← Chapters

အခန်း ၁၈၁-၁၈၃

Vol. 13 Ch. 181-183

အခန်း ၁၈၁-၁၈၃

Vol. 13 Ch. 181-183

အခန်း (၁၈၁)

နယ်ရုပ် (၁)

မြောက်ပိုင်းမြို့တော်တစ်ခုလုံးမှာတောင် လူဦးရေဘယ်လောက်ရှိလို့ နှစ်စဉ်အခွန်ဝင်ငွေ ဘယ်လောက်ရှိရမှာလဲ။ ထို့ပြင် တစ်နှစ်အတွင်း သံချပ်ကာမြင်းတပ် ငါးသောင်းအတွက် မြင်းများကို မွေးမြူရန် က မဖြစ်နိုင်ပေ။

အရေးအကြီးဆုံးမှာ ငွေကြေးမရှိခြင်း ဖြစ်သည်။

မြောက်ပိုင်းနယ်စားမင်းသား စံအိမ်၏ စီးပွားရေးသည် အမြတ်အစွန်းများစွာရသော်လည်း မည်သို့တွက်ချက်သည်ဖြစ်စေ သံချပ်ကာမြင်းတပ် ငါးသောင်းအတွက် လိုအပ်သော သံချပ်ကာများ သွန်းလုပ်ရန် မလုံလောက်ပေ။

နောက်ထပ်တစ်ခုမှာ မြောက်ပိုင်းမြို့တော်တွင် ထိုမျှလောက်များပြားသော လက်မှုပညာသည်များ မရှိခြင်း ဖြစ်သည်။

ရှနိုင်ငံတော်တစ်ခုလုံးတွင် သံချပ်ကာမြင်းတပ် ငါးသောင်းအတွက် လက်နက်များ သွန်းလုပ်နိုင်သူ တစ်ဦးသာရှိသည်။ ထိုသူတစ်ဦးတည်းသာ ထိုသို့သော အရင်းအမြစ်များ ရှိသည်။

ထိုသူက ဘယ်သူလဲ။ စဉ်းစားစရာမလိုပဲ ခန့်မှန်းနိုင်သည်။

ဆွမ်ဧကရာဇ် ပင်ဖြစ်သည်။ ထိုသူသည် နန်းတွင်းတွင် ရှိနေသည်။ ပြန်စဉ်းစားကြည့်ပြီး‌နောက် သူမည်မျှမိုက်မဲခဲ့သည်ကို လုရှုယွမ် သဘောပေါက်လိုက်သည်။

သူသည် မြောက်ပိုင်းနယ်စားမင်းသား ရုတ်တရက် အလင်းရလာသည်ဟု ထင်ခဲ့သည်။ သူ၏စံအိမ်တွင် မကြာသေးမီက ဖြစ်ပွားခဲ့သော သွေးထွက်သံယိုမှုကို တွေးမိသည့်အခါတိုင်း ညဘက်တွင် အိပ်မပျော်နိုင်ပဲ စိုးရိမ်ပူပန်မှုများဖြင့် ပြည့်နှက်နေခဲ့သည်။

ယခုတွေးကြည့်လျှင် မြောက်ပိုင်းနယ်စားမင်းသားကို ကြောက်ရွံ့ခဲ့ခြင်းက ရှက်ဖွယ်ကောင်းသည်ဟု လုရှုယွမ်သည် ခံစားရသည်။

ထိုအချိန်တွင် လုရှုယွမ်၏ဘေးနားရှိ ဝမ်ယုံက စကားစပြောလိုက်သည်။

“မင်းသား စိတ်ချပါ။ ကျွန်တော်ထင်တာက ဆွမ်ဧကရာဇ်က မြောက်ပိုင်းနယ်စားမင်းသားကို ထီးနန်းအရိုက်အရာလွှဲပြောင်းပေးဖို့ ရည်ရွယ်ချက် မရှိလောက်ပါဘူး။ ဧကရာဇ်ရဲ့ မျက်လုံးထဲမှာ မြောက်ပိုင်းနယ်စားမင်းသားက စစ်တုရင် ကစားကွက်ထဲက နယ်ရုပ်တစ်ရုပ်ပဲ ဖြစ်ပါတယ်။”

“ဆွမ်ဧကရာဇ်ဟာ သူရဲ့ အကောင်းဆုံးအရွယ်မှာပဲ ရှိနေပါသေးတယ်။ သူ့ဆီမှာ ထီးနန်းအရိုက်အရာလွှဲပြောင်းပေးမယ့် အစီအစဉ်မရှိတာ လူတိုင်းသိပါတယ်။ အခု မြောက်ပိုင်းနယ်စားမင်းသားမှာ သံချပ်ကာမြင်းတပ် ငါးသောင်း ရှိလာပြီး နောက်ပိုင်း ရှနိုင်ငံတော်အတွင်းက အင်အားစုအားလုံးက သူ့ကို စောင့်ကြည့်နေကြပါပြီ။ ဧကရာဇ်သာ တကယ်တန်း မြောက်ပိုင်းနယ်စားမင်းသားကို မျက်နှာသာပေးချင်တယ်ဆိုရင် သူ့ကို လူအများရဲ့ ပစ်မှတ် အဖြစ်ခံမှာမဟုတ်ပါဘူး။”

ဝမ်ယုံ၏စကားကို ကြားလိုက်ရပြီး လုရှုယွမ်၏နှုတ်ခမ်းများ အနည်းငယ်ကွေးသွားသည်။ သူ၏အတွေးများကလည်း ထိုနည်းတူပင် ဖြစ်သည်။ သူ၏ဖခင် ဧကရာဇ်သည် သူ၏ကိုးယောက်မြောက်ညီကို အမှန်တကယ် မျက်နှာသာ ပေးချင်သည်ဟု သူမယုံကြည်တော့ပေ။

ဧကရာဇ်သာ မြောက်ပိုင်းနယ်စားမင်းသားကို အမှန်တကယ် နှစ်သက်ပါက အာဏာရှိမိသားစုများနှင့် ပဋိပက္ခဖြစ်ပွားမည့်အချိန်တွင် မြောက်ပိုင်းနယ်စားမင်းသားကို ထင်ထင်ရှားရှား ဖြစ်စေမည် မဟုတ်ပါ။

ယခု မြောက်ပိုင်းနယ်စားမင်းသားသည် သံချပ်ကာမြင်းတပ် ငါးသောင်းကို ထိန်းချုပ်ထားသည်။ သူ၏ဖခင် ဧကရာဇ်သည် ရှနိုင်ငံတော်အတွင်းရှိ အာဏာရှိမိသားစုများကို တိုက်ခိုက်ပါက ထိုသံချပ်ကာမြင်းတပ် ငါးသောင်းသည် မြောက်ပိုင်းနယ်စားမင်းသား၏လည်ပင်းပေါ်မှ ဓားတစ်ချောင်းဖြစ်လာနိုင်ပြီး သူ့ကို ကြီးမားသောအန္တရာယ်ထဲသို့ ကျရောက်စေနိုင်သည်။

သူ၏ဖခင် ဧကရာဇ်သည် ထီးနန်းအရိုက်အရာကို လွှဲပြောင်းပေးရန် ရည်ရွယ်ချက် မရှိသေးပေ။ ထို့ကြောင့် သူသည် သူနှစ်သက်သည့် မင်းသားကို ဒီလောက်စောစော ထင်ရှားစေမည် မဟုတ်ပေ။ ထိုသို့လုပ်ခြင်းက မြောက်ပိုင်းနယ်စားမင်းသားကို အများ၏ပစ်မှတ်အဖြစ် အလွယ်တကူ ဖြစ်သွားစေမည် ဖြစ်သည်။

သူ၏ဖခင်က မြောက်ပိုင်းနယ်စားမင်းသားကို စမ်းသပ်ရန် ကြိုးစားနေခြင်းလားဟူသည့် ဖြစ်နိုင်ချေက ပို၍ပင်နည်းသည်။ယခုလို အချိန်မျိုးတွင် သူ၏ဖခင်သည် သူ ရွေးချယ်ထားသော မင်းသားကို ထိုကဲ့သို့သော စမ်းသပ်မှုများ မပြုလုပ်နိုင်ပေ။

ယခုလို အခြေအနေ မငြိမ်မသက် ဖြစ်နေချိန်တွင် တစ်ချက်မှားယွင်းမိပါက မြောက်ပိုင်းနယ်စားမင်းသား၏ အသက်ကို ပေးဆပ်ရနိုင်သည်။

ထို့ကြောင့် မြောက်ပိုင်းနယ်စားမင်းသားသည် စစ်တုရင်ခုံပေါ်က နယ်ရုပ်တစ်ရုပ်သာ ဖြစ်နိုင်သည်။ ပို၍တိကျစွာပြောရလျှင် အာဏာရှိ မိသားစုများကို ဆန့်ကျင်ရန် အသုံးပြုသော နယ်ရုပ်တစ်ရုပ် ဖြစ်သည်။

မြောက်ပိုင်းနယ်စားမင်းသား၏ မိခင်ဘက်မှ မိသားစုသည် ချူးမိသားစု ဖြစ်သည်။ မြောက်ပိုင်းနယ်စားမင်းသားကို ရှေ့တန်းတင်ခြင်းဖြင့် ချူးမိသားစုတွင်း ကွဲလွဲမှုများ ဖြစ်ပေါ်စေနိုင်သည်။ ဤသည်မှာ ပထမဆုံးသော အကျိုးသက်ရောက်မှု ဖြစ်သည်။

ဒုတိယအချက်မှာ မြောက်ပိုင်းနယ်စားမင်းသားသည် အစားထိုး၍ ရနိုင်သော မင်းမျိုးမင်းနွယ်တစ်ဦး ဖြစ်သည်။ သူ၏သေဆုံးမှုက ဆွမ်ဧကရာဇ်ကို ဝမ်းနည်းစေမည် မဟုတ်ပေ။ ထို့ကြောင့် သူသည် အကောင်းဆုံးသော နယ်ရုပ်တစ်ရုပ် ဖြစ်သည်။

ထိုအချိန်တွင် လုရှုယွမ်က ရယ်‌မောလိုက်ပြီး “ကျုပ်က သူနဲ့ သင့်မြတ်အောင် လုပ်ပြီး အလုပ်ကြီးအကိုင်ကြီးတွေ အတူတွဲလုပ်ဖို့ ရည်ရွယ်ခဲ့တာ။ သူက တကယ်ပဲ ကျုပ်ကို ငြင်းပယ်လိုက်မယ်ဆိုတာ မထင်ခဲ့ဘူး။”

“ရယ်စရာကောင်းတယ်။ သူက အခု ကျုပ်တို့ဖခင်ရဲ့ မျက်နှာသာပေးမှုကို ရပြီဆိုပြီး အိမ်ရှေ့မင်းသားရာထူးက သူ့အတွက် အဆင်သင့်ဖြစ်နေပြီလို့ ထင်နေတယ်။ တကယ်ကို မသိတတ်တာပဲ။”

“သူက အရက်တူတူမသောက်ချင်ဘူးလို့ ငြင်းလိုက်တယ်ဆိုတော့ ဒဏ်ကြေးတော့ပေးရမယ်။ ကျုပ်ကို ယဉ်ကျေးမှုမရှိဘူးလို့ သူ မပြောနိုင်တော့ဘူး။”

ထိုအခါ ဝမ်ယုံက

“မင်းသား။ ကျွန်တော်ထင်တာကတော့ အခုအချိန်မှာ မင်းသားအားလုံးက မြောက်ပိုင်းနယ်စားမင်းသားကို သတိထားနေကြတယ်။ အခွင့်အရေးပေါ်တုန်း အခြားမင်းသားတွေနဲ့ ပူးပေါင်းပြီး သူ့ကို အရင်ဖယ်ရှားလိုက်ရအောင်လား။”

လုရှုယွမ်က အေးဆေးစွာ ပြောလိုက်သည်။ “အဲဒါ မလိုအပ်ဘူး။ အစတုန်းက ကျုပ်က သူ့ကို သတ်ပြီး ချူးမိသားစုကို ကျုပ်ဘက်က လုံးဝထောက်ခံအားပေးစေချင်တာ။ အခုတော့ တောင်ပိုင်းက အာဏာရှိ မိသားစုတွေအားလုံးက ကျုပ်ကို ထောက်ခံနေပြီ။ မြောက်ပိုင်းနယ်စားမင်းသား အသက်ရှင်နေတာက သေနေတာ ဘာမှမထူးတော့ဘူး။ ဘာလို့လဲဆိုတော့ သူက ကျုပ်တို့ဖခင်ရဲ့ တန်ဖိုးမရှိတဲ့ နယ်ရုပ်တစ်ရုပ်ပဲလေ။”

ဝမ်ယုံက

“ဒါပေမယ့် မြောက်ပိုင်းမြို့တော်ရဲ့ သံချပ်ကာ မြင်းတပ် ငါးသောင်းက ကျွန်တော်တို့အတွက် ကြီးမားတဲ့ ခြိမ်းခြောက်မှုတစ်ခု ဖြစ်နေတုန်းပါပဲ ။ ဒီသံချပ်ကာ မြင်းတပ် ငါးသောင်းကို ဖျက်သိမ်းဖို့ နည်းလမ်းမရှာနိုင်ဘူးဆိုရင် မင်းသားရဲ့ ရည်မှန်းချက်တွေကို ကြီးကြီးမားမား ထိခိုက်စေနိုင်ပါတယ်။”

“အရေးအကြီးဆုံးကတော့ ကျွန်တော် ကြားသိရသလောက် အရိပ်ကိုယ်ရံတော်တွေက မြောက်ပိုင်းမြို့တော်ကို သွားနေပြီ။ နိုင်ငံတော် ပညာရှိနဲ့ အရိပ်ကိုယ်ရံတော်တွေက မြောက်ပိုင်းမြို့တော်မှာ တစ်ချိန်တည်း ပေါ်လာတာက ကျွန်တော်တို့နဲ့ လွင်ပြင်ဒေသ မျိုးနွယ်စုတွေကြားက ဆက်ဆံရေးနဲ့ ပတ်သက်တဲ့ အထောက်အထားတွေ ဧကရာဇ်ဆီမှာ ရှိနေပြီလို့ ဆိုလိုတာပါ။ မကြာခင်မှာ ဧကရာဇ်က ဝမ်မိသားစုနဲ့ လွင်ပြင်ဒေသ မျိုးနွယ်စုတွေရဲ့ ပေါင်းသင်းဆက်ဆံမှုကို အကြောင်းပြပြီး ကျွန်တော်တို့ကို တိုက်ခိုက်မှာ သေချာပါတယ်။”

ဝမ်ယုံ၏ စကားကို ကြားလိုက်ရသောအခါ လုရှုယွမ် တိတ်ဆိတ်သွားသည်။ အစက သူသည် ထီးနန်းကို တရားဝင်လမ်း‌ ကြောင်းမှသာ ယှဉ်ပြိုင်ရန် ရည်ရွယ်ခဲ့သည်။တိုက်ရိုက်ပုန်ကန်ရန် မရည်ရွယ်ခဲ့ပေ။

သို့သော် သူ၏ဖခင်သည် အာဏာရှိ မိသားစုများကို မလွန်မနှစ်မသက် ဖြစ်နေပြီး သူတို့ကို တိုက်ခိုက်ရန် ပြင်ဆင်နေသည်မှာ ထင်ရှားသည်။ သဘောတရားအရ သူသည် ယခုအချိန်တွင် အာဏာရှိ မိသားစုများနှင့် ခပ်ခွာခွာနေသင့်သည်။ သူတို့နှင့် ပတ်သက်မှုမရှိစေရန် ဖြစ်သည်။

သို့သော် သူ၏မိခင်သည် ဝမ်မိသားစုမှ ဖြစ်သည်။ အကယ်၍ ဝမ်မိသားစုက ပုန်ကန်ပါက သူ့ကို ထိခိုက်မည်မှာ သေချာပြီး သူလည်း ထီးနန်းဆက်ခံရန် အခွင့်အရေး ဆုံးရှုံးသွားမည် ဖြစ်သည်။

ထို့ပြင် အာဏာရှိ မိသားစုများသည် လက်ရှိအချိန်တွင် သူ၏ အကြီးမားဆုံးသော အားသာချက်ဖြစ်သည်။ သူ၏ အကျိုးစီးပွားများသည် သူတို့နှင့် ချိတ်ဆက်နေပြီ ဖြစ်သည်။

သူသည် အာဏာရှိ မိသားစုများနှင့် ဆက်ဆံရေးကို ဖြတ်တောက်ရန် မဖြစ်နိုင်တော့သည့် အခြေအနေသို့ ရောက်ရှိသွားပြီ ဖြစ်သည်။

အကယ်၍ သူ၏ဖခင်သည် တောင်ပိုင်းရှိ အာဏာရှိ မိသားစုများကို တိုက်ခိုက်လာပါက သူကိုလည်း မလွဲမသွေ ထိခိုက်လာမည် ဖြစ်သည်။ ထိုအခါ သူမှာ ရွေးချယ်စရာလမ်းကြောင်းတစ်ခုသာ ကျန်တော့မည်ဖြစ်သည်။ ပုန်ကန်ရန် ဖြစ်သည်။

သို့သော် သားတစ်ယောက်က ဖခင်ကို ပုန်ကန်သည့်လုပ်ရပ်က လူထု၏ ကဲ့ရဲ့ရှုတ်ချခြင်းကို ခံရမည် ဖြစ်သည်။

သူသည် အောင်မြင်ခဲ့သည့်တိုင် နှစ်ပေါင်းများစွာ ကျိန်ဆဲခံနေရမည် ဖြစ်သည်။

သူ ရှနိုင်ငံတော်ကို ကောင်းမွန်စွာ အုပ်ချုပ်နိုင်ခဲ့လျှင်တောင် ပုန်ကန်မှုပြုခဲ့ခြင်းက သူ၏ဂုဏ်သတင်းကို အမြဲတမ်း စွန်းထင်းနေစေမည်ဖြစ်သည်။

ဖြစ်နိုင်လျှင် လုရှုယွမ်သည် တိုက်ရိုက်ပုန်ကန်ရန် မလိုလားပဲ သူ၏ဖခင်ကို ဖိအားပေးကာ အာဏာရှိမိသားစုများကို ထိပါးရန် အကြံကို စွန့်လွှတ်စေလိုသည်။

ကြာမြင့်စွာ တိတ်ဆိတ်သွားပြီးနောက် လုရှုယွမ်က ပြောလိုက်သည်။

“မြောက်ပိုင်းမြို့တော်က သံချပ်ကာ မြင်းတပ် ငါးသောင်းကို ဖျက်သိမ်းလိုက်ရင် ကျုပ်ဖခင်က သူရဲ့အာဏာရှိမိသားစုတွေကို ထိပါးမယ့် အကြံကို စွန့်လွှတ်နိုင်မလား။”

........

အခန်း (၁၈၂ )

နယ်ရုပ် (၂ )

ထိုမေးခွန်းကို ကြားလိုက်ရသည်နှင့် ဝမ်ယုံက

“ ဖြစ်နိုင်ခြေ တကယ်ရှိပါတယ် မင်းသား။ ဧကရာဇ်သည် ကျွန်တော်တို့ အာဏာရှိမိသားစုတွေကို ဖယ်ရှားဖို့ ကြံစည်နေခဲ့တာ ကြာပါပြီ။ ဒါပေမဲ့ ကျွန်တော်တို့ရဲ့ အင်အားနှင့် ဩဇာလွှမ်းမိုးမှုကို စိုးရိမ်လို့ နန်းတွင်းထဲမှာပဲ ကျွန်တော်တို့ကို ဖိနှိပ်နိုင်ပြီး ဘယ်အာဏာရှိမိသားစုကိုမှ တိုက်ရိုက်ထိပါးရဲတာမျိုး မရှိ‌သေးပါဘူး။”

“ဧကရာဇ်က စစ်အာဏာကို ပြန်လည်ရယူပြီးနောက်ပိုင်းမှာတောင် အာဏာရှိ မိသားစုတွေကို ထိပါးဖို့ ဝန်လေးနေဆဲပါ။”

“ဒါပေမဲ့ မြောက်ပိုင်းမြို့တော်က သံချပ်ကာမြင်းတပ် ငါးသောင်းကတော့ အရာရာကို ပြောင်းလဲသွားစေခဲ့ပါတယ်။ ဒီတပ်တွေက ဧကရာဇ်ရဲ့ ကိုယ်ပိုင်တပ်တွေပါ။ ဘယ်မိသားစုကမှ ဒီမြင်းတပ်ကိစ္စမှာ ဝင်ရောက်စွက်ဖက်ခွင့် မရှိပါဘူး။ အဲ့ဒီ မြင်းတပ်ထဲမှာ သူလျှိုတစ်ဦးတစ်လေတောင် ထည့်သွင်းနိုင်ခြင်း မရှိပါဘူး။ ဒါက ဧကရာဇ်ရဲ့ အကောင်းဆုံး ဖဲချပ်ပါပဲ။ အာဏာရှိ မိသားစုတွေကို ထိပါးဖို့အတွက် သူရဲ့အကြီးမားဆုံး ယုံကြည်မှု တစ်ခုပါ။”

“ဒီဖဲချပ် မရှိတော့ရင် ဒီလိုယုံကြည်မှုမျိုးလည်း ရှိတော့မှာ မဟုတ်ပါဘူး။ အဲ့ဒီအချိန်မှာ ကျွန်တော်တို့ မိသားစုတွေက အခြားနိုင်ငံ‌တွေနဲ့ ပူးပေါင်းပြီး ဧကရာဇ်ကို ဖိအား‌ ပေးရင် နောက်ဆုံး သူမလွဲမသွေ လက်လျှော့ရဖို့ ဖြစ်လာမှာပါ။”

ဝမ်ယုံ၏ သုံးသပ်ချက်ကို နားထောင်ပြီးနောက် လုရှုယွမ်က ခဏခန့် တွေးလိုက်ပြီး “အဲ့ဒါဆိုရင် နောက်တစ်ဆင့်က ညီအစ်ကိုတွေနှင့် ပူးပေါင်းပြီး မြောက်ပိုင်းမြို့တော်က သံချပ်ကာမြင်းတပ် ငါးသောင်းကို ဖျက်သိမ်းဖို့ နည်းလမ်းရှာရမှာ‌ပေါ့။ အဲ့ဒါမှ ကျုပ်ဖခင်ကို သူရဲ့ မူလအစီအစဉ်တွေ စွန့်လွှတ်ဖို့ ဖိအား‌ပေးနိုင်မှာ။”

“ပုန်ကန်မယ့်ကိစ္စ အမြဲတမ်း နောက်ဆုံးရွေးရမယ့် လမ်းပါ။ ကျုပ်ထင်တာက ကျုပ်တို့ညီအစ်ကိုတွေလည်း သံချပ်ကာမြင်းတပ် ငါးသောင်းကို အလွန်စိုးရိမ်နေကြမှာပါ။”

ဝမ်ယုံက

“မင်းသားပြောတာ မှန်ပါတယ်” ဟု ထပ်လောင်းပြောလိုက်သည်။

ထို့နောက် သူတို့ မြောက်ပိုင်းမြို့တော်၏ သံချပ်ကာမြင်းတပ် ငါးသောင်းကို ဖျက်သိမ်းရန် နည်းလမ်းများနှင့် အစီအစဉ်အချို့ကို ဆွေးနွေးကြသည်။

ထိုအချိန်တွင် နန်းတော်။ နန်း‌တော်ဥယျာဉ်။

ရွှေဝါရောင်နဂါးဝတ်စုံကို ဝတ်ဆင်ထားသော ဆွမ်ဧကရာဇ်သည် ရေကန်‌ဘေးတွင်ရပ်‌နေပြီး ငါးများ ရေကူးနေပုံကို ကြည့်နေသည်။ ထိုအချိန်တွင် စစ်တူစီသည် ရေကန်ဘေးရှိ အဆောင်ငယ်ထဲတွင် ရှိနေသည်။

ဧကရာဇ်က စပြောလိုက်သည်။

“ခင်းဗျားက မကြာခင်ကပဲ ချန်းနဲ့ တွေ့ခဲ့တယ်။ သူ့ကို ဘယ်လိုထင်လဲ” ဟု မေးလိုက်သည်။

စစ်တူစီက တစ်ကြောင်းတည်းဖြင့် ဖြေလိုက်သည်။

“သူ့မှာ ဘိုးဘေး‌တွေရဲ့ ရည်မှန်းချက်ရှိပါတယ်။”

ထိုစကားကို ကြားလိုက်ရသည်နှင့် ဧကရာဇ်၏ မျက်နှာ ချက်ချင်း မည်းမှောင်သွားခဲ့သည်။ လုချန်းသည် သူမနှစ်သက်ဆုံးသော သားတော်ဖြစ်သည့်အတွက် စစ်တူစီ၏ ချီးကျူးစကားကိုလည်း နားထောင်ရန် မနှစ်သက်ပေ။

သို့သော် ဧကရာဇ်က ထပ်မေးမြန်းခြင်း မပြုတော့ပဲ ရယ်‌မောလိုက်ကာ

“နိုင်ငံတော် ပညာရှိကြီးက ချန်းကို ဒီလောက် လေးစားနေမယ်လို့ မထင်မိဘူး” ဟု ပြောလိုက်သည်။

ဆွမ်ဧကရာဇ်က ဆက်လက်မေးမြန်းလိုက်သည်။

“နိုင်ငံတော် ပညာရှိကြီးက မြောက်ပိုင်းမြို့တော်မှာ အချိန်တစ်ခု နေထိုင်ခဲ့တော့မြောက်ပိုင်းမြို့တော်ရဲ့ အကြောင်းကိစ္စတွေကို အနည်းနှင့်အများ သိပြီးဖြစ်မှာပေါ့။ ကျုပ်နားမလည်နိုင်တာတွေက အများကြီးရှိနေတယ်။ အဲ့ဒီမေးခွန်း‌တွေကို ဖြေရှင်းပေးဖို့ ခင်ဗျားကို မေးမြန်းချင်တယ်။”

စစ်တူစီက

“ကျေးဇူးပြုပြီး မေးပါ မင်းကြီး”

ဟု ပြန်ပြောလိုက်သည်။

ဆွမ်ဧကရာဇ်က တိုက်ရိုက်မေးမြန်းလိုက်သည်။

“သတင်းအရင်းအမြစ် အမျိုးမျိုးအရ ကျုပ်လည်း ဝန်နင်းတောင်ကြားမှာ ဖြစ်ပွားခဲ့သော တိုက်ပွဲအကြောင်းကို နည်နည်းတော့ သိပြီးပါပြီ။ ဒါပေမဲ့ ချန်းက သံချပ်ကာမြင်းတပ် ငါးသောင်းတည်းနဲ့ လွင်ပြင်ဒေသမျိုးနွယ်စု၏ စစ်သည်သုံးသိန်းကို ဒီလောက် လွယ်လွယ်ကူကူ အနိုင်ရခဲ့တာကို ကျုပ်နားမလည်နိုင်လူး။”

“နောက်ပြီး ဗိုလ်ချုပ် လင်ရှုမင်ရဲ့ အစီရင်ခံစာအရ မြောက်ပိုင်းမြို့တော်ဘက်က စစ်သည်နှစ်သောင်းနှင့် သုံးသောင်းဝန်းကျင်ပဲ ဆုံးရှုံးခဲ့တယ်။ ဒါမျိုးက မင်းဆက်တွေရဲ့ သမိုင်းမှာ မရှိနိုင်လောက်အောင် နည်းပါးတဲ့ အကျအဆုံးနှုန်းပဲ။ ဒါပေမဲ့ နန်းတွင်းစစ်တပ်က စစ်မြေပြင်ကို ရှင်းလင်းခဲ့တာ။ သူတို့ရေတွက်ထားတဲ့ သေဆုံးသူအရေအတွက်အရ ဒါဟာအမှန်ပဲဆိုတာ သံသယဖြစ်စရာမရှိဘူး။”

“ချန်းက ဘယ်လိုစစ်တပ်မျိုးကို ကွပ်ကဲခဲ့လို့ သူက လွင်ပြင်ဒေသမျိုးနွယ်စုတွေရဲ့ မြင်းတပ်သုံးသိန်းကို စစ်သည်နှစ်သောင်း သုံးသောင်းဝန်းကျင်ပဲ ဆုံးရှုံးပြီး အနိုင်ရခဲ့တာလဲ။ အထူးသဖြင့် တိုက်ပွဲက ဝန်နင်းတောင်ကြားမှာ ဖြစ်ပွားခဲ့တာ။ အဲ့ဒီနေရာက တပ်တွေ လွပ်လွပ်လပ်လပ် လှုပ်ရှားဖို့ ကန့်သတ်ချက်ရှိတယ်။ ထိပ်တိုက် ရင်ဆိုင်ပြီး တိုက်ခိုက်ဖို့ လိုအပ်တဲ့ မြေမျက်နှာသွင်ပြင် အနေအထားဖြစ်တယ်။”

“နိုင်ငံတော် ပညာရှိကြီးက မြောက်ပိုင်းမြို့တော်မှာ အချိန်အနည်းငယ် နေထိုင်ခဲ့‌ တော့ ချန်းရဲ့ မြင်းတပ်ကို မြင်ဖူးပြီး သူတို့ရဲ့ အခြေအနေကို သိပြီးလောက်ပြီ ဖြစ်မှာ‌ပေါ့။”

ဧကရာဇ်သည် စစ်တူစီကို မြောက်ပိုင်းမြို့တော်သို့ စေလွှတ်ခဲ့သည်မှာ လုချန်းကို ကတိကဝတ်များ ကြီးကြီးမားမား ပေးပြီး စည်းရုံးရန်သာ မဟုတ်ပါ။ မြောက်ပိုင်းမြို့တော်တွင် မည်သို့‌သော မကောင်းဆိုးဝါးများ ရှိနေသဖြင့် မြောက်ပိုင်းနယ်စားမင်းသားအား ဤမျှတိုတောင်းသော အချိန်အတွင်း သံချပ်ကာမြင်းတပ် ငါးသောင်းကို ဖွဲ့‌စည်းစေနိုင်သည်ကို စစ်တူစီကိုယ်တိုင် သွားရောက်ကြည့်ရှုစေရန်ဖြစ်သည်။။

ထိပ်သီးပညာရှင်တစ်ဦးဖြစ်သည့် စစ်တူစီသည် မည်သည့်နေရာကိုမဆို လွယ်ကူစွာ ဝင်ရောက်နိုင်ပြီး တစ်စုံတစ်ယောက်က သူ့ကိုမြင်တွေ့သွားပါကလည်း လွယ်ကူစွာ ထွက်ခွာသွားနိုင်သည်။

ဧကရာဇ်၏စကားကို ကြားသောအခါ စစ်တူစီသည် အနည်းငယ်ပြုံးလိုက်သည်။ ထို့နောက် ဧကရာဇ်သိလိုသည်ကို တိုက်ရိုက်‌ ဖြေပေးလိုက်သည်။

“မင်းကြီး။ ကျွန်တော် မြောက်ပိုင်းနယ်စားမင်းသားရဲ့ သံချပ်ကာမြင်းတပ်ကို မြင်ဖူးပါတယ်။ ကျွန်တော့်ရဲ့ လေ့လာမှုအရ မြင်းတပ်သား အများစုဟာ ပထမတန်းစား သိုင်းသမား‌တွေပါ။”

စစ်တူစီ၏စကားကို ကြားသောအခါ ဧကရာဇ်၏မျက်နှာတွင် ကျီစာလုံး ပုံစံဖြစ်သွားသည်။ သူ၏သားသည် မြင်းတပ်ဖွဲ့စည်းဖို့အတွက် မည်သည့်နေရာမှ ပထမတန်းစား သိုင်းသမား ငါးသောင်းခန့်ကို ရှာဖွေတွေ့ရှိခဲ့သနည်း။

စစ်တူစီက ဆက်လက်ပြောလိုက်သည်။ “ဟုတ်ပါတယ်။ ဒါပေမဲ့ ကျွန်တော်ထင်တာက မင်းကြီးဟာ သံချပ်ကာမြင်းတပ်ကိစ္စထက် မြောက်ပိုင်းမြို့တော်မှာ ထိပ်သီးပညာရှင်တစ်ဦး ရှိနေနိုင်လားဆိုတဲ့ အချက်ကို ပိုပြီးစိုးရမ်‌နေတယ်လို့ ထင်ပါတယ်။”

ဧကရာဇ်အမှန်တကယ်သိလိုသည်မှာ မြောက်ပိုင်းမြို့တော်တွင် ထိပ်သီးပညာရှင်တစ်ဦး ရှိမရှိဖြစ်သည်။ ဗိုလ်ချုပ် လင်ရှုမင်၏ အစီရင်ခံစာအရ တိုက်ပွဲတွင် ထိပ်သီးပညာရှင်တစ်ဦး ပေါ်ထွက်လာနိုင်သည်ဟု သံသယရှိသော်လည်း အတည်ပြုနိုင်ခြင်း တော့မရှိခဲ့ပေ။

ထိပ်သီးပညာရှင်တစ်ဦး ပေါ်လာခဲ့မည်ဆိုပါက စစ်အောင်ပွဲက မထူးဆန်းတော့ပါ။ သို့သော် ထိပ်သီးပညာရှင်များသည် သာမန်မဟုတ်သဖြင့် မြောက်ပိုင်းမြို့တော်မှာ ထိုသို့သောသူတစ်ဦး ရှိနိုင်ချေက ဘယ်လိုလဲ။

ဒါက ဧကရာဇ် နားမလည်နိုင်သော အချက်ဖြစ်သည်။

ထို့အပြင် ဧကရာဇ်သည် အရိပ်ကိုယ်ရံတော်များကို စုံစမ်းစေပြီးဖြစ်သည်။ သူရရှိသော ထောက်လှမ်းရေးအချက်အလက်များအရ လျှို့ဝှက်လဝန်းနန်းတော်သည် လုချန်းနှင့် ဆက်သွယ်မှုစတင်ခဲ့ခြင်းသာဖြစ်ပြီး မြောက်ပိုင်းမြို့တော်အတွက် မည်သည့်အကူအညီမှ မပေးခဲ့ပေ။

လျှို့ဝှက်လဝန်းနန်းတော်သည် မြောက်ပိုင်းနယ်စားမင်းသား၏ စွမ်းရည်ကို မြင်သောကြောင့် သူ့ဆီမှာ ရင်းနှီးမြှုပ်နှံခဲ့ခြင်း သဘောသာဖြစ်ပြီး သူ့ကို အကူအညီပေးခဲ့ခြင်းမဟုတ်ဟု ဆိုနိုင်သည်။ ထို့ကြောင့် မြောက်ပိုင်းနယ်စားမင်းသား၏ အောင်မြင်မှုက မေးခွန်းထုတ်စရာ ဖြစ်နေခြင်းဖြစ်သည်။

လျှို့ဝှက်လဝန်နန်းတော်က လုချန်းကို ကူညီခြင်းမဟုတ်ပါ မည်သည့် အဖွဲ့အစည်းက လျှို့ဝှက်စွာဖြင့် သူ့ကို ကူညီနေလို့ လုချန်းက ဘာကြောင့် ရုတ်တရက် သံချပ်ကာမြင်းတပ် ငါးသောင်း ရသွားပြီး မြောက်ပိုင်းမြို့တော်တွင် ထိပ်သီးပညာရှင်တစ်ယောက်လှုပ်ရှားနေတဲ့ လက္ခဏာတွေ ဖြစ်စေခဲ့တာလဲ။

........

အခန်း (၁၈၃ )

နယ်ရုပ် (၃)

ဆွမ်ဧကရာဇ်က ထပ်မေးလိုက်သည်။

“ဒါဆိုရင် နိုင်ငံတော် ပညာရှိကြီးကကော မြောက်ပိုင်းမြို့တော်မှာ ထိပ်သီးပညာရှင်တစ်ယောက် ပေါ်ထွက်လာတယ်လို့ ယုံကြည်ပါလား။”

စစ်တူစီက ပြန်ဖြေလိုက်သည်။

“ကျွန်တော် သေချာပေါက် မပြောနိုင်ပါဘူး။ ဒါပေမဲ ဝန်နင်းတောင်ကြားက စစ်မြေပြင်က အခြေအနေကို ကြည့်ရင် ထိပ်သီးပညာရှင်တစ်ယောက် ပါဝင်ခဲ့တာ ဖြစ်နိုင်ပါတယ်။”

စစ်တူစီ၏အဖြေကို ကြားလိုက်ရပြီး ဆွမ်ဧကရာဇ် နက်ရှိုင်းစွာ တွေးတောလိုက်သည်။

သူ၏သားဖြစ်သူက ဘာကြောင့် ပိုပိုပြီး လျှို့ဝှက်ဆန်းကြယ်လာရသလဲ။

သူက သူရဲ့သားအစစ် မဟုတ်ဘူးလား။ ထိုအတွေးနှင့်အတူ ဆွမ်ဧကရာဇ်၏မျက်နှာထားက အလွန်ဆိုးရွားသွားသည်။ လုချန်းမွေးဖွားစဉ်က လုချန်းသည် သူ၏သားမဟုတ်ဟု သံသယဝင်ခဲ့သည်။ အဘယ်ကြောင့်ဆိုသော် သူသည် ချူးယွဲ့နှင့်အတူရှိစဉ် လုံးဝသတိကောင်းခြင်း မရှိခဲ့ပေ။ သူတို့အတူရှိချိန်များသည် အမြဲတမ်း မှုန်ဝါးနေခဲ့သည်။ ချူးယွဲ့ ကိုယ်ဝန်ဆောင်ခဲ့သော ကလေးသည် သူ၏သားအစစ် ဟုတ်မဟုတ် မည်သူပြောနိုင်မည်နည်း။

ချူးမိသားစု၏ထောက်ခံမှုကို လိုအပ်ခြင်းမရှိပါက သူချူးယွဲ့ကို လက်ထပ်ခဲ့မည် မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် သူ ချူးယွဲ့အ‌ပေါ် ချစ်မြတ်နိုးခြင်း မရှိခဲ့ သောကြောင့်ဖြစ်သည်။

ထို့ပြင် ချူးယွဲ့သည် သူ့ကို ပြုစုရန် မလိုလားကြောင်း သိရှိခဲ့သည်။ သူတို့အတူရှိချိန်များသည် အလွန်ရှားပါးပြီး ချူးယွဲ့ ကိုယ်ဝန်ဆောင်နိုင်ခြေက အလွန်နည်းပါးသည်။ ထို့ကြောင့် ချူးယွဲ့သည် အခြားယောက်ျားတစ်ဦးနှင့် ငြိစွန်းခဲ့ပြီး လုချန်းသည် ထိုယောက်ျား၏သားဖြစ်နိုင်သည်ဟု ဆွမ်ဧကရာဇ် အမြဲတမ်း သံသယဝင်နေခဲ့သည်။

သို့သော် သက်သေကိုတော့ သူဘယ်တော့မှ မတွေ့ရှိခဲ့ပေ။ နှစ်ပေါင်းများစွာ သူသည် ထိုကိစ္စကို အမြဲတမ်း တွေးတောနေခဲ့သည်။ ချူးယွဲ့ သေဆုံးပြီးနောက်တွင်ပင် သူသည် အရိပ်ကိုယ်ရံတော်များကို ချူးယွဲ့နှင့် နီးစပ်သော ယောက်ျားများကို စုံစမ်းစစ်ဆေးစေခဲ့ပြီး လုချန်း၏ဖခင်အစစ်ကို ရှာဖွေရန် ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။

ကံကောင်းထောက်မစွာပင် လုချန်းသည် အမြဲတမ်း အသုံးမကျသူဖြစ်ခဲ့သည်။ ထို့ကြောင့် ဆွမ်ဧကရာဇ်က သူ့ကို မြောက်ပိုင်းမြို့တော်သို့ ပို့လိုက်သည်။ သို့သော် မြောက်ပိုင်းမြို့တော်သို့ ရောက်ရှိပြီးနောက် လုချန်းသည် မထင်မှတ်ပဲ ရှနိုင်ငံတော်ကို ခြိမ်းခြောက်နိုင်သော အင်အားတစ်ခုဖြစ်လာသည်။

ထိုအရာက ဆွမ်ဧကရာဇ်၏ သံသယကို ပိုမိုနက်ရှိုင်းစေသည်။ လုချန်းသည် သူ၏သားအစစ် မဟုတ်နိုင်သည်မှာ အလွန်ဖြစ်နိုင်သည်။ လုချန်း၏ဖခင်အစစ်က ကူညီခြင်းကြောင့် လုချန်း ဤမျှမြန်မြန် အင်အားကြီးလာခြင်း ဖြစ်နိုင်သည်။ ထိုအတွေးများက ဆွမ်ဧကရာဇ်ကို မစင်စားရသကဲ့သို့ ခံစားရစေသည်။

ချူးယွဲ့သည် သေဆုံးသွားပြီဖြစ်သော်လည်း သူသည် အရှက်တရားကို ကြီးကြီးမားမား ခံစားနေရဆဲဖြစ်သည်။

ထိုအချိန်က အခြေအနေများကြောင့် နောက်ပိုင်းတွင် သူချစ်မြတ်နိုးသော အမျိုးသမီးကို သေစေခဲ့မည့် အမျိုးသမီးတစ်ဦးနှင့် လက်ထပ်ခဲ့ရပြီး ထိုအမျိုးသမီး၏ သားအိမ်ထဲတွင် အခြားယောက်ျားတစ်ဦး၏ သန္ဓေသားကို လက်ခံရလိုက်ရသည့် အခြေအနေအထိ ဖြစ်ခဲ့သည်ကို သတိရလိုက်သောအခါ သူအလွန် စိတ်ဆင်းရဲရသည်။

သူ စိတ်ဆင်းရဲနေသော်လည်း မြောက်ပိုင်းနယ်စားမင်းသားကို တိုက်ခိုက်ရန် အချိန် တော့ မဟုတ်သေးပေ။ သူသည် ထိုအရှက်တရားကို နှစ်ပေါင်းများစွာ သည်းခံခဲ့ရပြီးဖြစ်သည်။ နောက်ထပ် နှစ်အနည်းငယ်ကြာဦးမည်ဆိုပါကလည်း ဘာမှမထူးပေ။

အာဏာရှိ မိသားစုများကို ကိုင်တွယ်ပြီးနောက်မှသာ သူလုချန်းကို ကိုင်တွယ်မည် ဖြစ်သည်။

လောလောဆယ်တွင် သူသည် အာဏာရှိ မိသားစုများကို ခြိမ်းခြောက်ရန် လုချန်း၏ သံချပ်ကာ မြင်းတပ် ငါးသောင်းကို လိုအပ်နေဆဲဖြစ်သည်။

မြောက်ပိုင်းမြို့တွင် သံချပ်ကာ မြင်းတပ် ငါးသောင်း ရှိသည်ဟူသော သတင်းပျံ့နှံ့သွားပြီးနောက် အာဏာရှိ မိသားစုအားလုံးနီးပါးက ထိုတပ်များသည် ဆွမ်ဧကရာဇ်၏ တပ်များဖြစ်သည်ဟု ယုံကြည်လာကြပြီး ရုတ်တရက် ပို၍ နာခံလာကြသည်။

သံချပ်ကာ မြင်းတပ် ငါးသောင်း၏ ခြိမ်းခြောက်မှု‌ကြောင့် အခုသူ အာဏာရှိ မိသားစုတစ်ခုကို စတင်ပြီး ပညာပေးပါက အခြားမိသားစုများသည် ပုန်ကန်ရန် မစဉ်းစားမီ သူတို့၏ အင်အားကို သေချာစွာ ချိန်ဆရမည် ဖြစ်သည်။

ဤသည်မှာ သူ့အတွက် ကောင်းသောအရာ ဖြစ်သည်။

ထိုအတွေးဖြင့် ဆွမ်ဧကရာဇ်က ရယ်မောရင်း ပြောလိုက်သည်။

“ကျုပ်က ဧကရာဇ်တစ်ပါးဖြစ်ပြီး ကျုပ်သား လက်ထဲက အင်အားကို အသုံးချပြီး အာဏာရှိ မိသားစုတွေကို ခြိမ်းခြောက်ရမယ်လို့ တစ်ခါမှ မထင်ခဲ့ဘူး။ ဘယ်လောက်တောင် အစွမ်းမထက်တဲ့ ဧကရာဇ်တစ်ပါး ဖြစ်သွားပြီလဲ။”

ဆွမ်ဧကရာဇ်သည် ရုတ်တရက် ထိပ်သီးပညာရှင်အကြောင်း ပြောဆိုခြင်းကို ရပ်လိုက်သောအခါ စစ်တူစီက စူးစမ်းလိုက်သည်။

“မြောက်ပိုင်းမြို့တော်က ထိပ်သီးပညာရှင်သည် ဘယ်နေရာက လာတယ်ဆိုတာကို မင်းကြီး မသိချင်ဘူးလား။”

ဆွမ်ဧကရာဇ်က အေးဆေးစွာဖြင့် ပြောလိုက်သည်။

“မြောက်ပိုင်းမြို့တော်က ကိစ္စတွေကို အခုအချိန်မှာ ဘေးဖယ်ထားလိုက်ပါ။ အရိပ်ကိုယ်ရံတော်တော်တွေက ဝမ်မိသားစုနှင့် လွင်ပြင်ဒေသ မျိုးနွယ်စုတွေ ပေါင်းသင်းဆက်ဆံနေတဲ့အကြောင်းနဲ့ ပက်သက်ပြီး လုံလောက်တဲ့ အထောက်အထားတွေကို စုဆောင်းပြီးပြီ။”

“ အရှက်ရခြင်းကို နှစ်ပေါင်းများစွာ ကျုပ်ခံခဲ့ရတယ်။ အဲ့ဒါ‌တွေ အားလုံး အဆုံးသတ်ဖို့ အချိန်တန်ပြီ။”

......

All Chapters