အခန်း ၂၀၂-၂၀၄
Vol. 14 Ch. 202-204
အခန်း (၂၀၂ )
မြောက်ပိုင်းဖရီဘုရင်၏ တပ်မတော် တောင်ဘက်သို့ ချီတက်လာခြင်း (၁)
ထိုအချိန်တွင် လုချန်း အနည်းငယ် ဒေါသထွက်နေသည်။လုချန်းသည် အရုးမဟုတ်ပါ။ သူ ထျန်း ကောင်းမြို့ ရောက်နေတာ တစ်လကျော်ကြာနေပြီဖြစ်သော်လည်း မြောက်ပိုင်းနယ်စားမင်းသား စံအိမ်မှ အစေခံ မိန်းမပျိုတစ်ဦးကိုမှ မစေလွှတ်ခဲ့ပဲ ယခုမှ စေလွှတ်ခြင်းက အဘယ်ကြောင့်နည်း။
ဒါက သိသာသည်။ တစ်စုံတစ်ဦးက သူထျန်းကောင်းမြို့တွင် အခက်အခဲရှိနေသည်ဟု သတင်းပို့ခဲ့သောကြောင့် မြောက်ပိုင်းမင်းသားစံအိမ်မှ အစေခံမိန်းမပျိုများကို စေလွှတ်ကာ သူ့အား စောင့်ရှောက်စေခြင်း ဖြစ်သည်။
သတင်းပို့သူများက သူသည် မင်းသားဖြစ်သည့်အတွက် ထျန်းကောင်းမြို့တွင် ဒုက္ခရောက်မည်ကို စိုးရိမ်သောကြောင့် လုပ်တာလား။
ထိုသို့မဟုတ်ဟုလည်း ဆိုနိုင်သည်။
...
ယခုရက်များအတွင်း အချို့သော ကောလာဟလများကို လုချန်း ပြန်ကြားခဲ့ရသည်။ မြောက်ပိုင်းမြို့တော်မှ အချို့ စစ်သည်များက သူသည် ပိုင်ချင်းချင်းကို အခြားစစ်စခန်းသို့ ပြောင်းရွှေ့ထားပြီး သူ၏ဘေးတွင် အမျိုးသမီးများ မထားရှိကြောင်း ပြောဆိုနေကြခြင်းသည်။
မင်းသားပင် ဖြစ်သော်လည်း မိမိဘေးတွင် အမျိုးသမီးများ မထားရှိသည်ကို မြင်ရသောအခါ ထိုစစ်သည်တော်များသည် စစ်စခန်းသို့ လာရောက်သည့် ခန္ဓာကိုယ်ရောင်းစားသူများကို ထိရန်ဝန်လေးနေကြသည်။
ထိုအချိန်တွင် လုချန်း သံသယဝင်လာသည်။ တစ်စုံတစ်ဦးက သူ့အား စံနမူနာ ပြသစေရန် လိုလားနေခြင်းဖြစ်သည်။ ထိုအခါမှသာ သူတို့လည်း စိုးရိမ်စရာ မလိုပဲ လိုက်လုပ်နိုင်ကြမည်ဖြစ်သည်။
လုချန်း ဒေါသထွက် နေသည်ကို မြင်ရသည့်အခါ မုချန်တိန်သည်လည်း သူ၏ အမှားကို ချက်ချင်း သိမြင်လာပြီး ချက်ချင်းပင် ဒူးတစ်ဖက်ထောက်ကာ
“မင်းသား။ စစ်စခန်းက မင်းသားရဲ့ ဘဝ နေထိုင်မှုအကြောင်းကို မိဖုရားဆီ သတင်းပို့ခဲ့တာ ကျွန်တော်ပါ။ ကျွန်ုပ်အမှားလုပ်မိပါတယ်။ မင်းသား အပြစ်ပေးပါ။”
မုချန်တိန်၏ စကားကို ကြားလိုက်ရသည့်အခါ လုချန်းသည် စိတ်ထဲ သရော်လိုက်မိသည်။ သတင်းပို့သူ တစ်စုံတစ်ဦး ရှိရမည်ကို သူသိသည်။
လုချန်းက “ဗိုလ်ချုပ်မု။ ဒီအကြိမ်တော့ ခွင့်လွှတ်မယ်။ ဒါပေမဲ့ နောက်တစ်ကြိမ် ထပ်မဖြစ်စေပါနဲ့” ဟု ပြောလိုက်သည်။
“ထပါ။”
မုချန်တိန်က
“မင်းသား ခွင့်လွှတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်”
ဟု ပြန်လည်ပြောဆိုလိုက်သည်။
ထို့နောက် မုချန်တိန် ချက်ချင်းပြန်ထလိုက်သည်။ မုချန်တိန် ထပြီးနောက် လုချန်းက
“ထျန်းကောင်းမြို့ကို အမျိုးသမီးအတော်များများ ရောက်ရှိလာကြတာ ကျွန်တော်သတိထားမိတယ်။ ခင်ဗျား သိလား”
ဟု ဆက်ပြောလိုက်သည်။
လုချန်း၏ စကားကို ကြားလိုက်ရသည့်အခါ မုချန်တိန်လည်း လုချန်း၏ ရည်ရွယ်ချက်ကို ချက်ချင်း နားလည်သွားသည်။ လုချန်းက နစစ်စခန်းများ၌ စစ်ဖက်ဆိုင်ရာ ပြည့်တန်ဆာများကဲ့သို့သော အမျိုးသမီးများ မရှိစေရန် ရှင်းရှင်းလင်းလင်း ပြောထားပြီးဖြစ်သည်။
ထျန်းကောင်းမြို့သို့ ရောက်ရှိလာသော အမျိုးသမီးများသည် စစ်ဖက်ဆိုင်ရာ ပြည့်တန်ဆာများ မဟုတ်သော်လည်း သူတို့၏ ရည်ရွယ်ချက်မှာ ခန္ဓာကိုယ်ကို ရောင်းစားရန်ဖြစ်သည်။ စစ်သည်များက သူတို့အား ငွေပေးပါက သူတို့က ညအိပ်ရန် သဘောတူကြသည်။ ထို့ကြောင့် သူတို့နှင့် စစ်ဖက်ဆိုင်ရာ ပြည့်တန်ဆာများကြား သိသာထင်ရှားသော ကွာခြားချက် မရှိပေ။
မုချန်တိန် ချက်ချင်းပင် ပြန်ပြောလိုက်သည်။
“မင်းသား။ ကျွန်တော် အဲ့ဒီ အမျိုးသမီးတွေကို ထျန်းကောင်းမြို့က ချက်ချင်းမောင်းထုတ်ပစ်ပါမယ်။”
လုချန်း ဆက်ပြောသည်။
“အခုအချိန်က အချို့အရာတွေကို ရှင်းရှင်းလင်းလင်း လုပ်ထားဖို့ကောင်းတဲ့ အချိန်ပါ။ ကျွန်တော်ပြောတဲ့စကားကို စစ်သားတွေဆီပါ ပြန်ပြောပြပါ။ ကျွန်တော့်စစ်တပ်ဟာ စည်းကမ်းတင်းကြပ်ဖို့ လိုအပ်တယ်။ စစ်မြေပြင်ပေါ်မှာ အားလုံးက စစ်အတွက်ပဲ အာရုံစိုက်ရမယ်။ အပျော်အပါးတွေနဲ့ အချိန်ဖြုန်းလို့ မရဘူး။”
“ဒါက စစ်သားတွေကိုပဲ ပြောတာမဟုတ်ဘူး။ ခင်ဗျားတို့ကိုလည်း ပြောတာပါ။”
ထိုအခါ မုချန်တိန် ပြောလိုက်သည်။
“မင်းသားရဲ့ ရည်ရွယ်ချက်ကို ကျွန်တော် နားလည်ပါတယ်။ ဒါပေမဲ့ စစ်တပ်ထဲမှာ ကောင်းတဲ့သူတွေနှင့် ဆိုးတဲ့သူတွေ ရောနေတာကြောင့် သူတို့ကို အမိန့်တွေ အပြည့်အဝလိုက်နာခိုင်းပြီး အမျိုးသမီးတွေနဲ့ မပတ်သက်ခိုင်းဖို့ဆိုတာ မလွယ်ပါဘူး။”
မုချန်တိန်၏ စကားကို ကြားရသောအခါ လုချန်း အံ့အားမသင့်ခဲ့ပါ။ မုချန်တိန် ပြောသည့်အတိုင်း မြောက်ပိုင်းမြို့တော်ရှိ လက်ရှိစစ်တပ်သည် လုချန်း မျှော်မှန်းထားသည့် စစ်တပ်နှင့် လုံးဝကွဲပြားနေသည်။
ထို့နောက် လုချန်းက မုချန်တိန်ကို ကြည့်ပြီး မေးလိုက်သည်။
“ဗိုလ်ချုပ်မု။ ကျွန်တော့်ရဲ့ အနက်ရောင် မြင်းတပ်ကို ဘယ်လိုထင်လဲ။”
မုချန်တိန် ပြန်ပြောလိုက်သည်။
“သူတို့က အမိန့်ကို လိုက်နာပြီး စည်းကမ်းတင်းကြပ်ပါတယ်။”
လုချန်း ရယ်မောကာ ပြန်ပြောလိုက်သည်။
“အနက်ရောင် မြင်းတပ်က ဒါကို လုပ်နိုင်ရင်မြောက်ပိုင်းမြို့တော် စစ်တပ်က မလုပ်နိုင်ဘူးလား။”
ဒါက... ခဏစဉ်းစားပြီးနောက် မုချန်တိန် သဘောပေါက်လာသည်။ ဒါက အဓိပ္ပာယ်ရှိ၏။ သို့သော် ထိုသို့လုပ်ရန် စစ်တပ်ကို ပြန်လည်ဖွဲ့စည်းရမည်ဖြစ်သည်။ စစ်သားအများအပြားကို ထုတ်ပစ်ရမည်။
ထို့နောက် လုချန်းက ပြောလိုက်သည်။
“ကျွန်တော်က ဒီစစ်ပြီးသွားရင် စည်းကမ်းတင်းကြပ်တဲ့ စစ်တပ်အသစ်တစ်ခု တည်ထောင်ဖို့ ရည်ရွယ်ထားတယ်။ မှုခင်းကျူးလွန်ဖူးတဲ့ စစ်သားတွေ၊ စည်းကမ်းဖောက်ဖူးတဲ့သူတွေ၊ အခြေအနေမဲ့ သူဆင်းရဲတွေကို ကျွန်တော့်စစ်တပ်အသစ်ထဲ ဝင်ခွင့်မပေးဘူး။”
လုချန်း ပြောပြီးနောက် လီဖန်းက သတိပေးလိုက်၏။
“မင်းသား။ မြောက်ပိုင်းမြို့တော်မှာ အခြေအနေမဲ့ သူဆင်းရဲတွေ အများကြီးရှိပါတယ်။ ကျွန်တော်တို့က သူဆင်းရဲတွေကို စစ်တပ်ထဲ မထည့်ဘူးဆိုရင် သူတို့ သွားစရာနေရာ မရှိပဲဖြစ်သွားကြမှာပါ။ အဲ့ဒါဆို သူတို့ စုမိသွားပြီး ဒုက္ခပေးလာ နိုင်ပါတယ်။”
သမိုင်းတစ်လျှောက်တွင် ရာဇဝတ်မှု ကျူးလွန်ဖူးသူများနှင့် သူဆင်းရဲများ စစ်တပ်များထဲတွင် အများအပြားရှိခဲ့သည်။ သူတို့ကို စစ်မြေပြင်ပေါ်မှာ အလွယ်တကူ စွန့်ပစ်လို့ရတဲ့ လူတွေအဖြစ် ဧကရာဇ်များက မြင်ခဲ့သည်။ ထို့ကြောင့် သူတို့ကို စစ်မြေပြင်အတွက် အသင့်တော်ဆုံးဟု ယူဆခဲ့သည်။
မြောက်ပိုင်းမြို့တော်မှ အခြေအနေမဲ့ သူဆင်းရဲများကို စစ်တပ်ထဲ မထည့်ပါက သူတို့အရေအတွက် များလာလျှင် မြောက်ပိုင်းမြို့တော်၏ လူမှုရေး အခြေအနေအပေါ် အတော်သက်ရောက်မှုရှိလိမ့်မည်ဖြစ်သည်။
လုချန်း အေးဆေးစွာပြောလိုက်သည်။ “ဗိုလ်ချုပ်လီရဲ့ စိုးရိမ်စိတ်က အကြောင်းရှိပါတယ်။ ဒါပေမဲ့ ကျွန်တော်က အခြေအနေမဲ့ သူဆင်းရဲတွေအတွက် နေရာရှာပြီးပါပြီ။”
ထိုသို့ ကြားလိုက်ရသောအခါ လူအားလုံး တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ သူတို့ ဘာမှ ထပ်မပြောတော့ပေ။ လုချန်း ရည်ညွှန်းနေတဲ့ နေရာက ဘာလဲဆိုတာ သူတို့ ခန့်မှန်းမိလိုက်ကြသည်။
မြောက်ပိုင်းမြို့တော်တွင် လမ်းဖောက်လုပ်ရေးလုပ်ငန်းတွေ စတင်နေပြီဖြစ်သည်။ ကျောက်မီးသွေးတွင်းများကိုလည်း ကျယ်ကျယ်ပြန့်ပြန့် တူးဖော်နေပြီဖြစ်သည်။ လုပ်ငန်းနှစ်ခုလုံးက အလုပ်သမားလိုအပ်နေ၏။ မြောက်ပိုင်းမြို့တော်ထဲမှ အခြေအနေမဲ့ သူဆင်းရဲများ၏ အရေအတွက်က အလုပ်သမားလိုအပ်ချက်နှင့်ယှဉ်ရင် မပြောပလောက်ပေ။
ထိုစဉ် လုချန်းက ဆက်ပြောသည်။
“စစ်တပ်ရဲ့ အတွေးအခေါ်ကို ပြောင်းလဲရမယ်။ လူတိုင်းကို လက်ခံလို့ မရဘူး။ စစ်တပ်ထဲမှာ လူဆိုးလူမိုက်တွေနဲ့ ပြည့်နေရင် ပြည်သူတွေက ကျွန်တော့်စစ်တပ်ကို ဘယ်လိုယုံကြည်နိုင်မှာလဲ။”
“ပြည်သူတွေက ကျွန်တော့်လက်အောက်က စစ်တပ်ကိုတောင် မယုံကြည်နိုင်ရင် ကျွန်တော့်ကို ဘယ်လိုယုံကြည်နိုင်မှာလဲ။ မြောက်ပိုင်းမြို့တော်ရဲ့ စစ်တပ်ဟာ ကျွန်တော်နဲ့ ဆက်စပ် ချည်နှောင်ထားတယ်။ စစ်တပ်ရဲ့ အောင်မြင်မှုနဲ့ ရှုံးနိမ့်မှုတွေဟာ ကျွန်တော်နဲ့ တိုက်ရိုက်ပတ်သက်တယ်။”
“အကယ်၍ တပ်တွင်းစိတ်ဓာတ်က လမ်းကြောင်းလွဲနေမယ်၊ တပ်သားတွေက နိုင်ငံကို ကာကွယ်ဖို့ထက် ရာထူးတက်ဖို့နဲ့ ချမ်းသာဖို့အတွက်ပဲ တပ်ထဲဝင်လာကြမယ်ဆိုရင် ဒီလိုတပ်မျိုးက အောင်ပွဲရတဲ့အခါ ကောင်းနေနိုင်ပေမဲ့ အခက်အခဲ အနည်းငယ်တွေ့တာနဲ့ စစ်သားတွေက သူတို့ရဲ့ အကျိုးစီးပွားကိုပဲ ဦးစားပေးလာမှာပဲ။ အဲ့ဒီအခါကျရင် တပ်တစ်ခုလုံးရဲ့ စိတ်ဓာတ်က ပျက်ပြား သွားနိုင်တယ်။ ကျွန်တော်လက်အောက်ကတပ်တွေ ရန်သူရဲ့ ထိုးနှက်မှုကို ခံလိုက်ရတာနဲ့ ပြိုလဲသွားတာကို ကျွန်တော့် ဘဝတစ်လျှောက်လုံး မမြင်ချင်ဘူး။”
အခန်း (၂၀၃)
မြောက်ပိုင်းဖရီဘုရင်၏ တပ်မတော် တောင်ဘက်သို့ ချီတက်လာခြင်း (၂)
ထိုအချိန်တွင် မုချန်တိန်နှင့် အခြားသူများသည် လုချန်း၏ မိန့်ခွန်းကို တိတ်ဆိတ်စွာ နားထောင်နေကြပြီး မင်းသားစံအိမ်တွင် နေ့စဉ်နေ့တိုင်း အချိန်ဖြုန်းနေသော မင်းသားသည် တပ်မတော် တည်ဆောက်ရေးနှင့်ပတ်သက်၍ ဤမျှ ထိုးထွင်းသိမြင်မှုများ ရှိ နေသည်ကို အားလုံး အံ့အားသင့်သွားခဲ့ကြသည်။
လုချန်းက ဆက်ပြောလိုက်သည်။
“ဗိုလ်ချုပ် မု။ အခုကပြီး ခင်ဗျားက မြောက်ပိုင်းမြို့တော်ရဲ့ စစ်သည်အင်အားအသစ် တည်ဆောက်ရေးကို တာဝန်ယူပါ။ ကျွန်တော့်စကားကို မှတ်ထားပါ။ အသစ်စုဆောင်းတဲ့ စစ်သည်များဟာ အကောင်းဆုံးစစ်သည်များ ဖြစ်ရမယ်။ အနက်ရောင် မြင်းတပ်လို ဖြစ်ရမယ်။ အရင်က စစ်စခန်း တွေမှာ တွေ့ရတဲ့ ကျင့်ဝတ်နဲ့ မညီတဲ့ အပြုအမူတွေ ထပ်မဖြစ်ရတော့ဘူး။”
မုချန်တိန်က ချက်ချင်းပင်
“ဟုတ်ကဲ့ပါ မင်းသား။”
ထိုအချိန်တွင် လုချန်းသည် ထိုင်ခုံမှ ထရပ်လိုက်ပြီး
“ဒီနေ့အတွက်တော့ ဒီလောက်ပါပဲ။ ကျွန်တော်မြို့ရိုးပေါ်တက်ပြီး လေကောင်းလေသန့်ရှူလိုက်ဦးမယ်။ ကျွန် တော် ပြောခဲ့တာကို ပြန်စဉ်းစားပြီး မြောက်ပိုင်းမြို့တော်အတွက် စစ်အင်အားအသစ် တည်ဆောက်ရေးအတွက်တွေးပါ။”
စကားဆုံးသည်နှင့် လုချန်းလည်း အခန်းထဲမှ ထွက်ခွာသွားခဲ့၏။
လူတိုင်းက တစ်ပြိုင်နက်တည်း
“မင်းသားကို နှုတ်ဆက်ပါတယ်။”
...
လုချန်း ထွက်ခွာသွားပြီးနောက် အခန်းထဲရှိ ဗိုလ်ချုပ်များသည် တစ်ဦးမျက်နှာကို တစ်ဦးကြည့်လိုက်ကြ၏။ ခဏခန့် တိတ်ဆိတ်နေပြီးနောက် မုကျင်းဝူက နောက်ဆုံးတွင် စကားပြောလိုက်သည်။
“ဖခင်။ မင်းသားက စစ်အင်အားအသစ်အတွက် အကောင်းဆုံးလူတွေကိုပဲ စုဆောင်းရမယ်လို့ ပြောခဲ့တယ်။ စစ်ပွဲဆိုတာ
ကျဆုံးမှုတွေ ရှိတယ်မဟုတ်လား။လူတော်လူကောင်းတွေအားလုံး စစ်ပွဲမှာ ဆုံးရှုံးသွားရင် နောက်ပိုင်း မြောက်ပိုင်းမြို့တော်မှာ လူဆိုးလူမိုက်တွေပဲ ကျန်ခဲ့မှာ မဟုတ်ဘူးလား။”
လုချန်း၏ အယူအဆသည် ဤခေတ်တွင် အနည်းငယ် ရှေ့ရောက်နေသည်။ ရှနိုင်ငံတော်၏ တပ်မတော်သည်လည်း တင်းကျပ်သော စစ်ရေးစည်းကမ်းများကို အလေးထားသော်လည်း မည်မျှပင် နှုတ်ဖြင့် အလေးထားသည်ဟု ပြောဆိုနေစေကာမူ ရှနိုင်ငံတော်၏ တပ်မတော်သည် အနက်ရောင် မြင်းတပ်ကဲ့သို့ စည်းကမ်းနာခံလိုက်နာခြင်း မရှိပေ။
အနက်ရောင် မြင်းတပ်သည် မုချန်တိန် မြင်ဖူးသမျှတွင် စည်းကမ်းအရှိဆုံး တပ်ဖွဲ့ဖြစ်ပြီး မြောက်ပိုင်းမြို့တော်၏ ပုံမှန်တပ်မတော်သည် အနက်ရောင် မြင်းတပ်နှင့် မယှဉ်နိုင်ပေ။
ထို့ပြင် မုကျင်းဝူ ထောက်ပြပြောဆိုသည့် အချက်ကလည်း မမှားပါ။ နန်းတွင်းရှိ အုပ်စိုးသူများနှင့် အရာရှိကြီးများ၏ မျက်လုံးများထဲတွင် စစ်ပွဲဆိုသည်မှာ ကျဆုံးမှုများဖြစ်တတ်သည့် နေရာဟု မြင်ကြသည်။ ထို့ကြောင့် သူတို့သည် ရာဇဝတ်သားများနှင့် လူကြမ်းများကို စစ်တိုက်ဖို့ စေလွှတ်ရန် ပို၍ နှစ်သက်ကြသည်။ ထိုရာဇဝတ်သားများ သေဆုံးသွားပါက သူတို့ ဝမ်းနည်းနေရ မည် မဟုတ်ပေ။
သို့သော် လုချန်းက အကောင်းဆုံးလူများကို တပ်မတော်တွင် ပါဝင်စေလိုကြောင်း ပြောခဲ့သည်။
မုချန်တိန်သည် ခဏတာ တွေးတောပြီးနောက်
“မင်းသားရဲ့ အဓိပ္ပာယ်ကို ကျုပ်နားလည်ပြီလို့ ထင်တယ်” ဟု ပြောလိုက်သည်။
မုချန်တိန်၏ စကားကို ကြားလိုက်ရသည်နှင့်လူတိုင်းက သူ့ဘက်သို့ လှည့်ကြည့်လိုက်ပြီး သူတို့၏ ရှုပ်ထွေးမှုကို ရှင်းလင်းပေးနိုင်မည်ဟု မျှော်လင့်လာကြသည်။ ထိုနေရာတွင် ရှိနေသူများအနက် လုချန်း၏ တွေးခေါ်ပုံကို နားလည်သူ အနည်းငယ်သာ ရှိပြီး မင်းသားဘာ့ကြောင့် ထိုကဲ့သို့ တွေးခေါ်ရတာလဲဆိုတာကို သူတို့သိလိုနေကြသည်။
မုချန်တိန်သည် သူ၏မုတ်ဆိတ်ကို ပွတ်သပ်ကာ ပြောလိုက်သည်။
“မင်းသားရဲ့ စစ်တပ်ပြုပြင်ပြောင်းလဲရေးက အဲ့ဒီရာထူးအတွက် ပြင်ဆင်နေတာဖြစ်နိုင်တယ်။”
ထိုစကားကို ကြားသောအခါ လူတိုင်း၏ နှလုံးများ တုန်လှုပ်သွားခဲ့သည်။
အဲ့ဒီရာထူးလား။
မုချန်တိန်က ရှင်းရှင်းလင်းလင်း မပြောသော်လည်း မုချန်တိန်၏
“အဲ့ဒီရာထူး” ဆိုသည်မှာ ထီးနန်းကို ရည်ညွှန်းနေကြောင်း ထင်ရှားသည်။
မုချန်တိန်က သူ၏ခွဲခြမ်းစိတ်ဖြာမှုကို ဆက်လက်ပြောဆိုလိုက်သည်။
“နယ်စား မင်းသားတွေရဲ့ စစ်တပ်တွေက စည်းကမ်းလုံးဝ မရှိသလောက်ပဲ။ မီးရှို့တာာလူသတ်တာ လုယက်တာတွေကို များစွာပြုလုပ်ခဲ့ကြတယ်။ ဒါ့ကြောင့် လူထုကနယ်စားမင်းသား စစ်တပ်တွေကို မယုံကြည်ကြတော့ဘူး။ သူတို့ကို ဓားပြတွေနဲ့ မခြားဘူးလို့မြင်လာကြတယ်။”
“သူနှင့် မြောက်ပိုင်းမြို့တော် စစ်တပ်က တစ်သားတည်းဖြစ်ကြောင်း၊ စစ်တပ်က ပြုမူသမျှဟာ နောက်ဆုံး သူရဲ့ဂုဏ်သတင်းကို ထိခိုက်စေကြောင်း မင်းသားက ပြောခဲ့တယ်။”
“ဒါ့ကြောင့် မင်းသားက စစ်တပ်ကို ပြုပြင်ပြောင်းလဲဖို့ လိုလားနေတာ။ အဲ့ဒါဆိုရင် မြောက်ပိုင်းမြို့တော်ရဲ့ စစ်တပ်ဟာ လူဆိုးလူမိုက် အပြုအမူတွေနဲ့ မဆက်စပ်တော့ပဲ လူထုရဲ့ ယုံကြည်မှုကို ရရှိလာမှာပဲ။”
“စဉ်းစားကြည့်ပါ။ မင်းသားရဲ့ စည်းကမ်းရှိပြီး လုယက်တတ်ခြင်း မရှိတဲ့ စစ်တပ်ဟာ တစ်နေ့မှာ ပြည်ပနိုင်ငံတစ်ခုကို တိုက်ခိုက်ရင် အဲ့ဒီရန်သူနိုင်ငံရဲ့ ပြည်သူလူထုက မင်းသား စစ်တပ်ရဲ့ စည်းကမ်းနှင့် လုယက်ခြင်း မရှိတာကို ကြားသိခဲ့ရင် ဘယ်လိုရွေးချယ်မှုမျိုး လုပ်လာမှာလဲ။”
မုချန်တိန်၏ စကားများသည် အိပ်မက်ထဲ ရောက်နေသူများကို နှိုးလိုက်သကဲ့သို့ဖြစ်သည်။ အခန်းထဲရှိ လူတိုင်း လုချန်း၏ ရည်ရွယ်ချက်ကို နားလည်လာကြသည်။
မုချန်တိန်က ပြည်ပနိုင်ငံတစ်ခုကို တိုက်ခိုက်မည်ဟု ဥပမာပေးလိုက်သော်လည်း လူတိုင်းသိထားသည်မှာ မြောက်ပိုင်းနယ်စားမင်းသားအနေနှင့် ထီးနန်းကို သိမ်းပိုက်ရန်မှာ မလွယ်ကူပေ။ ရှနိုင်ငံတော်အတွင်း ပြည်တွင်းစစ်တစ်ခု ဖြစ်ပွားနိုင်သည်။
မင်းသား၏ စည်းကမ်းရှိပြီး လုယက်ခြင်းမရှိသော စစ်တပ်သည် အခြားနယ်စားမင်းသားများ၏ နယ်မြေများပေါ်တွင် ပေါ်ထွက်လာပါက အခြားခရိုင်များမှ ပြည်သူလူထုသည် သူတို့အား ကြိုဆိုကြမည်မှာ သေချာသည်။
ပြည်သူတိုင်းက မြောက်ပိုင်းနယ်စားမင်းသားကို တွေ့ဆုံခွင့် ရနိုင်မည်မဟုတ်သလို မြောက်ပိုင်းနယ်စားမင်းသား ဘယ်လိုလူမျိုးလဲဆိုတာကို လက်တွေသိခွင့်ရနိုင်မည် မဟုတ်ပေ။ သို့သော် သူတို့သည် မင်းသား၏ စစ်တပ်နှင့် ထိတွေ့ဆက်ဆံကြရမည်ဖြစ်ပြီး စစ်တပ်၏ ပြုမူဆက်ဆံမှုပေါ် မူတည်၍ မင်းသား ဘယ်လိုလူစာမျိုးလဲဆိုတာကို ပြည်သူလူထုက အကြမ်းဖျဉ်း သတ်မှတ်နိုင်ကြသည်။
ရှနိုင်ငံတော်အတွင်း ပြည်တွင်းစစ်တစ်ခု စတင်ဖြစ်ပွားပါက ဒေသတစ်ခု၏ ပြည်သူလူထုသည် စည်းကမ်းရှိပြီး လုယက်ခြင်းမရှိသော စစ်တပ်ကို ကြိုဆိုမှာလား သို့မဟုတ် အခြားမင်းသားများ၏ ဓားပြစစ်သည်များကို ကြိုဆိုမှာလားဆိုတာက တွေးကြည့်စရာပင် မလိုပါ။
မုချန်တိန်က ဆက်ပြောလိုက်သည်။
“တကယ်တော့ မင်းသားရဲ့ ချဉ်းကပ်မှုမှာ နောက်ထပ်အားသာချက်တစ်ခုရှိသေးတယ်။ တပ်ထဲမှာ လူဆိုးလူမိုက်တွေ မရှိရင် စည်းကမ်းထိန်းသိမ်းရတာ ပိုလွယ်ကူလာမယ်။ စခန်းထဲက ပြဿနာအများစုက ရာဇဝတ်မှုကျူးလွန်ထားသူတွေနဲ့ လူ့အဖွဲ့အစည်းရဲ့ အောက်ခြေအလွှာကလာတဲ့သူတွေကြောင့် ဖြစ်နေတာ။”
“နန်းတွင်းစစ်တပ်က အမြဲတမ်း စည်းကမ်းတင်းကြပ်မှုကို အလေးထားခဲ့တယ်။ ဒါပေမဲ့ဧကရာဇ် နန်းတက်ပြီးနောက်ပိုင်း စစ်တပ်ကို ပြုပြင်ပြောင်းလဲဖို့ ဘယ်လောက်ကြိုးစားကြိုးစား အောင်မြင်မှုက ပြောပလောက်အောင် မရှိခဲ့ဘူး။ အဓိကကတော့ စစ်တပ်ထဲက စစ်သည်တွေရဲ့ နောက်ခံပြဿနာတွေ ကြောင့်ပဲ။”
“စစ်တပ်တစ်ခုမှာ လူဆိုးလူမိုက်နည်းနည်းပဲရှိရင်တော့ အဲ့ဒီအနည်းစုက စည်းကမ်းတင်းကြပ်မှုကို အနှောင့်အယှက် မပေးနိုင်ဘူး။ ဒါပေမဲ့ စစ်တပ်တစ်ခုမှာ လူဆိုးလူမိုက်တွေ ပြည့်နေရင်တော့ အထက်လူကြီးတွေက စည်းကမ်းကို ဘယ်လောက် အလေးထားထား ထိရောက်မှုမရှိနိုင်ဘူး။ နန်းတွင်းက အာဏာရှိမိသားစုဝင်တွေ တစ်ယောက်ကိုတစ်ယောက် ဖုံးကွယ်ပေးထား ကြသလိုပါ့။”
ထိုအချိန်တွင် မုချန်တိန်က
“မင်းသားရဲ့ ချဉ်းကပ်ပုံက တကယ်ကို ထူးချွန်ပါတယ်။ ကျွန်တော်တို့ ဘာကြောင့် အစကတည်းက စစ်သည်တွေကို သူတို့ရဲ့ နောက်ခံ အခြေအနေအပေါ် အခြေခံပြီး ရွေးချယ်ဖို့ မတွေးမိခဲ့တာလဲ”
ဟု မနေနိုင်တော့ပဲ ချီးကျူးလိုက်သည်။
“စစ်တပ်အသစ်ရဲ့ တိုက်ခိုက်နိုင်စွမ်းကို မြင်ရဖို့ ကျုပ်ကတော့ အခုကတည်းက စိတ်လှုပ်ရှားနေပြီ။”
မုချန်တိန်၏ ခွဲခြမ်းစိတ်ဖြာမှုကို ကြားလိုက်ရပြီးနောက် အခန်းထဲရှိ အခြားဗိုလ်ချုပ်များလည်း စစ်တပ်အသစ်၏ စွမ်းဆောင်ရည်ကို မျှော်လင့်သွားကြပြီး လုချန်းအပေါ် ပို၍လေးစားလာကြသည်။ သူသည် ရှနိုင်ငံတော် စစ်တပ်၏ အဓိကပြဿနာကိုထောက်ပြခဲ့သည်။ ယခင်က သူတို့ မည်သည့်အခါကမှ မတွေးမိခဲ့သော ပြဿနာဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် မြောက်ပိုင်းနယ်စားမင်းသားသည် ယခုနှစ်တွင် အသက်ဆယ့်ခြောက် သို့မဟုတ် ဆယ့်ခုနစ်နှစ်သာရှိပြီး စစ်တပ်ကို မကြာခဏ ဦးဆောင်တိုက်ခိုက်ဖူးခြင်း မရှိပေ။ စစ်တပ်စခန်းအတွင် အခုထိ တစ်လသာ နေထိုင်ဖူးသည်။
စစ်တပ်အတွင်း နှစ်ပေါင်းများစွာ နေထိုင်ခဲ့သည့် အတွေ့အကြုံရှိသူများသည် စစ်တပ်စည်းကမ်းကို ပြုပြင်ရန် နည်းလမ်းကောင်းတစ်ခုကို မတွေးမိခဲ့ကြပေ။ သို့သော် မြောက်ပိုင်းနယ်စားမင်းသားသည် တစ်လအတွင်း ထိုနည်းလမ်းကို ရှာဖွေတွေ့ရှိခဲ့သည်။
သူသည် အမှန်တကယ်ပင် ကံကြမ္မာ၏ သားတော်ဖြစ်သည်။
ထိုအချိန်တွင် မြို့ရိုးပေါ်တွင် လုချန်းသည် လေအေးနှင့် နှင်းမှုံများကြားတွင် ရပ်နေပြီး အဝေးကို ကြည့်နေသည်။ ထိုအချိန်တွင် မြေကြီးက အနည်းငယ်တုန်ခါလာသည်ကို သူရုတ်တရက် ခံစားမိလိုက်၏။ ထို့နောက် နှင်းမုန်တိုင်းထဲမှ အရိပ်များ ပေါ်ထွက်လာသည်ကို မြင်လိုက်ရသည်။
ထိပ်သီးပညာရှင်တစ်ဦးဖြစ်သည့်အ လျောက် လုချန်း၏ အမြင်အာရုံသည် အလွန်တိုးတက်လာပြီး မြောက်ပိုင်းဖရီဘုရင်၏ တပ်များ ရောက်လာသည်ကို မြို့ရိုးပေါ်ရှိ မည်သူမှ မသိမီ သူသတိထားမိလိုက်သည်။
အဝေးမှ ပေါ်ထွက်လာနေသော အရိပ်များကို ကြည့်ရင်း လုချန်း၏ နှုတ်ခမ်းထောင့်များ အနည်းငယ် မြင့်တက်လာသည်။
တစ်လကြာ စောင့်ဆိုင်းပြီးနောက် နောက်ဆုံးတွင် သူတို့ရောက်ရှိလာခဲ့ပြီဖြစ်သည်။
ယခင်က သူမည်သူ့ကိုမှ ဤမျှကြာမြင့်စွာ စောင့်ဆိုင်းခဲ့ဖူးခြင်း မရှိပေ။ ထိပ်သီးပညာရှင်တစ်ဦးဖြစ်သော ရှောင်ပင်တိန်သည်လည်း မြောက်ပိုင်းဖရီဘုရင်၏ တပ်များ ချဉ်းကပ်လာသည်ကို သတိထားမိသည်။ သူက ချက်ချင်းပင်
“ရန်သူရောက်လာပြီ။ စစ်သည်အားလုံး စစ်တိုက်ဖို့ ပြင်ဆင်ကြပါ” ဟု အော်ဟစ်လိုက်သည်။
ရှောင်ပင်တိန်၏စကားကို ကြားလိုက်ရသည်နှင့် သတင်းပို့ စစ်သားသည် ချက်ချင်းပင် စည်ကို တီးလိုက်သည်။
နောက်တစ်မိနစ်တွင် စည်သံများသည် ထျန်းကောင်းမြို့ထဲတွင် ပဲ့တင်ထပ်သွားပြီး လုချန်း၏ အတွေးအခေါ်များကို စဉ်းစားခန်းဝင်နေကြသော မုချန်တိန်နှင့် အခြားသူများကိုလည်း နိုးထလာစေခဲ့သည်။ သူတို့သည် အခန်းထဲမှ ပြေးထွက်ကာ မြို့တံတိုင်းပေါ်သို့ တက်လာကြသည်။
ထိုအချိန်တွင် ထျန်းကောင်းမြို့ရှိ စစ်သည်အားလုံးသည် စစ်တိုက်ရန် အဆင်သင့်ဖြစ်နေပြီ ဖြစ်သည်။ မြို့ရိုးပေါ်ရှိ စစ်သည်များသည် မိုးကြိုးလက်နက်နှင့် ကျောက်မောင်းများကို စတင် နေရာချထားပြီဖြစ်ပြီးချက်ချင်း အသုံးပြုနိုင်ရန် အသင့်ပြင်လိုက်ကြသည်။
အားလုံးက မကြာမီဖြစ်ပွားတော့မည့် စစ်ပွဲအတွက် အဆင်သင့်ဖြစ်နေကြသည်။ မြင်းခွာသံများ နီးကပ်လာသည်နှင့်အမျှ အဝေးမှ ပုံရိပ်များက ပိုမိုရှင်းလင်းလာသည်။ မြောက်ပိုင်းဖရီဘုရင်၏ ကြီးမားသော စစ်တပ်ကို မြင်လိုက်ရသည်နှင့် လီဖန်းက “မြောက်ပိုင်းဖရီဘုရင် တကယ် လာလိမ့်မယ်လို့ မထင်မိခဲ့ဘူး” ဟု မထိန်းနိုင်ပဲ ပြောလိုက်သည်။
မြောက်ပိုင်းဖရီဘုရင်သည် ဆောင်းရာသီတွင် တောင်ဘက်သို့ ချီတက်ရန် အစီအစဉ်ရှိကြောင်း ကြားသိထားသည်မှာ ကြာပြီဖြစ်သော်လည်း လူတိုင်းက မြောက်ပိုင်းဖရီဘုရင်သည် နောက်ဆုံးတွင် ဤကျူးကျော်စစ်ကို မဆင်နွှဲပဲ နေတော့မည်လားဟု တွေးတောခဲ့ကြသည်။
ရာသီဥတုမှာ ပိုမိုအေးချမ်းလာနေပြီး မြောက်ပိုင်းမြို့တော်တွင် နှင်းများ ကျဆင်းနေပြီဖြစ်သည်။ လွင်ပြင်ဒေသများတွင် ပို၍ပင် အေးမည်ဖြစ်သဖြင့် ထိုအခြေအနေမျိုးတွင် မြောက်ပိုင်းဖရီဘုရင်သည် တောင်ဘက်သို့ ချီတက်ခြင်းကို စွန့်လွှတ်လိုက်နိုင်သည်။
သို့သော် မြောက်ပိုင်းဖရီဘုရင် ရောက်လာခဲ့သည်။
ထိုအချိန်တွင် လုချန်းက အဝေးမှ လွင်ပြင်ဒေသ စစ်တပ်ကို ကြည့်ရှုကာ ပြုံးလိုက်ပြီး
“သူမလာခဲ့ရင် ကျွန်တော် ပြင်ဆင်ထားတဲ့လက်ဆောင်တွေကို ပို့စရာ နေရာမရှိဖြစ်နေမှာ။ တကယ်တော့ ကျွန်တော်က သူမလာမှာကို စိုးရိမ်နေခဲ့တာ” ဟု ပြောလိုက်သည်။
ထို့နောက် မုချန်တိန်က
“မင်းသား။ ထျန်းကောင်းမြို့ရဲ့ မြေမျက်နှာသွင်ပြင်က အတော်လေး လမ်းကြောင်းတွေပွင့်နေပါတယ်။ ကျွန်ုပ်တို့သည် အစပိုင်းမှာ မိုးကြိုးလက်နက်ကို အသုံးပြုလိုက် လွင်ပြင်ဒေသ စစ်တပ်ကို ချက်ချင်း ထိတ်လန့်သွားစေနိုင်ပါတယ်။ အကယ်၍ သူတို့သည် ထွက်ပြေးဖို့ ဆုံးဖြတ်ခဲ့ရင် သူတို့ကို ဒီနေရာမှာ ထိန်းထားဖို့ ခက်ခဲမှာ စိုးရိမ်မိပါတယ်။”
ကောင်းကင်ဝံပုလွေဘုရင်၏ စစ်သည်တော် သုံးသိန်းကို ရှင်းလင်းနိုင်ခဲ့ခြင်းမှာ ဝန်နင်းချိုင့်ဝှမ်း၏ မြေမျက်နှာသွင်ပြင် အနေအထားကြောင့်သာ ဖြစ်သည်။ ကောင်းကင်ဝံပုလွေဘုရင်၏ စစ်တပ် ဝန်နင်းချိုင့်ဝှမ်းထဲသို့ ဝင်ရောက်လာသည်နှင့် တစ်ပြိုင်နက် အနက်ရောင် မြင်းတပ်က ချိုင့်ဝှမ်းထွက်ပေါက်ကို ပိတ်ဆို့ခဲ့၏။ နှစ်ဖက်လုံးတွင် တောင်များရှိနေသောကြောင့် လွင်ပြင်ဒေသ မြင်းတပ်အတွက် ထွက်ပြေးရန် နေရာမရှိခဲ့ပေ။
သို့သော် ထျန်းကောင်းမြို့မှာ ကွဲပြားခြားနားသည်။ ထျန်းကောင်းမြို့ အနီးတစ်ဝိုက်တွင် မြက်ခင်းလွင်ပြင်များ များစွာရှိသည်။ အကယ်၍ မြောက်ပိုင်းဖရီဘုရင်၏ စစ်တပ်သည် ပြိုကွဲသွားပါက သံချပ်ကာ မြင်းတပ် ငါးသောင်းနှင့် မြောက်ပိုင်းမြို့တော်မှ ပုံမှန်ခြေလျင်တပ် သောင်းဂဏန်းဖြင့် သူတို့ကို လိုက်လံတိုက်ခိုက်ရန် အလွန်ခက်ခဲမည် ဖြစ်သည်။
......
အခန်း (၂၀၄)
မြောက်ပိုင်းနယ်စားမင်းသားသည် စစ်ရေးကျင့်ဝတ်ကို ဂရုမစိုက်ပါ (၁)
မုချန်တိန်၏ သတိပေးချက်ကို ကြားရသောအခါ လုချန်းလည်း မဆုံးနိုင်သော လွင်ပြင်ကြီးကို လှမ်းကြည့်လိုက်သည်။ မုချန်တိန် ပြောသည့်အတိုင်း မြောက်ပိုင်းဖရီဘုရင်၏ စစ်သည် တစ်သိန်းကျော်ကို ထိန်းထားဖို့က မလွယ်ကူပေ။
လွင်ပြင်ဒေသ တပ်များ ရှုံးနိမ့်သွားပါက သူတို့အတွက် မည်သည့်ဘက်ကို မဆို ထွက်ပြေးနိုင်သည်။ လွင်ပြင်ဒေသ မျိုးနွယ်စုများ၏ တပ်များသည် အပေါ့စား မြင်းတပ်ဖြစ်ပြီး အနက်ရောင် မြင်းတပ်သည် သံချပ်ကာ မြင်းတပ်ဖြစ်သောကြောင့် ရန်သူကို လိုက်လံတိုက်ခိုက်ရာတွင် သိသိသာသာ အားသာချက်မရှိပေ။ မြောက်ပိုင်းဖရီဘုရင်၏ စစ်သည်များကို လိုက်မီဖို့က မဖြစ်နိုင်သလောက်ပင်။
ထိုအချိန်တွင် လုချန်းသည် ထျန်းကောင်းမြို့၏ မြို့ရိုးများကို ကြည့်လိုက်ပြီး စိတ်ကူးတစ်ခု ရလာသည်။ မြောက်ပိုင်းဖရီဘုရင်၏ တပ်များကို ထျန်းကောင်းမြို့ထဲသို့ လုံးဝဆွဲခေါ်နိုင်ပါက မြို့တံခါးများကို ပိတ်ကာ သူတို့အားလုံးကို ထောင်ချောက်ဆင်နိုင်မည်ဖြစ်သည်။ ထိုအခါ စစ်သည်များအတွက် ထွက်ပြေးစရာ လမ်းမရှိတော့ပေ။
...
သို့သော် မြောက်ပိုင်းဖရီဘုရင်၏ တပ်များသည် တစ်သိန်းကျော်ရှိသည်။ သူတို့အကုန်လုံးကို မျှားခေါ်ရန် မလွယ်ကူပေ။ သူတို့အားလုံး လှည့်စားခံရမည် မဟုတ်ပေ။ မြောက်ပိုင်းဖရီဘုရင်သည် အရူးမဟုတ်ပါ။ မြို့တံခါးများ ဖွင့်ထားပေးသဖြင့် မြို့ထဲသို့ ဝင်လာမည် မဟုတ်ပေ...
ထိုအတွေးနှင့်အတူ လုချန်း စဉ်းစားလိုက်သည်။
ဆောင်းရာသီတွင် တပ်များကို ခေါင်းဆောင်ကာ မြောက်ပိုင်းမြို့တော်ကို တိုက်ခိုက်ရဲသည်အထိ မာန်မာန ဝံ့ကြွားသူက ထျန်းကောင်းမြို့လေးကို ကြောက်နေမှာလား။
မြောက်ပိုင်းဖရီဘုရင် မြို့ထဲသို့ ဝင်လာဖို့ ဖြစ်နိုင်ခြေရှိသည်။ လုချန်းက ချက်ချင်း ပြောလိုက်သည်။
“မြို့တံခါးတွေကို ဖွင့်လိုက်ပါ။ အခုချက်ချင်း အားလုံး ပုန်းနေကြပါ။”
ထိုအခါ မုချန်တိန်လည်း လုချန်း၏ ရည်ရွယ်ချက်ကို ချက်ချင်း နားလည်သွားသည်။ လုချန်းသည် မြောက်ပိုင်းဖရီဘုရင်ကို မြို့ထဲသို့ မျှားခေါ်ပြီး မြို့တံခါးများကို ပိတ်ကာ သူ့ကို ထောင်ချောက်ဆင်ရန် စီစဉ်နေခြင်း ဖြစ်သည်။
သို့သော် မြောက်ပိုင်းဖရီဘုရင်က လှည့်စားခံမည် မဟုတ်ပေ။
လုချန်း ဆက်ပြောလိုက်သည်။
“မြင်းတပ်တစ်တပ်ကို ချက်ချင်း ထုတ်လိုက်ပါ။ ပြီးတော့ ဆုတ်ခွာဟန်ဆောင်လိုက်ပါ။”
မုချန်တိန်က
“ဟုတ်ကဲ့ မင်းသား။”
ထို့နောက် မြို့ရိုးပေါ်ရှိ စစ်သည် အားလုံးသည် ပုန်းအောင်သွားကြသည်။ မြို့ပြင်မှ ကင်းထောက်များသာ ကျန်ရှိသည်။ မြောက်ပိုင်းဖရီဘုရင်၏ တပ်များ ချဉ်းကပ်လာသည်နှင့် ကြောက်ရွံ့ပြီး ဆုတ်ခွာသွား နေသယောင် ဟန်ဆောင်ရန် မြို့၏ အရှေ့တံခါးတွင် မြင်းတပ်အနည်းငယ်ကို မုချန်တိန် စီစဉ်ထားသည်။
မကြာမီ မြောက်ပိုင်းဖရီဘုရင်သည် လွင်ပြင်ဒေသ မျိုးနွယ်စု မြင်းတပ်တစ်သိန်းကျော်နှင့်အတူ ထျန်းကောင်းမြို့၏ မြို့ပြင်ဘက်တွင် ပေါ်ထွက်လာသည်။
မြို့ရိုးပေါ်တွင် စစ်သည်များ မရှိပဲ ကျောက်မောင်းလက်နက်များသာ ရှိနေ၏။ မြို့တံခါးကလည်း ပွင့်နေသည်ကို မြင်ရသောအခါ မြောက်ပိုင်းဖရီဘုရင်က ရယ်မောလိုက်သည်။
“ထျန်းကောင်းမြို့ရဲ့ ကာကွယ်သူတွေက ကျုပ်တို့ရောက်လာတာကို ကြားရပြီး ဆုတ်ခွာသွားကြတာ ထင်ပါရဲ့။”
ထိုအချိန်တွင် မြောက်ပိုင်းဖရီဘုရင်၏ ယုံကြည်ရသူ ဗိုလ်ချုပ်တစ်ဦးက ပြောလိုက်သည်။
“ဘုရင်ကြီး။ ကောင်းကင်ဝံပုလွေဘုရင် တောင်ဘက်ကို ချီတက်ပြီး မြောက်ပိုင်းမြို့တော်ကို တိုက်ခိုက်တုန်းက မြောက်ပိုင်းမြို့တော်ဘက်ကလည်း ထျန်းကောင်းမြို့ကို မကာကွယ်ခဲ့ဘူး။ မြောက်ပိုင်းနယ်စားမင်းသားက သူ့တပ်တွေအားလုံးကို ရန်ခရိုင်အထိ ဆုတ်ခွာခိုင်းခဲ့တယ်။”
“အဲဒီနောက် ကောင်းကင်ဝံပုလွေဘုရင်ကို ဝန်နင်းတောင်ကြားမှာ ချုံခိုတိုက်ခိုက်ခဲ့ပြီး သူ့ရဲ့ စစ်သည် သုံးသိန်းကို ရှင်းလင်းပစ်ခဲ့တယ်။”
ထိုအချိန်တွင် လွင်ပြင်ဒေသ မျိုးနွယ်စုဘက်မှ ကင်းထောက်တပ်သားတစ်ဦး ပြန်လာပြီး အစီရင်ခံလိုက်သည်။
“ဘုရင်ကြီး။ ရှနိုင်ငံတော်ရဲ့ မြင်းတပ်တစ်တပ်ကို အရှေ့တံခါးမှာ တွေ့လိုက်ပါတယ်။ သူတို့ဟာ တောင်ဘက်ကို ထွက်ပြေးနေပါတယ်။”
ထိုစကားကို ကြားလိုက်ရသောအခါ မြောက်ပိုင်းဖရီဘုရင်၏ ဗိုလ်ချုပ်တစ်ဦးက ချက်ချင်းပြောလိုက်သည်။
“ဘုရင်ကြီး။ ကျွန်တော် ကျွန်တော်တို့ရဲ့ စစ်သည်တွေကို ခေါ်ပြီး ရှနိုင်ငံတော်ရဲ့ မြင်းတပ်ကို ချက်ချင်းလိုက်ဖမ်းမယ်။ သူတို့ထဲက တစ်ယောက်မှ မလွတ်အောင် လုပ်မယ်။”
မြောက်ပိုင်းဖရီဘုရင်က လက်ကို မြှောက်၍ ကာလိုက်ကာ
“မလိုပါဘူး။ သူတို့ကို ပြေးခွင့်ပေးလိုက်ပါ။ သူတို့က အသေးအဖွဲ လေးတွေပါ။”
“ရန်ခရိုင်က ကောင်စုတ်လေးက ကျုပ်ကို ကောင်းကင်ဝံပုလွေဘုရင်နဲ့ တိုက်သလို တိုက်ဖို့ စဉ်းစားနေတာပဲ။ ဒါပေမဲ့ သူက ကျုပ်ကို အရမ်းလျှော့တွက်ထားတယ်။”
“ကျုပ်တို့ ထျန်းကောင်းမြို့မှာ ရက်နည်းနည်းအနားယူပြီးရင် ရန်ခရိုင်ကို တိုက်ဖို့ နည်းလမ်းရှာမယ်။”
ထိုစဉ်း မြောက်ပိုင်းဖရီဘုရင်က ထျန်းကောင်းမြို့ကို လှမ်းကြည့်လိုက်၏။ မြို့ရိုးပေါ်တွင် မြောက်ပိုင်းနယ်စားမင်းသားစံအိမ်၏ အလံပင် မရှိတာကို သူသတိထားမိလိုက်သည်။
ထို့နောက် မြောက်ပိုင်းဖရီဘုရင်က အမိန့်ပေးလိုက်သည်
“မြို့ထဲကို ဝင်ပါ။”
မြောက်ပိုင်းဖရီဘုရင်၏ အမြင်တွင် ရှနိုင်ငံတော်၏ စစ်သားများသည် သူ့ကို ကြောက်ရွံ့နေကြသောကြောင့် တောင်ဘက်သို့ ထွက်ပြေးနေကြခြင်းဖြစ်ပြီး မြို့ထဲသို့ ကင်းထောက်တပ်သားများ စေလွှတ်ပြီး အချက်အလက်များ စုဆောင်းဖို့ အချိန်ဖြုန်းရန် မလိုအပ်ပါ။ တိုက်ရိုက်ဝင်ရောက်သည်က ပိုကောင်းသည်။
လွင်ပြင်ဒေသကို ဖြတ်သန်းလာပြီးနောက် သူ၏ စစ်သည်များ အလွန်ပင်ပန်းနွမ်းနယ်နေပြီး အနားယူရန် အရေးတကြီး လိုအပ်နေသည်။ ထျန်းကောင်းမြို့ အပြင်ဘက်တွင် တပ်ချပြီး အနားယူခြင်းက မြို့ကို သိမ်းပိုက်ပြီး မီးဖို ထမင်းချက်ရန် အသုံးပြုခြင်းထက် မကောင်းပါ။ အအေးဒဏ်ကို ကာကွယ်ရာတွင် သူတို့၏ တဲများသည် ရှနိုင်ငံတော်မှ လူများ၏ အိမ်များနှင့် မယှဉ်နိုင်ပါ။
ထိုအချိန်တွင် မြောက်ပိုင်းဖရီဘုရင်၏ တပ်အတွက် ထျန်းကောင်းမြို့သည် အလွန်ဆွဲဆောင်မှုရှိသည်။ မြောက်ပိုင်းဖရီဘုရင်သည် တကယ်ပင် သူ၏တပ်ကို မြို့ထဲသို့ တိုက်ရိုက်ခေါ်ဆောင်လာနေသည်ကို သူ၏ ကင်းထောက်များမှတစ်ဆင့် လူချန်းသိလိုက်ရပြီးနောက် ခဏခန့် အံ့အားသင့်သွားသည်။
ကင်းထောက်တပ်သားတစ်ယောက်ပင် မစေလွှတ်ပဲ မြို့ထဲသို့ တိုက်ရိုက်ဝင်လာခြင်းက မြောက်ပိုင်းမြို့တော်ကို လုံးဝအလေးမထားကြောင်း ပြသသည်။
မြောက်ပိုင်းဖရီဘုရင်၏ မာန ထောင်လွှားမှုသည် အကန့်အသတ်မရှိပါ။ ဆောင်းရာသီ၏ အလယ်တွင် မြောက်ပိုင်းမြို့တော်ကို တိုက်ခိုက်ရန် တောင်ဘက်သို့ ချီတက်ရဲခြင်းသည် သူ၏ မာနထောင်လွှား သော စရိုက်နှင့် လုံးဝကိုက်ညီသည်။
ထို့နောက် လုချန်းက သူ့ဘေးမှ လူများကို ပြောလိုက်သည်။
“တိုက်ပွဲအတွက် အသင့်ပြင်ထားပါ။”
မြောက်ပိုင်းဖရီဘုရင် ထောင်ချောက်ထဲ မကျရောက်မှာကို သူစိုးရိမ်နေခဲ့၏။ သို့သော် မျှော်လင့်မထားပဲ မြောက်ပိုင်းဖရီဘုရင်က သံသယအလျှင်းမရှိပဲ ယုံကြည်စိတ်ချစွာဖြင့် မြို့ထဲသို့ ဝင်လာခဲ့သည်။
ယခု ဧည့်သည်ရောက်လာပြီ ဖြစ်သဖြင့် သူတို့ပြင်ဆင်ထားသော လက်ဆောင်ကို ပေးအပ်ရန် အချိန်တန်ပြီဖြစ်သည်။
ထိုအချိန်အထိ မကြာမီဖြစ်ပေါ်လာမည့် အန္တရာယ်ကို မြောက်ပိုင်းဖရီဘုရင် လုံးဝမသိပါ။ ထျန်းကောင်းမြို့၏ တံခါးများကို ဖြတ်သန်းပြီး မြို့အတွင်းရှိ လူသူကင်းမဲ့နေသော အဆောက်အဦများကို ကြည့်ရင်း သူက ပြောလိုက်သည်။
“ရှနိုင်ငံတော်က တကယ်ပဲ သူရဲဘောကြောင်တဲ့ လူတွေကို မွေးထုတ်ထားတာပဲ။ ကျုပ်တို့ စစ်ခရာတောင် မမှုတ်ရသေးဘူး။ သူတို့က ထွက်ပြေးသွားကြတယ်။”
“ကောင်းကင်ဝံပုလွေဘုရင်က ဒီလိုရန်သူကို ရှုံးခဲ့တယ်။ သူက တကယ်ကို အရည်အချင်းမရှိတာပဲ။”
“ကျုပ်သာ အဲ့ဒီ စစ်သည်သုံးသိန်းကို ကွပ်ကဲခဲ့ရင် ကျုပ်တို့အခု ရှနိုင်ငံတော်ရဲ့ မြို့တော်ကို ရောက်နေပြီ။”
မြောက်ပိုင်းဖရီဘုရင် စကားပြောလေလေ ဒေါသထွက်လေလေ ဖြစ်လာသည်။ သူက ကောင်းကင်ဝံပုလွေဘုရင်ကို စစ်သည်ထောင်သောင်းချီ ငှားရမ်းပေးခဲ့သော်လည်း ဘာမှ ပြန်မရခဲ့ပါ။ သူစွဲလမ်းနေသော အမျိုးသမီးကိုလည်း မြောက်ပိုင်းမြို့တော်က ကောင်စုတ်လေးက ယူသွားခဲ့သည်။ ဒါကို သူ ဘယ်လိုလက်ခံနိုင်မှာလဲ။
ထိုအချိန်တွင် မြောက်ပိုင်းဖရီဘုရင်၏ လူယုံ ဗိုလ်ချုပ်တစ်ဦးက
“ဘုရင်ကြီး။ ကျွန်တော်တို့ မြောက်ပိုင်းမြို့တော်ကို သိမ်းပိုက်ပြီးရင် ကျွန်ုပ်တို့ရဲ့ ကိုယ်ပိုင်နိုင်ငံတော်ကို ထူထောင်မှာလား” ဟု မေးလိုက်သည်။
မြောက်ပိုင်းဖရီဘုရင်က နှာခေါင်းရှုံ့လိုက်ကာ
“နိုင်ငံတော်ထူထောင်မယ် ဟုတ်လား။ ဘယ်လိုနိုင်ငံတော်မျိုးကို ထူထောင်မှာလဲ။ ကျုပ်က ကောင်းကင်ဝံပုလွေဘုရင်လိုမျိုးမိုက်မဲပြီး အမြဲတမ်း စိတ်ကူးယဉ်နေတဲ့ သူမျိုး မဟုတ်ဘူး” ဟု ပြန်လည်ဖြေကြားလိုက်သည်။
........