← Chapters

အခန်း ၂၃၈-၂၄၀

Vol. 16 Ch. 238-240

အခန်း ၂၃၈-၂၄၀

Vol. 16 Ch. 238-240

အခန်း (၂၃၈)

ဒီလူ့ရဲ့ ခန္ဓာကိုယ်မှာ ပြဿနာရှိနေတာလား(၂)

အစေခံ၏ စကားကို ကြားလိုက်ရသည်နှင့် လုချန်းလည်း ချက်ချင်းပင် စာကြည့်ခန်းသို့ သွားခဲ့သည်။

စာကြည့်ခန်းဝတွင် လူအုပ်ကြီး ရပ်နေသည်ကို မြင်လိုက်ရသည်နှင့် လုချန်းက ပြုံးလိုက်ပြီး

“လိလူကြီးမင်း။ အစည်းအဝေးလုပ်ရမယ့်ရက်က လိုသေးတာ် မဟုတ်လား။ ဘာလို့ ခင်ဗျားတို့ အားလုံး ဒီနေ့ ရောက်လာကြတာလဲ။”

လုချန်း ရောက်လာသည်နှင့် လိယုရီနှင့် ရန်ခရိုင်မှ အခြားအရာရှိများက ချက်ချင်းပင် “မင်းသားကို ဂါရဝပြုပါတယ်။ မင်းသား နှစ်ပေါင်း‌ ထောင်ချီ အသက်ရှည်ပါစေ။”

ထို့နောက် လိယုရီက စကားစပြောလိုက်သည်။

“မင်းသားရဲ့ အထူးကိုယ်ရံတော်တွေက မြောက်ပိုင်းမြို့တော်က အရာရှိတွေကို တက်တက်ကြွကြွ ဖမ်းဆီးနေကြပါတယ်။ အခုဆိုရင် မြောက်ပိုင်းမြို့တော်ဟာ ကြောက်လန့်စရာ ကောင်းနေပါပြီ။ အရာရှိအတော်များများက ကျွန်တော့်ဆီကို နုတ်ထွက်စာတွေ တင်ပြီး အိမ်ပြန်ဖို့ စီစဉ်နေကြပါပြီ။”

...

မြောက်ပိုင်းမြို့တော်ရှိ အရာရှိအများစုသည် ဒေသခံများ မဟုတ်ကြပေ။ ဆွမ်ဧကရာဇ်က မြောက်ပိုင်းမြို့တော်ကို လုချန်းအား မပေးခင် အချိန်ကတည်းက မြောက်ပိုင်းမြို့တော်ရှိ အရာရှိများအားလုံးကို နန်းတွင်းမှ စေလွှတ်ထားခြင်း ဖြစ်ကြသည်။

ယခု လုချန်းက အုပ်ချုပ်ရေးစနစ်ကို သန့်စင်မည်ဟု ကြားလိုက်ရသည်နှင့် အရာရှိအချို့လည်း လန့်ဖြန့်ပြီး ထွက်ပြေးရန် ပြင်ဆင်နေကြပြီဖြစ်သည်။

စည်းမျဉ်းအရ နယ်စားမင်းသားတစ်ပါး သူ၏နယ်မြေသို့ ရောက်ရှိပြီးနောက် နန်းတွင်းမှ စီစဉ်ပေးထားသော အရာရှိများအားလုံးတွင် နုတ်ထွက်ခွင့်ရှိသည်။ ထို့ပြင် မင်းသား၏ ခွင့်ပြုချက်မလိုပဲ ထိုအရာရှိများသည် မင်းသားနယ်မြေမှ တိုက်ရိုက်ထွက်ခွာနိုင်သည်။

ဤသည်မှာ ယခင်ဆွမ်ဧကရာဇ်က မင်းသားများအတွက် ချထားပေးခဲ့သော ထောင်ချောက်တစ်ခုဖြစ်သည်။ အကယ်၍ မင်းသားတစ်ပါးသည် သူ၏နယ်မြေတွင် သူ၏ကိုယ်ပိုင်လူများကို မခန့်ထားပါက နန်းတွင်းမှ စီစဉ်ပေးထားသော အရာရှိများသည် သူ့ကို စောင့်ကြည့်နိုင်သည့်အပြင် သူ့ကို အာဏာမဲ့အောင်လည်း လုပ်နိုင်သည်။

ထို့ပြင် နန်းတွင်းက ထိုအရာရှိများကို အသုံးပြုပြီး မနာခံသော မင်းသားများကို ပညာပေးနိုင်သည်။

ပုံမှန်အနေအထားတွင် အကယ်၍ နယ်မြေတစ်ခုလုံးရှိ အရာရှိများအားလုံး ထွက်ပြေးသွားပါက ထိုနယ်မြေသည် မကြာမီ ကမောက်ကမ ဖြစ်သွားမည်ဖြစ်သည်။ တစ်ချိန်က နန်းတွင်းကို မနာခံသော မင်းသားတစ်ပါးရှိခဲ့ပြီး နန်းတွင်းက ထိုနယ်မြေရှိ အရာရှိများအားလုံးကို နေရာပြောင်း‌ရွှေ့လိုက်သဖြင့် ထိုမင်းသား၏နယ်မြေတွင် အရည်အသွေးရှိသောလူများ လုံးဝမကျန်‌တော့ပေ။

နန်းတွင်းမှ ခန့်အပ်‌သော အရာရှိများ မရှိလျှင် အဆိုပါ မင်းသားထံ၌ အာဏာအပြည့်အဝ ရှိသွားမည်ဟု ထင်ရသော်လည်း နယ်မြေအသစ်ရရှိသော မင်းသားအများစုတွင် သူတို့၏ကိုယ်ပိုင်အုပ်ချုပ်ရေး အခြေခံယန္တယားများ မရှိကြပေ။

ဥပမာအားဖြင့် လုချန်းကဲ့သို့သော မင်းသားများသည် ပထမတွင် ပျော်ပျော်နေရန်သာ သိထားသူများဖြစ်ပြီး မြောက်ပိုင်းမြို့တော်သို့ ရောက်ရှိသည့်အခါ သူ့တွင် ကိုယ်ပိုင်အုပ်ချုပ်ရေးအခြေခံ ယန္တယား မရှိခဲ့ပေ။ အကယ်၍ နန်းတွင်းက မြောက်ပိုင်းမြို့တော်ရှိ အရာရှိများအားလုံးကို ထိုအချိန်တွင် ရွှေ့ပြောင်းလိုက်ပါက လုချန်းအနေနှင့် မြောက်ပိုင်းမြို့တော်၏ ကမောက်ကမဖြစ်နေသော အခြေအနေကို ထိုင်ကြည့်နေရုံသာ တတ်နိုင်မည်ဖြစ်၏။ သူ၏လူအနည်းငယ်ဖြင့် နယ်မြေတစ်ခုလုံးကို လည်ပတ်နိုင်မည် မဟုတ်ပေ။

လိယုရီ၏ စကားကို ကြားလိုက်ရသောအခါ လုချန်းက ပြုံး၍

“ ဪ ဒါ့ကြောင့် မနက်စောစောစီးစီး ခင်ဗျားတို့အားလုံး မင်းသားစံအိမ်ကို ပြေးလာကြတာပဲ။”

“ဒါနဲ့ပတ်သက်ပြီး စိတ်မပူကြနဲ့။ အထူးကိုယ်ရံတော်တွေ ဖမ်းနေတာက အဂတိလိုက်စားပြီး လာဘ်စားထားတဲ့အရာရှိတွေပါ။”

လုချန်း၏ စကားကို ကြားလိုက်ရသောအခါ လိယုရီနှင့် အရာရှိအုပ်စု ပို၍ပင် စိုးရိမ်သွားကြသည်။

အဂတိလိုက်စားပြီး လာဘ်စားထားတဲ့သူတွေလား။ လက်ရှိ ရှိနေကြသော အရာရှိများထဲတွင် မည်သူမှ စင်ကြယ်သည်ဟု မဆိုနိုင်ပါ။ လိယုရီ ကိုယ်တိုင်လည်း အခြားသူများထံမှ ငွေများလက်ခံဖူးသည်။

လုချန်းက တကယ်ပင် အဂတိလိုက်စားထားသော အရာရှိများကို ဖယ်ရှားပစ်မည်ဆိုပါက မြောက်ပိုင်းမြို့တော်ရှိ အရာရှိများထဲမှ တစ်ဦးတစ်ယောက်မှ လွတ်မြောက်မည်မဟုတ်ပေ။

ရှနိုင်ငံတော်၏ စံနှုန်းများအရ နယ်မြေဆင်းရဲ၍ လူဦးရေနည်းလေလေ အရာရှိများရရှိသော လစာများ နည်းလေလေဖြစ်သည်။ မြောက်ပိုင်းမြို့တော်သည် ဆင်းရဲသောဒေသဖြစ်ပြီး နန်းတွင်းမှ ခန်အပ်ပေးသော အရာရှိများ၏ လစာမှာ အလွန်နည်းပါးသည်။

ထို့ကြောင့် အရာရှိအများစုသည် မြောက်ပိုင်းမြို့တော်သို့ ရောက်ရှိလာသည်နှင့် ငွေရှာရန် နည်းလမ်းများကို ရှာဖွေကြသည်။ လာဘ်စားခြင်း လာဘ်ပေးခြင်းများ မပြုလုပ်ပါက ထိုလစာနှင့် မည်သို့ ကောင်းမွန်စွာ နေထိုင်နိုင်မည်နည်း။

ထိုလူများသည် အဆင့်အတန်းနှင့် ငွေကြေးအတွက် အရာရှိဘဝထဲသို့ ဝင်ရောက်လာကြခြင်းဖြစ်သည်။ ယခု လုချန်းက လာဘ်စားအရာရှိများကို ရှင်းလင်းမည်ဆိုပါက သူတို့အားလုံးကို တစ်ပြိုင်နက်တည်း ဖယ်ရှားပစ်ရန် စီစဉ်နေသည်ဟု ဆိုနိုင်သည်။

လုချန်း မြောက်ပိုင်းမြို့တော်သို့ ပထမဆုံးရောက်ရှိလာသောအခါက သူတို့ စိုးရိမ်ခဲ့ကြသည်။ သို့သော် လုချန်းသည် မင်းသားစံအိမ်တွင်သာ ပျော်ပျော်ရွှင်ရွှင်နေထိုင်နေသည်ကို မြင်ရသောအခါ သူ့ကို ကိုင်တွယ်ရန် လွယ်ကူမည်ဟု ထင်ခဲ့ကြသည်။

သို့သော် လုချန်းက တစ်ချိန်လုံး သူ၏ဓားကို ဝှက်ထားခဲ့ပြီး ယခုအချိန်ကျမှ ထုတ်ဖော်ပြသလာမည်ဟု မ‌မျှော်လင့်ခဲ့ကြပေ။

လိယုရီက အလျင်အမြန် ပြန်ပြောလိုက်သည်။

“ မြောက်ပိုင်းမြို့တော်က ဆင်းရဲပါတယ် မင်းသား။ နန်းတွင်းက စည်းမျဉ်းတွေအရ မြောက်ပိုင်းမြို့တော်က အရာရှိတွေဟာ တောင်ပိုင်းလို နေရာ‌တွေက အရာရှိတွေရဲ့ လစာထက် ထက်ဝက်လောက် နည်းပါးပါတယ်။ နန်းတွင်းကပေးတဲ့ လစာက အရာရှိတစ်ဦးရဲ့ မိသားစုကို ထောက်ပံ့ဖို့ မလုံလောက်ပါဘူး။ ဒါ့ကြောင့် မြောက်ပိုင်းမြို့တော်က အရာရှိအားလုံးဟာ အနည်းနှင့်အများတော့ အကျိုးအမြတ်တွေ လက်ခံဖူးကြပါတယ်။”

“လာဘ်စားအရာရှိအားလုံးကို ဖမ်းဆီးဖို့ မင်းသားစဉ်းစားထားရင်‌တော့ မြောက်ပိုင်းမြို့တော်က အရာရှိတစ်ဦးမှ လွတ်မြောက်မှာ မဟုတ်ပါဘူး။ ကျေးဇူးပြုပြီး ပြန်လည်စဉ်းစားပေးပါ မင်းသား။”

လိယုရီ ပြောပြီးသည်နှင့်တစ်ပြိုင်နက် သူ့နောက်မှ အရာရှိအုပ်စုကလည်း ချက်ချင်းပင် ဦးညွှတ်ကာ လျှောက်ထားကြသည်။

“ကျေးဇူးပြုပြီး ပြန်လည်စဉ်းစားပေးပါ မင်းသား။”

အရာရှိများစွာက အနက်ရောင်မြင်းတပ်သည် တကယ်ပင် ပျက်စီးသွားပြီဟု ထင်နေ ‌‌ကြသော်လည်း လုချန်းတွင် အထူးကိုယ်ရံတော်များ ရှိနေသေးသည်။ မြောက်ပိုင်းမြို့တော်ရှိ အရာရှိအားလုံးကို ဖမ်းဆီးရန် လုချန်းအတွက် အနက်ရောင်မြင်းတပ်ကို မလိုအပ်ပါ။ အထူးကိုယ်ရံတော်တပ်ဖြင့်ပင် သူတို့အားလုံးကို ဖမ်းဆီးနိုင်သည်။

လက်ရှိအချိန်တွင် မြောက်ပိုင်းမြို့တော်၌ လုချန်းကို မကြောက်ရွံ့သည့် အရာရှိတစ်ဦးမှ မရှိပါ။

လိယုရီက ဆက်လက်ပြောသည်။

“မင်းသား။ မြောက်ပိုင်းမြို့တော်က အရာရှိအားလုံးဟာ နန်းတွင်းက ခန့်အပ်ထားသူများဖြစ်ပါတယ်။ အကယ်၍ မင်းသားသာ လာဘ်စားအရာရှိတွေကို တိုက်ခိုက်မယ်ဆိုရင် အချို့အရာရှိတွေက ကြောက်ရွံ့ပြီး နုတ်ထွက်စာတောင်းခံခြင်းမပြုပဲ မြောက်ပိုင်းမြို့တော်က ထွက်ပြေးသွားနိုင်ပါတယ်။ အဲ့ဒီလိုဆိုရင် ပြည်သူလူထုအကြား မူဝါဒ‌တွေနှင့် အမိန့်တွေကို အကောင်အထည်ဖော်ရာမှာ အခက်အခဲ ဖြစ်လာနိုင်ပါတယ်။”

“ကျေးဇူးပြုပြီး အဲ့ဒီ အရာရှိတွေကို အမှားပြင်ဆင်ခွင့်ပေးပြီး တဖြည်းဖြည်း ပြောင်းလဲလာစေဖို့ အခွင့်အရေးပေးပါ မင်းသား။”

လိယုရီ၏ စကားကို ကြားလိုက်ရသောအခါ လုချန်းက မျက်နှာအမူအယာ မပါပဲ

“လိလူကြီးမင်းက ကျွန်တော့်ကို ခြိမ်းခြောက်နေတာလား။”

အသံ၏ ပြင်းထန်မှုကို သတိထားမိသောအခါ လိယုရီ ချက်ချင်းချွေးပြန်သွားပြီး အလျင်အမြန် ပြောလိုက်သည်။

“ကျွန်တော် မလုပ်ရဲပါဘူး မင်းသား။ ကျွန်တော်က တကယ့်အခြေအနေကို ဆွေးနွေးနေခြင်းသာဖြစ်ပါတယ်။”

“မြောက်ပိုင်းမြို့တော်ဟာ ဆင်းရဲပါတယ်။ နောက်ပြီး လူတော်လူကောင်းတွေက ဒီနေရာကို မလာချင်ကြပါဘူး။ အကယ်၍ နန်းတွင်းက ခန့်ထားတဲ့ အရာရှိအားလုံး ထွက်သွားရင်မင်းသားရဲ့ အကျိုးစီးပွားကို ထိခိုက်စေနိုင်ပါတယ်။”

လိယုရီ၏ စကားများသည် မြောက်ပိုင်းမြို့တော်ရှိ အခြားအရာရှိများကို ကာကွယ်ရန်သာမက သူ့ကိုယ်သူလည်း ကာကွယ်ရန်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် လုချန်း၏ ဓား သူ့အပေါ်သို့ မည်သည့်အချိန်တွင် ကျရောက်လာမည်ကို မည်သူမှ မခန့်မှန်းနိုင်သောကြောင့်ဖြစ်သည်။

.......

အခန်း (၂၃၉)

ဒီလူ့ရဲ့ ခန္ဓာကိုယ်မှာ ပြဿနာရှိနေတာလား(၃)

ထိုအချိန်တွင် ဆောင်တွင်း၏ လေထုက အေးစက် ဖိစီးနေပြီး သေးငယ်သော နှင်းပွင့်များက ကောင်းကင်ထက်တွင် ဆက်လက်ဝဲပျံနေသည်။ လိယုရီနှင့် အရာရှိများကတော့ အအေးထဲတွင် မလှုပ်မယှက် ရပ်နေကြ၏။

အရာရှိများသည် အသက်ကိုပင် ပြင်းပြင်း မရှူဝံ့ကြပေ။ သူတို့၏ ကျောရိုးများ ချမ်းစိမ့်နေပြီး ခန္ဓာကိုယ်တစ်ခုလုံးတွင် ချွေးစေးများ ထွက်လာနေသည်။

ယခုတော့ မြောက်ပိုင်းနယ်စားမင်းသား ဘာလုပ်မည်ဆိုတာ‌ပေါ် မူတည်နေသည်။ မြောက်ပိုင်းနယ်စားမင်းသားက အဂတိလိုက်စားသော အရာရှိများကို ဖယ်ရှားရန် စိတ်ပိုင်းဖြတ်ထားပါက သူတို့ထဲမှ မည်သူမှ လွတ်မြောက်မည် မဟုတ်ပေ။

...

ထိုစဉ် လုချန်းက လိယုရီနှင့် ထိုအရာရှိများ၏ သစ္စာစောင့်သိမှုကို ကြည့်လိုက်၏။ ခရိုင်အုပ်ချုပ်ရေးမှူး လိယုရီ၏ သစ္စာစောင့်သိမှုက အမြင့်ဆုံးဖြစ်ပြီး ကိုးဆယ့်ငါးအထိ ရှိ‌နေကာ အခြားအရာရှိများ၏ သစ္စာစောင့်သိမှုသည်လည်း ခုနစ်ဆယ်မှ ရှစ်ဆယ်ခန့် ရှိကြောင်း တွေ့ရှိရသည်။

သစ္စာရှိသော်လည်း သူတို့တစ်ဦးစီတွင် သူတို့၏ ကိုယ်ပိုင်လျှို့ဝှက်ချက်များနှင့် ရည်ရွယ်ချက်များ ရှိကြသည်။

ခဏစဉ်းစားပြီးနောက် လုချန်းက အေးဆေးစွာဖြင့်

“ကျွန်တော့်မှာ အကြီးစား သန့်စင်ရေးလုပ်ဖို့ စိတ်ကူးမရှိပါဘူး။ ခင်ဗျားတို့အားလုံးကို မင်းသားစံအိမ်ကို ခေါ်ပြီး တိုင်ပင်ဖို့ ဆုံးဖြတ်လိုက်တာက ပြုပြင်ပြောင်းလဲရေးအစီအစဉ်ကို ကြေညာဖို့ပါပဲ။ မြောက်ပိုင်းမြို့တော်က အရာရှိအချို့က တိုင်ပင်ဖို့ခေါ်တဲ့အခါမှာ ထိတ်လန့်ပြီး သူတို့လာဘ်စားထားတဲ့ ငွေတွေနဲ့အတူ ညတွင်းချင်းထွက်ပြေးကြတယ်။”

“အခုအချိန် မြောက်ပိုင်းမြို့တော်မှာ အရာရှိတွေကို အများကြီးလိုအပ်တယ်။ ဒါပေမဲ့ အဲဒီအရာရှိတွေက ဒီလောက်များတဲ့ငွေတွေကို စားထားပြီး ပြဿနာတက်တာနဲ့ ငွေတွေနဲ့အတူ ထွက်ပြေးသွားကြတယ်။ အဲ့ဒီလိုလူတွေကို မဖမ်းဘူးဆိုရင် ကျွန်‌တော်တကယ်ပဲ သည်းခံလွန်းရာ ကျသွားမှာပေါ့။”

ထိုစကားကို ကြားလိုက်ရသည်နှင့် အရာရှိများလည်း တုန်လှုပ်မှုတစ်ခု ခံစားရလိုက်သည်။

မြောက်ပိုင်းနယ်စားမင်းသား၏ ဆိုလိုရင်းမှာ…

သူတို့သည် ငွေများစွာ စားထားပြီး သူ့အား ဘာမှမပေးပဲ ငွေများနှင့်အတူ ထွက်ပြေးသွားခြင်းကြောင့် သူ့အနေဖြင့် အထူးကိုယ်ရံတော်များကို ထွက်ပြေးသော အရာရှိများအား လိုက်လံ ဖမ်းဆီးခိုင်းခြင်း ဖြစ်နိုင်သည်။

သူတို့အတွက် ရွေးစရာမရှိ ဖြစ်မနေသေးဟု ထင်ရသည်။သူတို့ ပြန်ရောက်လာပြီး စားထားသော ငွေများကို လွှဲပြောင်းပေးပါက မြောက်ပိုင်းနယ်စားမင်းသားက သူတို့ကို ဒုက္ခ ပေးရန် ရည်ရွယ်ချက် မရှိ‌‌တော့မှာ ဖြစ်နိုင်သည်။

ထိုအချိန်တွင် လုချန်းက ဆက်ပြောလိုက်သည်။

“ခင်ဗျားတို့ အားလုံး ပြန်သွားနိုင်ပါပြီ။ တကယ်လို့ ကျွန်တော်သာ ခင်ဗျားတို့ကို တကယ် ဖမ်းချင်တယ်ဆိုရင် ခင်ဗျားတို့ ရန်ခရိုင်ထောင်ထဲ ရောက်နေတာ ကြာပြီ‌ပေါ့။”

လုချန်း၏ စကားကို ကြားလိုက်ရသည်နှင့် လိယုရီ သဘောပေါက်သွားသလို ခံစားလိုက်ရသည်။ လုချန်းကမြောက်ပိုင်းမြို့တော်ရှိ အခြားအရာရှိများကို သတိပေးရန် ဥပမာအနည်းငယ် ပြသခြင်း ဖြစ်နိုင်သည်။

ထို့‌ကြောင့်သူ့ကို ထိခိုက်မည် မဟုတ်ဟု ထင်သည်။ အဘယ်ကြောင့်ဆိုသော် မြောက်ပိုင်းနယ်စားမင်းသား မြောက်ပိုင်းမြို့တော်သို့ ရောက်ရှိခါစက သူအား ချက်ချင်း အာဏာကို လွှဲပြောင်းပေးခဲ့သည်။ ထိုအချိန်တွင် မြောက်ပိုင်းနယ်စားမင်းသားက စစ်အာဏာကို ရယူခဲ့သော်လည်း သူ၏ကနဦး စွမ်းဆောင်မှုသည် မြောက်ပိုင်းနယ်စားမင်းသားကို ကျေနပ်စေခဲ့သည်။

သူယခု ကိုင်စွဲထားသော အာဏာကို လည်း မြောက်ပိုင်းနယ်စားမင်းသားက ပေးအပ်ခဲ့ခြင်းဖြစ်သည်။ အကယ်၍ မင်းသားသာ သူ့ကို ဖယ်ရှားလိုပါက အလွယ်တကူ ဖယ်ရှားနိုင်သည်။ ထို့ကြောင့် သူ့အတွက် ခြိမ်းခြောက်မှုမရှိပေ။ သူ့ကို မင်းသားက ဒုက္ခပေးမည် မဟုတ်ပါ။

ထိုအတွေးဖြင့် လိယုရီလည်း နောက်ဆုံးတွင် စိတ်သက်သာရာရသွား‌တော့သည်။

ထို့နောက် လိယုရီက ယဉ်ကျေးစွာပြောလိုက်သည်။

“ကျွန်တော်တို့ကို ထွက်ခွာခွင့်ပြုပါ။”

လိယုရီနှင့် အရာရှိများ မင်းသားစံအိမ်မှ ထွက်ခွာသွားပြီးနောက် အရာရှိများထဲမှ တစ်ဦးက ချက်ချင်းမေးလိုက်သည်။

“လိလူကြီးမင်း။ မင်းသားက မြောက်ပိုင်းမြို့တော်က အရာရှိတွေနဲ့ စာရင်းရှင်းဖို့ ရည်ရွယ်ချက် မရှိဘူး မဟုတ်လား။”

လိယုရီက ပြန်လည်ပြောလိုက်သည်။ “မင်းသား ခုနကပဲ ပြောသွားတယ်မဟုတ်လား။ အဲ့ဒီလူတွေက သူတို့စားထားတဲ့ ငွေတွေကို ယူပြီး မြောက်ပိုင်းမြို့တော်ကနေ ထွက်ပြေးဖို့ ကြိုးစားနေလို့ အထူးကိုယ်ရံတော်တွေကို ဖမ်းဆီးခိုင်းခဲ့တာ။ ”

“ခင်ဗျားတို့မှာ ဒီလိုရည်ရွယ်ချက်မျိုး မရှိဘူးဆိုရင် မင်းသားက ခင်ဗျားတို့ကို ဒုက္ခပေးမှာ မဟုတ်ဘူး။ အကယ်၍ မင်းသားက မြောက်ပိုင်းမြို့တော်က အရာရှိတွေနဲ့ စာရင်းရှင်းချင်တယ်ဆိုရင် ကျွန်တော်အပါအဝင်

ဒီမှာရှိတဲ့ လူတိုင်း အဖမ်းခံရပြီးသား ဖြစ်နေမှာ။”

ထိုစကားနှင့်အတူ လိယုရီက အရာရှိများကို တစ်ချက်ကြည့်လိုက်ပြီး

“မင်းသားက မြောက်ပိုင်းမြို့တော်ကို ပြုပြင်ပြောင်းလဲတော့မယ်။ ဒါကြောင့် ခင်ဗျားတို့ အားလုံး အခုကစပြီး အလုပ်ကြိုးစားသင့်တယ်။ အရင်လို နေ့တိုင်းရသလောက် ခိုကပ်နေတာမျိုး မလုပ်သင့်တော့ဘူး။”

“မင်းသားမှာ ကြီးမားတဲ့ ရည်မှန်းချက်တွေ ရှိတယ်။ အကယ်၍ ခင်ဗျားတို့က သူ့ကို နှောင့်နှေးစေမယ်ဆိုရင် အခုအချိန်မှာ ခင်ဗျားတို့နှင့် စာရင်းရှင်းတာ မလုပ်သေးပေမဲ့ နောက်ပိုင်း‌ ခင်ဗျားတို့ထောင်ထဲရောက်သွားနိုင်တယ်။”

ထိုအချိန်တွင် အရာရှိတစ်ဦးက အသံခပ်အုပ်အုပ်ဖြင့် မေးလိုက်သည်။

“လိလူကြီးမင်း။ ကျွန်တော်တို့ အရင်က ရထားတဲ့ ငွေတွေကို ဘယ်လိုလုပ်ရမလဲ။”

မြောက်ပိုင်းနယ်စားမင်းသားက ငွေယူပြီး ထွက်ပြေးဖို့ ကြိုးစားသူတိုင်းကို ဖမ်းဆီးမည်ဟု ပြောထားသည့်အတွက် ရန်ခရိုင်တွင် ကျန်ရှိနေသော အရာရှိများလည်း လွတ်မြောက်နိုင်မည် မဟုတ်ပေ။

အခြား ခရိုင်ငယ်လေးများမှ အရာရှိများကိုပင် မြောက်ပိုင်းနယ်စားမင်းသား၏ အထူးကိုယ်ရံတော်များက ဖမ်းဆီးနိုင်ပါက အထူးကိုယ်ရံတော်များ၏ မျက်စိ‌အောက် တည့်တည့်တွင် ရှိနေသော သူတို့အ‌နေနှင့် မည်သို့ လွတ်မြောက်နိုင်မည်နည်း။

ထို့ကြောင့် သူတို့ အရင်က လာဘ်စားထားသော ငွေများသည် သူတို့လက်ထဲတွင် ပူလောင်နေသကဲ့သို့ ခံစားရသည်။ အဘယ်ကြောင့်ဆိုသော် စားထားသော ငွေများသည် သူတို့ကို ထောင်ထဲရောက်စေမည့် သက်သေအဖြစ် မည်သည့်အချိန်တွင် ပြောင်းလဲသွားမည်ကို ဘယ်သူမှ မသိနိုင်‌ သောကြောင့်ဖြစ်သည်။

လိယုရီက ပြောလိုက်သည်။

“ဒါက ရိုးရှင်းပါတယ်။ ခင်ဗျားတို့ အားလုံးအိမ်ပြန်ရောက်တဲ့အခါ ခင်းဗျားတို့ ဒီနှစ်‌တွေမှာ ရရှိစု‌ဆောင်းထားသမျှ ‘လက်ဆောင်ငွေ’ တွေအားလုံးကို ကျွန်တော့်အိမ်သို့ ယူလာခဲ့ပါ။ ကျွန်တော် မြောက်ပိုင်းနယ်စားမင်းသား စံအိမ်ကို ပြန်ပို့ပေးမယ်။”

“ပြီးတော့ နောက်တစ်ခု အကြံပေးချင်တာက မင်းသားရဲ့ အထူးကိုယ်ရံတော်တွေက သိပ်‌စွမ်းတယ်။ သူတို့ ခင်ဗျားတို့ ငွေဘယ် လောက်ယူထားတယ်ဆိုတာ အလွယ်တကူ ရှာဖွေနိုင်တယ်။ ဒါကြောင့် ကံကောင်းမယ်လို့ မျှော်လင့်မထားဖို့ ကျွန်တော်က ခင်ဗျားတို့ကို တိုက်တွန်းချင်တယ်။”

ထိုစကားကို ကြားလိုက်ရသည်နှင့် ငွေများကို လျှို့ဝှက်သိမ်းဆည်းထားရန် စိတ်ကူးရှိ နေသော အရာရှိအချို့လည်း ထိုအတွေးကို ချက်ချင်းစွန့်လွှတ်လိုက်ကြသည်။

သူတို့သည် အထူးကိုယ်ရံတော်များနှင့် များစွာဆက်ဆံဖူးပြီး အထူးကိုယ်ရံတော်တို့၏ ကြောက်စရာကောင်းမှုကို သိရှိထားကြသည်။ လိလုကြီးမင်းပြောတာ မှန်၏။ အကယ်၍ အထူးကိုယ်ရံတော်တွေက သူတို့ကို တကယ်စစ်ဆေးဖို့ ဆုံးဖြတ်ပါက သူတို့ဖုံးကွယ်ဖို့ ကြိုးစားသမျှ အမှန်တကယ် အချည်းနှီးဖြစ်သွားနိုင်သည်။

ညအချိန်

လုချန်းသည် သူ၏စာကြည့်ခန်းတွင် အလုပ်များနေဆဲဖြစ်သည်။ စာကြည့်ခန်း၏ အလင်းရောင်က တောက်ပနေ၏။ ချူးချင်လီသည် စာကြည့်ခန်းအနားသို့ လှည့်လည်ကြည့်ရှုရင်း စာကြည့်ခန်းထဲတွင် အလင်းရောင် ရှိနေဆဲဖြစ်သည်ကို သတိထားမိသည်။

သူမယုံကြည်ရန် ခက်ခဲနေသည်။ မကြာသေးမီကပင် လုချန်းသည် မင်းသားစံအိမ်ရှိ အမျိုးသမီးများနှင့် နေ့စဉ်မကောင်းမှုများ ပြုလုပ်နေခဲ့သည်။ သို့သော် အခုနောက်ပိုင်းသူ အမျိုးသမီးနှင့် မကောင်းမှုများ ပြုလုပ်နေသည်ကို မမြင်ရတာ ရက်အတော်ကြာပြီဖြစ်သည်။

သူ့ခန္ဓာကိုယ်မှာ ပြဿနာရှိနေပြီး နောက်ထပ်မလုပ်ဆောင်နိုင်တော့လို့လား။သူ၏သဘာဝအရ အမျိုးသမီးများနှင့် တစ်ရက်လောက် မပျော်ပါးရရင်တောင် နေနိုင်မည် မဟုတ်ပါ။ သူ၏ခန္ဓာကိုယ်က ခံနိုင်ရည် မရှိတော့သည့်အတွက်သာ ဖြစ်ရမည်။

သူ့တွင် မည်မျှမှော်ဆန်သော ကံကြမ္မာရှိနေပါစေ နောက်ဆုံးတွင် သူသည် လူသားတစ်ဦးဖြစ်သည်။ နေ့စဉ်နှင့်အမျှ ကာမဂုဏ်အာရုံများတွင် နှစ်မြုပ်နေပါက မည်သူမဆို ထိခိုက်နိုင်သည်။ သူ၏အမျိုးသမီးများက သူ၏စွမ်းရည်များ ဆုံးရှုံးသွားသည်ကို မသိစေရန် ညအချိန်တွင် မပြန်ပဲ စာကြည့်ခန်းတွင် ပုန်းအောင်းနေခြင်းဖြင့် သူ၏ဂုဏ်သိက္ခာကို ထိန်းသိမ်းနေခြင်း ဖြစ်နိုင်သည်။

စာကြည့်ခန်းရှိ အလင်းရောင်ကိုကြည့်‌နေရင်း ချူးချင်လီ တွေးတောနေစဉ် ညင်သာသောအသံတစ်ခုက သူမ၏အနောက်မှ ပေါ်ထွက်လာသည်။

“ချင်လီ။ ဘာကို ကြည့်နေတာလဲ။”

ချူးချင်လီ ချက်ချင်း လက်တွေ့ဘဝသို့ ပြန်‌ ရောက်သွားပြီး နောက်သို့လှည့်လိုက်‌တော့ချူးယုချင်ကို မြင်လိုက်ရပြီးချက်ချင်းပြောလိုက်သည်။

“ဘာမှမဟုတ်ပါဘူး။ တစ်ခုခုကို တွေးနေတာပါ”

ထိုအချိန်တွင် ချူးယုချင်၏ မျက်လုံးများသည်လည်း လုချန်း၏ စာကြည့်ခန်းဘက်သို့ လှည့်သွားပြီး အလင်းရောင်ရှိ‌ နေသေးသည်ကို မြင်လိုက်ရသည်နှင့်

“ချန်းလေးက တကယ်ပဲ လူကြီးဖြစ်လာပြီ” ဟုသူမဘာသာ သူမ ရေရွတ်လိုက်သည်။

ထိုသို့ ပြောနေစဉ် ချူးယုချင်၏ မျက်နှာက မရည်ရွယ်ပဲ နီရဲလာပြီး သူမ၏အတွေးများက မကြာသေးမီက စာကြည့်ခန်းထဲတွင် ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်တစ်ခုဆီသို့ ရုတ်တရက် ပြန် ရောက်သွားခဲ့သည်။

.......

အခန်း (၂၄၀ )

မြောက်ပိုင်းမြို့တော် ပြုပြင်ပြောင်းလဲရေး

( ၁)

သူမအစ်မ၏ စကားကို ကြားလိုက်ရသည်နှင့် ချူးချင်လီက မျက်နှာအမူအရာမပါပဲ ပြောလိုက်သည်။

“အစ်မလည်း သူလူကြီးဖြစ်နေပြီဆိုတာ သိနေတာပဲ။ ဘာလို့ သူ့ဘေးမှာ ဆက်နေနေတာလဲ။”

“သူ့ဘေးမှာ အခုဆို အစွမ်းရှိတဲ့လူတွေ အများကြီးရှိနေပြီ။ ပိုင်ဆိုတဲ့ အမျိုးသမီးတောင် အစ်မထက် သိုင်းစွမ်းအားမြင့်တယ်။ အစ်မက အခုဆိုရင် မြောက်ပိုင်းနယ်စားမင်းသား စံအိမ်မှာ မရှိမဖြစ်တော့ မဟုတ်ဘူး။”

ချူးချင်လီ၏ စကား‌ကြောင့် ချူးယုချင်၏ အတွေးများ ချက်ချင်းပျောက်ကွယ်သွားပြီး ချူးချင်လီကို လှည့်ပြောလိုက်သည်။

“ချင်လီ။ နင်လည်း မြောက်ပိုင်းနယ်စားမင်းသား စံအိမ်မှာ ဒီလောက်ကြာနေပြီ။ ဒါပေမဲ့ နင်လက်မလျှော့သေးဘူးလို့ ငါထင်တယ်။”

ချူးချင်လီ၏ မျက်လုံးများက စာကြည့်ခန်းဘက်သို့ လှည့်သွားပြီး

“အစ်မရဲ့ ဒုက္ခတွေကနေ မလွတ်မြောက်သေးသရွေ့ ငါလက်လျှော့မှာ မဟုတ်ဘူး” ဟု ပြောလိုက်သည်။

ချူးချင်လီ၏ စကားကို ကြားလိုက်ရသည်နှင့် ချူးယုချင် သက်ပြင်းချလိုက်ပြီး “ငါ့အတွက် ချန်းလေးက အရေးအကြီးဆုံးလူပါ။ ငါ သူ့ဘေးကနေ ဘယ်တော့မှ ခွာမသွားဘူး။ ငါ့အတွက် ဒုက္ခလို့လည်း မထင်ဘူး” ဟု ပြောလိုက်သည်။

...

ချူးချင်လီက အေးဆေးစွာ ပြန်ပြောလိုက်သည်။

“အစ်မ ဒီလိုထင်ရတာက သူ့ရဲ့ လှည့်စားမှုကို ခံနေရလို့ပါ။”

“တစ်နေ့မှာ ကျွန်မ အစ်မကို နိုးထစေမယ်။ ပြီးတော့ ဒီလူရဲ့ မကောင်းတဲ့ဘက်ကို မြင်ရ စေမယ်။”

“အဲဒီအချိန်ကျရင် ငါဘာမှ မပြောရင်တောင် အစ်မဘာသာအစ်မ မြောက်ပိုင်းနယ်စားမင်းသား စံအိမ်ကနေ ထွက်သွားမယ်လို့ ယုံကြည်တယ်။”

ချူးချင်လီ ခေါင်းမာနေသေးသည်ကို တွေမြင်လိုက်ရတော့ ချူးယုချင်လည်း ထိုအကြောင်းအရာကို မဆက်တော့ပါ။ သူမ ထပ်ပြောသည့်တိုင်အောင် အကျိုးမရှိဟု ခံစားရသည်။

သို့သော် သူမ၏ညီမ မင်းသားစံအိမ်မှာ အမြဲရှိနေပါက သူမ လုချန်းကို မည်သို့ပြုစုနိုင်မည်နည်း။

ထိုအတွေးနှင့်အတူ ချူးယုချင် မျက်နှာအနည်းငယ် ပူလာခဲ့သည်။

သူမ လုချန်းထံမှ အချိန်တစ်ခုတောင်းခဲ့၏။သို့‌‌သော် မသိလိုက်ခင်မှာပင် အချိန်များစွာ ကုန်လွန်သွားခဲ့သည်။ သူမ၏ကတိအား မဖြည့်ဆည်းရသေးပေ။ သူမ ဆက်လက် အချိန်ဆွဲနေပါက လုချန်းက သူမအားကတိဖျက်သည်ဟု ထင်ကောင်းထင်လာမည်ကို စိုးရိမ်မိသည်။

အခွင့်အရေးတစ်ခုရှာပြီး သူမ၏ညီမ ထွက်ခွာစေသွားအောင်လုပ်ဖို့ လိုအပ်နေပုံရသည်။ သူမ၏ညီမ မင်းသားစံအိမ်မှ ထွက်ခွာသွားပြီးမှသာ သူမ၏ကတိအား ဖြည့်ဆည်းကာ လုချန်းကို ပြုစုနိုင်မည်ဖြစ်သည်။

သို့သော် ချူးချင်လီ ထွက်ခွာသွား‌အောင်ဘယ်လိုလုပ်ရမလဲ။

မေးခွန်းများစွာ တွေးပြီးနောက် ချူးယုချင်က ချူးချင်လီအား ပြောလိုက်သည်။

“ချင်လီ။ နင့်လို အမြဲလှုပ်ရှားနေတဲ့သူအတွက် မြောက်ပိုင်းနယ်စားမင်းသားစံအိမ်မှာ နေထိုင်ရတာ ပျင်းရိငြီးငွေ့စရာ ကောင်းနေမှာပဲ။ အဲ့ဒါကြောင့် နင်အတွေးတွေ များနေတာ။ နင် စိတ်‌ပြေလက်ပျောက် မြောက်ပိုင်းနယ်စားမင်းသားစံအိမ်က ခဏထွက်သွားပါလား။ အချိန်တစ်ခုကြာရင် နင့်ရဲ့ အတွေးလွန်တဲ့အကျင့်က ပျောက်သွားနိုင်တယ်။”

ထိုစကားကို ကြားလိုက်ရသောအခါ ချူးချင်လီက ချက်ချင်းပင် သံသယဝင်သော မျက်နှာအမူအရာကို ပြလိုက်ပြီး

“အစ်မက ငါ့ကို ထွက်ခိုင်းပြီး အဲ့ဒီလူနှင့် မဟုတ်တာတွေ လုပ်ဖို့ ကြိုးစားနေတာလား။”

သူမ၏ညီမက သူမအတွေးကို ချက်ချင်းမြင်သွားသည်ကို တွေ့ရသောအခါ ချူးယုချင်၏ မျက်နှာပို၍ပင် ပူလာခဲ့ပြီး အလွန်ရှက်သွားသည်။

အကြောင်းပြချက် ကောင်ကောင်းမရှိပဲ သူ့ညီမကို ထွက်ခွာခိုင်းဖို့ သိပ်မလွယ်ပါ။

ထို့နောက် ချူးယုချင်က ဇွဲမ လျှော့သေးပဲ

“ချင်လီ။ ငါက ချန်းလေးရဲ့ အဒေါ်ပါ။ ဒီလိုအတွေးတွေ ဘယ်လိုတွေးလို့ရမှာလဲ” ဟု ပြောလိုက်သည်။

“ထားလိုက်ပါ‌တော့။ ထပ်ပြောနေလည်း အကျိုးမရှိဘူး။ နင်က နားထောင်မှာ မဟုတ်ဘူး။”

ထို့နောက် ချူးယုချင် လှည့်ထွက်သွား၏။ တိတိကျကျပြောရရင် ထိုနေရာကနေ ထွက်ပြေးသွားခြင်းဖြစ်သည်။ သူမက ထပ်နေနေမည်ဆိုပါက သူမ၏ညီမက သူမ၏အတွေးများကို ပိုပြီး သိမြင်လာနိုင်သည်။ ချူးချင်လီက အလွန်ပါးနပ်၏။ သူမကို ထွက်သွားစေချင်တယ် ဆိုတာကိုချက်ချင်း မှန်းဆနိုင်ခဲ့သည်။

ထိုအချိန်တွင် ချူးချင်လီအား မြောက်ပိုင်းနယ်စားမင်းသားစံအိမ်သို့ ဝင်ခွင့်ပြုခဲ့မိသည်ကို ချူးယုချင် နောင်တရနေသည်။ နတ်ပင့်ရတာ လွယ်ကူသော်လည်း နှင်ထုတ်ရန် ခက်ခဲသည်။ အခု သူမကို ဝင်ခွင့်ပြုလိုက်ပြီ ဖြစ်သဖြင့် သူမကို ထွက်ခွာစေဖို့က မလွယ်တော့ပါ။

ချူးယုချင် ထွက်ခွာသွားပုံကို ကြည့်ရင်း ချူးယုချင်နဲ့ လုချန်းတို့ မလျော်ကန်တဲ့ အရာတွေ လုပ်ခဲ့ကြတယ်လို့ ချူးချင်လီ ခံစား‌နေရ၏။

သို့သော် သူမမှာ သက်သေအထောက်အထား မရှိပါ။ မှန်းဆချက် သက်သက်သာ ဖြစ်သည်။

ထိုအချိန်တွင် ချူးချင်လီ စာကြည့်ခန်းဘက်သို့ ထပ်မံလှည့်ကြည့်လိုက်သည်။

စာကြည့်ခန်းထဲက လူက မကောင်းတာတွေ အားလုံး၏ အရင်းအမြစ်ဖြစ်သည်။ အကယ်၍ စာကြည့်ခန်းထဲက လူကို ကိုင်တွယ်နိုင်မယ်ဆိုရင် သူမ၏ အစ်မ ဒုက္ခကနေ လွတ်မြောက်နိုင်မည်ဖြစ်သည်။

ထိုအတွေးဖြင့် စာကြည့်ခန်းဆီသို့ ချူးချင်လီ ဦးတည်သွားလိုက်၏။ လုချန်းနှင့် တိုက်ရိုက် စကားပြောရန် အချိန်တန်ပြီဖြစ်သည်။

သို့သော် စာကြည့်ခန်းတံခါးသို့ ရောက်သည်နှင့် သူမ စကားမပြောမီ အထူးကိုယ်ရံတော်တစ်ဦးက စာကြည့်ခန်းသို့ အလျင်အမြန်ရောက်လာပြီး

“မင်းသား။ လမ်း‌ဖောက်ဖို့အတွက်ဆိုပြီး ငွေသိန်းပေါင်းများစွာ အုပ်ချုပ်ရေး အစိုးရက ပေးပို့လာပါတယ်။ အရာရှိတွေက စု‌ပေါင်းလှူဒါန်းလိုက်တာပါ။” ဟု ပြောလိုက်သည်။

ထိုစကားကို ကြားလိုက်ရသောအခါ စာကြည့်ခန်းထဲတွင် ပြုပြင်ပြောင်းလဲရေးအစီအစဉ်များကို ရေးနေသော လုချန်းလည်း ခဏခန့် အံ့အားသင့်သွား၏။ သတိပြန်ဝင်လာသည်နှင့် ချက်ချင်းပင် စုတ်တံကို ချလိုက်ကာ အပြင်ထွက်လာခဲ့သည်။

စာကြည့်ခန်းတံခါးကို ဖွင့်လိုက်သောအခါ ပထမဦးစွာ ချူးချင်လီကို မြင်လိုက်ရသည်။ ထို့နောက် သူ၏အကြည့်က အထူးကိုယ်ရံတော်ဆီ ရွေ့သွားသည်။

“ငွေတွေက ဘယ်မှာလဲ။”

“အပြင်ဆောင်မှာပါ။ ခုမှရောက်လာတာပါ” ဟု ဖြေလိုက်သည်။

လုချန်းက

“ငွေတွေကို မင်းသားစံအိမ်ရဲ့ ခန်းမဆောင်ကို ယူလာပါ။ ကျွန်တော်ကြည့်ချင်တယ်” ဟု ချက်ချင်းပြောလိုက်သည်။

ထိုစကားများနှင့်အတူ လုချန်း၏ အကြည့်က ချူးချင်လီဘက်သို့ ပြန်လှည့်သွားပြီး “ချင်လီ။ ကျွန်တော့်ကို တစ်ခုခုလိုအပ်လို့လား” ဟု မေးလိုက်သည်။

လုချန်းနှင့် စကားပြောရန် ချူးချင်လီ ရည်ရွယ်ခဲ့သော်လည်း အထူးကိုယ်ရံ‌တော်က နှောင့်ယှက်လိုက်သဖြင့် သူမ၏စကားပြောလိုစိတ်များ ချက်ချင်း ပျောက်ကွယ်သွားခဲ့သည်။

လုချန်းနှင့် သီသန့်စကားပြောရန် စဉ်းစားမိခဲ့သည်မှာ ရူးသွပ်နေသော အတွေးတစ်ခုဟု သူမ ခံစားရသည်။

ချူးချင်လီက

“ဘာမှမဟုတ်ပါဘူး။ ဒီနေရာကို လှည့်လည်ကြည့်ရှုနေတာပါ”

ဟု ပြန်ပြောလိုက်သည်။

လုချန်းက

“ ဪ။ ဒါဆို ကျွန်တော် သွားလိုက်ဦးမယ်” ဟု အေးဆေးစွာပြောလိုက်သည်။

ချူးချင်လီက ချက်ချင်းဘေးဖယ် ပေးလိုက်ပြီး

“ ဖြည်းဖြည်းသွားပါ မင်းသား” ဟု ပြောလိုက်သည်။

ထို့နောက် လုချန်းလည်း အပြင်‌ဆောင် ခန်းမ သို့ ထွက်ခွာသွား၏။ မကြာမီမှာပင် မင်းသားစံအိမ်အစေခံများက ငွေသေတ္တာကြီးများကို ခန်းမထဲသို့ သယ်ဆောင်လာခဲ့သည်။

ခန်းမထဲရှိ သေတ္တာများကို မြင်လိုက်ရသောအခါ လုချန်း၏မျက်နှာတွင် ပျော်ရွှင်မှု ကြောင့်လား သို့မဟုတ် အခြားအရာတစ်ခုလားဟု မသိနိုင်သော ထူးဆန်းသော အပြုံးတစ်ခု ပေါ်လာသည်။ ထို့နောက် သူက “သေတ္တာတွေကို ဖွင့်လိုက်ပါ”ဟု ပြောလိုက်သည်။

.......

All Chapters