အခန်း ၂၅၃-၂၅၅
Vol. 17 Ch. 253-255
အခန်း (၂၅၃ )
ဒေါ်လေးလင် ကျွန်တော့်ကို လှည့်စားနေတာမဟုတ်ပါဘူးနော် (၁)
လုချန်း၏စကားကို ကြားပြီးနောက် လင်ဝမ်ရွန်လည်း မစဉ်းစားတော့ပဲ စာကြည့်ခန်းထဲသို့ ဝင်သွားသည်။
စာကြည့်ခန်းထဲသို့ ဝင်လာသည်နှင့်ထူးဆန်းသော အနံ့တစ်ခုကို သူမရှူမိလိုက်သည်။
ဤအနံ့သည် သူမ ခုကနလေးတင် ချူးချင်လီအနားတွင် ရှူမိသည့် အနံ့နှင့် တူသည်။
အနံ့သည် အနည်းငယ် စူးရှပြီး အနည်းငယ် မသက်မသာဖြစ်စေသည်။
ထို့ပြင် ထိုအနံ့က ထူးဆန်းသည်။ သူမ ပိုရှူလေလေ သူမ၏မျက်နှာပေါ်တွင် နီမြန်းမှုများ ပေါ်လာလေဖြစ်သည်။ ထို့ပြင် သူမ၏ နှလုံးခုန်နှုန်းလည်း ရုတ်တရက် မြန်လာပြီး ခန္ဓာကိုယ် မငြိမ်မသက်ဖြစ်လာသည်။
ဘာဖြစ်နေတာလဲ။
...
အနံ့နှင့် ပတ်သက်၍ လင်ဝမ်ရွန် စဉ်းစားနေစဉ် လုချန်း၏စကားက သူမကို သတိဝင်လာစေသည်။
“ဒေါ်လေးလင်။ ချန်မိန်းကလေးက ကျွန်တော့်ကို ဘာပြောဖို့ လွှတ်လိုက်တာလဲ။”
လင်ဝမ်ရွန်သည် ထူးဆန်းသော အနံ့ကို ဆက်လက်အာရုံမစိုက်တော့ဘဲ လုချန်းဆီသို့ ခေါင်းလှည့်ကာ ပြောလိုက်သည်။
“မြောက်ပိုင်းမြို့တော်ရဲ့ သံချပ်ကာ မြင်းတပ်က ပျက်စီးသွားပြီ။ ပြန်လည်တည်ဆောက်ဖို့က အချိန်ယူရဦးမယ်။ နောက်ပြီး မြောက်ပိုင်းလွင်ပြင်ဒေသ မျိုးနွယ်စုတွေက မြောက်ပိုင်းမြို့တော်ကို အမြဲခြိမ်းခြောက်နေသည့်အတွက် နန်းတော်သခင်က လျှို့ဝှက်လဝန်းနန်းတော်ရဲ့ တပည့်တွေကို စေလွှတ်ပြီး မြောက်ပိုင်းမြို့တော်ရဲ့ လက်ရှိအခြေအနေကို တည်ငြိမ်အောင် ကူညီချင်တဲ့ ဆန္ဒရှိတဲ့အကြောင်းပြောဖို့ ဒေါ်လေးကို လွှတ်လိုက်တာပါ။”
လင်ဝမ်ရွန်၏စကားကို ကြားပြီးနောက် လုချန်းက အနည်းငယ်ပြုံးလိုက်၏။ ထို့နောက်
“ဒေါ်လေးလင်။ ဒီအဆင့်မှာ ကျွန်တော်တို့ ပွင့်ပွင့်လင်းလင်း ပြောကြရအောင်။ လျှို့ဝှက်လဝန်းနန်းတော် မြောက်ပိုင်းမြို့တော်ကို လာရတဲ့ တကယ့်ရည်ရွယ်ချက်က ဘာလဲ။”
“ ဒေါ်လေးက ကျွန်တော့်အမေရဲ့ သွေးသောက်ညီမဆိုတော့ ကျွန်တော့်ကို လှည့်စားမှာမဟုတ်ဘူးလို့ ကျွန်တော်ယုံကြည်တယ်။”
လုချန်းက တိုက်ရိုက်ပြောလာတော့ လင်ဝမ်ရွန်လည်း ဆက်လက် ကွေ့ပတ်ပြောဆိုရန် မလိုတော့ဟု ခံစားရသည်။ အမှန်တရားကို အနေးနှင့်အမြန် ရင်ဆိုင်ရမည်ဖြစ်သည့်အတွက် သူမက ရိုးရိုးလေးပြောလိုက်သည်
“ချန်းလေး၊ တကယ်တော့…”
မသွယ်မဝိုက် ပြောဆိုရန် ဆုံးဖြတ်ထားသော်လည်း လင်ဝမ်ရွန် ခဏခန့် စဉ်းစားနေသေးသည်။ သို့သော် ခဏနေပြီးနောက် သူမက
“မင်းက နတ်သမီးရဲ့ သား ဖြစ်တယ်။ ဒါကြောင့် မင်းက သာမန်လူတွေနဲ့ မတူဘူး။ ဘုန်းကံကြီးမားတယ်။ မင်းမှာ ဧကရာဇ်ဖြစ်မယ့် ကံကြမ္မာရှိတယ်။ ဒါကြောင့် သူက မင်းနဲ့ ပူးပေါင်းပြီး အဲ့ဒီနေရာကို ရယူဖို့ ကူညီချင်တယ်။”
“ရှနိုင်ငံတော်ဟာ နှစ်ပေါင်းများစွာကတည်းက လျှို့ဝှက်လဝန်းနန်းတော်ကို အမျိုးမျိုးသော နည်းလမ်းတွေနဲ့ ပစ်မှတ်ထားခဲ့တယ်။ နန်းတော်သခင်ဟာ ဆွမ်ဧကရာဇ်ကို အလွန်မကျေမနပ်ဖြစ်နေတယ်။”
လင်ဝမ်ရွန်၏စကားကို ကြားပြီးနောက် လုချန်းက ပြုံးလိုက်၏။ လင်ဝမ်ရွန်ပြောနေတာ တွေက အလိမ်အညာတွေမှန်း သူသိထားသည်။
သူသည် ချန်ဝမ်ရွန်နှင့် ပထမဆုံးတွေ့ဆုံစဉ်က သူမ၏ အချက်အလက်ကို ကြည့်ရှုခဲ့သည်။ ချန်ဝမ်ရွန်သည် သူ့အား ချစ်ခြင်းပိုးကောင်စိုက်သွင်းပြီး သူ၏သွေးကို အသုံးပြု၍ လျှို့ဝှက် နဂါးမန္တာန်ဟုခေါ်သည့် အရာတစ်ခုကို ဖန်တီးရန် စီစဉ်နေသည်။
ချန်ဝမ်ရွန်အတွက် သူသည် အသုံးချခံ ကိရိယာတစ်ခုသာဖြစ်သည်။ သူမက သူ့ကို လျှို့ဝှက်လဝန်းနန်းတာ်၏ နတ်သားအဖြစ် မည်သို့လက်ခံနိုင်မည်နည်း။
ထိုအချိန်တွင် လုချန်းက ပြောလိုက်သည်။
“ကျွန်တော်သိပါတယ်။ ကျွန်တော့် အဖိုး မနေ့က မြောက်ပိုင်းမြို့တော်ကို ရောက်လာ တော့ ကျွန်တော့်အမေဟာ တစ်ခါက လျှို့ဝှက်လဝန်းနန်းတော်ရဲ့ နတ်သမီးတစ်ပါးဖြစ်ခဲ့တယ်လို့ ပြောပြပါတယ်။ ကျွန်တော် လည်း နည်းနည်းတော့ အံ့အားသင့်သွားတယ်။ ဒါဆို ကျွန်တော့်အမေဟာ တကယ်ပဲ လျှို့ဝှက်လဝန်းနန်းတော်ရဲ့ နတ်သမီးတစ်ပါးဖြစ်ခဲ့တာလား။”
ဤစကားကို ပြောပြီးနောက် လုချန်းက လင်ဝမ်ရွန်၏ မျက်လုံးများကို ကြည့်ကာ မသိသလို ဟန်ဆောင်ပြီး ဆက်လက်ပြောလိုက်သည်။
“ဒါဆို နတ်သားအနေနဲ့ ကျွန်တော်က လျှို့ဝှက်လဝန်းနန်းတော်မှာ အတော်လေး အဆင့်မြင့်တဲ့ နေရာမှာ ရှိနေတာလား။”
လုချန်းက သူမ၏လိမ်ညာမှုကို ယုံကြည်သွားပုံရတော့ လင်ဝမ်ရွန်က ဆက်ပြောလိုက်သည်။
“မင်းအမေက လျှို့ဝှက်လဝန်းနန်းတော်ရဲ့ နန်းတော်ရှင်ထက်တောင် အဆင့်မြင့်တဲ့ ဂုဏ်သရေရှိသူတစ်ဦးရဲ့ တပည့်ဖြစ်တယ်။ တယ်။ သူရဲ့သားအနေနဲ့ မင်းက လျှို့ဝှက်လဝန်းနန်းတော်မှာ အဆင့်တစ်ခုရှိတယ်။”
ထို့နောက် လုချန်းက
“လျှို့ဝှက်လဝန်းနန်းတော်က ကျွန်တော့်ကို အဲ့ဒီနေရာကို ရယူဖို့ ကူညီမယ်ဆိုရင် သူတို့က ကျွန်တော့်ဆီက တစ်စုံတစ်ခု တောင်းဆိုမှာလား။”
လင်ဝမ်ရွန်က ပြန်ဖြေလိုက်သည်။
“သူတို့က မင်းကို ကြီးကြီးမားမား တစ်ခုလုပ်ခိုင်းမှာ မဟုတ်ပါဘူး။ နောက်ပိုင်းမှာ လျှို့ဝှက်လဝန်းနန်းတော်က ရှနိုင်ငံတော်ရဲ့ နယ်မြေအတွင်း တပည့်တွေ စုဆောင်းခွင့်ပြုဖို့ပဲ။ လျှို့ဝှက်လဝန်းနန်းတော်က သူတို့ရဲ့ အမွေဆက်ခံနိုင်ဖို့ကိုပဲ တန်ဖိုးထားတာပါ။ လောကီကိစ္စတွေကို သိပ်စိတ်မဝင်စားဘူး။”
လုချန်းက
“အိုး။ ကျွန်တော်နားလည်ပြီ။”
“ကျွန်တော် ချန်မိန်းကလေးကို နားလည်မှု လွဲနေမိတာထင်တယ်။”
ထိုစကားကို ကြားပြီးနောက် လင်ဝမ်ရွန်က စမ်းသပ်သည့် သဘောဖြင့် မေးလိုက်သည်။
“ချန်းလေးက နန်းတော်သခင် မြောက်ပိုင်းမြို့တော်ကို လာတာ အခြားရည်ရွယ်ချက်တွေ ရှိတယ်လို့ ထင်လား။”
လုချန်းက ပြုံး၍ ပြန်ပြောလိုက်သည်။
“သူမြောက်ပိုင်းမြို့တော်ကို လာတာဟာ ကျွန်တော့်ခန္ဓာကိုယ်ကို စိတ်ဝင်စားလို့လို့ ထင်မိတယ်။”
ဒါက…
လုချန်း၏စကားကို ကြားပြီးနောက် လင်ဝမ်ရွန် ရုတ်တရက် ဘာပြောရမှန်း မသိတော့ပါ။
သို့သော် သေချာစဉ်းစားကြည့်ပါက လုချန်းပြောတာ မှန်နေသည်။
ချန်ဝမ်ရွန်၏ မြောက်ပိုင်းမြို့တော်သို့ လာရောက်ရခြင်း၏ အဓိကရည်ရွယ်ချက်မှာ လုချန်းအား ချစ်ခြင်းပိုးကောင် စိုက်သွင်းပြီး သူ့ကို သူမကြိုးကိုင်နိုင်သူအဖြစ် ပြောင်းလဲရန်ဖြစ်သည်။ လျှို့ဝှက်နဂါးမန္တာန်ကို ဖန်တီးရန် သူ၏သွေးကို ချန်ဝမ်ရွန် လိုအပ်သည်။
ထို့ကြောင့် တစ်နည်းအားဖြင့် လုချန်း၏ ခန္ဓာကိုယ်ကို စိတ်ဝင်စားနေခြင်းဟု သတ်မှတ်နိုင်သည်။
သို့သော် လုချန်း၏ ဆိုလိုရင်းမှာ ထိုသို့မဟုတ်ပါ။
လုချန်းဟာ ကိုယ့်ကိုယ်ကို အထင်ကြီးလွန်းနေသူလား သို့မဟုတ် ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိလွန်းနေတလား ဘယ်လိုသတ်မှတ်ရမယ်မှန်း လင်ဝမ်ရွန် မသိတော့ပါ။
ထို့နောက် လုချန်းက အသံနှိမ့်ကာ
“ဒေါ်လေးလင်ကို မေးခွန်းတစ်ခု မေးလို့ရမလား။”
လုချန်းက ရုတ်တရက် ခပ်တိုးတိုး ပြောလာသည်ကို မြင်ပြီး လင်ဝမ်ရွန်လည်း စိတ်ဝင်စားစွာဖြင့်
“ဘာမေးခွန်းလဲ။”
လုချန်းက
“ချန်မိန်းကလေးက ယောက်ျားတွေကိုစိတ်ဝင်စားလား။”
ထိုမေးခွန်းကို ကြားပြီးနောက် လင်ဝမ်ရွန် ဘာပြောရမှန်းမသိ ဖြစ်သွားသည်။ ဒီမေးခွန်းမေးပုံထောက်တော့ လုချန်းက…
သူက ချန်ဝမ်ရွန်ကို စိတ်ဝင်စားနေတာလား။
ဒါက ချန်ဝမ်ရွန်အတွက် သတင်းကောင်းဖြစ်သည်။ လုချန်းက သူမကို စိတ်ဝင်စားပြီးအထူးသဖြင့် သူမကို ချစ်မိပါက ချန်ဝမ်ရွန်အတွက် လုချန်းအား ချစ်ခြင်းပိုးကောင် စိုက်ရန် အခွင့်အရေးရှိလာမည်ဖြစ်သည်။
ယခင်က လုချန်း သူမနှင့် ခပ်ခွာခွာနေခဲ့သည်။ မြောက်ပိုင်းနယ်စားမင်းသား၏ စံအိမ်တွင် ကြာမြင့်စွာနေခဲ့သော်လည်း ချန်ဝမ်ရွန်အတွက် လုချန်းနှင့် နီးစပ်ရန် အခွင့်အရေးမရှိခဲ့ပါ။
အခု လုချန်းက ချန်ဝမ်ရွန်၏ အချစ်ရေးကို မေးနေခြင်းက သူသည် သူမကို ရယူရန် ကြိုးစားလိုသည်ဟု ဆိုလိုသည်။
ထို့နောက် လင်ဝမ်ရွန်က
“နန်းတော်သခင်က အမြဲတမ်း သူရဲ့ ကျင့်စဉ်ကိုပဲ အာရုံစိုက်နေတယ်။ ဒေါ်လေးသိသလောက်ဆိုရင် သူဘယ်ယောက်ျားကိုမှ စိတ်ဝင်စားခဲ့ဖူးတယ်လို့ မထင်ဘူး။”
“ဒါပေမဲ့…”
လင်ဝမ်ရွန်က စကားကို ရပ်လိုက်ပြီး လုချန်း၏ မျက်လုံးများကို ကြည့်ကာ ပြောလိုက်သည်။
“ဒါပေမဲ့ သူက မင်းကို နည်းနည်း စိတ်ဝင်စားနေသလိုပဲ။”
လင်ဝမ်ရွန်သည် ယနေ့တွင် ကြားခံအောင်သွယ်လုပ်ရန် ရောက်ရှိလာခြင်းဖြစ်သည်။ ထို့ကြောင့် လုချန်း ချန်ဝမ်ရွန်အပေါ် စိတ်ဝင်စားလာအောင် သူမနည်းလမ်းရှာရမည်ဖြစ်သည်။
လင်ဝမ်ရွန်၏စကားကို ကြားပြီးနောက် လုချန်းက ရယ်မောလိုက်ကာ
“ဒေါ်လေးလင် ကျွန်တော့်ကို လှည့်စားနေတာမဟုတ်ပါဘူးနော်။ ချန်မိန်းကလေးလို နတ်သမီးတစ်ပါးက ကျွန်တော့်လို သာမန်လူတစ်ယောက်ကို ဘယ်လိုစိတ်ဝင်စားမှာလဲ။”
လင်ဝမ်ရွန်က
“ချန်းလေး။ မင်းကိုယ်မင်း မနှိမ့်ချနဲ့။ မင်းက လောကီလူသားတစ်ယောက်ဖြစ်ပေမဲ့ မင်းရဲ့စိတ်ဓာတ်ကို သူအလွန်လေးစားတယ်။ အထူးသဖြင့် မင်းက ရန်ခရိုင်ကို ကာကွယ်ဖို့ ရွေးချယ်ခဲ့တဲ့အချိန်က ပြသခဲ့တဲ့ စိတ်ဓာတ်ကို သူတကယ် လေးစားတယ်။”
“နောက်ပြီး မင်းက အရမ်းချောတယ်လို့ ဒေါ်လေးရှေ့မှာ တစ်ကြိမ်မက ပြောဖူးတယ်။ ဒေါ်လေးကတော့ သူမှာ့ မင်းအပေါ် ခံစားချက် နည်းနည်း ရှိနေတယ်လို့ ထင်တယ်။”
လုချန်းက သံသယဝင်နေသည့်ပုံစံဖြင့် လင်ဝမ်ရွန်၏ မျက်လုံးများကို ကြည့်ကာ မေးလိုက်သည်။
“တကယ်လား။ ဒေါ်လေးလင် ကျွန်တော့်ကို လှည့်စားနေတာ မဟုတ်ပါဘူးနော်။”
လင်ဝမ်ရွန်က
“ဒေါ်လေးက ဘာလို့ မင်းကို လှည့်စားရမှာလဲ။ စဉ်းစားကြည့်ပါ။ အကယ်၍ နန်းတော်သခင်က မင်းကို စိတ်မဝင်စားဘူးဆိုရင် သူမ လျှို့ဝှက်လဝန်းနန်းတော်ကို ပြန်ရောက်ပြီးမှ မြောက်ပိုင်းမြို့တော်သို့ ပြန်လာမှာ မဟုတ်ဘူး။ ဒါပေမဲ့ သူပြန်သွားပြီး မကြာခင်ပဲ မြောက်ပိုင်းမြို့တော်ကို ပြန်ရောက်လာခဲ့သည်။ ဒါက ဘာကို ပြနေတာလဲ။ သူ မင်းကို အလွန်တန်ဖိုးထားတယ်ဆိုတာကို ပြနေတာပါ။”
“တကယ်တော့ ဒါတွေက ဒေါ်လေး မှန်းဆနေတာပါ။ သူတကယ်တွေးနေတာကို သူတစ်ယောက်တည်းပဲ သိမှာ။ ဒါပေမဲ့ ဒေါ်လေးကတော့ သူ မင်းကို စိတ်ဝင်စားနေတယ်လို့ ထင်တယ်။”
လုချန်းက စူးစမ်းလိုစိတ်ဖြင့် မသိဟန်ဆောင်ကာ မေးလိုက်သည်။
“ဒေါ်လေးလင်။ လျှို့ဝှက်လဝန်းနန်းတော်ရဲ့ တပည့်တွေက လက်ထပ်လို့ရလား။”
လင်ဝမ်ရွန်က ပြန်ဖြေလိုက်သည်။
“လျှို့ဝှက်လဝန်းနန်းတော်က တပည့်တွေအတွက် ယောက်ျားနှင့်မိန်းမ အတူနေတဲ့ ကိစ္စကို မတားမြစ်ပါဘူး။ တပည့်တွေလက်တွဲဖော်ရှာတာကိုလည်း ဘယ်တုန်းကမှ မကန့်ကွက်ခဲ့ဘူး။ ဒါပေမဲ့ ကလေးတော့ မွေးခွင့်မရှိဘူး။”
လင်ဝမ်ရွန်၏စကားကို ကြားပြီးနောက် လုချန်းက တိုးတိုးလေးပြောလိုက်သည်။
“ဒါဆို ချန်မိန်းကလေး သဘောတူရင် ကျွန်တော် သူ့ကို လက်ထပ်လို့ရလား။ သူက ကျွန်တော့်ကလေး မမွေးရုံပဲလား။”
လင်ဝမ်ရွန်က ပြန်ဖြေလိုက်သည်။
“မှန်ပါတယ်။”
လုချန်းက နောက်ထပ်ဘာမှမပြောတော့ပဲ စိတ်ကူးယဉ်အိပ်မက်ထဲတွင် နစ်မြောနေသည့်ပုံစံ ဟန်ဆောင်လိုက်သည်။
လုချန်းက အတွေးထဲနစ်မြောနေသည်ကို မြင်ပြီး လင်ဝမ်ရွန်လည်း မျှော်လင့်ချက်ရှိလာသည်။ လုချန်း စိတ်ဝင်စားနေပုံရသည်။ နည်းနည်းထပ်တွန်းပေးပါက ချစ်ခြင်းပိုးကောင် စိုက်ရန် အခြေအနေများ ရရှိလာနိုင်သည်။
ထိုအတွေးဖြင့် လင်ဝမ်ရွန်က
“ချန်းလေး။ နန်းတော်သခင်မှာ လက်တွဲဖော်ရှာခွင့်ရှိပေမဲ့ သူက သာမန်မိန်းကလေးတွေနဲ့ မတူဘူး။ သူ့ကို ပေါ့ပေါ့တန်တန် ချဉ်းကပ်လို့မရဘူး။”
လုချန်းက ရယ်မောလိုက်ပြီး
“ဒေါ်လေးလင်ပြောတာ ကျွန်တော်နားလည်ပါတယ်။ သူကို အရမ်းဖိအားပေးတာမျိုး မလုပ်ဖို့ ပြောတာလား။”
လင်ဝမ်ရွန်က
“အကြမ်းဖျင်းအားဖြင့် ဟုတ်ပါတယ်။”
လုချန်းက
“စိတ်မပူပါနဲ့ ဒေါ်လေးလင်။ ကျွန်တော် ချန်မိန်းကလေး အထင်ကြီးအောင် နေပါ့မယ်။ ကျွန်တော့်ရဲ့ အခြားဇနီးမယားတွေလို သူ့ကို မလုပ်ပါဘူး။”
ထိုစကားကို ကြားပြီးနောက် လင်ဝမ်ရွန်၏ စိတ်ထဲ သက်သောင့်သက်သာရှိလာသည်။ သူတို့ကြားထဲ အခြေအနေတစ်ခုကို သူမ ဖန်တီးနိုင်ခဲ့ပုံရသည်။ နန်းတော်သခင်က ယွဲ့အတွက် မြောက်ပိုင်းနယ်စားမင်းသား၏ အသက်ကို ချမ်းသာပေးမည်ဟုလည်း သူမ မျှော်လင့်သည်။
မြောက်ပိုင်းနယ်စားမင်းသားသည် ဆွမ်ဧကရာဇ်၏သားဖြစ်ပြီး အတန်ငယ် ကာမဂုဏ်ခံစားသူဖြစ်သော်လည်း အချိန်ကြာလာသည်နှင့်အမျှ သူ၏လူများကို သားသမီးကဲ့သို့ ချစ်မြတ်နိုးသော အုပ်ချုပ်သူ မင်းသားတစ်ဦးဖြစ်ကြောင်း သက်သေပြခဲ့သည်။
ထိုကဲ့သို့သော အုပ်ချုပ်သူများသည် ယနေ့ ခောတ်ကမ္ဘာတွင် ရှားပါးသည်။
ထိုအချိန်တွင် လုချန်းက တိုးတိုးလေးပြောလိုက်သည်။
“ကျွန်တော် ချန်မိန်းကလေးကို ချဉ်းကပ်တာကို ဒေါ်လေးလင် ကန့်ကွက်မှာ မဟုတ်ဘူးလား မဟုတ်လား။”
လင်ဝမ်ရွန်၏ လှပသောပါးပြင်ပေါ်တွင် အပြုံးရိပ်တစ်ခု ပေါ်လာသည်။
“ ဒေါ်လေးက ဘာလို့ ကန့်ကွက်ရမှာလဲ။ တကယ်တော့ ဒေါ်လေးက နန်းတော်သခင်ကို လက်တွဲဖော်တစ်ယောက်နဲ့ မြင်ချင်တယ်။ လျှို့ဝှက်လဝန်းနန်းတော်ရဲ့ တပည့်အများစုက နောက်ဆုံးမှာ လက်တွဲဖော်တွေ ရှာကြတယ်။ ကျင့်စဉ်လမ်းစဉ်တွေက အရမ်းအထီးကျန်တယ်။ နန်းတော်သခင် ဆက်ပြီး အထီးကျန်နေတာကို ဒေါ်လေးမမြင်ချင်ဘူး။”
လုချန်းက ပြုံးလိုက်ပြီး မေးလိုက်သည်။
“ဒေါ်လေးလင်ရော ဘယ်တော့ လက်တွဲဖော်ရှာဖို့ စီစဉ်ထားလဲ။”
ထိုမေးခွန်းကို ကြားပြီးနောက် လင်ဝမ်ရွန်သည် ခဏတာမျှ လန့်ဖြန့်သွားသည်။
သူမသည် ယနေ့တွင် ချန်ဝမ်ရွန်နှင့် လုချန်းကို အောင်သွယ်ပေးရန် လာခြင်းဖြစ်ပြီး သူမ၏ကိုယ်ပိုင်ကိစ္စများကို လုံးဝမစဉ်းစားခဲ့ပါ။
သတိပြန်ဝင်လာပြီးနောက် လင်ဝမ်ရွန်က သက်ပြင်းချလိုက်ပြီး
“ ဒေါ်လေးက သုံးဆယ်ကျော်နေပြီ။ ဘယ်သူမှ ဒေါ်လေးကို မလိုချင်တော့ဘူး။”
လုချန်းက လင်ဝမ်ရွန်၏ ရင့်ကျက်လှပသော မျက်နှာကို ကြည့်ကာ
“ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ။ ဒေါ်လေးလင်လို အရမ်းလှတဲ့ အမျိုးသမီးကို ဘယ်ယောက်ျားမဆို စိတ်ဝင်စားမှာပါ။”
“ ဒေါ်လေးသာ ကျွန်တော့် အဒေါ်မဟုတ်ရင် ကျွန်တော် ဒေါ်လေးကို လက်ထပ်ပြီးသား ဖြစ်နေမှာပါ။”
လုချန်း၏စကားကို ကြားပြီးနောက် လင်ဝမ်ရွန်၏ ဦးနှောက် ခဏမျှ ရပ်တန့်သွား၏။ ထို့နောက် သူမ၏ နှလုံးခုန်နှုန်းသည် မထိန်းချုပ်နိုင်စွာ မြန်ဆန်လာသည်။
......
အခန်း (၂၅၄)
မြောက်ပိုင်းနယ်စားမင်းသားက မနေသင့်တော့ဘူး (၁)
လုချန်းက ထိုသို့သော စကားများ ပြောလာလိမ့်မည်ဟု လင်ဝမ်ရွန် မျှော်လင့်ထားခြင်း မရှိပါ။ ထိုစကားများကြောင့် သူမ၏ စိတ်ထဲတွင် မကြာသေးမီက သူမ၏ မောင်နှမတော်စပ်သူ ပြောခဲ့သော စကားများ ပြန်ပေါ်လာသည်။
သူမ၏ မွေးစားဖခင်က သူမအား လုချန်းနှင့် လက်ထပ်စေလိုပြီး သူ၏ မိန်းမအဖြစ် နေစေလိုသည်။
လင်ဝမ်ရွန် သတိပြန်ဝင်လာပြီးနောက် လျင်မြန်စွာ ပြောလိုက်သည်။
“ချန်းလေး။ ဒီလို စကားတွေကို လွယ်လင့်တကူ မပြောသင့်ပါဘူး။”
လင်ဝမ်ရွန်၏ ခန္ဓာကိုယ် အနည်းငယ် တုန်ယင်နေသည်ကို မြင်သောအခါ လုချန်းက ဆက်ပြောလိုက်သည်။
“ဒေါ်လေးလင်။ ဒေါ်လေးက မြောက်ပိုင်းနယ်စားမင်းသားစံအိမ်မှာ အတော်ကြာကြာနေခဲ့ပြီးပြီဆိုတော့ ကျွန်တော်ကို အတော်လေး နားလည်သဘောပေါက်ပြီးဖြစ်မှာပါ။ ကျွန်တော် နောက်ပိုင်းတွေမှာ နွေဦးအသံဆောင်က ရဲလိနန်ရန်ဆီကို ပိုသွားဖြစ်တယ်။”
“ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်က ရင့်ကျက်ပြီး ဆွဲဆောင်မှုရှိတဲ့ အမျိုးသမီး တွေကို နှစ်သက်လို့ပါ။ ရဲလိနန်ရန်လိုပေါ့။”
“ဒေါ်လေးလင်လည်း သူ့လိုအမျိုးသမီးမျိုးပဲ။”
...
လုချန်း၏ ပွင့်ပွင့်လင်းလင်း ပြောလိုက်သော စကားများကို ကြားလိုက်ရသောအခါ
သူမ၏ နှလုံး ခုန်ထွက်တော့မလို လင်ဝမ်ရွန် ခံစားလိုက်ရသည်။ လုချန်းက သူမအပေါ် စိတ်ဝင်စားနေပြီဟုလည်း သံသယဖြစ်လာသည်။
ယွဲ့နှင့် ညီအစ်မ ဖြစ်ခဲ့ခြင်းက အတိုင်းအတာတစ်ခုအထိ လင်ဝမ်ရွန်အား စိတ်သက်သာရာရစေသည်။ မဟုတ်ပါက လုချန်း သူမအပေါ် စိတ်ဝင်စားလာမည်ကို စိုးရိမ်မိသည်။
လင်ဝမ်ရွန်က ဆက်ပြောလိုက်သည်။
“ဒီကိစ္စကို မပြောတော့ပါနဲ့တော့ ချန်းလေး။ မြောက်ပိုင်းမြို့တော်နှင့် လျှို့ဝှက်လဝန်းနန်းတော်ကြား ပူးပေါင်းဆောင်ရွက်မှုအကြောင်းပဲ ဆွေးနွေးကြရအောင်။”
လုချန်းက ပြုံးရယ်ကာ ပြောလိုက်သည်။
“ကောင်းပါပြီ။”
လင်ဝမ်ရွန်က စမေးလိုက်သည်။
“ဘယ်လိုလူမျိုးတွေ လိုအပ်လဲဆိုတာ ဒေါ်လေးကို ပြောပြပါ။ ဒေါ်လေး နန်းတော်သခင်ကို ပြောပြီး တပည့်တချို့ကို စေလွှတ် ပေးမယ်။”
ခဏစဉ်းစားပြီးနောက် လုချန်းက ပြန်ပြောလိုက်သည်။
“စာဖတ်တတ်သူတချို့ လိုအပ်ပါတယ်။ လျှို့ဝှက်လဝန်းနန်းတော်ရဲ့ တပည့်တွေက စာဖတ်တတ်ကြလား။”
ထိုစကားကို ကြားလိုက်ရသောအခါ လင်ဝမ်ရွန် အနည်းငယ် အံ့အားသင့်သွားသည်။
စာဖတ်တတ်ရမယ်တဲ့လား။
လုချန်းက စာတတ်သူတွေကို ဘာလို့လိုနေတာလဲ။
မြောက်ပိုင်းမြို့တော်သည် သံချပ်ကာ မြင်းတပ်ကို ဆုံးရှုံးခဲ့ရပြီး လုချန်းသည်လည်း ဒေသကို အကြီးအကျယ် ပြုပြင်ပြောင်းလဲမှုများ လုပ်နေ၏။ ထို့ကြောင့် သူ၏ လုပ်ဆောင်ချက်များသည် လူများစွာ၏ အကျိုးစီးပွားကို ထိခိုက်စေခဲ့ပြီးဖြစ်သည်။
သူ၏ လက်ရှိအခြေအနေသည် အလွန်အန္တရာယ်များနေသော်လည်း လျှို့ဝှက်လဝန်းနန်းတော်ထံမှ သူပထမဆုံး တောင်းဆိုသောအရာမှာ အစွမ်းကြီးသော တပည့်များ မဟုတ်ဘဲ စာတတ်သူများ ဖြစ်နေသည်။
စာတတ်သူများက သူ့ကို ကာကွယ်ပေးနိုင်မည် မဟုတ်ပေ။
အံ့အားသင့်သွားသော လင်ဝမ်ရွန်က မေးလိုက်သည်။
“လျှို့ဝှက်လဝန်းနန်းတော်ရဲ့ တပည့်အများစုက စာဖတ်တတ်ကြပါတယ်။ ဒါပေမဲ့ စာတတ်သူတွေကို ဘာလို့ လိုအပ်တာလဲ။”
လုချန်းက သက်ပြင်းချလိုက်ပြီး ပြောလိုက်သည်။
“မြောက်ပိုင်းမြို့တော်ရဲ့ သာမန်ပြည်သူတွေဟာ ပညာမတတ်ကြဘူးဆိုတာ ကျွန်တော် သတိထားမိလာတယ်။ သူတို့ဟာ သေစာရှင်စာပဲ ဖတ်တတ်ကြပြီး ကြော်ငြာစာရွက်တွေကို ဘာသာပြန်ပြီး ရှင်းပြမပေးပဲနဲ့ နားလည်နိုင်မှာ မဟုတ်ဘူး။”
“ဒါကြောင့် သူတို့ကို စာဖတ်တတ်အောင် သင်ပေးဖို့ လူတချို့ကို ရှာဖွေဖို့ ဆုံးဖြတ်ထားတာ။”
ဒါက...
လင်ဝမ်ရွန်သည် အတိုင်းအတာတစ်ခုအထိ စကားမပြောနိုင်အောင် ဖြစ်သွားသည်။
သာမန်ပြည်သူတွေက စာဖတ်တတ်ဖို့ လိုအပ်လို့လား။
ဟုတ်ပါတယ်။ မလိုအပ်ပါဘူး။
လုချန်း ပြည်သူများအပေါ် အတော်လေး ကြင်နာတတ်သည်ကို သူမသိထားသည်။ လယ်ယာအခွန်အားလုံးကို ဖျက်သိမ်းပစ်သည်အထိပင် လုပ်ဆောင်ပေးခဲ့သည်။ သို့သော် ပြည်သူများကို စာဖတ်တတ်အောင် သင်ပေးဖို့အထိ စီစဉ်နေသည်ကတော့ သူ၏ကြင်နာမှုသည် လိုအပ်သည်ထက် ပိုနေသည်ဟု သူမထင်မိသည်။
လင်ဝမ်ရွန်သည် ဤခေတ်ကာလမှ အခြားသူများကဲ့သို့ပင် သာမန်ပြည်သူများအတွက် စာတတ်ရန် မလိုအပ်ဟု ယုံကြည်သည်။ လူတိုင်း စာပေပညာရှင်များ ဖြစ်လာနိုင်မည် မဟုတ်ပေ။ သူတို့သည် သာမန်ပြည်သူများအဖြစ် တိတ်ဆိတ်စွာ နေထိုင်နိုင်ရုံဖြင့် လုံလောက်သည်။
သူမ ထိုသို့ထင်သော်လည်း လင်ဝမ်ရွန်က ဆက်ပြောလိုက်သည်။
“ဒါဆို ကောင်းပါပြီ။ ဒေါ်လေး နန်းတော်သခင်ကို ပြောပြပြီး စာဖတ်တတ်တဲ့ တပည့်တချို့ကို စေလွှတ်ခိုင်းပါမယ်။”
ဤသည်မှာ မြောက်ပိုင်းမြို့တော်နှင့် ပထမဆုံးပူးပေါင်းဆောင်ရွက်မှု ဖြစ်ပြီး လုချန်းနှင့် အနီးကပ်ဆုံး ထိတွေဆက်ဆံရခြင်းလည်း ဖြစ်သောကြောင့် လျှို့ဝှက်လဝန်းနန်းတော်အတွက် ဤအခွင့်အရေးကို လက်မလွတ်စေရန် လိုအပ်သည်။ လုချန်း၏ တောင်းဆိုချက်များက ထူးဆန်းနေသော်လည်း သဘောတူသင့်သည်။
သို့သော် လုချန်း၏ တောင်းဆိုချက်သည် လျှို့ဝှက်လဝန်းနန်းတော်အတွက် အလွန်ရိုးရှင်း လွယ်ကူလွန်းသည်ဟု ခံစားမိသောကြောင့် လင်ဝမ်ရွန်က ထပ်မေးလိုက်သည်။
“နောက်ထပ် ဘာများ လိုအပ်သေးလဲ ချန်းလေး။”
“ထောက်လှမ်းရေး အချက်အလက်တွေ ဒါမှမဟုတ် အလားတူ တစ်ခုခု လိုအပ်လား။”
လုချန်းက ပြုံးရယ်ကာ ပြောလိုက်သည်။
“အခုအချိန်မှာ ဒါတွေ မလိုအပ်သေးဘူး။ ကျွန်တော့်မှာ ကိုယ်ပိုင် ထောက်လှမ်းရေး ရှိပြီးသားပါ။”
လျှို့ဝှက်လဝန်းနန်းတော်၏ အရင်းအမြစ်များသည် အတော်အတန် များပြားသော်လည်း ချန်ဝမ်ရွန်ကို မနိုင်သေးခင်အထိ လုချန်းထံ၌ သူတို့အပေါ် အားထားဖို့ အစီအစဉ် မရှိသေးပါ။
ထို့နောက် လုချန်းက ခပ်တိုးတိုးပြောလိုက်သည်။
“ဒေါ်လေးလင်။ ကျွန်တော် ချန်မိန်းကလေး ကို စိတ်ဝင်စားပါတယ်။ ဒီကိစ္စမှာ ဒေါ်လေးရဲ့ အကူအညီကို လိုအပ်ပါတယ်။”
လင်ဝမ်ရွန်က အနည်းငယ် ပြုံးပြီး ပြောလိုက်သည်။
“စိတ်မပူပါနဲ့။ ဒေါ်လေးက သူ့ရှေ့မှာ မင်းရဲ့ကောင်းကြောင်းတွေ ပြောပေးမှာပါ။”
လုချန်းက
“ဒါဆို ဒေါ်လေးလင်ကို ကျေးဇူးတင်ပါတယ်။”
ထိုအချိန်တွင် လုချန်းလည်း အိပ်ငိုက်လာသည်။ မနေ့ညက တစ်ညလုံး လှံပစ် လေ့ကျင့်ခဲ့သောကြောင့် ထိပ်သီးပညာရှင်ဖြစ်သော်လည်း သူသည် အနည်းငယ် ပင်ပန်းနေသည်။ သူက ဆက်ပြောလိုက်သည်။
“ဒေါ်လေးလင်။ နောက်ထပ် အကြောင်းအရာ မရှိတော့ရင် ကျွန်တော် အိပ်ဖို့ ပြန်တော့မယ်။ မနေ့ညက စာကြည့်ခန်းမှာ အလုပ်များနေခဲ့တော့ အိပ်ခွင့်မရခဲ့ဘူး။”
လင်ဝမ်ရွန်က
“သွားပါ ချန်းလေး။ မင်း အနားယူသင့်တယ်။”
နောက်ထပ် စကားမပြောတော့ပဲ လုချန်းလည်း ပင်မအဆောင်သို့ ပြန်သွားလိုက်သည်။ သူပြန်လာတော့ သူ၏ ဇနီးများမယားများအားလုံး ပင်မအဆောင်၏ ဧည့်ခန်းထဲတွင် ထိုင်နေပြီး လက်ဖက်ရည်သောက်နေသည်ကို မြင်လိုက်ရသည်။ လုချန်း ပြန်ရောက်လာသောအခါ ချူးယုချင်က သူ့ဘက်သို့ ကြည့်နေသည်ကို မြင်လိုက်ရသည်။ သူမ၏ အကြည့်များထဲတွင် တိတ်ဆိတ်သော ကဲ့ရဲ့ပြစ်တင်မှုများ ပါဝင်နေသည်။
ချူးယုချင်၏ မျက်နှာအမူအရာကိုက လုချန်းကို စိတ်ရှုပ်သွားစေသည်။ သူမ တစ်ခုခု ရှာဖွေတွေ့ရှိသွားပြီလား။
ထိုအချိန်တွင် မုကျိရွှမ်းက ပြုံး၍ပြောလိုက်သည်။
“မင်းသား။ ကျွန်မ အစေခံတွေကို ဆန်ပြုတ်ပြင်ဆင်ခိုင်းထားတယ်။ အခု စားချင်လား။”
လုချန်းက ပြန်လည်ဖြေကြားလိုက်သည်။
“စားမယ်။”
ထို့နောက် လုချန်းလည်း သူတို့ဘေးတွင် ဝင်ထိုင်လိုက်သည်။ ထိုင်ပြီးသည်နှင့် သူ၏မိန်းမများက သူ့ကို အာရုံစိုက်ကြည့်နေသည်ကို သတိထားမိလိုက်သည်။
ထို့နောက် ချူးယုချင်က ပြောလိုက်သည်။
“ချန်းလေး။ စာကြည့်ခန်းက ညဘက်မှာ အတော်အေးတယ်။ အလုပ်ကိစ္စမရှိရင် အိပ်ခန်းကို ပြန်သွားတာ ပိုကောင်းပါတယ်။ စာကြည့်ခန်းထဲမှာ တစ်ညလုံးနေရင် အအေးဒဏ် ခံရပြီး မင်းရဲ့ကျင့်စဉ်ကို ထိခိုက်စေနိုင်တယ်။”
လုချန်းက ပြုံးပြီး ပြန်လည်ပြောလိုက်သည်။
“ဒေါ်လေးချူး ပြောတာမှန်ပါတယ်။ နောက်ဆို သတိထားပါ့မယ်။”
.......
အခန်း (၂၅၅)
မြောက်ပိုင်းနယ်စားမင်းသားက မနေသင့်တော့ဘူး (၂)
ထိုအချိန်တွင်။
ချူးချင်လီ၏ အခန်းထဲတွင်။
ချူးချင်လီသည် ရေချိုးကန်ထဲတွင် ထိုင်နေပြီး သူမ၏ခန္ဓာကိုယ်ကို ထပ်ခါထပ်ခါ ပွတ်တိုက်နေသည်။
မနေ့ညက ဖြစ်ပျက်ခဲ့သည့်အရာကို တစ်ကြိမ်စဉ်းစားလိုက်တိုင်း သူမ၏ နုနယ်သောခန္ဓာကိုယ်သည် မထိန်းချုပ်နိုင်ပဲ တုန်ယင်သွားသည်။
အမှန်တကယ်ပင် သူမသည် ထိုကဲ့သို့ ရှက်ဖွယ်ကောင်းသော အသံများကို ထွက်ခဲ့ပြီး လုချန်းကို သူမကိုယ်တိုင်က ဖက်ထားခဲ့သည်။ သူမ ထိုကဲ့သို့ ပြုမူခဲ့တာလား။
ထိုအရာအားလုံးသည် လဲလှယ်မှုတစ်ခုသာဖြစ်သော်လည်း သူမသည် အမှန်တကယ် ပျော်ရွှင်မှုကို ခံစားခဲ့ရသည်။
...
ချူးချင်လီ သူမ၏ကိုယ်သူမ ခွင့်လွှတ်နိုင်ခြင်းမရှိပါ။
ထိုအချိန်တွင် ချူးချင်လီ၏ မျက်ခုံးများ မြင့်တက်လာသည်။ တစ်စုံတစ်ခုကို သတိပြုမိသကဲ့သို့ဖြစ်သွားသည်။
စိတ်ပြုစားခြင်း။ စိတ်ပြုစားခြင်းပင် ဖြစ်ရမည်။
စိတ်ပြုစားခြင်းမဟုတ်ပါက သူမသည် ဤမျှရှက်ဖွယ်ကောင်းသော မိန်းမတစ်ယောက် ဖြစ်လာနိုင်မည်မဟုတ်ပါ။
လုချန်းက သူမ၏စိတ်ကို ပြုစားခဲ့ခြင်း ဖြစ်ရမည်။
ထိုမိစ္ဆာကောင်သည် အမြဲတမ်း ယုတ်ညံ့သော နည်းလမ်းများကို အသုံးပြုနေသည်။
မကြာမီ သူမ သူ့ကိုလက်စားချေရမည်။
...
သူမသည် လက်ရှိတွင် သူနှင့် မယှဉ်နိုင်သော်လည်း အနာဂတ်တွင်တော့ မသေချာပါ။ သူမစွမ်းအားကြီးလာအောင် ကြိုးစားအားထုတ်ပြီး တစ်နေ့တွင် လုချန်းကို ကြီးမားသော ပြစ်ဒဏ်ပေးရမည်။
ထိုအတွေးက ချူးချင်လီ၏စိတ်ကို ပိုမိုသက်သာရာ ရလာစေသည်။
သူမ၏ သန့်စင်မှုကို ဆုံးရှုံးခဲ့ရသော်လည်း ထိုအရာအားလုံးသည် သူမ၏အစ်မအတွက် ဖြစ်သည်။
လုချန်းကို နောက်ထပ် ကိုးဆယ့်ကိုးကြိမ် လုပ်ဆောင်ပေးပါက သူမအစ်မ၏ လွတ်လပ်မှုကို ပြန်လည်ရယူ ပေးနိုင်မည်ဖြစ်သည်။
သူမ လုချန်းကို တစ်နေ့တစ်ကြိမ် လုပ်ဆောင်ပေးပါက သုံးလအတွင်းတွင် သူမ၏ အစ်မ သည် လုချန်း၏ စိတ်ပြုစားခံရခြင်းမှ လွတ် မြောက်နိုင်မည်ဖြစ်သည်။
သုံးလသာကြာမည်ဖြစ်သည်။ သူမသည် အံကြိတ်၍ ကျော်ဖြတ်ရမည်။
သူမအစ်မ လွတ်လပ်မှု ပြန်လည်ရရှိမည့် အကြောင်းကို တွေးကြည့်ပါက သူမအခု လုပ်ဆောင်နေသည့် အရာအားလုံးက တန်ဖိုးရှိသည်ဟု ချူးချင်လီ ခံစားရသည်။
လုချန်းနှင့် အတူအိပ်တာက ဘာဖြစ်လဲ။ သူမလက်မခံနိုင်သည့် အရာမရှိပါ။ သူမ၏ခန္ဓာကိုယ်က ထူးဆန်းသော ခံစားချက်များ ရသော်လည်း နာကျင်မှုကို မခံစားရပါ။
ထို့အပြင် လုချန်းထံမှ ထွက်ခွာသည်နှင့် သူမ၏စွမ်းရည်များ ပြန်လည်ရရှိသည်ကို တွေ့ရှိခဲ့သည်။သူမ၏ သန့်စင်မှုကို ဆုံးရှုံးခဲ့ရသော်လည်း အခြားဆုံးရှုံးမှုများ မရှိသလောက်ဖြစ်သည်ဟု ချူးချင်လီ တွေးလိုက်သည်။
ထိုအတွေးများဖြင့် ချူးချင်လီ ခပ်တိုးတိုး ရေရွတ်လိုက်သည်
“နောက်ထပ် ကိုးဆယ့်ကိုးကြိမ်။ အစ်မ နင့်ကိုငါ အမြန်ဆုံး လွတ်မြောက်အောင် လုပ်ပေးမယ်။”
မြောက်ပိုင်းမြို့တော်ရှိ ပြုပြင်ပြောင်းလဲရေးများ သတင်းများသည် နေပြည်တော်သို့ မြန်မြန်ဆန်ဆန် ပျံ့နှံ့သွားသည်။
လုချန်းသည် အပိုင်စားနယ်အတွင်းရှိ မြေယာပိုင်ဆိုင်မှု အခွင့်အရေးများကို မင်းသားတစ်ဦးတည်း၏ ပိုင်ဆိုင်မှုဖြစ်ကြောင်း ဥပဒေဖြင့် သတ်မှတ်သည့် ပထမဆုံးမင်းသားဖြစ်သည်။
မြေယာကိစ္စသည် ထိလွယ်ရှလွယ်သော အကြောင်းအရာဖြစ်သည်။ သူက မြေယာပိုင်ဆိုင်မှုအခွင့်အရေးကို ထိလိုက်သည်နှင့် ထိုသတင်းက လူတိုင်းကို သတိပြုမိသွား စေသည်။
ကျောက်တုံးတစ်တုံး ရေထဲသို့ ပစ်ချလိုက်ပါ လှိုင်းဂယက်ထောင်ပေါင်းများစွာ ဖြစ်ပေါ်တတ်သလိုပင် ထိုသတင်း နေပြည်တော်သို့ ရောက်ရှိသောအခါ ဝူနိုင်ငံတော်နှင့် ရှနိုင်ငံတော်တို့၏ စစ်ပွဲနှင့်ပတ်သက်သော စကားများ လျော့နည်းသွားပြီး သာမန်လူများအကြား အပြောများသောကိစ္စသည် မြောက်ပိုင်းမြို့တော်ရှိ ပြုပြင်ပြောင်းလဲရေးများအကြောင်း ဖြစ်လာသည်။
ယနေ့တွင် အာဏာရှိမိသားစုများမှ ကိုယ်စားလှယ်များစွာ လုရှုယွမ်၏ နေအိမ်တွင် ရောက်ရှိနေကြသည်။ ထိုသူများထဲတွင် ချူးမိသားစုမှ အရှက်မဲ့သော ချူးဟုန်ဖေးလည်း ပါဝင်သည်။ ဤအကြိမ်တွင် သူသည် ချူးမိသားစုတစ်ခုလုံးကို ကိုယ်စားပြုနေသည်။
ချူးရှုံသည် မိသားစုခေါင်းဆောင်ရာထူးကို ဆုံးရှုံးခဲ့ရသော်လည်း ချူးဟုန်ဖေးသည် ချူးမိသားစုအတွင်း၌ ယခင်နှင့် သိပ်မကွာခြားသော ရာထူးကို ဆက်လက်ထိန်းသိမ်းထားသည်။
ဤအကြိမ်တွင် သူတို့သည် မင်းသား လုရှုယွမ်၏ နေအိမ်တွင် စုဝေးကြပြီး ဝူနိုင်ငံတော်နှင့် ရှနိုင်ငံတော်တို့၏ စစ်ပွဲနှင့်ပတ်သက်၍ အဓိကထားပြီး ဆွေးနွေးကြသည်။
ယခု ဆွမ်ဧကရာဇ်သည် လျှော့ပေါ့ညှိနှိုင်းမှုများကို စဉ်းစားနေပြီဖြစ်သည်။ စစ်ပွဲသည် အဆုံးသတ်ခါနီးပြီဖြစ်သည်။ ယခုအချိန်သည် အခြေအနေများစွာကို ဆွေးနွေးရန် အချိန်ဖြစ်သည်။
ပထမဦးစွာ ဝူနိုင်ငံတော်နှင့် စစ်ပွဲကို အဆုံးသတ်ရန် ချူးမိသားစု၏ အကြားဝင်ဖြန်ဖြေမှုကို လိုအပ်ပြီး ရှနိုင်ငံတော်သည်လည်း ကြီးမားသော တန်ဖိုးတစ်ခုကို ပေးရမည်ဖြစ်သည်။
အကယ်၍ ဝူနိုင်ငံတော်က စစ်ပွဲကို အဆုံးသတ်ရန် သဘောတူပါက အာဏာရှိမိသားစုနှင့် ဆွမ်ဧကရာဇ်တို့အကြား အပေးအယူပြုလုပ်မည့် ဖြစ်စဉ်တစ်ခု ဖြစ်ပေါ်လာမည်ဖြစ်သည်။ ဤအကြိမ်တွင် အာဏာရှိမိသားစုများက စစ်ပွဲကို စတင်ခဲ့သည်မှာ သိသာထင်ရှားပြီး အကယ်၍ ဆွမ်ဧကရာဇ် အနေနှင့် ဤစစ်ပွဲအဆုံးသတ်လိုပါက ရိုးသားမှုအချို့ ပြသရမည်ဖြစ်သည်။
ယခု ချူးဟုန်ဖေး မာန်တက်နေပြီဖြစ်သည်။ သူ၏ဖခင် မိသားစုခေါင်းဆောင်ဖြစ်စဉ်က သူ့အား တာဝန်များစွာ မပေးခဲ့ပါ။ သို့သော် ယခု သူ၏ဖခင်ရာထူးမှ ဖယ်ရှားခံရပြီးနောက် အရင်မိသားစုခေါင်းဆောင်၏သားဖြစ်သည့်အတွက် သူပိုမိုတန်ဖိုးထားခံနေရသည်။
ဤအကြိမ်တွင် သူသည် ချူးမိသားစုတစ်ခုလုံးကို ကိုယ်စားပြုနေရပြီဖြစ်သည်။ အကယ်၍ သူတို့က သူ့ကို တန်ဖိုးမထားပါကသူ့ကို စေလွှတ်မည် မဟုတ်ပါ။
ယခင်က သူ၏ဖခင်က သူ့ကို အပျော်အပါးမက်ပြီး အသိပညာကင်းမဲ့သူဟု ဝေဖန်လေ့ရှိ၏။ ထို့ကြောင့် သူ့ကို မိသားစု၏ အဓိကကိစ္စများတွင် ပါဝင်ခွင့်မပေးခဲ့ပါ။ ထိုအရာက သူ့အား မကျေနပ် ဖြစ်စေခဲ့သည်။
အဘယ်ကြောင့်ဆိုသော် သူသည် မိသားစုခေါင်းဆောင်၏ သားဖြစ်သော်လည်း ချူးမိသားစုမှ အခြားသူများထက် အာဏာနည်းနေခဲ့သောကြောင်ဖြစ်သည်။
ယခုတော့ အရာရာ ကွဲပြားသွားပြီဖြစ်သည်။ သူ၏ဖခင်သည် ရာထူးမှ နုတ်ထွက်ပြီးနောက် သူသည် ချူးမိသားစု၏ အဓိကကိစ္စများတွင် လက်တွေ့ပါဝင်လာခဲ့သည်။
ယခု ချူးမိသားစုက သူ့ကို အလွန်တန်ဖိုးထားကြောင်း သိသာထင်ရှားပြီး နောက်တွင် မိသားစုခေါင်းဆောင်ဖြစ်လာနိုင်သည့် အလားအလာကို တွေးကြည့်ရုံဖြင့် ချူးဟုန်ဖေး၏ ရင်ထဲတွင် ကြီးမားသော စိတ်လှုပ်ရှားမှုများ ဖြစ်ပေါ်လာသည်။
မင်းသား လုရှုယွမ်နှင့် သူ၏ဆက်ဆံရေးကို ပိုမိုခိုင်မာစေလိုသည့်အတွက် ချူးဟုန်ဖေးက စတင်အကြံပြုလိုက်သည်။
“မင်းသား။ ဒါက မင်းသားအတွက် အခွင့်အရေးကောင်းတစ်ခုလို့ ကျွန်တော်ထင်ပါတယ်။ အခုဆို ဧကရာဇ်က အလျှော့ပေးပြီး ညှိနှိုင်းမှုတွေလုပ်ဖို့ လက္ခဏာတွေ ပြလာပြီ။ တောင်ပိုင်းအာဏာရှိမိသားစုတွေက ဧကရာဇ်ကို ပိုပြီးတွန်းအားပေးပြီး မင်းသားကို အိမ်ရှေ့စံ အရိုက်အရာကို ပေးဖို့ ဖိအားပေးသင့်တယ်။”
“မင်းသားသာ အိမ်ရှေ့စံ ဖြစ်ပြီဆိုရင် မင်းသားမှာ ပိုကြီးမားတဲ့ အာဏာတွေ ရှိလာမယ်။ တခြားမင်းသားတွေလည်း မင်းသားကို ယှဉ်နိုင်တော့မှာ မဟုတ်ဘူး။”
ချူးဟုန်ဖေး၏စကားကို ကြားပြီးနောက် လုရှုယွမ်က ပြုံးလိုက်ပြီး
“ချူးအစ်ကိုရဲ့အကြံဉာဏ်က နားထောင်လို့ ကောင်းပေမဲ့ အိမ်ရှေ့စံ အရိုက်အရာဆိုတာ အမြဲတမ်း ကောင်းနိုင်တဲ့ အရာမဟုတ်ဘူး။ အထူးသဖြင့် ဒီအချိန်မှာဆိုရင်ပေါ့။”
လုရှုယွမ်သည်လည်း အိမ်ရှေ့စံ အရိုက်အရာကို လိုချင်သည်။ သို့သော် သူ၏ဖခင် ဧကရာဇ်ကို အိမ်ရှေ့စံ အရိုက်အရာပေးရန် ဖိအားပေးပါက သူသည် သူ၏ဖခင်နှင့်သာမက သူ၏ညီအစ်ကိုများနှင့်လည်း ရင်ဆိုင်ရမည်ဖြစ်သည်။
ထိုအခါ အိမ်ရှေ့စံ နေရာက ပူလောင်သော နေရာတစ်ခု ဖြစ်လာမည်ဖြစ်၏။ ထိုနေရာကို သူခိုင်ခိုင်မာမာ ရယူထိမ်းသိမ်းနိုင်မည်မဟုတ်ဟု လုရှုယွမ်း သံသယရှိသည်။
ဝမ်မိသားစုကို ကိုယ်စားပြုသော ဝမ်ယုံက ဝင်ပြောလိုက်သည်။
“မင်းသား မှန်ပါတယ်။ ဒီအချိန်ဟာ ဧကရာဇ်နှင့် အိမ်ရှေ့စံ အရိုက်အရာအကြောင်း ဆွေးနွေးဖို့ လုံးဝမသင့်တော်တဲ့ အချိန်ပါ။ အကယ်၍ ဧကရာဇ်က မင်းသားကို အိမ်ရှေ့စံ အရိုက်အရာပေးလိုက်မယ်ဆိုရင် ကျွန်တော်တို့ တောင်ပိုင်းအာဏာရှိမိသားစုမ တွေက ဝူနိုင်ငံတော်နှင့် ရှနိုင်ငံတော်တို့အကြား ပဋိပက္ခကို စတင်ခဲ့တယ်လို့ လူတိုင်းကို ပြောပြနေသလို ဖြစ်သွားပါလိမ့်မယ်။ ဒါ့ကြောင့် ဧကရာဇ်က ကျွန်တော်တို့ကို အလျှော့ ပေးပြီး မင်းသားကို အိမ်ရှေ့စံ အရိုက်အရာပေးရတဲ့ပုံ ပေါ်လွင်သွားပါလိမ့်မယ်။
စစ်ရေးဝန်ကြီးဌာန၏ လက်ထောက်ဝန်ကြီး ဝမ်ချန်ရှိုက ပြုံး၍ပြောလိုက်သည်။
“ဒီက လုံးဝဖြစ်နိုင်တာတော့ မဟုတ်ပါဘူး။”
ထိုစကားကို ကြားပြီးနောက် လူအားလုံးက ဝမ်ချန်ရှိုဆီသို့ လှည့်ကြည့်လိုက်သည်။ ဝမ်ယုံက မေးလိုက်သည်။
“ မင်းရဲ့အတွေးက ဘာလဲ ညီအစ်ကိုတော်။”
ဝမ်ချန်ရှိုက ပြောလိုက်သည်။
“လက်ရှိအချိန် မင်းသားဆီမှာ ထင်ရှားတဲ့အောင်မြင်မှုတွေ မရှိသေးပါဘူး။ အကယ်၍ ရုတ်တရက် သူ အိမ်ရှေ့စံ ဖြစ်လာမယ်ဆိုရင် လူတွေကြားထဲ မကျေနပ်မှုတွေ ဖြစ်စေမှာ သေချာပါတယ်။”
“ဒါပေမဲ့ ဝူနိုင်ငံတော်နှင့် ရှနိုင်ငံတော်ကြားက ပဋိပက္ခက မပြီးသေးပါဘူး။ အကယ်၍ မင်းသားသာ ဒီစစ်ပွဲမှာ ထင်ရှားတဲ့ စွမ်းဆောင်မှုတွေ ပြုလုပ်နိုင်မယ်ဆိုရင် မင်းသားကို အိမ်ရှေ့စံနေရာပေးတာက မျှတသွားမှာပါ။”
ဝမ်ချန်ရှို ပြောသောအချက်ကို အားလုံးချက်ချင်း နားလည်သွားကြသည်။
တကယ်တော့ စစ်ပွဲက မပြီးဆုံးသေးပါ။ မင်းသား လုရှုယွမ်တွင် စစ်ဘက်ဆိုင်ရာ ဂုဏ်ထူးဆောင်မှုများ ရယူနိုင်သည့် အခွင့်အရေး ရှိနေသေးသည်။
အကယ်၍ မင်းသား လုရှုယွမ်သည် ဝူနိုင်ငံတော်နှင့် ရှနိုင်ငံတော်တို့အကြား စစ်ပွဲ၏ အနေအထားကို ပြောင်းလဲပေးနိုင်သူဖြစ်လာပါက ထိုအရာသည် ကြီးမားသော စွမ်းဆောင်မှုဖြစ်လာမည်ဖြစ်ပြီး နန်းတွင်းရှိ အခြားအင်အားစုများကို နှုတ်ဆိတ်စေကာ သူ့ကို အိမ်ရှေ့စံအဖြစ် အဆိုပြုလာနိုင်မည်ဖြစ်သည်။
ယခု ဆွမ်ဧကရာဇ်သည် တောင်ပိုင်းအာဏာရှိမိသားစုများနှင့် လျှော့ပေါ့ညှိနှိုင်းရန် အဆင်သင့်ဖြစ်နေပြီဖြစ်သည်။ သူတို့က မင်းသား လုရှုယွမ်ကို ရှေ့တန်းသို့ စေလွှတ်ရန် အဆိုပြုပါက ဧကရာဇ်သည် သူတို့၏ ရည်ရွယ်ချက်ကို နားလည်ပြီး တောင်းဆိုချက်ကို မလွဲမသွေ လက်ခံမည်ဖြစ်သည်။
ဝမ်ချန်ရှို၏စကားကို ကြားပြီးနောက် လုရှုယွမ်လည်း စိတ်လှုပ်ရှားမှုတစ်ခုကို ခံစားလိုက်ရသည်။ သူကိုယ်တိုင်ပင် ဤအရာကို မစဉ်းစားမိခဲ့ပါ။
အကယ်၍ သူသည် နှစ်နိုင်ငံကြား ပဋိပက္ခ၏ အခြေအနေကို ပြောင်းလဲပေးနိုင်သူဖြစ်လာပါက သူ၏ အိမ်ရှေ့စံ ဖြစ်လာရန် လမ်းကြောင်းသည် သဘာဝအတိုင်း ပွင့်လာမည်ဖြစ်သည်။
သူကြာမြင့်စွာ လိုချင်နေသော ထိုနေရာကို တွေးကြည့်ရုံဖြင့် လုရှုယွမ် စိတ်လှုပ်ရှားလာသည်။
ထိုအချိန်တွင်။
လုရှုယွမ်၏ လူယုံလက်ထောက်တစ်ဦးက သူ့ထံသို့ ချဉ်းကပ်လာပြီး သူ၏နားနားကပ်၍ တီးတိုးပြောလိုက်၏။ ထို့နောက် ထောက်လှမ်းရေးသတင်းတစ်ခုကို သူ့လက်ထဲသို့ ထည့်ပေးလိုက်သည်။
လုရှုယွမ်က ထောက်လှမ်းရေး အစီရင်ခံစာကို ဖွင့်လိုက်ပြီး အတွင်းမှ အကြောင်းအရာများကို ဖတ်ကြည့်လိုက်သည်။ ထိုစဉ် သူ၏မျက်နှာအမူယာသည် စူးစမ်းလိုစိတ်မှ တစ်ဆင့် မျက်ခုံးများ ကျုံ့သွားပြီး အပြုံးရိပ်တစ်ခု ပေါ်ထွက်လာသည်။ ထို့နောက် သူက အစီရင်ခံစာကို သူ့ဘေးမှာ ရပ်နေသောဝမ်ယုံ့ထံသို့ လွှဲပေးလိုက်သည်။
လုရှုယွမ်ကို ဒီလောက်ပျော်ရွှင်စေတဲ့ ထောက်လှမ်းရေးအချက်အလက်က ဘာလဲဆိုတာ ဝမ်ယုံလည်း စိတ်ဝင်စားနေသည်။ အစီရင်ခံစာကို ဖွင့်ကြည့်လိုက်သော မြောက်ပိုင်းမြို့တော်၏ ပြုပြင်ပြောင်းလဲရေးပြဿနာတွေနဲ့ ပတ်သက်နေတာကို တွေ့လိုက်ရသည်။
ဖတ်ကြည့်ပြီးနောက် ဝမ်ယုံက ပြက်ရယ်ပြုသလို ပြောလိုက်၏။
“ကောင်းကင်အောက်ကမြေတိုင်းဟာ ဘုရင့်မြေ။ နယ်မြေအစွန်းအထိ လူတွေဟာ ဘုရင့်လက်အောက်ခံတွေတဲ့။ မြောက်ပိုင်းမင်းသားက တကယ် အတင့်ရဲလွန်းတယ်။ သူတတ်နိုင်တာထက်ပိုပြီး မျိုချမိရင် သူ့ဘဝပျက်သွားမှာကို မကြောက်ဘူးလား မသိဘူး။”
ထိုသို့ပြောပြီးနောက် ဝမ်ယုံက အစီရင်ခံစာကို ခန်းမထဲက အခြားသူများထံ လွှဲပေးလိုက်သည်။
ခန်းမထဲက လူအားလုံးသည် အာဏာရှိမိသားစုများမှ ဖြစ်ကြပြီး မြောက်ပိုင်းမင်းသား၏ မြေပိုင်ဆိုင်မှုအခွင့်အရေးအားလုံး ပြန်လည်ရယူရန် ရည်ရွယ်ချက်ကို သိရှိသည့်အခါ သူတို့၏မျက်နှာများတွင် မနှစ်မြို့သည့် အရိပ်လက္ခဏာများ ထွက်ပေါ်လာကြသည်။
ဒါက မြေပိုင်ဆိုင်မှုကို ပြန်လည်ရယူရုံသာမဟုတ်ပါ။ သူတို့ အာဏာရှိမိသားစုများ၏ အသက်များကို ခြိမ်းခြောက်နေခြင်းဖြစ်သည်။
ချူးဟုန်ဖေးသည် နိုင်ငံရေးကို သိပ်နားမလည်သော်လည်း အစီရင်ခံစာထဲတွင် ဖော်ပြထားသည့် မြောက်ပိုင်းမြို့တော်၏ ပြုပြင်ပြောင်းလဲရေးများကို မြင်လိုက်ရသည့်အခါ
“မြောက်ပိုင်းနယ်စားမင်းသားက သေခြင်းတရားကို ဖိတ်ခေါ်နေတာပဲ။ မြေပိုင်ဆိုင်မှုကို ပြန်လည်ရယူဖို့အထိ အတင့်ရဲနေတယ်”
ဟု မနေနိုင်တော့ပဲ ပြောလိုက်သည်။
ထိုအချိန်တွင် ဝမ်ယုံက ထပ်ပြောလိုက်သည်။
“မင်းသား။ မြောက်ပိုင်းနယ်စားမင်းသားကို အသက်ရှင်ခွင့် မပေးသင့်ပါဘူး။ အကယ်၍ ဒီဥပမာ ရှိသွားရင် အာဏာရှိမိသားစုတွေအတွက် ကြီးမားတဲ့ ဘေးအန္တရာယ်ဖြစ်လာမှာပါ။”
မြောက်ပိုင်းမင်းသား၏ ပြုပြင်ပြောင်းလဲရေးများသည် သူ၏နယ်မြေတွင်သာ ကန့်သတ်ထား၏။ မြောက်ပိုင်းပြည်နယ်၏ မူဝါဒများသည် ရှနိုင်ငံတော်၏ အခြားနေရာများကို ချက်ချင်းသက်ရောက်မှုမရှိနိုင်သော်လည်း ဒါက မီးစတစ်ခုလိုဖြစ် နေသည်။ ထိုမီးစသာ ပြန့်နှံ့သွားပါက အာဏာရှိမိသားစုများအတွက် ကြီးမားသော ဘေးအန္တရာယ်ဖြစ်စေနိုင်သည်။
အာဏာရှိမိသားစုများမှ လူအားလုံးတွင် လုချန်းကို သတ်ပစ်လိုသည့် ဆန္ဒများ တစ်ပြိုင်နက်တည်း ဖြစ်ပေါ်လာကြသည်။
မြေပိုင်ဆိုင်မှုအခွင့်အရေးကို ထိပါးသူမည်သူမဆို သေရမည်။
........