← Chapters

အခန်း ၂၂၃-၂၂၅

Vol. 15 Ch. 223-225

အခန်း ၂၂၃-၂၂၅

Vol. 15 Ch. 223-225

အခန်း (၂၂၃)

ရှောင်ရှောင်ကိုယ်ဝန်ရှိနေပြီ (၁)

ချူးယုချင် အရမ်းရှက်ပြီး တွင်းထဲခုန်ဝင်ချင်နေသည်ကို မြင်ရသောအခါ လုချန်းလည်း သူမကို ထပ်မံဖိအားမ‌ပေးတော့ပါ။

“ကျွန်တော် နားလည်ပါတယ်။”

“ ကျွန်တော် အမြဲစောင့်နေမယ် ဒေါ်လေးချူး။ ကျွန်တော့်ကို ဒေါ်လေးလက်ခံလာဖို့ စောင့်နေမယ်။”

လုချန်း၏ စကားကို ကြားရသောအခါ ချူးယုချင်က လုချန်း၏ ခန္ဓာကိုယ်တစ်ခုလုံးကို ကြည့်လိုက်ပြီး သူ၏ လက်မောင်းကို လွှတ်လိုက်ကာ ပြောလိုက်သည်။

“မင်း... မင်း ကျိရွှမ်းတို့ကို သွားရှာသင့်တယ်။”

လုချန်း ထိန်းနိုင်တော့မည် မဟုတ်တာကို သဘောပေါက်သောကြောင့် သူ့ကို သူမအနား အကပ်မခံတော့ပါ။

...

“ကောင်းပါပြီ။ ဒါဆို ကျွန်တော် အရင်ထွက်သွားမယ်။”

ချူးယုချင်၏ အတွင်းစိတ်ထဲမှ အတားအဆီးများ စတင်ပြေလျော့လာပြီဟု လုချန်း တွေးမိသည်။ သူ၏ ပထမအဆင့် လုပ်ငန်းစဉ်လည်း ပြီးမြောက်ပြီဟု ယူဆလိုက်သည်။

နောက်ထပ် အချိန်အနည်းငယ်ကြာပါက ချူးယုချင် သူ့ကို အပြည့်အဝလက်ခံနိုင်လိမ့်မည်။ ယနေ့အတွက် နောက်ထပ် ဘာမှလုပ်ရန် မလိုအပ်တော့ပါ။ မကြာသေးမီက ချူးယုချင်နှင့် ပွေ့ဖက်နမ်းရှုပ်ခဲ့ခြင်းက သူ့ကို မီးလောင်နေစေသည်။ နေရာတစ်ခုခုတွင် အေးအောင်လုပ်ရန် အလွန်လိုအပ်နေသည်။

ထိုအတွေးဖြင့် လုချန်းလည်း စာကြည့်ခန်းထဲမှ ထွက်ခွာသွားခဲ့သည်။ လုချန်း ထွက်ခွာသွားသော ပုံရိပ်ကို ကြည့်ရင်း ချူးယုချင် ညင်သာစွာ သက်ပြင်းချလိုက်သည်။ သူမ ဘာတွေပြောမိသွားတာလဲ။

သူမ လုချန်းကို ပြုစုမည်ဟု ကတိပေးမိသွားသည်။

သူမ လုချန်းကို ငယ်စဉ်ကတည်းက ပြုစုစောင့်ရှောက်ခဲ့သော်လည်း သူမ ပြောခဲ့သော ပြုစုစောင့်ရှောက်မည် ဆိုသည်မှာ သာမန်ပြုစုစောင့်ရှောက်မှုနှင့် မတူပေ။

သူမ တကယ်ပဲ သူနှင့်အတူနေ ဖြစ်သွားမှာလား...

ထိုအတွေးကို တွေးမိသောအခါ ချူးယုချင်၏ ပါးပြင်များ ပိုမိုပူလောင်လာသည်။ လုချန်းနှင့် အိပ်ရာထဲတွင် မကောင်းသောအရာများ လုပ်နေသည်ကို သူမ မကြာခဏ အိပ်မက်မက်ခဲ့သည်။ သို့သော် ထိုအရာများက အိပ်မက်များသာဖြစ်သည်။

သူမ မပြောမချင်း အိပ်မက်ထဲက အရာများကို ဘယ်သူမှ မသိနိုင်ပါ။ သို့သော် အကယ်၍ သူမ၏ အိပ်မက်များ လက်တွေ့ဖြစ်လာပါက နောက်ဆုံးတွင် ထုတ်‌‌ပြောမိသွားနိုင်သည်။

ထို့ပြင် သူမ၏ ညီမက သူမကို အနီးကပ်စောင့်ကြည့်နေခဲ့သည်။ တစ်နေ့နေ့ ချူးချင်လီသိသွားနိုင်သည်။

ထိုအတွေးဖြင့် ချူးယုချင် ထပ်မံ၍ သက်ပြင်းချလိုက်သည်။ သူမ တစ်ဆင့်ပြီး တစ်ဆင့် လုပ်ဆောင်ရမည်ဖြစ်သည်။

ဘာပဲဖြစ်ဖြစ် အချိန်ရှိသေးသည်။ အချိန်အနည်းငယ်ပေးရန် လုချန်းကို ပြောပြီးဖြစ်သည်။ အချိန် မည်မျှကြာမည်ကိုတော့ သူမ မသတ်မှတ်ခဲ့ပါ။ ထို့ကြောင့် နည်းနည်းလောက် အချိန်ဆွဲထားလျှင် ပြဿနာမရှိပေ။

လုချန်းလည်း စာကြည့်ခန်းမှ ထွက်ခွာပြီးနောက် မြောက်ဘက်ဆောင်သို့ သွားကာ ကျောင်းရှောင်ရှောင်၏ အခန်းထဲသို့ ဝင်လိုက်သည်။

ထိုအချိန်တွင် ကျောင်းရှောင်ရှောင်နှင့် ကျောင်းယိုယိုတို့သည် သူတို့၏ ကလေးများကို ပွေ့ချီထားပြီး တစ်စုံတစ်ခုကို ဆွေးနွေးနေကြသည်။ လုချန်း ရုတ်တရက် ဝင်လာသည်ကို မြင်ရသောအခါ သူတို့နှစ်ဦးလုံးက လျင်မြန်စွာ ပြောလိုက်သည်။

“မင်းသားကို ကြိုဆိုပါတယ်။”

လုချန်း ပြုံး၍

“ကိုယ့်မယားတွေက ဘာတွေဆွေးနွေးနေကြတာလဲ။”

ကျောင်းယိုယို ပြန်ဖြေလိုက်သည်။

“မင်းသား။ ကျွန်မတို့ ဟွမ်းဟွမ်းအကြောင်း ဆွေးနွေးနေတာပါ။ သူက လှုပ်ရှားရတာ ကြိုက်တယ်။ အနာဂတ်မှာ အရမ်းတက်ကြွတဲ့ မိန်းကလေးဖြစ်လာမယ်လို့ အစ်မက ပြောတယ်။”

ကျောင်းယိုယို၏ စကားကို ကြားရသောအခါ လုချန်းက ကျောင်းရှောင်ရှောင်ထံသို့ ချဉ်းကပ်သွားပြီး ကျောင်းရှောင်ရှောင်၏ လက်ထဲရှိ လုဟွမ်းဟွမ်းကို လှမ်းကြည့်လိုက်သည်။

လုချန်းကို မြင်ရသောအခါ လုဟွမ်းဟွမ်းက ပြုံးပြကာ သူမကို ပွေ့ချီ‌ပေးရန် လက်များကို မြှောက်လိုက်သည်။

ဤမြင်ကွင်းက လုချန်း၏ စိတ်ထဲရှိ မငြိမ်မသက်ဖြစ်နေမှုများကို သက်သာစေသည်။ သူ့သမီးလေး၏ အပြုံးက သူ၏ စိတ်နှလုံးကို ပျော်ရွှင်စေသည်။

သူက ချက်ချင်းပင် ကျောင်းရှောင်ရှောင်၏ လက်ထဲမှ လုဟွမ်းဟွမ်းကို ယူလိုက်ပြီး ပြောလိုက်သည်။

“ဟွမ်းဟွမ်းကို အဖေချီပါရ‌စေဦး။”

လုချန်း လုဟွမ်းဟွမ်းကို ပွေ့လိုက်သည်နှင့် သူမက တစ်ခုခုကို မပီကလာ ပီကလာဖြင့် ပြောလိုက်သည်။ သူမ စကားမပြောတတ်သေးသောကြောင့် မပီမသ အသံများသာ ထွက်လာသည်။

လုချန်းက ရယ်မောလိုက်ပြီး

“ဟွမ်းဟွမ်းလေး။ မင်းက အဖေ့ကို ဆဲနေတာလား။”

“ အဖေ့က မင်းနဲ့ ယှဉ်ပြိုင်မယ်ဆိုတာ သိနေတာလား။”

ထိုစကားကို ကြားရသောအခါ ကျောင်းရှောင်ရှောင်၏ မျက်နှာ အနည်းငယ် နီမြန်းလာသည်။

လုချန်း ဒီကိုလာရခြင်းသည် သူမနှင့် မကောင်းသောအရာများ လုပ်ရန်ဖြစ်သည်။ ထိုအချိန်တွင် ကျောင်းယိုယိုက တစ်စုံတစ်ခုကို နားလည်သွားသလို ပုံစံဖြင့် ပြောလိုက်သည်။

“မင်းသား ။ကျွန်မက ဟွမ်းဟွမ်းကို ဘေးအခန်းထဲ ခေါ်သွားပါရစေ။”

လုချန်းနှင့် ကျောင်းရှောင်ရှောင် တစ်ခုခု ဖြစ်တော့မည် ဖြစ်သောကြောင့် ဟွမ်းဟွမ်းကို ထိုနေရာတွင် ထားရန် မသင့်ပေ။

“အင်း။ သမီးလေးကို နည်းနည်းလောက် ပိုချီပါရစေဦး”

လုချန်း ပြုံး၍ ပြောလိုက်သည်။

ထိုအချိန်တွင် လုဟွမ်းဟွမ်းက ဆက်လက်၍ ဝူးဝူးဝါးဝါးဖြင့် ပြောနေပြီး သူမ၏ လက်သီးလေးကို မြှောက်ကာ လုချန်း၏ ရင်ဘတ်ကို ရိုက်လိုက်သည်။ သူမ၏ အပြုအမူကို မြင်ရသောအခါ လုချန်းလည်း မနေနိုင်တော့ပဲ ရယ်မောလိုက်သည်။

လုချန်းက လုဟွမ်းဟွမ်းကို ဒီလောက်ချစ်မြတ်နိုးတာ မြင်ရသောအခါ ကျောင်းရှောင်ရှောင် ပြုံးလိုက်သည်။

သားတစ်ယောက် မမွေးဖွားနိုင်သောကြောင့် လုချန်းက သူမနှင့် ခပ်ခွာခွာနေမည်ကို သူမ အမြဲတမ်း စိုးရိမ်နေခဲ့သည်။

မြောက်ပိုင်းနယ်စားမင်းသား၏ စံအိမ်တွင် မိန်းကလေးဖြစ်စေ ယောက်ျားလေးဖြစ်စေ မကွာခြားဟု လုချန်းက အမြဲပြောနေသော်လည်း ဤခေတ်က သားယောက်ျားလေးကိုသာ ဦးစားပေးတတ်‌သော ခောတ်ဖြစ်သည်။ ထို့ကြောင့် သူ၏ စကားများက ကျောင်းရှောင်ရှောင်၏ စိုးရိမ်မှုများကို မပြေလျော့စေခဲ့ပေ။

သို့သော် လုချန်း လုဟွမ်းဟွမ်းကို ဆက်ဆံ နေပုံကို ကြည့်ခြင်းဖြင့် သူသည် သူ၏ သမီးကို တကယ်ပင် နှစ်သက်နေပုံရသည်။ မဟုတ်ပါက သူ ဟွမ်းဟွမ်းကို ဒီလောက်ကြာကြာ ချီထားမည် မဟုတ်ပါ။

လုချန်းက သမီးတစ်ယောက်ရှိခြင်းကို မကျေမနပ် မဖြစ်ပါ။ လုဟွမ်းဟွမ်းနှင့် အနည်းငယ်ကစားပြီးနောက် လုချန်းက သူမကို ကျောင်းယိုယိုထံ လွှဲအပ်လိုက်သည်။

သူသည် ဟွမ်းဟွမ်း၏ “အစာကို” ခိုးယူတော့မည်ဖြစ်သည်။ သူမကို ထိုနေရာတွင် ထားလို့မရတော့ပေ။

နို့ထိန်းမိခင်နှင့် ကလေးနှစ်ယောက်ကို ခေါ်ဆောင်ကာ ကျောင်းရှောင်ရှောင်၏ အခန်းမှ ကျောင်းယိုယို ထွက်ခွာသွားပြီးနောက် ကျောင်းရှောင်ရှောင်က ပြောလိုက်သည်။ “မင်းသား။ မင်းသားရဲ့ ခါးစည်းကြိုးကို ဖြည်ခွင့်ပြုပါ။”

သူမ ပြောနေစဉ်ပင် ကျောင်းရှောင်ရှောင်က လုချန်း၏ ခါးစည်းကြိုးကို လက်နှင့်ထိကာ ဖြည်ရန် ကြိုးစားလိုက်သည်။ သို့သော် လုချန်း က ချက်ချင်းပင် သူမ၏ လက်ကောက်ဝတ်ကို ဆုပ်ကိုင်လိုက်သည်။

ထို့‌နောက် သူကကျောင်းရှောင်ရှောင်၏ မျက်လုံးများကို ကြည့်ရင်း ရယ်မောကာ ပြောလိုက်သည်။

“ရှောင်ရှောင်။ မင်း ဘာလုပ်နေတာလဲ။ နေ့ခင်းဘက်ကြီးမှာ ကိုယ့်ခါးပတ်ကို ဖြည်နေတာလား။”

ထိုစကားကို ကြားရသောအခါ ကျောင်းရှောင်ရှောင်၏ မျက်နှာ ပိုမိုနီမြန်းလာသည်။ လုချန်းက သူမကို နောက်ပြောင်နေခြင်းသာဖြစ်မည်။ သူက ဒီနေရာကို ရောက်လားပြီးမှ သူမ ဘာကြောင့် သူ့ခါးစည်းကြိုးကို ‌ဖြည်‌နေတာလဲဟု မေးနေသည်။

ကျောင်းရှောင်ရှောင်က ခပ်တိုးတိုးပြောလိုက်သည်။

“မင်းသား။ မင်းသားဟာ လွင်ပြင်ဒေသ မျိုးနွယ်စုတွေရဲ့ ကျူးကျော်မှုကို ခုခံတိုက်ခိုက်ခဲ့ရလို့ ပင်ပန်းခဲ့ပါတယ်။ ကျွန်မက မင်းသားအနားယူ‌နိုင်‌အောင် ကူညီမလို့ပါ။”

ကျောင်းရှောင်ရှောင်၏ ရှက်ရွံ့နေသော အမူအရာကို မြင်ရသောအခါ လုချန်းက သူမ၏ နူးညံ့သောမေးစေ့ကို လက်ဖြင့် မြှောက်ကာ သူမ၏ မျက်လုံးများကို ကြည့်ရင်း ပြောလိုက်သည်။

“ရှောင်ရှောင် ကိုယ့်ကို မင်းက အနားယူဖို့ ကူညီပေးနေတာလား။ ဒါမှမဟုတ် ကိုယ်က မင်း အနားယူဖို့ ကူညီနေတာလား။”

.......

အခန်း (၂၂၄)

ရှောင်ရှောင်ကိုယ်ဝန်ရှိနေပြီ (၂)

“ကိုယ်တို့ နှစ်လကျော်ကြာ မတွေ့ရတော့တဲ့အချိန်မှာ မင်းကိုယ့်ကို ဒီလောက်တောင် လွမ်းနေတာလား။”

လုချန်း၏ တိုက်ရိုက်ကြည့်ရှုမှုကို ခံလိုက်ရသည့်အခါ ကျောင်းရှောင်ရှောင်၏ ခန္ဓာကိုယ်သည် ပိုမို မငြိမ်မသက်ဖြစ်လာသည်။ သူမ၏ မျက်လုံးများထဲတွင် အလင်းရောင်များ ပေါ်လာပြီး မျက်နှာနီရဲလာကာ ပြောလိုက်သည်။

“မင်းသား မိဖုရား အလုပ်မများအောင် ကျွန်မကို ပြုစုခွင့်ပေးပါ။”

လုချန်းက ကျောင်းရှောင်ရှောင်၏ သွယ်လျသော ခါးကို ပွေ့ဖက်လိုက်ပြီး သူမ၏ နားထဲသို့ တိုးတိုကပ်ပြောလိုက်သည်။

“မင်းက ဒီလောက်တောင် စိတ်အားထက်သန်နေတယ်ဆိုရင်တော့ ကိုယ်အချိန် မဆွဲတော့ဘူး ရှောင်ရှောင်။”

ထို့နောက် လုချန်းက ကျောင်းရှောင်းရှောင်း၏ နီရဲနေသော နှုတ်ခမ်းများကို နမ်းလိုက်ပြီး သူမနှင့် နက်ရှိုင်းသော ဆက်သွယ်မှုကို ဖန်တီးလိုက်သည်။

မူလက ရဲလိနန်ရန်ဆီကို သွားရောက်ဖို့ လုချန်း စီစဉ်ထား၏။ စာကြည့်ခန်းထဲတွင် ချူးယုချင်က သူ့ခန္ဓာကိုယ် အတွင်း၌ မီးတောက်မီးလျှံများ ပေါ်ပေါက်စေခဲ့သည်။ ထိပ်သီးပညာရှင်အဆင့်သို့ ရောက်ရှိပြီးကတည်းက သူဒီလောက် စိတ်လှုပ်ရှားဖူးခြင်း မရှိပေ။

...

ကျောင်းရှောင်ရှောင်သည် သာမန်လူတစ်ဦးသာဖြစ်ပြီး သူစိတ်မထိန်းနိုင်သည့် အခြေအနေတွင် လုချန်း သူမကို မရှာဖွေလိုပေ။

သို့သော် သူစဉ်းစားမိသည်မှာ ကျောင်းရှောင်ရှောင်သည် သာမန်လူတစ်ဦးဖြစ်သည့်အတွက် ကိုယ်ဝန်ရရှိဖို့ အခွင့်အလမ်းပိုများသည်။

သူရဲလိနန်ရန်ဆီသို့ သွားပါက တစ်ညလုံး နေထိုင်သည့်တိုင် ကိုယ်ဝန်ရနိုင်‌မည့် အခွင့်အလမ်းနည်းသည်။ ထို့ကြောင့် လုချန်း ကျောင်းရှောင်ရှောင်ထံသို့ လာရောက်ခဲ့ခြင်းဖြစ်သည်။

စောနက သူ့သမီးကို ကျီစယ်စနောက်‌နေခဲ့သည့် အဓိကရည်ရွယ်ချက်မှာ သူ့ကိုယ်သူ ငြိမ်သက်စေရန်ဖြစ်ပြီး နောက်ပိုင်းတွင် ဖြစ်လာမည့်အရာကို ကျောင်းရှောင်ရှောင် ခံနိုင်ရည်ရှိစေရန်ဖြစ်သည်။

သို့သော် စောနက သူ အနည်းငယ် ငြိမ်သက်သွားသော်လည်း စာကြည့်ခန်းထဲတွင် ဖြစ်ပျက်ခဲ့သည့် အရာများကို တွေးမိသည်နှင့် မကြာမီပင် သူ၏ စိတ်လှုပ်ရှားမှုများ ပြန်လည် မြင့်တက်လာသည်ကို သတိထားမိလိုက်သည်။

[သခင်သည် ကျောင်းရှောင်ရှောင်နှင့် နက်ရှိုင်းသော ဆက်ဆံရေးကို တစ်ကြိမ် တိုးမြှင့်လိုက်ပြီး အတွင်းအားမန္တာန်ကျင့်စဉ် အတွေ့အကြုံတန်ဖိုး ၆၀ တိုးလာသည်။ ပြန်လည်သန်စွမ်းစေသောစွမ်းအား အတွေ့အကြုံတန်ဖိုး ၆၀ တိုးလာသည်။ နဂါးဖီးနစ်ယင်ယန်ကျင့်စဉ် အတွေ့အကြုံတန်ဖိုး ၁၀၀ တိုးလာသည်။]

[ဂုဏ်ယူပါတယ် သခင်။ ကျောင်းရှောင်ရှောင်ဟာ သခင့်ရဲ့ ရင်သွေးကို ကိုယ်ဝန်ဆောင်ထားပါပြီ။ ပြောင်းမျိုးစေ့ တန် ၅၀၀၀၀ ကို ဆုအဖြစ် ရရှိပါသည်။]

[ကိုယ်ဝန်ဆောင်ဆုသည် အားပေးမှုဆုဖြစ်သည်။ အိမ်ရှင်အနေဖြင့် ကလေး‌ ကောင်းမွန်စွာ မွေးဖွားနိုင်ရန် ကြိုးစားဖို့ မျှော်လင့်ပါသည်။ ကလေးမွေးဖွားပါက ပိုမိုကြွယ်ဝသော ဆုလာဘ်များ ရရှိမှာဖြစ်ပါတယ်။]

စနစ်မှ အသိပေးချက်ကို ကြားလိုက်ရသည့်အခါ လုချန်း၏ နှုတ်ခမ်းများ အနည်းငယ် ကွေးသွားသည်။ ဒီခရီးစဉ်က အချည်းနှီးမဖြစ်ခဲ့ပေ။ ကျောင်းရှောင်ရှောင်ထံ လာ ရောက်ခဲ့ခြင်းက မှန်ကန်သော ရွေးချယ်မှုဖြစ်သည်။

ဆုက မများသော်လည်း ကျောင်းရှောင်ရှောင် ကိုယ်ဝန်ရခြင်းက အဓိကအရေးကြီးဆုံး အချက်ဖြစ်သည်။ ကလေးမွေးဖွားသည့်အခါ ရရှိမည့် ဆုလာဘ်များကပို၍ ကောင်းမွန်လိမ့်မည်။

ပြောင်းမျိုးစေ့ရရှိခြင်းကလည်း မဆိုးပါ။ နောက်နှစ်တွင် မြောက်ပိုင်းမြို့တော်မှာ လယ်ယာမြေသစ်များ ဖော်ထုတ်သည့်အခါ ပြောင်းဖူးစိုက်ပျိုးရန် အကောင်းဆုံးအချိန်ဖြစ်သည်။

သူ့တွင် အာလူး၊ ကန်စွန်းဥနှင့် ပြောင်းဖူးဟူ၍ အဓိကသီးနှံသုံးမျိုး ရှိသည်။

ထိုသီးနှံများကို စိုက်ပျိုးပြီးသည်နှင့် မြောက်ပိုင်းမြို့တော်တွင် စားနပ်ရိက္ခာ ပြဿနာကို ဖြေရှင်းနိုင်မည်ဖြစ်သည်။

လယ်ယာစိုက်ပျိုးရေးသည် အခြေခံ ကဏ္ဍဖြစ်ပြီး ပြည်သူများ ငတ်မွတ်ခေါင်းပါးမှုမရှိစေရန် လိုအပ်သည်။ မဟုတ်ပါက သူ၏ နောက်လုပ်ငန်းစဉ်များဖြစ်သော စက်မှုလုပ်ငန်းများကို အကောင်အထည်ဖော်ရန် လုံးဝမဖြစ်နိုင်ပေ။

မကြာသေးမီက သူရရှိခဲ့သော မုယောစပါးမျိုးစေ့များကိုလည်း နောက်နှစ်တွင် စိုက်ပျိုးနိုင်သည်။ မုယောစပါးကို အရက်ချက်ရန် အသုံးပြုနိုင်ပြီး မြောက်ပိုင်းမြို့တော်တွင် မြေယာအများအပြားလည်းရှိသည်။ အထူးသဖြင့် လွင်ပြင်ဒေသများတွင် သူလိုချင်သမျှကို စိုက်ပျိုးနိုင်သည်။

ထိုအချိန်တွင် ကျောင်းရှောင်ရှောင်သည် လုချန်း၏ ရင်ခွင်ထဲတွင် လဲလျောင်းနေပြီး လုချန်း ကျေနပ်မှု မရှိသေးကြောင်း သူမခံစားမိသည်။ ထို့ကြောင့် သူမက ညင်သာစွာ ပြောလိုက်၏။

“မင်းသား။ မင်းသားရဲ့ မယား … မယားဆက်လုပ်နိုင်သေးတယ်…”

လုချန်း လာရောက်ဖို့က မလွယ်ပါ။ ဒီလောက်နဲ့ သူကျေနပ်နိုင်မှာလား။

လုချန်းကို စိတ်ပျက်သွားမှာကို သူမကြောက်ရွံ့နေပြီး နောက်တစ်ကြိမ် သူ မလာချင်မည်ကိုလည်း စိုးရိမ်နေသည်။

ကျောင်းရှောင်ရှောင်နှင့် ကျောင်းယိုယိုတို့သည် ပြစ်ဒစ်သင့်ထား သူတစ်ဦး၏ သမီးများဖြစ်သည့်အတွက် သူတို့နှစ်ဦးစလုံးသည် လုချန်းနှင့်ပတ်သက်လာလျှင် အလွန်သတိထားပြီး အမြဲလိုလို အာရုံခံစားမှုများ ရှိနေတတ်သည်။ သူတို့နှစ်ဦးစလုံးအတွက် လုချန်း စိတ်ကျေနပ်ဖို့က အဓိကဖြစ်သည်။

ကျောင်းရှောင်ရှောင်၏ စကားကို ကြားလိုက်ရသည့်အခါ လုချန်းက ပြုံးလိုက်ရင်း သူမ၏ နူးညံ့သော ကျောကို ညင်ညင်သာသာ ပွတ်သပ်ပေးလိုက်သည်။

“မလိုတော့ပါဘူး။ မင်းက ကိုယ့်ရဲ့ ကလေးကို ကိုယ်ဝန်ဆောင်ထားပြီ။”

ကျောင်းရှောင်ရှောင် အံ့အားသင့်သွားသည်။ ကိုယ်ဝန်ရှိနေပြီလား။

ဒီလောက်မြန်မြန် ဖြစ်နိုင်လို့လား။

ကိုယ်ဝန်ဆောင်ခြင်း၏ အသေးစိတ်အချက်အလက်များကို သူမနားမလည်သော်လည်း အမျိုးသမီးတစ်ဦး ကိုယ်ဝန်ဆောင်ရန် အချိန်အနည်းငယ် ကြာမြင့်သည်ကိုတော့ သိထားသည်။ အခု သူတို့ စပ်ယှက်ပြီးသည်နှင့် သူမ ကိုယ်ဝန်ရှိနေပြီလား။

ကျောင်းရှောင်ရှောင်က မယုံကြည်နိုင်စွာဖြင့် မေးလိုက်သည်။

“မင်းသား။ ကျွန်မမှာ တကယ်ပဲ ကိုယ်ဝန်ရှိနေပြီလား။”

လုချန်းက ပြန်ဖြေလိုက်သည်။

“ဟုတ်တယ်။ မင်း ကိုယ်ဝန်ရှိနေပြီ။ ကိုယ်က ထာဝရတန်ခိုးရှင်ရဲ့ တပည့်ဖြစ်ပြီး ထာဝရတန်ခိုးရှင် နည်းလမ်းကို လေ့ကျင့်ထားတာကြောင့် မင်းကိုယ်ဝန်‌ မြန်မြန်ရဖို့ လုပ်ပေးနိုင်တယ်။”

လုချန်းက ‘ထာဝရတန်ခိုးရှင်’ ဟူသော စကားလုံးကို ပြောလိုက်သည်နှင့် ကျောင်းရှောင်ရှောင် ချက်ချင်းပင် သဘောပေါက်သွားသည်။ လုချန်းသည် ထာဝရတန်ခိုးရှင်ဖြစ်ပြီးသူနှင့်ပတ်သက်သော အရာတိုင်းက ယုတ္တိရှိသည်ဟု ထင်ရသည်။

အခုတော့ ကျောင်းရှောင်ရှောင် စိတ်သက်သာရာ ရသွားပြီဖြစ်သည်။ လုချန်း၏ ကလေးကို ထပ်မံကိုယ်ဝန်ဆောင်ရမည်ဆိုသည့် အတွေးက သူမ၏ စိတ်ကို အလွန်ပျော်ရွှင်စေသည်။

အရင်တုန်းက သူမ လုချန်းအတွက် သားတစ်ယောက် မမွေးဖွားနိုင်ခဲ့သည့်အတွက် သူမ အမြဲစိတ်ပူနေခဲ့သည်။ ယခု လုချန်း၏ ကလေးကို ထပ်မံ၍ ကိုယ်ဝန်ဆောင်ထားရပြီဖြစ်သဖြင့် သူ့အတွက် သားတစ်ယောက် မွေးဖွားပေးရန် ကျောင်းရှောင်ရှောင် စိတ်ပိုင်းဖြတ်ထားသည်။

လုချန်းက သူ၏ကလေး သားလား သမီးလားဆိုတာကို ဂရုမစိုက်သော်လည်း သူမအတွက်မူ ထိုအရာက အလွန်အရေးကြီးသည်။ သားမရှိပါက မင်းသားစံအိမ်တွင် သူမ အမြဲတမ်း ရပ်တည်နိုင်မည် မဟုတ်ဟု ခံစားရသည်။

ထိုအချိန်တွင် သူမ၏ ခန္ဓာကိုယ်ထဲတွင် ပေါ်ပေါက်လာသော အပူစီးကြောင်းကို ကျောင်းရှောင်ရှောင် သတိရလိုက်ပြီး သိလိုစိတ်ဖြင့် မေးလိုက်သည်။

“မင်းသား။ ခုနက ကျွန်မရဲ့ ခန္ဓာကိုယ်ထဲမှာ အပူစီးကြောင်းတစ်ခု ပေါ်လာတယ်။ အဲ့ဒါက မင်းသားနဲ့ ဆိုင်လား။”

လုချန်းက ပြန်ဖြေလိုက်သည်။

“ဟုတ်တယ်။ ဒီနေ့ကစပြီး မင်း၊ ကျိရွှမ်းနဲ့ ယိုယိုတို့ဟာ ထာဝရတန်ခိုးရှင်၏ နည်းလမ်းကို လေ့ကျင့်နိုင်မှာပါ။”

လုချန်း၏ အဖြေကို ကြားလိုက်ရသည့်အခါ ကျောင်းရှောင်ရှောင်၏ မျက်နှာတွင် မယုံကြည်နိုင်ဖြစ်နေသည့် အမူအယာများ ဖြစ်လာသည်။ သူမက ထထိုင်လိုက်ပြီး အိပ်ရာပေါ်တွင် လဲလျောင်းနေသော လုချန်းကို ကြည့်ရင်း မေးလိုက်သည်။

“မင်းသား… မင်းသား… တကယ်ပြောတာလား။ ကျွန်မလည်း ထာဝရတန်ခိုးရှင် ဖြစ်လာနိုင်မှာလား။”

အမျိုးသမီးများသည် သူတို့၏ အသက်အရွယ်ကို အလွန်ဂရုစိုက်ကြပြီး အိုမင်းရင့်ရော်မှုကို ကြောက်ရွံ့ကြသည်။ အထူးသဖြင့် မြောက်ပိုင်းနယ်စားမင်းသား၏ စံအိမ်ရှိ အမျိုးသမီးများဖြစ်သည်။

လုချန်းက ထိပ်သီးပညာရှင်အဆင့်သို့ ရောက်ရှိပြီးပြီဖြစ်ပြီး ထာဝရတန်ခိုးရှင်၏ တပည့်လည်းဖြစ်သည်။ သူ့တွင် ကောင်းကင်လူသားအဆင့်သို့ ရောက်ရှိနိုင်ရန် အခွင့်အလမ်းများစွာရှိပြီး တစ်နေ့တွင် ထာဝရတန်ခိုးရှင်ဖြစ်လာနိုင်၏။ ထိုအခါ သူသည် ထာဝရ နုပျိုနေမည်ဖြစ်သည်။

တစ်နေ့ သူမ အိုမင်းသွားမည်ကို ကျောင်းရှောင်ရှောင်၏ အမြဲတမ်း စိုးရိမ်နေခဲ့သည်။ သူမ အိုမင်းသွားပါက လုချန်းက သူမကို စိတ်ဝင်စားတော့မည် မဟုတ်ပါ။ ထိုအခါ သူမ၏ အနာဂတ် မည်သို့ဖြစ်လာမည်ကို မသိနိုင်ပေ။

ထို့ကြောင့် လုချန်းက သူမ ထာဝရတန်ခိုးရှင်၏ နည်းလမ်းကို လေ့ကျင့်နိုင်သည်ဟု ပြောလိုက်သည့်အခါ ကျောင်းရှောင်ရှောင်၏ ပထမဆုံးအတွေးမှာ ထာဝရတန်ခိုးရှင်ဖြစ်လာပြီး ထာဝရ နုပျိုလှပ နေနိုင်ရန်ဖြစ်သည်။

ကျောင်းရှောင်ရှောင် စိတ်လှုပ်ရှားနေသည်ကို မြင်လိုက်ရသည့်အခါ လုချန်းက သူမ၏ ပါးကို ပွတ်သပ်ပေးလိုက်ကာ ဖြေလိုက်သည်။

“ထာဝရတန်ခိုးရှင်ဖြစ်ဖို့က မလွယ်ဘူး။ ကိုယ်လည်း ဖြစ်ချင်မှ ဖြစ်မှာပါ။ ဒါပေမဲ့ မင်းကို နှစ်ပေါင်းရာချီ နုပျိုလှပစွာ ရှင်သန်နေစေဖို့တော့ ဖြစ်နိုင်ပါတယ်။”

လုချန်း၏ စကားကို နားထောင်ပြီးနောက် ကျောင်းရှောင်ရှောင် စိတ်ပျက်မသွားပါ။ နှစ်ပေါင်းရာချီ ရှင်သန်ပြီး နုပျိုလှပစွာ ရှိနေနိုင်ခြင်းကပင် သူမအတွက် လုံလောက်ပြီဖြစ်သည်။ ထိပ်သီးပညာရှင်များသာ နှစ်ပေါင်းရာချီ ရှင်သန်နိုင်သည်ဟု သူမသိထားသည်။

ကျောင်းရှောင်ရှောင်က ချက်ချင်းပြန် ပြောလိုက်သည်။

“မင်းသား။ ကျွန်မကို ထာဝရတန်ခိုးရှင်ဖြစ်ခွင့် ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။”

“ကျွန်မ အခုကစပြီး ကြိုးစားပြီး လေ့ကျင့်မယ်…”

ထိုသို့ စကားပြောနေစဉ် ကျောင်းရှောင်ရှောင်ငိုင်သွားသည်။ လုချန်းက သူမ ထာဝရတန်ခိုးရှင်၏ နည်းလမ်းကို လေ့ကျင့်နိုင်သည်ဟု ပြောသော်လည်း သူမ မည်သို့လေ့ကျင့်ရမည်ကို မသိပေ။

ထို့နောက် ကျောင်းရှောင်ရှောင်က စူးစမ်းစွာ ဖြင့် မေးလိုက်သည်။

“မင်းသား။ ကျွန်မ ထာဝရတန်ခိုးရှင် နည်းလမ်းကို ဘယ်လိုလေ့ကျင့်ရမလဲ။”

လုချန်းက ပြုံးရင်း ပြန်ဖြေလိုက်သည်။

“ကိုယ်တို့ ခုနက လေ့ကျင့်နေတာ မဟုတ်ဘူးလား။”

ဒါက ...

လုချန်း၏ အဖြေကို ကြားလိုက်ရသည့်အခါ ကျောင်းရှောင်ရှောင်၏ မျက်နှာ ပိုမိုနီရဲလာပြီး လည်ပင်းအထိ ပျံ့နှံ့သွားသည်။

ဒါဆို ဒါက ထာဝရတန်ခိုးရှင်နည်းလမ်းကို လေ့ကျင့်နေတာလား…

ဘာကြောင့် ဒီထာဝရတန်ခိုးရှင် နည်းလမ်းက နည်းနည်း မသင့်လျော်ဘူးလို့ သူမခံစားရတာလဲ။

ထို့နောက်လုချန်းက ကျောင်းရှောင်ရှောင်၏ နူးညံ့သော ခန္ဓာကိုယ်ကို သူ၏ ရင်ခွင်ထဲသို့ ဆွဲခေါ်လိုက်ပြီး သူမကို ပွေ့ဖက်ရင်း ပြောလိုက်သည်။

“စိတ်အေးအေးထားပါ။ အဲ့ဒါတွေကို မတွေးပါနဲ့တော့။”

လုချန်းက အဲ့ဒီလောက်ပဲ ပြန်ပြောသည်ကို တွေ့ရသဖြင့် ကျောင်းရှောင်ရှောင်လည်း သဘောတူလိုက်ပြီး နောက်ထပ် ဘာမှဆက်မမေးတော့ပေ။

ခဏကြာပြီးနောက် အစေခံမိန်းမတစ်ဦး၏ အသံကို တံခါးဝတွင် ကြားလိုက်ရသည်။

“မင်းသား။ ဝမ်မိန်းကလေးက မင်းသားကို ရှာနေပါတယ်။”

ထိုစကားကို ကြားလိုက်ရသည့်အခါ ပွေ့ဖက်နေကြသော ဇနီးမောင်နှံနှစ်ဦး လက်တွေ့ကမ္ဘာသို့ ပြန်ရောက်သွားသည်။ ကျောင်းရှောင်ရှောင်က ချက်ချင်းပင် လုချန်းကို ပြောလိုက်သည်။

“မင်းသား။ ဝမ်မိန်းကလေးက မင်းသားကို ရှာနေတယ်ဆိုရင် အရေးကြီးတဲ့ ကိစ္စတစ်ခုခု ဖြစ်မှာပါ။ မင်းသား သွားပြီး တွေ့သင့်ပါတယ်။”

လုချန်းက ထထိုင်လိုက်ပြီး ကျောင်းရှောင်ရှောင်၏ နှုတ်ခမ်းကို နမ်းလိုက်ကာ

“ ကောင်းပါပြီ။ မင်းနားနားနေနေ နေပါ။ ကိုယ်သွားပြီ။”

ထို့နောက် ကျောင်းရှောင်ရှောင်က လုချန်းကို အဝတ်အစားများ ဝတ်ဆင်ပေးလိုက်၏။ သူ အဝတ်အစားများ ဝတ်ဆင်ပြီး ထွက်လာသည့်အခါ မြောက်ဘက်ခြံဝင်းတံခါးဝတွင် ဆွဲဆောင်မှုရှိသော ပုံသဏ္ဍာန်တစ်ခုကို တွေ့လိုက်ရသည်။

ဝမ်ချင်းစီသည် အနီရောင် မိုးတိမ်ဝတ်စုံကို ဝတ်ဆင်ထားပြီး ပခုံးပေါ်တွင် အဖြူရောင် သားမွေးပဝါကို ချုံထားသည်။ သူမသည် တံခါးတိုင်ကို မှီလျက် ရပ်နေပြီး အလွန်ဆွဲဆောင်မှုရှိနေသည်။

လုချန်း ထွက်လာသည်ကို တွေ့လိုက်ရသည့်အခါ ဝမ်ချင်းစီက ချက်ချင်းပင်

“မင်းသား။ ကျွန်မ အပြစ်ပါ။ မင်းသား အလုပ်များနေမှန်း မသိခဲ့ဘူး။ မင်းသား လုပ်နေတာကို ဆက်လုပ်နေပါ။ ကျွန်မ နောက်မှ အစီရင်ခံပါ့မယ်။”

ဝမ်ချင်းစီ၏ ဆွဲဆောင်မှုရှိသော ခန္ဓာကိုယ်ကို တစ်ချက်ကြည့်လိုက်ပြီးနောက် လုချန်းက အနည်းငယ် ပြုံးလိုက်ရင်း

“မဟုတ်ဘူး။ မင်းလာတဲ့ အချိန်က အကောင်းဆုံးပဲ။ မင်းအခန်းကို သွားကြရအောင်။ မင်းနဲ့ ဆွေးနွေးဖို့ အရေးကိစ္စတွေလည်း ရှိတယ်။”

.......

အခန်း (၂၂၅)

မင်းပုန်ကန်ဖို့ ကြိုးစားနေတာလား (၁)

မင်းသားစံအိမ်

နွေဦးသံအ‌ဆောင်။

နှင်းများသည် ပြတင်းပေါက်မှ လွင့်ပျံဝင်ရောက်လာကာ အေးစက်သောလေထုကို ဖန်တီးနေသည်။

ရဲလိနန်ရန်သည် အခန်းထဲတွင် ထိုင်နေပြီး သူမ၏အရှေ့တွင် ရေနွေးငွေ့များ ထွက်နေသော လက်ဖက်ရည်အိုးတစ်လုံး ရှိ နေသည်။ လက်ဖက်ရည်ကို သောက်ရင်း အနီးနားရှိ အ‌ဆောင်မှ ထွက်လာသော အသံများကို သူမ နားထောင်နေသည်။

“မင်းသား။ ကျွန်မကို ခွင့်လွှတ်ပါ…”

“မင်းသား။ ကျွန်မ အမှားလုပ်မိပါတယ်…”

...

“မင်းသား… ချစ်သူ… အစ်ကို…”

ထိုအချိန်တွင် ရှောင်ဝမ်ယောင်က တိုးတိုးတိတ်တိတ် ပြောလိုက်သည်။

“အစ်မ နန်ရန်။ ဘေးဆောင်က အမျိုးသမီးကရော မင်းသားရဲ့ ဇနီးတစ်ယောက်ပဲ မဟုတ်လား။”

ရဲလိနန်ရန်က လက်ဖက်ရည်ကို ဖြည်းဖြည်းချင်း သောက်လိုက်ပြီး ပြန်ဖြေလိုက်သည်။ “အတွင်းဆောင်မှာ နေတဲ့သူတိုင်းက သူ့ရဲ့ဇနီး‌တွေပဲ။”

ရှောင်ဝမ်ယောင်က

“အိုး။”

ခဏစဉ်းစားပြီးနောက် ရှောင်ဝမ်ယောင်က ဆက်ပြောလိုက်သည်။

“ဒါပေမဲ့ မင်းသားက ဘေး‌ဆောင်ကို သွားတာကို ကျွန်မသိပ်မမြင်ဖူးဘူး။”

ရဲလိနန်ရန်က ရှင်းပြလိုက်သည်။

“သူက တို့နဲ့ မတူဘူး။ သူက အပြင်မှာ လုပ်စရာ တာဝန်တွေ ရှိတယ်။ ဒါကြောင့် မင်းသားစံအိမ်မှာ အမြဲမနေဘူး။”

ထိုစကားကို ကြားလိုက်ရသောအခါ ရှောင်ဝမ်ယောင်က သက်ပြင်းချလိုက်ပြီး ပြောလိုက်သည်။

“ကျွန်မမှာလည်း တာဝန်တွေ ရှိချင်တယ်။ နေ့တိုင်း မင်းသားစံအိမ်မှာ နေရတာ အရမ်းပျင်းတယ်။”

ရဲလိနန်ရန်က အနည်းငယ် ပြုံးလိုက်ပြီး ပြောလိုက်သည်။

“မင်းသား မင်းအခန်းကို လာတဲ့အထိ စောင့်လိုက်ပါ။ အဲ့ဒါဆိုရင် မင်း ပျင်းမှာ မဟုတ်တော့ဘူး။”

ထိုစကားကို ကြားလိုက်ရသောအခါ ရှောင်ဝမ်ယောင်၏ ခန္ဓာကိုယ် တုန်လှုပ်သွားပြီး မျက်နှာနီမြန်းလျက် “အစ်မနန်ရန် ဘာတွေ ပြောနေတာလဲ။ မင်းသားက ဘေးဆောင်မှာ မကောင်းတာတွေ လုပ်နေတုန်းပဲ။ သူ ကျွန်မကို လာရှာမှာ မဟုတ်ပါဘူး။”

သို့သော် ရှောင်ဝမ်ယောင် အနည်းငယ် မျှော်လင့်ချက် ရှိနေဆဲဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သူမလုချန်းနှင့် မြင်းစီးတိုင်း မကစားခဲ့တာ နှစ်လကျော်ကြာခဲ့ပြီဖြစ်သည်။

သို့သော် သူမလည်း သိ၏။ လုချန်းတွင် ဇနီးများစွာ ရှိပြီး သူ မည်သည့်အချိန်တွင် သူ့ထံ လာမည်ကို မသိနိုင်ပေ။ လုချန်း နွေဦးအသံ အ‌ဆောင်သို့ လာလျှင်လည်း ရဲလိနန်ရန်ဆီကို အရင် သွားနိုင်သည်။

လုချန်း ရဲလိနန်ရန်၏ အခန်းထဲသို့ ဝင်သွားပါက တစ်ညလုံး ပြန်မထွက်တော့မှာ သေချာသည်။ အမြဲတမ်း ဒီလိုပင်ဖြစ်၏။ ရှောင်ဝမ်ယောင် ဒါကိုရင်းနှီး‌နေပြီ ဖြစ်သည်။

လုချန်းက ရဲလိနန်ရန်၏ အားနည်းချက်ကို တိုက်ခိုက်ရတာ နှစ်သက်ပုံရသည်။ လုချန်း ရဲလိနန်ရန်၏ အခန်းထဲတွင် အဘယ်ကြောင့် အမြဲတမ်း ကြာကြာနေနိုင်သည်ကို ရှောင်ဝမ်ယောင် သိချင်နေသည်။ ရဲလိနန်ရန်က အဆင့်ကိုး သိုင်းပညာရှင်ဖြစ်နေလို့ သူမ နာခံအောင် အချိန်ပိုယူရလို့လား။

မျက်နှာနီမြန်းနေသော ရှောင်ဝမ်ယောင်ကို မြင်သောအခါ ရဲလိနန်ရန်က ထပ်မံ၍ ပြုံးလိုက်ပြီး ပြောလိုက်သည်။

“ယောင်ယောင်။ မင်းသားကို သားလေးတစ်ယောက် မြန်မြန်မွေးပေးလိုက်ပါ။ အဲ့ဒါဆို နောက်ပိုင်း မင်း ဘယ်အချိန်မဆို အပြင်ထွက်လို့ရလိမ့်မယ်။”

ထိုစကားကို ကြားလိုက်ရသောအခါ ရှောင်ဝမ်ယောင်က ပြန်မေးလိုက်သည်။

“တကယ်လား။”

ရဲလိနန်ရန်က ညင်သာစွာ ပြောလိုက်သည်။

“ရှနိုင်ငံတော်ရဲ့ လူတွေက သားသမီးကို တန်ဖိုးထားတယ်။ မင်းက မင်းသားကို အမွေဆက်ခံမယ့် သူတစ်ယောက် မွေးပေးလိုက်ရင် မင်းရဲ့ အဆင့်အတန်းက မြောက်ပိုင်းနယ်စားမင်းသား စံအိမ်မှာ မြင့်တက်လာမယ်။ မင်း စိတ်ကြိုက် အပြင်ထွက်လို့ရမယ်။”

ရှောင်ဝမ်ယောင်က ပြန်ပြောလိုက်သည်။

“ဒါပေမဲ့ သိုင်းပညာရှင်တွေက ကိုယ်ဝန်ရဖို့ အရမ်းခက်တယ်လို့ ကျွန်မကြားဖူးတယ်။ ကလေးရဖို့ သိပ်မလွယ်ဘူး။”

ရဲလိနန်ရန်က ပြုံးလျက် ပြောလိုက်သည်၊ “ဒါက လွယ်ပါတယ်။ မင်းသားကို ကောင်းကောင်းဂရုစိုက်ပါ။ သူမင်းဆီ မကြာခဏ လာပါစေ။ ဖြစ်နိုင်တာက ကံကောင်းတဲ့နေ့တစ်နေ့မှာ မင်း ကိုယ်ဝန်ရှိလာမယ်။”

ထိုစကားကို ကြားလိုက်ရသောအခါ ရှောင်ဝမ်ယောင် နှုတ်ခမ်းစူလိုက်သည်။ လုချန်း သူမဆီ မကြာခဏ လာရောက်ခြင်းကို သူမ လုံးဝမလိုလားပေ။ လုချန်း၏ ဖိအားကို ခံရခြင်းက သူမ၏အတွက် မသက်မသာ ဖြစ်စရာမဟုတ်သော်လည်း လုချန်း သူမဆီ မကြာခဏ လာပါက သူမ ခံနိုင်ရည် မရှိမှာ သေချာသည်။

သူမ တစ်ယောက်တည်းသာမက မင်းသားစံအိမ်အတွင်းရှိ မည်သည့်အမျိုးသမီးမှ လုချန်း မကြာခဏ လာရောက်မှုကို မခံနိုင်ပေ။

လုချန်းနှင့် ပတ်သက်၍ သူမ ဒွိဟဖြစ်နေသည်။ သူ သူမဆီ မလာမှာကို ကြောက်နေသလို သူ နေ့တိုင်းလာမှာကိုလည်း ကြောက်နေ၏။ သူမ စိတ်ထဲရှိ အကောင်းဆုံးအခြေအနေမှာ ခုနှစ်ရက် သို့မဟုတ် ရှစ်ရက်တစ်ကြိမ် လုချန်း သူမဆီ လာရောက်ခြင်းဖြစ်သည်။

ရှောင်ဝမ်ယောင် အတွေးထဲနစ်မြောနေစဉ် ဘေးဆောင်မှ အသံများက ပိုမိုကျယ်လောင်လာခဲ့သည်။ ရဲလိနန်ရန်က ရယ်မောလိုက်ပြီး

“ဒီနေ့ မင်းသားက အရမ်းတက်ကြွ နေသလိုပဲ။” ဟု ပြောလိုက်သည်။

ရဲလိနန်ရန်၏ စကားကို ကြားလိုက်ရသောအခါ ရှောင်ဝမ်ယောင် သူမ၏ ခြေထောက်များကို စေ့ထားမိလိုက်သည်။ နောင်တွင် လုချန်း အရှေ့၌ ကိုယ့်ကိုယ်ကို ထိန်းသိမ်းရန် လိုအပ်ကြောင်းလည်း တွေးမိလိုက်သည်။ မဟုတ်ပါက ဘေးဆောင်က အမျိုးသမီးလို မင်းသားက သူမကို ကိုင်တွယ်သွားနိုင်သည်။

အချိန်က ကုန်လွန်သွားခဲ့သည်။

နှင်းများက ပိုမိုထူထပ်လာပြီး မင်းသားစံအိမ်အတွင်းရှိ အသံများသည်လည်း တဖြည်းဖြည်း လေနှင့်နှင်းများကြား မှေးမှိန်သွားခဲ့သည်။

အချိန်ကုန်လာသည်နှင့်အမျှ လေနှင့်နှင်းများ၏ အသံသာ ကျန်ရှိခဲ့တော့သည်။

ထိုအတောအတွင်း။ အခန်းတစ်ခန်းထဲတွင်။ ဝမ်ချင်းစီသည် အိပ်ရာပေါ်တွင် လဲလျောင်းနေပြီး သူမ၏ ဆံပင်များကလည်း ရှုပ်ပွနေကာ စိတ်ပျက်နေဟန် ရှိသည်။

ထိုအချိန်တွင် လုချန်းသည် ဝမ်ချင်းစီပေးထားသော ကျူးနိုင်ငံတော်နှင့် ပတ်သက်သည့် ထောက်လှမ်းရေး အချက်အလက်များကို ကြည့်ရှုနေသည်။

ပြတင်းပေါက်မှ နှင်းများ လေနှင့်အတူဝင်လာသော်လည်း အခန်းသည် ပူနွေးသောအခန်းအဖြစ် ပြောင်းလဲထားပြီး ဖြစ်သောကြောင့် အအေးဓာတ် လုံးဝမရှိပေ။

အခန်းကို အပူဓာတ် မပေးထားပါကလည်း ပြဿနာမရှိပါ။ လုချန်းက သူ၏အားဖြင့် အခန်းကို ပူနွေးအောင်လုပ်နိုင်သည်။ ထိုအခါ ဝမ်ချင်းစီ၏ ခန္ဓာကိုယ်တစ်ခုလုံး ချွေးများစိုနေမည်ဖြစ်သည်။

လုချန်းက သူ့ဘေးမှ ဖြူဖွေး‌သော ဝမ်ချင်းစီကို တစ်ချက်ကြည့်လိုက်ပြီး ပြုံးလျက် ပြောလိုက်သည်။

“ဝမ်မိန်းကလေး။ မင်းက ကိုယ့်ဆီကို ထောက်လှမ်းရေး အချက်အလက်တွေ အစီရင်ခံဖို့ လာတာမဟုတ်ဘူးလား။ ဘာလို့ လှဲနေတာလဲ။”

“မင်းက အလုပ်မကြိုးစားချင်ဘူးထင်တယ်။ မင်းက မင်းသားရှေ့မှာတောင် ဒီလောက် ပျင်းရိရဲ နေတာလား။”

“ကိုယ်မင်းကို ကောင်းကောင်း စည်းကမ်းသွင်းပေးဖို့ လိုနေပြီထင်တယ်။”

လုချန်း၏ စကားကို ကြားလိုက်ရသောအခါ ဝမ်ချင်းစီက အနည်းငယ် လှည့်လိုက်ပြီး ဘေးတစောင်းအနေအထားဖြင့် လုချန်း၏ မျက်လုံးများကို ဝမ်းနည်းစွာဖြင့် ကြည့်နေသည်။

“မင်းသားက တခြားသူတွေကို အရမ်းအပြစ်တင်တတ်တယ်။ မင်းသားကမှ ကျွန်မကို ကောင်းကောင်း အစီရင်ခံခွင့် မပေးတာ။”

ဟု သူမက ပြောလိုက်သည်။

“နောက်တစ်ခါ မင်းသား ဒီလိုလုပ်ရင် အခြားတစ်ယောက်ကို အချက်အလက်တွေ ပို့ခိုင်းလိုက်မယ်။ မင်းသားစံအိမ်ကို ဘယ်တော့မှ ပြန်မလာတော့ဘူး။”

လုချန်းက အေးဆေးစွာဖြင့် ပြောလိုက်သည်။

“အိုး။ ကိုယ့်ရဲ့ အစေခံအမျိုးသမီးဖြစ်ပြီး မင်းက ကိုယ်တိုင် လာပြီး အစီရင်မခံ ရဲဘူးလား။”

“မင်းက ပုန်ကန်ဖို့ တွေးနေတာလား။”

လုချန်း၏ စကားကို ကြားလိုက်ရသောအခါ ဝမ်ချင်းစီက ဝမ်းနည်းစွာဖြင့် ပြောလိုက်သည်။

“မင်းသားက အရမ်းကြမ်းတယ်။ ကျွန်မ ဘယ်လိုလုပ် ပုန်ကန်ဝံ့မှာလဲ။”

ဝမ်ချင်းစီ၏ ဝမ်းနည်းသော မျက်နှာကို မြင်သောအခါ လုချန်းက လက်ကို မြှောက်လိုက်ပြီး သူမ၏ တင်ပါးကို ရိုက်လိုက်ကာ ပြောလိုက်သည်။

“ မှတ်ထားပါ ဝမ်မိန်းကလေး။ ကိုယ့်ကို ပြုစုရတာကလည်း မင်းအလုပ်ရဲ့ အစိတ်အပိုင်းတစ်ခုပဲ။”

.........

All Chapters