အခန်း ၁၇၅-၁၇၇
Vol. 12 Ch. 175-177
အခန်း (၁၇၅)
နားမလည်နိုင် ဖြစ်နေသော ရှောင်ဝမ်ယောင်(၁)
လုချန်း၏ အဖြေကို ကြားလိုက်ပြီးနောက် ချင်ယူရှန်သည် စိတ်ထဲတွင် ထိုလက်နက်များသည် အမြောက်လက်နက်များကဲ့သို့ လက်နက်ကြီးများ ဖြစ်မည်ဟု ယူဆလိုက်သည်။
လက်နက်ကြီးများ ပေါက်ကွဲသည့်အခါ ထွက်လာသော ပစ္စည်းများသည် ထိပ်သီးပညာရှင်တစ်ဦးကိုပင် ခဏအတွင်း အပိုင်းပိုင်းဖြစ်သွားစေနိုင်သည်ကို စိတ်ကူးကြည့်မိသည်နှင့် ချင်ယူရှန် ကျောချမ်းသွားခဲ့သည်။
ထိုလက်နက်များ အမြောက်အမြား ထုတ်လုပ်နိုင်ပြီဆိုလျှင် ထိုအချိန်မှစ၍ ထိပ်သီးပညာရှင်များသည် သာမန်လူများနှင့် သိပ်ကွာခြားတော့မည် မဟုတ်တော့ပေ။ အဘယ်ကြောင့်ဆိုသော် သာမန်လူများပင် ထိုလက်နက်များကို အသုံးပြု၍ ထိပ်သီးပညာရှင်များကို သတ်နိုင်သောကြောင့် ဖြစ်သည်။
သိုင်းလောကတွင် ထိပ်သီးပညာရှင်တစ်ဦးဖြစ်သည့် ချင်ယူရှန်သည် ထိုလက်နက်များ အမြောက်အမြား ထုတ်လုပ်ခြင်းကို မြင်တွေ့လိုမည် မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် ထိုသို့ဖြစ်လာပါက သိုင်းလောက၏ အခြေခံအုတ်မြစ်နှင့် ထိပ်သီးပညာရှင်များ၏ အဆင့်အတန်းကို လှုပ်ခါသွားစေနိုင်သောကြောင့် ဖြစ်သည်။
သို့သော် ကံကြမ္မာ၏သားတော်ဖြစ်သူ၏ လက်အောက်ခံတစ်ဦးအနေဖြင့် မြောက်ပိုင်းနယ်စားမင်းသားက ထိုလက်နက်ကြီးများကို အသုံးပြု၍ ရန်သူများကို ဖြိုခွင်းပြီး တိုက်ကြီးတစ်ခုလုံးကို စုစည်းနိုင်ခြင်းကိုတော့ သူမြင်လိုသည်။
ထိုအချိန်တွင် ချင်ယူရှန်က
“စိတ်ချပါ မင်းသား။ ကျွန်တော် မင်းသားပြောတဲ့ လက်နက်တွေ ထုတ်လုပ်တဲ့ကိစ္စကို အားသွန်ခွန်စိုက် ကြီးကြပ်ပါမယ်။ အဲ့ဒီ လက်နက်တွေရဲ့ ထုတ်လုပ်နည်းကိုလည်းလုံးဝ မပေါက်ကြားအောင် အပြည့်အဝ ကာကွယ်ပါမယ်” ဟု ပြောလိုက်သည်။
ထိုလက်နက်၏ အရေးပါမှုကို ချင်ယူရှန်ကောင်းစွာသိသည်။ အဘယ်ကြောင့်ဆိုသော် ထိုလက်နက်သည် ထိပ်သီးပညာရှင်တစ်ဦးကို ခဏအတွင်း သတ်နိုင်သောကြောင့် ဖြစ်သည်။ ထိုကဲ့သို့သော လက်နက်ကြီးများ ထုတ်လုပ်နည်းကို မည်သည့်အင်အားစုကမှ သိရှိခွင့် မရှိစေရပါ။ သိရှိသွားပါက မြောက်ပိုင်းမြို့တော်နှင့် မြောက်ပိုင်းနယ်စားမင်းသားအတွက် ဘေးဆိုးကြီးတစ်ခု ဖြစ်လာနိုင်သည်။
သို့သော် ထိုအချိန်တွင် ချင်ယူရှန်က တစ်စုံတစ်ရာကို သတိရသွားပြီး
“မင်းသား။ အထူးကိုယ်ရံတော်တွေထဲမှာ မင်းသားပြောတဲ့ လက်နက်တွေ ထုတ်လုပ်နိုင်တဲ့ လက်မှုပညာရှင်တွေ မပါပါဘူး။ လက်မှုပညာရှင်တွေကို ဘယ်ကခေါ်ရမလဲ ဆိုတာကို သိပါရစေ” ဟု မေးလိုက်သည်။
လုချန်းက
“အဲဒါကို စိတ်မပူပါနဲ့။ လက်မှုပညာရှင်တွေ မကြာခင်မှာ ရရှိလာပါလိမ့်မယ်” ဟု ပြောလိုက်သည်။
လုချန်း စကားပြောပြီးသည်နှင့် တစ်ပြိုင်နက် အပြင်ဘက်မှ အစေခံမိန်းမတစ်ဦး၏ အသံကို ကြားလိုက်ရသည်။
“မင်းသား။ ဗိုလ်ချုပ်ဝမ်နှင့် ဗိုလ်ချုပ်ရွှမ်တို့ ရောက်ရှိလာပါပြီ။”
“သူတို့ကို ဝင်ခွင့်ပြုလိုက်ပါ။”
ခဏအကြာတွင် ရွှမ်ယွမ်ချန်း နှင့် ဝမ်ရန်လီ တို့ စာကြည့်ခန်းထဲသို့ ဝင်ရောက်လာခဲ့သည်။ နှစ်ဦးစလုံးက တစ်ပြိုင်နက် ဦးညွှတ်ပြီး
“မင်းသားကို ဂါရဝ ပြုပါတယ်” ဟု ပြောလိုက်ကြသည်။
လုချန်းက အနည်းငယ် ခေါင်းညိတ်လိုက်ပြီး “ထပါ”
ဟု ပြောလိုက်သည်။
ရွှမ်ယွမ်ချန်းက
“မင်းသား။ ကျွန်တော်တို့ကို ခေါ်တာ ဘာကြောင့်ပါလဲ” ဟု မေးလိုက်သည်။
လုချန်းက
“ယူမြို့တော်က သံချပ်ကာမြင်းတပ် ငါးသောင်းကို ဖန်တီးနိုင်တယ်။ ယူမြို့တော်မှာ လက်မှုပညာရှင်တွေ အများကြီး ရှိမယ်ထင်တယ်။” ဟု ပြောလိုက်သည်။
ထိုစကားကို ကြားလိုက်ရသည်နှင့် သူ့ဘေးမှ ချင်ယူရှန်လည်း ခဏတာမျှ ငေးငိုင်သွားခဲ့ပြီး လုချန်း၏ ပြောခဲ့သည့် လက်မှုပညာရှင် တွေ မကြာမီ ရရှိလာမည်ဆိုသည့် အဓိပ္ပာယ်ကို ချက်ချင်း နားလည်သွားခဲ့သည်။
ထိုအချိန်တွင် ရွှမ်ယွမ်ချန်းက
“မင်းသား။ ယူမြို့တော်က လူတိုင်းကို လက်မှုပညာရှင်လို့ ပြောနိုင်ပါသည်။ ကလေးတိုင်းဟာ အရွယ်ရောက်လာတာနဲ့ လက်မှုပညာတစ်ခုခုကို သင်ယူရပါတယ်။ မိန်းကလေးတွေပါ မချန် ဖြစ်ပါတယ်” ဟု ပြောလိုက်သည်။
ရွှမ်ယွမ်ချန်း၏ စကားကို ကြားလိုက်ရပြီး လုချန်းသည် အနည်းငယ် အံ့အားသင့်သွားခဲ့သည်။ ယူမြို့တော်ရှိ လူများ၏ အတွေးအခေါ်မှာ အတော်လေး ရှေ့ရောက်နေ၏။ သူတို့သည် လူတိုင်းကို လက်မှုပညာတစ်ခုခု သင်ယူထားစေသည်။ ယူမြို့တော်မှ လူများသည် မိုးဟစ်အတွေးအခေါ်ကျောင်းသားတွေများ ဖြစ်နေမလားဟု သူတွေးလိုက်၏။
လုချန်းက ထို့နောက်
“ဒီလိုပါ။ ကျွန်တော်က ယူမြို့တော်က လက်မှုပညာရှင်အချို့ကို မြောက်ပိုင်းမြို့တော်သို့ ခေါ်ပြီး လက်နက်အချို့ကို ထုတ်လုပ်စေချင်ပါတယ်။ ယူမြို့တော်က လူတွေက မြို့တော်က မထွက်ခွာချင်ကြတာကိုကျွန်တော် နားလည်ပါတယ်။ ဒါပေမဲ့လက်နက်တွေ ထုတ်လုပ်ဖို့က ကျွန်တော်သည် ယုံကြည်စိတ်ချရတဲ့ လက်မှုပညာရှင် တွေ လိုအပ်နေတယ်။”
“ကျွန်တော် ယုံကြည်စိတ်ချရတဲ့ လက်မှုပညာရှင်တွေက ယူမြို့တော်မှာပဲ ရှိပါတယ်။ ဗိုလ်ချုပ်နှစ်ဦးက ယူမြို့တော်ကို စာရေးပြီး သတ္တုပညာမှာ ကျွမ်းကျင်တဲ့ လက်မှုပညာရှင် တစ်ထောင်ကို ရန်ခရိုင် စေလွှတ်စေဖို့ အကူအညီတောင်းချင်ပါတယ်။”
ယူမြို့တော်ရှိ ပြည်သူငါးသိန်းသည်လည်း စနစ်မှ ပေးအပ်ထားသော လူများဖြစ်ပြီး လုချန်းအား အပြည့်အဝ သစ္စာရှိသူများ ဖြစ်သည်။ ထို့ကြောင့် လက်နက်များ ထုတ်လုပ်ရာတွင် မြောက်ပိုင်းမြို့တော်မှ လက်မှုပညာရှင်များထက် သူတို့ကို ရွေးချယ်သည်က စိတ်ချရသည်။
ထို့ပြင် မြောက်ပိုင်းမြို့တော်တွင် လုချန်းအား လက်နက်များ ထုတ်လုပ်ရာတွင် အကူအညီပေးနိုင်သော လက်မှုပညာရှင် အများအပြား မရှိပေ။
လုချန်း၏ စကားကို ကြားလိုက်ရသည်နှင့် ရွှမ်ယွမ်ချန်းသည် ချက်ချင်းပင်
“ကျွန်တော် ယူမြို့တော်သို့ အခုပဲ စာရေးပါမယ်။ မင်းသား စိတ်ချပါ။ တစ်လအတွင်း ယူမြို့တော်က လက်မှုပညာရှင်တွေကို ရန်ခရိုင်ကို စေလွှတ်ပေးပါမယ်” ဟု ပြောလိုက်သည်။
ထို့နောက် လုချန်းက ချင်ယူရှန်၊ ဝမ်ရန်လီ နှင့် ရွှမ်ယွမ်ချန်း တို့ကို
“လက်နက် ထုတ်လုပ်ဖို့ တာဝန်ကို ခင်ဗျားတို့သုံးဦးဆီမှာ အပ်နှံလိုက်ပါပြီ။ ခင်တို့ သတိထားရမှာက ဒီလက်နက်တွေ ထုတ်လုပ်တဲ့ကိစ္စကို ပါဝင်သူတွေက လွဲပြီး အခြားဘယ်သူမှ မသိစေဖို့ပါ။ မုမိသားစုတောင် မသိပါစေနဲ့ ” ဟု ပြောလိုက်သည်။
ချင်ယူရှန်တို့က ချက်ချင်းပင်
“စိတ်ချပါ မင်းသား။ ကျွန်တော်တို့ လျှို့ဝှက်ထားပါမယ်”
ဟု ပြောလိုက်ကြသည်။
ထိုအချိန်တွင် လုချန်းက ယမ်းထုတ်လုပ်နည်းကို စနစ်ဆီမှ ထုတ်ယူပြီး စားပွဲပေါ်တွင် ထားလိုက်သည်။
“တပ်မှူး ချင်။ ယူမြို့တော်က လက်မှုပညာရှင်တွေ မရောက်ခင် အထူးကိုယ်ရံတော်တွေက ဒီစာရွက်ထဲမှာ ဖော်ပြထားတဲ့ ပစ္စည်း တွေကို စုဆောင်းထားနိုင်ပါတယ်။ သတိထားရမှာက ခင်ဗျားတို့ အဲ့ဒီပစ္စည်းများကို စုဆောင်းနေတာကို ဘယ်သူမှ သိမသွားစေဖို့ပဲ။”
ချင်ယူရှန်သည် လုချန်းပေးသော ယမ်းမှုန့်နည်းပညာကို ကောက်ယူလိုက်ပြီး
“ နားလည်ပါပြီ မင်းသား။ ကျွန်တော် သတိထားပြီး လုပ်ဆောင်ပါ့မယ်။ အခြားအင်အားစုတွေက မင်းသားစံအိမ်မှာ ဒီပစ္စည်းများကို စုဆောင်းနေတာကို မသိစေရရပါဘူး” ဟု ပြောလိုက်သည်။
ချင်ယူရှန်သည် သူကိုင်ထားသော စာရွက်ပေါ်တွင် ပါဝင်သော အကြောင်းအရာများ၏ အရေးပါမှုကို ကောင်းစွာ နားလည်သည်။ ထိုအရာများသည် လက်နက်များ ထုတ်လုပ်ရန် လိုအပ်သော ပစ္စည်းများ ဖြစ်ပြီး အခြားသူများက မင်းသားစံအိမ်တွင် ထိုပစ္စည်းများကို စုဆောင်းနေသည်ကို သိရှိသွားပါက ယမ်းမှုန့်နည်းပညာကို တိုက်ရိုက်မသိရှိသော်လည်း ထိုပစ္စည်းများ အကြီးအကျယ် စုဆောင်းနေသည်ကို ကြည့်ပြီး တစ်စုံတစ်ဦးက နည်းပညာကို ခန့်မှန်းမိသွားနိုင်သည်။
အတိုချုပ်အားဖြင့် ထိုလက်နက်များ ထုတ်လုပ်ရာတွင် အလွန်သတိထားရန် လိုအပ်သည်။
“ကောင်းပါပြီ။ ခင်ဗျားတို့သုံးဦးစလုံး အားလုံးအဆင်သင့်ဖြစ်အောင် ပြင်ဆင်ဖို့ ထွက်သွားနိုင်ပါပြီ။”
လုချန်း၏ စကားပြောပြီးသည်နှင့် ချင်ယူရှန် တို့က တစ်ပြိုင်နက်တည်း ပြောလိုက်ကြ၏။
“ကျွန်တော်တို့ ခွင့်ပြုပါ မင်းသား။”
ထို့နောက် သူတို့သုံးဦး လုချန်း၏ စာကြည့်ခန်းမှ ထွက်ခွာသွားခဲ့သည်။
ထိုအချိန်တွင်။ နွေဦးသံ အဆောင်။
ထိုအဆောင်သည် မူလက အမည်မရှိခဲ့ပေ။ သို့သော် မင်းသားစံအိမ်မှ အစေခံများက ထိုအဆောင်၏ အနားမှ ဖြတ်သန်းသွားလာသည့်အခါတိုင်း အသံတစ်သံကို ကြားရသည်ဟု ဆိုကြသည်။ ထို့နောက် တစ်ယောက်ယောက်က ထိုအဆောင်ကို နွေဦးသံ အဆောင်ဟု အမည်ပေးလိုက်၏။ ထိုအခါမှစ၍ လူတိုင်းလည်း ထိုအမည်ကို သုံးစွဲလာခဲ့ကြသည်။
ရှောင်ဝမ်ယောင် နိုးလာသည်နှင့် သူမ၏ အစေခံမိန်းမများက ဝတ်စား ပြင်ဆင်ပေးခဲ့နောက် လန်းဆန်းစွာဖြင့် နံနက်စာကို ကောင်းကောင်း စားသောက်ခဲ့သည်။
.......
အခန်း (၁၇၆)
နားမလည်နိုင် ဖြစ်နေသော ရှောင်ဝမ်ယောင်(၂)
ထို့နောက် သူမသည် သူမ၏အခန်းထဲတွင် ထိုင်နေလိုက်သည်။ သူမမှာ လုပ်စရာဘာမှ မရှိပါ။ သူမသည် အခန်းအပြင်ဘက်ရှိ ပျင်းရိဖွယ်ကောင်းသော အဆောင်ဝင်းကို ကြည့်ရှုနေ၏။ သူမ အနည်းငယ် လမ်းပျောက်နေသည်ဟု ရှောင်ဝမ်ယောင် ခံစားရသည်။
မြောက်ပိုင်းနယ်စားမင်းသား စံအိမ်သို့ ရောက်ရှိလာပြီးကတည်းက ရှောင်ဝမ်ယောင်သည် သူမကိုယ်သူမ မြောက်ပိုင်းနယ်စားမင်းသား၏ အမျိုးသမီး အစေခံအဖြစ် မှတ်ယူထားသည်။ လုချန်းကို ဝတ်ကြီးဝတ်ငယ် ပြုရမည်ဟု ယုံကြည်ခဲ့သည်။ ထို့ပြင် သူမ လုချန်း၏ညှဉ်းပန်းနှိပ်စက်မှုကို ခံရမည်ဖြစ်သည်။ ရဲလိနန်ရန်ကဲ့သို့ ဖြစ်သည်။
သို့သော် ရက်များစွာကြာလာသော်လည်း လုချန်းက ရှောင်ဝမ်ယောင်အား သူမကို တစ်ကြိမ်တစ်ခါမှ လာရောက်ရှာဖွေခြင်း မရှိကြောင်း သတိထားမိလာသည်။ ထို့ပြင် သူမသည် သူမ၏အမျိုးသမီး အစေခံဖြစ်သော်လည်း မင်းသားစံအိမ်တွင် အဆင့်အတန်း တစ်ခုရှိနေသည်ဟု သတိထားမိလာသည်။
သူမသည် အမျိုးသမီး အစေခံဖြစ်သော်လည်း မင်းသားစံအိမ်တွင် သူမ၏နေ့စဉ်လိုအပ်ချက်များကို ဖြည့်ဆည်းပေးရန် အစေခံများကို စီစဉ်ပေးထားသည်။ သူမသည်လည်း ထိုအစေခံများနှင့်အတူ လုချန်း၏နေ့စဉ်လိုအပ်ချက်များကို ဖြည့်ဆည်းပေးသင့်သည် မဟုတ်လား။ ဒါပေမဲ့ အခု သူမသည် မင်းသားစံအိမ်မှ သခင်မတစ်ဦးကဲ့သို့ ဖြစ်နေပြီး ကောင်းမွန်စွာ ဆက်ဆံခံနေရသည်။
မြောက်ပိုင်းနယ်စားမင်းသား၏ အမျိုးသမီး အစေခံများသည် အမြဲတမ်း ထိုကဲ့သို့ ဆက်ဆံမှုကို ခံစားရပါက မြောက်ပိုင်းနယ်စားမင်းသား၏ အမျိုးသမီး အစေခံဖြစ်ရခြင်းက သိပ်မဆိုးလှဟု ထင်ရသည်။
သို့သော် ရှောင်ဝမ်ယောင်သည် အရင်က မြင်ခင်းလွင်ပြင်များပေါ်တွင် မြင်းစီးပြီး လွတ်လပ်စွာ လှည့်လည်သွားနေလေ့ရှိသည်။ မြက်ခင်းလွင်ပြင်ပေါ်မှ ဘဝကို ကျင့်သားရနေပြီးဖြစ်သည်။ အခု ရုတ်တရက် အဆောင်တစ်ဆောင်ထဲတွင် ပိတ်မိနေသည့် ဘဝနှင့် လိုက်လျောညီထွေဖြစ်ရန် အလွန်ခက်ခဲနေသည်။
သူမသည် ထွက်ခွာသွားလိုသည်။ လွတ်လပ်လိုသည်။
ရှောင်ဝမ်ယောင်သည် သူမ၏အခြေအနေကို မသိသည် မဟုတ်ပေ။ သူမသည် ယခုအခါတွင် လုချန်း၏အမျိုးသမီး အစေခံဖြစ်ပြီး သူမသခင်၏ ခွင့်ပြုချက်မပါပဲ လွတ်လပ်စွာ လှည့်လည်သွားလာခွင့် မရှိပေ။ သို့သော် သူမ၏ အတွင်းစိတ်ကတော့ မြက်ခင်းလွင်ပြင်ပေါ်တွင် မြင်းစီးပြီး လွတ်လပ်စွာ သွားလာနေရသည့် ခံစားချက်ကို လက်လွှတ်လိုက်ရန် မတတ်နိုင်ပေ။
ထိုအတွေးနှင့်အတူ ရှောင်ဝမ်ယောင် သက်ပြင်းချလိုက်မိသည်။ ထိုစဉ် ရှောင်ဝမ်ယောင်သည် ထိုင်နေရာမှ ထလာသည်။
ထို့နောက် ရဲလိနန်ရန် နေထိုင်နေသော ဘေးခန်းသို့ သွားလိုက်သည်။ ရဲလိနန်ရန်အပေါ် အနည်းငယ် မကျေမနပ် ဖြစ်နေသော်လည်း မြောက်ပိုင်းနယ်စားမင်းသား၏ စံအိမ်တွင် သူတို့နှစ်ဦးသာ လွင်ပြင်ဒေသမှ လာသူများ ဖြစ်နေသည်။ သူမ အထီးကျန်နေသည်ဟု ခံစားရသည်။ ထိုအထီးကျန်မှုကို လျော့ပါးစေရန် တစ်ခုတည်းသော နည်းလမ်းမှာ ရဲလိနန်ရန်နှင့် စကားသွားပြောရန်ပင် ဖြစ်သည်။
ထိုအချိန်တွင် ရဲလိနန်ရန်သည် ခုံတစ်ခုပေါ်တွင် ထိုင်နေပြီး ချုပ်လုပ်နည်းတစ်ခုကို လေ့လာနေသည်။ ရှောင်ဝမ်ယောင် ဝင်လာသည်ကို မြင်သောအခါ ရဲလိနန်ရန်က သူမ၏ အလုပ်ကို ချထားလိုက်ကာ ပြုံး၍ကြိုဆိုလိုက်သည်။
“ယောင်ယောင်။ မြောက်ပိုင်းနယ်စားမင်းသား စံအိမ်မှာ နေရတာ ကျင့်သားရပြီလား။”
အကယ်၍ ရဲလိနန်ရန်ကို ရှောင်ဝမ်ယောင်အပေါ် အပြစ်ရှိသလို ခံစားရလားဟု မေးမည်ဆိုပါက ရှိသည်ဟုပင် ဖြေရမည်ဖြစ်သည်။ သူမသည် ရှောင်ဝမ်ယောင်၏ မိခင်သေဆုံးမှုအတွက် သွယ်ဝိုက်သော နည်းလမ်းဖြင့် ပတ်သက်မှု ရှိသူဖြစ်သည်။ သို့သော် ရှောင်ဝမ်ယောင်၏ မိခင်ကို အဆိပ်ခတ်သူသည် သူမမဟုတ်သောကြောင့် ထိုခံစားချက်က သိပ်မကြီးပါ။
ရဲလိနန်ရန်သည် ရှောင်ဝမ်ယောင်ကို အမြဲကြင်နာစွာ ဆက်ဆံခဲ့၏။ သူမ၏ ညီမငယ်တစ်ယောက်ကဲ့သို့ ဆက်ဆံခဲ့သည်။ အထူးသဖြင့် မြောက်ပိုင်းနယ်စားမင်းသားစံအိမ်သို့ ရောက်ရှိလာပြီးနောက်ပိုင်းတွင် လွင်ပြင်ဒေသမှ လာသောသူမှာ သူတို့နှစ်ဦးသာ ရှိနေသောကြောင့် ရှောင်ဝမ်ယောင်ကို သူမပို၍ပင် ချစ်ခင်လာသည်။ သူတို့သည် တစ်ဦးကိုတစ်ဦး သနားကြင်နာမှုများဖြင့် ချည်နှောင်ထားကြသည်။
ရဲလိနန်ရန်၏ မေးခွန်းကို ကြားလိုက်ရသောအခါ ရှောင်ဝမ်ယောင်သည် စားပွဲပေါ်တွင် ထိုင်လိုက်ပြီး ခေါင်းငုံ့ကာ သက်ပြင်းချလိုက်ပြီး
“ကျင့်သားရပြီလို့ ထင်ပါတယ်။ ဒါပေမဲ့ မိဖုရား။ ကျွန်မတို့တွေဟာ တကယ်ပဲ မြောက်ပိုင်းနယ်စားမင်းသားရဲ့ အစေခံတွေလား။”
ရှောင်ဝမ်ယောင်က သူမကို မိဖုရားဟု ဆက်လက်ခေါ်ဝေါ်နေသည်ကို ကြားလိုက်ရသောအခါ ရဲလိနန်ရန်က ချက်ချင်း ပြန်ပြောလိုက်သည်။
“ယောင်ယောင်။ ငါက ကောင်းကင်ဝံပုလွေဘုရင်ရဲ့ မိဖုရား မဟုတ်တော့ဘူး။ မင်း ငါ့ကို ဒီလိုခေါ်လို့ မရတော့ဘူး။”
“မြောက်ပိုင်းနယ်စားမင်းသားရဲ့ စံအိမ်မှာ မိဖုရား တစ်ယောက်ပဲ ရှိနိုင်တယ်။ တကယ်လို့ တစ်ခြားသူတွေ ကြားသွားရင် ငါတို့မှာ မကောင်းတဲ့အကြံအစည်တွေ ရှိတယ်လို့ ထင်သွားမှာ သေချာတယ်။ အဲ့ဒါဆိုရင် ငါတို့နှစ်ယောက်လုံး အပြစ်ပေးခံရမှာပဲ။”
ရဲလိနန်ရန်၏ လေးနက်မှုကို မြင်လိုက်ရသောအခါ သူမ မှားယွင်းစွာ ပြောမိသည်ကို သိလိုက်ရပြီး ရှောင်ဝမ်ယောင်၏ မျက်နှာ ချက်ချင်း ဖြူလျော်သွားသည်။
ရဲလိနန်ရန်က ဆက်ပြောသည်။
“ယောင်ယောင်။ ဒီကနေ့ကစပြီး ငါ့ကိုအစ်မ နန်ရန်လို့ခေါ်ပါ။”
ရှောင်ဝမ်ယောင်က ထစ်ထစ်ငေါ့ငေါ့ဖြင့် ပြန်ပြောလိုက်၏။
“ဟုတ်ကဲ့ပါ အစ်မ....နန်ရန်။”
ရဲလိနန်ရန်က ဆက်ပြောလိုက်၏။
“တိတိကျကျ ပြောရရင် တို့တတွေဟာ မြောက်ပိုင်းနယ်စားမင်းသားရဲ့ အစေခံတွေ မဟုတ်ဘူး။ အစေခံတွေရဲ့ ပြုစုစောင့်ရှောက်မှုကို ခံရတဲ့ အစေခံတွေကို တွေ့ဖူးလို့လား။”
ရှောင်ဝမ်ယောင် သဘောသွားတူပြီး ပြန်ပြောလိုက်သည်။
“ဟုတ်တယ်။”
ရဲလိနန်ရန်က ဆက်ပြောပြန်၏။
“အခုကစပြီး တို့နှစ်ယောက်ဟာ မြောက်ပိုင်းနယ်စားမင်းသားရဲ့ မယားတွေ ဖြစ်လာကြပြီ။ တို့ရဲ့ အဆင့်အတန်းက အစေခံတွေထက် ပိုမြင့်တယ်။ တို့မှာ အဆင့်အတန်း တစ်ခုရှိတယ်။”
“ဒါပေမဲ့ မှတ်ထားပါ ယောင်ယောင်။ တို့ရဲ့ အဆင့်အတန်းက တို့ကို ဘာမဆို စိတ်ကြိုက်လုပ်ခွင့် မပေးဘူး။ တို့က ဖမ်းဆီးခံထားရသူတွေ။ မင်းကိုယ်မင်း အမြဲတမ်း မြောက်ပိုင်းနယ်စားမင်းသားရဲ့ အစေခံအဖြစ် မှတ်ယူပါ။ သူ့ရဲ့ မယားအဖြစ် အမြဲတမ်း မမှတ်ယူနဲ့။”
ရှောင်ဝမ်ယောင်က ပြန်ပြောလိုက်သည်။
“အစ်မနန်ရန် ပြောတာကို ကျွန်မနားလည်ပါတယ်။”
ထို့နောက် ရှောင်ဝမ်ယောင်က ခြံဝင်းတံခါးဝ ကို လှမ်းကြည့်ပြီး မေးလိုက်သည်။
“အစ်မ နန်ရန်။ မင်းသားက အစ်မအခန်းကို မနေ့ညက မလာခဲ့ဘူးလား။”
မနေ့ညက ရဲလိနန်ရန်၏ အခန်းမှ အသံတွေ မကြားရသောကြောင့် လုချန်း မလာခဲ့ဟု ရှောင်ဝမ်ယောင် ယူဆလိုက်ခြင်းဖြစ်သည်။ ရှေ့ဆယ်ရက်လောက်က ညတိုင်း အသံတွေ ကြားနေရပြီး ထိုအသံများက တစ်ညလုံးနီးပါး ကြာညောင်းတတ်၏။
ရှောင်ဝမ်ယောင်ရဲ့ စကားကို ကြားလိုက်ရသောအခါ ရဲလိနန်ရန်ရဲ့ နူးညံ့သိမ်မွေ့သော ခန္ဓာကိုယ်လည်း ရုတ်တရက် တုန်လှုပ်သွား၏။ အစပိုင်းတွင် ရဲလိနန်ရန်လည်း လုချန်းနဲ့ အတူရှိနေရသည့် ခံစားချက်ကို အလွန်နှစ်သက်ခဲ့၏။
သို့သော် လုချန်းက နေ့တိုင်းလာ သောကြောင့် ရဲလိနန်ရန် ပင်ပန်းလာ၏။ သူမရဲ့ ခန္ဓာကိုယ်မှ ဒဏ်များကို ကုသဖို့ လုချန်းက အထူးနည်းလမ်းတစ်ခုကို သုံးနေမှန်း သူမသိထားပြီး မသက်မသာဖြစ်မှုလည်း မရှိသလောက် ဖြစ်၏။ သို့သော် အခုရက်ပိုင်းအတွင်း သူမနိုးလာလျှင် စိတ်ရှုပ်ထွေးနေပြီး လမ်းလျှောက်ရင်လည်း မူးဝေနေတတ်၏။ ခြေထောက်များက မတ်တပ်ရပ်နိုင်အောင် ဖြစ်နေပြီး အမြဲတမ်း တုန်ယင်နေတတ်၏။
နောက်ပိုင်း ရဲလိနန်ရန် လုချန်းကို ကြောက်ရွံ့လာ၏။ သတိဝင်လာပြီးနောက် ရဲလိနန်ရန်က ပြန်ပြောလိုက်သည်။
“မလာခဲ့ဘူး။ ဘာဖြစ်လို့လဲ။”
ရှောင်ဝမ်ယောင်က ဆက်ပြီး ခပ်တိုးတိုးမေးလိုက်၏။
“အစ်မနန်ရန်ကို ကျွန်မမေးချင်တဲ့မေးခွန်းတစ်ခုရှိတယ်။ မေးလို့ရမလား။”
ရှောင်ဝမ်ယောင် ဒီလောက်တောင် သတိထားနေတာကို မြင်လိုက်ရသောအခါ ရဲလိနန်ရန် သိလိုစိတ်ဖြစ်သွားပြီး မေးလိုက်သည်။
“ဘာမေးခွန်းလဲ။”
ရှောင်ဝမ်ယောင်က ရဲလိနန်ရန်၏ နားနားကပ်၍ တိုးတိုးလေး ပြောလိုက်သည်။
“အစ်မနန်ရန်ရဲ့အသံကို အခုရက်ပိုင်း ညတိုင်းကြားနေရတယ်။ ဒါပေမဲ့ ကျွန်မထင်နေတာက အစ်မရဲ့အသံက နာကျင်မှုကြောင့်ဖြစ်လာတဲ့ အသံမျိုး မဟုတ်ဘူး။ မင်းသားက အစ်မကို နှိပ်စက်တဲ့အခါ နာကျင်တယ်ဆိုတာ တကယ်လား။ အစ်မရဲ့ အသံက နာကျင်တဲ့အသံမျိုး မဟုတ်ဘူးလို့ ကျွန်မခံစားနေရတာလဲ။”
ထိုစကားကို ကြားလိုက်ရသောအခါ ရဲလိနန်ရန်လည်း မနေနိုင်တော့ပဲ ရယ်မောလိုက်၏။
ရှနိုင်ငံတော်မှ အမျိုးသမီးများကဲ့သို့ မဟုတ်ပဲ လွင်ပြင်ဒေသသူ အမျိုးသမီးများသည် လက်မထပ်ခင်အချိန်အထိ ယောက်ျားနဲ့မိန်းမကြားက ကိစ္စများနှင့်ပတ်သက်၍ အနည်းငယ်သာ သိကြသည်။ လက်ထပ်ပြီးမှသာ ထိုအကြောင်းများကို စူးစမ်းတတ်ကြ၏။
ထို့ကြောင့် ရှောင်ဝမ်ယောင် ထိုအကြောင်းများကို မသိသေးပါ။
ရဲလိနန်ရန်က ပြန်ပြောလိုက်သည်။
“ယောင်ယောင်။ မင်းစိတ်ပူစရာ မလိုပါဘူး။ မင်းသား မင်းအခန်းထဲကို ရောက်လာတဲ့နေ့မှာ မင်းနားလည်သွားမှာပါ။ ဒါပေမယ့် စိတ်ချပါ။ ငါပြောတာကို ယုံပါ။ နာကျင်မှုတော့ မရှိပါဘူး။”
ရဲလိနန်ရန်ရဲ့ အဖြေကို ကြားလိုက်ရသောအခါ ရှောင်ဝမ်ယောင်က အံ့သြသွား၏။
မြောက်ပိုင်းနယ်စားမင်းသားက နှိပ်စက်တယ်ဆိုပေမဲ့ နာကျင်မှုမရှိဘူးလား။
ဒါက ဖြစ်နိုင်ရဲ့လား။ ရဲလိနန်ရန်က သူမကို လိမ်နေတာလား။
နာကျင်မှုမရှိရင် သူမဘာလို့ အဲဒီလောက်ကြီး အော်နေရတာလဲ။ နားမလည်နိုင် ဖြစ်နေသော ရှောင်ဝမ်ယောင်၏ မျက်နှာကို မြင်လိုက်ရသောအခါ ရဲလိနန်ရန်က ပြောလိုက်သည်။
“ယောင်ယောင်။ မင်းက ယောက်ျားတစ်ယောက်နဲ့ အတူနေဖူးသေးတော့ အဲ့ဒီအရာတွေကို နားမလည်တာ ပုံမှန်ပါပဲ။ ဒါပေမဲ့ အစ်မ ပြောတာကို ယုံပါ။ တစ်ခါတစ်လေ လူတွေက နာကျင်လို့ အော်တာမဟုတ်ဘူး။”
“လွင်ပြင်ဒေသသူ အမျိုးသမီးတစ်ယောက်အနေနဲ့ မင်းသိထားမှာပါ။ တစ်ခါတစ်လေ တို့ လွင်ပြင်ဒေသသားတွေ အောင်ပွဲရတဲ့အခါ သူတို့အမြဲတမ်း အသံကျယ်ကျယ်နဲ့ အော်တတ်ကြတယ်။ အဲ့ဒါ သူတို့က နာကျင်လို့ အော်တာလို့ မင်းပြောမလား။ သူတို့က ပျော်လို့ အော်တာ။ ဝမ်းသာလို့ အော်တာ။ နာကျင်လို့ အော်တာ မဟုတ်ဘူး။”
ရဲလိနန်ရန်ရဲ့ ရှင်းပြချက်ကို ကြားလိုက်ရပြီးနောက် ရှောင်ဝမ်ယောင် တစ်ခုခုကို နားလည်သလို ဖြစ်သွား၏။
ကောင်းကင်ဝံပုလွေဘုရင် မျိုးနွယ်စုက အခြား မျိုးနွယ်စုငယ်တွေကို အနိုင်ရတဲ့အခါတွင် ထိုစစ်သားတွေက အမြဲတမ်း အသံကျယ်ကျယ်နဲ့ အော်တတ်ကြကြောင်းရှောင်ဝမ်ယောင်က မှတ်မိလိုက်၏။ သူတို့က အောင်ပွဲရလို့ အော်ခြင်းဖြစ်သည်။ ဝမ်းသာမှုကြောင့် အော်ဟစ်ခြင်းဖြစ်ပြီး နာကျင်မှုကြောင့် အော်ခြင်း မဟုတ်ပါ။
ရှောင်ဝမ်ယောင်က စဉ်းစားလိုက်၏။ ဒါဆို ရဲလိနန်ရန်ရဲ့ ညည်းညူသံတွေက မြောက်ပိုင်းနယ်စားမင်းသားအပေါ် အောင်ပွဲတစ်ခုခု ရလို့ အော်နေတာလား။
အောင်ပွဲတစ်ခုလား။
အရင်က သူမခိုးကြည့်ခဲ့သည့် မြင်ကွင်းကို ရှောင်ဝမ်ယောင် သတိရလိုက်၏။ ရဲလိနန်ရန်က မြောက်ပိုင်းနယ်စားမင်းသားကို သူမရဲ့ ခန္ဓာကိုယ်နဲ့ ထောင်ချောက်ဆင်လိုက်တာလား။ ဒါကြောင့် ရဲလိနန်ရန်က အောင်ပွဲရပြီလို့ ခံစားရလို့ အသံကျယ်ကျယ်နဲ့ အော်နေတာလား။
ဟုတ်တယ်။ ဒါပဲဖြစ်ရမယ်။
ထိုသို့စဉ်းစားလိုက်ပြီး ရှောင်ဝမ်ယောင်၏ စိတ်ထဲမှ ဝန်ထုပ်ဝန်ပိုးများ လျော့သွားသလို ခံစားလိုက်ရ၏။
ထိုအချိန်တွင် အစေခံတစ်ယောက်က ဝင်လာပြီး ပြောလိုက်သည်။
“ဒေါ်လေးရဲနှင့် ဒေါ်လေးရှောင်တို့ နှစ်ယောက်စလုံးကို မိဖုရားက လက်ဖက်ရည်သောက်ဖို့ မြောက်ပိုင်းအဆောင်ကို ဖိတ်ထားပါတယ်။”
ထိုစကားကို ကြားလိုက်ရသောအခါ သူတို့နှစ်ယောက်စလုံး အံ့ဩငေးမောသွားကြ၏။
......
အခန်း (၁၇၇)
ဘုရင်ကြီးက ဆောင်းရာသီမှာ မြောက်ပိုင်းမြို့တော်ကို တိုက်ခိုက်ဖို့ ရည်ရွယ်ထားတယ် (၁)
မုကျိရွှမ်းသည် ရဲလိနန်ရန် နှင့် ရှောင်ဝမ်ယောင် တို့ မင်းသားစံအိမ်သို့ ရောက်ရှိလာသည့်နေ့မှစ၍ သူတို့အား အလွန်ကောင်းမွန်စွာ ဆက်ဆံခဲ့သည်။ သူတို့ကို ဖမ်းဆီးထားသူများအဖြစ် မဆက်ဆံခဲ့ပေ။
သူမသည် နေ့စဉ် အရသာရှိသော အစားအစာများ ပို့ပေးသည့်အပြင် အစေခံမိန်းမများကိုလည်း သူတို့အား အထူးဂရုစိုက်ရန် ညွှန်ကြားခဲ့သည်။ အထူးသဖြင့် ရဲလိနန်ရန်အတွက် မုကျိရွှမ်းသည် နံနက်တိုင်း အားဖြည့်အစာများ ပို့ပေးခဲ့သည်။
မုကျိရွှမ်း၏ လက်ဆောင်များသည် လုချန်းက သူမဆီ မကြာခဏ လာရောက်လည်ပတ်ခြင်းကြောင့် ဖြစ်ချင်မှ ဖြစ်နိုင်သည်ဟု တစ်ခါတစ်ရံတွင် ရဲလိနန်ရန် တွေးမိသည်။
မုကျိရွှမ်းက သူမ၏ မကျေနပ်မှုကို ပြသသည့် အနေဖြင့် အရွဲ့တိုက်ပြီး အားဆေးဖြည့်အစာများကို ပေးပို့နေခြင်းဟု ထင်မိသည်။ ရဲလိနန်ရန်အားသူမ၏ အဆင့်အတန်းကို သတိရစေရန် သတိပေးချက်တစ်ခု ဖြစ်နိုင်သည်။
သို့သော် အချိန်ကုန်လာသည်နှင့်အမျှ မုကျိရွှမ်းသည် အားဖြည့်အစာများကို သဘောရိုးနှင့် ပေးနေခြင်းဖြစ်ကြောင်း ရဲလိနန်ရန် သိလာခဲ့သည်။ သူမအား စောင့်ရှောက်သော အစေခံမိန်းမများပင် မိဖုရား၏ လက်ဆောင်များသည် စိတ်ရင်းအမှန်ဖြင့် ပေးပို့ခြင်းဖြစ်ကြောင်း အာမခံခဲ့ကြသည်။
ယခုအချိန်တွင် ရဲလိနန်ရန်သည် မုကျိရွှမ်းတကယ် ကောင်းကောင်း ဆက်ဆံနေသည်ကို လက်ခံလာပြီး မိဖုရားက ဘာလို့ဒီလို ဂရုစိုက်နေရတာလဲဆိုတာကို နားလည်လာခဲ့သည်။
ရှနိုင်ငံတော် ဧကရာဇ် သို့မဟုတ် မင်းသားများ၏ မောင်းမတောင်များတွင် လှည့်ကွက်များ ပြည့်နှက်နေမည်ဟု ရဲလိနန်ရန် အစက မှတ်ယူထားခဲ့သည်။ သို့သော် မြောက်ပိုင်းနယ်စားမင်းသား စံအိမ်တွင်မူ ထိုသို့သောကိစ္စများက မရှိသလောက်ပင် ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် စံအိမ်သခင်က လွန်စွာ အားကောင်းနေပြီး မည်သည့်အမျိုးသမီးမှ မြောက်ပိုင်းနယ်စားမင်းသား၏ ချစ်ခြင်းမေတ္တာကို တစ်ယောက်တည်း ခံနိုင်ရည် မရှိသောကြောင့် ဖြစ်သည်။
အကယ်၍ အမျိုးသမီးတစ်ဦးကို မြောက်ပိုင်းနယ်စားမင်းသားက လုံးဝ စွဲမက်သွားစေပါက ထိုအမျိုးသမီး၏ သေခြင်းသည် မဝေးတော့ပေ။
ထိုအချိန်တွင် ရှောင်ဝမ်ယောင်က ရဲလိနန်ရန်အား တိုးတိုးပြောလိုက်သည်။
“အစ်မ နန်ရန်။ တို့သွားသင့်လား။”
ထိုမေးခွန်းကို ကြားလိုက်ရသည်နှင့် ရဲလိနန်ရန်က ရှောင်ဝမ်ယောင်အား သတိပေးလိုက်သည်။
“ယောင်ယောင်။ မင်း အမြဲသိထားရမှာက မြောက်ပိုင်းနယ်စားမင်းသား စံအိမ်မှာမင်းသားပြီးရင် မိဖုရားက အခွင့်အာဏာ အမြင့်ဆုံးပဲ။ မိဖုရားက မင်းကို ဘာလုပ်ခိုင်းလုပ်ခိုင်း မင်းလုပ်ရမယ်။ မိဖုရားက ငါတို့ကို လက်ဖက်ရည်သောက်ဖို့ ဖိတ်ရင် ငါတို့မှာ ငြင်းဖို့ အထူးအကြောင်းပြချက် မရှိဘူး။ မင်းနားလည်လား။”
ရဲလိနန်ရန်၏ သတိပေးချက်ကို ကြားလိုက်ရသည်နှင့် ရှောင်ဝမ်ယောင် ချက်ချင်း ခေါင်းညိတ်လိုက်သည်။
“နားလည်ပါပြီ။”
ထို့နောက် ရဲလိနန်ရန်သည် သူမ၏ ပန်းထိုးခြင်း လုပ်ငန်းကို ဘေးဖယ်ထားလိုက်ပြီး ထလိုက်ကာ တံခါးဘက်သို့ လျှောက်သွားရင်း
“သွားကြရအောင်။ မြောက်ဘက်အဆောင်ကို သွားမယ်” ဟု ပြောလိုက်သည်။
ထို့နောက် ရဲလိနန်ရန်နှင့် ရှောင်ဝမ်ယောင်တို့ မြောက်ဘက်အဆောင်သို့ သွားရောက်ခဲ့ကြသည်။
ထိုနှစ်ဦး မြောက်ဘက်အဆောင်သို့ ရောက်ရှိသောအခါ အဆောင်အတွင်းတွင် အမျိုးသမီးများစွာ စုဝေးနေပြီဖြစ်ကြောင်း တွေ့ရသည်။ လုချန်း၏ ဇနီးများ အားလုံးနီးပါး ရောက်ရှိနေပြီဖြစ်သည်။
ရဲလိနန်ရန်နှင့် ရှောင်ဝမ်ယောင်တို့ ရောက်ရှိလာသည်ကို တွေ့သောအခါ မုကျိရွှမ်းက ဝမ်းမြောက်ဝမ်းသာ ကြိုဆိုလိုက်သည်။
“အစ်မနန်ရန်နှင့် ယောင်ယောင်တို့ ရောက်ပြီလား။ ကျေးဇူးပြုပြီး ထိုင်ပါ။”
မုကျိရွှမ်းက စိတ်အားထက်သန်စွာဖြင့် ကြိုဆိုသော်လည်း ရဲလိနန်ရန်က ရှောင်ဝမ်ယောင်ကို ဦးဆောင်ကာ သူမတို့၏ ရိုးရာဓလေ့အတိုင်း အရိုအသေ ပြလိုက်ကြသည်။
“ကျွန်မတို့ မိဖုရားကို ဂါရဝပြုပါတယ်။”
မုကျိရွှမ်းက ပြုံးရယ်ကာ ပြောလိုက်သည်။
“အစ်မနန်ရန်။ မြောက်ပိုင်းနယ်စားမင်းသား စံအိမ်မှာ ဓလေ့ထုံးတမ်းတွေ ဒီလောက် မလိုအပ်ပါဘူး။ ကျွန်မကို အဲ့ဒီလောက် အရိုအသေပေးဖို့ မလိုအပ်ပါဘူး။”
မြောက်ပိုင်းနယ်စားမင်းသား စံအိမ်၏ အတွင်းဆောင် လူမှုရေးဆက်ဆံရေးသည် အပြင်ဆောင်ထက် ပိုမိုလွတ်လပ်သည်။ တွေ့ဆုံသည့်အခါတိုင်း ဓလေ့ထုံးတမ်းများအတိုင်း ဂါရဝပြုရန် မလိုအပ်ပေ။ ဒါက လုချန်း၏ လွှမ်းမိုးမှုကြောင့်ဖြစ်နိုင်သည်။ အတွင်းဆောင်သို့ ဝင်ရောက်သည်နှင့် မုကျိရွှမ်းတို့အတွက် ဓလေ့ထုံးတမ်း စည်းကမ်းများ သိသိသာသာ လျော့နည်းသွားသည်။
အတွင်းဆောင်တွင် မြောက်ပိုင်းနယ်စားမင်းသားသည်သာ အာဏာအရှိဆုံးဖြစ်ပြီး အခြားသူများသည် သူ၏ ဇနီးများသာ ဖြစ်ကြသည် မဟုတ်ပါလား။
ရဲလိနန်ရန်က နောက်ထပ် ဘာမှမပြောတော့ပါ။ ထို့နောက် သူမနှင့် ရှောင်ဝမ်ယောင်တို့လည်း အဆောင်အတွင်း၌ ထိုင်လိုက်ကြသည်။ အစေခံတစ်ဦးက သူတို့နှစ်ဦးအတွက် လက်ဖက်ရည် တစ်ခွက်စီ ငှဲ့ပေးလိုက်သည်။
မုကျိရွှမ်းက ပြုံး၍ပြောလိုက်သည်။
“ဒါက စံအိမ်ရဲ့ အထူးလက်ဖက်ရည်ပါ။ စမ်းသောက်ကြည့်ပါ။”
မိဖုရားက လက်ဖက်ရည် သောက်ရန်ကမ်းလှမ်းထားသောကြောင့် စမ်းသောက်ကြည့်ရန်လိုအပ်သည်။ ရဲလိနန်ရန်သည် သူမ၏ လက်ဖက်ရည်ခွက်ကို ကောက်ယူကာ ဖြည်းညှင်းစွာ သောက်လိုက်သည်။
ရဲလိနန်ရန် လက်ဖက်ရည်ခွက်ကို ကောက်ယူသည်ကို တွေ့သောအခါ ရှောင်ဝမ်ယောင်လည်း လက်ဖက်ရည်ကို သောက်ကြည့်လိုက်သည်။
ပထမအကြိမ် သောက်လိုက်သည်နှင့် သူတို့နှစ်ဦးစလုံး၏ ခန္ဓာကိုယ်များ ပိုမိုပေါ့ပါးလာသည်ကို ခံစားမိကြသည်။ ဤလက်ဖက်ရည်သည် ပင်ပန်းနွမ်းနယ်မှုနှင့် စိုးရိမ်ပူပန်မှုများကို သိသိသာသာ သက်သာစေနိုင်သည်။
ရဲလိနန်ရန်က ပြောလိုက်သည်။
“ကျေးဇူးတင်ပါတယ် မိဖုရား။ ဒီလက်ဖက်ရည်က အတော်လေး တန်ဖိုးကြီးမယ်ထင်ပါတယ်။”
ရဲလိနန်ရန်နှင့် ရှောင်ဝမ်ယောင်တို့သည် သိုင်းပညာရှင်များဖြစ်သောကြောင့် လက်ဖက်ရည်၏ အကျိုးသက်ရောက်မှုကို ချက်ချင်းသိသွားကြသည်။ ထိုလက်ဖက်ရည်ကို သောက်သုံးပြီး သိုင်းပညာလေ့ကျင့်ပါက သူတို့အတွက် အလွန်အထောက်အကူဖြစ်စေမည်။
ထိုလက်ဖက်ရည်သည် မပြောပြနိုင်လောက်အောင် တန်ဖိုးကြီးသော ရတနာတစ်ပါးဖြစ်ပြီး မိဖုရားက သူတို့ကို ထိုကဲ့သို့ လက်ဖက်ရည်ဖြင့် ဧည့်ခံမည်ဟု သူတို့မမျှော်လင့်ထားပေ။
မုကျိရွှမ်းက ပြုံးရယ်ကာ ပြန်ပြောလိုက်သည်။
“အဲ့ဒီအပင်ကို နန်းတော်ဥယျာဉ်ခြံထဲမှာ စိုက်ထားပါတယ်။ ကျွန်မတို့အတွက် တန်ဖိုးမကြီးပါဘူး။ ဒါပေမဲ့ မင်းသားက ဒီလက်ဖက်ရည်ကို သူရဲ့ဇနီးတွေနဲ့ အဖိုးတန်ဆုံး ဧည့်သည်တွေသာ သောက်သုံးခွင့်ရှိတယ်လို့ စည်းကမ်းသတ်မှတ်ထားပါတယ်။”
ရဲလိနန်ရန်က
“ဟုတ်ကဲ့” ဟု ပြန်ပြောလိုက်သည်။
မုကျိရွှမ်းက ဆက်ပြောလိုက်သည်။
“အစ်မနန်ရန် ဒီလက်ဖက်ရည်ကို ကြိုက်တယ်ဆိုရင် အစေခံတွေကို ပင်မဆောင်က အရွက်ခူးခိုင်းပြီး ကျိုသောက်နိုင်ပါတယ်။ အစ်မလဲ အခု မင်းသားရဲ့ ဇနီးတစ်ဦးဖြစ်နေပြီဆိုတော့ လွတ်လွတ်လပ်လပ် သောက်သုံးနိုင်ပါတယ်။”
ရဲလိနန်ရန်က
“ကျေးဇူးတင်ပါတယ် မိဖုရား” ဟု ပြန်ပြောလိုက်သည်။
မုကျိရွှမ်းက ဆက်ပြောသည်။
“အစ်မနန်ရန် ကြည့်ရတာ သက်သောင့်သက်သာမရှိသေးသလိုပဲ။ ဓလေ့ထုံးတမ်းတွေနဲ့ နေနေတုန်းပဲ။ အခုချိန်ကစပြီး ကျွန်မတို့အားလုံးက မိသားစုဝင်တွေပါ။ ဒီလောက် ဓလေ့ထုံးတမ်းတွေနဲ့ နေဖို့မလိုတော့ပါဘူး။”
ထို့နောက် မုကျိရွှမ်းက ရှောင်ဝမ်ယောင်ကို ကြည့်ကာ မေးလိုက်သည်။
“ယောင်ယောင်ကော စံအိမ်မှာ နေရတာ နေသားကျပြီလား။”
ရှောင်ဝမ်ယောင်သည် စားပွဲပေါ်ရှိ မုန့်များကို လှမ်းယူရန် လက်ကို ဆန့်ထုတ်လိုက်သော်လည်း မုကျိရွှမ်း၏ ခေါ်သံကိုကြားပြီးသူမ၏လက်ကို ချက်ချင်းရုတ်သိမ်းလိုက်ကာ သူမကိုယ်သူမ အမှားလုပ်မိပြီဟုလည်း ခံစားလိုက်ရသည်။
“ဟုတ်ကဲ့... ကျွန်မ နေသားကျနေပါပြီ။ ကျေးဇူးတင်ပါတယ် မိဖုရား။”
မုကျိရွှမ်းက
“ကောင်းတာပေါ့” ဟု ပြောလိုက်သည်။
ထို့နောက် သူတို့သည် လက်ဖက်ရည်နှင့် မုန့်များ စားသောက်ရင်း အိမ်ထောင်မှုဆိုင်ရာ အကြောင်းအရာများကို စကားစမြည်ပြောဆိုကြပြီး ရင်းနှီးသွားကြသည်။
သူမစိတ်ထင်နေတာလား မသေချာသော်လည်း မြောက်ပိုင်းနယ်စားမင်းသား စံအိမ်၏ အတွင်းဆောင်သည် သူမထင်ထားသည်ထက် ပိုမိုသဟဇာတဖြစ်နေသည်ဟု ရဲလိနန်ရန် ထင်မြင်မိသည်။ မုကျိရွှမ်း၏ ကလေးများနှင့် ကျောင်းညီအစ်မတို့၏ ကလေးများကို အတူတကွ ပြုစုပျိုးထောင်ကြပြီး တစ်ဦး၏ကလေးကို တစ်ဦးက ကူညီစောင့်ရှောက်ပေးကြသည်။
.......