အခန်း ၁၇၂-၁၇၄
Vol. 12 Ch. 172-174
အခန်း (၁၇၂ )
ငါများ စိုးရိမ်နေမိတာလား (၂)
ဤကာလအတွင်း မြောက်ပိုင်းနယ်စားမင်းသားစံအိမ်တွင် နေထိုင်ရင်း လုချန်း၏ နေ့စဉ်လုပ်ရိုးလုပ်စဉ်ကိုများ ချန်ဝမ်ရွန်တို့ သိလာကြသည်။
လုချန်းသည် မနက်စောစော ထပြီး စာကြည့်တိုက်သို့ တန်းသွားကာ အလုပ်ကိစ္စများကို ဆောင်ရွက်သည်။ တစ်ခါတစ်ရံတွင် စံအိမ်မှ ထွက်ခွာပြီး စစ်တပ်တည်ဆောက်မှုကို စစ်ဆေးသည်။
နေ့လယ်ပိုင်းရောက်သောအခါ လုချန်းသည် သူ၏ ဇနီးမယားများ၏ အခန်းများထဲမှ တစ်ခုကို ကျပန်းရွေးချယ်ကာ ဝင်ရောက်လေ့ရှိ၏။ ထို့နည်းဖြင့် သူ၏နေ့ကို ကုန်ဆုံး လေ့ရှိသည်။
လုချန်း၏ နေ့စဉ်ဘဝသည် ထိုကဲ့သို့ပင် ဖြစ်သည်။
ထို့ကြောင့် ချန်ဝမ်ရွန်နှင့် လင်ဝမ်ရွမ်တို့အတွက် လုချန်းနှင့် ထိတွေ့ဆက်ဆံရန် အခွင့်အလမ်းများ ပို၍ နည်းပါးလာသည်။ သူတို့သည် မြောက်ပိုင်းနယ်စားမင်းသား စံအိမ်တွင် ရှိနေဆဲဖြစ်သော်လည်း လုချန်းသည် စာကြည့်ခန်းတွင် ရှိနေသည်ဖြစ်စေ သူ၏ဇနီးများနှင့် အတွင်းဆောင်တွင် ရှိနေသည်ဖြစ်စေ ဧည့်သည်နှစ်ဦးအနေဖြင့် ဝင်ရောက်ရန် မဖြစ်နိုင်ပေ။
အဓိကပြဿနာမှာ သူတို့သည် လုချန်းနှင့် အချိန်ကုန်ဆုံးရန် အကြောင်းပြချက်တစ်ခုကို မတွေ့ရှိနိုင်ခြင်း ဖြစ်သည်။
သို့သော် အရေးအကြီးဆုံးအချက်မှာ မြောက်ပိုင်းနယ်စားမင်းသားသည် သူတို့ထံ ကိုယ်တိုင်လာရောက် ရှာဖွေခြင်း မရှိခဲ့ခြင်း ဖြစ်သည်။
သလောတရားအရ မြောက်ပိုင်းနယ်စားမင်းသားသည် အလှအပကို နှစ်သက်သူဖြစ်ပြီး ညအချိန်တိုင်းတွင် သူ၏အမျိုးသမီးများနှင့် ဆက်ဆံရေးကို မြှင့်တင်ရန် ကြိုးစားနေသည်ကို ထောက်ရှုပါက သူသည် အမျိုးသမီးများနှင့် မထိတွေ့ပဲ မနေနိုင်သူဖြစ်သည်မှာ ထင်ရှားသည်။ သို့သော် ချန်ဝမ်ရွန်တွင် နိုင်ငံကြီး တစ်ခုလုံးကို လှုပ်ခါစေနိုင်သည့် အလှအပရှိသော်လည်း သူမသည် မြောက်ပိုင်းနယ်စားမင်းသား၏ စိတ်ကို လှုပ်ခါနိုင်ခြင်း မရှိခဲ့ပေ။
ချန်ဝမ်ရွန် သူမ၏ အလှအပကို စတင် သံသယဝင်လာသည်။
အကယ်၍ သူမသည် လုချန်းနှင့် ထိတွေ့ဆက်ဆံမှု မရှိပါက ချစ်ခြင်းပိုးကောင်ကို မည်သို့အသုံးပြုနိုင်မည်နည်း။ ရှနိုင်ငံတော်တွင် ပြည်တွင်းရေး ရှုပ်ထွေးမှုများ စတင်နေပြီဖြစ်သည်။ ဒီအချိန်က ဆွမ်ဧကရာဇ်ကို တိုက်ခိုက်ရန် အကောင်းဆုံးအချိန်ဖြစ်သည်။ အကယ်၍ သူတို့သည် လျို့ဝှက်နဂါးမန္တာန်ကျင့်စဉ်ကို မြန်မြန်ဆန်ဆန် မ အောင်မြင်အောင် မလုပ်နိုင်ပါက ဆွမ်ဧကရာဇ်ကို သတ်နိုင်မည့် အခွင့်အလမ်း လက်လွတ်သွားနိုင်သည်။
ချန်ဝမ်ရွန်က နူးညံ့စွာ ပြောလိုက်သည်။ “ကျွန်မတို့ ဒီလို စောင့်နေလို့ မဖြစ်တော့ဘူး။”
ချန်ဝမ်ရွန်၏ ရည်ရွယ်ချက်ကို ချက်ချင်းနားလည်သွားသော လင်ဝမ်ရွမ်က သူမ လုချန်းထံ ကိုယ်တိုင်သွားရောက်ရန် စီစဉ်နေသည်ကို သိရှိလိုက်သည်။ သို့သော် ထိုနည်းလမ်းကလည်း လွယ်ကူသည်တော့ မဟုတ်ပေ။ လင်ဝမ်ရွမ်က ဆက်ပြောသည်။
“နန်း တော်သခင် မြောက်ပိုင်းနယ်စားမင်းသားဆီ ကိုယ်တိုင်သွားရင် သူသတိထားမိသွားနိုင်တယ်။”
“ကျွန်မနှင့် ချူးယုချင်တို့ကြားက ဆက်ဆံရေးကို အသုံးပြုပြီး ချူးယုချင်ဆီ အရင်သွားပြီး မြောက်ပိုင်းနယ်စားမင်းသား လောလောဆယ် ဘာတွေလုပ်နေသလဲဆိုတာ အရင် လေ့လာကြည့်လိုက်ရအောင်။ တကယ်လို့ မြောက်ပိုင်းနယ်စားမင်းသားမှာ ဖြေရှင်းစရာ ပြဿနာတွေ ရှိနေရင် ကျွန်မတို့ လျှို့ဝှက်လဝန်းနန်းတော်က ကူညီပေးနိုင်တယ်။ အဲ့ဒီနည်းက မြောက်ပိုင်းနယ်စားမင်းသားနှင့် ဆက်ဆံရေး တည်ဆောက်ခွင့် ရစေနိုင်တယ်။”
မြောက်ပိုင်းနယ်စားမင်းသားသည် ရမ္မက်ကြီးသူဖြစ်သော်လည်း သူသည် လုံးဝ စိတ်မထိန်းနိုင်သူမ ဟုတ်ကြောင်း သူတို့ နှစ်ဦးစလုံး အခုတော့ ကောင်းစွာနားလည်သွားကြပြီဖြစ်သည်။ သူသည် သူ၏ရမ္မက်စိတ်ကို ဆင်ခြင်တုံတရားဖြင့် ထိန်းချုပ်နိုင်သည်။
သူသည် လှပသော အမျိုးသမီးတိုင်းကို တပ်မက်သူဖြစ်ပါက အခုလောက်ဆိုလျှင် သူတို့ကို လာရှာပြီးတာ ကြာပြီဖြစ်သည်။ ထင်ရှားသည့် အချက်တစ်ချက်က မြောက်ပိုင်းနယ်စားမင်းသားသည် သူတို့ကို သတိထားနေခြင်းဖြစ်သည်။
ထို့ကြောင့် သူတို့၏ နောက်ထပ် ခြေလှမ်းက ရှင်းသည်။ မြောက်ပိုင်းနယ်စားမင်းသား သူတို့၏ လျှို့ဝှက်လဝန်းနန်းတော်အပေါ် သတိလျှော့စေရန် လိုအပ်သည်။
ထိုအခါမှသာ ချန်ဝမ်ရွန် မြောက်ပိုင်းနယ်စားမင်းသားနှင့် နီးကပ်စွာ ထိတွေ့ဆက်ဆံနိုင်မည် ဖြစ်ပြီး ချစ်ခြင်းပိုးကောင်ကို ထည့်သွင်းရန် အခွင့်အလမ်းရှိလာမည် ဖြစ်သည်။ မဟုတ်ပါက သူတို့ မင်းသားစံအိမ်တွင် ရှိနေခြင်းက အဓိပ္ပာယ်မရှိပေ။
လင်ဝမ်ယွမ်၏ အကြံပြုချက်ကို ကြားလိုက်ရပြီးနောက် ချန်ဝမ်ရွန်က ခဏစဉ်းစားလိုက်ပြီး
“ကောင်းပါပြီ။ ဒေါ်လေးလင် ပြောသလိုပဲ လုပ်ကြပါစို့။”
သူတို့အနေဖြင့် ဆက်ပြီး စောင့်နေလို့မရတော့ပါ။ လုချန်းနှင့် နီးစပ်ရန် အခွင့်အလမ်းများကို ရှာဖွေရန် လိုအပ်နေပြီဖြစ်သည်။
နေဝင်ဆည်းဆာချိန်။
လုချန်းသည် သူ၏တစ်နေ့တာလုပ်ငန်းဆောင်တာများ ပြီးဆုံးသွားပြီးနောက် ထိုင်ခုံမှ ထလိုက်ကာ ခြေလက်ဆန့်လိုက်ပြီး ညစာစားရန် ပင်မဆောင်သို့ ထွက်ခွာဖို့ ပြင်လိုက်သည်။
သူစာကြည့်ခန်းမှ ထွက်ခွာလာစဉ် နေဝင်ဆည်းဆာ၏ အနီရောင်အလင်းရောင်အောက်တွင် အလှပဆုံးအမျိုးသမီးနှစ်ဦး လက်တွဲကာ စကားပြောရင်း ရယ်မောနေကြသည်ကို လုချန်းသတိထားမိလိုက်သည်။
ချူးယုချင်နှင့် လင်ဝမ်ရွမ် စကားပြောနေသည်ကို မြင်လိုက်ရသောအခါ လုချန်း၏ နှုတ်ခမ်းထောင့်များ အနည်းငယ်မြှင့်တက်လာကာ လျှို့ဝှက်လဝန်းနန်းတော်မှ နတ်သမီးနှစ်ပါး နောက်ဆုံးတော့ မစောင့်နိုင်တော့ကြောင်း သိလိုက်ရသည်။
ထို့နောက် လုချန်းက လင်ဝမ်ရွမ်၏ သူ့အပေါ် နှစ်သက်မှုကို လှမ်းကြည့်လိုက်သည်။ ယခု သူမ၏ နှစ်သက်မှုက အမှတ် ၉၀ ကျော်နေပြီဖြစ်သဖြင့် နောက်တစ်ဆင့်သို့ ရောက်ရန် အချိန်တန်နေပြီဖြစ်သည်။
ထိုသို့စဉ်းစားရင်း လုချန်းလည်း သူတို့ဆီသို့ လျှောက်သွားလိုက်၏။ ထိုအမျိုးသမီးနှစ်ဦးနားသို့ ရောက်သောအခါ လုချန်းက ပြုံးရင်း မေးလိုက်သည်။
“ဒေါ်လေးလင် နဲ့ ဒေါ်လေးချူးတို့ ဘာတွေ ပြောနေကြတာလဲ။”
လုချန်း ရောက်လာကြောင်း သိလိုက်ရသောအခါ လင်ဝမ်ရွမ်၏ စိတ်ထဲတွင် ဝမ်းသာမှုများ လှိုင်းထလာသည်။ မြောက်ပိုင်းနယ်စားမင်းသားနှင့် စကားပြောရန် အခွင့်အလမ်း ရသွားပြီဖြစ်သည်။
လင်ဝမ်ရွမ်က လျှင်မြန်စွာ ပြောလိုက်သည်။ “နှုတ်ဆက်ပါတယ် မင်းသား။”
လုချန်းက ချက်ချင်းပြန်ပြောလိုက်သည်၊
“ ဟာ...ဒေါ်လေးလင် ကျွန်တော် ဒေါ်လေးကို ‘အဒေါ်’ လို့ ခေါ်ပြီးသားပါ။ မင်းသားအိမ်တော်ထဲမှာ ဒီလောက်စည်ကမ်းတင်းကျပ် နေစရာ မလိုပါဘူး။ မြောက်ပိုင်းနယ်စားမင်းသားစံအိမ်ဟာ ဒီလောက် စည်းကမ်းတင်းကြပ်တဲ့နေရာ မဟုတ်ပါဘူး။”
လင်ဝမ်ရွမ်က ပြန်ပြောလိုက်သည်။
“ဒါက ဘယ်လိုဖြစ်နိုင်ပါ့မလဲ။ ဓလေ့ထုံးတမ်းတွေကို လျစ်လျူရှုလို့ မရပါဘူး။ မင်းသားက မင်းသားဖြစ်ပြီး သာမန်အမျိုးသမီးတစ်ဦးအနေနဲ့ ရိုသေလေးစားမှု ကို ပြသရမှာပါ။”
လုချန်းက ပြောလိုက်သည်။
“ဒေါ်လေးလင်ရဲ့ စကားတွေက ကျွန်တော့်ကို စိတ်ထိခိုက်စေပါတယ်။ ကျွန်တော်က အဒေါ်လို့ သတ်မှတ်ထားပြီး ကျွန်တော်တို့ကြားမှာ ဘာမှ ဆက်နွယ်မှုမရှိဘူးလို့ ဒေါ်လေး ထင်နေတာလား။ ကျွန်တော့်ရဲ့ ချစ်ခြင်းမေတ္တာတွေက တစ်ဖက်သတ် ဖြစ်နေတာလား။”
လင်ဝမ်ရွန် အနည်းငယ် အံ့အားသင့်ခဲ့သွားသည်။
မြောက်ပိုင်းနယ်စားမင်းသား ထိုသို့ပြောလိမ့်မည်ဟု သူမ မမျှော်လင့်ထားခဲ့ပါ။
ထိုအချိန်တွင် ချူးယုချင်က လုချန်းကို လှမ်းကြည့်လိုက်သည်။ သူအခု ပြောနေတာတွေအားလုံး သူမ မယုံကြည်ပါ။ လုချန်းက လင်ဝမ်ရွန်ကို တကယ် အဒေါ်လို့ မြင်တယ်ဆိုတာ သူမ မယုံကြည်ပါ။
သူအဒေါ်ဟု ခေါ်ခေါ်နေတဲ့ ဒေါ်လေးချူးနဲ့ လုပ်ခဲ့တာတွေကို စဉ်းစားကြည့်ပါက ဒီကောင်စုတ်လေးက သူမကို အမြဲတမ်း ထိတွေ့ချင်နေတာပဲဖြစ်သည်။ သူမကို အဒေါ်လို သဘောမထားပါ။
လုချန်းနဲ့ နှစ်ပေါင်းများစွာ အတူနေထိုင်ခဲ့သည့် သူမကိုယ်တိုင်တောင် ဒီလိုပဲ ဆက်ဆံခံရ၏။ လုချန်းက လင်ဝမ်ရွမ်ကို ဘယ်လိုလုပ် အဒေါ်လို့ သဘောထားနိုင်မှာလဲ။
သို့သော် ချူးယုချင်က ဘာမှဝင်မပြောခဲ့ပါ။
သတိဝင်လာပြီးနောက် လင်ဝမ်ရွန်က “ကျေးဇူးတင်ပါတယ် မင်းသား။
သာမန်အမျိုးသမီးဖြစ်တဲ့ ကျွန်မ နောက်ဆို မင်းသားစံအိမ်မှာ နောက်ထပ် ရိုသေလေးစားမှုတွေ မပြတော့ပါဘူး။”
ထိုအခါ လုချန်းက ပြုံးလိုက်ပြီး
“အဲ့ဒါဆို နောက်တစ်ခုက နောက်ပိုင်းမှာ ကိုယ့်ကိုယ်ကို သာမန်အမျိုးသမီးလို့ လည်း မသုံးနှုန်းပါနဲ့တော့ ။ ‘ဒေါ်လေး’ လို့ပဲ ခေါ်ပါ။”
လင်ဝမ်ရွန် အနည်းငယ် စိတ်ရှုပ်သွားသည်။ ချူးယုချင်နဲ့ မတူပဲ သူမက လုချန်း၏မိခင်နှင့် ရင်းနှီးသူတစ်ဦးသာ ဖြစ်၏။ သူနှင့် နှစ်ပေါင်းများစွာ အတူနေထိုင်ခဲ့သူ မဟုတ်ပါ။ လုချန်းရှေ့မှာ သူမကိုယ်သူမ ‘ဒေါ်လေး’ လို့ ခေါ်ရမယ်ဆိုသည်က သူမအတွက် သက် သောင့်သက်သာ မရှိပါ။
သို့သော် လုချန်းက ပြောထားပြီးသားဖြစ် သောကြောင့် သူမလည်း ရဲဝံ့စွာ ပြောလိုက်ရသည်။
“ကောင်းပါပြီ။ ဒေါ်လေး နားလည်ပါတယ်။”
လုချန်းက ဆက်ပြောလိုက်သည်။
“ဒေါ်လေးလင်နဲ့ ချန်မိန်းကလေးတို့ မင်းသားစံအိမ်မှာ နေထိုင်ရတာ အဆင်ပြေရဲ့လား။ တစ်ခုခု လိုအပ်နေရင် မင်းသားအိမ်တော်က အစေခံတွေကို ပြောလိုက်ပါ။”
လင်ဝမ်ရွန်က ပြန်ပြောလိုက်သည်။
“ကျေးဇူးတင်ပါတယ် မင်းသား။ ဒေါ်လေးနဲ့ နန်းတော်သခင်တို့ မင်းသားစံအိမ်မှာ နေသားကျနေပါပြီ။ အစေခံတွေကလည်း ကောင်းကောင်းမွန်မွန် ဆက်ဆံပါတယ်။ ဘာမှ လိုအပ်နေတာ မရှိပါဘူး။”
“ဒါဆိုရင် ကောင်းပါပြီ”
လုချန်းက ပြောလိုက်သည်။
ထိုအချိန်တွင် ချူးယုချင်က စကားစပြောလိုက်သည်။
“ချန်းလေး။ ဒေါ်လေးလင်က အတွင်းဆောင် လုံခြုံရေးမှာ သူပါ ပါဝင်နိုင်ဖို့ ဆွေးနွေးနေတာပါ။”
ထိုစကားကို ကြားလိုက်ရသောအခါ လုချန်းက ခဏရပ်ပြီး ပြုံးလိုက်ရင်း
“ဒေါ်လေးလင်က လျှို့ဝှက်လဝန်းနန်းတော်က လူပါ။ ကျွန်တော်တို့ရဲ့ အတွင်း ဆောင် လုံခြုံးရေးမှာ ပါဝင်ရင် ဒေါ်လေးကို ထိခိုက်မှာ မဟုတ်ဘူးလား။”
လုချန်းလည်း သတိထားမိလိုက်သည်။ လျှို့ဝှက်လဝန်းနန်းတော်က သူ့ကို ဒုတိယအကြိမ် စမ်းသပ်နေခြင်းဖြစ်သည်။ သူက လျှို့ဝှက်လဝန်းနန်းတော်မှ လူတစ်ဦးဖြစ်သော လင်ဝမ်ရွန်ကို အတွင်း ဆောင် လုံခြုံ ရေးမှာ ပါဝင်ခွင့်ပေးလိုက်ပါက လျှို့ဝှက်လဝန်းနန်းတော်ကို သူလက်ခံလိုက်သည် ဆိုသည့်သဘော သက်ရောက်သွားမည်ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် မင်းသားစံအိမ်၏ အတွင်းဆောင်သည် အနီးကပ်ဆုံး အယုံကြည်ရဆုံး သူတွေသာ ဝင်ရောက်နိုင်ပြီး သူကိုယ်တိုင် နေထိုင်သော နေရာဖြစ်သည်။
လျှို့ဝှက်လဝန်းနန်းတော်က လူတွေကို မြောက်ပိုင်းနယ်စားမင်းသားအိမ်တော်ရဲ့ အတွင်းဆောင်မှာ ပါဝင်ခွင့်ပေးလိုက်ခြင်းဖြင့် သူတို့၏ ပူးပေါင်းဆောင်ရွက်မှုကို အပြည့်အဝ စတင်နိုင်ပြီ။
လင်ဝမ်ရွန်က လျှင်မြန်စွာ ပြောလိုက်သည်။ “ထိခိုက်မှာ မဟုတ်ပါဘူး။ လုံးဝမဟုတ်ပါဘူး။”
“နန်းတော်သခင်က ရန်ခရိုင်မှာ မလိုလားအပ်တဲ့ ဧည့်သည်တွေ များလာတာကို သတိထားမိပါတယ်။ အများစုက မြောက်ပိုင်းနယ်စားမင်းသားစံအိမ်နဲ့ မင်းသားကို ဦးတည်နေကြတာပါ။ ဒေါ်လေးတို့က ဒီမှာနေထိုင်နေတာကြောင့် မြောက်ပိုင်းနယ်စားမင်းသား စံအိမ်ရဲ့ လုံခြုံရေးအတွက် ကူညီသင့်ပါတယ်။”
လုချန်းက ပြုံးရင်း ပြောလိုက်သည်
“ချန်မိန်းကလေးက ဒီလိုစဉ်းစားတာကို ကျွန်တော် ဝမ်းသာပါတယ်။ ကောင်းပါပြီ။ ဒါဆို မြောက်ပိုင်းနယ်စားမင်းသားစံအိမ်လုံခြုံရေးကို ဒေါ်လေးလင်နဲ့ ဒေါ်လေးချူးတို့ကို လွှဲအပ်လိုက်ပါပြီ။”
လုချန်းက သဘောတူလိုက်တာကို မြင်လိုက်ရသောအခါ လင်ဝမ်ရွန် စိတ်လှုပ်ရှားသွား၏။ သူတို့အနေနဲ့ မြောက်ပိုင်းနယ်စားမင်းသားနဲ့ ထိတွေ့ဆက်ဆံဖို့ ပိုလွယ်ကူသွားပြီဖြစ်သည်။ ထို့ပြင် မြောက်ပိုင်းနယ်စားမင်းသားက သူမကို အတွင်းဆောင် လုံခြုံရေးမှာ ပါဝင်ခွင့်ပေးလိုက်သည်က လျှို့ဝှက်လဝန်းနန်းတော်၏ အကူအညီကိုလက်ခံလိုက်ခြင်းပင်ဖြစ်သည်။ ဒါဆို နန်းတော်သခင်လည်း လုချန်းနဲ့ တိုက်ရိုက်ဆက်သွယ်ဖို့ အခွင့်အလမ်း ရလာတော့မည်ဖြစ်သည်။
ထိုစဉ် လုချန်းက ဆက်ပြောလိုက်သည်။ “ကောင်းပါပြီ။ ကျွန်တော် ညစာစားဖို့ သွားတော့မယ်။ ဒေါ်လေးတို့ ဆက်စကားပြောကြပေါ့။”
လင်ဝမ်ရွန်က လျှင်မြန်စွာ ပြန်ပြောလိုက်သည်
“ကောင်းပါပြီ မင်းသား။”
လုချန်းလည်း ပင်မဆောင်သို့ ဆက်လက်ထွက်ခွာသွားသည်။ ထိုအချိန်တွင် မူကျိရွှမ်းနှင့် ကျောင်းညီအစ်မတိုက ကလေးတွေနဲ့အတူ လုချန်းရောက်လာဖို့ စောင့်နေကြပြီဖြစ်သည်။
သူ၏ အလှပဆုံး ဇနီးသုံးဦးနဲ့ သူတို့ရဲ့ ကလေးများကို မြင်လိုက်ရသောအခါ လုချန်း၏ မျက်နှာပြုံးသွားသည်။
တစ်နေကုန် အလုပ်လုပ်ပြီးတဲ့နောက် အိမ်မှာ စောင့်မျှော်နေတဲ့သူတွေရှိတဲ့ ခံစားချက်က တကယ့်ကို ပျော်စရာကောင်းလှ၏။ အထူးသဖြင့် အလှပဆုံး ဇနီးသုံးဦးနဲ့ဆိုလျှင်ဖြစ်သည်။
......
အခန်း (၁၇၃ )
မုကျိရွှမ်း ထပ်မံကိုယ်ဝန်ရှိခြင်း (၁)
လုချန်းပြန်လာသည်ကို မြင်လိုက်ရပြီး မုကျိရွှမ်းနှင့် ကျောင်းညီအစ်မတို့သည် သူတို့၏လက်ထဲရှိ ကလေးများကို အနားရှိ နို့ထိန်းများနှင့် အစေခံများထံ လွှဲအပ်လိုက်ပြီး လုချန်းကို လာရောက်ပြုစုကြသည်။
ကျောင်းရှောင်ရှောင်က ချက်ချင်းထိုင်ခုံတစ်လုံးကို ဆွဲယူလိုက်သည်။ ကျောင်းယိုယိုက လက်ဆေးရန် ရေဇလုံတစ်လုံးကို ယူလာသည်။ မုကျိရွှမ်းက လက်သုတ်ပုဝါကို ယူလာသည်။
ပုံမှန်အားဖြင့် ထိုအလုပ်များသည် အစေခံများ၏တာဝန်ဖြစ်သည်။ လုချန်း၏ဇနီးမယားများဖြစ်ကြသော သူတို့သုံးဦးသည် လုချန်းကို ကိုယ်တိုင်ပြုစုရန် မလိုအပ်ပေ။
သို့သော် သူတို့သည် လုချန်းကို ထိုနည်းဖြင့် ပြုစုရန် နှစ်သက်ကြသည်။ သူတို့၏ယောက်ျားကို ပြုစုခြင်းသည် သူနှင့် နီးကပ်စေရန် နည်းလမ်းတစ်ခုဖြစ်သည်ဟု သူတို့ယုံကြည်ကြသည်။
လုချန်းသည် မျက်နှာနှင့်လက်ကို ဆေးပြီးနောက် ထိုင်ပြီး ထမင်းစားလိုက်သည်။
ထိုအချိန်တွင် မုကျိရွှမ်းက စကားစပြောလိုက်သည်။
“မင်းသား။ ဝမ်ချင်းစီက ကျွန်မဆီလာပြီး နောက်ပိုင်းမှာ မင်းသားစံအိမ်က ထုတ်လုပ်တဲ့ ကုန်ပစ္စည်းတွေကို
မိုးစက်ရဲတိုက်ကနေတစ်ဆင့် အခြားနိုင်ငံတွေကို ရောင်းချနိုင်တယ်လို့ ပြောပါတယ်။”
မုကျိရွှမ်းသည် ထိုကိစ္စကို ပြောပြရုံသာပြောပြသည်။ လုချန်းနှင့် မိုးစက် ရဲတိုက်တို့၏ ဆက်ဆံရေးကို မေးမြန်းခြင်း မပြုပေ။
လက်ရှိအချိန်တွင် မိုးသံလေသံကြား ရဲတိုက်သည် မင်းသားစံအိမ်မှဖြစ်ကြောင်း သိသူနည်းပါးသည်။ မင်းသားစံအိမ်အတွင်းမှ လူများပင် ထိုအဖွဲ့အစည်းအကြောင်း အများကြီးမသိကြပေ။ အဘယ်ကြောင့်ဆိုသော် ထိုအဖွဲ့အစည်းသည် ထောက်လှမ်းရေးအချက်အလက်များ စုဆောင်းရန် လုချန်းအသုံးပြုသော အဖွဲ့ဖြစ်သည်။ သိသူနည်းလေ ကောင်းလေဖြစ်သည်။
သို့သော် မိုးစက် ရဲတိုက်သည် မင်းသားစံအိမ်နှင့် ပူးပေါင်းပြီး ကုန်ပစ္စည်းများ ရောင်းချမည်ဟု ဝမ်ချင်းစီပြောသည်ကို ကြားပြီးနောက် မိုးစက် ရဲတိုက်က မည်သူ၏ အဖွဲ့ဖြစ်သည်ကို မုကျိရွှမ်း ခန့်မှန်းမိသည်။
ဝမ်ချင်းစီကိုယ်တိုင်သည်လည်း လုချန်း၏အမျိုးသမီးတစ်ဦးဖြစ်သည်။ ထို့ကြောင့် မိုးစက် ရဲတိုက်သည် လုချန်းနှင့် ဆက်နွယ်နေသည်မှာ ထင်ရှားသည်။ ထို့အပြင် သူတို့မြောက်ပိုင်းမြို့တော်သို့ ရောက်ရှိလာပြီးနောက် အထူးကိုယ်ရံတော်တပ်ဖွဲ့နှင့် သံချပ်ကာမြင်းတပ် ငါးသောင်းတို့ ရုတ်တရက် ပေါ်ပေါက်လာခဲ့သည်။ ထို့ကြောင့် မိုးစက် ရဲတိုက်ကဲ့သို့သော အဖွဲ့အစည်းတစ်ခု ပေါ်ပေါက်လာခြင်းက အံ့အားသင့်စရာ မရှိပါ။
ထမင်းစားနေစဉ် လုချန်းက ပြောလိုက်သည်။
“မင်းသားစံအိမ်က မိုးစက်ရဲတိုက်နဲ့ စီးပွားရေးလုပ်နိုင်ပါတယ်။ ဒါပေမဲ့ အများသိတဲ့ လမ်းကြောင်းကတစ်ဆင့် လုပ်ရမယ်။”
လုချန်း၏စကားကို ကြားလိုက်ရပြီး မုကျိရွှမ်းလည်း သူ၏ရည်ရွယ်ချက်ကို ချက်ချင်းနားလည်သွားပြီး
“ကျွန်မ နားလည်ပါတယ်။”
ဟု ချက်ချင်းပြန်ပြောလိုက်သည်။
သေချာသည်မှာ မိုးစက် ရဲတိုက်သည် မြောက်ပိုင်းနယ်စားမင်းသားစံအိမ်၏ အာဏာတိုးချဲ့မှုတစ်ခုဖြစ်ကြောင်း လုချန်းလူသိမခံလိုပေ။ အများသုံး လမ်းကြောင်းမှတစ်ဆင့် လုပ်ဆောင်ခြင်းဖြင့် နောက်ပိုင်းတွင် မိုးစက် ရဲတိုက်နှင့် မင်းသားစံအိမ်ကြား ကုန်သွယ်မှုများသည် အခြားကုန်သည်များနှင့် ကုန်သွယ်သည့် ပုံစံမျိုးဖြစ်လာမည်။
ထိုအချိန်တွင် လုချန်းက မေးလိုက်သည်။
“စကားမစပ် နေပြည်တော်က စီးပွားရေး လုပ်ငန်းတွေ ဘယ်လိုရှိလဲ။”
မကြာသေးမီက မုမိသားစု ပြည်နှင်ဒဏ်ခံရပြီးနောက် မြောက်ပိုင်းနယ်စားမင်းသား စံအိမ်၏ နေပြည်တော်ရှိ စီးပွားရေးများကို ဂရုမစိုက်နိုင်တော့ပေ။ ထို့ကြောင့် သူတို့၏ဆိုင်များစွာကို ဖျက်ဆီးခံရပြီး ယာယီပိတ်ထားရသည်။
ထိုဖြစ်ရပ်နောက်ကွယ်တွင် မည်သူရှိသည်ကို လုချန်းကောင်းစွာသိသည်။ ရေမွှေးနှင့် ဆပ်ပြာလုပ်ငန်းက လူများစွာကို မနာလိုဖြစ်စေခဲ့သည်။
မုကျိရွှမ်းက ဖြေလိုက်သည်။
“မြောက်ပိုင်းမြို့တော်က ပဋိပက္ခတွေ ပြီးဆုံးသွားပြီးနောက်ပိုင်း နေပြည်တော်က ဆိုင် တွေကို ဘယ်သူမှ ထပ်မဖျက်ဆီးတော့ပါဘူး။ အခု မင်းသားစံအိမ်က ဆပ်ပြာနှင့် ရေမွှေးများတွေက အလွန်လူကြိုက်များလာပါတယ်။ ဆိုင်တွေမှာ ရောင်းစရာ ပစ္စည်း မကြာခဏ ကုန်သွားတတ်ပါတယ်။”
ထိုစကားကို ကြားလိုက်ရပြီးနောက် လုချန်းသည်လည်း တူကိုချလိုက်ကာ တွေးတောလိုက်သည်။
ရေမွှေးနှင့် ဆပ်ပြာများ ရောင်းကောင်းနေသော်လည်း မင်းသားစံအိမ်၏ စီးပွားရေးသည် ကျဉ်းမြောင်းနေဆဲဖြစ်သည်။
အရေးအကြီးဆုံး ပြဿနာမှာ အခြားအာဏာရှိမိသားစုများသည် မကြာမီ ထိုထုတ်ကုန်များကို အတုပြုလုပ်လာနိုင်ခြင်းဖြစ်သည်။ ထို့ပြင် ထိုပစ္စည်းများမှရရှိသော အမြတ်ငွေသည် မြောက်ပိုင်းမြို့တော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန်အတွက် လုံလောက်မည် မဟုတ်ပေ။
ငွေဒင်္ဂါးသန်းပေါင်းများစွာ ရရှိထားသော်လည်း ထိုငွေအားလုံးကို သံချပ်ကာမြင်းတပ် နှစ်သောင်းအတွက် သံချပ်ကာများ ထုတ်လုပ်ရန် အသုံးပြုမည်ဆိုပါက မလုံလောက်နိုင်ပေ။
လုချန်းသာ ရည်မှန်းချက်ကြီးကြီးမထားလျှင်တော့ ထိုငွေဒင်္ဂါးသန်းပေါင်းများစွာသည် သူမြောက်ပိုင်းမြို့တော်တွင် ခမ်းနားစွာနေထိုင်ရန် လုံလောက်မည် ဖြစ်သည်။
သို့သော် သူရည်မှန်းချက်ကြီးကြီးမထား၍ မရပါ။ ယခုသူ့ထံတွင် စနစ်ရှိနေပြီ ဖြစ်၏။ ရှနိုင်ငံတော်အတွင်း၌လည်း ပြည်တွင်းရေး မငြိမ်မသက်မှုများ ဖြစ်ပေါ်နေသည်။ အာဏာရှိသူများ ပြိုင်ဆိုင်ကြမည့် ခေတ်ကာလ ရောက်ရှိလာတော့မည်ဖြစ်သည်။
“ရေဆန်ကို လှော်ခတ်ရမည်”ဟူသော စကားပုံရှိ၏။ မလှော်နိုင်လျှင် ရေစီးနှင့် မျောပါသွားမည်ဖြစ်သည်။ အရှေ့သို့ လှော်ခတ်ဖို့သူကြိုးစားရမည်ဖြစ်သည်။ သူ၏နယ်မြေ အင်အားကြီးမားရမည်ဖြစ်သည်။ မဟုတ်ပါက သူ့တွင်ဧကရာဇ်ဖြစ်လိုသည့် ဆန္ဒမရှိလျှင်တောင် တစ်နေ့တွင် ပြဿနာများနှင့် ကြုံတွေ့ရမည် ဖြစ်သည်။
လုချန်း တွေးလိုက်သည်။ မုကျိရွှမ်းတို့ကို ကလေးများ ပိုမိုမွေးဖွားစေရန် လိုအပ်သည်။ ထိုအခါ စနစ်မှဆုလာဘ်များရလာနိုင်ပြီး ငွေပိုရှာနိုင်သည့် နည်းလမ်းများကို ပေးမည် ဖြစ်သည်။
ထိုအတွေးနှင့်အတူ လုချန်းက ပြောလိုက်သည်။
“ဒါဆိုရင် အလုပ်သမားတွေ ပိုခန့်ရမယ်။”
လုချန်း၏စကားကို ကြားလိုက်ရပြီး မုကျိရွှမ်းက စိုးရိမ်စိတ်ဖြင့် ပြန်ပြောလိုက်သည်။
“မင်းသား။ မကြာသေးခင်က ကျွန်မကြားတာက အခြားအာဏာရှိမိသားစုတွေဟာဆပ်ပြာနှင့် ရေမွှေးတွေကို အတုပြုလုပ်နေပါပြီ။ သူတို့၏ထုတ်ကုန်တွေက မြောက်ပိုင်းနယ်စားမင်းသား စံအိမ်က ထုတ်ကုန်တွေလောက် မကောင်းပေမဲ့ ဈေးနှုန်းက သက်သာပါတယ်။ ကျွန်မတို့ စီးပွားရေး ကျဆင်းသွားရင် ဆက်ခန့်ထားမယ့် သူတွေအတွက် သွားနေစရာမရှိ ဖြစ်သွားနိုင်ပါတယ်။”
မြောက်ပိုင်းမြို့တော်တွင် “အလုပ်သမား” ဟူသော ဝေါဟာရကို လုချန်းက စတင်သုံးစွဲခဲ့သည်။ ယခုအခါ မင်းသားစံအိမ်နှင့် မြောက်ပိုင်းမြို့တော်ရှိ ကုန်သည်များသည် မြောက်ပိုင်းနယ်စားမင်းသား စံအိမ်အတွက် ရေမွှေးနှင့် ဆပ်ပြာထုတ်လုပ်သူများကို အလုပ်သမားများဟု ရည်ညွှန်းကြသည်။
ထိုအလုပ်သမား အများစုသည် ယခင်က ဆင်းရဲသား ပြည်သူများဖြစ်ပြီး ရွှေ့ပြောင်းနေထိုင်သူများလည်း ပါဝင်သည်။ မြောက်ပိုင်းနယ်စားမင်းသား စံအိမ်၏ နည်းပညာများကို အလုပ်သမားများ မရောင်းချနိုင်ရန် လုချန်းက သူတို့အား အစေခံ စာချုပ်များတွင် လက်မှတ်ရေးထိုးစေခဲ့သည်။
အစေခံစာချုပ် ချုပ်ဆိုထားသော်လည်းအလုပ်သမားများသည် သာမန်ပြည်သူများထက် ပိုမိုကောင်းမွန်စွာ နေထိုင်နိုင်ကြသည်။ တစ်သက်တာ အလုပ်အကိုင် အာမခံချက်နှင့် စားစရာများလည်း နေ့စဉ်ရရှိသည်။ ရှေးခေတ်တွင် ထိုအနေအထားက သာမန်ပြည်သူများထက် ပိုမိုသက်သောင့်သက်သာရှိသော ဘဝဖြစ်သည်။
ထိုအလုပ်သမားအုပ်စုသည် အမှန်တကယ် တော့ မြောက်ပိုင်းနယ်စားမင်းသား စံအိမ်၏ အစေခံများသာဖြစ်၏။ မုကျိရွှမ်း စဉ်းစားနေသည်မှာ စီးပွားရေးကောင်းနေစဉ်တုန်းသာ အလုပ်သမားများ အများအပြားခန့်ထားနိုင်ခြင်းဖြစ်ပြီး နောက်ပိုင်းတွင် စီးပွားရေးကျဆင်းသွားပါက အလုပ်သမားတွေကို ဘာဆက်လုပ်ရမှန်းမသိ ဖြစ်သွားမည် ဖြစ်သည်။ မင်းသားစံအိမ်တွင် ဤမျှလောက်များပြားသော အစေခံများကို လက်ခံနိုင်မည် မဟုတ်ပေ။
မုကျိရွှမ်း၏စိုးရိမ်မှုကို မြင်လိုက်ရပြီး လုချန်းက ပြုံး၍ ပြောလိုက်သည်။
“ ဒီပြဿနာကို စိုးရိမ်စရာမလိုပါဘူး နှမတော်။ အလုပ်သမားတွေကို ဆက်သာခန့်ပါ။ နောက်ပိုင်းမှာ နှမတော်လည်း ပိုကြီးမားတဲ့ စီးပွားရေးတွေ စီမံခန့်ခွဲရလာမှာပါ။ စီးပွားရေး ဆက်မလုပ်နိုင်တော့ရင်တောင် မြောက်ပိုင်းမြို့တော်မှာ လယ်ယာမြေသစ်တွေ ထွန်ယက်ဖို့ လူတွေလိုအပ်ဦးမှာပါ။”
လုချန်း၏စကားကို ကြားလိုက်ရပြီး မကြာသေးမီက အိပ်ရာထဲတွင် လုချန်းပြောခဲ့သည့် “ကန်စွန်းဥ” ဟုခေါ်သော အသီးအနှံတစ်မျိုးကို မုကျိရွှမ်း သတိရလိုက်သည်။ အာလူးကဲ့သို့ ကန်စွန်းဥသည်လည်း ထွက်နှုန်းအလွန်များနိုင်သည်။
........
အခန်း (၁၇၄ )
မုကျိရွှမ်း ထပ်မံကိုယ်ဝန်ရှိခြင်း (၂)
ယခုအခါတွင် ထိုသီးနှံများကို ရရှိပြီဖြစ်သောကြောင့် လယ်ယာစိုက်ပျိုးရန်အတွက် မြေယာများကို ပြန်လည် ဖော်ထုတ်ရန် လုချန်း ဆုံးဖြတ်လိုက်သည်။ ထိုအချက်ကို ထည့်သွင်းစဉ်းစားပါက မြောက်ပိုင်းနယ်စားမင်းသား၏ စံအိမ်တွင် လုပ်သားမည်မျှခန့်ထားပါစေ သူတို့အတွက် အလုပ်နေရာမရှိခြင်းအတွက် စိုးရိမ်စရာ မလိုတော့ပေ။
ထိုအတွေးဖြင့် မူကျိရွှမ်းက ပြောလိုက်သည်။
“နှမတော် နားလည်ပါပြီ။ ကျွန်မ မနက်ဖြန်မှာ အလုပ်သမားတွေကို ဆက်ခန့်ဖို့ လုပ်လိုက်ပါမယ်။”
ထိုအကြောင်းအရာ ပြီးသွားသောအခါ သူတို့သည် ထမင်းစားရင်း အိမ်ထောင်ရေးဆိုင်ရာ အကြောင်းအရာများကို ထပ်မံဆွေးနွေးကြသည်။
ထမင်းစားပြီးသောအခါ လုချန်းအတွက် ရေချိုးရန် အချိန်ရောက်လာ၏။ ရေချိုးပြီးနောက် လုချန်း ဘယ်သူ့အခန်းသို့ သွားမည်ဆိုသည်မှာ သူ၏ စိတ်အခြေအနေအပေါ်တွင်သာ မူတည်ပြီး ကြိုတင် စီစဉ်ထားရန် မလိုအပ်ပေ။
လုချန်းသည် သူ၏အာရုံကို ညီမျှစွာ ဖြန့်ကျက်လေ့ရှိ၏။ မကြာသေးမီက လုချန်း ရဲလိနန်ရန်၏ အခန်းသို့ နေ့စဉ်သွားနေသော်လည်း မူကျိရွှမ်းတို့က သူ ရဲလိနန်ရန်ဆီမှာ အနေများနေသောကြောင့် သူတို့ထံ လာရောက်တော့မည် မဟုတ်ဟု စိုးရိမ်ခြင်း မရှိကြပေ။
အမျိုးသမီးများ သိရှိထားကြသည်မှာ ရဲလိနန်ရန်တစ်ဦးတည်း လုချန်း၏ စိတ်အားထက်သန်မှုကို မခံနိုင်ဟူသော အချက် ဖြစ်သည်။ သူမသိုင်းပညာရှင်ဖြစ်နေလျှင်တောင် မသက်ဆိုင်ပါ။
ပိုင်ချင်းချင်းနှင့် ဝမ်ချင်းစီတို့သည်လည်း သိုင်းပညာရှင်များ ဖြစ်ကြသော်လည်း လုချန်းနှင့် အိပ်ရာဝင်ရန် တာဝန်ကျသည့်အခါတိုင်း သူတို့လည်း မတုန်လှုပ်ပဲ မနေနိုင်ကြပေ။ ရဲလိနန်ရန်သည် အသက်သုံးဆယ်ကျော်နေပြီဖြစ်သည်။ သူမမှာ ခံနိုင်ရည် မရှိပါ။
ယနေ့ည လုချန်း ရဲလိနန်ရန်၏ အခန်းသို့ မသွားတော့ပါ။ ရေချိုးပြီးနောက် သူသည် သူ၏အခန်းမှ ထွက်လာကာ ကလေးထိန်းနေသောကို မုကျိရွှမ်းကို တွေ့လိုက်ရသည်။
လုချန်းက မူကျိရွှမ်းထံ ချဉ်းကပ်လာပြီး သူမ၏ လက်ထဲမှ လုချန်ဖုန်းကို ကြည့်ရင်း ပြုံးပြီး ပြောလိုက်သည်။
“ဖုန်းလေး။ ဒီညမှာ အဖေက မင်းမေမေရဲ့ အာရုံစိုက်မှုရဖို့ မင်းနဲ့ ပြိုင်မယ်။ နောက်ပြီး အစားသောက်လည်း ပြိုင်မယ်။ မင်း အဖေ့ကို စိတ်မဆိုးဘူး မဟုတ်လား။”
ထိုစကားကို ကြားလိုက်ရသောအခါ ကလေးအား ချော့မြူနေသော မူကျိရွှမ်းက မကျေမနပ်သလို မျက်လုံးများနှင့် လုချန်းကို လှမ်းကြည့်လိုက်သည်။
“မင်းသား။ ဘာတွေ ပြောနေတာလဲ။ ဖုန်းလေးက ငယ်နေသေးတယ်လေ။ ဒီကိစ္စတွေကို နားမလည်နိုင်သေးဘူး။”
လုချန်းက မူကျိရွှမ်း၏ ခါးကို ပွေ့ဖက်လိုက်ကာ ပြုံးရင်း ပြောလိုက်သည်။
“ကိုယ်က ဖုန်းလေးတစ်ယောက်တည်းကို ပြောနေတာ မဟုတ်ဘူး။ နှမတော်က ဘယ်လို ထင်လို့လဲ။”
လုချန်းပြောလိုက်သော စကားက မူကျိရွှမ်း၏ မျက်နှာကို အနီရောင်သန်းသွား စေသည်။ လုချန်း၏ စကားအဓိပ္ပာယ်က သူဒီညမှာ ဒီမှာနေဖို့ ရည်ရွယ်ထားခြင်းဖြစ်သည်။ လုချန်း၏ မိန်းမတစ်ဦးအနေနဲ့ သူမ နားမလည်ပဲ နေလိမ့်မည် မဟုတ်ပါ။
ထိုအချိန်တွင် လုချန်းက ပြတင်းပေါက်မှတဆင့် ညကောင်းကင်ကို လှမ်းကြည့်လိုက်ပြီး ဆက်ပြောလိုက်၏။
“နောက်ကျနေပြီ နှမတော်။ ဖုန်းလေးကို အိပ်ခိုင်းလိုက်ရအောင်။ ကျန်တဲ့ အကြောင်းတွေကို ဆက်ပြောကြမယ်။”
မူကျိရွှမ်းက သဘောတူသံ ပြုလိုက်ပြီး ကလေးကိုသိပ်ရန် နို့ထိန်းအမျိုးသမီးကို ခေါ်လိုက်သည်။
နို့ထိန်းအမျိုးသမီး ထွက်သွားပြီးနောက် လုချန်းက မူကျိရွှမ်းရဲ့ အနောက်တွင်ရပ်လိုက်ပြီး၊သူမ၏ သွယ်လျသော ခါးကို မြဲမြံစွာ ပွေ့ဖက်လိုက်ကာ သူမ၏ နောက်ကျောကို ဖိထားပြီး နားနားကပ်၍ တိုးတိုးလေး ပြောလိုက်သည်။
“နှမတော်နဲ့ တိုင်ပင်ချင်တဲ့ အကြောင်းတစ်ခု ရှိတယ်။”
လုချန်းက သူမအပေါ် စိတ်ပါနေသော်လည်းချက်ချင်း မစတင်ပဲ တစ်ခုခု တိုင်ပင်လိုကြောင်း ပြောလာတာကို ကြားလိုက်ရသောအခါ မူကျိရွှမ်း သိလိုစိတ် ပြင်းပြလာသည်။
ဒီအနေအထား ဒီအချိန်မှာ ဘာတွေ တိုင်ပင်ဖို့ ရှိနိုင်မှာလဲ။
မူကျိရွှမ်းက စူးစမ်းသောအသံဖြင့် မေးလိုက်သည်။
“မင်းသားက ဘာတွေ တိုင်ပင်ချင်တာလဲ။”
လုချန်းက မူကျိရွှမ်း၏ နားနားထဲကပ်၍ သံလိုက်ဓာတ်ပါသော အသံနိမ့်ဖြင့် ပြောလိုက်သည်။
“နှမတော်။ ဖုန်းလေးက တစ်ယောက်တည်းဆို အထီးကျန်နေမှာပဲ။ သူ့မှာ ညီမ ဒါမှမဟုတ် ညီလေး တစ်ယောက် ရှိသင့်တယ်။”
ဒါက…
တကယ်တော့ လုချန်ဖုန်းက အထီးကျန်နေမည် မဟုတ်ပါ။ ကျောင်းညီအစ်မတို့တွင်လည်း ကလေးများ ရှိနေပြီဖြစ်သည်။ လုဟွမ်းဟွမ်းနဲ့ လုချန်းရှန်းတို့က သူ၏ မောင်နှမများ ဖြစ်ကြသည်။
မူကျိရွှမ်းနှင့် ကျောင်းညီအစ်မတို့က ညီအစ်မအရင်းအချာလို ရင်းနှီးပြီး သူတို့အားလုံး၏ ဆက်ဆံရေးကလည်း အဆင်ပြေ၏။ လုချန်ဖုန်း ကြီးလာလျှင် သူ အထီးကျန်မည် မဟုတ်ပါ။
ထို့ပြင် မင်းမျိုးမင်းနွယ်များအတွက်မောင်နှမ များလွန်းခြင်းက ကောင်းသောအရာတော့ မဟုတ်ပါ။ သို့သော် လုချန်းက လုချန်ဖုန်း အထီးကျန်နေမှာလားဆိုတဲ့ ကိစ္စကို လုံးဝဂရုမစိုက်တာ မုကျိရွမ်းသိသည်။ သူက သူမကို နောက်ထပ် ကလေးတစ်ယောက် မွေးဖွားစေချင်နေတာဖြစ်သည်။
တစ်နည်းအားဖြင့် လုချန်းက သူမကို ချစ်စကားများ ပြောနေခြင်းဖြစ်သည်။ သူမစဉ်းစားလိုက်သည်။ ဒီအချိန်မှာ လုချန်းက ဒီလိုအကြောင်းတွေ ပြောဖို့ ဘာလို့စိတ်ဝင်စားနေရတာလဲ။ ဒါက ဘာမှ အရေးကြီးတဲ့ အကြောင်းအရာ မဟုတ်ပါ။
မျက်နှာနီမြန်းသွားပြီး မူကျိရွှမ်းက ရုတ်တရက် ပြန်ပြောလိုက်သည်။
“မင်းသားက ကျွန်မကို ကလေးဘယ်နှစ်ယောက် မွေးစေချင်ချင် မွေးပေးမယ်။ ကျွန်မမှာ ဘာမှ ကန့်ကွက်စရာ မရှိပါဘူး။”
မူကျိရွှမ်း၏ တုံ့ပြန်မှုကို ကြားလိုက်ရသောအခါ လုချန်း၏ လက်များက မူကျိရွှမ်း၏ ခါးစည်းကြိုးကို ဆုပ်ကိုင်လိုက်ကာ သူမ၏ ခါးစည်းကြိုးကို ဖြည်ရင်းအိပ်ရာဆီသို့ လမ်းလျှောက်သွားလိုက်သည်။
“နှမတော် သဘောတူပြီ ဆိုမှတော့ အချိန် မဖြုန်းတော့ဘူး။”
လုချန်းက ထိုသို့ပြောလိုက်သည်ကို ကြားလိုက်ရသောအခါ မူကျိရွှမ်း လုံးဝအားနည်းသွားပြီး လုချန်းကို သူ့သဘောအတိုင်း လုပ်ခွင့်ပေးလိုက်၏။
[သခင်နှင့် မုကျိရွှမ်းတို့ တစ်ကြိမ် ဆက်ဆံရေးတိုးတက်မှုအတွက် အတွင်းအားမန္တာန်ကျင့်စဉ် အတွေ့အကြုံတန်ဖိုး ၄၀ တိုးလာသည်။ ပြန်လည်သန်စွမ်းစေသောစွမ်းအား အတွေ့အကြုံတန်ဖိုး ၄၀ တိုးသာ်။ နဂါးဖီးနစ်ယင်ယန်ကျင့်စဉ် အတွေ့အကြုံတန်ဖိုး ၄၀ တိုးလာ။]
[ဂုဏ်ယူပါတယ်။ သခင်ဟာ မူကျိရွှမ်းကို ကိုယ်ဝန်ရှိစေခဲ့ပါတယ်။ အဆင့်မြင့် ပေါက်ကွဲပစ္စည်း ပုံသေနည်းနှင့် ယမ်းအမြောက်ဆံ ထုတ်လုပ်မှု နည်းပညာကို ဆုအဖြစ်ရရှိသည်။]
[ကိုယ်ဝန်ရခြင်း ဆုလာဘ်က အားပေးမှုဆုဖြစ်သည်။ ကျေးဇူးပြု၍ ကလေးမွေးဖွားနိုင်စေရန် အားထုတ်ပါ။ ကလေးမွေးဖွားပါက ပိုမို များပြားကြွယ်ဝသောဆုလာဘ်များ ရရှိမည်ဖြစ်သည်။]
သူ့ရှေ့မှာ ပေါ်လာသော စနစ်အသိပေးချက်ကို မြင်လိုက်ရသောအခါ လုချန်းက လုံးဝမအံ့သြခဲ့ပါ။
သာမန်အမျိုးသမီးတွေများက သိုင်းပညာရှင်များနှင့် မတူပါ။ သာမန်အမျိုးသမီးများကို ကိုယ်ဝန်ရှိစေချင်လျှင် လွယ်လွယ်ကူကူနှင့် ကိုယ်ဝန်ရနိုင်တယ်။ သို့သော် စနစ်က သူ့ကို ယမ်းထုတ်လုပ်နည်းနှင့် ယမ်းအမြောက်ကျည် ထုတ်လုပ်မှုနည်းပညာများကို ဆုအဖြစ်ပေးခြင်ကိုတော့ သူအံ့သြသွားသည်။
အရင်က ဆုအဖြစ်ပေးခဲ့သော လက်နက်များသည် အသင့်ထုတ်လုပ်ပြီး ပစ္စည်းများဖြစ်သည်။ ဥပမာ လက်ပစ်ဗုံး၊ ဘာရက်နှင့် ၁၂၂မီလီမီတာ ဟောင်ဝစ်ဇာ အမြောက်တို့ဖြစ်သည်။
ထိုခေတ်ပေါ်လက်နက်များက အသုံးဝင်သော်လည်း ပြဿနာတစ်ခုရှိ၏။ ကျည်ဆံများ ကုန်သွားနိုင်သည့် ပြဿနာဖြစ်သည်။ ကျည်ဆံများ ကုန်သွားပါက စနစ်က ဆုပေးလာမှာကို ထပ်စောင့်နေဖို့သာရှိ၏။
အထူးသဖြင့် ဟောင်ဝစ်ဇာ အမြောက်များက ကျည်ဆန်များ ကုန်သွားပါက လိုဏ်ဂူထဲမှာ ဖုန်တက်ခံပြီး သိမ်းထားရုံသာ ရှိတော့သည်။
သို့သော် ယမ်းအမြောက်ဆံနှင့် ယမ်းထုတ်လုပ်မှုနည်းပညာများကတော့ အရာအားလုံး ပြောင်းလဲသွားစေ၏။ ကိုယ်တိုင်လုပ် ယမ်းအမြောက်ဆံများက စနစ်က ပေးထားသော ၁၂၂မီလီမီတာ ဟောင်ဝစ်ဇာတွေလောက် မထိရောက်သော်လည်း ဒီခောတ်ကမ္ဘာမှာ အမြောက်ဆံများကို ကန့်သတ်ချက်မရှိ ထုတ်လုပ်နိုင်ပြီဖြစ်သည်။
ယမ်းထုတ်လုပ်မှု နည်းရသွားသဖြင့် အခုကစပြီး သူလိုချင်သလောက် အမြောက်ကျည်ဆံတွေ ထုတ်လုပ်နိုင်မည်ဖြစ်ပြီး ရိုးရိုးပေါက်ကွဲစေတတ်သော ပစ္စည်းများကိုပါ ပြုလုပ်နိုင်ပြီဖြစ်သည်။
ယမ်းနည်းပညာ ရသွားသဖြင့် သူ့မှာ ယုံကြည်မှု ရှိလာခဲ့၏။
ထိုအချိန်တွင် မူကျိရွှမ်းက လုချန်း၏ လက်ထဲတွင် လဲလျောင်းနေပြီး သူမ၏ ဖြူဖွေး သော လက်များက လုချန်း၏ လည်ပင်းကို သိုင်းဖက်ထားသည်။ လုချန်းက သူမ၏ ဝမ်းဗိုက်ကို ပွတ်သပ်နေပြီး စဉ်းစားနေသလို ဖြစ်နေသည်ကို မြင်လိုက်ရသောအခါ သူမက မေးလိုက်၏။
“မင်းသား ဘာတွေ စဉ်းစားနေတာလဲ။”
ပြန်လည်သန်စွမ်းစေသောစွမ်းအားကို အသုံးပြုပြီး လုချန်းက မူကျိရွှမ်းကို ပြန်လည် သက်သာကောင်းမွန်စေခဲ့သဖြင့် အခုသူမ ပိုပြီးလန်းဆန်းနေပြီဖြစ်သည်။ ကာမဆက်ဆံပြီးနောက် ဖြစ်ခဲ့သော ပင်ပန်းနွမ်းနယ်မှုများ မရှိတော့ပါ။
လုချန်းက တိုက်ရိုက်ပြောလိုက်သည်။
“နှမတော်မှာ ကိုယ်ဝန် ထပ်ရထားပြီ။”
ထိုစကားကို ကြားလိုက်ရသောအခါ မူကျိရွှမ်းက လန့်သွားသည်။ သူမက သူမခင်ပွန်းရဲ့ ကလေးကို မမွေးချင်တာမဟုတ်ပါ။ သို့သော် မြန်လွန်းနေသလို သူမ ခံစားရ၏။ ခုနကပင် လုချန်းက သူမကို နောက်ထပ် ကလေးတစ်ယောက် မွေးဖွားစေချင်ကြောင်း ပြောခဲ့၏။ အခုနှစ်နာရီအကြာမှာ သူမကိုယ်ဝန်ရှိနေပြီလား။
တကယ်တော့ မူကျိရွှမ်း လုချန်း၏ စကားကို ဘယ်တော့မှ သံသယမဝင်ခဲ့ပါ။ လုချန်းသည် ထာဝရတန်ခိုးရှင်ဖြစ်ပြီး ထာဝရတန်ခိုးရှင်တို့၏ နည်းဥပဒေများကို သိသူဖြစ်သည်။ သူမ၏ အခြေအနေကို သူအလွယ်တကူ စစ်ဆေးနိုင်စွမ်းရှိသည်။
ထို့နောက် မူကျိရွှမ်းက မေးလိုက်သည်။ “မင်းသားပြောတာ တကယ်လား။”
လုချန်းက မူကျိရွှမ်း၏ လှပသောပါးပြင်ကို ပွတ်သပ်ရင်း ပြုံးရယ်ကာ
“တကယ်ပါ နှမတော်။ နှမတော် နောက်ထပ် တစ်နှစ်လောက် ပင်ပန်းရဦးမယ်။”
လုချန်း၏ ကျယ်ပြန့်သော ရင်ဘတ်ပေါ်တွင် လဲလျောင်းနေရင်း မူကျိရွှမ်းက နူးညံ့စွာ ပြောလိုက်သည်။
“မင်းသားအတွက် ကလေးမွေးပေးရတာက ကျွန်မရဲ့တာဝန်ပါ။ ဒါက ပင်ပန်းတဲ့အလုပ် မဟုတ်ပါဘူး။”
လုချန်းက မူကျိရွှမ်း၏ ဆံပင်ကို ပွတ်သပ်လိုက်၏။ ထို့နောက် နှစ်ယောက်လုံး မကြာခင်ပင် အိပ်ပျော်သွားကြတော့သည်။။
နောက်နေ့မနက်။ အိပ်ရာထ မနက်စာစားပြီးတဲ့နောက် လုချန်းလည်း စာကြည့်ခန်းဆီကို တန်းသွားလိုက်သည်။ စာကြည့်ခန်းသို့ ရောက်သွားသောအခါ ချင်ယူရှန်၊ ဝမ်ရန်လီ၊ ရွှမ်ယွမ်ချန်းတို့ကို ခေါ်ဖို့ အမိန့်ပေးလိုက်၏။
အထူးကိုယ်ရံတော်တပ်မှူးဖြစ်သည့်အလျောက် ချင်ယူရှန်သည် သူ၏အချိန်အများစုကို မင်းသားစံအိမ် အနီးတွင် ကုန်ဆုံးလေ့ရှိသဖြင့် အရင်ဆုံး ရောက်ရှိလာသည်။ မကြာခင်မိိီပင် လုချန်း၏ စာကြည့်ခန်းထဲသို့ သူရောက်ရှိသွား၏။
စာကြည့်ခန်းထဲသို့ ဝင်ပြီးနောက် ချင်ယူရှန်က အရိုအသေ ပေးလိုက်၏။
“မင်းသားကို ဂါရဝပြုပါတယ်။”
ထို့နောက် ချင်ယူရှန်က မေးလိုက်သည်။
“မင်းသား ကျွန်တော်ကို ခေါ်တယ်ဆိုလို့။”
လုချန်းက သွယ်ဝိုက်မနေတော့ပဲ တိုက်ရိုက်ပြောလိုက်သည်။
“တပ်မှူးချင်။ ခင်ဗျားကို အရေးကြီးတဲ့ တာဝန်တစ်ခု ပေးမယ်။”
ထိုစကားကို ကြားလိုက်ရသောအခါ ချင်ယူရှန် လန့်သွားသည်။
မြောက်ပိုင်းနယ်စားမင်းသားက “အရေးကြီးတယ်” ဟု ပြောလိုက်ခြင်းက ထိုကိစ္စက မြောက်ပိုင်းနယ်စားမင်းသား၏ စိတ်ထဲတွင် အလွန်အလေးထားသော ကိစ္စ ဖြစ်ကြောင်းဆိုလိုနေသည်။
ချင်ယူရှန်က ချက်ချင်းပြောလိုက်သည်။
“ကျေးဇူးပြုပြီး ညွှန်ကြားပါ မင်းသား။ ဓားတောင်ကိုကျော်ပြီး မီးပင်လယ်ကို ဖြတ်ရမယ်ဆိုရင်တောင် ကျွန်တော် မသေမချင်း မင်းသားပေးတဲ့ တာဝန်ကို ပြီးမြောက်အောင် ထမ်းဆောင်ပါမယ်။
လုချန်းက အနည်းငယ် အံ့အားသင့်သွားပြီး ပြန်ပြောလိုက်သည်။
“ဓားတောင်ကိုကျော်ဖို့ ဒါမှမဟုတ် မီးပင်လယ်ကိုဖြတ်ဖို့လည်း မလိုပါဘူး။ လက်နက်တစ်မျိုးကို ထုတ်လုပ်ရာမှာ ကြီးကြပ်ဖို့အတွက် အထူးကိုယ်ရံတော် တစ်ထောင်ကို ပြန်ခေါ်ဖို့ပဲ ကျွန်တော်လိုချင်တာပါ။”
ထိုစကားကို ကြားလိုက်ရသောအခါ ချင်ယူရှန်၏ ပထမဆုံးအတွေးက ဟောင်ဝစ်ဇာ အမြောက်များအကြောင်း ဖြစ်သည်။ သူက သတိထားပြီး မေးလိုက်သည်
“မင်းသား။ ဒါက အမြောက်လက်နက်တွေ အတွက်လား။”
လုချန်းက
“အမြောက်တွေ အတွက် မဟုတ်ပါဘူး။ ဒါပေမယ့် ဒါကလည်း အဖျက်စွမ်းအားကြီးတဲ့ လက်နက်တစ်မျိုးပဲ။ အဲ့ဒါကို ထုတ်လုပ်တဲ့ နည်းလမ်းကလည်း ပိုပြီးရိုးရှင်းပါတယ်။”
လုချနက ယမ်းမှုန့်နှင့် ယမ်းအမြောက်ဆံ ထုတ်လုပ်မှုကို အထူးကိုယ်ရံတော်များအား ကြီးကြပ်စေချင်သည်။ နည်းပညာများ မပေါက်ကြားစေချင်၍ဖြစ်သည်။
အထူးကိုယ်ရံတော်များသည် စနစ်ကနေ တဆင့် ခေါ်ယူထားသူများဖြစ်ပြီး သူတို့၏ သစ္စာရှိမှုက ခိုင်မာသည်။ သူတို့က ဘယ်တော့မှ သစ္စာဖောက်ကြမည် မဟုတ်ပါ။ လက်နက်ထုတ်လုပ်မှုကို သူတို့အား ကြီးကြပ်ခိုင်းခြင်းက လုချန်းအနေနဲ့ စိတ်ချရနိုင်သည့် တစ်ခုတည်းသော နည်းလမ်းဖြစ်သည်။
.......