← Chapters

အခန်း ၂၆၂-၂၆၄

Vol. 18 Ch. 262-264

အခန်း ၂၆၂-၂၆၄

Vol. 18 Ch. 262-264

အခန်း (၂၆၂)

သူစိတ်ဝင်စားတဲ့ ဒီလူငယ်လေးက ဘာလုပ်ချင်တာလဲဆိုတာ ကြည့်ရအောင် ( ၃ )

ထို့ကြောင့် ထိုမြင်းတပ်တွေ ဘယ်ရောက်နေတယ်ဆိုတာကို မသိရပါ။

ထိုအချိန်တွင် အခြားအစေခံတစ်ဦး ခန်းမထဲသို့ ဝင်လာသည်

“မင်းသမီးကျန်းဝမ်ကို ဂါရဝပြုပါတယ်။”

ဝူကျန်းဝမ်က မမေးမြန်းမီ အစေခံက တက်တက်ကြွကြွ ပြောလိုက်သည်။

“မင်းသမီးကျန်းဝမ်။ ယွဲ့ဧကရာဇ်က မင်းသမီးကို ကျူးနိုင်ငံတော်ကို လာလည်ဖို့ ဖိတ်ကြားထားတဲ့ စာတစ်ဆောင် ပို့လိုက်ပါတယ်။”

ထိုစကားကို ကြားလိုက်ရသောအခါ ဝူကျန်းဝမ်သည် အနည်းငယ်ပြုံးလိုက်သည်။ သူမ၏ ချစ်ရသော အစ်မကို မတွေ့ရတာ ကြာပြီဖြစ်သည်။ ကျူးနိုင်ငံတော်သည် မြောက်ပိုင်းပြည်နယ်နှင့် အတော်လေး နီးကပ်သောကြောင့် အခြေအနေ အလျဉ်းသင့်ပါက ကျူးနိုင်ငံတော်သို့ သွားရောက်လည်ပတ်ရင်း မြောက်ပိုင်းပြည်နယ်ကိုပါ သွားရောက်ပြီး ထိုစိတ်ဝင်စားဖွယ်ကောင်းသော လူငယ်လေးက ဘာတွေလုပ်နေသလဲဆိုတာ ကြည့်ရှုနိုင်သည်။

အချိန်တစ်လသည် အလျင်အမြန် ကုန်လွန်သွားခဲ့ပြီး ဝူနိုင်ငံတော်နှင့် ရှနိုင်ငံတော်ကြား စစ်ပွဲသည် အဆုံးသတ်ခါနီးပြီဖြစ်သည်။

နှစ်ဖက်စလုံးသည် ဆီဝူခရိုင်တွင် တစ်လကြာ တိုက်ခိုက်ခဲ့ပြီး နှစ်ဖက်စလုံးမှ စစ်သား သိန်းနှင့်ချီ ကျဆုံးခဲ့သည်။

ဆီဝူခရိုင်တွင် မင်းသားလုရှုယွမ်သည် အလွန်ကောင်းမွန်စွာ စွမ်းဆောင်နိုင်ခဲ့သည်။ သူသည် မြင်းတပ်သား ငါးထောင်ကို ဦးဆောင်ပြီး ဝူနိုင်ငံတော်၏ စစ်တပ်တစ်သိန်းကျော်ကို နောက်မှ ဝင်ရောက်တိုက်ခိုက်ခဲ့သည်။ ရှစစ်တပ်များ၏ အကူအညီဖြင့် မင်းသားလုရှုယွမ်သည် သူ၏စစ်သားများကို ဦးဆောင်ပြီး ဝူနိုင်ငံတော်၏ အလုံးစုံထိုးစစ်ကို ချေမှုန်းခဲ့သည်။

ထို့ပြင် မင်းသားလုရှုယွမ်သည် စစ်သည် သောင်းဂဏန်းနှင့်အတူ ဆီဝူခရိုင်အတွင်းသို့ ဝင်ရောက်လာသော ဝူစစ်သည်အားလုံးကို ထိုဒေသမှ မောင်းထုတ်နိုင်ခဲ့ပြီး ဝူနိုင်ငံတော်၏ စစ်ရေးရည်မှန်းချက်များကို ချေမှုန်းခဲ့သည်။ ဝူနိုင်ငံတော်သည် ထင်သလို မတိုက်ခိုက်ရဲ ဖြစ်လာပြီး နောက်ဆုံးတွင် ရှနိုင်ငံတော်၏ အဆိုပြုချက်များကို လက်ခံခဲ့ရသည်။ ဝန်ကြီးချုပ် ချိုင်ကျိလျှံကိုယ်တိုင်ကို ရှနိုင်ငံတော်သို့ သံတမန်အဖြစ် စေလွှတ်ခဲ့သည်။

တကယ်တော့ အထက်ပါ အရာအားလုံးသည် ရှနိုင်ငံတော်ရှိ လူများက လုပ်ကြံဖန်တီးထားခြင်းဖြစ်သည်။ တကယ့်အခြေအနေက ဘယ်လိုလဲဆိုတာကို နှစ်ဖက်စလုံးရှိ အရာရှိကြီးများက ကောင်းစွာသိရှိကြသည်။

ရှနိုင်ငံတော်သည် ဝူနိုင်ငံတော်၏ တိုက်ခိုက်မှုကို တွန်းလှန်နိုင်ခဲ့သည်ဟု ထင်ရသော်လည်း တကယ်တမ်းတွင် နှစ်နိုင်ငံ၏ အထက်တန်းလွှာများသည် သဘောတူညီချက်အချို့ကို ရရယူခဲ့ပြီး ဝူနိုင်ငံတော်ဘက်မှ သူ၏စစ်သည်များကို ဆီဝူခရိုင်မှ ရုပ်သိမ်းပေးသွားခြင်းသာ ဖြစ်သည်။ ဤစစ်ပွဲတွင် အလွန်အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ခဲ့သည့် ချူးမိသားစုသည် ငြိမ်းချမ်းရေး စာချုပ်ကို ညှိနှိုင်းရာတွင် အဓိက နေရာမှ ဦးဆောင်ခဲ့သည်။

ရှနိုင်ငံတော်။

နေပြည်တော်။

အိမ်ပြန်လမ်းတွင် လင်ရှုမင်သည် အိမ်ရှေ့စံရာထူး ခန့်အပ်ခြင်းနှင့် ပတ်သက်၍ လူများ ဆွေးနွေးနေသည်ကို မကြာခဏ ကြားလာရသည်။

သူသည် မကြာသေးမီက ဆီဝူခရိုင်တွင် ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်များကို သိရှိပြီး အိပ်မက်ထဲက အဖြစ်အပျက်များလို ခံစားရကာ ဆွမ်ဧကရာဇ်၏ သားတော်များက ဒီလောက်တောင် ထက်မြက်ကြသလား စိတ်ထဲတွင် တွေးမိသည် ။

စစ်ပွဲများတွင် တစ်ခါမှ မတိုက်ခိုက်ဖူးသော မင်းသားများသည် စစ်မြေပြင်ပေါ်ရောက်သောအခါ ဤမျှ ရဲရင့်လာကြလား။

မြောက်ပိုင်းနယ်စားမင်းသား။

ပြီးတော့ နံပါတ်ရှစ် မင်းသား။

လင်အိမ်တော်သို့ ပြန်ရောက်သောအခါ အစေခံများသည် ချက်ချင်းပင် လင်ကောင်းယွမ်ထံသို့ ပြေးသွားကာ

“သခင်ကြီး။ သခင်‌လေး ‌‌ပြန်ရောက်ပါပြီ။” ဟု လျှောက်ထားကြသည်။

အစေခံ၏ အသံကို ကြားလိုက်ရသည်နှင့် လင်ကောင်းယွမ် အခန်းထဲမှ ထွက်လာခဲ့သည်။

လင်ရှုမင်၏ ပင်ပန်းနွမ်းနယ်နေသော ပုံစံကို မြင်လိုက်သော်လည်း လင်ကောင်းယွမ်က မေးလိုက်သည်။

“ရှုမင်။ ငါမှာထားတဲ့ အလုပ်တွေကို ဘယ်လိုစီမံခဲ့လဲ။”

လင်ရှုမင်က သတိပြန်ဝင်လာပြီး ပြောလိုက်သည်။

“ဖခင်။ ကျွန်တော့်တို့ အခန်းထဲမှာ ပြောကြရအောင်။”

ထို့နောက် ဖခင်နှင့်သားသည် သီးသန့်အခန်းတစ်ခုထဲသို့ ဝင်သွားပြီး အစေခံများအားလုံးကို အခန်းမှ ဆယ်မီတာခန့် ခွာနေစေခဲ့သည်။

အခန်းထဲရောက်သောအခါ လင်ရှုမင်က ပြောလိုက်သည်။

“ဖခင်။ မြောက်ပိုင်းနယ်စားမင်းသားက မြောက်ပိုင်းပြည်နယ်မှာ အရာရာ ငြိမ်သက်သွားရင် ဝမ်ရွန်ကို လက်ထပ်မယ်လို့ ပြောပါတယ်။”

ထိုစကားကို ကြားလိုက်ရတော့ လင်ကောင်းယွမ် ချက်ချင်း ရယ်‌မောလိုက်သည်။

“ဒါဆို မြောက်ပိုင်းနယ်စားမင်းသားက ငါတို့ကို လက်ခံလိုက်ပြီထင်တယ်။”

ထိုအချိန်တွင် လင်ရှုမင်က ပြောလိုက်သည်။

“ဖခင်။ အပြန်လမ်းမှာ လမ်းပေါ်က လူတွေက အိမ်ရှေ့စံရာထူး ခန့်အပ်တဲ့အကြောင်း ပြောနေကြတာ ကြားရတယ်။ လုရှုယွမ်မင်းသားက တကယ်ပဲ အိမ်ရှေ့စံဖြစ်လာမှာလား။”

“ကျွန်‌တော်တို့ အခု မြောက်ပိုင်းနယ်စားမင်းသားဘက်မှာ နေရင် ကိုယ့်ဒုက္ခကိုယ်ရှာနေတာနဲ့ မတူဘူးလား။”

လင်ကောင်းယွမ်က နှာခေါင်းရှုံ့ကာ ပြောလိုက်သည်။

“သူ့ရဲ့ စစ်ရေးအောင်မြင်မှုရဲ့ သဘောသဘာဝကို နန်းတွင်းအရာရှိတွေက ကောင်းကောင်းနားလည်ထားကြတယ်။ သာမန်လူတွေကို လှည့်စားနိုင်ပေမဲ့ ဧကရာဇ်က လုရှုယွမ်မင်းသားကို အိမ်ရှေ့စံအဖြစ် ခန့်အပ်လိုက်ရင်တောင် သူ့ရာထူးက မတည်မြဲဘူး။”

လင်ရှုမင်က ပြောလိုက်သည်။

“ဖခင်။ မြောက်ပိုင်းနယ်စားမင်းသားနဲ့ စကားပြောရင်း သိရသလောက်ဆိုရင် သူက အိမ်ရှေ့စံရာထူးပြိုင်ပွဲမှာ ပါဝင်ဖို့ စိတ်မဝင်စားဘူးလို့ ထင်ရတယ်။ သူပိုပြီး စိတ်ဝင်စားနေတာက ဧကရာဇ်ရာထူးကို တိုက်ရိုက်ယူဖို့ပါ။ ဒါက ကျွန်တော်တို့ လင်မိသားစုအတွက် သတင်းကောင်းတော့ မဟုတ်ဘူး။”

ထိုစကားကို ကြားလိုက်ရသည်နှင့် လင်ကောင်းယွမ်က အေးဆေးစွာဖြင့် ပြောလိုက်သည်။

“ဧကရာဇ်က မြောက်ပိုင်းနယ်စားမင်းသားကို ဘယ်တုန်းကမှ သဘောမကျခဲ့ဘူး။ နန်းတွင်းမှာ အာဏာလည်း မရှိတော့ သူအတွက် အိမ်ရှေ့စံဖြစ်ဖို့က အစကတည်းက မဖြစ်နိုင်ဘူး။”

“ဒါကြောင့် မြောက်ပိုင်းနယ်စားမင်းသားအတွက် ကျန်တဲ့ နောက်ဆုံးရွေးချယ်စရာတစ်ခုကတော့ စစ်တပ်ကို စုစည်းပြီး တော်လှန်ရေးလုပ်ဖို့ပဲ။”

ဖခင်ဖြစ်သူ၏ စကားကို ကြားလိုက်ရသည်နှင့် လင်ရှုမင် အံ့အားသင့်သွားသည်။ သူ့ဖခင်က မြောက်ပိုင်းနယ်စားမင်းသား တော်လှန်ရေးလုပ်ဖို့ စီစဉ်နေတာကို အစကတည်းက သိထားတာပါလား။

လင်ရှုမင်က ချက်ချင်းပင် ပြောလိုက်သည်။

“ဖခင်။ မြောက်ပိုင်းနယ်စားမင်းသားဘက်ကနေရင် အန္တရာယ်များလွန်းတယ်လို့ မထင်ဘူးလား။”

လင်ကောင်းယွမ်က သူ၏မုတ်ဆိတ်ကို ပွတ်သပ်လိုက်ကာ ပြောလိုက်သည်။

“အန္တရာယ်များလွန်းတယ်လား။ ငါက‌တော့ အဲ့ဒီလို မထင်ဘူး။ မြောက်ပိုင်းနယ်စားမင်းသား အောင်မြင်တာပဲဖြစ်ဖြစ်၊ ကျရှုံးတာပဲဖြစ်ဖြစ် ငါတို့အတွက် အကျိုးကျေးဇူးပဲ ရှိမယ်။”

“မြောက်ပိုင်းနယ်စားမင်းသား အောင်မြင်ရင် ငါက ဧကရာဇ်ဘေးမှာ အရာရှိကြီးတစ်ယောက်အဖြစ် ရှိနေမှာပဲ။ သူရှုံးရင်လည်း ငါက ဧကရာဇ်ဘေးမှာ အရာရှိကြီးတစ်ယောက်အဖြစ် ရှိနေမှာပဲ။”

“ပြီးတော့ ဧကရာဇ်အကြောင်း ငါသိသလောက်ဆိုရင် ရှနိုင်ငံတော်ဟာ ကြာကြာမတည်ငြိမ်နိုင်ဘူး။ မဟုတ်ရင် မြောက်ပိုင်းနယ်စားမင်းသား ဒီလောက်ကြီး လှုပ်လှုပ်ရှားရှားလုပ်ပြီးတဲ့နောက် ငါကမင်းကို သူနဲ့ လျှို့ဝှက်တွေ့ဆုံခွင့် ပေးမှာမဟုတ်ဘူး။”

“ဧကရာဇ်က နှစ်နိုင်ငံစစ်ပွဲကို အဆုံးသတ်ဖို့ လိုက်လျောခဲ့တယ်လို့ ထင်ရပေမဲ့ အာဏာရှိမိသားစုတွေရဲ့ စစ်ပွဲကို လှုံ့ဆော်တဲ့ လုပ်ရပ်ဟာ ဧကရာဇ်ရဲ့ နောက်ဆုံးစိတ်သည်းခံနိုင်တဲ့ အတိုင်းအတာကို ကျော်လွန်သွားပြီ။”

ထိုစကားကို ပြောရင်း လင်ကောင်းယွမ် သက်ပြင်းရှည်တစ်ချက် ချလိုက်သည်။

“ဝူနိုင်ငံတော်နဲ့ ရှနိုင်ငံတော်ကြား ငြိမ်းချမ်းရေး ညှိနှိုင်းမှုမှာ ရှနိုင်ငံတော်က ခရိုင်သုံးခရိုင်စာလောက် အကျယ်အဝန်းကို စွန့်လွှတ်ရတော့မယ်။ တချိန်က ချန်နိုင်ငံတော်ပိုင်တဲ့ နယ်မြေတွေဟာ အခြေခံအားဖြင့် လက်လွှတ်လိုက်ရပြီ။ ငယ်ငယ်ကတည်းက နယ်မြေချဲ့ထွင်ဖို့ အိပ်မက်မက်ခဲ့တဲ့ ဧကရာဇ်တစ်ယောက်အနေနဲ့ သူတိုက်ခိုက်ရယူခဲ့တဲ့ နယ်မြေတွေကို လက်လွှတ်လိုက်ရတဲ့ကိစ္စက သူ့ကိုနောက်ထပ် သည်းမခံစေနိုင်တော့ဘူးလို့ ငါထင်တယ်။”

“အတည်ငြိမ်ဆုံး ဧကရာဇ်တွေတောင် မဆင်မခြင် ဒေါသထွက်တဲ့အချိန်တွေ ရှိတတ်တယ်။”

“ရှနိုင်ငံတော်ဟာ မကြာခင်မှာ ကစဉ့်ကလျား ဖြစ်တော့မယ်။”

အခန်း (၂၆၃ )

မြောက်ပိုင်းပြည်နယ်ရှိ အခွင့်အလမ်း

ဖခင်ဖြစ်သူ၏ စကားကို ကြားပြီးနောက် လင်ရှုမင်းသည် နားလည်သွားသလို ခံစားရသော်လည်း သေသေချာချာတော့ နားမလည်ခဲ့ပေ။

သူသည် စစ်ဗိုလ်ချုပ်တစ်ဦးသာ ဖြစ်ပြီး ပုံမှန်အားဖြင့် စစ်တပ်ကို လေ့ကျင့်ပေးရင်း အချိန်ကုန်လေ့ရှိပြီး နိုင်ငံရေးကိစ္စများတွင် ပါဝင်လေ့မရှိသောကြောင့် သူနားမလည်သည့် အရာများစွာရှိ‌နေ၏။ သို့သော် သူ့ဖခင်၏ ရွေးချယ်မှုသည် မှန်ကန်သည်ဟု လင်ရှုမင် ယုံကြည်သည်။ သူ၏ဖခင်သည် လင်မိသားစုကို မရေရာသော အန္တရာယ် တောထဲသို့ ဦးတည်စေလိမ့်မည် မဟုတ်ပေ။

လင်ရှုမင်က ဆက်ပြောလိုက်သည်။

“ဖခင်။ နောက်တစ်ခုရှိပါသေးတယ်။ ကျွန်တော်ထင်တာက မြောက်ပိုင်းပြည်နယ်ရဲ့ သံချပ်ကာမြင်းတပ်ဟာ ပျက်စီးသွားတာ က လုံးဝမဟုတ်ဘူး။”

“အဲဒီအစား မြောက်ပိုင်းနယ်စားမင်းသားက မြောက်ပိုင်းဖရီဘုရင်ကို ဖျက်ဆီးလိုက်တာ ဖြစ်နိုင်တယ်။”

ထိုစကားကို ကြားလိုက်ရသည်နှင့် လင်ကောင်းယွမ်က ရယ်မောကာ ပြောလိုက်သည်။

“ငါကတော့ အစကတည်းက မြောက်ပိုင်းပြည်နယ်ရဲ့ သံချပ်ကာမြင်းတပ် ပျက်စီးသွားတယ်ဆိုတာ မယုံခဲ့ဘူး။ အကယ်၍ မြောက်ပိုင်းပြည်နယ်ရဲ့ သံချပ်ကာမြင်းတပ် တကယ်ပဲ ပျက်စီးသွားခဲ့ရင် မြောက်ပိုင်းနယ်စားမင်းသားဟာ မြောက်ပိုင်းပြည်နယ်ကို ပြုပြင်ပြောင်းလဲဖို့ အခွင့်အရေးရမှာ မဟုတ်ဘူး။”

ထို့နောက် လင်ကောင်းယွမ်က လင်ရှုမင်ကို ကြည့်ကာ ပြောလိုက်သည်။

“မြောက်ပိုင်းပြည်နယ်မှာ မင်းမြင်ခဲ့တာတွေကို ပြောပြပါ။ ဘာကြောင့် သံချပ်ကာမြင်းတပ်ဟာ မပျက်စီးသေးဘူးလို့ သံသယဖြစ်ရတာလဲ။”

...

လင်ရှုမင်လည်း မြောက်ပိုင်းပြည်နယ်မှာ သူမြင်ခဲ့သမျှကို လင်ကောင်းယွမ်အား အသေးစိတ် ပြန်ပြောပြခဲ့သည်။ သူ့သားပြောသည်များကို နားထောင်ပြီးနောက် လင်ကောင်းယွမ် နက်နက်ရှိုင်းရှိုင်း တွေးတောသွားခဲ့သည်။

ခဏကြာပြီးနောက် လင်ကောင်းယွမ် သတိပြန်ဝင်လာကာ ပြောလိုက်သည်။

“မြောက်ပိုင်းနယ်စားမင်းသားရဲ့ ချဉ်းကပ်မှုဟာ ပြစ်ချက်ကင်းပါတယ်။ အခုဟာက အင်အားကိုဖုံးကွယ်ဖို့ တကယ့် အချိန်ကောင်းပဲ။ ထျန်းကောင်းမြို့မှာ မင်းမြင်ခဲ့တဲ့ လွင်ပြင်ဒေသမျိုးနွယ်စု မြင်းစီးသူရဲတွေဟာ တကယ့် လွင်ပြင်ဒေသမျိုးနွယ်စုတွေ ဖြစ်နိုင်ပေမဲ့ သူတို့ဟာ မြောက်ပိုင်းဖရီဘုရင်ရဲ့ မျိုးနွယ်စုကတော့ မဟုတ်ဘူး။ သူတို့ဟာ ကောင်းကင်ဝံပုလွေဘုရင် မျိုးနွယ်စုပဲ။”

“မြောက်ပိုင်းနယ်စားမင်းသားဟာ အ‌ခြေအနေကို မှုန်ဝါးစေပြီး မြောက်ပိုင်းဖရီဘုရင် ရှိနေသေးတယ်လို့ မင်းကို ယုံကြည်စေချင်တာ။”

နန်းတွင်းမှာ ဆယ်စုနှစ်များစွာ ကုန်ဆုံးခဲ့သော လိမ်မာပါးနပ်‌သည့် မြေခွေးအိုကြီးတစ်ကောင်ဖြစ်သည်နှင့်အညီ မြောက်ပိုင်းပြည်နယ်၏ တကယ့်အခြေအနေကို လင်ကောင်းယွမ် ချက်ချင်း နားလည်သွားခဲ့သည်။

ထိုစဉ် လင်ရှုမင်က

“ဖခင်။ အကယ်၍ ကျွန်တော်တို့တောင် မြောက်ပိုင်းပြည်နယ်ရဲ့ သံချပ်ကာမြင်းတပ်ရှိနေသေးတယ်ဆိုတာကို သိနိုင်ရင် အခြားသူတွေလည်း သိနိုင်မှာပါပဲ။”

“ဒီအချိန်မှာ မြောက်ပိုင်းပြည်နယ်ရဲ့ စစ်အင်အားကို ဖုံးကွယ်ထားရင် လူတွေက မြောက်ပိုင်းနယ်စားမင်းသားရဲ့ ရည်ရွယ်ချက်ကို သတိထားမိလာမှာလား။”

လင်ကောင်းယွမ်က အေးဆေးစွာဖြင့် ပြန်ပြောလိုက်သည်။

“သူတို့သတိထားမိလာရင်တောင် ဘာလုပ်နိုင်မှာလဲ။ ရှနိုင်ငံတော်အတွင်းမှာ မဖြေရှင်းရသေးတဲ့ ကိစ္စတွေ အများကြီးရှိနေတာကြောင့် ဆွမ်ဧကရာဇ်က သူ့အပေါ် အာရုံစိုက်မှာ မဟုတ်ဘူး။”

“ဟုတ်ပြီ။ လောလောဆယ်တော့ မင်း အိမ်မှာပဲနေပါ။ အလုပ်တာဝန်မရှိရင် အပြင်လူတွေနဲ့ မဆက်ဆံနဲ့။ အထူးသဖြင့် အာဏာရှိမိသားစုတွေနဲ့ မဆက်ဆံနဲ့။”

“မကြာသေးမီက သင်္ဘောကြီးတွေ အများအပြား တောင်ဘက်ကို ထွက်ခွာသွားတာ ငါသတိထားမိတယ်။ ငါထင်တာတော့ ဧကရာဇ်ဟာ အဆင်သင့်ဖြစ်နေပြီလို့ ထင်တယ်။”

လင်ကောင်းယွမ်၏ စကားကို ကြားလိုက်ရသည်နှင့် လင်ရှုမင်က စူးစမ်းလိုစိတ်ဖြင့်သမေးလိုက်သည်။

“ဘာအတွက် အဆင်သင့်ဖြစ်နေတာလဲ။”

လင်ကောင်းယွမ်က လင်ရှုမင်ကို ကြည့်လိုက်ပြီး ပြောလိုက်သည်။

“တောင်ပိုင်းအာဏာရှိမိသားစုတွေက ဒီစစ်ပွဲကို စတင်ခဲ့တာကြောင့် ဧကရာဇ်က နယ်မြေ တွေအများကြီး ဆုံးရှုံးခဲ့ရတယ်။ ဧကရာဇ်က ဒါကို သည်းခံပြီး ဘာမှမလုပ်ပဲ နေမယ်လို့ မင်းထင်‌နေတာလား။”

လင်ရှုမင်က ချက်ချင်းနားလည်သွားပြီး

“ဧကရာဇ်က တောင်ပိုင်းကို စစ်တပ်တွေစေလွှတ်တာကို တောင်ပိုင်းအာဏာရှိမိသားစုတွေ အခု သတိထားမိသွားပြီလား။”

လင်ကောင်းယွမ်က နှာခေါင်းရှုံ့လိုက်ပြီး ပြောလိုက်သည်။

“တောင်ပိုင်းအုပ်စုက အရာရှိတွေက သူတို့ အောင်ပွဲရဲ့ အပျော်တွေထဲ နှစ်မြုပ်နေကြတုန်းပဲ။ ဧကရာဇ်က သူတို့ကို လိုက်လျောလိုက်ပြီလို့ ထင်နေကြတယ်။ ပင်လယ်ထဲက ကုန်သင်္ဘောတွေကို အာရုံစိုက်ဖို့ အချိန်မရှိကြဘူး။ ငါက စပါးဈေးနှုန်းတွေကို စီမံခန့်ခွဲရတဲ့ တာဝန်ရှိတာကြောင့် ကုန်သင်္ဘောတွေ ရုတ်တရက် တိုးလာတာကို သတိထားမိတာ။ မဟုတ်ရင် ငါလည်း သတိမထားမိဘူး။”

“တကယ်တော့ ဒီကုန်သင်္ဘောတွေကို ဖုံးကွယ်ဖို့ဆိုရင် တောင်ပိုင်းအာဏာရှိမိသားစုတစ်စုရဲ့ ပူးပေါင်းဆောင်ရွက်မှု လိုအပ်မှာပါ။ ဒီလောက်များပြားတဲ့ ကုန်သင်္ဘောတွေ ရုတ်တရက် ပေါ်ထွက်လာတာကို အခြားမိသားစုတွေက သတိထားမိမှာပဲ။ ဧကရာဇ်ကို ဘယ်သူက ကူညီနေတာလဲဆိုတာကိုတော့ အရာအားလုံး ပြီးဆုံးသွားမှပဲ သိရမှာ။”

“ကောင်းပြီ။ ဒီအကြောင်း နောက်ထပ် မပြောတော့ဘူး။ မင်းလည်း ခရီးပန်းနေမှာပဲ။ ဒီနေ့တော့ ကောင်းကောင်းအနားယူပါ။”

ထို့နောက် လင်ကောင်းယွမ်သည် လင်ရှုမင်နှင့် နောက်ထပ် ဆွေးနွေးခြင်း မပြုတော့ပေ။

ထိုအချိန်တွင်။

မြောက်ပိုင်းပြည်နယ်။

ဆောင်းရာသီကျော်လွန်ပြီး နွေဦးရာသီရောက်လာခဲ့သည်။ ရေခဲနှင့် နှင်းများအရည်ပျော်လာပြီး ရာသီဥတုကလည်း တဖြည်းဖြည်း ပူနွေးလာသည်။

နေသာသောနေ့တစ်နေ့ ဖြစ်သည်။ လုချန်းသည် လက်ထဲတွင် စာရင်းအင်းစာအုပ်ကို ကိုင်ထားကာ နေပူစာလှုံရင်း ခြံထဲတွင် ရပ်နေသည်။

ထိုအချိန်တွင် ခရမ်းရောင်ချည်ထည်အဝတ်အစားကို ဝတ်ဆင်ထားသော မူကျိရွှမ်း လုချန်း၏ဘေးသို့ လာရောက်ခဲ့သည်။

လုချန်းက ပြုံးလိုက်ပြီး မူကျိရွှမ်းကို ပြောလိုက်သည်။

“နှမ‌တော်က ဆောင်းတွင်းတစ်ခုတည်းနဲ့ ငွေဆယ်သန်း ရှာပေးနိုင်မယ်လို့ မျှော်လင့်မထားမိဘူး။”

လွန်ခဲ့သော လအနည်းငယ်ကစ၍ ရေမွှေးနှင့် ဆပ်ပြာကဲ့သို့သော ပစ္စည်းများသည် အမြတ်အစွန်းများမှု မရှိတော့ပေ။ တကယ့်အမြတ်ငွေများသည် ကျောက်မီးသွေးနှင့် မီးဖိုများမှ ရရှိခဲ့သည်။ မြောက်ပိုင်းနယ်စားမင်းသား၏ စံအိမ်မှ ဆောင်းရာသီတစ်လျှောက်လုံး ထုတ်လုပ်သော ကျောက်မီးသွေးများ

အားလုံးလိုလို ရောင်းချခဲ့ရသည်။

မူကျိရွှမ်းသည် ဆောင်းရာသီအတွင်း ကုန်သည်များအဖွဲ့တစ်ခုကို ထူထောင်ခဲ့ပြီး အဖွဲ့ဝင် ကုန်သည်များအား မြောက်ပိုင်းနယ်စားမင်းသား၏ စံအိမ်မှ ကုန်ပစ္စည်းများကို စျေးနှုန်းချိုသာစွာဖြင့် ဝယ်ယူစေကာ အခြားနိုင်ငံများ သို့မဟုတ် ဒေသများသို့ ပြန်လည်ရောင်းချနိုင်စေရန် စီစဉ်ပေးခဲ့သည်။

ကုန်သည်အဖွဲ့ ထူထောင်ခြင်းကြောင့် မြောက်ပိုင်းနယ်စားမင်းသား၏ စံအိမ်၏ အမြတ်ငွေများသည် ပိုမိုမြန်ဆန်စွာ တိုးပွားလာခဲ့ပြီး ရန်ခရိုင်သို့လည်း ကုန်သည်များ အစုလိုက်အပြုံလိုက် လာရောက်ခဲ့ကြသည်။ ယခုအခါတွင် မြောက်ပိုင်းမြို့တော်သို့ သွားရာလမ်းများသည် လှည်းဘီးရာများဖြင့် ပြည့်နှက်နေပြီဖြစ်သည်။

မူကျိရွှမ်းက ပြန်ပြောလိုက်သည်။

“ဒါက မင်းသားရဲ့ ငွေရှာနည်းတွေကြောင့်ပါ။ကျွန်မကြောင့် မဟုတ်ပါဘူး။”

မူကျိရွှမ်း၏ နူးညံ့သိမ်မွေ့သော ကိုယ်ခန္ဓာကို ပွေ့ဖက်ကာ သူမ၏ အနည်းငယ်ဖောင်းနေသော ဗိုက်ကို ပွတ်သပ်ရင်း လုချန်းက ပြောလိုက်သည်။

“နှမတော်နဲ့ ဘယ်လိုလုပ် မဆိုင်ပဲ နေမှာလဲ။ ငွေရှာနည်းတွေ ရှိရင်တောင် အဲ့ဒီနည်းလမ်းတွေကို ဘယ်လိုသုံးရမယ်ဆိုတာ သိဖို့လိုတယ်။”

“ဒီလောက်များတဲ့ ငွေတွေနဲ့ဆိုရင်‌တော့ မြောက်ပိုင်းပြည်နယ်ကို စည်ပင်ဝပြောအောင် တည်ဆောက်နိုင်မှာပါ။”

လုချန်း ဤမျှ ပျော်ရွှင်နေသည်ကို မြင်လိုက်ရသည်နှင့် မူကျိရွှမ်း၏ စိတ်ထဲတွင် အလွန်ပျော်ရွှင်သွားသည်။ မြောက်ပိုင်းနယ်စားမင်းသားအတွက် သူမ အသုံးဝင် နေသည်ဟူသော ခံစားချက်က သူမအတွက် အလွန်ကျေနပ်စရာကောင်းသည်။

ထိုအချိန်တွင် အစေခံအမျိုးသမီးတစ်ဦး ခြံထဲသို့ ဝင်လာပြီး ပြောလိုက်သည်။

“မင်းသား။ ‌ဝူ‌ ခေါင်း‌ဆောင်က မင်းသားကို ရှာနေပါတယ်။”

ထိုစကားကို ကြားလိုက်ရသည်နှင့် လုချန်းက ချက်ချင်းပင် မူကျိရွှမ်းကို လွှတ်လိုက်ပြီး

“ နားနားနေနေနေပါ နှမတော်။ ကိုယ်သွားလိုက်ဦးမယ်။”

မူကျိရွှမ်းက နူးညံ့စွာဖြင့် ပြန်ပြောလိုက်သည်။

“ဟုတ်ကဲ့ မင်းသား။”

ထို့နောက် လုချန်း စာကြည့်ခန်းသို့ သွားခဲ့သည်။ ဝူယွမ်က စာကြည့်ခန်းတံခါးဝတွင် စောင့်နေနှင့်ပြီဖြစ်သည်။ လုချန်းကို မြင်လိုက်ရသည်နှင့်ဝူယွမ်က ဦးညွှတ်လိုက်ပြီးနောက် သူကိုင်ထားသော ထောက်လှမ်းရေးအစီရင်ခံစာကို ပေးလိုက်သည်။

အစီရင်ခံစာကို ကြည့်လိုက်ပြီးနောက် လုချန်း မပြုံးပဲ မနေနိုင်တော့ပေ။

“ကျွန်‌တော်မှန်းတာ မှန်တာပဲ။ စစ်ပွဲက တကယ်ပဲ ပြီးဆုံးသွားပြီ။”

“ခရိုင်သုံးခရိုင်စာ နယ်မြေတဲ့။ ငါ့ဖခင်က တကယ်ပဲ ရက်ရောလိုက်တာ။”

ထို့နောက် လုချန်းက ဝူယွမ်ကို ပြောလိုက်သည်။

“လိယုရီနဲ့ ရန်ခရိုင်က အရာရှိတွေကို ချက်ချင်းခေါ်လိုက်ပါ။ နိုင်ငံရေးရာ ခန်းမကြီး ဆောက်ပြီးသွားပြီဆိုတော့ အသုံးပြုသင့်ပြီ။”

ဝူယွမ်က ချက်ချင်းပင် ပြန်ပြောလိုက်သည်။

“ဟုတ်ကဲ့ မင်းသား။”

နာရီဝက်ခန့်ကြာပြီးနောက် ရန်ခရိုင်မှ အရာရှိများအားလုံးသည် အသစ်ဆောက်လုပ်ပြီးစီးသော နိုင်ငံရေးရာဆိုင်ရာ ခန်းမကြီးတွင် ရောက်ရှိနေကြသည်။

နိုင်ငံရေးရာ ခန်းမကြီးသည် အလွန်ကြီးမားပြီး စတုရန်းမီတာ ရာနှင့်ချီ ကျယ်ဝန်းသည်။ လက်ရှိအချိန်၌ မြောက်ပိုင်းပြည်နယ်တွင် အရာရှိများ အလွန်နည်းပါးပြီး အများစုက နေရာများစွာကို တစ်ဦးတည်း ယူထားရသည့်အတွက် ခန်းမကြီးသည် အလွန်ကျယ်ဝန်းနေသည်ဟု ထင်ရသည်။

ပလ္လင်ပေါ်တွင် လုချန်း ထိုင်လိုက်ပြီးနောက် အရာရှိများက ချက်ချင်းပင် ဦးညွှတ်လိုက်ကြသည်။

“မင်းသားကို ဂါရဝ ပြုပါတယ်။ မင်းသား အသက်ရှည်ပါစေ။”

လုချန်းက

“အင်း” ဟု ပြောပြီး ဆက်ပြောလိုက်သည်။

“လူတိုင်း ထိုင်လိုက်ပါ။”

ရှနိုင်ငံတော်၏ နန်းတွင်းဓလေ့ထုံးတမ်းများကို လုချန်း လိုက်နာခြင်း မရှိပါ။ အစည်းအဝေးကြီးများတွင် အရာရှိများ မတ်တပ်ရပ်ရသော်လည်း နိုင်ငံရေးဆိုင်ရာ ကိစ္စများကို ဆွေးနွေးသည့်အခါတွင် ထိုင်ခွင့်ရှိသည်။ သို့သော် ဒူးထောက်ထိုင်ရမည်ဖြစ်သည်။

အရာရှိများ ဒူးထောက်ထိုင်ပြီးနောက် လုချန်းက တိုက်ရိုက်ပြောလိုက်သည်။

“ရှနိုင်ငံတော်က ဝူနိုင်ငံတော်နဲ့ စစ်ပြေငြိမ်းရေး ညှိနှိုင်းပြီးပြီ။ ကျွန်တော် သိသလောက်ဆိုရင် ဝူနိုင်ငံတော်က သိမ်းပိုက်ထားတဲ့ ခရိုင်နှစ်ခရိုင်အပြင် ဆီဝူခရိုင်ကိုပါ ပေးရတော့မယ်။”

ထိုစကားကို ကြားလိုက်ရသည်နှင့် ခန်းမထဲရှိ အရာရှိများလည်း ချက်ချင်းပင် တစ်ဦးနှင့်တစ်ဦး တီးတိုးဆွေးနွေးသွားကြသည်။

သူတို့ထဲမှ အများစုက နှစ်နိုင်ငံကြား စစ်ပွဲ ဆက်လက်ဖြစ်ပွားနေဦးမည်ဟု ထင်မှတ်ခဲ့ကြပြီး ဤမျှမြန်မြန် ပြီးဆုံးသွားသည်ကို အံ့အားသင့်သွားကြသည်။

ထိုအချိန်တွင် လိယုရီက ပြောလိုက်သည်။

“မင်းသား။ ဒါက မြောက်ပိုင်းပြည်နယ်အတွက် သတင်းကောင်းပါ။”

ထိုစကားကို ကြားလိုက်ရသည်နှင့် လုချန်းက မေးလိုက်သည်။

“လိလူကြီးမင်းက ဘာကြောင့် ဒီလိုပြောရတာလဲ။”

လိယုရီက ပြန်ပြောလိုက်သည်။

“ဆီဝူခရိုင်ဟာ ရှနိုင်ငံတော် တည်ထောင်စကတည်းက ရှနိုင်ငံတော်ရဲ့ မြေယာဖြစ်ခဲ့တယ်။ လူဦးရေအများစုဟာ ရှနိုင်ငံတော်ရဲ့ သာမန်လူတွေဖြစ်ပြီး ရှနိုင်ငံတော်ကို နက်နက်ရှိုင်းရှိုင်း ချစ်ခင်ကြတယ်။ ပြီးတော့ ဝူနိုင်ငံတော်က နှစ်တိုင်း စစ်ပွဲတွေဖြစ်နေပြီး သူတို့ရဲ့ စစ်သားတွေက စည်းကမ်းမဲ့ လုယက်တတ်တာကြောင့် ဆီဝူခရိုင်ရဲ့ ပြည်လူတွေက သူတို့ကို နန်းတွင်းက ဝူနိုင်ငံတော်ဆီ လွှဲပြောင်းပေးဖို့ စီစဉ်နေတယ်ဆိုတာ သိသွားရင် အများစုက အရှေ့ဘက်ကို ရွှေ့ပြောင်းဖို့ ကြိုးစားကြမှာပါ။”

“ဒါပေမဲ့ အရှေ့ဘက်မှာ သူတို့အတွက် နေစရာမြေယာ မရှိဘူး။ သူတို့ဟာ သူတို့ရဲ့ မွေးရပ်မြေကို စွန့်ခွာသွားတာနဲ့ ဒုက္ခသည်တွေ ဖြစ်သွားကြမှာပါ။”

“အခု မြောက်ပိုင်းပြည်နယ်မှာ လူဦးရေ ပိုမိုလိုအပ်နေတယ်။”

ထို့နောက် မုချန်တိန်ကလည်း ပြောလိုက်သည်။

“ဒါဟာ မြောက်ပိုင်းပြည်နယ်အတွက် လူဦးရေပိုများအောင် ဆွဲဆောင်နိုင်ဖို့ အခွင့်အရေးကောင်းတစ်ခုပါပဲ။”

“ဒါပေမဲ့…”

“ကျွန်တော်ထင်တာတော့ မြောက်ပိုင်းပြည်နယ်က ဒုက္ခသည်တွေကို အလောတကြီး လက်ခံဖို့ မလိုပါဘူး။”

“ဆီဝူခရိုင်က လူတွေအများကြီး အရှေ့ဘက်ကို ပြောင်းရွှေ့လာကြမှာ သေချာတယ်။ အဲဒီအခါမှာ အခြားနယ်စားတွေရဲ့ နယ်မြေတွေမှာ ဖိအားတွေ အများကြီးဖြစ်လာမယ်။ အဲဒီအချိန်ကျရင် နယ်စားတွေက သူတို့ရဲ့ ဒုက္ခသည်တွေကို မြောက်ပိုင်းပြည်နယ်က လက်ခံဖို့ တောင်းပန်လာကြမှာပါ။”

ထို့နောက် လုချန်းက ချင်ယူရှန်ကို ကြည့်ကာ မေးလိုက်သည်။

“တပ်မှူးချင်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ခင်ဗျားရဲ့အမြင်က ဘယ်လိုလဲ။”

ယခုအခါတွင် အုပ်ချုပ်ရေးအရာရှိများ အလွန်နည်းပါးနေပြီး ပြောဆိုရဲသူ အနည်းငယ်သာ ရှိနေသဖြင့် ချင်ယူရှန်ကိုပါ ပါဝင်စေရန် လုချန်း စီစဉ်ခဲ့ရသည်။

ချင်ယူရှန်က စဉ်းစားပြီးနောက် ပြောလိုက်သည်။

“မင်းသား။ ကျွန်တော်ထင်တာတော့ ဗိုလ်ချုပ်မိုးပြောတာက အဓိပ္ပာယ်ရှိပါတယ်။ ဒုက္ခသည်တွေကို လက်ခံဖို့ အလျင်စလို မလုပ်သင့်ပါဘူး။ ဒါပေမဲ့ ဝူနိုင်ငံတော်ဆီ မကြာခင်မှာ လွှဲပြောင်းပေးရမယ့် ခရိုင်သုံးခရိုင်ကို လူတွေစေလွှတ်ပြီး မြောက်ပိုင်းပြည်နယ်ကို ဝင်ရောက်ခြင်းရဲ့ အကျိုးကျေးဇူးတွေကို ပျံ့နှံ့အောင် လုပ်လို့ရပါတယ်။”

“ဥပမာ သူတို့ မြောက်ပိုင်းပြည်နယ်ကို ဝင်ရောက်ရင် မြေယာနဲ့ မျိုးစေ့တွေ ရနိုင်တာမျိုး‌ပေါ့။ ကျွန်တော်ထင်တာတော့ မြောက်ပိုင်းပြည်နယ်ကို ဝင်ရောက်ရင် မြေယာရနိုင်တယ်ဆိုတာ ကြားရင် ဒီခရိုင်သုံးခရိုင်က သာမန်လူတွေဟာ မြောက်ပိုင်းပြည်နယ်ကို လာဖို့ သေချာပေါက် ရွေးချယ်ကြမှာပါ။”

လုချန်းက ပြောလိုက်သည်။

“ကောင်းပါပြီ။ တပ်မှူးချင် ပြောတဲ့အတိုင်း လုပ်ကြရအောင်။”

“ပြီးတော့ ကျွန်တော်က ပြုပြင်ပြောင်းလဲရေးနဲ့ ပတ်သက်ပြီး ဆွေးနွေးဖို့ လိုအပ်တဲ့ အရာတချို့အတွက် ခင်ဗျားတို့ကို စုစည်းခဲ့တာပါ။”

ထို့နောက် လုချန်းက မုချန်တိန်ကို ကြည့်ကာ ပြောလိုက်သည်။

“ဗိုလ်ချုပ်မိုးရဲ့ စစ်ရေးပြုပြင်ပြောင်းလဲရေး အဆိုပြုချက်ကို ကျွန်တော်ပြန်လည်သုံးသပ်ခဲ့ပြီး ခင်ဗျားရဲ့ အဆိုပြုချက်ကို နည်းနည်းထပ်ဖြည့်ပြီး ပြင်ဆင်ခဲ့တယ်။ ဒီမှာရှိတဲ့ စစ်တပ်အရာရှိတွေက ကျွန်တော့်ရဲ့ ပြုပြင်ပြောင်းလဲရေး အဆိုပြုချက်တွေကို နားထောင်ပြီး မရှင်းလင်းတာရှိရင် မေးခွန်းတွေ မေးနိုင်ပါတယ်။”

ထို့နောက် လုချန်းက သူ့ဘေးမှာရှိသောအထူးကိုယ်ရံတော်တစ်ဦးကို ပြောလိုက်သည်။

“ဖတ်ပြပါ။”

ချက်ချင်းပင် အထူးကိုယ်ရံတော်က စာရွက်တစ်ရွက်ကို ထုတ်ယူပြီး ဖတ်ပြလိုက်သည်။ နောက်တစ်နာရီခန့် ကြာသည်အထိ မြောက်ပိုင်းပြည်နယ်၏ ပြုပြင်ပြောင်းလဲရေးနှင့် ပတ်သက်သော ပြဿနာအချို့ကို သူတို့ဆွေးနွေးခဲ့ကြသည်။

ထိုအချိန်တွင်။

ရန်ခရိုင်။လျှို့ဝှက်လဝန်းနန်းတော်မှ ဖွင့်ထားသော စားသောက်ဆိုင်တစ်ခုတွင် ။ ပြတင်းပေါက် ပါဝင်‌သော သီးသန့်အခန်းထဲထဲတွင် ချည်ထည်အဝတ်အစားဝတ်ထားသော လူတစ်ဦး အရက်သောက်ရင်း တစ်စုံတစ်ယောက်ကို စောင့်နေသည်။

မကြာမီ ဝါးခမောက် ဆောင်းထားသော လူတစ်ယောက် အခန်းထဲဝင်လာခဲ့သည်။

သီးသန့်အခန်း၏ တံခါးကို ပိတ်ပြီးနောက် ဝါးခမောက်ဆောင်းထားသူက ချည်ထည်အဝတ်အစားဝတ်ထားသူ၏ အရှေ့တွင် သွားထိုင်လိုက်သည်။

ထို့နောက် ဝါးခမောက်ဆောင်းထားသူက စကားစပြောလိုက်သည်။

“မြောက်ပိုင်းနယ်စားမင်းသားစံအိမ်မှာ ထိပ်သီးပညာရှင်တစ်ယောက်ထက် ပိုပါတယ်။ ဒီနေ့ မြောက်ပိုင်းနယ်စားမင်းသားစံအိမ်ထဲကို ဝင်ထွက်နေတဲ့ ထိပ်သီးပညာရှင်နှစ်ယောက်ကို မြင်ခဲ့တယ်။ သူတို့က သူတို့ရဲ့ အငွေ့အသက်ကို တမင်ဖုံးကွယ်ထားပေမဲ့ ကျွန်တော်ကတော့ သူတို့ကို သတိထားမိတယ်။”

“လုပ်ကြံဖို့ ခက်ခဲနိုင်ပါတယ်။”

ဝါးခမောက်ဆောင်းထားသူ၏ စကားကို ကြားလိုက်ရသည်နှင့် ဆုတန်က သူ့လက်ထဲမှ အရက်ကို ကုန်စင်အောင် မော့သောက်လိုက်ပြီး ရယ်မောလိုက်ကာ

“ရဲတိုက်မှူးဖြစ်တဲ့ ကျုပ်ကိုယ်တိုင် လာခဲ့တာဖြစ်တဲ့အတွက် ဒီလုပ်ကြံမှု မအောင်မြင်လို့ မရဘူး။ ထိပ်သီးပညာရှင်နှစ်ယောက်ဆိုတာ ဘာမှမဟုတ်ပါဘူး။”

“ဝမ်မိသားစုက နောက်ထပ် မစောင့်နိုင်တော့ဘူး။ ဒီညမှာ လုပ်ကြံရမယ်။”

...............

အခန်း (၂၆၄ )

ဒီညပြီးရင် မြောက်ပိုင်းနယ်စားမင်းသားစံအိမ်ဆိုတာ မရှိတော့ဘူး (၁)

မနက်ခင်း အစည်းအဝေး တက်ပြီးနောက် လုချန်း နိုင်ငံရေးရာ ခန်းမမှ မထွက်ခွာမီ အထူးကိုယ်ရံတော်တစ်ဦး အလျင်အမြန် ရောက်လာကာ ထောက်လှမ်းရေးသတင်းတစ်ခုကို ပေးလိုက်သည်။

အထူးကိုယ်ရံတော်၏ လက်မှ ထောက်လှမ်းရေးသတင်းကို ယူကြည့်လိုက်ပြီးနောက် လုချန်း၏ မျက်ခုံးများ အနည်းငယ် တွန့်သွားသည်။

ဆုတန်ကဲ့သို့ အဆင့်မြင့် သိုင်းပညာရှင်များ ရန်ခရိုင်သို့ ဝင်ရောက်သည်နှင့် အထူးကိုယ်ရံတော်များက သတိထားမိသွားသဖြင့် ဆုတန်နှင့် သူ၏အဖွဲ့ မည်သည့်နေရာသို့ သွားသွား ခရိုင်တစ်ဝှမ်းရှိ အထူးကိုယ်ရံတော်များက အနီးကပ် စောင့်ကြည့်နေကြသည်။ သူတို့၏ လှုပ်ရှားမှုတိုင်းသည် အထူးကိုယ်ရံတော်များ၏ စောင့်ကြည့်မှုအောက်တွင် ရှိနေသည်။

ဆုတန်၏ အချက်အလက်များသည် လုချန်း၏ စာကြည့်ခန်းထဲတွင် လွန်ခဲ့သော လဝက်ခန့် ကတည်းက ရှိနေခဲ့ပြီဖြစ်သည်။ အထူးကိုယ်ရံတော်များသည် လူတန်းစားအလွှာပေါင်းစုံကို ထိုးဖောက်ဝင်ရောက်ခဲ့ပြီး ဖြစ်သဖြင့် ဝိဉာဉ် ရဲတိုက်မှ မကြာသေးမီက လက်ခံခဲ့သော တာဝန်များကို ရှာဖွေရန် မခက်ခဲပါ။

လုချန်းက သူ့လက်ထဲရှိ ထောက်လှမ်းရေးသတင်းကို နောက်တစ်ကြိမ် ကြည့်လိုက်ပြီး သူ့ဘာသာသူ ပြောလိုက်သည်။

“ဒီလူတွေကြည့်ရတာ နောက်ထပ် မစောင့်နိုင်တော့ဘူးထင်တယ်။ ဒါဆိုရင် အရင်ဆုံး သူတို့ကို ဖြေရှင်းလိုက်ရအောင်။”

ထိုစကားကို ပြောပြီးနောက် လုချန်းက ထောက်လှမ်းရေးသတင်းကို ယူလာပေးခဲ့သူ အထူးကိုယ်ရံတော်ကို လှည့်ပြီး ပြောလိုက်သည်။

“ဗိုလ်ချုပ်မု၊ ဗိုလ်ချုပ်ဝမ်ရန်နဲ့ ဗိုလ်ချုပ်ရွှမ်ယွမ်တို့ကို ကျွန်တော့် စာကြည့်ခန်းထဲ ခေါ်လာပါ။ ပြီးရင် ဗိုလ်ချုပ်ရွှမ်ယွမ်ကို ရန်ခရိုင်ကို ပိတ်ဆို့ဖို့ အနက်ရောင်မြင်းတပ်တစ်ချို့ကို စုစည်းခိုင်းပါ။”

...

ထိုအခါ အထူးကိုယ်ရံတော်က သတိပေးလိုက်သည်။

“မင်းသား။ အနက်ရောင်မြင်းတပ်ကို စေလွှတ်ရင် မြောက်ပိုင်းပြည်နယ်ရဲ့ အနက်ရောင်မြင်းတပ် မပျက်စီးသေးဘူးဆိုတာ ပေါ်လွင်သွားနိုင်ပါတယ်။ အခုတလော ရန်ခရိုင်ကို ရန်သူနိုင်ငံတွေက ထောက်လှမ်းရေးတွေ အများအပြား ရောက်ရှိလာပါတယ်။”

လုချန်းက အေးဆေးစွာဖြင့် ပြန်ပြောလိုက်သည်။

“အနက်ရောင်မြင်းတပ်ရဲ့ တစ်စိတ်တစ်ပိုင်းကိုပဲ စုစည်းပါ။ အနက်ရောင်မြင်းတပ်ဟာ လုံးဝပျက်စီးသွားပြီလို့ နန်းတွင်းကို ကျွန်တော် ဘယ်တုန်းကမှ မပြောခဲ့ဖူးဘူး။”

စစ်ရေးအစီရင်ခံစာကို ရေးသားခဲ့စဉ်ကအမြောက်ပိုင်းမြို့တော်၏ အနက်ရောင်မြင်းတပ်သား လေးသောင်းကျော် စစ်ပွဲတွင် ကျဆုံးခဲ့ကြောင်းသာ ဖော်ပြခဲ့ပြီး အနက်ရောင်မြင်းတပ်တစ်ခုလုံး ပျက်စီးသွားကြောင်း မဖော်ပြခဲ့ပေ။ ထိုသို့ပြုလုပ်ခဲ့ခြင်းမှာ အရေးကြီးသည့် အချိန်တွင် အနက်ရောင်မြင်းတပ်ကို အသုံးပြုနိုင်ရန် ဖြစ်သည်။

သို့သော် အခြားသူများအတွက်မူ အနက်ရောင်မြင်းတပ်သား လေးသောင်းကျော် ကျဆုံးပြီး ဒဏ်ရာရသူအနည်းငယ်သာ ကျန်ရှိတော့သည်မှာ လုံးဝပျက်စီးသွားခြင်းနှင့် သိပ်ကွာခြားမှု မရှိပေ။

အထူးကိုယ်ရံတော်က နောက်ထပ် ဘာမှမပြောတော့ပဲ

“နားလည်ပါပြီ။”

“ကျွန်တော့်ကို ခွင့်ပြုပါ။”

ထို့နောက် အထူးကိုယ်ရံတော် ထွက်ခွာသွားခဲ့သည်။

...

အစည်းအဝေး ပြီးဆုံးခါစဖြစ်သဖြင့် မုချန်တိန်နှင့် ရွှမ်ယွမ်ချန်းတို့ကဲ့သို့သော စစ်တပ်အရာရှိများသည် ဝေးဝေးသို့ မရောက်သေးပေ။ လုချန်းက သူတို့ကို တွေ့ဆုံရန် လိုအပ်နေသည်ကို ကြားလိုက်ရသည်နှင့် ချက်ချင်းပင် မြောက်ပိုင်းနယ်စားမင်းသား၏ စံအိမ်သို့ ပြန်လာပြီး လုချန်း၏ စာကြည့်ခန်းသို့ ရောက်ရှိလာကြသည်။

လုချန်းကို ထပ်မံတွေ့လိုက်ရသည်နှင့် မုချန်တိန်က စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။

“ဘာတွေဖြစ်နေတာလဲ မင်းသား။”

လုချန်းက

“အာဏာရှိမိသားစုတွေက စေလွှတ်လိုက်တဲ့ လုပ်ကြံသူတွေဟာ ရန်ခရိုင်ကို ရောက်နေပြီ။ သူတို့က ဒီညမှာ မြောက်ပိုင်းနယ်စားမင်းသားစံအိမ်ကို လုပ်ကြံဖို့ စီစဉ်နေကြတယ်။”

ထိုစကားကို ကြားလိုက်ရတော့ မုချန်တိန် အံ့သြသွားသည်။ သို့သော် လုချန်း မြေယာပိုင်ဆိုင်မှုဆိုင်ရာ ဥပဒေကို ထုတ်ပြန်ခဲ့သည့်အချိန်ကတည်းက ဒီလိုနေ့ရက်မျိုးရောက်လာမည်ကို သူသိခဲ့သည်။

အာဏာရှိမိသားစုများသည် ရှနိုင်ငံတော်အတွင်းရှိ မြေယာများ ဘုရင်ပိုင်ဖြစ်လာမည့် အလေ့အထ ပေါ်ပေါက်လာခြင်းကို ဘယ်တော့မှ ခွင့်ပြုမည် မဟုတ်ပေ။ မြောက်ပိုင်းနယ်စားမင်းသား သေဆုံးမှသာ သူတို့ စိတ်ချမ်းသာကြမည်ဖြစ်သည်။

မုချန်တိန်က မေးလိုက်သည်။

“မင်းသား။ အထူးကိုယ်ရံတော်တွေက လုပ်ကြံသူတွေရဲ့ တည်နေရာကို အတည်ပြုပြီးသွားပြီလား။”

လုချန်းက လုပ်ကြံသူများသည် ရန်ခရိုင်သို့ ရောက်ရှိလာပြီဖြစ်ကြောင်း ပြောခဲ့သည်မှာ အထူးကိုယ်ရံတော်များက သူတို့၏ တည်နေရာကို ရှာဖွေတွေ့ရှိခဲ့သည်ဟု ဆိုလိုခြင်းဖြစ်သည်။ မဟုတ်ပါက ဤစစ်တပ်အရာရှိအားလုံးကို လုချန်းစုစည်းမည် မဟုတ်ပေ။

လုချန်းက ခေါင်းညိတ်ကာ ပြောလိုက်သည်။

“သူတို့ရဲ့ တည်နေရာကို အတည်ပြုပြီးပါပြီ။ သူတို့ မြောက်ပိုင်းနယ်စားမင်းသားစံအိမ်ကို ဒီညမှာ လုပ်ကြံတဲ့အခါ သူတို့ကို ဖြေရှင်းဖို့ ကျွန်တော် ရည်ရွယ်ထားခဲ့တယ်။”

“ဒါပေမဲ့ နောက်ထပ် စဉ်းစားကြည့်တော့ ကျွန်တော့်မှာ ကိုယ်ဝန်ဆောင်ဇနီးနဲ့ ကလေးတွေ ရှိနေတယ်။ ဆူညံသံတွေက သူတို့ကို ထိတ်လန့်စေနိုင်တယ်။ ဒါကြောင့် အချိန်မ‌ ‌ဆိုင်း‌တော့ပဲ သူတို့အားလုံးကို ဖယ်ရှားဖို့ ဆုံးဖြတ်လိုက်တယ်။”

မုချန်တိန်က ပြောလိုက်သည်။

“မင်းသား။ လုပ်ကြံသူတွေက အခု ဘယ်မှာပါလဲ။ ကျွန်တော်တို့ရဲ့ တပ်တွေကို ခေါ်သွားပြီး သူတို့ကို အခုပဲ ဖြေရှင်းလိုက်ရအောင်။”

လုချန်းက ချက်ချင်းပဲ လုပ်ကြံသူတွေကို စောင့်ကြည့်နေသော အထူးကိုယ်ရံတော် တစ်ယောက်ကို ခေါ်လာပြီး မုချန်တိန်နဲ့ အခြားသူများကို တာဝန်များ ခွဲဝေပေးလိုက်၏။

ရန်ခရိုင်တွင် အခု လုပ်ကြံသူ အဖွဲ့သုံးဖွဲ့ရှိနေ၏။ သူတို့ကို သတိမထားမိ‌စေရန်အတွက် သူတို့အားလုံးကို တစ်ပြိုင်တည်း ဖြေရှင်းရန်လုချန်း စီစဉ်ထားသည်။

ထိုအချိန်တွင် ချင်ယူရှန်က ပြောလိုက်သည်။

“မင်းသား၊။ အခုက နေ့ခင်းဘက်ပါ။ အခုနေ လှုပ်ရှားရင် မင်းသားရဲ့ လက်နက်တချို့ကို အသုံးမပြုနိင်ပါဘူး။ ရန်သူနိုင်ငံတွေရဲ့ ထောက်လှမ်းရေးတွေ ဒါမှမဟုတ် သာမန်လူတွေက မြင်သွားနိုင်ပါတယ်။”

ချင်ယူရှန်က လုချန်းဆီ၌ လက်ပစ်ဗုံးနှင့် ဘာရက်တို့လို စွမ်းအားကြီးလက်နက်တွေ ရှိတယ်ဆိုတာကို သိထားပြီး လုပ်ကြံသူတွေကို တိုက်ခိုက်ဖို့ သေချာပေါက် အသုံးပြုမည်ဟု ခန့်မှန်းထား၏။ မြို့ထဲမှာ နေ့ခင်းဘက်အချိန် ဒီလိုအရာတွေကို အသုံးပြုပါက လူထုက သတိထားမိမှာ မလွဲပေ။

ပါးစပ်ပေါက်တစ်ပေါက်မှ ဆယ်ပေါက်ဖြစ်လာပြီး ဆယ်ပေါက်မှ ရာဂဏန်းဖြစ်လာသည့်အခါတွင် မြောက်ပိုင်းပြည်နယ်၏ လျှို့ဝှက်ချက်များ ပေါ်သွားမည်ဖြစ်သည်။

ချင်ယူရှန်က ဆက်ပြောလိုက်သည်။

“ကျွန်တော်အကြံပြုချင်တာက စစ်သားတွေကို သူတို့ သွားရမယ့်လမ်းမှာ ပုန်းခိုစေပြီး ညဘက်မှ လုပ်ဆောင်ဖို့ပါ။”

လုချန်း စဉ်းစားကြည့်လိုက်သည်။ သူရရှိထားသော သတင်းအရ လုပ်ကြံသူများသည် ညဘက်တွင် လှုပ်ရှားကြမည် ဖြစ်သဖြင့် ညဘက်တွင် ချုံခိုတိုက်ခိုက်မှုက အကောင်းဆုံးရွေးချယ်မှုဖြစ်သည်။

လုချန်းက

“တပ်မှူးချင်ရဲ့ စဉ်းစားဆင်ခြင်မှုက သင့်တော်ပါတယ်။ စစ်သားတွေကို အရင်စေလွှတ်ထားပြီး ညကျမှ လှုပ်ရှားကြရအောင်။ ဒါပေမဲ့ ဒါက လုပ်ကြံသူတွေ သတိထားမိနိုင်တာကြောင့် စစ်သားတွေကို ရွှေ့တဲ့အခါ အထူးသတိထားပါ။”

,မုချန်တိန်က

“စိတ်ချပါ မင်းသား။ စစ်သားတွေကို မြို့ထဲဝင်လာတဲ့ ကုန်သည်တွေအဖြစ် ရုပ်ဖျက်ခိုင်းထားပါမယ်။ အခုနောက်ပိုင်း ရန်ခရိုင်မှာ ကုန်သည်လှည်းတန်းတွေ အများကြီးရှိနေတာကြောင့် လုပ်ကြံသူတွေက ပုံမှန်မဟုတ်တာတွေကို သတိထားမိမှာ မဟုတ်ပါဘူး။”

“ ဒါကိုသူတို့ သတိထားမိရင်‌တောင် ကုန်သည်လို ရုပ်ဖျက်ထားတဲ့ စစ်သားတွေဟာ သူတို့လိုပဲ မင်းသားကို လုပ်ကြံဖို့ လာတာလို့ ထင်ကောင်းထင်ကြမှာပါ။”

လုချန်းက ခဏစဉ်းစားပြီးနောက် ပြောလိုက်သည်။

“ကောင်းပါပြီ။ သွားပြီး ပြင်ဆင်ကြပါ။”

သူတို့အားလုံးက အတူတူပြန်ပြောလိုက်သည်။

“ဟုတ်ကဲ့ မင်းသား။”

သူတို့ထွက်ခွာသွားပြီးနောက် ချန်ဝမ်ရွန်နေထိုင်သော ခြံဝင်းထဲသို့ လုချန်း ချက်ချင်းသွားခဲ့သည်။

ထိုအချိန်တွင် လင်ဝမ်ရွန်နှင့် ချန်ဝမ်ရွန်တို့သည် အဆောင်ထဲ့တွင် ထိုင်ပြီး လက်ဖက်ရည်သောက်နေကြသည်။ မင်းသား၏ စံအိမ်မှ နဂါးဖီးနစ်လက်ဖက်ရည်သည် အလွန်ကောင်းမွန်ပြီး လန်းဆန်းစေကာ စိတ်ကို နိုးကြားစေသော အကျိုးသက်ရောက်မှုရှိသည်။ နဂါးဖီးနစ်လက်ဖက်ရည်၏ အရသာကို သူတို့ကြိုက်နှစ်သက်သွားကြပြီဖြစ်သည်။

........

All Chapters