အခန်း ၂၂၀-၂၂၂
Vol. 15 Ch. 220-222
အခန်း (၂၂၀)
“ပြုစုတယ်” ဆိုတာ ဘာကိုဆိုလိုတာလဲ ဒေါ်လေးချူး (၁)
လုချန်း၏ အတွေးကို ချူးယုချင်က မသိပဲ နေမည်မဟုတ်ပါ။ ဒီကောင်စုတ်လေးက သူမ၏ ခန္ဓာကိုယ်ကို လိုချင်နေခြင်းဖြစ်သည်။ ကျေးဇူးတင်စရာကောင်းသည်မှာ အရေးကြီးသော အချိန်တွင် သူမ သတိပြန်ဝင်လာခဲ့ခြင်းဖြစ်သည်။ မဟုတ်ပါက စာကြည့်ခန်းထဲတွင် မသင့်လျော်သော အရာတစ်ခုခုကို ပြုလုပ်မိသွားမည်ဖြစ်သည်။
ချူးယုချင်၏ ရှက်ရွံ့ ဒေါသထွက်နေသောမျက်နှာကို မြင်ရသောအခါ လုချန်းလည်း မနေနိုင်တော့ဘဲ ရယ်မောလိုက်ပြီး
“ကျွန်တော်ဘယ်နေရာမှာ မသက်မသာဖြစ်နေတယ်ဆိုတာ မပြောရသေးဘူးလေဒေါ်လေးချူး။ ကျွန်တော်က အဲဒီနေရာကို ပြောမယ်ဆိုတာ ဒေါ်လေးဘယ်လိုသိလိုက်တာလဲ။” ဟု ပြောလိုက်သည်။
ချူးယုချင်က လုချန်း၏ စကားကို လျစ်လျူရှုလိုက်ပြီး မျက်နှာနီမြန်းလျက် ဆက်ပြောလိုက်သည်။
“ဘာပဲဖြစ်ဖြစ် ဒေါ်လေး မင်းရဲ့ အခြေအနေကို ထိန်းညှိပေးပြီးပြီ။ မင်းအတွင်းအားလေ့ကျင့်တာ ပြဿနာတွေထပ် ရှိလာရင် ဒေါ်လေးဆီ ပြန်လာခဲ့။”
“အခုတော့ ဒေါ်လေးသွားမယ်။”
ပြောပြောဆိုဆိုနှင့်ပင် လုချန်း၏ လက်ထဲမှ လွတ်အောင် ချူးယုချင် ကြိုးစားလိုက်သည်။
...
သို့သော် ထိုအချိန်တွင် သူမ၏ ခန္ဓာကိုယ်ထဲ၌ အားအင်များ မရှိနေပါ။ လုချန်းက သူမ၏ ခန္ဓာကိုယ်တစ်ခုလုံးကို အားနည်းသွားစေခဲ့သောကြောင့် သူမအနေနှင့် သူ့လက်ထဲမှ လွတ်အောင် လုပ်ရန် မလွယ်ကူပါ။
ချူးယုချင်သည် ခါးကို လှည့်ကြည့်လိုက်သော်လည်း လုချန်း၏ လက်ထဲတွင် တင်းကျပ်တည်းစွာ ဖမ်းချုပ်ခံထားရသည်။ ချူးယုချင်လည်း လုချန်း၏ မျက်လုံးများကို မလွှဲမရှောင်သာ ကြည့်လိုက်ရပြီး ပြောလိုက်သည်။
“ချန်းလေး။ မင်း အခု ဘာမှမဖြစ်တော့ဘူး။ ဒေါ်လေးကို လွှတ်လိုက်ပါ။ ချင်လီ ကင်းလှည့်လာရင် တို့ကို တွေ့သွားနိုင်တယ်။”
လုချန်းက မထူးဆန်းသလို ပြောလိုက်သည်။
“သူတွေ့သွားရင် ဘာဖြစ်မှာလဲ။ ကျွန်တော်တို့ မတော်တရော် ဘာမှမလုပ်ခဲ့ဘူး။ ဒေါ်လေးက ကျွန်တော့်ကို ကူညီနေတာပဲ။ သူဘာပြောနိုင်မှာလဲ။”
လုချန်း၏ စကားကို ကြားရသောအခါ ချူးယုချင် နှုတ်ခမ်း စူလိုက်သည်။
အဲ့ဒါဆို ဘာကြောင့် သူတို့ မတော်တရော် တစ်ခုခုလုပ်နေသလို ခံစားနေရတာလဲ။
မုဆိုးမတစ်ယောက် ဖြစ်သောသူမက စာကြည့်ခန်းထဲတွင် သူနှင့် ပွေ့ဖက်နေခြင်းက လူအများမြင်ဖို့ မသင့်သောအရာ မဟုတ်ဘူးလား။
ထိုစဉ် လုချန်း ပြောလိုက်သည်။
“ဒေါ်လေးချူးက အခြားသူတွေရဲ့ အမြင်ကို အရမ်းဂရုစိုက်နေတယ်ထင်တယ်။ သူတို့ရဲ့ အမြင်တွေက တကယ်ပဲ အရေးကြီးလို့လား။ ကျွန်တော့်အတွက်တော့ ကျွန်တော်တို့ ပွေ့ဖက်နေတာ ဒါမှမဟုတ် ကျွန်တော်တို့ လက်ထပ်ပြီးသွားတာတောင် ဘယ်သူမှ ဘာမှပြောပိုင်ခွင့်မရှိဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒေါ်လေးရဲ့ခင်ပွန်းက ကွယ်လွန်သွားပြီးပြီလေ။”
ချူးယုချင်ကို အခြေခံအတွေးအခေါ်အချို့ ဆက်လက်ရိုက်သွင်းရန် လုချန်း ဆုံးဖြတ်လိုက်သည်။ သူမ သူ့ကို မြန်မြန်လက်ခံစေလိုသည်။ ယခင်က သူ မပြောခဲ့သော စကားများကို ပြောရန် အချိန်တန်ပြီဖြစ်သည်။
သူဒီအတိုင်း အချိန်ဆွဲနေပါက ချူးယုချင်ကို မည်သည့်အချိန်တွင် ရယူနိုင်မည်ကို မသိပေ။
ထိုစကားကို ကြားရသောအခါ ချူးယုချင် အံ့အားသင့်သွားသည်။
ဒီနေ့ လုချန်း ဤမျှရဲရင့်ပြီး ထိုကဲ့သို့သော အတွေးများကို ပြောထွက်လိမ့်မည်ဟု သူမ မျှော်လင့်မထားခဲ့ပေ။ ။ သူမအပေါ် အခွင့်အရေး ယူနေခြင်းကပင် ပြဿနာမရှိပါ။ သို့သော် ထိုကဲ့သို့သော စကားများကို တစ်ယောက်ယောက် ကြားသွားပါက သူ့ကို တိုက်ရိုက်သက်ရောက်မှုရှိနိုင်သည်။
ချူးယုချင် ချက်ချင်းပင် လေးနက်စွာဖြင့် ပြောလိုက်သည်။
“ချန်းလေး။ မင်းကို ဒီလိုစကားမျိုးပြောခွင့်မပြုဘူး။ ဒေါ်လေးက မင်းရဲ့ အဒေါ်ပါ။ မင်းဒီလိုအတွေးမျိုး တွေးလို့မရဘူး။”
လုချန်းက ဂရုမစိုက်ဟန်ဖြင့် ပြောလိုက်သည်။
“ဘာမှမဖြစ်ပါဘူး။ ကျွန်တော်တို့က သွေးသားမတော်စပ်ဘူး။ ဒေါ်လေးနဲ့ ကျွန်တော့်အမေက ဆွေမျိုးတွေလည်း မဟုတ်ဘူး။”
ချူးယုချင်က ဆက်ပြောလိုက်သည်။
“တို့တွေက သွေးသား တော်စပ်မှု မရှိပေမဲ့ မင်း ဒီလိုအတွေးတွေ မတွေးသင့်ဘူး။ ဒေါ်လေးက မုဆိုးမတစ်ယောက်ပါ။ မုဆိုးမတစ်ယောက်အပေါ် ဒီလိုအတွေးတွေ မတွေးသင့်ဘူး။ မင်းက ဧကရာဇ်ဖြစ်လာမယ့်သူပါ။ မင်းရဲ့ဂုဏ်သတင်းမှာ အညစ်အကြေးတွေ မရှိသင့်ဘူး။”
“ချန်းလေး။ မင်းရဲ့ဂုဏ်သတင်းကို ဒေါ်လေးကြောင့် မပျက်စီးစေနဲ့။”
ချူးယုချင်၏ စကားကို နားထောင်ရင်း လုချန်းက သူမ၏ လှပသော မျက်နှာကို ကြည့်ရင်း ပြုံးလိုက်ကာ
“ဒေါ်လေးချူး ကျွန်တော့်ကို ရှောင်တာက ကျွန်တော့်ထိခိုက်မှာစိုးလို့လား။ဒေါ်လေးကြောင့် ကျွန်တော့် ဂုဏ်သတင်းပျက်စီးမှာစိုးရိမ်နေတာလား။”
“တကယ်လို့ ကျွန်တော်က ကျွန်တော့်ဂုဏ်သတင်းကို ဂရုမစိုက်ဘူးဆိုရင် ဒေါ်လေးကို အဲ့ဒါလုပ်လို့ရမလား။”
လုချန်း၏ စကားကို ကြားလိုက်ရသည့်အခါ ချူးယုချင် ရုတ်တရက် စိတ်လှုပ်ရှားသွားပြီး တုန်ယင်သွား၏။ လုချန်းကို သူမ၏ ကိုယ်ပိုင်ရှုထောင့်မှ ငြင်းပယ်ရန် သူမ တစ်ခါမှ မတွေးမိခဲ့ပေ။
အကြိမ်တိုင်းတွင် လုချန်း၏ အပြုအမူများကြောင့် သူ့အတွက် ဖြစ်လာနိုင်သည့် အကျိုးဆက်များကို သူမ ပြောပြလေ့ရှိပြီး သူမအတွက် ဖြစ်လာမည့် အကျိုးဆက်များကို ထည့်သွင်းစဉ်းစားခြင်း မရှိပေ။
လုချန်း၏ ရှုထောင့်မှ ကြည့်လျှင် သူသည် သူ၏ ဂုဏ်သတင်းကို ဂရုမစိုက်သူတစ်ဦးဖြစ်သည်။ လုချန်းကိုယ်တိုင် သူ၏ ဂုဏ်သတင်းကို ဂရုမစိုက်ပါက သူတို့နှစ်ဦးစလုံးဂုဏ်သတင်းကို ဂရုစိုက်စရာ မလိုတော့ပေ။
သူတို့နှစ်ဦးစလုံးက ဂုဏ်သတင်းများကို ဂရုမစိုက်ပါက မလုပ်နိုင်တာ ဘာများ ရှိမည်နည်း။
ချူးယုချင် ပြန်ပြောတော့မည့် အချိန်တွင် လုချန်းက ဆက်ပြောလိုက်သည်။
“ မုဆိုးမတစ်ယောက်နဲ့ လက်ထပ်တာကို ဂုဏ်သတင်းပျက်စီးမှုလို့ ကျွန်တော် ဘယ်တုန်းကမှ မယူဆခဲ့ဖူးဘူး ဒေါ်လေးချူး။ နောက်ပြီး သမိုင်းတစ်လျှောက်မှာ ဧကရာဇ်တွေဟာ ကိုယ်ကျင့်တရားကောင်းသူတွေ မဟုတ်ကြဘူး။ တချို့ဧကရာဇ်တွေဆို သူတို့ရဲ့ ညီအစ်ကိုတွေ၊ သားတွေရဲ့ ဇနီးတွေကို မက်မောကြတယ်။ အဲဒါတောင် အဲ့ဒီလူတွေ အသက်ရှင်နေတုန်းမှာပါ။”
“ဒေါ်လေးရဲ့ ခင်ပွန်းက သေသွားတာ အချိန်အတော်ကြာပြီ ဒေါ်လေးချူး ။ ဒါဆို အခြားယောက်ျားတစ်ယောက်ကို ရှာတာက လုံးဝပုံမှန်ပဲလို့ မထင်ဘူးလား။ သာမန်လူတွေထဲမှာ မုဆိုးမတွေ နောက်အိမ်ထောင်ပြုတာတွေ အများကြီးရှိတယ်။ အဲ့ဒီကိစ္စကိုလည်း လူတွေကြားမှာ အများကြီး ပုံကြီးချဲ့ ပြောဆိုကြတာမျိုး မရှိဘူး။ ဒေါ်လေးက ဒေါ်လေးတစ်ခါမှ မတွေ့ဖူးတဲ့ ခင်ပွန်းအတွက် တစ်သက်လုံး မုဆိုးမဘဝနဲ့ နေတော့မှာလား။”
“နောက်ပြီး ပြည်သူတွေက တစ်ခုခုပြောခဲ့ရင်တောင် အများဆုံး ကျွန်တော်က ကိုယ်ကျင့်တရား မကောင်းဘူးလို့ ထင်ကြရုံပဲ။ ဒါပေမဲ့ အဲဒါက သူတို့နဲ့ မဆိုင်ပါဘူး။”
“ရှနိုင်ငံတော်က လူတွေက ကျွန်တော် ကာမဂုဏ်မက်မောတယ်ဆိုတာ သိပြီးသားပါ။ အကယ်၍ ကျွန်တော်က ဒေါ်လေးရဲ့ ခန္ဓာကိုယ်ကို ယူလိုက်ရင်တောင် သာမန်ပြည်သူတွေရဲ့ အမြင်မှာတော့ အထူးအဆန်းမဟုတ်ပါဘူး။”
“သာမန်ပြည်သူတွေက လက်ခံနိုင်တယ်ဆိုရင် ဒေါ်လေးချူးက ဘာကို စိုးရိမ်နေတာလဲ။”
ထိုသို့ပြောပြီးနောက် လုချန်းက ချူးယုချင်၏ ပါးပြင်ကို ဖုံးနေသော ဆံပင်များကို ညင်သာစွာ ဖယ်ရှား၏။
လုချန်းရဲ့ စကားများက ချူးယုချင်ကို လုံးဝ စိတ်ရှုပ်ထွေးသွားစေ၏။ သူ့စကားများက တော်တော်လေး သဘာဝကျနေဟည်။ အစကတည်းက လုချန်း၏ ဂုဏ်သတင်းသည် သိပ်အကောင်းကြီး မဟုတ်ပါ။ ဝန်နင်းတောင်ကြားမှာ ဖြစ်ခဲ့တဲ့ တိုက်ပွဲကြောင့်သာသူ့ရဲ့ဂုဏ်သတင်း အနည်းငယ် တိုးတက်လာခြင်းဖြစ်သည်။
သို့သော် လူအများစုကတော့ လုချန်းကို ကာမဂုဏ် လိုက်စားသူအဖြစ် မြင်နေဆဲဖြစ်သည်။ သို့သော် သူမအတွက်တော့ ဒါက သိပ်ပြဿနာမရှိပါ။ ကာမဂုဏ် လိုက်စားခြင်းကို အပြစ်တစ်ခုလို့ သူမ မမြင်ပါ။
ကာမစိတ်မရှိသောယောက်ျား မရှိပါ။
.....
အခန်း (၂၂၁ )
“ပြုစုတယ်” ဆိုတာ ဘာကိုဆိုလိုတာလဲ ဒေါ်လေးချူး (၂)
သာမန်လူထု၏ အမြင်တွင် လုချန်းသည် သူရဲကောင်းတစ်ယောက် ဖြစ်နေသေးသည်။ ထို့ကြောင့် လုချန်း မုဆိုးမတစ်ယောက်ကို ယူခဲ့လျှင်တောင် လူတွေက သူ့ကိုနားလည်ကြလိမ့်မည်ဖြစ်သည်။
လုချန်းသည် ကောင်းကင်ဝံပုလွေဘုရင်၏ မိဖုရားကို လက်ထပ်ယူခဲ့သည်။ ဒါကို မြောက်ပိုင်းမြို့တော်တွင် နေထိုင်သူတွေများရော ရှနိုင်ငံတော် လူထုကပါ ဘာမှမပြောကြပါ။ ဒါဆို မုဆိုးမတစ်ယောက်ကို လက်ထပ်ယူရင်ကော။
သို့သော် သူမသည် လွင်ပြင်ဒေသ မျိုးနွယ်စုများကို တိုက်ခိုက်ခဲ့သော သူရဲကောင်းတစ်ယောက်ရဲ့ မိန်းမဖြစ်ခဲ့သည်။ ထို့ကြောင့် လုချန်းက သူမကို အတင်းအကျပ် လက်ထပ်ယူခဲ့မည် ဆိုပါက မလိုလားအပ်သော ပြဿနာများ ဖြစ်လာနိုင်သည်။
ထိုစဉ် ချူးယုချင်၏ မျက်နှာနီရဲလာပြီး ထိတ်လန့်တကြား ပြောလိုက်သည်။
“ချန်းလေး။ ရပ်လိုက်ပါ။ ဒေါ်လေးက မင်းရဲ့ အဒေါ်ပါ။ မင်းကို ဒီလို အတွေးတွေ တွေးခွင့် မပြုဘူး။”
...
လုချန်း၏ ပြင်းထန်သော အကြည့်များကို ခံစားလိုက်ရသောအခါ ချူးယုချင် နားလည်လိုက်သည်။ သူက သူမရဲ့ ခန္ဓာကိုယ်ကို တကယ် တောင့်တနေတာဖြစ်သည်။
ဘယ်လိုပဲဖြစ်ဖြစ် သူမအနေနှင့် သူမ၏ ရပ်တည်ချက်ကို ခိုင်မာစွာ ထိန်းသိမ်းထားရမည်ဖြစ်သည်။ သူမ အမှားမလုပ်ရပါ။ လုချန်းကိုလည်း စည်းမကျော်သွားစေရပါ။
ချူးယုချင်က ဆက်ပြောလိုက်သည်။
“ဒေါ်လေးကို မြန်မြန်လွှတ်လိုက်ပါ။ အခုမလွှတ်ရင် ဒေါ်လေး ဒေါသထွက်သွားမယ်။”
အခြေအနေက မူမမှန်ဟု ချူးယုချင် ခံစား နေရသည်။ အရင်က သူမရဲ့ ခန္ဓာကိုယ်ကို တောင့်တသော အတွေးများ လုချန်းဆီမှာ ရှိခဲ့သော်လည်း သူက ဒါကို ထုတ်ဖော်ပြောဆိုခဲ့ခြင်း မပြုပါ။ အခု သူထုတ်ပြောလိုက်ခြင်းက နောက်တစ်ဆင့်ကိုလှမ်းဖို့ အဆင်သင့်ဖြစ်နေပြီလို့ ဆိုလိုခြင်းဖြစ်သည်။
နောက်တစ်ဆင့်က ဘာလဲ။ သူမက စဉ်းစားဖို့တောင် မလိုပါ။ သူက သူမရဲ့ ခန္ဓာကိုယ်ကို ရယူဖို့ ရည်ရွယ်နေတာ သေချာသည်။
ဒီလိုသာ ဆက်သွားမည် ဆိုပါက လုချန်းနဲ့ သူမရဲ့ စင်ကြယ်မှုကို ဆုံးရှုံးသွားနိုင်သည်။ ထို့ပြင် အရင်တစ်ခါလိုမျိုး လုချန်းက လွှတ်မပေးတော့ပါ။ သူ၏လက်များက ချူးယုချင်၏ နူးညံ့သော ခန္ဓာကိုယ်ကို ခိုင်မြဲစွာ ပွေ့ဖက်ထားဆဲဖြစ်သည်။
သူမ၏ ကျောက်စိမ်းကဲ့သို့ ချောမွေ့သော လက်များဖြင့် လုချန်း၏ ကျယ်ပြန့်သော ရင်ဘတ်ကို တွန်းထုတ်ရန် ချူးယုချင် ကြိုးစားလိုက်သည်။ သို့သော် မည်မျှပင် တွန်းနေစေကာမူ အကျိုးမရှိပါ။
လုချန်းက ချူးယုချင်၏ သဘောကျမှုအဆင့်ကို ကြည့်လိုက်သည်။ အဆင့်သည် ၉၉ တွင် ရှိနေဆဲဖြစ်ပြီး အနည်းငယ်မှ မလျော့သွားပေ။
ချူးယုချင်၏ စိတ်ထဲတွင် အတားအဆီးတစ်ခုရှိကြောင်း လုချန်းသိသည်။ ထိုအတားအဆီးကို သူမမကျော်လွှားနိုင်သရွေ့ သူ့၏အမျိုးသမီးဖြစ်ရန် လက်မခံနိုင်မည် မဟုတ်ပေ။
ယခင်က ချူးယုချင်ကို တဖြည်းဖြည်း သူ့နှင့် ကျင့်သားရလာစေရန် လုချန်း ကြိုးစားခဲ့သည်။ သို့သော် ချူးယုချင်က အရေးကြီးသောအချိန်များတွင် ရုတ်တရက် သတိရလာတတ်သည်။
လုချန်းက လက်မလျှော့သည်ကို သိလိုက်ရသည်နှင့် ချူးယုချင်က သူမ၏ခါးကို လှည့်ကာ သူ့ကို ရှောင်ရှားရန် ကြိုးစားသည်။ သို့သော် မည်မျှပင် ရုန်းကန်စေကာမူ သူမ လွတ်မြောက်နိုင်ခြင်းမရှိပေ။ ထို့နောက် ချူးယုချင်က ခေါင်းကို မော့ကာ လုချန်း၏ မျက်လုံးများကို ကြည့်လိုက်သည်။
သူမ၏မျက်လုံးများသည် ဝေဝါးနေပြီး မျက်နှာက ပန်းရောင်ပြောင်းနေကာ သူမကို ပို၍ဆွဲဆောင်မှု ရှိစေသည်။
ချူးယုချင်က ညင်သာစွာ ပြောလိုက်သည်။
“ချန်းလေး။ မင်းမှာ အမျိုးသမီးတွေ အများကြီးရှိပြီးသားပဲ။ ဒေါ်လေးကို လွှတ်ပေးပါလား”
လုချန်းက စကားမပြောပေ။ သူ၏မျက်လုံးများထဲတွင် မီးတောက်များ ရှိနေသကဲ့သို့ ထင်ရသည်။ သူ၏ရှေ့တွင် ရှိနေသော ထိုလှပသည့် အမျိုးသမီး၏ သနားစရာကောင်းနေပုံကို မြင်နေရသောအခါ လုချန်းလည်း စိတ်လှုပ်ရှားမှုများကို မထိန်းချုပ်နိုင် ဖြစ်လာသည်။
အကျိုးဆက်များကို မတွေးတော့ပဲ လုချန်းသည် နောက်တစ်ကြိမ် ကိုယ်ကိုင်းညွှတ်လိုက်ကာ ချူးယုချင်ကို နမ်းရန် ကြိုးစားလိုက်သည်။ ထိုအရာကို မြင်လိုက်ရသည်နှင့် ချူးယုချင်လည်း ခေါင်းကို လှည့်ကာ ရှောင်ရှားရန် ကြိုးစားလိုက်သည်။ သို့သော် လုချန်းက သူမအလွယ်တကူ လှုပ်ရှား၍ မရအောင် လုပ်လိုက်ပြီး သူ၏နှုတ်ခမ်းများကို သူမ၏နှုတ်ခမ်းများပေါ်သို့ ဖိကပ်လိုက်သည်။
နမ်းနေစဉ်တွင် သူ၏မငြိမ်မသက်ဖြစ်နေသော လက်များသည် ချူးယုချင်၏ ကိုယ်ခန္ဓာပေါ်တွင် လှည့်လည်နေသည်။
သူမ၏စိတ်များ လုံးဝဗလာဖြစ်သွားသည်ကို ချူးယုချင် ရုတ်တရက် ခံစားမိသည်။ ရုန်းကန်လိုသော်လည်း သူမ၏အင်အားများ လုံးဝကုန်ခမ်းသွားပြီး လုချန်းကို သူ့စိတ်ကြိုက်လုပ်ခွင့်ပေးလိုက်ရသည်။
ချူးယုချင်၏ နှလုံးသားထဲတွင် ကျန်ရှိနေသော တစ်ခုတည်းသော အတွေးမှာ သူမ ဒီကောင်စုတ်လေး၏ အနိုင်ကျင့်ခြင်းကို လုံးဝခံရတော့မည်ဟူသော အတွေးဖြစ်သည်။
မည်မျှကြာကြာ နမ်းနေခဲ့သည်မသိ လုချန်း ရုတ်တရက် တစ်ခုခုကို သတိထားမိလိုက်ပြီး နမ်းခြင်းကို ရပ်လိုက်၏။ ထိုအချိန်တွင် ချူးယုချင်၏မျက်နှာပေါ်တွင် မျက်ရည်များ စီးကျနေသည်ကို သတိထားမိသည်။
ထိုအရာကို မြင်လိုက်ရသည်နှင့် လုချန်း၏ စိတ်များ ချက်ချင်းပြေလျော့သွားပြီး သူ၏နှလုံးထဲရှိ မငြိမ်မသက် ဖြစ်နေမှုများလည်း ချက်ချင်းပင် ပျောက်ကွယ်သွားသည်။
ချူးယုချင် ငိုနေပြီဖြစ်သည်။ လုချန်းလည်း အံ့အားသင့်သွားပြီး ချူးယုချင်ကို ဘယ်လိုနှစ်သိမ့်ရမှန်း မသိဖြစ်သွားသည်။ ခဏအတွင်း လုချန်းလည်း အမှားလုပ်မိသော ကလေးတစ်ယောက်ကဲ့သို့ ဖြစ်သွားခဲ့သည်။ သူက ချက်ချင်း ပြောလိုက်သည်။
“ဒေါ်လေးချူး။ ကျွန်တော့် အမှားပါ။ ဒေါ်လေးကို ဒီလိုစကားမျိုး မပြောခဲ့သင့်ဘူး။ မငိုပါနဲ့တော့။”
ချူးယုချင်က ငိုနေရင်း ပြောလိုက်သည်။
“ဟင်း ဟင်း။ မင်းက ဒေါ်လေးကို အဒေါ်လို့လို့ သတ်မှတ်နေသေးတာလား။ အဲ့ဒါဆို ဒါက ဘယ်လိုအနိုင်ကျင့်မှုမျိုးလဲ။”
“ ဒေါ်လေးက မင်းအမေရဲ့ ညီမပါ။ ချူးယွဲ့နဲ့ သွေးသောက် ညီအစ်မပါ။ မင်းက ဒေါ်လေး အပေါ်ကို ဘာလို့ဒီလိုအတွေးတွေ တွေးနိုင်တာလဲ။ ဒေါ်လေးကို ဘယ်လိုမျိုး သတ်မှတ်ထားတာလဲ ဟင်းဟင်း…”
လုချန်းက ချူးယုချင်၏ နူးညံ့သော ခါးကို ဖက်ထားရင်း ဘာပြောရမှန်း မသိတော့ပေ။
အချိန်အတန်ကြာပြီးနောက် ချူးယုချင်၏စိတ်များ ငြိမ်သက်သွားခဲ့သည်။ သူမ၏ မျက်ရည်များကို သုတ်လိုက်ပြီးနောက် လုချန်းက သူမကို အပြစ်ကင်းစင်သော မျက်နှာဖြင့် ကြည့်နေသည်ကို မြင်သောအခါ သူမက ပြောလိုက်သည်။
“ချန်းလေး။ ဒီနေ့ ဘာမှမဖြစ်ခဲ့သလို နေလိုက်ကြရအောင်။ ဒေါ်လေးကို လွှတ်ပေးပါ။ တို့ ဒီလိုမျိုး လုပ်လို့ မရဘူး။”
လုချန်းက သက်ပြင်းချလိုက်ပြီး ပြောလိုက်သည်။
“ယုချင်။ မင်းက တကယ်ပဲ ကိုယ့်ကို မနှစ်သက်ဘူးလား။”
ထိုမေးခွန်းကို ကြားလိုက်ရသောအခါ ချူးယုချင် အံ့အားသင့်သွားခဲ့သည်။ ဒီတစ်ကြိမ်တွင် လုချန်းက သူမကို ဒေါ်လေးချူးဟု မခေါ်တော့ဘဲ သူမ၏နာမည်ဖြင့် ခေါ်လိုက်ခြင်းဖြင့် သူတို့၏ ဆက်ဆံရေးကို ပိုမိုနီးကပ်စေခဲ့သည်။
လုချန်း၏ ဝမ်းနည်းပူဆွေးနေသော မျက်နှာကို မြင်ရသောအခါ ချူးယုချင် တိတ်ဆိတ်သွားခဲ့သည်။ လုချန်း၏ မေးခွန်းကို ဘယ်လိုဖြေရမှန်း သူမ မသိတော့ပါ။
သူ့ကို မကြိုက်ဘူးလို့ ပြောမည်ဆိုပါက သူမ၏ စိတ်ခံစားချက်များကို လုံးဝဆန့်ကျင်ရာရောက်သွားမည်။ မကြာသေးခင်ကပင် သူမညတိုင်း လုချန်းကို အိပ်မက်မက်နေပြီး တစ်ခါတစ်ရံတွင် သူမမှာ မရှိသင့်သော အတွေးများကို မွေးမြူနေမိသည်။
ယနေ့ စာကြည့်ခန်းထဲတွင် ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်မျိုးကို သူမတစ်ကြိမ်ထက် ပိုပြီး စိတ်ကူးယဉ်ခဲ့ဖူးသည်။ သို့သော် ထိုအရာများသည် စိတ်ကူးယဉ်မှုများသာ ဖြစ်သည်။ သူမသည် သူမ၏ ရပ်တည်ချက်ကို ခိုင်ခိုင်မာမာ မှတ်ယူထားပြီး ထိုကဲ့သို့သော အတွေးများမှ ရှောင်ရှားနေခဲ့သည်။
သို့သော် သူမ သဘောတူလိုက်ပါက သူတို့၏ ဆက်ဆံရေးက လုံးဝပွင့်လင်းသွားမည်ဖြစ်သည်။ သို့သော် ထိုသို့လုပ်ရန် မသင့်တော်ပါ။
.........
အခန်း (၂၂၂)
“ပြုစုတယ်” ဆိုတာ ဘာကိုဆိုလိုတာလဲ ဒေါ်လေးချူး (၃)
သူမ၏ စိတ်ထဲတွင် ရှိသော အတားအဆီးကို သူမဘယ်လိုမှ ကျော်လွှားနိုင်မည် မဟုတ်ပေ။ အကယ်၍ သူမ အမှားတစ်ခုခု လုပ်မိပြီး လုချန်း၏ ကြီးမားသော လုပ်ငန်းကို ထိခိုက်စေပါက သူမ ဘဝတစ်လျှောက်လုံး နောင်တရပြီး အပြစ်ရှိသလို ခံစားနေရမည်ဖြစ်သည်။
လုချန်းက ချူးယုချင်၏ လှပသော မျက်လုံးများကို စိုက်ကြည့်လျက် ဆက်ပြောလိုက်သည်။
“ယုချင်။ ကိုယ်ဝန်ခံမယ်။ ကိုယ်မင်းရဲ့ ခန္ဓာကိုယ်ကို တကယ်ပဲ လိုချင်တယ်။”
“ဒါပေမဲ့ မင်းကို ကိုယ်ချစ်တာက မင်းရဲ့ အလှကို လိုချင်တစ်ခုတည်း မဟုတ်ဘူး။ ကိုယ်ငယ်ငယ်တည်းက မင်းကို ကြိုက်ခဲ့တာ။ ကိုယ့်အမေ တစ်ခါက ပြောခဲ့တဲ့စကားကို မင်းမှတ်မိသေးလား။ သူက ကိုယ်ကြီးလာရင် မင်းကို ကိုယ်နဲ့ လက်ထပ်ပေးပြီး မင်းကို ကိုယ့်ဇနီးအဖြစ် ထားမယ်။ ပြီးတော့ကိုယ့်ကို ဘဝတစ်လျှောက်လုံး စောင့်ရှောက်ပေးရမယ်လို့ ပြောခဲ့တယ်။ အဲဒီအချိန်ကစပြီး ကိုယ်မင်းကို ကိုယ့်ဇနီးလို့ တွေးခဲ့တာ။”
“ဒါပေမဲ့ နောက်ပိုင်းမှာ မင်းက ဝမ်မိသားစုကလူနဲ့ စေ့စပ်သွားတယ်။ မင်းအခြား တစ်ယောက်ကို လက်ထပ်တော့မယ်ဆိုတာ ကိုယ်သိလိုက်ရတဲ့နေ့မှာ ကိုယ့်နှလုံးသားကို ဓားနဲ့ လှီးဖြတ်နေသလို ခံစားခဲ့ရတယ်။ အချိန် အတော်ကြာကြာအထိ ကိုယ်ဘာမှမစား မသောက်နိုင်ခဲ့ဘူး။ တစ်ယောက်ယောက်ကို မင်းကိုလုယူခိုင်းပြီး ပြန်ခေါ်လာဖို့တောင် တွေးခဲ့ဖူးတယ်။”
“ကံကောင်းတာက မင်းလည်း ဝမ်မိသားစုက လူနဲ့ လက်မထပ်ဖြစ်ခဲ့ဘူး။ ဘာကြောင့်မှန်းမသိပဲ သူရုတ်တရက် သေဆုံးသွားခဲ့တယ်။ သူ မသေခဲ့ရင် ကိုယ်မင်းကို ထာဝရ ဆုံးရှုံးသွားမှာပဲ။”
“မင်းမရှိရင် ကိုယ့်ဘဝက ဘယ်လိုဖြစ်သွားမလဲ ကိုယ်မသိဘူး။”
“ မင်းက ကိုယ့်ထက် မျိုးဆက်တစ်ဆက် ကြီးတော့ ကိုယ့်ကို ကလေးတစ်ယောက်လို ဆက်ဆံနေတာ။”
“ကိုယ်ချစ်တဲ့သူက ကိုယ့်ရှေ့မှာ ရှိနေပေမဲ့ လူတွေဖန်တီးထားတဲ့ မျိုးဆက်ကွာဟမှုတစ်ခုကြောင့် အတူနေဖို့ မဖြစ်နိုင်တာကို ကိုယ် စိတ်ပျက်တယ်။”
“ကိုယ့်အမေက မင်းရှေ့မှာ ကိုယ်ကြီးလာရင် မင်းကို ကိုယ့်အတွက် ပေးမယ်လို့ ကတိပေးခဲ့တယ်။ မင်းလည်း သဘောတူခဲ့တယ်။ မင်းက ကိုယ့်အမေရဲ့ စကားတွေကို အရမ်းဂရုစိုက်ပေမယ့် ဒီကိစ္စကိုတော့ လုံးဝမေ့သွားတာ။”
လုချန်း၏ စကားများကို ကြားလိုက်ရသောအခါ ချူးယုချင် စကားမပြောနိုင်တော့ပေ။
နေသာပြီး သာယာသော နေ့ခင်းပိုင်းအချိန်တစ်ခု၌ နန်းတော်အတွင်းရှိ အဆောင်တစ်ခုတွင် ဖြစ်ခဲ့ဖူးသော ဖြစ်ရပ်တစ်ခုကို ချူးယုချင် သတိရလာခဲ့သည်။ ထိုအချိန်တွင် သူမသည် တစ်နှစ် နှစ်နှစ်သားခန့်ရှိ လုချန်းကို ပွေ့ဖက်ထား၏။ လုချန်းက စကားပြောတတ်စ အရွယ်ဖြစ်သည်။
လုချန်းက သူမ၏ လက်ထဲတွင် နေရတာကို နှစ်သက်နေဟန်ရှိသည်ကို မြင်ရသောအခါ ချူးယွဲ့က ပြောလိုက်သည်။
“ချန်းလေး။ မင်းက ယုချင်ကို အရမ်းကြိုက်တော့ မင်းကြီးလာရင် အမေက သူ့ကို မင်းနဲ့လက်ထပ်ပေးမယ်။ မင်းရဲ့ ဇနီးအဖြစ် ထားမယ်။ သူကဘဝတစ်လျှောက်လုံး မင်းကို စောင့်ရှောက်ပေးလိမ့်မယ်။ ဘယ်လိုလဲ။”
ချူးယုချင်၏ လက်ထဲတွင် ရှိသော လုချန်းက ဝမ်းသာစွာဖြင့် ပြန်ဖြေလိုက်သည်။
“ဟုတ်ကဲ့၊ ဟုတ်ကဲ့။”
ချူးယွဲ့က ချူးယုချင်ဘက်သို့ ကြည့်လိုက်ပြီး
“ယုချင်။ မင်းကော ချန်းလေးကို လက်ထပ်ပြီး အစ်မအစား သူ့ကို ဘဝတစ်လျှောက်လုံး စောင့်ရှောက်ပေးမယ်လို့ သဘောတူပါလား။”
ချူးယုချင်က တုန့်ပြန်လိုက်သည်။
“ယွဲ့။ ကျွန်မ သဘောတူပါတယ်။ ချန်းလေးက အရမ်းချစ်စရာကောင်းတယ်။ ဘယ်အမျိုးသမီးက သူ့ကို မကြိုက်ဘဲ နေနိုင်မှာလဲ။”
သူမ ပြောနေစဉ် ချူးယုချင်က ကိုယ်ကိုကိုင်းညွှတ်လိုက်ကာ သူမ၏ နဖူးကို လုချန်း၏ နဖူးနှင့် ပွတ်တိုက်လျက်
“ချန်းလေး။ နောင်တစ်ချိန်မှာ ဒေါ်လေးက မင်းရဲ့ ဇနီးဖြစ်လာမယ်။ မင်း ဒေါ်လေးကို မနှိပ်စက် ရဘူးနော်။” ဟု ပြောလိုက်သည်။
ထိုဖြစ်ရပ်က အလွန်ကြာခဲ့ပြီ ဖြစ်သောကြောင့် ထိုစဉ်က သူမ ပြောခဲ့သော စကားများကို ချူးယုချင် လုံးဝနီးပါး မေ့သွားခဲ့၏။ လုချန်းပင် တစ်နှစ် သို့မဟုတ် နှစ်နှစ်သားသာ ရှိဦးမည် ဖြစ်သည်။
သို့သော် သူမက ယခု လက်ထပ်ပြီးသား ဖြစ်နေပြီဖြစ်သည်။ လုချန်း၏ ဇနီးဖြစ်ရန် မထိုက်တန်တော့ပါ။ ထို့ကြောင့် သူမသည် လုချန်း၏ ဘဝတွင် အုပ်ထိန်းသူ လူကြီးတစ်ယောက်၏ အခန်းကဏ္ဍကို အတင်းအကျပ် ယူခဲ့သည်။
မျက်နှာဖုံးကို အကြာကြီး တပ်ထားပါက ဖြုတ်လို့မရတော့ပေ။ လုချန်းကို အမှန်တကယ်ပင် သူမ၏ မောင်ငယ်တစ်ယောက်အဖြစ် သူမအမြဲမှတ်ယူခဲ့သည်။ ထိုအချိန်တွင် စာကြည့်ခန်းသည် တိတ်ဆိတ်နေခဲ့သည်။
အချိန်အတန်ကြာပြီးနောက် ချူးယုချင်က တုန်တုန်ယင်ယင်ဖြင့်
“ချန်… ချန်းလေး။ ဒေါ်လေးက … လက်ထပ်ပြီးသား…”
လုချန်းက ချူးယုချင်၏ မျက်လုံးများကို ကြည့်ရင်း ပြောလိုက်သည်။
“ကျွန်တော် ဂရုမစိုက်ဘူး။”
ချူးယုချင်လည်း ဘာပြောရမှန်း မသိတော့ပဲ ထပ်မံ၍ တုန်လှုပ်သွားခဲ့သည်။ ချူးယုချင် တိတ်ဆိတ်နေဆဲဖြစ်သည်ကို မြင်သောအခါ လုချန်းက လုံလောက်ပြီဟု သိလိုက်ပြီး ပြောလိုက်သည်။
“ဒေါ်လေးချူး။ ဒါကို ဒီအတိုင်းထားလိုက်ပါ။ ဒါတွေ ဘာမှမဖြစ်ခဲ့သလို ကျွန်တော် သဘောထားပါ့မယ်။ အခုကစပြီး ဒေါ်လေးက ကျွန်တော့်အဒေါ်ပဲ။ ကျွန်တော်က ဒေါ်လေးရဲ့ ချန်းလေးပဲ။”
ထို့နောက် လုချန်းက ချူးယုချင်ကို လွှတ် ပေးလိုက်သည်။ ရုတ်တရက် လုချန်း၏ လက်ထဲမှ လွတ်သွားသောအခါ သူမစိတ်ထဲ တစ်ခုခု ဆုံးရှုံးသွားသလို ချူးယုချင် ခံစားလိုက်ရသည်။
သူမ စိတ်ရှုပ်ထွေးသွားခဲ့၏။ လုချန်း သူမ ကို မသင့်လျော်တာတွေ လုပ်နေစဉ်ကထက်ပင် ပို၍ စိတ်ရှုပ်ထွေးသွားခဲ့သည်။ သို့သော် သူမ ဘာကြောင့် စိတ်ရှုပ်ထွေးနေရသည်ကို သူမ ကိုယ်တိုင်ပင် နားမလည်ခဲ့ပါ။
အပြစ်ရှိသလို ခံစားမှုတစ်ခုက ချက်ချင်းပင် သူမ၏ ဦးနှောက်ကို လွှမ်းမိုးသွားခဲ့သည်။ သူမ အတော်လေး အတ္တကြီးနေမိသလားဟု ချူးယုချင် တွေးမိလိုက်သည်။ သူမ လုချန်းအတွက် လုပ်နေတယ်လို့ ဆိုသော်လည်း လုချန်းက သူမကို တကယ်ပဲ ကြိုက်နေနိုင်သည်ကို သူမ လုံးဝမတွေးမိခဲ့ပေ။
အမြဲတမ်း လုချန်းကို ရှောင်နေခြင်းက သူ့ကို နာကျင်စေနေမည် မဟုတ်ပါလား။
“ချန်… ချန်းလေး… ဒေါ်လေး…”
ချူးယုချင်လည်း သူမ၏ စကားကို ဖြတ်လိုက်ပြီး ဘာပြောရမှန်း မသိတော့ပေ။
ထိုအချိန်တွင် လုချန်းက ပြောလိုက်သည်။ “ဒေါ်လေးချူး ကျွန်တော် ပြောခဲ့တဲ့ စကားတွေကို စိတ်ထဲမှာ မထားပါနဲ့။ ကျွန်တော်နားလည်သွားပြီ။ လူတိုင်းမှာ သူတို့ရဲ့ ကိုယ်ပိုင် ရွေးချယ်မှုတွေ ရှိပါတယ်။ ဒေါ်လေး မလုပ်ချင်ဘူးဆိုရင် ကျွန်တော် မတိုက်တွန်းတော့ဘူး။ နောက်ပိုင်းမှာ ဒေါ်လေးက ကျွန်တော့်ရဲ့ဒေါ်လေးပဲ။ ကျွန်တော့် အဒေါ်လိုပဲ ဆက်ဆံပါမယ်။ ကျွန်တော်တို့ ဆက်ဆံရေးက ပြောင်းလဲမှာ မဟုတ်ဘူး။”
လုချန်းက ထိုသို့ပြောနေသော်လည်း သူတို့ ယခင်ကကဲ့သို့ ပြန်ဖြစ်နိုင်မည် မဟုတ်ဟု ချူးယုချင် ခံစားရသည်။ သူမနှင့် လုချန်းကြားတွင် ဝေးကွာမှုတစ်ခု ဖြစ်ပေါ်လာသလို ခံစားရသည်။
လုချန်းက နောက်ထပ် ဘာမှမပြောတော့ပဲ လှည့်ထွက်သွားရန် ပြင်လိုက်သည်။
လုချန်း စာကြည့်ခန်းမှ ထွက်ခွာတော့မည်ကို မြင်သောအခါ ချူးယုချင်၏ စိတ်ထဲမှ ရှုပ်ထွေးမှုများ ပေါက်ကွဲထွက်လာခဲ့ပြီး လုချန်း၏ လက်ကို အလျင်အမြန် ဆုပ်ကိုင်လိုက်သည်။
လုချန်းလည်း အံ့အားသင့်သွားပြီး ချူးယုချင်ကို လှည့်ကြည့်လိုက်သည်။
ထိုအချိန်တွင် ချူးယုချင်၏ မျက်နှာတွင် ရှုပ်ထွေးမှုများ ပြည့်နှက်နေသော်လည်း သူမ၏ သတ္တိကို စုစည်းကာ ပြောလိုက်သည်။
“ချန်းလေး။ ဒေါ်လေးကို အချိန်အနည်းနည်းပေးပါ။ ရလား…”
သူမ၏ စကားကို ကြားလိုက်ရသောအခါ လုချန်း ခဏခန့် အံ့အားသင့်သွားခဲ့သည်။ ဤတစ်ကြိမ်တွင် ဆက်ဆံရေးကို ရုတ်တရက်ဖြတ်တောက်ရန် သူရည်ရွယ်ခဲ့သော်လည်း ထိုဖြတ်တောက်မှုသည် မျှော်လင့်ထားသည်ထက် ပိုမိုနက်ရှိုင်းသွားခဲ့သည်။ သူ၏ အဓိက ရည်ရွယ်ချက်မှာ သူ့နှင့်လက်ထပ်ပေးရန် သူ့အမေရှေ့မှာ ကတိပေးခဲ့ကြောင်း ချူးယုချင်ကို သတိပေးရန် ဖြစ်သည်။
ချူးယုချင်၏ စိတ်ထဲတွင် ရှိသော အတားအဆီးများ ဒီလောက်မြန်မြန် လျော့သွားမည်ဟု သူ မမျှော်လင့်ခဲ့ပေ။
အံ့အားသင့်သွားပြီး လုချန်းက မေးလိုက်သည်။
“ဒေါ်လေးချူးက ဘယ်လိုအချိန်ကို ဆိုလိုတာလဲ။”
မျက်နှာနီမြန်းလျက် ချူးယုချင်က ပြန်ဖြေလိုက်သည်။
“ဒေါ်လေး မင်းကို လက်မထပ်နိုင်ဘူး။ ဝမ်မိသားစုက ဒေါ်လေးကို အလွယ်တကူ လွှတ် ပေးမှာ မဟုတ်ဘူး။ ဒါပေမဲ့ ဒေါ်လေး မင်းကို ပြုစုပေးနိုင်တယ်…”
ချူးယုချင်၏ အသံ တဖြည်းဖြည်း မှိန်သွားခဲ့သည်။ သူမ၏ မျက်နှာ ပိုမိုပူလာနေသည်ကို ခံစားရပြီး သူမ ကိုယ်တိုင်လည်း ထိုစကားများကို ပြောမိမည်ဟု မမျှော်လင့်ခဲ့ပေ။
ထို့ပြင် လုချန်းကိုယ်တိုင်လည်း ချူးယုချင်၏ စကားများကြောင့် အံ့အားသင့်သွားပြီး တိတ်ဆိတ်သွားခဲ့သည်။
ခဏအကြာတွင် အံ့အားသင့်မှုမှ ပြန်လည်သတိရလာပြီး လုချန်းက မေးကြည့်လိုက်သည်။
“ဒေါ်လေးချူး။ ဒေါ်လေးက ကျွန်တော့်ကို ပြုစုမယ်ဆိုတာ ဘာကို ဆိုလိုတာလဲ။”
မျက်နှာနီမြန်းနေသော ချူးယုချင်က ပြောလိုက်သည်။
“ကျိရွှမ်းနဲ့ တခြားသူတွေ မင်းကို ဘယ်လိုပြုစုလဲ။ ဒေါ်ေလးလည်း အဲဒီလိုပဲ ပြုစုမယ်…”
ထိုစကားများ ပြောနေစဉ် ချူးယုချင်ထံ၌ မြေကြီးထဲ တွင်းတူးပြီး ဝင်ပုန်းချင်စိတ်များ ဖြစ်လာခဲ့သည်။ ထို့နောက် သူမက ထပ်ပြောလိုက်သည်။
“နောက်ထပ် မမေးနဲ့တော့။ ဒေါ်လေး စိတ်တည်ငြိမ်နိုင်အောင် အချိန်အနည်းနည်း တော့ပေးပါ…”
......