အခန်း ၁၈၄-၁၈၆
Vol. 13 Ch. 184-186
အခန်း (၁၈၄)
ကိုယ်နန်ရန်ကို အပြစ်ပိုပေးဖို့ ကူညီပါမယ် (၁)
မြောက်ပိုင်းနယ်စားမင်းသား စံအိမ်။ နွေဦးသံ အဆောင် ရှောင်ဝမ်ယောင်၏အခန်း။
ရှောင်ဝမ်ယောင်သည် အိပ်ရာပေါ်တွင် လဲလျောင်းနေပြီး သူမ၏ခေါင်းကို ခေါင်းအုံးထဲတွင် မြှုပ်ထားကာ ဘေးနားရှိ ယောက်ျားကို ကြည့်ရန် မဝံ့မရဲဖြစ်နေသည်။ ရှောင်ဝမ်ယောင်၏အမူအရာကို မြင်လိုက်ရပြီး လုချန်းက ပြုံးလိုက်သည်။
“ယောင်ယောင်။ မင်းက ကိုယ့်ရဲ့အမျိုးသမီးဖြစ်နေပြီ။ ဘာလို့ ဒီလောက်ရှက်နေရတာလဲ။”
ထိုစကားကို ကြားနေရသော်လည်း ရှောင်ဝမ်ယောင်သည် စကားမပြောပဲ ခေါင်းကို ခေါင်းအုံးထဲတွင် ဆက်မြှုပ်ထားသည်။ ထိုအချိန်တွင် ရှောင်ဝမ်ယောင် အလွန်ရှက်ရွံ့နေသည်။
ရဲလိနန်ရန် ပြောခဲ့သည့်အတိုင်း သူမ ယုံကြည်ခဲ့သည်။ လုချန်း၏အားနည်းချက်ကို ဆုပ်ကိုင်ထားပါက သူဘာမှ မလုပ်နိုင်တော့ပဲဖြစ်သွားမည်။ ထိုအချိန်တွင် သူမသည် အနိုင်ရမည်ဟု ယုံကြည်ခဲ့သည်။
နောက်ဆုံးတွင် သူမသည် ရဲလိနန်ရန်၏နည်းလမ်းကို အသုံးပြုခဲ့ပြီး လုချန်းကို ထောင်ချောက်ဆင်မိသည်ဟု ထင်ခဲ့သည်။
သို့သော် သူမ လုချန်းကို ထောင်ချောက်ဆင်မိခြင်း မဟုတ်ကြောင်း မကြာခင် သဘောပေါက်လာခဲ့သည်။ သူသည် လွတ်လပ်စွာ လှုပ်ရှားနိုင်နေသည်။
ရဲလိနန်ရန်ဆိုသော လူလိမ်မက လူတွေဟာအနိုင်ရလျှင်လည်း အော်ဟစ်တတ်ကြသည်ဟုပင် ပြောခဲ့သည်။
ဤအရာက အနိုင်ရခြင်းနှင့် မည်သို့မှ မသက်ဆိုင်ပေ။ သူမ အော်ဟစ်ရခြင်းမှာ… ဘာကြောင့်ဆိုသော်…
သူမ ရဲလိနန်ရန်ကဲ့သို့ ဖြစ်သွားသည်ကို တွေးမိသည်နှင့်တပြိုင်နက် ရှောင်ဝမ်ယောင်၏မျက်နှာ အလွန်ပူလောင်လာသည်။
ထိုအနိုင်ရသည့် အော်ဟစ်သံများကို သူမ လုံးဝထိန်းချုပ်နိုင်ခဲ့ခြင်း မရှိပေ။ ရဲလိနန်ရန်ဆိုသော ထိုမကောင်းဆိုးဝါးမသည် ရိုးသာဖြုစင်ပြီး ကြင်နာတတ်သော သူမကို လှည့်စားခဲ့သည်။
ရှောင်ဝမ်ယောင်၏ခေါင်းသည် ခေါင်းအုံးပေါ်တွင် ဆက်လက်ရှိနေသည်ကို မြင်လိုက်ရပြီး လုချန်းသည် သူမ၏တင်ပါးကို ပုတ်လိုက်ကာ
“မင်း အခုထမထရင် ကိုယ်တို့ ခုနကလုပ်ခဲ့တဲ့ဟာကို ထပ်လုပ်ရမယ်”
ဟု ပြောလိုက်သည်။
ထိုစကားကို ကြားလိုက်ရပြီး ရှောင်ဝမ်ယောင် အလျင်အမြန် ပြန်လှည့်လာ၏။ သူမ၏မျက်လုံးများတွင် မျက်ရည်များဖြင့် ပြည့်နှက်နေပြီး လုချန်းကို ကြည့်ကာ၊ “မင်းသား… မင်းသား။ ကျွန်မ…” ဟု နူးညံ့စွာပြောလိုက်သည်။
ရှောင်ဝမ်ယောင်စကားမဆုံးမီ လုချန်းက သူမ၏ခန္ဓာကိုယ်ကို ဆွဲဖက်လိုက်သဖြင့် ရှောင်ဝမ်ယောင်၏နှလုံးလည်း တုန်လှုပ်သွားခဲ့သည်။
အရင်တုန်းက သူရိုးအခဲ့သည်။ သူမ၏ဖခင်သည် သူမ၏မိခင်နှင့် ထိုရှနိုင်ငံတော်မှ အမျိုးသမီးများကို ညှဉ်းပန်းနှိပ်စက်နေသည်ဟု သူမအမြဲတမ်း ထင်ခဲ့၏။ လုချန်းသည်လည်း ရဲလိနန်ရန်၏ အခန်းသို့ သွားခြင်းမှာ ရဲလိနန်ရန်ကို ညှဉ်းပန်းရန် သက်သက်သာ ဖြစ်သည်ဟု အမြဲယုံကြည်ခဲ့သည်။ သို့သော် ကိုယ်တိုင်ကြုံတွေ့ပြီးနောက် သူမနားလည်သွားခဲသည်။ ထိုအရာသည် ညှဉ်းပန်းခြင်း လုံးဝမဟုတ်ကြောင်း နောက်ဆုံးတွင် သူမနားလည်သွားခဲ့သည်။
သို့သော် ရဲလိနန်ရန်က သူမကို ပြောခဲ့သည့်အတိုင်း လူတွေက အောင်ပွဲခံသည့်အခါ ကျယ်လောင်စွာ အော်ဟစ်တတ်ကြသည်ဆိုသည့် သဘောမျိုးလည်း မဟုတ်ပေ။
ရဲလိနန်ရန် သူမကို လိမ်လည်နေခြင်းသာ ဖြစ်သည်။
ထို့ပြင် ရဲလိနန်ရန်သည် လုချန်း၏ အားနည်းချက်ကို ထောင်ချောက်ဆင်နေခြင်း လုံးဝမဟုတ်ပေ။ လုချန်းတွင် အားနည်းချက် မရှိကြောင်းကိုလည်း သူမစိတ်ထဲတွင် ရှင်းရှင်းလင်းလင်း သိရှိသည်။ အားနည်းချက်က သူမဆီမှာသာ ရှိသည်။
သူမ နှစ်သက်သော ယောက်ျားမှလွဲ၍ အခြားယောက်ျားတစ်ဦးအား သူမ၏ အားနည်းချက်ကို မပြသရန် သူမ၏မိခင်က အမြဲတမ်း သင်ကြားပေးခဲ့သည်မှာ အံ့သြစရာမရှိပေ။ သူမ၏မိခင်က အဘယ်ကြောင့် ထိုစကားကို အမြဲတမ်း ပြောခဲ့သည်ကို အခု သူမ နားလည်လာသည်။
သူမကိုယ်တိုင် စွမ်းအားကြီးမားပြီး အဆင့်မြင့် စွမ်းအားကို ပိုင်ဆိုင်ထားသည့်တိုင် သူမ၏ အားနည်းချက်ကို ဖော်ထုတ်မိပါက သူမ ပြိုင်ဘက်ကို အရှုံးပေးရနိုင်သည်။
ဥပမာအားဖြင့် ယခု လုချန်းက သူမ၏ အားနည်းချက်ကို ပစ်မှတ်ထားလိုက်သောအခါ သူမ ချက်ချင်း အင်အားမဲ့သွားခဲ့ပြီး မြောက်နှင့်တောင်ပင် မခွဲခြားတတ်တော့ပေ။
ထိုအတွေး ဝင်သောအခါ ရှောင်ဝမ်ယောင်၏မျက်နှာ နောက်တစ်ကြိမ် ပူလောင်လာခဲ့သည်။ လုချန်းအား သူမ၏ သစ္စာစောင့်သိမှုကို ပြသရန် သူမ၏ အားနည်းချက်ကို ဖော်ထုတ်ရမည် ဖြစ်သည်။
အကယ်၍ လုချန်းက သူမ၏ အားနည်းချက်ကို အသုံးချလိုပါက သူမ လက်ခံရမည် ဖြစ်သည်။
ထိုအချိန်တွင် ရှောင်ဝမ်ယောင်သည် လုချန်း၏ ပွေ့ဖက်မှုထဲတွင် ခွေနေပြီး လှုပ်ရှားရန် မဝံ့မရဲဖြစ်နေသည်။ လုချန်းက ရှောင်ဝမ်ယောင်၏ တင်ပါးကို နောက်တစ်ကြိမ် ပုတ်လိုက်ပြီး ရယ်မောကာ ပြောလိုက်သည်။
“ကိုယ်ပြောရဦးမယ်။ မင်းတို့ မြက်ခင်းလွင်ပြင်က အမျိုးသမီးတွေရဲ့ ခြေထောက်ကြွက်သားတွေက တကယ်ကို သန်မာကြတယ်။ မြင်းစီးတာနဲ့ တကယ်ပဲ ဆက်စပ်မှုရှိလား။”
ရှောင်ဝမ်ယောင်က နူးညံ့စွာ ပြန်ပြောလိုက်သည်။
“အင်း။ ဖြစ်နိုင်ပါတယ်။”
ရှောင်ဝမ်ယောင်၏ နူးညံ့သော အဖြေကို ကြားလိုက်ရသောအခါ လုချန်းက ရယ်လိုက်၏။ ရှောင်ဝမ်ယောင် သူ၏ ဆိုလိုရင်းကို နားမလည်ကြောင်း သိသော်လည်း သူသည် ဂရုမစိုက်ပေ။
လုချန်းက ဆက်မေးသည်။
“ယောင်ယောင်။ မင်း ကိုယ့်ကို မုန်းနေသေးလား။”
“ဘာလို့လဲဆိုတော့ ကိုယ်က မင်းရဲ့ဖခင်ကို သတ်ခဲ့တာလေ။ အကယ်၍ မင်းရဲ့ဖခင်က အသက်ရှင်နေသေးရင် မင်းက ကောင်းကင်ဝံပုလွေဘုရင် မျိုးနွယ်စုရဲ့ မင်းသမီးတစ်ယောက် ဖြစ်နေဦးမှာလေ။”
ထိုစကားကို ကြားလိုက်ရသောအခါ ရှောင်ဝမ်ယောင်သည် အနည်းငယ် တုန်လှုပ်သွား၏။ သို့သော် သူမ၏စိတ်များ ချက်ချင်းငြိမ်သက်သွားပြီး ပြန်ပြောလိုက်သည်။
“မင်းသား။ ကျွန်မ…ကျွန်မစိတ်ထဲမှာ မင်းသားကို ဘယ်တော့မှ မုန်းခြင်း မရှိပါဘူး။ ကျွန်မဖခင် သေဆုံးမှုဟာ မင်းသားနှင့် ဘယ်လိုမှ မသက်ဆိုင်ပါဘူး။ သူက အမျိုးသမီးတစ်ယောက်အတွက် သူ့ကံကြမ္မာသူ ဖန်တီးခဲ့တာပါ။ ပြီးတော့ ကောင်းကင်ဝံပုလွေဘုရင် မျိုးနွယ်စုက လူပေါင်း တစ်သိန်းကျော်ရဲ့ အသက်ကိုလည်း ဆုံးရှုံးစေခဲ့တယ်။”
လုချန်းက ရှောင်ဝမ်ယောင်၏ ဆံပင်ကို ပွတ်သပ်ပြီး ပြုံး၍ပြောလိုက်သည်။
“အင်း။ ဒါဆိုရင် မင်းက နန်ရန်ကို အခုထိ စိတ်ထဲမှာ မကျေနပ်ဘူးလား။”
ရှောင်ဝမ်ယောင်က ဖြေလိုက်သည်။
“ဟုတ်ပါတယ်။ ကျွန်မ မကြာသေးခင်က အထိ ရဲလိနန်ရန်ကို မုန်းတီးခဲ့ပါတယ်။ ဒါပေမဲ့ အခုတော့ စိတ်ထဲမှာ မထားတော့ပါဘူး။ ရဲလိနန်ရန်ဟာ အမျိုးသမီးတစ်ယောက်ပါပဲ။ သူ့ဘဝကိုသူ မဆုံးဖြတ်နိုင်ပါဘူး။”
“ကျွန်မရဲ့ ဖခင်က သူ့ကို အတင်းလက်ထပ်ခိုင်းရင်လည်း ရဲလိနန်ရန်က လက်ခံရမှာပါပဲ။ ရဲလိနန်ရန်က မြောက်ပိုင်းမြို့တော်ကို အနိုင်ရမှသာ ကျွန်မရဲ့ ဖခင်နဲ့ လက်ထပ်မယ်လို့ ကြေညာခဲ့တာက အချိန်ဆွဲဖို့ပါပဲ။”
စိတ်ငြိမ်သက်သွားပြီးနောက် သူမနဲ့ ရဲလိနန်ရန်တို့ အလွန်တူကြောင်း ရှောင်ဝမ်ယောင် သတိထားမိလာ၏။ ရဲလိနန်ရန်သည် သူမ မကြုံချင်သော အရာတွေကို ကြုံခဲ့ရပြီးသားဖြစ်တယ်ဆိုတာ နားလည်လာသည်။ သူမက မြောက်ပိုင်းဖရီဘုရင်နဲ့ မလက်ထပ်ရသေးပေမယ့် ရဲလိနန်ရန်ကတော့ ယခင်ကောင်းကင်ဝံပုလွေဘုရင်နဲ့ လက်ထပ်ခဲ့ရပြီးသားဖြစ်သည်။
အရင်ကောင်းကင်ဝံပုလွေဘုရင်ကလည်း မြောက်ပိုင်းဖရီဘုရင်နဲ့ အလွန်တူ၏။ သူတို့နှစ်ယောက်စလုံးသည် သက်ကြီးရွယ်အိုများ ဖြစ်ကြသည်။
ရဲလိနန်ရန် ထိုကဲ့သို့ ကတိပေးခဲ့တာက သူ့ဖခင်ကို စိတ်ဓာတ်ကျအောင် လုပ်ဖို့ဟု ရှောင်ဝမ်ယောင် တွေးမိလိုက်သည်။ ဘယ်သူက သူ့ဖခင်နှင့် စစ်သည်သုံးသိန်းဟာ မြောက်ပိုင်းမြို့တော်ကို ရှုံးနိမ့်သွားမယ်လို့ ထင်ထားမှာလဲ။
ထို့အပြင် ရှောင်ဝမ်ယောင်သည် အခု သူမ၏ဖခင်ကို မုန်းတီးနေပြီဖြစ်သည်။ သူမဖခင်က သူမအချစ်ဆုံးမိခင်ကို အဆိပ်ခတ်သတ်ခဲ့သည်။ သူမစိတ်ထဲတွင် ရှောင်ဟွန်ဗိုသည် မကောင်းဆိုးဝါးတစ်ကောင်ပင် ဖြစ်သည်။
.........
အခန်း (၁၈၅)
ကိုယ်နန်ရန်ကို အပြစ်ပိုပေးဖို့ ကူညီပါမယ် (၂)
လုချန်းသည် သူမ၏ဖခင်ကို သတ်ခဲ့သော်လည်း အချိန်တည်းမှာပင် သူမအတွက် လက်စားချေပေးခဲ့သည်။ သို့သော် ရှောင်ဝမ်ယောင် လုချန်းအား အထူးကျေးဇူးတင်ရသည့် အခြားအကြောင်းရင်းတစ်ခုမှာ သူကသူမအား ဒုက္ခရောက်တော့မည့် ဘဝမှ လွတ်မြောက်စေခဲ့ သောကြောင့်ဖြစ်သည်။ သူမအခု လူသားစားပြီး ဘယ်တော့မှ ရေမချိုးသော ကြောက်စရာကောင်းသည့် မြောက်ပိုင်းဖရီဘုရင်ဆိုသည့် သက်ကြီးရွယ်အိုကြီးနှင့် လက်ထပ်ရန် မလိုတော့ပေ။
“မြောက်ပိုင်းဖရီဘုရင်” နှင့် “မြောက်ပိုင်းနယ်စားမင်းသား” တို့၏ ဘွဲ့အမည်များတွင် စာလုံးတစ်လုံးသာ ကွာခြားသော်လည်း သူတို့ကြားက ကွာခြားချက်မှာ ကောင်းကင်နှင့် မြေကြီးလောက် ရှိသည်။
သူမသည် မြောက်ပိုင်းဖရီဘုရင်နှင့် လက်ထပ်ပြီး သူ၏ မိဖုရားဖြစ်ရမည့်အစား လုချန်းထံတွင် သူမ၏ အားနည်းချက်များကို နေ့စဉ်ထုတ်ဖော်ပြီး လုချန်း၏ လှောင်ပြောင်ကျီစယ်ခြင်း ခံရသည်ကို ပို၍ နှစ်သက်သည်။
သေဆုံးခဲ့ကြသော မြောက်ပိုင်းဖရီဘုရင်၏ မိဖုရားများသည် များလွန်းသဖြင့် သူမရေပင် မရေတွက်နိုင်ပါ။ သူမသာ မြောက်ပိုင်းဖရီဘုရင်နှင့် လက်ထပ်ရပါက သူမ မည်သို့ဆက်ဆံမှုမျိုးကို သည်းခံရမည်ကို စိတ်ကူးကြည့်လို့ပင် မရပေ။
ထို့ပြင် မြောက်ပိုင်းနယ်စားမင်းသား စံအိမ်တွင် နေထိုင်ရခြင်းသည် သူမ အမြဲတမ်း လိုလားခဲ့သော အရာဖြစ်သည်။ စံအိမ်သို့ ရောက်ရှိလာသည့်နေ့မှစ၍ သူမ၏ နေ့ရက်များသည် လွင်ပြင်ဒေသတွင် နေထိုင်စဉ်က ထက်ပို၍ သက်သောင့်သက်သာ ရှိခဲ့သည်။
သို့သော် မြောက်ပိုင်းနယ်စားမင်းသား စံအိမ်တွင် နေထိုင်ခြင်း၏ အားနည်းချက်တစ်ခုမှာ လွတ်လပ်မှု မရှိခြင်း ဖြစ်သည်။ သူမ သွားချင်သည့်နေရာသို့ ပြေးလွှားသွားလာခွင့် မရှိပဲ နေ့စဉ် အိမ်ထဲတွင်သာ နေထိုင်ရသည်။ သူမ လိုချင်သည့်အချိန်တွင် မြင်းစီးထွက်ခွာသွားခွင့်ပင် မရှိပေ။
စဉ်းစားကြည့်လျှင် သူမသည် ယခုအခါတွင် မြောက်ပိုင်းနယ်စားမင်းသား၏ အစေခံမိန်းမ တစ်ဦးသာ ဖြစ်နေသည်။ လုချန်းက သူမအား ပြေးလွှားသွားလာခွင့် မည်သို့ပေးနိုင်မည်နည်း။ သူမ ထွက်ပြေးဖို့ ကြိုးစားခဲ့ရင်ကော။ သို့သော် သူမတကယ်တန်း ထွက်ပြေးဖို့ ကြိုးစားမည်တော့ မဟုတ်ပါ။
ရှောင်ဝမ်ယောင်၏ စကားကို ကြားလိုက်ရသည်နှင့် လုချန်း၏ နှုတ်ခမ်းများ ကွေးသွားပြီး အနည်းငယ် ပြုံးသွားခဲ့သည်။ သူမ ထိုသို့ တွေးခေါ်နေသည်ကို သူ ဝမ်းသာမိသည်။ ရှောင်ဝမ်ယောင်၏ စိတ်ထဲတွင် ရဲလိနန်ရန်အပေါ် မကျေနပ်မှုများ ရှိနေမည်ကို သူလည်း စိုးရိမ်နေခဲ့သည်။
အမျိုးသမီးနှစ်ဦးစလုံးကို သူပိုင်ဆိုင်နေပြီဖြစ်သည်။ မောင်းမဆောင်တွင် အမြဲတမ်း ပဋိပက္ခများ ဖြစ်ပွားနေပြီး တစ်ဦးနှင့်တစ်ဦး မုန်းတီးမှုများ ရှိနေပါက သူ့အတွက် သာယာဖွယ်ရာ အခြေအနေ မဟုတ်ပေ။
ရှောင်ဝမ်ယောင် ရဲလိနန်ရန်အား မုန်းတီးမှု မရှိတော့ခြင်းက လုချန်းအား ဝမ်းမြောက်စေခဲ့သည်။
ထိုအချိန်တွင် ရှောင်ဝမ်ယောင်က နီရဲနေသော မျက်နှာဖြင့်
“ နောက်ပြီး မင်းသားက ကျွန်မအတွက် အစ်မနန်ရန်ကို ပြစ်ဒဏ်ပေးပြီးပြီလေ။ ကျွန်မမှာ မကျေနပ်မှုတွေ ရှိခဲ့ရင်တောင် အခုဆိုရင် ပျောက်သွားပြီ”
ဟု ပြောလိုက်သည်။
ရှောင်ဝမ်ယောင် ရည်ညွှန်းသည့် ပြစ်ဒဏ်ကို လုချန်း ချက်ချင်း နားလည်သွားပြီး
“အဲ့ဒါဆို အခုချိန်ကစပြီး နန်ရန်ကို မင်းအတွက် ပိုပြစ်ဒဏ်ပေးပေးမယ်။ မင်းရဲ့ ခံစားချက်တွေကို ဖြေဖျောက်ပေးဖို့ပါ” ဟု ဆက်လက်ပြောလိုက်သည်။
“ကျွန်မ အစေခံမ… မင်းသားကို ကျေးဇူးတင်ပါတယ်” ဟု ရှောင်ဝမ်ယောင်က ရှက်ရွံ့စွာဖြင့် ပြန်ပြောလိုက်သည်။
ရှောင်ဝမ်ယောင်၏ သူမ၏ကိုယ်သူမ အစေခံမိန်းမအဖြစ် အမြဲတမ်း ရည်ညွှန်းနေသည်ကို ကြားလိုက်ရသည်နှင့် လုချန်းက ရယ်မောလိုက်ပြီး
“မင်းက ကိုယ်ယူထားတဲ့ မောင်းမတစ်ယောက်လည်း ဖြစ်တယ်လေ။ ဘာလို့ မင်းကိုယ်မင်း အစေခံမိန်းမလို့ သတ်မှတ်ချင်ရတာလဲ” ဟု ပြောလိုက်သည်။
ထို့နောက် လုချန်းသည် ရှောင်ဝမ်ယောင်၏ နားတစ်ဖက်နားကပ်၍ သံလိုက်ဓာတ်ပါဝင် သော အသံနိမ့်ဖြင့်
“ကိုယ့်က မင်းကိုအစေခံမိန်းမတစ်ယောက်လို ဆက်ဆံစေချင်တာလား” ဟု ပြောလိုက်သည်။
သူ၏အသံ ပျောက်ကွယ်သွားပြီးသည်နှင့် လုချန်းက ရှောင်ဝမ်ယောင်၏ နားထဲသို့ လေတစ်ချက် မှုတ်လိုက်၏။ သူမ ချက်ချင်းပင် တကိုယ်တစ်ခုလုံး ကြက်သီးများထသွားသည်ကို ခံစားမိလိုက်သည်။
ရှောင်ဝမ်ယောင် စကားပြောတော့မည့်အချိန်တွင် လုချန်းသည် ရုတ်တရက် သူမကို လက်နှင့်ပွေ့ပြီး လှည့်လိုက်သည်။ သူမ အလျင်အမြန် ပြောလိုက်သည်။
“မင်းသား …”
ရှောင်ဝမ်ယောင် စကားမပြီးမီ လုချန်းက စကားဖြတ်လိုက်သည်။
“မင်းက အစေခံမိန်းမလို ပြုမူချင်တော့ မင်းကို အစေခံမိန်းမတစ်ယောက် ဘာလုပ်ရမလဲဆိုတာ သိအောင်လုပ်ပေးမယ်။ အထူးသဖြင့် ဘေးခန်းက မြေခွေးမ ကိုယ့်ကိုကြောက်လန့်သွားအောင်။”
လုချန်း၏စကားကို ကြားသောအခါ ချက်ချင်းပင် မကောင်းသော အရိပ်လက္ခဏာကို ခံစားမိလိုက်ပြီး ရှောင်ဝမ်ယောင် အလျင်အမြန် ပြောလိုက်သည်။
“မင်းသား။ ကျွန်မ……”
ရှောင်ဝမ်ယောင်၏ စကားမဆုံးမီ လုချန်းက သူမ၏ ပါးစပ်ကို ပိတ်လိုက်ပြန်၏။
လုချန်း စာကြည့်ခန်းသို့ ရောက်သောအခါ ညနေပိုင်း ရောက်နေပြီဖြစ်ပြီး အစေခံမိန်းမဟု ပြောပြောနေတတ်သူတစ်ဦးလည်း လုံးဝ ပြိုလဲသွားပြီဖြစ်သည်။ နောက်ဆုံးတွင် ရဲလိနန်ရန်က အစေခံများကို ခေါ်လာပြီး သူမကို ပြုစုစောင့်ရှောက်စေခဲ့သည်။
လုချန်း စာကြည့်ခန်းတံခါးဝသို့ ရောက်ရှိသည်နှင့် အေးစက်သော ပိုင်ချင်းချင်းကို တွေ့လိုက်ရသည်။
လုချန်း စာကြည့်ခန်းသို့ လာနေသည်ကို တွေ့သောအခါ ပိုင်ချင်းချင်းသည် ချက်ချင်းပင် ဦးညွှတ်ကာ
“မင်းသားကို ဂါရဝ ပြုပါတယ်” ဟု ပြောလိုက်သည်။
ဓလေ့ထုံးတမ်းအတိုင် နှုတ်ဆက်ပြီးသွားသောအခါ ပိုင်ချင်းချင်းက မျက်နှာအမူအယာ ကင်းမဲ့စွာဖြင့် ပြောလိုက်သည်။
“တပ်မှူချင်က ဒီကိုရောက်လာခဲ့ပြီး မြောက်ပိုင်းဒေသက သတင်းအချက်အလက်တွေကို ယူလာခဲ့ပါတယ်။ မင်းသားကိုလည်း ကြည့်ရှုဖို့ သတိပေးခဲ့ပါတယ်။”
ထိုစကားကို ကြားသောအခါ လုချန်းသည် ခဏတာ ငေးငိုင်သွားခဲ့သည်။
သူသည် ရှေ့တွင် ရှိနေသော ရေခဲကဲ့သို့အေးသော မိန်းမလှကို စတင်နှောင့်ယှက်ရန် ရည်ရွယ်ထားသော်လည်း မြောက်ပိုင်းဒေသမှ သတင်းအချက်အလက်များ အကြောင်းကို ပြောပြလိုက်သည့်အခါ လုချန်း၏ စိတ်အားထက်သန်မှုများ ပျောက်ဆုံးသွားခဲ့သည်။
ယခုအချိန်တွင် မြောက်ပိုင်းဒေသမှ မည်သည့်အရေးကြီး သတင်းအချက်အလက်များ ရှိနိုင်သနည်း။
ထိုအရာက လုချန်းကို အနည်းငယ် စူးစမ်းလိုစိတ် ဖြစ်စေခဲ့သည်။ လက်ရှိအချိန်တွင် မြောက်ပိုင်းဒေသတစ်ခုလုံး၌ မြောက်ပိုင်းဖရီဘုရင်၏ အတန်ငယ်ကြီးမားသော မျိုးနွယ်စု တစ်စုသာ ရှိနေသည် မဟုတ်လား။
လုချန်းသည် ချက်ချင်းပင် စာကြည့်ခန်းထဲသို့ ဝင်သွားပြီး ချင်ယူရှန် ပို့ထားသော ထောာက်လှမ်းရေး သတင်းအချက်အလက်များကို သေချာစွာ ကြည့်ရှုလိုက်သည်။
ဖတ်ရှုပြီးနောက် လုချန်းသည် အနည်းငယ် အံ့အားသင့်သွားခဲ့သည်။
သတင်းအချက်အလက်များအရ ကောင်းကင်ဝံပုလွေဘုရင် မျိုးနွယ်စုမှ လွင်ပြင်ဒေသတွင် ကျန်ရစ်ခဲ့သူများကို မြောက်ပိုင်းဖရီဘုရင်၏ မျိုးနွယ်စုမှ လူများက တွေ့ရှိခဲ့၏။ ထို့နောက် မြောက်ပိုင်းဖရီဘုရင်က သူတို့အား ဆောင်းရာသီအတွင်း မြောက်ပိုင်းမြို့တော်ကို တိုက်ခိုက်ရာ၌ ပါဝင်ရန် ဆင့်ခေါ်ထား၏။
သို့သော် ကောင်းကင်ဝံပုလွေဘုရင် မျိုးနွယ်စုမှ လူများက ချက်ချင်းပင် ကန့်ကွက်ခဲ့ကြသည်။ အဘယ့်ကြောင့်ဆိုသော် သူတို့၏ဘုရင်သည် မြောက်ပိုင်းမြို့တော်ကို တိုက်ခိုက်ခဲ့သောကြောင့် ကောင်းကင်ဝံပုလွေဘုရင် မျိုးနွယ်စုတစ်ခုလုံး မြောက်ပိုင်းမြို့တော်ထဲသို့ ဝင်ရောက်ခဲ့ရသည်။ သူတို့သည်သာ မြောက်ပိုင်းမြို့တော်ထဲသို့ မဝင်ရောက်လိုသောကြောင့် လွင်ပြင်ဒေသတွင် ကျန်ခဲ့ကြခြင်းဖြစ်သည်။
ထို့ကြောင့် ယခုလို အချိန်တွင် မြောက်ပိုင်းဖရီဘုရင်က မြောက်ပိုင်းမြို့တော်ကို ထပ်မံတိုက်ခိုက်ရန် စီစဉ်နေသည်ဟု ကြားလိုက်ရသောအခါ ဟာသတစ်ခုဟု သူတို့ထင်မှတ်ကြသည်။ မြောက်ပိုင်းမြို့တော်တွင် သူတို့ မပျက်စီးသွားချင်ပါ။
ကောင်းကင်ဝံပုလွေဘုရင်၏ မျိုးနွယ်စုမှ လွင်ပြင်ဒေသခံအချို့သည် ချက်ချင်းပင် မြောက်ပိုင်းမြို့တော်သို့ ပြေးသွားပြီး မြောက်ပိုင်းဖရီဘုရင်က ဆောင်းရာသီတွင် မြောက်ပိုင်းမြို့တော်ကို တိုက်ခိုက်ရန် စစ်သည်များ အကြီးအကျယ် စုဆောင်းနေကြောင်း ရှောင်ပင်တိန်ကို အသိပေးလိုက်သည်။ ရှောင်ပင်တိန်က အလျင်အမြန်ပင် ထိုထောက်လှမ်းရေးအချက်အလက်အား အထူးကိုယ်ရံတော်များမှတဆင့် မြောက်ပိုင်းနယ်စားမင်းသားစံအိမ်သို့ ပို့ဆောင်စေလိုက်သည်။
လုချန်းသည် အတော်အတန် အံ့အားသင့်သွားသည်။
မြောက်ပိုင်းဖရီဘုရင်က ဆောင်းရာသီမှာ မြောက်ပိုင်းမြို့တော်ကို တိုက်ခိုက်ဖို့ စီစဉ်နေတာလား။
သူ့ဦးနှောက်က တစ်ခုခု မှားယွင်းနေပြီလား။ ယခင်က လွင်ပြင်ဒေသခံများ တောင်ဘက်သို့ ချီတက်ပါက ဆောင်းရာသီမတိုင်မီ လာတတ်ကြ၏။ အစားအစာများ လုယုရန်နှင့် အမျိုးသမီးအချို့ကို ဖမ်းဆီး ခေါ်ဆောင်သွားရန် ဖြစ်သည်။
ဆောင်းရာသီရောက်လာပါက လွင်ပြင်ဒေသတွင် နှင်းမုန်တိုင်းများကျရောက်လာတတ်ပြီး စစ်သည်များ ချီတက်သွားလာရန် အလွန်ခက်ခဲသည်။ ယခင်က ကောင်းကင်ဝံပုလွေဘုရင်၏ မျိုးနွယ်စုပင် ဆောင်းရာသီတွင် လှည့်လည်သွားရဲခြင်း မရှိခဲ့ပေ။ ယခုအခါတွင် မြောက်ပိုင်းဖရီဘုရင်က ဒီလောက်အထိ ရဲရင့်လာခဲ့သည်။ သို့သော် စဉ်းစားကြည့်ပါက မြောက်ပိုင်းဖရီဘုရင်သာအထူးသဖြင့် ဒီနှစ်လအတွင်းတွင် အမှန်တကယ် လာမည်ဆိုပါက လုချန်းသူ့ကို စောင့်မျှော် ကြိုဆိုမည်သာ ဖြစ်သည်။
ယခု မြောက်ပိုင်းဒေသတစ်ခုလုံးတွင် အင်အားကြီးမားသော လွင်ပြင်ဒေသခံမျိုးနွယ်စုဟူ၍ မြောက်ပိုင်းဖရီဘုရင်၏ မျိုးနွယ်စုသာ ကျန်ရှိတော့သည်။ မြောက်ပိုင်းဖရီဘုရင်ကို ဖြေရှင်းပြီးပါက မျိုးနွယ်စုငယ်များသာ ကျန်ရှိတော့မည်ဖြစ်ပြီး သူတို့အားလုံးကို အလွယ်တကူ နှိမ်နင်းနိုင်သည်။
မြောက်ပိုင်းဖရီဘုရင်၏ မျိုးနွယ်စုကို မည်သည့်အချိန်တွင် ကိုင်တွယ်ဖြေရှင်းရမည်ကို လုချန်း စဉ်းစားနေခဲ့သည်မှာ ကြာပြီဖြစ်သည်။ သို့သော် အတွေးသက်သက်သာဖြစ်ခဲ့သည်။
မြောက်ပိုင်းဖရီဘုရင်၏ မျိုးနွယ်စုကို တိုက်ခိုက်ရာတွင် အဓိကအခက်အခဲတစ်ခုမှာ သူတို့သည် လွင်ပြင်ဒေသနှင့် သိပ်မရင်းနှီးခြင်းဖြစ်သည်။ သို့သော် ဖမ်းဆီးထားသော လွင်ပြင်ဒေသခံစစ်သည်များထဲတွင် မြောက်ပိုင်းဖရီဘုရင်၏ မျိုးနွယ်စုဝင်များ ပါဝင်နေပြီး သူတို့သည် လမ်းပြခိုင်းနိုင်သည်။ သို့သော် ယခု မြောက်ပိုင်းဖရီဘုရင်၏ နန်းတော်သည် မူလတည်နေရာမှ ရွှေ့ပြောင်းသွားပြီဖြစ်သည်။
မြောက်ပိုင်းရှိ လွင်ပြင်ဒေသသည် အလွန်ကျယ်ပြောလှသည်။ မြောက်ပိုင်းဖရီဘုရင်၏ နန်းတော်ကို အချိန်တိုအတွင်း ရှာဖွေနိုင်ရန် မလွယ်ကူပေ။ စစ်သည်များဖြင့် လွင်ပြင်ဒေသထဲသို့ မဆင်မခြင် ချီတက်ပါက ဒေသခံများ၏ ဝိုင်းရံတိုက်ခိုက်ခြင်းကို ခံရနိုင်သည်။
သို့သော် အခုတော့ အခြေအနေများက ပြောင်းလဲသွားပြီဖြစ်သည်။ မြောက်ပိုင်းဖရီဘုရင်သည် ဆောင်းရာသီတွင် မြောက်ပိုင်းမြို့တော်ကို တိုက်ခိုက်ရန် စီစဉ်နေသည်။ ဤသည်မှာ မြောက်ပိုင်းဖရီဘုရင်ကို ဖြုတ်ချရန် အကောင်းဆုံးအခွင့်အရေးဖြစ်သည်။ ထိုအခွင့်အရေးကို လုချန်းလုံးဝ လက်လွတ်ခံမည် မဟုတ်ပေ။
မြောက်ပိုင်းဖရီဘုရင် ထောင်ချောက်ထဲသို့ ကျရောက်မိမည်ကို တွေးမိသည်နှင့် လုချန်း၏ နှုတ်ခမ်းထောင့်များသည် သဘောကျမှူကြောင့် အနည်းငယ် ကွေးသွားသည်။
မြောက်ပိုင်းဖရီဘုရင်သည် တကယ့်ကို ပါရမီရှင်တစ်ဦးဖြစ်သည်။ အတော်ကြာကြာ တွေးကြည့်တာတောင် မြောက်ပိုင်းဖရီဘုရင်သည် ဘယ်လိုအတွေးအခေါ်မျိုးနှင့် ဆောင်းရာသီမှာ တောင်ဘက်သို့ ချီတက်၍ မြောက်ပိုင်းမြို့တော်ကို တိုက်ခိုက်ရန် စိတ်ကူးရခဲ့သည် ဆိုတာကို လုချန်း နားမလည်နိုင်ခဲ့ပေ။
.......
အခန်း( ၁၈၆ )
ရွှမ်ယွမ်ယွမ်ချီ (၁)
အချိန်သည် လျင်မြန်စွာ ကုန်ဆုံးနေ၏။ လဝက်ဟူသော အချိန်သည် မျက်စိတစ်မှိတ်အတွင်း ကုန်လွန်သွားသည်။ ဆောင်းရာသီရောက်ရှိလာပြီဖြစ်ပြီး ယခုအခါတွင် လူတိုင်းသည် ထူထဲသော သားမွေးအဝတ်အစားများကို ဝတ်ဆင်ထားကြသည်။ လုချန်းသည်လည်း ခြွင်းချက်မဟုတ်ပေ။
သိုင်းပညာရှင်များသည် အအေးဒဏ်ကို အတိုင်းအတာတစ်ခုအထိ ခံနိုင်ရည်ရှိကြသည်။ ထိပ်သီးပညာရှင်ဖြစ်သော လုချန်းသည်လည်း အအေးဒဏ်ကို လုံးဝမကြောက်ရွံ့ပါ။ ထိုထူထဲသော အဝတ်အစားများကို မဝတ်ဆင်ပါကလည်း သူ့အတွက် ပြဿနာမရှိပေ။ သို့သော် အအေးဒဏ်ကို မကြောက်ရွံ့ခြင်းသည် အအေးဒဏ်ကို မခံစားရခြင်းမဟုတ်ပေ။ ဆောင်းလေအေးသည် မည့်သူ့ကိုမဆို အနည်းငယ်တော့ မသက်မသာဖြစ်စေသည်။
အဆင့်မြင့်သိုင်းပညာရှင် အများစုသည်လည်း ထိုကဲ့သို့ပင်ဖြစ်သည်။ ပိုင်ချင်းချင်းတို့သည်လည်း ထူထဲသော အဝတ်အစားများကို ဝတ်ဆင်ကြသည်။
ဆောင်းရာသီက လုချန်းအတွက် အနည်းငယ် စိတ်အနှောင့်အယှက်ဖြစ်စေသည်။ အဘယ်ကြောင့်ဆိုသော် သူ၏အမျိုးသမီးများသည် ထူထဲသော သားမွေးအဝတ်အစားများကို ဝတ်ဆင်ထားကြပြီး သူတို့၏ ကျက်သရေရှိသော ခန္ဓာကိုယ်များကို အဝတ်အစားများက ဖုံးကွယ်ထားသည်။ သူတို့၏ လှပသော ခန္ဓာကိုယ်များကို ပြသနိုင်ခြင်း မရှိပေ။
သို့သော် သူဘာမှ မတတ်နိုင်ပါ။ သူသည် ရာသီဥတုကို ပြောင်းလဲနိုင်မည် မဟုတ်ပေ။
ဆောင်းရာသီက မြောက်ပိုင်းမြို့တော်သို့ ပြဿနာအများအပြား ယူဆောင်လာခဲ့သည်။ ထိုအချိန်အထိ မြောက်ပိုင်းမြို့တော်ကြုံတွေ့ရမည့် ဆောင်းရာသီပြဿနာများကို လုချန်း လုံးဝမသိရှိသေးပေ။ လွန်ခဲ့သည့် နှစ်ပတ်ကို မြောက်ဖရီးဘုရင်အား ခုခံရန်အတွက် ပြင်ဆင်နေခြင်းဖြင့် အချိန်ကုန်ခဲ့သည်။ ထို့ကြောင့် မြောက်ပိုင်းမြို့တော်၏ အုပ်ချုပ်ရေး ကိစ္စများကို သူသိပ်ဂရုမစိုက်ခဲ့ပေ။
မနက်စောစောတွင် လုချန်းသည် ရဲလိနန်ရန်၏ သိမ်မွေ့သော ရနံ့ဖြင့် နိုးထလာခဲ့၏။ သူမနှင့်အတူ မနက်စာစားပြီးနောက် ပုံမှန်အတိုင်း စာကြည့်ခန်းသို့ သွားလိုက်သည်။
စာကြည့်ခန်း အပေါက်ဝသို့ ရောက်ရှိသောအခါ မြောက်ပိုင်းမြို့တော်၏ အရေးကြီးသော အရာရှိများနှင့် စစ်ဗိုလ်ချုပ်များ စောင့်ဆိုင်းနေကြပြီဖြစ်သည်။
ယခုအခါ သူတို့သည် ငါးရက်တစ်ကြိမ် စာကြည့်ခန်းသို့ စုရုံးလာပြီး မြောက်ပိုင်းမြို့တော်၏ လတ်တလော အခြေအနေများကို လုချန်းထံ အစီရင်ခံကြပြီး ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်များကို ဆွေးနွေးကြသည်။
အစပိုင်းတွင် လုချန်းသည် ပုံမှန်အစီရင်ခံရန် ထုံးစံတစ်ခု မသတ်မှတ်ခဲ့ပေ။ သို့သော်လိယုရိီကဲ့သို့သော လူများသည် နောက်ပိုင်းတွင် အလေ့အကျင့်တစ်ခု ဖြစ်လာသည်။ ထို့ကြောင့် လုချန်းလည်း မြောက်ပိုင်းမြို့တော်၏ အရေးကြီးကိစ္စများကို ငါးရက်တစ်ကြိမ် ဆွေးနွေးရန် ဆုံးဖြတ်လိုက်သည်။
လုချန်း၏ရောက်လာတာကို မြင်တော့ လိယုရိီတို့က ချက်ချင်း ဦးညွှတ်ကာ
“မင်းသားကို ဂါရပြုပါတယ်။”
“မင်းသား နှစ်ထောင်ချီ အသက်ရှည်ပါစေ။”
လုချန်းက ခေါင်းအနည်းငယ်ညိတ်ပြီး စာကြည့်ခန်းထဲသို့ ဝင်လိုက်သည်။
“အားလုံး ဝင်လာကြပါ။”
ထို့နောက် လူအုပ်သည် လုချန်းနောက်ကို လိုက်ပြီး စာကြည့်ခန်းထဲသို့ ဝင်လာကြသည်။ ယနေ့တွင် စာကြည့်ခန်းသည် ပို၍ပင် ကျပ်တည်းနေပုံရသည်။ ဆွေးနွေးမှုတွင် ပါဝင်သူများ ပိုမိုများပြားလာသောကြောင့် ဖြစ်သည်။
ပုံမှန်အားဖြင့် အရာရှိတစ်ဦး၏ သစ္စာစောင့်သိမှုက ကိုးဆယ်ရောက်ပြီး မြောက်ပိုင်းမြို့တော်တွင် အရေးပါသော ရာထူးတစ်ခုကို ထမ်းဆောင်နေပါက လုချန်းသည် သူတို့ကို ကောင်စီအဖွဲ့သို့ ဝင်ရောက်ခွင့်ပြုလေ့ရှိသည်။
စာကြည့်တိုက်သည် တဖြည်းဖြည်း လူကျပ်လာသည်ကို မြင်လိုက်ရသောအခါ လုချန်း၏ စိတ်ထဲတွင် တွေးလိုက်သည်။ နိုင်ငံရေးရာ ခန်းမတည်ဆောက်မှု စတင်နေသည်မှာ ကောင်းသောအရာဖြစ်သည်။ ယာယီခန်းမကို မကြာမီ ပြီးစီးမည်ဖြစ်ပြီး ထိုအခါကျလျှင်သူတို့သည် စာကြည့်ခန်းထဲတွင် ကျပ်ကျပ်တည်းတည်း စုဝေးနေရတော့မည် မဟုတ်တော့ပေ။
ထိုအချိန်တွင် လုချန်းက လူအုပ်ကို သေချာကြည့်ပြီး ပြောလိုက်သည်။
“အစဉ်အလာအတိုင်း တင်ပြစရာ ကိစ္စရှိတဲ့သူတွေက တစ်ယောက်ပြီး တစ်ယောက် ပြောပါ။”
ထိုအခါ လိယုရီက ပထမဆုံး ရှေ့သို့တက်လာပြီး ပြောလိုက်သည်။
“မင်းသား။ ဆောင်းတွင်းရောက်လာပါပြီ။ မြောက်ပိုင်းမြို့တော်ဟာ ဒီနှစ်မှာ လွင်ပြင်ဒေသ မျိုးနွယ်စုတွေရဲ့ လုယက်မှုကို အောင်မြင်စွာ ကာကွယ်နိုင်ခဲ့ပေမဲ့ အဝတ်အစားနှင့် အစားအစာ ချို့တဲ့နေတဲ့ ပြည်သူတွေက အများအပြား ရှိနေဆဲပါ။ ဒီနှစ်မှာ စားနပ်ရိက္ခာ ဝေငှသင့်ပါသလား။”
မြောက်ပိုင်းမြို့တော်၏ ပြည်သူများသည် အမြဲတမ်း ဆင်းရဲကြသည်။ လုချန်းသည် သူတို့အား လယ်ယာခွန်များစွာမှ ကင်းလွတ်ခွင့်ပြုထားသော်လည်း သူတို့သည် အလွန်ဆင်းရဲဆဲဖြစ်ပြီး အများစုသည် အသက်ရှင် ရပ်တည်ရန်အတွက် ရုန်းကန်နေရဆဲဖြစ်သည်။
ဤသည်မှာ မြောက်ပိုင်းနယ်စားမင်းသား၏ စံအိမ်တွင် အလုပ်သမားများ ခန့်သည့်အခါ စံအိမ်တွင် အလုပ်ရရန် လူများစွာက ကြိုးစားအားထုတ်ကြသည့် အကြောင်းရင်းဖြစ်သည်။
မြောက်ပိုင်းနယ်စားမင်းသား စံအိမ်မှ အလုပ်သမားတစ်ဦးဖြစ်လာပါက ဆာလောင်မွတ်သိပ်ခြင်းနှင့် ချမ်းအေးခြင်းဒဏ်တို့ကို မကြောက်ရတော့ဟု သူတို့ယုံကြည်ကြသည်။
လိယုရီ၏ စကားကို ကြားလိုက်ရသောအခါ လုချန်းသည် ခဏ တွေးတောလိုက်ပြီး ပြောလိုက်သည်။
“စားနပ်ရိက္ခာ ဝေငှခြင်းကို ဆက်လုပ်ပါ။ ဒါပေမဲ့ ဒီနှစ်မှာ မြောက်ပိုင်းနယ်စားမင်းသား စံအိမ်က ငွေအချို့ထည့်ဝင်ပြီး စံအိမ်နာမည်နှင့် စားနပ်ရိက္ခာတွေဝေငှမယ်။”
လိယုရီက လုချန်း၏ ရည်ရွယ်ချက်ကို ချက်ချင်းနားလည်သွား၏။ လုချန်းသည် ပြည်သူများ၏ ချစ်ခင်မှုကို ရယူရန် စီစဉ်နေသည်ကို သိလိုက်သည်။ သို့သော် ထိုသို့လုပ်ဆောင်ခြင်းက ဘာဆိုးကျိုးမှ မဖြစ်ပါ။ အဘယ့်ကြောင့်ဆိုသော် လုချန်းသည်မြောက်ပိုင်းမြို့တော်၏ မင်းသားဖြစ်နေပြိီဖြစ်ပြီး ဤနယ်မြေတစ်ခုလုံးသည် သူ၏ ပိုင်နက်ဖြစ်နေပြီ ဖြစ်သည်။ နယ်မြေတစ်ခု၏ ဘုရင်အနေနှင့် ပြည်သူများ၏ ချစ်ခင်မှုကို ရယူခြင်းက ပုံမှန်ဖြစ်သည်။
“ဟုတ်ကဲ့၊ မင်းသား။”
လိယုရီက တုန့်ပြန်လိုက်သည်။
လုချန်းက မေးမြန်းလိုက်သည်။
“နောက်ထပ် ဆွေးနွေးလိုတာများ ရှိပါသေးလား လိလူကြီးမင်း။”
ဤအချိန်တွင် လိယုရိသည် မုချန်တိန်ဦးဆောင်သော အခြားစစ်ဗိုလ်ချုပ်များကို ကြည့်လိုက်ပြီး ဆက်ပြောလိုက်သည်
“မင်းသား မကြာသေးမီက ရန်ခရိုင်နေ ပြည်သူများဟာ သစ်သားရှားပါးမှုအကြောင်း ညည်းညူနေကြပါတယ်။ ဝန်နင်းတောင်ကြားနှင့် တောအုပ်အချို့ကို ရန်ခရိုင်ရဲ့ စစ်တပ်က ဝိုင်းရံထားပြီး သစ်ခုတ်သမားတွေဟာ သစ်ဝင်ခုတ်ခွင့် မရကြဘူးလို့ ဆိုပါတယ်။”
“ဆောင်းတွင်းရောက်ပြီဖြစ်တာကြောင့် အကယ်၍ သစ်သား လုံလုံလောက်လောက် မရှိရင် ဒီနှစ်မှာ မြောက်ပိုင်းမြို့တော်က လူအမြောက်အမြား အအေးဒဏ်ကြောင့် သေဆုံးရနိုင်ပါတယ်။”
ထိုစကားကို ကြားလိုက်ရသောအခါ လုချန်းအံ့သြသွားသည်။
ထိပ်သီးပညာရှင်တစ်ဦးအနေဖြင့် သူသည် အအေးဒဏ်ကို ခံစားရသော်လည်း ကြောက်စရာတော့ မလိုပါ။ သူ့အတွက် အအေးဒဏ်က ကြောက်စရာ မလိုသောကြောင့် သူသည် ဆောင်းရာသီကို သတိမထားမိပဲ ဆောင်းရာသီတွင် လူများ အအေးဒဏ် ကြောင့် သေဆုံးသွားနိုင်သည်ကို လုံးဝမေ့ လျော့သွားခဲ့သည်။
ထိုအရာက သူ့ကို တိုက်ရိုက်မထိခိုက်သောကြောင့် လုချန်း သတိမထားမိခဲ့ခြင်းဖြစ်သည်။ သို့သော် ယခု လိယုရီက ပြောလိုက်သောအခါ လုချန်း ထိုအရာ၏ အရေးပါမှုကို သတိထားမိလာသည်။
လူများကို နွေးထွေးစေရန်က တကယ်ပင် ပြဿနာတစ်ခုဖြစ်သည်။
လိယုရီ စကားပြောပြီးသောအခါ လုချန်းက မုချန်တိန်နှင့် အခြားစစ်ဗိုလ်ချုပ်များကို လှမ်းကြည့်လိုက်သည်။ ထိုအချိန်တွင် မုချန်တိန်က ရှေ့သို့တက်လာပြီး ပြောလိုက်သည်။
“မင်းသား။ ရန်ခရိုင်အနီးက သစ်တောတွေမှာမြောက်ပိုင်းမြို့တော်ရဲ့ စစ်စခန်းများနှင့် လျှို့ဝှက်ချက်များ ရှိနေပါတယ်။ ဒါကြောင့် ကျွန်တော်က မြောက်ပိုင်းမြို့တော်က စစ်သည်တွေကို နေရာအများစုကို ပိတ်ထားဖို့ အမိန့်ပေးခဲ့တာပါ။”
လုချန်းလည်း ထိုအရာကို သိထားသည်။ အထူးသဖြင့် မုကျင်းဝူ စီမံခန့်ခွဲနေသော အမြောက်စခန်းသည် သစ်တောဧရိယာ အများအပြားကို နေရာယူထား၏။ မြောက်ပိုင်းမြို့တော်၏ လျှို့ဝှက်ချက်များကို သူလျှိုများ မသိရှိစေရန် ဖြစ်သည်။
ထိုသစ်တောများကို ပိတ်ထားခြင်းသည် မှန်ကန်သော လုပ်ဆောင်ချက်ဖြစ်သည်။
သို့သော် ပြည်သူများ အနွေးဓာတ် ရရှိရေးပြဿနာကို ဖြေရှင်းရန်ကလည်း လိုအပ်နေသေးသည်။
အနည်းငယ်စဉ်းစားပြီးနောက် လုချန်းက ပြောလိုက်သည်
“ဗိုလ်ချုပ်မု အခုဒီစည်းအဝေး ပြီးပြီးချင်းပဲ အရေးမကြီးတဲ့ နေရာတချို့ကို ပြည်သူတွေအတွက် ဖွင့်ပေးလိုက်ပါ။ ပြည်သူတွေကို အေးပြီးသေသွားတဲ့အထိတော့ မထားနိုင်ဘူး။ ပြည်သူအားလုံး အေးပြီးသေဆုံးသွားရင် နောက်နှစ်မှာ မြောက်ပိုင်းမြို့တော်ကို ဘယ်လိုဖွံ့ဖြိုးအောင် လုပ်မှာလဲ။”
.......