အခန်း ၂၇၇-၂၇၉
Vol. 19 Ch. 277-279
အခန်း (၂၇၇)
အရေးကြီးတဲ့ အချက်တစ်ခု ပြောစရာရှိတယ် (၁)
လုချန်း စာကြည့်ခန်းနားသို့ ရောက်ရှိလာချိန်တွင် ချူးရှုံက တံခါးနားတွင် ရပ်စောင့်နေပြီဖြစ်သည်။ လုချန်းကို မြင်သည်နှင့် ချူးရှုံက
“မင်းသားကို ဂါရဝ ပြုပါတယ်”
ဟု ချက်ချင်း ပြောလိုက်သည်။
လုချန်းက ချက်ချင်း ချူးရှုံ၏ လက်မောင်းကို ကိုင်လိုင်ပြီး
“ဘာလုပ်တာလဲ အဖိုး။ အချင်းချင်း တွေ့တဲ့အခါမှာ ဒီလို ဓလေ့ထုံးတမ်းတွေ မလိုပါဘူး” ဟု ပြောလိုက်သည်။
ချူးရှုံက ဓလေ့ထုံးတမ်းများအကြောင်း ပြောဖို့ စဉ်းစားနေစဉ် လုချန်းက ဆက်ပြောလိုက်သည်။
“မနေ့ညကလာတဲ့ လုပ်ကြံသူကို အဖိုးမြင်ပြီးပြီလို့ ထင်ပါတယ်။”
လုချန်း၏ မေးခွန်းကို ကြားပြီးနောက် ချူးရှုံလည်း သက်ပြင်းချလိုက်ကာ
“မြင်ပြီးပါပြီ။ ကျွန်တော် ချူးမိသားစုကနေ ထွက်လာပြီးနောက်ပိုင်း သူတို့ ဒီလို ရက်စက်ယုတ်မာတဲ့ အလုပ်ကို လုပ်လိမ့်မယ်လို့ မထင်မိပါဘူး။”
လုချန်းက ပြုံးလိုက်ပြီး
“ကျွန်တော် မြောက်ပိုင်းပြည်နယ်မှာ လုပ်နေတဲ့ အရာတွေက သူတို့ရဲ့ အထိမခံနိုင်ဆုံး အရာကို ထိပါးနေတာပါ။ ဒါကြောင့် သူတို့ ဒီလို လုပ်တာ အံ့သြစရာ မရှိပါဘူး။ ချူးမိသားစုက တောင်ပိုင်းရဲ့ အကြီးဆုံး အာဏာရှိ မိသားစုတစ်ခုပဲလေ” ဟု ဆိုလိုက်သည်။
ချူးရှုံက
“ချူးမိသားစုက အခု အစိတ်စိတ်အမွှာမွှာ ဖြစ်နေပါပြီ။ တောင်ပိုင်းရဲ့ အကြီးဆုံး အဏာရှိ မိသားစုလို့တောင် မဆိုနိုင်တော့ဘူး” ဟု ပြောလိုက်သည်။
...
လုချန်းက
“အရင်က ကျွန်တော်နဲ့ ဆွေးနွေးခဲ့တဲ့ အကြောင်းအရာအတွက် အဖိုး စဉ်းစားပြီးပြီလား။”
“ချူးမိသားစုထဲက အဖိုးနောက်ကို လိုက်ချင်တဲ့သူတွေ မြောက်ပိုင်းပြည်နယ်ကို လာမယ်ဆိုရင် ကျွန်တော်က မြေနေရာ အခမဲ့ ပေးမယ်။ ဒါပေမဲ့ မြောက်ပိုင်းနယ်ရဲ့ ဥပဒေအရ ချူးမိသားစု အနေနှင့် မြေယာကို အသုံးပြုခွင့်သာ ရှိမယ်။”
“ဒါပေမဲ့ အဖိုးကို နားလည်စေချင်တာက မြောက်ပိုင်းပြည်နယ်မှာ ပြုပြင်ပြောင်းလဲရေးတွေ ပြီးဆုံးသွားရင် မြေယာက အရင်လို အရေးမကြီးတော့ဘူး။ ချူးမိသားစုရဲ့ အနာဂတ် စီးပွားရေးဟာ မြေယာကိုပဲ မှီခိုနေစရာ မလိုတော့ဘူး။”
ချူးရှုံက
“ကျွန်တော် မနက်ဖြန် ဆူဖုန်းမြို့ကို ပြန်ဖို့ စီစဉ်ထားတယ်။ ဒါပေမဲ့ ချူးမိသားစုဝင်တွေကို ခေါ်ပြီး မြောက်ပိုင်းပြည်နယ်ကို သွားမယ်ဆိုရင် ကြီးမားတဲ့ ကန့်ကွက်မှုတွေ ရှိလာလိမ့်မယ်” ဟု ပြောလိုက်သည်။
သူသည် ယခင်က ချူးမိသားစု၏ မိသားစုအကြီးအကဲ ဖြစ်ခဲ့သည်။ သူ့တွင်နောက်လိုက်များစွာ ရှိမည်မှာ သေချာသည်။ သူထွက်သွားပါက ချူးမိသားစု၏ အင်အား သိသိသာသာ နည်းသွားမည်။ မိသားစုအကြီးအကဲသစ်က သဘောတူမည် မဟုတ်ပေ။
ထို့ပြင် တောင်ပိုင်း အာဏာရှိမိသားစုများအနေဖြင့် ဧကရာဇ်ကို အတူတကွ ရင်ဆိုင်ရန် အရေးကြီးသော အချိန်ဖြစ်သည်။ ချူးမိသားစုမှ လူများစွာ တစ်ပြိုင်တည်း ထွက်ခွာသွားပါက တောင်ပိုင်း အာဏာရှိမိသားစုများ၏ အင်အား နည်းပါးသွားမည်ဖြစ်သည်။
အရင်က ဆိုရင်တော့ ချူးမိသားစု၏ အင်အား လျော့နည်းသွားတာကို အခြားတောင်ပိုင်း အာဏာရှိမိသားစုများက ဝမ်းသာအားရ ကြိုဆိုမည်ဖြစ်သည်။ သို့သော် အချိန်အခါက ပြောင်းလဲသွားပြီဖြစ်သည်။ တောင်ပိုင်း အာဏာရှိမိသားစုများ၏ အင်အား လျော့နည်းသွားပါက ဆွမ်ဧကရာဇ်က သူတို့အား အာရုံစိုက်လာနိုင်သည်။
ထို့ကြောင့် အနည်းဆုံးတော့ တောင်ပိုင်း အာဏာရှိမိသားစုများ၏ အင်အားကို
လျော့နည်းအောင် အခုအချိန်မှာ မလုပ်သင့်ပေ။ အခြားမိသားစုများကလည်း ချူးမိသားစုအား တောင်ပိုင်းမှ ထွက်ခွာခွင့် သို့မဟုတ် ဆူဖုန်းမြို့မှ ထွက်ခွာခွင့် ပြုကြမည် မဟုတ်ပေ။
ချူးရှုံသာ မိသားစုဝင် တစ်ချို့ကို ခေါ်ဆောင်ပြီး ဆူဖုန်းမြို့မှ ထွက်ခွာမည်ဆိုပါက နောက်ထပ် ဖြစ်နိုင်ခြေရှိသော ကန့်ကွက်မှုတစ်ခု ရှိနိုင်သေးသည်။ ဆွမ်ဧကရာဇ်က ချူးမိသားစု မြောက်ပိုင်းပြည်နယ်သို့ ပြောင်းရွှေ့တာကို နှစ်သက်မည် မဟုတ်ဆိုသော အချက် ဖြစ်သည်။
ချူးမိသားစု၏ တစ်စိတ်တစ်ပိုင်း မြောက်ပိုင်းပြည်နယ်သို့ ပြောင်းရွှေ့ခြင်းသည် တောင်ပိုင်း အာဏာရှိမိသားစုများ၏ အင်အားကို လျော့နည်းစေသည်မှာ မှန်သော်လည်း ဆွမ်ဧကရာဇ်ဆိုသူက သံသယစိတ် ပြင်းထန်သူဖြစ်၏။ ဤလုပ်ရပ်၏ နောက်ကွယ်တွင် အခြားသော လျှို့ဝှက်ရည်ရွယ်ချက်များ ရှိနိုင်သည်ဟု ဆွမ်ဧကရာဇ် ထင်မြင်ယူဆနိုင်သည်။
အတိုချုပ်ဆိုရသော် ချူးမိသားစု အနေနှင့် တောင်ပိုင်းမှ ထွက်ခွာခြင်းက လွယ်ကူသော အလုပ်မဟုတ်ပေ။
ချူးရှုံ၏ စကားကို ကြားပြီးနောက် လုချန်းအနည်းငယ်စဉ်းစားလိုက်ကာ
“ အဖိုး အခက်အခဲ ရှိတယ်ဆိုရင် ကျွန်တော်ရဲ့လူတွေကို အကူအညီတောင်းနိုင်ပါတယ်။ သူတို့က မြောက်ပိုင်းပြည်နယ်ကို ပြောင်းရွှေ့တဲ့ ကိစ္စကို အကူအညီပေးနိုင်ပါတယ်” ဟု ပြောလိုက်သည်။
လက်ရှိအချိန်တွင် အထူးကိုယ်ရံတော်များသည် ဆူဖုန်းမြို့တစ်ဝှမ်းလုံးတွင် ရှိနေပြီး တောင်ပိုင်းဒေသ၏ ထောက်လှမ်းရေးလုပ်ငန်းများကို ထိထိရောက်ရောက် လုပ်ဆောင်နေသည်။ အခြားမိသားစုများထံမှ လှုပ်ရှားမှုများ ရှိပါက အထူးကိုယ်ရံတော်များ ချက်ချင်းသိရှိနိုင်ပြီး ချူးမိသားစု ဆူဖုန်းမြို့မှ ထွက်ခွာခြင်းအားအတိုင်းအတာ တစ်ခုအထိ အကာအကွယ်ပေးနိုင်မည် ဖြစ်သည်။
ချူးရှုံက
“ဒါဆို ဒီကိစ္စကို မင်းသားဆီပဲ အပ်နှံလိုက်ပါမယ်”
ဟု ပြန်ပြောလိုက်သည်။
“ကျွန်တော် ဒီနေ့ပဲ ပြန်တော့မယ်။ မြောက်ပိုင်းပြည်နယ်ကို မပြောင်းလာခင် မင်းသားကို အသိပေးလိုက်မယ်”
လုချန်းက
“ကောင်းပါပြီ”
ဟု ခပ်တိုတို ပြန်ဖြေလိုက်သည်။
ထို့နောက် ချူးရှုံလည်း မြောက်ပိုင်းနယ်စားမင်းသားစံအိမ်မှ ထွက်ခွာသွားလိုက်သည်။
ချူးရှုံ ထွက်သွားပြီး မကြာမီ စာကြည့်ခန်း၏ အိမ်တံခါးဝတွင် မိန်းမပျို တစ်ဦး ပေါ်လာသည်။ သူမသည် တံခါးဘောင်ကို မှီ၍ ရပ်နေပြိး ခန္ဓာကိုယ် ကောက်ကြောင်းကို အပြည့်အဝပြ ဖော်ပြလျက်ရှိသည်။
“မင်းသား။ မနေ့ညက အရမ်းကြီးတဲ့ အဖြစ်အပျက်တွေ ဖြစ်ခဲ့တာတောင် ကျွန်မကို တစ်ခွန်းမှ မပြောဘူး။ ဒီနေ့မှ အစေခံတွေဆီက ကြားရတယ်။ ရန်ခရိုင်မှာ အဲ့လိုအရေးကြီးတဲ့ အဖြစ်အပျက်တွေ ဖြစ်ခဲ့တာ ကျွန်မ လုံးဝမသိခဲ့ဘူး။”
ဝမ်ချင်းစီ ပြန်ရောက်လာသည်ကို မြင်သောအခါ လုချန်းက
“အရေးကြီးတဲ့ အဖြစ်အပျက်လား။ ဘာအရေးကြီးတာလဲ။ သူခိုးဓါးပြ အုပ်စုလေးတွေကို ဖြေရှင်းလိုက်တာပါ။ ဂရုစိုက်စရာမလိုဘူး”
ဟု ပြုံးရင်းပြောလိုက်သည်။
သူကပြောရင်း ဝမ်ချင်းစီ၏ သွယ်လျလှပသော ခန္ဓာကိုယ်ကို ငေးကြည့်ကာ
“ဒီနေ့ မင်းဆီမှာ ထောက်လှမ်းရေး အချက်အလက်တွေ ရှိလား” ဟု ဆက်မေးလိုက်သည်။
ဝမ်ချင်းစီက
“ဟုတ်ပါတယ်။ အရမ်းအရေးကြီးတဲ့ ထောက်လှမ်းရေးသတင်းတစ်ခု ရှိပါတယ်။ ဒါက ရှနိုင်ငံတော်ကိုတောင် ထိခိုက်နိုင်ပါတယ်” ဟု ဖြေလိုက်သည်။
သူမ၏စကားကို ကြားလိုက်ပြီး လုချန်း အတွေးထဲနစ်မြောသွားသည်။ ရှနိုင်ငံတော်ကို ထိခိုက်နိုင်တယ်ဆိုပါလား။
သတိပြန်ဝင်လာသည်နှင့်တစ်ပြိုင်နက် သူတို့ စာကြည့်ခန်းဆီသို့ ချက်ချင်းသွားလိုက်သည်။ သူနှင့် ချူးရှုံတို့သည် စာကြည့်ခန်းထဲကိုတောင် မဝင်ဖြစ်ပဲ ခြံထဲတွင် စကားပြောနေခဲ့ကြခြင်းဖြစ်သည်။
“အထဲကို ဝင်လာပါ။ အဲ့ဒီကိစ္စနဲ့ ပတ်သက်ပြီး အသေးစိတ်ပြောပြပါ” ဟု သူပြောလိုက်သည်။
ထို့နောက် ဝမ်ချင်းစီလည်း လုချန်း နောက်ကို လိုက်ပြီး စာကြည့်ခန်းထဲသို့ ဝင်လာခဲ့သည်။ အတွင်းရောက်သည်နှင့် သူမက တံခါးကို အလိုအလျောက်ပိတ်လိုက်ကာ သူမ၏ အင်္ကျီလက်အတွင်းမှ ထောက်လှမ်းရေးအစီရင်ခံစာတစ်စောင်ကို ထုတ်ယူပြီး လုချန်း၏ စားပွဲပေါ်တွင် တင်လိုက်သည်။
လုချန်းလည်း ထိုအစီရင်ခံစာကို ကောက်ယူကာ ဂရုတစိုက် ဖတ်ရှုလိုက်သည်။ ထို့နောက် သူ၏မျက်ခုံးများ တဖြည်းဖြည်းတွန့်သွားပြီး မကြာမီ သူ၏မျက်နှာတွင် စိုးရိမ်သောအမူအရာများ ပေါ်လာသည်။ ဤထောက်လှမ်းရေးသတင်းသည် ရှနိုင်ငံတော်ကို ထိခိုက်နိုင်သည်ဟု ဝမ်ချင်းစီ မှတ်ချက်ပေးရသည့် အကြောင်းရင်းကို နောက်ဆုံးတွင် သူနားလည်သွားသည်။
ထိုအချိန်တွင် ဝမ်ချင်းစီက
“ဝူနိုင်ငံတော်မှာ ပုန်ကန်မှုတွေဖြစ်တာက ပုံမှန်ပါပဲ။ သူတို့က အမြဲတမ်း စစ်ပွဲတွေဆင်နွှဲနေကြတာကိုး။ ရှနိုင်ငံတော်ကိုလည်း မကြာသေးခင်ကပဲ စစ်ကြေညာခဲ့ကိုး။ မဟုတ်ရင် ဒီလောက်မြန်မြန် ပုန်ကန်မှုဖြစ်လာမှာ မဟုတ်ဘူး။ ဒီဖြစ်ရပ်ကြောင့် ဝူနိုင်ငံတော်ဟာ ရှနိုင်ငံတော်ကို ထပ်ပြီး ဖိအားပေးနိုင်စွမ်း မရှိတော့ပါဘူး” ဟု ပြောလိုက်သည်။
ထောက်လှမ်းရေးအစီရင်ခံစာတွင် ဝူနိုင်ငံတော်၌ မကြာသေးမီက ဖြစ်ပွားခဲ့သာ အဖြစ်အပျက်များကို အသေးစိတ်ဖော်ပြထားသည်။ အနောက်တောင်ပိုင်းရှိ ခရိုင်နှစ်ခုတွင် ပုန်ကန်မှုများ ပေါ်ပေါက်ခဲ့ပြီး ဝူနိုင်ငံတော်၏ ပုံမှန်စစ်တပ်က ထောက်ခံမှုပေးခဲ့သည်။ ပုံမှန်စစ်တပ်နှင့် ပုန်ကန်သည့် လယ်သမားများ ပူးပေါင်းကာ
“ဆိုးယုတ်သော ဝန်ကြီးများကို ဖယ်ရှားရန်” ဟူသော ဆိုင်းဘုတ်များ ကိုင်စွဲကာ ဝူဧကရာဇ်၏ နေပြည်တော်ဆီသို့ ချီတက်နေကြသည်။
အခန်း (၂၇၈)
အရေးကြီးတဲ့ အချက်တစ်ခု ပြောစရာရှိတယ် (၂)
ဝူနိုင်ငံတော်၏ ခရိုင်နှစ်ခုမျှသာ ဖြစ်ပါက ပြဿနာ မကြီးမားလှပေ။ သို့သော် ယခုအခါ ဝူနိုင်ငံတော်ရှိ ခရိုင်အများအပြား၌ မငြိမ်မသက်မှုများ ဖြစ်ပေါ်လျက်ရှိပြီး အထူးသဖြင့် နယ်စားများ၏ ဒေသများတွင် ပို၍ပင် ဆိုးရွားလျက်ရှိသည်။
မကြာမီကာလအတွင်း ဝူနိုင်ငံတော်တွင် ပြည်တွင်းစစ်မီး စတင်လောင်ကျွမ်းတော့မည်ဖြစ်သည်။ တိတိကျကျပြောရလျှင် လယ်သမားတို့ ပုန်ကန်ထကြွသည့် အချိန်မှစ၍ စတင်ခဲ့ပြီးဖြစ်သည်။
ဝူနိုင်ငံတော်တွင် ပြည်တွင်းစစ်ဖြစ်ပွားနိုင်သည်ကို မြင်ရသောအခါ လုချန်း၏ စိတ်တွင် ဝမ်းမြောက်သော ခံစားချက် အနည်းငယ် ဖြစ်ပေါ်ခဲ့သည်။ သို့သော် ဝူနိုင်ငံတော် ပြည်တွင်းစစ်ဖြစ်ပွားပါက ရှနိုင်ငံတော်အပေါ် ရှိ ဖိအားများ လုံးဝ လျော့ပါးသွားမည်ဖြစ်သည်။
ပြင်ပဖိအား မရှိသည့်အခါ၌ သူ၏ဖခင် ဆွမ်ဧကရာဇ်သည် အာဏာရှိမိသားစုများကို တိုက်ခိုက်ရန် ပြင်ဆင်လိမ့်မည်။ ဝူနိုင်ငံတော် မငြိမ်မသက်ဖြစ်ပြီးနောက် ရှနိုင်ငံတော်ပါ အလားတူအခြေအနေသို့ ရောက်ရှိသွားနိုင်ပေသည်။
“ဝူနိုင်ငံတော် သတင်းလိုပဲ နောက်ထပ် ထောက်လှမ်းရေးသတင်းလည်း ရှိသေးတယ်။”
“ဒါပေမဲ့ ဒီသတင်းက ဝူနိုင်ငံတော်မှာ ပြည်တွင်းစစ်ဖြစ်တာလောက် အရေးမကြီးဘူး။ ပြီးတော့ အတည်လို့ မပြုရသေးဘူး။ ကောလာဟလစကားတွေပဲ ရှိသေးတယ်။”
ထို့နောက် ဝမ်ချင်းစီသည် သူမ၏ လက်မောင်းအတွင်းမှ အခြားထောက်လှမ်းရေး အစီရင်ခံစာတစ်ခုကို ထုတ်ယူကာ လုချန်း၏ စားပွဲပေါ်သို့ တင်လိုက်သည်။
လုချန်းက ဝမ်ချင်းစီ ပေးသော ဒုတိယအစီရင်ခံစာကို ဖွင့်ကြည့်ပြီးနောက် စိုးရိမ်သော အမူအယာများ ပျောက်ကွယ်သွားကာ
“မြောက်ပိုင်းပြည်နယ်ရဲ့ ဖွံ့ဖြိုးရေးအတွက်တံခါးပွင့်လာပြီထင်တယ်။ တကယ့်ကို ကံကောင်းတာပဲ”
ဟု ပြောလိုက်သည်။
ဝမ်ချင်းစီ၏ ဒုတိယအစီရင်ခံစာတွင် မိုးစက်ရဲတိုက်၏ ကုန်သည်လှည်းတန်းများက ချွမ်နိုင်ငံတော်အတွင်း၌ ကြားသိရသည့် ကောလာဟလစကားများကို ဖော်ပြထားခြင်းဖြစ်သည်။ ချွမ်နိုင်ငံတော်၏ တောင်ပိုင်းတွင် ကပ်ရောဂါတစ်ခု ဖြစ်ပွားနေပြီး ရောဂါပြန့်ပွားမှုကို ကာကွယ်ရန် စစ်တပ်များကို တောင်ဘက်သို့ ပြန်လည်စုစည်းထားကြောင်း ဖော်ပြထားသည်။
သို့ရာတွင် ထိုကိစ္စကို လျှို့ဝှက်ထားဆဲဖြစ်၏။ လူအများကြား တီးတိုးပြောဆိုနေကြသော်လည်း သတင်းအမှန် ဖြစ်မဖြစ် အတည်ပြုရန် နည်းလမ်းမရှိသေးပေ။
ထိုအချိန်တွင် ဝမ်ချင်းစီက ဆက်လက်၍ ပြောလိုက်သည်။
“ဒီသတင်း အမှန်ဟုတ်မဟုတ် အတည်မပြုရသေးပေမဲ့ ချွမ်နိုင်ငံတော်က စစ်တပ်တွေကို ရှနိုင်ငံတော်နယ်စပ်ကနေ ရွှေ့ပြောင်းသွားတာက တောင်ပိုင်းမှာ အရေးကြီးတဲ့ အဖြစ်အပျက်တစ်ခု တကယ် ဖြစ်ပျက်ခဲ့တယ်ဆိုတာ ပြနေတာပဲ။”
အစတုန်းက အင်ပါယာကြီးများသည် ရှနိုင်ငံတော်၏ နယ်စပ်တစ်လျှောက်တွင် စစ်တပ်များ တပ်စွဲထားကြသည်။ သို့သော် စစ်မက်စတင်ဖြစ်ပွားပြီးနောက် ကျူးနိုင်ငံတော်က တပ်များဆက်လက် ချထားဆဲဖြစ်သည်။ သို့သော် ချွမ်နိုင်ငံတော်ကမူ သူတို့၏တပ်များကို ပြန်လည်ရုပ်သိမ်းသွားခဲ့သည်။ ထို့ကြောင့် ဝူနိုင်ငံတော်တစ်ခုတည်းသာ ရှနိုင်ငံတော်ကို တိုက်ခိုက်ခဲ့သည်။
ယခု ဝူနိုင်ငံတော်လည်း ရှနိုင်ငံတော်နှင့် ရင်ဆိုင်ရန် အချိန်မပေးနိုင်တော့သဖြင့် ကျူးနိုင်ငံတော်သာ ကျန်ရှိတော့သည်။ သို့သော် ကျူးနိုင်ငံတော်၏ လက်ရှိအခြေအနေအရ အနီးအနား နယ်နမိတ်များကို နယ်ပယ်ချဲ့ထွင်ရန် အလားအလာ နည်းပါးသည်။
ကျူးနိုင်ငံတော်၏ အမျိုးသမီး ဧကရာဇ်သည် မကြာသေးမီကမှ နန်းတက်ခဲ့သည်။ မြောက်ပိုင်းပြည်နယ်ကဲ့သို့ပင် ကျူးနိုင်ငံတော်သည်လည်း မြောက်ဘက်မှ လွင်ပြင်ဒေသ မျိုးနွယ်စုများ၏ ခြိမ်းခြောက်မှုကို ရင်ဆိုင်နေရသည်။ အကယ်၍ ကျူးနိုင်ငံတော်သာ တောင်ဘက်သို့ ချဲ့ထွင်ရန် ကြိုးစားပါက မြောက်ဘက်မှ လွင်ပြင်ဒေသမျိုးနွယ်စုများ ကျူးကျော်ဝင်ရောက်လာသည့်အခါ သူတို့၏ နေပြည်တော်ကို ကာကွယ်နိုင်မည် မဟုတ်ပေ။
ယခုအခါ ရှနိုင်ငံတော်နှင့် နယ်နမိတ်ချင်းထိစပ်နေသော နိုင်ငံကြီးသုံးနိုင်ငံစလုံးသည် သူတို့၏ကိစ္စများနှင့် မအားလပ်နိုင်တော့သဖြင့် ရှနိုင်ငံတော်အပေါ် ရှိ ဖိအားအားလုံး ပျောက်ကွယ်သွားခဲ့သည်။
ပြင်ပဖိအားများ ပျောက်ကွယ်သွားသည်နှင့်အမျှ ဖိနှိပ်ခံထားရသော အတွင်းရေးပဋိပက္ခများ ပေါက်ကွဲလာမည်မှာ အမှန်ပင်ဖြစ်သည်။
မြောက်ပိုင်းပြည်နယ်အတွက်မူ ဒါတွေက အခွင့်ကောင်းတစ်ရပ် ဖြစ်သည်။ နယ်စပ်တစ်လျှောက်ရှိ အခြားနိုင်ငံများ၏ အတွင်းရေး ရှုပ်ထွေးမှုများသည် မြောက်ပိုင်းပြည်နယ်အပေါ် ကြီးမားသော သက်ရောက်မှု မရှိပေ။ အများဆုံး ဖြစ်နိုင်သည်မှာ ဒုက္ခသည်များ ဝင်ရောက်လာခြင်းသာ ဖြစ်သည်။
ဒုက္ခသည်များ မြောက်ပိုင်းပြည်နယ်သို့ ရွှေ့ပြောင်းလာခြင်းက လုချန်း မျှော်လင့်နေသည့် အရာပင်ဖြစ်သည်။ မြောက်ပိုင်းပြည်နယ်၏ လူဦးရေက နည်းပါးသဖြင့် ဒုက္ခသည်များသည် လူဦးရေတိုးပွားစေရန် အထောက်အကူဖြစ်စေမည်။ သို့သော် သူတို့တို့ကို စီမံခန့်ခွဲရာ၌ စိန်ခေါ်မှုများ ရှိနိုင်သည်။
ထို့ကြောင့် မြောက်ပိုင်းပြည်နယ်၏ အဓိကပြဿနာမှာ အုပ်ချုပ်ရေးအရာရှိများ လိုအပ်နေခြင်းပင်ဖြစ်သည်။
ချူးမိသားစု ရောက်ရှိလာပါက သူတို့ထဲမှ အချို့ကို အရာရှိများအဖြစ် ခန့်ထားရန် လုချန်း ကြံရွယ်ထားသည်။ ပြိုကွဲသွားပြီဖြစ်သော ချူးမိသားစုသည် ခြိမ်းခြောက်မှု နည်းပါးသွားပြီဖြစ်ပြီး မြောက်ပိုင်းပြည်နယ်တွင် အင်အားစုအသစ်တစ်ခု ဖွဲ့စည်းမည်ကို စိုးရိမ်စရာ မလိုပေ။
မြောက်ပိုင်းပြည်နယ်သို့ ရောက်ရှိပြီးနောက် ချူးမိသားစုသည် မည်သူ့ဆီကမှ ထောက်ခံမှု ရှိတော့မည် မဟုတ်ပဲ မြောက်ပိုင်းနယ်စားမင်းသားစံအိမ်နှင့်သာ ရပ်တည်ရမည်ဖြစ်သည်။ ချူးမိသားစုဝင်များကို အသုံးပြုခြင်းက ပြဿနာ သိပ်မရှိပါ။
အရေးအကြီးဆုံးအချက်မှာ မြောက်ပိုင်းပြည်နယ်၏ စစ်အင်အားနှင့် စီးပွားရေးများကို မြောက်ပိုင်းနယ်စားမင်းသားစံအိမ်က ထိန်းချုပ်ထားသောကြောင့် လုချန်း ဤကဲ့သို့ ယုံကြည်မှုရှိနေခြင်းဖြစ်သည်။
အကယ်၍ သူသာ အခြေအနေ မရှိသော မင်းသားတစ်ပါး ဆိုပါက ချူးမိသားစုဝင်များကို အရာရှိများအဖြစ် ခန့်ထားခြင်းက ကောင်းသောကိစ္စ မဟုတ်နိုင်ပေ။ နောင်တစ်ချိန်တွင် ချူးမိသားစုက သူ့ထက်ပို၍ အာဏာကြီးလာနိုင်ပြီး ရှနိုင်ငံတော်၏ လက်ရှိအခြေအနေကဲ့သို့သော အကျပ်အတည်းမျိုး ကြုံတွေ့ရနိုင်သည်။
ယခုနန်းတွင်းတွင် အာဏာရှိမိသားစုများမှ အရာရှိများကို ခန့်ထားရပြီး ဆွမ်ဧကရာဇ်၏ အမိန့်များသည် နေပြည်တော်၏ အပြင်သို့တောင် မထွက်နိုင်သည့် အခြေအနေမျိုး ဖြစ်နေသည်။
ထိုအချိန်တွင် လုချန်းသည် စားပွဲပေါ်ရှိ ထောက်လှမ်းရေးအစီရင်ခံစာနှစ်စောင်ကို ကြည့်ရှုကာ အနည်းငယ်စဉ်းစားပြီးနောက် ဝမ်ချင်းစီအား
“ချွမ်နိုင်ငံတော်ရဲ့ အခြေအနေကို ဆက်လက်စုံစမ်းဖို့ လူတွေထပ်လွှတ်လိုက်ပါ။ ချွမ်နိုင်ငံတော် တကယ်ပဲ ဒုက္ခရောက်နေလားဆိုတဲ့ သတင်းတိတိကျကျကို သိချင်တယ်။”
ဝမ်ချင်းစီက
“ဟုတ်ကဲ့ မင်းသား။”
ဟု ပြန်လည်ဖြေကြားလိုက်သည်။
ထိုအချိန်တွင် ဝမ်ချင်းစီက လုချန်းကို စူးစမ်းသလို ကြည့်ရှုလိုက်သည်။ မည်သည့်အကြောင်းကြောင့်မသိ လုချန်း ဒီနေ့ပိုချောမောလာသည်ဟု သူမခံစားရသည်။ ပို၍အရပ်မြင့်လာပြီး ကြံ့ခိုင်သန်စွမ်းလာသည်ဟုပင် ထင်မြင်မိသည်။
ဒါက သူမ၏ အထင်သက်သက်လား။
သူမ ပြန်မရောက်ခဲ့တာ ကြာပြီဖြစ်သည့်အတွက် လုချန်း၏ခန္ဓာကိုယ်တွင် ပြောင်းလဲမှုရှိသည်ဟု ထင်မြင်နေခြင်းလားဟု ဝမ်ချင်းစီသည် စဉ်းစားမိသည်။
ဝမ်ချင်းစီ စဉ်းစားနေစဉ်တွင် လုချန်းက သူမကို ကြည့်လိုက်သည်။ သူမ၏မျက်လုံးများက သူ့အား စိုက်ကြည့်နေသည်ကို သတိထားမိလိုက်သည်။ အစက ရန်ခရိုင်အရာရှိများနှင့် နိုင်ငံရေးရာများ ဆွေးနွေးရန်အတွက် ခန်းမဆောင်တွင် စုစည်းစေရန် အထူးကိုယ်ရံတော်များကို အကြောင်းကြားခိုင်းဖို့ သူစီစဉ်ထားသည်။
သို့သော် ဝမ်ချင်းစီ၏ ချစ်ခြင်းမေတ္တာပါသည့် အကြည့်ကို မြင်လိုက်ရပြီး လုချန်း၏စိတ်ထဲတွင် အကြံအစည်အချို့ ပေါ်ပေါက်လာသည်။
လုချန်းက
“ဘာလို့ ဒီလိုစိုက်ကြည့်နေတာလဲ။ မျက်နှာမှာ တစ်ခုခု တွေ့လိုလား”
ဟု ပြုံးရင်းမေးလိုက်သည်။
လုချန်း၏စကားကြောင့် အိပ်မက်ထဲမှ နိုးလာသကဲ့သို့ ဖြစ်သွားပြီး ဝမ်ချင်းစီက လျင်မြန်စွာဖြေလိုက်သည်။
“မဟုတ်ပါဘူး။ ကျွန်မ တစ်ခု စဉ်းစားနေတာ”
“ဟုတ်လား။ တစ်ခုခုစဉ်းစားနေတယ်။ ဘယ်ကိစ္စကများ ဒီလိုစိတ်ဝင်စားစရာကောင်းနေတာလဲ ပြောပြပါဦး” လုချန်းက ပြုံးရင်းပြောလိုက်သည်။
ဝမ်ချင်းစီက ပြောလိုက်သည်။
“မင်းသား ဘာကြောင့် ပိုပြီးအရပ်မြင့်လာသလိုလဲလို့ ကျွန်မ တွေးမိနေတာပါ”
လုချန်းက ပေါ့ပေါ့ပါးပါးပင်
“ကိုယ်က အရပ်ထွက်တဲ့အရွယ်ပဲ။ အရပ်ပိုရှည်လာတာ ပုံမှန်ပဲမဟုတ်လား” ဟု ပြန်ပြောလိုက်သည်။
ဝမ်ချင်းစီက
“မင်းသားပြောတာ မှန်ပါတယ်။ အခြားကိစ္စမရှိရင် ကျွန်မ ထွက်ခွာခွင့်ပြုပါ”
ဟု ပြောလိုက်သည်။
လုချန်း သူမအပေါ် အခြားအတွေးများရှိနိုင်သည်ကို စိုးရိမ်သောကြောင့် လျင်မြန်စွာ ထွက်ခွာရန် ဝမ်ချင်းစီ စီစဉ်နေခြင်း ဖြစ်သည်။
လုချန်းက
“ဒီလိုမြန်မြန်မထွက်သွားနဲ့လေ ဝမ်မိန်းကလေး။ ကိုယ်လည်းအရေးကြီးတဲ့သတင်းတစ်ခု ပြောပြရမယ်။ ဒီသတင်းက မင်းအတွက် ပိုပြီးအရေးကြီးတယ်”ဟု ပြောလိုက်သည်။
လုချန်း၏စကားကို ကြားလိုက်ပြီးနောက် ဝမ်ချင်းစီ၏ အတွေးများ ရပ်တန့်သွားသည်။
သူမ၏အတွက် အလွန်အရေးကြီးတဲ့ သတင်းလား။ အဲ့ဒါ ဘာဖြစ်နိုင်မလဲ။ လုချန်း၏ လေသံက အရေးကြီးသောကိစ္စများကို ဆွေးနွေးနေသည့် သဘောတော့ မရှိပေ။ ဘာကိစ္စကများ ဒီလောက်အရေးကြီးနိုင်မလဲ။
လုချန်းသည် သူမနှင့် အလုပ်ကိစ္စများကို ဆွေးနွေးသည့်အခါတွင် ဝမ်မိန်းကလေး
ဟု မခေါ်တတ်ပေ။ အရေးကြီးသော ကိစ္စမဟုတ်ဟု သူမခန့်မှန်းမိသော်လည်း စူးစမ်းလိုစိတ်ကြောင့် ဝမ်ချင်းစီက “မင်းသား ပြောပြလိုတဲ့သတင်းက ဘာပါလဲ” ဟု မေးလိုက်သည်။
လုချန်းက အနည်းငယ်ပြုံးရင်း
“ကိုယ့်အနားကို နည်းနည်းကပ်လာပါ။ ဒီကိစ္စကို လူသိမများသေးဘူး။ တိုးတိုးလေးပြောပြမယ်”ဟု ပြောလိုက်သည်။
လုချန်း၏ အန္တရာယ် မရှိနိုင်သော အပြုံးမျက်နှာကို မြင်လိုက်ရသော်လည်း ဝမ်ချင်းစီ၏ ခြေထောက်များ တုန်လှုပ်သွားသည်။ သူ့မှာ တကယ်ပဲ အရေးကြီးတဲ့သတင်းတစ်ခု ပြောပြဖို့ရှိတာလား။
ဒါမှမဟုတ် သူက...
ဝမ်ချင်းစီသည် လုချန်းထံသို့ ခပ်ယိမ်းယိမ်းလှမ်းသွားပြီး မကျေနပ်သော အမူအရာဖြင့်
“မင်းသား။ ကျွန်မကို မကောင်းတဲ့အရာ လုပ်ချင်ရင် တိုက်ရိုက်ပြောလိုက်ပါ။ အရေးကြီးတဲ့သတင်းဆိုပြီး အကြောင်းပြချက်တွေဖန်တီးနေစရာ မလိုပါဘူး”
ဟု ပြောလိုက်သည်။
ဝမ်ချင်းစီ အနားသို့ ရောက်လာပါက စားပွဲပေါ်တွင် ဖိချရန် စိတ်ကူးထားသော်လည်း လုချန်းက ဘာမျှမလုပ်ပဲ သူမ၏နားနားကပ်၍ တိုးတိုးလေးပြောလိုက်သည်။
“ဝမ်မိန်းကလေး။ ဒီအကြောင်းကို လူသိမများသေးဘူး။ လျှို့ဝှက်ချက် မပေါက်ကြားစေနဲ့။ မဟုတ်ရင် ကျွန်တော်က ပြင်ပြင်းထန်ထန် အပြစ်ပေးမှာ။”
လုချန်း ဘာမှမလုပ်ပဲနေသည်ကို မြင်သောအခါ ဝမ်ချင်းစီ၏ စူးစမ်းလိုစိတ်များ ပိုမိုများပြားလာသည်။ လုချန်းမှာ တကယ်ပဲ ပြောပြစရာသတင်းတစ်ခု ရှိနေတာလား။
သူမထင်ထားသည်မှာ လုချန်းသည် ယခင်ကဲ့သို့ နှုတ်ဖြင့် “ဝမ် မိန်းကလေး”ဟုခေါ်ပြီး နောက်တစ်မိနစ်တွင် သူမကို စားပွဲပေါ်တင်ကာ ကိုင်တွယ်မည်ဟူ၍ဖြစ်သည်။
ဝမ်ချင်းစီက ချက်ချင်းပြောလိုက်သည်။
“ ပြောပြပါ မင်းသား။ ကျွန်မ လျှို့ဝှက်ထားပါမယ်။ ဘယ်သူမှ မသိစေရပါဘူး”
လုချန်းက ဆက်ပြောသည်။
“ကျွန်တော် အဆင့်လွန် ပညာရှင်အဆင့်ကို ရောက်သွားပြီ။ ကျွန်တော့်ခန္ဓာကိုယ်က အရင်ကထက် ပိုသန်မာလာပြီ။ အရင်က တစ်ညလုံးမအိပ်ပဲ နေတာက ပင်ပန်းစေပေမဲ့ အခုဆိုရင် ရက်ပေါင်းများစွာ မအိပ်ပဲ နေနိုင်ပြီ။”
ထို့နောက် လုချန်းက စကားကို ခဏရပ်လိုက်ကာ ဝမ်ချင်းစီ၏နားနားသို့ ပိုနီးကပ်စွာ ကိုင်းညွတ်ပြီး တိုးတိုးလေးပြောလိုက်သည်။
“ဝမ်မိန်းကလေးအတွက် ဒီသတင်းက အရေးကြီးတယ်လို့ ထင်လား”
လုချန်း၏ နောက်ဆုံးစကားကို ကြားလိုက်ရသည်နှင့် ဝမ်ချင်းစီ၏မျက်နှာဖြူလျော်သွားပြီး သူမ၏နုနယ်သောခန္ဓာကိုယ်လည်း မထိန်းချုပ်နိုင်စွာ တုန်ယင်သွားသည်။
.........
အခန်း (၂၇၉)
ကောင်းကင်ဘုံက အကူအညီပေးတာပဲ (၁)
အဆင့်လွန် ပညာရှင်...
လုချန်း၏ စကားကိုကြားလိုက်ရသည့်အခါ ဝမ်ချင်းစီ တုန်လှုပ်သွားခဲ့သည်။ ရှနိုင်ငံတော်တစ်ဝှမ်းတွင် အဆင့်လွန် ပညာရှင်များကို လက်ချိုးရေတွက်လို့ရပြီး သူတို့အားလုံးနီးပါးသည် နေပြည်တော်တွင်သာ ရှိနေကြသည်။
အဆင့်လွန် ပညာရှင်ဖြစ်လာရန်က လွယ်ကူသည့်ကိစ္စမဟုတ်ပေ။ သာမန်သိုင်းပညာရှင်များအတွက် တစ်သက်လုံး လေ့ကျင့်တာတောင် ပညာရှင်အဆင့် ဖြစ်လာရန်ပင် မလွယ်ပေ။ ထို့ထက်ပိုမြင့်မားသော အဆင့်သို့ ရောက်ရှိသူများမှာ ရှားပါးလှသည်။
လုချန်းက ယခုနှစ်တွင် အသက်(၁၇)နှစ်သာရှိသေးသည်။ သူဘယ်လိုလုပ်ပြီး အဆင့်လွန်ပညာရှင်ဖြစ်လာနိုင်မှာလဲ။
သို့သော် မကြာမီပင် တစ်စုံတစ်ခုကို ဝမ်ချင်းစီ သတိထားမိလိုက်သည်။ ယနေ့ လုချန်းကို ပြန်တွေ့သည့်အခါ သူ၏ခန္ဓာကိုယ်သည် ယခင်ကထက် ပိုမိုကြံ့ခိုင်လာပြီး အငွေ့အသက်ပိုမိုပြင်းထန်နေသည်ဟု သူမခံစားမိခဲ့သည်။
...
လုချန်း အဆင့်လွန် ပညာရှင်ဖြစ်နေပြီလို့ သူမယုံနိုင်ခဲ့ပါ။
ခဏလေး...
လုချန်းက ဒီသတင်းကို သူမကို အရင်ပြောပြနေတာက ဘာကိုဆိုလိုတာလဲ။ ပြီးတော့ သူ့ခန္ဓာကိုယ်က ဘယ်လောက်ကြံ့ခိုင်လာပြီး ညအိပ်ရေးပျက်ခံနိုင်တယ်ဆိုတာကိုပါ ထပ်ပြောနေ၏...
ဒါက သူမကို ရက်ပေါင်းများစွာ အိပ်ရေးပျက်ခံပြီး လုပ်နိုင်တယ်ဆိုတာကို သွယ်ဝိုက်ပြောနေတာ မဟုတ်လား။ ထိုအတွေးကို တွေးမိသည်နှင့် ဝမ်ချင်းစီ၏ မျက်နှာဖြူလျော်သွားပြီး လုချန်းဘက်သို့ လှည့်ကြည့်လိုက်မိသည်။
ထိုအချိန်တွင် လုချန်းသည် စိတ်ဆိုးချင်စရာကောင်းသော အပြုံးတစ်ခုနှင့် သူမဘက်သို့ ကြည့်နေပြီး ဝမ်ချင်းစီ၏ ကျောရိုးတစ်လျှောက် ချမ်းစိမ့်စိမ့်ဖြစ်သွားစေခဲ့သည်။
ဝမ်ချင်းစီက ချက်ချင်းပင် သနားစရာကောင်းသောအမူအရာဖြင့် လုချန်း၏မျက်လုံးများကို စိုက်ကြည့်ကာ “မင်းသား။ ကျွန်မက အာနွဲ့တဲ့ မိန်းမပါ။ နောက်ပိုင်းတွေ ကျွန်မကို အရမ်းမကြမ်းပါနဲ့ဦး” ဟု ပြောလိုက်သည်။
ဝမ်ချင်းစီ၏ သနားစဖွယ်အသံနှင့် မြူစွယ် နေသည့် ဟန်ပန်ကိုမြင်လိုက်ရတော့ လုချန်းရယ်မောလိုက်ပြီး လက်တစ်ဖက်ဖြင့် သူမ၏ကျစ်လျစ်သောခါးကို ပွေ့ဖက်လိုက်ပြီး အခြားလက်တစ်ဖက်ကို သူမ၏တင်ပါးပေါ်တင်ကာ ခန္ဓာကိုယ်ကို ဖိကပ်လိုက်ရင်း
“အားနွဲ့တဲ့ မိန်းမလား။ ကျွန်တော်ကတော့ ဝမ်မိန်းကလေး အရင်က အတော်လေး မောက်မာခဲ့ကိုပဲ မှတ်မိနေတယ်။ အမြဲတမ်း ‘မင်းသားလေး’လို့ ခေါ်ပြီး ကျွန်တော့်ကိုစိန်ခေါ်နေတာ။ ဒီနေ့တော့ ‘အားနွဲ့တဲ့ မိန်းမ’ ဖြစ်သွားပြီလား”
ဟု ရယ်မောကာ ပြောလိုက်သည်။
ဝမ်ချင်းစီက ဆက်လက်၍ သနားစဖွယ်ဟန်ပြုပြီး
“မင်းသားကို ကျွန်မ တစ်ခါမှ မစိန်ခေါ်ပါဘူး။ မင်းသားရဲ့ဇာတ်ကောင်စရိုက်နဲ့ လိုက်ဖက်အောင် ပူးပေါင်းဆောင်ရွက်ပေးနေတာပါ” ဟု ပြောလိုက်သည်။
လုချန်းက သူ၏လက်ဖြင့် ဝမ်ချင်းစီ၏ခန္ဓာကိုယ်ပေါ် လှည့်ပတ်ထိတွေ့ရင်း
“ဒါဖြင့် ဒီလိုလုပ်ကြည့်ပါ။ ကျွန်တော့်အတွက် ကလေးတစ်ယောက် မွေးပေးပါ။ ဒါဆိုရင် အရင်က မလေးမခန့် လုပ်ခဲ့တာတွေကို ခွင့်လွှတ်ပေးမယ်။ မဟုတ်ရင်...” ဟု ပြောပြီး ရုတ်တရက် ဝမ်ချင်းစီ၏တင်ပါးကို ရိုက်လိုက်သည်။
ဝမ်ချင်းစီက “အား” ဟု အော်လိုက်ပြီးနောက် “မင်းသား။ ကျွန်မက အစေခံမိန်းမတစ်ယောက်ပါ။ မင်းသားရဲ့ကလေးကို မွေးဖွားဖို့ မထိုက်တန်ပါဘူး။ တကယ်လို့ ကျွန်မက မင်းသားရဲ့ ကလေးကို မွေးဖွားခဲ့ရင်တောင် ကျွန်မရဲ့အဆင့်အတန်းကြောင့် နောင်တစ်ချိန်မှာ ကလေးဟာ အခြားသူတွေရဲ့ နှိမ့်ချပြောဆိုမှုကို ခံရမှာပါ။ မင်းသားကိုယ်တိုင်ကရော ကိုယ့်သားသမီး အရှက်ရတာကို ကြည့်ရက်မှာလား” ဟု ပြောသည်။
လုချန်းက ပြုံးရယ်ကာ
“ ဒါတွေက ပြောစရာတောင် မလိုပါဘူး။ ဝမ်မိန်းကလေး ကျွန်တော့်ကလေးကို မမွေးချင်လို့ ပြောနေတာလို့ ကျွန်တော်နားလည်ထားတယ်။ မြောက်ပိုင်းနယ်စားမင်းသားစံအိမ်မှာ ဒီလောက်ကြာကြာနေပြီးတဲ့သူက ကျွန်တော်ရဲ့သားသမီးတွေ ဆက်ဆံခံရပုံကို မသိဘူးဆိုတာ မဖြစ်နိုင်ဘူး” ဟု ပြောလိုက်သည်။
“ကျွန်တော့် သမီးလေးကိုတောင် လက်ဖဝါးပေါ်မှာ တင်ပြီး ချစ်နေတာ။ ကျွန်တော့်ကလေးတွေ ဒုက္ခရောက်မှာကို ဘယ်လိုလုပ်ကြည့်နိုင်မှာလဲ။”
“ဒီလိုမျိုး ကျွန်တော့်ကိုယ်ခန္ဓာနဲ့ မေတ္တာကိုအကြာကြီး လှည့်စားလုယူထားပြီး ကလေး တော့ မမွေးပေးချင်ဘူး။ ဝမ်မိန်းကလေးကကျွန်တော့်ကို ဆန့်ကျင်နေတာ ထင်တယ်။”
လုချန်း၏စကားကို ကြားရသည့်အခါ ဝမ်ချင်းစီက သနားဖွယ်ရာအမူအရာဖြင့်
“မင်းသား။ ကျွန်မက ဘယ်လိုလုပ် မင်းသားရဲ့ချစ်ခြင်းမေတ္တာကို လှည့်စားရဲမှာလဲ။ ကျွန်မက အဆင့်ကိုး သိုင်းပညာရှင်လေ။ ကလေးယူချင်ရင်တောင် အလွယ်တကူ ကိုယ်ဝန်မရနိုင်ဘူးလေ” ဟု ပြောလိုက်သည်။
လုချန်းက
“ဒါဆို ရိုးရိုးလေးပဲ။ ဒီကနေ့ကစပြီး မင်းနေ့တိုင်း မင်းသားစံအိမ်ကို ပြန်လာရမယ်။ ကျွန်တော်နေ့တိုင်း မင်းအခန်းကို လာမယ်။ အဆင့်လွန် ပညာရှင်က နဝမတန်း သိုင်းသမားတစ်ယောက်ကို ကိုယ်ဝန်မရစေနိုင်ဘူးဆိုတာ ကျွန်တော်မယုံဘူး” ဟု ပြောလိုက်သည်။
ထိုစကားကို ကြားရသည့်အခါ ဝမ်ချင်းစီ ခဏခန့် ငေးငိုင်သွားသည်။
နေ့တိုင်း သူမအခန်းကို လာမယ်ဆိုပါက... သူမ သေသွားနိုင်သည်...
သတိပြန်ရလာသည့်အခါ ဝမ်ချင်းစီက မြူစွယ်သောပြောဟန်ဖြင့်
“မင်းသား။ ကျွန်မက မင်းသားအတွက် မိုးစက်ရဲတိုက်ကိုလည်း တာဝန်ယူ ရဦးမယ်။ မင်းသားရဲ့ကြီးမားတဲ့ရည်မှန်းချက်တွေက မပြည့်မီသေးဘူး။ ကိုယ်ဝန်ဆောင်လိုက်ရင် အလုပ်တွေ နောက်ကျမှာ စိုးလို့ပါ။ မြောက်ပိုင်းပြည်နယ် အေးချမ်းသွားမှ မင်းသားအတွက် ကလေးမွေးပေးမယ်။”
ထိုစကားကို ကြားရသည့်အခါ လုချန်း၏ လက်တစ်ဖက် သူမ၏ နုနယ်သော မေးစေ့ကို မြှောက်ကာ သူမ၏မျက်လုံးထဲသို့ စူးစိုက်ကြည့်ရင်း
“ကျွန်တော့်ကလေး မယူချင်ဘူးဆိုတဲ့သဘောပဲလား။ ကျွန်တော်က မင်းသားဘဝနဲ့ပဲ ရှိနေသေးတော့ ကလေးမွေးပေးဖို့ မထိုက်တန်ဘူးလို့ ထင်နေတာလား” ဟု ပြုံးရယ်ကာ မေးလိုက်သည်။
“ကျွန်မ ဘယ်တော့မှ ဒီလိုမတွေးဝံ့ပါဘူး”
ဟု ဝမ်ချင်းစီက ချက်ချင်းပြန်ပြောလိုက်သည်။
ထိုအခါ ဝမ်ချင်းစီက သူမ၏ မျက်တောင်များကို လှုပ်ခတ်ကာ သနားစရာကောင်းသော အမူအရာများ ဆက်လက်ပြုမူနေသည်။
ဝမ်ချင်းစီ၏ ဖြားယောင်းသွေးဆောင်နေသော အမူအရာကို မြင်ရသည့်အခါ သူမကို စားပွဲပေါ်တွင် ဖိချပြီး ကောင်းစွာ ပဲ့ပြင်ပေးလိုစိတ်များ လုချန်းထံ၌ ဖြစ်ပေါ်လာခဲ့သည်။ သို့သော် မနေ့ညက တစ်ညလုံး မအိပ်ရပဲ ချူးချင်လီနှင့် အတူရှိခဲ့သည့်အတွက် ထိုကဲ့စိတ်ဆန္ဒများ သိပ်မရှိတော့ပေ။
ထို့ကြောင့် သူက ဝမ်ချင်းစီကို လက်လျှော့လိုက်ပြီး
“ကောင်းပြီ။ ဝမ်မိန်းကလေးကို နောက်နေတာပါ။ အခုချက်ချင်း ကလေး မွေးဖို့တော့ မတိုက်တွန်းပါဘူး” ဟု ပြောလိုက်သည်။
ထိုစကားကို ကြားရသည့်အခါ ဝမ်ချင်းစီလည်း အနည်းငယ် စိတ်သက်သာရာ ရသွားသည်။
သူမက လုချန်း၏ ကလေးကို မမွေးပေးလိုသည်တော့ မဟုတ်ပေ။ သူမ၏ အဆင့်အတန်းသည် လုချန်း၏ အစေခံမိန်းမသာ ဖြစ်နေသေးသဖြင့် ကလေးမွေးပါက သူမ၏ ကလေး မမျှမတ ဆက်ဆံခံရနိုင်သည်ကို စိုးရိမ်နေခြင်းသာ ဖြစ်သည်။ လုချန်းက သူမကို ကောင်းစွာ ဆက်ဆံပြီး ချစ်ခင်မြတ်နိုးသော်လည်း သူမ၏ အနေအထားကို သူမ ကောင်းစွာ နားလည်ထားသည်။
ထိုအချိန်တွင် လုချန်းက
“ဒီနေ့တော့ မင်း ပြန်သွားပါ။ မိုးစက်ရဲတိုက်ရဲ့ ကုန်သည်တွေကို ချွမ်နိုင်ငံတော်ရဲ့ အခြေအနေတွေကို ဆက်ပြီး စောင့်ကြည့်ခိုင်းထားပါ” ဟု ပြောလိုက်သည်။
“ဟုတ်ကဲ့ မင်းသား”
ဟု ဝမ်ချင်းစီက ဖြေလိုက်သည်။
ထိုအချိန်တွင် ဝမ်ချင်းစီ၏ စိတ်ထဲ၌ အကြံတစ်ခု ဖြစ်ပေါ်လာပြီး သံသယဖြင့်
“မင်းသားကတကယ်ပဲ အဆင့်လွန် ပညာရှင်အဆင့်ကို ရောက်ပြီလား” ဟု မေးလိုက်သည်။
အသက် ၁၇ နှစ်အရွယ် အဆင့်လွန် ပညာရှင် တစ်ဦးရှိနိုင်သည်ကို ယုံကြည်ရန် ဝမ်ချင်းစီ အတွက်ခက်ခဲနေဆဲဖြစ်သည်။ လုချန်း၏ အငွေ့အသက်က အလွန်ပြင်းထန်နေသော်လည်း ယုတ္တိမရှိဟု သူမထင်နေဆဲပင်။
လုချန်းက
“ဘာလဲ။ မယုံဘူးလား။ ကိုယ်တိုင် စမ်းသပ်ကြည့်လိုက်ပါလား”
ဟု ပြုံးရယ်ကာ ပြန်မေးလိုက်သည်။
“မဟုတ်ပါဘူး။ ကျွန်မကို ပြန်ခွင့်ပြုပါ”
ဟု ဝမ်ချင်းစီက အလျင်အမြန် ပြန်ဖြေလိုက်သည်။
စကားပြောလိုက်ပြီးနောက် ဝမ်ချင်းစီလည်း လျင်မြန်စွာ ထွက်ပြေးသွားသည်။
လုချန်းသာ အဆင့်လွန် ပညာရှင်အဆင့်သို့ အမှန်တကယ် ရောက်ရှိပြီဆိုပါက သူ၏ ကိုယ်ခန္ဓာစွမ်းအားသည်လည်း အလွန်အမင်း ကြီးမားလာမည်ဖြစ်သည်။ အသက် ၁၇ နှစ်အရွယ် လူငယ်တစ်ဦး၏ စွမ်းအားပြည့်ဝနေသည့် အချိန်ဖြစ်သဖြင့် သူမကဲ့သို့ နုနယ်သောမိန်းကလေးတစ်ဦးအနေဖြင့် မည်သို့ခံနိုင်ရည်ရှိမည်နည်း။ ဤအန္တရာယ်ရှိသောနေရာမှ အမြန်ဆုံးထွက်ခွာသွားခြင်းက အကောင်းဆုံးဖြစ်သည်။
ဝမ်ချင်းစီ၏ ထိတ်လန့်စွာ ထွက်ပြေးသွားပုံကို မြင်ရသည့်အခါ လုချန်းလည်း ရယ်မောလိုက်သည်။
ဤနတ်သမီးငယ်လေးက ယခုဆိုလျှင် လုံးဝနာခံသွားပြီဖြစ်သည်။ ယခင်က သူ့ကို မကြာခဏ နှောင့်ယှက်လေ့ရှိသော်လည်း အခုတော့ သူ့ကိုမြင်သည်နှင့် တုန်တုန်ယင်ယင်ဖြစ်ကာ ထွက်ပြေးရတော့မည်။ ဝမ်ချင်းစီ ထွက်ခွာသွားပြီးနောက် လုချန်းက စာကြည့်ခန်းတံခါးဝရှိ အစေခံမိန်းမကို လှမ်းပြောလိုက်သည်။
“ရန်ခရိုင်က အရာရှိအားလုံး နိုင်ငံရေးရာခန်းမမှာ စုရုံးဖို့ အထူးကိုယ်ရံတော်တွေက တဆင့် အမိန့်ထုတ်ပြန်လိုက်ပါ” ဟု ပြောလိုက်သည်။
“ဟုတ်ကဲ့ မင်းသား။”
ထိုအတောအတွင်း ။ရှနိုင်ငံတော် နေပြည်တော်ရှိ နန်းတော်အတွင်း၌။ ဆွမ်ဧကရာဇ်သည် အရိပ်ကိုယ်ရံတော်၏ အစီရင်ခံစာကို ကြားရသည့်အခါ ကျေနပ်သွားသော အပြုံးတစ်ခုကို မထိန်းနိုင်ခဲ့ပေ။
“ကောင်းလိုက်တာ၊ ကောင်းလိုက်တာ၊ ကောင်းလိုက်တာ။”
“ဝူနိုင်ငံတော်က သူ့တို့အပြစ်ကို သူတို့ခံစားနေရပြီ။”
မိုးစက်ရဲတိုက်သည် အများသိသော သတင်းများကိုသာ စုဆောင်းနိုင်သည်။ မိုးစက်ရဲတိုက် ရရှိနိုင်သည့် သတင်းများကို ဆွမ်ဧကရာဇ်၏ အရိပ်ကိုယ်ရံတော်များလည်း ရရှိနိုင်သည်။ ဝူနိုင်ငံတော်တွင် လယ်သမားများ ပုန်ကန်ထကြွမှု ဖြစ်ပွားကြောင်းကို ဆွမ်ဧကရာဇ် သိရှိပြီး ဖြစ်သည်။
ဝူနိုင်ငံတော်တွင် လယ်သမားများ ပုန်ကန်ထကြွသည့်သတင်းကို ကြားရသည့်အခါ ဆွမ်ဧကရာဇ်၏ နှုတ်ခမ်းသည် နားရွက်အထိ မြောက်အောင် ကွေးသွားခဲ့သည်။ သူ မရယ်နိုင်ခဲ့သည်မှာ ကြာပြီဖြစ်သည်။
ထိုအချိန်တွင် စစ်တူစီက
“ဆီဝူခရိုင်ကို ဘယ်လိုဆက်လက်ဆောင်ရွက်ရန် လိုပါသလဲ” ဟု မေးလိုက်သည်။
ယခုအခါ ဝူနိုင်ငံတော်တွင် ပြည်တွင်းရေးမငြိမ်သက်မှုများ ဖြစ်ပေါ်နေသော်လည်း ငြိမ်းချမ်းရေးစာချုပ်အရ ဆီဝူခရိုင်ကို ဝူနိုင်ငံတော်သို့ လွှဲပြောင်းပေးရန် သဘောတူထားပြီးဖြစ်သည်။ ဝူနိုင်ငံတော်တွင် ဆီဝူခရိုင်ကို ထိန်းချုပ်နိုင်စွမ်း မရှိတော့ပေ။ ထို့ကြောင့် ရှနိုင်ငံတော်အနေဖြင့် စာချုပ်ကို ချိုးဖောက်ရန် အခွင့်အလမ်းရှိနေသည်။
“စာချုပ်ချုပ်ဆိုပြီးပြီဆိုတော့ ဆီဝူခရိုင်ကို သူတို့ကို ပေးရမှာပေါ့” ဆွမ်ဧကရာဇ်က ပြောလိုက်သည်။
ဆွမ်ဧကရာဇ်သည် အရူးမဟုတ်ပါ။ ဝူနိုင်ငံတော်တွင် ပြည်တွင်းရေး မငြိမ်မသက်ဖြစ်နေသော်လည်း ယင်းမငြိမ်သက်မှုသည် ဝူနိုင်ငံတော်၏ အခြေခံအုတ်မြစ်ကို မထိခိုက်စေသေးပေ။ ယခုအချိန်တွင် စာချုပ်ကိုချိုးဖောက်ပါက အနောက်ဝူခရိုင်တွင် စုစည်းထားသော ဝူနိုင်ငံတော်၏ စစ်တပ်ကြီးသည် အရှေ့ဘက်သို့ ထပ်မံတိုးဝင်လာနိုင်သည်။
ဝူနိုင်ငံတော်တွင် ပြည်တွင်းရေး ပဋိပက္ခလက္ခဏာများ ပေါ်ပေါက်နေပြီဖြစ်သဖြင့် သူတို့အား ပြင်ပစစ်ပွဲဆင်နွှဲရန် အကြောင်းပြချက်မပေးဖို့ အထူးသတိထားရမည်။ ပြည်တွင်း ပဋိပက္ခများကို ပြင်ပစစ်ပွဲဖြင့် လမ်းလွှဲလေ့ရှိပြီး ဝူဧကရာဇ်အား ပြည်တွင်းပြဿနာများမှ အာရုံလွှဲနိုင်မည့် အခွင့်အလမ်း မပေးရန် အရေးကြီးသည်။
ရှနိုင်ငံတော်အနေဖြင့် ယခုအချိန်တွင် အနောက်ဝူခရိုင်ကို ယာယီစွန့်လွှတ်နိုင်သည်။ ဝူနိုင်ငံတော် အပြည့်အဝမငြိမ်သက် ဖြစ်လာသောအခါမှ ဆီဝူခရိုင်ကို ပြန်လည်သိမ်းပိုက်နိုင်မည်ဖြစ်သည်။
ထို့ပြင် ဆီဝူခရိုင်ကို ဝူနိုင်ငံတော်သို့ လွှဲပြောင်းပေးသည့်တိုင် ပြည်တွင်းရေးမငြိမ်သက်မှုကြောင့် ဝူနိုင်ငံတော်၏ စစ်တပ်များ ဆီဝူခရိုင်ကို အပြည့်အဝ ထိမ်းသိမ်းနိုင်မည်လားဆိုသည့်က မသေချာပေ။ အများဆုံးအနေဖြင့် စစ်သားများ စေလွှတ်ကာ ဆီဝူခရိုင်ကို လုယက်ပြီး ဝူနိုင်ငံတော်သို့ ပြန်သွားကြမည်သာဖြစ်သည်။
ဆီဝူခရိုင်သည် သေးငယ်သောကိစ္စသာဖြစ်သည်။ ဝူနိုင်ငံတော်၏ ပြည်တွင်းရေးမငြိမ်သက်မှုသည် ဆွမ်ဧကရာဇ်အတွက် အခွင့်အလမ်းတစ်ရပ်ဖြစ်သည်။
ပြည်ပဖိအား မရှိတော့သည့်အခါ သူအနေဖြင့် လုပ်စရာရှိသည်များကို လုပ်ဆောင်ရန် အချိန်တန်ပြီဖြစ်သည်။
တစ်လျှောက်လုံး အရှက်ရခံခဲ့ရပြီးနောက် နောက်ဆုံးတွင် အခွင့်အလမ်းကို မြင်တွေ့လိုက်ရသည်။
ထိုအချိန်တွင် အခြားအရိပ်ကိုယ်ရံတော်တစ်ဦး ဥယျာဉ်တော်အတွင်း ပေါ်လာပြီး ဆွမ်ဧကရာဇ်ရှေ့တွင် ဒူးထောက်လိုက်ကာ သူ၏လက်ထဲရှိ ထောက်လှမ်းရေးသတင်းကို ပေးလိုက်သည်။
“မင်းကြီး။ ချွမ်နိုင်ငံတော်မှ သတင်းရောက်ရှိပါတယ်။”
ထိုစကားကို ကြားရသည့်အခါ ဆွမ်ဧကရာဇ်က ချက်ချင်းပင် အရိပ်ကိုယ်ရံတော်၏ လက်ထဲမှ သတင်းကို ဆွဲယူလိုက်ကာ ဖတ်ကြည့်ပြီးနောက်
“ဟားဟားဟား။ တကယ်ပဲ ကောင်းကင်ဘုံက ကျုပ်ကို ကူညီနေပြီ။”
“ဒီလိုကိစ္စမျိုးကို ဘယ်သူမှ မျှော်လင့်ထားမှာမဟုတ်ဘူး။”
ဆွမ်ဧကရာဇ် ဤမျှစိတ်လှုပ်ရှားနေသည်ကို မြင်ရသည့်အခါ ချွမ်နိုင်ငံတော်တွင်လည်း ပြဿနာတစ်ခုခု ဖြစ်ပွားနေပြီဖြစ်ကြောင်းစစ်တူစီ သိလိုက်သည်။
ထိုအခါ စစ်တူစီ၏ စိတ်ကူးထဲတွင် လုချန်း၏ ပုံရိပ်ပေါ်လာသည်။
ရှနိုင်ငံတော်အတွင်း ပြည်တွင်းစစ်မီး စတင်လာပြီဆိုလျှင် ဒုက္ခသည် အမြောက်အမြား ပေါ်ပေါက်လာမည်မှာ မလွဲဧကန်ဖြစ်ပြီး ထိုဒုက္ခသည်အများစုသည် မြောက်ပိုင်းပြည်နယ်သို့ စီးဝင်လာကြမည်ဖြစ်သည်။ မြောက်ပိုင်းပြည်နယ် ဖွံ့ဖြိုးရေးအတွက် အခွင့်အလမ်းများ စတင်ပေါ်ထွန်းလာတော့မည်ဖြစ်သည်။
အကယ်၍ ဆွမ်ဧကရာဇ်သာ ပြည်တွင်းစစ်တွင် အနိုင်ရပြီး အာဏာရှိ မိသားစုများကို အောင်မြင်စွာ သုတ်သင်နိုင်ခဲ့ပါက မြောက်ပိုင်းနယ်စားမင်းသား ဆက်ခံမည့် ရှနိုင်ငံတော်သည် ယခင်ထက် ပိုမိုအားကောင်းလာမည်ဖြစ်သည်။
စစ်တူစီ၏ မျှော်လင့်ချက်များ တိုးပွားလာခဲ့သည်။ အစပိုင်းတွင် သူသည် ဆွမ်ဧကရာဇ်၏ အာဏာရှိမိသားစုများကို ရှင်းလင်းရန် အစီအစဉ်ကို အရမ်းသဘောမကျခဲ့ပေ။ အဘယ့်ကြောင့်ဆိုသော် ရှနိုင်ငံတော်သည် ပြင်ပဖိအားများနှင့် ရင်ဆိုင်နေရသောကြောင့်ဖြစ်သည်။ ယခုအခါ ပြင်ပဖိအား ကင်းမဲ့သွားပြီဖြစ်သဖြင့် သူက ဆွမ်ဧကရာဇ်ကို သဘောတူ အားပေးလိုက်သည်။
.......