အခန်း ၂၇၄-၂၇၆
Vol. 19 Ch. 274-276
အခန်း (၂၇၄)
အဆင့်လွန် ပညာရှင်ဖြစ်လာခြင်း (၂)
ချူးချင်လီသည် စကားပြန်ပြောတော့မည့် အချိန်တွင် လုချန်းက နောက်တစ်ကြိမ် ကိုင်းညွှတ်လာပြီး သူမ၏ နီရဲနေသော နှုတ်ခမ်းများကို တိုက်ရိုက်နမ်းလိုက်သဖြင့် ချူးချင်လီလည်း “အမ် အမ် ” ဟူသော အသံများသာ ထွက်လာနိုင်သည်။
လုချန်းသည် အဆင့်လွန် ပညာရှင်အဆင့်သို့ ရောက်ရှိသွားပြီဖြစ်သဖြင့် သူတို့ ယခင်က အသုံးပြုခဲ့သော တွက်ချက်မှုနည်းလမ်းအတိုင်း ဆက်သွားပါက သူမ အရှုံးကြီးရှုံးမည်ဟု ချူးချင်လီ တွေးမိသည်။
လုချန်းသည် တစ်ကြိမ်က ရက်ပေါင်းများစွာ ကြာမြင့်ပါက သူမ မည်သည့်အချိန်တွင် သူမ၏ အစ်မကို မြောက်ပိုင်းနယ်စားမင်းသားစံအိမ်မှ ကယ်တင်နိုင်မည်နည်း။ ထို့ကြောင့် တွက်ချက်မှု စည်းမျဉ်းများကို ပြောင်းလဲရန် သူမ ရည်ရွယ်ခဲ့သည်။ တစ်ရက်ထက် ကျော်လွန်ပါက တစ်ကြိမ်အဖြစ် ရေတွက်ရန် ဖြစ်သည်။
သို့သော် ဆုံးဖြတ်ချက်သည် သူမ၏ လက်ထဲတွင် မရှိကြောင်း ရှင်းနေသည်။ သူမ လိုချင်သလို တွက်ချက်မှုစည်းမျဉ်းများကို ပြောင်းလဲ၍ မရပေ။
ယခု လုချန်းသည် အဆင့်လွန် ပညာရှင်အဆင့်သို့ ရောက်ရှိသွားပြီး သူ၏ ရုပ်ပိုင်းဆိုင်ရာ စွမ်းရည်များကို စမ်းသပ်ရန် ရှာဖွေနေသဖြင့် ချူးချင်လီသည် ဒုက္ခရောက်ရသည်။
အပြင်ဘက်မှ အလင်းရောင်က တဖြည်းဖြည်း အခန်းအတွင်းသို့ ဝင်ရောက်လာသည်။ တံခါးနှင့် ပြတင်းပေါက်များကို ပိတ်ထားသော်လည်း ဤခေတ်တွင် ပြတင်းပေါက်များကို စက္ကူများဖြင့် ကပ်ထားတတ်သဖြင့် အလင်းရောင်က အလွယ်တကူ စိမ့်ဝင်လာသည်။
...
မနက်ခင်း ရောက်နေပြီဖြစ်ကြောင်း မြင်လိုက်ရသော သူမ၏ အစ်မ မကြာမီ ပြန်လာမည်ကို သိသွားသဖြင့် ချူးချင်လီက သူမ၏ ဖြူဖွေးသောလက်ကို မြှောက်ကာ လုချန်း၏ ရင်ဘတ်ကို တွန်းပစ်ရန် ကြိုးစားလိုက်သည်။
အကယ်၍ သူမ၏ အစ်မ ပြန်လာပါက ဒုက္ခများသွားမည်ဖြစ်သည်။ သူမ၏ အစ်မသည် မနေ့ညကတည်းက သူမကို သံသယဝင်နေပြီး သူမ မနက်ဘက်တွင်လည်း အခန်းထဲမှ မထွက်ပါက သူမ၏ အစ်မ တိုက်ရိုက်ဝင်လာမည်မှာ သေချာသည်။
အကယ်၍ သူမ ဝင်လာပြီး ဤအဖြစ်အပျက်ကို မြင်လိုက်ပါက သူမ၏ အစီအစဉ်အားလုံး ပျက်စီးသွားမည် ဖြစ်သည်။
ကံမကောင်းစွာပင် ယခုအချိန်တွင် ချူးချင်လီသည် အင်အားလုံးဝကုန်ခန်းသွားပြီး သူမ၏ အတွင်းအားလည်း ပိတ်ဆို့ခံထားရသဖြင့် လုချန်းကို တွန်းပစ်ရန် မတတ်နိုင်တော့ပေ။ အခြားနည်းလမ်း မရှိသဖြင့် သူမသည် လုချန်းနှင့် ဆက်ဆံရေးကို ဆက်လက် လေ့ကျင့်ရတော့သည်။
မိုးလင်းစတွင်။
ချူးယုချင်သည် မြောက်ပိုင်းနယ်စားမင်းသားစံအိမ်၏ ခေါင်မိုး တစ်ခုပေါ်တွင် ရပ်နေပြီး စံအိမ်တစ်ခုလုံးကို စစ်ဆေးကြည့်နေသည်။
သူမ ဤမျှကြာအောင် အချိန်ဆွဲထားပြီးမှ ဆက်လက်ဆွဲထားနိုင်မည် မဟုတ်ဟု ချူးယုချင် တွေးနေသည်။ ဆက်လက်၍ အချိန်ဆွဲထားပါက လုချန်း သူမအပေါ် ဒေါသထွက်လာမည် ဖြစ်သည်။
ထို့ကြောင့် မြောက်ပိုင်းနယ်စားမင်းသားစံအိမ်တွင် သင့်လျော်သော ပုန်းခိုစရာနေရာတစ်ခုကို ရှာဖွေပြီး သူမ၏ ကတိအား ဖြည့်ဆည်းရန် ကြံရွယ်လိုက်သည်။
မြောက်ပိုင်းနယ်စားမင်းသားစံအိမ်၏ တည်ဆောက်ပုံကို လေ့လာပြီးနောက်
သင့်တော်သော ပုန်းခိုစရာနေရာ မရှိကြောင်း ချူးယုချင်သည် သိလိုက်ရသည်။ ချူးချင်လီ လုံခြုံရေး လုပ်နေသရွေ့ စံအိမ်အတွင်းရှိ နေရာတိုင်းကို သူမ လှည့်လည်နေမည်ဖြစ်သည်။
အရင်က စာကြည့်ခန်းတွင် လုချန်းအား ပြုစုရန် စဉ်းစားခဲ့ဖူးသော်လည်း လုချန်း၏ နိုင်ငံရေးကိစ္စများ ပိုမိုများပြားလာသည်နှင့်အမျှ စာကြည့်ခန်းသို့ လာရောက်သူများ စိတ်လာသဖြင့် ထိုနေရာကလည်း မသင့်တော်တော့ပေ။
လောလောဆယ်တွင် သူမ၏ မျက်နှာပူလာသည်ကို ချူးယုချင် ခံစားနေရသည်။ မနက်စောစော ခေါင်မိုးပေါ်တွင် ရပ်လျက် ထိုအရာများကို သူမမိစဉ်းစားမိနေခြင်းဖြစ်သည်။
သူမသည် အမှန်တကယ်ပင် အရှက်မဲ့သော အမျိုးသမီးတစ်ဦးဖြစ်နေပြီဖြစ်သည်။ ယောက်ျားတစ်ယောက်နှင့် တိတ်တဆိတ် ရင်းနှီးစွာ နေထိုင်နိုင်မည့် နေရာတစ်ခုကို ရှာဖွေရန် တွေးနေခြင်းဖြစ်သည်။
ကိုယ့်ကိုယ်ကို အနည်းငယ် လှောင်ပြောင်ပြီးနောက် ချူးယုချင်၏ အကြည့်များသည် သူမ နေထိုင်သော အဆောင်ပေါ်သို့ ကျရောက်သွားပြီး သူမ၏ နှလုံးသားတွင် တုန်လှုပ်မှုတစ်ခု ဖြစ်ပေါ်လာသည်။
အန္တရာယ်အများဆုံးနေရာသည် လုံခြုံမှုအရှိဆုံးနေရာလည်း ဖြစ်နိုင်သည်။ ချူးချင်လီသည် သူမ နေထိုင်ရာ အဆောင်မှ ထွက်သွားပါက တစ်နေကုန် ပြန်လာမည် မဟုတ်ပေ။ အတွင်းဆောင်တစ်ခုလုံးကို လှည့်လည်နေမည်ဖြစ်သည်။
နောက်တစ်ကြိမ် လုချန်းကို အတွင်းအား ထိန်းညှိပေးသည့်အခါ လုချန်းအား သူမ၏ အိပ်ခန်းသို့ ခေါ်ဆောင်လာပြီး သူမ၏ ကတိကို ဖြည့်ဆည်းလိုက်နိုင်သည်။
ထိုအတွေးဖြင့် ချူးယုချင် ဆုံးဖြတ်ချက်တစ်ခု ခိုင်မာစွာ ချလိုက်သည်။
နွေဦးရာသီရောက်လာပြီဖြစ်သည်။ သူမ ထိုခြေလှမ်းကို လှမ်းရန် အချိန်တန်ပြီ။
ထိုအတွေးဖြင့် ချူးယုချင် ခေါင်မိုးပေါ်မှ ဆင်းလာခဲ့သည်။ ညဘက်ကင်းကျသည့်အလှည့်ပြီးနောက် နေ့ဘက်တွင် အခြားတစ်ယောက်က ကင်းလှည့်မည်ဖြစ်သည်။ ထို့ကြောင့် ချူးချင်လီအား သူမ၏ ကင်းလှည့်တာဝန် လွှဲပေးရမည်ဖြစ်သည်။
သူမ၏ အဆောင်သို့ ပြန်ရောက်သည်နှင့် ချူးချင်လီ၏ အခန်းမှ မနေ့ညကကဲ့သို့သော အသံများကို မပီမသ ကြားလိုက်ရပြီး ချူးယုချင် စိုးရိမ်သွားသည်။
တစ်ညလုံး ကုန်ဆုံးသွားပြီဖြစ်သော်လည်း ချူးချင်လီသည် ပြန်လည်ကောင်းမွန်လာခြင်း မရှိသေးပေ။
အခြေအနေ အတော်လေး ဆိုးရွားနေဟန် ရှိသည်။
ချူးယုချင်လည်း ချက်ချင်းပင် ချူးချင်လီ၏ အခန်းတံခါးဆီသို့ သွားရောက်လိုက်သည်။
“ချင်လီ ။နေကောင်းရဲ့လား။”
“တကယ်လို့ မအီမသာဖြစ်နေတယ်ဆိုရင် ချန်းလေးကို ခေါ်ပြီး မင်းကို ကူညီခိုင်းမယ်။”
ချူးယုချင်၏ အသံကို ကြားလိုက်ရသောအခါ၊ အိပ်ငိုက်နေသော ချူးချင်လီလည်း ရုတ်တရက် သတိဝင်လာပြီး သူမ၏ စိန်နှလုံးတွင် ထူးဆန်းသော ခံစားချက်များ လွှမ်းမိုးလာကာ ခန္ဓာကိုယ်ကလည်း တောင့်တင်းသွားသည်။
လုချန်း တွေးမိလိုက်သည်။ ယခုလို စိတ်လှုပ်ရှားဖွယ်ဖြစ်နေရခြင်းက ခိုးကြောင်ခိုးဝှက် လုပ်နေရလို့ဖြစ်သည်။
ချူးချင်လီက အသံကို ထိန်းချုပ်လိုက်ပြီး တံခါးနားရှိ ချူးယုချင်အား ပြောလိုက်သည်။
“ငါ နေကောင်းပါတယ် အစ်မ။”
ချူးယုချင်၏ မျက်နှာတွင် စိုးရိမ်မှုအနည်းငယ် ပေါ်လာပြီး ဆက်ပြောလိုက်သည်။
“ဘယ်လိုနေကောင်းနိုင်မှာလဲ။ မနေ့ညက အတွင်းလေ့ကျင့်ရင်း ဖောက်ပြန်သွားတာက ပြန်ကောင်းမှာ မဟုတ်သေးဘူး။ ဒီလို ဆက်သွားမယ်ဆိုရင် နင့်ရဲ့ စွမ်းအားတွေ အားလုံးပျောက်ဆုံးသွားနိုင်တယ်။ နင့်ရဲ့ အသက်တောင် အန္တရာယ်ရှိနိုင်တယ်။”
ထိုအချိန်တွင် ချူးယုချင်သည် တံခါးသို့ ချဉ်းကပ်လာပြီဖြစ်ပြီး လက်နှစ်ဖက်ကို တံခါးပေါ်တွင် တင်လိုက်ကာ ဆက်ပြောလိုက်သည်။
“ချင်လီ။ ငါ့ကို ကုသခွင့်ပေးပါလား။ ငါဝင်လာခဲ့မယ်။”
ချူးယုချင်၏ စကားကို ကြားလိုက်ရသောအခါ ချူးချင်လီ၏ စိတ်တွင်းမှ ထိတ်လန့်မှုသည် ရုတ်တရက် အမြင့်ဆုံးသို့ ရောက်ရှိသွား၏။ ထိုအချိန် လုချန်းကလည်း အသက်ပြင်းပြင်းတစ်ချက် ရှုသွင်းလိုက်သည်။
ချူးချင်လီ မနေနိုင်တော့ပဲ ညည်းညူလိုက်သည်။
“အာ... အစ်မ... မင်းသားကို အမြန်သွားရှာပါ... မင်းသားကို ကုခိုင်းဖို့ ခေါ်လာပါ...”
တံခါးနားမှ ချူးယုချင်လည်း ခဏတာမျှ ငေးငိုင်သွားသည်။
ချူးချင်လီ အလွန်မသက်မသာ ဖြစ်နေသဖြင့် လုချန်းအား ရှာဖွေရန် တောင်းဆိုခြင်းဖြစ်သည်ဟု ချူးယုချင် ယူဆလိုက်သည်။
ချူးယုချင်က ချက်ချင်းပင်
“ခဏစောင့်ပါ။ ငါချန်းလေးကို အခုပဲ သွားရှာမယ်။”
ထိုစကားကို ပြောပြီးနောက် ချူးယုချင်၏ လက်များသည် အခန်းတံခါးပေါ်မှ ဖယ်သွားပြီး တစ်ဖက်လှည့်ကာ ပင်မဆောင်ဆီသို့ တည့်တည့်သွားလိုက်သည်။ လုချန်း မုကျိရွှမ်း၏ နေရာတွင် ညအိပ်သည်ဟု သူမသိထားသည်။
ချူးယုချင် ထွက်ခွာသွားပြီးနောက် ချူးချင်လီ၏ ခန္ဓာကိုယ်တစ်ခုလုံးသည် ပျော့ခွေသွားသည်။
ချူးယုချင် မကြာမီ ပြန်လာမည်ကို သိသောကြောင့် လုချန်းလည်း ကြာကြာမနေတော့ပေ။ သူက ထရပ်လိုက်ပြီး အဝတ်အစားများကို ပြန်ဝတ်ဆင်လိုက်သည်။
ချူးချင်လီ၏ မျက်လုံးများတွင် မျက်ရည်များ ပြည့်နေသည်ကို မြင်သောအခါ လုချန်းက ပြုံးရယ်လျက် ပြောလိုက်သည်။
“ချင်လီ။ မင်း အမြန်မထရင် မင်းအစ်မ ဒီကို ပြန်ဝင်လာတာနဲ့ တိုးသွားမယ်။”
လုချန်း၏ စကားကို ကြားလိုက်ရသောအခါ ချူးချင်လီ ရုတ်တရက် သတိပြန်ဝင်လာပြီး အဝတ်အစားများကို အလျင်အမြန် ဝတ်ဆင်လိုက်သည်။
ထိုအတောအတွင်း။
ချူးယုချင် ပင်မဆောင်သို့ ရောက်ရှိသွားပြီဖြစ်သည်။
ထိုစဉ် မုကျိရွှမ်း အခန်းထဲမှ ထွက်လာသည်ကို တွေ့လိုက်ရပြီး ချူးယုချင်က အရေးတကြီးပြောလိုက်သည်။
“ကျိရွှမ်း။ ချန်းလေး ထပြီးပြီလား။ အရေးကြီးကိစ္စရှိလို့။”
ချူးယုချင်၏ မေးခွန်းကို ကြားလိုက်ရသောအခါ မုကျိရွှမ်းက
“ဒေါ်လေးချူး။ မင်းသား မနေ့ညက ကျွန်မအခန်းမှာ မနေခဲ့ပါဘူး။”
မုကျိရွှမ်း ပြောပြီးသည်နှင့် ချူးယုချင်လည်း အလျင်အမြန်ပင် မြောက်ဘက်အဆောင်သို့ သွားရောက်လိုက်သည်။ သို့သော် လုချန်းကို မတွေ့ရပေ။ ထို့နောက် နွေဦးအသံ အဆောင်သို့ ဆက်သွားသော်လည်း လုချန်းကို မတွေ့ရပေ။
ထို့နောက် မင်းသားစံအိမ်ရှိ အစေခံများအား မေးမြန်းကြည့်ရာ လုချန်း စာကြည့်ခန်းသို့လည်း မသွားကြောင်း သိလိုက်ရသည်။ ချူးယုချင်သည် အလွန်စိုးရိမ်သွား၏။ ချူးချင်လီ ပြန်လည်ကောင်းမွန်စေရန် သူကိုယ်တိုင် ကူညီဖို့ ဆုံးဖြတ်လိုက်သည်။
လေ့ကျင့်မှုတွင် ဖောက်လွှဲဖောက်ပြန်ဖြစ်ခြင်းသည် အလွန်ပြင်းထန်သော ကိစ္စတစ်ခုဖြစ်ပြီ ကြာရှည်ထားရန် မသင့်ပေ။
မကြာမီ သူမ နေထိုင်ရာ အဆောင်သို့ ချူးယုချင် ပြန်ရောက်လာ၏။ ထိုစဉ် ချူးချင်လီ၏ အခန်းမှ လုချန်း ထွက်လာသည်ကို တွေ့လိုက်ရသည်။
ထိုအရာကို မြင်သောအခါ ချူးယုချင် အံ့ဩသွားသည်။
လုချန်း ချူးချင်လီ၏ အခန်းမှ ထွက်လာတာကို တွေ့ရမည်ဟု သူမ မျှော်လင့်ထားခြင်း မရှိပေ။ သို့သော် လုချန်းက ပါးနပ်စွာဖြင့် ပြောလိုက်သည်။
“ဒေါ်လေးချူး။ မနေ့ညက ချင်လီ လေ့ကျင့်ရင်း ဖောက်လွှဲ ဖောက်ပြန်ဖြစ်တယ်ဆိုတာ သူ မပြောခဲ့ဘူးလား။ ဒီမနက် သူ့အခန်းထဲက အသံတွေကြားလို့ ကျွန်တော် မြန်မြန်ဝင်ကုသပေးမှ သူ့အသက်အန္တရာယ် ကင်းသွားတာ။”
လုချန်း၏ စကားကို ကြားလိုက်ရသောအခါ ချူးယုချင် ရုတ်တရက် သတိပြန်ဝင်လာပြီး သူမ၏ အထင်လွဲမှုအတွက် ကိုယ့်ကိုယ်ကို ပြစ်တင်လိုက်သည်။ လုချန်း ချူးချင်လီ၏ အခန်းတွင် ညအိပ်ခဲ့သည်ဟု သူမ အမှန်တကယ်ပင် တွေးမိခဲ့သည်။
ဒါက ရယ်စရာကောင်းသည်။ ချူးချင်လီ၏ စရိုက်ကို သူမကောင်းကောင်းသိထားသည်။ ဒီလို အတွေးမျိုး ဘာလို့တွေးမိရတာလဲ။ အခြားသူများလည်း သူမကဲ့သို့ ပြုမူလိမ့်မည်ဟု ယူဆနေခြင်းဖြစ်သည်။
လုချန်းက ချူးချင်လီ နာကျင်မှုကြောင့်အော်ဟစ်နေသံကို ကြားပြီး သူမ၏ အခန်းထဲသို့ ဝင်ကာ ထာဝရတန်ခိုးရှင်၏ နည်းလမ်းဖြင့် သူမ၏ ပြန်လည်ကောင်းမွန်စေရန်ကူညီပေးခြင်းဖြစ်သည်။
ချူးယုချင်က ဆက်မေးသည်
“ချန်းလေး ချင်လီ အခုဘယ်လိုနေလဲ။”
လုချန်းက ပြန်ဖြေလိုက်သည်။
“သူ အခုတော့ ကောင်းသွားပြီ။ အနားယူဖို့ပဲ လိုတော့တယ်။”
လုချန်း၏ စကားကို ကြားလိုက်ရသောအခါ ချူးယုချင် စိတ်သက်သာရာရသွားပြီး
“ဒါဆို ကောင်းတာပေါ့။”
ဟု သက်ပြင်းချရင်း ပြောလိုက်သည်။
အနည်းငယ် အပြစ်ရှိသလို ခံစားရပြီး သူမက ဆက်ပြောလိုက်သည်။
“အင်း။ မနေ့ညက ချင်လီ အော်နေတာကို ကြားခဲ့တယ်။ ဒါပေမဲ့ သေချာဂရုမစိုက်ခဲ့ဘူး။ အဲဒီအချိန်ကတည်း မင်းကို သွားရှာသင့်တာ။”
လုချန်းက ပြုံးလျက်
“ကိုယ့်ကိုယ်ကို အပြစ်မတင်ပါနဲ့ ဒေါ်လေးချူး။ နောက်တစ်ခါ ပိုသတိထားပေါ့။ ကျွန်တော်မှာ တခြားကိစ္စတွေ ရှိနေလို့ သွားရတော့မယ်။”
ချူးယုချင်က
“အင်း။ ကောင်းပြီ။ လုပ်စရာရှိတာ သွားလုပ်ပါ။” ဟု ပြောလိုက်သည်။
ထို့နောက် လုချန်းလည်း အတော်လေး စိတ်ကျေနပ်စွာဖြင့် ညီအစ်မ နှစ်ယောက်၏ အဆောင်မှ ထွက်ခွာသွား၏။
........
အခန်း (၂၇၅)
ရိုးသားလွန်းသော ချူးယုချင် (၁)
လုချန်း ထွက်သွားသည့်အခါ ချူးယုချင်သည် ချူးချင်လီ၏ အခန်းအတွင်းသို့ အလျင်အမြန်ဝင်ရောက်ကာ တံခါးကို နောက်မှပိတ်လိုက်သည်။
သူမ အခန်းအတွင်းသို့ ဝင်ရောက်သည်နှင့်တစ်ပြိုင်နက် ပြင်းထန်သော အနံ့တစ်မျိုးကို ရှူလိုက်ရသည်။ ယခင်က လုချန်း၏ စာကြည့်ခန်းအတွင်း၌ ထိုအနံ့မျိုးကို မကြာခဏ ရှူမိဖူးသော်လည်း မည်သည့်အနံ့မျိုးဖြစ်သည်ကိုမူ ချူးယုချင် ယခုထိ နားမလည်သေးပေ။
ချူးယုချင်သည် ထိုအကြောင်းကို အာရုံမစိုက်တော့ပဲ အိပ်ရာပေါ်တွင် စောင်ခြုံထားပြီး မျက်နှာနီရဲနေသော ချူးချင်လီဘက်သို့ အာရုံစိုက်လိုက်သည်။ ချူးချင်လီ ကြည့်ရတာ ဘာမှခံစားနေရပုံ မပေါက်နေပါ။
ချူးချင်လီက ချူးယုချင်ဘက်သို့ လှည့်ကြည့်ကာ
“အစ်မ။ ကျွန်မ အခုအဆင်ပြေနေပါပြီ”
ဟု ပြောလိုက်သည်။
ချူးယုချင်က အိပ်ရာဘေးတွင် ထိုင်လိုက်ပြီး ချူးချင်လီ၏ နဖူးပေါ်ရှိ ရှုပ်ပွနေသော ဆံပင်များကို သပ်တင်ပေးလိုက်ရင်း
“ချင်လီ။ ချန်းလေးကို နင်နည်းနည်း မကျေနပ်ဘူးဆိုတာ ငါသိပါတယ်။ သူကု ပေးတာကိုလည်း မခံချင်ဘူးဆိုတာ နားလည်တယ်။ ဒါပေမဲ့ နင်က အခုအချိန်မှာ မင်းသားစံအိမ်ရဲ့ လုံခြုံရေးမှူး ဖြစ်နေပြီ။ နင်ဒဏ်ရာရနေရင် မြောက်ပိုင်းနယ်စားမင်းသားစံအိမ်ကို ဘယ်လိုကာကွယ်မှာလဲ။”
“နင့်ရဲ့သိုင်းပညာတွေ အားလုံးဆုံးရှုံးသွားပြီး မင်းသားစံအိမ်ရဲ့ လုံခြုံရေးမှူးအဖြစ် မထမ်းဆောင်နိုင်တော့ရင် မြောက်ပိုင်းနယ်စားမင်းသားစံအိမ်မှာ ဆက်နေဖို့ တန်ဖိုးဘာရှိမှာလဲ။ မင်းသားက နင့်ကိုမောင်းထုတ်မှာကို နင်မလိုလားဘူးလေ။”
...
အားအင်ကုန်ခမ်းနေသော ချူးချင်လီက “အစ်မ၊ ကျွန်မ နားလည်ပါတယ်။ နောက်ထပ်မပြောတော့နဲ့တော့။ ဒီတစ်ခါတော့ ကျွန်မအမှားပါ”
ဟု ပြောလိုက်သည်။
ချူးချင်လီက အလျင်အမြန်ဝန်ခံလိုက်ပြီး ချူးယုချင်၏ ဆုံးမစကားများ ပြော၍ပြီးသွားပါစေဟု မျှော်လင့်နေသည်။ ချူးယုချင်သာ အခန်းအတွင်းဆက်လက် ရှိနေမည်ဆိုပါက တစ်ခုခုကို သူမ သိသွားနိုင်သောကြောင့်ဖြစ်သည်။
ချူးချင်လီ၏ ဝန်ခံမှုကို ကြားပြီးနောက် ချူးယုချင် သက်ပြင်းချလိုက်ကာ
“ချင်လီ။ ချန်းလေးက နင့်ရဲ့ဒဏ်ရာကို ကုသပေးလိုက်ပြီဆိုပေမဲ့ နင့်ရဲ့အတွင်းအားလမ်းကြောင်း လုံးဝရှင်းလင်သွားပြီလို့ မဆိုနိုင်သေးဘူး။ ငါ ထပ်စစ်ဆေးပေးပါမယ်” ဟု ဆက်ပြောလိုက်သည်။
ချူးချင်လီက အလျင်အမြန် ပြောလိုက်သည်။
“မလိုပါဘူး အစ်မ။ ငါတကယ် အဆင်ပြေပါတယ်။”
သို့သော် ချူးယုချင်က ချူးချင်လီ၏ ငြင်းဆိုမှုကို လျစ်လျူရှုလိုက်ပြီး စောင်ကိုလှန်လိုက်သည်။ ချက်ချင်းဆိုသလိုပင် ချူးချင်လီ၏ မျက်နှာ ဖြူဖတ်ဖြူလျော် ဖြစ်သွားသည်။
စောင်ကိုလှန်လိုက်သောအခါ ချူးချင်လီ၏ အိပ်ရာခင်းများ စိုနေပြီး ထူးဆန်းသော အနံ့တစ်ခု ရနေသည်ကို ချူးယုချင် သတိပြုမိလိုက်သည်။
အရမ်းမစဉ်းစားပဲ ချူးယုချင်က ပြောလိုက်သည်။
“ချင်လီ။ နင့်ကိုယ်ထဲက အညစ်အကြေးတွေ အများကြီး ထွက်သွားတာပဲ။ အိပ်ရာခင်းလဲပြီး ရေချိုးပြီး အနားယူလိုက်ပါ။”
ချူးချင်လီ၏ အိပ်ရာခင်းပေါ်က အရာအားလုံးသည် အတွင်းအားဖောက်ပြန်မှုကြောင့် ထွက်လာသော အညစ်အကြေးများဟု ချူးယုချင် ထင်မှတ်နေသည်။
ချူးယုချင် လုံးဝ မသိသလို ဖြစ်နေသည်ကို မြင်သော ချူးချင်လီ အနည်းငယ် စိတ်သက်သာရာရသွားသည်။
တစ်ချိန်တည်းမှာပဲ ချူးချင်လီ၏ စိတ်ထဲတွင် အတွေးတစ်ခု ပေါ်လာသည်။
အစ်မက ဒါတောင် မသိဘူးဆိုရင်... သူနဲ့ လုချန်း တကယ်ပဲ အဲဒီလို မလုပ်ဖူးသေးဘူးလား။
ထိုအတွေးကြောင့် ချူးချင်လီ အနည်းငယ် ဝမ်းသာသွား၏။ လုချန်းက သူမအစ်မကို ပွေ့ဖက်ခြင်းလောက်သာ လုပ်ဖူးပြီး အမျိုးသားနှင့် အမျိုးသမီးကြား လုပ်ရမည့် အရာကို မပြီးမြောက်သေးဟု ခန့်မှန်းမိသည်။ မဟုတ်လျှင် သူမအစ်မက အဲဒီအနံ့ကို ဘယ်လိုလုပ် မသိပဲ နေမှာလဲ။
ချူးချင်လီက ပြောလိုက်သည်။
“ငါသိပါပြီ။ အခုချက်ချင်းထပြီး ချက်ချင်း ရေချိုးမယ်။”
ချူးချင်လီ ထဖို့ ပြင်နေစဉ် ချူးယုချင်က ရုတ်တရက် ပြောလိုက်သည်
“ခဏလေး။”
ထိုစကားကို ကြားတော့ ချူးချင်လီ ရင်တုန်သွားသည်။
သူမ သိသွားပြီလား။
ဒါဖြစ်နိုင်ပါ့မလား။
သူမ၏အစ်မက ကျင်စဉ်ဖောက်ပြန်လို့ ထွက်လာတဲ့ အညစ်အကြေးတွေလို့ ယုံနေတာပဲ မဟုတ်လား။
ချူးချင်လီက သတိထားပြီး မေးလိုက်သည်။
“ဘာဖြစ်တာလဲ အစ်မ”
ချူးယုချင်က ချူးချင်လီ၏ လည်ပင်းပေါ်မှ အနီရောင် အမာရွတ်များကို ကြည့်ရင်း သက်ပြင်းလိုက်ကာ ပြောလိုက်သည်။
“မနေ့ညက နင့်ရဲ့ ဒဏ်ရာပြင်းထန်လွန်းတော့ တစ်ကိုယ်လုံးမှာ ဒဏ်တွေကျန်နေတယ်။”
ချူးချင်လီ၏ လည်ပင်းပေါ်မှ အနီရောင် အစင်းများက ချူးချင်လီ အတွင်းအားဖောက်ပြန်မှုကြောင့် ရခဲ့သော ဒဏ်များဟု ချူးယုချင် ယုံကြည်နေသည်။
သူမစကားကြောင့် ချူးချင်လီ လန့်သွားပြီး ခဏခန့် ငိုင်သွားသည်။
ချူးယုချင်က ဆက်ပြောလိုက်သည်။
“ အဝတ်တွေ ချွတ်လိုက်ပါချင်လီ။ ဒဏ်ဘယ်နှစ်ခုလောက် ရှိမလဲ ငါကြည့်မယ်။ နောက်မှ ချန်းလေးကို ပြောပြီး သူ့ဆေးပညာနဲ့ ဒီဒဏ်တွေကို ပျောက်အောင် လုပ်လို့ရမလား မေးကြည့်မယ်။”
ချူးချင်လီက လျင်လျင်မြန်မြန် ပြန်ဖြေလိုက်သည်။
“ မလိုပါဘူး အစ်မ။”
ချူးချင်လီ၏ စိတ်ထဲတွင် နောက်ထပ် သက်ပြင်းတစ်ချက် ချလိုက်၏။ အရေးကြီးတာ ဘာမှသတိမထားမိသေးပဲ သူမ၏ လည်ပင်းပေါ်က အနီစင်းများကိုသာ သတိထားမိသည်ဟု ချူးချင်လီ ယူဆလိုက်သည်။
ချူးယုချင်က
“ချင်လီ။ ဒီအမာရွတ်တွေကို ဘာမှမဟုတ်ဘူးလို့ မတွေးနဲ့။ နင်က လက်မထပ်ရသေးဘူး။ အခုတော့ ပြဿနာမရှိပေမဲ့ နောင်တစ်ချိန်မှာ နင့်ရဲ့ရည်းစားက ဒါတွေကိုမြင်ရင် ဘယ်လိုထင်မလဲ။ ဒီဒဏ်ရာ အမာရွတ်တွေ ပျောက်အောင်လုပ်ဖို့ လိုတယ်။”
ထိုသို့ပြောရင်း ချူးယုချင်က ချူးချင်လီ၏ အပေါ်ဝတ်စုံကို လက်နဲ့ဆွဲဖယ်လိုက်ပြီး ပခုံးကနေ ချွတ်ဖို့ စတင်လိုက်၏။
ချူးယုချင်၏ စကားကိုကြားပြီး ချူးချင်လီ၏ စိတ်ထဲတွင် ခံစားချက်များ ပြင်းထန်လာသည်။ လုချန်းဆိုသည့် ယောင်္ကျားတစ်ယောက်အပေါ် သူမစိတ်ဆိုးမိသည်။
ဒီဒဏ်ရာ အမာရွတ်အားလုံးက သူ့ကြောင့်ဖြစ်သည်။ သူမ၏ ခန္ဓာကိုယ်မှာ ဒီလောက်များပြားသော အမှတ်ရာတွေ ချန်ထားခဲ့ပြီး သူ့ရဲ့ ထာဝရတန်ခိုးရှင်နည်းလမ်းနှင့် ပျောက်ကင်းအောင် မလုပ်ပေးခဲ့ပေ။ ဒီ ကောင်စုတ်လေး ဘာတွေးနေမှန်းလည်း နားမလည်နိုင်ပေ။
သူမ၏ ခန္ဓာကိုယ်က ဒဏ်ရာတွေကိုတောင် ပျောက်ကင်းအောင် သူလုပ်နိုင်သည်။ ဒီလို အမှတ်ရာသေးသေးလေးတွေကို ပျောက်အောင် မလုပ်နိုင်မှာ မဟုတ်ပါ။ တမင်တကာ အမှတ်ရာတွေ ကျန်ခဲ့အောင် လုပ်ထားခြင်းဖြစ်ရမည်။
ချူးယုချင်က ချူးချင်လီရဲ့ အဝတ်အချို့ကို ဖယ်ရှားလိုက်သောအခါ ဖြူဖွေးနုနယ်သော ခန္ဓာကိုယ်တစ်ခုလုံးတွင် အနီရောင် အမှတ်ရာများစွာ ရှိနေသည်ကို တွေ့လိုက်ရသည်။
မျက်ခုံးတွန့်လိုက်ရင်း ချူးယုချင်က မှတ်ချက်ပေးလိုက်သည်။
“ချင်လီ။ ဒီလိုမျိုး ကျင့်စဉ်တွေရဲ့ နောက်ဆက်တွဲဒဏ်ကို နင်ခံနိုင်တော့မှာ မဟုတ်ဘူး။ အခုတောင် ဒဏ်တွေ ဒီလောက်များများ ရှိနေပြီ။”
ချူးချင်လီက ပြန်ဖြေလိုက်သည်။
“အစ်မ။ ဒီဒဏ်တွေက သူ့အလိုလို ပျောက်သွားမှာပါ။ ပြဿနာ မရှိပါဘူး။”
ချူးယုချင်က နောက်တစ်ခါ သက်ပြင်းချလိုက်ပြီး ပြောလိုက်သည်။
“ငါ နောက်မှ ချန်းလေးကို ပြောပြမယ်။ သူက ဒီဒဏ်တွေအားလုံး ပျောက်အောင် ကူညီပေးနိုင်လိမ့်မယ်။”
.......
အခန်း (၂၇၆)
ရိုးသားလွန်းတဲ့ ချူးယုချင် (၂)
“အေး။ ရေချိုးသွားပါ။ ငါ အစေခံတွေကို အိပ်ရာခင်းလဲခိုင်းလိုက်မယ်။”
ထိုသို့ပြောရင်း ချူးယုချင် ထလိုက်ပြီး တံခါးဆီ လှမ်းသွားလိုက်၏။
ချူးယုချင် ဘာသံသယမှ မရှိတာ မြင်ရတော့ ချူးချင်လီ စိတ်အေးသွား၏။ သူမအစ်မ ဘာမှ မသိသွားတာ ကံကောင်းသည်။ မဟုတ်ပါက နောက်ပိုင်းမှာ သူမအစ်မကို ဘယ်လိုမျက်နှာပြရမှန်းတောင် သူမ မသိတော့ပေ။
ထိုမိစ္ဆာကောင်အကြောင်း တွေးမိလျှင်
ချူးချင်လီ အလိုလို လက်သီးဆုပ် ထားမိသည်။
သူမသည် လိမ္မာယဉ်ကျေးသူ တစ်ယောက်ဖြစ်သည်။ ထိုမိစ္ဆာကောင်ရဲ့ ပြုစားမှုကြောင့်သာ မနေ့ကလို ဖြစ်သွားခြင်းဖြစ်သည်။ အခု သူ့အကြောင်း တွေးမိတာနဲ့တင် သူမခန္ဓာ ထူးဆန်းစွာ တုန်တုန်ရီရီ ဖြစ်လာတတ်သည်။
သူမ ဘဝတစ်လျှောက်လုံး ဒီလူဆီကနေ လွတ်မြောက်ဖို့ မဖြစ်နိုင်တော့ဘူးလား။
ချူးချင်လီ သူမ၏ အောက်နှုတ်ခမ်းကို ကိုက်လိုက်ရင်း သူမကိုယ်သူမ အားတင်းလိုက်၏။
အစ်မ လွတ်မြောက်သွားရင် အားလုံးကတန်ပါတယ်။ ဒီလောက်ဒုက္ခခံရတာက ဘာမှမဟုတ်ပါဘူး။
...
နှစ်ကြိမ်ပြီးသွားပြီဖြစ်သည်။ ၉၈ ကြိမ်သာ ကျန်တော့သည်...
၉၈ ကြိမ်ဆိုသော အတွေးက ချူးချင်လီရဲ့ ခန္ဓာကိုယ်ကို တုန်ယင်သွားစေ၏။
လုချန်းက အဆင့်လွန် ပညာရှင်အဆင့်ကို ရောက်နေပြီဖြစ်သည်။ ကျန်တဲ့ ၉၈ ကြိမ်ကို သူမဘယ်လိုခံနိုင်ရည် ရှိမှာလဲ...
ထိုအချိန်တွင်...
ချူးရှုံ နေထိုင်ရာ နေရာ...
ချူးရှုံသည် ခြံဝန်းထဲတွင် ထိုင်နေပြီး မြေကြီးပေါ်က အလောင်းကိုကြည့်ကာ သက်ပြင်းချလိုက်သည်။
မြေပြင်ပေါ်ရှိ အလောင်းမှာ ချူးမိသားစုမှ လုချန်းအား လုပ်ကြံရန် စေလွှတ်ခဲ့သော လုပ်ကြံသူ၏ အလောင်းဖြစ်သည်။ မနေ့ညက ရွှမ်ယွမ်ချန်း အလောင်းနှင့်အတူ ရောက်ရှိလာပြီး ဖြစ်စဉ်ကို ချူးရှုံထံ အသေးစိတ် ပြန်လည်ပြောကြားခဲ့သည်။ ထိုအချိန်မှစ၍ ချူးရှုံသည် တစ်ညလုံး အိပ်စက်ခြင်းမရှိပဲ ခြံဝင်းအတွင်း၌သာ ထိုင်နေခဲ့သည်။
ချူးရှုံအနေဖြင့် မည်သည့်အခါကမှ မမျှော်လင့်ခဲ့ရသည်မှာ သူချူးမိသားစုမှ ထွက်ခွာပြီးနောက် သူ၏မြေးကိုပင် လုပ်ကြံရန် ချူးမိသားစုမှ လူစေလွှတ်မည်ဆိုသည့် အချက်ပင်ဖြစ်သည်။
သို့ရာတွင် အခြားတစ်ဖက်က ကြည့်လျှင် ယင်းမှာ သဘာဝကျသည်ဟု ဆိုနိုင်သည်။ လုချန်း၏ လုပ်ရပ်သည် အာဏာရှိမိသားစုများ၏ သည်းခံနိုင်မှုကို ကျော်လွန်သွားခဲ့ပြီဖြစ်သည်။ ချူးမိသားစုသည်လည်း တောင်ပိုင်း အာဏာရှိမိသားစုများထဲမှ တစ်ခုအပါအဝင်ဖြစ်သဖြင့် လုချန်းအား သည်းမခံနိုင်တော့ခြင်းမှာ သဘာဝကျသည်။ ယခင် ချူးမိသားစုအကြီးအကဲ၏ မြေးဖြစ်နေသည့်တိုင်အောင် ဖြစ်သည်။
လက်ရှိအချိန်တွင် မိသားစုအကြီးအကဲရာထူးကို ဆုံးရှုံးပြီးဖြစ်သော ချူးရှုံအနေနှင့်တော့ ချူးမိသားစုအပေါ် ထိန်းချုပ်နိုင်စွမ်း လုံးဝမရှိတော့ပေ။
လုချန်းက အလောင်းကို ဤသို့ပို့ဆောင်လာခြင်း၏ အကြောင်းရင်းကို ချူးရှုံနားလည်သည်။ ယင်းမှာ သူ့အတွက် သတိပေးချက်တစ်ရပ်ပင် ဖြစ်သည်။ ချူးမိသားစုသည် ယခုအခါတွင် သူနှင့် ရန်သူဖြစ်နေပြီဖြစ်သည်။ နောက်တွင် မြောက်ပိုင်းနယ်စားမင်းသား၏ စံအိမ်နှင့် ချူးမိသားစုတို့သည် ရန်သူများအဖြစ် ရပ်တည်လာကြမည်ဖြစ်သည်။ ဤသည်မှာ သူ့အား ရွေးချယ်မှုတစ်ခု ပြုလုပ်စေရန် ဖိအားပေးနေခြင်းပင် ဖြစ်၏။
မြောက်ပိုင်းနယ်စားစံအိမ်ဘက်ကို ရွေးချယ်မှလား သို့မဟုတ် ချူးမိသားစုကို ရွေးချယ်မှာလားဆိုသည့် အနေအထားတွင် ချူးရှုံကျရောက်နေသည်။
အမှန်စင်စစ်တော့ နောက်ထပ်ရွေးချယ်စရာတစ်ခု ရှိသေးသည်။ ချူးမိသားစုအတွင်းရှိ သူ့အား ထောက်ခံသူများနှင့်အတူ ထွက်ခွာပြီး ကျုးနိုင်ငံတော် သို့မဟုတ် ချွမ်နိုင်ငံတော်သို့ ပြောင်းရွှေ့နေထိုင်နိုင်သည်။
တစ်ညလုံး ခြံထဲ၌ စဉ်းစားပြီးနောက်
နောက်ဆုံးတွင် ချူးရှုံ ဆုံးဖြတ်ချက်တစ်ခုချလိုက်သည်။
သူသည် မြောက်ပိုင်းပြည်နယ်တွင် အချိန်တစ်ခု နေထိုင်ခဲ့ပြီးနောက် လုချန်း၏ မြောက်ပိုင်းပြည်နယ်အကြောင်းကို ကောင်းစွာနားလည်သဘောပေါက်လာခဲ့သည်။ မြောက်ပိုင်းပြည်နယ်သည် လက်ရှိအချိန်တွင် ဆင်းရဲနွမ်းပါးနေဆဲ ဖြစ်သော်လည်း လုချန်း၏ မူဝါဒများအတိုင်းသာ ဆက်သွားပါက ဆယ်နှစ်အတွင်း ရှနိုင်ငံတော်အတွင်း အအောင်မြင်ဆုံးသော နယ်စားပြည်နယ်တစ်ခု ဖြစ်လာမည်ကို သူသတိပြုမိသည်။
အခြားနယ်စားပြည်နယ်များ ဖွံ့ဖြိုးတိုးတက်မှု မရှိခြင်း၏ အဓိကအကြောင်းရင်းမှာ သူတို့၏နယ်မြေများသည် အာဏာရှိမိသားစုများနှင့် ဒေသခံအင်အားစုများ၏ လက်အောက်တွင် ရှိနေသောကြောင့်ပင် ဖြစ်သည်။ ထို့ကြောင့် နယ်စားမင်းများအနေဖြင့် ထိုမိသားစုများ၏ ကန့်သတ်မှုများမရှိပဲ မည်သည့်အရာကိုမှ ဆောင်ရွက်နိုင်စွမ်း မရှိပေ။
သို့သော် မြောက်ပိုင်းပြည်နယ်ကတော့ကွဲပြားခြားနားသည်။ လက်ရှိအချိန်တွင် မြောက်ပိုင်းပြည်နယ်ကို မြောက်ပိုင်းနယ်စားမင်းသားစံအိမ် တစ်ခုတည်းက ဦးဆောင်လျက်ရှိသည်။ မြောက်ပိုင်းနယ်စားမင်းသားစံအိမ်မှ ဆုံးဖြတ်ချက်များကို အောက်ခြေမှ အရာရှိများက တိကျစွာ လိုက်နာရန် လိုအပ်သည်။
ဤစနစ်တွင် အားနည်းချက်များလည်း ရှိသည်။ မြောက်ပိုင်းနယ်စားမင်းသား၏ မူဝါဒများ မှားယွင်းသွားပါက မြောက်ပိုင်းပြည်နယ်၏ ဖွံ့ဖြိုးတိုးတက်မှုကို နှောင့်နှေးစေနိုင်သည်။ သို့ရာတွင် အကျိုးကျေးဇူးများလည်း ကြီးမားစွာရှိသည်။ မြောက်ပိုင်းနယ်စားမင်းသား၏ အမိန့်များသည် တိုက်ရိုက်ပြည်သူလူထုထံသို့ ရောက်ရှိနိုင်သည်။ မြောက်ပိုင်းနယ်စားမင်းသား ဉာဏ်ရည်ထက်မြက်သလောက် မြောက်ပိုင်းပြည်နယ်သည် အလျင်အမြန် ဖွံ့ဖြိုးတိုးတက်လာနိုင်ပြီး အင်အားအကြီးဆုံး နယ်စားပြည်နယ်တစ်ခု ဖြစ်လာနိုင်သလို အချမ်းသာဆုံးသော ပြည်နယ်တစ်ခု လည်းဖြစ်လာနိုင်သည်။
ချူးမိသားစု မြောက်ပိုင်းပြည်နယ်သို့ ပြောင်းရွှေ့ပါက သူတို့အနေနှင့် ကြီးမားသော ပြဿနာတစ်ခုနှင့် ရင်ဆိုင်ရမည်ဖြစ်သည်။ မြေယာပိုင်ဆိုင်မှု မရှိခြင်းဆိုသည့် ပြဿနာဖြစ်သည်။ အာဏာရှိမိသားစုများသည် မြေယာပိုင်ဆိုင်မှုအပေါ် အခြေခံသည်။ မြေယာပိုင်ဆိုင်မှု မရှိပါက အာဏာရှိမိသားစုသည် ရေမရှိသော ငါးကဲ့သို့ ဖြစ်သွားလိမ့်မည်။
သို့သော် မြောက်ပိုင်းပြည်နယ်တွင် နေထိုင်စဉ်ကာလအတွင်း ကွဲပြားသော ဖွံ့ဖြိုးတိုးတက်မှု ပုံစံတစ်ခုကို ချူးရှုံ မြင်တွေ့ခဲ့သည်။
ချူးမိသားစုအနေဖြင့် သူတို့၏ ပျက်သုန်းခြင်းမှ ရှောင်ရှားရန် မြောက်ပိုင်းနယ်စားမင်းသားဘက်တွင် ရပ်တည်မည် ဆိုပါက ကုန်သွယ်ရေးလုပ်ငန်းကို လုပ်ကိုင်နိုင်သည်။ မြေယာအခြေပြု အာဏာရှိ မိသားစုမှ ကုန်သွယ်ရေးအခြေပြု အာဏာရှိ မိသားစုသို့ ပြောင်းလဲခြင်းသည်လည်း ဖြစ်နိုင်သည်။ အထူးသဖြင့် မြောက်ပိုင်းပြည်နယ်တွင် လက်ရှိအချိန်၌ မစိုက်ပျိုးရသေးသော မြေယာများစွာကို ငှားရမ်းနိုင်သောကြောင့် ဖြစ်သည်။
သူတို့သည် မြေယာများကို ပိုင်ဆိုင်မည်မဟုတ်သော်လည်း အသုံးပြုခွင့်ရှိမည်။ မြောက်ပိုင်းနယ်စားမင်းသား၏ စည်းမျဉ်းများအရ အာဏာရှိမိသားစုများသည် ငှားရမ်းထားသော ကာလအတွင်း ထိုမြေယာများကို အသုံးပြုနိုင်သည်။
အရေးအကြီးဆုံးမှာ မြောက်ပိုင်းနယ်စားမင်းသားစံအိမ်က ကုန်သွယ်ရေးကို ဦးဆောင်နေခြင်းကြောင့် ကုန်သည်များ၏ အဆင့်အတန်း ပြောင်းလဲလာခြင်းဖြစ်သည်။ ပညာရှိ၊ လယ်သမား၊ လက်မှုပညာရှင်၊ ကုန်သည်ဟူသော အဆင့်အတန်းစဉ်တွင် ကုန်သည်များသည် အနာဂတ်တွင် အောက်ဆုံး၌ ရှိနေမည် မဟုတ်တော့ပေ။
မြောက်ပိုင်းပြည်နယ်၏ စီးပွားရေး ပတ်ဝန်းကျင်သည် ယခုအခါတွင် အလွန်ကောင်းမွန်လျက်ရှိပြီး နိုင်ငံအသီးသီးမှ ကုန်သည်လှည်းတန်းများသည် ရန်ခရိုင်တွင် အဆက်မပြတ် ဝင်ထွက်လျက်ရှိသည်။
ချူးမိသားစုအနေဖြင့် ဤအခွင့်အလမ်းကို ဆုပ်ကိုင်နိုင်ပါက နောင်နှစ်ပေါင်း ငါးဆယ်အတွင်း သူတို့သည် ကြီးကျယ်သော မိသားစုတစ်ခု အဖြစ် ပြန်လည်ဖြစ်ထွန်းလာမည်မှာ သေချာပေသည်။
သို့သော် မြောက်ပိုင်းပြည်နယ်တွင် အာဏာရှိမိသားစုတစ်စု အနေနှင့် မလွဲမသွေ ဖိနှိပ်ခံရမည်ကို ချူးရှုံသိသည်။ သူ၏မြေးသည် ချူးမိသားစုအား စီးပွားရေး အသက်သွေးကြောများကို ထိန်းချုပ်နိုင်သည့် မိသားစုအဖြစ် ပြန်လည်ဖြစ်ထွန်းခွင့် ပေးမည် မဟုတ်ပေ။
ထိုအချိန်တွင် ချူးရှုံသည် ကျောက်ခုံမှ ထလိုက်ပြီး ခြံထဲရှိ အစေခံအား
“မြင်လှည်းပြင်လိုက်ပါ။ ကျုပ် မြောက်ပိုင်းနယ်စားမင်းသားစံအိမ်ကို သွားမယ်” ဟု တိုက်ရိုက်ပြောလိုက်သည်။
....
လုချန်းသည် မုကျိရွှမ်းကိုယ်တိုင် ချက်ပြုတ်ပေးထားသော ဆန်ပြုတ်ကို သောက်သုံးနေသည်။ ဆန်ပြုတ်သောက်နေစဉ် သူ၏မျက်နှာပေါ်တွင် အပြုံးရိပ်များ ရှိနေ၏။
လုချန်း၏ စိတ်ပျော်ရွှင်နေသည်ကို
တွေ့ရတော့ မုကျိရွှမ်းက
“မင်းသားကို မနေ့ညက ဘယ်သူက အရမ်းပျော်အောင် လုပ်ပေးခဲ့တာလဲ” ဟု ပြုံးရင်းမေးလိုက်သည်။
လုချန်းက
“နှမတော် မှန်းကြည့်ပါလား” ဟု ပြုံး၍ ပြန်ပြောလိုက်သည်။
မုကျိရွှမ်းက
“ရဲလိနန်ရန်လား”
ဟု မေးလိုက်သည်။
လုချန်းက ဆန်ပြုတ်တစ်ငုံသောက်ပြီး “မဟုတ်သေးဘူး”
ဟု ဖြေလိုက်သည်။
မုကျိရွှမ်းက
“ဒါဆို နွေဦးအသံအဆောင်က တစ်ယောက်ယောက်လား” ဟု ထပ်မေးလိုက်သည်။
လုချန်းက
“မဟုတ်သေးဘူး။ဆက်မှန်းကြည့်ပါဦး”
ဟု ဖြေလိုက်ပြန်သည်။
မုကျိရွှမ်းက ခဏစဉ်းစားပြီး ပြောလိုက်သည်။
“နွေဦးအသံအဆောင်မှာ ရဲလိနန်ရန်နဲ့ ရှောင်ဝမ်ယောင် နှစ်ယောက်ပဲရှိတာ။ အဲ့ဒီက မဟုတ်ရင် မြောက်ပိုင်း အဆောင်က ဖြစ်မှာပေါ့။ ဒါပေမဲ့ မြောက်ပိုင်းအဆောင်က ရှောင် ရှောင်နဲ့ ယိုယိုတို့က ကိုယ်ဝန်ရှိနေပြီ။”
“ဒါဆို ဝမ်ချင်းစီနဲ့ ပိုင်ချင်းချင်း နှစ်ယောက်ပဲ ကျန်တော့တယ်။”
မုကျိရွှမ်းက ပြုံးပြီး ပြောလိုက်သည်။
“ဝမ်မိန်းကလေး ဒါမှမဟုတ် ပိုင်လား။”
လုချန်းက မုကျိရွှမ်း၏ နှာခေါင်းကို ညှစ်လိုက်ပြီး ပြောလိုက်သည်။
“ဘယ်သူက နှမတော်လို ဒီလိုမျိုး မှန်းတတ်မှာလဲ။ ကိုယ်မှာ အဲ့လောက်မိန်းမများများ ရှိ နေပြိီလား။”
“ဒါပေမဲ့ စိတ်မကောင်းစရာက နှမတော်ရဲ့ မှန်းဆချက်က မမှန်သေးဘူး။”
လုချန်း၏ အဖြေကို ကြားပြီး မုကျိရွှမ်းသည် ခဏမျှ တုန်လှုပ်သွားသည်။
သူမသိထားတဲ့ မိန်းမတွေထဲက တစ်ယောက်မှ မဟုတ်ရင် ချူးယုချင်လား။
ဒါပေမဲ့ ချူးယုချင် မနက်တုန်းက လုချန်းကိုရှာဖို့ ပင်မဆောင်ကို လာခဲ့တာပဲ။
မနေ့ညက ချူးယုချင် လုချန်းနဲ့အတူရှိနေတာ မဖြစ်နိုင်ပေ။ ထို့ကြောင့် ချူးချင်လီနဲ့ လျှို့ဝှက်လဝန်းနန်းတော်က နှစ်ယောက်ပဲ ကျန်တော့သည်။
လျှို့ဝှက်လဝန်းနန်းတော်က နှစ်ယောက်နဲ့ကလည်း ဒီလောက်မြန်မြန် ဖြစ်နိုင်မှာ မဟုတ်ပေ။ ဒါဆို ချူးချင်လီတစ်ယောက်ပဲ ကျန်တော့သည်။
ဒါပေမဲ့ ချူးချင်လီက လုချန်းအပေါ် မကျေနပ်မှု တစ်ခုခုရှိနေတာ မဟုတ်လား။
မုကျိရွှမ်း အာရုံစိုက် စဉ်းစားနေတာကို မြင်ပြီး လုချန်းက ရယ်မောကာ ပြောလိုက်သည်။
“ကောင်းပါပြီ နှမတော်။ မစဉ်းစားတော့ပါနဲ့ တော့။ အချိန်တန်ရင် ဘယ်သူလဲဆိုတာ သိသွားမှာပါ။”
မုကျိရွှမ်းက သတိပြန်ဝင်လာပြီး ပြုံး၍
“မင်းသားမပြောရင်တောင် ကျွန်မ မှန်းဆပြီးသားပါ။ အလှပဆုံးမိန်းမတစ်ယောက် ထပ်ရတာ ဂုဏ်ယူပါတယ်။”
ထိုအချိန်တွင် အစေခံမိန်းကလေးတစ်ယောက် ခန်းမ၀င်လာပြီး
“မင်းသား။ အပြင်မှာ မင်းသားကိုလာရှာတဲ့ အဖိုးတစ်ယောက်ရှိတယ်” ဟု ပြောလိုက်သည်။
အစေခံ၏စကားကို ကြားပြီး ဘယ်သူလဲဆိုတာ လုချန်း ချက်ချင်း မှန်းဆမိသည်။ ချူးရှုံ သူ့ကိုလာရှာမည်ဟု သူမျှော်လင့်ထားပြီးဖြစ်သည်။
လုချန်းက ပန်းကန်ကိုချပြီး ပြောလိုက်သည်။
“သူ့ကို စာကြည့်ခန်းဆီ ခေါ်သွားပါ။”
“ဟုတ်ကဲ့ မင်းသား။”
.......