← Chapters

အခန်း ၂၉၂-၂၉၄

Vol. 20 Ch. 292-294

အခန်း ၂၉၂-၂၉၄

Vol. 20 Ch. 292-294

အခန်း (၂၉၂)

ဝူကျန်းဝမ် မြောက်ပိုင်းပြည်နယ်မှ အလျင်အမြန် ထွက်ခွာခြင်း (၂)

ဟူရှု၏ စကားများကို ကြားရသည်နှင့် ဝူကျန်းဝမ်လည်း လုချန်း၏ ကြောက်မက်ဖွယ်ကောင်းမှုကို နားလည်သဘောပေါက်လာခဲ့သည်။ သူမသည် ထိပ်တန်းအဆင့် ပညာရှင်တစ်ဦးသာဖြစ်သဖြင့် လုချန်းထံမှ ထွက်ပေါ်လာသော ကြီးမားသည့်စွမ်းအားကို ခံစားမိနိုင်သော်လည်း သူ၏တကယ့်စွမ်းအားကို အကဲဖြတ်နိုင်ခြင်း မရှိပေ။ အဆင့်လွန် ပညာရှင်တစ်ဦးဖြစ်ကြောင်းသာ သိရှိခဲ့သည်။

သို့သော် ပေဟုန်နှင့် ဟူရှုတို့၏ စကားများကြောင့် ဤချန်လု၏ စွမ်းအားသည် သူမမျှော်လင့်ထားသည်ထက် ပိုမိုထိတ်လန့်ဖွယ်ကောင်းကြောင်း နားလည်လာခဲ့သည်။ သူ၏နောက်ခံဇာတ်လမ်းသည်လည်း ရိုးရိုးရှင်းရှင်းမဟုတ်ဟု ထင်မြင်လာသည်။

ထိုအချက်များကို ထည့်သွင်းစဉ်းစားပါက မိုးစက်ရဲတိုက်သည် မြောက်ပိုင်းနယ်စားစံအိမ်နောက်ကွယ်ရှိ မဟာအင်အားကြီး အုပ်စုနှင့် တစ်စုံတစ်ရာ ဆက်နွယ်မှုရှိနိုင်ပြီး မြောက်ပိုင်းပြည်နယ် အပေါ်ထားသော သူတို့၏ရည်မှန်းချက် သို့မဟုတ် မြောက်ပိုင်းနယ်စားမင်းသားထံမှ ရယူလိုသည်များကိုတော့ ရှင်းလင်းစွာ မသိရသေးပေ။

ထို့ကြောင့် ဝူကျန်းဝမ်သည် ထိုမြောက်ပိုင်းနယ်စားမင်းသား လုချန်းအပေါ် ပိုမိုစိတ်ဝင်စားလာခဲ့သည်။ သူ့တွင် မည်သည့်တန်ဖိုးရှိသနည်း။ မည်သည့်အကြောင်းကြောင့် ဤမျှများပြားသော အင်အားစုများက သူ့ကို ထောက်ခံနေကြသနည်း။

သို့သော် ထိုမေးခွန်းများအတွက် အဖြေများကို လောလောဆယ် သူမရှာဖွေနိုင်မည် မဟုတ်သေးပေ။ သူမ၏တစ်ခုတည်းသောရွေးချယ်စရာမှာ ချွမ်ဟိုင်အဖွဲ့ကို မြောက်ပိုင်းပြည်နယ်တွင် ချန်ထားခဲ့ပြီး အသုံးဝင်သော အချက်အလက်များကို တဖြည်းဖြည်း ရှာဖွေရန်သာ ဖြစ်သည်။

ထိုအချိန်တွင် ဝူကျန်းဝမ်က ဆက်လက်မေးမြန်းလိုက်သည်။

“ ချန်းလုဟာ ကျွန်မရဲ့ တကယ့် သရုပ်မှန်ကို သိပြီးသွားပြီလို့ အဖိုးပေ နှင့်အဖွားဟူတို့ ထင်လား။”

ပေဟုန်က

“သူသိပြီးတာ ဖြစ်နိုင်ခြေ ‌‌ရှိပါတယ်။

ချွမ်ဟိုင်အဖွဲ့ဟာ ချမ်းသာတယ်ဆိုပေမဲ့ အဆင့်လွန် ပညာရှင် နှစ်ဦးရှိဖို့ မဖြစ်နိုင်ပါဘူး။ ဒါပေမဲ့ သူက မင်းသမီးကို ဝူနိုင်ငံတော်ရဲ့ မင်းသမီးဖြစ်တယ်ဆိုတာတော့ မသိသေးဘူးထင်တယ်။ မင်းသမီးက စေလွှတ်လိုက်တဲ့သူတစ်ယောက်လို့ပဲ ထင်နေမှာပါ”

ဟု ဖြေကြားလိုက်သည်။

ဝူကျန်းဝမ်သည် ဝူနိုင်ငံတော်၏ မင်းသမီးဖြစ်ပြီး ဩဇာအာဏာရှိသူဖြစ်သည်။ ပုံမှန်အားဖြင့် သူမသည် အခြားနိုင်ငံတစ်ခုသို့ ကြိုတင်အသိပေးချက်မရှိပဲ လျှို့ဝှက်စွာ သွားရောက်လေ့မရှိပေ။ ထိုသို့ပြုလုပ်ပါက သူမ၏ဂုဏ်သိက္ခာကို ထိခိုက်စေနိုင်သည်။

ထို့အပြင် ဝူကျန်းဝမ်ကို မြင်ဖူးသူဦးရေမှာ အလွန်နည်းပါး၏။ ဝူနိုင်ငံတော်အတွင်း၌ပင် သူတို့မင်းသမီး၏ ပုံပန်းသဏ္ဍာန်ကို သိသူနည်းပါးသည်။ ထို့ကြောင့် မိုးစက်ရဲတိုက်သခင်သည် ဝူကျန်းဝမ်ကို မင်းသမီးအဖြစ် သိရှိလိမ့်မည်မဟုတ်ဟု ပေဟုန်ယုံကြည်သည်။ အများဆုံး သူတို့သုံးဦးသည် ဝူနိုင်ငံတော်၏မင်းသမီးနှင့် ဆက်နွယ်နေသည်ဟုသာ ခန့်မှန်းမည်ဖြစ်သည်။

သို့သော် ဒါက ပေဟုန်၏အတွေးသာဖြစ်သည်။

ထိုအချိန်တွင် ဟူရှုကလည်း

“အဖိုးကြီး ပေပြောတာ မှန်ပါတယ်။ ကျွန်မလည်း အဲ့ဒီလိုမြင်တယ်”

ဟု ပြောလိုက်သည်။

ထိုအခါ ဝူကျန်းဝမ်လည်း အတွေးနက်သွားကာ နောက်ထပ်စကား မပြောတော့ပေ။

နောက်နေ့နံနက်စောစော။

အရုဏ်တက်ချိန်တွင် ဝူကျန်းဝမ်သည် ချွမ်ဟိုင်အဖွဲ့ စီစဉ်ပေးထားသော မြင်းလှည်းဖြင့် ဝူနိုင်ငံတော်သို့ ပြန်လည်ထွက်ခွာသွားခဲ့သည်။

ဝူကျန်းဝမ် မြောက်ပိုင်းပြည်နယ်မှ ဤမျှမြန်မြန်ထွက်ခွာသွားကြောင်း ကြားသိရသောအခါ လုချန်း အနည်းငယ်မှ မအံ့သြခဲ့ပေ။ သူမသည် ဝူနိုင်ငံတော်၏ မင်းသမီးဖြစ်သည့်အတွက် သူမ၏လုံခြုံရေးသည် အထူးအရေးကြီးသည်။ မြောက်ပိုင်းပြည်နယ်တွင် သူမ၏အသက်ကို အန္တရာယ်ဖြစ်စေနိုင်သော ခြိမ်းခြောက်မှုများရှိနေပါက သူမအချိန်ကြာမြင့်စွာနေထိုင်မည်မဟုတ်ပေ။

နံနက်စာကို မုကျိရွှမ်းကိုယ်တိုင်ပြုတ်ထားသော ဆန်ပြုတ်ဖြင့် စားပြီးနောက် လုချန်းသည် နိုင်ငံရေးရာခန်းမသို့ သွားရောက်ကာ အစည်းအဝေးငယ်တစ်ခုကို ကျင်းပခဲ့သည်။

ထိုနောက် မြောက်ပိုင်းပြည်နယ်ရှိ ဒုက္ခသည်များအတွက် စီစဉ်ထားရှိမှုများနှင့် ပတ်သက်သော ကိစ္စရပ်များကိုသာ ဆွေးနွေးကြသည်။ မကြာသေးမီက ကျင်းပခဲ့သော နန်းတွင်းအစည်းအဝေး ၁၀ ကြိမ်တွင် ၉ ကြိမ်မှာ ဒုက္ခသည်များနှင့် သက်ဆိုင်သော ကိစ္စရပ်များကို ဆွေးနွေးခဲ့ခြင်းဖြစ်သည်။

အစည်းအဝေးအတွင်း ဒုက္ခသည်များနှင့်သက်ဆိုင်သော ကိစ္စရပ်များ ဆွေးနွေးပြီးစီး

သွားသောအခါ လိယုရီက ထရပ်လိုက်ပြီး

“မင်းသား။ မြောက်ပိုင်းပြည်နယ်ရဲ့ လူဦးရေဟာ အလွန်မြန်ဆန်စွာ တိုးပွားလာနေပါတယ်။ လက်ရှိအရာရှိအရေအတွက်က ဒီလောက်များပြားတဲ့ လူဦးရေကို စီမံခန့်ခွဲဖို့ မလုံလောက်မပါဘူး။ အရာရှိအရေအတွက် တိုးမြှင့်ဖို့ အကြံပြုလိုပါတယ်။”

မြောက်ပိုင်းပြည်နယ် နန်းတွင်းရှိ အရာရှိ အများစုသည် တာဝန်များစွာကို တစ်ပြိုင်နက်တည်း ထမ်းဆောင်နေကြရသည်။ မြောက်ပိုင်းပြည်နယ်၏ လက်ရှိအုပ်ချုပ်ရေးစနစ်အရ တာဝန်များစွာထမ်းဆောင်ခြင်းက ထောက်ပံ့ကြေးများ ပိုမိုရရှိစေသော်လည်း အလုပ်တာဝန်များကလည်း အလွန်များလှသည်။

နဂိုကတည်းက သူတို့သည် အလုပ်ခိုကပ်တတ်သူများ ဖြစ်သဖြင့် ယခုအလုပ်တာဝန်များ ပိုမိုများပြားလာသောအခါ ထိုအရာရှိများ မခံနိုင်တော့ပေ။

မကြာသေးမီက အရာရှိအချို့အား ဥပမာအဖြစ် သင်ခန်းစာပေးထားသောကြောင့် ကျန်သောအရာရှိများ သစ္စာရှိကြသော်လည်း စွမ်းရည်တော့ မရှိကြပေ။

ယခုအခါ အရာရှိအရေအတွက် တိုးမြှင့်ရန် အရေးတကြီး လိုအပ်နေပြီဖြစ်သည်။

လိယုရီ၏ အကြံပြုချက်ကို ကြားလိုက်ရသောအခါ လုချန်းက

“ကျွန်တော်လည်း အရာရှိအရေအတွက် တိုးမြှင့်ဖို့ စဉ်းစားနေတာ။ ဒါပေမဲ့ မြောက်ပိုင်းပြည်နယ်က ဆင်းရဲပြီး ပြည်သူအများစုက စာမတတ်ကြဘူး။ ရှနိုင်ငံတော်ရဲ့ အခြားဒေသတွေက ပညာတတ်တွေကလည်း မြောက်ပိုင်းပြည်နယ်မှာ အရာရှိဖြစ်ချင်ကြမှာ မဟုတ်ဘူး။ ဒါ့ကြောင့် လက်ရှိအချိန်မှာ အရာရှိအရေအတွက် တိုးမြှင့်ဖို့ ခက်ခဲနေတယ်။”

လိယုရီက

“ကျွန်တော်ကြားရတာက ချူးမိသားစုထဲက တစ်ချို့ဟာ မြောက်ပိုင်းပြည်နယ်ကို ပြောင်းရွှေ့လာပါပြီ။ ချူးမိသားစုဟာ နှစ်ပေါင်းတစ်ထောင်ကြာ အာဏာရှိမိသားစုဖြစ်ခဲ့တဲ့အတွက် ပညာတတ်များစွာ ရှိပါတယ်။ ချူးမိသားစုဝင်တွေကို မြောက်ပိုင်းပြည်နယ်မှာ အရေးပါတဲ့ တာဝန်တွေထမ်းဆောင်ခွင့်ပေးဖို့ ကျွန်တော်အကြံပြုလိုပါတယ်။”

လိယုရီသည် လုချန်နှင့် ချူးမိသားစုကြားရှိ ဆက်ဆံရေးကို ကောင်းစွာသိရှိထားပြီး အာဏာရှိမိသားစုများအပေါ် လုချန်း၏ မနှစ်သက်မှုကိုလည်း သိရှိထားသော်လည်း မြောက်ပိုင်းပြည်နယ်တွင် ထူးချွန်သူများ ရှားပါးနေသည့်အတွက် ချူးမိသားစုဝင်များကို ယာယီခန့်ထားရန် လိုအပ်နေသည်။

အကယ်၍ အရာရှိအင်အား လိုအပ်ချက်ဆက်လက်ရှိနေပါက လုချန်း၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များကို မုချအဟန့်အတား ဖြစ်စေမည်ဖြစ်သည်။

လိယုရီ၏ စကားကိုကြားပြီးနောက် လုချန်းက ခဏတာမျှ စဉ်းစားကာ

“ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ အခုကစပြီး အရာရှိ ရာထူး ရလိုသူတိုင်း စာမေးပွဲဖြေဆိုရမယ်။ စာမေးပွဲ မေးခွန်းတွေကို ကျွန်တော်ကိုယ်တိုင် ထုတ်မယ်။ စာမေးပွဲ အောင်မြင်သူတွေကိုပဲ မြောက်ပိုင်းပြည်နယ်ရဲ့ အရာရှိအဖြစ် ခန့်အပ်ခံရမယ်။”

အရာရှိများနှင့် ပတ်သက်သော ကိစ္စပြီးဆုံးသွားသောအခါ လိယုရီလည်း သူ၏ နေရာတွင်ပြန်ထိုင်သွား၏။ ထို့နောက် လုချန်းက

“ယနေ့ ကျွန်တော်မှ ကြေညာစရာတစ်ခုရှိပါတယ်။ ရန်ခရိုင်ဟာ အလွန်သေးငယ်ပြီး အို ဟောင်းပျက်စီးနေတဲ့အတွက် မြောက်ပိုင်းပြည်နယ်ရဲ့ ကြီးထွားလာတဲ့ စီးပွားရေးလိုအပ်ချက်တွေကို မဖြည့်ဆည်းနိုင်တော့ပါဘူး။ အဲ့ဒါကြောင့် ကျွန်တော်က မြို့သစ်တစ်ခု တည်ဆောက်ဖို့ ရည်ရွယ်ထားပါတယ်။ ပြီးတော့ မြောက်ပိုင်းနယ်စားမင်းသားစံအိမ်ကိုလည်း အဲ့ဒီနေရာကို ပြောင်းရွှေ့မယ်။”

ထိုစကားများကို ကြားလိုက်ရသည်နှင့် ခန်းမအတွင်းရှိ အရာရှိများကြား ဆူညံသွားကြသည်။

မြို့သစ်တည်ဆောက်ရာတွင် အဓိကအခက်အခဲနှစ်ရပ်ရှိသည်။ ပထမတစ်ခုမှာ ငွေကြေးရှာဖွေရေးဖြစ်ပြီး ဒုတိယတစ်ခုမှာ လုပ်သားအင်အားဖြစ်သည်။ မြောက်ပိုင်းပြည်နယ်တွင် ဒုက္ခသည်များ အများအပြားရှိနေသည့်အတွက် လုပ်သားအင်အားက ပြဿနာမဟုတ်သော်လည်း ငွေကြေးမှာမူ အခက်အခဲဖြစ်နေသည်။

လုချန်းက

“ငွေကြေးအကြောင်း စိုးရိမ်နေကြတာကို သိပါတယ်။ ဒါပေမဲ့ ကုန်သည်အသင်းအများအပြားဟာ မြို့သစ်တည်ဆောက်ရေးမှာ တက်ကြွစွာပါဝင်ပါလိမ့်မယ်။ အဓိကငွေအများစုကိုတော့ မင်းသားစံအိမ်ရဲ့ ဘဏ္ဍာတိုက်က ထုတ်ယူမှာပါ။”

လုချန်း၏ စကားများကို ကြားလိုက်ရသည်နှင့် အရာရှိများကြား ဆွေးနွေးမှုများကို ရပ်တန့်လိုက်ကြသည်။ မင်းသားစံအိမ်မှ ငွေကြေးထောက်ပံ့မည်ဆိုပါက သူတို့အနေဖြင့် ကိုယ်တိုင်ရန်ပုံငွေရှာဖွေရန် မလိုအပ်တော့သဖြင့် စိတ်သက်သာရာရကြသည်။

သူတို့ အကြောက်ဆုံးမှာ မင်းသားစံအိမ်က အရာရှိများထံမှ ငွေကြေးရှာဖွေရန် မျှော်လင့်ထားမည်ကိုဖြစ်သည်။ မြောက်ပိုင်းပြည်နယ်သည် အလွန်ဆင်းရဲသည့်အတွက် သူတို့တွင် ငွေကြေးရှာဖွေနိုင်သည့် နည်းလမ်းမရှိပေ။ တစ်ခုတည်းသော အရင်းအမြစ်မှာ အခွန်အမျိုးမျိုးမှတစ်ဆင့်သာ ဖြစ်သည်။

သို့သော် လုချန်းက အဓိကဝင်ငွေရင်းမြစ်ဖြစ်သည့် စိုက်ပျိုးရေးအခွန်ကို ကင်းလွတ်ခွင့်ပြုထား၏။ လက်ရှိမြောက်ပိုင်းပြည်နယ်တွင် ကောက်ခံသည့် အခွန်အမျိုးအစားများကို မြောက်ပိုင်းနယ်စားမင်းသားစံအိမ်မှ အတိအကျသတ်မှတ်ထားသဖြင့် သူတို့အနေဖြင့် အခွန်အသစ်များ ထပ်မံတီထွင်ခွင့် မရှိပေ။

လုချန်းက ဆက်လက်ပြောကြားလိုက်သည်။

“မြို့သစ်တည်ဆောက်မည့်နေရာကို အခုအချိန်အထိ မဆုံးဖြတ်ရသေးပါဘူး။ မြို့သစ် ဘယ်နေရာမှာ တည်ဆောက်သင့်လဲဆိုတာ ခင်ဗျားတို့ကိုယ်တိုင် ဆွေးနွေးကြပါ။”

ထိုစကားကို ကြားလိုက်ရသည်နှင့် ခန်းမအတွင်း ဆွေးနွေးသံများ ထပ်မံပေါ်ပေါက်လာခဲ့သည်။

ထိုအတောအတွင်း...

မြောက်ပိုင်းနယ်စားမင်းသားစံအိမ်အတွင်း၌...

ကင်းလှည့်သည့် တာဝန်ပြီးဆုံးသွားသော ချူးယုချင်သည် သူမ၏အဆောင်သို့ ပြန်လာပြီး ချင်လီနှင့် သေချာစွာစကားပြောရန် စိတ်ကူးနေသည်။

ချူးချင်လီသည် သူမ၏အခန်းအတွင်း၌ အတွင်းအား ထိန်းညှိနေသည်။ အခုတလော လုချန်း၏ လေ့ကျင့်ပေးမှုကြောင့်သူမ၏စွမ်းအားများ သိသိသာသာ တိုးတက်လာခဲ့သော်လည်း ထိုမြန်ဆန်သောတိုးတက်မှုကို လိုက်လျောညီထွေဖြစ်အောင်နေရန် သူမအတွက် အနည်းငယ်ခက်ခဲနေသည်။

ချူးယုချင် တံခါးခေါက်လိုက်သည်။

“ချင်လီ နင်အထဲမှာလား။ ငါဝင်လာမယ်နော်။”

ချူးယုချင်၏ အသံကိုကြားလိုက်ရသည်နှင့် ချုးချင်လီက သူမ၏အဝတ်အစားများကို အလျင်အမြန်ဆွဲတင်လိုက်သည်။ လေ့ကျင့်‌ နေစဉ်အတွင်း အတွင်းခံအင်္ကျီ တစ်ထည်သာ သူမဝတ်ဆင်ထားခဲ့သည်။

သူမ၏ ကိုယ်ခန္ဓာတစ်ခုလုံးတွင် အနီရောင်အမှတ်ရာများဖြင့် ဖုံးလွှမ်းနေ၏။ ဒါကို ချူးယုချင်မြင်သွားပါက မလွဲမသွေ မှတ်ချက်ပေးလိမ့်မည်။

အဝတ်အစားများကို အလျင်အမြန်ဝတ်ဆင်ပြီးနောက် ချုးချင်လီက

“ငါအထဲမှာအစ်မ ဝင်လာပါ” ဟု အေးစက်စွာ ပြောလိုက်သည်။

ထိုအခါ ချူးယုချင်လည်း တံခါးကိုတွန်းဖွင့်ကာ အတွင်းသို့ဝင်လာခဲ့သည်။ ချူးချင်းလီကြည့်ရတာ အတွင်းအား ထိန်းညှိနေပုံရသည်။ ထို့နောက် ချူးယုချင်က ညင်သာစွာ သက်ပြင်းချလိုက်သည်။

ချုးချင်လီသည် လုချန်းထက် သာလွန်အောင် ကြိုးစားပြီး အစ်မဖြစ်သူကို မြောက်ပိုင်းနယ်စားမင်းသားစံအိမ်မှ အတင်းအဓမ္မ ခေါ်ထုတ်သွားနိုင်ရန် အပြင်းအထန် လေ့ကျင့်နေခြင်းဖြစ်မည်ဟု ချူးယုချင် ယူဆသည်။

ချူးချင်လီက ချူးယုချင်ကို ကြည့်ပြီး

“ ကိစ္စတစ်ခုခု ရှိလို့လားအစ်မ။ “ ဟု မေးလိုက်သည်။

ချူးယုချင်က

“ချင်းလီ။ အခု‌တ‌လော နင့်ရဲ့ကျင့်စဉ်‌ တွေ မကြာခဏ ဖောက်ပြန်တတ်နေတယ်။ ဒါက နင့်ရဲ့စိတ်တွေ မငြိမ်မသက်ဖြစ်နေတာကို ပြနေတယ်။ ဒီလိုမျိုးဆက်လေ့ကျင့်နေမယ်ဆိုရင် အန္တရာယ်တွေ ကြုံရနိုင်တယ်။”

“ငါ ချန်းလေးနဲ့ စကားပြောပြီးပြီ။ လာမယ့် လအနည်းငယ်အတွင်း ပိုင်က မင်းသားစံအိမ်ရဲ့ လုံခြုံရေးတာဝန်တွေကို ထမ်းဆောင်မယ်။ ဒါကြောင့် နင် အနားယူသင့်တယ်” ဟု ဆိုလိုက်သည်။

ထိုအခါ ချူးချင်လီလည်း ခဏခန့် အံ့အားသင့်သွားပြီး

“အစ်မ။ ငါအဆင်ပြေပါတယ်”

ဟု အလျင်အမြန် ပြန်ပြောလိုက်သည်။

ချူးယုချင်က

“အဆင်ပြေတယ်။ ဟုတ်ဟာ။ နင့်ကိုယ်ပေါ်က အနီရောင်အမာရွတ်တွေကို ကြည့်စမ်းပါ။ ချန်းလေးက ဒီအနီရောင် အမာရွတ်တွေကို ဖယ်ရှားဖို့ အရမ်းခက်တယ်လို့ ပြောတယ်။ တစ်နေ့ကျရင် ဒီအမာရွတ်တွေ ပိုနက်လာပြီး ချန်းလေးတောင် ဖယ်မရနိုင်တော့ရင် နင် ဘယ်လိုလက်ထပ်မလဲ။”

“နောက်ပြီး ဒီအမာရွတ်တွေက ဘာမှမဟုတ်သေးဘူး။ နင်ကျင့်စဉ်လမ်းလွဲပြီး စွမ်းအားတွေအားလုံး ဆုံးရှုံးသွားရင် မြောက်ပိုင်းနယ်စားမင်းသားစံအိမ်မှာ နင်ဆက်နေနိုင်ဦးမှာလား”

ဟု ပြောလိုက်သည်။

“ငါ...” ချူးချင်လီသည် စကားလုံးများ ဆိုင်းငံ့သွားခဲ့သည်။

အမာရွတ်များသည် ကျင့်စဉ်လမ်းလွဲခြင်းနှင့် မသက်ဆိုင်ကြောင်း ပြောလိုသော်လည်း ထိုအလိမ်အညာစကားကို ပြောပြီးသွားပြီဖြစ်သဖြင့် ပြန်ပြင်၍ မရနိုင်တော့ပေ။

သူမက အမာရွတ်များသည် ကျင့်စဉ်လမ်းလွဲခြင်းနှင့် မသက်ဆိုင်ဟု ပြောမည်ဆိုက ထိုအမာရွတ်များ မည်သို့ဖြစ်ပေါ်လာသနည်း။

ထိုအကြောင်းကို ချူးယုချင်အား မည်သို့ရှင်းပြရမည်နည်း။

အခန်း (၂၉၃)

မြောက်ပိုင်းနယ်စားမင်းသား၏ စံအိမ်မှ အရက်ဖြူ

ထိုအချိန်တွင် ချူးချင်လီ၏ စိတ်ထဲ၌ ထိုမကောင်းသောလူအပေါ် မကျေမနပ်ဖြစ်နေသည်။ ထိုမကောင်းသောလူသာ သူမ၏ကိုယ်ပေါ်တွင် အမာရွတ်များစွာမထားခဲ့ပါက ကျင့်စဉ်ကြောင့် ဖြစ်ပေါ်လာသည့် အမာရွတ်များဟု လိမ်ညာပြောဆိုရန်မလိုအပ်ခဲ့ပေ။

အဓိကအချက်မှာ ထိုမကောင်းသောသူတွင် အမာရွတ်များကို ဖျောက်နိုင်သည့်နည်းလမ်းရှိသော်လည်း သူမအား ကူညီရန် ငြင်းဆန်နေခြင်းဖြစ်သည်။ သူမ၏ကိုယ်ပေါ်တွင် သူ၏အမှတ်အသားများကို ချန်ထားရန် ဇွတ်အတင်းလုပ်နေသကဲ့သို့ ဖြစ်နေသည်။

အခြားနည်းလမ်းမရှိသဖြင့် ချူးချင်လီက

“ကောင်းပါပြီ။ ဒါဆို ငါအချိန်တစ်ခု အနားယူမယ် “

ဟု ပြောလိုက်သည်။

ချူးချင်လီ သဘောတူသည်ကိုမြင်သောအခါ ချူးယုချင်က အလျင်အမြန်ပြောလိုက်သည်။

“ချင်လီ။ ငါအရင်ကပြောခဲ့ဖူးတယ်။ နင်ကလျှို့ဝှက် လုပ်ကြံသူတစ်ယောက်ပါ။ အရင်တုန်းက အမြဲတမ်း လှုပ်ရှားသွားလာ နေခဲ့တာဆိုတော့ တစ်နေရာတည်းမှာ အမြဲနေဖို့ မသင့်တော်ဘူး။”

“မကြာသေးခင်က နင့်ရဲ့ ကျင့်စဉ်တွေ မအောင်မြင်တာတွေက မြောက်ပိုင်းနယ်စားမင်းသားစံအိမ်မှာ အမြဲရှိနေတာနဲ့ ဆက်စပ်နေနိုင်တယ်။”

“ဒီအချိန်ကို အသုံးချပြီး အနားယူပါ။ မြောက်ပိုင်းနယ်စားမင်းသားစံအိမ်ကနေ ထွက်သွားပါ။ အပြင်ထွက်ပြီး စိတ်ကိုလျှော့ချပါ။ ပြန်လာတဲ့အခါ နင့်ရဲ့ကျင့်စဉ်တွေ ပုံမှန်ပြန်ဖြစ်ကောင်းဖြစ်လာမယ်။”

ထိုစကားကိုကြားလိုက်ရပြီးနောက် ချူးချင်လီက ချက်ချင်းပြန်ပြောလိုက်သည်။

“မလိုပါဘူး။”

သူမသည် လုချန်းနှင့် ပြုလုပ်ထားသော အပေးအယူကို အမြန်ဆုံးပြီးစီး အောင်လုပ်ပြီး သူမအစ်မဖြစ်သူကိုကယ်တင်ကာ မြောက်ပိုင်းနယ်စားမင်းသားစံအိမ်မှ ထွက်ခွာရန်စီစဉ်နေသည်။ အခုအချိန်တွင် မြောက်ပိုင်းနယ်စားမင်းသားစံအိမ်မှ မည်သို့ထွက်ခွာနိုင်မည်နည်း။ သူမ မရှိလျှင် လုချန်းနှင့် မည်သို့ အပေးအယူ ဆက်လုပ်မည်နည်း။

ထိုအခိုက်တွင် ချူးချင်လီ ရုတ်တရက်အတွေးတစ်ခုရလိုက်ပြီး ချူးယုချင်၏ အပြစ်အနာအဆာကင်းသော မျက်နှာကို စူးစိုက်ကြည့်လိုက်ပြီး သံသယဖြင့်မေးလိုက်သည်။

“အစ်မ။ နင်က ငါ့ကိုအပြင်ပို့ပြီး အဲ့ဒီမကောင်းတဲ့လူနှင့် တစ်ခုခုလုပ်ဖို့ ကြိုးစားနေတာလား။”

ချူးချင်လီသည် မကြာခဏ အကြောင်းပြချက်များဖြင့် ချူးယုချင်ကို ပထုတ်ကာ လုချန်းနှင့် လျှို့ဝှက် အပေးအယူ ပြုလုပ်လေ့ရှိသဖြင့် ထိုကဲ့သို့သောကိစ္စများတွင် အလွန်အာရုံခံကောင်းသည်။

ထိုအချိန်တွင် ချူးယုချင်က အပြစ်ရှိသလို ခံစားရသော လေသံဖြင့်

“ချင်လီ။ နင့်ရဲ့စိတ်ထဲမှာ အစ်မကို ဒီလောက် အရှက်မဲ့တဲ့ မိန်းမလို့ မြင်နေတာလား။”

ချူးချင်လီက

“ဒါဆို အစ်မက ဘာကြောင့် ငါ့ကိုအပြင်ပို့ချင်တာလဲ” ဟု မေးလိုက်သည်။

ချူးယုချင်က ဒေါသထွက်သွားဟန်ဖြင့်ပြန်ပြောလိုက်သည်။

“အပြင်ပို့တယ်ဆိုတာ ဘာကိုဆိုလိုတာလဲ။ ငါက နင့်အတွက်ကောင်းအောင်လုပ်နေတာ။ နင်က အနည်းဆုံး ငါ့ကို ‘အစ်မ’လို့ခေါ်တယ်မဟုတ်လား။ နင်ဒုက္ခရောက်တာကို ငါဘယ်လိုကြည့်နိုင်မှာလဲ”

ဤစကားကိုကြားလိုက်ရသည့် ချူးချင်လီသူမ၏ စိတ်ထဲတွင် ပြောလိုက်သည်။ ‘ စိတ်မကောင်းပါဘူးအစ်မ။ ဒါပေမဲ့ အစ်မအတွက် အခုအချိန်မှာ မြောက်ပိုင်းနယ်စားမင်းသားစံအိမ်ကနေ ဘယ်လိုမှ မထွက်နိုင်ပါဘူး။’

ထိုအတွေးဖြင့် ချူးချင်လီက

“ အစ်မနဲ့အတူမထွက်ရဘူးဆိုရင် ငါမြောက်ပိုင်းနယ်စားမင်းသားစံအိမ်က မထွက်ဘူး။ အစ်မတစ်ယောက်တည်း စံအိမ်မှာနေတာကို စိတ်မချဘူး”

ဟု ပြောလိုက်သည်။

ချူးချင်လီ၏ ခေါင်းမာမှုကိုမြင်ရသည့် ချူးယုချင်သည် မျှော်လင့်ချက်ကင်းမဲ့သွားခဲ့သည်။ မျှော်မှန်းထားသည့်အတိုင်း ချူးချင်လီသည် မြောက်ပိုင်းနယ်စားမင်းသားစံအိမ်မှ ထွက်မည်မဟုတ်ပေ။

အကယ်၍ ချူးချင်လီ မြောက်ပိုင်းနယ်စားမင်းသားစံအိမ်မှ မထွက်ပါက သူမကတိပေးထားသည့်အရာကို အချိန်ဆွဲနေရဦးမှာလား။ ထိုအခါ လုချန်းက သူမကို ဘယ်လိုမြင်မှာလဲ။ သူမက သူ့ကို မပြုစုချင်လို့ ချူးချင်လီကို အကြောင်းပြချက်အဖြစ်သုံးတယ်လို့ ထင်သွားမှာလား။

ချူးယုချင်က သက်ပြင်းချလိုက်ပြီး

“အင်း။ ကောင်းပြီ။ ငါဘယ်လောက်ပဲပြောပြော နင်ကနားမထောင်ဘူး” ဟု ဆိုလိုက်သည်။

ချူးချင်လီကို ဆက်လက်နားမချ‌တော့ရန်ချူးယုချင် ဆုံးဖြတ်လိုက်သည်။ သူမသည် ချူးချင်လီအား အကြိမ်ကြိမ် နားချပြီးဖြစ်သော်လည်း ချူးချင်လီက မြောက်ပိုင်းနယ်စားမင်းသားစံအိမ်မှ ထွက်ရန် ငြင်းဆန်နေခြင်းဖြစ်သည်။ ချူးချင်လီ ဤနေရာ၌ ဆက်လက်နေထိုင်လိုခြင်းက အခြားရည်ရွယ်ချက်များ ရှိနေလို့လားဟု သူမသံသယဝင်လာမိသည်။

ချူးချင်လီအား မြောက်ပိုင်းနယ်စားမင်းသားစံအိမ်မှ ထွက်စေရန် လုချန်းကိုယ်တိုင် နည်းလမ်းရှာရမည်ဖြစ်သည်။ လုချန်းက မင်းသားအာဏာကိုသုံး၍ ချူးချင်လီအား စံအိမ်မှ အပြင်သို့ တိုက်ရိုက်နေရာရွှေ့နိုင်၏။ ထိုအခါမှ သူမအနေဖြင့် လုချန်းအား ပြုစုရန် အခွင့်အလမ်းရှိလာမည် ဖြစ်သည်။

သူမသည် ဤကိစ္စကို လုချန်းနှင့် ဆွေးနွေးပြီးပြီဖြစ်ပြီး နောက်ပိုင်းကိစ္စက လုချန်း၏လုပ်ဆောင်မှုပေါ်တွင် မူတည်နေသည်။ ချူးချင်လီအား စံအိမ်မှ နာရီအနည်းငယ်သွားရ‌သော ခရီးတစ်ခု သွားခိုင်းလျှင်ပင် သူမအနေဖြင့် လုချန်းအား ပြုစုရန် အချိန်လုံလောက်စွာ ရရှိမည်ဖြစ်သည်။

ထိုအတွေးဖြင့် ချူးယုချင်၏ ပါးပြင်များသည် အလွန်ပူလောင်လာခဲ့သည်။ သူမသည် အမှန်ပင် မရှက်တတ်သော အမျိုးသမီးတစ်ဦးဖြစ်နေသည်။ မိမိ၏ညီမကို မြောက်ပိုင်းနယ်စားမင်းသားစံအိမ်မှ နှင်ထုတ်ရန် နည်းမျိုးစုံဖြင့် ကြိုးစားပြီး လူတစ်ဦးနှင့် လျှို့ဝှက်အချိန်ဖြုန်းရန် ကြံစည်နေသည်။

ထိုအခိုက်တွင်...

မနက်ပိုင်း ပြည်နယ်အစည်းအဝေး ပြီးဆုံးသွားပြီဖြစ်သည်။

လုချန်းသည် နိုင်ငံရေးရာခန်းမမှ ထွက်လာပြီး စာကြည့်ခန်းသို့ ပြန်ရန် အစီအစဉ်ရှိနေစဉ် အတွင်းဆောင်မှ အစေခံမိန်းမတစ်ဦးချဉ်းကပ်လာကာ

“မင်းသား။ အချိန်ရတဲ့အခါ အတွင်းဆောင်ကိုလာဖို့ မိဖုရားက ပြောပါတယ်။ မုယောစပါးအရက်အသင့်ဖြစ်နေပါပြီ”

ဟု ပြောလိုက်သည်။

ထိုစကားကိုကြားလိုက်ရသည့် လုချန်း ဝမ်းမြောက်ဝမ်းသာဖြစ်သွားပြီး

“ချက်ချင်းသွားမယ်”

ဟု ပြန်ဖြေလိုက်သည်။

ထို့နောက် လုချန်းသည် စံအိမ်၏အတွင်း ဆောင်သို့ အလျင်အမြန်သွားခဲ့သည်။ ပင်မခန်းမတွင် လုချန်း၏ ဇနီးမယားများသည် တစ်မီတာအမြင့်ရှိ အရက်အိုးကြီးတစ်လုံးနား၌ စုဝေးနေကြပြီး တစ်ခုခုကို ဆွေးနွေးနေကြသည်။

မကြာမီ လုချန်းလည်း ခန်းမအတွင်းသို့ ဝင်ရောက်လာခဲ့သည်။ လုချန်းပြန်ရောက်သည်ကိုမြင်သော ရှောင်ဝမ်ယောင်နှင့် ရဲလိနန်ရန်တို့က ချက်ချင်းလမ်းဖယ်ပေးလိုက်ကြသည်။

လုချန်းက အရက်အိုးကြီးနားသို့ ချဉ်းကပ်ကာ အတွင်းရှိ ကြည်လင်ဖြူစင်နေသော အရက်ကိုကြည့်ရှုပြီး လေထဲတွင်ပျံ့နှံ့နေသော ပြင်းထန်သည့်အနံ့ကိုရှူရှိုက်ကာ ပြောလိုက်သည်။

“တကယ့်ကို ပြင်းတာပဲ”

ထိုအချိန်တွင် ကိုယ်ဝန်ရှိနေသော မုကျိရွှမ်းက ပြုံးလျက်

“မင်းသား။ ဒီအရက်နဲ့ဆိုရင် မင်းသား၏စံအိမ်အတွက် အမြတ်အစွန်းရမယ့် လုပ်ငန်းတစ်ခု ထပ်ရပါပြီ။ မကြာခင် စံအိမ်ရဲ့ ဘဏ္ဍာတိုက်ထဲမှာတောင် ငွေတွေထည့်လို့ ဆန့်တော့မှာ မဟုတ်ဘူး”

ဟု ပြောလိုက်သည်။

မုကျိရွှမ်း၏စကားကို ကြားလိုက်ရပြီး လုချန်းက ရယ်မောလိုက်ကာ

“အဲ့လိုတော့ မဟုတ်ဘူး။ စံအိမ်ရဲ့ ငွေတွေကို သုံးရတော့မှာ။ မြို့သစ်တစ်ခု တည်ဆောက်ဖို့ ကိုယ်ဆုံးဖြတ်ထားပြီးပြီ။ စံအိမ်မှာရှိတဲ့ ငွေလောက်နဲ့တောင် လုံလောက်မှာ မဟုတ်ဘူး” ဟု ပြန်ပြောလိုက်သည်။

လုချန်း၏စကားကို ကြားလိုက်ရသည့်အခါ မုကျိရွှမ်းသည် တုန်လှုပ်သွားခဲ့သည်။ လုချန်း မြို့သစ်တစ်မြို့ တည်ဆောက်မည်ဟု သူမ မမျှော်လင့်ထားခဲ့ပေ။ ဆိုလိုသည်မှာ စံအိမ်မှရရှိသည့် ငွေများအားလုံး အလျင်အမြန်ကုန်ဆုံးသွားမည်ဖြစ်သည်။

သူမတို့ ပင်ပင်ပန်းပန်းရှာဖွေရရှိထားသော ငွေများဖြစ်သဖြင့် မုကျိရွှမ်းအနေဖြင့် အနည်းငယ်စိတ်မသက်သာဖြစ်မိသော်လည်း မကြာမီ ထိုခံစားချက်ကို မေ့ပစ်လိုက်သည်။

နောက်ဆုံးတွင် ငွေဆိုသည်မှာ သုံးစွဲရန်အတွက်သာဖြစ်သည်။ ဘဏ္ဍာတိုက်တွင် သိမ်းဆည်းထားခြင်းဖြင့် ဘယ်လိုအကျိုးရှိမည်နည်း။

ထိုငွေများကို သင့်တော်သောနေရာတွင် အသုံးပြုနိုင်မှသာ သူမ၏ရှာဖွေမှုများ အမှန်တကယ် အဓိပ္ပါယ်ရှိလာမည်ဖြစ်သည်။

ထိုအခိုက်တွင် လုချန်းက အရက်အိုးနားရှိ ဝါးခွက်တစ်လုံး ကောက်ယူကာ အတွင်းမှ အရက်ဖြူကို ခပ်ယူလိုက်သည်။ ထို့နောက် ခပ်ထားသော အရက်ကို နှာခေါင်းနားကပ်ပြီး အနံ့ကိုရှူရှိုက်ကာ

“ပန်းကန်လုံးရှိလား။ ပန်းကန်လုံးတစ်ခုပေးပါ။ ဒီအရက်က ဘယ်လိုအရသာရှိလဲ စမ်းကြည့်ချင်တယ်”

ဟု မေးလိုက်သည်။

ထိုအခါ ရှောင်ဝမ်ယောင်က ချက်ချင်းပင် “မင်းသား။ ပန်းကန်လုံး”

ဟု ပန်းကန်လုံးတစ်ခုကို လက်ဆင့်ကမ်းပေးလိုက်သည်။

လုချန်း ရှောင်ဝမ်ယောင်၏လက်မှ ပန်းကန်လုံးကို လက်ခံရန် လက်လှမ်းလိုက်သည့်အချိန်တွင် ရှောင်ဝမ်ယောင်၏ခန္ဓာကိုယ်သည် ယိုင်နဲ့သွားပြီး လုချန်း၏လက်သည်လည်း ပန်းကန်လုံး အစား လေကိုသာ ဆုပ်ကိုင်မိသွားခဲ့သည်။

လုချန်းလည်း ထိတ်လန့်သွားပြီး ရှောင်ဝမ်ယောင်ဘက်သို့ လှည့်ကြည့်လိုက်သောအခါမှသာ သူမ၏မျက်နှာသည် နီမြန်းနေပြီး အရက်နံ့များထွက်နေကာ ဆံပင်များပါ ရှုပ်ပွ နေသည်ကို သတိထားမိလိုက်သည်။

ဒါက...

လုချန်းက

“ယောင်ယောင်။ မင်းအရက်အိုးထဲကို ပြုတ်ကျထားတာလား” ဟု ပြုံးရယ်ကာ မေးလိုက်သည်။

ထိုစကားကိုကြားလိုက်ရသည့် အရက်နံ့ပြင်းပြင်းထွက်နေသော ရှောင်ဝမ်ယောင်က “မင်းသား... မင်းသား။ ကျွန်မ နည်းနည်းလေးပဲ သောက်တာ...”

ဟု ပြန်ဖြေလိုက်သည်။

ဤအချိန်တွင် ရှောင်ဝမ်ယောင်၏ခန္ဓာကိုယ်သည် နောက်တစ်ကြိမ် ယိုင်သွားသဖြင့် အနားရှိ ရဲလိနန်ရန်က ချက်ချင်း‌ထိန်း‌ ပေးလိုက်ရသည်။ ရှောင်ဝမ်ယောင်တစ်ဦးတည်းမဟုတ်ပဲ ရဲလိနန်ရန်၏ပါးပြင်များပါ နီမြန်းနေသည်ကို ရုတ်တရက်သတိထားမိလိုက်ပြီး နှစ်ဦးစလုံး အရက်သောက်ထားကြောင်း လုချန်း သိလိုက်ရသည်။

ထိုအချိန်တွင် ကျောင်းယိုယိုက ပါးစပ်ကိုလက်ဖြင့်အုပ်ကာ

“မင်းသား။ ယောင်ယောင်နဲ့ အစ်မနန်ရန်တို့ကပြောပါတယ်။ သူတို့က မြက်ခင်းလွင်ပြင်သားတွေဖြစ်လို့ အရက်သောက်တဲ့နေရာမှာ ကျွမ်းကျင်တယ်တဲ့။ ဘယ်အရက်ကမှ သူတို့ကို မမူးစေနိုင်ဘူးတဲ့။ ဒါနဲ့ နှစ်ယောက်စလုံးက တစ်ပန်းကန်လုံးကို တစ်ခါတည်း မော့ချလိုက်တယ်။ နောက်တော့ သူတို့ချက်ချင်း မူးသွားကြတယ်”

ဟု ရယ်မောကာ ပြောလိုက်သည်။

ကျောင်းယိုယို၏ ပြောစကားကို ကြားလိုက်ရ သောအခါ လုချန်းက ရယ်မောလိုက်ပြီး

“ဒီလောက်ပြင်းတဲ့အရက်ကို တစ်ပန်းကန်လုံး တစ်ခါတည်း မော့သောက်ရဲတယ်လား”

ဟု ပြောလိုက်သည်။

လှပသော ရဲလိနန်ရန်လည်း အလွန်အမင်းရှက်ရွံ့သွားပြီး ပါးပြင်များ ပိုမိုနီမြန်းလာခဲ့သည်။ ဤအရက်သည် ဒီလောက်ပြင်းမည်ဟု သူမ မမျှော်လင့်ခဲ့ပေ။ ပြီးတော့ ဒီလောက်မူးစေနိုင်မည်ဟုလည်း မထင်ခဲ့ပေ။ သူမ မင်းသား၏စံအိမ်မှာ အရက်မသောက်တာ အလွန်ကြာမြင့်ခဲ့ပြီဖြစ်သဖြင့် ပြင်းထန်သော အနံ့ကို သူမသတိမထားမိခဲ့ပေ။ ဤအရက်သည် သူတို့အရင်သောက်ဖူးခဲ့သည့် ကောက်နှံမှထုတ်လုပ်သော အရက်နှင့် လုံးဝမတူညီကြောင်းလည်း သူမမျှော်လင့်မထားခဲ့ချေ။

ထိုအတောအတွင်း ရှောင်ဝမ်ယောင်က ပန်းကန်လုံးကို နောက်တစ်ကြိမ် လုချန်းထံသို့ ကမ်းပေးလိုက်သည်။

“မင်းသား... မင်းသား။ ပန်းကန်လုံး”

လုချန်းက ပန်းကန်လုံးကိုယူလိုက်ပြီး ခပ်ထားသောအရက်ကို ပန်းကန်လုံးထဲသို့ လောင်းထည့်ကာ နည်းနည်းစီ သောက်ကြည့်လိုက်သည်။

ပူပြင်းသော အရသာတစ်ခုသည် ချက်ချင်းပင် သူ၏လည်ချောင်းထဲသို့ ပျံ့နှံ့သွားခဲ့သည်။ ဤအရက် အလွန်ပြင်းသည်မှာ သေချာသည်။ရေရောပြီးမှသောက်သင့်သည်။ ရေမရောပဲ သောက်နိုင်သူ နည်းမည်ဖြစ်သည်။

သို့သော် သူသောက်လိုက်သောအရက်သည် သူ၏ဗိုက်ထဲသို့ရောက်သည်နှင့် ချက်ချင်းပင် အငွေ့ပျံသွားသည်ကို လုချန်း သတိပြုမိလိုက်သည်။ အရက်ငွေ့များက သူ၏သွေးကြောများထဲသို့ မဝင်ရောက်ခဲ့ပေ။

ဒါက...

လုချန်းသည် ချက်ချင်းနားလည်သွားခဲ့သည်။ သူ၏ အဆိပ်ဒဏ်ခံနိုင်‌သော ခန္ဓာကိုယ်က အလုပ်လုပ်နေခြင်းဖြစ်သည်။

လုချန်း၏ ခန္ဓာကိုယ်က အရက်ကို အဆိပ်တစ်မျိုးအဖြစ် သတ်မှတ်ထားသဖြင့် ဗိုက်ထဲရောက်သည်နှင့် တပြိုင်နက် ဓာတ်ပြယ်သွားခဲ့သည်။ အရက်သည် သူ့အပေါ် လုံးဝသက်ရောက်မှုမရှိခဲ့ပေ။

ဆိုလိုသည်မှာ ယခုမှစ၍ သူအရက်ဘယ်လောက်သောက်သောက် ပြဿနာမရှိတော့ပါ။

လုချန်းအတွက် ဤအရာက ကောင်းတာလား ဆိုးတာလား ဆိုတာက မသေချာပေ။

အရက်၏ အဓိကအာနိသင်မှာ အာရုံကြောများကို ထုံထိုင်းစေရန်ဖြစ်သော်လည်း ယခုအခါ သူသောက်သုံးသောအရက်သည် သွေးလှည့်ပတ်မှုထဲသို့ မဝင်ရောက်တော့သဖြင့် အနာဂတ်တွင် မူးယစ်သည့် ခံစားမှုကို သူမသိနိုင်တော့ပေ။

လုချန်း အရက်ကိုစမ်းသောက်ပြီးနောက် မုကျိရွှမ်းက

“မင်းသား၊ အရသာက ဘယ်လိုလဲ” ဟု စိုးရိမ်စွာဖြင့် မေးလိုက်သည်။

လုချန်းက နှုတ်ခမ်းကိုတွန့်လိုက်ပြီး

“အရက်ဓာတ် ပမာဏများတယ်။ ဒီအတိုင်းသောက်ဖို့ သိပ်မသင့်တော်ဘူး။ ရေရောပြီးမှသောက်တာ အကောင်းဆုံးပါ”

ဟု ဖြေလိုက်သည်။

မုကျိရွှမ်းက

“ကျွန်မ နားလည်ပါပြီ မင်းသား။ အရက်ချက်ပညာရှင်တွေနဲ့ တိုင်ပင်ပြီး အရက်ဓာတ် ပမာဏကို လျှော့ချဖို့ ပြောပါမယ်”

ဟု တုံ့ပြန်လိုက်သည်။

မုယောစပါး အရက်ချက်နည်းကို လုချန်းက ပေးခဲ့သည့်အတွက် ထိုနည်းလမ်းနှင့်ပတ်သက်၍ မုကျိရွှမ်း အများကြီးလေ့လာခဲ့ရသည်။ သူမတစ်ဦးတည်းသာမက မင်းသားစံအိမ်မှ အလုပ်သမားများပါ “အရက်ဓာတ် ပမာဏ” ဆိုသည်ကို နားလည်ခဲ့ကြသည်။ ယခင်က လူများအရက်သောက်သည့်အခါ ပြင်းသည်နှင့် ပျော့သည်ကိုသာ ပြောဆိုကြပြီး အရက်ဓာတ် ပမာဏဆိုသည့် အယူအဆမရှိခဲ့ပေ။

အရက်ဓာတ် ပမာဏ အတိုင်းအတာဖြင့် ယခုမှစ၍ အရက်၏ပြင်းထန်မှုကို ပိုမိုတိကျစွာဖော်ပြနိုင်မည်ဖြစ်သည်။

မုယောစပါးအရက်ကို စမ်းသောက်ကြည့်ပြီးနောက် လုချန်းလည်း စာကြည့်ခန်းသို့ပြန်သွားကာ အရာရှိများစာမေးပွဲအတွက် မေးခွန်းများကို ရေးသားနေခဲ့သည်။

ရက်အနည်းငယ်ကြာပြီးနောက်... မင်းသားစံအိမ်မှ ထုတ်လုပ်သော မုယောစပါးအရက်သည် အလွန်အမင်းရောင်းအားကောင်းခဲ့ပြီး မြောက်ပိုင်းနယ်စားမင်းသားစံအိမ်သို့ ကုန်သည်များစွာ အရက်မှာယူရန် လာရောက်ကြသည်။ ကြိုတင်မှာယူမှုများသည် လေးလအထိ စောင့်ဆိုင်းရနိုင်သည်။

အမှန်တွင် ဤခေတ်လူအများစုသည် အရက်ဓာတ်ပမာဏ မြင့်မားသောမုယောစပါးအရက်ကို သောက်သုံးသည့် အလေ့အကျင့် မရှိသော်လည်း ထူးဆန်းသော စိတ်ထားတစ်ခု ရှိနေသည်။ အခြားသူများထက် အရက်ပိုသောက်နိုင်ချင်သည့် စိတ်ဓာတ် ဖြစ်သည်။

မင်းသားစံအိမ်၏ မုယောစပါးအရက် အရက်ဆိုင်ကြီးများသို့ ဝင်ရောက်လာသောအခါ အရက်သောက် ပြိုင်ပွဲများအတွက် ဦးစားပေးရွေးချယ်မှုဖြစ်လာကာ ဆန်အရက်၏ နေရာကို အစားထိုးလိုက်သည်။ အဘယ့်ကြောင့်ဆိုသော် မုယောစပါး အရက်သည် အရက်ဓာတ် ပမာဏပိုမိုမြင့်မားသဖြင့် ပို၍မြန်မြန်ဆန်ဆန် မူးစေနိုင်သောကြောင့်ဖြစ်သည်။

ယခုအခါ အရက်ဆိုင်များတွင် ‌အပြောများနေသည်က ဆန်အရက်သည် မိန်းမတွေသောက်သောအရက်ဖြစ်ပြီး ယောက်ျားစစ်စစ်ဆိုရင် မြောက်ပိုင်းနယ်စားမင်းသားစံအိမ်မှ ချက်လုပ်‌သော မုယောစပါး အရက်ဖြူကိုသောက်နိုင်ရမည်ဖြစ်သည်။

နောက်ထပ် ရက်သတ္တပတ်နှစ်ပတ်အတွင်း မြောက်ပိုင်းနယ်စားမင်းသားစံအိမ်က သူတို့ထုတ်လုပ်သော အရက်ဖြူကို အမည်မပေးရသေးမီပင် အရက်၏ကျော်ကြားမှုသည် ရှနိုင်ငံတော်နှင့် အနီးအနားရှိ နိုင်ငံများတစ်လျှောက် ပျံ့နှံ့သွားခဲ့သည်။

မြောက်ပိုင်းနယ်စားမင်းသားစံအိမ်၏ အရက်ဖြူက မည်မျှပြင်းထန်ပြီး မူးယစ်စေနိုင်ကြောင်း ချူးယုချင် သိသွား‌သောအခါ သူမ၏စိတ်ထဲတွင် အတွေးတစ်ခု ဖြတ်သန်းသွားခဲ့သည်။ ဤအရက်က လုချန်းအား ပြုစုရန် သူမအတွက် လုံလောက်သောအချိန်ကို ပေးနိုင်မှာလားဆိုသည့် အတွေးဖြစ်သည်။

အကယ်၍ ချူးချင်လီကို အရက်မူးသွားအောင်လုပ်နိုင်ပါက ချူးချင်လီ သူမအား အဆက်မပြတ်စောင့်ကြည့်နေနိုင်တော့မည် မဟုတ်တော့ပေ။

..........

အခန်း (၂၉၄)

ညကျရင် ဒေါ်လေးအခန်းကိုလာပါ (၁)

ချူးယုချင်သည် ချူးချင်လီမသိစေပဲ သူမ၏ကတိကို ဖြည့်ဆည်းနိုင်မည့်နည်းလမ်းတစ်ခုကို စဉ်းစားမိပြီး ချက်ချင်းပြင်ဆင်မှုများ စတင်ခဲ့သည်။

ချူးချင်လီသည် အလွန်ပါးနပ်သူဖြစ်ကြောင်း သူမသိထားသည့်အတွက် သူမကို တိုက်ရိုက်မူးအောင်လုပ်ရန် မဖြစ်နိုင်ပဲ သဘာဝကျသောအကြောင်းပြချက်တစ်ခု ရှာဖွေရန် လိုအပ်သည်။

သို့သော် ချူးချင်လီကို မူးအောင်မလုပ်ခင် လုချန်းအား မေးခွန်းတစ်ခု မေးမြန်းရန် သူမ ဆုံးဖြတ်လိုက်သည်။

နံနက်‌စော‌စောအချိန်အခါ။

နူးညံ့သော နေရောင်ခြည်များသည် ပြတင်းပေါက်မှတဆင့် အိပ်ရာပေါ်သို့ ကျရောက်လျက် အလင်းရောင်များ ဖြာကျ‌ပေးနေသည်။

အိပ်ရာပေါ်တွင် အိပ်ပျော်နေသူသည် တဖြည်းဖြည်း နိုးထလာပြီး မျက်လုံးများဖွင့်လိုက်သည်။ ထို့နောက် လုချန်းသည် နူးညံ့သောခေါင်းအုံးထဲသို့ ခေါင်းနှစ်ကာ နမ်းရှိုက်လိုက်သည်။

ဤခေါင်းအုံးတွင် နို့နံ့သင်းသော အနံ့တစ်ခု ရှိနေပြီး အမှန်တကယ်ပင် ကောင်းမွန်လှသည်။

လုချန်း နိုးလာသည်နှင့် ရဲလိနန်ရန်က မကျေမနပ်ဖြစ်နေသော မျက်နှာဖြင့် သူ့ဘက်သို့ ကြည့်နေသည်ကို တွေ့လိုက်ရသည်။ သူက လက်တစ်ဖက်ကို မြှောက်ကာ ရဲလိနန်ရန်၏ ပါးပြင်ကို နှစ်သက်စွာ ပွတ်သပ်ရင်း

“နန်ရန်။ ဘာကြောင့် ဒီလိုမျက်နှာနဲ့ ကြည့်နေတာလဲ။ ကိုယ်ကို စိတ်ဆိုးနေတာလား”

ဟု မေးလိုက်သည်။

“မင်းသားက ကျွန်မရဲ့ခင်ပွန်းပါ။ ကျွန်မ ဘယ်လိုစိတ်ဆိုးနိုင်မလဲ”ရဲလိနန်ရန်က ပြန်ဖြေလိုက်သည်။

“အခုတလော မင်းသားရဲ့ အငွေ့အသက်က ပိုပြင်းထန်လာတယ်ထင်တယ်။ မင်းသားရဲ့အဆင့် တိုးတက်သွားပြီလား။”

အဆင့်ကိုး သိုင်းပညာရှင်တစ်ဦးဖြစ်သည့် ရဲလိနန်ရန်သည် လုချန်း၏ သိုင်းစွမ်းရည် တိုးတက်လာမှုကို အနည်းငယ်သတိထားမိခဲ့သည်။ ယခင်ကထက် ပိုမိုသန်မာလာသည့် လုချန်းကို မြင်ရသည့်အခါ သူအဆင့် တိုးတက်သွားပြီလားဟု သူမ သံသယဝင်မိသည်။

သို့သော် လုချန်းသည် ထိပ်သီးပညာရှင်တစ်ဦးဖြစ်နေတာကြာပြီဖြစ်သည်။ အကယ်၍ သူ၏အဆင့် ထပ်မံတိုးတက်သွားမည်ဆိုပါက သူ အဆင့်လွန် ပညာရှင်ဖြစ်သွားပြိီလား။

အသက် (၁၇) နှစ်အရွယ် အဆင့်လွန် ပညာရှင်လား။ ရဲလိနန်ရန်သည် မယုံကြည်ရဲဖြစ်နေသည်။

သူမ သိုင်းလောကနှင့် ပတ်သက်၍ အနည်းငယ်နားလည်ထားပြီး အသက်(၁၇)နှစ်အရွယ် အဆင့်လွန် ပညာရှင်တစ်ဦးရှိဖူးကြောင်း မည်သည့်အခါမှ မကြားဖူးခဲ့ပေ။

ရဲလိနန်ရန်၏မေးခွန်းကိုကြားလိုက်ရသည့် လုချန်းက ပြုံးရယ်ကာ သူမ၏မျက်လုံးများကိုကြည့်ရင်း

“ကိုယ်ရဲ့အဆင့် တိုးတက်ပြီလား မတိုးတက်ဘူးလား မင်းကိုယ်တိုင် မခံစားမိဘူးလား” ဟု ပြန်လည်မေးလိုက်သည်။

လုချန်းက ပြန်လည်မေးခွန်းထုတ်လိုက်‌ တော့ ရဲလိနန်ရန် ရင်တုန်သွားခဲ့သည်။ လုချန်း၏အဆင့် အမှန်တကယ်တိုးတက်သွားပြီလား။ သူအဆင့်လွန် ပညာရှင်ဖြစ်သွားပြီလား။

အသက်၁၇နှစ်အရွယ် အဆင့်လွန် ပညာရှင်....

ဘုရားသခင်...

ရဲလိနန်ရန်၏မျက်နှာသည် အံ့အားသင့်မှုကြောင့် နီမြန်းသွားခဲ့သည်။

လုချန်းသည် အဘယ်ကြောင့် ပို၍ခံ့ညားလာပြီး ခန္ဓာကိုယ်ပိုမိုသန်မာလာသည်ကို သူမ နားလည်သွားခဲ့သည်။ သူသည် အမှန်ပင် အဆင့်လွန် ပညာရှင်အဆင့်သို့ ရောက်ရှိသွားခြင်းဖြစ်သည်။

နောင်တစ်ချိန်တွင် လုချန်း နွေဦးအသံအဆောင်သို့ လာပါက ရှောင်ဝမ်ယောင်ကိုပါ ခေါ်ထားရန် လိုအပ်မည်ဖြစ်သည်။ သို့သော် သူမသည် အသက်ကြီးလာပြီဖြစ်သဖြင့် အချို့သောကိစ္စများကို ပြောရန် ရှက်ရွံ့နေမိပြီး လူများက သူမအား မရှက်တတ်သူဟု စွပ်စွဲမည်ကိုလည်း စိုးရိမ်နေမိသည်။

ရဲလိနန်ရန် တွေးတောနေသည်ကို မြင်လိုက်ရသည့် လုချန်းက

“တကယ်ပါ။ ကိုယ်က အခု အဆင့်လွန် ပညာရှင်ဖြစ်နေပြီ နန်ရန်။ မင်းအံ့အားသင့်စရာမလိုပါဘူး” ဟု ပြောလိုက်သည်။

ရဲလိနန်ရန် လက်တွေ့ဘဝသို့ ပြန်လည်ရောက်ရှိလာပြီး

“ မောင်းမ ထပ်ယူဖို့ စဉ်းစားလား မင်းသား” ဟု စမ်းသပ်မေးမြန်းကြည့်လိုက်သည်။

ယခင်ကဆိုလျှင် ရဲလိနန်ရန် ထိုကဲ့သို့စကားမျိုး မပြောဝံ့ခဲ့မည် မဟုတ်ပေ။ အဘယ့်ကြောင့်ဆိုသော် မင်းသား မောင်းမယူခြင်းသည် အဓိကအားဖြင့် မိဖုရား၏ကိစ္စဖြစ်ပြီး သာမန်မယားတစ်ဦးအနေဖြင့် ဤကဲ့သို့စကားမျိုး ပြောဆိုရမည့် အနေအထား မဟုတ်ပါ။

သို့သော် ယခုအခါတွင် သူမသည် လုချန်းနှင့် အလွန်ရင်းနှီးကျွမ်းဝင်နေပြီဖြစ်သဖြင့် ယခင်ကကဲ့သို့ သတိထားနေစရာ မလိုတော့ပေ။ မင်းသားစံအိမ်မှ ဇနီးမယားများသည် အလွန်ညီညွတ်ကြပြီး လုချန်းအား မောင်းမထပ်ယူရန် တောင်းဆိုခြင်းဖြင့် မိဖုရားက သူမအား ဒုက္ခပေးမည် မဟုတ်ပေ။

လုချန်း ထိပ်သီးပညာရှင်အဆင့်တွင် ရှိစဉ်ကတည်းက မင်းသားစံအိမ်၏ အတွင်းဆောင်ရှိ အမျိုးသမီးများသည် သူ၏လိုအပ်ချက်များကို မဖြည့်ဆည်းနိုင်တော့ပေ။ ယခုအခါတွင် မုကျိရွှမ်းနှင့် ကျောင်းညီအစ်မနှစ်ဦးလည်း ကိုယ်ဝန်ရှိနေပြီဖြစ်ပြီး လုချန်းသည်လည်း အဆင့်လွန် ပညာရှင်အဆင့်သို့ ရောက်ရှိသွားခဲ့သည်။

လုချန်းအတွက်ရော အတွင်းဆောင်ရှိ အမျိုးသမီးများအတွက်ပါ မောင်းမများ ထပ်မံယူသင့်ပြီဖြစ်သည်။

ရဲလိနန်ရန်၏စကားကို ကြားလိုက်ရသည့် လုချန်းက ပြုံးရယ်ကာ

“ဘာကိုဆိုလိုတာလဲ နန်ရန်။ မင်းက ကိုယ့်ကို မပြုစုချင်တော့လို့ မောင်းမတွေ ထပ်ယူဖို့ တိုက်တွန်းနေတာလား”

ဟု မေးလိုက်သည်။

စကားပြောရင်း လုချန်းက သူ၏လက်တစ်ဖက်ကို ဆန့်ထုတ်ကာ ရဲလိနန်ရန်၏ မေးစေ့ကို မြောက်လိုက်ပြီး ညင်သာစွာ ပွတ်သပ်ပေးလိုက်သည်။

ရဲလိနန်ရန်က မျက်နှာနီမြန်းလျက်

“ကျွန်မ ဒီလိုမဆိုလိုပါဘူး။ မင်းသားက အရမ်းသန်မာတယ်။ ကျွန်မက... ကျွန်မက..။”

ရဲလိနန်ရန် စကားဆက်မပြောဝံ့ခဲ့ပေ။

လုချန်းက ရယ်မောကာ

“မောင်းမထပ်ယူမယ့် ကိစ္စကို မင်းစိုးရိမ်စရာမလိုပါဘူး။ အချိန်ကျရင် ဖြစ်လာမှာပါ။”

ထိုစကားပြောပြီးနောက် လုချန်းက ရဲလိနန်ရန်၏ တင်ပါးကို လက်ဖြင့် ပုတ်လိုက်ကာ “မင်းမခံနိုင်ဘူးဆိုရင် ကိုယ်ကလေးကို အမြန်ဆုံးရအောင် ကြိုးစား။ ဒါဆိုရင် ကိုယ်နေ့တိုင်းလာမှာကို မင်းစိုးရိမ်စရာမလိုတော့ဘူး” ဟု ဆက်ပြောလိုက်သည်။

လုချန်း၏ စကားကို ကြားလိုက်ရသော ရဲလိနန်ရန်မှာ အတန်ငယ် မျှော်လင့်ချက်ကင်းမဲ့သွားသည်။ သူမလည်း လုချန်း၏ သားသမီးကို အမြန်ဆုံးရလိုသော်လည်း အဆင့်မြင့် သိုင်းပညာရှင်များအတွက် ကိုယ်ဝန်ရရှိရန် အလွန်ခက်ခဲသည်။

သူမသည် မင်းသားစံအိမ်တွင် ဤမျှကြာမြင့်စွာ နေထိုင်ခဲ့ပြီး လုချန်းနှင့် မရေမတွက်နိုင်အောင် ချစ်ခင်ခဲ့သော်လည်း ကိုယ်ဝန်မရသေးပေ။ ရှောင်ဝမ်ယောင်လည်း ထိုနည်းတူပင်။

ထိုအချိန်တွင် ရဲလိနန်ရန်က

“နားလည်ပါပြီ။ မင်းသားရဲ့ ကလေး ရရှိအောင် အပြည့်အဝ ကြိုးစားပါမယ်။”

ထို့နောက် လုချန်းသည် ရဲလိနန်ရန်၏ ကိုယ်ကို လွှတ်ပေးလိုက်ပြီး အိပ်ရာမှ ထလိုက်၏။ ရဲလိနန်ရန်လည်း အလျင်အမြန် လိုက်ထပြီး လုချန်းအား အဝတ်အစားများ ဝတ်ဆင်ပေးလိုက်သည်။

အဝတ်ဝတ်ပြီးနောက် ပင်မဆောင်သို့ နံနက်စာစားရန် သွားမည်ဟု စိတ်ကူးထားသော်လည်း နွေဦးအသံဆောင်တွင်ရှေ့တွင် ပေါ်ထွက်လာသည့် ရင့်ကျက်လှပနေသော အမျိုးသမီးတစ်ဦးကို တွေ့လိုက်ရသည်။

ချူးယုချင်သည် အပြာဖျော့ရောင် ရှည်လျားသော ဝတ်စုံကို ဝတ်ဆင်ထားပြီး ခါးပတ်ကြိုးက သူမ၏ ခန္ဓာကိုယ်အနေအထားကို ပိုမိုထင်ရှားစေသည်။ သူမသည် နွေဦးအသံဆောင်၏ တံခါးဝတွင် စိုးရိမ်ပူပန်နေ သကဲ့သို့ ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေသည်။

လုချန်းက

“ဒေါ်လေးချူး။ ကျွန်တော်ကို စောင့်နေတာလား”

ဟု မေးလိုက်သည်။

လုချန်း၏ အသံကို ကြားလိုက်ရသောအခါ ချူးယုချင်လည်း အတွေးထဲမှ နိုးထလာကာ သူမ၏ မျက်နှာလည်း အနီရောင်သန်းသွားသည်။ သူမက လုချန်း၏ မျက်လုံးများကို ကြည့်လိုက်ကာ

“ချန်းလေး။မင်းကို တစ်ခုမေးချင်တယ်” ဟု ပြောလိုက်သည်။

အံ့အားသင့်သွားသော လုချန်းက

“ဘာပါလဲ”

ဟု ပြန်မေးလိုက်သည်။

ချူးယုချင်ကမေးလိုက်သည်။

“မင်းရဲ့ ထာဝရတန်ခိုးရှင်ကျင့်စဉ်က အရက်မူးနေတဲ့သူကို ပြန်ကောင်းအောင် လုပ်ပေးနိုင်လား”

ထိုစကားကို ကြားလိုက်ရသော လုချန်း ခဏတာမျှ ရပ်တန့်သွားသည်။

..........

All Chapters