← Chapters

အခန်း ၂၅၀-၂၅၂

Vol. 17 Ch. 250-252

အခန်း ၂၅၀-၂၅၂

Vol. 17 Ch. 250-252

အခန်း (၂၅၀)

ဝင်လာပါ။ စကားကောင်းကောင်း ပြောကြရအောင် (၁ )

[ ဇနီးတစ်ယောက်ရရှိခြင်းအတွက် ဂုဏ်ယူပါတယ်။ ဆုလာဘ် - ပိုအဆင့်အမြင့်သော စက္ကူပြုလုပ်နည်း၊ ပုံနှိပ်နည်း၊ ရိုးရှင်းသောဘောပင် ပြုလုပ်နည်း။]

[သခင်သည် ဇနီးနှင့် ခံစားချက်များကို တစ်ကြိမ်လေ့ကျင့်ပြီးနောက် အတွင်းအားမန္တာန်ကျင့်စဉ် အတွေ့အကြုံတန်ဖိုး ၃၀၀၊ ပြန်လည်သန်စွမ်းစေသောစွမ်းအား အတွေ့အကြုံတန်ဖိုး ၃၀၀ ၊ နဂါးဖီးနစ်ယင်ယန်ကျင့်စဉ် အတွေ့အကြုံတန်ဖိုး ၄၀၀ ရရှိသည်။ စိတ်ခံစားမှု မှတ်တိုင်တစ်ခုကိုလည်းရောက်ရှိခဲ့သပြီး ကျင့်စဉ်အားလုံး၏ အတွေ့အကြုံတန်ဖိုးများ နှစ်ဆတိုးလာ၏။]

[သခင်နှင့် ဇနီးတို့၏ စိတ်နှလုံးသားချင်း သဘောတူညီမှုရရှိခြင်း အထူးဆုလာဘ်အဖြစ် စုပ်ယူခြင်းကျင့်စဉ် နှင့် ဘာရတ်ကျည်ဆန် ၁၀၀ အပိုလက်ဆောင်ရရှိသည်။]

လုချန်းသည် စနစ်၏ အသိပေးချက်အသံကို ဂရုမစိုက်ပဲ သူ၏စွမ်းအင်အားလုံးကို ချူးချင်လီထံ စိုက်ထုတ်လိုက်သည်။

ရေခဲတောင်ဟု လူသိများသော မိန်းမလှသည် ထူးခြားသော အရသာရှိပြီး လုချန်းသည် တစ်ညလုံး စာကြည့်ခန်းထဲတွင် ကုန်ဆုံးခဲ့သည်။

စာကြည့်ခန်းသည်လည်း သူတို့ကြောင့် လုံးဝဖရိုဖရဲဖြစ်သွားခဲ့သည်။

ညက လျင်မြန်စွာ ကုန်သွား၏။ သို့သော် စာကြည့်ခန်းထဲမှ အသံများက မပျောက်သေးပေ။

မနက်ခင်းတွင်။

အိပ်ရာထသောအခါ လုချန်း တစ်ညလုံး ပြန်မလာသည်ကို မုကျိရွှမ်း သတိထားမိသည်။ အစက သူ ရဲလိနန်ရန်၏ နေရာတွင် ညအိပ်ခဲ့သည်ဟု သူမ ထင်ခဲ့သည်။ လုချန်းတွင် အမျိုးသမီးများစွာရှိသောကြောင့် သူသည် ညတိုင်း သူမ၏အနားတွင် အိပ်စက်ရန် မဖြစ်နိုင်ပေ။

သို့သော် မနက်စာစားပြီးနောက် ရဲလိနန်ရန်နှင့် မင်းသားစံအိမ်ရှိ အမျိုးသမီးများအားလုံး လက်ဖက်ရည်သောက်ရန် ပင်မဆောင်သို့ လာရောက်ကြသည်။

ထိုအချိန်တွင် မုကျိရွှမ်းက မေးလိုက်သည်။ “အစ်မနန်ရန်။ မင်းသား မနေ့ညက နွေဦးအသံ အဆောင်ကို လာခဲ့လား။ ကျွန်မက စွပ်ပြုတ်ပြင်ဆင်ပြီး အဲဒီကို ပို့ဖို့ စီစဉ်ထားလို့။”

ရဲလိနန်ရန်က

“မဟုတ်ပါဘူး။ သူမလာခဲ့ဘူး။”

ရဲလိနန်ရန်၏ အဖြေကို ကြားလိုက်ရသောအခါ မုကျိရွှမ်းက ကျောင်းညီအစ်မတို့ဘက် မျက်နှာလှည့်လိုက်သည်။ ကျောင်းရှောင်ရှောင်က ချက်ချင်း ပြောလိုက်သည်။

“မင်းသား မနေ့ညက ကျွန်မတို့နေရာကိုလည်း မလာပါဘူး။”

ထိုအခါ မုကျိရွှမ်းက သူမဘာသာ ပြောလိုက်သည်။

“သူက ပိုင်သို့မဟုတ် ချင်းစီတို့ဆီသို့ သွားခဲ့တာများလား။”

ရဲလိနန်ရန်က

“မနေ့ညက အနားက အဆောင်မှာ အသံမထွက်ပါဘူး။ သူချင်းစီ၏နေရာသို့ မသွားခဲ့ဘူးလို့ ထင်တယ်။”

လုချန်းသည် ဝမ်ချင်းစီ၏ အဆောင်သို့ သွားခဲ့ပါက နွေဦးအသံ အဆောင်က အသံများ ကြားရမည်ဖြစ်သည်။ သူသည် သူ၏ အစေခံ အမျိုးသမီးများကို အလွန်ကြမ်းတမ်းစွာ ဆက်ဆံသောကြောင့် အသံမထွက်တာ မဖြစ်နိုင်ပေ။

စွပ်ပြုတ်ကို မည်သည့်နေရာသို့ ပို့ရမည်ကို မုကျိရွှမ်း တွေးနေစဉ် ပိုင်ချင်းချင်းနှင့် ချူးယုချင်တို့ ပင်မဆောင်နားကို ဖြတ်သန်းသွားကြသည်။

ထိုနှစ်ဦးကို မြင်လိုက်ရသောအခါ မုကျိရွှမ်းသည် ချက်ချင်း လှမ်း‌မေးလိုက်သည်။

“ပိုင်နဲ့ ဒေါ်လေးချူးတို့ မနေ့ညက မင်းသားကို တွေ့ခဲ့သလား။ သူပြန်မလာဘူးလို့ ထင်တယ်။”

ထိုစကားကို ကြားလိုက်ရသောအခါ နှစ်ဦးစလုံးက ခြေလှမ်းများ ရပ်လိုက်ကြသည်။ ပိုင်ချင်းချင်းက မျက်နှာအမူအယာ မပါပဲပြောလိုက်သည်။

“ကျွန်မ သူ့ကို မမြင်ခဲ့ပါဘူး မိဖုရား။”

မုကျိရွှမ်း၏ မေးခွန်းကို ကြားလိုက်ရသောအခါ ချူးယုချင်လည်း မနေ့ညက ဖြစ်ပျက်ခဲ့သည်များကို ချက်ချင်းပင် သတိရလိုက်သည်။ သူမ၏မျက်နှာ နီမြန်းသွားပြီး ပြန်ပြောလိုက်သည်။

“မနေ့ညက သူစာကြည့်ခန်းကို သွားခဲ့တာ။ သူ မနက်လင်းတဲ့အထိ တစ်ခုခုနှင့် အလုပ်ရှုပ်နေပုံ ရပါတယ်။”

မုကျိရွှမ်းက

“ဒါဆို သူ စာကြည့်ခန်းထဲမှာပဲ။”

“ရှောင်ရို့။ တစ်ယောက်ယောက်ကို စာကြည့်ခန်းဆီ စွပ်ပြုတ် ပို့ခိုင်းလိုက်ပါ။”

မုကျိရွှမ်း၏ ဘေးမှ အစေခံက ချက်ချင်းပင် ပြောလိုက်သည်။

“ဟုတ်ကဲ့ မိဖုရား။”

ထိုအချိန်တွင် ချူးယုချင်နှင့် ပိုင်ချင်းချင်းတို့လည်း တစ်ယောက်ပြီး တစ်ယောက် ထွက်ခွာသွားကြသည်။ ချူးယုချင်သည် လုချန်း ရှိမရှိ ကြည့်ရှုရန် စာကြည့်ခန်းသို့ တန်းသွားခဲ့သည်။

ချူးယုချင် စာကြည့်ခန်း အဆောင်၏ ဝင်ပေါက်သို့ ရောက်ရှိလာသောအခါ ပန်းရောင်အဝတ်အစားဝတ်ဆင်ထားသော အစေခံမိန်းကလေးတစ်ဦး တံခါးဝတွင် ချမ်းတုန်နေသည်ကို တွေ့လိုက်ရသည်။

ချူးယုချင်က ခဏရပ်လိုက်ပြီး မေးလိုက်သည်။

“မင်း ဒီမှာ ဘာလို့ရပ်နေတာလဲ။”

ပုံမှန်အားဖြင့် အစေခံများသည် နေ့ခင်းဘက်တွင် စာကြည့်ခန်းဝင်ပေါက်တွင် ရပ်ကြသော်လည်း ညဘက်တွင် လုချန်း စာကြည့်ခန်းထဲတွင် ရှိနေပါက အစေခံများသည်လည်း စာကြည့်ခန်းထဲသို့ ဝင်ရောက်ကြသည်။ အဘယ်ကြောင့်ဆိုသော် အပြင်ဘက်တွင် အလွန်အေးလွန်းပြီး အစေခံများ ကြာရှည်စွာ မရပ်နိုင်ကြပေ။ ထို့ပြင် သူတို့သည် မီးအိမ်ကို စောင့်ကြည့်ရန်လည်း လိုအပ်သည်။ မီးအိမ်မှိန်သွားပါက လုချန်း၏ အလုပ်ကို ထိခိုက်စေနိုင်သည်။

အစေခံက အလျင်အမြန် ပြန်ဖြေလိုက်သည်။

“မနေ့ညက အလှည့်ပြောင်းတုန်းက ရှောင်ဝမ်က မင်းသားနဲ့ စာကြည့်ခန်းထဲက တစ်ယောက်က အရေးကြီးကိစ္စတွေ ဆွေးနွေးနေလို့ စာကြည့်ခန်းနားကို မကပ်ရဘူးလို့ ကျွန်မကို ပြောခဲ့တယ်။ ဒါကြောင့် ကျွန်မ တစ်ညလုံး ဒီမှာပဲ ရပ်နေခဲ့တာ။”

အစေခံ၏ စကားကို ကြားလိုက်ရသောအခါချူးယုချင် စိတ်ရှုပ်ထွေးသွားခဲ့သည်။ အရေးကြီးကိစ္စတွေ ဆွေးနွေးနေတယ်တဲ့လား။

ဘယ်ကိစ္စက တစ်ညလုံး ဆွေးနွေးဖို့ လိုအပ်မှာလဲ။ ချူးယုချင်လည်း ထပ်မံမေးမြန်းခြင်း မပြုတော့ဘဲ တိုက်ရိုက် အဆောင်ထဲသို့ ဝင်သွားပြီး စာကြည့်ခန်းဆီသို့ ဦးတည်လိုက်သည်။

သာမန်လူများအတွက် စာကြည့်ခန်းထဲသို့ ဝင်ရောက်ခွင့်မရှိသော်လည်း သူမသည် သာမန်လူမဟုတ်ပေ။ မြောက်ပိုင်းနယ်စားမင်းသား၏ စံအိမ်တစ်ခုလုံးတွင် လုချန်းနှင့် သူမသာ မည်သည့်နေရာကိုမဆို သွားနိုင်သည်။ ဤသည်မှာ လုချန်းက သူမအား ပေးအပ်ထားသော အခွင့်အရေးဖြစ်သည်။

မကြာမီ ချူးယုချင် စာကြည့်ခန်းဝင်ပေါက်သို့ ရောက်ရှိလာပြီး လှမ်းအော်လိုက်သည်။

“ချန်းလေး။ မင်း စာကြည့်ခန်းထဲမှာ ရှိသေးလား။”

အပြင်ဘက်မှ အသံကို ကြားလိုက်ရသောအခါ ငိုက်မြည်းနေသော ချူးချင်လီလည်း ချက်ချင်းပင် နိုးလာခဲ့သည်။ သူမပုန်းရန် အလျင်အမြန် ထလိုက်သော်လည်း လုချန်းက သူမကို ပြန်ဆွဲထားလိုက်သည်။

လုချန်း ချက်ချင်း မတုံ့ပြန်သည်ကို တွေ့ရသောအခါ ချူးယုချင် အံ့အားသင့်သွားခဲ့သည်။

ဘာဖြစ်နေတာလဲ။

ထို့နောက် အခန်းထဲမှ မပီမသ အသံများကိုချူးယုချင် ကြားလိုက်ရသည်။

ထိုအချိန်တွင် ချူးချင်လီ၏ မျက်နှာသည် ရှက်ရွံ့မှုဖြင့် နီရဲနေပြီး သူမ၏ စိတ်ထဲတွင် ကြောက်ရွံ့မှုများနှင့် ပြည့်နှက်နေသည်။ သူမ၏အစ်မ ဝင်လာပြီး အရာအားလုံးကို မြင်သွားမှာကို သူမ အလွန်ကြောက်နေသည်။ သူမ၏အစ်မက သူမလုချန်းနှင့် ငြိစွန်းနေသည်ကို သိသွားပါက နောက်ပိုင်းတွင် သူမ၏အစ်မကို မည်သို့ရင်ဆိုင်ရမည်နည်း။

သူမ၏ ခါးကို နောက်တစ်ကြိမ် လှည့်လိုက်ပြီး လုချန်း၏ လက်မှ လွတ်အောင် ချူးချင်လီ ကြိုးစားခဲ့သည်။ သို့သော် သူမ ပိုမိုရုန်းကန်လေလေ လုချန်းက သူမ၏ သွယ်လျသော ခါးကို ပိုမိုတင်းကျပ်စွာ ဖက်ထားလေလေ ဖြစ်သည်။ တစ်ညလုံး နေပြီးနောက် ချူးချင်လီ အင်အားကုန်ခမ်းနေပြီဖြစ်သည်။ သူမသည် ယခုအချိန်တွင် လုချန်း၏ လက်မှ လွတ်မြောက်ရန် လုံးဝမဖြစ်နိုင်တော့ပေ။

ချူးယုချင် အပြင်ဘက်တွင် ရှိနေသည်ဟု ထင်ရသောကြောင့် လုချန်းလည်း ရုတ်တရက် စိတ်လှုပ်ရှားသွားခဲ့သည်။

စာကြည့်ခန်းအတွင်းမှ တုံ့ပြန်မှုမရှိသည်ကို မြင်လိုက်ရသောအခါ ချူးယုချင်က ထပ်ပြောလိုက်သည်။

“ချန်းလေး။ ဒေါ်လေး ဝင်လာလို့ရမလား။”

ချူးယုချင်၏ စကားကို ကြားလိုက်ရသောအခါ ချူးချင်လီ၏ မျက်နှာသည် အကြောက်တရား‌ကြောင့် ဖြူဖပ်ဖြူလျော် ဖြစ်သွားခဲ့သည်။

သွားပြီ။ သူမ၏အစ်မ ဝင်လာတော့မည်။

ချူးချင်လီ အလွန်စိတ်လှုပ်ရှားသွားပြီး သူမ၏ စိတ်နှလုံးထဲရှိ ကြောက်ရွံ့မှုသည် အမြင့်ဆုံးသို့ ရောက်ရှိသွားကာ သူမ၏ ခန္ဓာကိုယ်ရှိ ကြွက်သားတိုင်းသည် တင်းကျပ်သွားခဲ့သည်။

လုချန်းလည်း ဒီလိုဆက်‌ နေလို့ မရနိုင်တာကို သဘောပေါက်သွားပြီး လေကို ပြင်းပြင်းရှူလိုက်ကာ ချောင်းဟန့်လိုက်ပြီး

“ဒေါ်လေးချူး။ ကျွန်တော် ဒီမှာ တစ်ယောက်နဲ့ အရေးကြီးကိစ္စတွေ တိုင်ပင်နေတယ်။ နောက်မှ ပြန်လာပါ။”

.......

အခန်း (၂၅၁)

ဝင်လာပါ။ စကားကောင်းကောင်း ပြောကြရအောင် (၂ )

လုချန်း၏ အသံကို ကြားလိုက်ရသောအခါ ချူးယုချင်၏ တံခါးကို တွန်းမည့်လက်က တန့်သွားခဲ့သည်။ သူမ အနည်းငယ် စူးစမ်းလိုစိတ်ဖြစ်ပေါ်လာ၏။ မည်သည့်ကိစ္စမျိုးက တစ်ညလုံး ဆွေးနွေးရန် လိုအပ်မည်ကို သူမ သိချင်သွားသည်။

ဖြစ်နိုင်လို့လား…

ထာဝရတန်ခိုးရှင်လား။

လုချန်း၏ ထာဝရတန်ခိုးရှင်ဆရာ ရောက်နေတာလား။

ထိုအတွေးက ချူးယုချင်ကို ပို၍ စိတ်လှုပ်ရှားစေခဲ့သည်။

ဒါပဲဖြစ်ရမယ်။

မဟုတ်ပါက လုချန်းသည် စာကြည့်ခန်းထဲတွင် တစ်ညလုံး နေပြီး ပြန်မလာစရာ အကြောင်းမရှိပါ။

ထို့နောက်ချူးယုချင်က

“ချန်းလေး။ ဒါဆို ဒေါ်လေး မနှောင့်ယှက်တော့ဘူး။ မင်းတို့ အေးအေးဆေးဆေး စကားပြောကြပါ။”

ထို့နောက် ချူးယုချင် လှည့်ထွက်သွားခဲ့သည်။

ချူးယုချင်၏ စကားကို ကြားလိုက်ရသောအခါ ချူးချင်လီနှင့် လုချန်းတို့လည်း နောက်ဆုံးတွင် စိတ်သက်သာရာရသွားခဲ့ကြသည်။

ချူးယုချင်က စောနက သူတို့ကို ထိတ်လန့်စေခဲ့၍လားမသိပါ။ လုချန်းထံ၌ မကောင်းသော စိတ်များ ပြည့်နှက်သွားပြီး ချက်ချင်းပင် သူ၏ မကောင်းသော ခံစားချက်အားလုံးကို ချူးချင်လီဆီသို့ လွှဲပြောင်းလိုက်သည်။

ချူးယုချင် အဆောင်မှ ထွက်ခွာလိုက်သည်နှင့် တစ်ပြိုင်နက် စာကြည့်ခန်းထဲမှ အမျိုးသမီးတစ်ဦး၏ အသံကို ကြားလိုက်ရသည်။ လုချန်း၏ ဆရာ မည်သို့ပုံစံရှိမည်ကို သူမ တွေးနေစဉ် အခန်းထဲမှ ထွက်ပေါ်လာသော အသံက သူမ၏ အတွေးများကို ရုတ်တရက် ဖြတ်တောက်လိုက်သည်။

ချူးယုချင်၏ အတွေးများရပ်တန့်သွားခဲ့ပြီး‌ နောက် သူမ၏ မျက်နှာပေါ်တွင် ခါးသက်မှုတစ်ခု ဖြတ်သန်းသွားခဲ့သည်။ ထို့နောက် သူမက ရယ်‌မောလိုက်ကာ

“သူ့ရဲ့ ထာဝရတန်ခိုးရှင်ဆရာ လာခဲ့တယ်ထင်တာ။ လက်စသပ်တော့ သူက ဒီမှာ မဟုတ်တာ လုပ်နေတာပဲ။ တစ်ညလုံး ပြန်မလာတာ အံ့သြစရာမရှိဘူး။”

ထိုသို့ ရေရွတ်ပြီးပြောပြီးနောက် ချူးယုချင်၏ ပါးပြင်များ အနည်းငယ် နီမြန်းလာခဲ့သည်။

သူမ ရုတ်တရက် သတိထားမိလိုက်သည်။ စာကြည့်ခန်းသည် အတော်လေး သင့်လျော်သော နေရာတစ်ခုဖြစ်နေသည်။

စာကြည့်ခန်းသည် အတွင်းဆောင်၏ အစိတ်အပိုင်းမဟုတ်ပေ။ ချူးချင်လီသည် အတွင်းဆောင်ကို ကင်းလှည့်တတ်သော်လည်း သူမသည် စာကြည့်ခန်းကို လှမ်းကြည့်ပြီးသာ ထွက်ခွာသွားလေ့ရှိသည်။

အပြင်ဆောင်နှင့် စာကြည့်ခန်း၏ စောင့်ကြပ်ရေးတာဝန်များကို ယခုအခါတွင် အဓိကအားဖြင့် ပိုင်ချင်းချင်းက တာဝန်ယူထားသောကြောင့် စာကြည့်ခန်းကို ချူးချင်လီ အလွန်အမင်း အာရုံမစိုက်ပေ။

ထို့ပြင် လုချန်း စာကြည့်ခန်းထဲတွင် တစ်ညလုံး နေပြီး ပြန်မလာခြင်းမှာ မဖြစ်နိုင်သည်မဟုတ်ပေ။

လုချန်း မနေ့ညကလည်း စာကြည့်ခန်းထဲတွင် နေခဲ့သည်မဟုတ်လော။

ထိုအတွေးဖြင့် ချူးယုချင်၏ စိတ်နှလုံးရုတ်တရက် ပြင်းထန်စွာ လှုပ်ရှားသွားခဲ့သည်။

သူမ ဒါတွေကို ဘာလို့တွေးနေမိတာလဲ။ သူမ တကယ်ပင် ရှက်စရာကောင်းသည်။

ချက်ချင်းပင် ချူးယုချင်သည် သူမ၏ ခေါင်းကို လှုပ်ယမ်းလိုက် ထိုအတွေးများကို‌ မောင်းထုတ်ရန် အလျင်အမြန် ကြိုးစားလိုက်သည်။

သူမ၏ညီမ မတွေ့စေရန် အကောင်းဆုံးနည်းလမ်းမှာ သူမကို ထွက်ခွာစေခြင်းဖြစ်သည်။ စာကြည့်ခန်းထဲတွင် ထိုကဲ့သို့သော အရာမျိုးကို လျှို့ဝှက်လုပ်ဆောင်နေခြင်းမှာ မှားယွင်းသည်။ ခိုးကြောင်ခိုးဝှက် လုပ်နေရသကဲ့သို့ ဖြစ်နေသည်။

သူမ၏ ခေါင်းမာသော ညီမငယ် အကြောင်းကို တွေးမိသောအခါ ချူးယုချင် သက်ပြင်းချမိလိုက်သည်။

ထိုအချိန်တွင် စာကြည့်ခန်းထဲမှ အသံများ ပိုမိုကျယ်လောင်လာသည်ကို ချူးယုချင်ကြားလိုက်ရပြီး သူမအား ပို၍ရှုပ်ထွေးသွား‌ စေသည်။

ဒီအသံက ချင်လီ့ရဲ့အသံနဲ့ ဘာလို့နည်းနည်းဆင်နေရတာလဲ။

ချူးယုချင်သည် သူမ၏နဖူးကို ပွတ်သပ်လိုက်ပြီး အကြားအာရုံချွတ်ယွင်းမှုတစ်ခုဖြစ်မည်ဟု သဘောပိုက်လိုက်သည်။

ပြီးခဲ့သည့်ရက်များအတွင်းက သူမ၏ညီမ ထွက်သွားစေရန် နည်းလမ်းများကို ချူးယုချင် စဉ်းစားနေခဲ့ပြီး အိပ်မက်ထဲထိရောက်ရှိသွားသည့်အတွက် အကြားအာရုံချွတ်ယွင်းမှုတစ်ခု ဖြစ်နိုင်တာက ပုံမှန်ဖြစ်သည်။

ဒါဆို စာကြည့်ခန်းထဲမှာ ရှိနေတာက ဝမ်မျိုးနွယ် အရှက်မဲ့တဲ့ မိန်းမယုတ်သာ ဖြစ်နိုင်ခြေများသည်။

သူမသာ ဤမျှရှက်ဖွယ်ကောင်းစွာ ပြုမူနိုင်သည်။

စာကြည့်ခန်းသို့ ထောက်လှမ်းရေးအစီရင်ခံစာ လာတင်တိုင်း သူမသည် လုချန်းနှင့် မသင့်တော်သော အရာများ လုပ်လေ့ရှိသည်။

ထိုအတွေးက ချူးယုချင်၏ကို ချဉ်သွားစေသည်။

စာကြည့်ခန်းကို နောက်တစ်ကြိမ် ကြည့်ပြီး နှာခေါင်းရှုံ့ကာ

“မိန်းမယုတ်။ရှက်စရာကောင်းလိုက်တာ” ဟု ရေရွတ်လိုက်သည်။

စာကြည့်ခန်းသည် ချန်းလေးအတွက် နိုင်ငံတော်ကိစ္စများ ဆောင်ရွက်ရာနေရာဖြစ်သည်။ သို့သော် ထိုမိန်းမက အမြဲလာကာ ထိုသို့မသင့်လျော်သော အရာများ လုပ်နေသည့်အတွက် စာကြည့်ခန်း၏ သန့်ရှင်းမှုကို ပျက်စီးစေသည်။

သူမစိတ်မသက်မသာဖြစ်နေသော်လည်း ချူးယုချင်သည် စာကြည့်ခန်းသို့ သွားကာ အတွင်းရှိမိန်းမကို ဆွဲထုတ်ရန် မလုပ်ပဲ ဒေါသထွက်ကာ အဆောင်ဝင်းအတွင်းမှ ထွက်ခွာသွားသည်။

ချူးယုချင်သည် ထွက်ခွာသွားသော်လည်း လုချန်း၏ စာကြည့်ခန်းတွင်း အလုပ်က မပြီးဆုံးသေးပါ။ သူသည် မည်မျှကြာအောင် လုပ်နေမည်ကို မသိနိုင်ပါ။

ဆောင်းရာသီသည် ကုန်ဆုံးတော့မည်ဖြစ်ပြီးအိမ်ခေါင်မိုးများပေါ်ရှိ နှင်းများလည်း တဖြည်းဖြည်း အရည်ပျော်ကျလာပြီဖြစ်သည်။

ယနေ့ရာသီဥတု သာယာပြီး နေရောင်ခြည်ကလည်း ထွန်းလင်းနေသည်။

ထိုအချိန်တွင် ပန်းရောင်နှင့် အပြာရောင်ဝတ်စုံကို ဝတ်ဆင်ထားသော လှပသည့် အမျိုးသမီးတစ်ဦးသည် စာကြည့်ခန်းဆီသို့ ဦးတည်လာနေသည်။

လင်ဝမ်ရွန်နှင့် ချန်ဝမ်ရွန်တို့ မနေ့ညက တစ်ညလုံး ဆွေးနွေးခဲ့ကြသည်။

ယခုအခါတွင် ရှနိုင်ငံတော်နှင့် ဝူနိုင်ငံတော်ကြား တိုက်ပွဲများ ပြင်းထန်နေသဖြင့် သူတို့၏ စစ်အင်အား သိသိသာသာ လျော့ကျသွားပြီဖြစ်သည်။ ထို့ပြင် မြောက်ပိုင်းနယ်စားမင်းသား၏ အနက်ရောင်မြင်းတပ်လည်း ဖျက်ဆီးခံ လိုက်ရသည့်အတွက် လုချန်းနှင့် ပူးပေါင်းရန် အကောင်းဆုံးအခွင့်အရေးဖြစ်သည်ဟု ချန်ဝမ်ရွန်က ယုံကြည်သည်။ ထို့အခါ လုချန်းကို ချစ်ခြင်းပိုးကောင် အသုံးပြု၍ ထိန်းချုပ်ပြီး လျို့ဝှက်နဂါးမန္တာန်ကို ဖန်တီးနိုင်မည်ဖြစ်သည်။

တကယ်တော့ လျှို့ဝှက်နဂါးမန္တာန်သည် အကြံအစည်၏ တစ်စိတ်တစ်ပိုင်းသာဖြစ်သည်။ လုချန်းကို ထိန်းချုပ်ခြင်းဖြင့် အခြားသော အရေးပါသည့် အကျိုးကျေးဇူးတစ်ခုက ရှိနေသေးသည်။ ထိုအခါတွင် လျှို့ဝှက်လဝန်းနန်းတော်သည် မြောက်ပိုင်းမြို့တော်၏ တကယ့်အုပ်စိုးသူဖြစ်လာမည်။

မြောက်ပိုင်းမြို့တော်သည် ဆင်းရဲနွမ်းပါးနေဆဲဖြစ်သော်လည်း ကြီးမားသော အလားအလာများရှိသည်။ အထူးသဖြင့် မြောက်ပိုင်းနယ်စားမင်းသား၏ စံအိမ်မှ ငွေရှာသည့် နည်းဗျူဟာများသည် လျှို့ဝှက်လဝန်းနန်းတော်အတွက် ငွေကြေးအမြောက်အမြား လျင်မြန်စွာ စုဆောင်းပေးနိုင်မည်ဖြစ်သည်။

နိုင်ငံတော်ကို ပြန်လည်ထူထောင်ရန် ငွေကြေးလိုအပ်သည်။ ငွေကြေးရှိပါက အရာရာကို ချောမွေ့စွာ ဖြေရှင်းနိုင်ပြီး လူများ၏ သစ္စာစောင့်သိမှုကို ဝယ်ယူနိုင်သည်။ ထို့ပြင် လက်နက်များ ထုတ်လုပ်ရန် အတွက်လည်း ငွေကြေးလိုအပ်သည်။

ထို့ကြောင့် ချန်ဝမ်ရွန်က လုချန်းကို အသုံးချရန် ဆုံးဖြတ်လိုက်သည်။ လုချန်းကို လုံးဝထိန်းချုပ်ပြီး သူမ၏ လက်အောက်ခံအဖြစ် ထားလိုသည်။

လင်ဝမ်ရွန်၏ ယနေ့တာဝန်မှာ ကြားခံဆက်သွယ်‌ရေးတစ်ခုအဖြစ် ဆောင်ရွက်ရန် ဖြစ်သည်။ သူမသည် ယခုအခါတွင် လုချန်း၏ ဒေါ်လေးလင်ဖြစ်ပြီး မင်းသား၏ စံအိမ်တွင် ကိုယ်ရံတော်တပ်ဖွဲ့ဝင်တစ်ဦးအဖြစ် ရာထူးတစ်ခုလည်းရှိသဖြင့် လုချန်းထံ အလွယ်တကူ ချဉ်းကပ်နိုင်ပြီး အကောင်းဆုံးကြားခံဆက်သွယ်ရေး ဖြစ်သည်။

လင်ဝမ်ရွန် စာကြည့်ခန်းသို့ ရောက်တော့မည့် အချိန်တွင် သူမ၏ရှေ့တွင် အရိပ်တစ်ခု လျင်မြန်စွာ ဖြတ်သန်းသွားသည်ကို မြင်လိုက်ရသည်။

လင်ဝမ်ရွန်က သူမ၏မျက်လုံးများကို အာရုံစိုက်လိုက်သည်။

ထိုသူမှာ ချူးချင်လီဖြစ်သည်။

ချူးချင်လီ၏ အဝတ်အစားများသည် စုတ်ပြဲနေပြီး ပြင်းထန်သော တိုက်ပွဲတစ်ခုကို တွေ့ကြုံခဲ့ရသကဲ့သို့ဖြစ်နေသည်။ သူမသည် သူမ၏ သိုင်းပညာကို အသုံးပြု၍ သူမ၏အခန်းထဲသို့ လျင်မြန်စွာ ပြေးဝင်သွားသည်။

ထိုမြင်ကွင်းကို မြင်ပြီး လင်ဝမ်ရွန် အံ့အားသင့်သွားသည်။ ချူးချင်လီ အနားမှဖြတ်သွားပြီး မကြာမီ ထူးဆန်းသော အနံ့တစ်ခုကို လင်ဝမ်ရွန် ရမိလိုက်သည်။ လင်ဝမ်ရွန် ရှုပ်ထွေးသွားသည်။ ဒီအနံ့က ဘာလဲ။ ဘာလို့ ဒီလောက် ထူးဆန်းနေရတာလဲ။

လင်ဝမ်ရွန် ထိုအကြောင်းကို စဉ်းစားမနေတော့ပါ။ ယနေ့တွင် သူမ၌ ပိုမိုအရေးကြီးသော တာဝန်တစ်ခုရှိနေသည်။ လုချန်းနှင့် တိုက်ရိုက်ဆွေးနွေးရန် ဖြစ်သည်။

........

အခန်း (၂၅၂ )

ဝင်လာပါ။ စကားကောင်းကောင်း ပြောကြရအောင် (၃ )

ထို့နောက် လင်ဝမ်ရွန်သည် ခေါင်းလှည့်ပြီး စာကြည့်ခန်းဆီသို့ လမ်းလျှောက်သွားသည်။

ထိုအချိန်တွင်....လုချန်းသည် မနေ့ညက စနစ်မှ ပေးပို့သော အသိပေးချက်များကို စစ်ဆေးနေသည်။

ချူးချင်လီကို အောင်မြင်ပြီးနောက် စနစ်က ဤမျှကြီးမားသော ဆုများပေးမည်ဟု သူမျှော်လင့်မထားပါ။

စက္ကူပြုလုပ်သည့်နည်းပညာနှင့် ပုံနှိပ်နည်းပညာသည် မြောက်ပိုင်းမြို့တော်၏ အနာဂတ်ပညာရေးအတွက် အလွန်အရေးကြီးသည်။ ဤနည်းပညာနှစ်ခုဖြင့် သူ၏ ပညာရေးအစီအစဉ်များကို အပြည့်အဝ အကောင်အထည်ဖော်နိုင်မည်ဖြစ်သည်။

...

လက်ရှိခေတ်တွင် စက္ကူပြုလုပ်သည့်နည်းပညာနှင့် ပုံနှိပ်နည်းပညာရှိသော်လည်း ထိရောက်မှု အလွန်နည်းသည်။ အထူးသဖြင့် စက္ကူဖြူကို ချမ်းသာသူများသာ ဝယ်ယူနိုင်ပြီး သာမန်လူများ စက္ကူဖြူကို လုံးဝမဝယ်နိုင်ပါ။

ဤနည်းပညာနှစ်ခုကို တိုးတက်အောင်လုပ်ပါက အနာဂတ်တွင် စက္ကူဖြူနှင့် စာအုပ်များ၏ ဈေးနှုန်းများ ကျဆင်းလာမည်ဖြစ်သည်။ ထိုအခါ ဆင်းရဲသောသူများလည်း စက္ကူဖြူကို ဝယ်ယူအသုံးပြုနိုင်ပြီး စာအုပ်များကို အသုံးပြုနိုင်မည်ဖြစ်သည်။

ရိုးရှင်းသော ဘောပင်ပြုလုပ်သည့်နည်းပညာနှင့် ပတ်သက်၍‌တော့ ထိုကိရိယာသည် မရှိမဖြစ်ဟု မဆိုနိုင်ပါ။ သို့သော် ဘောပင်များကို ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဝေနိုင်ပါက အနာဂတ်တွင် စာရေးရန်အတွက် မင်သွေးရန် မလိုတော့ပါ။ ဘောပင်ဖြင့် ရေးခြင်းသည် စုတ်တံဖြင့် ရေးခြင်းထက် ပိုမိုမြန်ဆန်နိုင်ပြီး ယဉ်ကျေးမှု ဖြန့်ဝေခြင်းကို ထိထိ‌ ရောက်ရောက်မှု မြှင့်တင်နိုင်မည်ဖြစ်သည်။

ထိုအချိန်တွင် လုချန်း၏ မျက်လုံးသည် စနစ်အသိပေးချက်၏ တတိယစာတန်းပေါ်သို့ ကျရောက်သွားသည်။

“မိဖုရားများနှင့် မယားများ၏ စိတ်နှလုံးများ သဘောတူညီခြင်း။”

ထိုအသိပေးချက် မပေါ်ခဲ့တာ တော်တော်ကြာပြီဖြစ်သည်။

နေပြည်တော်တွင် ကျောင်းညီအစ်မတို့နှင့် အတူအိပ်ခဲ့သည့်ညကို သူမှတ်မိသည်။ ထိုအချိန်တွင် စနစ်က သူ၏ စိတ်နှလုံးသည် သူ၏ မယားများနှင့် သဘောတူညီကြောင်း ပထမဆုံးအကြိမ် အသိပေးခဲ့ပြီး ဘားရတ် သေနတ်နှင့် ကျည်ဆံနှစ်ဆယ်ကို ဆုအဖြစ် ပေးခဲ့သည်။

ထို့နောက် တစ်နှစ်ကျော်ကြာပြီးနောက် ထိုစာတန်း ထပ်မံပေါ်လာမည်ဟု သူမထင်ခဲ့ပါ။

စိတ်နှလုံးသဘောတူညီမှုဆိုသည်မှာ မည်သို့အချိန်တွင် ပေါ်ပေါက်တတ်ပြီး မည်သည့်အရာကို သဘောတူညီမှုဟု သတ်မှတ်သည်ကို လုချန်းသိချင်နေသည်။

ထိုအတွေးဖြင့် လုချန်းက တိုက်ရိုက်မေးလိုက်သည်။

“စနစ်။ မယားများနှင့် စိတ်နှလုံးသဘောတူညီမှုကို ဘယ်လိုသတ်မှတ်လဲ။”

စိတ်နှလုံးသဘောတူညီမှုက ဆုလာဘ် ရရှိနိုင်သည့်အတွက် အနာဂတ်တွင် သူ၏ မယားများနှင့် စိတ်နှလုံးသဘောတူညီမှု ရရှိဖို့ ကြိုးစားရန် လုချန်းကြံရွယ်ထားသည်။

[လူနှစ်ဦး တစ်ချိန်တည်းတွင် တူညီသော အခြေအနေသို့ ရောက်ရှိခြင်းကို စိတ်နှလုံးသဘောတူညီမှုဟု သတ်မှတ်သည်။]

ဒါက…

စနစ်၏ ရှင်းလင်းချက်ကို ကြားပြီးနောက် လုချန်းသည် အနည်းငယ် စကားမပြောတတ်အောင် ဖြစ်သွားသည်။

စိတ်နှလုံးသဘောတူညီမှုက ဒီလိုပေါ်ပေါက်တတ်တာလား။

ထိုအကြောင်းကို မစဉ်းစားတော့ပဲ သူသည် စုပ်ယူသည့်ကျင့်စဉ်နည်းလမ်း၏ အသေးစိတ်အချက်အလက်များကို ဖွင့်လိုက်သည်။

သူ့အား အမှန်တကယ် စိတ်ဝင်စားစေသော အရာမှာ ထိုစွမ်းရည်ဖြစ်သည်။

[စုပ်ယူသည့်ကျင့်စဉ်နည်းလမ်းကို လေ့ကျင့်ပြီးနောက် အခြားသူ၏ စွမ်းရည်ကို စုပ်ယူကာ မိမိ၏ စွမ်းရည်အဖြစ် ပြောင်းလဲနိုင်သည်။ ဤစုပ်ယူသည့်ကျင့်စဉ်နည်းလမ်းသည် ကျင့်စဉ်အပြည့်အစုံပါဝင်သော နည်းလမ်းဖြစ်ပြီး စုပ်ယူထားသော စွမ်းရည်အားလုံးကို မိမိ၏ ခန္ဓာကိုယ်အတွင်း ပဋိပက္ခမရှိဘဲ ပေါင်းစည်းနိုင်ပြီး စွမ်းအားအဖြစ် ပြောင်းလဲပေးသည်။]

စုပ်ယူသည့်နည်းလမ်း၏ မိတ်ဆက်စာကို ဖတ်ပြီးနောက် လုချန်းသည် ခဏခန့် လန့်သွားသည်။

ဤကျင့်စဉ်နည်းလမ်းသည်…

အနည်းငယ် ကြောက်စရာကောင်းသည်…

မကြာမီ...

လင်ဝမ်ရွန်သည် စာကြည့်ခန်း၏ ဝင်ပေါက်သို့ ရောက်ရှိလာသည်။

စာကြည့်ခန်းဝင်ပေါက်သို့ ရောက်ရှိသည်နှင့် ကျေနပ်သော မျက်နှာဖြင့် ထွက်လာသော လုချန်းကို လင်ဝမ်ရွန် တွေ့လိုက်ရသည်။ သူ့ရှေ့မှ ရင့်ကျက်လှပသော အမျိုးသမီးကိုမြင် တော့လုချန်းက ပြုံးလျက် စိတ်အားထက်သန်စွာဖြင့် မေးလိုက်သည်။

“ဒေါ်လေးလင်ပါလား။ ကိစ္စတစ်ခုခု ရှိလို့လား။”

လင်ဝမ်ရွန်က

“ချန်း… ချန်းလေး။ နန်းတော် သခင်က ဒေါ်လေးကို မင်းနဲ့ စကားပြောဖို့ လွှတ်လိုက်တယ်။”

လင်ဝမ်ရွန်သည် စိတ်ထဲတွင် အနည်းငယ် အပြစ်ရှိသလို ခံစားနေရသည်။ အဘယ်ကြောင့်ဆိုသော် သူ့ရှေ့တွင် ရှိနေသော လူငယ်သည် ယွဲ့၏သားဖြစ်သည်။ အကယ်၍ သူတစ်ခုခု ဖြစ်သွားပါက သူမ၏အစ်မဖြစ်သူ ယွဲ့ကို မည်သို့ ရင်ဆိုင်ရမည်နည်း။

လင်ဝမ်ရွန်၏စကားကို ကြားပြီးနောက် လုချန်း၏ စိတ်ထဲတွင် အံ့အားသင့်သွားသည်။

စကားပြောဖို့...

ချန်ဝမ်ရွန် စိတ်မရှည်တော့ဟု ထင်ရသည်။

ကောင်းပါတယ်။ သူလည်း စိတ်မရှည်တော့ပါ။

မနေ့ညက ချူးချင်လီကို စားသုံးပြီးနောက် လုချန်း၏ စိတ်ဆန္ဒများ ပိုမိုကြီးမားလာသည်။

မနေ့ညက ရုတ်တရက် ဆုလာဘ်များစွာ ရရှိပြီးနောက် လုချန်း၏ ကာမလိုစိတ်များ တက်ကြွလာခြင်းဖြစ်သည်။

ထို့နောက် လုချန်းက ပြုံးလိုက်ပြီး

“ ဝင်လာခဲ့ပါဒေါ်လေးလင်။ကောင်းကောင်း စကား ပြောကြရအောင်။”

........

All Chapters