← Chapters

အခန်း ၂၁၇-၂၁၉

Vol. 15 Ch. 217-219

အခန်း ၂၁၇-၂၁၉

Vol. 15 Ch. 217-219

အခန်း( ၂၁၇ )

ဒေါ်လေး မင်းကိုအတွင်းအား ထိန်းညှိပေးမယ်(၁)

ချူးယုချင်သည် ဆံပင်များကို တိမ်တိုက်ပုံစံ ထုံးထားကာ သူမ၏ နူးညံ့သိမ်မွေ့ပြီး ပြည့်ဝသော ခန္ဓာကိုယ်ကို ပေါ်လွင်စေသည့် အပြာရောင် မိုးတိမ်ဝတ်စုံကို ဝတ်ဆင်ထားသည်။ ထိုအချက်က သူမကို ဂုဏ်သိက္ခာရှိပြီး ရင့်ကျက်သော အိမ်ထောင်ရှင်မတစ် ယောက်ကဲ့သို့ ဆွဲဆောင်မှုရှိစေသည်။

သူမသည် ယောက်ျားတစ်ဦးနှင့် အတူမနေဖူးသဖြင့် စင်ကြယ်နေဆဲဖြစ်သော်လည်း အသက်အရွယ်ကြောင့် ရင့်ကျက်မှုက ထင်ဟပ်နေပြီး လုချန်းကို အမြဲဂရုစိုက်နေရသည့်အတွက် သူမ၏ စရိုက်လက္ခဏာသည် လှပသော အိမ်ထောင်ရှင်မများနှင့် တူနေသည်။

ထိပ်သီးပညာရှင်အဆင့်သို့ ခြေတစ်လှမ်းအလိုမှာရှိနေသည့် ချူးယုချင်သည် သာမန်လူများထက် အအေးဒဏ်ကို ပိုမိုခံနိုင်ရည်ရှိသဖြင့် မုကျိရွှမ်းတို့ကဲ့သို့ ထူထဲသော ထူထဲသော အဝတ်များကို ဝတ်ဆင်ရန် မလိုအပ်ပေ။ ထို့ကြောင့် သူမ၏ လှပသော ကိုယ်ခန္ဓာကို ပိုမိုထင်ဟပ်စေသည်။

ရင့်ကျက်ပြီး ဆွဲဆောင်မှုရှိသော ချူးယုချင်ကို စာကြည့်ခန်းတံခါးဝတွင် မြင်လိုက်ရသည့်အခါ လုချန်း၏ စိတ်ထဲတွင် မသင့်လျော်သော အတွေးများ ပေါ်ပေါက်လာခဲ့သည်။

မြောက်ပိုင်းသို့ ခရီးထွက်စဉ်က ပိုင်ချင်းချင်းနှင့် အတူရှိနေခဲ့သော်လည်း သူမနှင့် ဘာမှမလုပ်ခဲ့သဖြင့် လုချန်းသည် သူ၏ကာမဆန္ဒကို ချုပ်တည်းထားခဲ့ရသည်။

...

အမြဲတမ်း အရသာရှိသော အစားအစာများကို စားသုံးနေကျဖြစ်သူတစ်ဦးအတွက် နှစ်လကျော်ကြာ ဟင်းသီးဟင်းရွက်များသာ စားသုံးရခြင်းသည် သည်းခံရန် ခက်ခဲလွန်းလှသည်။

ခုနက သူ၏ မိန်းမများ အနားတွင် ရှိနေခဲ့သော်လည်း သူ၏ စိတ်ထဲတွင် မသင့်လျော်သော အတွေးများ မပေါ်ပေါက်ခဲ့ပေ။ သို့သော် ယခုအခါ စာကြည့်ခန်းထဲတွင် သူနှင့် ချူးယုချင်သာ ရှိနေသည်။

လူနည်းသွားသည်နှင့်အမျှ ဆန္ဒများသည် ခဏအတွင်း ပိုမိုကြီးထွားလာနိုင်သည်။

ချူးယုချင်၏ လှပဆွဲဆောင်မှုရှိသော အသွင်နှင့် စွဲမက်ဖွယ် ကိုယ်ခန္ဓာကို မြင်လိုက်ရသည့်အခါ လုချန်းလည်း ချက်ချင်းဆိုသလို ဆွဲဆောင်ခံလိုက်ရသည်။

ချူးယုချင်သည် လုချန်း၏ စာကြည့်ခန်းထဲတွင် ခဏနေပြီးနောက် ထွက်ခွာဖို့ ပြင်လိုက်စဉ် လုချန်းကို တွေ့လိုက်ရသည်။

လုချန်းက ပြုံးရင်း မေးလိုက်သည်။ “ကျွန်တော် စာကြည့်ခန်းကို လာမယ်ဆိုတာ သိလို့ ဒေါ်လေးချူး ဒီမှာ စောင့်နေတာလား။”

လုချန်း စာကြည့်ခန်းထဲ တကယ်ရှိနေသည်ကို တွေ့လိုက်ရသည့်အခါ ချူးယုချင်လည်း ခဏတာမျှ အံ့အားသင့်သွားပြီး ရုတ်တရက် အပြစ်ရှိသလို ခံစားရ၏။ သို့သော် ချက်ချင်းပင် စိတ်ကို ပြန်ထိန်းချုပ်လိုက်သည်။

သူမက လုချန်း၏ မျက်လုံးကို ကြည့်ရင်း နူးညံ့စွာ ပြောလိုက်သည်။

“ဘာတွေ တွေးနေတာလဲ။ ဒေါ်လေးက စာကြည့်ခန်းကို လာစစ်ကြည့်တာပါ။ ဒီမှာ အရေးကြီးတဲ့ အရာတွေ အများကြီး ရှိတယ်‌လေ။”

လုချန်း တဖြည်းဖြည်း ချဉ်းကပ်လာသည်နှင့်အမျှ ချူးယုချင်၏ စိုးရိမ်မှုများ ပိုမိုမြင့်တက်လာပြီး သူမ၏ အတွင်းအားလည်ပတ်မှုကလည်း တည်ငြိမ်မှုမရှိပဲ ကစဉ့်ကလျားဖြစ်လာသည်။

သူမ ဘာကြောင့် ယခုလို ခံစားနေရသည် ဆိုတာကို နားမလည်နိုင်ဖြစ်‌နေသော ချူးယုချင်သည် သူမ၏ ခန္ဓာကိုယ်အတွင်း ပုံမှန်မဟုတ်သော တုံ့ပြန်မှုများကို ငြိမ်သက်စေရန် အတွင်းအားကို ခပ်မြန်မြန် ထိန်းညှိရန် ကြိုးစားလိုက်သည်။

ထို့နောက် သူမက စကားလမ်းကြောင်းပြောင်းလိုက်သည်။

“ချန်းလေး မင်းအခုမှ ပြန်ရောက်တာပဲ။ မင်းဘာလို့ မုကျိရွှမ်းတို့နဲ့ အတူမနေတာလဲ။”

“မင်းအဝေးကြီးကနေ ပြန်လာတာ ပင်ပန်း နေမှာပဲ။ ဒီနေ့ အနားယူသင့်တယ်။”

လုချန်းသည် ချူးယုချင်၏ လှပသော မျက်လုံးများကို ကြည့်ရင်း ပြောလိုက်သည်။

“ဒေါ်လေးချူးကို ကျွန်တော်က တမင်လာရှာတာပါ။”

“ထျန်း‌ကောင်းမြို့မှာ နေခဲ့တဲ့ နှစ်လကျော်အတွင်း ကျွန်တော် သိုင်းပညာကို လေ့ကျင့်ဖြစ်ခဲ့တယ်။ ဒါပေမဲ့ လေ့ကျင့်တာ ပြင်းထန်သွားတော့ ကျွန်တော့်ရဲ့ အတွင်းအား ချက္ကရမှာ ပြဿနာတစ်ခု ဖြစ်သွားတယ်။ ကျွန်တော် ထိပ်သီးပညာရှင်အဆင့်ကို ရောက်သွားပေမယ့် အတွင်းအား ချက္ကရထဲမှာ စွမ်းအင်တွေ ပိတ်ဆို့နေတုန်းပဲ။ ဒါကြောင့် ဒေါ်လေးကို အကူအညီတောင်းဖို့ ပါ။”

လုချန်း၏ စကားကို ကြားလိုက်ရသည့်အခါ ချူးယုချင်၏ မျက်နှာ နီရဲလာသည်။

သူမ စာကြည့်ခန်းတံခါးဝသို့ ရောက်ရှိလာခြင်းမှာ လုချန်းကို နှစ်လကျော်ကြာ မတွေ့ခဲ့ရသည့်အတွက် သိုင်းပညာလေ့ကျင့်မှုတွင် ပြဿနာတစ်ခုခု ကြုံနေနိုင်သည်ဟု သူမ တွေးမိခြင်းကြောင့်ပင် ဖြစ်သည်။

အရင်က စာကြည့်ခန်းထဲတွင် လုချန်း၏ အတွင်းအားကို ထိန်းညှိပေးခဲ့ဖူးသည့်အတွက် သူမ မသိစိတ်က နှိုးဆော်သည့်အလျောက် စာကြည့်ခန်းတံခါးဝသို့ လာရောက်ခဲ့ခြင်းဖြစ်ပြီး လုချန်းကို တွေ့လိုက်ရသည့်အခါ အပြစ်ရှိသလို ခံစားရခြင်းလည်း ဖြစ်သည်။

လုချန်း သူမ၏ အကူအညီကို လိုအပ်နေသည်ကို သိလိုက်ရသည့်အခါ ချူးယုချင်၏ စိတ်ထဲရှိ ရှုပ်ထွေးမှုနှင့် အားငယ်မှုများသည် ခဏအတွင်း ပျောက်ကွယ်သွားသည်။ လုချန်းက သူမကို လိုအပ်နေသရွေ့ သူမသည် မြောက်ပိုင်းနယ်စားမင်းသား၏ စံအိမ်မှ ထွက်ခွာမည် မဟုတ်ပေ။

မျက်နှာနီရဲနေသော ချူးယုချင်က ဆက်ပြောလိုက်သည်။

“အရင် စာကြည့်ခန်းထဲကို ဝင်ကြရအောင်။ ‌ဒေါ်လေး မင်းကို ထိန်းညှိပေးမယ်။”

ထို့နောက် ချူးယုချင် စာကြည့်ခန်းတံခါးကို ဖွင့်ပြီး အတွင်းသို့ ဝင်သွားခဲ့သည်။

ချူးယုချင် စာကြည့်ခန်းထဲ ဝင်လိုက်သည်နှင့် လုချန်းသည် နောက်ကနေ လိုက်ဝင်ပြီး တံခါးကို ပိတ်လိုက်ကာ ချက်ထိုးလိုက်သည်။

တံခါးပိတ်သံကို ကြားလိုက်ရသည့်အခါ ချူးယုချင်က လှည့်ပြီး တစ်ခုခု ပြောဖို့ ကြိုးစားလိုက်သော်လည်း လုချန်းသည် သူမ၏ ဘေးတွင် ရောက်နှင့်နေပြီဖြစ်သည်။

ချူးယုချင်လည်း အလိုလို နောက်သို့ ခြေတစ်လှမ်း ဆုတ်လိုက်သည်။

“ချန်းလေး။ ဒီတစ်ခါတော့ မင်း မသင့်တော်တာတွေ မလုပ်ပါနဲ့။ မဟုတ်ရင် ဒေါ်လေး မင်းကို ကူညီပေးမှာ မဟုတ်ဘူး။”

သူ့ရှေ့မှာ ရှိနေသော အလှပဆုံး အမျိုးသမီး၏ ရှက်နေသောမျက်နှာကို မြင်လိုက်ရသောအခါ လုချန်း အလွန်စိတ်လှုပ်ရှားသွားသည်။

စကားမပြောတော့ပဲ့ ချူးယုချင်၏ လက်ကို ကိုင်ပြီး သူ့ရင်ခွင်ထဲသို့ ဆွဲခေါ်လိုက်ကာ ပြောလိုက်သည်။

“စိတ်မပူပါနဲ့ ဒေါ်လေးချူး။ ကျွန်တော် ဘယ်လောက်ထိ လုပ်သင့်တယ်ဆိုတာ သိပါတယ်။ ကျွန်တော့်ကို ထိန်းညှိပေးဖို့ မြန်မြန်လုပ်ပါ။ ကျွန်တော့်ရဲ့ အတွင်းအား ချက္ကရထဲမှာ စွမ်းအားတွေ ပိုပိတ်လာသလို ခံစားရတယ်။”

ရုတ်တရက် လုချန်း၏ ရင်ခွင်ထဲသို့ ဝင်ရောက်လိုက်ရသည့်အခါ ချူးယုချင်၏ ခန္ဓာကိုယ် အနည်းငယ် တုန်ယင်သွားသည်။ လုချန်း၏ ယောက်ျားပီသသော အနံ့ကို ရှူရှိုက်မိသည်နှင့် သူမ၏ ခန္ဓာကိုယ်မှ အပူဓာတ်များ ထွက်ပေါ်လာသည်။

ချူးယုချင်သည် လုချန်း၏ ရင်ခွင်ထဲမှ ထွက်ပြေးလိုသော်လည်း သူ၏ လေ့ကျင့်မှုတွင် ပြဿနာရှိနေသည်ကို သတိရလိုက်သည့်အခါ မလှုပ်ရှားတော့ပဲ လုချန်းကို ပွေ့ဖက်ခွင့် ပြုထားလိုက်သည်။

အမျိုးသမီးတစ်ဦးနှင့် နှစ်လကျော်ကြာ မထိတွေ့ခဲ့ရသဖြင့် ချူးယုချင်ကဲ့သို့ အလှပဆုံး အမျိုးသမီးကို ပွေ့ဖက်လိုက်ရသည့်အခါ လုချန်း စိတ်လှုပ်ရှားလာခဲ့သည်။

ချူးယုချင်၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာသော သိမ်‌မွေ့သည့်ရနံ့သည် လုချန်း၏ နှာခေါင်းထဲသို့ အဆက်မပြတ်ဝင်ရောက်လျက်ရှိသည်။ သူမ၏ ခန္ဓာကိုယ်ကလည်း ဝါဂွမ်းကဲ့သို့ နူးညံ့ပျော့ပျောင်းနေသည်။

ထို့အပြင် ဆောင်းရာသီဖြစ်သည့်အတွက် သူမ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာသော အပူဓာတ်သည် ပိုမိုများပြားနေပြီး လုချန်းအတွက် ဂွမ်းစောင်ကြီးတစ်ထည်ကို ပွေ့ဖက်ထားရသလို ခံစားရသည်။

သူမကို ပွေ့ဖက်ထားရုံမျှဖြင့်ပင် လုချန်း အလွန်သက်သောင့်သက်သာ ရှိနေသည်။‌ရုတ်တရက် သူ၏ လက်များသည် ချူးယုချင်၏ ဝန်းဝိုင်းသော တင်ပါးများဆီသို့ ရောက်ရှိသွားသည်။ လုချန်း၏ မသင့် တော်သော အပြုအမူကို သတိထားမိသည့်အခါ ချူးယုချင်က စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။

“ချန်းလေး။ ဒေါ်လေး ခုနကပြောတဲ့စကားကို မမေ့နဲ့နော်။”

အခန်း (၂၁၈ )

ဒေါ်လေး မင်းကိုအတွင်းအား ထိန်းညှိပေးမယ်(၂)

လုချန်းက ချူးယုချင်၏ နားနားကပ်၍ ခပ်တိုးတိုး ပြောလိုက်သည်။

“စိတ်မပူပါနဲ့။ ကျွန်တော် ဘာမှ မလုပ်ပါဘူး။”

လုချန်း၏ အသံသည် နိမ့်ပြီး သံလိုက်ဓာတ်ပါသော အသံဖြစ်ကာ သူမ၏ နားနှင့် နီးကပ်စွာရှိနေသည့်အတွက် သူ၏ အသံသည် သူမ၏ ဦးနှောက်ထဲသို့ တိုက်ရိုက်ဝင်ရောက်နေသလို ချူးယုချင် ခံစားလိုက်ရပြီး သူမ၏ ခန္ဓာကိုယ်တစ်ခုလုံးတွင် မရိုးမရွ ခံစားမှုများ ပျံ့နှံ့လာသည်။

ချူးယုချင်သည် သူမ၏ ခန္ဓာကိုယ်အတွင်း ဖြစ်ပေါ်နေသော ထူးဆန်းသည့် ခံစားမှုများကို တွန်းလှန်နေသော်လည်း လုချန်း၏ အတွင်းအားကို ထိန်းညှိပေးရမည့် သူမ၏ ရည်ရွယ်ချက်ကို မမေ့ပါ။ ထို့နောက် သူမ၏ အတွင်းအားကို လုချန်း၏ ခန္ဓာကိုယ်ထဲသို့ စီးဆင်းစေရန် ကြိုးစားလိုက်သည်။

သို့သော် သူမ မကြာမီ တွေ့ရှိလိုက်ရသည်မှာ သူမ၏ ခန္ဓာကိုယ်တစ်ခုလုံး အားနည်းနေရုံသာမက သူမ၏ အတွင်းအားများလည်း ပျောက်ကွယ်နေ၏။ လုချန်းနှင့် အတူရှိနေလျှင် ဖြစ်နေကျ အခြေအနေမျိုးပင်ဖြစ်သည်။

သူမ၏ စိတ်ထဲတွင် ချူးယုချင် သက်ပြင်းချလိုက်သည်။ အရင်ကလည်း ဒီလိုပင်ဖြစ်သည်။ ဒီကောင်လေးက သူမကို ပွေ့ဖက်လိုက်တိုင်း သူမ၏ အတွင်းအားများ ပျောက်ကွယ်သွားတတ်သည်။ သူ လေ့ကျင့်နေသော ထာဝရတန်ခိုးရှင် နည်းလမ်းနှင့် ဆက်စပ်နေသည်မှာ သိသာထင်ရှားသည်။

...

သို့သော် သူတို့ နီးကပ်စွာ ထိတွေ့မှုများ မပြုလုပ်ပါက သူမ၏ အတွင်းအားကို အသုံးပြုပြီး လုချန်း၏ အတွင်းအား ချက္ကရကို စစ်ဆေးနိုင်မည် မဟုတ်ပါ။ သို့သော် လုချန်းက စာကြည့်ခန်းထဲတွင် သူမ၏ နီရဲနေသော နှုတ်ခမ်းများကို နမ်းရန် ကြိုးစားခဲ့သည့် အဖြစ်အပျက်များကို တွေးမိသည်နှင့် ချူးယုချင်၏ စိတ်များရှုပ်ထွေးသွားသည်။

လုချန်းကို စစ်ဆေးပေးရန် သူမကို လွှတ်ပေးဖို့ ပြောဖို့ ကြိုးစားနေစဉ် လုချန်းက သက်ပြင်းချလိုက်ပြီး ပြောလိုက်သည်။

“ဒေါ်လေးချူး။ ဒီနည်းလမ်းက အတွင်းအားကို ထိန်းညှိဖို့ အဆင်မပြေတော့ဘူးထင်တယ်။ ဒီလောက်နဲ့တော့ ကျွန်တော် ဘာမှ မခံစားရဘူး။ ကျွန်တော့် အတွင်းအား ချက္ကရထဲက စွမ်းအင်တွေလည်း ပိတ်နေတုန်းပဲ။ သက်သာသွားမယ့် လက္ခဏာလည်း မတွေ့ရဘူး။”

ထိုစကားကို ကြားလိုက်ရသည့်အခါ ချူးယုချင်၏ အတွေးများ ရပ်တန့်သွားပြီး ချက်ချင်း မေးလိုက်သည်။

“ဒါဆို ဘာလုပ်ရမလဲ။”

လုချန်းက

“ဒေါ်လေးချူး။ ကျွန်တော်တို့ အရင်တုန်းက စာကြည့်ခန်းထဲမှာ ဘာလုပ်ခဲ့လဲဆိုတာ မှတ်မိလား။ ပိုပြီး နီးကပ်တဲ့ ထိတွေ့မှုတွေ လုပ်ပြီး ကျွန်တော်တို့ရဲ့ အတွင်းအားတွေကို စက်ဝိုင်းပုံ ဖြစ်အောင် လုပ်မှပဲ ကျွန်တော့် အတွင်းအား ချက္ကရထဲက စွမ်းအားပိတ်ဆို့နေမှုကို ဖြေရှင်းနိုင်မှာပါ။”

ထိုစကားကို ကြားလိုက်ရသည်နှင့် လုချန်း၏ ပြင်းထန်သော အနမ်းများ ချူးယုချင်၏ စိတ်ထဲပြန်ပေါ်လာပြီး ချက်ချင်းပင် ပြောလိုက်သည်။

“မဖြစ်ရဘူး။ အရင်ကလို အမှားမျိုး ထပ်မလုပ်ရဘူး။”

ချူးယုချင်၏ အဖြေကို ကြားလိုက်ရသည်နှင့် လုချန်းက သူမ၏ နူးညံ့သော ခန္ဓာကိုယ်ကို လိုက်လိုက်လျောလျော လွှတ် ပေးလိုက်သည်။

ချူးယုချင်လည်း ခဏခန့် ကြက်သေသေသွားခဲ့သည်။

လုချန်းက စိတ်မကောင်းသော မျက်နှာဖြင့် ပြောလိုက်သည်။

“ဒေါ်လေးချူးက မလုပ်ပေးချင်ဘူးဆိုတော့ ကျွန်တော်တို့ ဒီကိစ္စကို မေ့လိုက်ရအောင်။ ကျွန်တော့်ရဲ့ အတွင်းအား ချက္ကရထဲက ပိတ်ဆို့နေတာကို ဖြေရှင်းဖို့ အခြားနည်းလမ်းရှာပါမယ်။ ဘယ်သူက ကျွန်တော့်ကို ကျွန်တော့်ရဲ့ အနေအထားထက် ကျော်လွန်ပြီး ထာဝရတန်ခိုးရှင်တွေရဲ့ လေ့ကျင့်ရေးနည်းစနစ်ကို လေ့ကျင့်ခိုင်းတာလဲ မသိဘူး။ ဒါပေမဲ့ ဘယ်လိုအကျိုးဆက်ပဲဖြစ်ဖြစ် ကျွန်တော်တစ်ယောက်တည်း ခံယူရမှာပဲ။ တကယ်တော့ ဒီကိစ္စက ဒေါ်လေးချူးနဲ့ မဆိုင်ပါဘူး။ ကျွန်တော် ဒေါ်လေးချူးရဲ့ စင်ကြယ်မှုကို မဖျက်ဆီးပါဘူး။”

ထိုစကားကို ကြားသောအခါ ချူးယုချင် ချက်ချင်း စိတ်ထိခိုက်သွားခဲ့သည်။

သို့သော် လုချန်းနှင့် ထိုကဲ့သို့ ရင်းနှီးသောလုပ်ရပ်များကို ပြုလုပ်ရန် စိတ်ကူးကို သူမ၏စိတ်ထဲတွင် လက်မခံနိုင် ဖြစ်နေသည်။

သူမသည် လုချန်း၏ အဒေါ်ဖြစ်သည်။ သွေးသားတော်စပ်ခြင်းမရှိသော်လည်း အဒေါ်တစ်ယောက်သာ ဖြစ်သည်။ ထို့ပြင် သူမသည် လုချန်း၏မိခင် ချူးယွဲ့၏ သွေးသောက်ညီအစ်မဖြစ်သည်။

သူတို့ ထိုကဲ့သို့သော ရင်းနှီးသောလုပ်ရပ်များကို မည်သို့ပြုလုပ်နိုင်မည်နည်း။

ထိုအကြောင်း သတင်းထွက်သွားပါက လုချန်း၏ဂုဏ်သတင်းကို ထိခိုက်စေမည်မှာ သေချာသည်။ လုချန်းသည် ထီးနန်းကို ရယူရန် ရည်မှန်းထားသူဖြစ်သည်။ သူ၏ဂုဏ်သတင်း သူမ၏ကြောင့် မထိခိုက်စေရပါ။

ဝမ်မိသားစုနှင့် အခြားသော မကောင်းသောရည်ရွယ်ချက်ရှိသူများက သူမကို အသုံးပြု၍ လုချန်းကို ဒုက္ခပေးရန် စီစဉ်နေပြီဖြစ်သည်။ သူမ လုချန်းနှင့် မသင့်လျော်သော လုပ်ရပ်များကို လုပ်ပါက လူတွေက လုချန်းကို သိုးယောင်ဆောင်သော ဝံပုလွေတစ်ကောင်အဖြစ် မြင်ကြမည်မှာ သေချာသည်။

ထိုအချိန်တွင် ချူးယုချင်က ပြောလိုက်သည်။

“ချန်းလေး။ ဒေါ်လေးက မင်းကို မကူညီချင်တာ မဟုတ်ပါဘူး၊ ဒါပေမဲ့…”

ချူးယုချင် စကားကို ဆက်မပြောတော့ပေ။

လုချန်းက ပြောသည်။

“ထပ်မပြောပါနဲ့ ဒေါ်လေးချူး။ ကျွန်တော်နားလည်ပါတယ်။ ဒေါ်လေးချူးနဲ့ ဒေါ်လေးချူးလက်ထပ်ထားတဲ့ လူကြီးက လက်ထပ်ပြီး အတူမနေခဲ့ရဘူး ဆိုပေမဲ့ ဒေါ်လေးချူးက သူနဲ့ တရားဝင်လက်ထပ်ထားတာပဲ။ လူ တွေအမြင်က ကြောက်စရာကောင်းတယ်။ ဒေါ်လေးချူးက ကျွန်တော့်ကြောင့် နာမည်ပျက်မှာကို ကြောက်နေတယ်… ကျွန်တော်…”

လုချန်း စကားမဆုံးမီ ချူးယုချင်က စကားဖြတ်ပြောလိုက်သည်။

“ချန်းလေး။ ဒါမျိုးမဟုတ်ဘူး။ ဒေါ်လေး အဲ့ဒီလို မတွေးဘူး။”

“လူတွေက မင်းရဲ့ဂုဏ်သတင်းပျက်အောင် ဒေါ်လေးကို အသုံးချမှာကိုပဲ ကြောက်တာပါ။ ဒေါ်လေးက မုဆိုးမတစ်ယောက်ပါ။ အကယ်၍ လူထုက မင်းနဲ့ ဒေါ်လေးကြား ဖြစ်ပျက်ခဲ့တာတွေကို သိသွားရင် မင်းကို ဘယ်လိုမြင်ကြမလဲ။”

ထိုစကားကို ကြားလိုက်ရပြီးနောက် ချူးယုချင်၏ မျက်လုံးများကို လုချန်း ကြည့်လိုက်၏။ သူမရဲ့ မျက်လုံးထဲတွင် ထိတ်လန့်နေမှု အနည်းငယ်ကို မြင်လိုက်ရသည်။ ကိုယ်ကျိုးကိုသာ ကြည့်တဲ့သူလို့ အထင်ရမှာကို သူမကြောက်နေခြင်းဖြစ်သည်။

ထို့နောက် လုချန်းက ရယ်မောလိုက်ရင်း

“ဒီလို စိတ်ပျက်စရာကောင်းတဲ့ အကြောင်းတွေကို မပြောကြရအောင်လား ဒေါ်လေးချူး။ ဒေါ်လေးက ဒေါ်လေးလုပ်စရာရှိတာလုပ်ပါ။ ဒီဒဏ်ကို ကျွန်တော့်ဘာသာ ခံပါ့မယ်။ ဒါက ကျွန်တော် ခံယူသင့်တဲ့ အကျိုးဆက်ပါပဲ။”

လုချန်း၏ ခါးသက်သော အပြုံးကို မြင်လိုက်ရ‌သောအခါ ချူးယုချင်ရဲ့ နှလုံးသားလည်း ဓားနဲ့ ထိုးခံရနေသလို နာကျင်လာ၏။

ထိုအချိန်တွင် ချူးယုချင်က တွေးမိလိုက်သည်။ လုချန်းနားမှာ နေရသည့် သူမရဲ့ ရည်ရွယ်ချက်က သူအသုံးဝင်ဖို့ဖြစ်သည်။ အခု သူ့ရဲ့ အတွင်းအားကို ညှိပေးပေးနိုင်သူက သူမတစ်ယောက်သာ ရှိသည်။ ဒါပေမဲ့ သူမက ဒါကို မလုပ်ချင် ဖြစ်‌နေတာလား။

သူမ မလုပ်ချင်ဘူးဆိုရင် ဘယ်သူက လုချန်းရဲ့ ခန္ဓာကိုယ်ကို ညှိပေးနိုင်မှာလဲ။ အကယ်၍ သူ့ရဲ့ ကျင့်စဉ်ကြောင့် ပြဿနာ ဖြစ်လာခဲ့ရင် သူမရဲ့ ချစ်လှစွာသော အစ်မ ချူးယွဲ့ကို တမလွန်ရောက်ရင် မျက်နှာပြနိုင်မှာ မဟုတ်ပါ။

ထို့ပြင် ဒါက နမ်းရုံနမ်းခြင်းဖြစ်သည်။အိမ်ထောင်ပြုတာ မဟုတ်ပါ။ နမ်းလိုက်ရုံနဲ့ သူမရဲ့ စင်ကြယ်မှု ပျောက်သွားတယ်လို့ မဆိုနိုင်ပါ။ အထူးသဖြင့် သူတို့ ယခင်က တစ်ကြိမ် နမ်းဖူးပြီးသား ဖြစ်လျှင်ဖြစ်သည်။

ထိုသို့ စဉ်းစားပြီးနောက် ချူးယုချင် ဆုံးဖြတ်ချက်ချလိုက်ပြီး ချက်ချင်းပင် ပြောလိုက်သည်။

“ချန်းလေး။ ဒီလို စိတ်ဓာတ်ကျစရာစကားတွေ မပြောနဲ့တော့။ ဒေါ်လေးက မင်းကို တစ်သက်လုံး စောင့်ရှောက်ဖို့နှင့် ကာကွယ်ဖို့ မင်းအမေကို ကတိပေးထားတယ်။”

“အကယ်၍ မင်းရဲ့ အတွင်းအား ချက္ကရကို ညှိပေးဖို့ ဒီလိုလုပ်ရမယ်ဆိုရင် ဒေါ်လေး လုပ်ပေးမှာပါ။ ဒါပေမဲ့ မင်းက ကိုယ့်ကိုယ်ကို ထိန်းချုပ်နိုင်မှာ မဟုတ်ဘူး။ ရုတ်တရက်စိတ်မထိန်းနိုင်တာမျိုး ဖြစ်သွားနိုင်တယ်လို့ ဒေါ်လေး စိုးရိမ်တယ်။”

.......

အခန်း (၂၁၉)

ဒေါ်လေး မင်းကိုအတွင်းအား ထိန်းညှိပေးမယ်(၃)

ချူးယုချင် ဆက်မပြောတော့ပါ။ သူမ၏မျက်နှာသည် ပို၍ပူလောင်လာပြီး ရှက်ရွံ့မှုဖြင့် နီရဲလာသည်။

ချူးယုချင် သဘောတူကြောင်း မြင်လိုက်ရသည်နှင့် လုချန်းက

“ စိတ်မပူပါနဲ့ ဒေါ်လေးချူး။ ကျွန်တော်က အလှအပကို နှစ်သက်ပေမဲ့ ကိုယ့်ကိုယ်ကို ထိန်းချုပ်နိုင်စွမ်းတော့ ရှိပါတယ်။ ကျွန်တော် လုံးဝ မသင့်တော်တာ မလုပ်ပါဘူး။”

“ကျွန်တော် လွန်လွန်ကျွံကျွံလုပ်မိရင် ကျွန်တော် သတိရအောင် နှစ်ချက်လောက် ရိုက်ပေးလိုက်ပါ” ဟု ချက်ချင်းပြောလိုက်သည်။

“ကောင်းပြီ။ ဒါဆို ဒီကိုလာခဲ့” ချူးယုချင်လည်း ညင်သာစွာ သက်ပြင်းချလိုက်ပြီး ပြောလိုက်သည်။ ထိုစကားကို ကြားလိုက်ရသည်နှင့် လုချန်းသလည်း မတွန့်မဆုတ်ပဲ ချူးယုချင်ကို သူ့ရင်ခွင်ထဲသို့ ဆွဲထည့်လိုက်သည်။

...

ချူးယုချင်၏ နှလုံးသည် ရူးသွပ်စွာ ခုန်လှုပ်နေသည်။ ယခင်က စာကြည့်ခန်းတွင် လုချန်းက သူမကို အတင်းနမ်းခဲ့သော်လည်း ယခုအကြိမ်တွင် သူမ၏ သဘောတူညီချက်ဖြင့် ဖြစ်သည်။

သဘောတူညီချက်ဖြင့် ဖြစ်သော်လည်း ချူးယုချင် စိတ်မသက်မသာ ဖြစ်နေဆဲဖြစ်သည်။ လုချန်း သူ့ကိုယ်သူ မထိန်းချုပ်နိုင်မည်ကို စိုးရိမ်နေသည်။ အဘယ်ကြောင့်ဆိုသော် သူသည် ယောက်ျားတစ်ယောက်ဖြစ်ပြီး သူမသည် မိန်းမတစ်ယောက် ဖြစ်သောကြောင့်ဖြစ်သည်။

ယောက်ျားတစ်‌ယောက်နှင့် မိန်းမတစ်‌ ယောက် နှစ်ဦးတည်း အခန်းတစ်ခန်းထဲတွင် ရှိနေပြီး ဤမျှရင်းနှီးသော အပြုအမူများ ပြုလုပ်နေခြင်းဖြစ်သည်။ အကယ်၍ ထိုမီးစက တောက်လောင်သွားပြီး တစ်ခုခုဖြစ်သွားပါက သူတို့ ဘယ်လိုလုပ်ကြမှာလဲ။

ချူးယုချင်ကို ရင်ခွင်ထဲသို့ ဆွဲယူပြီးနောက် လုချန်းက သူမကို တိုက်ရိုက်နမ်းလိုက်သည်။ ချူးယုချင်လည်း မပီမသ အသံများသာ ထွက်နိုင်ပြီး မကြာမီ အနမ်းများကြောင့် အသက်ရှူမဝဖြစ်သွားကာ လုံးဝအားနည်းသွားသည်။ လုချန်းသာ သူမကို မထိန်းထားပါက သူမ ကြမ်းပြင်ပေါ်သို့ လဲကျသွားနိုင်သည်။

တဖြည်းဖြည်းနှင့် သူမ၏ခန္ဓာကိုယ် ပို၍ပူလာသည်ကို ချူးယုချင် ခံစားရပြီး သူမ၏ အသိစိတ်များလည်း ဝေဝါးလာသည်။ သူမ၏ မငြိမ်မသက်ဖြစ်နေသော စိတ်ခံစားမှုများကို ထိန်းချုပ်ရန် ကြိုးစားသော်လည်း မည်မျှပင် ကြိုးစားစေကာမူ သူမ၏ကိုယ်သူမ မထိန်းချုပ်နိုင်ကြောင်း သိရှိလိုက်သည်။

လုချန်းက အမြဲတမ်း ချူးယုချင်ကို သိမ်းပိုက်လိုခဲ့သည်။ သို့သော် သူမသည် မုဆိုးမတစ်ယောက် ဖြစ်၏။ ထို့ပြင် သူမသည် ဓလေ့ထုံးစံများကို အလေးထားသူဖြစ်သည့်အတွက် သူ့ကို ရှောင်ရှားနေခဲ့သည်။

အထူးသဖြင့် ချူးချင်လီ မြောက်ပိုင်းမြို့တော်သို့ ရောက်ရှိလာပြီးနောက် ချူးချင်လီက သံသယဝင်မည်ကို စိုးရိမ်ပြီး ချူးယုချင် လုချန်းကို ပို၍ရှောင်ရှားရန် ကြိုးစားခဲ့သည်။

ချူးယုချင် ရှောင်လေလေ လုချန်း၏ အတွေးများ သူမအပေါ် ပိုများပြားလာလေလေ ဖြစ်သည်။

အချိန်ကြာမြင့်စွာ တည်ဆောက်ထားသော ခံစားချက်များက အခု ပေါက်ကွဲထွက်လာခဲ့သည်။ စာကြည့်ခန်းသည် အနွေးဓာတ်ပေးနိုင်သော အခန်းအဖြစ် ပြောင်းလဲပြီးဖြစ်သော်လည်း ပို၍ပူနွေးလာခဲ့သည်။

ထိုအချိန်တွင် ချူးယုချင် ရုတ်တရက် သတိပြန်ဝင်လာခဲ့သည်။ လုချန်းက သူမကို ရည်ရွယ်နေကြောင်း သိလိုက်ရပြီး ချူးယုချင် အံ့အားသင့်သွားခဲ့သည်။

ချူးယုချင်သည် ခါးကို လှည့်ကာ လုချန်း၏ လက်မှ လွတ်အောင် ကြိုးစားခဲ့ပြီး သူ့ကို သတိပြန်ရစေရန် ကြိုးစားခဲ့သည်။ သူတို့ ရုန်းကန်နေစဉ် စာအုပ်စင်တစ်ခုကို တိုက်မိသွားပြီး စာအုပ်စင်ပေါ်မှ စာအုပ်များပြုတ်ကျသွားခဲ့သည်။

ထိုအချိန်တွင် အပြင်ဘက်တွင် လှည့်လည်နေသော လင်ဝမ်ရွန်က ထိုအသံကို ကြားလိုက်ရပြီး ချက်ချင်းပင် စာကြည့်ခန်းဆီသို့ ချဉ်းကပ်လာခဲ့သည်။

စာကြည့်ခန်းသည် မြောက်ပိုင်းနယ်စားမင်းသား၏ ရုံးလုပ်ငန်းများ ဆောင်ရွက်ရာနေရာဖြစ်သည်။ အတွင်းဆောင်၏ အစိတ်အပိုင်း မဟုတ်သော်လည်း ထိုနေရာသည် လူတိုင်း ဝင်ရောက်နိုင်သော နေရာမဟုတ်ပါ။ စာကြည့်ခန်းကို အတွင်းဆောင်၏ လုံခြုံရေးတပ်ဖွဲ့များက စောင့်ကြပ်ရသည်။

စာကြည့်ခန်းတွင် အသံများကြားလိုက်ရသောအခါ တစ်စုံတစ်ယောက်က တိတ်တဆိတ် ဝင်ရောက်လာပြီး တစ်ခုခုကို ခိုးယူရန် ကြိုးစားနေသည်ဟု လင်ဝမ်ရွန် ထင်မိသည်။

သို့သော် စာကြည့်ခန်းတံခါးဝသို့ ရောက်ရှိသောအခါ လင်ဝမ်ရွန် ရပ်တန့်သွားခဲ့သည်။

သူမသည် လျှို့ဝှက်လဝန်းနန်းတော်မှ လာသူဖြစ်ပြီး ယခုအခါ မင်းသားစံအိမ်၏ လုံခြုံ ရေးမှူးဖြစ်နေသော်လည်း ထိုအ‌နေအထားက မြောက်ပိုင်းနယ်စားမင်းသား သူမကို လုံးဝယုံကြည်ထားကြောင်း မဆိုလိုပေ။ သူမ စာကြည့်ခန်းထဲသို့ မဆင်မခြင် ဝင်ရောက်မိပါက မြောက်ပိုင်းနယ်စားမင်းသားက သူမတွင် ရည်ရွယ်ချက် တစ်စုံတစ်ရာရှိသည်ဟု သံသယဝင်သွားနိုင်သည်။ ထို့ကြောင့် သူမဝင်ရောက်ရန် မသင့်တော်ပေ။

ထို့နောက် လင်ဝမ်ရွန်က စာကြည့်ခန်းဘက်သို့ လှမ်းအော်လိုက်သည်။

“အထဲမှာ ဘယ်သူလဲ။”

စာကြည့်ခန်းအပြင်ဘက်မှ အသံကို ကြားလိုက်ရသောအခါ ရမ္မက်စိတ်များ ဖုံးလွမ်းနေခဲ့သော လုချန်းလည်း အနည်းငယ် သတိပြန်ဝင်လာခဲ့သည်။ သူ၏လက်ထဲတွင် ရှိသော မိန်းမလှကို ကြည့်ရင်း လုချန်းသည် အနည်းငယ် မျှော်လင့်ချက် မဲ့သွားခဲ့သည်။

ထိုအချိန်တွင် ချူးယုချင်သည် ချစ်ခြင်းမေတ္တာပြည့်ဝသော မျက်လုံးများ၊ နီမြန်းနေသော မျက်နှာနှင့် အားနည်းနေသော ကိုယ်ခန္ဓာဖြင့် ရှိနေပြီဖြစ်သည်။ အကယ်၍ ဆက်လက်လုပ်‌ဆောင်သွားပါက ချူးယုချင်ကို သူ၏အမျိုးသမီးဖြစ်စေမည်မှာ သေချာနေသည်။

ကံမကောင်းစွာပင် အခွင့်အရေးက ထပ်လွတ်သွားခဲ့သည်။ ချူးယုချင်လည်း သတိပြန်ဝင်လာပြီဖြစ်သဖြင့် ဆက်လုပ်ရန် မသင့်တော့ပေ။ဤနေရာသည် စာကြည့်ခန်းဖြစ်ပြီး ပစ္စည်းများဖြင့် ကျပ်နေသည်။ သူ့စိတ်ကြိုက်နေရာ မဟုတ်ပါ။ ထို့ကြောင့် သူ့ကို အတော်လေး ချုပ်ချယ်နေသလို ခံစားရစေသည်။

ဤနေရာသည် သင့်တော်သောနေရာ မဟုတ်ပေ။

ထို့နောက် လုချန်းက ချောင်းဟန့်ကာ ပြောလိုက်သည်။

“ကျွန်တော်ပါ ဒေါ်လေးလင်။”

လုချန်း၏ အသံကို အတွင်းမှ ကြားရသောအခါ လင်ဝမ်ရွန် ခဏမျှ အံ့အားသင့်သွားပြီး အနည်းငယ် စိတ်သက်သာရာရသွားခဲသည်။ သူမ ဝင်မိခဲ့ပါက ရှင်းပြရန် ခက်ခဲမည်ဖြစ်သည်။

လင်ဝမ်ရွန်က

“အို။ အထဲမှာ ချန်းလေးပါလား။ စာကြည့်ခန်းထဲကို သူခိုးဝင်သွားတယ်ထင်လို့။ ဘာမှမဖြစ်ဘူးဆို‌တော့ မနှောက်ယှက်တော့ဘူး။”

လုချန်းကို “ချန်းလေး” ဟု ခေါ်ရသည်မှာ လင်ဝမ်ရွန်အတွက် အနည်းငယ် မသက်မသာဖြစ်နေသော်လည်း လုချန်းက သူ့ကိုဘယ်လိုခေါ်ရမည်ဆိုတာ ပြောပြထားပြီးဖြစ်သည်။ ထို့ကြောင့် သူမထိုသို့သာ ခေါ်ရမည်ဖြစ်သည်။

အကယ်၍ သူမက လုချန်းကို မြောက်ပိုင်းနယ်စားမင်းသားဟု ခေါ်လိုက်ပါက သူက သူနှင့် ရင်းရင်းနှီးနှီး မနေဟု ပြောလိမ့်မည်ဖြစ်သည်။

လုချန်းကို အိမ်ခေါ်နာမည်ဖြင့် ခေါ်ရခြင်းက သူမအတွက် တကယ်တော့ မဆိုးလှပါ။ ထိုသို့ခေါ်ခြင်းဖြင့် သူနှင့် ပိုမိုနီးစပ်လာနိုင်ပြီး အချိန်ကောင်းရောက်လျှင် လျှို့ဝှက်လဝန်းနန်းတော်နှင့် ပူးပေါင်းဆောင်ရွက်ရာ၌ ပိုမိုလွယ်ကူစေနိုင်သည်။

လင်ဝမ်ရွန် စာကြည့်ခန်းတံခါးဝမှ ထွက်ခွာသွားပြီးနောက် လုချန်း၏ အကြည့်များသည် သူ၏ ရင်ခွင်ထဲရှိ ချူးယုချင်ဘက်သို့ ပြန်လှည့်လာခဲ့သည်။ သူတို့၏ မျက်လုံးများ ဆုံနေကြပြီး ဘာမှမပြောပဲ ကြာမြင့်စွာ နေကြသည်။

လင်ဝမ်ရွန် ဝေးသွားပြီဟု ခံစားရသောအခါ ချူးယုချင် နောက်ဆုံးတွင် စပြောလိုက်သည်။

“ချန်းလေး။ မင်းအခု ပိုကောင်းလာပြီထင်တယ်။ ဒေါ်လေးကို လွှတ်ပေးပါလား။”

လုချန်း စိတ်လွတ်သွားနိုင်သည်ဟု ချူးယုချင်ခံစားရသည်။ သူမ သူနှင့် မြန်မြန်ခွာမသွားပါက မကြာမီ မှားယွင်းမှုတစ်ခု ဖြစ်သွားနိုင်သည်။

လုချန်း ပြောလိုက်သည်။

“ကျွန်တော့်ရဲ့ အတွင်းအား ချက္ကရထဲက ပိတ်မိနေတဲ့ အတားအဆီးတွေ နည်းနည်းတော့ ပျောက်သွားပါပြီ။ ဒါပေမဲ့ တစ်ချို့နေရာတွေမှာ မသက်မသာဖြစ်နေတုန်းပဲ။”

လုချန်း၏ စကားကို ကြားရသောအခါ ချူးယုချင်က သူ့ကို မနှစ်သက်သလိုကြည့်ကာ ပြောလိုက်သည်။

“မင်းဘာပြောနေတယ်ဆိုတာ ဒေါ်လေးမသိဘူးလို့ မထင်နဲ့။ ကျိရွှမ်းတို့ကို သွားရှာပါ။ ဒေါ်လေး အခုပဲ လွှတ်လိုက်ပါ။”

.......

All Chapters