← Chapters

အခန်း ၂၁၁-၂၁၃

Vol. 15 Ch. 211-213

အခန်း ၂၁၁-၂၁၃

Vol. 15 Ch. 211-213

အခန်း (၂၁၁)

စကားလုံးမဲ့သွားသော လင်ရှုမင် (၁)

လင်ရှုမင်သည် အသက်ငယ်သေးသော်လည်း စစ်ပွဲများစွာကို ဦးဆောင်တိုက်ခိုက်ခဲ့ဖူးသူဖြစ်သည်။ သူသည် ဆောင်းရာသီတွင် စစ်ပွဲများ မကြာခဏ ဆင်နွှဲဖူးခြင်း မရှိသော်လည်း မိုးရာသီ၌ ဖြစ်တတ်သော စစ်မြေပြင်အခြေအနေများကို အတိုင်းအတာတစ်ခုထိ နားလည်ထားသည်။

သူ့ရှေ့တွင် လှည်းဘီးရာများနှင့် မြင်းခြေရာများ များပြားစွာရှိနေသည်။ ထူထပ်သောနှင်းများဖြင့် ဖုံးလွှမ်းနေသော်လည်း ခြေရာများကို ကြည့်ကာ လူအရေအတွက်ကို အနီးစပ်ဆုံးခန့်မှန်းနိုင်သည်။

နှင်းထဲတွင် ခြေရာများ ထပ်နေသည့်အတွက် လူအုပ်ကြီးတစ်အုပ် ဖြတ်သန်းသွားကြောင်း သိသာသည်။

အလယ်ရှိ ခြေရာများသည် လူသားများ၏ ခြေရာဖြစ်ပြီး ဘေးဘက်ရှိ ခြေရာများမှာ မြင်းခြေရာများဖြစ်သည်။ ထို့ကြောင့် မြင်းတပ်တစ်ခုသည် တစ်စုံတစ်ရာကို သယ်ဆောင်နေကြောင်း သိရသည်။

ပိုမိုတိကျစွာပြောရလျှင် သယ်ဆောင်နေသည်မှာ ပစ္စည်းမဟုတ်ပါ။ ခြေရာများစွာရှိသည့်အတွက် လူအုပ်စုတစ်ခုကို စောင့်ကြပ်လိုက်ပါနေသည်ဟု ယူဆရသည်။

...

ထိုအချိန်တွင် လင်ရှုမင်၏ ဘေးနားမှ စစ်သားတစ်ဦးက ပြောလိုက်သည်။

“ဗိုလ်ချုပ်၊ နှင်းထဲက ကျောက်မီးသွေးအကြွင်းအကျန်တွေကို ကြည့်ပါဦး။ ကျွန်တော် မှားမယ်မထင်ဘူး။ ဒါ ကျောက်မီးသွေးအကြွင်းအကျန်ပဲ။”

သူတို့သည် ရန်ခရိုင်တွင် နှစ်လနီးပါး တည်းခိုနေထိုင်ခဲ့သောကြောင့် ထိုဒေသ၏ အဓိကအဖြစ်အပျက်များကို သိရှိထားကြသည်။ ထိုထဲတွင် မြောက်ပိုင်းနယ်စားမင်းသား၏ စံအိမ်မှ မိတ်ဆက်ပေးထားသော မီးဖိုများနှင့် ကျောက်မီးသွေးများလည်း အပါအဝင်ဖြစ်သည်။

သူတို့၏ စခန်းသည် မြောက်ပိုင်းနယ်စားမင်းသား၏ စံအိမ်မှ မီးဖိုများကို အသုံးပြုကာ ဤဆောင်းရာသီကို ကျော်လွှားနိုင်ခဲ့သည်။ မြောက်ပိုင်းနယ်စားမင်းသား၏ စံအိမ်မှ ကျောက်မီးသွေးနှင့် မီးဖိုများ မရှိခဲ့လျှင် အအေးဒဏ် ဘယ်လောက်ခံရမည်ကို မသိပါ။

စစ်သားများသည် “ကျောက်မီးသွေး” ကို ရင်းနှီးနေကြပြီး မြောက်ပိုင်းနယ်စားမင်းသား၏ စံအိမ်မှ ထုတ်လုပ်သော မီးသွေးလုံးများသည် ကျောက်မီးသွေးဖြင့် ပြုလုပ်ထားကြောင်း အားလုံးသိကြသည်။

နှင်းထဲတွင် ပြန့်ကျဲနေသော ကျောက်မီးသွေးအကြွင်းအကျန်များကို မြင်သောအခါ စစ်သားများက ချက်ချင်းပင် ယင်းတို့သည် ကျောက်မီးသွေး အကြွင်းအကျန်များဖြစ်ကြောင်း သိလိုက်ကြသည်။

သူ၏လက်အောက်ငယ်သား၏ စကားကို ကြားလိုက်ရသည့်အခါ လင်ရှုမင်သည် မြင်းပေါ်မှဆင်းကာ ဒူးထောက်ပြီး မြေပြင်မှ ကျောက်မီးသွေးအကြွင်းအကျန်များကို ကောက်ယူကာ နမ်းကြည့်လိုက်သည်။

“အမှန်ပဲ။ ဒါ ကျောက်မီးသွေးပဲ” ဟု သူက အတည်ပြုလိုက်သည်။

လင်ရှုမင်သည် လက်ထဲမှ ကျောက်မီးသွေးအကြွင်းအကျန်များကို ပစ်ချလိုက်ပြီး မတ်တတ်ထရပ်ကာ နှင်းထဲတွင် ပြန့်ကျဲနေသော ကျောက်မီးသွေးအကြွင်းအကျန်လမ်းကြောင်းကို လှမ်းကြည့်လိုက်သည်။

သူ့ဘေးမှ စစ်သားက ဆက်ပြောလိုက်သည်။

“သူတို့က မြောက်ပိုင်းနယ်စားမင်းသား စံအိမ်က စစ်သားတွေပဲဖြစ်မယ်။ လွင်ပြင်ဒေသ မျိုးနွယ်စု ကျွန်တွေကို ကျောက်မီးသွေးတွေ သယ်ခိုင်းပြီး စောင့်ကြပ်လိုက်ပါနေတာပဲ။”

လင်ရှုမင်က တုံ့ပြန်ပြောဆိုခြင်း မပြုပဲ မြေပြင်ပေါ်က ကျောက်မီးသွေးအကြွင်းအကျန်များကို ကြည့်ကာစဉ်းစားနေသည်။

အမှန်ပင် မြေပြင်ပေါ်တွင် ပြန့်ကျဲနေသော ကျောက်မီးသွေးအကြွင်းအကျန်များက မြောက်ပိုင်းနယ်စားမင်းသား၏ စံအိမ်က လွင်ပြင်ဒေသ မျိုးနွယ်စုကျွန်များဖြင့် ကျောက်မီးသွေးသယ်ဆောင်နေကြောင်း ညွှန်ပြနေသည်။ သို့သော်…

လင်ရှုမင်သည် ခြေရာလမ်းကြောင်း၏ ဦးတည်ရာသို့ ကြည့်လိုက်သည်။ ထိုလမ်းကြောင်း၏ ဦးတည်ရာကို ကြည့်လျှင် ထိုလူများသည် မြောက်ဘက်မှ လာခဲ့ကြောင်း ထင်ရှားသည်။

မြောက်ပိုင်းဒေသတွင် မြောက်ပိုင်းနယ်စားမင်းသား၏ ကျောက်မီးသွေးတွင်းတွေ ရှိလား။

လင်ရှုမင်သည် မြောက်ပိုင်းနယ်စားမင်းသား၏ ကျောက်မီးသွေးတွင်းများ ဖြန့်ကျက်နေသည့် နေရာများကို မသိပါ။ သို့သော် သူ့စိတ်ထဲ ပထမဆုံးပေါ်လာသည်မှာ ကျောက်မီးသွေးတွင်းများ မဟုတ်ပဲ မြောက်ဘက်ရှိ ထျန်း‌ကောင်းမြို့သာ ဖြစ်သည်။

မြင်းခြေရာများကို ကြည့်လျှင် ထိုလူများကို စောင့်ကြပ်လိုက်ပါသော မြင်းတပ်သား အရေအတွက်က မနည်းပါ။ လင်ရှုမင်သိသည်မှာ မြောက်ပိုင်းမြို့တော်တွင် သံချပ်ကာမြင်းတပ် ငါးသောင်းသာ ရှိသည်။

မြောက်ပိုင်းမြို့တော်တွင် အပေါ့စား မြင်းတပ်များ ရှိသော်လည်း သူတို့၏ အရေအတွက်မှာ နည်းပါးလှပြီး တစ်သောင်းပင် မပြည့်ဟု ဆိုနိုင်သည်။

သို့သော် နှင်းထဲရှိ မြင်းခြေရာများကို ကြည့်လျှင် မြောက်ဘက်မှ လာခဲ့သော မြင်းတပ်သည် တစ်သောင်းထက် ပိုများနေသည်။

မြောက်ပိုင်းမြို့တော်၏ သံချပ်ကာမြင်းတပ် လေးသောင်းကျော်က ပျက်စီးသွားခဲ့ပြီ မဟုတ်ပါလား။ မြောက်ပိုင်းနယ်စားမင်းသားတွင် မြင်းတပ်အရေအတွက် ဤမျှများပြားနေရခြင်းမှာ အဘယ်ကြောင့်နည်း။

လင်ရှုမင်သည် မြင်းခြေရာများကို ငေးငိုင်ကြည့်နေသည်ကို မြင်သောအခါ သူ့ဘေးမှ စစ်သားက ရှုပ်ထွေးစွာဖြင့် မေးလိုက်သည်။ “ တစ်ခုခု စဉ်းစားမိလို့လား ဗိုလ်ချုပ်။”

လင်ရှုမင်သည် သတိပြန်ဝင်လာပြီး ပြန်ပြောလိုက်သည်။

“ဘာမှမဟုတ်ပါဘူး။ ဒီတိုင်းစဉ်းစားနေတာပါ။ ကောင်းပြီ။ ဆက်သွားကြစို့။ ဒီခြေရာတွေကို လိုက်ပြီး မြောက်ဘက်ကို ဆက်သွားလို့ရတယ်။”

ထိုခြေရာများက နှင်းကို ဖိသိပ်ထားသလို ဖြစ်နေသဖြင့် နှင်းထုက ပါးနေပြီး သူတို့ ခရီးဆက်သွားရာတွင် ပိုမိုလွယ်ကူစေသည်။ ဒါက လင်ရှုမင်နှင့် သူ၏တပ်သားများအတွက် ကံကောင်းသည့်အရာတစ်ခုပင် ဖြစ်သည်။

ထို့နောက် လင်ရှုမင်သည် နန်းတွင်း စစ်သည် နှစ်သောင်းကို ဦးဆောင်ကာ ရွှမ်ယွမ်ချန်းတို့ တောင်ဘက်သို့ ချီတက်ရာမှ ကျန်ရစ်ခဲ့သော ခြေရာလမ်းကြောင်းများအတိုင်း မြောက်ဘက်သို့ ချီတက်လိုက်သည်။

ခြေရာများကို ထူထပ်သော နှင်းများက အလျင်အမြန် ဖုံးလွှမ်းနေသွားသော် သူတို့သည် ထိုခြေရာများကို အသုံးပြုကာ အတော်ဝေးဝေး ခရီးဆက်နိုင်ခဲ့ပြီး အချိန် တော်တော်များများ ချွေတာနိုင်ခဲ့သည်။

ထိုခြေရာများ မရှိခဲ့လျှင် ထျန်းကောင်းမြို့သို့ ရောက်ရှိရန် တစ်လခန့်ကြာမြင့်နိုင်သည်မှာ အမှန်ပင်ဖြစ်သည်။

ထျန်းကောင်းမြို့သို့ ခရီးဆက်နေစဉ် လင်ရှုမင်သည် ထိုခြေရာများကို အနီးကပ်စောင့်ကြည့်နေခဲ့သည်။ သူ့စိတ်ထဲတွင် ထျန်းကောင်းမြို့ရှိ အခြေအနေများသည် သူကြားသိထားသည့်အတိုင်း မဟုတ်ပဲ မြောက်ပိုင်းနယ်စားမင်းသားက စစ်ရေးအခြေအနေကို ဖုံးကွယ်ထားသည်ဟု ခံစားမိသည်။

သူတို့အခု မြောက်ဘက်သို့ ချီတက်နေတာက လွင်ပြင်ဒေသ မျိုးနွယ်စုတပ်များကို ခုခံရန် မဟုတ်ပဲ လှည့်စားမှုတစ်ခုသာ ဖြစ်နိုင်သည်ဟု လင်ရှုမင် ခံစားနေရသည်။

မြင်းခြေရာများစွာကို မြင်ရသောအခါ လင်ရှုမင်သည် မြောက်ပိုင်းမြို့တော်မှ သံချပ်ကာမြင်းတပ် ငါးသောင်းကိုသာ တွေးမိနေ သည်။

လုချန်း၏ အတွေးအခေါ်ကို လင်ရှုမင် အတော်အတန် မှန်းဆနိုင်ခဲ့သော်လည်း ထိုအကြောင်းကို ထုတ်ဖော်ပြောဆိုရန် မရည်ရွယ်ခဲ့ပေ။ မသိသယောင်ပင် ဟန်ဆောင်နေခဲ့သည်။

သူ၏ဖခင်သည် မြောက်ပိုင်းနယ်စားမင်းသားကို ထောက်ခံရန် ဆုံးဖြတ်ပြီးဖြစ်သောကြောင့် သူသည်လည်း မြောက်ပိုင်းနယ်စားမင်းသားဘက်သို့ တိမ်းညွတ်ရန် လိုအပ်သည်။ ထို့ကြောင့် မြောက်ပိုင်းနယ်စားမင်းသား၏ ဖုံးကွယ်မှုကို ဟန်ဆောင်လိုက်လျောပေးရုံသာ ဖြစ်သည်။

အစက မြောက်ဘက်သို့ ချီတက်ရန် ဖိအားအတော်များများ လင်ရှုမင်သည် ခံစားနေခဲ့ရသည်။ စစ်ရေးအောင်ပွဲများ ရယူလိုစိတ် သူ့ထံတွင် ရှိနေသော်လည်း သူ့လက်အောက်တွင် မြင်းတပ်သား နှစ်သောင်းသာ ရှိသည်။ အနက်ရောင် မြင်းတပ်ပင် ပျက်ဆီးသွားပြီဟု ထင်ရသောကြောင့် သူ၏ မြင်းတပ်နှစ်သားသောင်းသည်လည်း မြောက်ပိုင်းဖရီးဘုရင်၏ ကြီးမားသော တပ်မတော်ကို ခုခံနိုင်မှာလားဆိုတာကို သူသံသယရှိသည်။

သို့သော် နှင်းပေါ်မှ ခြေရာများကို မြင်ရသောအခါ လင်ရှုမင် ရုတ်တရက် အရာရာကို ရှင်းရှင်းလင်းလင်း သိမြင်သွားသည်။ ပျက်ဆီးသွားသည်မှာ အနက်ရောင် မြင်းတပ်မဟုတ်ပါ။ မြောက်ဖရီးဘုရင်၏ တပ်မတော်သာ ဖြစ်နိုင်သည်။

သူစဉ်းစားမိသည်။ မြောက်ပိုင်းနယ်စားမင်းသားက မြောက်ဖရီးဘုရင် လက် အောက်မှာ အရေးနိမ့်နိုင်မှာလား။ သူ၏လက်ထဲတွင် လွင်ပြင်ဒေသသား စစ်သည်များကို တဒင်္ဂအတွင်း ကြေမွနိုင်သည့် လက်နက်များ ရှိသည်။ မြောက်ပိုင်းနယ်စားမင်းသား၏ စစ်တပ် ထိုလက်နက်များ အသုံးပြုသည်ကို သူမမြင်ဖူးသော်လည်း ရန်ခရိုင်သို့ သူအရင်တစ်ခေါက် လာတုန်းက ထိုလျှို့ဝှက်လက်နက်များကြောင့် ကျန်ရစ်ခဲ့သော မြေကျင်းများမှ သူတွေးဆနိုင်ခဲ့သည်။

ထိုလက်နက်များဖြင့် လွင်ပြင်ဒေသ မျိုးနွယ်စုများသာမက ဝူနိုင်ငံတော်ပင် မြောက်ပိုင်းမြို့တော်နှင့် ရင်ဆိုင်ရလျှင် အရေးနိမ့်နိုင်သည်။

လဝက်ကျော်ကြာပြီးနောက် လင်ရှုမင်နှင့် သူ၏တပ်သားများသည် နောက်ဆုံးတွင်

ထျန်းကောင်းမြို့သို့ ရောက်ရှိလာခဲ့သည်။

ဒီနှစ်တွင် မြောက်ပိုင်းမြို့တော်၏ ဆောင်းရာသီသည် ပုံမှန်ထက် ပိုမိုချမ်းအေးပြီး နှင်းများကလည်း ပိုမိုထူထပ်နေသည်။ နေ့အချိန်တွင်ပင် အရှေ့ငါးမီတာထက် ပိုမမြင်ရပေ။

......

အခန်း (၂၁၂)

စကားလုံးမဲ့သွားသည့် လင်ရှုမင် (၂)

တပ်သား နှစ်သောင်းပါသော နန်းတွင်းစစ်တပ်ကို ဦးဆောင်ကာ ထျန်းကောင်းမြို့၏ တောင်ဘက်တံခါးသို့ ဗိုလ်ချုပ်လင်ရှုမင် ရောက်ရှိလာသောအခါ လီဖန်းက မြင်းစီးလျက် ထွက်လာပြီး ကြိုဆိုလိုက်သည်။ ဗိုလ်ချုပ်လင်ရှုမင်နှင့် နန်းတွင်းစစ်တပ်ကို မြင်သောအခါ လီဖန်းက အလွန်စိတ်လှုပ်ရှားဟန်ဖြင့် ပြောလိုက်သည်။

“ဗိုလ်ချုပ်လင် နောက်ဆုံးတော့ ရောက်လာပြီ။ နောက်လေးငါးရက်လောက် နောက်ကျခဲ့ရင် ကျွန်တော်တို့ တောင့်မခံနိုင်တော့မှာ စိုးရတယ်။”

စိတ်လှုပ်ရှားပြီး ငိုတော့မလို ဖြစ်နေသော လီဖန်း၏ ဟန်ပန်ကို မြင်သောအခါ လင်ရှုမင်၏ စိတ်ထဲသရော်လိုက်မိသည်။

သူ့ရဲ့ သရုပ်ဆောင်မှုချက်က အတော်လေး ကောင်းတာပဲ။

ထို့နောက် လင်ရှုမင်က စိုးရိမ်စွာဖြင့် မေးလိုက်သည်။

“ဗိုလ်ချုပ်လီ။ မင်းသားရဲ့ ကျန်းမာရေး ဘယ်လိုရှိလဲ။”

လီဖန်း သက်ပြင်းရှည်တစ်ချက် ချလိုက်ပြီးဝမ်းနည်းနေသော မျက်နှာဖြင့် ပြောလိုက်သည်။

“မင်းသားရဲ့ ခန္ဓာကိုယ်က ဘာမှမဖြစ်ပေမဲ့၊အနက်ရောင် မြင်းတပ် လုံးဝဖျက်ဆီးခံရတာကြောင့် စိတ်ဓာတ်ကျနေပါတယ်။ ဘာမှ မစားမသောက်နိုင်ပဲ ဖြစ်နေတယ်။”

...

“အင်း ဒါတွေနောက်မှ ပြောကြတာ‌ပေါ့။ အပြင်မှာ နှင်းမုန်တိုင်းက ပြင်းထန်နေတယ်။ မြို့ထဲကို အမြန်ဝင်ကြရအောင်။”

ထို့နောက် လီဖန်းသည် ဗိုလ်ချုပ်လင်ရှုမင်နှင့် နန်းတွင်းစစ်တပ်ကို ဦးဆောင်ကာ ထျန်းကောင်းမြို့ထဲသို့ ဝင်ရောက်လာခဲ့သည်။

ဗိုလ်ချုပ်လင်ရှုမင်နှင့် နန်းတွင်းစစ်တပ် ရောက်လာမည်ကို သိထားသောကြောင့် မုချန်တိန်နှင့် သူ့သားနှစ်ယောက်လည်း ထျန်းကောင်းမြို့မှ ထွက်ခွာသွားခဲ့ကြသည်။ ရှနိုင်ငံတော်တွင် သူတို့သည် သေဆုံးပြီဟု သတ်မှတ်ခံထားရသောကြောင့် လင်ရှုမင်က သူတို့ကို မြင်လျှင် အနည်းငယ် ပြဿနာဖြစ်နိုင်သည်။

သို့သော် သူတို့သုံးဦးသည် ရန်ခရိုင်သို့ ပြန်မသွားခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် လုချန်းက သူတို့အတွက် အထူးတာဝန်တစ်ခု ပေးထားသောကြောင့် ဖြစ်သည်။

လင်ရှုမင် ထျန်းကောင်းမြို့ထဲသို့ ဝင်ရောက်ပြီးနောက် မြို့အတွင်းရှိ အခြေအ‌ နေကို အကဲခတ် ကြည့်လိုက်သည်။ မြောက်ပိုင်းမြို့တော်မှ စစ်သားများကြည့်ရတာ စိတ်ဓာတ်ကျနေပုံရသည်ကို သူတွေ့လိုက်ရသည်။

သူတွေ့ဆုံခဲ့ရသော မြောက်ပိုင်းမြို့တော်မှ စစ်သားတိုင်းလိုလိုသည် သက်ပြင်းများ ချနေကြပြီး သူတို့တကယ် စစ်ရေးရှုံးနိမ့်သွားသည့် ပုံစံမျိုး ဖြစ်နေကြသည်။

သူတို့ကို ယခုလို မြင်လိုက်ရသောအခါ လင်ရှုမင်ပင် သူ၏ခရီးတစ်လျှောက်လုံး မှန်းဆထားခဲ့သည်များက မှားနေသလားဟု စတင်သံသယဝင်လာသည်။

ထိုစစ်သားများ စိတ်ဓာတ်ကျပုံက ဟန်ဆောင်နေတာနှင့် မတူ‌ပေ။

လင်ရှုမင်က အနည်းငယ် မျက်မှောင်ကြုတ်လိုက်ပြီး မေးလိုက်သည်။

“ဗိုလ်ချုပ်လီ။ အနက်ရောင် မြင်းတပ်က တကယ်ပဲ လုံးဝဖျက်ဆီးခံရပြီလား။”

လီဖန်းက သက်ပြင်းတစ်ချက် ချလိုက်ပြီး “လုံးဝဖျက်ဆီးခံရပြီဆိုတာထက် လူနဲနဲပဲ ကျန်တော့တာပါ။ အားလုံးလည်း ဒဏ်ရာရနေကြတယ်။ နောက်ပိုင်းမှာ စစ်အင်အား သိပ်မရှိတော့ဘူးထင်တယ်။”

“ဒီတစ်ခါတော့ ကျွန်တော်တို့ အရမ်းဆုံးရှုံးသွားတယ်။ မြောက်ဖရီးဘုရင်ရဲ့ တပ်တွေက ဒီလောက်ထိ အင်အားကြီးမယ်လို့ ဘယ်သူမှ မထင်ခဲ့ဘူး။ ရန်သူကို လျှော့တွက်မိသွားတယ်။”

ထိုသို့ပြောပြီးတိုင်း လီဖန်းက သက်ပြင်းချ နေသည်။ လင်ရှုမင် သူ့ကို မြင်ကတည်းက လီဖန်း အဆက်မပြတ် သက်ပြင်းချနေခဲ့ခြင်းဖြစ်သည်။

ဒါက လင်ရှုမင်ကို လုံးဝဇဝေဇဝါ ဖြစ်စေခဲ့သည်။ သူ့စိတ်ထဲတွင် မြောက်ပိုင်းမြို့တော်၏ သံချပ်ကာမြင်းတပ်သည် တကယ်ပဲ ဖျက်ဆီးခံလိုက်ရပြီလားဟု တွေးမိလိုက်သည်။ လင်ရှုမင်လည်း နောက်ထပ်မေးခွန်းများ မေးမြန်းခြင်းမပြုတော့ပဲ တိတ်ဆိတ်စွာဖြင့် လီဖန်းနှင့်အတူ လုချန်း နေထိုင်ရာသို့ လိုက်သွားခဲ့သည်။

သို့သော် လုချန်း၏ စစ်ဌာနချုပ်သို့ ရောက်ရှိသောအခါ လုချန်းကို မတွေ့ရဘဲ ပိုင်ချင်းချင်းကိုသာ တွေ့ရသည်။

လီဖန်းက ချက်ချင်းမေးလိုက်သည်။

“တပ်မှူးပိုင်။ မင်းသားဘယ်သွားပါသလဲ။”

ပိုင်ချင်းချင်းက မျက်နှာအမူအယာ မပါပဲ ပြန်ဖြေလိုက်သည်။

“အနက်ရောင် မြင်းတပ်ဆီ သွားတယ်။”

လင်ရှုမင်က တစ်ခုခုမေး တော့မည့်အချိန်တွင် လီဖန်းက သူ့ဘက်သို့ လှည့်ပြီး ပြောလိုက်သည်။

“အခု‌နောက်ပိုင်း မင်းသားဟာ အနက်ရောင် မြင်းတပ်သားတွေ မြုပ်ထားတဲ့နေရာကို တစ်ယောက်တည်း သွားပြီး အတွေးထဲနစ်မြောနေတတ်တယ်။ ကျွန်တော်နဲ့အတူ သွားကြည့်ရအောင်။”

ထို့နောက် လင်ရှုမင်သည် နန်းတွင်းစစ်တပ်ကို မြို့အတွင်း၌ အနားယူခိုင်းပြီး လီဖန်းနှင့်အတူ အနက်ရောင် မြင်းတပ်သားများ မြုပ်နှံရာ ဂူသင်္ချိုင်း နေရာသို့ လိုက်သွားခဲ့သည်။

မကြာမီပင် သူတို့သည် မြို့ပြင်ရှိ တောင်ကုန်းငယ်တစ်ခု၏ အောက်ခြေသို့ ရောက်ရှိလာခဲ့သည်။ ထိုအခါ နှင်းမုန်တိုင်းထဲတွင် လူငယ်တစ်ဦး၏ အရိပ်အယောင်ကို မှုန်ဝါးစွာ မြင်တွေ့ရသည်။ ထိုလူငယ်သည် တောင်ကုန်းပေါ်တွင် ရပ်နေပြီး တစ်စုံတစ်ရာကို ပြန်လည်သတိရနေဟန်ဖြင့် ငေးမောလျက် ရှိသည်။

ထိုအချိန်တွင် လူငယ်၏ ခေါင်းနှင့် ပုခုံးပေါ်တွင် နှင်းများ စုပုံနေပြီဖြစ်ကာ သူသည် ထိုနေရာတွင် ကြာမြင့်စွာ ရပ်နေခဲ့ကြောင်း ဖော်ပြနေသည်။

လင်ရှုမင်ခဏခန့် ငေးငိုင်သွားခဲ့သည်။ ဤအရာသည် ဟန်ဆောင်မှုတစ်ခုဖြစ်ပါက ယုံကြည်ချင်စရာ ကောင်းလွန်းသည်။ ထို့နောက် လီဖန်းက လုချန်းထံသို့ ချဉ်းကပ်ကာ ခပ်တိုးတိုး ပြောလိုက်သည်။

“မင်းသား။ ဗိုလ်ချုပ်လင် နန်းတွင်းစစ်တပ် နှစ်သောင်းနဲ့အတူ ရောက်လာပါပြီ။”

လီဖန်း၏ စကားကို ကြားလိုက်ရသောအခါ လုချန်းက သက်ပြင်းရှည်တစ်ချက် ချလိုက်ပြီး လင်ရှုမင်ထံသို့ လှည့်လိုက်သည်။

လင်ရှုမင်က အလျင်အမြန်ပင်ပြောလိုက်သည်။

“မင်းသားကို ဂါရဝပြုပါတယ်။”

လုချန်းက လင်ရှုမင်ကို ကြည့်လိုက်ကာ လေးနက်သော မျက်နှာထားဖြင့် ပြောလိုက်သည်။

“ကျွန်တော်ခင်ဗျားကို စောင့်နေတာ ဗိုလ်ချုပ်လင်။ ။ ခင်ဗျားသာ နောက်လေးငါးရက်လောက် နောက်ကျခဲ့ရင် ထျန်းကောင်းမြို့ဟာ လွင်ပြင်ဒေသ မျိုးနွယ်စုတွေလက်ထဲ ကျသွားမှာပဲ။”

ဗိုလ်ချုပ်လင်ရှုမင်က စိတ်ရှုပ်ထွေးနေဟန်ဖြင့် မေးလိုက်သည်။

“မင်းသား။ လွင်ပြင်ဒေသ တပ်တွေ ဆုတ်ခွာမသွားဘူးလား။”

လုချန်းက ပြန်ဖြေလိုက်သည်။

“မခွာသေးဘူး။ သူတို့ဟာ ထျန်းကောင်းမြို့ကို တိုက်ခိုက်ဖို့ မကြာခဏ တပ်တွေစေလွှတ်နေတုန်းပဲ။”

“ဟိုဘက်က မြင်းခြေရာတွေကို မြင်လား။ သူတို့က ဒီမနက်က လာခဲ့တာ။ ဒါပေမဲ့ ဒီတစ်ခါတော့ မတိုက်ဘူး။”

လုချန်း၏ စကားကို ကြားလိုက်ရသောအခါ လင်ရှုမင်လည်း အ‌ဝေးမှ နှင်းဖုံးမြေပြင်ဘက်သို့ လှည့်ကြည့်လိုက်သည်။ လွင်ပြင်ဒေသ မျိုးနွယ်စု မြင်းတပ်၏ ခြေရာများနှင့် တူသော ခြေရာများစွာကို တွေ့မြင်ရသည်။

လင်ရှုမင်သည် သူ့ရှေ့တွင် ရှိသော မြေပုံကြီးကို နောက်တစ်ကြိမ် ထပ်ကြည့်လိုက်သည်။ သူ့စိတ်ထဲတွင် သံသယများ ရှိနေဆဲဖြစ်ပြီး မြောက်ပိုင်းမြို့တော်၏ အနက်ရောင် မြင်းတပ် မရှိတော့ဟူသော အချက်ကို မယုံကြည်နိုင်ခဲ့ပေ။

လုချန်းက ဆက်ပြောလိုက်သည်။

“အခုတော့ ဗိုလ်ချုပ်လင် ရောက်လာပြီဆိုတော့ ထျန်းကောင်းမြို့ကို ကာကွယ်ဖို့ နန်းတွင်းစစ်တပ်က တာဝန်ယူမယ်။”

ထိုစကားကို ကြားလိုက်ရသောအခါ လင်ရှုမင် အံ့အားသင့်သွားခဲ့သည်။ နန်းတွင်းစစ်တပ်က တာဝန်ယူရမှာလား။ မြောက်ပိုင်းနယ်စားမင်းသားက ရန်ခရိုင် ပြန်သွားဖို့ စီစဉ်နေတာလား။

လုချန်းက ဆက်ပြောလိုက်သည်။

“ကောင်းပြီ။ ဒီနေရာက လေနဲ့နှင်းတွေက ပြင်းထန်လွန်းတယ်။ ကျန်တဲ့အကြောင်းတွေကို မြို့ထဲမှာ ဆက်ပြောကြရအောင်။”

ထို့နောက် သူတို့သုံးဦးသည် မြို့ထဲသို့ ပြန်ဝင်သွားခဲ့ကြသည်။

မြို့ထဲသို့ ပြန်ရောက်သောအခါ လုချန်းသည် လင်ရှုမင်ကို အချို့သော ညွှန်ကြားချက်များ ပေးပြီး မြောက်ပိုင်းမြို့တော်မှ စစ်သားအများစုကို ဦးဆောင်ကာ ရန်ခရိုင်သို့ ချက်ချင်းပင် ပြန်လည်ထွက်ခွာသွားခဲ့သည်။

လင်ရှုမင်သည် လုချန်းထံမှ အနက်ရောင် မြင်းတပ်၏ ကံကြမ္မာအကြောင်း မေးမြန်းခြင်းမပြုခဲ့ပေ။ အနက်ရောင် မြင်းတပ်သည် တကယ်ပဲ ပျက်စီးသွားသည်ဖြစ်စေ မပျက်စီးသည်ဖြစ်‌စေ လုချန်းဘက်မှ ရပ်တည်သူတစ်ဦးအနေဖြင့် စစ်ပွဲ၏ အသေးစိတ်အချက်အလက်များကို မေးမြန်းရန် မသင့်တော်ပေ။

အနက်ရောင် မြင်းတပ်သည် တကယ်ပင် ပျက်စီးသွားခဲ့ပါက မြောက်ပိုင်းနယ်စားမင်းသားကို အသေးစိတ်မေးမြန်းခြင်းသည် သူ၏ဒဏ်ရာကို ဆားဖြင့်ပက်ရာ ရောက်မည်ဖြစ်သည်။

အနက်ရောင် မြင်းတပ်သည် မပျက်စီးခဲ့ပါက သူ့ဖခင်သည် မြောက်ပိုင်းနယ်စားမင်းသားဘက်မှ ရပ်တည်ရန် ဆုံးဖြတ်ပြီးဖြစ်သောကြောင့် အသေးစိတ်ကို မေးမြန်းစရာ အကြောင်း ပို၍ပင် မရှိတော့ပါ။ မြောက်ပိုင်းနယ်စားမင်းသားက အနက်ရောင် မြင်းတပ်သည် ပျက်စီးသွားပြီဟု ဆိုပါက ထိုသို့ဆိုခြင်းမှာ မြောက်ပိုင်းမြို့တော်၏ စစ်အင်အားကို ဖုံးကွယ်ရန်နှင့် နန်းတွင်း၏ အမြဲတမ်း စောင့်ကြည့်မှုမှ ရှောင်ရှားရန် ဖြစ်နိုင်သည်။

........

အခန်း (၂၁၃)

စကားလုံးမဲ့သွားသည့် လင်ရှုမင် (၃)

လုချန်းကို လိုက်ပို့ပြီးနောက် လင်ရှုမင် မြို့ထဲသို့ ပြန်လာခဲ့ပြီး သည်းထန်စွာ ကျဆင်းနေသော နှင်းများကို ငေးကြည့်ရင်း မြောက်ဖရီးဘုရင်၏ တပ်မတော်သည် တကယ်ပင် ဆုတ်ခွာမသွားသေးဟု တွေးမိလိုက်သည်။

ဤမျှနှင်းများ ကျဆင်းနေစဉ်ပင် မြောက်ပိုင်းဖရီဘုရင်သည် မြောက်ပိုင်းမြို့တော်ကို ဆက်လက်တိုက်ခိုက်ရန် ဇွဲသန်နေသလား။ သူ၏ခေါင်းထဲတွင် တစ်ခုခု မှားယွင်းနေသလား။

ထိုအချိန်တွင် လင်ရှုမင်၏ လူယုံတစ်ဦးက သူ့ထံသို့ ချဉ်းကပ်လာပြီး

“ကျွန်တော်တို့ တစ်ခုတွေ့ထားတယ် ဗိုလ်ချုပ် ။” ဟု ပြောလိုက်သည်။

ထိုစကားကို ကြားလိုက်ရသောအခါ လင်ရှုမင်က ချက်ချင်းပင် တုန့်ပြန်လိုက်၏။

“ကျုပ်ကို ခေါ်သွားပါ။ သွားကြည့်ရအောင်။” ဟု ပြောလိုက်သည်။

...

ထို့နောက် လင်ရှုမင်သည် သူ၏လူယုံနှင့်အတူ ထျန်းကောင်းမြို့၏ မြောက်ပိုင်းသို့ လိုက်သွားခဲ့သည်။

မြိုမြောက်ပိုင်းရှိ အဆောက်အဦများစွာသည် ပြိုလဲပျက်စီးနေပြီး ထူထပ်သော နှင်းများက စစ်မြေပြင်၏ အမှတ်အသားများကို ဖုံးကွယ်ထားသော်လည်း အနီးကပ် ကြည့်လျှင်တော့ ထျန်းကောင်းမြို့တွင် ကြီးမားသော ပဋိပက္ခတစ်ခု ဖြစ်ပွားခဲ့သည့်လက္ခဏာများကို တွေ့မြင်နိုင်သည်။

အပျက်အစီးများကြားတွင် ရှိသော မြေကျင်းကြီးများက ဝန်နင်းတောင်ကြား၌ သူမြင်ခဲ့ရသော ချိုင့်ဝှမ်းများကို လင်ရှုမင်အား ပြန်လည်သတိရစေခဲ့သည်။

ပျက်စီးနေသော မြို၏မြောက်ပိုင်းကို ကြည့်ရင်း လင်ရှုမင်က သူ့ဘာသာသူ ရယ်မောလိုက်ပြီး

“ယုံကြည်ချင်စရာ အရမ်းကောင်းတဲ့ သရုပ်ဆောင်ချက်ပဲ။ ငါတောင် အရူးလုပ်ခံရတော့မလို့။”

ဟု ရေရွတ်လိုက်သည်။

စစ်မြေပြင်ကို တစ်ချက်ကြည့်လိုက်ရုံဖြင့် လင်ရှုမင်သည် ထျန်းကောင်းမြို့၏ မြောက်ပိုင်းတွင် ဖြစ်ပွားခဲ့သော ပဋိပက္ခ၏ မြင်ကွင်းကို ပြန်လည်တည်ဆောက်နိုင်ခဲ့သည်။

မြောက်ပိုင်းနယ်စားမင်းသားသည် ရန်သူကို အတွင်းသို့ မျှားခေါ်သည့် နည်းဗျူဟာကို အသုံးပြုခဲ့သည်မှာ သိသာထင်ရှားသည်။ ပထမဦးစွာ သူသည် မြောက်ပိုင်းဖရီးဘုရင်၏ စစ်တပ်ကို ထျန်းကောင်းမြို့ထဲသို့ မျှားခေါ် ခဲ့သည်။ ထို့နောက် မြောက်ပိုင်းမြို့တော်၏ လျှို့ဝှက်လက်နက်များဖြင့် ပစ်ခတ်တိုက်ခိုက်ကာ နောက်ဆုံးတွင် မြောက်ဖရီးဘုရင်၏ စစ်တပ်ကို ချေမှုန်းရန် တပ်များ စေလွှတ်ခဲ့သည်။

ထိုအချိန်တွင် လင်ရှုမင်သည် မြောက်ဘက်မြို့တံခါးကို နောက်တစ်ကြိမ် ကြည့်ရှုလိုက်၏။ မြို့တံခါး၏ အကောင်းပကတိ အခြေအနေကို ကြည့်ကာ မြောက်ပိုင်းနယ်စားမင်းသားသည် မြောက်ဖရီးဘုရင်ကို ထျန်းကောင်းမြို့ထဲသို့ တမင်တကာ ဝင်ရောက်စေခဲ့ကြောင်း ကောက်ချက်ချလိုက်သည်။

ထျန်းကောင်းမြို့တွင် ဖြစ်ပွားခဲ့သော စစ်ပွဲသည် ဝန်နင်းတောင်ကြားတွင် ဖြစ်ပွားခဲ့သော စစ်ပွဲနှင့် အတော်လေး တူနေသည်။ ရန်သူကို ကျဉ်းမြောင်းသော နေရာတစ်ခုသို့ ဆွဲခေါ်ပြီး သူတို့၏ မြင်းတပ်များ လွတ်လမ်းမရှိအောင် ဖန်တီးကာ နောက်ဆုံးတွင် သူတို့၏တပ်ကို ဖျက်ဆီးခဲ့သည်။

မြောက်ဘက်သို့ လာခဲ့စဉ် လမ်းခရီးက သူတို့မြင်ခဲ့ရသော ခြေရာများကို ပြန်လည်တွေးတောမိပြီး ထိုခြေရာများ၏ ပိုင်ရှင်များကို လင်ရှုမင် မှန်းဆလိုက်သည်။

ပြီးခဲ့သော ဝန်နင်းတောင်ကြား တိုက်ပွဲတွင် မြောက်ပိုင်းနယ်စားမင်းသားသည် လွင်ပြင်ဒေသသား စစ်သုံ့ပန်း သိန်းကျော်ကို ဖမ်းဆီးခဲ့ပြီး ဤတစ်ကြိမ်တွင်လည်း လွင်ပြင်ဒေသ စစ်သည် များစွာကို ဖမ်းဆီးမိခဲ့နိုင်သည်။

ထိုအချိန်တွင် လင်ရှုမင်၏ လူယုံက မေးလိုက်သည်။

“ဗိုလ်ချုပ်။အနက်ရောင် မြင်းတပ် ပျက်စီးသွားကြောင်းကို နန်းတွင်းကို ဘယ်လို အစီရင်ခံရမလဲ။ စစ်ပွဲဖြစ်နေစဉ်တုန်းက ကျွန်တော်တို့ မရှိခဲ့ဘူး။ ဘာတွေဖြစ်ခဲ့တယ်ဆိုတာလည်း မသိဘူး။”

လင်ရှုမင်က အေးဆေးစွာဖြင့် ပြောလိုက်သည်။

“အမှန်တရားကိုပဲ ပြောပါ။ မြောက်ပိုင်းနယ်စားမင်းသား ဘာပြောပြော ကျုပ်တို့က အဲဒါကို အစီရင်ခံရမယ်။”

အရင်ကနှင့် မတူပဲ ယခုတစ်ကြိမ်တွင် သူတို့သည် စစ်သား နှစ်သောင်းသာ ခေါ်ဆောင်လာခဲ့ပြီး စစ်မြေပြင် ကြီးကြပ်ရေးမှုးကိုလည်း ခေါ်ဆောင်လာခဲ့ခြင်း မရှိပေ။ ထို့ကြောင့် လင်ရှုမင်တစ်ဦးတည်းသာ စစ် ရေးအစီရင်ခံစာကို ရေးသားရမည် ဖြစ်သည်။ ထို့ကြောင့် သူ့စိတ်ကြိုက် ရေးသားနိုင်သည်။ သို့သော် ဖြစ်ရပ်မှန်နှင့်အလွန်အမင်း မကွာဟစေရန် သတိထားရမည်ဖြစ်သည်။

ထိုအချိန်တွင် မြို့ရိုးပေါ်မှ ခြောက်ခြားဖွယ် စည်တီးသံများ ရုတ်တရက် ကြားလာရပြီး လင်ရှုမင်လည်း ရုတ်တရက် ရင်တုန်သွားသည်။

ထိုအချိန်တွင် လီဖန်း အလျင်အမြန် ပြေးလာပြီး

“ဗိုလ်ချုပ်လင်။ မကောင်းတော့ဘူး။ လွင်ပြင်ဒေသ မြင်းတပ်တွေ ပြန်လာပြီ။” ဟု အော်ဟစ်လိုက်သည်။

လင်ရှုမင်၏ မျက်ခုံးများ တွန့်သွားပြီး သူ၏စစ်သားများကို အမြန်အမိန့်ပေးလိုက်သည်။

“စစ်သားတွေကို စုစည်းပါ။ စစ်အတွက် အသင့်ပြင်ထားပါ။”

ထို့နောက် လင်ရှုမင်သည် လီဖန်းနှင့်အတူ ထျန်းကောင်းမြို့၏ မြို့ရိုးပေါ်သို့ တက်သွားခဲ့သည်။

နှင်းမုန်တိုင်းသည် ပိုမိုပြင်းထန်လာနေပြီး ခပ်ဝေးဝေးနေရာတွင် အမှောင်ရိပ်များကို မြင်တွေ့ရသည်။ အချိန်အတန်ကြာမှသာ လင်ရှုမင်သည် ထိုအရိပ်များကို သေချာမြင်နိုင်ခဲ့သည်။ သူတို့၏ သားမွေးအဝတ်အစားများကို ကြည့်ကာ ထိုသူများသည် လွင်ပြင်ဒေသ မြင်းတပ်များဖြစ်ကြောင်း သိလိုက်ရသည်။

လင်ရှုမင် မျက်မှောင်ကြုတ်လိုက်သည်။ မြောက်ပိုင်းနယ်စားမင်းသား ပြောခဲ့တာ အမှန်တွေလား။

လွင်ပြင်ဒေသသားတွေ ဆုတ်ခွာမသွားသေးဘူးလား။

ဒါ ဖြစ်နိုင်ပါ့မလား။

မြို့မြောက်ပိုင်းတွင် ဖြစ်ပွားခဲ့သော တိုက်ပွဲ၏ အမှတ်အသားများကို မြင်ခဲ့ပြီးနောက် မြောက်ဖရီးဘုရင်၏ စစ်တပ်ကို မြောက်ပိုင်းနယ်စားမင်းသားက ဖျက်ဆီးခဲ့ပြီဟု လင်ရှူမင် ထင်ခဲ့သည်။ သို့သော် မြောက်ပိုင်းနယ်စားမင်းသား မြောက်ပိုင်းမြို့တော်မှ ထွက်ခွာပြီးနောက် မကြာမီပင် လွင်ပြင်ဒေသ စစ်တပ် ပြန်လည်ပေါ်ထွက်လာခဲ့သည်။

လင်ရှုမင်က သူ၏မျက်လုံးများကို ကျဉ်းလိုက်ကာ မြို့ပြင်ရှိ လွင်ပြင်ဒေသ မြင်းတပ်၏ အရွယ်အစားကို ခန့်မှန်းကြည့်လိုက်သည်။

သူတို့၏ စစ်သည်အရေအတွက်က များပြားလှသည်မဟုတ်ပါ။ ငါးထောင်ခန့်သာရှိမည်။ ထိုအရေအတွက်သည် ထျန်းကောင်းမြို့ကို သိမ်းပိုက်ရန် မလုံလောက်ပေ။ အထူးသဖြင့် သူ၏ နန်းတွင်း စစ်တပ် နှစ်သောင်း ထျန်းကောင်းမြို့သို့ ရောက်ရှိလာပြီးနောက်ပိုင်းတွင်ဖြစ်သည်။

လင်ရှုမင်သည် သူ၏ စစ်သည်တော်များကို မြားများပစ်လွှတ်ရန် အမိန့်ပေးမည့်အချိန်တွင် စစ်သားတစ်ဦးက ကပျာကယာဖြင့် သူ့ထံသို့ လာရောက်ပြီး ပြောလိုက်သည်။

“ဗိုလ်ချုပ်။ ဒုက္ခတော့ ရောက်ပြီ။ ထျန်းကောင်းမြို့မှာ မြားတွေ ကုန်သွားပြီ။ ကျောက်မောင်းလက်နက်တွေကလည်း ထည့်ပစ်စရာ ကျောက်တုံးတွေ မရှိတော့ဘူး။ ကျွန်တော်တို့ရဲ့ စစ်သည်တစ်ယောက်စီမှာ မြားနည်းနည်းစီပဲ ပါတယ်။ လွင်ပြင်ဒေသ မျိုးနွယ်စုတွေ ဝိုင်းတိုက်တာကို ခုခံနိုင်ဖို့ လက်နက်ပစ္စည်းတွေ ပြင်ဆင်လာကြတာ မဟုတ်ဘူး။”

သူတို့ မြောက်ဘက်သို့ အလျင်စလို ချီတက်ခဲ့ခြင်းဖြစ်သည်။ ထို့အပြင် သူတို့ မြောက်ပိုင်းမြို့တော်သို့ သယ်ဆောင်လာသော လက်နက်ပစ္စည်းများကိုလည်း လွှဲပြောင်းပေးခဲ့ပြီးဖြစ်သည်။ သူတို့၏ ခါးပိုက်ဆောင် မြားများသာ ပါလာကြသည်။

သူတို့ မြို့ကို ကာကွယ်ရမည်ဆိုပါက ထျန်းကောင်းမြို့၏ လက်နက်များကိုသာ အားကိုးရမည်ဖြစ်သည်။ သို့သော် သူတို့ရောက်လာသောအခါ တာဝေးပစ် လက်နက်များ လုံးဝမရှိသည်ကို သိလိုက်ရသောကြောင့် ထိတ်လန့်သွားကြသည်။

စစ်သား၏ စကားကို ကြားရသောအခါ လင်ရှုမင် အံ့အားသင့်သွားသည်။ ထျန်းကောင်းမြို့မှာ မြားနှင့် ကျောက်တုံးတွေ မရှိတော့ဘူးလား။

ဒါ ဖြစ်နိုင်ရဲ့လား။

တာဝေးပစ် လက်နက် မရှိပဲ သူတို့ ဘယ်လိုကာကွယ်ကြမှာလဲ။

လင်ရှုမင်က လီဖန်းဘက်သို့ လှည့်ကာ မေးလိုက်သည်။

“ဗိုလ်ချုပ်လီ။ ထျန်းကောင်းမြို့မှာ မြားတွေ ဘာလို့ကုန်သွားရတာလဲ။ တိုက်ပွဲကြီး တစ်ခုပြီးရင်တောင် စစ်မြေပြင်က အသုံးပြုလို့ရသေးတဲ့ မြားတွေအတော်များများကို ပြန်ယူနိုင်တယ် မဟုတ်လား။”

လီဖန် ချောင်းဟန့်ကာ ပြန်ပြောသည်။

“အင်း။ မင်းသား ထွက်သွားတုန်းက ယူသွားတာဖြစ်နိုင်တယ်။ ကျွန်တော်တို့က ထျန်းကောင်းမြို့ကိုပဲ ကာကွယ်ရမှာမဟုတ်ဘူး။ အနောက်ဘက်က မြို့အနည်းငယ်ကိုပါ ကာကွယ်ရမှာ။ ဗိုလ်ချုပ်လင်ရဲ့ စစ်တပ်က လက်နက်ပစ္စည်း အပြည့်စုံတဲ့ ယူလာတယ်ဆို‌တော့ ထျန်းကောင်းမြို့ရဲ့ လက်နက်တွေ မလိုတော့ဘူးလို့ ယူဆပြီး အားလုံးကို ယူသွားတာ ဖြစ်နိုင်တယ်။ သူက လက်နက်တွေကို အခြားမြို့တွေဆီ ပို့ဖို့ စီစဉ်နေတာဖြစ်နိုင်တယ်။”

“ဗိုလ်ချုပ်သိပါတယ်။ မြောက်ပိုင်းမြို့တော်က အတော်လေး ဆင်းရဲတယ်။ အထူးသဖြင့် စစ်လက်နက်ပစ္စည်းတွေ ချို့တဲ့တယ်။ ဒါကြောင့် လိုအပ်သလို ရွှေ့ပြောင်းရတယ်။”

ထိုအဓိပ္ပာယ်မရှိသော ရှင်းလင်းချက်ကို ကြားရသောအခါ လင်ရှုမင် အလွန်ဒေါသထွက်သွားပြီး ဆဲဆိုချင်စိတ်များ ဖြစ်လာသည်။ သူတို့သည် နေပြည်တော်မှ ယူဆောင်လာသော စစ်လက်နက်ပစ္စည်းများကို မြောက်ပိုင်းမြို့တော်သို့ လွှဲပြောင်းပေးခဲ့ပြီးဖြစ်သည်။ သူတို့က ဘယ်နေရာကနေ လက်နက်တွေ ထပ်ရလာရမှာလဲ။

ရှေ့တန်းသို့ ကူညီရန် ရောက်ရှိလာသော တပ်များ အသုံးပြုမည့် လက်နက်အားလုံးကို တခြားနေရာသို့ ယူသွားသည်ကို သူပထမဆုံးအကြိမ် ကြားဖူးလိုက်သည်။

မြားများသာမက ပစ်ရန်အတွက် ကျောက်တုံးများပါ ပျောက်ကွယ်သွားသည်။

ဒါက ဘယ်လိုဟာသမျိုးလဲ။

........

All Chapters