အခန်း ၂၃၅-၂၃၇
Vol. 16 Ch. 235-237
အခန်း (၂၃၅ )
ဒီလူ့ရဲ့ မကောင်းတဲ့ဘက်ကို အစ်မမြင် အောင်ပြရမယ် (၂)
ထို့ပြင် ပထမဆုံး စိုက်ပျိုးရ၍ ရသော သီးနှံများကို မျိုးစေ့အဖြစ် သိမ်းဆည်းထားရဦးမည်ဖြစ်သည်။ မြောက်ပိုင်းမြို့တော်တွင် စားနပ်ရိက္ခာ ပြဿနာကို အပြည့်အဝ ဖြေရှင်းနိုင်ဖို့ နောက်ထပ် နှစ်အနည်းငယ် ကြာဦးမည်ဖြစ်သည်။ ထို့ကြောင့် ဒီနှစ်တွေအတွင်းမြောက်ပိုင်းမြို့တော်က ပြင်ပမှ ဆန်စပါးများ ဝယ်ယူနေရဦးမည်ဖြစ်သည်။
ခဏလောက် တွေးကြည့်ပြီးနောက် လုချန်းက မုကျိရွှမ်းကို ပြောလိုက်၏။
“မင်းသားစံအိမ်က စပါးဝယ်ယူတာကို ခဏရပ်ထားခိုင်းလိုက်ပါ။ ကိုယ် ဝမ်ချင်းစီကို အခြားနိုင်ငံတွေရဲ့ လက်ရှိ စပါးဈေးနှုန်းတွေ မေးမြန်းခိုင်းပြီး မိုးစက်ရဲတိုက်က တဆင့် ဆန်တွေ ဝယ်ကြည့်မယ်။”
မုကျိရွှမ်းက
“မင်းသား။ ဒါက မိုးစက်ရဲတိုက်နဲ့ မင်းသားစံအိမ်ကြားက ဆက်ဆံရေးကို ပေါက်ကြားမသွားစေနိုင်ဘူးလား။”
လုချန်းက အေးဆေးစွာဖြင့် ပြန်ပြော၏။
“အရောင်းအဝယ် လမ်းကြောင်း အတုတွေ လုပ်လိုက်ပါ။ မိုးစက်ရဲတိုက်က မြောက်ပိုင်းနယ်သားမင်းသားစံအိမ်ကို ရောင်းချတဲ့ ဆန်ဈေးနှုန်းက ရှနိုင်ငံတော်မှာရှိတဲ့ ဈေးနှုန်းနဲ့ အတူတူလိုမျိုး လုပ်ထားပါ။”
“တကယ်တော့ မိုးစက်ရဲတိုက်က စီးပွားရေးလုပ်ငန်းတစ်ခုပါ။ အတိုင်းအတာတစ်ခုအထိ အဲ့ဒီရည်ရွယ်ချက်ကို ဖြည့်ဆည်းပေးသင့်ပါတယ်။”
...
မိုးစက်ရဲတိုက်၏ အဓိကလုပ်ငန်းက ထောက်လှမ်းရေးအချက်အလက်များ စုဆောင်းရန် ဖြစ်သော်လည်း အပေါ်ယံကတော့ စီးပွားရေးလုပ်ငန်းများဖြစ်၏။ မြောက်ပိုင်းမြို့တော်မှာ ဆန်ရှားပါးနေသည့် အချိန်တွင် မိုးစက်ရဲတိုက်က ဆန်များကို ပြန်လည်တင်ပို့ရောင်းချခြင်းက လုံးဝပုံမှန်ဖြစ်သည်။
မုကျိရွှမ်းက
“ကျွန်မ နားလည်ပါပြီ။”
မုကျိရွှမ်းနဲ့ ခဏခန့် ရင်းနှီးစွာ စကားပြောပြီးနောက် လုချန်းလည်း ပင်မခန်းမမှ ထွက်သွားပြီး စာကြည့်ခန်းဆီသို့ ဦးတည်လိုက်၏။ သူစာကြည့်ခန်းသို့ ရောက်သည်နှင့် အထူးကိုယ်ရံတော်တစ်ယောက်အား
“ဝမ်မိန်းကလေးကို ခေါ်ပေးပါ။ သူနဲ့ အလုပ်တစ်ခုရှိလို့။”
ဝမ်ချင်းစီကို မြောက်ပိုင်းနယ်စားမင်းသားစံအိမ်မှာ မမြင်ရတာ လဝက်ခန့်ရှိပြီဖြစ်သည်။ ပြီးခဲ့တဲ့အကြိမ်က ပြင်းပြင်းထန်ထန် အဆူခံခဲ့ရတာကြောင့် ပြန်မလာရဲလောက်အောင် ကြောက်ရွံ့သွားပြီလား မသိပါ။
သို့သော် သူမသည် လုချန်း၏ အစေခံတစ်ယောက်ဖြစ်၏။ သူမ ပြန်မလာပါက တစ်ယောက်ယောက်ကို အခေါ်လွှတ်ခိုင်းလိုက်ရုံသာဖြစ်သည်။ သူမက ရန်ခရိုင်ကနေ မထွက်ခွာသွားသေးသရွေ့ သူမအနေနှင့် မြောက်ပိုင်းနယ်စားမင်းသားစံအိမ်ကို လာပြီး လုချန်းကို အစီရင်ခံရန် တာဝန်ရှိ၏။
လုချန်း စာကြည့်ခန်းထဲတွင် စောင့်နေပြီး မကြာမီ ဝမ်ချင်းစီ၏ အသံကို အပြင်မှ ကြားလိုက်ရ၏။
“မင်းသား။ ကျွန်မ ရောက်ပါပြီ။”
စာရေးခုံတွင် ထိုင်ပြီး မြောက်ပိုင်းမြို့တော်အတွက် ပြုပြင်ပြောင်းလဲရေး အစီအစဉ်များကို စုတ်တံဖြင့် ရေးနေစဉ် လုချန်းကပြောလိုက်သည်။
“ဝင်လာခဲ့”
ထို့နောက် တံခါးကို တွန်းဖွင့်ကာ ဝမ်ချင်းစီ အခန်းအတွင်းသို့ ဝင်လာခဲ့သည်။ လုချန်း အလုပ်မအား ဖြစ်နေသည်ကို မြင်လိုက်ရတော့ဝမ်ချင်းစီ စိတ်အေးသွားသည်။ လုချန်းက သူမကို အခြားလိုအင်ဆန္ဒများ ဖြည့်ဆည်းရန် ခေါ်ယူခဲ့ခြင်း ဖြစ်နိုင်သည်ဟုသူမ ထင်ခဲ့သည်။
သို့သော် မြောက်ပိုင်းနယ်စားမင်းသားစံအိမ် အတွင်းဆောင်တွင် အမျိုးသမီးများစွာ ရှိနေသည့်အတွက် သူမ မပြန်လာပါကလည်း လုချန်းအတွက် ပြဿနာ မရှိပါ။ သူ့ကို ဖြည့်ဆည်းပေးရန် သူမကို မလိုအပ်ပါ။
ထို့ပြင် ထိုသို့သော ကိစ္စများအတွက် အထူးကိုယ်ရံတော်တစ်ယောက်ကို စေလွှတ်ပြီး သူမကို ရှာဖွေခိုင်းရန် အကြောင်းမရှိပါ။ ဖြစ်နိုင်သည်မှာ သူ့တွင် အရေးကြီးကိစ္စတစ်ခုရှိနေခြင်း ဖြစ်သည်။
ဝမ်ချင်းစီက တက်ကြွစွာဖြင့် မေးလိုက်သည်။
“မင်းသား။ ကျွန်မကို ဘာကိစ္စနဲ့ ခေါ်တာလဲ။”
လုချန်းက စကားစပြောလိုက်သည်။
“ကိုယ်သိချင်တာက လက်ရှိ ဘယ်နိုင်ငံတွေမှာ ဆန်စပါးဈေးနှုန်းတွေ ပိုသက်သာနေလဲ။ မြောက်ပိုင်းနယ်စားမင်းသား စံအိမ်က ဆန်စပါးတွေ စုဆောင်းဖို့ စီစဉ်နေတယ်။”
ထိုစကားကို ကြားလိုက်ရသည်နှင့် လုချန်း၏ ရည်ရွယ်ချက်ကို ဝမ်ချင်းစီ ချက်ချင်း နားလည်သွားခဲ့သည်။ ထောက်လှမ်းရေးတွင် အလုပ်လုပ်နေသည့်အတွက် ရှနိုင်ငံတော်၏ ဆန်စပါးဈေးနှုန်းများ မြင့်တက်လာမှုက မည်မျှ ကြောက်စရာကောင်းသည်ကို သူမ ကောင်းကောင်းသိသည်။ ထို့ကြောင့် ဘယ်နိုင်ငံတွေမှာ ဆန်စပါးဈေးနှုန်းများ ပိုသက်သာနေသည်ကို ကြိုတင်စုံစမ်းထားပြီးဖြစ်သည်။
ဝမ်ချင်းစီက ချက်ချင်းပြောလိုက်၏။
“မင်းသား။ ကျွန်မ မင်းသားအတွက် ကြိုတင် စုံစမ်းထားပါတယ်။ လက်ရှိတော့ကျုးနိုင်ငံတော်မှာ စပါးဈေးနှုန်းတွေ နည်းနည်း ပိုသက်သာနေပါတယ်။ ဒါပေမဲ့ ကျုးနိုင်ငံတော်ရဲ့ အဓိကသီးနှံက ဂျုံပါ။”
ရှနိုင်ငံတော်မှ လူများက ဆန်ကို ပိုနှစ်သက်ကြ၏။ ကျုးနိုင်ငံတော်မှ လူများသည် အဓိကအားဖြင့် အနောက်မြောက်ဒေသများတွင် နေထိုင်ကြပြီး ဂျုံကိုအခြေခံ အစားအစာအဖြစ် စားသုံးကြသည်။ သူတို့က ဂျုံကိုသာ အများဆုံး စိုက်ပျိုးကြသည်။
မြောက်ပိုင်းမြို့တော်သည် ကျုးနိုင်ငံတော်ထက် ပို၍ မြောက်ဘက်ကျသော နေရာတွင်တည်ရှိသော်လည်း လူများစုသည် မကြာသေးမီက နှစ်များအတွင်းကသာ ရှနိုင်ငံတော်မှ ရွှေ့ပြောင်းလာခဲ့ကြသည့်အတွက် သူတို့အများစုသည် ဆန်ပြုတ်ကို အဓိကအားဖြင့် စားသုံးကြသည်။
ဝမ်ချင်းစီ၏ စကားကို ကြားလိုက်ပြီးနောက်နှင့်လုချန်း ခဏခန့် တွေးတောလိုက်ပြီးပြောလိုက်သည်။
“ဂျုံဆိုရင်လည်း ဈေးနှုန်းသက်သာရင် ရတယ်”
စားသောက်မှု အကျင့်စရိုက်များကို ပြောင်းလဲနိုင်သည်။ ယခုအခါ ရှနိုင်ငံတော်တွင် ဆန်ဈေးနှုန်းမှာ တစ်တင်းလျှင် ငွေခြောက်စ အထိ မြင့်တက်နေပြီဖြစ်သည်။ ဗိုက်ပြည့်ဖို့က အဓိကကျ၏။ ဂျုံနှင့် ဆန်ခွဲခြားနေရန် အချိန်မဟုတ်ပါ။
ဝမ်ချင်းစီက
“ဟုတ်ကဲ့။ ကျွန်မရဲ့ ကုန်သည်တွေကနေ ဂျုံ ဝယ်ဖို့ အမြန်စီစဉ်လိုက်ပါ့မယ်”
ဟု ပြောလိုက်သည်။
ထိုအချိန်တွင် ဝမ်ချင်းစီသည် လုချန်း၏ စာရေးခုံပေါ်ရှိ စာသားများကို လှမ်းကြည့်လိုက်ပြီး စမ်းသပ်မေးမြန်းကြည့်လိုက်သည်။
“မင်းသားမှာ တခြားကိစ္စတွေ မရှိရင် ကျွန်မ အလုပ်တွေ သွားလုပ်တော့မယ်။”
လုချန်းက စုတ်တံကို ချလိုက်ပြီး အနည်းငယ် ပြုံးလိုက်ကာ ဝမ်ချင်းစီ၏ မျက်လုံးများကို စိုက်ကြည့်လိုက်ပြီး မေးလိုက်သည်။
“အခုတလော ဝမ်မိန်းကလေး အလုပ်သိပ်များနေလို့လား။ နှစ်ပတ်လုံးလုံး မင်းသား စံအိမ်ကို တစ်ကြိမ်တောင် မလာနိုင်လောက်အောင် အလုပ်များနေတာလား။ ခင်ဗျား ရန်ခရိုင်ကနေ မထွက်ခဲ့ဘူးလို့ ကျွန်တော်ကြားတယ်။”
လုချန်း၏ ထိုစကားများကို ကြားလိုက်ရသည်နှင့် ဝမ်ချင်းစီ၏ ရင်တုန်သွားသည်။
လုချန်း၏ သူမအပေါ် ဆက်ဆံပုံက မင်းသားစံအိမ်ရှိ အခြားအမျိုးသမီးများနှင့် မတူပါ။ ပုံမှန်အားဖြင့် သူမနှင့် အလုပ်ကိစ္စများ ဆွေးနွေးသည့်အခါ သူ့ကိုယ်သူ “ကျွန်တော်” ဟု ရည်ညွှန်းပြီး “မင်းသား” ဟု မရည်ညွှန်းပေ။
နောက်ပိုင်း လုချန်း သူ၏အခန်းထဲတွင် ကစားနေသည်ဖြစ်စေ မကစားနေသည်ဖြစ်စေ သူ့ကိုယ်သူ “မင်းသား” ဟု ရည်ညွှန်းပြီး သူမကို “ခင်ဗျား” ဟု ခေါ်ဆိုတတ်၏။ သူ့တွင် သူမအပေါ် မကောင်းသော ရည်ရွယ်ချက်များ ရှိနေသည့် အခါများတွင်ဖြစ်သည်။
လုချန်းက သူ့ကိုယ်သူ “မင်းသား” ဟု ရည်ညွှန်းပြီး သူမကို “ခင်ဗျား”ဟု ခေါ်လာလျှင် သူ့ထံ၌ သူမအပေါ် မကောင်းသော ရည်ရွယ်ချက်များ ရှိနေကြောင်း ဆိုလိုသည်။
ဝမ်ချင်းစီက အလျင်အမြန် ပြောလိုက်သည်။
“မင်းသား။ ကျွန်မ မင်းသားကို ကူညီဖို့ အခြားနိုင်ငံတွေက ထောက်လှမ်းရေးသတင်းတွေ အမြန်ရအောင် အာရုံစိုက်နေတာပါ။ ဒါကြောင့် မင်းသားစံအိမ်ကို မပြန်ဖြစ်တာပါ။ ကျွန်မ တခြားဘာရည်ရွယ်ချက်မှ မရှိပါဘူး။”
လုချန်းက အေးဆေးစွာပြောလိုက်၏။
“ဟုတ်လား။ ခင်ဗျားရဲ့ တာဝန်တစ်ခုကို မေ့မနေဘူးလား။”
လုချန်း၏ ထိုမေးခွန်းကို ကြားလိုက်ရသည်နှင့် သူမ လွတ်မြောက်နိုင်မည် မဟုတ်တော့တာကို ဝမ်ချင်းစီ သိသွားခဲ့သည်။ သူမက လုချန်းကို မကျေမနပ်ဖြစ်သော မျက်လုံးဖြင့် ကြည့်လိုက်ပြီး
“မင်းသား။ ကျွန်မ မကြာသေးခင်က သိုင်းလေ့ကျင့်ရင်းနဲ့ ထိခိုက်ဒဏ်ရာရသွားတယ်။ ဒါကြောင့် ဒီနေ့တော့ မင်းသား ကြမ်းကြမ်းတမ်းတမ်း မလုပ်ပါနဲ့” ဟု ပြောလိုက်သည်။
ထိုစကားများနှင့်အတူ ဝမ်ချင်းစီသည် သူမ၏ သွယ်လျသောခါးကို ယိမ်းထိုးလျက်လုချန်း၏ နံဘေးသို့ရောက်လာခဲ့သည်။
ဝမ်ချင်းစီ၏ ဖြားယောင်းသွေးဆောင်နေသော ပုံသဏ္ဍာန်ကို မြင်လိုက်ရသည်နှင့် လုချန်း နောက်ထပ်စကားမပြောတော့ပေ။ သူက ချက်ချင်းထပြီး သူမကို စာရေးခုံပေါ်တင်လိုက်ကာ စနစ်တကျ ကိုင်တွယ်လိုက်သည်။
......
အခန်း (၂၃၆ )
ဒီလူ့ရဲ့ မကောင်းတဲ့ဘက်ကို အစ်မမြင် အောင်ပြရမယ် (၃)
ရန်ခရိုင်မှ ထွက်ခွာပြီး အလုပ်တာဝန်များ ထမ်းဆောင်နေရပါက ပြဿနာမရှိပါ။ သို့သော် ပြီးခဲ့သည့် နှစ်ပတ်အတွင်း ဝမ်ချင်းစီ ရန်ခရိုင်မှ ထွက်ခွာခဲ့ခြင်း မရှိပါ။ရန်ခရိုင်တွင် ရှိနေပြီး မင်းသားစံအိမ်သို့ ပြန်မလာခြင်းက သူ့ကို သခင်အဖြစ် မမှတ်ယူတာ သိသာထင်ရှားသောကြောင့် ပြစ်ဒဏ်ပေးရန် လုံးဝသင့်တော်သည်။
ယခုကာလအတွင်း ချူးချင်လီသည်လည်း မင်းသားစံအိမ်တွင် နေထိုင်ခြင်းကို လုံးဝကျင့်သားရသွားခဲ့သည်။ ထို့ပြင် တဖြည်းဖြည်းနှင့် သူမလည်း မြောက်ပိုင်းနယ်စားမင်းသား စံအိမ်မှ ထွက်ခွာရန် မလိုလားတော့ပေ။
မူလက သူမ၏အစ်မကို မြောက်ပိုင်းနယ်စားမင်းသား၏ စံအိမ်မှ ခေါ်ထုတ်ပြီး နှစ်ယောက်တည်း နေထိုင်ဖို့ စည်းရုံးရန် ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။ သို့သော် ယခုအခါ သူမကိုယ်တိုင်က ဆက်နေချင်စိတ်များ ပေါ်လာခဲ့သည်။
...
ထိုအချက်က ချူးချင်လီကို အနည်းငယ် လက်မခံနိုင်ဖြစ်စေခဲ့သည်။ သူမ၏စိတ်ထဲတွင် တစ်စုံတစ်ခုသော လျှို့ဝှက်စွမ်းအားတစ်ခုက သွေးဆောင်နေသည် သူမဟု အမြဲခံစားနေရသည်။
မဟုတ်ပါက သူမတွင် ယခုလို အတွေးများ ဘယ်လိုပေါ်လာနိုင်မှာလဲ။ သူမကို စွဲဆောင်နိုင်သော စွမ်းအားက ဘယ်လိုစွမ်းအားမျိုးလဲဆိုတာ စဉ်းစားရင်း ချူးချင်လီ ကင်းလှည့်နေခဲ့သည်။
မကြာမီ သူမ စာကြည့်ခန်းဝင်ပေါက်နားသို့ ရောက်ရှိလာခဲ့သည်။ သို့သော် သူမစာကြည့်ခန်းနားသို့ မချဉ်းကပ်သေးမီ ညည်းညူသံများကို ကြားလိုက်ရသည်။ သူမ အဘယ်ကြောင့် ဤနေရာတွင် ဆက်နေလိုသည်ကို အတွေးနက်နေစဉ် ထိုအသံများကြောင့် ချူးချင်လီ၏ မျက်ခုံးများ အနည်းငယ်တွန့်သွားပြီး မျက်နှာအမူအရာမှာလည်း ရုတ်တရက် အလွန်အေးစက်သွားခဲ့သည်။
ဒီကာမဂုဏ်လိုက်စားသူက မကောင်းမှုများ ပြုလုပ်နေပြန်ပြီဖြစ်သည်။ သူ့တွင် နေ့စဉ်လိုလို ဤမျှစွမ်းအင်များ မည်သို့ရှိနေနိုင်သည်ကို သူမ နားမလည်နိုင်ပါ။ မြောက်ပိုင်းနယ်စားမင်းသားစံအိမ်သို့ ရောက်ရှိလာသည့်နေ့မှစ၍ ထိုလူဆိုး တစ်ရက်တစ်လေမှ ငြိမ်ငြိမ်နေသည်ကို သူမ မမြင်ဖူးချေ။
သို့သော် သူမ၏ လေ့လာမှုအရ စံအိမ်အတွင်းရှိ မည်သည့်အမျိုးသမီးမှ ဒုက္ခရောက်ပုံ မပေါ်ပါ။ ဒုက္ခမရောက်သည့်အပြင် ထိုလူဆိုးနှင့်အတူနေပြီးနောက် ပို၍ပင် လှပနေသည်ကို တွေ့မြင်ရသည်။
ဒါနှင့်ပတ်သက်၍ သူမအတိအကျမသိသော်လည်း လုချန်းလေ့ကျင့်နေသည်မှာ ရွှင်ပျော်ပျော် နတ်ဆိုးဂိုဏ်း၏ ယင်ယန်ကျင့်စဉ်ကဲ့သို့သော မကောင်းသော ကျင့်စဉ်မျိုး မဟုတ်သည်ကို ကောင်းစွာသိထားသည်။
လုချန်း မကောင်းသောကျင့်စဉ်များကို လေ့ကျင့်နေပါက စံအိမ်အတွင်းရှိ အမျိုးသမီးများ အရိုးခြောက် ဖြစ်သွားတာ ကြာပြီဖြစ်သည်။ ထိုအချိန်တွင် ချူးချင်လီ၏ အတွေးများ ဗလာဖြစ် သွားခဲ့သည်။ သူမစံအိမ်သို့ ရောက်ရှိလာသည့်နေ့မှစ၍ လုချန်းသည် ထာဝရတန်ခိုးရှင်၏ ကောင်းချီး ပေးခြင်း ခံရသူဟု သူမကြားဖူးသည်။
လုချန်းလေ့ကျင့်နေသော ကျင့်စဉ်သည် လူများကို အကျိုးပြုပြီး ထိခိုက်မှုမရှိစေသောထာဝရတန်ခိုးရှင်၏ နည်းလမ်းဖြစ်ခဲ့ပါက လုချန်းနှင့် သူ၏အမျိုးသမီးများ မထိခိုက်ရသည့် အကြောင်းကို ရှင်းပြနိုင်မည်ဖြစ်သည်။
ထိုအတွေးနှင့်အတူ ချူးချင်လီ၏ စိတ်ထဲတွင် စိတ်ကူးသစ်တစ်ခု ပေါ်လာခဲ့သည်။
လုချန်းသည် ထာဝရတန်ခိုးရှင်နှင့် ကံကြမ္မာဆက်နွယ်မှုရှိပါက သူရရှိထားသော ထာဝရတန်ခိုးရှင်၏ နည်းလမ်းက တစ်မျိုးတည်းဖြစ်နိုင်မှာလား။ သူသည် သူ၏အမျိုးသမီးများကို မကောင်းမှုများစွာပြုလုပ်ခဲ့သော်လည်း သူ၏အမျိုးသမီးများထဲမှ တစ်ဦးတစ်ယောက်မှ သူ့အပေါ် မကျေမနပ်ဖြစ်ခြင်း မရှိပေ။
ထို့ပြင် လုချန်း၏ အမျိုးသမီးများသည် သူ့ကို အလွန်နှစ်သက်ကြပုံရသည်။ သူတို့သည် စိတ်များ ပြုစားခံရထားရသကဲ့သို့ ဖြစ်နေသည်။ လုချန်းရရှိထားသော ထာဝရတန်ခိုးရှင်၏ နည်းလမ်းများထဲတွင် အခြားသူများကို စိတ်လှည့်စားပြီး သူနှင့်ဆက်လက်နေထိုင်လိုစေသော နည်းလမ်းတစ်ခု ပါဝင်နိုင်လား။
သူမ အဖြေကို ရှာတွေ့ပြီဖြစ်သည်။ သူမဆက်လက်နေထိုင်လိုသည့် အကြောင်းရင်းမှာ ထိုလူဆိုးကြောင့်သာ ဖြစ်ရမည်။ အမှန်တော့ ချူးချင်လီသည် လုချန်းကို အဆိုးဆုံးသော ရှုထောင့်မှ စဉ်းစားကာ သူမ၏ စိတ်များအား ပြောင်းလဲစေသော အကြောင်းရင်းကို တစ်စိတ်တစ်ပိုင်း ခန့်မှန်းနေခြင်းဖြစ်သည်။
လုချန်း၏ စိတ်ပြုစားသည့် နည်းလမ်းများကို သေချာမသိသော်လည်း သူမ၏ သိုင်းလောက အတွေ့အကြုံများကြောင့် ထိုသို့ထင်မြင်ယူဆခဲ့ခြင်းဖြစ်သည်။ လူသတ်သမားတစ်ဦးအနေဖြင့် သိုင်းလောကတွင် စိတ်ကိုလှည့်စားနိုင်သော ကျင့်စဉ်များ ရှိကြောင်းကို သူမကောင်းစွာသိထားသည်။ သို့သော် သူမကိုယ်တိုင်တော့ ထိုကျင့်စဉ်များကို မသိပါ။
ထိုလူဆိုးသည် သူမ၏ စိတ်ကို တစ်နည်းနည်းဖြင့် ပြုစားထားသည်ဟု အခု ချူးချင်လီ ယုံကြည်လာ၏။ မဟုတ်ပါက သူမ ဒီနေရာမှာ ဆက်လက်နေထိုင်လိုစိတ်များ မည်သို့ဖြစ်လာနိုင်မည်နည်း။
သူ၏အမျိုးသမီးများသည် နေ့စဉ်နှင့်အမျှ သူ ဒုက္ခပေးတာကို ခံနေကြရသည်။ သူတို့က သူ့အပေါ် မကျေမနပ် မဖြစ်တာ ဘယ်လိုဖြစ်နိုင်မှာလဲ။ ထိုလူဆိုးက ယုတ်ညံ့သည့် နည်းလမ်းများကို အသုံးပြုနေခြင်း ကြောင့်သာဖြစ်ရမည်။
မဖြစ်တော့ပါ။ သူမသည် သူမ၏အစ်မကို ထိုလူ၏ မကောင်းသောဘက်ကို မြင်အောင်ပြရမည်ဖြစ်သည်။ အရေးအကြီးဆုံးမှာ သူမ၏အစ်မကို ထိုဒုက္ခပင်လယ်မှ လွတ်မြောက်စေပြီး ဝေးရာသို့ ထွက်ပြေးနိုင်စေဖို့ ဖြစ်သည်။
ထိုအတွေးများဖြင့် ချူးချင်လီသည် စာကြည့်ခန်းကို လှမ်းကြည့်လိုက်ပြီး လုချန်း၏ စိတ်ပြုစားမှုကို မည်သို့ဖြေရှင်းရမည်ကို စတင်တွေးတောလာခဲ့သည်။
........
အခန်း (၂၃၇)
ဒီလူ့ရဲ့ ခန္ဓာကိုယ်မှာ ပြဿနာရှိနေတာလား(၁)
လုချန်းသည် ဝမ်ချင်းစီကို ကိုင်တွယ်ပြီးနောက် သူမကို ထိုင်ခုံတစ်ခုပေါ်သို့ ပစ်ထားလိုက်ကာ မြောက်ပိုင်းမြို့တော်၏ ပြုပြင်ပြောင်းလဲရေးအစီအစဉ်များကို ဆက်လက် ရေးဆွဲနေသည်။
ထိုအချိန်တွင် ဝမ်ချင်းစီသည် ထိုင်ခုံပေါ်တွင် မှိန်းနေပြီး အလုပ်ကြိုးစားနေသော လုချန်းကို ကြည့်ကာ သူ့ကို စိတ်ထဲတွင် အနည်းငယ် ချီးကျူးမိသည်။
ဝမ်ချင်းစီက ခပ်တိုးတိုးပြောလိုက်သည်။
“မင်းသားက ဘယ်လိုလုပ်ပြီး ဒီလောက် စွမ်းအားတွေ ပြည့်နေတာလဲ။ ခုနကပဲ ကျွန်မကို ဒါမျိုးလုပ်ပြီး အခုကျတော့ တခြားအလုပ်တွေကို အာရုံစိုက်နိုင်တယ်။”
ထိုစကားကို ကြားတော့ လုချန်က စာရေးနေရင်း ပြုံးလိုက်ကာ
“အစေခံ မိန်းမတစ်ယောက်ကို ကိုင်တွယ်ရုံနဲ့တော့ ဘာအားအင်မှ ကုန်မသွားပါဘူး။”
အခြားတစ်ယောက်သာ ဆိုပါက လုချန်း၏စကားကို ကြားလိုက်ရလျှင် စိတ်နာသွားနိုင်သော်လည်း ဝမ်ချင်းစီကတော့ ဘာမှမခံစားရပါ။ သူမ၏အဆင့်အတန်းသည် လုချန်း၏ အစေခံ အဆင့်အတန်း ဖြစ်နေသည့်အတွက် ဖြစ်သည်။
...
သို့သော် ဝမ်ချင်းစီက အနည်းငယ် မကျေနပ်သလို ပြောလိုက်သည်။
“မင်းသားက ထိပ်သီးပညာရှင်ဖြစ်တော့ ဒီလောက် ခိုင်မာတဲ့စကားတွေ ပြောနိုင်တာပေါ့။ ကျွန်မ တစ်နေ့မှာ ပညာရှင်အဆင့်ကို ရောက်သွားရင်…”
ထိုစကားကို ကြားလိုက်ရသည်နှင့် လုချန်းက စုတ်တံကို ချလိုက်ပြီး ထိုင်ခုံပေါ်တွင် ထိုင်နေသော ဝမ်ချင်းစီကို ကြည့်ကာ မေးလိုက်သည်
“မင်း ပညာရှင်အဆင့်ကို ရောက်သွားရင် ဘာလုပ်ဖို့ စီစဉ်ထားလဲ။”
“သူပုန်ထမယ်လို့တော့ မပြောနဲ့နော်။”
ထိုအချိန်တွင် လုချန်းက ကြင်နာသော အပြုံးတစ်ခုကို ပြလိုက်သည်။
ဝမ်ချင်းစီက နှုတ်ခမ်းကို စေ့လိုက်ပြီး
“ကျွန်မ ပညာရှင်အဆင့်ကို ရောက်သွားရင် မင်းသားကို ပိုပြီးကောင်းကောင်း ပြုစုပါ့မယ်။”
ဝမ်ချင်းစီလည်း အနည်းငယ် မသေချာသလို ခံစားရသည်။ ပညာရှင်အဆင့်ကို ရောက်သွားရင် သူမ၏ စွမ်းအားနှင့် ခန္ဓာကိုယ်ကြံ့ခိုင်မှုတို့ သိသိသာသာ တိုးတက်လာမည်ဖြစ်ပြီး လုချန်းနှင့် တန်းတူ လေ့ကျင့်နိုင်မည်ဖြစ်သော်လည်း ထိုသို့ဖြစ်နိုင်ခြေ ရှိမလားဆိုတာက မသေချာပါ။
သို့သော် လုချန်းဆိုသူကို သာမန်စံနှုန်းများဖြင့် တိုင်းတာ၍မရပါ။ သူ့တွင် မည်သည့်လျှို့ဝှက်ချက်များ ရှိနေမည်ကို မသိနိုင်ပေ။ သူမသည် မကြာမီ ပြန်လည်အရှုံးပေးရနိုင်သည်။
သူမ ပညာရှင်အဆင့်ကို ရောက်သွားသည့်အခါ လုချန်းက ထိပ်သီးပညာရှင်အဆင့်သို့ ရောက်နေပြီဖြစ်မည်။
ထိပ်သီးပညာရှင်နှင့် ပညာရှင်ကြား ကွာခြားချက်က ကြီးမားလှသည်။
လုချန်းသည် လက်ရှိအချိန်တွင်ပင် ဤမျှ စွမ်းအားကြီးနေပြီဖြစ်သည်။ သူထိပ်သီးပညာရှင်အဆင့်သို့ ရောက်သွားပါက သူ၏စွမ်းအား မည်မျှတိုးတက်လာမည်ကို မသိနိုင်ပေ။
လုချန်း ထိပ်သီးပညာရှင်အဆင့်သို့ ရောက်သွားပါက သူ၏ ခန္ဓာကိုယ်စွမ်းအား သိသိသာသာ တိုးတက်လာမည်ကို တွေးမိသည်နှင့် ဝမ်ချင်းစီ၏ နူးညံ့သိမ်မွေ့သော ခန္ဓာကိုယ်လည်း တုန်လှုပ်သွားခဲ့သည်။
သို့သော် ကံကောင်းစွာပင် လုချန်းတွင် အမျိုးသမီးများစွာ ရှိနေ၏။ သူမသည် လုချန်း၏ အစေခံ မိန်းမဖြစ်နေသော်လည်း သူမတွင် ကိုယ်ပိုင်အလုပ်များရှိပြီး မင်းသားစံအိမ်တွင် အမြဲနေပြီး သူ့ကိုပြုစုရန် မလိုအပ်ပေ။
နောင်တွင် လုချန်းကို ထပ်ပြီးမဆွသင့်တော့ဟုလည်း သူမထင်သည်။ ထိုအချိန်တွင် စာကြည့်ခန်းအပြင်မှ အထူးကိုယ်ရံတော် တစ်ဦး၏ အသံကို ကြားလိုက်ရသည်။
“မင်းသား။ ထျန်းကောင်းမြို့က စာတစ်စောင် ရောက်လာပါတယ်။”
ထိုစကားကို ကြားလိုက်ရသည်နှင့် လုချန်းက အေးဆေးစွာပြောလိုက်သည်
“စာကို ယူလာခဲ့ ရှောင်ဟွေ့။”
စာကြည့်ခန်းအတွင်းတွင် မကြာသေးမီက ပြင်းထန်သော တိုက်ပွဲတစ်ခု ဖြစ်ပွားခဲ့သည့်အတွက် အထူးကိုယ်ရံတော်များကို ဝင်ခွင့်မပြုထားပေ။စာကြည့်ခန်းတံခါးဝရှိ အစေခံသည် အထူးကိုယ်ရံတော်ထံမှ ထောက်လှမ်းရေးအစီရင်ခံစာကို ယူလိုက်ကာ စာကြည့်ခန်းအတွင်းသို့ ယူဆောင်လာခဲ့သည်။
လုချန်းသည် အစေခံ၏လက်မှ ဝါးပြွန်ကို ယူပြီး ထောက်လှမ်းရေးအစီရင်ခံစာကို ထုတ်ကာ အာရုံစိုက်၍ ဖတ်ရှုလိုက်သည်။ အစီရင်ခံစာပေါ်ရှိ အကြောင်းအရာကို မြင်လိုက်ပြီး လုချန်း၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ပြန်လည်ပေါ်ပေါက်လာခဲ့သည်။
ထျန်းကောင်းမြို့ရှိ လွင်ပြင်ဒေသ မျိုးနွယ်စုစစ်သည်များ၏ အလောင်းများကို ရှနိုင်ငံစစ်ဝတ်စုံများ ဝတ်ဆင်ခိုင်းခဲ့ခြင်းမှာ အဓိကအားဖြင့် ကြိုတင်ကာကွယ်မှု အနေဖြင့်သာ ဖြစ်သည်။ သင်္ချိုင်းများကို တူးဖော်ရန် လင်ရှုမင်ဆီမှာ အချိန်ရှိမည်ဟု သူမယုံကြည်ခဲ့ပေ။
မျှော်လင့်မထားသည်မှာ နန်းတွင်းစစ်တပ်အတွင်း၌ သူလျှိုများ ရှိနေပြီး သင်္ချိုင်းများကို တူးဖော်ကာ မြောက်ပိုင်းမြို့တော်မှ စစ်သားများ၏ အလောင်းများ မြှုပ်နှံထားခြင်း ရှိမရှိ စစ်ဆေးခဲ့ကြသည်။
အခုအချိန်တွင် မြောက်ပိုင်းမြို့တော်မှာ အနက်ရောင် မြင်းတပ်ကို လူမမြင်စေသင့်တော့ပါ။ ရုပ်အလောင်းများကို အဝတ်ပြောင်းပေးပြီး ဖုံးကွယ်ထားခြင်းသည် ယာယီသာဖြစ်သည်။ မကြာမီ အခြားသူများ ရန်ခရိုင်သို့ လာရောက်ကာ အနက်ရောင် မြင်းတပ်အကြောင်း စုံစမ်းကြမည်ဖြစ်သည်။
ထိုအချိန်တွင် အနက်ရောင် မြင်းတပ်ကို မြင် တွေ့သွားပါက မြောက်ပိုင်းမြို့တော်၏ သံချပ်ကာ မြင်းတပ် အလုံးစုံ ပျက်စီးသွားခြင်း မရှိကြောင်း သတိထားမိသွားကြမည်ဖြစ်သည်။ မြောက်ပိုင်းမြို့တော်တွင် ပြုပြင်ပြောင်းလဲရေးများ စတင်တော့မည်ဖြစ်သည်။ နောင်လာမည့်ကာလများတွင် နန်းတွင်း၏ အာရုံစိုက်မှု မခံရအောင် တတ်နိုင်သမျှ ရှောင်ရှားနိုင်ရန် အရေးကြီးသည်။
မြောက်ပိုင်းမြို့တော်၏ ပြုပြင်ပြောင်းလဲရေး အစီအစဉ်များက နန်းတွင်း၏ အာရုံစိုက်မှုကို ဖြစ်စေမည်လား ဆိုတာကိုတော့ လုချန်းမစိုးရိမ်ပါ။ နယ်စားမင်းသားတစ်ဦး သူ၏နယ်မြေမှာ အလုပ်များနေသည့်ကိစ္စကို နန်းတွင်းမှ လူများ အာရုံစိုက်ရန် အချိန်မရှိဟု လုချန်းယုံကြည်သည်။
ထောက်လှမ်းရေးအစီရင်ခံစာကို ပြန်ချထားလိုက်ပြီးနောက် လုချန်းလည်း မြောက်ပိုင်းမြို့တော်အတွက် ပြုပြင်ပြောင်းလဲရေး အစီအစဉ်များ ကို ဆက်လက်ရေးသားနေခဲ့သည်။
နောက်ရက်များတွင် စာကြည့်ခန်းထဲ၌သာ လုချန်း အချိန်ကုန်ခဲ့သည်။ မြင်းစီးခြင်း၊ လှံပစ်လေ့ကျင့်ခြင်းများကို ရက်ပေါင်းများစွာ မပြုလုပ်ဖြစ်တော့ပေ။ မင်းသားစံအိမ်ရှိ အမျိုးသမီးများကလည်း လုချန်း၏ ပုံမှန်မဟုတ်သော အပြုအမူကို သတိထားမိကြသည်။
မြောက်ပိုင်းမြို့တော်တွင် အရေးကြီးသည့်အရာတစ်ခု ဖြစ်နေပြီဆိုတာကို သူတို့ခံစားမိကြသည်။ မဟုတ်ပါက ရက်ပေါင်းများစွာ စာကြည့်ခန်းထဲ၌ သူနေမည်မဟုတ်ပါ။ ခုနစ်ရက်ခန့်အကြာတွင် မြောက်ပိုင်းနယ်စားမင်းသား၏ စံအိမ်မှ တိုက်ရိုက်အမိန့် ထုတ်ပြန်ကာ မြောက်ပိုင်းမြို့တော်ရှိ အရာရှိများအားလုံးကို စံအိမ်သို့ လာရောက်စည်းဝေးရန် ဖိတ်ခေါ်ခဲ့သည်။
မြောက်ပိုင်းနယ်စားမင်းသား၏ တိုက်ရိုက်အမိန့်ကို ရရှိသောအခါ မြောက်ပိုင်းမြို့တော်ရှိ အရာရှိများ အနည်းငယ် စိတ်ရှုပ်ထွေးသွားကြသည်။ ပုံမှန်အားဖြင့် အရာရှိငယ်များ စည်းဝေးပွဲတွင် ပါဝင်ခွင့်မရှိပါ။ သို့သော် မြောက်ပိုင်းနယ်စားမင်းသားသည် အရာရှိအားလုံးကို စံအိမ်သို့ လာရောက်စည်းဝေးရန် ဖိတ်ခေါ်ခဲ့သည်။
သူဘာလုပ်ဖို့ စီစဉ်နေတာလဲ။ မြောက်ပိုင်းနယ်စားမင်းသားက မြောက်ပိုင်းမြို့တော်က အရာရှိတွေကို ဖယ်ရှားပစ်ဖို့ စီစဉ်နေတာလား။ အမိန့်တော်ထုတ်ပြန်ပြီးနောက် အဂတိလိုက်စားမှုများ ကျူးလွန်ထားသည့် အချို့သော အရာရှိများလည်း ချက်ချင်း အစိုးရိမ်လွန် သွားကြသည်။
အချို့က ထွက်ပြေးရန် ကြိုးစားခဲ့ကြသော်လည်း ထွက်ပြေးသူများကို လုချန်း၏ အထူးကိုယ်ရံတော်များက ချက်ချင်းပင် ပြန်လည်ဖမ်းဆီးခဲ့သည်။
တကယ်တော့ လုချန်းထံတွင် အဂတိလိုက်စားထားသော အရာရှိများကို ဖယ်ရှားရန် ရည်ရွယ်ချက် မရှိပါ။ မြောက်ပိုင်းမြို့တော်တွင် အုပ်ချုပ်ရေးအရာရှိများ လိုအပ်နေဆဲဖြစ်သည်။ ထို့ပြင် လူတော်လူကောင်းများလည်း လိုအပ်နေသည်။ အကယ်၍ သူက အဂတိလိုက်စားထားသည့် အရာရှိများကို ဖယ်ရှားပစ်လိုက်ပါက သူ့အတွက် အလုပ်လုပ်မည့်သူ နည်းသွားမည်ဖြစ်သည်။
သို့သော် အဂတိလိုက်စားသူများကို ဥပမာတစ်ခုအဖြစ် ပြသရန် ရည်ရွယ်ထားသည်။ ထွက်ပြေးသူများမှာ အများအားဖြင့် အလွန်အကျွံ အဂတိလိုက်စားမှု ကျူးလွန်ထားသူများဖြစ်သည်။
နောက်တစ်နေ့ မနက်ခင်းတွင်။ လုချန်း အိပ်မှရာထပြီး မျက်နှာသစ်ကာ မနက်စာ နည်းနည်းစားပြီးနောက် အစေခံတစ်ဦးက လိယုရီနှင့် ရန်ခရိုင်မှ အခြားအရာရှိများ စာကြည့်ခန်းတံခါးဝတွင် သူ့ကိုစောင့်နေကြောင်း လာပြောသည်။
......