← Chapters

အခန်း ၁၆၀-၁၆၂

Vol. 11 Ch. 160-162

အခန်း ၁၆၀-၁၆၂

Vol. 11 Ch. 160-162

အခန်း (၁၆၀)

ရက်စက်ကြမ်းကြုတ်သော ကောင်းကင်ဝံပုလွေဘုရင်နှင့် ကရုဏာရှင်မြောက်ပိုင်းနယ်စားမင်းသား (၂)

ရဲလိနန်ရန်က ဆက်ပြောလိုက်သည်။

“ကျွန်မ ဒီကိုလာတဲ့လမ်းမှာ မြောက်ပိုင်းနယ်စားမင်းသားကို မေးကြည့်ခဲ့တယ်။ သူက လတိုင်း ရှင်တို့ထဲက အ‌ယောက်တစ်ရာကို အိမ်ပြန်ပြီး မိသားစုတွေနဲ့ တွေ့ခွင့်ပေးမယ်လို့ ပြောတယ်။ ဒါပေမယ့် နောက်ခြောက်လကြာတဲ့အထိ‌တော့ စောင့်ရမယ်။ မြောက်ပိုင်းနယ်စားမင်းက ရှင်တို့ရဲ့ ဆွေမျိုးတွေလာ ရောက်တွေ့ဆုံခွင့်ကို ကန့်သတ်မှာ မဟုတ်ဘူး။”

ထိုစကားကို ကြားလိုက်ရသောအခါ လွင်ပြင်ဒေသ မျိုးနွယ်စု အကျဉ်းသားများ အလွန်စိတ်လှုပ်ရှားသွားကြသည်။ မြောက်ပိုင်းမြို့တော်မှ ထွက်ခွာခွင့်နှင့် သူတို့၏ ဆွေမျိုးများကို ပြန်မြင်ခွင့်တို့ကို ဘယ်တော့မှ မရနိုင်တော့ဟု ထင်ခဲ့ကြ၏။ မျှော်လင့်မထားပဲ မြောက်ပိုင်းနယ်စားမင်းသားက သူတို့၏ ဆွေမျိုးမိသားစုများကို လာတွေခွင့် ပြုလိုက်ခြင်း ဖြစ်သည်။

သူတို့၏ မိသားစုများကို မကြာမီ မြင်တွေ့ခွင့်လာနိုင်ပြီဖြစ်သည်။ သို့သော် သူတို့ မိဖုရား၏ စွန့်လွှတ်မှုကြောင့် ထိုအခွင့် အရေးကို ရရှိခဲ့ခြင်းဖြစ်ကြောင်း လွင်ပြင်ဒေသ မျိုးနွယ်စုအကျဉ်းသားများအနက် အချို့က ချက်ချင်းနားလည်သွားကြသည်။

ထိုအချိန်တွင် အကျဉ်းသားတစ်ဦးက မေးလိုက်သည်။

“ဒါက မိဖုရား ရဲလိနန်ရန် မင်းသားနဲ့ လက်ထပ်ဖို့ သဘောတူလိုက်ရတဲ့ အခြေအနေတစ်ခုပါလား။”

ရဲလိနန်ရန်က အဖြေပေးမည့် အချိန်တွင် မျိုးနွယ်စု အကျဉ်းသားများ၏ မျက်လုံးများက သူ့ကို အာရုံစိုက်ကြည့်နေသည်ကို မြင်လိုက်ရပြီးနောက် သူမသည် ချက်ချင်းပင် တိတ်ဆိတ်သွားလိုက်သည်။ တကယ်တော့ ဒါက သူမနှင့် သိပ်မဆိုင်ပါ။ အဘယ်ကြောင့်ဆိုသော် သူမမှာ လုချန်းနှင့် စေ့စပ်ညှိနှိုင်းနိုင်သည့် အနေအထား မရှိတော့‌ သော‌ကြောင့်ဖြစ်သည်။

ရဲလိနန်ရန်၏ တိတ်ဆိတ်နေမှုကို မြင်လိုက်ရသောအခါ လွင်ပြင်ဒေသ မျိုးနွယ်စုများ၏ အကျဉ်းသားများလည်း သူမ၏ စွန့်လွတ်မှုကြောင့်ဟု ယူဆလိုက်ကြသည်။ ချက်ချင်းပင် အကျဉ်းသားများ၏ ရဲလိနန်ရန်အပေါ် ကျေးဇူးတင်မှုက ပိုကြီးမားလာပြီး သူတို့၏ စိတ်ထဲတွင် သူမ၏ အဆင့်အတန်းက တစ်ဆင့်မြင့်တက်သွားသည်။

ထိုအချိန်တွင် လွင်ပြင်ဒေသ မျိုးနွယ်စုများ၏ အကျဉ်းသားတစ်ဦးက

“မိဖုရား။ ဒါဆို မိဖုရားနဲ့ မင်းသမီးနှစ်ယောက်လုံး မြောက်ပိုင်းနယ်စားမင်းသားကို လက်ထပ်ကြမှာလား”

ဟု ရုတ်တရက်မေးလိုက်သည်။

ရဲလိနန်ရန်က

“ဟုတ်ပါတယ်” ဟု ဖြေလိုက်သည်။

ထိုအကျဉ်းသားက ဆက်လက်ပြောလိုက်သည်

“ဒါဆို မင်းသမီးက မြောက်ပိုင်းနယ်စားမင်းသားရဲ့ အမျိုးသမီးဖြစ်သွားမှာလား။ အကယ်၍ ကျွန်တော်က မင်းသမီးရဲ့ အမေနဲ့ ပက်သက်တာ တစ်ခုခုကို မြောက်ပိုင်းနယ်စားမင်းသားကို ပြောပြရင် ဒါကို ကျေးဇူးတင်စရာ တစ်ခုလို့ မှတ်ယူပေးမလား။”

အကျဉ်းသား၏စကားကို ကြားလိုက်ရသည်နှင့် ရှောင်ဝမ်ယောင် ခဏတာမျှ တုန်လှုပ်သွားပြီး

“ကျွန်မအမေအကြောင်းလား။ ဘာလဲ” ဟု ချက်ချင်းမေးလိုက်သည်။

အကျဉ်းသားက

“‌ ဒီလိုပါ မင်းသမီး။ အရင်တုန်းက ကောင်းကင်ဝံပုလွေဘုရင်ဟာ မင်းသမီးရဲ့ မိခင်ကို အဆိပ်ခတ်သတ်ပစ်ခဲ့ပါတယ်။ ကျွန်တော်အပါအဝင် သူ့ရဲ့နောက်လိုက်တချို့လည်း ဒီကိစ္စကို သိထားပါတယ်” ဟု ပြောလိုက်သည်။

ကောင်းကင်ဝံပုလွေဘုရင် သေဆုံးသွားပြီဖြစ်သော်လည်း ရှောင်ဝမ်ယောင်ကတော့ အသက်ရှင်နေဆဲဖြစ်ပြီး မြောက်ပိုင်းနယ်စားမင်းသား၏ အမျိုးသမီးဖြစ်လာ တော့မည်ဖြစ်သည်။ အကယ်၍ ကောင်းကင်ဝံပုလွေဘုရင် ပြုလုပ်ခဲ့သည့် အရှက်ရစရာလုပ်ရပ်များကို သူမအား ပြောပြပြီး သူမကို ကောင်းကင်ဝံပုလွေဘုရင်အပေါ် မုန်းတီးစေနိုင်ပါက မြောက်ပိုင်းနယ်စားမင်းသားအတွက် အထောက်အကူဖြစ်စေမည်ဖြစ်သည်။

အမှန်စင်စစ် မြောက်ပိုင်းနယ်စားမင်းသားသည် ရှောင်ဝမ်ယောင်၏ အဖေနှင့် မဟာရန်သူဖြစ်သည်။ ရှောင်ဝမ်ယောင်သည် ကောင်းကင်ဝံပုလွေဘုရင်အပေါ် မုန်းတီးမှုမရှိပါက မြောက်ပိုင်းနယ်စားမင်းသားအတွက် မကောင်းနိုင်သလို ရှောင်ဝမ်ယောင်သည်လည်း မြောက်ပိုင်းနယ်စားမင်းသား၏ စံအိမ်သို့ စိတ်ရှင်းရှင်းဖြင့် ဝင်ရောက်လာနိုင်မည် မဟုတ်ပေ။

သို့သော် သူမ၏အမေကို ကောင်းကင်ဝံပုလွေဘုရင်က သတ်ခဲ့ကြောင်း ရှောင်ဝမ်ယောင် သိရှိသွားပါက သူမ၏အဖေကို မြောက်ပိုင်းနယ်စားမင်းသားက သတ်ခဲ့သည့်ကိစ္စကို သူမအရေးမစိုက်တော့ပဲ မြောက်ပိုင်းနယ်စားမင်းသား၏ စံအိမ်သို့ စိတ်ရှင်းရှင်းနှင့် ဝင်ရောက်လာရန် ပိုမိုလွယ်ကူသွားမည်ဖြစ်သည်။

ထိုအချိန်တွင် အခြားအကျဉ်းသားတစ်ဦးက

“မင်းသမီး။ ကျွန်တော်လည်း ဒီကိစ္စကို သိထားပါတယ်။ ဒါ့အပြင် မင်းသမီးရဲ့အမေကို အဆိပ်ခတ်ခဲ့တာက ကောင်းကင်ဝံပုလွေဘုရင်ကိုယ်တိုင် လုပ်ခဲ့တာဆိုတာလည်း ကျွန်တော်သိထားပါတယ်”

ဟု ပြောလိုက်သည်။

ထိုစကားကို ကြားလိုက်ရသည်နှင့် ရှောင်ဝမ်ယောင်၏ မျက်နှာလည်း ချက်ချင်းပင် ဖြူလျော်သွားသည်။

သူမ၏ဦးလေးထံမှ ထိုသံသယစကားကို ကြားဖူးထားသော်လည်း ထိုအချိန်ကတော့ သက်သေအထောက်အထားမရှိသော မှန်းဆချက်သာဖြစ်သည်ဟု သူမမှတ်ယူထားခဲ့သည်။ သူမ၏အဖေသေဆုံးပြီးနောက် သူ၏နောက်လိုက်ဟောင်းများက သက်သေအဖြစ် ရပ်တည်လာမည်ကို သူမမျှော်လင့်ထားခြင်းမရှိပေ။

သူမ၏မိခင်သည် အမှန်တကယ်ပင် သူမ၏ဖခင်ကိုယ်တိုင် အဆိပ်ခတ် လုပ်ကြံခြင်းကို ခံခဲ့ရသည်။

ထိုအတွေးများက ရှောင်ဝမ်ယောင်ကို တုန်ယင်သွားစေသည်။

သူမ ဖခင်စိတ်ဓာတ်သည် အလွန်ယုတ်မာလှသည်။

မိဖုရားအသစ်တစ်ပါးကို ယူရန် သူသည် အမြဲတမ်း သူ့ဘေးမှာရှိနေခဲ့သော ဇနီးကို အဆိပ်ခတ်ရန် မတွန့်ဆုတ်ခဲ့ပေ။

အကယ်၍ သူမ၏မိခင်က သူ့ဦးလေးကို မယှဉ်ပြိုင်ရန် စည်းရုံးခဲ့ခြင်း မရှိခဲ့ပါက ရှောင်ဟွန်ဗို မျိုးနွယ်စု ဘုရင်ဖြစ်လာနိုင်မည် မဟုတ်ပေ။ သို့သော် သူကောင်းကင်ဝံပုလွေဘုရင် ဖြစ်လာပြီး ပထမဆုံးလုပ်ခဲ့သည့်အရာမှာ သူမ၏မိခင်ကို အဆိပ်ခတ်ခြင်း ဖြစ်သည်။

အစပိုင်းတွင် ရှောင်ဝမ်ယောင်သည် ရှောင်ဟွန်ဗို၏ သေဆုံးမှုကြောင့် ဝမ်းနည်းမှု အနည်းငယ် ခံစားခဲ့ရသည်။ အဘယ့်ကြောင့်ဆိုသော် သူသည် သူမ၏ဖခင်အရင်းဖြစ်၏။

သို့သော် သူမ၏ဖခင်၏ လက်အောက်ငယ်သားများမှ ဖွင့်ဟဝန်ခံချက်များကို ကြားပြီးနောက် ရှောင်ဟွန်ဗိုအတွက် သူမ၏ နောက်ဆုံးသော သံယောဇဉ်က ပျောက်ကွယ်သွားခဲ့သည်။

မြောက်ပိုင်းနယ်စားမင်းသား သတ်တာ ရှောင်ဟွန်ဗို ခံရခြင်းသည် ဖြစ်သင့်သည်ဟု သူမထင်မြင်လာသည်။ မြောက်ပိုင်းနယ်စားမင်းသားသည် သူမ၏မိခင်သေဆုံးမှုအတွက် လက်စားချေပေးသကဲ့သို့ ဖြစ်နေသည်။

ထိုအချိန်တွင် လုချန်းလည်း အနားရောက်လာခဲ့သည်။ ရှောင်ဝမ်ယောင် မျက်ရည်များ ကျနေသည်ကို မြင်သောအခါသူက ပြုံး၍ပြောလိုက်သည်။

“ဘာဖြစ်လို့လဲ မင်းသမီး။ မင်းရဲ့ မျိုးနွယ်စု စစ်သည်တွေရဲ့ ဒုက္ခတွေအတွက် မင်းနှလုံးသားက နာကျင်နေတာလား။”

ရှောင်ဝမ်ယောင်က ဘာမှပြန်မဖြေပဲ မျက်ရည်များကို ဆက်တိုက် သုတ်နေခဲ့သည်။ ထိုအချိန်တွင် ရဲလိနန်ရန်က ဘေးမှ ဝင်ပြောလိုက်သည်။

“မင်းသား။ ကောင်းကင်ဝံပုလွေဘုရင်ရဲ့ လက်အောက်ငယ်သားအချို့က ယောင်ယောင်ရဲ့ မိခင် အဆိပ်ခတ်သတ်ခံခဲ့ရကြောင်း ဝန်ခံခဲ့ကြလို့ပါ။”

ရဲလိနန်ရန် ပြောသည်ကို ကြားသောအခါ လုချန်း အံ့အားသင့်သွားခဲ့သည်။ ဝူယွမ် စုဆောင်းထားသော ထောက်လှမ်းရေးအချက်အလက်များတွင် ထိုကိစ္စကို သူကြားဖူးပြီးဖြစ်သော်လည်း အပိုအကြောင်းအရာတစ်ခုအဖြစ်သာ သူမှတ်ယူခဲ့သည်။ သူနှင့် သိပ်ပြီး မသက်ဆိုင်သောကြောင့် ဖြစ်သည်။

သို့သော် ရှောင်ဝမ်ယောင် ဤမျှနှလုံးကွဲအောင် ငိုနေသည်ကို မြင်သောအခါ သူမ၏မိခင်နှင့် အလွန်နီးကပ်သော ဆက်ဆံရေး ရှိခဲ့မည်ကို သဘောပေါက်လိုက်သည်။

ဒါဆို ရှောင်ဝမ်ယောင်ရဲ့ မိခင်သေဆုံးမှုအတွက် သူလက်စားချေပေးခဲ့တာလား။ ထိုအတွေးနှင့်အတူ လုချန်းသည် ရှောင်ဝမ်ယောင်၏ သဘောကျမှုကို ကြည့်လိုက်၏။ သူမ၏ သဘောကျမှုက အတော်လေး တိုးတက်လာပြီး၈၀ နီးပါး ရှိလာသည်ကို တွေ့ရှိလိုက်သည်။

ထိုအချိန်တွင် လုချန်းက ရုတ်တရက် တစ်ခုခုကို သတိရလိုက်ပြီး လွင်ပြင်ဒေသ မျိုးနွယ်စုသား အကျဉ်းသားများဘက်သို့ လှည့်ကာ ပြောလိုက်သည်။

“ကောင်းကင်ဝံပုလွေဘုရင်ဟာ သူရဲ့ ကိုယ်ပိုင်ရည်မှန်းချက်အတွက် သူရဲ့ ဇနီးကိုတောင် မနှမြောပဲ သတ်ဖြတ်ခဲ့တယ်။ သူဟာသူရဲ့ ဇနီးကို သတ်ဖြတ်ရုံသာမကဘူး ခင်ဗျားတို့ကို မြောက်ပိုင်းမြို့တော်သို့ ခေါ်ဆောင်လာပြီး လုယက်သတ်ဖြတ်မှူ‌တွေ ကျူးလွန်စေခဲ့တယ်။”

“ခင်ဗျားတို့ထဲက အချို့ဟာ ကောင်းကင်ဝံပုလွေဘုရင်ရဲ့ လက်အောက်ငယ်သားတွေ ဖြစ်ခဲ့ဖူးတော့ သူကျူးလွန်ခဲ့တဲ့ အပြစ်တွေကို ပိုသိထားကြမှာပါ။ ခင်ဗျားတို့ထဲက ဘယ်သူမဆို အရှေ့ကို ထွက်လာပြီး သူရဲ့ အပြစ်တွေကို ဖော်ထုတ်ရင် ကျွန်တော်က အဲ့ဒီလူတွေကို အိမ်ပြန်ပြီး မိသားစုတွေနဲ့ ပြန်ဆုံခွင့် ပေးမယ်။”

စစ်ပွဲက ပြီးဆုံးသွားပြီဖြစ်သည်။ အပြစ်အားလုံးကို လွှဲချနိုင်သော စစ်ရာဇဝတ်သား တစ်ဦးဦး ရှိရမည်။ ထိုအချက်က လုချန်းအတွက် ကောင်းကင်ဝံပုလွေဘုရင်မျိုးနွယ်စုတစ်ခုလုံးကို သိမ်းပိုက်ရန် ပို၍လွယ်ကူစေမည်ဖြစ်သည်။

ထိုအခါ ကောင်းကင်ဝံပုလွေဘုရင် မျိုးနွယ်စုသားများသည် သူတို့၏ ဘုရင်သာလျှင် အပြစ်ရှိသည်ဟု ထင်လာကြလိမ့်မည်။ သူတို့၏ ဘုရင်သည် သူ၏ ကိုယ်ပိုင်ရည်မှန်းချက်ကြောင့် မျိုးနွယ်စု တစ်ခုလုံးကို ချောက်ထဲသို့ ဦးဆောင်သွားခဲ့သည်။

ကောင်းကင်ဝံပုလွေဘုရင်နှင့် နှိုင်းယှဉ်ပါကမြောက်ပိုင်းနယ်စားမင်းသားကသာ သူတို့အပေါ် တကယ်ကောင်းသူဖြစ်သည်။ မြောက်ပိုင်းနယ်စားမင်းသားသည် သူတို့ကို သတ်ဖြတ်ခြင်းမပြုပဲ ပြန်လည်ထူထောင်ရန် အခွင့်အရေးပေးခဲ့သည်။ ထို့အပြင် သူတို့၏ မိသားစုများကိုလည်း မြောက်ပိုင်းမြို့တော်သို့ ရွှေ့ပြောင်းပေးခဲ့သည်။

အချိန်ကုန်ကြာသည်နှင့်အမျှ ဤလွင်ပြင်ဒေသ မျိုးနွယ်စုသားများသည် ကောင်းကင်ဝံပုလွေဘုရင်ကို ပိုမိုမုန်းတီးလာကြမည်ဖြစ်သည်။ လုချန်းသည် စိတ်ထဲတွင် စဉ်းစားလိုက်သည်။ ကောင်းကင်ဝံပုလွေဘုရင်သည် သေဆုံးသွားပြီ ဖြစ်‌သော်လည်း သူ့ကို နောက်ဆုံးတစ်ကြိမ် အသုံးချကြည့်ရမည်။

လုချန်း မျှော်လင့်ထားသည့်အတိုင်း သူပြောပြီးသည်နှင့် လွင်ပြင်ဒေသ မျိုးနွယ်စုသား အကျဉ်းသားတစ်ဦးသည် ထလိုက်ပြီး ပြောလိုက်သည်။

“ကျွန်တော်သိတာက ကောင်းကင်ဝံပုလွေဘုရင်ဟာ ရှနိုင်ငံတော်က အမျိုးသမီးတွေကို ဖမ်းဆီးပြီး တဲတစ်လုံးထဲမှာ ပိတ်ထားပြီး ညှင်းပန်းနှိပ်စက်တတ်တယ်။ သူက မိဖုရားကို လက်ထပ်ချင်တယ်၊ ချစ်မြတ်နိုးတယ်လို့ ဆိုပေမယ့် တကယ်တော့ မိဖုရားရဲ့ အလှအပနဲ့ အာဏာကိုပဲ လိုချင်တာပါ။ သူက လူယုတ်မာပါ။”

အကျဉ်းသား၏ စကားကို ကြားလိုက်ရသောအခါ လုချန်းသည် မျက်ခုံးအနည်းငယ် တွန့်သွားပြီး သူ့ကိုပါ ထိခိုက်သွားသလို ခံစားလိုက်ရသည်။ ဒါက သူစိတ်ထင်တာလား။ သို့သော် အကျဉ်းသားက ကောင်းကင်ဝံပုလွေဘုရင်အကြောင်း ပြောနေခြင်းသာ ဖြစ်သောကြောင့် ထိုအရာကို သူအလေးအနက် မထားတော့ပေ။

ထို့နောက် နောက်တစ်ယောက်က ရှေ့သို့ထွက်လာပြီ အခြားသူများလည်း လိုက်လာကြသည်။ မကြာမီ နောက်ထပ် လွင်ပြင်ဒေသ မျိုးနွယ်စုသား တစ်ဦးက ထလိုက်ပြီး ပြောလိုက်သည်။

“ကျွန်တော်သိတာက ရှောင်ဟွန်ဗိိုက ကျွန်တော်တို့ မျိုးနွယ်စုရဲ့ ခေါင်းဆောင်ဖြစ်ဖို့ သူ့ကို ကန့်ကွက်တဲ့ အကြီးအကဲတစ်ယောက်ကို တိတ်တဆိတ် သတ်ဖြတ်ပြီး အဲဒီအကြီးအကဲရဲ့ အူတွေကို ချက်ပြုတ်စားသောက်ခဲ့တယ်။ ရှောင်ဟွန်ဗိုက မကောင်းဆိုးဝါးပါ။”

“ကျွန်တော်သိတယ်…”

“ကျွန်တော်လည်း သိတယ်…”

တစ်ချိန်တည်းမှာပဲ လွင်ပြင်ဒေသ မျိုးနွယ်စုသား အကျဉ်းသားများသည် တစ်ယောက်ပြီး တစ်ယောက် ထလာကြပြီး ရှောင်ဟွန်ဗို ကျူးလွန်ခဲ့သော အပြစ်များကို ဖော်ထုတ်ကြသည်။ အစပိုင်းတွင် သူတို့၏ ပြောဆိုချက်များသည် ယုံကြည်နိုင်စရာ ရှိသော်လည်း နောက်ပိုင်းတွင် အချို့သည် မယုံနိုင်စရာ အကြောင်းအရာများကိုပါ လုပ်ကြံပြောဆိုလာကြသည်။

ဥပမာ ရှောင်ဟွန်ဗိုက ကလေးများကို စားရတာ ကြိုက်ကြောင်း၊ ယောက်ျားတွေနဲ့ ဆက်ဆံကြောင်း၊ ပြီးတော့ မစင်ကိုတောင် စားတယ်ဆိုတဲ့ အကြောင်းအရာများပါ ပြောလာကြသည်။

ဤသည်မှာ လုချန်း လိုချင်သော အကျိုးသက်ရောက်မှုဖြစ်သည်။ ကောင်းကင်ဝံပုလွေဘုရင်ကို သူ၏ မျိုးနွယ်စုသားများက ပိုမိုမုန်းတီးလာလေ လွင်ပြင်ဒေသ မျိုးနွယ်စုသား အကျဉ်းသားများက မြောက်ပိုင်းမြို့တော်ကို ပိုမိုသစ္စာခံချင်လာကြလေဖြစ်သည်။

အချိန်ကောင်းရောက်လာပြိီဟု ယူဆပြီး လုချန်းက ချင်ယူရှန်ဘက်သို့ လှည့်ကာ ပြောလိုက်သည်။

“တပ်မှူးချင် နောက်ပိုင်းကျရင် ကောင်းကင်ဝံပုလွေဘုရင် ရှောင်ဟွန်ဗိုရဲ့ အပြစ်အားလုံးကို စာရင်းပြုစုပြီး မြောက်ပိုင်းမြို့တော်ရဲ့ မြို့နယ်အားလုံးကို ဖြန့်ဝေဖို့ ကြေညာစာတမ်းတစ်စောင် ထုတ်ပြန်ပါ။”

ချင်ယူရှန်က ချက်ချင်းပင် ပြောလိုက်သည်။ “ဟုတ်ကဲ့ပါ မင်းသား။”

ထို့နောက် လုချန်းက ရဲလိနန်ရန်ကို ကြည့်ပြီး ပြောလိုက်သည်။

“မိဖုရား ရဲလိနန်ရန်။ အခုလောက်ဆို လုံလောက်ပြီထင်တယ်။ ကျွန်တော်တို့ ပြန်လို့ရပါပြီ။”

ရဲလိနန်ရန်သည် လွင်ပြင်ဒေသ မျိုးနွယ်စုသား အကျဉ်းသားများကို တစ်ချက်ကြည့်လိုက်ပြီးနောက် စိတ်ရှုပ်ထွေးနေသော ရှောင်ဝမ်ယောင်ကို ကြည့်ကာ သက်ပြင်းချလိုက်သည်။

“ဟုတ်ကဲ့ မင်းသား။”

မကြာမီပင် သူတို့ မင်းသားစံအိမ်သို့ ပြန်ရောက်လာကြသည်။

စံအိမ်သို့ ပြန်ရောက်လာသောအခါ ရဲလိနန်ရန်သည် သူမ၏ အခန်းထဲရှိ သစ်သားခုံပေါ်တွင် ထိုင်ကာ ပြတင်းပေါက်မှတစ်ဆင့် ခြံထဲကို ကြည့်ရှုနေရင်း အတွေးများထဲတွင် နစ်မြုပ်နေသည်။ ထိုအချိန်တွင် မင်းသားစံအိမ်မှ အစေခံမိန်းမတစ်ဦး၏ အသံကို အပြင်မှ ကြားလာရသည်။

“မင်းသားကို ဂါရဝပြုပါတယ်။”

အစေခံမိန်းမ၏ အသံကို ကြားလိုက်ရသောအခါ ရဲလိနန်ရန်သည် ခဏခန့် အံ့အားသင့်သွားပြီး ချက်ချင်းပင် ထလိုက်သည်။ သူမ ထလိုက်သည်နှင့် လုချန်းက တံခါးကို တွန်းလိုက်ကာ အခန်းထဲသို့ ဝင်လာခဲ့သည်။

........

အခန်း (၁၆၁)

အခုကစပြီး နန်ရန်လို့ ခေါ်လို့ရမလား (၁)

မြောက်ပိုင်းဒေသက ထွက်လာကတည်းက လုချန်း တစ်လမ်းလုံး သည်းခံနေလာခဲ့သည်။ လွင်ပြင်ဒေသသား သုံ့ပန်းများ၏ စခန်းကို သွားတဲ့အခါမှာလည်း သည်းခံခဲ့သေးသည်။ သို့သော်နောက်ဆုံးတော့ သူ မဆက်သည်းခံနိုင်တော့ပါ။

ကလေးတစ်ယောက်ရှေ့မှာ သကြားလုံးတစ်လုံးကို ကြည့်ခွင့်ပေး‌ထားသော်လည်းမြည်းစမ်းခွင့် မပေးသလိုပင်ဖြစ်သည်။

ဘယ်သူများ သည်းခံနိုင်မှာလဲ။ ထို့ကြောင့် လုချန်း မင်းသား၏ စံအိမ်ကို ပြန်ရောက်သည်နှင့် ပထမဆုံး လုပ်တာက ရဲလိန်ရန်၏ အခန်းဆီကို တန်းသွားလိုက်ခြင်းဖြစ်သည်။

လုချန်း သူမ၏ အခန်းထဲသို့ ဝင်လာသည်ကို မြင်လိုက်ရသည့်အခါ ရဲလိန်ရန် အနည်းငယ် လန့်သွားသည်။ သူမတစ်ခုခု ပြောဖို့ လုပ်နေစဉ်တွင် လုချန်းက တံခါးကို ပိတ်လိုက်သည်ကို သတိထားမိသည်။

ရဲလိန်ရန် ချက်ချင်း စိတ်လှုပ်ရှားသွားသည်။ ဒီလူငယ်လေးက သူမ၏ အခန်းထဲကို ဝင်လာပြီး တံခါးကို ပိတ်လိုက်တာက ဘာလုပ်ဖို့လဲ။ ထိုအချိန်တွင် လုချန်းက ပြုံးရယ်ရင်း “မိဖုရား ရဲလိန်ရန် မကြောက်ပါနဲ့။ ကျွန်တော့်မှာ မေးစရာတွေ ရှိလို့ လာတာပါ။” ဟု ပြောလိုက်သည်။

ထိုစကားကို ကြားလိုက်ရသည့်အခါ ရဲလိန်ရန်မှာ စိတ်ထဲတွင် ရှုပ်ထွေးသွားသည်။ မေးစရာတွေ ရှိလို့လာတယ်ဆိုတော့ ဘာကိစ္စတွေရှိလို့လဲ။ ထို့နောက် လုချန်းမှာ အခန်းထဲရှိ စားပွဲနားတွင် ထိုင်လိုက်သည်။

ရဲလိန်ရန်က မေးလိုက်သည်။

“မင်းသားမှာ ဘာကိစ္စတွေ မေးမြန်းချင်တာရှိလဲဆိုတာ သိပါရစေ။”

လုချန်းက ဂုဏ်သိက္ခာရှိပြီး သိမ်မွေ့နုပျိုသော ရဲလိန်ရန်ကို ကြည့်ကာ

“အရင် ထိုင်လိုက်ပါ မိဖုရား ရဲလိန်ရန်။”

ဟု ပြောလိုက်သည်။

ရဲလိန်ရန်လည်း ရွေးချယ်စရာ မရှိတော့ဘဲ ထိုင်လိုက်ရသည်။ အခုဆိုလျှင် အခန်းထဲမှာ သူတို့နှစ်ယောက်တည်း ရှိနေပြီး ပတ်ဝန်းကျင်က နည်းနည်း ထူးဆန်းနေသလို ရဲလိန်ရန် ခံစားရသည်။ အထူးသဖြင့် သူတို့နှစ်ယောက် အနီးကပ် ထိုင်နေကြသည့်အချိန်မျိုုးတွင်ဖြစ်သည်။

လုချန်းသည် အလွန်အာဏာကြီး‌ သော်လည်း ၁၆ နှစ်၊ ၁၇ နှစ်အရွယ် လူငယ်လေးတစ်ယောက်ပါပဲဟု ရဲလိန်ရန် တွေးမိလိုက်သည်။ သူမက သူ့ထက် အသက် ၁၀ နှစ်လောက် ကြီးနေပြီ။ ဘာများ ကြောက်စရာရှိမှာလဲ။

ဒါ့အပြင် လုချန်း၏ အပြုအမူအရ သူမနဲ့ တကယ်ကို တစ်ခုခု ဆွေးနွေးဖို့ ရှိနေပုံရသည်။ ဒါ့အပြင် နေ့ခင်းဘက်ပဲ ရှိနေသေးသည်။ သူက မင်းသားတစ်ပါးဖြစ်တဲ့အတွက် မသင့်တော်တဲ့ အရာတွေ လုပ်မှာ‌ တော့ မဟုတ်ပါ။

ထိုအတွေးက ရဲလိန်ရန်၏ စိတ်ကို ချက်ချင်း ငြိမ်သက်သွား‌စေလိုက်သည်။

“မင်းသားက ကျွန်မဆီက ဘာကို လိုချင်တာလဲဆိုတာ သိလိုပါတယ်။”

လုချန်းက တိုက်ရိုက်မေးလိုက်သည်။

“ကျွန်တော် သတိထားမိတာက မိဖုရား ရဲလိန်ရန်ရဲ့ အသွင်အပြင်ဟာ ရှနိုင်ငံတော်က အမျိုးသမီးတွေနဲ့ အတော်လေး ဆင်တူနေတယ်။ ခင်ဗျားက ရှားနိုင်ငံတော်က လာတာလား။”

ထိုမေးခွန်းကို ကြားလိုက်ရသည်နှင့် ရဲလိန်ရန်သည် အံ့အားသင့်သွား၏။ လုချန်း၏ မေးခွန်းက သူမ၏ မိခင်ကို သတိရစေခဲ့သည်။ ရဲလိန်ရန်က ခဏခန့် တိတ်ဆိတ်နေပြီး အတန်ငယ်ကြာအောင် စကားမပြောတော့ပေ။ လုချန်းက သူမ၏ မျက်လုံးများကို ကြည့်ရင်း မေးလိုက်သည်။

“ဘာဖြစ်သွားတာလဲ။”

ရဲလိန်ရန် သတိပြန်ဝင်လာပြီး လျင်မြန်စွာ ပြောလိုက်သည်။

“ဘာမှမဖြစ်ပါဘူး ကျွန်မ အာရုံလွင့်သွားလို့ပါ။”

“ဟုတ်ပါတယ်။ ကျွန်မရဲ့ မိခင်က ရှနိုင်ငံတော်က လာတာပါ။ လွင်ပြင်ဒေသ မျိုးနွယ်စုတွေ တောင်ဘက်ကို ဆင်းလာတဲ့အခါသူတို့က ကျွန်မရဲ့ မိခင်ကို ဖမ်းဆီးပြီး မျိုးနွယ်စုဆီ ခေါ်ဆောင်သွားခဲ့တယ်။ အဲဒီမှာ ကျွန်မကို မွေးဖွားခဲ့တာပါ။ ကျွန်မက ကျွန်မရဲ့ မိခင်နဲ့ တူတာကြောင့် မင်းသားက ကျွန်မနဲ့ ရှနိုင်ငံတော်က အမျိုးသမီးတွေနဲ့ ဆင်တယ်လို့ထင်တာ မဆန်းပါဘူး။”

လုချန်းက ပြန်‌ပြောလိုက်သည်။

“ဟုတ်လား။ ဒီလိုဖြစ်ရပ်မျိုး နောက်ကွယ်မှာ ရှိနေတာ ကျွန်တော် မသိခဲ့ဘူး။ မိဖုရား ရဲလိန်ရန်ဟာ ရှနိုင်ငံတော်က အမျိုးသမီးတွေနဲ့ အတော်လေး ဆင်တူနေတယ်လို့ပဲ ထင်မိ နေတာ။”

လုချန်းက နောက်ထပ် တစ်ခုခု ပြောတော့မည့်အချိန်တွင် ရဲလိန်ရန်က ပြောလိုက်သည်။

“မင်းသား။ ကျွန်မ ကောင်းကင်ဝံပုလွေဘုရင် မျိုးနွယ်စုက ထွက်ခွာသွားပြီဖြစ်ပါတယ်။ ကောင်းကင်ဝံပုလွေဘုရင်ရဲ့ ဇနီးလည်း မဟုတ်တော့ပါဘူး။ မင်းသားက ကျွန်မကို မိဖုရားလို့ မခေါ်တော့ပါနဲ့တော့။ ကျွန်မနာမည်ကို ခေါ်ရင်ပဲ လုံလောက်ပါတယ်။”

သူတို့သည် ယခုအခါ မြောက်ပိုင်းနယ်စားမင်းသား စံအိမ်တွင် ရှိနေပြီဖြစ်သည်။ ထိုနေရာတွင် တရားဝင် ဇနီးတစ်ဦးသာ ရှိနိုင်သည်။ မြောက်ပိုင်းနယ်စားမင်းသားက သူမကို မိဖုရားဟု ဆက်လက်ခေါ်ဆိုပါက မလိုလားအပ်သော ပြဿနာများ ဖြစ်ပေါ်လာနိုင်သည်။

ထိုကိစ္စနှင့် ပတ်သက်၍ ရဲလိန်ရန် ရှင်းလင်းစွာ သိရှိထားသည်။ သူမမြောက်ပိုင်းနယ်စားမင်းသား စံအိမ်တွင် ရှင်သန်လိုပါက တရားဝင်ဇနီးဖြစ်သူ မုကျိရွှမ်းကို မထိခိုက်မိစေရန် လိုအပ်သည်။

လုချန်းက သူမကို မိဖုရားဟု ဆက်လက်ခေါ်ဆိုနေပါက တရားဝင်ဇနီးဖြစ်သူ မုကျိရွှမ်း ကြားလျှင် သူမကို မည်သို့ ထင်မည်ကို မသိနိုင်ပေ။ သူမက ရဲလိန်ရန် တစ်ခုခု ကြိုးစားနေသည်ဟု သံသယဝင်နိုင်သည်။

ထိုသို့ဖြစ်ပါက သူမအတွက်ရော ရှောင်ဝမ်ယောင်အတွက်ပါ မကောင်းနိုင်ပေ။ ရဲလိန်ရန်သည် ရှနိုင်ငံတော်တွင် မနေထိုင်ဖူးသော်လည်း သူမမိခင်၏ လွှမ်းမိုးမှုကြောင့် ရှနိုင်ငံတော်နှင့် ပတ်သက်၍ အတော်လေး ရင်းနှီးကျွမ်းဝင်နေသည်။

ရဲလိန်ရန်၏ စကားကို ကြားလိုက်ရသည်နှင့် လုချန်းက ပြုံးရင်း ပြောလိုက်သည်။

“ကောင်းပါပြီ။ အခုကစပြီး ကျွန်တော် ခင်ဗျားကို နန်ရန်လို့ ခေါ်ပါမယ်။”

ထို့နောက် သူက ဆက်လက်ပြီး မေးမြန်းလိုက်သည်။

“နန်ရန်။ ခင်ဗျားရဲ့ မိခင်က လွင်ပြင်ဒေသ မှာ ခင်ဗျားကို မွေးပြီးနောက်ပိုင်း ဘဝက အတော်လေး ခက်ခဲမှာပေါ့။”

အမှန်စင်စစ် ရှနိုင်ငံတော်က အမျိုးသမီးတစ်ဦးအနေဖြင့် လွင်ပြင်ဒေသ မျိုးနွယ်စုတို့၏ ဖမ်းဆီးခံရပါက ဘဝက ခက်ခဲမည်မှာ သေချာသည်။

လုချန်း၏ မေးခွန်းကို ကြားလိုက်ရသည်နှင့် ရဲလိန်ရန်သည် သူမ၏ အတိတ်မှတ်ဉာဏ်ထဲသို့ ပြန်ရောက်သွားသလို ခံစားလိုက်ရသည်။ အတန်ငယ်ကြာပြီးနောက် သူမက ပြန်လည်ဖြေကြားလိုက်သည်။

“ဟုတ်ပါတယ်။ ကျွန်မရဲ့ မိခင်ကို မျိုးနွယ်စုရဲ့ ခေါင်းဆောင်က ကျွန်အဖြစ် ဆက်ဆံခဲ့တယ်။ နေ့စဉ် သူ့ကို လုပ်ကျွေးပြုစုဖို့ ခိုင်းခဲ့တယ်။ မကြာခဏ ရိုက်နှက်ခဲ့တယ်။ နောက်ဆုံးမှာတော့ သူလည်း အရှက်ကွဲတဲ့ဒဏ်ကို မခံနိုင်တော့ပဲ ကျွန်မ အသက်ဆယ်နှစ်အရွယ်မှာ ရေထဲခုန်ချပြီး အဆုံးစီရင်သွားခဲ့တယ်။”

ထိုအကြောင်းများကို ပြောနေရင်း ရဲလိန်ရန်၏ မျက်နှာပေါ်တွင် ဝမ်းနည်းမှု အရိပ်အယောင်များ ထင်ဟပ်လာသည်။ ထိုမြင်ကွင်းကို မြင်လိုက်ရသည်နှင့် လုချန်းက သူ၏လက်ကို ဆန့်ထုတ်ပြီး ရဲလိန်ရန်၏ လက်ကို ဆုပ်ကိုင်လိုက်ကာ သူမကို နှစ်သိမ့်ပေးလိုက်သည်။

“သေသွားသူတွေကို ပြန်မရနိုင်တော့ပါဘူး။ ဝမ်းမနည်းပါနဲ့တော့။”

လုချန်းက ရုတ်တရက် သူမ၏ လက်ကို ဆုပ်ကိုင်လိုက်သည်နှင့် ရဲလိန်ရန်၏ ရင့်ကျက်သော ခန္ဓာကိုယ်လည်း တုန်လှုပ်လာခဲ့သည်။ သို့သော် လုချန်းက နောက်ထပ် ဘာမှ မလုပ်တော့ပါ။ ထို့ကြောင့် သူမလည်း သူ၏ အကျင့်အတိုင်း လုပ်ရိုးလုပ်စဉ်တစ်ခုဟုသာ မှတ်ယူလိုက်သည်။

လုချန်းက ဆက်လက်လိုက်ပြောသည်။

“နန်ရန်။ တကယ်တော့ ကျွန်တော်လည်း ခင်ဗျားနဲ့ အတော်လေး ဆင်တူတယ်။ ကျွန်တော်လည်း ငယ်ငယ်တုန်းက မိခင်ကို ဆုံးရှုံးခဲ့ရတယ်။”

ထိုစကားကို ပြောရင်း လုချန်း၏ အသံတွင် ဝမ်းနည်းမှုများ အနည်းငယ် စွက်လာသည်။

လုချန်း၏ စကားကို ကြားလိုက်ရပြီး ရဲလိန်ရန်လည်း အံ့အားသင့်သွားကာ သူ့ကိုကြည့်လိုက်၏။ မည်သည့်အကြောင်းကြောင့်မှန်း မသိ ထိုလူငယ်လေးကို နှစ်သိမ့်ပေးချင်စိတ်များ သူမတွင် ဖြစ်ပေါ်လာသည်။ သူ့ကို ဝမ်းနည်းမနေရန် ပြောချင်စိတ်များ ဖြစ်ပေါ်လာသည်။

အကြောင်းမှာ လုချန်းသည် သူမထက် ဆယ်စုနှစ်တစ်ခုကျော် ငယ်နေပြီး မိခင်မရှိပဲ နေထိုင်ရသည့် ဘဝ၏ နာကျင်မှုကို သူမသိသောကြောင့် ထိုစိတ်ခံစားမှုများ ဖြစ်ပေါ်စေခဲ့ခြင်းဖြစ်သည်။

လုချန်းသည် မင်းသားတစ်ပါးဖြစ်၏။ သူ၏ မိခင်ဆုံးပြီးနောက် နန်းတော်အတွင်း၌ သူ၏ ဘဝသည်လည်း ခက်ခဲမည်မှာ သေချာသည်။

ရဲလိန်ရန်က ဆက်လက်ပြောသည်။

“ စိတ်မကောင်း မဖြစ်ပါနဲ့မင်းသား။ မင်းသားရဲ့ မိခင်ဟာ မင်းသား မြောက်ပိုင်းမြို့တော်မှာ ရရှိခဲ့တဲ့ အောင်မြင်မှုတွေကို သိရင် မင်းသားအတွက် ဝမ်းသာဂုဏ်ယူနေပါလိမ့်မယ်။”

..........

အခန်း (၁၆၂)

အခုကစပြီး နန်ရန်လို့ ခေါ်လို့ရမလား (၂)

လုချန်းက သက်ပြင်းချလိုက်ပြီး ပြောလိုက်သည်။

“ကျွန်တော့် မိခင်က ကျွန်တော့် အခုအခြေအနေကို တကယ်သိနိုင်ရင် ကောင်းမှာပဲ။”

ထိုသို့ပြောရင်း လုချန်းက ရဲလိန်ရန်၏ ဖြူ ဖွေးသော လက်ကို ညင်သာစွာ ထိတွေ့လိုက်ပြီး ဆက်လက်ပြောသည်။

“ကျွန်တော့်ရဲ့ ဘဝဟာ ခင်ဗျားရဲ့ မြက်ခင်းလွင်ပြင်က ဘဝထက် ပိုကောင်းပါတယ်။ အစားအစာနဲ့ အဝတ်အထည်အတွက် စိုးရိမ်စရာ မလိုဘူး။ ဒါပေမဲ့ ကျွန်တော် ငယ်ငယ်ကတည်းက မိခင်မရှိလို့ သူများတွေရဲ့ မထီမဲ့မြင် ပြုတာကို ခံခဲ့ရတယ်။ နန်းတော်ထဲမှာတောင် အစေခံတချို့က ကျွန်တော့်ကို အော်ဟစ်ပြောဆိုရဲတယ်။ ကျွန်တော့် အဆင့်အတန်းဟာ တချို့မိသားစုတွေရဲ့ တရားမဝင်သားတွေလောက်တောင် မရှိခဲ့ဘူး။”

လုချန်း၏ စကားကို ကြားလိုက်ရသည်နှင့် ရဲလိန်ရန်တွင် ကရုဏာစိတ်များဖြစ်ပေါ်လာခဲ့သည်။ သူမ ကိုယ်တိုင်လည်း သူ ပြောပြသည့် အခြေအနေကို နားလည်နိုင်သည်။ သူမ၏ မိခင်ဆုံးပြီးနောက် သူမလည်း သူမ၏ မျိုးနွယ်စုဝင်များမှ အရှက်ခွဲခြင်းကို ခံခဲ့ရသည်။

သူမသာ သိုင်းပညာကို လျှို့ဝှက်စွာ လေ့ကျင့်ခဲ့ခြင်း မရှိပါက သူမသည်လည်း လွင်ပြင်ဒေသ မျိုးနွယ်စုဝင် တို့၏ နေ့ညမပြတ် ညှဉ်းပန်းနှိပ်စက်ခြင်းကို ခံရမည့် အမျိုးသမီးကျွန်တစ်ဦး ဖြစ်သွားနိုင်သည်။

ထိုအချိန်တွင် ဘာ့ကြောင့်မှန်းမသိ ရဲလိန်ရန်သည် ထိုလူငယ်လေးကို ပွေ့ဖက်ပြီး စိတ်သက်သာရာ ရစေလိုစိတ်များ ဖြစ်ပေါ်လာသည်။

လုချန်းသည် အကျင့်ပျက်သူတစ်ဦးအဖြစ်မှအသက် ၁၆ နှစ်၊ ၁၇ နှစ်အရွယ်တွင် သိုင်းပညာရှင် တစ်ဦးအဖြစ် ရပ်တည်လာနိုင်ခဲ့သည်။ ထိုခရီးလမ်းကြောင်းက အလွန်ပင်ပန်းခက်ခဲမည်မှာ သေချာသည်။

သူမ၏ ဘဝကို ပြန်လည်သုံးသပ်မိလိုက်ပြီး သူမနှင့် လုချန်းတို့သည် ဘဝတူများဖြစ်ကြောင်း ရဲလိန်ရန် သိလိုက်ရသည်။ သူမလည်း ငယ်စဉ်ကတည်းက မိခင်ကို ဆုံးရှုံးခဲ့ရပြီး လွင်ပြင်ဒေသ မျိုးနွယ်စုအတွင်း၌ နှစ်ပေါင်းများစွာ မထင်မရှား နေခဲ့ရသည်။ နောက်ဆုံးတွင် သူမသည် ကောင်းကင်ဝံပုလွေဘုရင်နှင့် လက်ထပ်ပြီးနောက် သူ၏ လက်မှ အာဏာကို ရယူနိုင်ခဲ့ပြီး သူမ၏ ကံကြမ္မာကို ပြောင်းလဲနိုင်ခဲ့သည်။ သူမကိုယ်တိုင် အာဏာရှိသူတစ်ဦး ဖြစ်လာခဲ့သည်။

လုချန်းသည်လည်း အလားတူပင်ဖြစ်သည်။ နေပြည်တော်တွင် နှစ်ပေါင်းများစွာ မထင်မရှား နေပြီးနောက် မြောက်ပိုင်းမြို့တော်သို့ ရောက်ရှိလာကာ နောက်ဆုံးတွင် လေးစားမှုခံရသော နယ်စားတစ်ဦးဖြစ်လာပြီး လက်ရှိအဆင့်အတန်းနှင့် အာဏာကို ရရှိခဲ့သည်။

သို့သော် သူတို့နှစ်ယောက်ကြားက အကြီးမားဆုံး ကွာခြားချက်ကတော့ သူမသည် နောက်ဆုံးမှာ လုချန်းကို ရှုံးနိမ့်သွားခဲ့ရပြီး ထိုလူငယ်လေး၏ ဖမ်းဆီးခံထားရသူ ဖြစ်သွားခြင်းရခြင်းဖြစ်သည်။ ထိုအချိန်အထိ လုချန်း၏ ထောင်ချောက်ထဲကို သူမကျရောက်သွားပြီဆိုတာ ရဲလိန်ရန်လုံးဝ မသိသေးပါ။

ထိုစဉ် လုချန်းက သက်ပြင်းရှည်တစ်ချက် ချလိုက်ပြီး

“နန်ရန်။ မင်းကို ကိုယ်ဖက်ထားလို့ရမလား။ မင်းကို ကြည့်တော့ ကိုယ်ရဲ့ အတိတ်ကို သတိရမိတယ်။” ဟု ပြောလိုက်သည်။

ရဲလိန်ရန်က

“ကျွန်မက အခု မင်းသားရဲ့ ဖမ်းဆီးခြင်းကိုခံထားရသူပါ။ မင်းသားကြီး စိတ်ကြိုက် လုပ်လို့ရပါတယ်။” ဟု ပြန်ဖြေလိုက်သည်။

သူမ၏ စိတ်ထဲတွင်လည်း သူ့ရှေ့မှာရှိနေသော လူငယ်လေးကို နှစ်သိမ့်ပေးချင်နေသည်။ သူလည်း သူမလို ဒုက္ခရောက်နေသူတစ်ယောက်ပင်ဖြစ်သည်။ ထို့နောက် လုချန်းက မတွန့်ဆုတ်ပဲ ရဲလိန်ရန်ကို ပွေ့ဖက်လိုက်သည်။ သူမ၏ ခန္ဓာကိုယ်မှာ နွေးထွေးပြီး ပျော့ပျောင်းနေသည့်အတွက် သူမကို ပွေ့ဖက်ရခြင်းက အလွန် သက်တောင့်သက်သာ ရှိ၏။

သို့သော် ထိုအချိန်တွင် သူတို့သည် ထိုင်ခုံပေါ်တွင် ထိုင်နေသည့်အတွက် အနေအထားမှာ သက်တောင့်သက်သာ သိပ်မရှိပဲ သူတို့၏ ခြေထောက်များကို ဖိအားအနည်းငယ် သက်ရောက်နေစေသည်။

လုချန်းက ပွေ့ဖက်လိုက်သည့်အခါ ရဲလိန်ရန်လည်း ယောက်ျားတစ်ယောက်၏ ထူးခြားသော အနံ့ကို ရှူမိသလို ခံစားရသည်။ ဒါဟာ သူမ နှစ်ပေါင်းများအတွင်းပထမဆုံးအကြိမ် ကြုံတွေ့ရသည့် အနံ့ဖြစ်ပြီး ယောက်ျားတစ်ယောက်နဲ့ ပထမဆုံး နီးနီးကပ်ကပ် ရှိနေခြင်းလည်း ဖြစ်သည်။

အရင်ကောင်းကင်ဝံပုလွေဘုရင်နဲ့တောင် သူမ ဒီလောက် နီးနီးကပ်ကပ် မရှိခဲ့ဖူးပါ။ သူမ ကောင်းကင်ဝံပုလွေဘုရင်နဲ့ လက်ထပ်သည့်အချိန်တွင် ဘုရင်က ရောဂါအရမ်းသည်းနေပြီဖြစ်ပြီး လူနာတစ်ယောက် ဖြစ်နေပြီဖြစ်သည်။ သူမကသူ့ကို အများဆုံး စောင့်ရှောက်ပေးသူသာ ဖြစ်ခဲ့ပြီး အခုလို နီးနီးကပ်ကပ် မရှိခဲ့ဖူးပါ။

ထို့ပြင် သူမ ယောက်ျားတွေဆီက ရခဲ့ဖူး‌သော အနံ့များက များသောအားဖြင့် သေခြင်း၏ ရနံ့များနှင့် ချွေးနံ့များသာ ဖြစ်ခဲ့သည်။လုချန်းထံမှလာသော အနံ့ကတော့ ပုံမှန်မဟုတ်ပေ။ ရေမွှေးအနံ့လည်း မဟုတ်ပါ။

မင်းသားစံအိမ်တွင် နေထိုင်စဉ် မြောက်ပိုင်းနယ်စားမင်းသား၏ နန်းတွင်းမှ ထုတ်လုပ်သော ရေမွှေးကို သူမလည်း အသုံးပြုဖူးသဖြင့် ထိုအနံ့သည် ရေမွှေးဟုတ်မဟုတ်ကို သူမ ချက်ချင်းခွဲခြား သိလိုက်ရသည်။

လုချန်းဆီမှလာသော အနံ့သည် သူ၏ သဘာဝ ခန္ဓာကိုယ်အနံ့ဖြစ်ဟန်ရှိသည်။ ဘာ့ကြောင့်မှန်းမသိ ထိုအနံ့ကို သူမရှူရှိုက်မိသည်နှင့် သူမ၏ခန္ဓာကိုယ်က ပူလာပြီး စိတ်မငြိမ်မသက်ဖြစ်လာသည်။ ထိုအချိန်တွင် လုချန်းက ရဲလိနန်ရန်၏ နားထဲသို့ တိုးတိုးကပ်၍ ပြောလိုက်သည်။

“နန်ရန်။ မင်းရဲ့ခန္ဓာကိုယ်က တကယ်ပဲ နူးညံ့သိမ်မွေ့တာပဲ။”

ထိုစကားကို ကြားလိုက်ရသည်နှင့် ရဲလိနန်ရန် တုန်လှုပ်သွားပြီး သူမ၏ နားရွက်များ ပူလောင်လာသလို ခံစားလိုက်ရသည်။ သူမ၏ပါးများမှတဆင့် လည်ပင်းများအထိ နီမြန်းလာပြီး သူမကို ပို၍ဆွဲဆောင်မှုရှိသွားစေသည်။ လုချန်းက ရဲလိနန်ရန်အား နဂါးဖီးနစ်လက်ဖက်ရည် မတိုက်ခဲ့ပေ။ ဤတုံ့ပြန်မှုသည် သူမ၏ ကိုယ်ပိုင်တုံ့ပြန်မှုသာဖြစ်သည်။

သူမ၏ ခန္ဓာကိုယ်တွင်းရှိ ပြောင်းလဲမှုကို ခံစားမိသည်နှင့် ရဲလိနန်ရန်က

“မင်းသား။ ဒါလောက်ဆို လုံလောက်ပြီထင်ပါတယ်”

ဟု မြန်မြန်ပြောလိုက်သည်။

လုချန်းက

“ခဏ‌လောက် ထပ်‌နေကြည့်ရအောင်။ မင်းရဲ့ခန္ဓာကိုယ်က အရမ်းနွေးထွေးတယ်။ ကိုယ့်ရဲ့အုပ်ထိန်းသူ တစ်ယောက်ကို သတိရစေတယ်” ဟု ပြောလိုက်သည်။

လုချန်း၏ ထိုစကားကို ကြားလိုက်ရသည်နှင့် ရဲလိနန်ရန်သည် တုန်လှုပ်သွားသည်။ လုချန်း ချူးယွဲ့အကြောင်း ပြောနေသည်ဟု သူမထင်သွား၏။ သူက ချူးယုချင်ကို ရည်ညွှန်းနေသည်ကို မသိခဲ့ပေ။

မြောက်ပိုင်းနယ်စားမင်းသားသည် အသက် ၁၆ နှစ် သို့မဟုတ် ၁၇ နှစ်သာရှိသော ကလေးတစ်ယောက်ဖြစ်၏။ ထိုကိစ္စကို အလေးအနက်မထားသင့်ဟု ရဲလိနန်ရန် စဉ်းစားမိသည်။

ထိုသို့တွေးပြီး ရဲလိနန်ရန်သည် နောက်ထပ်လှုပ်ရှားမှုမပြုတော့ပဲ လုချန်းကို ဖက်ထားခွင့်ပြုလိုက်သည်။

ထိုအချိန်တွင် လုချန်းသည် ရဲလိနန်ရန်၏ ခန္ဓာကိုယ်မှလာသော အနံ့ကို ရှူရှိုက်မိပြီး သူ၏စိတ်ကို ထိန်းချုပ်ရန် ခက်ခဲလာသည်။ သူသည် ထိပ်သီးပညာရှင်တစ်ဦးဖြစ်ပြီး မိမိကိုယ်ကို ထိန်းချုပ်နိုင်စွမ်းရှိသော်လည်း ဤကဲ့သို့သော ရင့်ကျက်ပြီး ကျက်သရေရှိသော အမျိုးသမီးတစ်ဦးကို ရင်ဆိုင်ရသည့်အခါ သူ၏စိတ်ကို ထိန်းချုပ်ရန် ခက်ခဲနေသည်။

လုချန်းသည် ရဲလိနန်ရန်၏ နားထဲသို့ တိုးတိုးကပ်ပြောလိုက်သည်။

“နန်ရန်။ မင်းကောင်းကင်ဝံပုလွေဘုရင်နဲ့ လက်ထပ်တုန်းက သူဟာ အိပ်ရာထဲ လဲနေပပြီလို့ကြားတယ်။ မင်းတို့နှစ်ယောက် လက်ထပ်ပြီးသား မဖြစ်ခဲ့ဘူးလို့ ကြားဖူးတယ်။ ဒါဟာ တကယ်လား။”

လုချန်း၏ အသက်ရှုသံကို ကြားနေရရင်း ထိုမေးခွန်းကို မေးလာသောအခါ ရဲလိနန်ရန်သည် အနည်းငယ် စိတ်ရှုပ်သွားပြီး သူမ၏ နှလုံးကလည်း ပြင်းထန်စွာ ခုန်နေခဲ့သည်။

သို့သော် ရဲလိနန်ရန်က သူမ၏ စိတ်ကို တည်ငြိမ်အောင် ထိန်းလိုက်ကာ

“ဟုတ်ကဲ့။ ကျွန်မ အထိအတွေ့ မခံရသေးပါဘူး” ဟု ဖြေလိုက်သည်။

လုချန်းက အသံနိမ့်နိမ့်ဖြင့် မေးလိုက်သည်။ “ဆယ်စုနှစ်များစွာအတွင်း ယောက်ျားတစ် ယောက်ကိုမှ မထိတွေ့ခဲ့ဘူးလား။ မင်းမှာ ယောက်ျားတွေအပေါ် စိတ်ဝင်စားမှု မရှိတော့ဘူးလား။”

ရဲလိနန်ရန်က ပြန်ပြောသည်။

“မင်းသား။ ကျွန်မက သိုင်းပညာ လေ့ကျင့်ထားပါတယ်။ ဒါကြောင့် ကျွန်မရဲ့ ဆန္ဒတွေကို ထိန်းချုပ်နိုင်ပါတယ်။ ကျွန်မ ယောက်ျားတွေအပေါ် စိတ်ဝင်စားမှု မရှိတာ ကြာပါပြီ။”

လုချန်းက ရဲလိနန်ရန်၏ နားနားကပ်၍ မေးလိုက်သည်။

“ဟုတ်လား။ ဒါဆို ကိုယ်ဘာကြောင့် မင်းရဲ့ခန္ဓာကိုယ်က ပိုပူလာပြီး မီးလောင်လုနီးပါးလို ဖြစ်နေတာကို ခံစားရတာလဲ။”

လုချန်း၏ စကားလုံးများကို ကြားသောအခါရဲလိနန်ရန် အလွန်အမင်း ရှက်ရွံ့သွားခဲ့သည်။ သူမ နားမလည်နိုင်သည်မှာ ယခုလို ဖြစ်ရခြင်း၏ အကြောင်းရင်းကို ဖြစ်သည်။ အဆင့်ကို သိုင်းပညာရှင်တစ်ဦးအနေဖြင့် သူမသည် ကာမဆန္ဒများကို ခိုင်မာစွာ ထိန်းချုပ်နိုင်သော်လည်း မြောက်ပိုင်းနယ်စားမင်းသားဆိုသော လူငယ်၏ရှေ့တွင် သူမ အေးဆေးတည်ငြိမ်စွာ မနေနိုင်ခဲ့ပေ။

ရဲလိနန်ရန်သည် သူမ၏ အတွင်းအားကို အမြန်ညှိလိုက်ပြီး သူမ၏ စိတ်ကို ပြန်လည် တည်ငြိမ်စေရန် ကြိုးစားလိုက်သည်။

ရဲလိနန်ရန်သည် နဂါးဖီးလက်ဖက်ရည်ကို မသောက်ခဲ့သောကြောင့် လုချန်း၏ ပွေ့ဖက်မှုခံနေရသော်လည်း သူမ၏ အတွင်းအားကို အသုံးပြုနိုင်ဆဲဖြစ်သည်။ သို့သော် ခဏကြာကြိုးစားပြီးနောက် သူမ မအောင်မြင်ကြောင်း တွေ့ရှိလိုက်သည်။

သူမ၏ စိတ်များအလွန်အမင်း မငြိမ်မသက် ဖြစ်နေဆဲဖြစ်သည်။ ရုတ်တရက် သူမ၏ ခန္ဓာကိုယ်တစ်ခုလုံး အားနည်းသွားသည်ကို ခံစားရသည်။ သူမ၏ လှပသော မျက်လုံးများသည် အနည်းငယ် ပွင့်လာပြီး ဆွဲ‌ ဆောင်မှုရှိသော အလင်းရောင်တစ်ခု ကို ထုတ်လွှတ်နေသည်။

ရဲလိနန်ရန်သည် အရူးမ မဟုတ်ပေ။ ဒီအဆင့်သို့ ရောက်ရှိလာပြီဖြစ်သော သူမအနေဖြင့် လုချန်းသည် ဒီနေ့ သူမဆီကို ဘာအတွက်ရောက်လာမှန်း မသိပဲ နေမည်မဟုတ်ပါ။

သို့သော် ရဲလိနန်ရန် မတွန့်ဆုတ်ခဲ့ပေ။ အဘယ့်ကြောင့်ဆိုသော် သူမသည် အခု မြောက်ပိုင်းနယ်စားမင်းသား၏ ဖမ်းဆီးခံ ဘဝဖြစ်‌ နေပြီး နောက်ဆုံးတွင် သူ၏ မိန်းမဖြစ်လာရမည်သာ ဖြစ်သည်။ သူမ၏ အသက်ထက် ဆယ်စုနှစ်တစ်ခုကျော် ငယ်ရွယ်သော ဤလူငယ်၏ မိန်းမဖြစ်လာရမည်ကို တွေးမိသောအခါ ရဲလိနန်ရန်သည် အလွန်အမင်း ရှက်ရွံ့သွားခဲ့သည်။

ထိုအချိန်တွင် ခုံပေါ်တွင် ထိုင်နေရခြင်းသည် သူ၏ လှုပ်ရှားမှုများအတွက် အလွန်အကန့်အသတ်ဖြစ်နေသည်ကို လုချန်း သတိထားမိလိုက်သည်။ ထို့ကြောင့် သူသည် ရဲလိနန်ရန်၏ သွယ်လျသော ခါးကို ပွေ့ဖက်ပြီး မတ်တပ်ရပ်လိုက်သည်။

လုချန်း၏ ရုတ်တရက် လှုပ်ရှားမှုကြောင့် ရဲလိနန်ရန်၏ နူးညံ့သော ခန္ဓာကိုယ်လည်း တုန်လှုပ်သွားခဲ့သည်။ ချက်ချင်း ဟန်ချက်ညီအောင် လုပ်ပြီး သူမ မတ်တပ်ရပ်လိုက်သည်။

ထို့နောက် လုချန်းသည် ရဲလိနန်ရန်၏ မျက်လုံးများကို စူးစိုက်ကြည့်လိုက်၏။ သူမ၏ မျက်လုံးများ အနည်းငယ် ဝေဝါးနေသည်ကို တွေ့ရှိလိုက်သည်။ ထိုအရာက သူ့ကို အလွန်အမင်း အံ့အားသင့်စေခဲ့သည်။

ဤသည်မှာ သူနှင့် ရဲလိနန်ရန်၏ ပထမဆုံးတွေ့ဆုံခြင်းဖြစ်ပြီး နဂါးဖီးနစ်လက်ဖက်ရည်ကိုလည်း သူမ မသောက်ခဲ့သောကြောင့် ယခုလို အခြေအနေကို ဒိီ‌လောက်မြန်မြန်ရောက်ရှိလာခြင်းက သူ၏ မျှော်လင့်ချက်ကို ကျော်လွန်နေသည်။

လုချန်းက သူမ၏ မျက်လုံးများကို စူးစိုက်ကြည့်နေစဉ် ရဲလိနန်ရန်၏ ပါးပြင်များ ပိုမိုပူပြင်းလာသည်။ အခု သူတို့သည် မတ်တပ်ရပ်ပြီး ခန္ဓာကိုယ်များကလည်း တင်းကျပ်စွာ ပွေ့ဖက်နေသောကြောင့် ရဲလိနန်ရန်သည် လုချန်း၏ စိတ်အားထက်သန်မှုကို ခံစားရပြီး သူ လုပ်ဆောင်ရန် ရည်ရွယ်သည့်အရာကို ရှင်းရှင်းလင်းလင်း သိမြင်လာသည်။

နေ့ခင်းဘက်အချိန်ဖြစ်သောကြောင့်မင်းသားစံအိမ်မှ လူများ သူတို့ကို မြင်တွေ့နိုင်သည်ဟု တွေးမိသောအခါ ရဲလိနန်ရန်၏ စိတ်ထဲတွင် ရှက်ရွံ့မှုနှင့် ဒေါသဖြစ်မှုတို့ ပြည့်နှက်သွားခဲ့သည်။

ထို့နောက် လုချန်းက ညင်သာစွာ မေးလိုက်သည်။

“နန်ရန်။ မင်းကိုယ့်ရဲ့ မိန်းမဖြစ်ဖို့ စိတ်ဝင်စားလား။”

လုချန်း၏ အကြည့်အောက်တွင် ရှိနေစဉ် သူ၏အသံတွင် အထူးဖမ်းစားနိုင် စွမ်းတစ်မျိုးရှိသည်ဟု ရဲလိနန်ရန် ရုတ်တရက် ခံစားလိုက်ရသည်။ သူမ မူးဝေလာ၏။ အဆင့်ကိုး သိုင်းပညာရှင်တစ်ဦးဖြစ်သော်လည်းဟန်ချက်ပျက်လုနီးပါး ဖြစ်သွားခဲ့သည်။

သူမ၏ မျက်နှာ နီမြန်းလာပြီး ရဲလိနန်ရန်က

“မင်းသား။ အခု ကျွန်မက မင်းသားရဲ့ အဖမ်းဆီးခံ ဘဝဖြစ်နေပါပြီ။ မင်းသား ကျွန်မကို လုပ်ချင်တာ လုပ်လို့ရပါတယ်” ဟု ပြောလိုက်သည်။

ရဲလိနန်ရန်၏ နူးညံ့ပြီး နွေးထွေးသော ခန္ဓာကိုယ်ကို ပွေ့ဖက်လျက် သူမ၏ အတုမရှိသော အလှအပတွင် မိန်းမောရင်း သူမ၏ ဖြူစင်သော အသားအရေနှင့် ပေါင်းစပ်လိုက်သောအခါ လုချန်း၏ သည်းခံနိုင်မှုများ အပြည့်အဝ ကုန်ဆုံးသွားပြီဟု ခံစားရသည်။

လုချန်းက ရဲလိနန်ရန်၏ နှုတ်ခမ်းများကို နမ်းလိုက်ပြီး သူမ၏ ခန္ဓာကိုယ်ကို ပွေ့ဖက်ကာ အိပ်ရာဆီသို့ လျှောက်သွားလိုက်သည်။

.......

All Chapters