← Chapters

အခန်း ၁၇၈-၁၈၀

Vol. 12 Ch. 178-180

အခန်း ၁၇၈-၁၈၀

Vol. 12 Ch. 178-180

အခန်း (၁၇၈)

ဘုရင်ကြီးက ဆောင်းရာသီမှာ မြောက်ပိုင်းမြို့တော်ကို တိုက်ခိုက်ဖို့ ရည်ရွယ်ထားတယ် (၂)

ထိုအချက်က ရဲလိနန်ရန်အား မြောက်ပိုင်းနယ်စားမင်းသား၏ ဆွဲဆောင်မှုကို နောက်တစ်ကြိမ် ခံစားရစေခဲ့သည်။ မောင်းမဆောင်ကို ဤမျှ သဟဇာတဖြစ်အောင် ထိန်းသိမ်းနိုင်သော ယောက်ျားက ရှားပါးသည်။ ရှနိုင်ငံတော်ကို ထည့်မတွက်လျှင်တောင် လွင်ပြင်ဒေသ မျိုးနွယ်စုများ၏ မောင်းမဆောင်များ၌ပင် လှည့်ကွက်များ ပဋိပက္ခများနှင့် ပြည့်နှက်နေသည်။

ထိုအရာက ရဲလိနန်ရန်အား သူမ၏ ကလေးဘဝကို ပြန်လည်သတိရစေခဲ့သည်။ လွင်ပြင်ဒေသ မျိုးနွယ်စုများ၏ မောင်းမဆောင်မှ အဖွဲ့ဝင်တစ်ဦးဖြစ်သော သူမ၏မိခင်သည် အခြားလွင်ပြင်ဒေသ အမျိုးသမီးများ၏ စော်ကားမှုကို မကြာခဏ ခံစားခဲ့ရသည်။

အခြားလွင်ပြင်ဒေသ မျိုးနွယ်စုဝင် အမျိုးသမီးများ၏ စော်ကားမှုကို သည်းခံရခြင်း သာမက လွင်ပြင်ဒေသ မျိုးနွယ်စု ဘုရင်၏ ရိုက်နှက်ကန်ကျောက်ခြင်းကို ခံခဲ့ရသည်။

ယခု မြောက်ပိုင်းနယ်စားမင်းသား စံအိမ်ရှိ ဇနီးမယားများ ညီညွတ်သဟဇာတဖြစ်နေသော မြင်ကွင်းက ရဲလိနန်ရန်အား ယခုအခိုက်အတန့်တွင် အချိန်များကို ရပ်တန့်စေလိုစိတ်များ ဖြစ်ပေါ်‌စေခဲ့သည်။

ရက်အနည်းငယ်ကြာပြီးနောက်။

မြောက်ပိုင်းဖရီဘုရင်၏ နန်း‌တော်။

သားမွေးအင်္ကျီဝတ်ဆင်ထားသော မုတ်ဆိတ်ရှည်ရှည်နှင့် အသက်ကြီးပိုင်း တစ်ဦးသည် ပလ္လင်ပေါ်တွင် ထိုင်နေ၏။ သူ၏အရည်ပြားပေါ်တွင်လည်း ချေးညှော်များကပ်နေ၏။

ထိုပလ္လင်ကို မြောက်ပိုင်းဖရီဘုရင်၏ စစ်သည်များက ကောင်းကင်ဝံပုလွေဘုရင် မျိုးနွယ်စု၏ ယခင်နန်းတော်မှ ယူဆောင်လာခဲ့ခြင်း ဖြစ်သည်။

ပလ္လင်ပေါ်တွင် ထိုင်နေသူမှာ မြောက်ပိုင်းဖရီဘုရင် ဖြစ်သည်။

ထိုအချိန်တွင် မြောက်ပိုင်းဖရီဘုရင်၏ မျက်နှာပုံစံက အလွန်ဆိုးရွားနေသည်။ သူသည် ဝမ်းချုပ်နေသူကဲ့သို့ ဖြစ်နေပြီး မျက်နှာက ဒေါသကြောင့် နီရဲနေသည်။ သူအလွန်ဒေါသထွက်နေပုံရသည်။

ထိုစဉ် မြောက်ပိုင်းဖရီဘုရင်က အော်ဟစ်လိုက်သည်။

“ကျုပ်က စစ်သည်တွေ အများကြီး ပေးထားတယ်။ အခုသူတို့ ရှုံးသွားတယ်။ ရှုံးတဲ့အပြင် သူတို့က ကောင်းကင်ဝံပုလွေဘုရင် မျိုးနွယ်စုတစ်ခုလုံးကို မြောက်ပိုင်းမြို့တော်ကို ရွှေ့သွားတယ်”

“ကျုပ်ကို ဘာလို့ ထင်နေကြတာလဲ။”

အစက ကောင်းကင်ဝံပုလွေဘုရင် ရှုံးနိမ့် သော သတင်းကို ကြားလိုက်ရချိန်တွင် သူအနည်းငယ် ဝမ်းသာခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ကောင်းကင်ဝံပုလွေဘုရင် မျိုးနွယ်စုကို သိမ်းပိုက်ရန် အခွင့်အရေးရလာသောကြောင့်ဖြစ်သည်။

ကောင်းကင်ဝံပုလွေဘုရင် မျိုးနွယ်စုသည် မြောက်ပိုင်းဒေသတွင် အမြဲတမ်း ကြီးစိုးနေခဲ့ပြီး သူ၏မျိုးနွယ်စုသည် ကောင်းကင်ဝံပုလွေဘုရင် မျိုးနွယ်စုနှင့် တွေ့သည့်အခါတိုင်း ရှောင်ပေးခဲ့ရသည်။ ယခု ကောင်းကင်ဝံပုလွေဘုရင် မျိုးနွယ်စု၏ ဆုံးရှုံးမှုကို မြင်ရချိန်တွင် ထိုမျိုးနွယ်စုကို သိမ်းပိုက်ပြီး မြောက်ပိုင်းဒေသတွင် အစွမ်းထက်ဆုံး လွင်ပြင်ဒေသ မျိုးနွယ်စု ဖြစ်လာရန် သူ ရည်ရွယ်ခဲ့သည်။

အဓိကကတော့ မြောက်ပိုင်းဖရီဘုရင်သည် ကောင်းကင်ဝံပုလွေဘုရင်၏ ဇနီးနှင့် ရှောင်ဝမ်ယောင်တို့ကို အမြဲတမ်း မက်မောနေခဲ့ခြင်း ဖြစ်သည်။

ထိုအလှပဆုံး အမျိုးသမီးနှစ်ဦးအကြောင်း စဉ်းစားမိသည်နှင့် မြောက်ပိုင်းဖရီဘုရင်၏ ပါးစပ်မှ သရေများ မထိန်းနိုင်အောင် ယိုစီးလာသည်။ ကောင်းကင်ဝံပုလွေဘုရင် ရှုံးနိမ့်သွားကြောင်း ကြားလိုက်ရသည်နှင့် ထိုအမျိုးသမီးနှစ်ဦးကို သူပိုင်ဆိုင်ပြီဟု မှတ်ယူထားခဲ့သည်။

သို့သော် သူ၏ စစ်သည်တော်များ ကောင်းကင်ဝံပုလွေဘုရင်၏ နန်းတော်သို့ ရောက်သွားသောအခါ ကောင်းကင်ဝံပုလွေမျိုးနွယ်စုမှ လူများ ပျောက်ကွယ်သွားပြီဖြစ်သည်။ ထို့အပြင် ရဲလိနန်ရန်နှင့် ရှောင်ဝမ်ယောင်တို့ကို တောင်ပိုင်းက ကောင်စုတ်လေးက ဖမ်းဆီးပြီး မင်းသားစံအိမ်သို့ ခေါ်ဆောင်သွားကြောင်း ကြားလိုက်ရသည်။

ထိုအလှပဆုံး အမျိုးသမီးနှစ်ဦး မင်းသားစံအိမ်တွင် ကြုံတွေ့ရမည့် အရာများကို မြောက်ပိုင်းဖရီဘုရင် ကောင်းစွာသိထားသည်။ ယောက်ျားတစ်ယောက်အနေဖြင့် ထိုအရာကို လျစ်လျှူရှူ မထားနိုင်ပါ။ ချက်ပြီးသား ဘဲငန်းက ပျံထွက်သွားသကဲ့သို့ မြောက်ပိုင်းဖရီဘုရင် ခံစားနေရပြီး အလွန်ဒေါသထွက်နေသည်။

ထိုအချိန်တွင် သူ၏လက်အောက်ငယ်သားတစ်ဦးက အကြံပြုလိုက်သည်။

“ဘုရင်ကြီး။ မြောက်ပိုင်းမြို့တော်ကို တိုက်ခိုက်ပြီး အဲ့ဒီကောင်စုတ်လေးကို ကောင်းကင်ဝံပုလွေဘုရင်ရဲ့ ဇနီးနှင့် သမီးကို လွှဲအပ်ခိုင်းလိုက်ပါ။”

ထိုစကားကို ပြောလိုက်သည်နှင့် အခြားဗိုလ်ချုပ်တစ်ဦးကလည်း ထပ်ပြောလိုက်သည်။

“ဟုတ်ပါတယ်။ အဲ့ဒီကောင်စုတ်လေးကို အမျိုးသမီးနှစ်ဦး ပြန်လွှဲအပ်ခိုင်းရုံတင် မဟုတ်ဘူး ကောင်းကင်ဝံပုလွေမျိုးနွယ်စုက လူအားလုံးကိုပါ လွှဲအပ်ခိုင်းရမယ်။”

ဗိုလ်ချုပ်၏ စကားကို ကြားလိုက်ရသောအခါ မြောက်ပိုင်းဖရီဘုရင်က အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။

“စစ်သည်သုံးသိန်း ရှုံးနိမ့်သွားပြီ။ ခင်ဗျားတို့ကက မြောက်ပိုင်းမြို့တော်ကို တိုက်ခိုက်ဖို့ ပြောနေတာလား။ ခင်ဗျားတို့ သေချင်ရင် သေလိုက်။ ကျုပ်ကတော့ မသေချင်ဘူး။”

မြောက်ပိုင်းဖရီဘုရင်သည် ကောင်းကင်ဝံပုလွေမျိုးနွယ်စုကို အပြစ်တင်နေသော်လည်း သူက လူမိုက်တော့ မဟုတ်ပါ။ မြောက်ပိုင်းမြို့တော်သည် သူတို့ လွင်ပြင်ဒေသ မျိုးနွယ်စုများအတွက် ထိပါးရန် မသင့်တော်သော နေရာဖြစ်သည်။ ယခုအချိန်တွင် မြောက်ပိုင်းမြို့တော်ကို တိုက်ခိုက်မည်ဆိုလျှင် သေခြင်းကို ဖိတ်ခေါ်နေခြင်းပင်ဖြစ်သည်။

သို့သော် ထိုအချိန်တွင် အခြားဗိုလ်ချုပ်တစ်ဦးက မတူသော အမြင်တစ်ခုကို ပြောလိုက်သည်။

“ဘုရင်ကြီး စဉ်းစားကြည့်ပါ။ မြောက်ပိုင်းမြို့တော်က အနိုင်ရခဲ့ပေမဲ့ ကောင်းကင်ဝံပုလွေဘုရင်ရဲ့ စစ်သည်သုံးသိန်းကို ဖျက်ဆီးနိုင်ဖို့ဆို သူတို့လည်း ကြီးကြီးမားမား ဆုံးရှုံးခဲ့ရမှာပါ။”

“သူတို့‌ အောင်ပွဲရခဲ့ပေမဲ့ အဲ့ဒီအောင်ပွဲဟာ စျေးကြီးပေးရတဲ့ အောင်ပွဲဖြစ်မှာပါ။ ရှနိုင်ငံတော်ကဘက်ကလည်း တန်ဖိုးကြီးကြီးပေးခဲ့ရပါတယ်။ နောက်ပြီး အခုဆို သူတို့က ကောင်းကင်ဝံပုလွေမျိုးနွယ်စုကို အနိုင်ရခဲ့တဲ့ဝမ်းသာမှုအပေါ်မှာ နှစ်‌မြောနေပါပြီ။ မြောက်ပိုင်းဒေသအပေါ် သတိလက်လွတ် ဖြစ်နေမှာပါ။ အခုအချိန်မှာ ကျွန်တော်တို့ မြောက်ပိုင်းမြို့တော်ကို ရုတ်တရက် တိုက်ခိုက်လိုက်မယ်ဆိုရင် သူတို့ လှည့်ကွက်‌ တွေဆင်ဖို့ အချိန်မရှိတော့ပါဘူး။”

လွင်ပြင်ဒေသ ဗိုလ်ချုပ်၏ အဆိုကို စဉ်းစားလိုက်သောအခါ ထိုအဆိုက အဓိပ္ပာယ်ရှိသည်ဟု မြောက်ပိုင်းဖရီဘုရင်သည် ခံစားလိုက်ရသည်။

ကောင်းကင်ဝံပုလွေဘုရင်သည် စစ်သည်သုံးသိန်းဖြင့် မြောက်ပိုင်းမြို့တော်ကို တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ ရှနိုင်ငံတော်အနေဖြင့်ဆုံးရှုံးမှုမရှိပဲ နေလိမ့်မည် မဟုတ်ပါ။

ရှနိုင်ငံတော်သည်လည်း စစ်သည်များစွာကို ဆုံးရှုံးခဲ့ရမည်ဖြစ်သည်။ ယခုလို အချိန်တွင် သူတို့သည် စစ်သည်များစုဆောင်းကာ ရုတ်တရက် မြောက်ပိုင်းမြို့တော်ကို တိုက်ခိုက်ပါက ရှနိုင်ငံတော်၏ စစ်တပ်သည် မြောက်ပိုင်းမြို့တော်သို့ ချက်ချင်းကူညီရန် မဖြစ်နိုင်ပေ။

သို့သော် အမှန်အတိုင်း ပြောရလျှင်‌တော့ သူတို့သည် ကောင်းကင်ဝံပုလွေဘုရင်အား စစ်သည်သောင်းချီပေးခဲ့သဖြင့် ယခုအချိန်တွင် သူတို့၏ မျိုးနွယ်စု၌ စစ်မှုထမ်းနိုင်သော စစ်သည်များ မရှိသလောက် ဖြစ်နေသည်။

မြောက်ပိုင်းဖရီဘုရင်၏ မျိုးနွယ်စုမှ စစ်သည်များအားလုံးကို စုစည်းပါက ခန့်မှန်းခြေအားဖြင့် စစ်သည်သောင်းဂဏန်းခန့်သာ ရှိနိုင်သည်။

မြောက်ပိုင်းဖရီဘုရင်က ကြာမြင့်စွာ တွေးတောပြီးနောက် ပြောလိုက်သည်။

“လက်ရှိ ကျုပ်တို့မှာ စစ်သည်သောင်းဂဏန်းလောက်ပဲ ရှိတယ်။ အခုချိန် စစ်သည်‌တွေစေလွှတ်ရင် အကျိုးနည်းမယ်။ ချက်ချင်း အမိန့်ထုတ်ပြန်လိုက်ပါ။ မျိုးနွယ်စုငယ်တွေက စစ်သည်တွေကို စုဆောင်းခိုင်းပါ။ နှစ်လကြာရင် မြောက်ပိုင်းမြို့တော်ကို တိုက်ခိုက်မယ်။”

ထိုအချိန်တွင် ဗိုလ်ချုပ်တစ်ဦးက

“ဘုရင်ကြီး။ နှစ်လကြာရင် ဆောင်းရာသီထဲ လုံးဝ ရောက်သွားမှာ ဖြစ်ပါတယ်။ ဆောင်းတွင်းကြီးမှာ တပ်တွေကို တောင်ဘက် ချီတက်ခိုင်းရင် ကျွန်တော်တို့အတွက် မကောင်းနိုင်ပါဘူး။”

ဟု ပြောလိုက်သည်။

များသောအားဖြင့် လွင်ပြင်ဒေသမျိုးနွယ်စုများသည် ဆောင်းရာသီ မဝင်မီ တောင်ဘက်သို့ ဝင်ရောက်တိုက်ခိုက်လေ့ရှိသည်။ အဓိကအားဖြင့် ဆောင်းရာသီအတွက် စားနပ်ရိက္ခာများ စုဆောင်းပြင်ဆင်ရန်ဖြစ်သည်။

ဆောင်းရာသီအတွင်း ရှနိုင်ငံတော်ကို တိုက်ခိုက်သည်က ရှားသည်။

ဆောင်းရာသီရောက်ရှိလာပါက ပြင်းထန်သော နှင်းမုန်တိုင်းများက လွင်ပြင်ဒေသကို တိုက်ခတ်တတ်သည်။ ချမ်းအေးသော ရာသီဥတုက တစ်ခုတည်းသော ပြဿနာမဟုတ်ပါ။ လွင်ပြင်ဒေသတွင် လမ်းပျောက်လွယ်ခြင်းသည်လည်း အခြားပြဿနာတစ်ခုဖြစ်သည်။ ထိုဒေသတွင် တစ်နှစ်ပတ်လုံး နေထိုင်သော လွင်ပြင်ဒေသ လူမျိုးများအတွက်ပင် ပြင်းထန်သော ဆောင်းရာသီမှာ စိန်ခေါ်မှုတစ်ရပ်ဖြစ်သည်။

ဆောင်းရာသီအတွင်း တောင်ဘက်သို့ ချီတက်ခြင်းသည် မကောင်းသော ရွေးချယ်မှုတစ်ခုဟု ဆိုနိုင်သည်။

မြောက်ပိုင်းဖရီဘုရင်က မတုန်မလှုပ်ဖြင့် ပြောလိုက်သည်။

“ကျုပ်က ဆောင်းရာသီအတွင်းမှာ မြောက်ပိုင်းမြို့တော်ကို တိုက်ခိုက်ဖို့ ရည်ရွယ်ထားတယ်။ ရှနိုင်ငံတော်နှင့် မြောက်ပိုင်းမြို့တော်က ကောင်းစုတ်လေးက ဆောင်းတွင်းမှာ ကျုပ်တို့ တောင်ဘက်ချီတက်လာမယ်လို့ထင်မှာမဟုတ်ဘူး။ အဲ့ဒီအချိန် ကျုပ်တို့က တောင်ဘက်ကို ချီတက်ရင် သူတို့ ဘာမှမပြင်ဆင်နိုင်ပဲ အငိုက်မိသွားလိမ့်မယ်။”

“နောက်ပြီး ရှနိုင်ငံတော် နန်းတွင်းကလည်း မြောက်ပိုင်းမြို့တော်ကို အချိန်မီ ကူညီနိုင်မှာ မဟုတ်ဘူး။ အဲ့ဒါဆိုရင် မြောက်ပိုင်းမြို့တော်ကို သိမ်းပိုက်တာက ကျုပ်တို့အတွက် လွယ်ကူတဲ့ အလုပ်ဖြစ်လာမယ်။”

“ခင်ဗျားတို့ကို ပြောရရင်တော့ ကောင်းကင်ဝံပုလွေဘုရင်က အရူးတစ်ယောက်ပဲ။ နှစ်တိုင်း မြောက်ပိုင်းမြို့တော်ကို ‌အစောကြီး တိုက်ခိုက်ဖို့ပဲ တွေးနေတယ်။ ရှနိုင်ငံတော်လူ တွေက နှစ်တိုင်း ‌ဒီအချိန်မှာ တိုက်ခိုက်ခံရမယ်ဆိုတာကို သိထားတော့ ပြင်ဆင်ထားကြတာဖြစ်မယ်။ သူတို့တပ်တစ်တပ်လုံး အဖျက်ဆီး ခံရတာ အံ့ဩစရာ မဟုတ်ဘူး။ ကျုပ်ကတော့ သူ့ခြေရာကို လိုက်နင်းမှာ မဟုတ်ဘူး။”

မြောက်ပိုင်းဖရီဘုရင်က ထိုသို့ပြောလာသောအခါ သူ၏ စစ်ဗိုလ်ချုပ်များလည်း တိတ်ဆိတ်စွာနေရုံသာ တတ်နိုင်တော့သည်။

ရက်အနည်းငယ်ကြာပြီးနောက်။ မြောက်ပိုင်းနယ်စားမင်းသားစံအိမ်။

ယနေ့တွင် မြောက်ပိုင်းနယ်စားမင်းသားစံအိမ်တွင် မီးပုံးများဖြင့် အလှဆင်ထားပြီး စံအိမ်တစ်ခုလုံး ထိန်လင်းနေသည်။ မြောက်ပိုင်းနယ်စားမင်းသား မောင်းမထပ်ယူတော့မည်ဟု ကြားသိရသောအခါ မြောက်ပိုင်းမြို့တော်မှ ချမ်းသာကြွယ်ဝသူများစွာက မြောက်ပိုင်းနယ်စားမင်းသား၏ စံအိမ်သို့ သွားရောက် ဂုဏ်ပြုကြသည်။

လူအများစုက မြောက်ပိုင်းနယ်စားမင်းသားရဲလိနန်ရန်နှင့် ရှောင်ဝမ်ယောင်တို့ကို လက်ထပ်တော့မည်ကို သိထားပြီးဖြစ်သည်။ အချို့က မြောက်ပိုင်းနယ်စားမင်းသားသည် ရှနိုင်ငံတော်မှ လူများအတွက် လက်စားချေနေသည်ဟု ထင်ကြသည်။ အဘယ်ကြောင့်ဆိုသော် အမြဲတမ်းလိုလို လွင်ပြင်ဒေသမျိုးနွယ်စုများသည် ရှနိုင်ငံတော်မှ အမျိုးသမီးများကို သိမ်းယူလေ့ရှိသောကြောင့်ဖြစ်သည်။ အခု နောက်ဆုံးတွင် ရှနိုင်ငံတော်လူများသည် လွင်ပြင်ဒေသမျိုးနွယ်စုမှ အမျိုးသမီးများကို သိမ်းယူရန် အလှည့်ရောက်လာခဲ့သည်။

သို့သော် တစ်ချို့ကတော့ မြောက်ပိုင်းနယ်စားမင်းသားသည် တော်ဝင်မိသားစုကို အရှက်ရစေနေသည်ဟု ထင်ကြသည်။ အဘယ်ကြောင့်ဆိုသော် သူသည် မင်းသားတစ်ဦးဖြစ်ပြီး လွင်ပြင်ဒေသအမျိုးသမီးနှစ်ဦးကို လက်ထပ်ခြင်းက မလျော်ကန်ပေ။ ဒါက ဓလေ့ထုံးတမ်းများနှင့် လုံးဝမကိုက်ညီပါ။

ထိုမင်္ဂလာဆောင်ကို မုကျိရွှမ်းက ကိုယ်တိုင်စီမံခဲ့သည်။ စားသောက်ပွဲ ပြီးသွားသောအခါ လုချန်းက ပထမဦးစွာ ရဲလိနန်ရန်၏ အခန်းသို့ သွားရောက်ခဲ့သည်။

ရဲလိနန်ရန်သည် အနီရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး အိပ်ရာအနားတွင် တိတ်ဆိတ်စွာထိုင်နေသည်။ မင်္ဂလာဆောင်မျက်နှာဖုံး ပဝါကို သူမ မဝတ်ဆင်ထားပေ။

သူမသည် အခန်းတွင်းရှိ အလှဆင်ထားမှုများကို လှည့်ပတ်ကြည့်ရှုရင်း အိပ်မက်ထဲ ရောက်နေသလို ခံစားမိသည်။ တစ်ချိန်တွင် သူမအတွက် ယခုလို မင်္ဂလာဆောင်တစ်ခု ရှိလာမည်ဟု ဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့ပေ။ ငယ်စဉ်ကတည်းက သူမသည် သူမ၏မိခင်ထံမှ ရှနိုင်ငံတော်မှ လူများ၏ မင်္ဂလာဆောင်များအကြောင်းကို ကြားဖူးပြီး စိတ်ကူးယဉ် ခဲ့ဖူးသည်။ သို့သော် ဒါကစိတ်ကူးယဉ် အိပ်မက်တစ်ခုသာဖြစ်ပြီး လက်တွေ့တွင် ဖြစ်လာနိုင်ခြေ မရှိသလောက်ဖြစ်သည်ကို သူမကောင်းစွာ သိထားသည်။

သူမမျှော်လင့်မထားသည်မှာ နောက်ဆုံးတွင် သူမအိပ်မက်မက်ခဲ့သော မင်္ဂလာဆောင်ကို ရရှိသွားခြင်းဖြစ်သည်။

ညင်သာသော အသံဖြင့် ရဲလိနန်ရန် ရေရွတ်လိုက်သည်။

“ဒါဟာ တကယ်ပဲ အိပ်မက်မဟုတ်ဘူးလား။”

ရဲလိနန်ရန် ပြောပြီးသည်နှင့်တစ်ပြိုင်နက် လုချန်းသည် တံခါးကိုတွန်းဖွင့်ကာ အခန်းထဲသို့ဝင်လာပြီး

“ဒါက အိပ်မက်မဟုတ်ပါဘူး”

ဟု ပြုံးရင်း ပြောလိုက်သည်။

လုချန်းဝင်လာသည်ကို မြင်လိုက်ရသည်နှင့် ရဲလိနန်ရန်၏ မျက်နှာနီရဲလာသည်။ လုချန်းသည် ချက်ချင်းပင် အိပ်ရာဘေးသို့ ရောက်လာပြီး ရဲလိနန်ရန်၏ နူးညံ့သောကိုယ်ကို ပွေ့ဖက်လိုက်သည်။ သို့သော် နောက်တစ်ဆင့်ကို ချက်ချင်းမတက်သေးပေ။

လုချန်းသည် မနေ့ညက ရဲလိနန်ရန်နှင့်အတူ ညအိပ်ခဲ့ပြီး သူမနှင့် စွမ်းအားကုန်သည်အထိ မနေမနား လုပ်ဆောင်ခဲသဖြင့် လောလောဆယ်တွင် ထိုသို့ လုပ်ဆောင်ရန်အတွက် စိတ်မပါသေးပေ။

ရဲလိနန်ရန်ကို ပွေ့ဖက်ထားရင်း လုချန်းက “နန်ရန်။ အခုချိန်ကစပြီး မင်းဟာ ကိုယ်ရဲ့အမျိုးသမီးဖြစ်လာပြီ။ ကိုယ့်အတွက် ကလေးတွေ မွေးဖွားပေးရမယ်” ဟု ပြုံးရင်း ပြောလိုက်သည်။

ထိုစကားကို ကြားလိုက်ရပြီး ရဲလိနန်ရန်က

“အင်း။ ဒါဟာ ကျွန်မရဲ့တာဝန်ပါ”

ဟု အနည်းငယ်ရှက်ရွံ့စွာဖြင့် ပြန်ပြောလိုက်သည်။

သူမထက် အသက်ဆယ်နှစ်ကျော်ငယ်သော ထိုလူကို ပွေ့ဖက်ရခြင်းက ရဲလိနန်ရန်အတွက် ထူးဆန်းနေဆဲဖြစ်သည်။ သူတို့လက်ထပ်ပြီးသွားပြီဖြစ်သော်လည်း သူမအတွက် ထူးဆန်းနေဆဲပင်။

ထိုအချိန်တွင် ရဲလိနန်ရန်က

“မင်းသား။ မနေ့ညက ကျွန်မနဲ့အတူနေခဲ့တာဆိုတော့ ဒီည ယောင်ယောင်နဲ့အတူနေပါလား” ဟု အကြံပြုလိုက်သည်။

.........

အခန်း (၁၇၉)

ရှောင်ဝမ်ယောင်၏ အစီအစဉ် အောင်မြင်ခြင်း (၁)

မျက်နှာနီရဲနေသော ရဲလိနန်ရန်၏ အလှအပကို မြင်လိုက်ရပြီး လုချန်း သူမကို နှောင့်ယှက်လိုစိတ်များ ရုတ်တရက်ပေါ်ပေါက်လာ၏။ သူက ရဲလိနန်ရန်၏ မျက်လုံးများကို စိုက်ကြည့်ပြီး

“နန်ရန်။ ဘာကိုဆိုလိုတာလဲ။ ဒီနေ့ဟာ ကိုယ်တို့ရဲ့ မင်္ဂလာဆောင်နေ့ပဲ။ ကိုယ့်ကို မောင်းထုတ်ဖို့ ကြိုးစားနေတာလား။” ဟု ပြုံး၍မေးလိုက်သည်။

လုချန်း၏အသံကို သူမ၏ နားထဲတွင် ကြားလိုက်ရပြီးနောက် ရဲလိနန်ရန်၏ စိတ်များ အနည်းငယ် မငြိမ်မသက်ဖြစ်လာသည်။ သူမက ခပ်မြန်မြန် ပြန်ပြောလိုက်သည်။

“မင်းသား။ ကျွန်မ ဒီလိုမဆိုလိုပါဘူး။ ဒါပေမဲ့…”

မနေ့ညက တစ်ညလုံး အလုပ်များနေခဲ့သဖြင့် ယနေ့ည ဒီနေရာမှာ ဆက်နေဖို့ မသင့်ဟု ရဲလိနန်ရန် ပြောလိုသော်လည်း သူမသည် ထိုစကားကို ပြောရန် မဝံ့မရဲဖြစ်နေသည်။

ရဲလိနန်ရန်၏ မျက်နှာနီရဲနေပြီး ရှက်ရွံ့နေသော အမူအရာကို မြင်လိုက်ရတော့ လုချန်း၏ အစက တည်ငြိမ်‌နေသော နှလုံးသားက ရုတ်တရက် လှိုင်းထလာသည်။

ထို့နောက် သူမ၏လက်မောင်းကို ပိုမိုတင်းကျပ်စွာ ဆုပ်ကိုင်လိုက်ပြီး ရဲလိနန်ရန်နားတိုးကပ်ကာ ပွေ့ဖက်လိုက်သည်။ ထို့‌နောက် နားနားကပ်၍ တီးတိုးစကားများပြောဆိုလာ၏။ သူ၏ဖြားယောင်းသွေးဆောင်မှုအောက်တွင် သူမအလွန်မသက်မသာ ဖြစ်မိသည်။

သို့သော် ရဲလိနန်ရန်က ဇွဲမလျှော့ဘဲ ဆက်ပြောလိုက်သည်။

“မင်းသား။ ကျွန်မက မင်းသားရဲ့ မျက်နှာသာပေးမှုကို ရပြီးပြီ။ ဒါပေမဲ့ ယောင်ယောင်က မရ‌‌သေးဘူး။ သူက မင်းသားကို လက်ထပ်ပြီးပြီ။ မင်းသားကို သူက ပြုစုစောင်ရှောက်ဖို့ စောင့်နေမှာပါ။”

ထိုစကားကို ကြားလိုက်ရပြီး လုချန်းက အနည်းငယ်ပြုံးလိုက်ကာ ပြောလိုက်သည်။

“စိတ်မပူပါနဲ့။ ကိုယ်ဒီမှာ ခဏလောက်ထိုင်ပြီးရင် သွားမှာပါ။”

လုချန်း၏စကားကို ကြားလိုက်ရပြီး ရဲလိနန်ရန် နောက်ဆုံးတွင် သက်ပြင်းချနိုင်လိုက်သည်။ လုချန်း မနက်ကမှ သူမ၏အခန်းမှ ထွက်ခွာသွားခဲ့ခြင်းဖြစ်သည်။ အခု သူပြန်လာပါက နောက်နေ့သူမမည်သို့ခံစားရမည်ကို မတွေးဝံ့ပါ။

ထိုအချိန်တွင် လုချန်းက ဆက်မေးလိုက်သည်။

“နန်ရန်။ ဒီနေ့ ပြင်ဆင်ပေးထားတဲ့ မင်္ဂလာဆောင်ကို ဘယ်လိုထင်လဲ။ မင်းစိတ်ကူးထားတဲ့ မင်္ဂလာဆောင်နဲ့ ကိုက်ညီရဲ့လား။”

ရဲလိနန်ရန်က ပြန်ပြောသည်။

“ ကျွန်မလို အကျဉ်းသားတစ်ယောက်ကို ဒီလောက်ကောင်းကောင်းဆက်ဆံတဲ့အတွက် ကျေးဇူးတင်ပါတယ် မင်းသား။။ ကျွန်မ မင်းသားအတွက် သားသမီးတွေ တကယ်မွေးဖွားပေးမှာပါ။ မင်းသားကို ကျေးဇူးဆပ်ဖို့အတွက်ပါ။”

ရဲလိနန်ရန်၏ စကားကို ကြားလိုက်ရသောအခါ လုချန်းသည် အလွန်ကျေနပ်သွားသည်။ နောက်ဆုံးတော့ သိုင်းပညာရှင်တစ်ယောက်က နားလည်သွားပြီဖြစ်သည်။ သူက သူမ၏ တင်ပါးကို ညင်သာစွာ ပုတ်လိုက်ကာ ပြောလိုက်၏။

“နန်ရန်က ဟိုအနီးနား အဆောင်က မကောင်းတဲ့မိန်းမထက် ပိုနားလည်မှုရှိတယ်။ သူက ငါ့ကိုယ့်ဆီက ချစ်ခြင်းမေတ္တာတွေ အများကြီး လိမ်လည်ယူသွားပြီး ဒီနေ့အထိ ကလေး မရသေးဘူး။”

လုချန်း ရည်ညွှန်းနေသည့် “မကောင်းတဲ့မိန်းမ” ဆိုသည်မှာ ဝမ်ချင်းစီပင် ဖြစ်သည်။ လုချန်းသည် သူမ၏အခန်းမှ ထွက်ခွာသွားတိုင်း လုချန်း၏ ကလေးကိုမရ စေရန် သူမ၏ ခန္ဓာကိုယ်ထဲမှ အညစ်အကြေးများကို မြန်မြန်ဆန်ဆန် ဖယ်ရှားလေ့ရှိသည်။

လုချန်းအတွက် အမျိုးသမီး သိုင်းပညာရှင်များကို ကိုယ်ဝန်ဆောင်စေရန်မှာ အမြဲတမ်း စိန်ခေါ်မှုတစ်ရပ် ဖြစ်သည်။ အမျိုးသမီး သိုင်းပညာရှင်များ ကိုယ်ဝန်ရရန် ခက်ခဲသည့်ကိစ္စကို ဘေးဖယ်ထားလိုက်လျှင်‌တောင် ပိုကြီးမားသော ပြဿနာမှာ အမျိုးသမီး သိုင်းပညာရှင်များသည် ကိုယ်ဝန်မရစေရန် အလွယ်တကူ ကာကွယ်နိုင်ခြင်း ဖြစ်သည်။ ဝမ်ချင်းစီနှင့် ပိုင်ချင်းချင်းတို့က ဥပမာ ဖြစ်သည်။ သူတို့ လုချန်း၏ ကလေးကို မယူလိုပါက လုချန်း၏ ကြိုးစားအားထုတ်မှုများက အသုံးမဝင်ပါ။

မင်းသားတစ်ယောက်အနေဖြင့် သူတို့ကို ကိုယ်ဝန်ဆောင်ရန် အမိန့်ပေးဖို့ကလည်း မဖြစ်နိုင်ပါ။ အကယ်၍ သူထိုသို့လုပ်မည်ဆိုပါကလည်း အဓိပ္ပာယ်မရှိပါ။

သိုင်းပညာရှင်များသည် သဘာဝအားဖြင့် ကိုယ်ဝန်ရရန် ခက်ခဲသောကြောင့် သူတို့သည် ထိုသို့ဖြစ်ရခြင်းမှာ သူတို့၏ ခန္ဓာကိုယ်ကြောင့်ဟု အလွယ်တကူ ပြောနိုင်သည်။ ထိုအခါ လုချန်းလည်း ထိုအကြောင်းပြချက် မှန်လား မှားလားဆိုသည်ကို မသေချာနိုင်ပေ။

အကယ်၍ အမျိုးသမီး သိုင်းပညာရှင်များသာ ရဲလိနန်ရန်လို အသိစိတ်ရှိပြီး လုချန်းအတွက် ကလေးမွေးဖွားရန် တက်တက်ကြွကြွ လုပ်ဆောင်ပါက ပြဿနာ တစ်ဝက်လျော့သွားမည် ဖြစ်သည်။

လုချန်း၏ စကားကို ကြားလိုက်ရသောအခါ ရဲလိနန်ရန်၏ မျက်နှာသည် အနည်းငယ် ပူလာသည်။ အသက်သုံးဆယ်ကျော်အရွယ် အမျိုးသမီးတစ်ယောက်အနေနှင့် ငယ်ရွယ်သော ယောက်ျားတစ်ယောက်၏ လက်ထဲတွင် ရှိနေပြီး“ကိုယ့်ရဲ့ နန်ရန်” ဟု အခေါ်ခံရခြင်းက အလွန်ရှက်ဖွယ်ကောင်းသည်။

ထို့နောက် သူတို့နှစ်ဦးသည် ပွေ့ဖက်ထားကြကာ လွင်ပြင်ဒေသ မျိုးနွယ်စုများ မြောက်ပိုင်းမြို့တော်သို့ ရွှေ့ပြောင်းလာခြင်းအကြောင်းများကို ပြောဆိုနေကြသည်။ လုချန်းသည် တစ်လျှောက်လုံး စိတ်အားထက်သန်နေသော်လည်း သူသည် သူမနှင့်နောက်ထပ် အဆင့်တစ်ခုသို့ မတက်သွားပေ။

ထိုအတောအတွင်း။ ဘေးခန်းထဲတွင်။

အနီရောင် မင်္ဂလာဆောင်ဝတ်စုံကို ဝတ်ဆင်ထားသော ရှောင်ဝမ်ယောင်သည် အိပ်ရာ၏အစွန်းတွင် ထိုင်နေပြီး ဘေးခန်းမှ အသံကို နားစွင့်နေသည်။

ရှောင်ဝမ်ယောင် စိတ်ရှုပ်ထွေးနေသည်။ ခုနက အပြင်ဘက်ရှိ အစေခံ မိန်းမထံမှ

“ဂါရဝပြုပါတယ် မင်းသား”

ဟူသော အသံကို ရှင်းရှင်းလင်းလင်း ကြားလိုက်ရသည်။ ထိုအသံသည် လုချန်း ရောက်ရှိလာပြီး ရဲလိနန်ရန်၏ အခန်းသို့ ဝင်သွားသည်ကို ညွှန်ပြနေသည်။

သို့သော် အချိန်အတော်ကြာပြီးနောက်မှာ ဘာလို့အသံတွေ မထွက်လာသေးတာလဲ။ ဒါက ပုံမှန်မဟုတ်ပါ။

ဟိုအရင်ကဆိုရင်…

ဟိုအရင်က ကိစ္စကို မေ့ထားလိုက်ပါ။ မနေ့ညပင် လုချန်း ရဲလိနန်ရန်၏ အခန်းသို့ သွားခဲ့ပြီး ဆူညံသံများ အတော်လေး ထွက်ခဲ့သည်။

ထူးဆန်းသည်…

ရဲလိနန်ရန်က လုချန်းကို အရှုံးပေးလိုက်ပြီလား။

ရဲလိနန်ရန်၏ လွှမ်းမိုးမှုကြောင့် ရှောင်ဝမ်ယောင်တွင် တစ်မူထူးခြားသော အတွေးအခေါ်တစ်မျိုး ဖြစ်လာခဲ့သည်။ ရဲလိနန်ရန်၏ အသံကို ကြားလိုက်တိုင်း ရဲလိနန်ရန်က လုချန်းကို အနိုင်ရပြီး ဝမ်းမြောက်ဝမ်းသာ အောင်ပွဲခံနေသည်ဟု သူမယုံကြည်ခဲ့သည်။

အခု အသံတွေ မထွက်လာတော့ ရဲလိနန်ရန်က လုချန်းကို အရှုံးပေးလိုက်တဲ့ သဘောလား။

အခု ရဲလိနန်ရန် ညှဉ်းပန်းနှိပ်စက် ခံနေရပြီလား။ ထိုအတွေးက ရှောင်ဝမ်ယောင်ကို တုန်လှုပ်စေသည်။

တကယ်တော့ သူမသည် အဆင့်ခြောက် သိုင်းပညာရှင်တစ်ယောက်‌ ဖြစ်သည်ဟုတွေးရင်း ရှောင်ဝမ်ယောင် သူမကိုယ်သူမ ဖြေသိမ့်လိုက်သည်။ ထိပ်သီးပညာရှင်ဖြစ် နေလျှင်တောင် လူသားတစ်‌ယောက်ဖြစ်နေသရွေ့ အားနည်းချက်များ ရှိသည်။ လုချန်းတွင်လည်း အားနည်းချက်များ ရှိသည်။ ရဲလိနန်ရန်သည် လုချန်း၏ အားနည်းချက်ကို အောင်မြင်စွာ ထောင်ချောက်ဆင်နိုင်ခဲ့သည်။ သူမလည်း ထိုသို့ပင် လုပ်နိုင်မည် ဖြစ်သည်။

နောက်ပိုင်းတွင် လုချန်း သူမ၏ အခန်းသို့ ဝင်ရောက်လာပါက သူမလည်း ရဲလိနန်ရန်လုပ်ခဲ့သည့်အတိုင်း လုချန်းကို ထောင်ချောက်ဆင်ပြီး သူမ၏ စွမ်းအားကို ပြသမည် ဖြစ်သည်။

စိတ်လှုပ်ရှားမှုကြောင့် အချိန်မည်မျှကြာသွားမှန်း မသိပါ။ နောက်ဆုံးတွင် ရှောင်ဝမ်ယောင်၏ တံခါးဝမှ အစေခံမိန်းမ၏ အသံကို ကြားလိုက်ရသည်။

“ဂါရဝ ပြုပါတယ် မင်းသား။”

ခဏအကြာတွင် တံခါးကို တွန်းဖွင့်လိုက်ပြီး လုချန်းသည် အခန်းထဲသို့ ဝင်လာသည်။

ချောမောလှပသော လုချန်းကို မြင်လိုက်ရသောအခါ ရှောင်ဝမ်ယောင်၏ နှလုံးခုန်နှုန်း မြန်ဆန်လာပြီး စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်လာကာ အသက်ရှူရသည်ပင် ခက်ခဲလာသည်ဟု ခံစားရသည်။

ရှောင်ဝမ်ယောင်က ချက်ချင်းပင် အသက်ပြင်းပြင်း ရှူလိုက်သည်။

အေးဆေးပါ၊ အေးဆေးပါ။

စိတ်ငြိမ်အောင် နေ။ စိတ်ငြိမ်အောင် နေရမယ်။

အစ်မနန်ရန်က သူ့ကို ထောင်ချောက်ဆင်နိုင်ခဲ့တယ်။ ငါလည်း လုပ်နိုင်ရမယ်။

........

အခန်း (၁၈၀)

ရှောင်ဝမ်ယောင်၏ အစီအစဉ် အောင်မြင်ခြင်း (၂)

ရဲလိနန်ရန် အကြံပြုထားသည့် နည်းလမ်းကို အသုံးပြုပါက အချိန်တန်လျှင် မြောက်ပိုင်းနယ်စားမင်းသား၏ စွမ်းအားသည်ပင်

အသုံးမဝင်တော့ဟု ရှောင်ဝမ်ယောင် တွေးလိုက်သည်။

ထိုအတွေးနှင့်အတူ ရှောင်ဝမ်ယောင် အနည်းငယ် စိတ်သက်သာရာရလိုက်သည်။ ထို့နောက် သူမက တုန်တုန်ယင်ယင်ဖြင့် စကားစပြောလိုက်သည်။

“မင်းသား… မင်းသား ရောက်လာပြီလား။”

ယခင်ကထက် စိတ်ပိုတည်ငြိမ်လာသော်လည်း ရှောင်ဝမ်ယောင်၏ နှလုံးက တုန်နေဆဲဖြစ်သည်။

ရှောင်ဝမ်ယောင်၏ မျက်နှာနီရဲနေသည်ကို မြင်လိုက်ရပြီး လုချန်းသည် ပြုံး၍ ပြောလိုက်သည်။

“ယောင်ယောင်။ ကိုယ်ကြားတာက လွင်ပြင်ဒေသက အမျိုးသမီးတွေဟာ ရဲရင့်တယ်တဲ့။ မင်းက ကိုယ့်ကိုမြင်ရင် ဘာလို့ ဒီလောက်တုန်နေရတာလဲ။ ကိုယ်ကမင်းကို ဝါးစားမယ်လို့ ထင်နေတာလား။”

ရှောင်ဝမ်ယောင်သည် ချက်ချင်းငြင်းလိုက်သည်။

“မင်းသား… မင်းသား။ ကျွန်မ… ကျွန်မ မတုန်ပါဘူး။”

လုချန်းသည် ပြုံးရယ်လိုက်ပြီး ချက်ချင်း အိပ်ရာဘေးသို့ လျှောက်သွားလိုက်သည်။

လုချန်း ရုတ်တရက် နီးကပ်လာသည်ကို မြင်လိုက်ရပြီး ရှောင်ဝမ်ယောင်၏ နှလုံးခုန်သံ များ ပြန်မြန်လာသည်။ သူမ၏ခန္ဓာကိုယ်သည် ထိုနေရာမှ ထွက်ပြေးလိုသော်လည်း သူမ လှုပ်ရှားတော့မည့် အချိန်တွင် လုချန်း၏ သန်မာသောလက်မောင်းများက သူမကို ပွေ့ဖက်လိုက်သည်။

ခဏအတွင်းတွင် ရှောင်ဝမ်ယောင်သည် ထူးခြားသော ယောက်ျားအနံ့ကို ရှူမိလိုက်သည်။ ထူးဆန်းသော်လည်း သူမအတွက် အလွန်မွှေးကြိုင်ပြီး စိတ်ကျေနပ်ဖွယ်ဖြစ်သည်။

မသိစိတ်တွင် သူမ၏ခန္ဓာကိုယ်က လုချန်းနှင့် ပိုမိုနီးကပ်လိုသည်။

ထိုအချိန်တွင် ရှောင်ဝမ်ယောင်က မေးလိုက်သည်။

“မင်းသား… မင်းသား၊ မင်းသား… အစ်မနန်ရန်ကို သွားကြည့်ခဲ့လား။”

လုချန်းက ပြန်ပြောလိုက်သည်။

“ကိုယ်သူ့ဆီကနေ ပြန်လာတာလေ။ ဘာလို့လဲ။ ကိုယ်မင်းဆီကို အရင်မလာခဲ့လို့ မကျေမနပ်ဖြစ်နေလား။”

ရှောင်ဝမ်ယောင်က မြန်မြန်ပြောလိုက်သည်။ “ကျွန်မ… ကျွန်မ မကျေမနပ် ဖြစ်နေတာ မဟုတ်ပါဘူး။”

ရှောင်ဝမ်ယောင်သည် လုချန်းလုပ်သမျှကို မကျေနပ်ကြောင်း ပြော၍မရကြောင်း နားလည်သည်။ သူမသည် ယခုအခါတွင် လုချန်းနှင့် လက်ထပ်ထားသော်လည်းသူ၏အကျဉ်းသားဖြစ်နေဆဲဖြစ်ပြီး မြောက်ပိုင်းနယ်စားမင်းသား၏ အမျိုးသမီး အစေခံဖြစ်နေဆဲပင် ဖြစ်သည်။

သူမသည် နှိမ့်ချစွာနေထိုင်မှသာ မြောက်ပိုင်းနယ်စားမင်းသား စံအိမ်တွင် ပိုမိုကောင်းစွာ အသက်ရှင်နိုင်မည်။ ထိုအချက်က ရဲလိနန်ရန် သူမကို သတိပေးခဲ့သည့် အချက်ဖြစ်ပြီးရှောင်ဝမ်ယောင် ထိုအချက်ကို အမြဲသတိရနေသည်။

ထိုအချိန်တွင် လုချန်းက ရှောင်ဝမ်ယောင်ကို ပွေ့ဖက်ထားပြီး ရယ်မော ‌လိုက်သည်။

“နန်ရန်နဲ့ မင်းက တော်တော်ကွာတယ်။ မင်းရဲ့ကြွက်သားတွေက ပိုဖွံ့ဖြိုးတယ်။ မင်းက ပိုသန်မာတယ်။”

ရဲလိနန်ရန်သည် အဆင့်ကိုး သိုင်းပညာရှင်ဖြစ်သော်လည်း သူမလေ့ကျင့်သော သိုင်းပညာကြောင့် သူမ၏ခန္ဓာကိုယ်တွင် ကြွက်သားများစွာ မရှိပေ။ သူမ၏ ခန္ဓာကိုယ်သည် အဆီများဖြင့် အဓိကဖုံးလွှမ်းထားပြီး ထိုအဆီများက ညီမျှစွာ ဖြန့်ကျက်ထားသည်။

ခန္ဓာကိုယ်အဆီများ ညီမျှစွာ ဖြန့်ကျက်ထားခြင်းသည် အမျိုးသမီးတစ်ဦးအတွက် ကြီးမားသောအားသာချက်ရှိသည်။ ထိုအရာက အလှအပကို ထိန်းသိမ်းပေးထားပြီး သူမကို ဝနေလျှင်တောင် ဝနေပုံ မပေါ်ပါ။ ခန္ဓာကိုယ်တစ်ခုလုံးကို ပွေ့ဖက်ရန် ကောင်းစေကာ အဆီသည် ကောင်းမွန်သော အကာအရံ တစ်ခုဖြစ်သောကြောင့် နွေးထွေးပြီး စိတ်အားထက်သန်စေသော ခံစားမှုကို ပေးစွမ်းသည်။

ရဲလိနန်ရန်နှင့် နှိုင်းယှဉ်ပါက ရှောင်ဝမ်ယောင်၏ ခန္ဓာကိုယ်တွင် အဆီများ မရှိသလောက်ဖြစ်ပြီး ထိတွေ့လို့ အနည်းငယ် မကောင်းသလို ခံစားရစေသည်။

သို့သော် သူမ၏ မြင်းစီးသည့် အလေ့အထကြောင့် သူမ၏ ခန္ဓာကိုယ်ရှိ ကြွက်သားများက သန်မာ၏။ အထူးသဖြင့် သူမ၏ ရှည်လျားသော ခြေထောက်များကို ပို၍ပင် သန်မာစေသည်။

လုချန်း၏ အကဲဖြတ်ချက်ကို ကြားလိုက်ရသောအခါ ရှောင်ဝမ်ယောင်က ခပ်တိုးတိုး ပြောလိုက်သည်။

“ကျွန်မ… ကျွန်မက မြင်းစီးတတ်လို့ ခန္ဓာကိုယ်က ပိုပြီး မာကျောတယ်… ပိုပြီး သန်မာတယ်။”

လုချန်းက ပြုံးပြီး ပြောလိုက်သည်

“နည်းနည်းမာကျောတာလည်း ကောင်းတယ်။”

ထိုအချိန်တွင် မျက်နှာနီမြန်းလာသော ရှောင်ဝမ်ယောင်က ပြောလိုက်သည်။

“မင်းသား… မင်းသား ။ မင်းသားကို အလုပ်အကျွေးပြုခွင့် ကျွန်မကို ပေးပါ။”

ထို့နောက် ရှောင်ဝမ်ယောင်သည် အစေခံမ တစ်ယောက်၏ အခန်းကဏ္ဍကို ဖြည့်ဆည်းရန် ကြိုးစားလာသည်။ သူမကိုယ်သူမလည်း “အ‌စေခံမ” ဟု ပြောင်းလဲသုံးနှုန်းလာသည်။ သူမ၏ လွင်ပြင်ဒေသမျိုးနွယ်စုတွင် အစေခံများသည် ထိုသို့ ကိုယ်ကိုယ်ကို ရည်ညွှန်းလေ့ရှိသည်။

ရှောင်ဝမ်ယောင်က လုချန်းကို ထောင်ချောက်ဆင်ရန် ကြိုးစားလာခြင်းဖြစ်သည်။ လုချန်းက သူမကို ညှဉ်းပန်းနှိပ်စက်မည်ကို ကြောက်နေပြီး လုချန်း၏ အားနည်းချက်ကို ဖမ်းမိမှသာ လုချန်း၏ ညှဉ်းပန်းမှုမှ လွတ်မြောက်နိုင်မည်ဟု ယူဆ ထားသည်။

ရဲလိနန်ရန်၏ နည်းလမ်းက အလွန်ကောင်းသည်ဟု ရုတ်တရက် သူမသည် ခံစားသွားပြီး ရဲလိနန်ရန်ကိုလည်း အနည်းငယ် အားကျလာသည်။

လုချန်းသည် ထိပ်သီးပညာရှင်ဖြစ်၏။ သူတို့၏ စွမ်းအားသည် လုချန်း၏ စွမ်းအားနှင့် မယှဉ်နိုင်သည်မှာ သေချာသော်လည်း လုချန်းကို ထောင်ချောက်ဆင်မိပါက လုချန်းသည် သူတို့ကို ဘာမှလုပ်နိုင်တော့မည် မဟုတ်ပေ။

လုချန်းကို ထောင်ချောက်ဆင်ရန် သူမသည် သူမ၏ ရပ်တည်ချက်ကို နှိမ့်ချရမည်။ လုချန်း သူမအ‌ပေါ် သတိလျှော့စေရမည်။ ထိုအချိန်တွင် သူ၏အရှေ့တွင် ရှိနေသော အမျိုးသမီးက သူ့ကို မည်သို့ရင်ဆိုင်ရန် စီစဉ်နေသည်ကို လုချန်း လုံးဝမသိပေ။ ရှောင်ဝမ်ယောင်ကို မြက်ခင်းလွင်ပြင်မှ ရိုးသားသော မိန်းကလေးတစ်ယောက်ဟု သူထင်နေဆဲဖြစ်သည်။

ရှောင်ဝမ်ယောင်က ဤမျှတက်တက်ကြွကြွ လုပ်ဆောင်နေသည်ကို မြင်လိုက်ရသောအခါ လုချန်းက ပြုံးပြီး ပြောလိုက်သည်။

“ကောင်းပါပြီ။”

ထို့နောက် သူက ရှောင်ဝမ်ယောင်ကို အိပ်ရာပေါ်တွင် လှဲချလိုက်စေပြီး သူမလည်း သူ၏ ခါးစည်းကြိုးကို ဖြုတ်ရန် တက်တက်ကြွကြွ စတင်လုပ်ဆောင်လာသည်။ သူမ လုချန်းကို အမြန်ဆုံး လှည့်ကွက်ဆင်ရမည်ဖြစ်သည်။ ရဲလိနန်ရန်၏ နည်းလမ်းကိုအတိုင်း အခွင့်အရေးကို ဆုပ်ကိုင်ရန်သာ တွေးနေသည်။

မကြာမီ လုချန်း ထောင်ချောက်ထဲသို့ ကျသွားသည်။

ရှောင်ဝမ်ယောင်၏ အစီအစဉ် အောင်မြင်သွားပြီဖြစ်သည်။

သို့သော် သူမ၏ အစီအစဉ် အောင်မြင်သွားသောအချိန်တွင် တစ်ခုခု မှားယွင်းနေသည်ကို သူမနောက်ဆုံး သိလိုက်ရသည်။

“အမ်… လူလိမ်…”

[နောက်ထပ် မောင်းမတစ်ယောက် ရရှိတဲ့အတွက် ဂုဏ်ယူပါတယ်။ သခင်သည် မုယောစပါးနှင့် မုယောစပါးဝိုင်ထုတ်လုပ်နည်းများကို ဆုအဖြစ် ရရှိပါပြီ။]”

[သခင်သည် ရှောင်ဝမ်ယောင်နှင့် တစ်ကြိမ် ဆက်ဆံရေး ထူထောင်ပြီးပါပြီ။ အတွင်းအားမန္တာန်ကျင့်စဉ် အတွေ့အကြုံ ၆၀၊ ပြန်လည်သန်စွမ်းစေသောစွမ်းအား အတွေ့အကြုံ ၆၀ ၊နဂါးဖီးနစ်ယင်ယန်ကျင့်စဉ် အတွေ့အကြုံ ၆၀ ရရှိပါသည်။]”

ထိုအချိန်တွင်။

မင်းသားစံအိမ် အပြင်ဘက်၌။

ချင်ယူရှန်သည် စံအိမ်အတွင်းသို့ အလျင်အမြန် ဝင်လာနေပြီး မိီးရောင်များနှင့် အလှဆင်ထားသည်ကို မြင်လိုက်ရသောအခါ သူစဉ်းစားသွားသည်။

ယနေ့သည် မင်းသားအိမ်တော်အတွက် မင်္ဂလာရှိ‌သောနေ့ဖြစ်သည်။ ဒီလို အချိန်မှာ မင်းသားကို ရှာဖွေဖို့ သင့်တော်ပါ့မလား။

ချင်ယူရှန် ရောက်ရှိလာသည်ကို မြင်လိုက်ရသောအခါ ရေခဲကဲ့သို့ အေးစက်လှပသည့် ပိုင်ချင်းချင်းက အေးစက်စွာ ပြောလိုက်သည်။

“တပ်မှူချင်။ ဘာကိစ္စ ရှိလို့လဲ။”

ချင်ယူရှန်၏ အမှန်တကယ့်စိုးရိမ်ပူပန်နေသော ပုံစံကို‌ထောက်လျှင် ထိုကိစ္စသည် လုချန်းသိရမည့် အရေးကြီးကိစ္စတစ်ခုဖြစ်မည်မှာ သေချာသည်။ လုချန်း၏ ကိုယ်ရံတော်တစ်ဦးဖြစ်သည့် ပိုင်ချင်းချင်းက မေးမြန်းသည်မှာ သဘာဝကျသည်။

ချင်ယူရှန်က မြန်မြန်ပြောလိုက်သည်။ “မြောက်ပိုင်းဒေသက သတင်းတစ်ခုကို မင်းသားဆီ အစီရင်ခံရန် ရှိပါတယ်။ ဒါပေမဲ့ ဒီနေ့က သူ့အတွက် မင်္ဂလာနေ့ပါ။”

ပိုင်ချင်းချင်းက မျက်နှာအပြောင်းအလဲမရှိပဲ ပြောလိုက်သည်။

“တစ်ရက် နှစ်ရက်အတွင်း မြောက်ပိုင်းမြို့တော်ကို အန္တရာယ်မဖြစ်စေနိုင်တဲ့ သတင်းဆိုရင် စာကြည့်ခန်းကိုပဲ ပို့ထားလိုက်ပါ။”

စဉ်းစားပြီးနောက် ချင်ယူရှန်က ထပ်ပြောလိုက်သည်။

“ ကျွန်တော် နားလည်ပါတယ် ပိုင် ကိုယ်ရံတော်။ ဒါပေမဲ့ မင်းသား အပြင်ထွက်လာတဲ့အခါ မြောက်ပိုင်းဒေသက သတင်းတွေ စာကြည့်ခန်းထဲမှာ ရှိတယ်ဆိုတာ သတိပေးဖို့ မေတ္တာရပ်ခံပါတယ်။ သူ့ကို ကြည့်ခိုင်းလိုက်ပါ။”

ပိုင်ချင်းချင်းက အေးစက်စွာဖြင့်

“ကောင်းပါပြီ”

ဟု ပြောလိုက်ပြီး‌နောက် နောက်တစ်ဖန် တိတ်ဆိတ်သွားသည်။

ချင်ယူရှန်လည်း သူရရှိလာသော သတင်းကို လုချန်း၏ စာကြည့်ခန်းသို့ ချက်ချင်းပို့လိုက်သည်။

ထိုအခိုက်အတန့်တွင်။

ရှနိုင်ငံတော်၊ နေပြည်တော်။

နပါတ်ရှစ် မင်းသား၏ နေအိမ်။

မြောက်ပိုင်းမြို့တော်မှ ထွက်ခွာပြီးနောက် ဝမ်ယုံသည် ဝမ်မိသားစုထံ ပြန်မသွားပဲ နေပြည်တော်သို့ တိုက်ရိုက်သွားပြီး မင်းသား လုရှုယွမ်၏ အနားတွင် နေထိုင်ခဲ့သည်။ ယနေ့တွင် မင်းသားလုရှုယွမ်၏ အိမ်တော်တွင် လူများဖြင့် ပြန်ပြည့်နှက်နေပြိီ ဖြစ်သည်။ ယခင်က လုရှုယွမ်၏ ဝန်ထမ်းများနှင့် အစေခံများ အားလုံး သုတ်သင်ခံခဲ့ရသော်လည်း လုရှုယွမ်သည် မင်းသားတစ်ပါးဖြစ်သည့်အလျောက် မကြာမီအတွင်း အစေခံ ဝန်ထမ်းများနှင့် ဧည့်သည်များ ပြန်လည်စုရုံးလာကြသည်။

အစည်းအဝေးခန်းမအတွင်းရှိ လူတိုင်း၏ မျက်နှာများသည် ကြည်လင်ပြတ်သားနေပြီး အရေးကြီးသော အကြောင်းအရာတစ်ခုကို ဆွေးနွေးနေကြသည်ဟု ထင်ရသည်။

ထိုအချိန်တွင် ဝမ်ယုံက လုရှုယွမ်အား ပြောလိုက်သည်။

“မင်းသား။ ကျွန်တော်သိရသလောက်ဆိုရင်နိုင်ငံတော်ပညာရှိက မကြာသေးခင်ကပဲ မြောက်ပိုင်းမြို့တော်ကို သွားရောက်ခဲ့ပါတယ်။ ဒီသတင်းကို သေသေချာချာတော့ မသိရသေးပါဘူး။ နန်းတွင်းမှာလည်း လှုပ်ရှားမှု ထူးထူးခြားခြား မရှိပေမဲ့ တိုးတိုးတိတ်တိတ် စကားတွေကတော့ ရှိနေပါတယ်။”

စစ်တူစီသည် ရှနိုင်ငံတော်၏ ထောက်တိုင်တစ်ခုဖြစ်ပြီး နေပြည်တော်၏ လုံခြုံရေးနှင့် နန်းတွင်းကို ကာကွယ်ရာတွင် အရေးပါဆုံးသူဖြစ်သည်။ သူသည် နန်းတွင်းမှ ထွက်ခွာသွားပါက ပုံမှန်အားဖြင့် နန်းတွင်းကို စစ်အုပ်ချုပ်ရေးပြဌာန်းမည်ဖြစ်ပြိီး လှုပ်ရှားမှုကြီးကြီးမားမားများ ဖြစ်ပေါ်လာမည်ဖြစ်သည်။

သို့သော် ဆွမ်ဧကရာဇ်က လူမိုက်မဟုတ်ပါ။ နန်းတွင်းမှာ တကယ်ထို့သို့ လုပ်ခဲ့မည်ဆိုပါက စစ်တူစီ နန်းတွင်းမှ ထွက်ခွာသွားကြောင်း လူတိုင်းကို ပြောပြနေသလို ဖြစ်သွားမည်ဖြစ်သည်။

စစ်တူစီ၏ ထွက်ခွာမှုကို လျှို့ဝှက်ထားရန်အတွက် နေပြည်တော်နှင့် နန်းတွင်းတွင် ကြီးမားသော လှုပ်ရှားမှုများ မရှိပဲ အေးချမ်းသာယာနေသည့် ပုံစံကို ထိန်းသိမ်းထားသည်။

သို့သော် ကမ္ဘာပေါ်တွင် လေမတိုးနိုင်သော နံရံများ မရှိပါ။ စစ်တူစီသည် ထိပ်သီးပညာရှင်တစ်ဦးဖြစ်ပြီး သူသည် မြောက်ပိုင်းမြို့တော်ရှိ နန်းတွင်းတပ်စခန်းသို့ သွားရောက်ကာ လင်ရှုမင်နှင့် တွေ့ဆုံခဲ့သည်။

နေပြည်တော်ကို အမြဲစောင့်ကြည့်နေသူများသည် အချို့သော ပုံမှန်မဟုတ်မှူများကို တွေ့ရှိနိုင်ပြီး ထိုအချက်များကို ပေါင်းစပ်ကာ စစ်တူစီ မြောက်ပိုင်းမြို့တော်သို့ ထွက်ခွာသွားကြောင်း ကောက်ချက်ချနိုင်ကြသည်။

သို့သော် အခု စစ်တူစီ မြောက်ပိုင်းမြို့တော်မှ ပြန်လာနေပြီ ဖြစ်နိုင်သည်။

နိုင်ငံတော် ပညာရှိတစ်ဦး၊ ရှနိုင်ငံတော်၏ နိုင်ငံတော်၏ ထောက်တိုင်တစ်ဦးအနေဖြင့် သူသည် နေပြည်တော်မှ အချိန်ကြာမြင့်စွာ ခွာနေ၍ မရပါ။

သို့သော် စစ်တူစီ၏ မြောက်ပိုင်းမြို့တော်သို့ သွားရောက်မှုသည် အာရုံစိုက်မှု အချို့ကို ဆွဲဆောင်နိုင်ခဲ့သည်။

ဝမ်ယုံ၏ စကားကို ကြားလိုက်ရသောအခါ လုရှုယွမ်၏ နဖူးတွန့်သွားသည်။ သူက ဆက်ပြောလိုက်သည်။

“ငါ့ဖခင်က တကယ်ပဲ ငါ့ညီလေးကို ထီးနန်းလွှဲအပ်ဖို့ စဉ်းစားနေတာလား။”

လုရှုယွမ်၏ လေသံတွင် ယုတ်မာလိုစိတ်များ ထင်ထင်ရှားရှား ပါဝင်နေသည်။ မြောက်ပိုင်းနယ်စားမင်းသား ရန်ခရိုင်တွင် လွင်ပြင်ဒေသမျိုးနွယ်စု သုံးသိန်းကို အနိုင်ရခဲ့ကြောင်း သတင်း နေပြည်တော်သို့ ရောက်ရှိလာသည့်အချိန်မှစ၍ လုရှုယွမ်၏ စိတ်ထဲတွင် ဂယက်ထနေခဲ့သည်။

အစပိုင်းတွင် သူလည်း လုချန်းသည် သူ၏စွမ်းရည်ကို ဖုံးကွယ်ထားပြီး ထီးနန်းကို ရယူဖို့ ကြစည်နေသည်ဟု တကယ်ယုံကြည်ခဲ့သည်။ သို့သော် အချိန်ကြာလာသည်နှင့်အမျှ လုရှုယွမ်သည် တဖြည်းဖြည်း သတိရလာသည်။ လုချန်းသည် သူ၏စွမ်းရည်ကို အမြဲဖုံးကွယ်ထားခဲ့လျှင်တောင် သူ၏စွမ်းရည်ဘယ်‌လောက်ထက်ထက် မြောက်ပိုင်းမြို့တော်၏ အရင်းအမြစ်များဖြင့် သံချပ်ကာ မြင်းတပ် ငါးသောင်းတပ်ကို တည်ဆောက်ရန်က လုံးဝမဖြစ်နိုင်ပါ။

.......

All Chapters