← Chapters

အခန်း ၁၆၆-၁၆၈

Vol. 12 Ch. 166-168

အခန်း ၁၆၆-၁၆၈

Vol. 12 Ch. 166-168

အခန်း (၁၆၆)

အာဏာရှိမိသားစုမှ လာ‌သောဧည့်သည် (၂ )

ချူးမိသားစုက လူလွတ်လာပြီလား။

ဘာအတွက်လဲ။

ချူးမိသားစုက လုချန်းကို နန်းလုပွဲတွင် ဆက်လက်ထောက်ခံဖို့ စီစဉ်နေတာလား။

ချူးရှုံအပေါ် မကျေမချမ်းမှု ကြီးကြီးမားမားလုချန်းထံတွင် မရှိပါ။ အဘယ်ကြောင့်ဆိုသော် ချူးရှုံတွင် သူ၏ကိုယ်ပိုင်အခက်အခဲများ ရှိပြီး ချူးရှုံက ချူးယုချင်ကို သူဘေးတွင် နေခွင့်ပေးခဲ့ခြင်းသည်ပင် သူ့အတွက် ကြီးမားသော ကျေးဇူးပြမှုတစ်ခု ဖြစ်သည်။

လုချန်းက သည်းမခံနိုင်သည်မှာ ချူးမိသားစု၏ အခြားအဖွဲ့ဝင်များ ဖြစ်သည်။အထူးကိုယ်ရံတော်များ၏ ထောက်လှမ်းရေးအချက်အလက်များမှတစ်ဆင့် ချူးမိသားစုအတွင်း ကွဲပြားမှုကို မကြာသေးမီက သူသိရှိခဲ့ရသည်။ ယခုတွင် ချူးမိသားစုတွင် အဖွဲ့နှစ်ဖွဲ့ရှိသည်။ တစ်ဖွဲ့မှာ ချူးရှုံ ဦးဆောင်သော မြောက်ပိုင်းနယ်စားမင်းသားဖက်နှင့် အခြားတစ်ဖွဲ့မှာ နံပါတ်ရှစ် မင်းသားဖက် ဖြစ်သည်။

နံပါတ်ရှစ် မင်းသားဖက်သည် ချူးမိသားစုတစ်ခုလုံးတွင် အထက်စီးရရှိနေသည်။ လုချန်းသာ လွင်ပြင်ဒေသ မျိုးနွယ်စု စစ်သည်သုံးသိန်းကို မနိုင်ခဲ့ပဲ ဩဇာအာဏာတက်မလာခဲ့ပါက ချူးရှုံ၏အဖွဲ့မှ မည်သူမှ မြောက်ပိုင်းမြို့တော်သို့ လွယ်လင့်တကူ လာရောက်နိုင်မည် မဟုတ်ပေ။

ချူးမိသားစုအတွင်း ချူးရှုံ၏ ရာထူးသည် အခုအခါတွင် အမည်ခံသက်သက်သာ ဖြစ်နေပြီး သူမိသားစုအကြီးအကဲ ဖြစ်နေမှု မဖြစ်နေမှုသည် မိသားစုအတွက် သိပ်ပြီး ကွာခြားမှု မရှိပေ။

ထို့နောက် လုချန်းက မေးလိုက်သည်။

“ချူးမိသားစုက ဒီတစ်ခါ ဘာအတွက် လာတာလဲ။”

ချူးယုချင်က

“ချူးမိသားစုတစ်ခုတည်း မဟုတ်ပါဘူး။ ဝမ်မိသားစုကလည်း လူလည်းလာပါတယ်။ သူတို့က မင်းနဲ့ လုရှုယွမ်ကို စေ့စပ်ပေးဖို့ မျှော်လင့်နေပါတယ်။”

“ဝမ်မိသားစုက ပြောတာက မင်းတို့နှစ်ယောက်စလုံးဟာ တောင်ပိုင်းက အာဏာရှိမိသားစုတွေရဲ့ အကျိုးစီးပွားကို ကိုယ်စားပြုတယ်တဲ့။ မင်းတို့နှစ်ယောက် အသက်အန္တရာယ်ပြုတဲ့အထိ ရန်ဖြစ်ဖို့ အကြောင်းမရှိပါဘူးတဲ့။ ပြီးတော့ လုရှုယွမ်သာ နန်းလုပွဲမှာ အောင်မြင်သွားရင် မင်းအတွက် ပိုအကျိုးရှိပါလိမ့်မယ်တဲ့။ လုရှုယွမ်ဟာ နောက်ဆုံး ချိီမင်းသားရဲ့ နယ်မြေတစ်ခုလုံးကို မင်းကို ပေးပြီး ကိုယ်ပိုင်နိုင်ငံထူထောင်ခွင့် ပေးမယ်လို့တောင် ဝမ်မိသားစုက အရိပ်အမြွက် ပြောထားတယ်။”

လုချန်းသည် ခဏမျှ အံ့သြသွား၏။ ထို့နောက် စိတ်တိုကာ အသံထွက်၍ ရယ်မောလိုက်သည်။ ချူးမိသားစုက နန်းလုပွဲအတွက် သူ့ကိုဆက်လက်ထောက်ခံရန် လူစေလွတ်လာသည်ဟု သူထင်ခဲ့သော်လည်း အမှန်တော့ ချူးမိသားစု၏ နံပါတ်ရှစ်မင်းသားဖက်မှ လူများ ဖြစ်နေသည်။

“ဟာ… ဟားဟား နံပါတ်ရှစ် မင်းသားက ကျွန်တော့်ကို လုပ်ကြံဖို့ လူသတ်သမားတွေ လွှတ်ခဲ့ပြီးမှ အခုကျတော့ ကျွန်တော်တို့ အသက်အန္တရာယ်ဖြစ်တဲ့အထိ ရန်ဖြစ်ဖို့ မလိုဘူးလို့ ပြောနေတာလား။”

“ဝမ်မိသားစုထဲက လူတွေဘာတွေ‌ တွေးနေတာလဲ။”

“အခုထိတောင်ဝမ်မိသားစုက နံပါတ်ရှစ်မင်းသားကို ကျွန်တော့်ဘက်ပါအောင် ဆွယ်ဖို့ ကြိုးစားနေတယ်။ ကျွန်တော့်နဲ့ နံပါတ်ရှစ် မင်းသားကြားက ဆက်ဆံရေးဟာ ပြန်ပြီးရင်ကြားစေ့လို့ မရနိုင်တဲ့ အဆင့်ကို ရောက်နေပြီဆိုတာ သူတို့ မသိကြဘူးလား။။”

နံပါတ်ရှစ်မင်းသားက စေလွှတ်လိုက်သော လူသတ်သမားများက သူ့ကို လုပ်ကြံရန် ကြိုးစားခဲ့သည်ကို ဝမ်မိသားစု မသိကြောင်း သူ တစ်စက်‌လေးတောင် မယုံကြည်ပါ။ နံပါတ်ရှစ်မင်းသားသည် အမြဲတမ်း ဝမ်မိသားစုမှ ထိပ်သီးပညာရှင်တစ်ဦး၏ ကာကွယ်မှုကို ရရှိထားပြီး သူပြုလုပ်သမျှကို ဝမ်မိသားစုက သိရှိမည်သာ ဖြစ်သည်။

သူ့ကို အကြိမ်ကြိမ် လူသတ်သမားများ စေလွှတ်လုပ်ကြံပြီးမှ စေ့စပ်ညှိနှိုင်းရန် လာရောက်အကြံပြုခြင်းသည် စိတ်ကူးယဉ်ခြင်း သက်သက်သာ ဖြစ်သည်။ လုချန်း၏ တုံ့ပြန်မှုကို မြင်လိုက်ရသောအခါလုချန်းတွင် နံပါတ်ရှစ်မင်းသားနှင့် စေ့စပ်ညှိနှိုင်းရန် ရည်ရွယ်ချက်မရှိကြောင်း ချူးယုချင်သည် သိလိုက်သည်။

ဘယ်သူမဆို ကိုယ့်ကို အကြိမ်ကြိမ် လုပ်ကြံရန် ကြိုးစားခဲ့သူနှင့် ဘာမှမဖြစ်ခဲ့သလို ဆက်ဆံလိုမည် မဟုတ်ပေ။

ချူးယုချင်က ဆက်လက်ပြောလိုက်သည်။ “ချန်းလေး။ မင်းရဲ့အဖိုးဟာ ချူးမိသားစုအပေါ် ထိန်းချုပ်နိုင်မှု ဆုံးရှုံးသွားပြီလို့ထင်တယ် ။ သူတို့ ဒီတစ်ခါ လွှတ်လိုက်တဲ့ လူတွေက မင်းဘက်က မပြောပေးတာတောင်မဟုတ်ဘူး။ သူတို့က နံပါတ်ရှစ်မင်းသားကိုပဲ ထောက်ခံပြီး မင်းကို နံပါတ်ရှစ်မင်းသားနဲ့ စေ့စပ်ညှိနှိုင်းဖို့ ဆွယ်နေကြတာပါ။”

“အကယ်၍ မင်းအဖိုးသာ ချူးမိသားစုကို ထိန်းချုပ်နိုင်သေးရင် သူက ဒီလိုအရေးကြီးတဲ့ အချိန်မှာ မင်းကို အိမ်ရှေ့စံအဖြစ် ထောက်ခံဖို့ တွန့်ဆုတ်နေမှာ မဟုတ်ဘူး။”

လုချန်းသည် မကြာသေးမီကပင် မြောက်ပိုင်းမြို့တော်တွင် စစ်ရေးအောင်မြင်မှုများ ရရှိထားခဲ့သည်။ ပြည်သူများစွာကလည်း လုချန်းကို အိမ်ရှေ့စံအဖြစ် မြင်တွေ့လိုကြသည်။ ချူးရှုံသည် ယခုလိုအချိန်တွင် လုချန်းဘက်မှ ရပ်တည်မည်မှာ သေချာ၏။

သို့သော် ချူးမိသားစုက စေလွှတ်လိုက်သော လူများသည် နံပါတ်ရှစ်မင်းသားဖက်မှ ဖြစ်နေ၏။ ထိုအရာက ချူးရှုံသည် ချူးမိသားစုအပေါ် ထိန်းချုပ်မှု လုံးဝဆုံးရှုံးသွားပြီဖြစ်‌ ကြောင်း ဖော်ပြနေသည်။ လောလောဆယ် ချူးမိသားစုတစ်ခုလုံးတွင် နံပါတ်ရှစ်မင်းသားဖက်မှ လူများလွှမ်းမိုးထားသည်ကိုလည်း ညွှန်ပြနေသည်။

ချူးယုချင်၏ စကားကို ကြားပြီး လုချန်း ခဏစဉ်းစားလိုက်၏။ ထို့နောက်

“သူချူးမိသားစုအပေါ် ထိန်းချုပ်မှု ဆုံးရှုံးသွားပြီဆိုတာတောင် ကျွန်တော့်အတွက် သိပ်ပြီး သက်ရောက်မှု မရှိပါဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော်က နဂိုကတည်းက ချူးမိသားစုကို အားကိုးဖို့ ရည်ရွယ်ချက် မရှိခဲ့ပါဘူး။ ဒါပေမဲ့ ဝမ်မိသားစုက ကျွန်တော့်နဲ့ နံပါတ်ရှစ် မင်းသား စေ့စပ်ညှိနှိုင်းနိုင်ဖို့ အလျင်လိုနေတာက သူတို့ရဲ့ မဟုတ်တဲ့ လုပ်ရပ်တွေ ပေါ်လာမှာကို ကြောက်နေလို့ပဲ ဖြစ်ရမယ်။”

လွင်ပြင်ဒေသ မျိုးနွယ်စုများ၏ စစ်သည်သုံးသိန်း တောင်ဘက်သို့ ချီတက်မလာမီကပင် ဝမ်မိသားစုနှင့် နံပါတ်ရှစ်မင်းသားတို့သည် ကောင်းကင်ဝံပုလွေဘုရင် မျိုးနွယ်စုနှင့် နီးနီးစပ်စပ် ပူးပေါင်းဆောင်ရွက်ခဲ့၏။

ကောင်းကင်ဝံပုလွေဘုရင်ဦးဆောင်သော လွင်ပြင်ဒေသ မျိုးနွယ်စုများ၏ တောင်ဘက်သို့ ချီတက်မှုသည် သူတို့၏ ပူးပေါင်းဆောင်ရွက်မှုနှင့် မဆက်စပ်လို့ မရပေ ။

ဝမ်မိသားစုက လွင်ပြင်ဒေသ စစ်တပ်က တောင်ဘက်သို့ တွန်းပို့ကာ ထိုအခွင့်အရေးကို အသုံးချပြီး ဆွမ်ဧကရာဇ် အာဏာရှိ မိသားစုများကို မတိုက်ခိုက်နိုင်ရန် ဖိအားပေးလိုသည်။

ဆွမ်ဧကရာဇ်ကလည်း လူအတစ်ယောက် တော့ မဟုတ်ပါ။ ပြည်တွင်းအုံကြွမှုများ ဖြစ်ပွားပါက လွင်ပြင်ဒေသ မျိုးနွယ်စု စစ်တပ် တောင်ဘက်သို့ ရောက်လာနိုင်သည်ကို သူသိထားသည်။ ထိုအချိန်တွင် ရှနိုင်ငံတော် တစ်ခုလုံး အန္တရာယ်ကျရောက်နိုင်သည်။

ထို့ကြောင့် ဆွမ်ဧကရာဇ်သည် နောက်ဆုံးတွင် သူတို့ကို ဦးညွှတ်ရမည်သာ ဖြစ်သည်။

သို့သော် မည်သူမှ မျှော်လင့်မထားသည်မှာ မြောက်ပိုင်းနယ်စားမင်းသားသည် မြောက်ပိုင်းမြို့တော်ကို ကာကွယ်ထားနိုင်ရုံသာမက လွင်ပြင်ဒေသ မျိုးနွယ်စု စစ်သည်သုံးသိန်းကို အပြီးသတ် ဖျက်ဆီးလိုက်ခြင်း ဖြစ်သည်။

ယခုအခါ ရှနိုင်ငံတော်အပေါ် ရှိ ပြင်ပဖိအားများ ချက်ချင်းပျောက်ကွယ်သွားပြီဖြစ်သည်။ ကြာမြင့်စွာ ဓားသွေးနေခဲ့သော ဆွမ်ဧကရာဇ်သည် မကြာမီ ဓားကို ချလိုက်တော့မည်ဖြစ်သည်။

လွင်ပြင်ဒေသ မျိုးနွယ်စုများနှင့် ဝမ်မိသားစုတို့ ပူးပေါင်းဆောင်ရွက်နေကြောင်း သက်သေအထောက်အထားများကို နေပြည်တော်သို့ ပို့လိုက်ပါက ဆွမ်ဧကရာဇ်သည် ပထမဆုံး တိုက်ခိုက်မှာက ဝမ်မိသားစုဖြစ်မည်မှာ သေချာသည်။ ထိုကြောင့် ဝမ်မိသားစုက မြောက်ပိုင်းနယ်စားမင်းသားနှင့် စေ့စပ်ရန် လိုအပ်နေခြင်းဖြစ်သည်။

ထိုသို့တွေးရင်း လုချန်း၏ နှုတ်ခမ်းများအနည်းငယ် ကွေးသွားသည်။ ထို့နောက် သူက

“ဝမ်မိသားစုနှင့် လွင်ပြင်ဒေသ မျိုးနွယ်စုတွေနှင့် ပူးပေါင်းနေခဲ့ကြောင်း သက်သေအထောက်အထားတွေကို ကျွန်တော့် အ‌ဖေဧကရာဇ်ဆီ မပေးစေချင်လို့ သူတို့က စေ့စပ်ဖို့ သံတမန်တွေ လွှတ်လိုက်တာ။ ဒါပေမဲ့ သူတို့က ရိုးသားမှု လုံးဝမရှိဘူး။ ဒိိီအချိန်မှာတောင် သူတို့က လုရှုယွမ်ကို ထီးနန်းအတွက် ပြိုင်ဆိုင်မှူမှာ ထောက်ခံဖို့ တွေးနေတုန်းပဲ။ ကျွန်တော့်ကိုလည်း မြောက်ပိုင်းမြို့တော်လို လူသူကင်းမဲ့တဲ့ နေရာမှာ နိုင်ငံတစ်ခု တည်ထောင်ဖို့ မျှော်လင့်နေကြသေးတယ်။”

“သူတို့က ကျွန်တော့်ကို အရူးလို့ ထင်‌နေကြပုံရတယ်။”

ဤအချိန်တွင် ချူးယုချင်က

“ချန်းလေး သူတို့သည် လျှို့ဝှက်လဝန်းနန်းတော်က ဖွင့်ထားတဲ့ လျှို့ဝှက်လဝန်းစားသောက်ဆိုင်မှာ ရှိနေတုန်းပဲ။ မင်းသူတို့ကို တွေ့ချင်လား။ မဟုတ်ရင်‌တော့ သူတို့ကို ပြန်လွှတ်လိုက်တော့မယ်” ဟု မေးလိုက်သည်။

လုချန်းက

“တွေ့ဖို့ မလိုပါဘူး။ သူတို့က ကျွန်တော့်ကို့ စိတ်ပြောင်းစေမှာ မဟုတ်ဘူး”

ဟု ပြန်ပြောလိုက်သည်။

လုချန်းသည် သူ၏ဖခင်ဖြစ်သူ ဆွမ်ဧကရာဇ်က ရှနိုင်ငံတော်အတွင်းရှိ အာဏာရှိ မိသားစုများကို နောင်တွင် သူ့အတွက် ပြဿနာများ မကျန်ရစ်စေရန် ရှင်းလင်းဖို့ လှုပ်ရှားလာသည်အထိတောင် စောင့်မနေချင်တော့ပေ။

အာဏာရှိ မိသားစုများ မပျောက်ကွယ်ပါက နိုင်ငံတော်အာဏာကို ခိုင်မာစွာ စုစည်းရန် ခက်ခဲမည်ဖြစ်၏။ ပြုပြင်ပြောင်းလဲရေးကိစ္စများ အကောင်အထည်ဖော်ရန် ကြိုးစားနေသော လုချန်းအတွက် ကောင်းမွန်သော ‌အခြေအနေ မဟုတ်ပေ။

သို့သော် လက်ရှိတွင် လူချန်းအတွက်တော့ မြောက်ပိုင်းမြို့တော်တွင်း ပြုပြင်ပြောင်းလဲရေးများကိစ္စများ အကောင်အထည်ဖော်ရာ၌ အဟန့်အတားများစွာ မရှိပေ။ မြောက်ပိုင်းမြို့တော်တွင် အဓိက အာဏာရှိ မိသားစုများ မရှိသည်က ကံကောင်းခြင်းဖြစ်၏။

ထိုစဉ် ချူးယုချင်က

“ကောင်းပြီ။ ဒေါ်လေး သူတို့ကို အခုပဲ ရန်ခရိုင်က ပြန်ခိုင်းလိုက်မယ်” ဟု ပြောလိုက်သည်။

ထိုသို့ပြောပြီးနောက် ချူးယုချင် လှည့်ပြီး ထွက်ခွာသွားခဲ့သည်။

ချူးယုချင် ထွက်ခွာသွားသော ဆွဲဆောင်မှုရှိသည့် ပုံရိပ်ကို ကြည့်ရင်း လုချန်း သူ၏နဖူးကို ပွတ်သပ်လိုက်သည်။ သူ၏ဖခင်ဖြစ်သူ ဧကရာဇ်က စတင်လှုပ်ရှားတော့မည်ဟု လုချန်း တွေးမိသည်။ သူ့အတွက် အခွင့်အရေး ပေါ်လာပြီဖြစ်သည်။ မြောက်ပိုင်းမြို့တော်တွင် ပြုပြင်ပြောင်းလဲရေးများကို မြန်မြန်ဆန်ဆန် အကောင်အထည်ဖော်ရန် အချိန်ကျပြီဖြစ်သည်။

မကြာမီ။

လျှို့ဝှက်လဝန်းစားသောက်ဆိုင်ရှိ သီးသန့်အခန်းတစ်ခုတွင် ချူးယုချင် အခန်းထဲသို့ ဝင်လာသည်နှင့်တပြိုင်နက် အပြာရောင်ဝတ်စုံဝတ်ထားသော ယောက်ျားတစ်ဦးက ချက်ချင်းပင် ချဉ်းကပ်လာကာ

“အရီးတော်ချူး။ မင်းသားက ကျွန်တို့ကို တွေ့ဆုံဖို့ သဘောတူပါသလား” ဟု မေးလိုက်သည်။

ချူးယုချင်က အေးစက်စွာ ပြန်ပြောလိုက်သည်။ “ရှင်တို့ ထွက်ခွာသွားနိုင်ပါပြီ။ မင်းသားက အခုအချိန်မှာ ဝမ်မိသားစုဝင် တွေနဲ့ တွေ့ဆုံဖို့ အစီအစဉ် မရှိပါဘူး။”

ထိုစကားကို ကြားသောအခါ ဝမ်ယုံ အံ့အားသင့်သွားခဲ့သည်။

သူတို့ ဤနေရာသို့ လာရောက်ရခြင်း၏ အဓိက ရည်ရွယ်ချက်မှာ မြောက်ပိုင်းနယ်စားမင်းသားနှင့် လုရှုယွမ်တို့ကြား ပြေလည်စေရန် ဖြစ်သည်။ မင်းသားကို မတွေ့ဆုံနိုင်ပါက သူတို့ကြားထဲက ဆက်ဆံရေးကို ဘယ်လို ပြန်လည်ကောင်းမွန်အောင် လုပ်နိုင်မည်နည်း။

ဒါက ပြဿနာတစ်ခု ဖြစ်သည်။

ထို့နောက် ဝမ်ယုံက ပြောလိုက်သည်။ “အရီးတော်ချူး။ ကျွန်တော်တို့ရဲ့ သဘောထားတွေကို မင်းသားကို မပြောပြခဲ့ဘူးလား။”

ချူးယုချင်က အေးဆေးစွာဖြင့်

“ကျွန်မက သူကို ပြောပြခဲ့ပါတယ်။ ဝမ်မိသားစုဟာ ရိုးသားမှုမရှိဘူးလို့ မင်းသားကထင်နေတယ်။ ဒါကြောင့် သူက ရှင်တို့ကို မတွေ့ချင်ပါဘူး” ဟု ပြန်ပြောလိုက်သည်။

ဒါက…

ချူးယုချင် ပြောလိုက်သော စကား၏ အဓိပ္ပာယ်ကို ဝမ်ယုံ ချက်ချင်းနားလည်လိုက်သည်။

သူတို့သည် လုချန်းအား လုရှုယွမ်၏ ထီးနန်းပြိုင်ဆိုင်မှုတွင် ထောက်ခံရန် ကမ်းလှမ်းခဲ့ပြီး လုရှုယွမ် နန်းတက်ပါက မြောက်ပိုင်းနယ်စားမင်းသားအား နယ်မြေအချို့ကိုပေးကာ သူ၏ကိုယ်ပိုင်နိုင်ငံတည်ထောင်ရန် ခွင့်ပြုမည်ဟု ကတိပေးခဲ့သည်။

မြောက်ပိုင်းနယ်စားမင်းသားက ထိုကမ်းလှမ်းချက်ကို ရိုးသားမှုမရှိဟု ထင်နေပါက တစ်ခုတည်းသော အရာကိုသာ ညွန်ပြသည်။ မြောက်ပိုင်းနယ်စားမင်းသား၏ ရည်မှန်းချက်များသည် ကြီးမားပြီး သူသည် ရှနိုင်ငံတော်တစ်ခုလုံးကို မျှော်မှန်းထားသည်။ ထို့ကြောင့် သူတို့ကမ်းလှမ်းသော နယ်မြေကို သူစိတ်ဝင်စားခြင်းမရှိပေ။

ထို့ကြောင့် မြောက်ပိုင်းနယ်စားမင်းသားနှင့် လုရှုယွမ်တို့ကြား ပြန်လည်သင့်မြတ်ရန် အခွင့်အလမ်းမရှိတော့ပေ။

ဝမ်မိသားစုက မြောက်ပိုင်းမြို့တော်သို့ သံတမန်များစေလွှတ်ခဲ့ခြင်းမှာ မြောက်ပိုင်းမြို့တော်ရှိ သံချပ်ကာမြင်းတပ် ငါးသောင်းသည် မြောက်ပိုင်းနယ်စားမင်းသား၏ တပ်များမဟုတ်ပဲ ဆွမ်ဧကရာဇ်က ပြင်ဆင်ထားသော လျှို့ဝှက်အရန်တပ်ဖွဲ့ဖြစ်ပြီး မြောက်ပိုင်းနယ်စားမင်းသားသည် နယ်ရုပ်တစ်ရုပ်သာဖြစ်သည်ဟု သူတို့ယုံကြည်ထားသောကြောင့်ဖြစ်သည်။

ဘယ်သူကမှ နယ်ရုပ်အဖြစ် ကျေနပ်နေမည်မဟုတ်ဟု ဝမ်မိသားစုက ယုံကြည်ထားသဖြင့် နယ်အချို့ကို ငါးစာအဖြစ် အသုံးပြုကာ မြောက်ပိုင်းနယ်စားမင်းသားကို သူတို့၏လူအဖြစ် ပြောင်းလဲရန် စဉ်းစားခဲ့သည်။ ဤနည်းဖြင့် မြောက်ပိုင်းမြို့တော်ရှိ သံချပ်ကာမြင်းတပ် ငါးသောင်းကို စောင့်ကြည့်နိုင်သည့်အပြင် အားကောင်းသော နိုင်ငံရေးမဟာမိတ်တစ်ဦးကိုလည်း ရရှိနိုင်မည်ဖြစ်သည်။

သို့သော် မြောက်ပိုင်းနယ်စားမင်းသားသည် သူ၏ နယ်ရုပ်ဘဝကို လက်ခံဟန် မရှိပါ။ ဒါမှမဟုတ် ဒီသံချပ်ကာမြင်းတပ် ငါးသောင်းက သူ၏တပ်များဖြစ်သည်ဟု မြောက်ပိုင်းနယ်စားမင်းသားက တကယ်ယုံကြည်နေသလား။

ထိုသို့တွေးမိလိုက်ပြီး ချူးမိသားစုနှင့် ဝမ်မိသားစုမှ လူများသည် မြောက်ပိုင်းနယ်စားမင်းသား၏ အကြံအစည်အား တနည်းတဖုံရယ်စရာကောင်းသည်ဟု ထင်မိလိုက်ကြသည်။ မြောက်ပိုင်းနယ်စားမင်းသားသည် သူ၏ကောင်းကျိုးကိုပင် နားမလည်သူဖြစ်သည်။

.......

အခန်း (၁၆၇)

စိတ်ရှုပ်ထွေးနေသော ချူးယုချင်

ချူးမိသားစု၏ အချုပ်အခြာ လက်လွှဲပြောင်းခြင်း (၁)

ချူးယုချင်၏ အဖြေကို ကြားလိုက်ရသောအခါ ဝမ်ယုံက ရယ်မောလိုက်ပြီး မေးလိုက်သည်။

“အရီး‌တော်ချူး။ မင်းသားက သံချပ်ကာ မြင်းတပ် ငါးသောင်းကို သူပိုင်တယ်လို့ထင်နေတာလား။”

ထိုစကားကို ကြားလိုက်ရပြီး ချူးယုချင်သည် မထူးခြားသလို ပြန်ပြောလိုက်သည်။

“သံချပ်ကာ မြင်းတပ် ငါးသောင်းက မင်းသား ပိုင်လားမပိုင်လားဆိုတာ ရှင်တို့ဝမ်မိသားစုနှင့် မသက်ဆိုင်ပါဘူး။ ရှင်တို့ ရန်ခရိုင်က မြန်မြန်ထွက်သွားပါ။ မဟုတ်ရင် မင်းသား ဒေါသထွက်တာ ရှင်တို့ခံရလိမ့်မယ်။”

ဝမ်ယုံက အေးစက်စွာဖြင့် နှာခေါင်းရှုံ့လိုက်ကာ

“အရီး‌တော်ချူး။ အင်း.... မဟုတ်ပါဘူး။ ကျွန်တော်က ခင်ဗျားကို ဝမ်မိသားစုရဲ့ ချွေးမလို့ ခေါ်သင့်တယ်။ ခင်ဗျားက ဝမ်မိသားစုဝင် ဖြစ်နေပြီးပြီ။ ဝမ်မိသားစုရဲ့ ချွေးမတစ်ယောက် အနေနှင့် ခင်ဗျားက အခုမြောက်ပိုင်းနယ်စားမင်းသားဘက်က စကားပြောနေတယ်။”

“အပြင်မှာ ပြောဆိုနေကြတဲ့ ကောလာဟလ တွေလိုပဲ။ မြောက်ပိုင်းနယ်စားမင်းသားနှင့် ခင်ဗျားမှာ ပြောပြလို့ မရ‌တဲ့ ဆက်ဆံရေးတစ်ခု ရှိနေလို့လား။”

ထိုစကားကို ကြားလိုက်ရသောအခါ ချူးယုချင်၏ မျက်နှာသည် ချက်ချင်း ရေခဲတမျှအေးစက်သွားသကဲ့သို့ ဖြစ်သွားသည်။ “ကျွန်မက မြောက်ပိုင်းနယ်စားမင်းသားရဲ့ စကားကို ပြန်ပြောပြ‌နေတာ။ ရှင် ထွက်သွားချင်ရင် ထွက်သွားလို့ရပြီ။ မထွက်သွားချင်ရင်‌တော့ နောက်ပိုင်းဖြစ်လာမယ့် ကိစ္စတွေကျွန်မ တာဝန်မယူဘူး။”

“ကျွန်မနှင့် မြောက်ပိုင်းနယ်စားမင်းသားကြား အထူးဆက်ဆံရေး ရှိမရှိနဲ့ပက်သက်ရင်‌တော့ အပြစ်မရှိတဲ့သူကို အပြစ်တင်လို့မရဘူးလို့ ပြောရမှာပဲ။‌ နောက်ပြီး အဲ့ဒီကိစ္စက ရှင်တို့နဲ့ မဆိုင်ဘူး။”

ဝမ်ယုံက ဆက်ပြောသည်။

“ကျွန်တော်တို့နဲ့ မဆိုင်ဘူး ဟုတ်လား။ ခင်‌ဗျားက ကျွန်တော်တို့ ဝမ်မိသားစုရဲ့ ချွေးမတစ်ယောက်ဖြစ်နေပြီ။ ဝမ်မိသားစုထဲမှာ မနေပဲ အခြား ယောက်ျားတစ်ယောက်ရဲ့ ဘေးမှာ နေ့တိုင် ရှိနေတယ်။ အပြင်က လူတွေက ကျွန်တော်တို့ ဝမ်မိသားစုကို ဘယ်လိုမြင်ကြမလဲ။”

“အရီး‌တော်ချူး။ ကျွန်တော်တို့ ဝမ်မိသားစုရဲ့ ချွေးမတစ်ယောက် အနေနှင့် ခင်ဗျားဟာမင်းသားစံအိမ်က ထွက်သွားသင့်တယ် မဟုတ်လား။”

ဝမ်ယုံ၏ ခြိမ်းခြောက်သော စကားများကို ကြားလိုက်ရသောအခါ ချူးယုချင်သည် အေးစက်စွာ ပြန်ပြောလိုက်သည်။

“ဝမ်မိသားစုကို ကျွန်မက အရှက်ရစေတယ်လို့ထင်ရင် ကွာရှင်းစာတစ်စောင် ရေးပေးလိုက်ပါ။ အဲ့ဒါဆို ကျွန်မနှင့် ဝမ်မိသားစုဘယ်လိုမှ မသက်ဆိုင်တော့ဘူး။”

ဝမ်ယုံက လှောင်သလို ရယ်လိုက်၏။ ချူးယုချင်က အကုန်လုံးကို တွက်ချက်စဉ်းစားထားပြီးပြီဆိုတာကို သူတွေးမိလိုက်သည်။ သူတို့က ချူးယုချင်ကို တကယ်ပဲ ကွာရှင်းပေးလိုက်မယ်ဆိုရင် မြောက်ပိုင်းနယ်စားမင်းသားကို ထိန်းချုပ်ဖို့ သူမကို ဘယ်လိုအသုံးချနိုင်မှာလဲ။

မြောက်ပိုင်းနယ်စားမင်းသားနဲ့ ချူးယုချင်တို့ကြားမှာ ပုံမှန်မဟုတ်တဲ့ ဆက်ဆံရေးရှိနေတာကို ဝမ်မိသားစုက သိထားတာ ကြာပြီဖြစ်သည်။ နောက်ပိုင်းမှာ သူမကို အသုံးချနိုင်ဖို့အတွက် လွတ်ထားပေးခဲ့ခြင်းဖြစ်သည်။

အခုတော့ အချိန်ကျလာပြီဖြစ်သည်။

ဝမ်ယုံက

“အရီး‌တော်ဝမ်။ ခင်ဗျားက ကျွန်တော်တို့ ဝမ်မိသားစုဝင်ကို လက်ထပ်ပြီးသွားပြီဆိုတော့ ခင်ဗျားဟာ ဝမ်မိသားစုဝင်ပဲ။ အသက်ရှင်ရင်လည်း ဝမ်မိသားစုဝင်။ သေရင်လည်း ဝမ်မိသားစုဝင်ပဲ။ မင်းသားစံအိမ်က မခွာပဲနေရင် ဝမ်မိသားစုဝင် ဘဝက ခင်ဗျားလွတ်မြောက်သွားမယ်လို့ ထင်နေတာလား။”

“မြောက်ပိုင်းနယ်စားမင်းသားနဲ့ အတူနေဖို့ ခင်ဗျား ခေါင်းမာနေမယ်ဆိုရင်တော့ မကြာခင်မှာပဲ မြောက်ပိုင်းနယ်စားမင်းသားကမိန်းမတစ်ယောက်ကို အတင်းအဓမ္မ ခိုးယူသွားတယ်ဆိုတဲ့ ကောလာဟလတွေ ထွက်ပေါ်လာမှာပဲ။ အဲဒီအချိန်ကျရင် မြောက်ပိုင်းနယ်စားမင်းသား မကြာခင်ကမှ ပြန်ရလာတဲ့ ဂုဏ်သတင်းတွေ ပျက်ဆီးသွားမှာပဲ။ ခင်ဗျားဘယ်လို ရွေးချယ်မှာလဲဆိုတာ သိချင်မိတယ်။”

ချူးယုချင်က သရော်သည့် လေသံဖြင့်

“‌ ဩော် ရှင်က ကျွန်မကို ခြိမ်းခြောက်နေတာလား။”

တကယ်တော့ ထိုကဲ့သို့ အကြောင်းအရာမျိုးကို လူထုကြားမှာ ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဝေလိုက်မည်ဆိုပါက လုချန်း၏ ဂုဏ်သတင်းကို ထိခိုက်လာနိုင်သည်။ ချူးယုချင်မှာ မုဆိုးမတစ်ယောက်ဖြစ်ပြီး မုဆိုးမတစ်ယောက်ကို ခိုးယူသည်ဆိုသည့် ကောလာဟလများ ပျံ့နှံ့သွားပါက မကောင်းနိုင်ပါသည်။

အရေးအကြီးဆုံးအချက်မှာ ချူးယုချင် အရင်က လက်ထပ်ခဲ့သည့် ဝမ်မိသားစုဝင်ည် လွင်ပြင်ဒေသ မျိုးနွယ်စုများ၏ ကျူးကျော်မှုကို ခုခံတိုက်ခိုက်နေစဉ် ထူးဆန်းသော အဆိပ်တစ်မျိုးကြောင့် သေဆုံးသွားခဲ့ခြင်းဖြစ်သည်။

လွင်ပြင်ဒေသ မျိုးနွယ်စုများ၏ ကျူးကျော်မှုကို ခုခံတိုက်ခိုက်ရင်း ကျဆုံးသွားခဲ့သည့် သူရဲကောင်း၏ ဇနီးကို မြောက်ပိုင်းနယ်စားမင်းသားက သိမ်းပိုက်လိုက်သည်ဆိုသည့် သတင်းများ ထွက်ပေါ်လာပါက လူအများ၏ ရွံရှာမုန်းတီးခြင်းကို လုချန်ခံရမည်ဖြစ်ပြီး သူ၏ ဂုဏ်သတင်းကိုလည်း များစွာ ထိခိုက်စေနိုင်သည်။

ချူးယုချင် ဒေါသထွက်နေသည်ကို မြင်လိုက်ရသည့်အခါ ဝမ်ယုံက

“အရီး‌တော်ဝမ်ကို ကျွန်တော်က ဘယ်လိုခြိမ်းခြောက်နိုင်မှာလဲ။ အရီးတော်ဝမ်ဟာ အခုဆို မြောက်ပိုင်းနယ်စားမင်းသားအတွက် အရေးအကြီးဆုံး မိန်းမတစ်ယောက်ဖြစ်နေပြီလေ။”

ဟု ပြုံးရယ်ရင်း ပြောလိုက်သည်။

ထို့နောက် ဝမ်ယုံက

“အရီးတော်ဝမ် မင်းသားစံအိမ်ကို ပြန်ရောက်တဲ့အခါ မင်းသားကို အကြံပေးဖို့ လိုတယ်။ အရာအားလုံးကို လိုချင်တဲ့သူဟာ နောက်ဆုံးမှာ အရာအားလုံးကို ဆုံးရှုံးသွားနိုင်တယ်ဆိုတဲ့ သဘောတရားပါ။”

“သူနယ်ရုပ်တစ်ရုပ် ဖြစ်နေတဲ့ အခြေအနေကနေ လွတ်မြောက်ချင်တယ်ဆိုရင် အာဏာရှိ မိသားစုတွေနဲ့ ပူးပေါင်းဆောင်ရွက်မှုဟာ သူ့အတွက် အကောင်းဆုံး ရွေးချယ်မှုပဲ။”

ထိုသို့ပြောပြီးသည့်နောက် ဝမ်ယုံလည်း ချူးယုချင်နှင့် စကားလုံးများ ဆက်လက်မဖြုန်းတီးလိုတော့ပေ။

ထို့နောက် သူက အနောက်မှလူများကို လှည့်ပြီး ပြောလိုက်သည်။

“သွားကြစို့။ မြောက်ပိုင်းနယ်စားမင်းသားက ကျွန်တော်တို့ကို မကြိုဆိုတော့ မြောက်ပိုင်းမြို့တော်မှာ ဆက်ပြီး နေဖို့ မလိုတော့ဘူး။” ဟု ပြောလိုက်သည်။

စကားပြောပြီးသည့်နောက် ဝမ်မိသားစုနှင့် ချူးမိသားစုမှ လူများအတူတကွ ထွက်ခွာသွားကြသည်။ ချူးမိသားစုမှ စေလွှတ်လိုက်သည့် လူများက ချူးယုချင်နှင့် စကားမပြောကြပေ။ သူမသည် ဝမ်မိသားစုသို့ လက်ထပ်ပြီးသွားပြီ ဖြစ်သည့်အတွက် သူမသည် ဝမ်မိသားစု၏ ချွေးမဖြစ်နေပြီ ဖြစ်သည်။

ဝမ်ယုံတို့ ထွက်ခွာသွားပြီးနောက် ချူးယုချင်၏ မျက်ခုံးများ အနည်းငယ် ရှုံ့တွနေပြီး သူမ၏ မျက်နှာတွင် ဝမ်းနည်းမှု အရိပ်အယောင်များ အနည်းငယ် ပေါ်လွင်နေသည်။

သူမ မြောက်ပိုင်းနယ်စားမင်းသား၏ စံအိမ်တွင် ဆက်လက်နေထိုင်ပြီး လုချန်းနှင့် အတူရှိနေမည်ဆိုပါက သူ၏ ဂုဏ်သတင်းကို သိသိသာသာ ထိခိုက်စေနိုင်သည်။

လုချန်း၏ မကြာသေးမီက လုပ်ဆောင်ချက်များကို ကြည့်ခြင်းအားဖြင့် သူသည် နောက်ပိုင်းတွင် နေပြည်တော်တွင် ထီးနန်းအတွက် ယှဉ်ပြိုင်မည်မှာ သေချာသည်။ ထိုကဲ့သို့သော ကောလာဟလမျိုးသည် သူ၏ ရည်မှန်းချက်များအတွက် အဓိက ခြိမ်းခြောက်မှုတစ်ရပ် ဖြစ်လာနိုင်သည်။

ချူးယုချင် လမ်းပျောက်နေသလို ခံစားလိုက်ရသည်။

သူမ မြောက်ပိုင်းနယ်စားမင်းသား၏ စံအိမ်တွင် ဆက်လက်နေထိုင်ခြင်းမှာ အလွန်တရာတစ်ကိုယ်‌ကောင်း ဆန်လွန်း‌နေပြီလားဟု သံသယဝင်လာသည်။

အရင်တုန်းကတော့ သူမ လုချန်းကို ကာကွယ်ပေးရန် လိုအပ်ခဲ့သည်။ သို့သော် အခုတော့ လုချန်းအနားတွင် ထိပ်သီးပညာရှင်များ ရှိနေပြီဖြစ်သည့်အတွက် သူမ၏ ကာကွယ်မှုကို မလိုအပ်တော့ပေ။

သူမ မြောက်ပိုင်းနယ်စားမင်းသားစံအိမ်တွင် ရှိနေခြင်း၏ မူလရည်ရွယ်ချက်ကို ဆုံးရှုံးသွားပြီဖြစ်သည်။

သူမမြောက်ပိုင်းနယ်စားမင်းသားစံအိမ်တွင် ဆက်လက်နေထိုင်ရခြင်းက လုချန်းကို ကာကွယ်ပေးရန်အတွက်ဟု ပြောမည်ဆိုပါက လုံးဝအကြောင်းပြချက်သက်သက်သာ ဖြစ်နေမည်။

ထိုအချိန်တွင် ချူးယုချင် အခြားအရာတစ်ခုကို သတိရလိုက်သည်။

သူမ၏ မြောက်ပိုင်းနယ်စားမင်းသားစံအိမ်တွင် ရှိနေခြင်း၏ မူလရည်ရွယ်ချက်ကို ဆုံးရှုံးသွားသော်လည်း စံအိမ်ထဲတွင် မည်သူမှ အစားထိုး၍မရနိုင်သော ၊ထိပ်သီးပညာရှင်များပင် မပါဝင်နိုင်သော အခန်းကဏ္ဍတစ်ခုတွင် သူမပါဝင်‌နေဆဲဖြစ်သည်။ လုချန်း၏ ကျန်းမာရေးကို ကူညီပေးနိုင်ခြင်းဟူ‌သော အခန်းကဏ္ဍ ဖြစ်သည်။

လုချန်းပြောခဲ့သည့်အတိုင်းဆိုလျှင် သူ၏ နှလုံးသားက ပြန်လည်တုန့်ပြန်နိုင်သော အမျိုးသမီးတစ်ဦးကသာ သူ၏ ကျန်းမာရေးကို ကူညီပေးနိုင်မည်ဖြစ်သည်။ လက်ရှိ မြောက်ပိုင်းနယ်စားမင်းသား စံအိမ်တွင်ရှိသော အမျိုးသမီးများထဲတွင် သာမန်လူများနှင့် လုချန်းအပေါ် ခံစားချက်မရှိသူများသာ ပါဝင်ကြသည်။

ချူးယုချင်တစ်ယောက်တည်းကသာ လုချန်းအပေါ်တွင် နက်ရှိုင်းသော ချစ်ခြင်းမေတ္တာရှိပြီး ထိပ်သီးပညာရှင်တစ်ဝက် အဆင့်ရှိသူဖြစ်သည့်အတွက် လုချန်း၏ ကျန်းမာရေးကို ကူညီပေးနိုင်သည့် တစ်ဦးတည်းသော သူဖြစ်သည်။

ထိုအတွေးက ချူးယုချင်ကို စိတ်သက်သာရာရ သွားစေသည်။

သူမလုချန်းအတွက် အသုံးဝင်နေသရွေ့ မြောက်ပိုင်းနယ်စားမင်းသား စံအိမ်မှ ထွက်ခွာရန် မဖြစ်နိုင်သလို လုချန်းကို စွန့်ခွာရန်လည်း မဖြစ်နိုင်ပေ။

..........

အခန်း (၁၆၈)

စိတ်ရှုပ်ထွေးနေသော ချူးယုချင်

ချူးမိသားစု၏ အချုပ်အခြာ လက်လွှဲပြောင်းခြင်း (၂)

ထိုအတောအတွင်း ဆူဖုံးမြို့၊ ချူးမိသားစု။ ချူးမိသားစု ကောင်စီ။

ယနေ့တွင် ချူးမိသားစု၏ အရေးပါသော အဖွဲ့ဝင်များ အားလုံး စုဝေးနေကြ၏။ အရေးကြီးသော အကြောင်းအရာကို ဆွေးနွေးရန် ဖြစ်သည်ဟု ထင်ရသည်။ ထိုအချိန်တွင် ချူးရှုံသည် ခန်းမ၏ အမြင့်ဆုံးခုံတွင် ထိုင်နေ၏။သူ၏မျက်နှာသည် မိုးကြိုးပစ်ထားသကဲ့သို့ မည်းနက်နေကာ အလွန်မကျေမနပ် ဖြစ်နေပုံရသည်။

ထိုအချိန်တွင် ချူးလျှံက စကားစပြောလိုက်သည်။

“မိသားစုအကြီးအကဲနှင့် သက်ကြီးဝါကြီးပုဂ္ဂိုလ်များရဲ့ ဆုံးဖြတ်ချက်အရ ယနေ့မှပြီး ချူးရှုံဟာ မိသားစုအကြီးအကဲရာထူးကို ဆက်လက်မထမ်းဆောင်တော့ပါဘူး။”

ထိုစကားကို ကြားလိုက်ရသောအခါ ချူးရှုံက အေးစက်စွာ နှာခေါင်းရှုံ့ပြီး ချူးလျှံနှင့် ချူးစွန်တို့ကို ပြောလိုက်သည်။

“ဒုတိယညီ၊ တတိယညီ မင်းတို့ ဘာတွေလုပ်နေတယ်ဆိုတာ သိကြရဲ့လား။”

ချူးလျှံက ပြုံးရယ်ကာ ပြောလိုက်သည်။ “အစ်ကိုကြီးက မြောက်ပိုင်းနယ်စားမင်းသားကို ဆက်ပြီး ထောက်ခံဖို့ စီစဉ်နေတာလား။”

ချူးရှုံက ပြန်ပြောလိုက်သည်။

“အခုဆိုရင် မြောက်ပိုင်းနယ်စားမင်းသားက မြောက်ပိုင်းမြို့တော်မှာ စစ်ရေးအောင်မြင်မှုတွေ ရရှိထားပြီ။ မင်းက သူ့ကို အသုံးမကျဘူးလို့ ထင်နေတုန်းပဲလား။ ပြီးတော့ မင်းက ပြင်ပက လူတွေနဲ့ ပူးပေါင်းပြီး ငါ့ကို မိသားစုအကြီးအကဲရာထူးကနေ ဖယ်ရှားဖို့ ကြိုးစားနေတယ်။ မင်းက ချူးမိသားစုကို အဆုံးမရှိတဲ့ ချောက်ကမ်းပါးထဲ ဦးတည်ပေးနေတယ်။”

ချူးလျှံက ထို့နောက် ပြောလိုက်သည်။ “အစ်ကိုကြီး ကိုယ့်ကိုယ်ကို ပြန်မေးကြည့်ပါ။ မြောက်ပိုင်းနယ်စားမင်းသားက ဒီလောက်တိုတောင်းတဲ့ အချိန်အတွင်းမှာ သံချပ်ကာမြင်းတပ် ငါးသောင်းကို စုဆောင်းနိုင်တယ်ဆိုတာ အစ်ကိုကြီး တကယ်ယုံကြည်လား။”

“အစ်ကိုကြီး တကယ်မသိဘူးလား။ ဒါမှမဟုတ် မသိဟန်ဆောင်နေတာလား။ မြောက်ပိုင်းနယ်စားမင်းသားက ဆွမ်ဧကရာဇ်ရဲ့ နယ်ရုပ်တစ်ရုပ်ပဲ။ ဒီသံချပ်ကာမြင်းတပ် ငါးသောင်းက ဆွမ်ဧကရာဇ်ရဲ့ လျှို့ဝှက်လက်နက်ပဲ။ အဲ့ဒါတောင် ခင်ဗျားက နယ်ရုက်တစ်ရုပ်အတွက် မျှော်လင့်ချက်တွေ ထားနေသေးတယ်။ ဘယ်သူက ချူးမိသားစုကို ချောက်ထဲကျအောင် ဦးတည်ပေး နေတာလဲ။”

ချူးမိသားစုဝင်များသည်လည်းမြောက်ပိုင်းနယ်စားမင်းသားက လွင်ပြင်ဒေသ မျိုးနွယ်စုများ၏ စစ်သည်သုံးသိန်းကို အနိုင်ယူခဲ့သည့် သတင်းကို ပထမဆုံးကြားလိုက်ရစဉ်က မြောက်ပိုင်းနယ်စားမင်းသားသည် အစကတည်းက အားနည်းဟန်ဆောင်နေခဲ့သည်ဟု ယုံကြည်ခဲ့ကြ၏။ လုရှုယွမ်ကို ထောက်ခံသော အဖွဲ့ဝင်အချို့ပင် မြောက်ပိုင်းနယ်စားမင်းသားထံ ပြန်လည်သစ္စာခံရန် စဉ်းစားခဲ့ကြသည်။

သို့သော် မကြာမီတွင် ပြဿနာကိုသူတို့ သတိထားမိလာကြသည်။ မြောက်ပိုင်းနယ်စားမင်းသားသည် မြောက်ပိုင်းမြို့တော်တွင် မည်မျှကြာကြာနေထိုင်ခဲ့လို့ ဆင်းရဲမွဲတေသော မြောက်ပိုင်းမြို့တော်က သံချပ်ကာမြင်းတပ် ငါးသောင်းကို စုဆောင်းနိုင်မှာလဲ။

သံချပ်ကာမြင်းတပ် ငါးသောင်းကို မြောက်ပိုင်းနယ်စားမင်းသား ပိုင်သည်ဟု သူတို့ယုံကြည်လိုက်ပါက သူတို့သည် အရူးများသာ ဖြစ်သွားကြမည်။

မြောက်ပိုင်းနယ်စားမင်းသားကို ဆွမ်ဧကရာဇ်က မြောက်ပိုင်းမြို့တော်သို့ စေလွှတ်ခဲ့ခြင်းဖြစ်၏။ ယခု မြောက်ပိုင်းမြို့တော်တွင် သံချပ်ကာမြင်းတပ် ရုတ်တရက် ပေါ်ထွက်လာပြီး ရှနိုင်ငံတော်တစ်ခုလုံးတွင် ထိုကဲ့သို့သော အင်အားကို စုဆောင်းနိုင်သည့် တစ်ဦးတည်းသောသူမှာ ဆွမ်ဧကရာဇ်သာ ဖြစ်၏။ ထိုအချက်ကို ထောက်ရှူလျှင် သံချပ်ကာမြင်းတပ် ငါးသောင်းသည် ဆွမ်ဧကရာဇ်၏ လျှို့ဝှက်လက်နက် ဖြစ်မည်မှာ မလွဲဧကန်ဖြစ်သည်။

ချူးမိသားစုတစ်ခုတည်းသာမက အာဏာရှိမိသားစုအားလုံးလည်း ရုတ်တရက် နားလည်သွားကြ၏။ အလင်းရောင်ကို မြင်လိုက်ရသကဲ့သို့ ဖြစ်သွားကြသည်။

ဆွမ်ဧကရာဇ်က ယခုအချိန်တွင် လှုပ်ရှားရဲသွားပြီဖြစ်ကြောင်း သူတို့ နားလည်သွားကြသည်။ သူ့တွင် သံချပ်ကာ မြင်းတပ် ငါးသောင်း ရှိ‌နေပြီဖြစ်သည်။ ထို့ကြောင့် အာဏာရှိ မိသားစုများကို ကြောက်ရွံ့စရာအကြောင်း မရှိတော့ပါ။

ထို့ကြောင့် မြောက်ပိုင်းနယ်စားမင်းသား မြောက်ပိုင်းမြို့တော်တွင် အောင်မြင်လာခြင်းသည် ချူးမိသားစုဝင်များအတွက် ကောင်းချီးမဟုတ်ဘဲ ကျိန်စာသာ ဖြစ်သည်။

ထိုအချက်က မြောက်ပိုင်းနယ်စားမင်းသားသည် ဆွမ်ဧကရာဇ်၏ နယ်ရုပ်ဖြစ်လာကြောင်း သက်သေပြသည်။ မြောက်ပိုင်းနယ်စားမင်းသားနှင့် ဆွမ်ဧကရာဇ်ကြားတွင် သဘောတူညီမှုများ ရှိနေသည်။

မြောက်ပိုင်းနယ်စားမင်းသားနှင့် ဆက်ဆံရေးကို လုံးဝဖြတ်တောက်သင့်သည့် အခွင့်အရေးရတုန်း ချူးလျှံနှင့် ချူးစွန်တို့သည် မိသားစုလူကြီးများနှင့် ပူးပေါင်းကာ ချူးရှုံအား မိသားစုအကြီးအကဲရာထူးမှ ဖယ်ရှားရန် ဆုံးဖြတ်ခဲ့ကြသည်။

ချူးရှုံသည် မြောက်ပိုင်းနယ်စားမင်းသား၏ အဖိုးဖြစ်ပြီး သူ့ကို မိသားစုအကြီးအကဲရာထူးမှ ဖယ်ရှားခြင်းသည်တစ်နည်းအားဖြင့် လုရှုယွမ်မင်းသားထံ သစ္စာခံမှုကို ကြေညာခြင်းဖြစ်သည်။ ယခုမှစ၍ ချူးမိသားစုသည် လုရှုယွမ်မင်းသားဘက်ကို လုံးဝပြောင်းသွားမည်ဖြစ်သည်။

ချူးလျှံ၏ စကားလုံးများကို ကြားသောအခါ ပွင့်ပွင့်လင်းလင်း ပြောရလျှင် ချူးရှုံ၏ စိတ်ထဲတွင်လည်း ပဋိပက္ခဖြစ်နေသည်။ မြောက်ပိုင်းနယ်စားမင်းသားတွင် သံချပ်ကာ မြင်းတပ် ငါးသောင်း ရှိသည်ဟု သူလည်း ယုံကြည်ရန် ခက်ခဲသည်။ ထိုသို့ယုံကြည်ရန်က ဖြစ်နိုင်‌ခြေများနှင့် ဆန့်ကျင်နေသည်။

သို့သော် လုရှုယွမ်မင်းသားထံ လုံးဝတိမ်းညွတ်သွားပါက ချူးမိသားစုသည် ဝမ်မိသားစုနှင့်အတူ ပုန်ကန်ရန် ပြင်ဆင်နေသလို ဖြစ်သွားမည်။

ဒါကဘာကို ရည်ညွန်းနေတာလဲ။

ထိုအချက်က ဆွမ်ဧကရာဇ်၏ ဓားသည် မကြာမီ သူတို့၏ ခေါင်းပေါ်သို့ ကျရောက်လာမည်ဟု ဆိုလိုနေခြင်းဖြစ်သည်။ဆွမ်ဧကရာဇ်သည် အာဏာရှိ မိသားစုများကို တိုက်ခိုက်ရန် အစီအစဉ်ဆွဲထားတာ ကြာပြီသော်လည်း သူသည် ယခုချိန်အထိ အခွင့်အရေးကို မတွေ့ရှိသေးပေ။

သို့သော် ပုန်ကန်မှုကို စတင်ပါက အခြေအနေ ကွဲပြားသွားမည်ဖြစ်သည်။ ဆွမ်ဧကရာဇ်သည် အာဏာရှိ မိသားစုများ ပုန်ကန်လာရန် စောင့်ဆိုင်းနေခြင်းဖြစ်သည်။ ထိုသို့ဖြစ်ပါက သူ့အတွက် တိုက်ခိုက်ရန် အခြားအကြောင်းပြချက် မလိုတော့ပေ။

ထိုအချိန်တွင် ချူးစွန်က ရယ်မောလိုက်ပြီး

“အစ်ကိုကြီး။ စိတ်အေးအေးထားပါ။ အစ်ကိုကြီးက အသက်အရွယ် ရနေပါပြီ။ ဒီနေ့ကစပြီး အိမ်ထဲမှာ အနားယူနိုင်ပါပြီ။ မိသားစုကိစ္စ တွေ မပူပန်ပါနဲ့‌တော့။ ဒါအစ်ကိုကြီး အတွက် ကောင်းတဲ့ကိစ္စ ဖြစ်လာနိုင်ပါတယ်”

ဟု ပြောလိုက်သည်။

ထိုစကားကို ကြားသောအခါ ချူးရှုံသည် အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး

“မင်းတို့ ဝမ်မိသားစုနှင့်အတူ ပုန်ကန်ဖို့ ခိုင်ခိုင်မာမာစွာ ဆုံးဖြတ်ထားပြီဆိုရင်‌တော့ ငါလည်း ချူးမိသားစုဝင်အချို့ကို ဦးဆောင်ပြီး အဓိက မိသားစုက ခွဲထွက်ဖို့ မလွဲမသွေ လိုအပ်လာပြီပေါ့” ဟု ပြောလိုက်သည်။

ချူးရှုံ၏ စကားဆုံးမီ သူ၏သား ချူးဟုန်ဖေးက ဝင်ပြောလိုက်သည်

“ဖခင်။ ဘာလို့ဒီလောက် ခေါင်းမာနေရတာလဲ။ ဦးလေးနှစ်နှင့် ဦးလေးသုံးတို့ရဲ့ စကားကို နားထောင်သင့်တယ်။ ကျွန်တော်ကတော့ချူးမိသားစုက ထွက်ခွာပြီး ဖခင်နောက်ကို မလိုက်နိုင်ပါဘူး။ ဖခင်သည် ထွက်ချင်ရင် ထွက်ပါ။ ကျွန်တော်ကတော့ ကျန်နေခဲ့မှာပါ။”

သူသား၏ စကားများကို ကြားလိုက်ရသည်နှင့် ချူးရှုံလည်း ဒေါသထွက်ပြီး လည်ပင်းဆို့ပိတ်သွားသလိုပင် ခံစားလိုက်ရသည်။ သူ့တွင် ဒီသားတစ်ယောက်သာ ရှိသည်။ အကယ်၍ သူသာချူးမိသားစုမှ ထွက်ခွာသွားပါက သူတစ်ယောက်တည်း ကျန်ရစ်ခဲ့မည်ဖြစ်၏။ သူတစ်ယောက်တည်း ဘာလုပ်နိုင်မှာလဲ။

ဒီလိုအချိန်တွင် သူ၏သားက ယခုလို ပြောမည်ဟု ချူးရှုံ မျှော်လင့်မထားပေ။ ချူးဟုန်ဖေးစကားကို ကြားလိုက်ရသည်နှင့် ချူးလျှံ၏ နှုတ်ခမ်းများက အနည်းငယ် ကွေး၍ ပြုံးလာသည်။

ထို့နောက် သူက

“အစ်ကိုကြီး မြင်တယ်မလား။ ဟုန်ဖေးတောင် အစ်ကိုကြီးရဲ့ လုပ်ရပ်ကို သဘောမတူဘူး။ ခင်ဗျားသိချင်မှ သိမယ်။ ဝမ်မိသားစုက ချူးယုချင်ကို မကြာခင်မှာ ပြန်လာခွင့်ပေးပြီး ဟုန်ဖေးနဲ့ လက်ထပ်ပေးဖို့ သဘောတူထားပြီ” ဟု ပြောလိုက်သည်။

ချူးရှုံ ခဏတာမျှ ငေးငိုင်သွားခဲ့သည်။ သူ့သား ဝမ်မိသားစုဘက်ကို လျင်မြန်စွာ ရပ်တည်ရခြင်း၏ အကြောင်းရင်းကို သူနားလည်သွားခဲ့သည်။ သူကလည်း သူ့အကြံနှင့် သူဖြစ်သည်။

ချူးရှုံသည် ချက်ချင်း ထရပ်လိုက်ပြီး

“မင်းတို့ သေချင်လွန်းလို့ ဒီလိုလုပ်နေတာဆိုရင်တော့ မင်းတို့စိတ်ကြိုက် လုပ်ပါ။ ငါကတော့ ချူးမိသားစုရဲ့ အရေးကိစ္စတွေနဲ့ မဆိုင်တော့ဘူး” ဟု ကြေညာလိုက်သည်။

စကားပြောပြီးသည်နှင့် ချူးရှုံသည် ကောင်စီခန်းမမှ တန်းထွက်သွားခဲ့သည်။

ချူးရှုံ၏ နုတ်ထွက်ခြင်းသည် တောင်ပိုင်း အာဏာရှိမိသားစုများ စည်းလုံးစွာဖြင့် လုရှုယွမ်မင်းသားဘက်ကို လုံးဝရပ်တည်လိုက်ပြီဖြစ်‌ကြောင်း ဖော်ပြလိုက်ခြင်းဖြစ်သည်။ ယခုမှစ၍ တောင်ပိုင်းတွင် လုရှုယွမ်မင်းသား၏ အုပ်စုသာ ကျန်ရှိတော့မည် ဖြစ်သည်။

ရက်အနည်းငယ်ကြာပြီးနောက် မြောက်ပိုင်းဒေသတွင်။ ရှောင်ပင်တိန်သည် နောက်ပြန်လှည့်ကြည့်လိုက်ချိန်တွင် မဆုံးနိုင်သော တိရစ္ဆာန်တန်းကြီးကို မြင်လိုက်ရပြီး သက်ပြင်းရှည်တစ်ချက် ချလိုက်သည်။

သူတို့ မြောက်ပိုင်းမြို့တော်သို့ ရောက်သည့်အခါတွင် ကောင်းကင်ဝံပုလွေဘုရင် မျိုးနွယ်စုဆိုတာ မရှိတော့ပါ။

ယခုအချိန်တွင် သူတစ်ယောက်တည်းသာမက ကောင်းကင်ဝံပုလွေဘုရင် မျိုးနွယ်စုတစ်ခုလုံးပင် စိတ်ဓာတ်ကျနေကြ၏။ သူတို့အားလုံး ဝမ်းနည်းပူဆွေးမှုများဖြင့် ပြည့်နှက်နေကြသည်။

အထူးသဖြင့် လွင်ပြင်ဒေသ မျိုးနွယ်စုဝင် အမျိုးသမီးများဖြစ်သည်။ သူတို့၏ စစ်သည်သုံးသိန်းတို့ မြောက်ပိုင်းမြို့တော်ကို ရှုံးနိမ့်ပြီး နှစ်သိန်းသေဆုံးကြောင်း ကြားသိလိုက်ရသည့်အခါ အမျိုးသမီး အမြောက်အမြား စိတ်ထိခိုက်မှုကြောင့် ချက်ချင်း မြေပြင်ပေါ်သို့ လဲကျသွားခဲ့ကြသည်။

လွင်ပြင်ဒေသ မျိုးနွယ်စုများတွင် အရွယ်ရောက်သူ တစ်ယောက်က အလွန်အရေးပါသည်။ အမျိုးသားများ မရှိပါက အမျိုးသမီးများအတွက် ကျယ်ပြောလှသော မြက်ခင်းလွင်ပြင်များပေါ်တွင် အသက်ရှင်ရပ်တည်ရန် အလွန်ခက်ခဲလှသည်။

နောက်ပိုင်းတွင် သူတို့ မြောက်ပိုင်းမြို့တော်သို့ ပြောင်းရွှေ့အခြေချရမည့်အကြောင်း ကြားရပြီး ယခုထက် ပိုမိုကောင်းမွန်သော လူနေမှူဘဝကို ရရှိနိုင်မည်ဟု သိလာသော်လည်း မျိုးနွယ်စုတစ်ခုလုံး၏ စိတ်ဓာတ်များက အလွန်ကျဆင်းနေဆဲဖြစ်သည်။

ထိုအချိန်တွင် ကောင်းကင်ဝံပုလွေဘုရင် မျိုးနွယ်စု စစ်တပ်သည် တိတ်ဆိတ်စွာဖြင့် တောင်ဘက်သို့ ရွေ့လျားနေပြီး လမ်းတစ်လျှောက်လုံးတွင် စကားပြောသူ မရှိသလောက်ပင် ဖြစ်သည်။

ထို့နောက် မြင်းစီးစစ်သားတစ်ဦးက ရှောင်ပင်တိန်ထံသို့ လာရောက်ပြီး

“ဗိုလ်ချုပ်။ သူတို့အားလုံး ထွက်သွားပါပြီ” ဟု ပြောလိုက်သည်။

ထိုစကားကို ကြားလိုက်ရပြီးနောက် ရှောင်ပင်တိန်က သက်ပြင်းချလိုက်ပြီး

“ငါအမိန့်ကို ပြောလိုက်ပါ။ ရွှေ့ပြောင်းမှုကို အရှိန်မြှင့်မယ်။ အခု ငါတို့ မြောက်ပိုင်းမြို့တော်ထဲ ဝင်နေပြီ။ အားလုံး ပိုအားထုတ်ကြပါစို့” ဟု အမိန့်ပေးလိုက်သည်။

စစ်သားပြောသော “သူတို့” ဆိုသည်မှာ မြောက်ပိုင်းမြို့တော်သို့ ပူးပေါင်းရန် မလိုလားသော လွင်ပြင်ဒေသ မျိုးနွယ်စုများကို ရည်ညွှန်းခြင်း ဖြစ်သည်။

လွင်ပြင်ဒေသ မျိုးနွယ်စုအများစုသည် ပိုမိုကောင်းမွန်သော ဘဝကို လိုလားကြသော်လည်း အချို့ကမူ မြောက်ပိုင်းမြို့တော်သို့ ပူးပေါင်းခြင်းသည် အခြားသူများ၏ အိမ်အောက်တွင် နေထိုင်ရခြင်းနှင့်တူပြီး နောင်တွင် ရှနိုင်ငံတော်ပြည်သူများ၏ ကျွန်များ ဖြစ်သွားမည်ဟု ထင်မြင်ယူဆကြသည်။ ထို့ကြောင့် ထိုသူများသည် တောင်ဘက်သို့ လိုက်ပါခြင်းကို မလိုလားကြပေ။

ရှောင်ပင်တိန်က သူတို့ကို အခက်တွေ့အောင် မလုပ်ခဲ့ပါ။ ဒါက သူမျှော်လင့်ထားပြီးဖြစ်သည်။ ထို့ကြောင့် မြောက်ပိုင်းမြို့တော်သို့ မလိုက်ပါလို သူများအတွက် လိုအပ်သော ပစ္စည်းများကို သူတို့ထားရစ်ပေးခဲ့သည်။

သို့သော် သူတို့ထွက်ခွာမသွားမီ ထိုသူများ က မြောက်ပိုင်းဖရီဘုရင် မျိုးနွယ်စုကိုသွားရောက်ပြီး သတင်းပေးခြင်းမှ ကာကွယ်ရန် သူတို့ကို စောင့်ကြည့်ဖို့ လူအချို့ကို ရှောင်ပင်တိန် ထားရစ်ခဲ့သည်။

ယခု သူတို့ မြောက်ပိုင်းမြို့တော်သို့ ရောက်ရှိလာပြီဖြစ်ပြီး ကောင်းကင်ဝံပုလွေဘုရင် မျိုးနွယ်စုမှ ကျန်နေခဲ့သူများလည်း ထွက်ခွာလာပြီဖြစ်သည်။ သူတို့ မြောက်ပိုင်းဖရီဘုရင် မျိုးနွယ်စုကို သွားရောက်သတင်းပေးသည့်တိုင် ရွှေ့ပြောင်းနေသော သူများအပေါ် ကြီးမားသော ခြိမ်းခြောက်မှု မရှိတော့ပေ။

ထိုအချိန်တွင် စစ်သားတစ်ဦးသည် ရှောင်ပင်တိန်ထံသို့ လျင်မြန်စွာ ပြေးလာပြီး

“ဆိုးဆိုးဝါးဝါးတစ်ခုဖြစ်သွားပါပြီ” ဟု အော်ဟစ်လိုက်သည်။

စစ်သား၏ ထိတ်လန့်နေသော မျက်နှာကို မြင်လိုက်ပြီး ရှောင်ပင်တိန်က ချက်ချင်းပင် “ဘာဖြစ်သွားတာလဲ” ဟု မေးလိုက်သည်။

စစ်သားကပြန်ပြောလိုက်သည်။

“နတ်ဆရာအကြီးအကဲ … သူမြစ်ထဲခုန်ချပြီး ကိုယ့်ကိုယ်ကို အဆုံးစီရင် သွားပါပြီ”

ထိုစကားကို ကြားလိုက်ရသည်နှင့် ရှောင်ပင်တိန်လည်း ဆွံ့အသွားခဲ့သည်။

သူ သတိပြန်ရဝင်လာသည်နှင့်

“သူဘယ်မှာလဲ။ ငါ့ကို ခေါ်သွားပါ” ဟု လျင်မြန်စွာ ပြောလိုက်သည်။

စစ်သား၏ လမ်းညွှန်မှုဖြင့် ရှောင်ပင်တိန်သည် နတ်ဆရာ အကြီးအကဲ၏ ခန္ဓာကိုယ်ရှိရာသို့ မကြာမီ ရောက်ရှိလာခဲ့သည်။ နတ်ဆရာအကြီးအကဲသည် ရေများစိုရွဲ၍ လဲလျောင်းနေပြီး မျက်နှာက ဖြူ‌လျော်နေ၏။ သူသေဆုံးသွားပြီဖြစ်သည်မှာ ထင်ရှားသည်။

လွင်ပြင်ဒေသ မျိုးနွယ်စုများ၏ အကြီးအကဲများသည် နတ်ဆရာအကြီးအကဲကို ဝိုင်းရံထားကြပြီး တိတ်ဆိတ်စွာ ရပ်နေကြသည်။

နတ်ဆရာအကြီးအကဲသည် မျိုးနွယ်စုတွင် ရှေးရိုးစွဲ အရှိဆုံးသူဖြစ်ပြီး မြောက်ပိုင်းမြို့တော်သို့ ပြောင်းရွှေ့ရန် ပြင်းပြင်းထန်ထန် ကန့်ကွက်မည့်သူ ဖြစ်ခဲ့သင့်သည်။ သို့သော် မဲပေးသည့်အခါတွင် သူကိုယ်တိုင် မြောက်ပိုင်းမြို့တော်သို့ ပူးပေါင်းရန် မဲပေးခဲ့သည်။ ယခု မြောက်ပိုင်းမြို့တော်သို့ ဝင်ရောက်တော့မည့်အချိန်တွင် မြစ်ထဲခုန်ချကာ သူ၏အသက်ကို စွန့်လွှတ်လိုက်သည်။

မြောက်လေသည် လူတို့၏ မျက်နှာများပေါ်ကို တိုက်ခတ်နေသော်လည်း ထိုအချိန်တွင် ဘယ်သူမှ စကားမပြောကြပေ။ အားလုံး ဝမ်းနည်းကြေကွဲနေပုံရသည်။

အချိန်အတိုင်းအတာတစ်ခု ကြာပြီးနောက် ရှောင်ပင်တိန်သည် နတ်ဆရာအကြီးအကဲ၏ ခန္ဓာကိုယ်ကို လွင်ပြင်ဒေသတွင် မြှုပ်နှံပေးခဲ့သည်။ ထို့နောက် သူတို့သည် နောက်ထပ်အချိန်မဆိုင်းတော့ပဲ ခရီးဆက်လက်ထွက်ခွာခဲ့ကြသည်။

........

All Chapters