← Chapters

အခန်း ၂၁၄-၂၁၆

Vol. 15 Ch. 214-216

အခန်း ၂၁၄-၂၁၆

Vol. 15 Ch. 214-216

အခန်း (၂၁၄)

နောက်ဆုံးတော့ ပြန်ရောက်လာပြီ (၁)

လင်ရှုမင် ဒေါသ‌ပေါက်ကွဲလုနီးပါး ဖြစ်နေသည်ကို မြင်လိုက်ရသောအခါ လိီဖန်းက အလျင်အမြန် ပြောလိုက်သည်။

“ဗိုလ်ချုပ် လင် စိတ်မလှုပ်ပါနဲ့ ။ ကျွန်တော်တို့ အရမ်းစိုးရိမ်စရာ မလိုပါဘူး။”

“ချီတက်လာတဲ့ လွင်ပြင်ဒေသ စစ်သည်က ငါးထောင်လောက်ပဲ ရှိပါတယ်။ သူတို့ တိုက်ခိုက်လာရင်‌တောင် မြို့ကိုမဖြိုခွင်းနိုင်ပါဘူး။”

“နောက်ပြီး သူတို့က မြို့ကို တိုက်ခိုက်ဖို့ လာတာ ဟုတ်ပုံမရပါဘူး။”

လိီဖန်း ဒီလောက် အေးဆေးစွာ ပြုမူနေသည်ကို မြင်လိုက်ရသောအခါ လင်ရှုမင်က သံသယဖြင့် မေးလိုက်သည်။

“သူတို့ မြို့ကို တိုက်ဖို့ လာတာမဟုတ်မှန်း ဗိုလ်ချုပ်လိီက ဘာလို့သေချာနေတာလဲ။”

လိီဖန်းက ပြန်ဖြေလိုက်သည်။

“မြောက်ပိုင်းဖရီဘုရင်ရဲ့ တပ်ကို ကျွန်တော်တို့ ပြန်လည်တွန်းလှန်ပြီးနောက်ပိုင်း သူတို့က စစ်သည်နည်းနည်း မကြာခဏ လွှတ်ပြီးကာ အနှောင့်အယှက်ပေးတတ်တယ်။ များသောအားဖြင့် စကားနဲ့ လှုံ့ဆော်တာပါ။ မြို့ကို တကယ်တိုက်ခိုက်လေ့ မရှိပါဘူး။ စိတ်ဓာတ်စစ်ဆင်ရေးပုံစံ လုပ်ချင်တာ ဖြစ်နိုင်ပါတယ်။”

...

“ကျွန်တော်ခန့်မှန်းတာကတော့ မြောက်ပိုင်းဖရီဘုရင်ရဲ့ တပ်က နောက်ထပ်တစ်ခါ တောင်ဘက်ကို ချီတက်ပြီး ထျန်းကောင်းမြို့ကို တိုက်ခိုက်ဖို့ နွေဦးရာသီအထိ အနည်းဆုံး စောင့်မှာပါ။”

လိီဖန်း၏ အဖြေကို ကြားလိုက်ရသောအခါ လင်ရှုမင်က သံသယများဖြင့် ပြည့်နေသော မျက်နှာဖြင့် သူ့ကို ကြည့်လိုက်သည်။

ထိုအချိန်တွင် လိီဖန်းက လင်ရှုမင်၏ စစ်သည်များကို ပြောလိုက်သည်။

“အခု မတိုက်ပါနဲ့ဦး။ ကျုပ်တို့မှာ မြားတံတွေ နည်းနေတယ်။ လွင်ပြင်ဒေသ စစ်တပ်ကတွေ မြို့ကို တစ်ကယ်တိုက်တဲ့အချိန်မှာ သုံးဖို့ စုထားပါ။”

လီဖန်း ပြောပြီးမကြာမီ လွင်ပြင်ဒေသသား စစ်သည်တစ်ယောက်က မြို့နားသို့ မြင်းစီးလာပြီး ရှနိုင်ငံတော်ဘာသာစကားကို လွင်ပြင်ဒေသ လေသံဖြင့် အော်ပြောလိုက်သည်။

“ မြောက်ပိုင်းနယ်စားမင်းသားကို ချက်ချင်း သူ့မိဖုရားကို လွှဲအပ်ပြီး ငွေဆယ်သန်း လျော်ပေးဖို့ ကျုပ်တို့ဘုရင်က ပြောတယ်။ မဟုတ်ရင် နွေဦးရာသီရောက်ရင် ‌‌မြောက်ပိုင်းဖရီဘုရင် မျိုးနွယ်စုက စစ်သည်တစ်သန်းနဲ့ တောင်ဘက်ကို ချီတက်မယ်။”

“အဲ့အချိန်ကျရင် လွင်ပြင်ဒေသ စစ်သည်တွေ ရောက်တဲ့နေရာတိုင်းမှာ မြက်ပင်တစ်ပင်‌တောင် မကျန်ပဲ သွေးချောင်းစီးစေရမယ်။”

ထိုလွင်ပြင်ဒေသသား စစ်သည် ပြောလိုက်ပြီး မကြာမီပင် ခပ်ဝေးဝေးတွင် ရပ်‌နေသော လွင်ပြင်ဒေသ မြင်းတပ်သား ထောင်ပေါင်းများစွာက အော်လိုက်သည်။

“မြက်ပင်တစ်ပင်‌တောင် မကျန်ပဲ သွေးချောင်းစီးစေရမယ်။”

“မြက်ပင်တစ်ပင်‌တောင် မကျန်ပဲ သွေးချောင်းစီးစေရမယ်။”

ထို့နောက် လွင်ပြင်ဒေသ စစ်သည်က မနှစ်မြို့ဖွယ် စကားလုံးများစွာကို အော်ဟစ်နေသည်။ ရှနိုင်ငံတော်လူများကို သတ္တိငယ်ပြီး အပြင်ထွက်မလာရဲပဲ မွေးမြူရေး ခြံထဲမှာသာ နေရဲသည့် ခြေနှစ်ချောင်း သိုးများအဖြစ် တင်စား လှောင်ပြောင်နေ၏။

လင်ရှုမင် ခေါ်ဆောင်လာသော နန်းတွင်း စစ်သည်များလည်း ထိုစကားများကို ကြားလိုက်ရသောအခါ ထိုလွင်ပြင်ဒေသ စစ်သားကို မြားနှင့်တစ်ချက်တည်း ပစ်သတ်လိုက်ချင်ကြသော်လည်း မလုပ်ကြပါ။ ဗိုလ်ချုပ်က အမိန့်မပေးသေးခင် ကိုယ့်သဘောနှင့်ကိုယ် တိုက်ခိုက်ပါက စစ်ဥပဒေအရ အပြစ်ပေးခံရမည်ဖြစ်သည်။

ထိုအချိန်တွင် လင်ရှုမင်သည် ထူးဆန်းသော ဖြစ်စဉ်တစ်ခုကို သတိထားမိလိုက်သည်။

လီဖန်းသူ့ကို စတွေ့စဉ်က လွင်ပြင်ဒေသတပ်က မြို့ကို ဖြိုခွင်းတော့မည့်အလား ပူပန်နေခဲ့သော်လည်း အခုသူက မြို့ရိုးပေါ်တွင် ဘာမှမဖြစ်သလို ရပ်နေသည်။

သူတစ်ယောက်တည်း မဟုတ်ပါ။ ကျန်ရစ်ခဲ့သော မြောက်ပိုင်းမြို့‌တော်မှ စစ်သားများလည်း ထိုနည်းတူပင်ဖြစ်သည်။ သူခေါ်ဆောင်လာသော စစ်သားများသာ ရန်သူနှင့် တကယ်ရင်ဆိုင်နေရသလို ခံစားနေကြရသည်။

လွင်ပြင်ဒေသ မျိုးနွယ်စု စစ်သည်များ တိုက်ခိုက်လာနိုင်မှုသည် မြောက်ပိုင်းမြို့တော်မှ စစ်သားများနှင့် ဘာမှ မသက်ဆိုင်ဟု ထင်ရသည့်အခြေအနေဖြစ်နေသည်။

ထူးဆန်းလွန်းလှသည်…

ထိုကိစ္စကို နားလည်ဖို့ ကြိုးစားရန် လင်ရှုမင် လုံးဝစိတ်မပါတော့ပဲ စစ်မြေပြင် အခြေအနေကို လီဖန်းထံ လွှဲထားလိုက်သည်။ တိုက်ခိုက်မှာလား မတိုက်ခိုက်ဘူးလား ဆိုတာကို လီဖန်းအား ဆုံးဖြတ်ခွင့်ပေးလိုက်သည်။

လီဖန်းကမူ မြို့ရိုးပေါ်တွင် ရပ်နေပြီး လွင်ပြင်ဒေသ မျိုးနွယ်စု စစ်သားများ အော်ဟစ်ပြီး ထွက်ခွာသွားသည်အထိ စောင့်ကြည့်နေခဲ့သည်။

ထိုနောက်ပိုင်းတွင် လွင်ပြင်ဒေသ မျိုးနွယ်စု မြင်းတပ်သည် ထျန်းကောင်းမြို့သို့ မကြာခဏ လာရောက်လေ့ရှိသော်လည်း အော်ဟစ်စိန်ခေါ်မှုများသာ ပြုလုပ်ပြီး တိုက်ခိုက်ခြင်း မရှိခဲ့ပေ။

နောက်ပိုင်းတွင် လွင်ပြင်ဒေသ မျိုးနွယ်စုများ ချီတက်လာကြောင်း အစီရင်ခံမှုများကို ကြားရသည့်အခါတွင်ပင် လင်ရှုမင် ဂရုစိုက်ခြင်း မပြုတော့ပေ။

လင်ရှုမင်းသည် အရူးမဟုတ်ပါ။ ထိုလွင်ပြင်ဒေသ မျိုးနွယ်စုများသည် ထျန်းကောင်းမြို့ကို တကယ်တမ်း တိုက်ခိုက်ရန် ရည်ရွယ်ချက်မရှိကြောင်းနှင့် သူတို့သည် တကယ့် လွင်ပြင်ဒေသ မျိုးနွယ်စု အစစ်များ ဟုတ်မဟုတ်ပင် မသေချာကြောင်း လင်ရှုမင် သတိထားမိပြီးဖြစ်သည်။

သို့သော် ရှနိုင်ငံတော် နန်းတွင်းမှ စေလွှတ်ထားသော ဗိုလ်ချုပ်တစ်ဦးအနေဖြင့် သူမြင်တွေ့သမျှကို စစ်ရေးအစီရင်ခံစာများတွင် မှတ်တမ်းတင်ပြီး နေပြည်တော်သို့ ပေးပို့ခဲ့သည်။

သို့သော် သူသည် အသေးစိတ် အချက်အလက်အချို့ကို အစီရင်ခံစာများတွင် ထည့်သွင်းခြင်း မပြုခဲ့ပေ။

တစ်လခွဲကြာပြီးနောက်။

ထျန်းကောင်းမြို့။

လီဖန်း သူ၏အခန်းထဲတွင် အလုပ်များနေစဉ် မြောက်ပိုင်းမြို့တော်မှ စစ်သည်တစ်ဦး ဝင်ရောက်လာပြီး ခပ်တိုးတိုးပြောလိုက်သည်။

“ဗိုလ်ချုပ်။ မင်းသားက တကယ်ပဲ ကြိုတင်မြင်နိုင်စွမ်းရှိပါတယ်။ ဂူဖော်နေတဲ့သူတွေ ရှိနေပါပြီ။”

ထိုစကားကို ကြားလိုက်ရသည့်အခါ လီဖန်းခဏခန့် အံ့အားသင့်သွားပြီး တံခါးဝတွင် မြောက်ပိုင်းမြို့တော်မှ စစ်သားများသာ ရှိနေခြင်း ဟုတ်မဟုတ် ‌ကြည့်လိုက်ပြီးနောက် မေးလိုက်သည်။

“မြေကြီးကို ဘယ်လောက်ထိ လှန်ထားတာလဲ။”

စစ်သားပြန် ဖြေလိုက်သည်။

“ကျွန်တော် ကြည့်ခဲ့ပါတယ် ဗိုလ်ချုပ်။ နေရာနှစ်ဆယ်ကျော်လောက် လှန်ထားတာ ရှိနေပါတယ်။ တစ်နေရာကို တစ်စတုရန်းမီတာလောက် ကျယ်ပါတယ်။”

စစ်သား၏ အဖြေကို ကြားလိုက်ရသည့်အခါ လီဖန်းက ပြောလိုက်သည်

“နန်းတွင်းက မြောက်ပိုင်းမြို့တော်ကို ယုံကြည်မှု မရှိဘူးဆိုတာ သေချာပြီ။ ဒါပေမဲ့ ဒါက ဗိုလ်ချုပ်လင်ရှုမင် လုပ်တာမဟုတ်ဘူး။ နန်းတွင်း စစ်တပ်ထဲက စောင့်ကြည့်နေတဲ့ သူလျှိုတွေ လုပ်တာဖြစ်နိုင်တယ်။”

လုချန်းက လွင်ပြင်ဒေသ မျိုးနွယ်စုများ၏ အလောင်းများကို ရှနိုင်ငံ စစ်ဝတ်စုံများ ဝတ်ဆင်စေခဲ့ခြင်းမှာ လူသေများကို စစ်ဆေးရန် ဂူဖော်မည့်သူများ၏ အန္တာရာယ်ကို ကာကွယ်ရန် ဖြစ်သည်။

ရိုးရိုးသားသား ပြောရလျှင် လင်ရှုမင် ခေါ်ဆောင်လာသည့် စစ်တပ်က ထိုကဲ့သို့သော လုပ်ရပ်မျိုးကို လုပ်မည်ဟု လုချန်း မထင်ခဲ့ပါ။ လင်ရှုမင်ကလည်း အလောင်းများကို စစ်ဆေးရန် ဂူများကို ဖော်မည်ဟုလည်း သူမယုံကြည်ပါ။

ထိုဂူများတွင် မြောက်ပိုင်းမြို့တော်မှ စစ်သားများ ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ ထိုမြုပ်နှံခံထားရသူတို့သည် မြောက်ပိုင်းမြို့တော်အတွက် ရှနိုင်ငံတော်အတွက် ကျဆုံးခဲ့ကြသည့် မြောက်ပိုင်းမြို့တော်၏ အနက်ရောင် မြင်းတပ်မှ စစ်သားများအဖြစ် သတ်မှတ်ထားပြီးဖြစ်သည်။

ထိုကဲ့သို့သော သူများ၏ ဂူများကို တူးဖော်‌ ကြေင်း လူအများ သိရှိသွားပါက ဘယ်လိုမှ မကောင်းနိုင်တာ သေချာသည်။

လုချန်းသည် ထိုအလောင်းများကို အဝတ်အစားများ ဝတ်ဆင်စေခဲ့ခြင်းမှာ လင်ရှုမင်၏ စစ်တပ်ထဲမှ စစ်သားများကို အဆိုးဆုံးအနေဖြင့် မျှော်လင့်ထားပြီး စိတ်ချရအောင် လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။ အလောင်းများကို အနက်ရောင် မြင်းတပ်မှ စစ်သားများ ဟုတ်မဟုတ် စစ်ဆေးရန် ရည်ရွယ်ချက် လင်ရှုမင်ဆီမှာ မရှိလျှင်ပင် သူ၏လူများထဲမှ တစ်ယောက်ယောက်ကစစ်ဆေးနိုင်သည်ဟု တွက်ဆထားခြင်းဖြစ်သည်။

အခုတော့ လုချန်း ထျန်းကောင်းမြို့မှ ထွက်ခွားသွားသည်မှာ လဝက်ပင်မပြည့်‌သေးပဲ သူရန်ခရိုင်သို့ ပြန်မရောက်သေးမီတွင် အလောင်းများ မြုပ်နှံထားသော ဂူများ တကယ်ပင် စော်ကားခံခဲ့ရသည်။ သို့သော် အခုတော့ မြှုပ်နှံထားသူများကို ရှနိုင်ငံသားများ ဟုတ်မဟုတ်စစ်ဆေးရန် သိပ်မလွယ်ကူတော့ပေ။

ဆောင်းရာသီတွင် ရုပ်အလောင်းများ အလွယ်တကူ မပုပ်သိုး မဆွေးမြေ့သော်လည်း မြေအောက်တွင် မြှုပ်နှံထားခြင်းက အပြောင်းအလဲအချို့ကို ဖြစ်စေသည်။ အေးခဲနေသော ရုပ်အလောင်းများကို မြေကြီးအောက်တွင် ကြာရှည်စွာ မြုပ်နှံလိုက်ပါက ထိုစစ်သည်များသည် လွင်ပြင်ဒေသသားလား ရှနိုင်ငံသားလား ဆိုတာကို လွယ်ကူစွာ မသိနိုင်တော့ပေ။

ထိုအချိန်တွင် စစ်သည်က မေးလိုက်သည်။ “ဗိုလ်ချုပ်။ ကျွန်တော်တို့ လုပ်ရမှာ ရှိသေးလား။”

......

အခန်း (၂၁၅)

နောက်ဆုံးတော့ ပြန်ရောက်လာပြီ (၂)

လီဖန်းက အေးဆေးစွာဖြင့် ပြောလိုက်သည်။

“ဘာမှလုပ်စရာမလိုဘူး။ ကျွန်တော်တို့လူတွေကို နှုတ်လုံအောင်သာ နေခိုင်းပါ။ တစ်ယောက်ယောက်က ပါးစပ်မလုံရင် ဖြစ်လာမယ့် အကျိုးဆက်ကို သူတို့သိပါတယ်။”

ထျန်းကောင်းမြို့တွင် ကျန်ရှိနေသေးသော မြောက်ပိုင်းမြို့တော်၏ စစ်သားများကို လုချန်းကိုယ်တိုင် ရွေးချယ်ထားခြင်းဖြစ်သည်။ ထိုစစ်သားများသည် မြောက်ပိုင်းမြို့တော်ကို အလွယ်တကူ သစ္စာဖောက်မည် မဟုတ်ပေ။

အပေါ်ယံမှကြည့်လျှင် သူတို့သည် လင်ရှုမင်နှင့်အတူ ထျန်းကောင်းမြို့ကို ကာကွယ်နေကြခြင်းဖြစ်သော်လည်း အမှန်တွင် သူတို့၏တာဝန်မှာ နန်းတွင်းစစ်တပ် နှစ်သောင်းကို စောင့်ကြည့်ရန်ဖြစ်သည်။

သူတို့၏ အရေးကြီးဆုံး တာဝန်မှာ လွင်ပြင်ဒေသ မျိုးနွယ်စုအဖြစ် ဟန်ဆောင်နေသော မြောက်ပိုင်းမြို့တော်၏ စစ်သားများနှင့် ပူးပေါင်းဆောင်ရွက်ရန်ဖြစ်သည်။

နေ့စဉ် ထျန်းကောင်းမြို့ပြင်သို့ လာရောက်ကာ ကြိမ်းမောင်းနေသော စစ်သားများသည် အမှန်တော့ ရှနိုင်ငံတော်၏ စစ်သားများဖြစ်သည်။ စစ်ပွဲပြီးဆုံးပြီး ဆောင်းရာသီတွင် ဘာမှလုပ်စရာမရှိသောကြောင့် လုချန်းက မုချန်တိန်တို့ သားအဖနှင့် ရှောင်ပင်တိန်တို့ကို ထျန်းကောင်းမြို့ရှိ နန်းတွင်းစစ်တပ်ကို မကြာခဏ နှောင့်ယှက်စေခဲ့ပြီး မြောက်ဖရီးဘုရင် မသေသေးဟူသော အယူအဆကို ဖန်တီးခဲ့သည်။

...

ထိုအတောအတွင်း။

ရန်ခရိုင်။

ရန်ခရိုင်၏ မြောက်ဘက်တံခါးကို ကြည့်ရင်း လုချန်း သက်ပြင်းချလိုက်သည်။

“နောက်ဆုံးတော့ ပြန်ရောက်ပြီ။”

ထူထပ်သော နှင်းများက လမ်းများကို ပိတ်ဆို့ထားသဖြင့် ရက်ပိုင်းသာကြာသင့်သော ခရီးသည် လုချန်းနှင့် မြောက်ပိုင်းမြို့တော်၏ စစ်သားများအတွက် နှစ်ပတ်ကြာမြင့်ခဲ့သည်။

မြောက်ဖရီးဘုရင်ကို ဆဲဆိုရန် လုချန်း စိတ်မပါတော့ပါ။ မြောက်ဖရီးဘုရင်သည် သေဆုံးသွားပြီးဖြစ်သည်။ မြောက်ဖရီးဘုရင်ကဲ့သို့ လွင်ပြင်ဒေသ မျိုးနွယ်စုအားလုံး မိုက်မဲနေပါက နောင်တွင် မြောက်ပိုင်းဒေသရှိ မျိုးနွယ်စုများကို ထိန်းချုပ်ရန် ပိုမိုလွယ်ကူမည်ဟု လုချန်းတွေးမိလိုက်သည်။

လုချန်း အတွေးထဲနစ်မြောနေစဉ် ချင်ယူရှန်နှင့် လိယုရီတို့သည် ရန်ခရိုင်၏ အရာရှိများကို ဦးဆောင်ကာ မြို့တံခါးသို့ လာရောက်ကြိုဆိုကြသည်။

“ အောင်ပွဲနဲ့ ပြန်ရောက်တဲ့ မင်းသားကို ကြိုဆိုပါတယ်။”

အပြင်လောကကို မြောက်ပိုင်းမြို့တော်၏ သံချပ်ကာမြင်းတပ် ပျက်စီးသွားပြီဟု ပြောထားသော်လည်း လုချန်း၏ လူရင်းအများစုကတော့ အနက်ရောင် မြင်းတပ်သည် ဘာမှမဖြစ်ကြောင်း မြောက်ပိုင်းမြို့တော်တွင် ကြီးမားသော အောင်ပွဲရခဲ့ပြီး လူသေဆုံးမှု မရှိကြောင်း သိရှိထားကြသည်။

သတိပြန်ဝင်လာပြီးနောက် လုချန်းလည်း မြို့တံခါးမှ စံအိမ်ဘက်သို့ မြင်းကို အလျင်အမြန် မောင်းနှင်လိုက်သည်။ မြင်းစီးနေစဉ် သူ့ဘေးမှ ချင်ယူရှန်ကို မေးလိုက်သည်။

“တပ်မှူးချင်။ ဒီနေ့အထိ ရန်ခရိုင်မှာ အရေးကြီးတဲ့ကိစ္စတွေ ဖြစ်ခဲ့တာ ရှိလား။”

ချင်ယူရှန်က လုချန်း၏ ဘေးတွင်ယှဉ်၍ မြင်းစီးလျက် ရန်ခရိုင်၏ အခြေအနေကို အစီရင်ခံလိုက်သည်။

“အခုတလော ရန်ခရိုင်မှာ ဘာအရေးကြီးတဲ့ ကိစ္စမှ မဖြစ်ခဲ့ပါဘူး မင်းသား။ ”

ဟု ချင်ယူရှန်က ပြန်ဖြေလိုက်သည်။

“ဒါပေမဲ့ ကျွန်တော် ထျန်းကောင်းမြို့ကို အချိန်မီ မပို့နိုင်ခဲ့တဲ့ အချက်အလက်တချို့ရှိပါတယ်။ အဲ့ဒါတွေကို အရင်ဆုံး မင်းသားကို အစီရင်ခံပါမယ်။”

“မကြာသေးခင်က ဝူနိုင်ငံတော်က ကုန်သည်တော်တော်များများ ရန်ခရိုင်မှာ ထွက်ပေါ်လာပါတယ်။ လျှို့ဝှက်လဝန်းနန်းတော်က တပည့်တွေလည်း သိသိသာသာ တိုးလာပါတယ်။”

နှင်းများထူထပ်စွာ ကျဆင်းမှုကြောင့် လမ်းများပိတ်ဆို့နေသဖြင့် အထူးကိုယ်ရံတော်များ၏ အစီရင်ခံစာများ ထျန်းကောင်းမြို့သို့ ရောက်ရှိရန် အချိန်ယူရသည်။ ထို့ကြောင့် လုချန်းသည် မကြာသေးခင်က ရန်ခရိုင်တွင် ဖြစ်ပျက်ခဲ့သော အရာများကို မသိရှိခဲ့ပေ။

မြင်းကို ဖြည်းဖြည်းချင်း စီးနင်းလျက် ချင်ယူရှန်၏ အစီရင်ခံစာကို လုချန်းနားထောင်နေသည်။

လုချန်း မင်းသားစံအိမ် ဝင်ပေါက်သို့ ရောက်ရှိသောအခါ ချင်ယူရှန်၏အစီရင်ခံမှုလည်း ပြီးဆုံးလုနီးပါး ရှိနေပြီဖြစ်သည်။ လုချန်းက စံအိမ်ဝင်ပေါက်တွင် စောင့်ဆိုင်းနေသော သူ၏ဇနီးများကို လှမ်းကြည့်လိုက်ပြီး ချင်ယူရှန်ဘက်သို့ လှည့်ကာ ပြောလိုက်သည်။

“တပ်မှူးချင်။ ခင်ဗျားရဲ့တာဝန်တွေကို သွားလုပ်ပါ။”

“ဟုတ်ကဲ့ မင်းသား။ ကျွန်တော့်ကို ခွင့်ပြုပါ။” ဟု ချင်ယူရှန်က တုန့်ပြန်လိုက်သည်။

ချင်ယူရှန် ထွက်ခွာသွားပြီးနောက် လုချန်းသည် ချက်ချင်းပင် မြင်းပေါ်မှ ဆင်းကာ စံအိမ်ဝင်ပေါက်သို့ လျှောက်သွားခဲ့သည်။

မုကျိရွှမ်းသည် လုချန်း၏ ဇနီးများကို ဦးဆောင်ကာ အရှေ့ရောက်လာပြီး သူမအပါအဝင် ကျောင်းညီအစ်မတို့လည်း လုချန်းကို ပြေးဖက်လိုက်ကြသည်။

“နောက်ဆုံးတော့ မင်းသား ပြန်ရောက်လာပြီ။ အနက်ရောင် မြင်းတပ်ပျက်စီးသွားတယ်ဆိုတာ ကြားရတဲ့အချိန်ကစပြီး မင်းသားကို အရမ်းစိတ်ပူနေခဲ့တယ်။” ဟု မုကျိရွှမ်းက ပြောလိုက်သည်။

လက်ထဲတွင် ရှိသော ဇနီးများ၏ နူးညံ့သော ရနံ့ကို ခံစားရင်း လုချန်း အနည်းငယ်ပြုံးလိုက်၏။ သူက မိန်းမလှ သုံးဦး၏ ကျောပြင်ကို ညင်သာစွာ ပုတ်ပေးလိုက်ကာ ပြောလိုက်သည်။

“စိတ်မပူပါနဲ့။ ကိုယ်ဘာမှမဖြစ်ပါဘူး။”

ထိုအချိန်တွင် လုချန်း၏ အကြည့်များသည် မလှမ်းမကမ်းတွင် ရပ်နေသော လင်ဝမ်ရွန်ဘက်သို့ ကျရောက်သွားသည်။ သူမက သူ့ကို ကြည့်နေပြီး တစ်စုံတစ်ရာကို စဉ်းစား နေပုံရပြီး သူ့အနားချဉ်းကပ်ရန် ဝန်လေးနေဟန် ရှိသည်။

ချင်ယူရှန်၏ အစီရင်ခံများကို ကြားပြီးနောက် လျှို့ဝှက်လဝန်းနန်းတော်၏ နောက်လှမ်းမည့် ခြေလှမ်းကို လုချန်းမှန်းဆနိုင်ခဲ့သည်။

လျှို့ဝှက်လဝန်းနန်းတော်သည် အနက်ရောင် မြင်းတပ်ပျက်စီးမှုကို မြောက်ပိုင်းနယ်စားမင်းသား စံအိမ်နှင့် နီးစပ်ရန် အခွင့်အရေးတစ်ခုအဖြစ် မြင်သည်။ သူတို့သည် မကြာမီ သူနှင့် ပူးပေါင်းဆောင်ရွက်ဖို့ ညှိနှိုင်းရန် ကြိုးစားလာလိမ့်မည်ဟု ထင်ရသည်။

သူ၏ မျက်လုံးများသည် လင်ဝမ်ရွန်မှတဆင့် ချူးယုချင်ပေါ်တွင် အာရုံစိုက်လိုက်သည်။ ချူးယုချင်က သူ့ကို စိုးရိမ်စွာဖြင့် ကြည့်နေသည်။ အနားကပ်လာပြီး သူ့အခြေအနေကို မေးမြန်းလိုသော်လည်း ချူးချင်လီက သူမ၏ အစ်မဘေးတွင် ရပ်နေသောကြောင့် ချူးချင်လီ၏ သံသယများကို ရှောင်ရှားရန် အနားအရမ်း မကပ်လာရဲပေ။

လုချန်း၏ရှေ့တွင် စုဝေးနေသော အမျိုးသမီးများကို မြင်ရသောအခါ ချူးယုချင်၏ စိတ်ထဲတွင် လစ်ဟာနေသလို ခံစားရသည်။ နေပြည်တော်တွင် သူတို့အတူနေထိုင်ခဲ့သော အချိန်များကို သူမပြန်လည်မြင်ယောင်မိသည်။ ထိုအချိန်က နေပြည်တော်တွင် လုချန်းအနား၌ အမျိုးသမီးများ မရှိခဲ့ပေ။

လုချန်း အပြင်မှ ပြန်လာတိုင်း သူမတစ်ဦးတည်းသာ သူ့ကို ကြိုဆိုဂရုစိုက်ပေးခဲ့သည်။

အချိန်များ ပြောင်းလဲသွားပြီဖြစ်သည်။ ယခုလုချန်း ကြီးပြင်းလာပြီး မိသားစု ရှိနေပြီဖြစ်ကာ ဇနီးမယားများစွာဖြင့် ဝန်းရံနေပြီဖြစ်သည်။ သူ့ဘေးမှာ အမြဲရှိခဲ့သည့် သူမလည်း အပြင်လူတစ်ဦးဖြစ်လာပြီး သူ့အနားသို့ ချဉ်းကပ်ရန် မဝံ့မရဲဖြစ်နေသည်။

ထိုသို့ တွေးမိသောအခါ ချူးယုချင်၏ စိတ်ထဲတွင် ဝမ်းနည်းမှုများ ပြည့်လာသည်။

ထို့နောက် လုချန်း၏ မျက်လုံးများသည် ချူးယုချင်ဆီမှ လွှဲလိုက်ပြီး ရဲလိနန်ရန်နှင့် ရှောင်ဝမ်ယောင်တို့ပေါ်သို့ ပြန်လည်ရွေ့လျားလာသည်။

ရဲလိနန်ရန်နှင့် ရှောင်ဝမ်ယောင်တို့က အနားသို့ ကပ်လာခဲ့သော်လည်း အနည်းငယ် တွန့်ဆုတ်ဟန်ရှိပြီး မုကျိရွှမ်းတို့၏ နံဘေးတွင် ရပ်နေသည်။ မုကျိရွှမ်း နှင့် ကျောင်းညီအစ်မတို့ကဲ့သို့ လုချန်း၏ ရင်ခွင်ထဲ ပြေးဝင်ရန် မဝံ့မရဲဖြစ်နေသည်။

လုချန်းနှင့် လက်ထပ်ထားတာ မကြာသေးလည်း လုချန်းအပေါ် ထားရှိသော သူတို့၏ ချစ်ခြင်းမေတ္တာများသည် နက်ရှိုင်းနှင့်ပြီးဖြစ်၏။ သို့သော် မုကျိရွှမ်းတို့ကို ဦးစားပေးပြီး သူတို့နှင့် ယှဉ်ပြိုင်၍ လုချန်း၏ မျက်နှာသာပေးမှုရရန် ကြိုးစား‌ နေသည့်ပုံ မပေါက်ရန် ရှောင်ရှားနေခြင်းဖြစ်သည်။ ဂုဏ်သိက္ခာကို ထိန်းသိမ်းရန် သူတို့၏ အတွင်းစိတ်ဆန္ဒများကို ထိန်းချုပ်ထားသည်။

လုချန်း၏ ချောမောလှပသော မျက်နှာကို ကြည့်ရင်း ရဲလိနန်ရန် အနည်းငယ် ပြုံးလိုက်သည်။ အနက်ရောင် မြင်းတပ်ပျက်စီးသွားသည်ကို ကြားရသောအခါ မြောက်ပိုင်းမြို့တော်၏ လုံခြုံရေးကို သူမစိုးရိမ်ခဲ့သည်။

......

အခန်း (၂၁၆)

နောက်ဆုံးတော့ ပြန်ရောက်လာပြီ (၃)

ရိုးရိုးသားသားပြောရလျှင် မြောက်ပိုင်းဖရီဘုရင်တွင် မြောက်ပိုင်းမြို့တော်၏ အနက်ရောင် မြင်းတပ်ကို အနိုင်ယူနိုင်သည့် အင်အားရှိသည်ဟု သူမ မယုံခဲ့ပေ။။ ကောင်းကင်ဝံပုလွေဘုရင်၏ စစ်သည် သုံးသိန်းပင် မြောက်ပိုင်းမြို့တော်၏ အနက်ရောင် မြင်းတပ်ကို မနိုင်ခဲ့ပါ။ မြောက်ပိုင်းဖရီဘုရင်က မြောက်ပိုင်းမြို့တော်၏ ပြိုင်ဘက်ဖြစ်နိုင်မှာလား။ မြောက်ပိုင်းဖရီဘုရင် မျိုးနွယ်စု၏ အင်အားကို သူမ အနည်းငယ် နားလည်ထားသည်။

တစ်ချက်ကြည့်လိုက်ရုံဖြင့် ဤလူငယ်လေးတွင် အကြံအစည်တစ်ခု ရှိနေသည်ဟု သိနိုင်သည်။

ထို့ပြင် သူ၏ အမူအရာကလည်း ရှုံးနိမ့်ခဲ့သူတစ်ဦးနှင့် မတူပေ။

ယခုအခါတွင် ရဲလိနန်ရန်သည် မြောက်ပိုင်းနယ်စားမင်းသားစံအိမ်ထဲ အပြည့်အဝ ဝင်ရောက်သွားပြီဖြစ်သည်။ အကယ်၍ လုချန်း တကယ်ရှုံးနိမ့်ခဲ့ပါက သူမ ပျော်ရွှင်နိုင်မည်မဟုတ်ပေ။ အဘယ့်ကြောင့်ဆိုသော် ဤလူငယ်လေးသည် သူမ၏ ချစ်စရာကောင်းသော လူငယ်လေး ဖြစ်နေပြီဖြစ်သည်။

ထို့ပြင် မြောက်ပိုင်းနယ်စားမင်းသားစံအိမ်တွင် နေထိုင်ရသော ဘဝသည် အမြဲတမ်း သူမ တောင့်တနေခဲ့သော ဘဝဖြစ်ပြီး သူမ၏ လှပသော ဘဝကို ပျက်စီးစေလိုမည် မဟုတ်ပါ။

...

ထိုအချိန်တွင် လုချန်း ပြုံး၍ ပြောလိုက်သည်။

“ကိုယ့်ဇနီးမယား‌တွေက ကိုယ်စစ်ပွဲက ပြန်လာတာကို စံအိမ်ထဲကို မဝင်ခိုင်းဘူးလား။”

မုကျိရွှမ်းနှင့် အခြား အမျိုးသမီးများအားလုံး စံအိမ်ဝင်ပေါက်သို့ ရောက်ရှိလာပြီး စံအိမ်၏ အစေခံများနှင့် အလုပ်သမားများလည်း ဝင်ပေါက်တွင် ရပ်နေကြသည်။ထို့‌ကြောင့် စံအိမ်ဝင်ပေါက်တစ်ခုလုံးကို လူများဖြင့် ပြည့်နှက်နေပြီး လုချန်းအတွက် ဝင်စရာလမ်းမရှိအောင် ဖြစ်နေသည်။

လုချန်း၏ စကားကို ကြားလိုက်ရသောအခါ သူ့ရင်ခွင်ထဲရှိ မူကျိရွှမ်းလည်း ရုတ်တရက် သတိဝင်လာပြီး မင်းသားစံအိမ်ဝင်ပေါက်ရှိ အစေခံများကို ချက်ချင်းပြောလိုက်သည်။

“ပြန်သွားကြ။ ကိုယ့်အလုပ်ကိုယ် ဆက်လုပ်ကြ။”

“မင်းသား။ အရင်ဆုံး ပင်မခန်းမကို သွားရအောင်”

ဟုသူမက ပြောလိုက်သည်။

“မင်းသားစံအိမ်ရဲ့ ပြင်ဆင်မှုတွေ အခု ပြီးသွားပါပြီ။”

လုချန်းက စူးစမ်းသောမျက်နှာဖြင့် မေးလိုက်သည်။

“ပြင်ဆင်မှုတွေ ပြီးသွားပြီလား။ ဒါဆို အခု အပူပေးခန်းတွေ ရှိနေပြီလား။”

မြောက်ဘက်သို့ မသွားမီ လုချန်းက မိုးဖေးတို့ကို မင်းသားစံအိမ်ကို ပြန်လည်ပြင်ဆင်ရန် အစီအစဉ်များအကြောင်း ပြောခဲ့ပြီး စံအိမ်ရှိ အပူပေးခန်းများကို ပြန်လည်ပြင်ဆင်ရာတွင် ကြီးကြပ်‌စေခဲ့သည်။

အချိန်ကို ရေတွက်ကြည့်လျှင် သူမြောက်ဘက်သို့ သွားခဲ့သည်မှာ နှစ်လကျော်ကြာပြီဖြစ်သည်။ ထို့ကြောင့် အပူပေးခန်းများ ပြင်ဆင်မှုလည်း ပြီးစီးသင့်သည်။

မူကျိရွှမ်းက ပြန်ဖြေလိုက်သည်။

“ဟုတ်ပါတယ်။ မင်းသားစံအိမ်ရဲ့ အခန်းအများစုက အခု အေးနေတော့မှာ မဟုတ်ပါဘူး။ အထူးသဖြင့် ပင်မခန်းမက အရမ်းနွေးပါတယ်။”

လုချန်းက ပြုံးရင်း ပြောလိုက်သည်။

“သွားကြရအောင်။ အပူပေးခန်းတွေ ပြင်ဆင်မှုက ကိုယ်မျှော်လင့်ထားတာနဲ့ ကိုက်ညီလားဆိုတာ ကြည့်ချင်တယ်။”

ထို့နောက် လုချန်းသည် သူ၏ ဇနီးမယားများကို ခေါ်ဆောင်ကာ ပင်မခန်းမသို့ သွားလိုက်သည်။ ခန်းမထဲသို့ ဝင်လိုက်သည်နှင့် နွေးထွေးသော လေစီးကြောင်းကို ခံစားလိုက်ရပြီး ချမ်းစိမ့်သော ခံစားမှုများ ချက်ချင်းပျောက်ကွယ်သွား၏။ ခန်းမတစ်ခုလုံး အလွန်နွေးနေသည်။

ပင်မခန်းမ ဤမျှနွေးထွေးရခြင်းမှာ အောက်တွင် အပူပေး လမ်းကြောင်းရှိပြီး အပြင်ဘက်တွင် မီးသွေးလောင်စာခန်းရှိသောကြောင့်ဖြစ်သည်။ မီးဖိုခန်းနှင့် အလားသဏ္ဍာန်တူသော်လည်း ပင်မခန်းမသည် ပိုမိုကြီးမားပြီး နေ့စဉ် မီးသွေးပိုမိုသုံးစွဲရသည်။

လုချန်းက ကျောင်းရှောင်ရှောင်ကို လှည့်ပြီး မေးလိုက်သည်။

“‌ ရှောင်ရှောင်။ မင်းအခန်းကိုလည်း ပြင်ဆင်ပြီးပြီလား။”

ပင်မခန်းမသည် လုချန်းနှင့် မူကျိရွှမ်းတို့ နေထိုင်ရာနေရာဖြစ်သည်။ အကယ်၍ ဤနေရာတစ်ခုတည်းကိုသာ ပြင်ဆင်ထားပါက သူ၏ အခြားမိန်းမများ အနွေးဓာတ်ကို မခံစားနိုင်ပါ။

ကျောင်းယိုယိုက ပြန်ဖြေလိုက်သည်။ “မင်းသား။ မင်းသားစံအိမ်က အခန်းအများစုကို အပူပေးခန်းအဖြစ် ပြောင်းလဲထားပါပြီ။ မြောက်ပိုင်းဆောင်လည်း ပါပါတယ်။”

ထိုစကားကို ကြားလိုက်ရသောအခါ လုချန်းက ပြောလိုက်သည်။

“ဒါဆို ကိုယ် စိတ်ချပြီ။”

ပင်မခန်းမထဲသို့ ဝင်လိုက်ပြီးနောက် မူကျိရွှမ်းတို့သည် မြေပြင်ပေါ်တွင် ဒူးထောက်ထိုင်ပြီး လုချန်းကို ဝိုင်းကာ ထိုင်ကြသည်။ ထို့နောက် သူတို့ အတူတကွ ထိုင်ပြီး ထျန်းကောင်းမြို့၏ အရေးကိစ္စများအကြောင်းပြောကြသည်။

ထိုအချိန်တွင် ချူးယုချင်သည် ပင်မခန်းမ၏ ခြံဝင်းအပြင်ဘက်တွင် ရပ်နေပြီး အတွင်းဘက်ရှိ မြင်ကွင်းကို ကြည့်ရင်းသက်ပြင်းချလိုက်မိသည်။

ထိုစဉ် ချူးချင်လီက ချူးယုချင်ကို စိတ်ရှုပ်ထွေးနေသော မျက်နှာဖြင့် ကြည့်ပြီး မေးလိုက်သည်။

“အစ်မ ဘာကြောင့် သက်ပြင်းချနေတာလဲ။”

ချူးယုချင်လည်း လက်တွေ့ကမ္ဘာသို့ ပြန်ရောက်သွားပြီး မြန်မြန်ပြောလိုက်သည်။

“ဘာမှမဟုတ်ပါဘူး။ အတိတ်က အရာတွေကို ပြန်တွေးနေတာပါ။”

“ကောင်းပြီ။ အခု ဘာမှလုပ်စရာမရှိတော့ဘူး။ နင်လည်း ဆက်ကင်းလှည့်ပါ။”

ချူးချင်လီက ချူးယုချင်ကို သံသယဖြင့် ကြည့်လိုက်သော်လည်း အများကြီး‌တော့ မတွေးပါ။

လုချန်းဟူသော ထိုမကောင်းဆိုးဝါး ပြန်ရောက်လာပြီ ဖြစ်သော်လည်း သူ့ဘေးမှာ မိန်းမတွေ အများကြီးရှိနေသည့်အတွက် သူမအစ်မသည် လုချန်းနှင့် နှစ်ယောက်တည်း အချိန်ကုန်ဆုံးရန် အခွင့်အလမ်း မရှိပါ။ ထို့ကြောင့် လောလောဆယ် ချူးချင်လီသည် စိတ်ချ‌နေသည်။

သူ၏ ဇနီးမယားများနှင့် အနည်းငယ်စကားပြောပြီးနောက် လုချန်းလည်း သူ၏ စာကြည့်ခန်းသို့ သွားလိုက်သည်။

စာကြည့်ခန်းတွင် ထောက်လှမ်းရေး အစီရင်ခံစာ အမြောက်အမြား စုပုံနေသည်။ သို့သော် အများစုမှာ မိုးစက်ရဲတိုက်မှ ဖြစ်သည်။ အထူးကိုယ်ရံတော်၏ အစီရင်ခံစာများသည် များသောအားဖြင့် လုချန်း၏ လက်ထဲသို့ ချက်ချင်း ရောက်သော်လည်း မိုးစက်ရဲတိုက်၏ သတင်းအများစုသည် လုချန်း၏ စာကြည့်ခန်းတွင် အဆုံးသတ်တတ်သည်။

လုချန်းသည် အဓိက နိုင်ငံကြီးများ၏ လက်ရှိလှုပ်ရှားမှုများကို သိလိုနေပြီး အထူးသဖြင့် ကျူးနိုင်ငံတော်၏ မကြာသေးမီက လှုပ်ရှားမှုများကို သိလိုသည်။

လုချန်း စာကြည့်ခန်းဝင်ပေါက်သို့ ချဉ်းကပ်လာသည်နှင့် ပုံရိပ်တစ်ခုကို မြင်လိုက်ရသည်။ သူမ၏ မျက်နှာတွင် စိုးရိမ်မှုအနည်းငယ် မျှော်လင့်ချက် အနည်းငယ်နှင့် စိတ်ရှုပ်ထွေးမှုအနည်းငယ်တို့ကို ပြသသည်။

သူမသည် စာကြည့်ခန်းဝင်ပေါက်နားတွင် လှည့်ပတ်ကြည့်ရှုနေသည်ဟု ထင်ရသော်လည်း တစ်စုံတစ်ယောက် ရောက်လာရန် စောင့်ဆိုင်းနေသည်ဟု ပိုထင်ရသည်။

......

All Chapters