← Chapters

အခန်း ၂၈၆-၂၈၈

Vol. 20 Ch. 286-288

အခန်း ၂၈၆-၂၈၈

Vol. 20 Ch. 286-288

အခန်း (၂၈၆)

မြောက်ပိုင်းပြည်နယ်ရောက် ဝူနိုင်ငံတော်၏ မင်းသမီး(၁)

လုချန်း၏စကားကို ကြားပြီးနောက် ဝမ်ချင်းစီက နူးညံ့သိမ်မွေ့သော အမူအရာဖြင့် “မင်းသားပြောင်းလဲသွားပြီနော်။ စကား‌ပြောတာ ကြမ်းတမ်းလာတယ်။ အရင်တုန်းက ဒီလိုမျိုးမဟုတ်ဘူး” ဟု ပြောလိုက်သည်။

လုချန်း ရယ်မောလိုက်သည်။ ဒီမိန်းမကို သူ မကိုင်တွယ်ခဲ့တာ ကြာပြီဖြစ်သည်။

ဝမ်ချင်းစီက ဆက်လက်၍ ပြောလိုက်သည်။

“ဝူနိုင်ငံတော်က မင်းသမီးကျန်းဝမ်က ရန်ခရိုင်ကို ရောက်နေနိုင်တယ်”

ထိုစကားကို ကြားသည်နှင့် လုချန်း ရုတ်တရက် ငေးငိုင်သွားသည်။

ဘယ်လို။ဝူနိုင်ငံတော်၏ မင်းသမီးတစ်ပါး သူ့ပြည်နယ်ထဲကို ရောက်လာတယ်ဆိုပါလား။ နိုင်ငံတော်၏မင်းသမီးတစ်ပါး ပြီးတော့ သူမကိုယ်တိုင်လည်း အာဏာရှိသူတစ်ဦးဖြစ်သည်။ သူမက ရန်သူနိုင်ငံပိုင်နက်ထဲကို ဘာကြိုတင်အသိပေးချက်မှမရှိပဲ ရောက်လာတယ်ဆိုတာ ဘာသဘောလဲ။

ဒီဝူနိုင်ငံတော်က မင်းသမီးကျန်းဝမ်က အတင့်ရဲလွန်းနေတာ မဟုတ်ဘူးလား။

သတိပြန်ဝင်လာသည်နှင့် လုချန်း နဖူးတွန့်သွားသည်။

ဤမင်းသမီးသည် ဝူနိုင်ငံတော်တွင် အာဏာကြီးသူ တစ်ဦးဖြစ်သည့်အတွက် ပူပြင်းသော အာလူးတစ်လုံးနှင့်တူသည်။ အကယ်၍ မြောက်ပိုင်းပြည်နယ်တွင် သူမ တစ်စုံတစ်ခု ဖြစ်သွားပါက ဝူနိုင်ငံတော်က ရှနိုင်ငံတော်ကို ကျူးကျော်စစ်ဆင်နွှဲမည်မှာ သေချာသည်။

အဓိကပြဿနာမှာ ဤမင်းသမီးသည် ကျူးနိုင်ငံတော်၏ အမျိုးသမီးဧကရာဇ်နှင့်လည်း ဆက်ဆံရေးကောင်းမွန်နေခြင်းဖြစ်သည်။ အကယ်၍ သူမ တစ်ခုခုဖြစ်ပါက ကျူးနိုင်ငံတော် ဧကရာဇ်ကလည်း ကူညီနိုင်သည်။ လက်ရှိအချိန်တွင် ကျူးနိုင်ငံတော်တွင် စစ်သည် နှစ်သိန်းကို မြောက်ပိုင်းပြည်နယ်နှင့် ကျူးနိုင်ငံတော်နယ်စပ်တွင် တပ်စွဲထားဆဲဖြစ်သည်။

လုချန်းက “ဒီသတင်း သေချာရဲ့လား” ဟု မေးလိုက်သည်။

ဝမ်ချင်းစီက

“အခုထိတော့ အတိအကျ အတည်မပြုရသေးပါဘူး။ သူက ချွမ်မိသားစုရဲ့ ချွမ်သခင်မအဖြစ် မြောက်ပိုင်းပြည်နယ်ကို ရောက်ရှိလာတာပါ။ သူက မိုးစက်ရဲတိုက်ရဲ့ နောက်ကွယ်က လူကိုလည်း တွေ့ဆုံပြီး ပူးပေါင်းဆောင်ရွက်ဖို့ ဆွေးနွေးမယ်လို့လည်း ကြားသိရပါတယ်။”

ဝမ်ချင်းစီ၏စကားကို ကြားပြီး လုချန်း နက်နက်ရှိုင်းရှိုင်း စဉ်းစားသွားသည်။

မိုးစက်ရဲတိုက်နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ မြောက်ပိုင်းပြည်နယ်ကို လာခဲ့တာလား။

ဝူနိုင်ငံတော်ရဲ့ မင်းသမီးက မြောက်ပိုင်းနယ်စားမင်းသားစံအိမ်နဲ့ မိုးစက်ရဲတိုက်ကြားက ဆက်နွယ်မှုကို ရှာဖွေတွေ့ရှိသွားပြီလား။

ဒါကတော့ မဖြစ်နိုင်ပေ။

မိုးစက်ရဲတိုက်နဲ့ ဆက်စပ်နေသူများစွာတောင် သူတို့နဲ့ မြောက်ပိုင်းနယ်စားစံအိမ်ကြားက ဆက်နွယ်မှုကို မသိကြချေ။

မိုးစက်ရဲတိုက်တွင် ထွက်ပေါ်ရသည်အခါတိုင်း ဝမ်ချင်းစီက နာမည်ဝှက်တစ်ခုနှင့် ရုပ်ဖျက်ပြီးမှသာ သွားလေ့ရှိသည်။

ထိုမင်းသမီးက ဒီလောက်မြန်မြန်ဆန်ဆန် ဘယ်လိုရှာဖွေတွေ့ရှိသွားဖို့ မဖြစ်နိုင်ပါ။

တကယ်လို့ မိုးစက်ရဲတိုက်ရဲ့ နောက်ကွယ်မှာ မြောက်ပိုင်းနယ်စားစံအိမ်ရှိတယ်ဆိုတာ သူမသိသွားခဲ့လျှင်တောင် နောက်ကွယ်က လူကို တွေ့ဆုံဖို့ဆိုတာ ပိုပြီးတောင် မဖြစ်နိုင်ပေ။

မိုးစက်ရဲတိုက်၏ အဓိက အကျဆုံးသူက မြောက်ပိုင်းနယ်စားမင်းသားဖြစ်သည်။ ဝူနိုင်ငံတော်ရဲ့ မင်းသမီးတစ်ပါး အနေနှင့် နယ်စားတစ်ဦးနဲ့ တိတ်တဆိတ်တွေ့ဆုံဖို့ဆိုတာက လုံးဝမသင့်တော်ပါ။

ခဏစဉ်းစားပြီးနောက် လုချန်းက

“သူနဲ့အတူ သိုင်းပညာ စွမ်းအားကြီးတဲ့ လူဘယ်နှစ်ယောက်လာပါလာလဲ”

ဟု မေးလိုက်သည်။

ဝမ်ချင်းစီက “သူက ချွမ်ဟိုင် ကုန်သည်‌ သ‌‌င်္ဘောအုပ်စုနဲ့အတူ လာခဲ့တာပါ။ သူနဲ့အတူပါလာတဲ့ သိုင်းပညာရှင် အရေအတွက်ကို တိတိကျကျမသိသေးပေမဲ့ သူနဲ့အတူရှိနေတဲ့ အဖိုးအဖွား နှစ်ယောက်က ကျွန်မကို နှလုံးတုန်အောင် လုပ်နိုင်ပါတယ်။ သူတို့ရှေ့မှာဆို မင်းသားကိုတွေ့နေရသလို ခံစားရတယ်။”

ဝမ်ချင်းစီ၏ စကားကို ကြားရသည်နှင့် လုချန်း၏ နဖူးပြန်တွန့်သွားသည်။

ဝမ်ချင်းစီက သူ့ကိုတွေ့နေရသလို ခံစားရတယ်ဆိုတော့ အဖိုးအဖွားနှစ်ယောက်ရဲ့ စွမ်းအားက သူနဲ့တူနိုင်တယ်လို့ ဆိုလိုခြင်းဖြစ်သည်။

တစ်နည်းအားဖြင့် သူတို့သည် အဆင့်လွန် ပညာရှင်များ ဖြစ်နိုင်ခြေရှိသည်။

ဒါကတော့ ထူးဆန်းသည့်ကိစ္စတစ်ခု မဟုတ် ပေ။ အင်ပါယာ နိုင်ငံတစ်ခု၏ မင်းသမီးတစ်ပါး အနေနှင့် အကာအကွယ်မပါပဲ ရန်သူ့နယ်မြေထဲကို ဝင်ရောက်လာမှာ မဟုတ်ပေ။

သို့သော် နိုင်ငံများကြားတွင် အလိုလိုနားလည်ရမည့် စည်းမျဉ်းတစ်ခုရှိ၏။ ပုံမှန်အားဖြင့် အဆင့်လွန် ပညာရှင်များ လှုပ်ရှားခွင့်မရှိဟူသော စည်းမျဉ်းဖြစ်သည်။

ဝူနိုင်ငံတော်၏ အဆင့်လွန် ပညာရှင်များ ကြိုတင်အသိပေးချက်မရှိပဲ ရှနိုင်ငံတော် အတွင်းသို့ ဝင်ရောက်လာခြင်းက စစ်တိုက်ဖို့ စတင်လှုံ့ဆော်တာနဲ့ သိပ်ကွာခြားမှု မရှိ‌ပေ။

ဝူနိုင်ငံတော်ရဲ့ မင်းသမီးကျန်းဝမ်က ရှနိုင်ငံတော်ကို လုံးဝမျက်စိထဲမထားဘူးဆိုတာ ထင်ရှားနေ၏။

ထိုအချိန်တွင် ဝမ်ချင်းစီက

“အဲ့ဒီမင်းသမီးနဲ့ တွေ့ဖို့ မင်းသားမှာ အစီအစဉ်ရှိလား”

ဟု မေးလိုက်သည်။

“ကျွန်မ သူ့ကိုမြင်ဖူးတယ်။ အဲ့ဒီမင်းသမီးက တကယ့်ကို အလှဆုံး မိန်းမလှတစ်ယောက်ပဲ။ သူရဲ့ အလှအပက လျှို့ဝှက်လဝန်းနန်းတော်ရဲ့ နန်းတော်သခင်နဲ့တောင် ယှဉ်နိုင်တယ်။ မင်းသားရဲ့ အကြိုက်နဲ့ ကိုက်ညီမှာသေချာတယ်။”

လုချန်းက ဝမ်ချင်းစီ၏စကားကို ကြားပြီး ပြုံးရယ်ကာ

“ကိုယ့်ကို စနောက်‌ရဲ နေပါလား။ ဝမ်မိန်းကလေးက နည်းနည်း အတင့်ရဲချင်နေပြီနဲ့တူတယ်” ဟု ပြောလိုက်သည်။

“ကိုယ့်ဆီ အခု ချက်ချင်းလာခဲ့။”

လုချန်း၏စကားကို ကြားရသည်နှင့် ဝမ်ချင်းစီ နှလုံးတစ်ချက် ခုန်သွားပြီး

“မင်းသား။ ဝူနိုင်ငံတော်က မင်းသမီးက ကျွန်မကို အကြောင်းပြန်ဖို့ စောင့်နေတုန်းပါ။ ဒီနေ့တော့ ကျွန်မ ပြန်သွားမှရမယ်။ မင်းသားအဲ့ဒီ မင်းသမီးနဲ့တွေ့ချင်ရင် ကျွန်မကိုပြောပါ။ ကျွန်မ ချိန်းဆိုမယ့် အချိန်စီစဉ်ပေးပါမယ်” ဟု အလျင်အမြန်ပြောလိုက်သည်။

ထိုသို့ပြောရင်း ဝမ်ချင်းစီလည်း ထွက်ပြေးရန် အစီအစဉ်များ ပြုလုပ်နေသည်။ လုချန်း အဆင့်လွန် ပညာရှင်ဖြစ်လာပြီးနောက် ဘယ်လောက်ထိ ကြောက်စရာကောင်းလာသည်ကို သူမ မသိသေးသော်လည်း လက်ရှိလုချန်းသည် ယခင်ကထက် ပိုစွမ်းအားကောင်းလာသည်ကိုတော့ ကောင်းစွာသိထားသည်။

လုချန်း ပညာရှင်အဆင့် မရောက်ခင်သကတည်းက သူမကို အော်ဟစ်ငိုယိုစေနိုင်ခဲ့သည်။ အကယ်၍ ယခု လုချန်း၏လက်ထဲသို့ ရောက်သွားပါက သူမ အရိုးတခြား အသားတစ်ခြားပါ ဖြစ်သွားနိုင်သည်။

ဝမ်ချင်းစီသည် ထွက်ပြေးရန် စတင်လုပ်ဆောင်သည့်အချိန်တွင် သူမ၏ခန္ဓာကိုယ် မလှုပ်ရှားနိုင်တော့ကြောင်း ရုတ်တရက် သတိထားမိလိုက်သည်။ ဝမ်ချင်းစီသည် တွေဝေသွားသည်။ ဘာဖြစ်နေတာလဲ။

လုချန်းသည် သူမကို ပြုံးရယ်ရင်း ကြည့်လိုက်ကာ

“ဝမ်မိန်းကလေးက အမိန့်ကို ဖီဆန်ရဲတယ်။ အပြစ်ဒဏ်ခံဖို့ အသင့်ပြင်ထားပြီလား”

ဟု မေးလိုက်သည်။

စကားပြောနေစဉ်အတွင်း လုချန်းသည် လက်တစ်ဖက်ကို မြှောက်ကာ သူ၏ အတွင်းအားကို စုစည်းလိုက်ပြီး နောက်တဒင်္ဂတွင် သူ၏လက်ဖဝါးမှ ဆွဲငင်သော အားလှိုင်းတစ်ခုကို ထုတ်လွှတ်လိုက်ကာ ဝမ်ချင်းစီ၏ နုနယ်သောခန္ဓာကိုယ်ကို တိုက်ရိုက်ဆွဲငင်လိုက်သည်။

လုချန်းအသုံးပြုခဲ့သည်မှာ စုပ်ယူခြင်းကျင့်စဉ်မဟုတ်ပဲ အတွင်းအားကို လွှတ်ထုတ်ခြင်းသာဖြစ်ပြီး အဆင့်လွန် ပညာရှင်အဆင့်ရှိသူမည်သူမဆို အသုံးပြုနိုင်သည့် နည်းလမ်းဖြစ်သည်။

မကြာမီ ဝမ်ချင်းစီ၏ နုနယ်သောခန္ဓာကိုယ်သည် လုချန်း၏ အပြည့်အဝထိန်းချုပ်ခြင်းကို ခံရပြီး သူ၏ရင်ခွင်ထဲတွင် ပွေ့ဖက်ခံလိုက်ရသည်။ သူမ ဒီနေ့ လွတ်မြောက်မည်မဟုတ်ကြောင်း သိသွားပြီး ဝမ်ချင်းစီ လုံးဝအရှုံးပေးလိုက်သည်။

ဝမ်ချင်းစီ၏ အရှုံးပေးသည့်အမူအရာကို မြင်ရသည့်အခါ လုချန်းက ပြုံးရယ်ကာ မေးလိုက်သည်။

“ဘာလို့ အခု မပြေးတော့တာလဲ ဝမ်မိန်း ကလေး”

ဝမ်ချင်းစီက လုချန်းဘက်သို့ လှည့်လိုက်ကာ

“မင်းသားက ကျွန်မကို ထိန်းချုပ်ထားပြီးပြီလေ။ ဘယ်လိုပြေးနိုင်မှာလဲ”

ဟု မတုန်လှုပ်ဟန်ဖြင့် ပြန်ပြောလိုက်သည်။

ထိုစဉ် လုချန်းက သူမ၏ တင်ပါးကို ဖြတ်ခနဲ ရိုက်လိုက်သည်။ ထိုအခါ ဝမ်ချင်းစီ၏ နုနယ်သောကိုယ်လုံးလည်း တုန်လှုပ်သွားပြီး ညင်သာသော အော်သံတစ်ချက်ထွက်ပေါ်လာသည်။

........

အခန်း (၂၈၇ )

မြောက်ပိုင်းပြည်နယ်ရောက် ဝူနိုင်ငံတော်မှ ဝူမင်းသမီး(၂)

လုချန်းက ဝမ်ချင်းစီ၏ သွယ်လျသော ခါးကို ဖက်ထားကာ သူမ၏နားနားကပ်၍ တိုးတိုးပြောလိုက်သည်။

“ကိုယ်နဲ့ ဆက်ဆံရေး မလေ့ကျင့်တာ ကြာပြီမဟုတ်လား။ ဘာလို့ဒီလောက်တောင် အထိမခံနိုင် ဖြစ်နေတာလဲ။”

ထိုအချိန်တွင် ဝမ်ချင်းစီ၏ မျက်နှာ အနီရောင်သန်းလာပြီး သူမ၏မျက်လုံးများ လင်းလက်‌သွားကာ

“မင်းသား။ ရှင်က ကျွန်မကို အမြဲအနိုင်ကျင့် နေတာပဲ။” ဟု ညည်းညူလိုက်သည်။

ဝမ်ချင်းစီ၏ သနားဖွယ်အမူအရာကို မြင်ရသော လုချန်းသည် သူ၏စိတ်များကို လုံးဝ လွှတ်ပေးလိုက်သွားပြီး သူမကို စားပွဲပေါ်တွင် ဖိချလိုက်သည်။

ထိုအတောအတွင်း

မိုးစက်ရဲတိုက်မှ ဖွင့်လှစ်ထားသော စားသောက်ဆိုင်တစ်ခုတွင်။

သီးသန့်အခန်းအတွင်း၌ အလွန်လှပသော အမျိုးသမီးတစ်ဦးသည် လက်ဖက်ရည်ကို တိတ်ဆိတ်စွာ သောက်သုံးနေသည်။

ထိုအမျိုးသမီးသည် ရွှေချည်မျှင်ဖြင့် အနားကွပ်ထားသော အနီရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး ရွှေဆံထိုးဖြင့် ဆံထုံးထုံးထားကာ ဂုဏ်သိက္ခာရှိစွာ လှပလျက်ရှိနေသည်။

ထိုအချိန်တွင် အခန်းအတွင်းရှိ အဖွားအိုတစ်ဦးက ထိုအမျိုးသမီးအား

“မင်းသမီး။ ကျွန်မတို့ အရင်တုန်းက တွေ့ခဲ့တဲ့ အမျိုးသမီးဟာ မိုးစက်ရဲတိုက်ရဲ့ တကယ့်ပိုင်ရှင်မဟုတ်ဘူးလို့ ထင်လို့လား”

ဟု မေးမြန်းလိုက်သည်။

ဝူကျန်းဝမ်က အနည်းငယ်ပြုံးပြီး လက်ဖက်ရည်ခွက်ကို ချလိုက်ကာ

“သူက ထိပ်သီးပညာရှင် တစ်ဝက် အဆင့်ပဲရှိသေးတယ်။ အဲဒီလိုအဆင့်နဲ့ ဒီလောက်ကြီးမားတဲ့အဖွဲ့အစည်းကို မစီမံနိုင်ဘူး။ မိုးစက်ရဲတိုက်ရဲ့လုပ်ငန်းတွေက နိုင်ငံအချို့မှာတောင် ရှိနေတာ။ ချွမ်နိုင်ငံတော်အထိပါရောက်နေတယ်”

ဟု ပြောလိုက်သည်။

အဖွားအိုက စူးစမ်းလိုစိတ်ဖြင့် ထပ်မေးလိုက်သည်။

“ဒါဆို မင်းသမီးက ဘာကြောင့် မိုးစက်ရဲတိုက်ရဲ့ တကယ့်ပိုင်ရှင်ဟာ မြောက်ပိုင်းပြည်နယ်မှာပဲရှိမယ်လို့ ထင်ရတာလဲ။”

ဝူကျန်းဝမ်သည် သူမ၏ ကျောက်စိမ်းကဲ့သို့ ‌ချောမွေ့သော လက်ဖြင့် လက်ဖက်ရည်အိုးကို ယူကာ သူမ၏ခွက်ထဲသို့ ထပ်မံငှဲ့လိုက်သည်။ လက်ဖက်ရည် ငှဲ့နေစဉ်

“မိုးစက်ရဲတိုက်က လုပ်ငန်းအမျိုးမျိုးလုပ်နေပေမဲ့ မြောက်ပိုင်းပြည်နယ်ကနေ စတင်ခဲ့တာ။ ကျွန်မရဲ့ အကဲဖြတ်ချက်အရ မိုးစက်ရဲတိုက်ရဲ့ တကယ့်ပိုင်ရှင်ဟာ မြောက်ပိုင်းနယ်စားမင်းသားစံအိမ်ကို ထောက်ပံ့နေတဲ့ မဟာအင်အားကြီးအုပ်စုနဲ့ ဆက်စပ်နေဖို့များတယ်” ဟု ပြောကြားလိုက်သည်။

ထိုအချိန်တွင် ဝူကျန်းဝမ်သည် စားပွဲပေါ်မှ လက်ဖက်ရည်ခွက်ကို ပြန်ယူကာ နောက်တစ်ခွက် သောက်လိုက်သည်။

ထိုမဟာအင်အားကြီး အုပ်စုသည် တစ်စုံတစ်ခုကို စီစဉ်နေသည်ဟု ဝူကျန်းဝမ် ယူဆ၏။ ထို့ကြောင့် သူတို့၏ ရည်ရွယ်ချက်ကို ထောက်လှမ်းရန် ထိုအုပ်စုနှင့် ကြိုတင်ဆက်သွယ်ထားရန် စီစဉ်လိုခြင်းဖြစ်သည်။ တ

ဝူနိုင်ငံတော်၏ ထောက်လှမ်းရေးလုပ်ငန်းများကို ထိန်းချုပ်ရာတွင် အဓိကကျသောပုဂ္ဂိုလ်တစ်ဦးအနေဖြင့် ဖြစ်နိုင်‌ခြေရှိသော ရန်သူများကို သိရှိရန် လိုအပ်သည်။ သူတို့အကြောင်း သိရုံသာမက သူတို့၏ အားနည်းချက်များကိုပါ နားလည်ရန် လိုအပ်သည်။

ဤနည်းဖြင့်သာ နောင်တွင် ထိုရန်သူနှင့် ရင်ဆိုင်ရသည့်အခါ ဝူနိုင်ငံတော်ဘက်က ပိုမိုမြန်ဆန်စွာ တုံ့ပြန်နိုင်မည် ဖြစ်သည်။

ထိုအချိန်တွင် အခန်းအတွင်းရှိ ဆံပင်များဖြူနေပြီဖြစ်‌‌သော အဖိုးတစ်ဦးက

“မင်းသမီး။ မိုးစက်ရဲတိုက်နောက်ကွယ်က ပိုင်ရှင် အစစ်က မင်းသမီးနှင့် တွေ့ဆုံဖို့ သဘောတူမယ်လို့ ဘာကြောင့် သေချာပြောနိုင်ရတာလဲ”

ဟု မေးလိုက်သည်။

ဝူကျန်းဝမ်က အနည်းငယ်ပြုံးရယ်လိုက်ကာ “သူက ကျွန်မကို တွေ့ချင်လား မတွေ့ချင်လား ဆိုတာက အရေးမကြီးပါဘူး။ ကျွန်မက သူတို့ရဲ့ ရဲတိုက်မှူးနဲ့ တွေ့ဆုံဖို့ တောင်းဆိုတာက စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ပါ” ဟု ပြောလိုက်သည်။

ဝူကျန်းဝမ်၏ စကားမဆုံးမီ ဝဖိုင့်ဖိုင့်လူတစ်ဦး သီးသန့်အခန်းထဲသို့ ဝင်ရောက်လာခဲ့သည်။ ဝင်ရောက်လာသည်နှင့်တစ်ပြိုင်နက် သူက ချက်ချင်း ဦးညွှတ်လိုက်ပြီး

“ မင်းသမီးကျန်းဝမ်ကို ဂါရဝ ပြုပါတယ်။ မင်းသမီးကြီး နှစ်ပေါင်း ထောင်ချီ အသက်ရှည်ပါစေ။”

ဝူကျန်းဝမ်က ခေါင်းညိတ်ပြီးနောက်

“ဥက္ကဋ္ဌချွမ်။ ရှင်ဒီနေ့ကစပြီး မြောက်ပိုင်းပြည်နယ်မှာ နေပါ။ မြောက်ပိုင်းပြည်နယ်မှာ အလားအလာကောင်းတွေ ရှိတာကို ကျွန်မ တွေ့ရတယ်။ စီးပွားရေးပတ်ဝန်းကျင်က လည်း အလွန်ကောင်းတယ်။ မြောက်ပိုင်းနယ်စားမင်းသားက အခြားနယ်စားများလို မဟုတ်ပဲ စီးပွားရေးကို အဓိကထားတယ်။

ဒါက ချွမ်ဟိုင်အုပ်စုအတွက် အလွန်အထောက်အကူဖြစ်စေလိမ့်မယ်” ဟု ပြောလိုက်သည်။

ချွမ်တဟိုင်က

“ဟုတ်ကဲ့ပါ မင်းသမီးကျန်းဝမ်” ဟု ချက်ချင်းပြန်ဖြေလိုက်သည်။

ထိုအချိန်တွင် ချွမ်တဟိုင်က

“မင်းသမီးက မြောက်ပိုင်းပြည်နယ်မှာ မြောက်ပိုင်းနယ်စားမင်းသားနဲ့ တွေ့ဆုံမှာပါလား” ဟု မေးလိုက်သည်။

“ကျွန်တော်တို့ စီးပွားရေး လုပ်ငန်းစုဟာ မြောက်ပိုင်းနယ်စားမင်းသားစံအိမ်နှင့် မကြာမကြာ ဆက်ဆံရေးရှိပါတယ်။ မင်းသမီး မြောက်ပိုင်းနယ်စားနှင့် တွေ့ဆုံလိုရင် ချွမ်ဟိုင် အုပ်စုက ဆက်သွယ် ပေးနိုင်ပါတယ်”

ချွမ်ဟိုင်အုပ်စုသည် အပြင်ပန်းအားဖြင့် သာမန်ကုန်သည်အသင်းအဖွဲ့ တစ်ခုသာဖြစ်သော်လည်း အမှန်တော့ ဝူကျန်းဝမ်၏ ထောက်လှမ်းရေးအဖွဲ့အစည်းတစ်ခုဖြစ်သည်။ မိုးစက်ရဲတိုက်ကဲ့သို့ပင် ချွမ်ဟိုင်ကုန်သည်အုပ်စုလည်း နိုင်ငံအသီးသီးတွင် စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ရုံသာမက ထောက်လှမ်းရေးသတင်းများကိုလည်း စုဆောင်းလျက်ရှိသည်။

ချွမ်တဟိုင်၏ စကားကိုကြားပြီးနောက် ဝူကျန်းဝမ်က အနည်းငယ်စဉ်းစားလိုက်ပြီး

“မလိုပါဘူး။ မြောက်ပိုင်းနယ်စားမင်းသားကို တမင်ချဉ်းကပ်ဖို့ ကြိုးစားမယ်ဆိုရင် ကျွန်မတို့ရဲ့ သရုပ်မှန် အလွယ်တကူပေါက်ကြားနိုင်တယ်” ဟု ပြောကြားလိုက်သည်။

“ကျွန်မ မြောက်ပိုင်းပြည်နယ်ကို လာရတဲ့ အဓိကရည်ရွယ်ချက်က ဒီနေရာမှာ လုပ်နေတဲ့ ပြုပြင်ပြောင်းလဲရေး‌တွေကို ကိုယ်တိုင် ‌ တွေ့ချင်လို့ပဲ။”

အမှန်တော့ ဝူကျန်းဝမ်လည်း မြောက်ပိုင်းမင်းသားနှင့်တွေ့ဆုံလို၏။ သူသည် ထိုမဟာအင်အားကြီးအုပ်စု၏ အရေးပါသော လူတစ်ယောက် ဖြစ်နေသည့်အတွက် ထိုအုပ်စုက မင်းသားအား ကာကွယ်ရန် လူများစွာထားရှိမည်မှာ သေချာသည်။ အကယ်၍ သူမ မင်းသားထံသို့ သတိမမူပဲ ချဉ်းကပ်ပါက သူမ၏ သရုပ်အမှန်ကို အခြားသူများ သတိထားသွားနိုင်ခြေများ၏။

တကယ်တော့ သူမ၏ သရုပ်အမှန် ပေါ်သွားပြီးပြီဖြစ်ကြောင်း ဝူကျန်းဝမ် မသိရှိသေးပေ။ ဝူကျန်းဝမ် ဝူနိုင်ငံတော်မှထွက်ခွာသည့်အချိန်မှစ၍ မိုးစက်ရဲတိုက်က သူတို့၏လှုပ်ရှားမှုများကို စောင့်ကြည့်လျက်ရှိသည်။

သူတို့ ကျူးနိုင်ငံတော်မှ ဝူနိုင်ငံတော်သို့ပြန်သွားသည်ဟု ထင်ရအောင်လုပ်ထားသော်လည်း သူတို့သည် တိတ်တဆိတ်မြောက်ပိုင်းပြည်နယ်သို့ရောက်ရှိလာခဲ့သည်။ မိုးစက်ရဲတိုက်က သူတို့၏ ဤလှည့်ကွက်ကို ရှာဖွေတွေ့ရှိမည်ဟု သူတို့မမျှော်လင့်ထားပေ။

ထို့ပြင် ဝူကျန်းဝမ်နောက်တွင် လိုက်ပါနေသော အဆင့်လွန် ပညာရှင်နှစ်ဦးကြောင့် ဝမ်ချင်းစီက ထို ‘ချွမ်သခင်မ’ ဟူ‌သော အမျိုးသမီးသည် တကယ်တော့ ဝူနိုင်ငံတော်၏ မင်းသမီးဖြစ်ကြောင်း ‌အ‌သေအချာ ရိပ်မိလာခဲ့သည်။

ဝမ်ချင်းစီသည် လူကဲခတ် ကောင်းသူတစ်ဦးဖြစ်သည်။ ဝူနိုင်ငံတော်၏မင်းသမီးကို မမြင်ဖူးသော်လည်း ဝူကျန်းဝမ်ဆီမှ ထွက်ပေါ်လာသော အငွေ့အသက်များကို ကြည့်ကာ ဤအမျိုးသမီးသည် အဆင့်မြင့်သူတစ်ဦးဖြစ်ကြောင်း ကောက်ချက်ချနိုင်သည်။

ဝူကျန်းဝမ်ကဲ့သို့ ဂုဏ်သိက္ခာရှိပြီး အဆင့်အတန်းမြင့်မားသော စရိုက်လက္ခဏာရှိသူသည် ကုန်သည်မိသားစုတစ်စု၏သမီးဖြစ်နိုင်ခြေ မရှိပေ။ သူမ၏စကားပြောဆိုပုံ နှင့် လှုပ်ရှားမှုတိုင်းတွင် ဩဇာအာဏာ ကြီးမားသူတစ်ဦး၏အငွေ့အသက်များ ထွက်ပေါ်နေသည်။ ဝူနိုင်ငံတော်တွင် ဤမျှကြီးမားသော ဩဇာအာဏာရှိသည့် အမျိုးသမီးက တစ်ဦးတည်းသာရှိပြီး ထိုသူမှာ သူတို့၏ မင်းသမီးကျန်းဝမ်ပင်ဖြစ်သည်။

အစပိုင်းတွင် ဝမ်ချင်းစီသည် သူမ၏ခန့်မှန်းချက်ကို သံသယရှိခဲ့သော်လည်း နောက်ပိုင်းတွင် သူမသတိထားမိသည်မှာ ဤအမျိုးသမီးကို လုချန်း၏အငွေ့အသက်နီးပါးရှိသော သိုင်းပညာရှင်နှစ်ဦးက ကာကွယ်ပေးနေသည်ဟူသော အချက်ဖြစ်သည်။ ထို့ ကြောင့် မြောက်ပိုင်းပြည်နယ်တွင် သူမအား အန္တရာယ်ပြုနိုင်မည့်သူ မရှိနိုင်သဖြင့် သူမမြောက်ပိုင်းပြည်နယ်သို့လာရဲခြင်းက မဆန်း‌ တော့ မဆန်းပါ။

ထိုအမျိုးသမီး မြောက်ပိုင်းပြည်နယ်သို့ လျှို့ဝှက်လာရောက်ရခြင်း၏ အကြောင်းရင်းကို ဝမ်ချင်းစီမသိသော်လည်း အရေးပါသော ရည်ရွယ်ချက်တစ်ခုခုရှိမှာကတော့ သေချာသည်။

သူမ အမှန်တကယ် ဝူနိုင်ငံတော်၏ မင်းသမီးကျန်းဝမ် ဟုတ်မဟုတ်ကိုမူ လုချန်းသာ အဆုံးအဖြတ်ပေးရမည်ဖြစ်သည်။ ထိုအခိုက်အတန့်တွင် ဝမ်ချင်းစီသည်စာကြည့်ခန်းထဲ၌ လုချန်း၏ မကုန်မဆုံးနိုင်သော အမျက်ဒေါသကို ခံစားနေရသည်။

ဝမ်ချင်းစီအား ပြစ်ဒဏ်မပေးရတာ ကြာပြီသဖြင့် ယနေ့တွင် သူ၏ဒေါသက ထူးထူးခြားခြား ပြင်းထန်နေသည်။

အစေခံမတစ်ဦး အနေနှင့် သူ့ကိုမနာခံပဲ နေရဲသည်မှာ ပုန်ကန်လိုစိတ်ရှိသည်ဟုဆိုလိုပြီး ပြင်းထန်စွာအပြစ်ပေးရန် လိုအပ်နေသည်။

စာကြည့်ခန်းတံခါးဝရှိ အစေခံ မိန်းကလေးသည် အတွင်းမှထွက်ပေါ်လာသော အသံများကိုကြားနေရပြီး သူမ၏မျက်နှာများနှင်နားရွက်များပါ နီမြန်းနေသည်။ ထိုအချိန်တွင် စာကြည့်ခန်းအပြင်ဘက်၌ လှပသော အမျိုးသမီးတစ်ဦး၏ ပုံရိပ်ပေါ်လာခဲ့သည်။

ထိုမိန်းမလှသည် အဆောင်ဝင်းအတွင်းသို့ဝင်ရောက်လာသည်နှင့် စာကြည့်ခန်းထဲမှ ထွက်လာသော အသံများကိုကြားလိုက်ရသည်။ အစေခံမိန်းကလေး၏ မျက်နှာနီရဲနေပုံကိုမြင်သောအခါ ဖြစ်ပျက်နေသည့် အရာကို သူမချက်ချင်းနားလည်သွားခဲ့သည်။

ချူးယုချင်၏ ရင်ထဲတွင် ခါးသက်သော မနာလိုမှုတစ်ခုကို ခံစားရပြီး နှာခေါင်းရှုံ့ကာ ပြောလိုက်သည်။

“မိန်းမယုတ်က နေ့ခင်းကြီးမှာ ချန်းလေးရဲ့ အလုပ်တာဝန်တွေကို အနှောင့်အယှက်ပေးနေတယ်။ ရုပ်လှသလောက် အန္တရာယ်ပေးတတ်တဲ့ မိန်းမမျိူးပဲ။”

ဝမ်ချင်းစီ၏ အသံကိုကြားရတာက ချူးယုချင်ကို အနည်းငယ်မသက်မသာ ဖြစ်နေစေသော်လည်း အဆောင်ဝင်းထဲမှ ထွက်မသွားပဲ အပြင်တွင် တိတ်ဆိတ်စွာ စောင့်နေခဲ့သည်။

မည်မျှကြာသွားသည်မသိ စာကြည့်ခန်းအတွင်းမှအသံများ လုံးဝငြိမ်သက်သွားပြီး ဝမ်ချင်းစီလည်း စာကြည့်ခန်းထဲမှ ထော့နင်းထော့နင်းနှင့် ထွက်လာခဲ့သည်။ ဝမ်ချင်းစီသည် ချူးယုချင်ကိုပင် မကြည့်တော့ပဲ အသက်လုပြီး ထွက်ပြေးသကဲ့သို့ ပြေးသွားခဲ့သည်။

ဝမ်ချင်းစီ ထွက်သွားပြီးနောက် ချူးယုချင်လာ်း စာကြည့်ခန်းဆီသို့ တည့်တည့်လျှောက်သွားခဲ့သည်။ တံခါးက ပွင့်လျက်ရှိပြီး ချူးယုချင်ကိုတွေ့သောအခါ လုချန်းက အဝတ်အစားများကို အမြန်ဝတ်လိုက်ပြီး

“ဒေါ်လေးချူး ဘယ်တုန်းကရောက်လာတာလဲ”

ဟု ပြုံးရယ်ကာမေးလိုက်သည်။

ချူးယုချင်က လုချန်းကို မရွှင်ပြသောမျက်နှာနှင့် ကြည့်လိုက်ပြီး

“ချန်းလေး။ နေ့တိုင်း လုပ်ငန်းတာဝန်တွေအများကြီးရှိတဲ့အချိန်မှာ အဲဒီမိန်းမနဲ့ ဒီလိုအကိစ္စတွေလုပ်နေတာလား”

ဟု ပြောလိုက်သည်။

စကားပြောရင်း ချူးယုချင်သည် တံခါးမပိတ်ပဲ စာကြည့်ခန်းအတွင်းသို့ဝင်လာပြီး တံခါးဝတွင်ရပ်လိုက်သည်။

လုချန်းက သက်ပြင်းချလိုက်ကာ

“အိုး... ဒေါ်လေးချူး မသိသေးတာက အခုနောက်ပိုင်း...”

လုချန်းသည် ဖွင့်ထားသောစာကြည့်ခန်းတံခါးကိုကြည့်ကာ ဆက်ပြောသည်။

“ဒေါ်လေးချူး။ တံခါးကို အရင်ပိတ်လိုက်ပါ။ ဒေါ်လေးကိုပြောပြချင်တဲ့ လျှို့ဝှက်ချက်တစ်ခုရှိတယ်။”

လုချန်း၏ လျှို့ဝှက်နေသောဟန်ကို မြင်သောအခါ ချူးယုချင်၏ စူးစမ်းလိုစိတ်များ နိုးကြားလာခဲ့သည်။

လျှို့ဝှက်ချက်။

ဘာလျှို့ဝှက်ချက်လဲ။

ထာဝရတန်ခိုးရှင်နှင့်ဆိုင်တဲ့ အကြောင်းတစ်ခုခုလား။

ထိုအတွေးဖြင့် ချူးယုချင်သည် တစ်ဖက်လှည့်ပြီး အခန်းတံခါးကိုပိတ်လိုက်သည်။ သို့သော် စာကြည့်ခန်းတံခါးပိတ်သွားသည်နှင့်တစ်ပြိုင်နက် သူမ၏ သွယ်လျသောခါးကို လက်နှစ်ဖက်က ရစ်ပတ်လာ သည်။

ချူးယုချင်၏ အတွေးများ ခဏခန့် ရပ်တန့်သွားပြီး တစ်ခုခုပြောဖို့ စဉ်းစားနေစဉ် လုချန်းက နားနားကပ်၍ တီးတိုးပြောလိုက်သည်။ တစ်ဖက်မှ လှိုက်လှိုက်လှဲလှဲ အသံဖြင့် “ဒေါ်လေးချူး မသိသေးဘူး။ အခု ကျွန်တော် အဆင့်လွန် ပညာရှင်အဆင့်ကို ရောက်သွားပြီ။”

လုချန်း၏ စကားက ချူးယုချင်ကို လုံးဝအံ့အားသင့်သွား စေခဲ့သည်။

အဆင့်လွန် ပညာရှင်။

ဒါ ဖြစ်နိုင်လို့လား။

လုချန်းက အခုဆို အသက် ၁၇ နှစ်ပဲရှိသေးတာ မဟုတ်လား။

၁၇ နှစ်အရွယ် အဆင့်လွန် ပညာရှင်....

အခြား သိုင်းပညာထူးချွန်သူများပင် အနည်းဆုံး ၄၀ ကျော် ၅၀ နီးပါးမှ အဆင့်လွန် ပညာရှင်အဆင့်ကို ရောက်ရှိကြသည်။

သူက ၁၇ နှစ်နဲ့တင် အဆင့်လွန် ပညာရှင်ဖြစ်နေပြီလား။

စိတ်ကိုထိန်းချုပ်လိုက်ပြီး ချူးယုချင် စဉ်းစားလိုက်သည်။

လုချန်းသည် ထာဝရတန်ခိုးရှင်နဲ့ ဆက်စပ်နေသူဖြစ်သောကြောင့် ဒီလောက်မြန်မြန်ဆန်ဆန် ထိပ်သီးပညာရှင်ဖြစ်သွားတာက ထူးဆန်းလွန်းတယ်လို့တော့ ပြောလို့မရပါ။

........

အခန်း (၂၈၈)

အစ်မကိုစောင့်နေပါ မင်းသားလေး

ချူးယုချင်လည်း စိတ်ကိုပြန်ထိန်းကာ သူမ၏ခါးကို အနည်းငယ်လှည့်ပြီး လုချန်းဘက်သို့ မျက်နှာမူကာ

“ချန်းလေး။ မင်းက ထာဝရတန်ခိုးရှင်နှင့် ဆက်စပ်နေတဲ့သူဆိုတော့ အဆင့်လွန် ပညာရှင်အဆင့်ကို ဒီလောက်မြန်မြန်ဆန်ဆန် ရောက်သွားတာက အံ့သြစရာမရှိပါဘူး”

ဟု ပြောလိုက်သည်။

“မင်းရဲ့ လက်ရှိ ကျင့်စဉ်တိုးတက်မှု နှုန်းအတိုင်းဆိုရင် နောင်နှစ်အနည်းငယ်အတွင်း ကောင်းကင်လူသားအဆင့်ကိုတောင် ရောက်သွားနိုင်တယ်။”

“တမလွန်က အစ်မယွဲ့သာ သိရင် ဝမ်းသာနေမှာ သေချာတယ်။”

ချူးယုချင်၏ စကားကိုကြားလိုက်ပြီးနောက် လုချန်းက အနည်းငယ်ပြုံးလိုက်ရင်းသူမ၏မျက်လုံးများထဲသို့ စူးစိုက်ကြည့်ရင်း

“အမေကပဲ ကျွန်တော့်အတွက် ပျော်မှာလား။ ဒေါ်လေးချူးရော ပျော်မှာမဟုတ်ဘူးလား” ဟု ပြန်မေးလိုက်သည်။

လုချန်း၏ ပူလောင်သော ကြည့်ရှုမှုကို ခံစားရသည့် ချူးယုချင်၏နှလုံးသား မငြိမ်မသက်ဖြစ်လာပြီး လည်ချောင်းလည်း အနည်းငယ်ခြောက်သွေ့လာသည်ကို ခံစားရသည်။

“ဒေါ်လေးလည်း မင်းအတွက် ပျော်တာ‌ပေါ့” ဟု ဖြေလိုက်သည်။

လုချန်းက

“အဆင့်တက်သွားတာက ကောင်းတာမှန်ပေမဲ့ အဆင့်လွန် ပညာရှင်အဆင့်ရောက်ပြီးကတည်းက ကျွန်တော့်အတွင်းအားတွေ အရမ်းပြင်းထန်လာပြီး နိုင်ငံရေးကိစ္စတွေကို အာရုံစိုက်ဖို့တောင် မဖြစ်နိုင်တော့ဘူး။”

“အခုဆို ကျိရွှမ်းနဲ့ ကျောင်းညီအစ်မတို့က ကိုယ်ဝန်ရှိနေပြီ။ နန်ယန်ရော ယောင်ယောင်ရော ကျွန်တော့်စွမ်းအင်ကို မဖြေလျှော့နိုင်တော့ဘူး။ တစ်ခါတလေ ပိုင်ချင်းချင်းဆီသွားရင်တောင် အကျိုးမရှိဘူး။”

“အခုတလော နန်ယန် နွေဦးအသံ အဆောင်ကနေ ခဏခဏ မထွက်တော့တာ ဒေါ်လေးချူးသတိထားမိမှာပါ။”

ထိုသို့ပြောရင်း လုချန်း၏ စူးရှသော မျက်လုံးများသည် ချူးယုချင်ကို မပြတ်စိုက်ကြည့်နေသည်။

လုချန်း၏စကားနှင့်အတူ သူ၏ခန္ဓာကိုယ်မှ အပူဓာတ်ကိုပါ ခံစားနေရသည့် ချူးယုချင်လည်း ဆိုလိုရင်းကို ချက်ချင်းနားလည်သွားခဲ့သည်။

ချူးယုချင် စကားစပြောမည့်အချိန်တွင် လုချန်းက ဆက်ပြောလိုက်သည်။

“ဒေါ်လေးချူး။ လပေါင်းများစွာကြာသွားပြီ။ ဒီစာကြည့်ခန်းထဲမှာ ဒေါ်လေးပြောခဲ့တဲ့စကားကို အမှတ်ရသေးလား။”

မျက်နှာနီရဲလာသည့် ချူးယုခင်က

“ဒေါ်လေးမှတ်မိပါတယ်။ ဒါပေမဲ့...”

“ဒေါ်လေးလည်း မင်းကိုကူညီချင်ပါတယ်။ ဒါပေမဲ့ အခုဆို ချင်လီက မင်းသားစံအိမ်ရဲ့ ဒုတိယအုပ်ချုပ်ရေးမှူးဖြစ်နေပြီး နေရာတိုင်းကို မကြာခဏ စစ်ဆေးနေတယ်။ ဒေါ်လေးမင်းကိုအကူအညီပေးနေတာ သူတွေ့ရင် မင်းအပေါ် သူအငြိုးထားလာနိုင်တယ်။”

“ချင်လီက ဒေါ်လေးနဲ့အတူ ကြီးပြင်းလာခဲ့တဲ့သူ။ သူက ဒေါ်လေးအပေါ် အရမ်းသံယောဇဉ်ရှိတယ်။ ဒေါ်လေးတို့အကြောင်း သူသိသွားရင် အစွန်းရောက်တဲ့အပြုအမူတွေလုပ်ပြီး မင်းကိုထိခိုက်စေနိုင်တယ်။”

“သူ့စိတ်က တစ်ခုခုဆုံးဖြတ်ပြီးရင် ဘယ်သူပြောပြော ပြန်မပြောင်းတတ်တဲ့ သဘောသဘာဝ ရှိတယ်။ အလွယ်တကူ အစွန်းရောက်တတ်တဲ့ စရိုက်ရှိတယ်။”

ထိုစကားကိုကြားပြီးနောက် လုချန်းက ပြုံးရယ်ကာ

“ဒါဆို ကျွန်တော် ချင်လီကို မင်းသားစံအိမ်ကနေ ခဏခေါ်ထုတ်နိုင်ရင် ဒေါ်လေးချူးက ကျွန်တော့်ကို ကူညီဖို့ သဘောတူမယ်လို့ ဆိုလိုတာလား”

ဟု မေးလိုက်သည်။

ချူးယုချင် မျက်နှာပူသွားပြီး အနီရောင်သမ်းသွား၏။ လုချန်း၏ ပြင်းထန်သောကြည့်ရှုမှုအောက်တွင် သူမ၏ခန္ဓာကိုယ်တစ်ခုလုံး မီးလောင်နေသကဲ့သို့ ခံစားရကာ စိတ်ရှုပ်ထွေးသွားခဲ့ပြီး သူမ မျက်လုံးများကို ချက်ချင်း လွှဲလိုက်၏။ လုချန်း၏ အကြည့်ကို သူမဆက်မခံရဲတော့ပေ။

ထို့နောက် စကားလမ်းကြောင်း ပြောင်းရန် ချူးယုချင် ကြိုးစားလိုက်သည်။

“ချန်းလေး။ ဒေါ်လေးဒီနေ့ မင်းဆီလာရတာက ချင်လီ့ရဲ့ ကိစ္စပါ။ မကြာသေးခင်က သူရဲ့ကျင့်စဉ် ဖောက်ပြန်လာပြီး ခန္ဓာကိုယ်မှာ အမာရွတ်တွေ များနေတယ်။ မင်းက ထာဝရတန်ခိုးရှင်နည်းလမ်းတွေသိတော့ အဲဒီအမာရွတ်တွေ ဖယ်ရှားဖို့ ကူညီနိုင်မလား” ဟု မေးလိုက်သည်။

လုချန်းက

“ကျွန်တော်သိထားတဲ့ ထာဝရတန်ခိုးရှင်နည်းလမ်းက ခန္ဓာကိုယ်ရဲ့ဒဏ်ရာတွေကို ပျောက်ကင်းစေနိုင်ပေမဲ့ အဲဒီလိုအမာရွတ်မျိုးတွေကိုတော့ အလွယ်တကူ မဖယ်ရှားနိုင်ဘူး။ ကျွန်တော်လည်း ချင်လီ့ရဲ့ အမာရွတ်ဖယ်ရှားဖို့ကြိုးစားဖူးတယ်။ အဲ့ဒါတွေ ဖယ်ရတာက အရမ်းအားစိုက်ထုတ်ရတယ်။ ဒါပေမဲ့ ဖယ်ရှားပြီးတာတောင် နောက်နေ့ကျရင် ချင်လီ့ဆီမှာ ပိုများတဲ့အမာရွတ်တွေပြန်ဖြစ်နေတယ်။ ကျွန်တော်လည်း မလုပ်တတ်တော့ဘူး”

ဟု ပြုံး၍ ဖြေလိုက်သည်။

“ချင်လီ့ကို့ သိုင်းပညာလေ့ကျင့်တာကို ခဏရပ်နားခိုင်းမှရမယ်။ မဟုတ်ရင် ကျွန်တော်နေ့တိုင်း ထာဝရတန်ခိုးရှင်နည်းလမ်းသုံးပြီး အမာရွတ်ဖယ်ရှားနေရင်တောင် အကျိုးမရှိဘူး”

လုချန်း၏စကားကိုကြားပြီး ချူးယုချင်လည်း သက်ပြင်တစ်ချက် ချလိုက်၏။ ထို့နောက် အကြံပြုလိုက်သည်။

“ဒါဆို ဒီလိုလုပ်ကြည့်ရအောင်။ သူရဲ့ဒုတိယအုပ်ချုပ်ရေးမှူးတာဝန်ကို ခဏရပ်နားခိုင်းပြီး အနားယူခိုင်းမယ်။ ပိုင်ချင်းချင်းကို အတွင်းဆောင်ပြန်ခေါ်ပြီး သူရဲ့တာဝန်ကို အစားထိုးခိုင်းလိုက်ပေါ့”

ချူးယုချင်နှင့် ပို၍နီးကပ်လိုက်ပြီး လုချန်းက

“ဒါဆို ချင်လီတာဝန်က လွတ်သွားရင် ဒေါ်လေးချူးက ညဘက်မှာ ကျွန်တော့်အခန်းကို လာမှာလား”

ဟု မေးလိုက်သည်။

ချူးယုချင်က တိုးညင်း‌သော အသံဖြင့်

“ဒါလည်းမဖြစ်နိုင်သေးဘူး။ သူတာဝန်ကနေ လွတ်သွားရင်တောင် အတွင်းဆောင်မှာပဲရှိနေမှာဆိုတော့ ဒေါ်လေးတို့ကို သိသွားနိုင်တဲ့အလားအလာရှိတယ်။ ချင်လီ့ကို မြောက်ပိုင်းနယ်စားမင်းသားစံအိမ်ကနေ ခဏထွက်ခိုင်းတာက ပိုကောင်းမယ်”

ဟု ဖြေလိုက်သည်။

သူမ၏စိုးရိမ်မှုကို နားလည်သဘောပေါက်သွားသော လုချန်းက

“ကျွန်တော်နားလည်ပြီ။ ချင်လီ့အတွက် အလုပ်အသစ်တစ်ခုရှာပေးပြီး မြောက်ပိုင်းနယ်စားမင်းသားစံအိမ်ကနေ ခဏထွက်ခိုင်းလိုက်မယ်”

ဟု ပြောလိုက်သည်။

ထိုအချိန်တွင် ချူးယုချင် အားပြတ်နေပြီဖြစ်ပြီး သူမ၏ ခြေထောက်များလည်း ခွေယိုင်ချင်လာသည်။ လုချန်း၏ ခိုင်မာသောလက်များက သူမကို မထိန်းထားခဲ့ရင် သူမ ကြမ်းပြင်ပေါ် ခွေလဲကျသွားမည်ဖြစ်သည်။

ထို့‌‌နောက် ချူးချင်းလီ နေ့ပိုင်းတာဝန်ကျကြောင်း သတိရလိုက်ပြီး ချူးယုချင်က အ မြန်ပြောလိုက်သည်။

“ချန်းလေး။ ဒီနေ့က ချင်လီရဲ့ လုံခြူံရေး တာဝန်နေ့ကျတဲ့နေ့။ သူဒီနားက ဖြတ်လာနိုင်တယ်။ အခြားကိစ္စမရှိရင် ဒေါ်လေး သွား တော့မယ်။”

ထို့သို့ပြောရင်း ချူးယုချင်သည် လုချန်း၏ လက်ထဲမှ လွတ်မြောက်ရန် ကြိုးစားခဲ့သော်လည်း သူ၏ဖက်ထားမှူက လွန်စွာတင်းကျပ်နေသဖြင့် လွတ်အောင်မထွက်နိုင်ခဲ့ပေ။

လုချန်းက ပြုံးရယ်လျက်

“ဒေါ်လေးချူး။ ကျွန်တော် အဆင့်လွန် ပညာရှင်အဆင့်ကို ရောက်ပြီးကတည်းက ကျွန်တော့်ရဲ့ အတွင်းအား ချက္ကရက အမြဲ နာနေတယ်။ ဒေါ်လေး ဒါကို ထိန်းညှိပေးမလား” ဟု မေးလိုက်သည်။

သူ၏စကားကြားလိုက်ရသည်နှင့် ချူးယုချင်၏မျက်နှာ ပို၍ပင် နီရဲလာပြီး မှည့်ဝင်းနေသည့် ပန်းသီးတစ်လုံးကဲ့သို့ ဖြစ်သွားခဲ့သည်။ သူမစကားမပြောနိုင်မီ လုချန်းက ကိုင်းညွတ်လာကာ သူမ၏ စွဲမက်ဖွယ်ကောင်းသော နှုတ်ခမ်းများကို နမ်းလိုက်သည်။

ထို့နောက် လုချန်း၏လက်သည် ချူးယုချင်၏ အဝတ်အစားအတွင်းသို့ ဝင်ရောက်လာကာ ရဲတင်းစွာဖြင့် လှည့်လည်သွားလာနေသည်။ ချူးယုချင်လည်း ယခင်ကကဲ့သို့ မခုခံတော့ဘဲ သူနှင့်ပူးပေါင်းကာ တက်တက်ကြွကြွ ပါဝင်လာသည်။

သူမ၏စိတ်ထဲတွင် လုချန်းကို ပြုစုရန် စိတ်ပိုင်းဖြတ်ထားပြီးဖြစ်၏။ ယခု သူမစိုးရိမ်နေသည့် တစ်ခုတည်းသောအရာမှာ သူတို့စာကြည့်ခန်းထဲတွင် လုပ်နေသည်များကို ချူးချင်လီ သိသွားမှာကိုဖြစ်သည်။

ခဏကြာနမ်းပြီးနောက် လုချန်းက ချူးယုချင်၏နှုတ်ခမ်းနှင့် ခွာလိုက်သည်။ သူ့တွင် အခြားကိစ္စရပ်များရှိနေသောကြောင့် ထပ်မံလုပ်ဆောင်ရန် ရည်ရွယ်ချက်မရှိပေ။

ထိုအချိန်တွင် ချူးယုချင်၏မျက်လုံးများ ဝေဝါးလာပြီး လုချန်း၏ ပွေ့ဖက်မှုဖက်ထဲ ယိမ်းထိုးနေစဉ် သူမ၏အလှသည် ပို၍ပင်တောက်ပလာခဲ့သည်။

ချူးယုချင်၏ခန္ဓာကိုယ်သည် အလွန်ပျော့ပျောင်းပြီးလာပြီး ပူနွေးထွေးလာကာ ဖောင်းပွနေသော ဝါဂွမ်းစကဲ့သို့ ခံစားရ‌ စေသည်။ ရဲလိနန်ရန်၏ ကိုယ်ခန္ဓာနှင့် အလွန်ဆင်တူသည်။

အရွယ်ရောက်ပြီးသော အမျိုးသမီးအများစုသည် ထိုကဲ့သို့ပင်ဖြစ်တတ်ပြီး သူတို့၏ခန္ဓာကိုယ်တွင် အဆီများက ညီညာစွာဖြန့်ကျက်နေကာ မပိန်မဝ အနေအထားဖြင့် ထိတွေ့မှုအာရုံကြောများကို ကျေနပ်စေနိုင်သည်။

ခဏအကြာတွင် ချူးယုချင် သတိပြန်ဝင်လာပြီး သူမလုချန်းနှင့် တက်တက်ကြွကြွပူးပေါင်းခဲ့ပုံကို သတိထားမိသွားကာ အလွန် ရှက်သွားပြီး ဂုဏ်သိက္ခာမရှိသော အမျိုးသမီးတစ်ဦးအဖြစ် သူမကိုယ်သူမ ခံစားမိသည်။

လက်ထပ်ပြီးသားအမျိုးသမီးဖြစ်သော်လည်း အသက်အရွယ်အားဖြင့် အလွန်ငယ်ရွယ်သော ယောက်ျားလေးတစ်ဦးနှင့် စာကြည့်ခန်းထဲတွင် ဒီလိုကိစ္စမျိုး ပြုလုပ်နေမိသည်ကို သူမရှက်ရွံ့မိသည်။

ထိုအချိန်တွင် လုချန်းက ပြုံးရယ်ကာ

“ ကျွန်တော့် အတွင်းအား ချက္ကရ ပြန်ကောင်းအောင် ကူညီပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ဒေါ်လေးချူး။ အခုဆို ပိုသက်သာသွားပြီ” ဟု ပြောလိုက်သည်။

ချူးယုချင်က ခြင်တစ်ကောင်၏ အသံကဲ့သို့ တိုးညင်းသော အသံဖြင့်

“အခြားကိစ္စမရှိရင် ဒေါ်လေးသွားပြီ” ဟု ပြောလိုက်သည်။

လုချန်းက ချူးယုချင်ကို လွှတ်‌ပေးလိုက်ပြီး “အင်း”

ဟု ဖြေလိုက်သည်။

ချူးယုချင်သည် ချက်ချင်းလှည့်ပြီး လုချန်း၏ လက်ထဲမှ ထွက်လာကာ အခန်းတံခါးကိုဖွင့်လိုက်သည်။ စာကြည့်ခန်းထဲက ထူးဆန်းသောအနံ့များက သူမကို နေရခက်စေနေသည်။ ထိုအချိန်တွင် ချူးချင်လီ၏ ပုံရိပ်က အဆောင်ဝင်းပေါက်နားတွင် ပေါ်လာခဲ့သည်။

ချူးယုချင်သည် အပြစ်ကိုဖုံးကွယ်ရန် ကြိုးစားနေသူတစ်ဦးကဲ့သို့ လုချန်း၏ စာကြည့်ခန်းမှ အလျင်အမြန်ထွက်လာခဲ့သည်။ သူမ၏ညီမ ရိပ်မိသွားမှာ အလွန်စိုးရိမ်နေသည်။

သို့သော် ထိုအချိန်တွင် စာကြည့်ခန်းတံခါးဝရှိ ချူးယုချင်ကို ချူးချင်လီ မြင်လိုက်ပြီဖြစ်သည်။ မျက်နှာနီရဲနေသော ချူးယုချင်ကို မြင်လိုက်ရသည်နှင့် သူမ၏ စိတ်ထဲတွင် သံသယများ ချက်ချင်းပေါ်ပေါက်လာခဲ့သည်။

သူမက စာကြည့်ခန်းကို အေးစက်စွာ ကြည့်ရှုလိုက်ပြီး ထိုမကောင်းသောသူသည် သူမ၏အစ်မကို ဆက်လက်စိတ်ဝင်စားနေဆဲဖြစ်သည်ဟု စိတ်ထဲတွင်တွေးမိသည်။

မကြာသေးမီက ထိုမကောင်းသောသူ သူမကိုပြုလုပ်ခဲ့သည့်အရာများကို သတိရမိသည်နှင့် ချူးချင်လီ၏ နူးညံ့သောကိုယ်ခန္ဓာသည်လည်း ချက်ချင်း တုန်ယင်သွားခဲ့ပြီး သူမ၏ခြေထောက်များ အားပြတ်သွားသလို ခံစားလိုက်ရသည်။

မကြာသေးမီက သူတို့၏ “ အပေးအယူ” ထဲမှ အကြိမ်နှစ်ဆယ်ပြုလုပ်ပြီးဖြစ်ကာ အကြိမ်ရှစ်ဆယ် ကျန်ရှိနေသေးသည်။

သူမသည် သုံးလအတွင်း ထိုအပေးအယူကိုအပြီးသတ်ရန် စိတ်ကူးထားသော်လည်း ချူးယုချင်က အတွင်းဆောင်တွင် နေထိုင်နေခြင်းကြောင့် လုချန်းနှင့် နှစ်ယောက်တည်း အချိန်ကုန်ဆုံးရန် အခွင့်အလမ်းရှာရခက်နေခဲ့သည်။

အရေးအကြီးဆုံးမှာ လုချန်း၏ စွမ်းအားသည် အဆင့်လွန် ပညာရှင်အဆင့်သို့ ရောက်ရှိသွားပြီဖြစ်သဖြင့် သူမအနေဖြင့် ခံနိုင်ရည်မရှိတော့ခြင်းဖြစ်သည်။ သူနှင့် တစ်ကြိမ်ပြုလုပ်ပြီးတိုင်း သူမ ရက်အနည်းငယ်ကြာ အနားယူရန် လိုအပ်နေသည်။

ထို့အပြင် ထိုစိတ်ဆိုးဖွယ်ကောင်းသော ယောက်ျားသည် သူမ၏ ကိုယ်ခန္ဓာပေါ်တွင် အမှတ်အသားများ ချန်ထားခြင်းကို အလွန်နှစ်သက်နေသဖြင့် သူမအတွက် အလွန်ပင် စိတ်ညစ်စရာဖြစ်နေသည်။

သူမ၏အစ်မက ထိုအမှတ်အသားများ မည်သို့ဖြစ်ပေါ်လာသည်ကို လုံးဝမသိသေးပါ။ အကယ်၍သိသွားပါက သူမနှင့်လုချန်းကြားမှ ဆက်ဆံရေး ပေါက်ကြားသွားနိုင်သည်ကို ချူချင်လီ စိုးရိမ်နေမိသည်။

ထိုအတောအတွင်း လုချန်းသည် စာကြည့်ခန်းတံခါးဝတွင် ပေါ်လာပြီး အဆောင်ဝင်း ဝင်ပေါက်ရှိ ချူးချင်လီနှင့် မျက်လုံးချင်းဆုံမိလိုက်သည်။ ချူးချင်လီက လုချန်းကို အေးစက်စွာ ကြည့်ရှုလိုက်သည်။

သူမသူ့ကို မနေ့ညက အဖေလို့ခေါ်ခဲ့တာကို သတိရပြီး လုချန်း ပြုံးရယ်လိုက်သည်။ အခုတော့သူ့ကို မထီမဲ့မြင်ပုံစံလုပ်နေ၏။ မိန်းမသဘာဝက အပြောင်းအလဲမြန်တတ်သည်။ အဝတ်ပြန်ဝတ်ပြီးတာနဲ့ သူ့ကိုမမှတ်မိချင်တော့ပေ။

သို့သော် သူသည် သဘာဝအားဖြင့် စိတ်ရှည်သူဖြစ်သည်။ သူ လုံးဝမစိတ်ဆိုးပါ။ အဘယ်ကြောင့်ဆိုသော် ညဘက်ရောက်လျှင် ချင်လီသည် မနေ့ညကကဲ့သို့ပင် ပြန်ဖြစ်သွားမည်ကို သူသိထားသောကြောင့်ဖြစ်သည်။

တစ်ချိန်တည်းမှာပင် ဝမ်ချင်းစီသည် သူမ၏နေအိမ်သို့ ပြန်ရောက်လာပြီးနောက် အစေခံများကို ရေနွေးပြင်ဆင်ခိုင်းခဲ့သည်။ ထို့နောက် သူမ၏ လျော့ရဲနေသောအဝတ်အစားများကို ချွတ်ပြီးနောက် ရေချိုးကန်ထဲသို့ ခုန်ချလိုက်သည်။

ခန္ဓာကိုယ်ကို ဆေးကြောသန့်စင်နေစဉ် သူမ၏အတွင်းအားကို အသုံးပြုကာ ခန္ဓာကိုယ်အတွင်းရှိ အညစ်အကြေးများကို ဖယ်ရှားနေခဲ့သည်။

ဝမ်ချင်းစီသည် အကြောက်တရားအနည်းငယ် ဆက်လက်ခံစားနေရဆဲဖြစ်သည်။ ထိုငယ်ရွယ်သော မကောင်းဆိုးဝါးလေး အဆင့်လွန် ပညာရှင်အဆင့်သို့ ရောက်ရှိပြီးနောက် ဤမျှအစွမ်းထက်လာမည်ဟု သူမ မမျှော်လင့်မထားခဲ့ပေ။

ယနေ့ဖြစ်ရပ်က စာကြည့်ခန်းတွင် ဖြစ်ခဲ့ခြင်းဖြစ်ပြီး နိုင်ငံရေးကိစ္စများကို ကိုင်တွယ်နေရသည့် နေ့ဘက်အချိန်တွင်် ဖြစ်ခဲ့သောကြောင့် ကံကောင်းသည်ဟု ဆိုရမည်။ အကယ်၍ သူမ၏အခန်းထဲတွင်ဖြစ်ပြီး ညအချိန်တွင်ဖြစ်ခဲ့ပါက သူမ မည်မျှအဖြစ်ဆိုးမည်ကို စိတ်ကူးယဉ်ရန်ပင် ခက်ခဲလှသည်။

ထိုအချိန်တွင် ဝမ်ချင်းစီသည် သူမ၏ဗိုက်ကို ညင်သာစွာ ထိကြည့်လိုက်ပြီး ဘာမှထူးခြားခြင်း မရှိကြောင်း တွေ့လိုက်ရသည်။ သူမက

“မင်းသားလေး။ အစ်မကိုစောင့်နေပါ။ အစ်မ ထိပ်သီးပညာရှင်အဆင့်ကို ရောက်သွားပြီဆိုရင်...”

သူမ ဆက်မပြောတော့ပေ။

သူမ ထိပ်သီးပညာရှင်အဆင့်သို့ ရောက်သွားသည့်အခါတွင် လုချန်းက ကောင်းကင်ဘူသားအဆင့်သို့ ရောက်နေမည်ဖြစ်သည်။ သို့မဟုတ် ထို့ထက်ပိုမိုမြင့်မားသော အဆင့်သို့ ရောက်နေပြီဖြစ်မည်။ ထိုအချိန်တွင် သူမသူ့ကို ပို၍ပင် မယှဉ်နိုင်တော့ပေ။

ထိုအကြောင်းကို တွေးမိသည်နှင့် ဝမ်ချင်းစီ အလွန်ဒေါသထွက်လာသည်။ လုချန်းနှင့် မယှဉ်နိုင်သည့်အတွက် သူ့ကို ဤမျှမာနထောင်လွှားခွင့်ပြုနေရသည်ကို သူမမုန်းတီးမိသည်။

သူမသည် အစေခံတစ်ဦးဖြစ်နေသော်လည်း လုချန်းကို ထိန်းချုပ်ချင်နေသည့် ဆန္ဒက ရှိနေဆဲဖြစ်သည်။

ထိုအချိန်တွင် ဝမ်ချင်းစီ သက်ပြင်းချလိုက်ပြီး သူမ၏ အတွင်းအားဖြင့် ခန္ဓာကိုယ်အတွင်းရှိ အညစ်အကြေးများ ဖယ်ရှားခြင်းကိစ္စကို အာရုံစိုက်တာက ပိုကောင်းမည်ဟု တွေးမိသည်။ မဟုတ်ပါက နောက်ပိုင်းတွင် အကျိုးဆက်များ ရှိလာနိုင်သည်။

ထို့ကြောင့် ဝမ်ချင်းစီသည် အညစ်အကြေးများကို ဆက်လက်ဖယ်ရှားခဲ့သည်။

ရေချိုးပြီးနောက် ဝမ်ချင်းစီသည် ခရမ်းရောင် ဝတ်စုံကို လဲလှယ်ဝတ်ဆင်လိုက်ပြီး ညနေခင်းတွင် လုချန်းကို ခေါ်ကာ ဝူကျန်းဝမ် တည်းခိုရာ နေရာသို့ သွားရောက်ခဲ့သည်။

.......

All Chapters