← Chapters

အခန်း ၂၂၆-၂၂၈

Vol. 16 Ch. 226-228

အခန်း ၂၂၆-၂၂၈

Vol. 16 Ch. 226-228

အခန်း (၂၂၆)

မင်းပုန်ကန်ဖို့ ကြိုးစားနေတာလား (၂)

“ဒီအကြောင်းကို ပြောရရင်”

လုချန်းသည် တစ်ဖက်သို့ ပြန်လှည့်ကာ လက်ထဲရှိ ထောက်လှမ်းရေးသတင်းကို ကြည့်လိုက်သည်။

“အလုပ်ကိစ္စ စကြရအောင်။”

သူ၏ စိတ်ထဲက တက်ကြွမှုများလည်း အတော်လေး ပြေလျော့သွားပြီ ဖြစ်သဖြင့် အလုပ်ကိစ္စများ အလေးအနက် ဆွေးနွေးရန် အချိန်တန်ပြီဖြစ်သည်။

ထို့နောက် ဝမ်ချင်းစီက

“မင်းသား။ မိုးစက်ရဲတိုက်ရဲ့ ကွန်ယက်က ဝူနိုင်ငံတော်အထိ ပျံ့နှံ့သွားပြီ။ ဒါပေမဲ့ ဝူနိုင်ငံတော်က သတင်းအချက်အလက်တွေကို စုဆောင်းဖို့က မလွယ်ပါဘူး။”

“ကျွန်မ ကြားဖူးတာက ဝူနိုင်ငံတော်ရဲ့ ဝူကျန်းဝမ် မင်းသမီးဟာ အလွန်ထက်မြက်ပါတယ်။ သူက ဝူနိုင်ငံတော်တစ်ခုလုံးကို ဖြန့်ကျက်ထားတဲ့ ထောက်လှမ်းရေးကွန်ရက်တစ်ခုကို ထိန်းချုပ်ထားပါတယ်။ အခြားနိုင်ငံတွေက ထောက်လှမ်းရေးအဖွဲ့တွေက ဝင်လာရင် သူသိသွားမှာပါ။”

“မိုးစက်ရဲတိုက်က ဝူနိုင်ငံတော်မှာ စားသောက်ဆိုင်နဲ့ တည်းခိုခန်း အနည်းငယ် ဖွင့်နိုင်ခဲ့ပေမဲ့ ကျွန်မ သူတို့ကို ဘာမှမထောက်လှမ်းခိုင်းရဲပါဘူး။”

ဝမ်ချင်းစီ၏ စကားကို ကြားရသောအခါ လုချန်း၏ စိတ်ဝင်စားမှု ပိုမိုမြင့်တက်လာသည်။

“အိုး။ မင်းသမီးတစ်ယောက်က ဒီလောက်ကြီးမားတဲ့ ထောက်လှမ်းရေးကွန်ရက်ကို ထိန်းချုပ်နိုင်တယ်တဲ့လား။ ဝူနိုင်ငံတော်မှာ မင်းသားတွေ မရှိဘူးလား။ သူတို့က မိန်းမတစ်ယောက်ကို ဒီလောက်ကြီးမားတဲ့ ကွန်ရက်ကို စီမံခွင့်ပေးထားလား။”

...

ယခုခေတ်သည် အမျိုးသားများကို ဦးစားပေးသောခေတ်ဖြစ်သည်။ မင်းသမီးများ၏ အာဏာက နည်းပါးသည်။ သူတို့သည် များသောအားဖြင့် ဧကရာဇ်၏ အုပ်ချုပ်ရေးကို ထိန်းသိမ်းရန် အသုံးပြုသော နိုင်ငံရေး ကိရိယာများသာ ဖြစ်သည်။

နိုင်ငံတစ်ခုလုံးကို ဖြန့်ကျက်ထားသော ထောက်လှမ်းရေးကွန်ရက်သည် ဆွမ်ဧကရာဇ်၏ အရိပ်ကိုယ်ရံတော်နှင့် နီးစပ်သည်။ အင်ပါယာ နိုင်ငံတော် တစ်ခု၏ မင်းသမီးတစ်ဦးတွင် အရိပ်ကိုယ်ရံတော်နှင့် တူသော ထောက်လှမ်းရေးအဖွဲ့တစ်ခု ရှိနိုင်တာက ယုံကြည်ရန် ခက်ခဲသည်။

ဝမ်ချင်းစီ ပြန်ဖြေလိုက်သည်။

“တကယ်တော့ ဝူနိုင်ငံတော်မှာလည်း မင်းသားတွေ ရှိပါတယ်။ နည်းလည်း မနည်းပါဘူး။ ဒါ‌ပေမဲ့ ဝူနိုင်ငံတော်ရဲ့ ဝူကျန်းဝမ်မင်းသမီးက သာမန် မဟုတ်ပါဘူး။ မင်းသား‌ တွေထဲက ဘယ်သူမှ သူနှင့် မယှဉ်နိုင်ပါဘူး။”

ထိုအချိန်တွင် ဝမ်ချင်းစီ တစ်စုံတစ်ခုကို တွေးမိသလို ဖြစ်လာပြီး ဆက်ပြောလိုက်သည်။

“အာဏာရှိနေတဲ့ အမျိုးသမီး‌တွေအကြောင်း ပြောရရင် ကျွန်မ နောက်ထပ်တစ်ယောက်ကို သတိရမိတယ်။ အဲ့ဒီအမျိုးသမီး နေတာက မြောက်ပိုင်းမြို့တော်နှင့် အတော်လေး နီးပါတယ်။”

လုချန်း စူးစမ်းစွာဖြင့် မေးလိုက်သည်။

“ဘယ်သူလဲ။”

ဝမ်ချင်းစီ ဖြေလိုက်သည်။

“ယွဲ့ဧကရာဇ်အသစ်။”

“ယွဲ့ဧကရာဇ် ဟုတ်လား”

လုချန်း ပြန်ပြောလိုက်သည်။ မြောက်ပိုင်းမြို့တော်နှင့် နယ်နိမိတ်ချင်းထိစပ်နေသော ကျူးနိုင်ငံတော်၏အ‌ကြောင်းများကို အစက သူသိပ်မရင်းနှီးခဲ့ပါ။

မကြာသေးမီက မိုးစက်ရဲတိုက်မှ ကျူးနိုင်ငံတော်နှင့်ပတ်သက်သော သတင်းအချက်အလက်အတော်များများ စုဆောင်းခဲ့သော်လည်း ထိုသတင်းအစီရင်ခံစာများတွင် ယွဲ့ဧကရာဇ်နှင့်ပတ်သက်သော သတင်းအချက်အလက်နည်းပါးသည်။

ဝမ်ချင်းစီ ဆက်ပြောလိုက်သည်။

“ပြောစရာရှိတာက ယွဲ့ဧကရာဇ်အသစ်ကလည်း အမျိုးသမီးတစ်ယောက်ပါ။ ဒါပေမဲ့ အကြောင်းကြောင်းကြောင့် အခြားနိုင်ငံတွေက သူ့အကြောင်း သတင်းအချက်အလက်တွေ သိပ်မရပါဘူး။”

“နောက်ပြီး ကျူးနိုင်ငံတော်အတွင်းမှာ ယွဲ့ဧကရာဇ်ကို ဆန့်ကျင်တဲ့ အသံတွေ မရှိပါဘူး။”

“ပုံမှန်အတိုင်းဆိုရင် အမျိုးသမီးတစ်ယောက် ဧကရာဇ်ဖြစ်လာရင် နိုင်ငံအတွင်း လှုပ်ရှားမှုတွေ ဖြစ်လာမှာပဲ။ အာဏာပိုင်တွေကြားမှာ မကျေနပ်မှုတွေ ရှိလာမှာ။ ဒါပေမဲ့ ကျူးနိုင်ငံတော်မှာတော့ ထူးထူးခြားခြား တိတ်ဆိတ်နေတယ်။ ယွဲ့ဧကရာဇ် ဧကရာဇ်ဖြစ်သင့် မဖြစ်သင့်ဆိုတဲ့ အကြောင်း ငြင်းခုံမှု လုံးဝမရှိဘူး။”

ဝမ်ချင်းစီ၏ စကားကို နားထောင်ရင်း လုချန်း ရယ်လိုက်ကာ

“ဒါက တကယ် စိတ်ဝင်စားစရာကောင်းတယ်။အမျိုးသမီး ဧကရာဇ်တစ်ယောက်တဲ့။ ဒီကမ္ဘာမှာ ဒီလိုလူတစ်ယောက် ရှိမယ်လို့ မတွေးမိခဲ့ဘူး။”

ဝမ်ချင်းစီက ဆက်ပြောလိုက်သည်။

“ထူးဆန်းတာက ကျွန်မ ကြားဖူးသလောက် ဝူနိုင်ငံတော်ရဲ့ ဝူကျန်းဝမ်မင်းသမီးနဲ့ ကျူးနိုင်ငံတော်ရဲ့ ယွဲ့ဧကရာဇ်တို့က အကျွမ်းတဝင်ရှိပြီး ဆက်ဆံရေး အရမ်းကောင်းတယ်။”

“ကျူးနိုင်ငံတော်က မြောက်ပိုင်းမြို့တော်နဲ့ နယ်နိမိတ်ချင်းထိစပ်နေတဲ့နေရာမှာ စစ်သည်နှစ်သိန်း တပ်စွဲထားတာက ဝူနိုင်ငံတော်က ယွဲ့ဧကရာဇ်ကို မြောက်ပိုင်းမြို့တော်ရဲ့ သံချပ်ကာ မြင်းတပ်ကို ကာကွယ်ဖို့ အကူအညီတောင်းခဲ့လို့ ဖြစ်နိုင်တယ်။”

“ဒါပေမဲ့ ဒါတွေအားလုံးက ကျွန်မရဲ့ မှန်းဆချက်တွေပါ။ သက်သေအထောက်အထား မရှိပါဘူး။”

ခဏစဉ်းစားပြီးနောက် လုချန်းက ပြောလိုက်သည်။

“မင်းရဲ့ မှန်းဆချက်တွေက အကြောင်းမဲ့ မဟုတ်ပါဘူး။”

“ဝူနိုင်ငံတော်က ရှနိုင်ငံတော်နဲ့ ပဋိပက္ခစတင်တာနှင့် တစ်ပြိုင်နက် စစ်သည် သိန်းနှင့်ချီစုစည်းပြီး ရှနိုင်ငံတော်ကို တိုက်ခိုက်နိုင်ခဲ့တယ်။ ဒါက သူတို့ ကြိုတင်ပြင်ဆင်ထားကြောင်း ဖော်ပြနေတယ်။ ဒါ့ကြောင့် သူတို့ရဲ့ မိတ်ဖက်နိုင်ငံတွေကို အသိပေးခဲ့တာ ထင်ရှားတယ်။ ဒါ့ကြောင့် ကျူးနိုင်ငံတော်ရဲ့ စစ်သည်နှစ်သိန်းက ကြိုတင်ပြီး မြောက်ပိုင်းမြို့တော်နှင့် နယ်နိမိတ်ချင်း ထိစပ်နေတဲ့နေရာမှာ သံချပ်ကာ မြင်းတပ်ကို စောင့်ကြည့်ဖို့ တပ်ချထားတာ။”

“တကယ်တော့လည်း မှန်းဆချက်က မှန်းဆချက်ပါပဲ။”

ထို့နောက် လုချန်းက ဝမ်ချင်းစီ၏ လှပသော မျက်လုံးများကို ကြည့်ရင်း ပြောလိုက်သည်။

“ဝူနိုင်ငံတော်မှာ သတင်းအချက်အလက်စုဆောင်းရင် ဖော်ထုတ်ခံရဖို့ များတယ်ဆိုတော့ လျို့ဝှက်ထားတဲ့ သတင်းအချက်အလက်တွေကို အဓိက အာရုံမစိုက်သင့်ဘူး။ သာမန်လူတွေဆီက ကြားရတာတွေကိုပဲ စုဆောင်းပါ။”

“နောက်တစ်ဆင့်မှာ မိုးစက်ရဲတိုက်ကို ကျူးနိုင်ငံတော်အကြောင်း အာရုံစိုက်ခိုင်းပါ။ ကိုယ် အဲ့ဒီ အမျိုးသမီး ဧကရာဇ် အပေါ် အတော်လေး စိတ်ဝင်စားနေတယ်။”

လုချန်း၏ စကားကို ကြားရသောအခါ ဝမ်ချင်းစီ ပြက်ရယ်ပြုလိုက်သည်။

“မင်းသားက အဲ့ဒီ အမျိုးသမီး ဧကရာဇ်ကို ခိုးယူပြီး မင်းသားရဲ့ကလေးတွေကို မွေးဖွားခိုင်းဖို့ အစီအစဉ်ဆွဲနေတာ မဟုတ်လား။”

လုချန်းက ရယ်မောလိုက်ပြီး ဝမ်ချင်းစီ၏ တင်ပါးကို ရိုက်လိုက်သည်။ ထိုအခါ သူမလည်း မထိန်းနိုင်တော့ဘဲ အော်ဟစ်လိုက်သည်။

“မင်း ဘာသိလို့လဲ။ ဒီလောက်ကြီးမားတဲ့ အာဏာကို ကိုင်စွဲနိုင်ပြီး ယောက်ျားတစ်ယောက်မှ ကန့်ကွက်တာ မခံရပဲ ဧကရာဇ်ဖြစ်လာတဲ့ အမျိုးသမီးတစ်ယောက်ဟာ တကယ်ကို စွမ်းဆောင်ရည်ရှိပြီး အရင်းအမြစ်တွေ ရှိတယ်ဆိုတာ သေချာတယ်။ နောက်ပြီး ကျူးနိုင်ငံတော်က ကိုယ်တို့ မြောက်ပိုင်းမြို့တော်နဲ့ နယ်နိမိတ်ချင်းထိစပ်နေတယ်။ သူ့ကို နားလည်ချင်တာက ဖြစ်သင့်တယ် မဟုတ်လား။”

“ဒါနဲ့ စကားမစပ် အဲ့ဒီ ယွဲ့ဧကရာဇ်အသစ်က အသက်ဘယ်လောက်ရှိပြီလဲ။”

လုချန်းပြောနေသည့်အတိုင်း ဝမ်ချင်းစီ ယုံကြည်လာချိန်တွင် လုချန်းက ယွဲ့ဧကရာဇ်၏ အသက်အရွယ်အကြောင်း မေးလာသည်ကို ကြားရတော့ သူမက ချက်ချင်းပင် လုချန်းကို သံသယဖြင့် ကြည့်လိုက်သည်။ သို့သော် သူမ အဖြေပေးလိုက်၏။

“သူက အသက် သုံးဆယ်ကျော်ပဲရှိသေးတယ်ထင်တယ်။ သူရဲ့ အသက်အတိအကျကို ကျွန်မ သေချာမသိဘူး။ သူနဲ့ ဝူကျန်းဝမ်မင်းသမီးက သူငယ်ချင်းတွေဖြစ်တော့ သူတို့ရဲ့အသက်တွေက သိပ်မကွာလောက်ဘူး။”

ထို့နောက် ဝမ်ချင်းစီက သတိပေးလိုက်သည်။

“မင်းသား ဘာတွေးနေမှန်း ကျွန်မ မသိပေမဲ့ ကျွန်မ သတိပေးရမယ်။ ယွဲ့ဧကရာဇ်မှာ ယောက်ျားအချစ်တော်တွေ အများကြီးရှိတယ်လို့ ကြားဖူးတယ်။ သူက မင်းသားရဲ့ အမျိုးသမီးတွေလို စင်ကြယ်နေမှာ မဟုတ်ဘူး။”

ထိုစကားကို ကြားရသောအခါ လုချန်းက ဝမ်ချင်းစီကို ကြည့်လိုက်ကာ

“မင်း ဒါကို ဘာလို့ပြောတာလဲ။ ကိုယ်က ယွဲ့ဧကရာဇ်ကို ဒီလိုစိတ်ဝင်စားနေတယ်လို့ မင်းတကယ်ထင်နေတာလား။”

“ကိုယ် ရူးနေရင်တောင် အမျိုးသမီး ဧကရာဇ်တစ်ယောက်ကို စိတ်ဝင်စားမှာ မဟုတ်ဘူး။ အမျိုးသမီးတစ်ယောက်မှာ ဒီလောက်ကြီးမားတဲ့ အာဏာရှိနေရင် သူဟာ အတိုင်းအတာတစ်ခုအထိ ယောက်ျားတွေကို အားကိုးရမှာပဲ။ ယောက်ျားဧကရာဇ်တွေတောင် အိမ်ထောင်ရေး မဟာမိတ်တွေနဲ့ သူတို့ရဲ့ အာဏာကို ခိုင်မာအောင်လုပ်ကြတယ်။ အမျိုးသမီး ဧကရာဇ်တစ်ယောက်ဆိုရင် ပိုဆိုးမှာပေါ့။”

.......

အခန်း (၂၂၇)

မင်းပုန်ကန်ဖို့ ကြိုးစားနေတာလား (၃)

“ယွဲ့ဧကရာဇ်ကို နားလည်ချင်တဲ့ တစ်ခုတည်းသော အကြောင်းက သူဟာ မြောက်ပိုင်းမြို့တော်အတွက် ကြီးမားတဲ့ ရန်သူဖြစ်လာနိုင်တယ်လို့ ယူဆလို့ပါ။”

“တကယ်တော့ ဝမ်မိန်းကလေးက ကိုယ့်ကို အောက်ပိုင်းဆန်ဆန် တွေးခေါ်ပြီး အလုပ်လုပ်တဲ့ လူတစ်ယောက်လို့ ထင်နေတာပဲ။ မင်းက ကိုယ့်ကို မကောင်းတဲ့ အတွေးတွေနဲ့ပဲ နေတယ်လို့ စွပ်စွဲနေတာ။”

ဒီခေတ်ကမ္ဘာတွင် အမျိုးသမီးများ၏ အဆင့်အတန်းက အတော်လေး နိမ့်ပါးပြီး သူတို့အနေနှင့် နာခံမှု သုံးပါးနဲ့ စောင့်ထိန်းမှုလေးပါးကို လိုက်နာရသည်။

ထိုစည်းမျဉ်းတွေအားလုံးကို အာဏာပိုင်များမှ ချမှတ်ထားခြင်းဖြစ်ပြီး အမျိုးသမီးတစ်‌ယောက် အာဏာရလာ‌လျှင် ထိုစည်းမျဉ်းတွေကို လုံးဝ မလိုက်နာတော့‌ေပ။

ယနေ့ခေတ်တွင် ယောက်ျားများက မယားသုံးယောက် လေးယောက် ရှိနိုင်၏။ အာဏာပိုင်ဆိုင်လာသော မိန်းမတွေကလည်း ယောက်ျားများကို အလားတူ ပိုင်ဆိုင်နိုင်သည်။

...

အမျိုးသမီး ဧကရာဇ် မဆိုထားနှင့် ရှနိုင်ငံတော်၏ နေပြည်တော်ရှိ အိမ်ထောင်ရှိ မင်းသမီးများပင် အပျော်အပါးလိုက်စားကြပြီး ယောက်ျားများစွာကို ပိုင်ဆိုင်ကြတတ်ကြခြင်းမှာ သာမန်ကိစ္စတစ်ခုပင်ဖြစ်သည်။ ထိုမင်းသမီးတွေရဲ့ ခင်ပွန်းများက အရှိန်အဝါကြီးသော မိသားစုများမှ ဆင်းသက်လာတာမဟုတ်ပါက ဒါကိုဘာမှ မပြောရဲကြပဲ သည်းခံနေတတ်ကြသည်။

ဧကရာဇ်များက နိုင်ငံရေးဆိုင်ရာ ထိန်းမြားမှုများအတွက် အသုံးပြု‌သော မင်းသမီးများပင် ယောက်ျားများစွာကို ပိုင်ဆိုင်ထားကြသည်။ ထို့ကြောင့် အမျိုးသမီး ဧကရာဇ်တစ်ယောက်ဆိုပါက ပြောစရာပင် မလိုအပ်‌ေပ။

အမျိုးသမီး ဧကရာဇ် တစ်ယောက် အနေနှင့် သူမလိုချင်သော ယောက်ျားကို ရနိုင်သည့် အာဏာရှိ၏။ တစ်ယောက်ယောက်က သူမဟာ စင်ကြယ်ပြီး ယောက်ျားတွေနဲ့ မထိတွေ့ဖူးဘူးလို့ ပြောပါက ဘယ်သူမှ ယုံမည်‌ မဟုတ်‌ေချ။ အထူးသဖြင့် ယွဲ့ဧကရာဇ်သည် အသက်သုံးဆယ်ကျော်နေပြီပြီး သိုင်းပညာလေ့ကျင့်မှုကို လုံးဝ အာရုံစိုက်နေသူ မဟုတ်ပါက ပြောစရာပင် လိုအပ်မည် မဟုတ်ပေ။

သိုင်းပညာရှင်များကသာ ကာမဂုဏ်ကို တစ်သက်လုံး ရှောင်ရှားတတ်ကြခြင်းဖြစ်သည်။

သို့သော် ယွဲ့ဧကရာဇ်က ထိုသို့ရှောင်ကြဉ်မည့်လူမျိုးဟု လုချန်းမယုံသလို ဖြားယောင်းမှုများ ဝန်းရံနေပြီး အာဏာ၏ ဗဟိုမှာရှိနေတဲ့ မိန်းမတစ်ယောက်က ယောက်ျားတွေကို ရှောင်ကြဉ်နိုင်မှာလား။ ဒါက သိပ်မဖြစ်နိုင်ပါ။

ယွဲ့ဧကရာဇ်ကို လုချန်း၏ စိတ်ဝင်စားမှုကမရိုးသားသော အတွေးမပါတာ ထင်ရှားသည်။ သို့သော် ဝမ်ချင်းစီက သူ့ကို မိန်းမတစ်ယောက်အကြောင်း ကြားတာနဲ့ မသင့်တော်တဲ့အတွေးတွေပဲ တွေးတဲ့ ယောက်ျားလို့ ထင်နေတာက လုချန်းကို အလွန်ဒေါသထွက်စေ၏။

သူသည် လူကြီး လူကောင်းတစ်ယောက်ဖြစ်သည်။ သို့သော် သူ့ကို ကာမဂုဏ်ပဲ လိုက်စားတဲ့လူလို့ အထင်မှားနေကြခြင်းဖြစ်သည်။

...

မိန်းမ အစေခံ တစ်ယောက်က ဒီလိုမရိုမသာစကား ပြောရဲတာကို ပြင်းပြင်းထန်ထန် အပြစ်ပေးရမည်ဖြစ်သည်။

ဒီနေ့တောင် သူ့ကို စွပ်စွဲရဲတယ်ဆိုရင် မနက်ဖြန်ဘာဆက်လုပ်မလဲ မသိနိုင်ပေ။

လုချန်း၏ စကားကို ကြားလိုက်ရသောအခါဝမ်ချင်းစီ၏ မျက်နှာ အနည်းငယ်ပြောင်းသွားပြီး

“မင်းသား။ ကျွန်မအမှားသိပါပြီ... ...” ဟု အလျင်အမြန်ပြောလိုက်၏။

လုချန်းက ချီတုံချတုံဖြစ်ခြင်း မရှိပဲ ထောက်လှမ်းရေး အစီရင်ခံစာကို လွှင့်ပစ်လိုက်ပြီး ဝမ်ချင်းချင်း၏ နီရဲနေသော နှုတ်ခမ်းများကို ဖိကပ်လိုက်၏။ ပြတင်းပေါက် အပြင်ဘက်တွင် နှင်းများဆက်လက်ကျဆင်းနေဆဲဖြစ်သည်။ သို့သော် သိသိသာသာ လျော့နည်းသွား၏။

မင်းသားစံအိမ်မှ အစေခံများက နှင်းထုကို ရှင်းဖို့ စတင်နေကြပြီဖြစ်ပြီး အသံများ ထွက်ပေါ်နေသော အဆောင်ကိုတော့ ရှောင်လိုက်ကြသည်။

ရဲလိနန်ရန်နဲ့ ရှောင်ဝမ်ယောင်တို့လည်း အခန်းထဲတွင် နဂါးဖီးနစ်လက်ဖက်ရည်ကို သောက်နေဆဲဖြစ်သည်။ အနီးအနား အဆောင်မှ အသံများ ကြားသောအခါ ရှောင်ဝမ်ယောင်က

“အစ်မနန်ရန်။ မင်းသားက ဒီမိန်းကလေးကို သတ်‌နေတယ်လို့ ထင်လား” လို့ မေးလိုက်တယ်။

“စိတ်မပူပါနဲ့။ မင်းသားက သူ့ဘာသာသူ သိတယ်။ ဒါက အစပဲရှိသေးတယ်။ ညအချိန်မရောက်သေးဘူး”

ရဲလိနန်ရန်က လက်ဖက်ရည်ကို ဖြည်းဖြည်းချင်း သောက်လိုက်ပြီး ပြုံးရင်း ပြောလိုက်၏။

ရှောင်ဝမ်ယောင်က အနည်းငယ်နောင်တနေ‌ သော အသံဖြင့် “အိုး”ဟုရေရွတ်လိုက်သည်။

ဒီနေ့ လုချန်း အခြားအဆောင်တွေကို သွားမည် မဟုတ်ပါ။ သူတို့၏ နွေဦးအသံ ‌အ‌ ဆောင်ကိုတောင် လာမည်ဟုတ်ဟု ထင်ရပါသည်။

လူအများစုအတွက်တော့ ဆောင်းတွင်းက ရှည်လျားသည်။ အများစုက အိမ်ထဲမှာသာ အချိန်ကုန်ဆုံးကြသည်။ ဖျော်ဖြေရေးများက ဒီခောတ်တွင် မရှိသလောက်ဖြစ်သည်။

သို့သော် လုချန်းအတွက်တော့ အချိန်က လျင်မြန်စွာ ကုန်လွန်သွား၏။ အဘယ့်ကြောင့်ဆိုသော် ဆောင်းတွင်း၌ မြောက်ပိုင်းမြို့တော်တွင် စီမံစရာ နိုင်ငံရေးကိစ္စများ နည်းပါး‌သောကြောင့်ဖြစ်သည်။

သူသည် မနက်ပိုင်းတွင် စာကြည့်ခန်းထဲ၌ ထောက်လှမ်းရေး အစီရင်ခံစာများကို ပြန်လည်သုံးသပ်ပြီး ရှောင်ဝမ်ယောင်ကို မြင်းစီးနည်း သင်ပေးဖို့ နွေဦးအသံ အဆောင်ကို သွားသည်။ ထို့နောက် ရဲလိနန်ရန်နှင့် လက်ဖက်ရည်သောက်ပြီး တစ်နေကုန် ထိုအဆောင်မှာပဲ နေ‌‌၏။

ညနေပိုင်းမှာ ပင်မဆောင်ကို ပြန်သွားပြီး သူ၏ ချစ်မြတ်နိုးရသော မယားများအတူ အိပ်စက်၏။ သူ၏နေ့စဉ်ဘဝကို ထိုကဲ့သို့ ကုန်ဆုံးသည်။

လဝက်ခန့် ကြာပြီးနောက် ရှနိုင်ငံတော်၊ နေပြည်တော်ရှိ နန်းတော်။

မြောက်ပိုင်းမြို့တော်တွင် နှင်းများဖုံးနေသော်လည်း ရှနိုင်ငံတော်၏ နေပြည်တော်တွင်တော့ ဆောင်းရာသီ ရောက်လာသည့် လက္ခဏာများ မပြပဲ ဆောင်းဦးရာသီလို ခံစား‌နေရဆဲ ဖြစ်သည်။

ဆွမ်ဧကရာဇ်သည် ရွှေရောင်နဂါးဝတ်စုံကို ဝတ်ဆင်ထားပြီး ဥယျာဉ်ထဲရှိ အဆောင်တစ်ခုထဲတွင် ရပ်နေကာ အရိပ်ကိုယ်ရံတော်ခေါင်းဆောင်၏ အစီရင်ခံစာကို နားထောင်ရင်း သူ၏မျက်ခုံးများ ကွေးညွှတ်သွားသည်။

အရိပ်ကိုယ်ရံတော်ခေါင်းဆောင်က အစီရင်ခံပြီးနောက် ဆွမ်ဧကရာဇ်က မိန်းမစိုး တစ်ယောက်ကို ပြောလိုက်၏။

“ဝန်ကြီးနှစ်ယောက် ရောက်ပြီလား သွားကြည့်ပါ။”

“ဟုတ်ကဲ့ မင်းကြီး။”

ထိုအချိန်တွင် အဆောင်ထဲ၌ နိုင်ငံတော် ပညာရှိ စစ်တူစီကပြောလိုက်သည်။

“ဒီသတင်းက အမှန်ဖြစ်နိုင်တယ်လို့ ယုံကြည်ပါတယ် မင်းကြီး”

ထိုစကားကို ကြားရသောအခါ ဆွမ်ဧကရာဇ်က

“ပညာရှိကြီးက ဟာသပြောနေတာလား။ အရင် ဝန်နင်းတောင်ကြားတိုက်ပွဲမှာတုန်းက မြောက်ပိုင်းမြို့တော်က ကောင်းကင်ဝံပုလွေဘုရင်ရဲ့ စစ်သည်သုံးသိန်းကို အနိုင်ရခဲ့တယ်။ အခု မြောက်ပိုင်းဖရီဘုရင်ရဲ့ စစ်သည်နှစ်သိန်းကိုတော့ အနိုင်မရတဲ့အပြင် သံချပ်ကာမြင်းတပ် ငါးသောင်း‌ တောင်ဆုံးရှုံးသွားတယ်” ဟု ပြန်ပြောလိုက်သည်။

စစ်တူစီက

“မင်းကြီး။ ဝန်နင်းတောင်ကြားတိုက်ပွဲမှာ ထိပ်သီးပညာရှင်တစ်ယောက် ပေါ်ထွက်ခဲ့တယ်ဆိုတာ မေ့သွားပြီလား။”

“မြောက်ပိုင်းမြို့တော်မှာ ထိပ်သီးပညာရှင်တစ်ယောက် တကယ်ရှိတယ်ဆိုရင် သူက မြောက်ပိုင်းမြို့တော်မှာ အမြဲနေမှာ မဟုတ်ဘူးလို့ ယုံကြည်ပါတယ်။”

“ဝန်နင်းတောင်ကြားမှာ ရခဲ့တဲ့ ကြီးမားတဲ့အောင်ပွဲဟာ အဲဒီထိပ်သီးပညာရှင်ရဲ့ အကူအညီကြောင့် အများကြီးဖြစ်နိုင်ပါတယ်။ ထိပ်သီးပညာရှင် မရှိဘူးဆိုရင် မြောက်ပိုင်းမြို့တော်ရဲ့ သံချပ်ကာမြင်းတပ်ဟာ အားနည်းနေဦးမှာပါ။”

“ဒီသံချပ်ကာမြင်းတပ်တွေက မကြာခင်ကမှ ပေါ်ထွက်လာတာပါ။ သူတို့ရဲ့ တိုက်ခိုက်နိုင်စွမ်းဟာ နန်းတွင်းရဲ့ သံချပ်ကာမြင်းတပ်နဲ့ ယှဉ်နိုင်မလားဆိုတာ မသေချာသေးပါဘူး။ ကျွန်တော်တို့က သူတို့ရဲ့ သံချပ်ကာ ချပ်ဝတ်ဆန်ဆာတွေကို အရမ်းအာရုံစိုက်မိတာကြောင့် သူတို့ရဲ့ တကယ့်စွမ်းအားကို လျစ်လျူရှုမိသွားတာပါ။”

“မြောက်ပိုင်းမြို့တော်မှာ သံချပ်ကာမြင်းတပ်အတွက် သံချပ်ကာတွေ ရှိတယ်ဆိုရင်တောင် တိုက်ခိုက်စွမ်းရည်ပြည့်ဝတဲ့ သံချပ်ကာ မြင်းတပ်တစ်တပ်ကို လေ့ကျင့်ဖို့ဆိုတာ တစ်ညတည်းနဲ့ လုပ်လို့ရတာ မဟုတ်ဘူးဆိုတာ မင်းကြီး ကောင်းကောင်းသိပါတယ်။”

စစ်တူစီ၏ ပြောဆိုချက်ကို ကြားပြီးနောက် ဆွမ်ဧကရာဇ် စကားတစ်ခွန်းမှ မပြော‌ေပ။ သို့သော် သူ၏မျက်နှာအမူအရာများက တော့ အဆက်မပြတ် ပြောင်းလဲနေသည်။

စစ်တူစီ၏ စကားများက သဘာဝကျ၏။ မြောက်ပိုင်းမြို့တော်တွင် သံချပ်ကာမြင်းတပ်များ ရုတ်တရက် ပေါ်ထွက်လာခြင်းက သူတို့အားလုံး၏ အာရုံကို စွဲဆောင်ခဲ့သည်။ အဓိကအားဖြင့် သူတို့သည် မြောက်ပိုင်းမြို့တော်၏ အနက်ရောင်မြင်းတပ်ကို ရှနိုင်ငံတော်၏ လေ့ကျင့်ရည် ပြည့်ဝသောသံချပ်ကာမြင်းတပ် နှစ်‌သောင်းနှင့် တန်းတူထားမိကြသည်။

မြောက်ပိုင်းမြို့တော်၏ အနက်ရောင်မြင်းတပ်အကြောင်း ထောက်လှမ်းရေးသတင်းများ ရရှိထားသော်လည်း လင်ရှုမင်၏ တိုက်ပွဲအစီရင်ခံစာတွင်ဖြစ်စေ ပိုင်ချင်းချင်း၏ ထောက်လှမ်းရေးသတင်းတွင်ဖြစ်စေ ထိုအနက်ရောင် မြင်းတပ်များ၏ တိုက်ခိုက်စွမ်းအားအကြောင်း ဖော်ပြထားခြင်း မရှိ‌ေချ။

ထိုအသစ်ဖွဲ့စည်းထားသော သံချပ်ကာမြင်းတပ်များသည် ရှနိုင်ငံတော်၏ သံချပ်ကာမြင်းတပ်များနှင့် တူညီသော တိုက်ခိုက်နိုင်စွမ်း ရှိမရှိကို ဘယ်သောအခါကမှ သူတို့စဉ်းစားမိခဲ့ခြင်း မရှိ‌ေပ။

အခြားတပ်ဖွဲ့များမှ မြောက်ပိုင်းမြို့တော်သို့ ဝင်ရောက်လာသော စစ်သည်များမဟုတ်ပဲ မြောက်ပိုင်းမြို့တော်မှ စုဆောင်းထားသော စစ်သည်များကို သံချပ်ကာဝတ်စုံကို ဝတ်ဆင်ပေးကာ သံချပ်ကာမြင်းတပ်အဖြစ် ဖွဲ့စည်းထားခြင်းသာဖြစ်ပါက သူတို့၏ တိုက်ခိုက်နိုင်စွမ်းသည် တကယ့်သံချပ်ကာမြင်းတပ်များ၏ တိုက်ခိုက်နိုင်စွမ်းနှင့် မတူနိုင်ပေ။

......

အခန်း (၂၂၈)

ဆွမ်ဧကရာဇ်၏ နောက်ကွယ်မှ ရည်ရွယ်ချက်များ (၁)

ဆွမ်ဧကရာဇ် ထီးနန်းအတွက် ရုန်းကန်နေစဉ်တုန်းက သူလည်း သံချပ်ကာမြင်းတပ်တစ်တပ်ကို တိတ်တဆိတ် လေ့ကျင့်ခဲ့ဖူးသည်။ သံချပ်ကာမြင်းတပ်တစ်ခုကို စစ်တိုက်နိုင်သည်အထိ လေ့ကျင့်ရန် မည်မျှကြာမည်ကို သူ ကောင်းကောင်း သိထားသည်။

လုချန်းသည် မြောက်ပိုင်းမြို့တော်တွင် တစ်နှစ်ကျော်သာ နေထိုင်ခဲ့သည်။ အကယ်၍ မြောက်ပိုင်းမြို့တော်ရှိ သံချပ်ကာများကို လုချန်းအား တစ်စုံတစ်ယောက်က ပေးခဲ့ခြင်းဖြစ်ပြီး သံချပ်ကာမြင်းတပ်ကိုတော့ သူကိုယ်တိုင် ဖွဲ့စည်းခဲ့ခြင်းဖြစ်ပါက မြောက်ပိုင်းမြို့တော်၏ သံချပ်ကာမြင်းတပ်ကို စစ်တိုက်နိုင်သည်အထိ လေ့ကျင့်ရန် နှစ်ပေါင်းများစွာ ကြာမည်မှာ သေချာသည်။

စစ်သားများကို သံချပ်ကာများ ဝတ်ဆင်စေပြီး သံချပ်ကာမြင်းတပ်ဟု သတ်မှတ်လိုက်ခြင်းဖြင့် တိုက်ခိုက်စွမ်းရည် ရှိလာမည်ဟု မဆိုလိုပေ။

အချိန်အနည်းငယ်မျှသာ လေ့ကျင့်ထားသော သံချပ်ကာမြင်းတပ်ကို သာမန်ခြေလျင်တပ်ထက် ပိုမိုစွမ်းရည်ကောင်းနိုင်သော်လည်း လေ့ကျင့်မှုနည်းလမ်းများ မမှန်ကန်ပါက သံချပ်ကာမြင်းတပ်သည် ‌အပေါ့စား မြင်းတပ်များ၏ လိုက်လံတိုက်ခိုက်ခြင်းကို ခံရနိုင်သည်။ မြောက်ပိုင်းမြို့တော်၏ သံချပ်ကာမြင်းတပ်သည် အပေါ်ယံသာ ဖြစ်နိုင်သည်ဟု တွေးမိသောအခါ ဆွမ်ဧကရာဇ်၏ စိတ်ခံစားချက်များ ရုတ်တရက် အလွန်ရှုပ်ထွေးသွားခဲ့သည်။

မူလက မြောက်ပိုင်းမြို့တော်၏ သံချပ်ကာမြင်းတပ်ကို အသုံးပြုကာ အာဏာရှိ မိသားစုများကို ခြိမ်းခြောက်ရန် သူစီစဉ်ထားခဲ့သည်။ မြောက်ပိုင်းမြို့တော်၏ သံချပ်ကာမြင်းတပ်သည် ဤမျှမြန်မြန် ပျက်စီးသွားမည်ဟု သူမမျှော်လင့်ခဲ့ပေ။

...

သို့သော် နောက်တစ်ကြိမ် တွေးကြည့်သောအခါ မြောက်ပိုင်းမြို့တော်ရှိ သံချပ်ကာမြင်းတပ်ပျက်စီးသွားခြင်းက သူ့အတွက် ကောင်းသည်ဟု မြင်လာသည်။ အစက အာဏာရှိ မိသားစုများကို အရင်ဖြေရှင်းပြီးမှ မြောက်ပိုင်းမြို့တော်၏ ကိစ္စများကို ကိုင်တွယ်ရန် သူစဉ်းစားနေခဲ့ခြင်းဖြစ်သည်။

သို့သော် လုချန်းနှင့် မြောက်ပိုင်းမြို့တော်သည် နောက်ပိုင်းတွင် သူ့အတွက် ခြိမ်းခြောက်မှုတစ်ခု ဖြစ်လာနိုင်သည်။ လုချန်းသည် တကယ်ပင် သူ၏သားအရင်းဖြစ်နေပါစေ သူ့ဘဝတစ်လျှောက်တွင် မည်သည့်မင်းသားတစ်ဦးတစ်ယောက်ကိုမှ သူ၏နေရာကို ခြိမ်းခြောက်ခွင့် ပြုမည်မဟုတ်ပါ။

ထို့ပြင် လုချန်း၏ နောက်ကွယ်၌ လျှို့ဝှက်လဝန်းနန်းတော် အပါအဝင် အခြားလျှို့ဝှက်အင်အားစုတစ်ခုက ရှိနေနိုင်သည်။ လုချန်းသည် နယ်ရုပ်တစ်ရုပ်သာဖြစ်ပြီး တစ်စုံတစ်ယောက်က ရှနိုင်ငံတော်နှင့် သူ့ကို ဆန့်ကျင်ရန် လုချန်းအား အသုံးချဖို့ ရည်ရွယ်နေသည်မှာ ထင်ရှားသည်။

ထိုအချိန်တွင် စစ်တူစီက မေးလိုက်၏။

“နောက်တစ်ဆင့် ဘာလုပ်ဖို့ စီစဉ်ထားပါသလဲ မင်းကြီး။”

“မင်းကြီးက တပ်ကြီးတစ်ခုကို မြောက်ဘက်စေလွှတ်မှာလား ဒါမှမဟုတ် မြောက်ပိုင်းနယ်စားမင်းသားကိုပဲ မြောက်ဘက်ကို ဆက်လက်ကာကွယ်စေမှာလား။”

ဆွမ်ဧကရာဇ်က မျက်နှာအမူအယာ မပါပဲ ပြောလိုက်သည်။

“လျှို့ဝှက်အင်အားစုတစ်ခုနဲ့ လျှို့ဝှက်လဝန်းနန်းတော်က ချန်းရဲ့နောက်ကွယ်မှာ ရှိနေတယ်။ ဒီလူတွေက ချန်းကို အသုံးပြုရလို့ ရတယ်လို့ မြင်နေဆဲပဲ။ ချန်း ပျောက်ကွယ်တာကို သူတို့က ကြည့်နေမှာ မဟုတ်ဘူး။ ချန်းကိုပဲ မြောက်ဘက်ကို ဆက်ကာကွယ်ခိုင်းမယ်။ ချန်းရဲ့ နောက်ကွယ်မှာ ဘယ်လိုအင်အားစုရှိ နေလဲဆိုတာ ကျုပ်တကယ်သိချင်နေတယ်။”

ထိုအချိန်တွင် စောနက ထွက်သွားသော မိန်းမစိုးက အဆောင်ထဲသို့ ပြန်ဝင်လာပြီး

“မင်းကြီး။ ဝန်ကြီးချုပ်နှင့် အခြားသူတွေ ရောက်ရှိလာပါပြီ။ သူတို့က စာကြည့်ခန်းထဲမှာ မင်းကြီးကို စောင့်နေပါတယ်။”

ဆွမ်ဧကရာဇ်သည် စစ်တူစီနှင့် စကားဆက်မပြောတော့ပဲ စာကြည့်ခန်းသို့ တိုက်ရိုက်သွားလိုက်သည်။

ခဏအကြာတွင် နန်းတော်ရှိ ဧကရာဇ်၏ စာကြည့်ခန်းတွင် နန်းတွင်း၏ အရေးပါသော ဝန်ကြီးများသည် စာကြည့်ခန်းထဲတွင် စုရုံးနေပြီး စောင့်ဆိုင်းနေကြသည်။ အခန်းထဲရောက်နေသူများအချင်းချင်း အပြန်အလှန် အကဲခတ်ကြည့်လိုက်ကြပြီး ဆွမ်ဧကရာဇ် သူတို့ကို ခေါ်ယူရခြင်း၏ အကြောင်းရင်းကို ချက်ချင်း ခန့်မှန်းမိလိုက်ကြသည်။

ဝန်ကြီးချုပ် နှစ်ဦးအပြင် ဘဏ္ဍာရေးဝန်ကြီးနှင့် စစ်‌ရေးဝန်ကြီးတို့လည်း ရှိနေပြီး ဆွမ်ဧကရာဇ်က ရာထူးတိုးပေးထားသော ဗိုလ်ချုပ်များအပါအဝင် ဒုစစ်ရေးဝန်ကြီးလည်း စာကြည့်ခန်းထဲတွင် ရှိနေသည်။ ဆွမ်ဧကရာဇ်တွင် စစ်ရေးနှင့် သက်ဆိုင်သော ကိစ္စတစ်ခု ပြောစရာရှိနေပုံရတာ ထင်ရှားသည်။ ရှနိုင်ငံတော်နှင့် ဝူနိုင်ငံတော်ကြား စစ်ပွဲတွင် အပြောင်းအလဲတစ်ခုခု ဖြစ်ပေါ်ခဲ့ဟန် ရှိသည်။

ထိုအချိန်တွင် မိန်းမစိုးတစ်ဦး၏ အသံက တံခါးဝတွင် ပေါ်ထွက်လာခဲ့သည်။

“မင်းကြီး ရောက်ရှိပါပြီ။”

စာကြည့်ခန်းထဲရှိ လူများလည်း ချက်ချင်းပင် နှစ်တန်းဖွဲ့ကာ ဆွမ်ဧကရာဇ် ရောက်ရှိလာရန် စောင့်ဆိုင်းလိုက်ကြသည်။ ဆွမ်ဧကရာဇ် စာကြည့်ခန်းထဲသို့ ဝင်ရောက်ပြီး စားပွဲခုံတွင် ထိုင်လိုက်သောအခါ ဝန်ကြီးအားလုံးက ချက်ချင်းပင် သူ့ကို ကြိုဆိုလိုက်ကြသည်။

“မင်းကြီးကို ကြိုဆိုပါတယ်။ မင်းကြီး အသက်ရှည်ပါစေ။ ထီးနန်းသက်တမ်း ရှည်ကြာပါစေ။”

ဆွမ်ဧကရာဇ်က အေးဆေးစွာဖြင့် ပြောလိုက်သည်။

“ထုံးတမ်းတွေ ရှောင်ပါ။”

ညာလက်ရုံး ဝန်ကြီးချုပ် ကျောင်းဝမ်ဟန်က ပထမဦးဆုံး ရှေ့သို့တက်လာပြီး မေးလိုက်သည်။

“မင်းကြီး ဒီအချိန်မှာ ကျွန်တော်တို့ကို ခေါ်တာက စစ်မျက်နှာမှာ အပြောင်းအလဲတစ်ခုခု ရှိလာလို့လား။”

ဝန်ကြီးချုပ်သည် အဆင့်အတန်းတစ်ခု ရှိသောကြောင့် ထိုသို့သော အချိန်မျိုးတွင် ဆွမ်ဧကရာဇ်ကို ဦးစွာမေးမြန်းနိုင်သည်။ ဆွမ်ဧကရာဇ်က မျက်နှာအမူအယာ မပါပဲ ပြန်ဖြေလိုက်သည်။

“စစ်မျက်နှာမှာ အပြောင်းအလဲတစ်ခု ရှိလာတာကတော့အမှန်ပဲ။ ဒါပေမဲ့ အနောက်ဘက်မှာ မဟုတ်ဘူး။ မြောက်ဘက်မှာ ဖြစ်တာ။”

ထိုစကားကို ကြားလိုက်ရသောအခါ စာကြည့်ခန်းထဲရှိ ဝန်ကြီးများ အံ့အားသင့်သွားခဲ့ကြသည်။

မြောက်ဘက်။

အဲဒါ မြောက်ပိုင်းမြို့တော် မဟုတ်လား။

မြောက်ပိုင်းနယ်စားမင်းသားက မြောက်ပိုင်းမြို့တော်ရဲ့ သံချပ်ကာမြင်းတပ်နဲ့ မြောက်ပိုင်းဖရီဘုရင်ရဲ့ စစ်တပ်ကို ချေမှုန်း လိုက်ပြီလား။

ဒါ တကယ်ဖြစ်နိုင်လား။ မြောက်ပိုင်းနယ်စားမင်းသားက အဲ့ဒီလောက် အင်အားကြီးလား။

ယခင်တစ်ကြိမ်ကလည်း မြောက်ပိုင်းနယ်စားမင်းသားက ကောင်းကင်ဝံပုလွေဘုရင်၏ စစ်သည်သုံးသိန်းကို အနိုင်ရခဲ့ပြီးဖြစ်သည်။ ယခုတစ်ကြိမ်လည်း မြောက်ပိုင်းဖရီဘုရင်၏ စစ်သည်နှစ်သိန်းကို ပြီးပြတ်အောင် ချေမှုန်းတိုက်ခိုက်နိုင်ခဲ့ပါက မြောက်ပိုင်းနယ်စားမင်းသားသည် ဧကရာဇ်၏ အာဏာကိုပင် လွှမ်းမိုးနိုင်သော အနေအထားသို့ ရောက်ရှိသွားမည်ဖြစ်သည်။

အခန်းထဲမှလူများ သူတို့၏ စိတ်ကူးများထဲ နစ်မြောနေစဉ် ဆွမ်ဧကရာဇ်က သူ၏လက်ထဲရှိ အစီရင်ခံစာကို မိန်းမစိုးလက်သို့ ပေးလိုက်ပြီးမိန့်ကြားလိုက်သည်။

“သူတို့ကို ပေးကြည့်လိုက်ပါ”

မိန်းမစိုးလည်း ချက်ချင်းပင် စစ်ရေးအစီရင်ခံစာကို ယူပြီး လင်ကောင်းယွမ်ထံ ပေးအပ်လိုက်သည်။ သူ၏သား ရေးသားပေးပို့သော စစ်ရေးအစီရင်ခံစာကို မြင်ရသောအခါ လင်ကောင်းယွမ်သည် ချက်ချင်း အံ့သြသွားသည်။

မြောက်ပိုင်းမြို့တော်၏ သံချပ်ကာမြင်းတပ် ငါးသောင်း ချေမှုန်းတိုက်ခိုက်ခံရခြင်း။

ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ။ထိုအချိန်တွင် အချိန်မပြုန်းတီးစေရန် ဆွမ်ဧကရာဇ်က တိုက်ရိုက်ပြောလိုက်သည်။

“မြောက်ပိုင်းဒေသက စစ်ရေးသတင်းအရ မြောက်ပိုင်းမြို့တော်ရဲ့ သံချပ်ကာမြင်းတပ် ငါးသောင်းဟာ ထျန်းကောင်းမြို့မှာ မြောက်ပိုင်းဖရီဘုရင်ရဲ့ စစ်တပ်ကြီးနှင့် ထိပ်တိုက်တွေ့ဆုံးပြီး နောက်ဆုံးမှာ လုံးဝချေမှုန်းခံခဲ့ရတယ်။ ဒဏ်ရာရသူ အနည်းငယ်ပဲ ကျန် တော့တယ်။ အခုလောလောဆယ် မြောက်ပိုင်းဖရီဘုရင်ရဲ့ စစ်တပ်က လွင်ပြင်ဒေသကို ပြန်ဆုတ်ခွာသွားပေမဲ့ ထျန်းကောင်းမြို့ကို နှောင့်ယှက်ဖို့ မြင်းတပ်တွေ မကြာမကြာ လွှတ်နေဆဲပဲ။”

ဆွမ်ဧကရာဇ်၏ စကားကို ကြားလိုက်ရသော အခါ ဝန်ကြီးများအားလုံး ချက်ချင်း အံ့အားသင့်သွားကြသည်။

မြောက်ပိုင်းမြို့တော်ရဲ့ သံချပ်ကာမြင်းတပ် ငါးသောင်း ချေမှုန်းခံလိုက်ရပြီ။

ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ။

ဒါက သံချပ်ကာမြင်းတပ်ပါ။

သံချပ်ကာမြင်းတပ်များသည် လွင်ပြင်ဒေသမှ အပေါ့စား မြင်းတပ်များကဲ့သို့ လျင်မြန်စွာ ရွေ့လျားနိုင်ခြင်း မရှိသော်လည်း သံချပ်ကာဝတ်ဆင်ထားသောကြောင့် လွင်ပြင်ဒေသမျိုးနွယ်စု စစ်တပ်များက သူတို့ကို အလွယ်တကူ ပျက်စီးအောင် တိုက်ခိုက်နိုင်မည် မဟုတ်ပါ။

ဝန်ကြီးများ၏ စိတ်ထဲတွင် ပထမဆုံးပေါ်လာသော အတွေးမှာ ဤသတင်းသည် သတင်းမှားသာ ဖြစ်ရမည်ဟူသော အတွေးဖြစ်သည်။ ဆွမ်ဧကရာဇ်သည် သူတို့၏ အာရုံကို လွှဲပြောင်းရန်နှင့် မြောက်ပိုင်းမြို့တော်တွင် သံချပ်ကာမြင်းတပ် ငါးသောင်းရှိကြောင်း မေ့သွားစေရန် လှည့်စားနေခြင်းဖြစ်မည်ဟု ထင်မြင်ကြသည်။

လင်ကောင်းယွမ်သည်လည်း ဤသို့ပင် ထင်မြင်သော်လည်း တစ်ခုခုမှားယွင်းနေသည်ဟုတော့ ခံစားနေရသည်။ အဘယ်ကြောင့်ဆိုသော် ဤစစ်ရေးအစီရင်ခံစာကို သူ၏သားက ပေးပို့ထားခြင်းဖြစ်သည်။ သူ၏သားသည် အချို့သတင်းအချက်အလက်များကို ဖုံးကွယ်ထားနိုင်သော်လည်း အစီရင်ခံစာ လုပ်ကြံ‌ရေးသားပြီးပေးပို့မည်တော့ မဟုတ်ပါ။

......

All Chapters