အခန်း ၂၇၁-၂၇၃
Vol. 19 Ch. 271-273
အခန်း (၂၇၁)
ကူညီရတာ ဝမ်းသာပါတယ် (၂)
ချင်ယူရှန်က ပြန်ပြောလိုက်သည်။
“မင်းသား။ ဒါက ခန္ဓာကိုယ်ထဲက အတွင်းအား လမ်းကြောင်းအားလုံးကို ပိတ်ဆို့နိုင်တဲ့ ဆေးတစ်မျိုးပါ။ ဒီဆေးကို သောက်လိုက်ရင် သိုင်းပညာရှင်တစ်ယောက်ရဲ့ စွမ်းရည်ကို ပိတ်ဆို့ပစ်လိုက်ပြီး သူတို့ရဲ့ အတွင်းအားကို မသုံးနိုင်တော့ပဲ သာမန်လူတစ်ယောက်လို ဖြစ်သွားပါလိမ့်မယ်။”
ထိုစကားကို ကြားလိုက်ရသောအခါ လုချန်းသည် စဉ်းစားမိလိုက်သည်။ အကယ်၍ တစ်စုံတစ်ဦးက သူ့ကို တစ်နေ့နေ့တွင် ထိုဆေးကို တိုက်ခဲ့ပါက သူရဲ့ စွမ်းရည်လည်း ပိတ်ဆို့ခံရမှာလား။
ထိုအတွေးဖြင့် လုချန်းက မေးလိုက်သည်။
“ဒီဆေးမှာ တခြားဘေးထွက်ဆိုးကျိုးတွေ ရှိလား။”
ချင်ယူရှန် အံ့အားသင့်သွားသည်။ လုချန်း ထိုမေးခွန်းကို မေးလိမ့်မည်ဟု သူမျှော်လင့်မထားခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် သူတို့ကိုယ်တိုင်လည်း ထိုဆေးကို မသောက်ခဲ့ကြပေ။ ထိုဆေးသည် သူတို့၏ ရန်သူများအတွက်သာ ဖြစ်သည်။ ထို့ကြောင့် ထိုဆေးတွင် ဘေးထွက်ဆိုးကျိုးများ ရှိမရှိကို သူတို့ မသိကြချေ။
ချင်ယူရှန်က ဆက်ပြောလိုက်သည်။
“ဒါကိုတော့ ကျွန်တော်သေချာ မသိပါဘူး။ ဒါပေမဲ့ ပုံမှန်အားဖြင့် ကျွန်တော်တို့က သူတို့ကို ဖြေဆေးပြန်ပေးလိုက်ရင် သူတို့ရဲ့ စွမ်းရည်ကို အမြန်ဆုံး ပြန်ရနိုင်ပါတယ်။”
လုချန်းက ဆက်ပြောလိုက်သည်။
“အဲ့ဒီဆေးကို ကျွန်တော်စမ်းကြည့်မယ်။
...
ချင်ယူရှန်က လျင်မြန်စွာ ပြောလိုက်သည်။ “လုံးဝမသောက်သင့်ပါဘူး မင်းသား။
လုချန်း ထိုဤဆေးကို တကယ်စိတ်ဝင်စားမည်ဟု ချင်ယူရှန်သည် မျှော်လင့်မထားခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် လုချန်းသည် မင်းသားတစ်ပါးဖြစ်သည်။ သူသည် မည်သည့်အရာကိုမျှ သာမန်အားဖြင့် စမ်းသပ်စရာ မလိုပေ။
လုချန်းက ပြောလိုက်သည်။
“ပြဿနာမရှိပါဘူး။ ခင်ဗျားမှာလည်း ဖြေဆေးရှိနေတာပဲ။ ကျွန်တော့်ကို စမ်းကြည့်ခွင့်ပေးပါ။”
လုချန်းသည် ဆေးကို စမ်းကြည့်ရန် စိတ်အားထက်သန်နေသည်ကို မြင်သောအခါ ချင်ယူရှန်လည်း နောက်ထပ် မပြောတော့ချေ။ သူက ချက်ချင်း ဆေးတစ်လုံးကို ထုတ်ယူပြီး လုချန်းထံ ပေးလိုက်သည်။
လုချန်းက တစ်ချက်တည်းဖြင့် မျိုချလိုက်သည်။ သူမျိုချလိုက်သည်နှင့် တစ်ပြိုင်နက် ဆေးက သူ၏ ခန္ဓာကိုယ်အတွင်း၌ ပျော်ဝင်သွားသည်ဟု ခံစားရသည်။ ချင်ယူရှန်လည်း လုချန်း တစ်ခုခု ဖြစ်သွားမည်ကို စိုးရိမ်ကာ စောင့်ကြည့်နေသည်။
ဆေးက သူ၏ ခန္ဓာကိုယ်အတွင်း၌ မည်သည့်သက်ရောက်မှုမှ မဖြစ်ကြောင်း သတိထားမိသောအခါ လုချန်းက ချက်ချင်း စဉ်းစားမိလိုက်သည်။
သူ့တွင် အဆိပ်ကို ခံနိုင်ရည်ရှိသော ခန္ဓာကိုယ်ရှိသည်။ ကမ္ဘာပေါ်ရှိ အဆိပ်အားလုံးသည် သူ့အပေါ် ဘာသက်ရောက်မှုမှ မရှိပေ။ ဒီဆေးက အဆိပ်တစ်မျိုးဟု ယူဆရသည်။
အဆိပ်နှင့် ပက်သတ်၍ကို ထိတွေ့ခြင်း မရှိတာ ကြာပြီဖြစ်သဖြင့် သူတွင် အဆိပ်ဒဏ်ခံနိုင်သော ခန္ဓာကိုယ် ပိုင်ဆိုင်ထားသည်ကိုပင် လုချန်းမေ့သလောက် ဖြစ်နေသည်။
လုချန်းသည် ဘာမှမဖြစ်ဟု ထင်ရသောအခါ ချင်ယူရှန်သည် အံ့အားသင့်သွားသည်။
ဘာသက်ရောက်မှုမှ မရှိဘူးလား။
ထိုဆေးသည် ပြိုင်ဘက်ကင်းအဆင့်ရှိ ပညာရှင်တစ်ဦး၏ စွမ်းရည်ကိုပင် ပိတ်ဆို့နိုင်သော်လည်း မြောက်ပိုင်းနယ်စားမင်းသားဆီတွင်တော့ ဘာသက်ရောက်မှုမှ မရှိပေ။
ချင်ယူရှန်က သတိထားပြီး မေးလိုက်သည်။
“ ဖြေဆေးလိုအပ်ပါသလား မင်းသား။”
လုချန်းက အေးဆေးစွာ ပြောလိုက်သည်။
“ဒီဆေးက ကျွန်တော့်အတွက် အသုံးမဝင်ပါဘူး။ ခင်ဗျားတို့ ဒီလူသတ်သမားတွေကို စောင့်ကြပ်တဲ့အခါ ဆေးတစ်လုံးတည်းနဲ့ သူတို့ကို နာခံစေမယ်လို့ အမြဲတမ်းတော့ မတွေးပါနဲ့။”
ချင်ယူရှန် အနည်းငယ် ရှက်သွားသည်။ ဤကဲ့သို့သော ဆေး၏ အဆိပ်ဒဏ်ကို လုံးဝခံနိုင်ရည်ရှိသော လူတစ်ဦး ဤကမ္ဘာပေါ်တွင် ရှိနေမည်ဟု သူမျှော်လင့်မထားခဲ့ပေ။
ချင်ယူရှန်က ဆက်ပြောလိုက်သည်။ “မင်းသား ပြောတာမှန်ပါတယ်။ ကျွန်တော်အထူးကိုယ်ရံတော်တွေကို သေချာစောင့်ကြပ်ခိုင်းပြီး သူတို့ကို ထွက်ပြေးခွင့် မပေးပါဘူး။”
လုချန်းက လူအုပ်ကို လှမ်းကြည့်လိုက်ပြီး ပြောလိုက်သည်။
“အခုတော့ အရာအားလုံး ဖြေရှင်းပြီးပြီ။ ကျွန်တော်လည်း ပြန်သင့်ပြီ။ ကျန်တာတွေကို ခင်ဗျားတို့ လက်ထဲမှာပဲ အပ်လိုက်ပြီ။
“ပျက်စီးသွားတဲ့ ပြည်သူတွေရဲ့ အိမ်တွေကို လျော်ပေးရမယ်။ ဒီလူသတ်သမားတွေမှာ ငွေကြေးတော်တော်များများ ရှိကြမှာပဲ။ သူတို့က ဗုံးတွေကိုကာဖို့ ငွေစတွေနဲ့တောင် ပစ်နိုင်ကြတယ်။ သူတို့ ချမ်းသာတယ်ဆိုတာ ထင်ရှားတယ်။”
ထို့နောက် လုချန်းလည်း လှည့်ပြီး ထွက်ခွာသွားသည်။ ချင်ယူရှန်နှင့် အခြားသူများက ချက်ချင်း ပြောလိုက်သည်။
“မင်းသားကို နှုတ်ဆက်ပါတယ်။”
လုချန်း ခြေလှမ်းအနည်းငယ် လျှောက်လိုက်ပြီးနောက် ချင်ယူရှန်၏ အသံကို အနောက်မှ ကြားလိုက်ရသည်။
“ခင်ဗျားတို့မှာရှိတဲ့ ငွေအားလုံးကို ထုတ်ပါ။”
ထိုစကားကို ကြားလိုက်ရသောအခါ လုချန်းသည် ပြုံးလိုက်သည်။ ချင်ယူရှန်တို့ ပြည်သူများ၏ အိမ်များအတွက် လျော်ကြေးပေးရေးကိစ္စကို ကောင်းစွာ ကိုင်တွယ်မည်ဟု သူယုံကြည်သည်။
မြောက်ပိုင်းနယ်စားမင်းသားစံအိမ် ။
ပင်မခန်းမ။
ထိုအချိန်တွင် လုချန်း၏ မယားများသည် ပင်မခန်းမ၌ ထိုင်နေပြီး လုချန်း ပြန်အလာကို စောင့်ဆိုင်းနေကြသည်။
ယခင်တုန်းက မြောက်ပိုင်းနယ်စားမင်းသားစံအိမ်ကို လူသတ်သမားများ ဝင်ရောက်စီးနင်းခဲ့စဉ်က သူတို့အားလုံး မြေအောက်လမ်းကြောင်းထဲတွင် ပုန်းအောင်းခဲ့ရသော်လည်း ယခုအကြိမ်တွင်တော့ ပိုင်ချင်းချင်းနှင့် ချန်ဝမ်ရွန်တို့ကဲ့သော ထိပ်သီးပညာရှင်နှစ်ဦးက သူတို့ကို ကာကွယ်ပေးထားသောကြောင့် သူတို့ မြေအောက်တွင် ပုန်းအောင်းရန် မလိုအပ်ပေ။
လုချန်းလည်း ပြောင်းလဲသွားပြီဖြစ်ပြီး ယခုသူ့တွင် ကြီးမားသော အင်အားများရှိနေသည်ကို သိသော်လည်း မုကျိရွှမ်းနှင့် ကျောင်းညီအစ်မတို့တွင် စိုးရိမ်ပူပန်သော မျက်နှာများ ရှိနေကြသေးသည်။
သူတို့၏ စိုးရိမ်ပူပန်နေသော မျက်နှာများကို မြင်သောအခါ ချူးယုချင်က သူတို့ကို နှစ်သိမ့်ပေးလိုက်သည်။
“ကျိရွှမ်းတို့ စိတ်ပူစရာ မလိုပါဘူး။ ချန်းလေး အဆင်ပြေမှာပါ။”
ထိုစကားကို ကြားလိုက်ရသောအခါ မုကျိရွှမ်းသည် အနည်းငယ် ပြုံးလိုက်ပြီး ပြောလိုက်သည်။
“ မင်းသားက တကယ် အဆင်ပြေမယ်လို့ ကျွန်မ ယုံကြည်ပါတယ် ဒေါ်လေးချူး။”
ထိုအချိန်တွင် ချန်ဝမ်ရွန်သည် ခန်းမအတွင်းရှိသော အမျိုးသမီးများကို မထူးခြားသလို လှမ်းကြည့်လိုက်သည်။ ထိုအမျိုးသမီးများကို မြင်လိုက်ရသောအခါ လုချန်းသည် သူမကို မရှာဖွေရခြင်း၏ အကြောင်းရင်းကို မတွေးပဲ မနေနိုင်တော့ပေ။ အလွန်လှပသော မယားများစွာရှိပြီး သူတို့နှင့် ညတိုင်း အလှည့်ကျ နေနိုင်ခြင်းက မည်သည့် ကာမဂုဏ်ခံစားသူကိုမဆို ရောင့်ရဲတင်းတိမ်စေနိုင်မည်ဖြစ်သည်။ လုချန်း သူမကို ရှာဖွေရန် စိတ်မဝင်စားတာက မထူးဆန်းပါ။
သူမသည် ပို၍ တက်တက်ကြွကြွ လုပ်ဆောင်ရမည်ဟု ထင်သည်။ သူမ၏ ချစ်ခြင်းပိုးကောင်က အဆင်သင့်ဖြစ်နေတာ အတော်ကြာပြီဖြစ်သော်လည်း အခွင့်အရေးမရှိခဲ့ပေ။ ဒီအတိုင်းဆက်သွားပါက သူမ၏ ပိုးကောင် အဆာလွန်ပြီး သေဆုံးသွားနိုင်သည်။
လုချန်းနှင့် နှစ်ယောက်တည်း ဖြစ်နေစေရန် အခွင့်အရေးဖန်တီးပေးများ လင်ဝမ်ရွန်ကို စီစဉ်ခိုင်းဖို့ ချန်ဝမ်ရွန် တွေးနေစဉ်တွင် ချူးယုချင်က သူမကို ပြောလိုက်သည်။
“ချန်မိန်းကလေးကိုပါ ကျွန်မတို့ ဒုက္ခပေးမိပြီ။”
ချန်ဝမ်ရွန်က အေးစက်စွာ ပြန်ပြောလိုက်သည်။
“ဒါက လုပ်သင့်တဲ့ ကိစ္စပါ။”
လင်ဝမ်ရွန်က ဆက်ပြောလိုက်သည်။
“ယုချင်။ ငါတို့က မြောက်ပိုင်းနယ်စားမင်းသားစံအိမ်မှာ နေထိုင်နေပြီး ချန်းလေးက ငါတို့ကို ကောင်းကောင်းဆက်ဆံတာကြောင့် မြောက်ပိုင်းနယ်စားမင်းသား စံအိမ်မှာ အကူအညီလိုအပ်တဲ့အခါ ငါတို့က တက်တက်ကြွကြွ ကူညီရမှာပါ။”
လင်ဝမ်ရွန်နှင့် ချန်ဝမ်ရွန်တို့သည် လျှို့ဝှက်လဝန်းနန်းတော်မှ တပည့်များကို စေလွတ်ပေးပြီး လုချန်းအား ကူညီစေရန် ရည်ရွယ်ထားသော်လည်း လုချန်းက သူတို့နှစ်ဦးကို မြောက်ပိုင်းနယ်စားမင်းသားစံအိမ်ကို စောင့်ကြပ်ရန်သာ ပြောခဲ့ပြီး လျှို့ဝှက်လဝန်းနန်းတော်မှ လူများကို သူနှင့်အတူတိုက်ပွဲဝင်ရန် တောင်းဆိုခဲ့ခြင်း မရှိချေ။
သို့သော် ဒါကလည်း လုချန်းအနေနှင့် လျှို့ဝှက်လဝန်းနန်းတော်ကို အတိုင်းအတာတစ်ခုအထိ လက်ခံသည်ဟု ဆိုလိုသည်။ သူတို့ နောက်တစ်လှမ်း တက်ရန်သာ လိုအပ်၏။ထို့နောက် သူတို့၏ အစီအစဉ်ကို အကောင်အထည်ဖော်နိုင်မည်ဖြစ်သည်။
လင်ဝမ်ရွန် စကားပြောပြီးသည်နှင့် အစေခံမိန်းမတစ်ဦး လျင်မြန်စွာ ဝင်လာသည်။
“ မင်းသား ပြန်ရောက်လာပါပြီ။”
ထိုစကားကို ကြားလိုက်ရသောအခါ မုကျိရွှမ်းက ချက်ချင်း ထလိုက်ပြီး သူမ၏ ကလေးကို နို့ထိန်းဆီအပ်လိုက်သည်။
မကြာမီ အရပ်မြင့်မြင့် လူငယ်တစ်ဦး တံခါးဝတွင် ပေါ်လာသည်။ လုချန်း ပြန်ရောက်လာသည်ကို မြင်သောအခါ သူ၏မယားများအားလုံး သူ့ရှေ့သို့ ရောက်လာကြသည်။
မုကျိရွှမ်းက စိုးရိမ်စွာဖြင့် မေးလိုက်သည်။
“မင်းသား ဒဏ်ရာမရဘူး မဟုတ်လား။”
လုချန်းက မုကျိရွှမ်း၏ လက်ကို ကိုင်လိုက်ပြီး ပြုံး၍ ပြောလိုက်သည်။
“ကိုယ် အဆင်ပြေပါတယ်။ အင်အားကောင်းတဲ့ လူသတ်သမားအုပ်စုတွေကို အတော်များများကို ဖြေရှင်းပြီးပြီ။ အမှောင်ထဲမှာ ပုန်းအောင်းနေတဲ့ လူသတ်သမားအချို့တော့ ရှိနေဦးမှာပဲ။ ဒါပေမဲ့ မြောက်ပိုင်းနယ်စားမင်းသား စံအိမ်အတွက်တော့ ကြီးကြီးမားမား ခြိမ်းခြောက်မှု မရှိတော့ပါဘူး။ လုံခြုံရေးကိုတော့ ပိုတင်းကျပ်ဖို့ လိုတယ်။”
ထိုစဉ် လုချန်းက ခေါင်းလှည့်လိုက်ပြီး ချန်ဝမ်ရွန်ကို ကြည့်လိုက်သည်။
“ဒီတစ်ကြိမ်အတွက် ချန်မိန်းကလေးကို ကျေးဇူးတင်ပါတယ်။”
ချန်ဝမ်ရွန်က မျက်နှာအပြောင်းအလဲမရှိပဲ ပြန်ပြောလိုက်သည်။
“ကျေးဇူးတင်စရာ မလိုပါဘူး။”
လင်ဝမ်ရွန်က ချက်ချင်းပင် ချန်ဝမ်ရွန်၏ အဝတ်စကို ဆွဲကာ သူမ၏ စကားကို နည်းနည်းထပ်ပြောရန် အမူအရာဖြင့် ပြလိုက်သည်။ လင်ဝမ်ရွန်၏ ရည်ရွယ်ကို သတိထားမိသွားပြီး မျက်နှာအပြောင်းအလဲမရှိပဲ ချန်ဝမ်ရွန်က ဆက်ပြောလိုက်သည်။
“မင်းသားကို ကူညီရတာ ဝမ်းသာပါတယ်။”
လင်ဝမ်ရွန်၏ စိတ်ထဲတွင် သက်ပြင်းချလိုက်သည်။ သို့သော် ဒီလောက်တုံ့ပြန်တာက မဆိုးဟု သူမ ယူဆလိုက်သည်။ ချန်ဝမ်ရွန်သည် ယောက်ျားများနှင့် စကားပြောလေ့ မရှိပေ။ ထို့ကြောင့် ဒီလောက်ပြောတာတောင် တိုးတက်လာပြီဟု ယူဆရမည်ဖြစ်သည်။
လင်ဝမ်ရွန်က မုကျိရွှမ်းနှင့် အခြားသူများကို ကြည့်လိုက်ပြီး ပြောလိုက်သည်။
“ချန်းလေးက လူသတ်သမားအများစုကို ဖြေရှင်းပြီးသွားပြီဆိုတော့ နောက်ထပ် အကြောင်းကိစ္စ မရှိရင် နန်းတော်သခင်နဲ့ ကျွန်မတို့ အရင်ပြန်သွားလိုက်မယ်။”
လုချန်းက ပြန်ပြောလိုက်သည်။
“ဟုတ်ကဲ့။ ကောင်းပါပြီ။”
ယခုအချိန်သည် လုချန်းနှင့် သူ၏ မယားများအတွက် အချိန်ဖြစ်သည်။ လျှို့ဝှက်လဝန်းနန်းတော်မှ လူစိမ်းများအနေဖြင့် ထိုနေရာတွင် ဆက်လက်နေထိုင်ရန် မသင့်တော်သောကြောင့် လင်ဝမ်ရွန်နှင့် ချန်ဝမ်ရွန်တို့လည်း ခန်းမမှ ထွက်ခွာသွားကြသည်။ ချန်ဝမ်ရွန်နှင့် လင်ဝမ်ရွန်တို့ ထွက်ခွာသွားပြီးနောက် လုချန်းက သူ၏ ဇနီးမယားများကို နှစ်သိမ့်ပေးပြီး သူတို့ကို သူတို့၏ အခန်းများသို့ ပြန်ခိုင်းလိုက်သည်။
သူတို့အားလုံး ထွက်ခွာသွားပြီးနောက် မုကျိရွှမ်း၏ အခန်းတွင် ညအိပ်မည်ဟု လုချန်း စီစဉ်ထာခြင်း မဟုတ်ပေ။ ထိပ်သီးပညာရှင်သုံးဦး၏ စွမ်းရည်ကို စုပ်ယူပြီးနောက် သူ၏ ခန္ဓာကိုယ်သည် အလွန်မငြိမ်မသက်ဖြစ်နေပြီး အိပ်ငိုက်မှု လုံးဝမရှိပေ။ သူ၏ စွမ်းအားများ အလွန်အားကောင်းနေသည်ကို ခံစားနေရသည်။
မုကျိရွှမ်းက ကိုယ်ဝန်ရှိနေပြီဖြစ်သောကြောင့် သူ၏ လက်ရှိအခြေအနေအရ သူမနှင့် အတူနေရန် လုံးဝမဖြစ်နိုင်ပေ။ နွေဦးအသံအဆောင် သို့မဟုတ် ချူးချင်လီ၏ အခန်းတွင် ညအိပ်ရန် လိုအပ်သည်။
ထို့နောက် ချူးချင်လီ၏ အခန်းကိုသွားရန် လုချန်းဆုံးဖြတ်လိုက်သည်။ ယခင်က ချူးချင်လီနှင့် သဘောတူညီချက်ရပြီးနောက် သူတို့သည် တစ်ကြိမ်သာ ဆက်ဆံခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ထိုအချိန်မှစ၍ အခွင့်အရေး မရှိခဲ့သောကြောင့်ဖြစ်သည်။
အဓိကအကြောင်းရင်းမှာ ချူးယုချင်နှင့် ချူးချင်လီတို့သည် တစ်နေရာတည်းတွင် နေထိုင်ပြီး သူတို့၏ အခန်းများသည် ဘေးချင်းကပ် နေသောကြောင့် ဖြစ်သည်။ ချူးချင်လီနှင့် ရင်းနှီးရန် သူသွားလိုသည့်အခါတိုင်း ချူးယုချင်ကို တွေ့ရသောကြောင့် သူ့အနေနှင့် လုပ်ဆောင်ရန် အနည်းငယ် ခက်ခဲသည်။
သို့သော် ယနေ့ညတွင် ချူးယုချင် အတွင်း ဆောင်၌ တာဝန်ကျနေသောကြောင့် သူ့အတွက် အခွင့်အရေးဖြစ်လာသည်။
ချူးချင်လီသည်လည်း အစက ပင်မခန်းမ၌ ရှိနေခဲ့သော်လည်း လုချန်းက သူတို့ကို ပြန်ခိုင်းသောအခါ သူမ၏ အခန်းသို့ ပြန်သွားခဲ့သည်။
ယခုညတွင် သူမ၏ အစ်မ အတွင်းဆောင်ကို စောင့်ကြပ်ရန် တာဝန်ကျသောကြောင့် သူမအပြင်ထွက် နေရန် မလိုအပ်ပေ။
သူမ၏ အခန်းသို့ ပြန်ရောက်သောအခါ ချူးချင်လီသည် သူမ၏ အပေါ်အဝတ်ကို ဖြည်းဖြည်းချင်း ချွတ်လိုက်ပြီး ချောမွေ့သော အသားအရေကို ဖော်ပြလိုက်သည်။ ရေချိုးပြီး အိပ်ရန် သူမစီစဉ်နေသည်။ သို့သော် ထိုအချိန်တွင် သူမအခန်း၏ တံခါးကို အပြင်မှ တွန်းဖွင့်လိုက်သံကို ရုတ်တရက် ကြားလိုက်ရသည်။ ချူးချင်လီ ချက်ချင်း သတိထားမိသွားပြီး
“အဲ့ဒီမှာ ဘယ်သူလဲ။”
...........
အခန်း (၂၇၂)
အစ်မ ကျွန်မ အဆင်ပြေပါတယ် (၁)
တံခါးဝရှိ လှုပ်ရှားမှုကို သတိထားမိသောအခါ ချူးချင်လီ အဝတ်အစားများကို လျင်မြန်စွာ ပြန်ဝတ်လိုက်သည်။ သို့သော် ထိုအချိန်တွင် တံခါးပွင့်သွားပြီး ရင်းနှီးသော ပုံရိပ်တစ်ခု သူမ၏ အခန်းအတွင်း ပေါ်လာသည်။
လုချန်းဖြစ်သည်ကို မြင်လိုက်ရသောအခါ ချူးချင်လီသည် ခဏတာမျှ ငေးသွားသည်။
သူမ၏ စိတ်ထဲတွင် ယခင်က စာကြည့်ခန်းတွင် ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်များ ပြန်ပေါ်လာသည်။
လုချန်းနှင့် သဘောတူညီချက် ရပြီးကတည်းက သူမသည် လုချန်းနှင့် လျင်လျင်မြန်မြန် ပြီးအောင် လုပ်ဆောင်ရန် တွေးနေခဲ့သည်။ တစ်နေ့တစ်ကြိမ် လုချန်းကို လုပ်ဆောင်ပေးရန်နှင့် သုံးလအကြာတွင် သူမအစ်မ၏ လွတ်လပ်ခွင့် ပြန်ရရန် ဖြစ်သည်။
သို့သော် လုချန်းတွင် ဇနီးမယားများ အလွန်များပြီး သူမ၏ အစ်မကလည်း အတွင်း ဆောင်ကို မကြာခဏ လှည့်လည်စောင့်ကြပ်နေသောကြောင့် လုချန်းနှင့် နှစ်ယောက်တည်းနေဖို့ အခွင့်အရေးရရန် အလွန်ခက်ခဲသည်။
အဓိကပြဿနာမှာ လုချန်းကိုယ်တိုင်က သူမကို မရှာဖွေခြင်းဖြစ်သည်။ လုချန်းသည် သူမ၏ ခန္ဓာကိုယ်ကို ရပြီးနောက် သူတို့၏ သဘောတူညီချက်ကို ဖျက်သိမ်းရန် ကြံစည်နေသည်ဟု ချူးချင်လီ သံသယဝင်လာခဲ့သည်။
...
လုချန်း သူမ၏ အခန်းအတွင်း ပေါ်လာသည်ကို မြင်သောအခါ လုချန်းက သူတို့၏ သဘောတူညီချက်ကို အသိအမှတ်ပြုသေးသည်ဟု ချူးချင်လီ ယူဆလိုက်သည်။ မဟုတ်ပါက သူမဆီကို လာမည်မဟုတ်ပေ။
ထိုအချိန်တွင် ချူးချင်လီက အေးစက်စွာ ပြောလိုက်သည်။
“မင်းသားကို ဂါရဝပြုပါတယ်။”
အခန်းတံခါးကို ပိတ်လိုက်ပြီးနောက် ချူးချင်လီနားသို့ ချဉ်းကပ်လိုက်ကာ လုချန်းက ပြောလိုက်သည်။
“ချင်လီ။ ကိုယ်တို့ စာကြည့်ခန်းထဲမှာ လုပ်ခဲ့တဲ့ သဘောတူညီချက်ကို မင်းမှတ်မိသေးလား။”
ချူးချင်လီက မျက်နှာအပြောင်းအလဲမရှိပဲ
ပြောလိုက်သည်။
“မှတ်မိပါတယ်။”
လုချန်းက
“မင်းမှတ်မိတယ်ဆိုရင် ဒီကာလအတွင်း ကိုယ့်ဆီကို ဘာလို့ မလာခဲ့တာလဲ။ မင်းအစ်မ လွတ်လပ်ခွင့်ပြန်ရပြီး မြောက်ပိုင်းနယ်စားမင်းသားစံအိမ်ကနေ ထွက်ခွာသွားစေချင်တာ မဟုတ်ဘူးလား။”
“မင်းက မင်းအစ်မကို ကိုယ်ထင်သလောက် ဂရုမစိုက်ဘူးလို့ မြင်တယ်။
ထိုစကားကို ကြားလိုက်ရသောအခါ ချူးချင်လီ အံ့အားသင့်သွားသည်။ ချူးယုချင်ကို သူမဂရုမစိုက်ဟု မည်သူကမှ ပြောခွင့်မရှိပေ။ ထို့ကြောင့် သူမက ပြောလိုက်သည်။
“ကျွန်မ အစ်မ သိသွားမှာကို ကြောက်လို့ပါ။”
ထိုစကားကို ပြောပြီးနောက် ချူးချင်လီက သူမ၏ အပေါ်အဝတ်ကို မတွန့်တိုပဲ ပြန်ချွတ်လိုက်ပြီး ချောမွေ့သော ပခုံးများကို ဖော်ပြလိုက်ကာ ကတိတည်သော ဟန်ပန်ဖြင့် ပြောလိုက်သည်။
“လာပါ။”
ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ လုချန်း ရယ်မောလိုက်သည်။ သူတို့သည် တကယ်ပင် တာဝန်တစ်ခုကို ထမ်းဆောင်နေသည်ဟု ထင်ရသည်။
ချူးချင်လီက အလွန်တိုက်ရိုက်ဖြစ်နေပြီး ပျော်စရာမကောင်းပေ။ ထို့နောက် သူမ၏ နံဘေးသို့ လုချန်း ရောက်လာပြီး သူမ၏ အစိမ်းရောင် အပေါ်အဝတ်ကို ကောက်ယူကာ သူမ၏ ပခုံးများကို ဖုံးအုပ်လိုက်သည်။
ချူးချင်လီ အံ့အားသင့်သွားသည်။ လုချန်းက သူမနှင့် ထိုအရာကို လုပ်ရန် လာသည်ဟု သူမထင်ခဲ့သည်။ သူမ အဝတ်အစားများကိုပင် ချွတ်နေပြီဖြစ်နေပြီဖြစ်၏။ အခု လုချန်းက အဝတ်များကို ပြန်အုပ်နေသည်။
ချူးချင်လီက အေးစက်စွာ မေးလိုက်သည်။
“ဒါက ဘာကို ဆိုလိုတာလဲ။”
ချူးချင်လီ၏ ရေခဲကဲ့သို့ အေးစက်သော မျက်နှာကို မြင်လိုက်ရသောအခါ လုချန်း စိတ်လှုပ်ရှားလာသည်။ သူသည် ခုနက စွမ်းရည်များစွာကို စုပ်ယူထားပြီး သူ၏ ခန္ဓာကိုယ်က ချက်ချင်း ကျင့်သားရခြင်း မရှိသောကြောင့် အနည်းငယ် ထိန်းချုပ်မရဖြစ်နေသည်ဟု သူခံစားရသည်။
မတုန့်ဆိုင်းတော့ပဲ လုချန်းက ချူးချင်လီ၏ နူးညံ့သော ခန္ဓာကိုယ်ကို အနောက်မှ ပွေ့ဖက်လိုက်ပြီး သူ၏ ခန္ဓာကိုယ်ကို သူမ၏ နောက်ကျောနှင့် ဖိကပ်လိုက်သည်။
ချူးချင်လီ အနည်းငယ် စကားမပြောနိုင် ဖြစ်သွားသည်။ ဤလူသည် သူမနှင့် မကောင်းသော အရာလုပ်ရန် လာသည်မှာ ထင်ရှားသော်လည်း သူက လူကောင်းတစ်ယောက်၏ အမူအရာကို ပြသနေသည်။ ဟန်ဆောင်ကောင်းနေသည်။
သူဘာလုပ်ချင်တာလဲ ဆိုတာကို မသိသူ ဘယ်သူမှ မရှိပေ။ ဒါက ဘာလုပ်နေတာလဲ။
လုချန်းက သူ၏ ခေါင်းကို ချူးချင်လီ၏ ပခုံးပေါ်တွင် ထားလိုက်ပြီး သူမ၏ နားနားကပ်၍ တိုးတိုးပြောလိုက်သည်၊
“ချင်လီ။ မင်းက တကယ်ကို လှတယ်။”
လုချန်း ထိုကဲ့သို့ ပွေ့ဖက်ထားသောအခါ သူမ၏ ခန္ဓာကိုယ် ပူလာသည်ကို ချူးချင်လီ ခံစားရပြီး ယခင်က ခံစားခဲ့ရသော ထူးဆန်းသည့် ခံစားချက်များ ပြန်ပေါ်လာသည်။
ရုတ်တရက် ချူးချင်လီ၏ အသားများ နှင်းဆီရောင်ကဲ့သို့ နီရဲလာပြီး သူမ၏ နူးညံ့သော လည်ပင်းများကိုပင် နီမြန်းလာစေသည်။
သူမ၏ ခန္ဓာကိုယ် ပိုမိုပူလာသည်ကို ချူးချင်လီ ခံစားရပြီး သူမ၏ စိတ်များက စာကြည့်ခန်းတွင် ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်များကို ပြန်လည်ဖော်ပြနေသည်။
သူမ၏ ငွေသွားများကို ကိုက်လိုက်ပြီးခန္ဓာကိုယ်ကို ထိန်းချုပ်ရန် ချူးချင်လီ ကြိုးစားနေသည်။ ယခင်တုန်းကလို မဖြစ်စေရန် သတိထားနေသည်။
ထိုအချိန်တွင် ချူးချင်လီက အေးစက်စွာဖြင့် ပြောလိုက်သည်။
“ကျွန်မကို စိတ်အားထက်သန်အောင် လုပ်ပြီး ကျွန်မရဲ့နှလုံးသားကို သိမ်းပိုက်နိုင်မယ်လို့ တော့ ရှင်မတွေးနဲ့။ ရှင်ကျွန်မရဲ့ ခန္ဓာကိုယ်ကိုပဲ ရနိုင်တယ်။ ဒါကလွဲလို့ ကျွန်မဆီက ဘာမှ မရနိုင်ဘူး။ ကျွန်မကရှင့်ရဲ့ ပြုစားမှုကို ခံရမှာ မဟုတ်ဘူး။”
ချူးချင်လီ၏ လေသံက အလွန်ခိုင်မာသည်။ သူမ၏ ခန္ဓာကိုယ်အတွင်း ဖြစ်ပေါ်နေသော ပုံမှန်မဟုတ်သော ခံစားချက်များသည် လုချန်း၏ စိတ်ပြုစားမှုကြောင့် ဖြစ်သည်ဟု ယူဆသည်။ မဟုတ်ပါက သူမ ဤကဲ့သို့ ခံစားရမည် မဟုတ်ပေ။
ချူးချင်လီ၏ စကားများကို ကြားလိုက်ရသောအခါ လုချန်းလည်း မနေနိုင်တော့ပဲ ရယ်မောလိုက်သည်။ ချူးချင်လီ ခေါင်းမာနေသည်ကို ကြည့်ရတာ သူကြိုက်သည်။ သို့သော် သူမသည် ထိုသို့ ဆက်ခေါင်းမာနိုင်မည် မဟုတ်ပေ။
ထိုအချိန်တွင် လုချန်းသည် သူမ၏ နားနားကပ်၍ တိုးတိုးပြောလိုက်သည်။
“ချင်လီ။ မင်းရဲ့ခေါင်းကို ကိုယ့်ဘက်လှည့်လိုက်ပါ။”
လုချန်း၏ နက်ရှိုင်းသော အသံကို ကြားလိုက်ရသောအခါ သူမ၏ ခန္ဓာကိုယ် ထိန်းချုပ်ခံရလိုက်သည်ဟု ချူးချင်လီ ခံစားရပြီး တကယ်ပင် သူမ၏ ခေါင်းကို လှည့်လိုက်သည်။
ထိုအချိန်တွင် ချူးချင်လီ၏ အေးစက်ပြီး လှပသော ပါးပြင်များတွင် နီရဲမှုများဖြင့် ပြည့်နှက်နေပြီး သူမ၏ မျက်လုံးများသည် ဆောင်းဦးရေကန်ကဲ့သို့ တောက်ပနေသော်လည်း သူမသည် သူမ၏ စိတ်ကို ထိန်းချုပ်ရန် ကြိုးစားနေဆဲဖြစ်သည်။
အေးစက်သော အလှတရားနှင့် ရှက်ကြောက်နေသော အမူအရာဖြင့် မြင်လိုက်ရသောအခါ လုချန်းလည်း သူ့ကိုယ်သူ ထိန်းချုပ်နိုင်ခြင်း မရှိတော့ပဲ သူမ၏ နှုတ်ခမ်းနီများကို နမ်းရန်ကိုင်းညွတ်လိုက်သည်။
အတွင်းဆောင်ကို အကြိမ်များစွာ လှည့်လည်ပြီးနောက် သူမ၏ အဆာင်နားသို့ ချူးယုချင် ပြန်လည်ရောက်ရှိလာသည်။ အဆောင်ဝင်းထဲ့သို့ ဝင်ရန် မစီစဉ်ထားသော်လည်း ထိုအချိန်တွင် ထူးဆန်းသော အသံများကို ချူးယုချင် ကြားလိုက်ရသည်။
ချူးယုချင်သည် ချက်ချင်း ဝင်းခြံထဲသို့ ဝင်လိုက်ပြီး အသံများ၏ အရင်းအမြစ်ကို အမြန် ရှာဖွေလိုက်သည်။
ချူးချင်လီတွင် ပြဿနာတစ်ခုခု ရှိနေမည်ဟု ထင်သောကြောင့် ချူးချင်လီ၏ တံခါးသို့ အမြန်သွားကာ မေးလိုက်သည်။
“ချင်လီ နင်ဘာဖြစ်နေတာလဲ။”
ချူးယုချင်၏ အသံကို ကြားလိုက်ရသောအခါ ချူးချင်လီ ရုတ်တရက် သတိပြန်ရလာပြီး သူမ၏ ခန္ဓာကိုယ်လည်း ချက်ချင်း တောင့်တင်းသွားသည်။
လုချန်းလည်း သက်ပြင်းတစ်ချက်ချလိုက်သည်။ ချူးယုချင် ဒီထက်ပို၍ အချိန်ကိုက်လာလို့ မရနိုင်တော့ဟု တွေးမိလိုက်သည်။
ချူးချင်လီက လျင်မြန်စွာ ပြောလိုက်သည်။
“အစ်မ။ ကျွန်မ အဆင်ပြေပါတယ်။”
ချူးယုချင်က စူးစမ်းစွာဖြင့် မေးလိုက်သည်။
“နင့်အော်သံကို ကြားလိုက်ရတယ်။ နင်သိုင်းပညာလေ့ကျင့်ရင်း အတွင်းအား ပြဿနာတစ်ခုခုဖြစ်လို့လား။ ငါနင့်ကို ညှိပေးဖို့ လိုသလား။”
“ညှိပေးဖို့” ဟု ပြောသောအခါ
လုချန်းကို သူမ၏ စိတ်ထဲတွင် ချူးယုချင် မြင်ယောင်မိပြီး စာကြည့်ခန်းထဲက မြင်ကွင်းကို ပြန်မြင်လိုက်မိသည်။ ထိုအတွေးက သူမ၏ ပါးပြင်များကို ပူနွေးလာစေသည်။
သူ့မ၏ အစ်မက အထဲကို ဝင်လာရန် ကမ်းလှမ်းသည်ကို ကြားလိုက်ရသော ချူးချင်လီ ပို၍ပင် ထိတ်လန့်သွားပြီး ကြွက်သားများလည်း ပို၍တောင့်တင်းသွားသည်။
ချူးချင်လီက ခပိမြန်မြန်ပင်
“အစ်မ။ ငါ့ဘာသာငါ ပြန်ထိန်းညှိလိုက်ပြီ။ စိတ်မပူပါနဲ့။ အစ်… အစ်မ… လုပ်စရာရှိတာ ဆက်လုပ်ပါ” ဟု ပြောလိုက်သည်။
ချူးချင်လီ စကားပြောနေစဉ် ချူးယုချင်က မျက်မှောင် အနည်းငယ်ကြုတ်လိုက်ကာ
“ချင်လီ။ နင် တကယ်ပဲ အဆင်ပြေရဲ့လား” ဟု မေးလိုက်သည်။
လုချန်းနှင့် သူမ၏ ဆက်သွယ်မှုကို တစ်ချက်တည်း ဖြတ်တောက်လိုက်လျှင် ကောင်းမည်ဟု ချူးချင်လီ တွေးလိုက်သည်။ အံကြိတ်ကာ သူမ၏ အသက်ရှူနှုန်းကို တည်ငြိမ်အောင် ထိန်းလိုက်ပြီး
“ငါတကယ်… အဆင်ပြေပါတယ်…” ဟု ပြောလိုက်သည်။
ချူးချင်လီ၏ စကားကို ကြားလိုက်ရပြီး ချူးယုချင်က တံခါးဆီသို့ ထပ်လျှောက်လာသည်။
တစ်ခုခု မှားယွင်းနေသည်…
အလွန်ပင် မှားယွင်းနေသည်…
ချူးချင်လီတွင် တစ်ခုခု မှားယွင်းနေမည်။
တံခါးနားသို့ ခြေလှမ်းသံများ နီးကပ်လာသည်ကို ခံစားရသော ချူးချင်လီ၏ အာရုံကြောများ လုံးဝတင်းမာသွားသည်။
ချူးချင်လီက မြန်မြန်ပင်
“အစ်မ… မင်းသားက လူသတ်သမားတွေ အတော်များများကို ဖြေရှင်းပြီးပြီ ဆိုပေမဲ့ သတိလက်လွတ် နေလို့မရသေးဘူး။ အစ်မ… ပြန်ပြီး ကင်းသွားလှည့်သင့်တယ်။
“ငါ… လေ့ကျင့်နေတုန်း အတွင်းအား ယိုင်သွားတာ…… ဒါက အရင်ကတည်းရှိတဲ့ ပြဿနာပါ။ ခဏနေရင် အဆင်ပြေသွားလိမ့်မယ်” ဟု ပြောလိုက်သည်။
ချူးချင်လီ၏ စကားတွင် အမှန်တရားအချို့ပါသည်ဟု ချူးယုချင် ခံစားရသည်။ လုချန်းသည် ရန်ခရိုင်တွင် လူသတ်သမားများစွာကိုဖြေရှင်းခဲ့သည်။
သို့သော် ရန်ခရိုင်ထဲတွင် အခြားလူသတ်သမားများ ပုန်းအောင်းနေဆဲဖြစ်ပြီး ထိုလူသတ်သမားများသည် မြောက်ပိုင်းနယ်စားမင်းသားစံအိမ်၏ သတိလျော့မှုကို အခွင့်ကောင်းယူကာ လုချန်းကို မတိုက်ခိုက်ဟု မည်သူမှ မသိနိုင်ပေ။
ထိုအတွေးဖြင့် ချူးယုချင်က
“ကောင်းပြီ။ အကယ်၍ နင်တကယ် အဆင်မပြေရင် ငါ့ကို ပြောပါ။ တစ်ယောက်တည်း ကြိတ်ခံမနေနဲ့။ ငါမညှိပေးနိုင်ရင် ချန်းလေးကို ခေါ်လို့ရတယ်။ ချန်းလေးက ဆေးပညာ တတ်တယ်ရှိ။ သူက မင်းကို အလွယ်တကူ ကုသနိုင်တယ်” ဟု ပြောလိုက်သည်။
ချူးချင်လီက
“အင်း။ ကျွန်မ… နားလည်ပါတယ်” ဟု ပြောလိုက်သည်။
ထို့နောင် ထပ်မံတွေးတောခြင်း မပြုပဲ ချူးယုချင် ထွက်ခွာသွားတော့သည်။
......
အခန်း (၂၇၃)
အဆင့်လွန် ပညာရှင်ဖြစ်လာခြင်း (၁)
ချူးယုချင်သည် လှည့်ပြီး ထွက်ခွာသွားသည်နှင့် တပြိုင်နက် ချူးချင်လီ၏ တင်းမာနေသော စိတ်ခံစားမှုများသည် အလွန်အမင်း မြင့်တက်လာပြီး ရုတ်တရက် လွှတ်ထုတ်လိုက်သကဲ့သို့ ဖြစ်သွားကာ သူမ၏ ဦးနှောက် လုံးဝဗလာဖြစ်သွားပြီး အသိစိတ်များလည်း လုံးဝမှုန်ဝါးသွားသည်။
ကြီးမားသော လက်တစ်ဖက်က သူမ၏ သွယ်လျသော ခါးကို မကိုင်ထားပါက သူမ၏ နုနယ်သော ခန္ဓာကိုယ် ပြိုလဲကျသွားမည် ဖြစ်သည်။
ယနေ့ညတွင် လသည် လှပနေပြီး ညတာက ရှည်လျားသည်။ နွေဦးရာသီရောက်ရှိလာပြီဖြစ်သဖြင့် ရေခဲများ အရည်ပျော်လာပြီး အိမ်မိုးများမှ ရေခဲရေများ တစ်စက်ချင်း ကျဆင်းနေသော အသံများကို ကြားနေရသည်။
မြောက်ပိုင်းနယ်စားမင်းသားစံအိမ်တွင် ညသည် လုံးဝတိတ်ဆိတ်နေခြင်းတော့ မဟုတ်ပေ။ ရေစက်များ ကျဆင်းနေသော အသံများအပြင် သတ္တဝါများ၏ အသံများကိုလည်း ကြားရပြီး ထိုအသံများသည် တစ်ခါတစ်ရံတွင် သာယာနာပျော်ဖွယ်ဖြစ်ပြီး တစ်ခါတစ်ရံတွင် စူးရှနေကာ မည်သည့်သတ္တဝါ၏ အသံဖြစ်သည်ကို ခွဲခြားရန် မလွယ်ကူပေ။
တစ်စုံတစ်ယောက်က သူတို့ကို မိသွားတော့မည့်ဆဲဆဲတွင် ဖြစ်သွားခဲ့သော ခံစားချက်က စိတ်ခံစားမှုနှင့် ခန္ဓာကိုယ်ကို ချက်ချင်းပင် တောင့်တင်းသွားစေပြီး ထိုချုပ်တည်းမှုမှ ပေါက်ထွက်ချင်စိတ်များကို အဆုံးစွန် မြင့်တက်သွားစေတတ်သည်ကို လုချန်း သတိပြုမိသည်။
ထိုအချက်က လုချန်းအား အကြံတစ်ခု ဖြစ်ပေါ်စေသည်။ အနာဂတ်တွင် သူသည် ချူးချင်လီနှင့် ပို၍ဆက်ဆံရမည်။ အထူးသဖြင့် အခြားသူများ အလွယ်တကူ မြင်နိုင်သော နေရာများတွင် ဖြစ်သည်။
...
မည်မျှကြာသွားသည်ကို မသိရပေ။ လ၏ အလင်းရောင်သည် တဖြည်းဖြည်း မှုန်ဝါးလာပြီး ကောင်းကင်တွင် အလင်းရောင်များ ဖြန့်ကျက်သွားကာ မနက်ဘက် ရောက်ရှိလာသည်။ ထိုအချိန်တွင် လုချန်း မနေ့က လူသုံးဦးထံမှ စုပ်ယူထားသော စွမ်းရည်များသည် အခြေခံအားဖြင့် သူ၏ကိုယ်ပိုင်စွမ်းရည်အဖြစ်သို့ လုံးဝပြောင်းလဲသွားပြီ ဖြစ်သည်။
ထိုအချိန်တွင် စနစ်၏ သတိပေးချက် ရုတ်တရက် ပေါ်ထွက်လာသည်။
[သခင်သည် ချူးချင်လီနှင့် ဆက်သွယ်မှုတစ်ခု ပြုလုပ်ပြီး အတွင်းအားမန္တာန်ကျင့်စဉ် အတွေ့အကြုံ ၆၀၀ တိုးလာသည်။ ပြန်လည်သန်စွမ်းစေသောစွမ်းအား အတွေ့အကြုံ ၁၀၀၀ တိုးလာသည်။ နဂါးဖီးနစ်ယင်ယန်ကျင့်စဉ် အတွေ့အကြုံ ၁၀၀၀ တိုးလာသည်။ စုပ်ယူသည့်ကျင့်စဉ် အတွေ့အကြုံ ၁၀၀၀ တိုးလာသည်။ သခင်သည် စွမ်းအားမြင့် စိတ်ခံစားမှု မှတ်တိုင်တစ်ခုကို ဖြစ်ပေါ်စေခဲ့ပြီး ကျင့်စဉ်နည်းလမ်းအားလုံး၏ အတွေ့အကြုံ လေးဆတိုးလာသည်။]
[သခင်အား ဂုဏ်ပြုပါသည်။ အတွင်းအားမန္တာန်ကျင့်စဉ် စတုတ္ထအဆင့်သို့ ရောက်ရှိသွားပြီး အဆင့်လွန် ပညာရှင် အဆင့်သို့ တိုးတက်သွားသည်။ ပြန်လည်သန်စွမ်းစေသောစွမ်းအားတတိယအဆင့်သို့ ရောက်ရှိသွားသည်။ နဂါးဖီးနစ်ယင်ယန်ကျင့်စဉ် ဒုတိယအဆင့်သို့ ရောက်ရှိသွားသည်။ စုပ်ယူသည့် ကျင့်စဉ်နည်းလမ်း ပထမအဆင့်သို့ ရောက်ရှိသွားသည်။]
စနစ်၏ အသံမြည်လာပြီးနောက် သူ၏ခန္ဓာကိုယ်အတွင်းသို့ ထူးဆန်းသော အင်အားတစ်ခု ဝင်ရောက်လာသည်ကို လုချန်း ခံစားလိုက်ရပြီး သူ၏ဦးနှောက်သည် အလွန်ရှင်းလင်းသွားကာ သူ၏အာရုံခံစားမှုကလည်း အလွန်တိုးတက်လာသည်။ သူ့ပတ်ဝန်းကျင်ရှိ အရာအားလုံးသည် သူ၏အာရုံခံစားမှုအတွင်းသို့ ရောက်ရှိလာသကဲ့သို့ ဖြစ်နေသည်။
သူ၏အာရုံခံစားမှုစွမ်းရည်ကို စမ်းသပ်ရန် မျက်လုံးများကို မှိတ်ကြည့်လိုက်သည်။ မျက်လုံးများကို မှိတ်လိုက်သည်နှင့် တပြိုင်နက် သူသည် တံခါးအပြင်ဘက်ရှိ ရေစက်များ ကျဆင်းနေသည်ကို သတိပြုမိပြီး သူ့ပတ်ဝန်းကျင်ရှိ အရာအားလုံးက သူ၏အာရုံထဲတွင် ပေါ်လာသည်။
မျက်လုံးများ မပါပဲ သူ၏အာရုံခံစားမှုကိုသာ အသုံးပြုကာ လောကကြီးကို ရှင်းရှင်းလင်းလင်း မြင်နေ နိုင်သည်။
ဒါက အဆင့်လွန် ပညာရှင်ရဲ့ စွမ်းအားလား။
လုချန်း အံ့အားသင့်သွားသည်။
ထိုအချိန်တွင် သူ၏စိတ်နှလုံးထဲတွင် ရဲရင့်သော မှန်းဆချက်တစ်ခု ရုတ်တရက် ပေါ်လာသည်။ သိုင်းပညာတစ်ယောက် အဆင့်မြင့်မားလေလေ ကျင့်စဉ်များဘက်သို့ ပို၍ ဦးတည် သွားလေလေ ဖြစ်နိုင်တာလား။ ကောင်းကင်ဘုံအဆင့်ဆိုတာ တကယ်တော့ လေ့ကျင့်သူများ၏ စွမ်းအားသန့်စင်သွားသည့်အဆင့် ဖြစ်နိုင်လား။
ဤကမ္ဘာတွင် သိုင်းပညာအဆင့်များ အဆုံးသတ်သည့် အဆင့်ရှိသည်။ သိုင်းပညာတွင် စွမ်းအားအကြီးဆုံး အဆင့်မှာ ကောင်းကင်ဘုံအဆင့်ဟု သိထားကြပြီး ထိုအဆင့်ထက် မြင့်မားသော အဆင့်များကို မည်သူမှ မသိပေ။
လုချန်း အဆင့်လွန် ပညာရှင်အဆင့်သို့ ရောက်ရှိသွားသည်နှင့်အမျှ သူ၏ခန္ဓာကိုယ် တည်ဆောက်မှုကလည်း ပို၍ခိုင်မာလာသည်။
ချူးချင်လီသည်လည်း လုချန်း၏ ပြောင်းလဲမှုများကို ရှင်းရှင်းလင်းလင်း ခံစားမိသည်။ သူ့ထံမှ ထွက်လာသော အငွေ့အသက်များကို ခံစားမိသောအခါ သူမ လုံးဝကြက်သေသေသွားသည်။
အဆင့်လွန် ပညာရှင်များကို သူမ မမြင်ခဲ့ဖူးသလို သူတို့၏ စွမ်းအားကိုလည်း မသိပေ။ သို့သော် သူမအခု အဆင့်လွန် ပညာရှင်တစ်ဦးကို မြင်ရပြီဖြစ်သည်။ လုချန်း ယခင်က ထိပ်သီးပညာရှင်ဖြစ်သည်။ ထို့ကြောင့် ထိပ်သီးပညာရှင်၏ စွမ်းအား မည်သို့ရှိသည်ကို သူမသိသည်။
လုချန်း ယခုထုတ်လွှတ်နေသော စွမ်းအားသည် ထိပ်သီးပညာရှင်၏ စွမ်းအားမဟုတ်ကြောင်း ရှင်းနေသည်။ တစ်နည်းအားဖြင့် လုချန်းသည် ထိပ်သီးပညာရှင် မဟုတ်တော့ပေ။ သူသည် ထိပ်သီးပညာရှင်အဆင့်ကို ဖြတ်ကျော်ကာ အဆင့်လွန် ပညာရှင်ဖြစ်လာခဲ့ပြီသည်။
ချူးချင်လီသည် အနည်းငယ် မှုန်ဝါးသွားသည်။
အဆင့်လွန်… ပညာရှင်လား။
ဖြစ်နိုင်လို့လား။
လုချန်း ထိပ်သီးပညာရှင် ဖြစ်နေစဉ်တွင်ပင် သူမ သူနှင့် မယှဉ်နိုင်ခဲ့ပေ။ အကယ်၍ သူသာ အဆင့်လွန်ပညာရှင် အဆင့်သို့ ရောက်သွားပါက…
သူမတွေ့ကြုံနေရသည့်အရာကို ချူးချင်လီ မယုံနိုင်ခဲ့ပေ။
ထိပ်သီးပညာရှင်နှင့် အဆင့်လွန် ပညာရှင်သည် လုံးဝကွဲပြား ဖြစ်သည်။ ထိပ်သီးပညာရှင်သည် ကာကွယ်ခြင်း စွမ်းအားကို အသုံးပြု၍ တိုက်ခိုက်မှုများကို ကာကွယ်သည်။ အဆင့်လွန် ပညာရှင်သည် ကာကွယ်ခြင်းစွမ်းအားကို အသုံးမပြုစရာ မလိုပဲ ခန္ဓာကိုယ်၏ အင်အားဖြင့်သာ တိုက်ခိုက်မှုများကို ခံနိုင်ရည်ရှိသည်။ ဒါက အဆင့်လွန် ပညာရှင်၏ ခန္ဓာကိုယ်သည် ကြောက်မက်ဖွယ်ကောင်း လောက်အောင်သော ခံနိုင်ရည်ရှိကြောင်း ပြသနေသည်။
လုချန်း အဆင့်လွန် ထိပ်သီးပညာရှင်ဖြစ်လာခြင်းက သူ၏ ရုပ်ပိုင်းဆိုင်ရာ စွမ်အားများနှင့် ခံနိုင်ရည်စွမ်းအားများ သိသိသာသာ တိုးတက်လာခြင်းကို ဆိုလိုသည်။ ယခင်က သူသည် တစ်ညလုံး သူမနှင့် ဆက်ဆံနိုင်ခဲ့သည်။ ယခု သူသည် ရက်ပေါင်းများစွာ ဆက်တိုက် လုပ်ဆောင်နိုင်မည် ဖြစ်သည်။
ထိုအတွေးကို တွေးမိသော ချူးချင်လီ၏ မျက်နှာ ဖြူလျော်သွား၏။ ဒီလူ ဒီလောက်မြန်မြန် အဆင့်လွန် ထိပ်သီးပညာရှင်အဆင့်သို့ ရောက်ရှိသွားမည်ဟု သူမ မျှော်လင့်မထားခဲ့ပေ။
ဒီလူသည် ဘယ်လိုလေ့ကျင့်နေတာလဲ။
ဘယ်အရာက သူ့ရဲ့ စွမ်းအားကို ဤမျှမြန်မြန် တိုးတက်နိုင်တာလဲ။
ထိုအချိန်တွင် လုချန်းသည် သူ့ရှေ့တွင် ရှိနေသော ရေခဲပြင်ကဲ့သို့ အလှကို ကြည့်လိုက်သည်။
ချူးချင်လီ၏ ဖြူလျော် နေသော မျက်နှာကို မြင်လိုက်ရသော လုချန်းက
“ချင်လီ။ မင်းဘာလို့ မျက်နှာဒီလောက်ပျက်နေတာလဲ” ဟု ပြုံးရင်း ပြောလိုက်သည်။
“မင်း မအီမသာဖြစ်နေလား။ ကိုယ်ကုပေးမယ်လေ” ဟု ပြောလိုက်သည်။
ထို့နောက် လုချန်းက သူ၏လက်ကို သူမပေါ်တွင် တင်ထားလိုက်ပြီး ပြန်လည်သန်စွမ်းစေသောစွမ်းအားဖြင့် သူမကို ကုသပေးသည်။ မကြာမီတွင် သူမ၏ခန္ဓာကိုယ်အတွင်းသို့ နွေးထွေးသော စီးဆင်းမှုတစ်ခု ဝင်ရောက်လာသည်ကို ချူးချင်လီ ခံစားလိုက်ရသည်။
ထိုနွေးထွေးသော စီးဆင်းမှုသည် သူမ၏ နာကျင်နေသော ဒဏ်ရာများကို ကုသနိုင်သည့်အပြင် သူမ၏ လှုပ်ရှားနေသော နှလုံးသားကိုလည်း အလျင်အမြန် ငြိမ်သက်စေသည်။ ချူးချင်လီ ငြိမ်သက်သွားသောအခါ သူမ၏ မျက်နှာအမူအရာက ပြန်လည် အေးစက်သွားပြီး လုချန်းကို တည့်တည့်ကြည့်ကာ
“ဒါက တတိယအကြိမ်ပါ” ဟု ပြောလိုက်သည်။
ထိုစကားကို ကြားလိုက်ရသော လုချန်းက ရယ်မောလိုက်ပြီး
“မင်းက တွေးနေပုံက နည်းနည်းလှမနေဘူးလား။ ကိုယ်တို့ မနေ့ညကတည်းက အခုထိ အပြင်မထွက်ပဲ နေနေတာလေ။ ဒါကို တတိယအကြိမ်လို့ ဘယ်လိုရေတွက်မှာလဲ” ဟု ပြန်ဖြေလိုက်သည်။
........