမြို့တော်မှာ အဲ့ဒီ့နေ့က အစွမ်းအရမ်းကြီးတဲ့ ထိပ်သီးပညာရှင်တစ်ယောက် ပေါ်ထွန်းထွက်လာပြီး အဲ့ဒီမြေကျင်းတွေ ဖြစ်အောင်လုပ်ခဲ့တာလား။”
လင်ရှုမင်က ပြောလိုက်သည်။
“ကျွန်တော်လည်း အစက အဲဒါကို စဉ်းစားဖူးတယ်။ ဒါပေမယ့် မြေကျင်းတွေကို နီးနီးကပ်ကပ် ကြည့်တဲ့အခါ ဒါတွေက အစွမ်းအရမ်းကြီးတဲ့ ထိပ်သီးပညာရှင်တစ်ယောက်ရဲ့ လက်ရာနဲ့ မတူဘူး။ မြေကျင်းတွေက အလွန်တူညီနေကြတယ်။ ပိုအရေးကြီးတာက မြေကျင်းအရေအတွက်က အများကြီးရှိ နေတာပဲ။ ရန်ခရိုင်ကနေ ဝန်နင်းချိုင့်ဝှမ်းအထိ ဖြန့်ကျက်နေတယ်။”
“ခင်ဗျားလိုလူသာ ထိုးဖောက်တိုက်ခိုက်မယ်ဆိုရင် ဒီလို မြေကျင်းတွေ ဖြစ်နိုင်မယ်လို့ ထင်တယ်။ ဒါပေမယ့် ရာနဲ့ချီတဲ့ မြေကျင်းတွေ ဖြစ်သွားဖို့ဆိုရင်တော့… မသိပါဘူး။”
လင်ရှုမင်က သူ၏စကားကို ဖြတ်တောက်လိုက်သည်။ စစ်တူစီသည် အစွမ်းကြီးသော ထိပ်သီးပညာရှင်တစ်ယောက်ဖြစ်သော်လည်း သူ၏ စွမ်းအားများကို အသေးစိတ်မသိရပေ။ စစ်တူစီသည် လူအများရှေ့တွင် သူ၏ စွမ်းအားကို မပြသတတ်ပဲ အမြဲတစေ လျှို့ဝှက်ဆန်းကြယ်နေတတ်သည်။
သို့သော် စစ်တူစီပင် ဝန်နင်းချိုင့်ဝှမ်းထဲက မြေကျင်းတွေလို ရာနဲ့ချီတဲ့ ကျင်းတွေကို သူတစ်ယောက်တည်းရဲ့ စွမ်းအားနဲ့ ပြုလုပ်နိုင်မည်ဟု လင်ရှုမင် မယုံကြည်ပေ။
ထိုအချိန်တွင် စစ်တူစီက ပြောလိုက်သည်။
“ဟုတ်တယ်။ ကျုပ်ရဲ့ စွမ်းအားက ဒီလောက်ကြီးမားတဲ့ မြေကျင်းတွေ အများကြီးကို ဖြစ်ပေါ်စေဖို့ မလုံလောက်ဘူး။”
“ဒီမြေကျင်းတွေက လူသားတွေရဲ့ လုပ်ဆောင်မှုနဲ့ ဖြစ်ပေါ်လာတာ မဟုတ်ဘူးဆိုရင်တော့ ဒါက ပြဿနာတစ်ခုပါပဲ။ မြောက်ပိုင်းမြို့တော်မှာ ထိပ်သီးပညာရှင်တစ်ယောက်ရဲ့ အင်အားနဲ့ ညီမျှတဲ့ ကြောက်စရာကောင်းတဲ့ လက်နက်တစ်ခု ရှိနေပြီဆိုရင်၊ ဒီသတင်းသာ ပျံ့နှံ့သွားရင်၊ မကြာခင်မှာပဲ အင်အားကြီး နိုင်ငံတွေက ရှနိုင်ငံတော်ကို ပူးပေါင်းတိုက်ခိုက်ကြလိမ့်မယ်။”
ယနေ့ခေတ်တွင် ထိပ်သီးပညာရှင်တစ်ယောက်သည် နိုင်ငံတစ်ခု၏ အများပြည်သူကို ထောက်ပံ့ပေးသော ထောက်တိုင်တစ်ခုဖြစ်ပြီး နိုင်ငံတွေကြား စစ်ပွဲတွေ ဘယ်လောက်ပဲ ပြင်းထန်ပြင်းထန် ထိပ်သီးပညာရှင်ထက် ပိုစွမ်းအားကောင်းသူတွေကို စစ်မြေပြင်ပေါ်သို့ စေလွှတ်နိုင်ခြင်း လုံးဝမရှိပေ။
သို့သော် ထိပ်သီးပညာရှင်တစ်ယောက်၏ စွမ်းအားနဲ့ ညီမျှသော လက်နက်တစ်ခု ပေါ်ထွက်လာပါက ထိပ်သီးပညာရှင်များ၏ အဆင့်အတန်းက လုံးဝကျဆင်းသွားမှာဖြစ်ပြီး အင်အားကြီး နိုင်ငံများကြား အင်အားဟန်ချက်ညီမှုကို ပျက်ပြားစေမည်ဖြစ်သာ်။
အခြားနိုင်ငံတွေသာ ထိုအကြောင်းကို သိသွားပါက ထိုလျှို့ဝှက်လက်နက်ကို ပိုင်ဆိုင်ထားသော နိုင်ငံကို ပူးပေါင်းတိုက်ခိုက်ကြမည်မှာ မလွဲပေ။
စစ်တူစီ၏ စကားကို ကြားလိုက်ရသောအခါ လင်ရှုမင်၏ မျက်နှာ ပိုမိုတင်းမာလာသည်။ ထိုအရာ၏ အဓိပ္ပာယ်ကို သူသဘောပေါက်နေသည်။
ထို့နောက် လင်ရှုမင်က မေးလိုက်သည်။
“ရန်ခရိုင်ရဲ့ တိုက်ပွဲအကြောင်း နန်းတော်ကို ဘယ်လို အစီရင်ခံရမလဲဆိုတာ ကျွန်တော် စိတ်ပူနေမိပါတယ်။ နိုင်ငံတော် ပညာရှိကြီး အကြံပေးပါဦး။”
ထိုသို့ပြောရင်း လင်ရှုမင်က စစ်တူစီကို ရိုသေစွာ ဦးညွှတ်လိုက်သည်။
လင်ရှုမင်ဦးဆောင်သော နန်းတွင်းတပ်မတော်သည် မြောက်ပိုင်းမြို့တော်နှင့် လွင်ပြင်ဒေသ မျိုးနွယ်စုတို့ကြား ဖြစ်ပွားခဲ့သော အဓိက တိုက်ပွဲအတွက် အချိန်မီ မရောက်ရှိခဲ့သော်လည်း သူတို့သည် မြောက်ပိုင်းမြို့တော်သို့ ရောက်ရှိလာခဲ့သည်။
နန်းတွင်းတပ်မတော်ကို မြောက်ဘက်သို့ ဦးဆောင်ခဲ့သည့် တာဝန်ရှိအရာရှိအဖြစ် လင်ရှုမင်သည် မြောက်ပိုင်းမြို့တော်မှ သူ၏ လေ့လာတွေ့ရှိချက်များကို နန်းတော်သို့ အစီရင်ခံရမည်မှာ မလွဲမသွေ ဖြစ်လာမည်ဖြစ်ပြီး ထိုအချက်က သူ့ကို အတော်လေး စိတ်မသက်သာဖြစ်စေသည်။
သံချပ်ကာ မြင်းတပ်နှင့် ပတ်သက်၍မူ
မြောက်ပိုင်းနယ်စားမင်းသား ထိန်းချုပ်ထားတာကို နန်းတွင်းက သိပြီးဖြစ်နိုင်သည်။ သို့သော် မြောက်ပိုင်းနယ်စားမင်းသား၏ လက်ထဲတွင် ရှိသော လျှို့ဝှက်လက်နက်နှင့် ပတ်သက်၍မူ လင်ရှုမင် အနေနှင့် အစီရင်ခံရမလား မခံရမလားဆိုသည်ကို မဝေခွဲနိုင်ပေ။
ထိပ်သီးပညာရှင်တစ်ဦး၏ တိုက်ခိုက်မှုနှင့် နှိုင်းယှဉ်နိုင်သော ဖျက်စွမ်းအားရှိသည့် လက်နက်အကြောင်း နန်းတွင်းက သိရှိသွားပါက နန်းတော်တစ်ခုတည်းသာမက နိုင်ငံကြီး တစ်ခုလုံးပါ လှုပ်ခတ်သွားမည်မှာ သေချာသည်။
လင်ရှုမင်သည် စစ်ဗိုလ်ချုပ်တစ်ဦးသာ ဖြစ်သော်လည်း ဝန်ကြီးချုပ်၏ သားဖြစ်သည့်အတွက် နိုင်ငံရေးကို နားလည်သဘောပေါက်မှု အနည်းငယ်ရှိပြီး ထိုအခြေအနေ၏ လေးနက်မှုကို သဘောပေါက်သည်။
ယခု နိုင်ငံတော်ပညာရှိ ရောက်ရှိလာပြီဖြစ်သည့်အတွက် သူမည်သို့ အစီရင်ခံရမည်ကို သိရှိနိုင်မည်ဖြစ်သည်။
အနည်းငယ် စဉ်းစားပြီးနောက် စစ်တူစီက လင်ရှုမင်ကို ပြောလိုက်သည်။
“ဗိုလ်ချုပ်လင်။ တရားဝင် အစီရင်ခံစာမှာ မြေပြိုတဲ့ အကြောင်း မဖော်ပြပါနှင့်။ မြောက်ပိုင်းမြို့တော်က ထိပ်သီးပညာရှင်ကြီး ပါဝင်ခဲ့တယ်လို့ပဲ ဖော်ပြလိုက်ပါ။”
“မြေပြိုတဲ့ ကိစ္စတွေနဲ့ ပတ်သက်ပြီး ကျွန်တော် နေပြည်တော်သို့ ပြန်ရောက်မှပဲ မင်းကြီးကို တိုက်ရိုက် ပြောပြပါမယ်။”
လင်ရှုမင်သည် မျက်လုံးများ တောက်ပလာပြီး ထပ်မံ ဦးညွှတ်ကာ ပြောလိုက်သည်။ “နိုင်ငံတော် ပညာရှိကြီးကို ကျေးဇူးတင်ပါတယ်။”
စစ်တူစီက အနည်းငယ် ခေါင်းညိတ်လိုက်ပြီး ဆက်လက်ပြောသည်။
“ဗိုလ်ချုပ်လင် မြောက်ပိုင်းမြို့တော်မှာ နေထိုင်နေတုန်း အခြား ထူးခြားတဲ့ အချက်တစ်ခုခု သတိထားမိပါသေးသလား။”
လင်ရှုမင်က ပြန်လည်ဖြေကြားသည်။
“လောလောဆယ်တော့ မရှိပါဘူး။ ကျွန်တော်က ကျွန့်တော့် စစ်သားတွေကို မြောက်ပိုင်းမြို့တော်မှာ ဖြစ်ပျက်နေတာတွေကို အလွန်အကျွံ အာရုံမစိုက်မိအောင် သတိ ပေးထားခဲ့ပါတယ်။ မြောက်ပိုင်းနယ်စားမင်းသား သဘောမကျမှာကို စိုးရိမ်လို့ပါ။”
စစ်တူစီက ပြောလိုက်သည်။
“အင်း။ ဗိုလ်ချုပ်လင်ရဲ့ စဉ်းစားပုံက မှန်ပါတယ်။ လောလောဆယ် နန်းတွင်း စစ်တပ်က လှုပ်ရှားမှုများ အများကြီး မလုပ်နိုင်ပါဘူး။”
ထို့နောက် စစ်တူစီက
“ဗိုလ်ချုပ်လင်။ ဒီနေ့အတွက် ဒီလောက်ဆိုရင် ပြီးပါပြီ။ ကျွန်တော် မြောက်ပိုင်းနယ်စားမင်းသား စံအိမ်ကို သွားရဦးမှာ ဖြစ်ပါတယ်။”
ထိုစကားကို ကြားလိုက်ရသည်နှင့် လင်ရှုမင်သည် စိတ်ထဲတွင် တုန်လှုပ်သွားမိသည်။ နိုင်ငံတော် ပညာရှိကြီးက တကယ်ပဲ မြောက်ပိုင်းနယ်စားမင်းသားဆီကို သွားရောက်တော့မည်ဖြစ်သည်။
“နိုင်ငံတော် ပညာရှိကြီးရဲ့ ခရီးစဉ် ချောမွေ့ပါစေ။”
ထို့နောက် စစ်တူစီသည် နန်းတွင်းတပ်စခန်းမှ ချက်ချင်းထွက်ခွာသွားပြီး မြောက်ပိုင်းနယ်စားမင်းသား စံအိမ်သို့ တိုက်ရိုက်သွားလိုက်သည်။
.........