အခန်း ၁၈၇-၁၈၉
Vol. 13 Ch. 187-189
အခန်း( ၁၈၇)
ရွှမ်ယွမ်ယွမ်ချီ (၂)
မုချန်တိန်က
“ဟုတ်ကဲ့ မင်းသား။ အခုဒီက ထွက်ထွက်ချင်းပဲ ကျွန်တော် သစ်တောတွေထဲက တားမြစ်ချက်အချို့ကို ရုပ်သိမ်းဖို့ အမိန့်ပေးလိုက်ပါမယ်။”
ထို့နောက် မုချန်တိန်လည်း နောက်ဆုတ်သွားလိုက်သည်။ ထိုအချိန်တွင် လိယုရိိီလည်း သူ၏မူလနေရာသို့ ပြန်သွားလိုက်သည်။
လုချန်းက လူမျာကို လှမ်းကြည့်ပြီး
“အခြားတင်ပြစရာရှိတဲ့သူ ရှိသေးလား။” ဟု မေးလိုက်သည်။
မုချန်တိန်က နောက်တစ်ကြိမ် ရှေ့သို့ထွက်လာပြီး ပြောလိုက်သည်။
“မင်းသား အခုဆိုရင် ကျွန်တော်တို့ စစ်တပ်အတွက် စစ်သားအသစ် ငါးသောင်း စုဆောင်းပြီးပါပြီ။ မြောက်ပိုင်းမြို့တော်ရဲ့ မူလစစ်သားတွေနှင့် အထူးကိုယ်ရံတော်တပ်ဖွဲ့ဝင်တွေပါ ပေါင်းလိုက်ရင် ကျွန်တော်တို့မှာ စုစုပေါင်း စစ်သားတစ်သိန်းနှစ်သောင်း ရှိပါတယ်။ ဒီထက် ပိုမိုစုဆောင်းသင့်ပါသလား။”
မုချန်တိန်၏ စစ်သား အရေအတွက်နှင့်ပတ်သက်သော မေးခွန်းကို ကြားလိုက်ရပြီး လုချန်း ခဏမျှ တွေးတောလိုက်ပြီး “လောလောဆယ် မလိုအပ်သေးပါဘူး။ မြောက်ပိုင်းမြို့တော်ဟာ စစ်သား အများကြီးကို ထောက်ပံ့နိုင်မှာ မဟုတ်ပါဘူး။” ဟု ပြောလိုက်သည်။
မြောက်ပိုင်းမြို့တော်ရှိ စစ်သားများသည် အခြေခံအားဖြင့် လယ်သမားစစ်သားများဖြစ်ပြီး တိတိကျကျ ပြောရလျှင် မုချန်တိန်စုဆောင်းထားသော စစ်သားများသည် ပုံမှန်စစ်တပ်ဟု မဆိုနိုင်ပေ။ သူတို့သည် လေ့ကျင့်ရေးကို ရံဖန်ရံခါသာ ပြုလုပ်ပြီး စိုက်ပျိုးရာသီတွင် လယ်ယာလုပ်ငန်းများ ပြန်လည်လုပ်ကိုင်ကြသည်။ သူတို့၏ တိုက်ခိုက်နိုင်စွမ်းကလည်း အလွန်အားနည်းသည်။
လုချန်း၏အစီအစဉ်မှာ နောက်ပိုင်းတွင် မြောက်ပိုင်းမြို့တော်၏ စစ်သားများကို ပုံမှန် စစ်သားများအဖြစ် ပြောင်းလဲရန်ဖြစ်သည်။ လက်ရှိ အနက်ရောင် မြင်းတပ်ကဲ့သို့ မြောက်ပိုင်းနယ်စားမင်းသား စံအိမ်မှ အပြည့်အဝထောက်ပံ့ထားသော စစ်သားများကဲ့သို့ ဖြစ်စေရန် ဖြစ်သည်။
သို့သော် ပုံမှန် စစ်သားများစွာကို ထောက်ပံ့ရန် ငွေကြေးဖိအားသည် မြောက်ပိုင်းမြို့တော်နှင့် မြောက်ပိုင်းနယ်စားမင်းသား စံအိမ်အတွက် အလွန်ကြီးမားပြီး လောလောဆယ်တွင် မဖြစ်နိုင်သေးပေ။
နောက်ဆုံးတွင် ဤအရာအားလုံးသည် ငွေကြေးနှင့် စားနပ်ရိက္ခာပြဿနာများအပေါ် မူတည်နေသည်။
လုချန်း၏စကားကို ကြားလိုက်ရပြီး မုချန်တိန်က ပြောလိုက်သည်။
“ကျွန်တော် နားလည်ပါတယ်။”
ထို့နောက် မုချန်တိန်သည် သူယခင်ရပ်နေခဲ့သော နေရာသို့ ပြန်သွားလိုက်သည်။ မုချန်တိန် နောက်သို့ဆုတ်ပြီးနောက် ရွှမ်ယွမ်ချန်းက ရှေ့သို့ထွက်လာပြီး ပြောလိုက်သည်။
“မင်းသား။ မင်းသားတောင်းဆိုထားတဲ့ လက်မှုပညာသည်တွေ ရန်ခရိုင်ကို ရောက်ရှိလာပါပြီ။ ကျွန်တော် အခု မင်းသားစံအိမ်ကို လာစဉ်က လက်မှုပညာသည်တွေက မင်းသားကို တွေ့ဆုံဖို့ မြို့တံခါးမှာ စောင့်နေကြပါပြီ။”
ထိုစကားကို ကြားလိုက်ရပြီး လုချန်း၏မျက်လုံးများ လင်းလက်လာသည်။
“ဒီလောက် တောင်မြန်လား။”
လုချန်းသည် အံ့အားသင့်သွားသည်။ လက်မှုပညာသည်များ ရန်ခရိုင်သို့ ရောက်ရှိရန် အနည်းဆုံး တစ်လနှင့် နှစ်လခန့် ကြာမည်ဟု ထင်ခဲ့သော်လည်း သူတို့သည် ယူမြို့တော်မှ ရက်သတ္တပတ် နှစ်ပတ်ခန့်အတွင်း ခရီးနှင်လာခဲ့ကြသည်။ ယခုတွင် သူသည် ယမ်းကျည်ဆံနှင့် ယမ်းမှုန့်များကို အမြောက်အမြား ထုတ်လုပ်နိုင်တော့မည် ဖြစ်သည်။
မြောက်ပိုင်းဖရိီဘုရင် မြောက်ပိုင်းမြို့တော်သို့ သူ၏စစ်တပ်ကို ဦးဆောင်လာသည့်အခါ သူ့အတွက် ကြီးမားသော အံ့အားသင့်စရာ တစ်ခုကို ပြင်ဆင်နိုင်ရန် အလွန်ဖြစ်နိုင်ခြေ များသွားပြီဖြစ်သည်။
ထိုအတွေးဖြင့် လုချန်းက ရွှမ်ယွမ်ချန်းအား “မနက်ပိုင်း အစည်းအဝေးပြီးသွားရင် ကျွန်တော် ခင်ဗျားနဲ့အတူ သူတို့ကို တွေ့ဖို့ လိုက်ခဲ့မယ်။”
လက်မှုပညာသည်များ၏ ကိစ္စကို ဆွေးနွေးပြီးနောက် သူတို့သည် မြောက်ပိုင်းမြို့တော်၏ ဖွံ့ဖြိုးတိုးတက်ရေးနှင့် သက်ဆိုင်သော အခြားခေါင်းစဉ်များကို ဆွေးနွေးကြသည်။ ဥပမာအားဖြင့် အာလူးနှင့် ကန်စွန်းဥများ အထွက်နှုန်း မြှင့်တင်ရေးနှင့် အခွန်ဆိုင်ရာ ပြဿနာများ ဖြစ်သည်။
သို့သော် အစည်းအဝေးတစ်လျှောက်လုံးတွင် လုချန်းသည် အရာရှိများအား ရာထူးမှ ဖယ်ရှားခြင်းနှင့် သက်ဆိုင်သော ကိစ္စကိုတော့ တစ်ခါမှ ထုတ်ဖော်မပြောဆိုခဲ့ပေ။
မြောက်ပိုင်းမြို့တော်ရှိ အရာရှိများကို လုချန်း ကိုင်တွယ်ဖြေရှင်းလိုသည်မှာ ကြာပြီဖြစ်သော်လည်း သူသည် ကြီးမားသော လက်တွေ့ပြဿနာတစ်ရပ်ကို ရင်ဆိုင်နေရသည်။ လက်ရှိအရာရှိများကို ရာထူးမှ ဖယ်ရှားပါက သူ့တွင် အသုံးပြုနိုင်သော လူမရှိတော့ပေ။ ဤသည်မှာ သူ့အတွက် စိန်ခေါ်မှုတစ်ရပ် ဖြစ်သည်။
မြောက်ပိုင်းမြို့တော်ရှိ အကျင့်ပျက် အရာရှိများကို သူမုန်းတီးသော်လည်း သူတို့မရှိပါက အလုပ်များကို မည်သူလုပ်မည်နည်း။ သူ၏မူဝါဒများ အောက်ခြေအထိ ရောက်နိုင်တော့မည် မဟုတ်ပေ။ ထို့ကြောင့် လောလောဆယ်တွင် ထိုအခြေအနေကို လုချန်း သည်းခံနေရသည်။
မနက်ပိုင်း အစည်းအဝေးပြီးဆုံးသွားသောအခါ လုချန်းသည် ရွှမ်ယွမ်ချန်းနှင့်အတူ လိုက်သွားပြီး မြို့တံခါးဆီသို့ သွားလိုက်သည်။
ထိုအချိန်တွင် ရန်ခရိုင်၏ မြောက်ဘက်တံခါးအပြင်ဘက်တွင် လူအုံနေသည်။ သူတို့သည် အထုပ်ကြီးငယ်၊ လှည်းကြီး လှည်းငယ်များဖြင့် ရောက်ရှိလာသော လူများကို စပ်စုနေကြခြင်းဖြစ်သည်။
ထိုအချိန်တွင် တစ်ယောက်က
“မင်းသား ရောက်လာပြီ”
ပြောလိုက်သောအခါ ပြည်သူများက လမ်းကြောင်းကို ရှင်းလင်းပေးလိုက်ကြသည်။
မကြာမီ လုချန်းသည် မြင်းစီးလျက် ယူမြို့တော်မှ လက်မှုပညာသည်များရှေ့သို့ ရောက်ရှိလာသည်။ ကုန်တင်လှည်းများရှေ့တွင် အသက်နှစ်ဆယ်ကျော် သုံးဆယ်ဝန်းကျင် လူငယ်နှစ်ယောက် ရပ်နေသည်။ သူတို့သည် ကြံ့ခိုင်သန်မာပြီး သူတို့၏ ကြွက်သားများသည် သားမွေးအဝတ်အစားများပေါ်တွင် တင်းကျပ်နေပြီး အရပ်များကလည်း ခြောက်ပေခန့်ရှိသည်။
လုချန်းသည် ထိုသူနှစ်ယောက်၏ အချက်အလက်များကို ဖော်ထုတ်ကြည့်လိုက်သည်။
[အမည် - မိုးဖေး]
[အဆင့်အတန်း - မြောက်ပိုင်းနယ်စားမင်းသား၏ စံအိမ်၏ လက်မှုပညာသည်များ၏ လက်ရှိခေါင်းဆောင်၊ ယခင်က ယူမြို့တော်မှ လက်မှုပညာသည်တစ်ဦး၊ မြောက်ပိုင်းနယ်စားမင်းသား လက်မှုပညာသည်များ လိုအပ်နေသည်ကို သိရှိပြီးနောက် ချက်ချင်းပင် လက်မှုပညာသည်နှစ်ထောင်ကို ဦးဆောင်ကာ ရန်ခရိုင်သို့ လာရောက်ခဲ့သည်။]
[စွမ်းအား - အဆင့်ငါး]
[သစ္စာစောင့်သိမှု - ၁၀၀]
[အမည်- မိုးရှင်း]
[အဆင့်အတန်း- လက်ရှိ မြောက်ပိုင်းနယ်စားမင်းသားစံအိမ်၏ လက်မှုပညာရှင်၊ မိုးဖေး၏ ညီ၊ ယခင်က ယူမြို့တော်မှ လက်မှုပညာရှင်၊ သူ၏အစ်ကို မိုးဖေးနှင့်အတူ ရန်ခရိုင်သို့ လိုက်ပါလာပြီး မြောက်ပိုင်းနယ်စားမင်းသားထံ တာဝန်ထမ်းဆောင်မည်။]
[စွမ်းအား- အဆင့်ငါး]
[သစ္စာစောင့်သိမှု- ၁၀၀]
လုချန်းသည် ထိုလူနှစ်ဦး၏ အချက်အလက်များကို ကြည့်ရှုလိုက်ရပြီး အံ့သြသွားသည်။ သူတို့ရဲ့ မျိုးနွယ်အမည်က မိုးလား။
ဒီကမ္ဘာမှာ တကယ်ပဲ မိုးဟစ်အတွေးအခေါ်ကျောင်းဆိုတာ ရှိနေတာလား။
ယူမြို့တော် အကြောင်းကို အနည်းငယ်သိလာပြီးနောက် ထိုမြို့တော်၏ အယူအဆများစွာသည် မိုးဟစ် အတွေးအခေါ်ကျောင်းနှင့် အလွန်ဆင်တူကြောင်း လုချန်း သတိထားမိခဲ့သည်။ ယခု မိုးမျိုးနွယ်အမည်ရှိ လူနှစ်ဦး ပေါ်ထွက်လာခြင်းက သူ့ကို ပိုပြီး သိလိုစိတ် ဖြစ်လာစေသည်။
သို့သော် သူတို့သည် မိုးဟစ် ကျောင်းတော်သားများ ဟုတ်မဟုတ်ဆိုတာထက် အရေးကြီးဆုံးက ထိုလက်မှုပညာရှင်များသည် မြောက်ပိုင်းနယ်စားမင်းသား စံအိမ်ကို ရာနှုန်းပြည့် သစ္စာရှိကြခြင်းဖြစ်သည်။ ထို့ကြောင့် လက်နက်များ ထုတ်လုပ်ရန် တာဝန်ပေးသည့်အခါ လျှို့ဝှက်ချက်များ ပေါက်ကြားသွားနိုင်သည့် အန္တရာယ်ကို လျှော့ချနိုင်သည်။
ထိုအချိန်တွင် မိုးဖေးနှင့် မိုးရှင်းတို့သည် လုချန်းထံသို့ ချဉ်းကပ်လာပြီး ရိုသေစွာ ဦးညွှတ်လိုက်ကြသည်
“ကျွန်တော် မိုးဖေး။ ကျွန်တော် မိုးရှင်း။ မင်းသားကို ဂါရဝပြုပါတယ်။”
အခြားလက်မှုပညာရှင်များကလည်း လိုက်၍ ဦးညွှတ်လိုက်ကြသည်။
“မင်းသားကို ဂါရဝပြုပါတယ်။”
“မင်းသား နှစ်ထောင်ချီ အသက်ရှည်ပါစေ။”
လုချန်းက ခေါင်းညိတ်ပြီး ပြုံးလိုက်ကာ “ကောင်းပါပြီ။ ထကြပါ။”
ထိုအချိန်တွင် လုချန်း၏ မျက်လုံးများကို ခပ်ဝေးဝေးနေရာမှာ ရှိနေသည့် ပုံရိပ်တစ်ခုက ရုတ်တရက် ဖမ်းစားသွားသည်။
အစက လူအများအပြားရှိနေသောကြောင့် သူ သတိမထားမိခဲ့သော်လည်း လက်မှုပညာရှင်များ အားလုံး ခေါင်းငုံ့၍ ဦးညွှတ်နေ သည့်အခါတွင် မဝေးလှသော နေရာမှ မြင်းဖြူတစ်ကောင်ပေါ်တွင် အနက်နှင့် အနီရောင် သံချပ်ကာဝတ်စုံကို ဝတ်ဆင်ထားသော အမျိုးသမီးတစ်ဦးကို ရုတ်တရက် မြင်လိုက်ရသည်။
ထိုအမျိုးသမီးသည် ဆံပင်ကို မြင့်မြင့်ထုံးထားပြီး အနီရောင် ဝတ်ရုံကို ဝတ်ဆင်ထားကာ သူမ၏ လက်ထဲတွင် အနီရောင် လှံတံတစ်ချောင်းကို ကိုင်ထားသည်။ သူမသည် အလွန်လှပပြီး သူရဲကောင်းဆန်သော လက္ခဏာများ ရှိနေသည်။ ထိုအမျိုးသမီးသည် ထင်ရှားသော ပုံပန်းသဏ္ဍန်နှင့် မြင့်မားသော စိတ်ဓာတ်တို့ကို ပြသနေသည်။
ဒါက…
လုချန်းသည် အလွန်အံ့အားသင့်သွားသည်။
သူသည် ယခင်က အနက်ရောင် မြင်းတပ်ထဲတွင် ထိုအမျိုးသမီးကို မမြင်ဖူးပါ။ ထို့အပြင် အနက်ရောင် မြင်းတပ်ထဲတွင် မြင်းဖြူများ မရှိပါ။ ပြီးတော့ အမျိုးသမီးများလည်း မရှိပါ။
မြင်းအရောင်ကို သတိထားမိသောအခါ လုချန်းသည် နောက်ထပ်အချက်တစ်ခုကို ရုတ်တရက် သတိထားမိလိုက်သည်။ ထိုအမျိုးသမီး၏ နောက်တွင် လိုက်ပါလာသော စစ်သည်များ စီးနေသည့် မြင်းများသည်လည်း အဖြူရောင်ဖြစ်ပြီး အနက်ရောင် မြင်းတပ်၏ မြင်းများ မဟုတ်ပါ။
သိလိုစိတ်ဖြင့် လုချန်းသည် ချက်ချင်းပင် စနစ်ကို အသုံးပြုကာ ထိုအမျိုးသမီး၏ အချက်အလက်များကို ဖော်ထုတ်လိုက်သည်။
[အမည်- ရွှမ်ယွမ်ယွမ်ချီ]
[အဆင့်အတန်း- ယူမြို့တော် ရွှမ်ယွမ်မိသားစု ခေါင်းဆောင်၏ သမီး၊ အသက် ၂၃ နှစ်၊ ရွှမ်ယွမ်ချန်း၏ ညီမ၊ ထိပ်သီးပညာရှင်အဆင့်၊ ရန်ခရိုင်တွင် လက်မှုပညာရှင်များ လိုအပ်ကြောင်း ကြားသိရသောအခါ လက်မှုပညာရှင်များကို ရန်ခရိုင်သို့ ပို့ဆောင်ရန် မြင်းတပ် သုံးထောင်ကို ဦးဆောင်လာခဲ့သည်။ မြောက်ပိုင်းနယ်စားမင်းသားအပေါ် သူမ၏ ခံစားချက်များသည် အနည်းငယ် ထူးခြားသည်။]
[အဆင့်သတ်မှတ်ချက်- ၉၈]
[သစ္စာစောင့်သိမှု- ၁၀၀]
[သဘောကျမှု- ၅၀]
ရွှမ်ယွမ်ရန်ချိ၏ အချက်အလက်များကို မြင်လိုက်ရသောအခါ လုချန်းသည် တစ်ဖန် အံ့သြသွားသည်။
အဆင့်သတ်မှတ်ချက်က ၉၈..
ရွှမ်ယွမ်ယွမ်ချိီသည် အလွန်လှပသော်လည်း သူမ၏ အလှသည် ထူးခြားပြီး လုချန်းမြင်ဖူးသည့် အမျိုးသမီးများ၏ အလှနှင့် မတူပါ။
သူမသည် လှပရုံသာမက ထိပ်သီးပညာရှင်တစ်ဦးလည်း ဖြစ်သည်။ ဒါက… စနစ်က တတိယမြောက် ထိပ်သီးပညာရှင်ကို ခေါ်ယူမည်ဟု မပြောခဲ့ပါ။ ရွှမ်ယွမ်ယွမ်ချိီသည် စနစ်မှ သူ့ကို ပေးသော ဆုလာဘ်တစ်ခု ဖြစ်နိုင်သလား။
စနစ်က ယူမြို့တော်၏ ပြည်သူငါးသိန်းကို ဆုလာဘ်အဖြစ် သတ်မှတ်ထားသည်။ ထို့ကြောင့် ရွှမ်ယွမ်ယွမ်ချိီကိုလည်း ထည့်သွင်းစဉ်းစားသင့်သည် မဟုတ်ပါလား။
လုချန်းသည် သေချာမသိပါ။ အဘယ့်ကြောင့်ဆိုသော် ထိုအံ့သြစရာက တကယ့်ကို ရုတ်တရက် ဖြစ်ပေါ်လာခြင်းကြောင့်ဖြစ်သည်။ ယူမြို့တော်တွင် အမှတ် ၉၈ ရသော အမျိုးသမီး ထိပ်သီးပညာရှင်တစ်ဦး ရှိနေမည်ဟု သူဘယ်တော့ကမှ မမျှော်လင့်ခဲ့ပါ။
တကယ်တော့ လုချန်းကို အံ့အားသင့်စေသည့် အခြားအရာတစ်ခုလည်း ရှိသေး၏။ မြင်းတပ်သုံးထောင်၏ မြင်းဖြူများပင်ဖြစ်သည်။ စနစ်က မြင်းတပ်သုံးထောင်အကြောင်း မပြောခဲ့ပါ။ ထိုမြင်းတပ်သားများကို ယူမြို့တော်၏ သာမန်ပြည်သူများအဖြစ် သတ်မှတ်ထားသည်။
အနက်ရောင် မြင်းတပ်သည် ယူမြို့တော်၏ စစ်တိုက်နိုင်သော စစ်သည်အားလုံးကို ကိုယ်စားပြုသည်ဟု လုချန်းအမြဲထင်ခဲ့သည်။ ယူမြို့တော်တွင် မြင်းတပ်သုံးထောင်လည်း ရှိနေသေးတယ်ဆိုတာကို သူမသိခဲ့ပါ။
အစကတည်းက ယူမြို့တော်တွင် စစ်ရေးအရ ကြီးမားသော အလားအလာများ ရှိကြောင်း သူသိထားသော်လည်း သူတို့၏ အင်အား ဒီလောက်ကြီးမားလိမ့်မည်ဟု လုချန်းမ မျှော်လင့်ခဲ့ပါ။
ထိုအချိန်တွင် လုချန်းသည် ရွှမ်ယွမ်ယွမ်ချီနှင့် သူမဦးဆောင်သော မြင်းတပ်သုံးထောင်သည် ဘာလို့ အနားသို့ မလာကြတာလဲဆိုတာကို သိချင်နေသည်။
သူထို့သို့ တွေးနေစဉ်တွင်ပင် ရွှမ်ယွမ်ယွမ်ချီနှင့် သူမ၏ မြင်းတပ်သား သုံးထောင်တို့ စတင်ထွက်ခွာသွားသည်ကို မြင်လိုက်ရသည်။
လုချန်း မျက်ခုံးတွန့် သွားခဲ့သည်။
အမှတ် ၉၈ ရသော အမျိုးသမီး ထိပ်သီးပညာရှင်တစ်ဦးက သူ့ရှေ့တွင် ပေါ်လာပြီး တစ်ချက်ကြည့်ပြီးတာနဲ့ ဒီလိုထွက်ပြေးသွားပြီလား။
သူမကို တကယ်ပဲ ထွက်ခွာခွင့်ပေးသင့်လား။
လုချန်းသည် ချက်ချင်း ရွှမ်ယွမ်ချန်းဘက်သို့ လှည့်ပြီး
“ဗိုလ်ချုပ် ရွှမ်။ ကျွန်တော့်ကို ဂါရဝ မပြုပဲစစ်သည်တွေနှင့်အတူ ထွက်သွားတဲ့ အနက်နှင့် အနီရောင် သံချပ်ကာဝတ်စုံဝတ်ဆင်ထားတဲ့ အမျိုးသမီးက ဘယ်သူလဲ” ဟု မေးလိုက်သည်။
ထိုစကားကို ကြားလိုက်ရသည်နှင့် ရွှမ်ယွမ်ချန်းသည် ချက်ချင်းပင်
“မင်းသား။ သူက ကျွန်တော့် ညီမပါ။
သူကယူမြို့တော်ရဲ့ မြို့တော်ကာကွယ်ရေး ဗိုလ်ချုပ်ပါ။ မြင်းတပ်သားသုံးထောင်က မြို့ရဲ့ ကာကွယ်ရေးတပ်ဖွဲ့ ဖြစ်ပါတယ်။ သူတို့ဟာ လက်မှုပညာရှင်တွေကို မြောက်ပိုင်းမြို့တော် ပို့ပေးဖို့ ရောက်လာခဲ့ကြတာပါ။”
“အခု သူတို့ရဲ့ လူတွေကို ပို့ဆောင်ပြီးလို့ လွင်ပြင်ဒေသ မျိုးနွယ်စုတွေရဲ့ တိုက်ခိုက်လာနိုင်မှုကို ရှောင်ရှားဖို့အတွက် ယူမြို့တော်ကို အမြန်ပြန်ဖို့ လိုအပ်ပါတယ်။ ကျွန်တော့်ညီမ ဂါရဝ မပြုသွားတဲ့ အကြောင်းက…”
ထိုအချိန်တွင် ရွှမ်ယွမ်ချန်း ခဏတာမျှ နှုတ်ဆိတ်သွားပြီး အရဲစွန့်ကာ ဆက်ပြောလိုက်သည်။
“ကျွန်တော့်ညီမ ကိုယ်စား မင်းသားကို တောင်းပန်ပါတယ်။ ကျွန်တော့်ညီမက ငယ်စဉ်ကတည်းက အလိုလိုက်ခံခဲ့ရလို့ သိတတ်လိမ္မာမှု အားနည်းပါတယ်။ မင်းသား ခွင့်လွှတ်ပေးပါလို့ မျှော်လင့်ပါတယ်။”
“နောက်တစ်ကြိမ် ကျွန်တော့်ညီမ ရန်ခရိုင်လာတဲ့အခါ မင်းသားကို သေသေချာချာတောင်းပန်စေပါမယ်။”
ရွှမ်ယွမ်ချန်း၏ စကားကို ကြားလိုက်ရပြီး လုချန်းသည် ခဏတာမျှ ငေးသွားခဲ့သည်။
သိတတ်လိမ္မာမှု အားနည်းတယ်တဲ့လား။
တကယ်ပဲ သိတတ်လိမ္မာမှု အားနည်းနေတာလား။
အခန်း (၁၈၈)
ချမ်းအေးသော ဆောင်းရာသီ
ကျောင်းယိုယို ကိုယ်ဝန်ထပ်ရခြင်း (၁)
သူအထင်မှားနေတာလားဆိုတာ လုချန်းမသေချာပါ။ ရွှမ်ယွမ်ယွမ်ချိိီသည် ဓလေ့ထုံးတမ်းများကို မသိဟုသာ သူယူဆသည်။ အဘယ်ကြောင့်ဆိုသော် သူမ၏ သစ္စာစောင့်သိမှုသည် တစ်ရာရာခိုင်နှုန်းဖြစ်သည်။
သူမသည် ဓလေ့ထုံးတမ်းများကို မသိသော်လည်း သူ၏ အရှေ့သို့ရောက်လာပြီ ဖြစ်သောကြောင့် သူ့ကို နှုတ်ဆက်ရန်တော့အနည်းဆုံး သိသင့်သည်။
လုချန်း၏ စိတ်ထဲတွင် ရုတ်တရက် အတွေးတစ်ခု ဝင်လာသည်။ များသောအားဖြင့် သူသည် အမျိုးသမီးတစ်ဦး၏ ကိုယ်ရေးကိုယ်တာအချက်အလက်ကို စစ်ဆေးသောအခါ အောက်ပါအတိုင်း ပေါ်တတ်သည်။
[အမည်]
[အချက်အလက်]
[အဆင့်သတ်မှတ်ချက်]
[သဘောကျမှု]
သို့သော် ရွှမ်ယွမ်ယွမ်ချီ၏ ကိုယ်ရေးကိုယ်တာအချက်အလက်တွင် “သစ္စာစောင့်သိမှု” ကို ထပ်မံဖော်ပြထားသည်။ ထိုအရာကို လက်အောက်ငယ်သားများ၏ ကိုယ်ရေးအချက်အလက်တွင်သာ တွေ့ရှိရတတ်သည်။
သူမ၏ အချက်အလက်ကတော့ အောက်ပါအတိုင်း ဖော်ပြထားသည်။
[အမည်]
[အချက်အလက်]
[အဆင့်သတ်မှတ်ချက်]
[သစ္စာစောင့်သိမှု]
[သဘောကျမှု]
ရွှမ်ယွမ်ယွမ်ချီ၏ သစ္စာစောင့်သိမှုသည် တစ်ရာရာခိုင်နှုန်းဖြစ်သော်လည်း သူမ၏ သဘောကျမှုသည် ၅၀ ရာခိုင်နှုန်းသာရှိသည်။ ထိုအရာက အနည်းငယ် ထူးဆန်းသည်ဟု လုချန်း ထင်မိသည်။
သူနားလည်ထားသည့်အတိုင်းဆိုလျှင်အမျိုးသမီးတစ်ဦး၏ သူ့အပေါ် သဘောကျမှုသည် သူမ၏ သစ္စာစောင့်သိမှုနှင့် မကွာခြားပါဖြစ်သည်။ တစ်ရာရာခိုင်နှုန်း သဘောကျမှုသည် တစ်ရာရာခိုင်နှုန်း သစ္စာစောင့်သိမှုကို ဆိုလိုသည်။ လုချန်းသည် ထိုသို့နားလည်ထားသည်။
သို့သော် ယခုအခါ ရွှမ်ယွမ်ယွမ်ချီတွင်မူ ချွင်းချက်တစ်ခု ပေါ်ထွက်လာခဲ့သည်။
သစ္စာစောင့်သိမှု တစ်ရာရာခိုင်နှုန်းနှင့် သဘောကျမှု ၅၀ ရာခိုင်နှုန်းသာရှိခြင်းက မည်သည့်အရာကို ဆိုလိုသနည်း။ လုချန်းသည် ချက်ချင်းပင် သူ၏စိတ်ထဲတွင် စနစ်ကို မေးမြန်းလိုက်သည်။
“စနစ်။ ရွှမ်ယွမ်ယွမ်ချီမှာ သဘောကျမှုနှင့် သစ္စာစောင့်သိမှု နှစ်ခုလုံးကို ဘာလို့ ပြထားတာလဲ။ ဒီနှစ်ခုက အတူတူပဲ မဟုတ်ဘူးလား။”
[သာမန်အမျိုးသမီးများအတွက် သဘောကျမှုနှင့် သစ္စာစောင့်သိမှုက တူညီသည်။ သို့သော် ရွှမ်ယွမ်ယွမ်ချီသည် စနစ်မှ ခေါ်ယူထားသောသူ ဖြစ်သောကြောင့် ထိုသူများသည် သခင့်ကို တစ်ရာရာခိုင်နှုန်း သစ္စာစောင့်သိမှုရှိသော်လည်း ဤသည်မှာ သခင့်ကို အထူးသဘောကျမှုရှိကြောင်း မဆိုလိုပါ။]
စနစ်၏ ရှင်းလင်းချက်ကို ကြားရပြီးနောက် သဘောကျမှုနှင့် သစ္စာစောင့်သိမှုသည် စနစ်မှ ခေါ်ယူထားသော အမျိုးသမီးများတွင် တစ်ခုတည်း မဟုတ်ကြောင်း လုချန်းနားလည်သွားသည်။
ထို့ကြောင့် ရွှမ်ယွမ်ယွမ်ချီကို သူ၏ဇနီးအဖြစ် လိုချင်ပါက သူမ၏ သစ္စာစောင့်သိမှုကို ကြည့်ရုံသာမက သူမ၏ သဘောကျမှုကို တိုးမြှင့်ရန်ပါ နည်းလမ်းရှာရမှာလား။
သို့သော် သူမသည် သူ့အပေါ် အပြည့်အဝ သစ္စာရှိပါက သူမ၏ သဘောကျမှုကို တိုးမြှင့်ရန် လိုအပ်ပါသလား။ ရွှမ်ယွမ်ယွမ်ချီသည် သူ၏ လက်အောက်ငယ်သားတစ်ဦးဖြစ်သည်။ သူမကို သူ၏ဇနီးအဖြစ် ဖြစ်လာရန် အမိန့်ပေးနိုင်သည် မဟုတ်ပါလား။ သူမမလွဲမသွေ သဘောတူရမည် ဖြစ်သည်။
သို့သော် လုချန်းသည် ချက်ချင်းပင် ထိုအတွေးကို စွန့်လွှတ်လိုက်ပြီး ထိုသို့သောလုပ်ရပ်ကို မလုပ်တော့ဟု ဆုံးဖြတ်လိုက်သည်။ အခြားသူများကို ထိုသို့လုပ်ကောင်းလုပ်နိုင်သော်လည်း ရွှမ်ယွမ်ယွမ်ချီသည် သူ၏ လက်အောက်ငယ်သားတစ်ဦးဖြစ်သည်။ မပြဌာန်းထားသော စည်းမျဉ်းကို သူအသုံးချနိုင်မှာလား။ သူသည် လုပ်ငန်းခွင်တွင် အာဏာကို အလွဲသုံးစားလုပ်တတ်သော သူတစ်ဦးမဟုတ်ပေ။
လုချန်း အနည်းငယ်စိတ်မကြည်ဖြစ်နေပုံရပြီး တိတ်ဆိတ်နေသည်ကို တွေ့သောအခါ ရွှမ်ယွမ်ချန်းလည်း စိုးရိမ်လာပြီး ထပ်ပြောလိုက်သည်။
“မင်းသား။ ကျွန်တော် ချက်ချင်းပဲ သူ့ကို ပြန်ခေါ်ပြီး မင်းသားကို တောင်းပန်ခိုင်းပါ့မယ်။”
ရွှမ်ယွမ်ချန်းသည် ရွှမ်ယွမ်ယွမ်ချီကို လိုက်ဖမ်းတော့မည့်ပုံပေါက်နေသဖြင့် လုချန်း သတိပြန်ဝင်လာပြီး ချောင်းဟန့်ကာ စကားဖြတ်လိုက်သည်။
“မလိုအပ်ပါဘူး။ ကျွန်တော်က မေးကြည့်ရုံ မေးကြည့်တာပါ။”
ထိုအချိန်တွင် လုချန်း အနည်းငယ်ပြုံးလိုက်သည်။ သူက ရွှမ်ယွမ်ချန်း၏ ပခုံးကို ပုတ်လိုက်ပြီး
“ဗိုလ်ချုပ်ရွှမ်။ ခင်ဗျားရဲ့ ညီမက အသက်နှစ်ဆယ်ကျော်အရွယ်မှာပဲ ထိပ်သီးပညာရှင်အဆင့်ကို ရောက်ရှိသွားပြီပဲ။ တကယ်ပဲ အမျိုးသားတွေနဲ့ ယှဉ်လို့ရတဲ့ အမျိုးသမီးတစ်ယောက်ပဲ” ဟု ဆက်ပြောလိုက်သည်။
ရွှမ်ယွမ်ချန်းလည်း ခဏမျှ တုန်လှုပ်သွားပြီး “မင်းသားရဲ့ ချီးကျူးစကားအတွက် ကျေးဇူးတင်ပါတယ်”
ဟု ပြန်ပြောလိုက်သည်။
လုချန်းက ဆက်ပြောသည်။
“နောက်တစ်ခါ ခင်ဗျားရဲ့ညီမကို တွေ့ရင် သိုင်းပညာနဲ့ပတ်သက်ပြီး သူ့ဆီက အကြံဉာဏ်တောင်းရမယ်။ ကျွန်တော့်မှာ စွမ်းရည်ရှိပေမယ့် တကယ့်တိုက်ပွဲမှာ သုံးဖို့ကျတော့ မလုံလောက်ဘူး။”
“ဟင်… ဒါ…”
ရွှမ်ယွမ်ချန်းသည် စဉ်းစားနေမိသည်။ သူတို့မင်းသားက တကယ်ပဲ သူ၏ညီမဆီက သိုင်းပညာနဲ့ဆိုင်တဲ့ အကြံဉာဏ်တွေ တောင်းခံဖို့ စီစဉ်နေတာလား။
ဘာကြောင့် သံသယဝင်စရာတစ်ခုခု ရှိနေသလို ခံစားနေရတာလဲ။
ရွှမ်ယွမ်ချန်း၏ လုချန်းအပေါ် သစ္စာရှိမှုသည် ရာနှုန်းပြည့် ဖြစ်သော်လည်း သူ့တွင်လည်း သူ၏ကိုယ်ပိုင်အတွေးအခေါ်များ ရှိနေဆဲဖြစ်သည်။ သူသည် မြောက်ပိုင်းနယ်စားမင်းသား၏ အကျင့်စရိုက်ကို အတော်အတန် သိရှိပြီးဖြစ်ပြီး မြောက်ပိုင်းနယ်စားမင်းသားသည် သူ၏ညီမအပေါ် အခြားရည်ရွယ်ချက်များ ရှိနေသည်ဟု သံသယဝင်မိသည်။
သို့သော် သူ၏သခင်ဖြစ်သူအပေါ် သူ့အနေနှင့် ဘာမှပြောရန် မသင့်ဟု ရွှမ်ယွမ်ချန်း ယူဆသည်။
လုချန်းက ဆက်ပြောလိုက်သည်။
“ဒီအကြောင်းကို နောက်မှ ပြောတော့မယ်။
မိုးဖေးတို့က ခရီးဝေးက လာခဲ့တာဆိုတော့ ပင်ပန်းနေကြမှာပဲ။ သူတို့ကို နားဖို့နေရာစီစဉ်ပေးလိုက်ရအောင်။”
လုချန်း၏စကားကို ကြားလိုက်ရသည်နှင့်
မိုးဖေးက
“မင်းသားရဲ့ ဂရုစိုက်မှုအတွက် ကျေးဇူးတင်ပါတယ်”
ဟု ချက်ချင်းပြန်ပြောလိုက်သည်။ လုချန်းသည် နောက်ထပ်စကားမပြောတော့ပဲ လက်မှုပညာသည်များကို ကြိုတင်ပြင်ဆင်ထားသော နေရာများသို့ ခေါ်ဆောင်သွားလိုက်သည်။
ကံကောင်းစွာပင် လက်မှုပညာသည်များ၏ မိသားစုများလည်း မြောက်ပိုင်းမြို့တော်သို့ လာရောက်နိုင်သည်ဟု မျှော်လင့်ကာ အပိုအိမ်များ ပြင်ဆင်ထားရန် လုချန်းက ချင်ယူရှန်အား မှာကြားထားခဲ့သည်။ အိမ်များပိုမို ဆောက်ထားခြင်းက ပြဿနာ မဟုတ်ပေ။
မျှော်လင့်ထားသည်ထက် ပိုလာသည်က လုချန်းက လက်မှုပညာသည်တစ်ထောင်သာ တောင်းခံထားသော်လည်း မိုးဖေးက မြောက်ပိုင်းမြို့တော်သို့ လက်မှုပညာသည်နှစ်ထောင်ကို ခေါ်ဆောင်လာခဲ့ခြင်းဖြစ်သည်။
ဒါက လက်နက်များ ထုတ်လုပ်ရာ၌ ပို၍အထောက်အကူ ဖြစ်စေသည်။
လုချန်းသည် လက်မှုပညာသည်များ၏ အိမ်ရာတွင် ထိုနေ့တစ်နေ့လုံးနီးပါးကုန်ဆုံးခဲ့သည်။ ထုတ်လုပ်ရေး လုပ်ငန်းများ ပိုမိုထိ ရောက်ကောင်းမွန်စွာ စီစဉ်နိုင်ရန် သူတို့၏စွမ်းရည်များကို လုချန်းနားလည်ရန် လိုသောကြောင့်ဖြစ်သည်။
မင်းသားက လက်မှုပညာသည်များကို အလွန်ဂရုစိုက်သည်ကို တွေ့ရပြီး မိုးဖေးနှင့် အခြားသူများသည် လုချန်းကို သိသိသာသာ ပို၍သဘောလာကြသည်။
ယူမြို့တော်သည် အတော်အတန် သီးခြားဆန်သောမြို့ဖြစ်သော်လည်း အပြင်လောကနှင့် ပတ်သက်သော သတင်းအချက်အလက်များကို သူတို့ အတန်အသင့် သိရှိထားကြသည်။ ရှနိုင်ငံတော်၏ အခြေအနေကိုလည်း သိရှိထားကြသည်။
သူတို့သိထားသည်မှာ ရှနိုင်ငံတော်တွင် လက်မှုပညာသည်များ၏ အဆင့်အတန်းသည် အလွန်နိမ့်ကျ၏။ လက်မှုပညာများဖြင့် ဖွဲ့စည်းထားသော ယူမြို့တော်သည် တကယ့်ကို တစ်မူထူးခြားသောမြို့ဖြစ်သည်။
ရှနိုင်ငံတော်တွင် လက်မှုပညာသည်များ၏ အဆင့်အတန်းကို ဖော်ပြရန် စကားလုံးလေးလုံးသာလိုသည်။
“ပညာပါသော်လည်းအသုံးမကျသော အတတ်ပညာ။” ဟူ၍ဖြစ်သည်။
ဤခေတ်တွင် လူအများစုက လက်မူပညာပစ္စည်းများ ဆန်းသစ်တိုးတက်မှုသည် အရေးမပါဟု ယုံကြည်ကြသည်။ ထို့ကြောင့် လက်မှုပညာသည်များ၏ အဆင့်အတန်းသည် နိမ့်ကျပြီး ထိုအုပ်စုကို အာရုံစိုက်သူ နည်းပါးသည်။
.......
အခန်း (၁၈၉)
ချမ်းအေးသော ဆောင်းရာသီ
ကျောင်းယိုယို ကိုယ်ဝန်ထပ်ရခြင်း (၂)
အစပိုင်းတွင် မြောက်ပိုင်းနယ်စားမင်းသား၏ သူတို့အား ဆက်ဆံမည့်ပုံသည် ရှနိုင်ငံမှ လူများနှင့် အတူတူပင်ဖြစ်နေမည်ကို မိုဖေး အနည်းငယ်စိုးရိမ်ခဲ့သည်။ သို့သော်မြောက်ပိုင်းနယ်စားမင်းသားသည် သူတို့လက်မှုပညာသည်များကို အလွန်ဂရုစိုက်ပုံရသည်။ သူတို့အား အဆင့်နိမ့် လူတန်းစားများအဖြစ် မမှတ်ယူပေ။
ညနေ။
ညနေခင်းလေသည် တဟုန်ထိုးတိုက်ခတ်နေသည်။
ယခု နေဝင်ချိန်က စောလာပြီဖြစ်သည်။ ထို့ကြောင့် လုချန်း အတော်လေးစောစောပြန်လာခဲ့သော်လည်း မင်းသားစံအိမ်သို့ ရောက်သောအခါ လုံးဝမှောင်သွားပြီဖြစ်သည်။
လုချန်း မြင်းပေါ်မှဆင်းသောအခါ မြောက်ပိုင်းနယ်စားမင်းသား စံအိမ်ဝင်ပေါက်ရှိ မီးပုံးများကို လေအေးက တိုက်ခတ်ငြိမ်းသတ်လိုက်သည်ကို မြင်လိုက်ရသည်။ ထိုအခါ စံအိမ်၏ အစေခံများက မီးပုံးများအတွင်းရှိ ဖယောင်းတိုင်များကို ပြန်လည်ထွန်းညှိရန် အားထုတ်နေကြသည်။
လုချန်းပြန်လာသည်ကို မြင်လိုက်ရပြီး တံခါးဝရှိ အစေခံများနှင့် အစောင့်အကြပ်များက အလျင်အမြန်ပင်
“မင်းသားကို ဂါရဝ ပြုပါတယ်။”
ဟု ပြောလိုက်ကြသည်။
လုချန်းက ခေါင်းညိတ်လိုက်ပြီး
“အင်း။ ဆက်လုပ်ကြ။”
“ဟုတ်ကဲ့။”
ထို့နောက် အစေခံများလည်း မီးပုံးများကို ဆက်လက်ထွန်းညှိကြသည်။
ထိုအချိန်တွင် လုချန်းသည် အစေခံများနှင့် တံခါးဝရှိ အစောင့်များကို လှမ်းကြည့်လိုက်သည်။ သူတို့သည် အတော်နွေးထွေးအောင်ဝတ်ဆင်ထားသော်လည်း သူတို့၏ခန္ဓာကိုယ်များသည် မရပ်မနား ခိုက်ခိုက်တုန်နေဆဲဖြစ်သည်။
မင်းသားရှေ့တွင်ပင် သူတို့၏အနေအထားကို ထိန်းချုပ်နိုင်ခြင်းမရှိပဲ အဆက်မပြတ် တုန်နေဆဲဖြစ်သည်။
လုချန်း အနည်းငယ် မျက်ခုံးတွန့်လိုက်သည်။ အစေခံများအတွက်မူ နားလည်ပေးနိုင်သည်။
စံအိမ်၏အစေခံများသည် အများအားဖြင့် သာမန်လူများဖြစ်ကြသည်။ ထို့ကြောင့် အအေးဒဏ်ကို သူတို့ကြောက်ရွံ့ခြင်းကြခြင်းက ပုံမှန်ဖြစ်သည်။ သို့သော် စံအိမ်၏ အစောင့်များသည် အများအားဖြင့် အဆင့်ငါးနှင့်အထက် သိုင်းသမားများ ဖြစ်ကြသည်။ ထိုအဆင့် သိုင်းသမားများလည်း မရပ်မနား တုန်နေတဲ့အထိ အေးနေတာလား။
လုချန်းသည် စစ်သားတစ်ဦးကို လှည့်ပြီး မေးလိုက်သည်
“ခင်ဗျား အရမ်းအေးနေလား။”
လုချန်းက သူ့ကို အာရုံစိုက်ပြီး ထိုမေးခွန်းကို မေးလာတော့ စစ်သားလည်း ရုတ်တရက် ကြောက်လန့်သွား၏။ သူ၏မသင့်လျော်သော အပြုအမူကို သတိထားမိပြီး ချက်ချင်းဒူးထောက်ကာ
“မင်းသား။ ကျွန်တော် မဆင်မခြင်နေမိခဲ့ပါတယ်။ အပြစ်ပေးပါ။”
ဟု ပြောလိုက်သည်။
လုချန်းက အေးဆေးစွာ ပြောလိုက်သည်။
“ထပါ။ ကျုပ်က ခင်ဗျားကို အပြစ်တင်ဖို့ မရည်ရွယ်ပါဘူး။ ကျုပ်သိချင်တာက သိုင်းပညာရှင်တစ်ယောက်ဟာ ဘယ်အဆင့်ရှိမှ ပြင်းထန်တဲ့ အအေးဒဏ်ကို ခံနိုင်ရည် ရှိမလဲဆိုတာပဲ။”
လုချန်း၏ စကားကြောင့် စစ်သားလည်း စိတ်သက်သာရာရသွားခဲ့၏။ မြောက်ပိုင်းနယ်စားမင်းသားသည် သူ၏ ခိုက်ခိုက်တုန်နေသော ပုံစံကို မလေးစားမှုအဖြစ် မှတ်ယူကာ သူ့ကို အပြစ်ပေးမည်ဟု ထင်ခဲ့သည်။
စစ်သားက ထလာပြီး
“ ခွင့်လွှတ်တဲ့အတွက် ကျေးဇူးတင်ပါတယ် မင်းသား။”
စစ်သားက ဆက်ပြီး ပြောလိုက်သည်။ “မင်းသား။ ကျွန်တော်တော်သိသလောက်ဆိုရင် အဆင့်ခုနှစ်နဲ့အထက် သိုင်းပညာရှင်တွေကသာ ပြင်းထန်တဲ့ အအေးဒဏ်ကို ခံနိုင်ရည် ရှိကြတာပါ။”
“အဆင့်ခုနှစ်အောက် သိုင်းပညာရှင်တွေဟာ သားမွေးအဝတ်အစားတွေ ဝတ်ထားရင်တောင် အပြင်ထွက်ရင် အေးစိမ့်နေမှာပါပဲ။”
စစ်သား၏ အဖြေကို ကြားလိုက်ရသောအခါ လုချန်း နက်နက်နဲနဲ တွေးတောသွားသည်။ သူသည်လည်း အအေးဒဏ်ကို ခံစားနေရသော်လည်း အခြားသူများကဲ့သို့ ခိုက်ခိုက်တုန်နေခြင်း မရှိပေ။ ထိပ်သီးပညာရှင်အဆင့်သို့ ရောက်ရှိပြီးသော လုချန်းအတွက် အအေးဒဏ်သည် ခံစားမှုတစ်ခုသာ ဖြစ်သည်။ လုချန်း၏ စိတ်ထဲတွင် တွေးလိုက်သည်။ အဆင့်ငါး သိုင်းသမားများပင် သားမွေးအဝတ်အစားများ ဝတ်ဆင်ထားတာတောင် အရိုးထဲထိ အေးစိမ့်နေမှုကြောင့် တုန်ယင်နေကြပါက သိုင်းပညာမရှိသော သာမန်ပြည်သူများ မည်သို့ဖြစ်နေမည်နည်း။
သူတို့ ပို၍ပင် ခံစားရမည် မဟုတ်ပါလား။
မြောက်ပိုင်းမြို့တော်ကို ဖွံ့ဖြိုးတိုးတက်အောင် လုပ်ရသည်မှာ မလွယ်ကူပေ။
ဆောင်းတွင်း အအေးဒဏ် တစ်ခုတည်းကပင် ပြည်သူများကို သူတို့၏အိမ်များထဲတွင် စုဝေးနေစေပြီး တုန်ရီနေစေကာ အပြင်ထွက်ရန်လည်း ကြောက်ရွံ့နေစေသည်။ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ထည့်မတွက်လျှင် တောင် ဆောက်လုပ်ရေးနှင့် ထုတ်လုပ်မှုလုပ်ငန်းများကို ဆယ်နှစ်လမှာ လအနည်းငယ်ခန့်သာ လုပ်ဆောင်နိုင်မည် ဖြစ်သည်။
လောလောဆယ်တော့ ထိုကိစ္စများကို မတွေးသေးပါ။
လုချန်းသည် သူ၏ လွင့်မျောနေသော အတွေးများကို ရပ်တန့်လိုက်သည်။
လောလောဆယ်တွင် သူသည် တစ်ဆင့်ပြီးတစ်ဆင့် လုပ်ဆောင်ရန် လိုအပ်သည်။ မြောက်ပိုင်းမြို့တော်သည် သူ၏ အမာခံနယ် မြေဖြစ်သည်။ ဒေသတွင်း အခြေအနေများ မည်မျှပင် ခက်ခဲနေပါစေ သူသည် ဤနေရာကို ကောင်းစွာ ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်ရမည်။ ထိုအခါမှသာ မြောက်ပိုင်းမြို့တော်သည် သူ၏အစခြေလှမ်းတစ်ခု ဖြစ်လာနိုင်မည် ဖြစ်သည်။
အဓိကခန်းမသို့ လုချန်းရောက်ရှိလာသောအခါ မူကျိရွှမ်းနှင့် သူ၏ မယားများက ညစာစားရန် သူ့အားစောင့်ဆိုင်းနေကြပြီဖြစ်သည်။
ထိုအချိန်တွင် လုချန်းက ရဲလိနန်ရန်နှင့် ရှောင်ဝမ်ယောင်တို့ကို လှမ်းကြည့်လိုက်သည်။ သူမတို့နှစ်ဦးစလုံးသည် ယနေ့တွင် ပထမဆုံးအကြိမ်အဖြစ် ညစာစားရာတွင် ပါဝင်လာကြခြင်းဖြစ်သည်။
လုချန်း ပြန်ရောက်လာပြီးနောက် မူကျိရွှမ်းနှင့် ကျောင်းညီအစ်မတို့က လုချန်း၏ ဝေယျာဝစ္စများအတွက် အလုပ်များနေကြပြီး သူတို့နှစ်ဦးကတော့ ဘာလုပ်ရမှန်း မသိ ဖြစ်နေကြသည်။
လုချန်းက ပြုံးရင်း မေးလိုက်သည်
“နန်ရန် နှင့် ယောင်ယောင်က ဒီမှာ ကိုယ်တို့နဲ့အတူ ညစာစားတာက မင်းတို့ရဲ့ နွေဦးသံအဆောင်မှာ စားရတာထက် ပိုပျော်စရာကောင်းတယ်မဟုတ်လား။”
ယခင်က သူမတို့သည် အစေခံများပြင်ဆင်ပေးသည်များကို အနည်းငယ်မျှ စားကာ အနားယူတတ်ကြသည်။ ယခုလို စုပေါင်းစားသောက်ခြင်းမျိုး မရှိခဲ့ပါ။
ထို့အပြင် ရှနိုင်ငံတော်သည် အစကတည်းက သီးသန့်စားသောက်သည့်စနစ်ကို ကျင့်သုံးပြီး အတူတကွထိုင်၍ စားသောက်ခြင်း မရှိပါ။
တကယ်တော့ ယခုလိုအတူတကွထိုင်၍ စားသောက်ခြင်းက ပို၍ပျော်စရာကောင်း၏။ အနည်းဆုံးတော့ သူတို့အခန်းထဲမှာ တစ်ယောက်တည်း စားရတာထက် ပိုပျော်စရာကောင်း၏။
ရဲလိနန်ရန်က ချက်ချင်းပြောလိုက်သည်၊ “ကျေးဇူးတင်ပါတယ် မင်းသား ။မိဖုရားက ကျွန်မတို့ကို ဒီစားသောက်ပွဲမှာ လာစားဖို့ ခွင့်ပြုထားတာပါ။”
လုချန်းက ပြုံးရင်း ပြောလိုက်သည်။
“ဒါက စားသောက်ပွဲလို့ ခေါ်လို့မရပါဘူး။ မင်းတို့နှစ်ယောက်မှာ အခြားကိစ္စမရှိရင် ညတိုင်း ဒီမှာ ညစာစားဖို့ လာပါ။ မိသားစုနဲ့အတူစားရတာ ပိုပျော်စရာကောင်းပါတယ်။”
ရဲလိနန်ရန်နှင့် ရှောင်ဝမ်ယောင်တို့က တစ်သံတည်း ပြောလိုက်သည်။
“ဟုတ်ကဲ့ မင်းသား။”
လက်ဆေးပြီးနောက် လုချန်းက ခန်းမနှင့် မဝေးလှသောနေရာတွင် လောင်ကျွမ်းနေသည့် မီးဖိုများကို လှမ်းကြည့်လိုက်သည်။ ခန်းမတစ်ခုလုံးတွင် မီးဖိုသုံးလုံးရှိပြီး ထိုမီးဖိုများကြောင့် အခန်းတွင်းရှိ အပူချိန်သည် အတော်အတန် မြင့်တက်လာသည်။
သို့သော် ကျောင်းရှောင်ရှောင်နှင့် ကျောင်းယိုယိုတို့၏ နူးညံ့သော ခန္ဓာကိုယ်များသည် သားမွေးအဝတ်များ ဝတ်ဆင်ထားသော်လည်း အနည်းငယ် တုန်နေသည်ကို လုချန်း တွေ့လိုက်ရသည်။
တကယ်ပင် အေးနေဆဲဖြစ်သည်။
ရဲလိနန်ရန်နှင့် ရှောင်ဝမ်ယောင်တို့သည် သိုင်းပညာရှင်များဖြစ်ပြီး အအေးဒဏ်ကို အတိုင်းအတာတစ်ခုအထိ ခံနိုင်ရည်ရှိသည်။ မူကျိရွှမ်းကလည်း မကြာသေးမီက သူနှင့်အတူ နဂါးဖီးနစ်ယင်ယန်ကျင့်စဉ်ကို လေ့ကျင့်ခဲ့သဖြင့် သူမ၏ ခန္ဓာကိုယ်ကလည်း အတိုင်းအတာတစ်ခုအထိ ပြောင်းလဲနေခဲ့ပြီဖြစ်သည်။ သူမ၏ ခန္ဓာကိုယ်စွမ်းအင်က ယခင်ကထက် သိသိသာသာ တိုးတက်လာပြီး အအေးဒဏ် ခံနိုင်ရည်ကလည်း တိုးလာသည်။
သို့သော် ကျောင်းရှောင်ရှောင်နှင့် ကျောင်းယိုယိုတို့က လုံးဝခြားနားသည်။ သူမတို့သည် လုံးဝသာမန်လူများဖြစ်သည်။
ညစာစားနေစဉ် လုချန်းက ကျောင်းရှောင် ရှောင်နှင့် ကျောင်းယိုယိုတို့ကို ကြည့်ပြီး မေးလိုက်သည်
“ရှောင်ရှောင်နဲ့ ယိုယိုတို့ ညဘက်အိပ်တဲ့အခါ အေးလား။”
ထိုမေးခွန်းကို ကြားလိုက်ရသောအခါ ညီအစ်မနှစ်ဦး အံ့သြသွားကြသည်။ ထို့နောက် ကျောင်းရှောင်ရှောင်က ပြန်ဖြေလိုက်သည်။
“တစ်ညလုံး ထင်းမီးထိုးပေးတဲ့ အစေခံတွေ ရှိတာကြောင့် သိပ်မအေးပါဘူး။”
ထိုစကားကို ကြားလိုက်ရသောအခါ မြောက်ပိုင်းမြို့တော်၏ သာမန်ပြည်သူများသည် ဤနေရာတွင် နှစ်ပေါင်းများစွာ နေထိုင်လာခဲ့သော်လည်း သူတို့၏ အနွေးဓာတ်ယူသည့် နည်းလမ်းမှာ မီးဖိုများသာ ဖြစ်နေဆဲဖြစ်ပြီး မီးဖိုခန်းပါသော အိပ်ရာများ မရှိသေးသည်ကို လုချန်း တွေးမိလိုက်သည်။
မြောက်ပိုင်းနယ်စားမင်းသားစံအိမ် တည်ဆောက်သည့်အခါတွင်လည်း မြောက်ပိုင်းနယ်စားမင်းသားစံအိမ်၏ တည်ဆောက်ပုံသည် နေပြည်တော်ရှိ အိမ်များနှင့် အတူတူပင် ဖြစ်သည်။ သစ်သားအိမ်များဖြစ်ပြီး လေဝင်လေထွက်ကောင်းသော ပြတင်းပေါက်များပါရှိကာ မီးဖိုခန်းပါသော အိပ်ရာများလည်း မရှိပါ။
သာမန်လူများ ညဘက်အေးခဲမသွားလျှင်တောင် အံ့အားသင့်စရာ ဖြစ်နေမည်။
ထိုပြဿနာကို ဖြေရှင်းရန် နည်းလမ်းတစ်ခု ရှာဖွေရန် လိုအပ်နေသည်ဟု ထင်ရသည်။
ညစာစားပြီးနောက်။
လုချန်းသည် ရေနွေးဖြင့် ရေချိုးပြီး မြောက်ပိုင်းဆောင်သို့ တိုက်ရိုက်သွားလိုက်သည်။ ထိုအချိန်တွင် ရှောင်ကျိုးသည် ကလေးတစ်ယောက်ကို ပွေ့ထားရင်း မီးဖိုနားတွင် မိီးလှုံနေသည်။
တံခါးဖွင့်လာသည်ကို မြင်လိုက်ရသောအခါ ရှောင်ကျိုးက ချက်ချင်းထလိုက်သည်။
“မင်းသား ရောက်လာပြီလား။”
လုချန်းက ကျောင်းယိုယိုထံသို့ လျှောက်သွားလိုက်ပြီးသူမ၏ နူးညံ့သော ခန္ဓာကိုယ်ကို ပွေ့ဖက်လိုက်သည်။ တစ်မီတာကျော်ခန့်သာ ရှိသော သူမ၏ အရပ်သည် လုချန်းနှင့် ဘေးချင်းယှဉ်လိုက်လျှင် အလွန်သေးငယ်နေသည်။ လုချန်းက ပြုံးရင်း ပြောလိုက်သည်
“ယိုယို။ ညဘက်တစ်ယောက်တည်း အိပ်ရင် အရမ်းအေးနေမယ်။ ကိုယ်နွေးအောင် လုပ်ပေးမယ်။”
ထိုစကားကို ကြားလိုက်ရသောအခါ ကျောင်းယိုယိုနှင့် ထင်းမီးထိုးပေးနေသော အစေခံတို့၏ မျက်နှာများ ချက်ချင်နီရဲသွားကြသည်။ လုချန်း၏ စကား အဓိပ္ပာယ်ကို သူတို့ နားမလည်ပဲ မနေပါ။
ချက်ချင်းပင် ကျောင်းယိုယိုက ကလေးကို နို့ထိန်းထံ ပေးလိုက်ပြီး သူမ၏ အစ်မဖြစ်သူ ကျောင်းရှောင်ရှောင်၏ အခန်းသို့ ခေါ်သွားစေသည်။ သူတို့၏ အခန်းများသည် မြောက်ပိုင်းအဆောင်တွင် ရှိပြီး ဘေးချင်းယှဉ်လျက်ရှိသည်။
ပုံမှန်အားဖြင့် လုချန်း ကျောင်းယိုယို၏ အခန်းသို့ လာသည့်အခါ သူမက ကလေးကို ကျောင်းရှောင်ရှောင်ထံ ပေးထားလိုက်ပြီး ကျောင်းရှောင်ရှောင်၏ အခန်းသို့ သွားသည့်အခါ ကျောင်းရှောင်ရှောင်က ကလေးကို ကျောင်းယိုယိုထံ ပေးထားသည်။
ကလေးကို ခေါ်သွားပြီးနောက် ကျောင်းယိုယိုက လုချန်း၏ ရင်ခွင်ထဲတွင် တိုးတိုးလေး ပြောလိုက်သည်။
“မင်းသား။ ကျွန်မမင်းသားအတွက် အိပ်ရာကို အရင်နွေးအောင်လုပ်ပေးမယ်။”
လုချန်းက အနည်းငယ်ပြုံးပြီး သေးငယ်သော ကျောင်းယူယူကို ပွေ့ချီကာ အိပ်ရာဆီသို့ တိုက်ရိုက်သွားလိုက်သည်။
“မလိုပါဘူး။ ကိုယ် မအေးဘူး။”
“ဒါပေမဲ့ ယိုယိုကတော့ တစ်နေ့လုံး တုန်နေတယ်။ ကိုယ်နွေးအောင် လုပ်ပေးမယ်။”
ကျောင်းယိုယို ရှက်ရွံ့သွားပြီး လုချန်း၏ ရင်ဘတ်ထဲတွင် ခေါင်းဝှက်လိုက်သည်။ သူမသည် လုချန်း၏ ဇနီးဖြစ်နေပြီဖြစ်သော်လည်း သူ့ရှေ့မှာ အရမ်းရှက်တတ်နေဆဲဖြစ်သည်။ သူက အရမ်းစွမ်းအားကြီးနေလို့လည်း ဖြစ်နိုင်သည်။
ထို့နောက် လုချန်းသည်ကျောင်းယိုယို၏ အပူချိန်ကို မြှင့်တင်ပေးခဲ့ပြီး မကြာမီ သူမသလည်း အအေးဒဏ်ကို မခံစားရတော့ပေ။ ထိုအစား သူမ အလွန်နွေးထွေးလာပြီး ချွေးများ ထွက်လာခဲ့သည်။
[သခင်သည် ကျောင်းယိုယို နှင့် ချစ်ခြင်းမေတ္တာကို တစ်ကြိမ် လေ့ကျင့်ခဲ့သည်။
အတွင်းအား မန္တာန်ကျင့်စဉ် အတွေ့အကြုံ ၆၀ တိုးလာခဲ့သည်။
ပြန်လည်သန်စွမ်းစေသော စွမ်းအားအတွေ့အကြုံ ၆၀ တိုးလာခဲ့သည်။
နဂါးဖီးနစ် ယင်ယန်ကျင့်စဉ် အတွေ့အကြုံ ၆၀ တိုးလာခဲ့သည်။]
[ကျောင်းယိုယို သည် သခင်၏ ကလေးကို အောင်မြင်စွာ ကိုယ်ဝန်ဆောင်ခဲ့သည်။ ကျောက်မီးသွေး တူးဖော်ခြင်းနှင့် ထုတ်လုပ်ခြင်း နည်းပညာကို ဆုအဖြစ် ရရှိခဲ့သည်။]
[ကိုယ်ဝန်ဆောင်ဆုသည် အားပေးခြင်းဆုဖြစ်ပြီး ကလေးကို ကောင်းမွန်စွာ မွေးဖွားရန် မျှော်လင့်သည်။ ကလေး မွေးဖွားပါက ပိုမိုကြွယ်ဝသော ဆုလာဘ်များကို ချီးမြှင့်မည်။]
စနစ်၏ သတိပေးချက်ကို ကြားလိုက်ရသည်နှင့် လုချန်း၏ မျက်လုံးများ လင်းလက်လာခဲ့သည်။
စနစ်သည် သူလိုအပ်နေသည့်အရာကို သူစိုးရိမ်နေစဉ်တွင် ပေးနေခြင်းဖြစ်သည်။ ဆောင်းရာသီတွင် သာမန်လူများ အနွေးဓာတ်ရရှိစေရန် မည်သို့လုပ်ရမည်ကို သူစဉ်းစားနေစဉ် စနစ်က ကျောက်မီးသွေး တူးဖော်ခြင်းနှင့် ထုတ်လုပ်မှု နည်းပညာကို ဤမျှမြန်မြန်ဆုအဖြစ် ပေးမည်ဟု သူမျှော်လင့်မထားခဲ့ပေ။
.......