အခန်း ၂၄၇-၂၄၉
Vol. 17 Ch. 247-249
အခန်း (၂၄၇ )
ချူးချင်လီ၏ စိတ်တွင်းဆုံးဖြတ်ချက်( ၁)
လုချန်းနှင့် ချူးရှုံတို့သည် တစ်နေ့လုံး စကားပြောခဲ့ကြပြီး ညနေခင်းရောက်မှသာ မြောက်ပိုင်းနယ်စားမင်းသား စံအိမ်သို့ လုချန်း ပြန်လာခဲ့သည်။ ချူးရှုံကတော့ လျှို့ဝှက်လဝန်းနန်းတော်က ဖွင့်ထားသော တည်းခိုခန်းတွင် ဆက်နေခဲ့သည်။
ညနေပိုင်း လုချန်း မြောက်ပိုင်းနယ်စားမင်းသား စံအိမ်သို့ ပြန်ရောက်သည့်အခါ လုံးဝမှောင်နေပြီဖြစ်သည်။ ယခုကာလသည် ဆောင်းရာသီဖြစ်ပြီး မိုးစောစောချုပ်၏။
ထိုအချိန်တွင် ချူးယုချင်သည် မင်းသားစံအိမ်၏ တံခါးဝတွင် ရပ်နေပြီး တစ်စုံတစ်ယောက်ကို စောင့်နေပုံရသည်။
လုချန်း ပြန်လာသည်ကို မြင်လိုက်ရ သောအခါ ချူးယုချင် အလွန်စိတ်ကျဉ်းကျပ်သွားပြီး သူမ၏လှပသောမျက်နှာလည်း နီရဲလာခဲ့သည်။
သူမက ချက်ချင်း တစ်ဖက်လှည့်လိုက်ပြီး လုချန်းကို မမြင်ချင်ယောင်ဆောင်ကာ မင်းသားစံအိမ်၏ တံခါးဝမှ ထွက်ခွာရန် အသင့်ပြင်လိုက်သည်။
...
လုချန်းက တံခါးဝတွင် ရှိနေသော သွယ်လျသောပုံသဏ္ဍာန်ကို သတိထားမိပြီးဖြစ်သည်။ ချူးယုချင်က သူ့ကို ရှောင်ဖို့ ကြိုးစားနေသည်ကို မြင်လိုက်ရသည်နှင့် သူက ချက်ချင်း ချောင်းဟန့်လိုက်ပြီး
“ဒေါ်လေးချူး ခဏစောင့်ပါ။ ကျွန်တော်သတင်းကောင်းတစ်ခု ပြောပြချင်လို့” ဟု ပြောလိုက်သည်။
လုချန်း၏ စကားကို ကြားလိုက်တော့ ချူးယုချင်သည် ခဏခန့် အံ့အားသင့်သွားခဲ့၏။ ထို့နောက် လုချန်းပြန်လာသည်ကို မမြင်ခဲ့ဟန်ဆောင်ကာ
“အိုး။ ချန်းလေး မင်းဘယ်ကပြန်လာတာလဲ။”
“မင်းပြောချင်တဲ့ သတင်းကောင်းက ဘာလဲ။”
ချူးယုချင်၏ မကျွမ်းကျင်သော သရုပ်ဆောင်မှုကို မြင်လိုက်ရပြီး လုချန်းရယ်မောလိုက်သည်။ သူမ သူပြန်လာတာကို စောင့်နေတာ သိသာနေပြီး သူ့ကို မမြင်ခဲ့ဟန်ဆောင်နေခြင်းဖြစ်သည်။
လုချန်းက ချက်ချင်း မြင်းပေါ်မှ ဆင်းပြီး မြင်းကို အစောင့်တစ်ဦးထံ လွှဲအပ်လိုက်ကာ ချူးယုချင်နားသို့ လျှောက်သွားလိုက်သည်။
ထိုလူကြီးဖြစ်လာသော လူငယ် သူမထံ နီးကပ်လာသည်နှင့် ချူးယုချင်၏ နှလုံးလည်း မထိန်းချုပ်နိုင်ပဲ တုန်လှုပ်လာခဲ့သည်။အရင်တုန်းကတော့ သူတို့နီးကပ်နေသည့်တိုင် သူမသည် စိတ်မလှုပ်ရှားခဲ့ပေ။ လုချန်း၏ ခန္ဓာကိုယ်ကို ထိမိသည့်တိုင် စိုးရိမ်စိတ် မရှိခဲ့ပေ။
သို့သော် အချိန်များ ပြောင်းလဲသွားခဲ့ပြီဖြစ်သည်။ လုချန်းက သူမ၏ခန္ဓာကိုယ်ကို လိုချင်ကြောင်း ပွင့်ပွင့်လင်းလင်း ပြောခဲ့သည့် အချိန်မှစ၍ လုချန်းကို မြင်တိုင်း သူမသည် အလွန်စိတ်ကျည်းကျပ်လာခဲ့သည်။ သူနီးကပ်လာသည်နှင့် မကြာသေးမီက စာကြည့်ခန်းတွင် သူမ ပြောခဲ့သော စကားများကို သတိရလာသည်။ လုချန်းဆိုသော ထိုလူငယ်ဆိုးလေးကို သူမ၏ခန္ဓာကိုယ်ဖြင့် ပြုစုရမည်ကို တွေးမိသည်နှင့် သူမ၏ နှလုံးများ မထိန်းချုပ်နိုင်စွာ တုန်လှုပ်လာခဲ့သည်။
...
ချူးယုချင် အနားသို့ ကပ်လိုက်ပြီးနောက် သူမ၏မျက်နှာ၏ နီရဲနေသည်ကို သတိထားမိသွားပြီး လုချန်းက
“ဒေါ်လေးချူးမျက်နှာက ဘာလို့ ဒီလောက်နီနေတာလဲ။ အဖျားတက်နေတာလား” ဟု ပြုံးပြီး ပြောလိုက်သည်။
ထို့နောက် လုချန်းက လက်ကို မြှောက်ပြီး ချူးယုချင်၏ နဖူးကို ထိကြည့်လိုက်သည်။အလိုလျောက် နောက်သို့ ခြေတစ်လှမ်းဆုတ်လိုသော်လည်း လုချန်းက လက်ကောက်ဝတ်ကို ဆုပ်ကိုင်ထားသဖြင့် ရပ်နေရ၏။
ချူးယုချင်၏ နဖူးကို ထိကြည့်ပြီးနောက် လုချန်းက
“ကျွန်တော်ထင်တဲ့ အတိုင်းပဲ။အရမ်းပူနေတယ်။ ဒေါ်လေး အဖျားတက်နေတာပဲ။”
ချူးယုချင်က လုချန်းကို တစ်ချက်ကြည့်လိုက်ပြီး
“ချန်းလေး မင်း ဘာလုပ်နေတာလဲ။ ဒါက မင်းသားစံအိမ်ရဲ့ တံခါးဝပါ။ တခြားသူတွေ မြင်ရင် မကောင်းဘူး။ မင်းသားတစ်ယောက်က ဒီလောက် ပေါ့ပေါ့ပါးပါး ပြုမူရမှာလား” ဟု ပြောလိုက်သည်။
လုချန်းက ပြုံးပြီး
“အိုး။ ကျွန်တော် ဒါကို မေ့သွားတယ်။ ဒေါ်လေးချူးရဲ့ ကျန်းမာရေးကို ကျွန်တော် အရမ်းစိတ်ပူနေလို့ပါ။ ဒါ ကျွန်တော့်အမှားပဲ။”
ချူးယုချင်က မကျေနပ်မှုများဖြင့် ပြည့်နေသော မျက်နှာဖြင့် ပြောလိုက်သည်။
“သတင်းကောင်းတစ်ခုရှိတယ်လို့ ပြောခဲ့ပြီး ဘာလို့ မပြောတာလဲ။”
လုချန်းက
“ကျွန်တော့်အဖိုးက မြောက်ပိုင်းမြို့တော်ကို လာပြီး ကျွန်တော့်ကို တွေ့ခဲ့တယ်။ ကျွန်တော်တို့ တစ်နေ့လုံး စကားပြောခဲ့တယ်။”
ထိုစကားကို ကြားလိုက်ရသောအခါ ချူးယုချင်၏ မျက်လုံးများက လုချန်း၏ မျက်လုံးများဆီသို့ စိုက်ကြည့်လိုက်ပြီး မယုံကြည်နိုင်သလို မေးလိုက်သည်။
“တကယ်လား။ သူက မြောက်ပိုင်းမြို့တော်ကို ဘာလို့လာတာလဲ။”
ချူးယုချင်သည် ချူးမိသားစု၏ လက်ရှိအခြေအနေကို ယေဘုယျအားဖြင့် နားလည်ထားသည်။ ဆွမ်ဧကရာဇ်နှင့် အာဏာရှိမိသားစုများကြား အခြေအနေ တင်းမာနေသည့် ကာလတွင် ချူးရှုံက ချူးမိသားစုမှ ထွက်ခွာလာပြီး မြောက်ပိုင်းမြို့တော်သို့ ပြေးလာသည်ကို သူမ အံ့အားသင့်သွားခဲ့သည်။
လုချန်းက
“သူက မြောက်ပိုင်းမြို့တော်ကို လာပြီး သူ့မြေးကို တွေ့ချင်တယ်လို့ ပြောတယ်။”
ထိုစကားကို ကြားလိုက်ရသောအခါ ချူးယုချင်က
“ဒါက သူ့ရဲ့စိတ်နေသဘောထားနဲ့ ကိုက်ညီတယ်။”
ထိုစဉ် ချူးယုချင်က ထပ်မေးလိုက်သည်။
“ဒါဆို သူ အခု ဘယ်မှာနေနေတာလဲ။”
လုချန်းက
“သူက လျှို့ဝှက်လဝန်းနန်းတော်က ဖွင့်ထားတဲ့ တည်းခိုခန်းမှာ နေနေတယ်။”
“ဒါပေမဲ့ ကျွန်တော် သူ့အတွက် နေစရာနေအိမ်တစ်လုံး ပေးဖို့ စီစဉ်ထားပြီးပြီ။ သူက မနက်ဖြန်မှာ နေရာပြောင်းနိုင်တယ်။”
ထို့နောက် လုချန်းက ချူးယုချင်၏ ချောမွေ့နူးညံ့သော လက်ကို ကိုင်ပြီး ပြောလိုက်သည်။
“အပြင်ဘက်မှာ လေတိုက်နေတယ် ဒေါ်လေးချူး။ အတွင်းမှာ ဝင်ပြီး စကားပြောကြမယ်။”
လုချန်း၏ လက်က သူမ၏လက်ကို ပွတ်သပ်လိုက်သောအခါ ချူးယုချင် ချက်ချင်းပင် တစ်ကိုယ်လုံး စပ်ဖျဉ်းဖျဉ်းဖြစ်သွားပြီး ထူးဆန်းသော ခံစားချက်တစ်ခုက သူမ၏ ခန္ဓာကိုယ်တစ်ခုလုံးသို့ ပျံ့နှံ့သွားသည်ဟု ခံစားရသည်။
လုချန်းသည် အစေခံများ၏ မျက်လုံးများကို ဂရုမစိုက်ပဲ ချူးယုချင်၏လက်ကို ဆွဲကာ မင်းသားစံအိမ်ထဲသို့ တိုက်ရိုက်ဝင်သွားခဲ့သည်။
ချူးယုချင်က အလျင်အမြန် ပြောလိုက်သည်။
“ချန်းလေး။ ဒေါ်လေးကို လွှတ်လိုက်ပါ။ အခြားသူတွေ မြင်ရင် မကောင်းဘူး။”
ချူးယုချင် ပြောသည့် “အခြားသူတွေ” ဆိုသည်မှာ မင်းသားစံအိမ်၏ အစေခံများကို မဆိုလိုပေ။ သူမ၏ညီမ ချူးချင်လီကို ရည်ညွှန်းခြင်းဖြစ်သည်။ မင်းသားစံအိမ်၏ ဝင်ပေါက်မှ အစေခံများ မြင်သည်ကို သူမ စိတ်မပူပေ။ သို့သော် သူမ၏ညီမ မြင်သွားပါက ပြဿနာဖြစ်လာနိုင်မည်။
လုချန်းသည် ချူးယုချင်၏လက်ကို တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်ထားပြီး ပြောလိုက်သည်။
“သူတို့ မြင်ရင်ရော ဘာဖြစ်မှာလဲ။ ဒေါ်လေးရဲ့လက်က အေးနေတယ်။ ကျွန်တော်က ဒေါ်လေးကို နွေးအောင်လုပ်ပေးတာ ဘာမှားလဲ။ ဘယ်သူ့ကိုမှ ကျွန်တော် မကြောက်ဘူး။”
လုချန်းသည် လက်လွှတ်မပေးပဲ နောက်လက်တစ်ဖက်ကို ကိုင်လိုက်ပြီး ချူးယုချင်၏ လက်နှစ်ဖက်လုံးကို သူ၏လက်ဝါးထဲတွင် ဆုပ်ကိုင်ထားလိုက်သည်။
အေးစက်သောလေစိမ်းများ တိုက်ခတ်နေသော်လည်း ချူးယုချင် အနည်းငယ်မျှ မချမ်းပါ။ သူမ၏ခန္ဓာကိုယ် ပိုပူလာသည်ကို ခံစားနေရသည်။
ထိုအချိန်တွင် ချူးယုချင် ရုတ်တရက် တစ်ခုခုကို သတိရလိုက်ပြီး မျက်နှာနီရဲလျက်
“ချန်းလေး။ မင်းကို ပြောဖို့မေ့သွားတယ်။ ချန်မိန်းကလေး မြောက်ပိုင်းမြို့တော်ကို ပြန်ရောက်လာပြီ။ သူ့ကို နဂိုအ ဆောင်မှာပဲ ပေးနေထားတယ်” ဟု ပြောလိုက်သည်။
လုချန်းက
“အိုး။ သူပြန်လာပြီကိုး။ ရပါတယ် အဲ့ဒိီမှာပဲ ထားလိုက်ပါ။”
မင်းသားစံအိမ်၏ ခြံဝင်းအတွင်းသို့ ဝင်ရောက်ပြီးနောက် သူတို့နှစ်ဦးသည် နှင်းထဲတွင် ရပ်နေပြီး ရှေ့သို့မသွားကြတော့ပေ။ အဘယ်ကြောင့်ဆိုသော် ချူးယုချင်၏ လက်နှစ်ဖက်လုံးကို လုချန်းက ဆုပ်ကိုင်ထားသဖြင့် လမ်းလျှောက်ရန် အဆင်မပြေတော့သောကြောင့်ဖြစ်ငည်။
ချူးယုချင်လည်း မသင့်လျော်တော့ဟု ခံစားရသဖြင့်
“ချန်းလေး။ မင်းဒီရက်တွေမှာ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းတွေနဲ့ အလုပ်များနေတော့ ပင်ပန်းနေမယ်။ မင်း အခန်းကို ပြန်သွားပြီး စောစောအနားယူသင့်တယ်။”
“ ဒေါ်လေးက အခု ကင်းလှည့်ရဦးမယ်။ ဒေါ် လေးကို လွှတ်လိုက်ပါ…”
ချူးယုချင်၏ အသံသည် စကားပြောနေစဉ် ပိုမိုနူးညံ့လာသည်။ သူမ၏ မျက်နှာက နီရဲလာပြီး လက်များ ပူနွေးလာသည်ကိုလည်း လုချန်းခံစားလိုက်ရ၏။ ဤလှပသောအမျိုးသမီး၏ အမူအရာကို မြင်လိုက်ရ သောအခါ လုချန်း၏စိတ်များ မငြိမ်မသက်ဖြစ်လာခဲ့သည်။
လုချန်းက
“ဒေါ်လေးချူး။ ကျွန်တော်တို့ စာကြည့်ခန်းထဲ့မှာ ပြောခဲ့တဲ့စကားကို မေ့သွားပြီလား။”
လုချန်းက စာကြည့်ခန်းအကြောင်း ပြောလိုက်သည်နှင့် ချူးယုချင်၏ နှလုံးခုန်နှုန်းများ ပိုမိုမြန်ဆန်လာခဲ့ပြီး အသက်ရှူ မဝသလို ဖြစ်လာခဲ့သည်။ သူမက ချက်ချင်းပင် ခပ်တိုးတိုးပြောလိုက်သည်။
“ဒေါ်လေးမှတ်မိတယ်။ ဒါပေမဲ့…”
ခဏ ရပ်နားပြီးနောက် သူမက လုချန်း၏ မျက်လုံးများကို ကြည့်လိုက်ကာ
“ချန်းလေး။ ဒေါ်လေးကို အချိန်နည်းနည်း ပေးနိုင်မလား” ဟု ပြောလိုက်သည်။
လုချန်းက
“ဒေါ်လေးချူး။ ဆောင်းတွင်းက ကုန်တော့မယ်။ နွေဦးရာသီ မတိုင်မီ ဒေါ်လေး အသင့်ဖြစ်နေသင့်တယ်။ ဒေါ်လေးသိတဲ့အတိုင်း နွေဦးရာသီရောက်ရင် အမျိုးသားတွေက စိတ်မငြိမ်မသက် ဖြစ်လာတတ်တယ်။ အခုဆို ကျိရွှမ်းနဲ့ တခြားနှစ်ယောက်က ကိုယ်ဝန်ရှိနေပြီ။ ချင်းစီနဲ့ ပိုင်တို့က ဒီကာလမှာ မင်းသားစံအိမ်မှာ မရှိတတ်ဘူး။ နန်ရန်နဲ့ ယောင်ယောင်တို့ပဲ ကျွန်တော့်ကို ပြုစုနေရတယ်။ ဒီနှစ်ယောက်လည်း မတတ်နိုင်တော့ဘူးလို့ ကျွန်တော်ထင်တယ်” ဟု ပြောလိုက်သည်။
လုချန်းက ထိုစကားများကို မရှက်မကြောက် ပြောလိုက်သဖြင့် ချူးယုချင် အရမ်းရှက်သွားကာ မြေကြီးထဲတွင်းတူးပြီး ဝင်နေချင်စိတ်များ ဖြစ်လာခဲ့သည်။
ထိုအချိန်တွင်။
အပြင်ဆောင်ရှိ ကျောက်တောင်တစ်ခုနောက်တွင်။
တစ်စုံတစ်ယောက်သည် အပြင်ဆောင်ဝင်ပေါက်ရှိ လူနှစ်ယောက်ကို အာရုံစိုက်ကြည့်နေသည်။
ချူးချင်လီသည် အေးစက်သော မျက်နှာအမူအရာဖြင့် ထိုလူနှစ်ယောက်ကို ဝေးဝေးမှ ကြည့်ရှုနေပြီး အေးစက်စွာ ရေရွတ်လိုက်သည်။
“ဒီနှစ်ယောက် ငြိစွန်းနေတာ ငါသိတယ်။ ဒီနေ့တော့ သူတို့ကို လက်ရဖမ်းမိပြီ။”
ကင်းလှည့်ပြီးနောက် ချူးချင်လီသည် ချူးယုချင်ကို သူမ၏အခန်းထဲတွင် ရှာဖွေရန် သွားခဲ့သော်လည်း သူမကို မတွေ့ရှိခဲ့ပေ။ ချူးယုချင် လုချန်း၏ စာကြည့်ခန်းသို့ သွားခဲ့သည်ဟု ထင်မိပြီး ထိုနေရာကို သွားကြည့် ခဲ့သော်လည်း ချူးယုချင်ကို မတွေ့ခဲ့ပါ။
သူမ၏အစ်မ မင်းသားစံအိမ်မှ ထွက်သွားတာလားဟု ဝင်ပေါက်ရှိ အစောင့်များကို သွားမေးရန် စဉ်းစားနေစဉ် သူမ၏အစ်မကို မင်းသားစံအိမ်၏ အပြင်ဆောင်တွင် ထိုလူဆိုးက ဆွဲခေါ်နေသည်ကို တွေ့ရှိခဲ့သည်။
သူမအစ်မ၏ မျက်နှာက နီမြန်းပြီး ရှက်ရွံ့နေသော အမူအရာက မင်္ဂလာဆောင်ခါစ သတို့သမီး အသစ်စက်စက်လေးတစ်ယောက်နှင့် တူနေသည်။
ယခင်က ချူးချင်လီ သံသယဝင်နေခဲ့သော်လည်း သက်သေအထောက်အထား မရှိခဲ့ပေ။ သို့သော် ယနေ့ သူမ သူတို့ကို ဖမ်းမိခဲ့သည်။
သူမ၏အစ်မသည် ထိုလူဆိုး၏ စိတ်ပြုစားခံထားရသည်မှာ သေချာသည်။
မဟုတ်ပါက သူမ၏အစ်မ ထိုကဲ့သို့သော အမူအရာမျိုး ပြသမည်မဟုတ်ပေ။
သူမသည် လုချန်း၏ အဒေါ်အဖြစ် သတ်မှတ်ခံထားရသည်။ အဒေါ်တစ်ယောက်အနေဖြင့် သူမသည် လုချန်းနှင့် ဒီလိုလုပ်နေရမှာလား။
သေချာသည်မှာ သူမ၏အစ်မသည် ယခုလုံးဝ စိတ်လွတ်နေပြီဖြစ်သည်။ သူမ လုပ်နေသည်များကို လုံးဝပင် မသိနေတော့ပေ။
မဟုတ်ပါ။ ဒီအတိုင်း လွှတ်ထားလို့ မရတော့ပါ။
သူမ၏အစ်မကို ကယ်တင်ရမည်ဖြစ်သည်။
သို့သော်…
သူမ သူမ၏အစ်မကို မည်သို့ပင် ကယ်တင်ရမည်နည်း။
သူမ၏အစ်မသည် စိတ်ပြုစားခံထားရပြီး အခုချိန်အထိ မင်းသားစံအိမ်မှ ထွက်ခွာရန် ငြင်းဆန်နေသည်။ စိတ်ပြုစားခံရမှု မပျောက်မချင်း သူမတစ်နည်းနည်းနှင့် သူမ၏အစ်မကို မင်းသားစံအိမ်မှ ခေါ်ထုတ်နိုင်လျှင်တောင် နောက်ဆုံးတွင် သူမ၏အစ်မသည် မြောက်ပိုင်းနယ်စားမင်းသား၏ စံအိမ်သို့ ပြန်လာမည်သာဖြစ်သည်။
ထို့ကြောင့် သူမ၏အစ်မကို မင်းသားစံအိမ်မှ ခေါ်ထုတ်လိုပါက တစ်ခုတည်းသော နည်းလမ်းသာရှိသည်။ လုချန်းနှင့် ထိပ်တိုက်ဖြေရှင်းပြီး သူမ၏အစ်မအပေါ် ပြုစားထားမှုကို ပြန်လည်ရုပ်သိမ်းစေမည့် နည်းလမ်းဖြစ်သည်။
ထိုအခါမှသာ သူမ၏အစ်မ သတိပြန်ရလာပြီး သူမနှင့်အတူ ထွက်ခွာရန် သဘောတူလာမည်ဖြစ်သည်။
ထိုအတွေးများဖြင့် ချူးချင်လီ တိတ်တဆိတ် ဆုံးဖြတ်ချက်ချလိုက်သည်။
လုချန်းနှင့် ချူးယုချင်တို့သည် အပြင်ဆောင်တွင် ဆွဲလားရမ်းလား လုပ်နေပြီးနောက် လုချန်းက နောက်ဆုံးတွင် ချူးယုချင်ကို လွှတ်လိုက်သည်။ ထို့နောက် သူသည် အတွင်းဆောင်သို့ မပြန်ဘဲ သူ၏စာကြည့်ခန်းသို့ ဦးတည်သွားခဲ့သည်။ သူ့တွင် ပြည်နယ်၏ အရေးကိစ္စများ ကိုင်တွယ်ဖြေရှင်းရန် ရှိသေးသည်။
လုချန်း စာကြည့်ခန်းထဲသို့ ဝင်ရောက်ပြီး တံခါးကို ပိတ်လိုက်သည်နှင့် ဝင်ပေါက်ရှိ အစေခံမိန်းကလေး တစ်စုံတစ်ဦးနှင့် စကားပြောနေသည်ကို ကြားလိုက်ရသည်။
“တပ်မှူးချူး။ မင်းသား ခုနကပဲ စာကြည့်ခန်းကို ရောက်လာပါတယ်။”
“သူနဲ့ ဆွေးနွေးစရာရှိတယ်။ သူ့ကို သတင်းပို့ပေးပါ။”
“ဟုတ်ကဲ့ တပ်မှူးချူး။ ခဏစောင့်ပေးပါ။”
ထို့နောက် အစေခံမိန်းကလေးက တံခါးကို ခေါက်လိုက်ကာ
“မင်းသား။ ချူးတပ်မှူးက လာရောက်တွေ့ဆုံလိုပါတယ်” ဟု ပြောလိုက်သည်။
ထိုအခါ လုချန်းက ချက်ချင်းပင် စာကြည့်ခန်း၏တံခါးကို ပြန်ဖွင့်လိုက်သည်။ စာကြည့်ခန်းဝတွင် ရပ်နေသော ချူးချင်လီကို ကြည့်ရင်း
“ချင်လီပါလား။ ဘာကိစ္စလဲ”
ဟု မေးလိုက်သည်။
ချူးချင်လီက လုချန်း၏မေးခွန်းကို ချက်ချင်း မဖြေပဲ စာကြည့်ခန်းဝရှိ အစေခံမိန်းကလေးကို
“အဆောင်ဝင်း အဝမှာ စောင့်ကြပ်နေပါ။ မင်းသားနဲ့ အရေးကြီးကိစ္စတွေ ဆွေးနွေးဖို့ ရှိတယ်။ ဘယ်သူမှ ဝင်လာခွင့်မရှိဘူး” ဟု ပြောလိုက်သည်။
ထိုသို့ပြောလာတော့ အစေခံမိန်းကလေး စဉ်းစားသွားသည်။
ပုံမှန်အားဖြင့် ချူးချင်လီသည် သူမကို ထွက်ခွာရန် အမိန့်ပေးနိုင်သူမဟုတ်ပေ။ မင်းသားတွင်သာ ထိုအခွင့်အာဏာရှိသည်။
အစေခံမိန်းကလေးက လုချန်း မည်သို့ပြောမည်ကို ကြည့်ရန် လှည့်လိုက်သည်။
ချူးချင်လီ၏စကားကို ကြားလိုက်ရသည်နှင့်လုချန်းလည်း ရှုပ်ထွေးသွားသည်။ သူနှင့် အရေးကြီးကိစ္စ ဆွေးနွေးရန် ရှိတယ်တဲ့။ သူမဆီမှာ ဘာကိစ္စက ဒီလောက်အရေးကြီးနိုင်မှာလဲ။ သူမသည် နေ့စဉ် အတွင်းဆောင်တွင် လှည့်လည်နေရသူဖြစ်ပြီး အရေးကြီးကိစ္စများ ရှိစရာ မလိုပေ။
သို့သော် လုချန်းက အစေခံမိန်းကလေးကအား
“ရှောင်ဝမ်။ ချူးတပ်မှူးရဲ့စကားကို နားထောင်ပြီး အဆောင် ပေါက်ဝမှာ စောင့်ကြပ်နေပါ” ဟု ပြောလိုက်သည်။
လုချန်းက ထိုသို့ပြောလာတော့ အစေခံမိန်းကလေးက
“ဟုတ်ကဲ့၊ မင်းသား”
ဟု ချက်ချင်းပြန်ပြောလိုက်သည်။
ထို့နောက် အစေခံမိန်းကလေးလည်း စာကြည့်ခန်းဝမှ ထွက်ခွာသွားသည်။
အစေခံမိန်းကလေးကို ထွက်ခွာစေပြီးနောက်ချူးချင်လီ စာကြည့်ခန်းထဲ့သို့ တိုက်ရိုက်လျှောက်သွားသည်။
လုချန်းလည်း ချက်ချင်းပင် ဘေးသို့ဖယ် ပေးလိုက်ကာ ချူးချင်လီကို စာကြည့်ခန်းထဲသို့ ဝင်ခွင့်ပြုလိုက်သည်။
သူမစာကြည့်ခန်းထဲသို့ ဝင်ရောက်ပြီးနောက်လုချန်းက တံခါးကို ပိတ်လိုက်ပြီး
“ချင်လီ။ မင်းပြောတဲ့ အရေးကြီးကိစ္စက ဘာလဲ” ဟု မေးလိုက်သည်။
အခန်း( ၂၄၈)
မင်းသားရဲ့ လျှို့ဝှက်ချက်တွေကို မင်းသားရဲ့အမျိုးသမီးတွေ သိမသွား စေချင်ဘူး မဟုတ်လား
ထိုအချိန်တွင် ချူးချင်လီသည် စာကြည့်ခန်းထဲတွင် ရပ်နေပြီး သူမ၏မျက်နှာတွင်က ရေခဲပြင်ကဲ့သို့ အေးစက်သော အငွေ့အသက်များ ထုတ်လွှတ်နေသကဲ့သို့ ခံစားရသည်။
သူမသည် အပြာရောင်ရှည်လျားသော ကိုယ်ကျပ်ဝတ်စုံကို ဝတ်ဆင်ထားပြီး သူမ၏ သွယ်လျသောကိုယ်ခန္ဓာကို တင်းတင်းကျပ်ကျပ် ဖုံးအုပ်ထားကာ ခန္ဓာကိုယ် ပုံသဏ္ဍန်ကို အပြည့်အဝ ဖော်ပြနေသည်။
လုချန်းက ချူးချင်လီကို ကြည့်လိုက်ပြီး စနစ်ကို အသုံးပြု၍ သူမ၏ သဘောကျမှုကို စစ်ဆေးကြည့်လိုက်သည်။ သူမ၏ သဘောကျမှုသည် ကိုးဆယ့်ကိုးအထိ ရောက်နေပြီဖြစ်ကြောင်း တွေ့ရှိလိုက်သည်။
ချူးချင်လီ မင်းသားစံအိမ်သို့ ရောက်ရှိလာပြီးနောက် သူမသည် နေ့စဉ် နဂါးဖီးနစ်လက်ဖက်ရည်ကို သောက်သုံးနေသည့်အတွက် သူမ၏ သဘောကျမှု ကိုးဆယ့်ကိုးအထိ မြင့်တက်လာခြင်းက အံ့အားသင့်စရာ မဟုတ်ပေ။
သို့သော်...
ဘာကြောင့်မှန်းမသိ ချူးချင်လီသည် သူ့အပေါ် အနည်းငယ် မုန်းတီးမှုရှိနေသည်ဟု လုချန်း အမြဲခံစားနေရသည်။
သူသည် အေးစက်သော မိန်းမလှများစွာကို တွေ့ကြုံခဲ့ဖူးသည်။ ပိုင်ချင်းချင်းနှင့် ချန်ဝမ်ရွန်တို့လည်း အေးစက်သော စရိုက်လက္ခဏာများ ပြသ၏။ သို့သော် သူတို့ထံမှ ထိုကဲ့သို့ မုန်းတီးမှုမျိုးကို သူမခံစားရပေ။
သို့သော် ချူးချင်လီ၏ အရှေ့တွင်တော့ သူ ဒီခံစားချက်ကို ရနေသည်။ ဒါက သူ့ဘာသူ ထင်ယောင်ထင်မှားဖြစ်နေတာလည်း ဖြစ်နိုင်၏။ ထိုအချိန်တွင် ချူးချင်လီက လုချန်းကို အေးစက်သော မျက်လုံးများဖြင့် ကြည့်ရင်း ပြောသည်။
“မင်းသား။ ရှင်လုပ်ခဲ့တဲ့ အရာတွေကို ကျွန်မ သိပြီ။”
ထိုစကားကို ကြားလိုက်ရသည့်အခါ လုချန်းက တန့်သွားသည်။ ချူးချင်လီက ဘာကို ဆိုလိုတာလဲ။သူ လုပ်ခဲ့တဲ့ အရာတွေကို သိပြီဆိုတာ ဘာကို ဆိုလိုတာလဲ။
တရားဘက်တော်သားတစ်ဦးက အပြစ်လုပ်ထားသူတစ်ဦးကို
“မင်းရဲ့ အပြစ်တွေက ဖော်ထုတ်လိုက်ပြီ။” ဟု ပြောနေသလိုပင်ဖြစ်သည်။
သတိပြန်ဝင်လာပြီးနောက် လုချန်းက နားမလည်နိုင် ဖြစ်နေသော မျက်နှာဖြင့် မေးလိုက်သည်။
“ဒါက ဘာကို ဆိုလိုတာလဲ ချင်လီ။”
လုချန်းက မသိသယောင် ဟန်ဆောင်နေသည်ကို မြင်ရတော့ လုချန်းသူ့ကိုယ်သူ အပြစ်ရှိသလို ခံစားနေရသည်ဟု ချူးချင်လီ ယူဆလိုက်ကာ တိုက်ရိုက်မေးလိုက်သည်။
“မင်းသားရဲ့ စံအိမ်က အမျိုးသမီးတွေအားလုံး မင်းသားကို ကြိုက်ရတဲ့ အကြောင်းရင်းကို ကျွန်မ သိပြီ။”
“မင်းသားရဲ့ လျှို့ဝှက်ချက်ကို မင်းသားရဲ့ အမျိုးသမီးတွေ သိသွားမှာ မင်းသား မလိုလားဘူး မဟုတ်လား။”
ဒါက…
ချူးချင်လီ၏ ရေခဲတမျှ အေးစက်နေမျက်နှာနှင့် ရင်ဆိုင်ရသောအခါ လုချန်း ခဏခန့် စကားမပြောနိုင်အောင် ဖြစ်သွား၏။
ချူးချင်လီက သူ့ကို ခြိမ်းခြောက်နေတာလား။ ခြိမ်းခြောက်သလို မထင်ရသော်လည်း သူမ၏ စကားပြောဟန်က ခြိမ်းခြောက်သလို ဖြစ်နေသည်။
လုချန်း၏ မျက်ခုံးများကို တွန့်သွား၏။ ချူးချင်လီက မင်းသား၏ စံအိမ်ရှိ အမျိုးသမီးတွေ သူ့ကို ကြိုက်ရသည့် အကြောင်းရင်းကို သိသည်ဟု ပြော နေသည်။ သူမက နဂါးဖီးနစ်လက်ဖက်ရည်ရဲ့ အာနိသင်ကို သိနေတာလား။
နဂါးဖီးနစ်လက်ဖက်ရည်သည် အိမ်ထောင်ရေး ချစ်ခြင်းမေတ္တာကို အားပေးပြီး မင်းသားစံအိမ် အတွင်းဆောင်ရှိ အမျိုးသမီးများ၏ လုချန်းအပေါ် နှစ်သက်သဘောကျမှုကို တိုးစေသည်။ အကယ်၍ ချူးချင်လီက နဂါးဖီးနစ်လက်ဖက်ရည်၏ အာနိသင်ကို သိပါက အမျိုးသမီးများ၏ ချစ်ခြင်းမေတ္တာသည် လက်ဖက်ရည်ကြောင့်ဟု သူမထင်မည်ဖြစ်သည်။
သို့သော် ယခုချိန်အထိတော့ နဂါးဖီးနစ်လက်ဖက်ရည်၏ အာနိသင်ကို မုကျိရွှမ်းနှင့်သာ သူဆွေးနွေးခဲ့ဖူးသည်။ ချူးချင်လီက ဘယ်လိုလုပ် သိနိုင်မှာလဲ။
ဤခောတ်ကမ္ဘာတွင်လည်း နဂါးဖီးနစ်ပင်ရှိ နေပြီး ချူးချင်လီက မြင်ဖူးထားလို့လား။ ထိုအတွေးဖြင့် လုချန်းက ချူးချင်လီ၏ အေးစက်သော မျက်နှာကို ကြည့်ပြီး ပြောလိုက်သည်။
“အိုး။ ကိုယ့်ရဲ့လျှို့ဝှက်ချက်ကို သိတယ် ဟုတ်လား။ ဘယ်လျှို့ဝှက်ချက်ကို သိနေတာလဲဆိုတာ စိတ်ဝင်စားမိတယ်။”
အရင်တုန်းက ဆိုရင်တော့ နဂါးဖီးနစ်လက်ဖက်ရည်၏ သက်ရောက်မှုများကို သူ၏ အမျိုးသမီးများက သိရှိသွားမည်ကို တကယ်ပင် လုချန်း စိုးရိမ်ခဲ့မည်ဖြစ်သော်လည်း ယခုအခါတွင် စံအိမ်အတွင်းရှိ အမျိုးသမီးအားလုံးသည် သူနှင့် စည်းလုံးညီညွတ်နေပြီဖြစ်ကာ လက်ဖက်ရည်၏ သက်ရောက်မှုများကို သူတို့သိရှိသွားမှာ သူစိုးရိမ်နေခြင်း မရှိတော့ပါ။
သူတို့သိရှိသွားလည်း ဘာဖြစ်လဲ။ သူတို့၏ သဘောကျမှုအားလုံးသည် တစ်ရာရာခိုင်နှုန်းရှိပြီးသားဖြစ်သည်။ သူတို့၏ မြင့်မားသော ချစ်ခြင်းမေတ္တာသည် နဂါးဖီးနစ်လက်ဖက်ရည် သက်သက်ကြောင့်တော့ မဟုတ်ပါ။
နဂါးဖီးနစ်လက်ဖက်ရည်သည် ချစ်ခြင်းမေတ္တာကို မြှင့်တင်ပေးသည့် ကြားခံတစ်ခုသာဖြစ်သည်။ ခံစားချက်များ တကယ်တိုးတက်လာခြင်းမှာ သူတို့ခန္ဓာကိုယ်ချင်း နီးကပ်စွာ ရှိနေသည့် အခါတွင်သာ ဖြစ်ပေါ်လာခြင်းဖြစ်သည်။
ထို့ကြောင့် ချူးချင်လီ၏ စကားများက လုချန်းကို လုံးဝခြိမ်းခြောက်နိုင်ခြင်း မရှိပေ။
သို့သော် ချူးချင်လီသည် ထိုစကားကို ဘာလို့လာပြောရတာ ဘာကိုလိုချင်လို့လဲဆိုတာ လုချန်းအနည်းငယ် စူးစမ်းလိုစိတ်ဖြစ်ပေါ်လာသည်။
သူမ သူနှင့် နှစ်ယောက်တည်း တွေ့ဆုံရန် စီစဉ်ခြင်းမှာ သူ့ထံမှ တစ်စုံတစ်ခု ရယူလို၍ ဖြစ်နိုင်သည်။ လုချန်းက သူမတကယ် သိမသိ စမ်းသပ်နေသည်ဟု ထင်သွားပြီး ချူးချင်လီက
“မင်းသား၏ အမျိုးသမီးတွေ မင်းသားကို ဒီလောက်နာခံကြတာက သူတို့ရဲ့ စိတ်တွေပြုစားခံထားရလို့ပါ။ ကျွန်မအစ်မအပါအဝင်ပေါ့။”
“စိတ်ပြုစားထားတာ မရှိရင် သူတို့က မင်းသားကို ဒီလောက်ကြိုက် နှစ်သက်နေကြမှာ မဟုတ်ပါဘူး။”
ချူးချင်လီ ပြောသည်ကို ကြားလိုက်ရပြီး နောက် သူမ၏ ခန့်မှန်းနေခြင်းသာဖြစ်ပြီး တကယ့်အကြောင်းအရင်းကို မသိရှိသေးကြောင်း လုချန်းနားလည်သွားခဲ့သည်။
ထို့နောက် လုချန်း၏ မျက်နှာပေါ်တွင် အပြုံးရိပ်တစ်ခု ပေါ်လာသည်။ ချူးချင်လီ တကယ့်အကြောင်းရင်းကို မှန်းဆမိခြင်း မရှိသော်လည်း သူမကို စနောက်ရန် ကြံစည်လိုက်သည်။
ထို့နောက် လုချန်းက ပြုံးရင်း ပြောလိုက်သည်။
“မင်းသိသွားပြီဆိုတော့ ဘာလုပ်ချင်တာလဲ။”
“မင်းက သီးသန့်စကားပြောဖို့ တောင်းဆိုတယ်ဆိုတော့ မင်းမှာ အပေးအယူတွေ ရှိတယ်ဆိုတာကို ဖော်ပြနေတယ်။ ပြောပါ ကိုယ့် လျှို့ဝှက်ချက်ကို မဖော်ထုတ်ပဲနေဖို့ ဘာတွေလိုချင်တာလဲ။”
လုချန်း၏ ဝန်ခံမှုကို ကြားလိုက်ရသည်နှင့် ချူးချင်လီ သူ့ဘာသာသူ တွေးမိလိုက်သည်။
ဒီလူက စိတ်ကိုပြစားတတ်တယ်။သူမ၏အစ်မကိုလည်း သူက ပြုစားထားခဲ့တယ်။ သူက ဝန်ခံပြီးသွားပြီဆိုတော့ ပိုကောင်းသွားပြီ။
အခုတော့ သူမ ဒီလူ၏ အားနည်းချက်ကို လက်ထဲတွင် ကိုင်ထားနိုင်ပြီဖြစ်သည်။ သူက သူ့ဂုဏ်သတင်းကို မငဲ့ကွက်ပဲ သူမ၏အစ်မကို မြောက်ပိုင်းနယ်စားမင်းသား စံအိမ်တွင် အတင်းအကျပ်ထားမည်ဟု သူမ မယုံကြည်ပေ။
ထို့နောက် ချူးချင်လီက ပြောလိုက်သည်။
“ကျွန်မအစ်မကို ပြုစားထားတာတွေ ဖယ်ရှားလိုက်ပါ။ သူ့ကို မြောက်ပိုင်းနယ်စားမင်းသား စံအိမ်ကနေ ထွက်ခွာခွင့်ပေးပါ။ အဲ့ဒါဆိုရင် ကျွန်မ ဘာမှမသိခဲ့ဘူးလို့ သဘောထားလိုက်မယ်။”
ထိုစကားကို ကြားလိုက်ရသည်နှင့် လုချန်းရယ်မောလိုက်၏။ ချူးချင်လီ သူ့ကို ရှာလာတာက ချူးယုချင်နဲ့ ပတ်သက်နေတာကိုး။
ရယ်ပြီးနောက် လုချန်းက ချူးချင်လီ၏ လှပ အေးစက်နေသည့် မျက်နှာကို ကြည့်ကာ
“ချင်လီ။ ဒါက ဖြစ်နိုင်မယ်လို့ မင်းထင်လား။”
“ကိုယ့်ကို ဒေါ်လေးချူးက ငယ်စဉ်ကတည်းက ပြုစုပျိုးထောင်ခဲ့တယ်။ သူက ကိုယ့်ကို ထားခဲ့မယ်လို့ မင်းထင်လား။ ဒါက ကိုယ် စိတ်ပြုစားတာ မပြုစားတာနဲ့ မဆိုင်ဘူး။ ဒေါ်လေးချူးက ကိုယ့်ကို ဘယ်တော့မှ မထားခဲ့ဘူး။ မင်းက ဒီအတွေးကို စွန့်လွှတ်သင့်တယ်။”
ချူးချင်လီက ခြိမ်းခြောက်လိုက်သည်။
“ရှင့်ရဲ့လျှို့ဝှက်ချက်ကို ကျွန်မ ဖော်ထုတ်လိုက်မှာ မကြောက်ဘူးလား။”
လုချန်းက အေးဆေးစွာဖြင့်
“မင်းတခြားသူတွေကို ပြောချင်ရင် သွားပြောလိုက်ပါ။ ကိုယ့်ဂုဏ်သတင်းက ဒီလောက်ကောင်းတာမှ မဟုတ်တာ။”
လုချန်း၏ မရှက်မကြောက်စကားများကို ကြားလိုက်ရသည်နှင့် ချူးချင်လီ ခဏမျှ အံ့အားသင့်သွားခဲ့သည်။
ဟုတ်တာပဲ။ သူမ ဘယ်လိုလုပ် မေ့သွားတာလဲ။ မြောက်ပိုင်းနယ်စားမင်းသားကို ပညာမဲ့ပြီး ကာမဂုဏ်အာရုံတွင် နှစ်မြုပ်နေသူအဖြစ် သတ်မှတ်ထားပြီးသားပဲ။
သူမက မြောက်ပိုင်းနယ်စားမင်းသား၏ လျှို့ဝှက်ချက်ကို ဖော်ထုတ်ပါကလည်း သူ့ကို ကြီးမားစွာ ထိခိုက်မှု ဖြစ်စေမည် မဟုတ်ပေ။ ဒါက မူလကတည်းက ပျက်စီးနေပြီးသား အဆောက်အဦတစ်ခုဖြစ်သည်။ ထပ်ပြီးပျက်စီးလည်း မထူးတော့ပေ။
လုချန်း ကာမဂုဏ်အာရုံနှစ်သက်သည်ဟူသော ပုံရိပ်ကို ပြည်သူများ၏ စိတ်ထဲတွင် ပိုမိုခိုင်မာစေရုံသာ ဖြစ်သွားမည်။ ထို့ပြင် မင်းသားစံအိမ်ရှိ အမျိုးသမီးများက သူတို့ကို ကာမဂုဏ် လိုက်စားသော ဒီလူက သူတို့၏ စိတ်များကို ပြုစားခဲ့တာကို သိရှိပါကလည်း ယုံကြည်ကြမည် မဟုတ်ပါ။
စိတ်ပြုစားခံရသူများသည် သူတို့ပြုစားခံထားရကြောင်း မယုံကြည်ကြပေ။ ထိုသို့ပြောသူကိုသာ စိတ်မနှံ့သူဟုသာ ထင်ကြလိမ့်မည်။
သို့သော် ဒီအတိုင်းတော့ ချူးချင်လီလက်လျှော့ချင်စိတ် မရှိပါ။ သူမ၏အစ်မကို ကယ်တင်လိုနေဆဲဖြစ်သည်။ ဒီလောက်နဲ့ပဲ ရပ်လိုက်ရမှာလား။
ထို့နောက် ချူးချင်လီက မေးလိုက်သည်။
“အစ်မကို လွှတ်ပေးဖို့ ဘာလုပ်ပေးလို့ရလဲ။”
ထိုမေးခွန်းကို ကြားလိုက်ပြီးနောက် လုချန်းက တွေးတောနေဟန်ဖြင့် ခဏနေလိုက်သည်။
ထို့နောက် သူ၏မျက်လုံးများက ချူးချင်လီ၏ လှပအေးစက်နေသည့် မျက်နှာကို စိုက်ကြည့်လိုက်သည်။ ခဏအကြာတွင် လုချန်းက
“မင်းက ဒေါ်လေးချူးအပေါ် စိတ်ပြုစားထားတာကို ဖယ်ရှားပေးစေချင်တယ်ဆိုရင် ကိုယ်သဘောတူပေးနိုင်ပါတယ်။”
“ဒါပေမဲ့…”
သူစကားပြောနေစဉ် လုချန်း၏ မျက်လုံးများသည် ချူးချင်လီ၏ ခန္ဓာကိုယ်တစ်ခုလုံးကို ထပ်မံစစ်ဆေးကြည့်ရှုလိုက်သည်။ သူသည် ချူးချင်လီကို ဤမြန်မြန်ဆန်ဆန် သိမ်းပိုက်ရန် မကြံစည်ခဲ့သော်လည်း ချူးချင်လီကိုယ်တိုင် လာရောက်ကမ်းလှမ်းသည့်အတွက် သူ့ကို အပြစ်တင်လို့ မရနိုင်ပေ။
......
အခန်း (၂၄၉ )
အားလုံးက ငါ့အစ်မအတွက်ပဲ (၁)
လုချန်းအတွက် သူ၏တံခါးဝတွင် ပေါ်လာသော အရသာရှိသည့် အစားအစာကို မစားပဲ နေရန် အကြောင်းမရှိပေ။ ယနေ့ ချူးချင်လီ ခြိမ်းခြောက်လာမည်ကို သူ လုံးဝမမျှော်လင့် ထားခဲ့သော်လည်း အခုတော့ ကိစ္စမရှိတော့ပါ။
အခု ချူးချင်လီ သူ၏စာကြည့်ခန်းထဲသို့ ဝင်ရောက်လာပြီဖြစ်သည်။ သူမကို နည်းနည်းမှ လွှတ်ပေးရန် လုချန်း မရည်ရွယ်တော့ပါ။
လုချန်းက ပြုံးပြီး မေးလိုက်သည်။
“ချင်လီ။ ဒေါ်လေးချူးအပေါ် ပြုစားထားတာကို ဖယ်ရှားပေးဖို့ ကိုယ်က သဘောတူမယ်ဆိုရင် မင်းက ဘယ်လိုစျေးနှုန်းမျိုး ပေးမလဲ။”
လုချန်း၏ မျက်လုံးများက သူမ၏ခန္ဓာကိုယ်ကို မပြတ်စိုက်ကြည့်နေသည်ကို မြင်လိုက်ရသည်နှင့် ချူးချင်လီသည် ရုတ်တရက် ထူးဆန်းသော ခံစားချက်တစ်ခုကို ခံစားရသည်။
...
သူမသည် ပိုင်ချင်းချင်းနှင့် မတူပေ။ နှစ်ယောက်လုံးသည် အေးစက်သော အလှမယ်များဖြစ်သော်လည်း ပိုင်ချင်းချင်းက သဘာဝ အလျောက် ခံစားချက်ကင်းမဲ့သော အေးစက်မှုမျိုးဖြစ်ပြီး ချူးချင်လီတွင်မူ ခံစားချက်များ ရှိနေသည်။
သို့သော် ချူးချင်လီသည် ခံစားချက်များကို ကြာမြင့်စွာ ဖုံးကွယ်ထားသော လူသတ်သမားတစ်ဦးဖြစ်၏။ ထို့ကြောင့် သူမတွင် အေးစက်သော အမူအရာ ရှိနေခြင်းဖြစ်သည်။
ခံစားချက်များ ရှိထားသူဖြစ်ပြီး နဂါးဖီးနစ်လက်ဖက်ရည်၏ အကျိုးသက်ရောက်မှုကြောင့် သူမ၏ နှလုံးခုန်နှုန်းက မသိမသာ မြန်ဆန်လာခဲ့သည်။
လုချန်း၏ ပူလောင်သော ကြည့်ရှုမှုအောက်တွင် သူမသည် နှင်းထဲတွင် ရှိနေသော ယုန်ဖြူလေးတစ်ကောင်ကဲ့သို့ ခံစားရသည်။ ဝံပုလွေကြီးတစ်ကောင်၏ ပစ်မှတ်ထား ခံနေရသော ယုန်တစ်ကောင်သကဲ့သို့ ဖြစ်သည်။
လုချန်းက မည်သည့်စကားမျှ မပြောသေးသော်လည်း သူမသည် သူ၏စိတ်ထဲရှိ မကောင်းသော အတွေးများကို ခံစားမိပြီးဖြစ်သည်။
ဤကာမဂုဏ်လိုက်စားသော လူ၏ ရည်ရွယ်ချက်ရှိသော အကြည့်က သူမ၏ခန္ဓာကိုယ်ကို လိုချင်နေကြောင်း ရှင်းရှင်းလင်းလင်း ဖော်ပြနေသည်။
ထိုအတွေးက ချူးချင်လီ၏ နူးညံ့သိမ်မွေ့သော ခန္ဓာကိုယ်ကို မထိန်းချုပ်နိုင်စွာ တုန်လှုပ်စေခဲ့သည်။
...
သူမ၏ခန္ဓာကိုယ်ရှိ ပုံမှန်မဟုတ်သော အခြေအနေကို ဖိနှိပ်ရန် ကြိုးစားရင်း ချူးချင်လီက အေးဆေးစွာပြောလိုက်သည်။
“ရှင်ကျွန်မအစ်မအပေါ် စိတ်ပြုစားထာတာ ဖယ်ရှားပေးမယ်ဆိုရင် ရှင်တောင်းဆိုသမျှ ကျွန်မလုပ်ပေးမယ်။”
ချူးချင်လီ သူမကိုယ်သူမ တွေးမိသည်။ သူမ၏ အစ်မကို ဤမကောင်းဆိုးဝါးထံမှ လွတ်မြောက်စေရန် အနည်းငယ်စတေးရုံက အရေးမကြီးပါ။ သူမ၏အစ်မကို ဤကာမဂုဏ်လိုက်စားသော လူ၏ စံအိမ်မှ လွတ်မြောက်စေရန် ချူးချင်လီ ဆုံးဖြတ်ထားသည်။
ချူးချင်လီ၏ တုံ့ပြန်မှုကို ကြားလိုက်ရသည်နှင့် လုချန်း၏ နှုတ်ခမ်းထောင့်များ နောက်တစ်ကြိမ် မြင့်တက်လာခဲ့သည်။
သူက သူမထံ ချဉ်းကပ်လာပြီး
“အိုး။ တကယ်လား။”
လုချန်း နီးကပ်လာသည်နှင့် ချူးချင်လီ၏ နှလုံးသားထဲတွင် ထိတ်လန့်မှုများ လှိုင်းထလာခဲ့ပြီး သူမ၏ အေးစက်သော မျက်နှာပေါ်တွင် ထိတ်လန့်မှု အနည်းငယ် ပေါ်လာခဲ့သည်။
လုချန်းက ချူးချင်လီနှင့် ခြေတစ်လှမ်းအကွာခန့်တွင် ရပ်လိုက်ပြီး သူမ၏ လှပသော မျက်လုံးများကို ကြည့်လိုက်ကာ
“ချင်လီ။ မင်းက မြောက်ပိုင်းနယ်စားမင်းသား စံအိမ်မှာနေတာ အတော်ကြာနေပြီ။ မင်းက ကိုယ့်ကို ကောင်းကောင်းနားလည်သင့်တယ်။ ကိုယ်ဘယ်လိုလူလဲ။ ဘာကို ကြိုက်လဲ။”
“ကိုယ်ရဲ့ တစ်ခုတည်းသော ဝါသနာက ကိုယ့်ဇနီးမယားတွေနဲ့ ခံစားချက်တွေကို ဖလှယ်တာပဲ။ ဒါကြောင့် အမျိုးသမီးတွေက ကိုယ့်အတွက် အရမ်းအရေးကြီးတယ်။”
“ကိုယ့်စိတ်ထဲမှာ ဒေါ်လေးချူးက ကိုယ့်အမျိုးသမီးတွေထဲက တစ်ယောက်ပဲ။ ဒါပေမဲ့ မင်းက သူ့ကို ကိုယ့်ဆီကနေ ခွဲထုတ်ဖို့ တွေးနေတယ်။ ဒါကို ကိုယ်လက်မခံနိုင်ဘူး။”
“မဟုတ်ရင်…”
ထိုအချိန်တွင် လုချန်းက စကားကို ရပ်လိုက်ပြီး မုဆိုးတစ်ယောက်ကဲ့သို့ အကြည့်များဖြင့် ချူးချင်လီ၏ သွယ်လျသော ခန္ဓာကိုယ်ကို နောက်တစ်ကြိမ် စစ်ဆေးကြည့်လိုက်သည်။
အလွန်စိတ်တင်းကျပ်နေသော်လည်း မျက်နှာအမူအရာမပါပဲ ချူးချင်လီက
“မဟုတ်ရင် ဘာလဲ။”
လုချန်းက ပြုံးလိုက်ပြီး
“မင်းက သူ့နေရာကို ယူမယ်ဆိုရင်ပေါ့။”
ထိုစကားကို ကြားလိုက်ရသည်နှင့် ချူးချင်လီ၏ နှလုံးသား တုန်လှုပ်သွားခဲ့သည်။
ဤကာမဂုဏ်လိုက်စားသော လူသည် တကယ်ပင် ထိုအတွေးကို တွေးနေခဲ့ပြီး သူမ၏ခန္ဓာကိုယ်ကို လိုချင်နေခဲ့သည်။
သို့သော် သူမ၏အစ်မအတွက်၊ သူမ၏လွတ်လပ်မှုနှင့် ပျော်ရွှင်မှုကို ရယူရန် အတွက် သူမစွန့်စားရန် ဆန္ဒရှိသည်။
ထိုအတွေးဖြင့် ချူးချင်လီ ချက်ချင်းပြောလိုက်သည်။
“ရှင်ရဲ့ တောင်းဆိုချက်ကို ကျွန်မသဘောတူတယ်။ ရှင်က အစ်မအပေါ် စိတ်ပြုစားထားတာကို ဖယ်ရှားလိုက်တာနဲ့ ကျွန်မက သူ့နေရာမှာ ရှင့်ရဲ့အမျိုးသမီးအဖြစ် ရှင့်ကိုပြုစုမယ်။”
ချူးချင်လီ၏ တရားမျှတသော အမူအရာကို မြင်လိုက်ရတော့ လုချန်းက ရယ်မောလိုက်သည်။
သူမက တကယ်ပဲ သူမ၏အစ်မအတွက် ဒါကိုလုပ်မှာလား။
ဘာအကြောင်းကြောင့်မှန်း မသိရသော်လည်း လုချန်း ဤအရာကို သံသယဝင်လာခဲ့သည်။
ချူးချင်လီ၏ ချုးယုချင်အပေါ် ရှိသော ပုံမှန်မဟုတ်သည့် ခံစားချက်များကို သူသိရှိထားသည်။ သူသည် ချူးချင်လီကို ပထမဆုံးမြင်သည့်အချိန်တွင် စနစ်၏မိတ်ဆက်မှုကြောင့် ချူးချင်လီ၏ စိတ်ခံစားမှုဆိုင်ရာ အချက်အလက်ကို မြင်ခဲ့ရသည်။
သို့သော် ယခုအခါ ချူးချင်လီ၏ သူ့အပေါ် သဘောကျမှုသည် တစ်ရာရာခိုင်နှုန်းနီးပါး ရှိနေပြီဖြစ်သည်။ ဒါတောင် သူမက ချူးယုချင်အပေါ် ထိုပုံမှန်မဟုတ်သော ခံစားချက် တွေ ရှိနေဆဲပဲလား။
သူမ၏အစ်မအတွက် သူ့ကိုယ်သူ စတေးရန် အထိပင် ဖြစ်သည်။
ဤအရာက လုချန်းကို သံသယဝင်စေခဲ့သည်။
ထိုအချိန်တွင် လုချန်းထံ၌ စမ်းသပ်ရန် ရည်ရွယ်ထားသော ယူဆချက်တစ်ခုကို ရှိနေသည်။
ထို့နောက် သူကပြုံးပြီး ပြောလိုက်၏။
“ကောင်းပြီ။ မင်းက သဘောတူပြီဆိုတော့ ကိုယ်က ဒေါ်လေးချူးအပေါ် စိတ်ပြုစားမှုကို ဖယ်ရှားပေးဖို့ ကတိပေးနိုင်တယ်။ ဒါပေမဲ့ စိတ်ပြုစားမှုကို ဖယ်ရှားဖို့က ဒီလောက်မလွယ်ဘူး။”
“စိတ်ပြုစားတဲ့ အတ်ပညာကို ကိုယ်သိပ်မကျွမ်းကျင်သေးဘူး။ ဒါကို ဖယ်ရှားဖို့ အချိန်အနည်းငယ် လိုအပ်တယ်။”
ချူးချင်လီက အေးစက်စွာ ပြောလိုက်သည်။ “ရှင်က ကျွန်မအစ်မအ ပေါ် စိတ်ပြုစားထားတာကို ဖယ်ရှားပြီးတဲ့အခါမှ ကျွန်မရှင့်ရဲ့အမျိုးသမီးလုပ်မှာပါ။”
လုချန်းက အေးစက်စွာ ပြန်ပြောလိုက်၏။
“ဒါက မဖြစ်နိုင်ဘူးလို့ ထင်တယ်။”
ချူးချင်လီက အေးစက်စွာ မေးလိုက်၏။
“ဘာကြောင့်မဖြစ်နိုင်တာလဲ။”
လုချန်းက ရယ်မောလိုက်ကာ
“မင်းက ကိုယ့်ကို တစ်ကြိမ်လောက် လုပ်ပေးရုံနဲ့ ကိုယ်က မင်းအစ်မကို စိတ်ပြုစားထာတာကနေ လွှတ်ပေးမယ်လို့ တကယ်ထင်နေတာလား။”
“ချင်လီ။ မင်းက ကိုယ်ကို အရမ်းမြင့်မြတ်တယ်လို့ မြင်နေတယ်။ မင်းသိသင့်တာက ကိုယ်ဟာ ယုတ်ညံ့ပြီး ရှက်စရာမရှိတဲ့ လူတစ်ယောက်ဆိုတာပဲ။”
“ကိုယ်က စိတ်ပြုစားမှုလိုမျိုး ညစ်ပတ်တဲ့နည်းလမ်းတွေကို အသုံးပြုတတ်တယ်။ တစ်ကြိမ်လောက်နဲ့ မင်းအစ်မကို လွှတ်ပေးမယ်လို့ ဘာလို့ ထင်နေတာလဲ။”
လုချန်း၏ စကားကို ကြားလိုက်ရသောအခါ ချူးချင်လီ သူမ၏ လက်သီးကို တင်းတင်းကျပ်ကျပ် ဆုပ်လိုက်မိသည်။
ချူးချင်လီက ဆက်မေးလိုက်သည်။
“ရှင်က ဘာလိုချင်တာလဲ။”
လုချန်းက လက်ညိုး တစ်ချောင်းထောင်ပြလိုက်သည်။
ချူးချင်လီက မေးလိုက်သည်။
“ဘာကို ဆိုလိုတာလဲ။”
လုချန်းက
“အကြိမ်တစ်ရာ။”
ချူးချင်လီ ခဏတာမျှ တုန်လှုပ်သွား၏။ ထို့နောက်
“ကျွန်မ ရှင့်ကို အကြိမ်တစ်ရာလောက် လုပ်ပေးရင် ရှင်က ကျွန်မအစ်မကို စိတ်ပြုစားထားတာကို ဖယ်ရှားပေးမှာလား။”
လုချန်းက
“ဟုတ်တယ်။”
ချူးချင်လီက ထပ်မေးလိုက်သည်။
“အဲဒီအချိန်ကျရင် ရှင်က စကားမတည်ခဲ့ရင်ရော။”
လုချန်းက ချူးချင်လီ၏ မျက်လုံးများကို ကြည့်ပြီး ရယ်မောကာ မေးလိုက်သည်။
“မင်းမှာ ရွေးချယ်စရာရှိတယ်လို့ ထင်လား။”
“ ရွေးချယ်ခွင့်က ကိုယ့်ဆီမှာပဲ ရှိနေတယ်လို့ ထင်တယ်။ မင်းမလုပ်ချင်ရင် အခုပဲ ထွက်သွားလို့ရတယ်။”
“ကျွန်မ…”
ချူးချင်လီ စကားဆက်မပြောနိုင်တော့ပေ။
သူမ လုချန်းကို မနိုင်နိုင်ပါ။ သူမ၏အစ်မသည်လည်း စိတ်လှည့်စားခံထားရဆဲဖြစ်သည်။ သူမ လုချန်းကို နိုင်ပါကလည်း သူတစ်ခုခုဖြစ်သွားပါက သူမ၏အစ်မ နှလုံးကွဲပြီး သေဆုံးသွားနိုင်သည်။
ချူးချင်လီ၏ ရေခဲကဲ့သို့ အေးစက်သောမျက်နှာပေါ်တွင် မသက်မသာဖြစ်သွားသော လက္ခဏာတစ်ခုကို မြင်လိုက်ရသောအခါ လုချန်းက ဆက်ပြောလိုက်သည်။
“မင်းမှာ အခွင့်အရေးတစ်ခုပဲ ရှိတယ်။ မင်း ဒီနေ့ သဘောမတူဘူးဆိုရင် မင်းအစ်မက မြောက်ပိုင်းနယ်စားမင်းသား၏ စံအိမ်မှာ တစ်သက်လုံးနေသွားရမှာပဲ။”
သူပြောနေစဉ် လုချန်းက ထွက်သွားတော့မည့်ကဲ့သို့ လှည့်လိုက်သည်။ စိတ်ရှုပ်ထွေးနေသော ချူးချင်လီက အလျင်အမြန် ပြောလိုက်သည်။
“ကောင်းပါပြီ။ ကျွန်မ သဘောတူတယ်။”
သူမ၏အစ်မသည် လွတ်လပ်မှုကို ပြန်လည်ရရှိပါက သူမလုပ်သမျှအရာအားလုံး တန်ဖိုးရှိမည်ဟု ချူးချင်လီ စိတ်ထဲတွင် တွေးမိသည်။ ဒါက ခွေးကိုက်ခံရသည်ဟုသာ သူမ သဘောထားလိုက်မည်ဖြစ်သည်။
ချူးချင်လီ၏ သဘောတူညီချက်ကို မြင်လိုက်ရသောအခါ လုချန်း၏ မျက်နှာပေါ်တွင် အပြုံးရိပ်တစ်ခု ပျံ့နှံ့သွားခဲ့သည်။ ဤခေတ်ရှိ အမျိုးသမီးများ၏ လှည့်ကွက်တွေက ဒီလောက်ခက်ခဲနက်နဲ နေပြီလား။
ချူးချင်လီသည် သူမ၏အစ်မအတွက်ဟူသော အကြောင်းပြချက်တစ်ခု ဖန်တီးပြီး သူ့ကို ထိုကဲ့သို့သော အရာမျိုး လုပ်ခွင့်ပေးလာမည် မဟုတ်ပေ။
သို့သော် ထိုသို့ ဟုတ်မဟုတ်ကို သူမကြာမီပင် သိရှိသွားမည်ဖြစ်သည်။ သူမ၏ စိတ်နှလုံးထဲသို့ သူဝင်ရောက်သွားသောအခါ သူမ မည်သည့်အရာကို တွေးနေသည်ကို သူသိရှိသွားမည်ဖြစ်သည်။
ထို့နောက် လုချန်းက ပြောလိုက်သည်။
“မင်းက သဘောတူပြီဆိုတော့ စလိုက်ကြရအောင်။”
လုချန်း၏ စကားကို ကြားလိုက်ရသောအခါ ချူးချင်လီက ရှုပ်ထွေးနေသည့်အမူအရာဖြင့် ပြောလိုက်သည်။
“ဘာကို စမှာလဲ။”
လုချန်းက ပြုံးရယ်ပြီး ပြောလိုက်သည်။
“ကိုယ့်ကို ပြုစုဖို့ပေါ့။”
ချူးချင်လီ တန့်သွားခဲ့သည်။
သူမသည် ဒါကို အများကြီးမြင်ဖူး ကြားဖူးသော်လည်း တစ်ခါမျှ မကြုံတွေ့ဖူးပေ။ သူမထံ၌ အတွေ့အကြုံ လုံးဝမရှိပေ။ သူ့ကို ဘယ်လိုပြုစုရမှာလဲ။
ချူးချင်လီ ထိုနေရာတွင် ငိုင်လျက် ရပ်နေသည်ကို မြင်လိုက်ရသောအခါ လုချန်းက ဆက်ပြောလိုက်သည်။
“စိတ်မပူပါနဲ့။ မင်းက ဒီလိုမျိုး တစ်ယောက်ယောက်ကို ပြုစုဖူးမှာ မဟုတ်ဘူး။ ကိုယ်ကိုယ်တိုင် မင်းကို သင်ပေးမယ်။”
သူပြောနေစဉ် လုချန်းက ချူးချင်လီ၏ လက်ကို တိုက်ရိုက်ဆွဲယူလိုက်သည်။ ရုတ်တရက် ယောက်ျားတစ်ယောက်က ဆွဲကိုင်လိုက်သောအခါ ချူးချင်လီ အလွန်စိတ်လှုပ်ရှားသွားခဲ့သည်။ သူမလွတ်အောင် ရုန်းရန် ကြိုးစားခဲ့သော်လည်း လုချန်းသည် အင်အားကြီးမားပြီး သူမကို သူ၏ ရင်ခွင်ထဲသို့ ဆွဲထည့်လိုက်သည်။
သူမ စကားမပြောနိုင်မီ သူက သူမ၏ ပထမဆုံး အနမ်းကို ရယူလိုက်သည်။
“အမ်…”
ချူးချင်လီ၏ စိတ်များ ရှုပ်ထွေးသွားခဲ့ပြီး မြောက်ပိုင်းနယ်စားမင်းသားစံအိမ်တွင် သူမ ကြားခဲ့ရသော အသံများကို ပိုတွေးမိလေလေ သူမ ပိုမိုကြောက်ရွံ့လာလေလေ ဖြစ်သည်။
သူမ လွတ်အောင် ကြိုးစားခဲ့သော်လည်း သူမ၏ အတွင်းအားများ ပျောက်ကွယ်သွားသည်ကို တွေ့ရှိလိုက်ရသည်။
သူမကို ဒီလူဆိုး၏ စိတ်ပြုစားခံလိုက်ရပြီဟု ချူးချင်လီ တွေးမိလိုက်သည်။ ဖြစ်ခဲ့တာတွေလည်း ဖြစ်ပြီးပြီ။ အရာအားလုံးကလည်း သူမ၏အစ်မအတွက်ဖြစ်သည်။ မကြာမီ ချူးချင်လီ လုချန်း၏ အနမ်းကို ခွင့်ပြုလိုက်၏။ သူမ၏ စိတ်များလည်း အနမ်းများကြောင့် မှုန်ဝါးသွားခဲ့သည်။
အချိန်မည်မျှကုန်လွန်သွားသည်ကို သူမ မသိခဲ့ပေ။ လုချန်းသည် နောက်ဆုံးတွင် သူမအားနမ်းခြင်းကို ရပ်တန့်လိုက်သည်။ အရာအားလုံး ပြီးဆုံးသွားပြီဟု သူမထင်လိုက်သောအခါ သူမ၏ အင်္ကျီစုတ်ပြဲသံကို ကြားလိုက်ရသည်။ ထို့နောက် သူမ၏ တင်ပါးတွင် ချမ်းစိမ့်မှုတစ်ခု ခံစားရပြီး နောက်အခိုက်အတန့်တွင် သူမ လုချန်း၏ အမျိုးသမီးဖြစ်သွားခဲ့သည်။
.......