← Chapters

အခန်း ၂၃၂-၂၃၄

Vol. 16 Ch. 232-234

အခန်း ၂၃၂-၂၃၄

Vol. 16 Ch. 232-234

အခန်း( ၂၃၂ )

ချန်ဝမ်ရွန်၏ ဆရာ။

လုချန်း၏ ပြဿနာများ (၂)

လုချန်းသည် နွေဦးအသံအဆောင် ထွက်ခွာပြီး စာကြည့်ခန်းသို့ သွားခဲ့သည်။

ယနေ့ ရာသီဥတုသည် ကောင်းမွန်ပြီး နှင်းများဆဲသွားပြီးနောက် ကောင်းကင်ပြာကို ပထမဆုံး ပြန်မြင်ရသည်။ စာကြည့်ခန်းတံခါးဝသို့ ရောက်သည့်အခါ လုချန်းက ချက်ချင်း မဝင်သေးပဲ ခြံဝင်းထဲတွင် နေပူစာလှုံရန် ခဏရပ်နေခဲ့သည်။

လွန်ခဲ့သည့် နှစ်ပတ်အတွင်း သူသည် အိပ်ရာထဲတွင် ရဲလိနန်ရန်နှင့် ဆက်ဆံရေး လေ့ကျင့်နေခဲ့သည်။ ရှောင်ဝမ်ယောင်ကို မြင်းစီးနည်း သင်ပေးနေခဲ့သည်။ ထို့ပြင် ထိပ်သီးပညာရှင် ပိုင်ချင်းချင်းနှင့် လှံပစ်လေ့ကျင့်နေခဲ့သည်။ နေပူစာလှုံဖို့ အခွင့်အရေး သူ့မှာမရှိခဲ့တာ ကြာပြီဖြစ်သည်။

လုချန်း နေပူစာလှုံနေစဉ် အစေခံမိန်းကလေး တစ်ဦး ချဉ်းကပ်လာပြီး ပြောလိုက်သည်။ “မင်းသား။ လိလူကြီးမင်းက မင်းသားကို တွေ့ချင်တယ်လို့ ပြောပါတယ်။”

လုချန်းက

“သူ့ကို လာခွင့်ပြုလိုက်ပါ။”

...

မကြာမီ အစေခံမိန်းကလေးက လိယုရီကို လုချန်းထံသို့ ခေါ်ဆောင်လာသည်။

လီယုရီက တွေ့တွေ့ချင်း နှုတ်ဆက်လိုက်သည်။

“မင်းသားကို ဂါရဝပြုပါတယ်။ မင်းသား နှစ်ပေါင်းထောင်ချီ အသက်ရှည်ပါစေ။”

လုချန်းက နေပူစာလှုံနေရင်း ပြန်ဖြေလိုက်သည်။

“ထုံးစံတွေ မလုပ်ပါနဲ့ ။”

“ဘာကိစ္စလဲဆိုတာ ပြောပါ။”

လုချန်း၏ စကားကို ကြားပြီးနောက် လိယုရီက ချက်ချင်းပြန်မဖြေပဲ နှုတ်ဆိတ်နေ၏။

လိယုရီ ဆက်မပြောတာကို တွေ့တော့ လုချန်းက စူးစမ်းစွာဖြင့် သူ့ကိုကြည့်လိုက်သည်။

“ဒီနေ့ လိလူကြီးမင်းက ဘာကြောင့် ဒီလောက် မပြတ်မသား ဖြစ်နေတာလဲ။”

လိယုရီက ချောင်းဟန့်လိုက်ပြီးနောက်

“မင်းသား။ ကျွန်တော် မင်းသားနဲ့ ဆွေးနွေးဖို့လာတဲ့ အဓိကကိစ္စက အရာရှိလစာနဲ့ ပတ်သက်ပါတယ်။”

ထိုစကားကို ကြားလိုက်ရသည့်အခါ လုချန်းခဏစဉ်းစားသွားပြီး မေးလိုက်သည်။

“အရာရှိလစာ ဟုတ်လား။ မြောက်ပိုင်းမြို့တော်က အရာရှိတွေက သူတို့လစာတွေ တိုးယူချင်ကြတာလား။”

လိယုရီက ပြန်ဖြေလိုက်သည်။

“မဟုတ်ပါဘူး။”

“ဒါပေမဲ့…”

လိယုရီက စကားကို မဆက်‌တော့ပဲ ရပ်လိုက်သည်။

လိယုရီယနေ့ ဤမျှ နှုတ်ဆိတ်နေသည်ကို မြင်လိုက်ရသည့်အခါ လုချန်းက ချက်ချင်းပင်

“‌ ပြောစရာရှိတာ ပြောပါ လိလူကြီးမင်း။ ပြောစရာ မရှိရင်လည်း ကိုယ့်တာဝန်ကိုယ် ပြန်လုပ်ပါ။”

လုချန်း စိတ်မကျေနပ်သလို ဖြစ်နေသည်ကို မြင်လိုက်ရသည့်အခါ လိယုရီလည်း ခပ်မြန်မြန်ပင် ပြောလိုက်တော့သည်။

“အရင်က မြောက်ပိုင်းမြို့တော်ရဲ့ အရာရှိ တွေအတွက် လစာကို နန်းတွင်းက ပေးခဲ့တာပါ။ ဒါပေမဲ့ နန်းတွင်းရဲ့ စည်းမျဉ်းအရ နယ်စားနယ်မြေအတွင်းက အရာရှိ တွေအတွက် လစာကို နယ်စားကိုယ်တိုင် ပေးရမှာ ဖြစ်ပါတယ်။”

“နန်းတွင်းက မြောက်ပိုင်းမြို့တော်အတွက် ငွေထုတ်ပေးတာကို လွန်ခဲ့တဲ့ ခြောက်လကတည်းက ရပ်တန့်လိုက်ပြီ။ ဒါကြောင့်…”

လိယုရီက စကားကို ဆက်မပြောပဲ လုချန်းကို ကြည့်နေသည်။

သူ၏ အဓိပ္ပာယ်မှာ ရိုးရှင်းပြီး ရှင်းလင်းသည်။ မြောက်ပိုင်းမြို့တော်တွင် ငွေကြေးကုန်ခမ်းနေပြီဖြစ်ပြီး အရာရှိများ၏ လစာများကို မြောက်ပိုင်းနယ်စားမင်းသား၏ စံအိမ်မှ ပေးရန် လိုအပ်နေသည်။

လိယုရီ၏ စကားကို ကြားလိုက်ရသည့်အခါ လုချန်းက ရယ်မောလိုက်ပြီး

“မြောက်ပိုင်းမြို့တော်က နှစ်စဉ် အခွန်ကောက်ခံတယ် မဟုတ်လား။ ကျွန်တော်မှတ်မိသလောက် နန်းတွင်း စည်းမျဉ်းအရ နယ်စားတွေဟာ နယ်မြေရရှိပြီး ပထမဆယ်နှစ်အတွင်း နန်းတွင်းကို အခွန်မပေးရဘူး မဟုတ်လား။”

“မြောက်ပိုင်းမြို့တော်က အခွန်တွေက အရာရှိတွေကို လစာပေးဖို့ မလုံလောက်ဘူးလား။”

လိယုရီက

“မင်းသား။ မြောက်ပိုင်းမြို့တော်ဟာ ဆင်းရဲပါတယ်။ နောက်ပြီး မင်းသား မြောက်ပိုင်းမြို့တော် ရောက်လာပြီးနောက်ပိုင်း အခွန်တော်တော်များများ လျှော့ပေးခဲ့တဲ့အတွက် တကယ်တော့ ဘဏ္ဍာတိုက်ထဲမှာ ငွေပမာဏ များများစားစား မကျန်တော့ပါဘူး။”

“ကျွန်တော် တွက်ချက်ကြည့်ပြီးပါပြီ။ကျွန်တော်တို့က ဒီနှစ်အတွက် အရာရှိလစာ‌ တွေကို ထုတ်ပေးလိုက်ပြီးရင် နိုင်ငံရေးရာ အဆောက်အဦး ပြီးစီး‌အောင်‌ဆောက်လုပ်ဖို့ ငွေ မကျန်တော့ပါဘူး။”

မြောက်ပိုင်းနယ်စားမင်းသား၏ စံအိမ်နှင့် ခရိုင်အုပ်ချုပ်‌ရေး အစိုးရ၏ ဘဏ္ဍာရေးသည် သီးခြားစီဖြစ်သည်။ မြောက်ပိုင်းနယ်စားမင်းသား၏ စံအိမ်၏ ငွေကြေးကို စံအိမ်မှ ကိုယ်တိုင် စီမံခန့်ခွဲပြီး မြောက်ပိုင်းမြို့တော်၏ အခွန်ဝင်ငွေကို ခရိုင်အုပ်ချုပ်ရေးအစိုးရက စီမံခန့်ခွဲသည်။

နန်းတွင်းက ငွေမထုတ်ပေးပါက လိယုရီ စီမံခန့်ခွဲနေသော ငွေကြေးအနည်းငယ်က မကြာမီ ကုန်ခမ်းသွားမည်ဖြစ်၏။ ထို့ပြင် နိုင်ငံရေးရာ အဆောက်အဦး တည်ဆောက်‌သော ငွေကြေးများသည်လည်း ခရိုင်အုပ်ချုပ်ရေးအစိုးရ၏ ဘဏ္ဍာတိုက်မှ လာနေခြင်းဖြစ်သည်။

မြောက်ပိုင်းမြို့တော်တွင် အခွန်များစွာကို လျှော့ပေးထားပြီး နန်းတွင်းမှလည်း ငွေထုတ်ပေးမှု မရှိသည့်အတွက် ခရိုင်အုပ်ချုပ်ရေးအစိုးရက စီမံခန့်ခွဲနေသော ဘဏ္ဍာငွေများ လျော့နည်းလာနေသည်။ ထွက်ငွေများပြီး ဝင်ငွေနည်းသည့်အတွက် ရှည်ကြာစွာ တောင့်မခံထားနိုင်ပါ။

လိယုရီ ပြောပြီးနောက် လုချန်း ခဏခန့် တိတ်ဆိတ်သွား၏။ ခဏကြာပြီးနောက် လုချန်းက မေးလိုက်သည်။

“မြောက်ပိုင်းမြို့တော်ရဲ့ ဒီနှစ်အတွက် အရာရှိလစာပေးဖို့ ဘယ်လောက်ထပ်လိုသေးလဲ။”

လိယုရီက သတိထားပြီး ပြန်ဖြေလိုက်သည်။ “ တစ်သိန်းထက်ပိုမလိုပါဘူး မင်းသား။”

ထိုအခါ လုချန်း၏ နဖူးတွင် အရေးအကြောင်းများ ပေါ်လာပြီး ဆက်ပြောလိုက်သည်။

“တိကျတဲ့ ပမာဏကို ပြောပါ။”

လိယုရီက ထပ်မံဖြေကြားလိုက်သည်။

“ငါးသောင်းကျော်လောက် လိုပါတယ်။”

ငါးသောင်းကျော်သာ လိုအပ်သည်။ မြောက်ပိုင်းနယ်စားမင်းသားစံအိမ်က ထိုငွေကြေးကို ပေးနိုင်မည်မှာ သေချာသည်။

သို့သော် ဤသည်မှာ မြောက်ပိုင်းမြို့တော်၏ အရာရှိလစာပမာဏ တစ်စိတ်တစ်ပိုင်းသာဖြစ်ပြီး အနက်ရောင် မြင်းတပ်နှင့် လွင်ပြင်ဒေသ မျိုးနွယ်စုများမှ ဖမ်းဆီးထားသော သုံ့ပန်းများကို ထိန်းသိမ်းရန်အတွက်လည်း လစဉ် ငွေကြေး အမြောက်အမြားများ သုံးစွဲနေရသည်။ မြောက်ပိုင်းနယ်စားမင်းသားစံအိမ်တွင် အမြတ်အစွန်းများစွာ ရရှိသော လုပ်ငန်းများစွာရှိသော်လည်း အသုံးစရိတ်များ များပြားပါက ဝင်ငွေက ထွက်ငွေနောက်ကို လိုက်နိုင်မည် မဟုတ်ပေ။

ထို့နောက် လုချန်းက လိယုရီကို ပြောလိုက်သည်။

“ခင်ဗျား အရင်ပြန်သွားပါ။ စံအိမ်ရဲ့ ငွေကြေးစာရင်းဇယားတွေကို ကျွန်တော်ကိုယ်တိုင် စီမံခန့်ခွဲတာ မဟုတ်ဘူး။ မိဖုရားနဲ့ အရင်တိုင်ပင်ရမယ်။ အရာရှိလစာတွေနဲ့ ပတ်သက်လို့တော့ ကျွန်တော် ရက်အနည်းငယ်အတွင်း ထုတ်ပေးလိုက်မယ်။ ခင်ဗျား စိတ်မပူပါနဲ့။”

လုချန်း၏ စကားက လိယုရီအား စိတ်သက်သာရာ ရသွားစေ၏။

မြောက်ပိုင်းနယ်စားမင်းသားစံအိမ်တွင် ငွေအမြောက်အမြားရှိကြောင်း သူသိထားသည်။ အကြောင်းမှာ စံအိမ်မှ လုပ်ကိုင်နေသော လုပ်ငန်းများသည် အလွန်အမြတ်အစွန်းများပြီး တစ်လတွင် တစ်သိန်းထက်ပိုသော ငွေပမာဏကို အလွယ်တကူ ရရှိနိုင်သည်။

အဓိကအချက်ကတော့ မြောက်ပိုင်းနယ်စားမင်းသား၏ သဘောထားဖြစ်သည်။ အချို့သော နယ်စားများသည် သူတို့၏ နယ်မြေသို့ ရောက်ရှိလာသည်နှင့် အရာရှိလစာများကို မကြာခဏ ရွှေ့ဆိုင်းလေ့ရှိသည်။ ထိုကိစ္စမျိုးက နယ်မြေတိုင်းတွင် ဖြစ်ပွားလေ့ရှိသည်။

လုချန်းက အရာရှိလစာများအား တမင် ရွှေ့ဆိုင်းလိုက်မည်ကို လိယုရီ စိုးရိမ်နေခဲ့သည်။

အကယ်၍ လုချန်းသာ အရာရှိလစာများကို ရွှေ့ဆိုင်းခဲ့လျှင် မြောက်ပိုင်းမြို့တော်၏ အရာရှိများက အုပ်ချုပ်ရေးမှူးဖြစ်သော သူ့ကို အရင်ဆုံး ပြောဆိုကြမည်ဖြစ်သည်။ မင်းသားကို ပြောဆိုကြမည် မဟုတ်ပေ။

ကံကောင်းထောက်မစွာပင် လုချန်းဆီ၌ အရာရှိလစာများကို ရွှေ့ဆိုင်းရန် ရည်ရွယ်ချက် ရှိမနေပါ။

လိယုရီက

“ကျွန်တော်ကို ခွင့်ပြုပါ မင်းသား။”

ထို့နောက် လိယုရီလည်း စိတ်ချလက်ချဖြင့် မင်းသား အိမ်မှ ထွက်ခွာသွား‌တော့သည်။ လိယုရီ ထွက်ခွာသွားပြီးနောက် လုချန်းလည်း စာကြည့်ခန်းထဲ မဝင်တော့ပဲ မုကျိရွှမ်းကို ရှာဖွေရန် ချက်ချင်းပင် ပင်မ‌ဆောင်ဘက်သို့ သွားလိုက်သည်။

မုကျိရွှမ်းသည် ပင်မခန်းမအတွင်းရှိ သစ်သားခုံတစ်လုံးပေါ်တွင် ထိုင်နေသည်။ ရှနိုင်ငံတော်ရှိ လူအများစုသည် ဒူးထောက်ထိုင်ရန် ပိုနှစ်သက်သော်လည်း ထိုကဲ့သို့သော ကိုယ်နေဟန်ထားက သူ၏ မိဖုရားများ ကိုယ်ဝန်ရှိလာလျှင် သန္ဓေသားကို ထိခိုက်စေနိုင်တာ စိုးရိမ်သောကြောင့် လုချန်းက လက်မှုပညာရှင်များကို ထိုင်ခုံများစွာ ပြုလုပ်စေခဲ့သည်။

မုကျိရွှမ်းက ကိုယ်ဝန်ရှိသည့် လက္ခဏာများ ပြသနေပြီဖြစ်သည်။ သူမ၏ ဗိုက်က အနည်းငယ် ဝိုင်းနေသော်လည်း သိပ်မသိသာသေးပေ။ ချောင်ချိသော အဝတ်အစားများဝတ်ဆင်ထားသောကြောင့်လည်း ဖြစ်သည်။

လုချန်း ပင်မခန်းမသို့ ရောက်လာသည့်အခါ စာရင်းများကို စစ်ဆေးနေသော မုကျိရွှမ်းအား တွေ့လိုက်ရသည်။ သူက ချက်ချင်းပင် ခုံတစ်လုံးကို ယူလာပြီး သူမ၏ ဘေးတွင် ထိုင်လိုက်ကာ သူမ၏ သွယ်လျသော ခါးကို ပွေ့ဖက်လိုက်ပြီး နားနားကပ်၍ ညင်သာစွာ ပြောလိုက်သည်။

“နှမတော်တော့ ပင်ပန်းနေပြီ။”

အခန်း( ၂၃၃ )

ချန်ဝမ်ရွန်၏ ဆရာ။

လုချန်း၏ ပြဿနာများ (၃)

ဤအချိန်တွင် လုချန်း သူမကို ရှာဖွေရန် လာသည်ကို မြင်လိုက်ရသည့်အခါ မုကျိရွှမ်းအနည်းငယ် ရှုပ်ထွေးသွားသည်။ ပုံမှန်အားဖြင့် သူမ ကိုယ်ဝန်ရှိပြီးနောက် လုချန်းနေ့ခင်းဘက်တွင် သူမကို လာရောက်ပွေ့ဖက်လေ့မရှိပေ။ အကြောင်းမှာ သူသည် ရှောင်ဝမ်ယောင်၊ပိုင်ချင်းချင်းတို့နှင့် မြင်းစီးခြင်း လှံပစ်ခြင်းတို့ကို လေ့ကျင့်ရန် လိုအပ်ပြီး သူမဆီ လာရောက်လည်ပတ်ရန် အချိန်မရှိပါ။

လက်ထဲရှိ စာရင်းစာအုပ်ကို ခပ်မြန်မြန်ချထားလိုက်ပြီး မုကျိရွှမ်းက မေးလိုက်သည်။

“မင်းသား ကိစ္စတစ်ခုခု ရှိလို့လား။”

လှည့်ပတ်မပြောပဲ လုချန်းက တိုက်ရိုက်ပြောလိုက်သည်။

“နောက်ပိုင်းမှာ မြောက်ပိုင်းနယ်စားမင်းသား စံအိမ်က မြောက်ပိုင်းမြို့တော်ရဲ့ အရာရှိတွေကို ထောက်ပံ့ရမယ်။ ဒါကြောင့် ကိုယ်တို့ရဲ့ ဘဏ္ဍာငွေတွေထဲက အတော်များများကို ဒီအတွက် သုံးရလိမ့်မယ်။”

လုချန်း၏ ဆိုလိုရင်းကို ချက်ချင်း နားလည်သွားပြီး မုကျိရွှမ်းက ပြောလိုက်သည်။

“တကယ်တော့ နိုင်ငံတော်ဘဏ္ဍာနဲ့ ကိုယ်ပိုင်ဘဏ္ဍာကို ခွဲခြားဖို့ အချိန်တန်နေပါပြီ။”

...

ရှနိုင်ငံတော်၏ နယ်မြေစနစ်အရ စစ်ပွဲတစ်ခု သို့မဟုတ် အထူးအရေးပါသော အဖြစ်အပျက်တစ်ခု မရှိပါက အပိုင်းစား နယ်မြေရရှိပြီးသော နယ်စားများ၏ နယ်မြေများတွင် နန်းတွင်းမှ ငွေကြေးများ ထပ်မံခွဲဝေသုံးစွဲမည် မဟုတ်ပါ။

ပုံမှန်အားဖြင့် နယ်စားတစ်ဦးသည် သူ၏ နယ်မြေသို့ ရောက်ရှိလာသည်နှင့် သူ့စံအိမ်၏ ကိုယ်ပိုင်ဘဏ္ဍာနှင့် နိုင်ငံတော်ဘဏ္ဍာကို ခွဲခြားလိုက်ပြီး အခွန်ဝင်ငွေအများစုကို ကိုယ်ပိုင်ဘဏ္ဍာထဲသို့ တိုက်ရိုက်ထည့်သွင်းကာ သူ၏ ကိုယ်ပိုင်အကျိုးစီးပွားအတွက် အသုံးပြုလေ့ရှိသည်။

သို့သော် မြောက်ပိုင်းမြို့တော်က ကွဲပြားသည်။ မြောက်ပိုင်းမြို့တော်တွင် ဆင်းရဲမွဲတေမှုက အဆုံးစွန်သို့ ရောက်နေပြီး အခွန်ဝင်ငွေ အနည်းငယ်သာ ရှိသည်။ လုချန်းအနေနှင့်တော့ ပြည်သူများထံမှ အခွန်ဝင်ငွေကို သိမ်းယူရန် မလိုအပ်ပါ။ မြောက်ပိုင်းနယ်စားမင်းသားစံအိမ်တွင် သီးခြားဘဏ္ဍာများ ထားရှိခြင်းသည် ငွေကြေးခွဲဝေမှုကို လွယ်ကူစေရန် သက်သက်သာဖြစ်သည်။

မုကျိရွှမ်းက ဆက်ပြောလိုက်သည်။

“ဒါပေမဲ့ နိုင်ငံတော်ဘဏ္ဍာကို ဘယ်သူ့လက်ထဲ အပ်ရမလဲ။ မင်းသားမှာ သင့်တော်တဲ့ လူတစ်ယောက် စိတ်ကူးထားတာ ရှိပြီးပြီလား။”

ဘဏ္ဍာငွေများကို စီမံခန့်ခွဲသူသည် ယုံကြည်ရသော လူတစ်ဦးဖြစ်ရန် လိုအပ်သည်။ ကိုယ်ပိုင်ဘဏ္ဍာနှင့် နိုင်ငံတော်ဘဏ္ဍာကို ခွဲခြားပြီးသည်နှင့် နိုင်ငံတော်ဘဏ္ဍာကို မြို့အုပ်ချုပ်‌ရေးအစိုးရက ဆက်လက်စီမံခန့်ခွဲခွင့် မရှိတော့ပေ။

မြောက်ပိုင်းနယ်စားမင်းသား၏ စံအိမ်သည် လက်ရှိတွင် ချမ်းသာနေသော်လည်း တစ်နေ့တွင် နိုင်ငံတော်ဘဏ္ဍာသည် ကိုယ်ပိုင်ဘဏ္ဍာထက် ပိုမိုများပြားလာနိုင်သည်။ အထူးသဖြင့် မြောက်ပိုင်းမြို့တော် ဖွံ့ဖြိုးတိုးတက်လာပြီး အခွန်ဝင်ငွေများ တိုးပွားလာသည်နှင့်အမျှ နိုင်ငံတော်ဘဏ္ဍာသည် မြောက်ပိုင်းနယ်စားမင်းသားစံအိမ်၏ ကိုယ်ပိုင်ဘဏ္ဍာထက် ပိုမိုကြွယ်ဝလာနိုင်ခြေ များပြားသည်။

ထို့ကြောင့် အစကတည်းက ဘဏ္ဍာငွေများကို ခိုင်မာစွာ ထိန်းချုပ်ထားခြင်းက အကောင်းဆုံးဖြစ်သည်။ မုကျိရွှမ်း၏ မေးခွန်းကို ကြားလိုက်ရသည့်အခါ လုချန်း ခဏတာမျှ တွေးတောသွားသည်။

“သင့်တော်တဲ့ လူတစ်ယောက်‌တော့ မရှိသေးဘူး။”

ပထမဦးစွာ နိုင်ငံတော်ဘဏ္ဍာကို စီမံခန့်ခွဲမည့်သူသည် သူ့ကိုရာနှုန်းပြည့် သစ္စာရှိရမည်။ ဒုတိယအချက် အနေဖြင့် ထိုသူသည် အတွေ့အကြုံအနည်းငယ် ရှိရမည်။ လုချန်းက သက်ပြင်းချလိုက်ပြီး ပြောလိုက်သည်။

“နိုင်ငံတော်ဘဏ္ဍာအကြောင်း အခုချိန်မှာ မပြောပါနဲ့ဦး။ မြောက်ပိုင်းမြို့တော်ရဲ့ လက်ရှိအရာရှိဖွဲ့စည်းပုံဟာ ယာယီအဖွဲ့တစ်ခုလိုပဲ။ အသုံးဝင်တဲ့လူတွေ မရှိသလောက်ပါပဲ။ မြောက်ပိုင်းမြို့တော်ရဲ့ အရာရှိ ဖွဲ့စည်းပုံကို အရင်ဆုံး ပြန်လည်ပြင်ဆင်ဖို့ လိုနေပြီထင်တယ်။”

နယ်စားပိုင် နယ်မြေတစ်ခုကို နိုင်ငံတစ်ခုဟု ခေါ်ဆိုနိုင်၏။ အဘယ့်ကြောင့်ဆိုသော် နယ်စားတစ်ဦးသည် သူ၏ နယ်မြေအတွင်း၌ လွတ်လပ်စွာ စီမံခန့်ခွဲနိုင်သည့် အာဏာများစွာရှိသောကြောင့်ဖြစ်သည်။ ထိုအာဏာများတွင် အရာရှိများကို ခန့်အပ်ခြင်းနှင့် ရာထူးမှ ဖယ်ရှားခြင်းများလည်း ပါဝင်သည်။

ပုံမှန်အားဖြင့် နယ်စားတစ်ဦးသည် သူ၏ နယ်မြေသို့ ရောက်ရှိလာသည်နှင့် သူ၏ ကိုယ်ပိုင် အုပ်ချုပ်ရေး အခြေခံတစ်ခုကို ဖန်တီးရန် ကြိုးစားလေ့ရှိသည်။ ထိုအုပ်ချုပ်‌ ရေး အခြေခံကို နန်းတွင်းငယ်ဟုလည်း ခေါ်ဆိုကြသည်။ နန်းတွင်းတွင် ဝန်ကြီးဌာနခြောက်ခုရှိသကဲ့သို့ နယ်စားနယ်မြေတစ်ခုတွင်လည်း ဝန်ကြီးဌာနခြောက်ခု ရှိသည်။

လုချန်း မြောက်ပိုင်းမြို့တော် ရောက်နေတာ တစ်နှစ်ကျော် ကြာမြင့်ပြီဖြစ်သော်လည်း ဝန်ကြီးဌာနခြောက်ခုကို မဖွဲ့စည်းရသေးပေ။ တာဝန်နှင့် ဝတ္တရားများ မရှင်းလင်းသေးသည့်အတွက် မြောက်ပိုင်းမြို့တော်ကို အရင်ကအတိုင်း စီမံခန့်ခွဲနေဆဲဖြစ်သည်။

သို့သော် အဓိကအကြောင်းရင်းမှာ မြောက်ပိုင်းမြို့တော်တွင် စွမ်းဆောင်ရည်ရှိသော လူများ မရှိခြင်းဖြစ်သည်။ ဝန်ကြီးဌာနခြောက်ခုကို ဖွဲ့စည်းရန် လုံလောက်သော အရာရှိများ မရှိပေ။

ထိုအချိန်တွင် လုချန်းက မုကျိရွှမ်း၏ ဗိုက်ကို ကြည့်လိုက်ပြီး သူ၏ လက်ကို ဆန့်ထုတ်လိုက်ကာ ညင်သာစွာ ပွတ်သပ်လိုက်သည်။ မုကျိရွှမ်းနှင့် ကျောင်းယိုယိုတို့ ကိုယ်ဝန်ဆောင်ချိန် နှစ်ကြိမ်လုံးတွင် စနစ်က သူ့ကို စွမ်းဆောင်ရည်ရှိသော လူများကို ဆုအဖြစ် ပေးခဲ့သည်။

ပထမတစ်ကြိမ်တွင် အထူးကိုယ်ရံတော်အဖွဲ့ဖြစ်ပြီး နောက်တစ်ကြိမ်တွင် အနက်ရောင် မြင်းတပ်ဖြစ်သည်။ ထို့ကြောင့်ကိုယ်ဝန်ဆောင်ဆုများသည် စွမ်းဆောင်ရည်ရှိသော လူများကို ပေးလေ့ရှိသည်ဟု ညွှန်ပြနေသည်။ မုကျိရွှမ်းတို့ သယ်ဆောင်နေသည်မှာ သူတို့၏ ကလေးများသာမက လုချန်း လိုချင်သော အရာရှိများလည်း ဖြစ်နိုင်သည်။

မုကျိရွှမ်းတို့ နောက်တစ်ကြိမ် ကလေးမွေးဖွားသည့်အခါ စနစ်က သူ့ကို စွမ်းဆောင်ရည်ရှိသော လူများကို ဆုအဖြစ် ပေးမည်ဟု လုချန်း မျှော်လင့်ထားသည်။ အကြောင်းမှာ မြောက်ပိုင်းမြို့တော်တွင် အရာရှိများ အလွန်လိုအပ်နေသောကြောင့် ဖြစ်သည်။

ထိုအချိန်တွင် မုကျိရွှမ်းက အကြံပြုလိုက်သည်။

“မင်းသား။ နိုင်ငံတော်ဘဏ္ဍာကို ယာယီအားဖြင့် အစ်မနန်ရန်ကို အပ်လိုက်ရင် ဘယ့်နဲ့လဲ။”

ထိုစကားကို ကြားလိုက်ရသည့်အခါ လုချန်း အံ့အားသင့်သွားသည်။ ရဲလိနန်ရန်တွင် စီမံခန့်ခွဲမှုအတွေ့အကြုံများစွာ ရှိပြီး သူမ၏ သူ့အပေါ် သဘောကျမှုသည်လည်း တစ်ရာရာခိုင်နှုန်းရှိနေပြီဖြစ်သည့်အတွက် သူမ သစ္စာဖောက်မည် မဟုတ်ပေ။

သို့သော် ရဲလိနန်ရန်သည် ယခင်က ကောင်းကင်ဝံပုလွေဘုရင်၏ ဇနီးဖြစ်ခဲ့သည့်အတွက် သူမကို နိုင်ငံတော်ဘဏ္ဍာကိစ္စ အပ်နှံပါက မကျေနပ်သူများ ရှိလာမည်မှာ သေချာသည်။

မုကျိရွှမ်းက ဆက်ပြောလိုက်သည်။

“အခုဆိုရင် အစ်မနန်ရန်က မင်းသားရဲ့ မိန်းမတစ်ယောက်ပါ။ ဒါ့အပြင် သူက အခုတလော စံအိမ်ရဲ့ ကိစ္စရပ်တွေကို ကူညီဆောင်ရွက်ပေးနေပါတယ်။ ကျွန်မတွေ့ရှိရသလောက်ဆိုရင် သူရဲ့ စာရင်းကိုင်စွမ်းရည်က ကျွန်မထက် မနိမ့်ပါဘူး။ သူ့ကို ယာယီအားဖြင့် ဘဏ္ဍာတွေကို စီမံခန့်ခွဲခိုင်းမယ်ဆိုရင် ပြဿနာမရှိဘူးလို့ ကျွန်မ ထင်တယ်။”

“ နောက်ပြီး မင်းသားရဲ့ ကျော်ကြားလာမှုကြောင့် မကြာခင်မှာ ဘဏ္ဍာငွေကို စီမံခန့်ခွဲဖို့ သင့်တော်တဲ့လူတွေကို ရှာတွေ့မယ်လို့ ကျွန်မ ယုံကြည်တယ်။ ဒါကြောင့် သူ့လက်ထဲမှာ အပ်ထားတာက ယာယီအားဖြင့်သာ ဖြစ်ပါတယ်။”

“ကျွန်မလည်း ထင်တာက သူ့ကို ဘဏ္ဍာငွေကိစ္စ အပ်နှံတာက နောက်ထပ် အရေးကြီးတဲ့ အကျိုးကျေးဇူးတစ်ခု ရှိပါတယ်။ လွင်ပြင်ဒေသ မျိုးနွယ်စုတွေကို ငြိမ်သက်စေမယ့် အကျိုးကျေးဇူးပါ။ အကယ်၍ လွင်ပြင်ဒေသ မျိုးနွယ်စုတွေက အစ်မနန်ရန်ကို ဒီလို တာဝန်ပေးထားတာကို သိရင် မင်းသားက လွင်ပြင်ဒေသ မျိုးနွယ်စုတွေကို ခွဲခြားဆက်ဆံတာ မဟုတ်ဘူးဆိုတာကို သက်သေပြလိုက်သလို သွားပြီး သူတို့လည်း မျှော်လင့်ချက်တွေ ရှိလာမှာပါ။”

လုချန်း ရဲလိနန်ရန်နှင့် လက်ထပ်ခြင်းတွင် အရေးပါသော နိုင်ငံရေး ရည်ရွယ်ချက်တစ်ခုရှိသည်။ ထိုရည်ရွယ်ချက်မှာ မြောက်ပိုင်းမြို့တော်ရှိ လွင်ပြင်ဒေသ မျိုးနွယ်စုများကို ငြိမ်သက်စေရန်ဖြစ်သည်။ အထူးသဖြင့် ကောင်းကင်ဝံပုလွေဘုရင် မျိုးနွယ်စုများကို ဖြစ်သည်။

လုချန်းသည် ရဲလိနန်ရန်၏ ခန္ဓာကိုယ်ကို တကယ်ပင် လိုလားသော်လည်း သူမနှင့် လက်ထပ်ခြင်းက သူ၏ ကာမဆန္ဒ သက်သက်ကြောင့် မဟုတ်ပေ။ ထိုလက်ထပ်ခြင်းသည် နိုင်ငံရေးလက်ထပ်ခြင်းတစ်ခုသာ ဖြစ်သည်။

ထိုလက်ထပ်ခြင်းသည် ကောင်းကင်ဝံပုလွေဘုရင် မျိုးနွယ်စုနှင့် မြောက်ပိုင်းနယ်စားမင်းသားစံအိမ်ကြား နိုင်ငံရေးမဟာမိတ်ဖွဲ့ခြင်းတစ်ခုနှင့် ညီမျှသည်။

သို့သော် ရဲလိနန်ရန် ကောင်းကင်ဝံပုလွေဘုရင်၏ ဇနီးမဖြစ်ခဲ့ပါကလည်း သူမကို လုချန်းတွေ့သည်နှင့် ပိုင်ဆိုင်လိုစိတ်များ ရှိနေမည်သာဖြစ်သည်။ သူ့အတွက်တော့ နိုင်ငံရေးမဟာမိတ်ဖွဲ့ခြင်းသည် အပိုထပ်ဆောင်း အကျိုးကျေးဇူးသာ ဖြစ်သည်။

ခဏတာ တွေးတောပြီးနောက် လုချန်းက ပြုံးရင်း ပြောလိုက်သည်။

“ နန်ရန့်ကို ဘဏ္ဍာငွေ စီမံခန့်ခွဲခိုင်းရင် သူအာဏာရလာတဲ့အခါ စံအိမ်ထဲမှာ သူရဲ့ အဆင့်အတန်းက နှမတော်ထက် မြင့်သွားမှာ မကြောက်ဘူးလား။”

မုကျိရွှမ်းက ပြုံးရင်း ပြန်ဖြေလိုက်သည်။ “မြောက်ပိုင်းနယ်စားမင်းသား၏ စံအိမ်ထဲက အမျိုးသမီးတွေရဲ့ အဆင့်အတန်းက ယှဉ်ပြိုင်ဖို့ မဟုတ်ပါဘူး။ ဒါက မင်းသားက ပေးထားတာပါ။ မင်းသား မြှင့်တင်ပေးချင်တဲ့သူက အဆင့်မြင့်မှာပါ။”

အကယ်၍ အခြားနေရာတစ်ခုတွင် ဖြစ်ပါက အာဏာကို လက်ဝယ်ရှိသော အမျိုးသမီးက လွှမ်းမိုးသွားနိုင်သည်။ သို့သော် မြောက်ပိုင်းနယ်စားမင်းသား၏ စံအိမ်တွင်မူ ကွဲပြားသည်။ မင်းသားစံအိမ်တွင် လုချန်းဆီမှာသာ အာဏာအပြည့်အဝရှိပြီး အတွင်းဆောင်ရှိ အမျိုးသမီးအားလုံး၏ အာဏာက သူ့ကို အခြေခံထားသည်။

မုကျိရွှမ်းသည် နဂါးဖီးနစ်ယင်ယန်ကျင့်စဉ်၏ အကျိုးသက်ရောက်မှုကို သိထားသည့်အတွက် လုချန်းသာ ဆန္ဒမရှိပါက ရဲလိနန်ရန် အာဏာရှိလာလည်း သူမထက် အဆင့်မြင့်လာမည်ကို လုံးဝမစိုးရိမ်ပေ။

အကယ်၍ လုချန်းသည် ရဲလိနန်ရန်၏ အဆင့်အတန်းကို သူ့ထက် မြှင့်တင်လိုပြီး သူ့ကို မိဖုရားအဖြစ်မှ ဖယ်ရှားလိုပါက အပြစ်သားတစ်ဦး၏ သမီးဖြစ်သည့် မုကျိရွှမ်းက တားဆီးနိုင်မည် မဟုတ်ပေ။

သို့သော် တစ်နှစ်ကျော်ကြာ အတူနေထိုင်ပြီးနောက် လုချန်းက ထိုကဲ့သို့ လူစားမျိုးမဟုတ်ကြောင်း မုကျိရွှမ်း ယုံကြည်ထားသည်။ လုချန်းအပေါ် သူမ အပြည့်အဝ ယုံကြည်သည်။ ဒါကလည်း သူမ၏ သဘောကျမှု အမှတ် ၁၀၀ ဖြစ်နေခြင်း၏ အကျိုးကျေးဇူးလည်းဖြစ်သည်။ သူတို့ လင်မယားကြားတွင်လှည့်ကွက်များ မရှိပါ။

.......

အခန်း (၂၃၄)

ဒီလူ့ရဲ့ မကောင်းတဲ့ဘက်ကို အစ်မမြင် အောင်ပြရမယ် (၁)

မုကျိရွှမ်း၏ အဖြေကို ကြားလိုက်ပြီးနောက်လုချန်း၏ နှုတ်ခမ်းများသည် အနည်းငယ် ကွေးသွားသည်။ သူသည် မုကျိရွှမ်းကဲ့သို့ ဉာဏ်ပညာနှင့် ပြည့်စုံပြီး အမှားအမှန်ကို ခွဲခြားနိုင်ကာ အရေးကြီးသော ကိစ္စရပ်များတွင် မနာလိုဝန်တိုမှုများ မခံစားရသော မိန်းမကို နှစ်သက်သည်။

အလှအပအရ မုကျိရွှမ်းသည် ၉၃ ရမှတ်ရှိပြီး ချူးယုချင်နှင့် နှိုင်းယှဉ်ပါက အနည်းငယ် နိမ့်သော်လည်း လုချန်း၏ သူမအပေါ် ထားရှိသော ချစ်ခြင်းမေတ္တာသည် စနစ်၏အဆင့်သတ်မှတ်ချက်ပေါ်တွင် အခြေမခံပါ။ သူ နှစ်သက်သော အမျိုးသမီးများဖြစ်ပါက သူတို့သည် သူ့အတွက် အလွန်အရေးပါ၏။ စနစ်၏ အဆင့်သတ်မှတ်ချက်တစ်ခုကတည်း လွှမ်းမိုးနိုင်သည့် အရာမျိုး မဟုတ်ပေ။

ထိုအချိန်တွင် လုချန်းက

“‌ ကောင်းပါပြီ။ ဒါဆို ကိုယ် နန်ရန့်ကို ယာယီအားဖြင့် နိုင်ငံတော်ဘဏ္ဍာငွေ စီမံခန့်ခွဲခိုင်းလိုက်မယ်။ သူဘယ်လို စီမံခန့်ခွဲသလဲဆိုတာ ကြည့်မယ်။ သင့်တော်တဲ့လူတစ်ယောက် ရှာတွေ့တဲ့အခါမှ အဲ့ဒီလူနဲ့အစားထိုးလိုက်မယ်။”

...

စကားပြောပြီးသည်နှင့် လုချန်းသည် သူ၏ အခြားလက်ကို ဆန့်ထုတ်လိုက်ပြီး မုကျိရွှမ်း၏ သွယ်လျသော ခါးကို ပွေ့ဖက်လိုက်သည်။ မုကျိရွှမ်း ကိုယ်ဝန်ရှိနေသော်လည်း ထိုအရာက သူမအား ပွေ့ဖက်ခြင်းမှ မကာကွယ်နိုင်ပေ။ ရုတ်တရက် တစ်ခုခုကို သတိရသွားပြီး မုကျိရွှမ်းက မေးလိုက်သည်။

“ဒါနဲ့ မင်းသားက လာမယ့်နွေဦးမှာ လမ်းမကြီး စဖောက်ဖို့ စီစဉ်ထားတယ် မဟုတ်လား။ မင်းသားက လူတွေကို ဘိလပ်မြေအများကြီး ထုတ်လုပ်ခိုင်းထားတယ် ကြားလို့။”

လုချန်းက ပြောလိုက်သည်။

“အင်း။”

ထိုအခါ မုကျိရွှမ်းက အတွေးနက်နက်နှင့် မှတ်ချက်ပြုလိုက်သည်။

“ဒါဆို နောက်နှစ်မှာ ဆန်စပါး အမြောက်အမြား လိုအပ်လာမယ်။ ရှနိုင်ငံတော်နဲ့ ဝူနိုင်ငံတော်က စစ်ဖြစ်နေတာကြောင့် ရှနိုင်ငံတော်ထဲမှာ ဆန်ဈေးနှုန်းတွေ အရမ်းတက်နေတယ်။”

မုကျိရွှမ်းရဲ့ စကားကို ကြားလိုက်ရ သောအခါ လုချန်း ခဏမျှ ထိတ်လန့်သွား၏။ ဆန်ဝယ်ယူသည့် တာဝန်ကို မုကျိရွှမ်းကို လွှဲအပ်ထားသဖြင့် ရှနိုင်ငံတော်အတွင်းရှိ လက်ရှိ ဆန်ဈေးနှုန်းများကို သူ မသိပါ။ အခု သူမပြောလာမှ ရှနိုင်ငံတော်နယ်နိမိတ်အတွင်း စပါးဈေးနှုန်းများ အလွန်အမင်း မြင့်တက်နေနိုင်ကြောင်း လုချန်း ခန့်မှန်းမိလိုက်၏။

မုကျိရွှမ်းက ဆက်၍

“ နောက်ပြီး ဆန်တွေကို တောင်ပိုင်း အာဏာရှိ မိသားစုတွေက လက်ဝါးကြီးအုပ်ထားတယ်။ ရှနိုင်ငံတော်မှာ အခုလက်ရှိ ဆန်ဈေးက တစ်တင်းကို ငွေခြောက်စနီးပါး တက်နေပြီ။”

သူမ၏ စကားများက လုချန်းကို တုန်လှုပ်သွားစေ၏။ ဆန်ဝယ်သည့် အလုပ်ကိုသူ တာဝန်မယူထား‌သော်လည်း နေပြည်တော်မှာ နေစဉ်တုန်းက ဆန်ဈေးနှုန်းများကို သူ အနည်းငယ် နားလည်ထားသည်။ ယခင်က ဆန်တစ်တင်းဈေးသည် ငွေ ၀.၅စ နှင့် ၀.၆ စကြားသာရှိခဲ့သည်။

ဆန်ဖြူတစ်တင်းကို ငွေခြောက်စ ဖြစ်နေပြီဆိုပါက ဆန်ဈေးနှုန်း ဆယ်ဆ မြင့်တက်သွားခြင်းဖြစ်သည်။

“ခြောက်... ခြောက်စ ဟုတ်လား။”

“စျေးကြီးလိုက်တာ။”

မုကျိရွှမ်းက

“အကယ်၍ ရှနိုင်ငံတော်နဲ့ ဝူနိုင်ငံတော်ကြား ပဋိပက္ခ ဆက်ဖြစ်နေမယ်ဆိုရင် ဆန်ဈေးနှုန်းတွေ ထပ်မြင့်လာနိုင်ပါတယ်။ ဝူနိုင်ငံတော်ရဲ့ တပ်တွေ နေပြည်တော်ကို ရောက်လာတဲ့အခါ သာမန်လူတွေက...”

မုကျိရွှမ်းက စကားကို မဆက်‌တော့ပဲချက်ချင်းရပ်လိုက်သည်။မုကျိရွှမ်းက ရုတ်တရက် စကားပြောတာ ရပ်လိုက်သည်ကို တွေ့တော့ လုချန်းက ပြုံးလိုက်ရင်း

“ ကိုယ့်ရှေ့မှာ ဒီလောက် သတိထားစရာ မလိုပါဘူး နှမတော်။ စိတ်ထဲမှာ ရှိတာကို ပြောပါ။”

“ပြီးတော့ နှမတော်ပြောချင်တာ မမှားပါဘူး။ဆန်ဈေးနှုန်းတွေ ဆက်မြင့်တက်နေမယ်ဆိုရင် သာမန်လူတွေကြားထဲမှာ ပုန်ကန်မှု‌တွေတကယ် ဖြစ်လာနိုင်ပါတယ်။ ဒါပေမဲ့ လက်ရှိသူတို့အိမ်တွေမှာ ဆန်တွေ ကျန်နေသေးတယ်။ နောက်ထပ် တစ်နှစ်လောက် စားနိုင်အောင် ရှိနေသေးတယ်။ နောက်ပြီး စစ်ပွဲက မကြာခင်ပြီးသွားမယ်လို့ ကိုယ်ထင်တယ်။”

စစ်နှင့် ဆန်းဈေးနှုန်း မြင့်တက်မှုက အမြဲတမ်း ဆက်စပ်နေ၏။ ဒါက ရှနိုင်ငံတော်ဘက်က စစ်စတင်ခြင်း မစတင်ခြင်းနှင့် မဆိုင်ပါ။ သို့သော် ဆန်ဈေးနှုန်း မြင့်တက်လာတာနဲ့ ပြည်သူတွေက ချက်ချင်း ပုန်ကန်လိမ့်မည်ဟု တွက်၍မရပါ။

သာမန်လူတွေ ပုန်ကန်တာမျိုးက သူတို့အသက်ရှင်ရပ်တည်ဖို့ ခက်ခဲသော အခြေအနေကို ရောက်နေမှ ဖြစ်တတ်၏။ စစ်ပွဲက လအနည်းငယ်ပဲ ကြာသေးသဖြင့် ရှနိုင်ငံတော်မှ လူများအတွက် ထိုသို့သော အခြေအနေမျိုးကို ရောက်ရှိဖို့ အချိန်မလုံလောက်သေးပါ။

သို့သော် လုချန်းက စစ်ပွဲပြီးတော့မည်ဟု ခန့်မှန်းသည်။ စစ်ပွဲကြောင့် ဆန်စပါးဈေးနှုန်းတွေ မြင့်တက်သည်ဟု ဆိုနိုင်‌ သော်လည်း ရှနိုင်ငံတော်နဲ့ ဝူနိုင်ငံတော်ကြားမှ ပဋိပက္ခက ဖြစ်ခါစသာဖြစ်ပြီး အနိုင်အရှုံး မကွဲပြားသော အခြေအနေမှာသာ ရှိနေ သေး၏။ ထို့ကြောင့် ရှနိုင်ငံတော်၏ ဆန်စပါးဈေးနှုန်းများ ဒီလောက် မြင့်တက်နေခြင်းက ပုံမှန်မဟုတ်ပါ။

ဆန်ဈေးနှုန်း ဆယ်ဆမြင့်တက်သွားခြင်းက တောင်ပိုင်းအာဏာရှိ မိသားစုများ ဆွမ်ဧကရာဇ်ကို ဖိအားပေးနေတယ်ဆိုတာထင်ရှားစွာ ဖော်ပြနေ၏။

တစ်ဖက်တွင် သူတို့က ဆန်စပါးဈေးနှုန်းတွေကို လက်ဝါးကြီးအုပ်ပြီး ဖိအားပေးနေကာ ကျန်တစ်ဖက်တွင် ပြည်ပစစ်ပွဲကို အသုံးချနေသည်။ ထို့ကြောင့် ဆွမ်ဧကရာဇ် လည်း လက်လျှော့ရဖို့ နီးစပ်နေပြီဟု ယူဆရသည်။

တစ်ခုပဲ မေးစရာ၏။ ဒီလက်လျှော့မှုက ဘယ်လိုပုံစံနဲ့ ဖြစ်လာမလဲ ဆိုတာကိုဖြစ်သည်။

သူ၏ဖခင်ဖြစ်သူ ဧကရာဇ်က ငယ်ရွယ်ဖျတ်လတ်နေသေးသောကြောင့် နန်းစွန့်ဖို့က မဖြစ်နိုင်ပါ။ သို့သော် အိမ်ရှေ့စံတစ်ယောက်ကို ခန့်အပ်ဖို့ကတော့ ဖြစ်နိုင်၏။

သို့သော် ဆွမ်ဧကရာဇ်က တောင်ပိုင်း အာဏာရှိ မိသားစုများကို အလျှော့ပေးပြီး မင်းသား လုရှုယွမ်ကို အိမ်ရှေ့စံအဖြစ် ကြေညာဖို့ ဆုံးဖြတ်ခဲ့မည် ဆိုပါက နေပြည်တော်မှ အခြားအုပ်စုများက လက်ခံကြမည် မဟုတ်ပါ။ ထိုအခါ ရှနိုင်ငံတော်အတွင်း၌ နိုင်ငံရေးပဋိပက္ခများ ထပ်ဖြစ်လာလိမ့်မည်ဖြစ်သည်။

ထိုသို့ တွေးမိသွားပြီး‌နောက် လုချန်း၏ နှုတ်ခမ်းထောင့်များ အနည်းငယ် မြင့်တက်သွား၏။ ကံကောင်းထောက်မစွာပင် သူကတော့ မြောက်ပိုင်းမြို့တော်ရောက်နေခဲ့သည်။ ထို့ကြောင့် နေပြည်တော်မှာ ဘာဖြစ်ဖြစ် သူ့အတွက် သိပ်အရေးမကြီး‌ေပ။ သူ့နယ်မြေ ဖွံ့ဖြိုးတိုးတက်ရေးကိုသာ အာရုံစိုက်နိုင်သည်။

သူတို့အချင်းချင်း တိုက်ခိုက်ကြတာကောင်း၏။ အကောင်းဆုံးက သေသည်အထိ တိုက်ကြခြင်းဖြစ်သည်။ ထိုအခါမှသာ အခြေအနေ ရှုပ်ထွေးနေစဉ် သူ အကျိုးအမြတ်များ ဝင်ယူနိုင်လိမ့်မည်ဖြစ်သည်။

ထို့နောက် လုချန်းက

“နှမတော်။ ရက်အနည်းငယ်အတွင်း ငွေခုနှစ်သောင်းကို အုပ်ချုပ်ရေး အစိုးရဆီ လွှဲပြောင်းပေးပါ။ အရာရှိလစာတွေနဲ့ နိုင်ငံရေးရာ ခန်းမတည်ဆောက်ဖို့ပါ။”

လိယုရီက ငွေငါးသောင်းသာ တောင်းခဲ့‌သော်လည်း လုချန်းကတောင်း ပိုတောင်းလိုက်သည်။ အသေးအဖွဲကိစ္စများနှင့် ပတ်သက်ပြီး သူအငြင်းမပွားလိုပါ။ ထို့ကြောင့် သူက လိယုရီအတွက် ငွေနှစ်သောင်း ထပ်ပေါင်းထည့်ပေးလိုက်ခြင်းဖြစ်သည်။

မြောက်ပိုင်းမြို့တော်မှ အရာရှိ ဝန်ထမ်းများကို အရင်ဆုံး အချိုသပ်ထားဖို့ သူဆုံးဖြတ်ထား၏။ အဘယ့်ကြောင့်ဆိုသော် အကြီးစား ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်ဖို့ သူပြင်ဆင်နေသောကြောင့် ဖြစ်သည်။ ‘ကြိမ်လုံးနဲ့ မုန့်ကို ပေါင်းစပ်ခြင်း’ ဆိုသည့် နိယာမကို လုချန်း နားလည်ထား၏။

မုကျိရွှမ်းက တုံ့ပြန်လိုက်သည်။

“ကျွန်မ နားလည်ပါတယ်။ ဘဏ္ဍာတိုက်ကနေ ငွေခုနှစ်သောင်းကို အုပ်ချုပ်ရေး အစိုးရဆီ ချက်ချင်း လွှဲပေးပါမယ်။”

လုချန်းက တစ်ချက် စဉ်းစားကြည့်ပြီး ပြောလိုက်၏။

“ဆန်ကိစ္စနဲ့ ပတ်သက်ပြီးတော့...”

သူဆက်မ‌ပြောပဲ ရပ်လိုက်သည်။

တကယ်တော့ ဆန်ဈေးနှုန်းက စိုးရိမ်ရမည့် ကိစ္စဖြစ်သည်။ ရှနိုင်ငံတော်၏ ဆန်ဈေးနှုန်းများကို တစ်ညီတစ်ညွတ်တည်း ထိန်းချုပ်ထား၏။ ထို့ကြောင့် ပြင်ပမှ ဆန်ဝယ်ယူ‌နေရသော ဆင်းရဲမွဲတေသည့် မြောက်ပိုင်းမြို့တော်က အများဆုံး ထိခိုက်သော နေရာဖြစ်‌နေသည်။

ဆန်တစ်တင်းကို ငွေခြောက်စ ခုနှစ်စ ပေး နေရတာကို ကြည့်ပြီး တစ်ခုခု မှားနေလားဟု လုချန်း၏ ဦးနှောက်မှ တွေးမိလိုက်သည်။

ထို့ပြင် အာလူး၊ကန်စွန်းဥနဲ့ ပြောင်းဖူးလိုမျိုး သီးနှံများကို ကျယ်ကျယ်ပြန့်ပြန့် စားသုံးနိုင်ခြင်း မရှိသေးပါ။ သီးနှံအသစ်တစ်ခု ကျယ်ကျယ်ပြန့်ပြန့် စာသုံးနိုင်ဖို့ အချိန်ယူရ၏။ စိုက်ပြီးပြီးချင်း ရိတ်သိမ်းလို့ ရသော အရာမျိုး မဟုတ်ပါ။

........

All Chapters