← Chapters

အခန်း ၂၉၅-၂၉၇

Vol. 20 Ch. 295-297

အခန်း ၂၉၅-၂၉၇

Vol. 20 Ch. 295-297

အခန်း (၂၉၅)

ညကျရင် ဒေါ်လေးအခန်းကိုလာပါ (၂)

ချူးယုချင်က ဘာလို့ဒီလို မေးခွန်းကို အကြောင်းမဲ့ မေးနေရတာလဲ။

လုချန်းက ချူးယုချင်ကို ရှုပ်ထွေးစွာ ကြည့်ရင်း

“ဒေါ်လေးချူး မနက်ကတည်းက အရက်သောက်ထားတာလား” ဟု မေးလိုက်သည်။

ချူးယုချင်က “မသောက်ပါဘူး။ မေးကြည့်တာပါ” ဟု ဖြေလိုက်သည်။

လုချန်းက

“ကျွန်တော်ရဲ့ ထာဝရတန်ခိုးရှင်ကျင့်စဉ်က အရက်မူးနေသူကို ပြန်လည်သတိရစေနိုင်ပါတယ်။ ဒါပေမဲ့ ဒေါ်လေးချူး ဘာကြောင့် ဒီမေးခွန်းကို မေးနေတယ်ဆိုတာ နားမလည်ဘူး”

ဟု ပြောလိုက်သည်။

ထိုအခါ ချူးယုချင်က လုချန်းထံ ပိုမိုနီးကပ်စွာ ချဉ်းကပ်လာပြီး နားနားကပ်၍

“ချန်းလေး။ ညကျရင် ဒေါ်လေးအခန်းကို လာခဲ့။ တိုင်ပင်စရာရှိတယ်”

ဟု ခပ်တိုးတိုးပြောလိုက်သည်။

ချူးယုချင် ရုတ်တရက် နီးကပ်လာသည်နှင့် ချက်ချင်းပင် နူးညံ့သောရနံ့တစ်ခုကို လုချန်း ရှုမိလိုက်ရသည်။ ထိုရနံ့က သူ့ကို အလွန်တုန်လှုပ်စေခဲ့သည်။ ထိုရနံ့မှာ စိတ်လှုပ်ရှားနေသော အမျိုးသမီး၏ ရနံ့ဖြစ်သည်။

ချူးယုချင်၏ ရည်ရွယ်ချက်ကို လုချန်း နားလည်သကဲ့သို့ ဖြစ်သွားသည်။ သူမသည် နောက်ဆုံးတွင် ဆုံးဖြတ်ချက်ချမိပြီဟု ထင်ရသည်။ သို့သော် အရက်မူးနေသူကို ပြန်လည်သတိရစေခြင်းနှင့် ပတ်သက်သော သူမ၏မေးခွန်းမှာ သူ့ကို ရှုပ်ထွေးနေစေဆဲဖြစ်သည်။

သူတို့လုပ်မည့်အရာနှင့် အရက်က ဘာများသက်ဆိုင်မှုရှိလို့လဲ။ သက်ဆိုင်မှုရှိမည် မဟုတ်ဟု ထင်ရသည်။

စကားပြောပြီးနောက် အရင်က တစ်ခါမှ မကြုံတွေ့ဖူးသော ရှက်ရွံ့မှုကို ချူးယုချင် ခံစားလိုက်ရသည်။ သူမ၏ ပါးပြင်များမှာ နီရဲလာပြီး ဖြူစင်သော လည်ပင်းအထိ ပျံ့နှံ့သွားကာ နားရွက်ထိပ်များပါ နီရဲသွားသည်။ ဤရှက်ရွံ့နေသော မိန်းမလှကို မြင်ရသည့်အခါ လုချန်း၏ ညတုန်းက ငြိမ်သက်သွားခဲ့သော မီးက ပြန်လည်တောက်လောင်လာသည်။

သို့သော် လုချန်းက အခွင့်အရေးယူမည် မဟုတ်ပေ။ သူ၏စိတ်ကို ထိန်းချုပ်ကာ

“ကျွန်တော် သိပါပြီ”

ဟု ပြောလိုက်သည်။

ထိုစဉ် ချူးယုချင် ချက်ချင်းလှည့်ထွက်သွားခဲ့သည်။ တစ်နည်းအားဖြင့် မြေကြီးထဲ ဝင်ပုံးစရာ ရှာနေသကဲ့သို့ ထွက်ပြေးသွားခဲ့သည်။

အိမ်ထောင်ရှိဖူးသော အမျိုးသမီးတစ်ဦးက လုချန်းအား သူမ၏အခန်းသို့ ဖိတ်ခေါ်ခဲ့သည်။ အကယ်၍ ဤသတင်း ပျံ့နှံ့သွားပါက သူမ၏အကြောင်း လူတွေ မည်သို့ပြောဆိုကြမည်ကို သူမမှန်းဆ၍မရပေ။

ချူးယုချင်၏ ထွက်ခွာသွားသော ပုံရိပ်ကို ကြည့်ရင်း လုချန်း၏ နှုတ်ခမ်းထောင့်များ အနည်းငယ်မြှင့်တက်လာသည်။ ဤညတွင် ကောင်းသောအရာတစ်ခုခု ဖြစ်ပျက်တော့မည်ဟု ညွှန်ပြနေသည်။

ထိုအချိန်တွင်။ ဆူဖုန်းမြို့။ တုန်းဖန်မိသားစု၏ အစည်းအဝေးခန်းမ။

ခန်းမ၏ ပင်မထိုင်ခုံတွင် မီးခိုးရောင်ဝတ်စုံဝတ်ဆင်ထားသော ရှည်လျားသော မုတ်ဆိတ်မွေးရှိသည့် သက်လတ်ပိုင်း ယောက်ျားတစ်ဦး ထိုင်နေသည်။

ထိုယောက်ျား၏ ညာဘက်တွင် အိမ်ရှေ့မင်းသားကြီး၏ လူယုံတော် ဝမ်ယုံထိုင်နေ၏။ ဝမ်ယုံသည် တောင်ပိုင်းမှ ပါရမီရှင် လူငယ်ငါးဦးအနက်မှ တစ်ဦးဖြစ်ကာ ဝမ်မိသားစု၏ နောက်လာမည့် မိသားစုအကြီးအကဲဖြစ်ရန် အလားအလာအရှိဆုံးလည်း ဖြစ်သည်။

ထိုအချိန်တွင် တုန်းဖန်ယီကမေးမြန်းလိုက်သည်။

“ဝမ်သခင်လေး ကျွန်တော်တို့ တုန်းဖန်မိသားစုဆီ ဒီတစ်‌ခေါက် လာရောက်ရတဲ့ အကြောင်းရင်းကို သိလိုပါတယ်။ အိမ်ရှေ့မင်းသားဆီက အမိန့်တော် တစ်စုံတစ်ရာ ရှိပါသလား”

ဝမ်ယုံက ဘေးမှ လက်ဖက်ရည်ခွက်ကို ကောက်ယူပြီး အနည်းငယ်သောက်ကာ ပြုံးရယ်လျက်

“တကယ်တော့ အဲ့ဒီလို မဟုတ်ပါဘူး။ ကျွန်တော်က အိမ်ရှေ့မင်းသားကိုယ်စား အကြောင်းတစ်ခုကို မေးမြန်းဖို့ အဓိကလာတာပါ။”

ထိုစကားကို ကြားလိုက်ရသောအခါ တုန်းဖန်ယီက စိတ်ဝင်စားစွာဖြင့် မေးလိုက်သည်။

“အိုး။ ပြောပြပါဦး ဝမ်သခင်လေး။”

ဝမ်ယုံက တိုက်ရိုက်ရှင်းပြလိုက်သည်။

“တုန်းဖန်မိန်းကလေးက အခုထိ အိမ်ထောင်မပြုရသေးဘူးမဟုတ်လား။”

ထိုစကားကို ကြားလိုက်ရသော တုန်းဖန်ယီ၏ မျက်ခုံးများ နဖူးတွန့်သွားပြီး သူ၏မျက်နှာလည်း အနည်းငယ် မှောင်မည်းသွားသည်ဟု ထင်ရသည်။

သူက ဆက်မေးလိုက်သည်

“အိမ်ရှေ့မင်းသားက ကျွန်တော့်သမီးကို စိတ်ဝင်စားနေတာလား။”

ဝမ်ယုံက

“ဟုတ်ပါတယ်။ တုန်းဖန်မိန်းကလေးက စာပေရော သိုင်းပညာပါ ကျွမ်းကျင်တယ်။ သူ့ကို မနှစ်သက်တဲ့ ယောက်ျားမရှိပါဘူး။ အိမ်ရှေ့မင်းသားက တောင်ပိုင်းကဗျာပွဲတစ်ခုမှာ တုန်းဖန်မိန်းကလေးကို တစ်ခါမြင်ပြီးကတည်းက သူ့အကြောင်းပြောတာကို မရပ်တန့်နိုင်တော့ဘူး။”

တုန်းဖန်ယီက

“ဝမ်သခင်‌လေး။ ကျွန်တော့်သမီးက အရမ်းပျော်ပျော်နေတတ်ပြီး စရိုက်ကလည်း အတော် ဇွတ်တရွတ်နိုင်တယ်။ အိမ်ရှေ့မင်းသားနဲ့ လိုက်ဖက်မယ်မထင်ပါဘူး။”

“နေပြည်တော်မှာ အမြဲရှိနေတဲ့ အိမ်ရှေ့မင်းသားက သူ့ကို တကယ်နားမလည်နိုင်ဘူး။ ဒါပေမဲ့ ဝမ်သခင်လေးကတော့ သိပါတယ် တောင်ပိုင်းက ပညာတတ် လူငယ်ဘယ်နှစ်ယောက်လောက် ကျွန်တော့်သမီး ခြေထောက်ချိုးတာ ခံရတယ်ဆိုတာ။ နှစ်စဉ်နှစ်တိုင်း ဒီလိုကိစ္စတွေအတွက် ကျွန်တော် လျော်ကြေးဘယ်လောက်ပေးနေရမှန်းတောင် မသိတော့ဘူး။”

တုန်းဖန်ယီ၏သမီး တုန်းဖန်လုံယွဲ့သည် တကယ်ပင် အလွန်လှပသော အမျိုးသမီးဖြစ်ပြီး တောင်ပိုင်း၏ အလှဆုံးအလှမယ်ဟုတောင် အခေါ်ခံရသည်။ ကဗျာနှင့် စာပေတွင်သာမက သိုင်းပညာတွင်လည်း ထူးချွန်သူဖြစ်သည်။ စူဖုန်းမြို့တွင် သူမကိုမြင်ဖူးသူ ယောက်ျားအများစုသည် သူ့အပေါ် မသင့်လျော်သော အတွေးများ ဖြစ်ပေါ်လာတတ်သည်။

ထို့အပြင် လက်ထပ်ရန် ကမ်းလှမ်းသူ များစွာရှိသော်လည်း တုန်းဖန်လုံယွဲ့ကိုယ်တိုင် အားလုံးကို ခြွင်းချက်မရှိ ပယ်ချခဲ့သည်။ လက်ထပ်ရေးသည့်ကိစ္စတွင် တုန်းဖန်ယီသည် အဖေဖြစ်သော်လည်း မပြောနိုင်ခဲ့ပေ။ တုန်းဖန်လုံယွဲ့က လက်မထပ်ဘူးဟု ဆိုလျှင် သူဘာမှ ပြော၍မရပါ။

တိုက်ရိုက်တောင်းခံ၍မအောင်မြင်သော အချို့သော ပညာတတ်လူငယ်များသည် သူတို့၏ပညာဖြင့် တုန်းဖန်လုံယွဲ့ကို ဖြားယောင်းရန် ကြိုးစားကြသည်။ သို့သော် နောက်ဆုံးတွင် သူတို့၏ခြေထောက်များကို တုန်းဖန်လုံယွဲ့က ကျိုးစေခဲ့သည်။

သို့သော်လည်း တုန်းဖန်လုံယွဲ့ကို ချစ်မြတ်နိုးသူများစွာ ရှိနေဆဲဖြစ်သည်။ သူမသည် ယောက်ျားများကို လိုက်လျောစွာဆက်ဆံခြင်း မရှိသောကြောင့် ထိုပညာတတ်များက သူမကို ပို၍စိတ်ဝင်စားလာကြသည်။ သူမသည် အထူးပုဂ္ဂလိုလ်တစ်ဦးအတွက် မိမိကိုယ်ကို သန့်ရှင်းစွာထားသည်ဟု ယူဆကြသည်။

တောင်ပိုင်းပညာတတ် လူငယ်များသည် တုန်းဖန်လုံယွဲ့ကို အလွန်အမင်း စွဲလမ်းနေကြသည်ဟု ဆိုနိုင်သည်။

သို့သော် တုန်းဖန်မိသားစုသည် တောင်ပိုင်း၏ တတိယအကြီးဆုံး အာဏာရှိမိသားစုဖြစ်သည်။ တုန်းဖန်လုံယွဲ့၏ ခန္ဓကိုယ်ကို တောင့်တကြသော်လည်း မသမာသောနည်းလမ်းများဖြင့် မည်သူမှ မကြိုးစားဝံ့ကြပေ။

အိမ်ရှေ့မင်းသားက သူ၏သမီးကို အဘယ်ကြောင့်စိတ်ဝင်စားနေသည်ကို တုန်းဖန်ယီ နားမလည်နိုင်ခဲ့ပေ။ သူကိုယ်တိုင်ပင် သူမ၏အပြုအမူများကို ခေါင်းခြောက်နေရသည်။ သူမသာ အိမ်ရှေ့စံအိမ်သို့ရောက်လျှင် အိမ်တော်ကိုပင် မောက်ခုံလှန်ပစ်နိုင်သည်။

ထို့အပြင် သူတို့မိသားစုသည် တောင်ပိုင်းရှိ သာမန်အာဏာရှိမိသားစုများနှင့် အနည်းငယ်ကွဲပြားသည်။ သူ၏သမီးသည် ဆွမ်နိုင်ငံတော်၏ တော်ဝင်မျိုးနွယ်နှင့် လက်ထပ်ရန် မသင့်တော်ပေ။ အဘယ်ကြောင့်ဆိုသော် သူတို့မိသားစုတွင် အထူးတာဝန်တစ်ခုရှိ နေသောကြောင့်ဖြစ်သည်။

တုန်းဖန်ယီ၏ စကားကို ကြားလိုက်ရသောအခါ ဝမ်ယုံက အနည်းငယ်ပြုံးလိုက်ပြီး ဆက်ပြောလိုက်သည်။

“တုန်းဖန်မိန်းကလေးက ဉာဏ်ကောင်းပြီး သွက်လက်တယ်။ အိမ်ရှေ့မင်းသားနှင့် လက်ထပ်ပြီးနောက်ပိုင်း သူ့ကိုယ်သူ ထိန်းသိမ်းတတ်လာမယ်လို့ ယုံကြည်ပါတယ်။”

တုန်းဖန်ယီ၏ မလိုလားသော သဘောထားကို မြင်ရသော ဝမ်ယုံက ဆက်ပြောလိုက်သည်။

“တုန်းဖန်မိန်းကလေးဟာ အိမ်ရှေ့မင်းသားနှင့် လက်ထပ်လို့ နောက်ပိုင်းမှာ မိဖုရား မဖြစ်နိုင်ပေမဲ့ သူ့ရဲ့ အဆင့်အတန်းက နိမ့်ကျမှာမဟုတ်ပါဘူး။ ဒါက တုန်းဖန်မိသားစုအတွက် ကြီးမားတဲ့ အခွင့်အရေးတစ်ခုပါ။”

အိမ်ရှေ့မင်းသား၏ မိဖုရားကို ယေဘုယျအားဖြင့် ဧကရာဇ်က သတ်မှတ်ပေးလေ့ရှိ၏။ တစ်ဖက်တွင် ဆွမ်ဧကရာဇ်သည် တောင်ပိုင်းအာဏာရှိမိသားစုမှ အမျိုးသမီးတစ်ဦးကို အိမ်ရှေ့စံ၏ ဇနီးအဖြစ် သတ်မှတ်ရန် မဖြစ်နိုင်ပေ။ အခြားတစ်ဖက်တွင် ဝမ်မိသားစုကလည်း တုန်းဖန်လုံယွဲ့ အိမ်ရှေ့စံဇနီးဖြစ်လာရန် ခွင့်မပြုနိုင်ပေ။

ဝမ်မိသားစုသည် သူတို့၏ သမီးတစ်ဦးကို လုရှုယွမ်ထံသို့ ပို့၍ တစ်နေ့တွင် မိဖုရားဖြစ်စေလိုသည်။

ဝမ်ယုံ၏ စကားကို ကြားလျှင် တုန်းဖန်ယီကသက်ပြင်းချလိုက်ကာ

“ဝမ်သခင်လေး ကျွန်တော့်သမီး အိမ်ရှေ့စံရဲ့ ချစ်ခြင်းမေတ္တာကို ခံစားရတဲ့အတွက် ဂုဏ်ယူစရာပါပဲ။ ဒါပေမဲ့ သူ့ရဲ့ စရိုက်သဘာဝက နန်းတွင်းမှာ နေထိုင်ဖို့ လုံးဝမသင့်တော်ပါဘူး။ အကယ်၍ သူနန်းတွင်းကို ဝင်ရောက်ခဲ့ရင် တစ်နေ့မှာ တုန်းဖန်မိသားစုတစ်ခုလုံးကို ဒုက္ခရောက်စေနိုင်ပါတယ်။ ဝမ်သခင်လေးက ဒီအကြောင်းကို အိမ်ရှေ့စံထံ ပြောကြားပေးမယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်။ ဒါမှသာ ကျွန်တော်တို့ရဲ့ အနေအထားကို သူနားလည်ပေးမှာ ဖြစ်ပါတယ်” ဟု ပြောလိုက်သည်။

တုန်းဖန်ယီ သိမြင်လိုက်သည်မှာ ဝမ်မိသားစုက တုန်းဖန်လုံယွဲ့ကို အိမ်ရှေ့စံနှင့် လက်ဆက်ပေးရန် ဤမျှ အလျင်စလို လုပ်ဆောင်နေခြင်းမှာ တုန်းဖန်မိသားစုကို သူတို့၏ ရည်မှန်းချက်များနှင့် ခိုင်ခိုင်မာမာချည်နှောင်လိုခြင်းကြောင့် ဖြစ်သည်။

တုန်းဖန်မိသားစုသည် တောင်ပိုင်း အာဏာရှိ မိသားစုများထဲမှ တစ်ခုဖြစ်သော်လည်း အလွန်ထူးခြားသည်။ ထိုမိသားစု၏ ဧကရာဇ်အပေါ် သဘောထားမှာ တည်ငြိမ်မှုမရှိသဖြင့် ဝမ်မိသားစုအတွက် အနည်းငယ် စိုးရိမ်ဖွယ်ဖြစ်နေသည်။

အကယ်၍ တုန်းဖန်လုံယွဲ့ကို လုရှုယွမ်နှင့် လက်ဆက်ပေးနိုင်ပါက သူတို့တစ်ဖွဲ့တည်း ဖြစ်သွားမည်ဖြစ်ပြီး တုန်းဖန်မိသားစုသည်လည်း သူတို့နှင့်အတူ ပါဝင်လှုပ်ရှားရမည်ဖြစ်သည်။

ဝမ်ယုံက ဆက်လက်၍

“တုန်းဖန်မိသားစု အကြီးအကဲ။ တုန်းဖန်မိသားစုဟာ လွန်ခဲ့တဲ့ နှစ်တစ်ရာကမှ ဆူဖုန်းမြို့ကို ပြောင်းရွှေ့လာခဲ့ပြီး တောင်ပိုင်းမှာ မြေယာအများအပြား မပိုင်ဆိုင်ပါဘူး။ ကုန်သွယ်ရေးကိုပဲ အဓိကထား လုပ်ကိုင်နေတာဆိုတော့ အခြေခံအုတ်မြစ် ခိုင်မာမှု မရှိပါဘူး။ မိသားစုရဲ့ အဆင့်အတန်းကို မြှင့်တင်ပြီး ဩဇာအာဏာကို ခိုင်မြဲစေဖို့ ခင်ဗျား စဉ်းစားဖူးလား” ဟု ပြောလိုက်သည်။

“အိမ်ရှေ့မင်းသားဟာ တုန်းဖန်မိန်းကလေးကို အလွန်နှစ်သက်ပါတယ်။ သူ ထီးနန်းဆက်ခံတဲ့အခါ တုန်းဖန် မိန်းကလေး မိဖုရားမဖြစ်နိုင်‌ပေမဲ့ သူ့ရဲ့ ချစ်ခြင်းမေတ္တာကြောင့် တုန်းဖန်မိသားစုကို အထူးကျေးဇူးပြုမှာဖြစ်ပြီး အကျိုးအမြတ်တွေလည်း ပေးမှာပါ။ တုန်းဖန်မိသားစု အကြီးအကဲ ခင်ဗျားတို့ မိသားစုဟာ အမြဲတမ်း နန်းတွင်းကို ဝင်ရောက်ချင်တဲ့ ဆန္ဒရှိပေမဲ့ အခွင့်အလမ်း မရှိခဲ့တာ ကျွန်တော် သိပါတယ်။ အခု အခွင့်အလမ်း ရောက်လာတုန်းမှာ ခင်ဗျားအနေနှင့် ဒီအခွင့်အရေးကို အရယူဖို့ လိုအပ်ပါတယ်”

ဟု ထပ်မံပြောလိုက်သည်။

ဝမ်ယုံ၏ စကားကို ကြားလျှင် တုန်းဖန်ယီက “ကျွန်တော် ဒီကိစ္စကို သမီးနှင့် တိုင်ပင်ဖို့ လိုအပ်ပါတယ်။ သူရဲ့ အမြင်ကို သိဖို့က အရေးကြီးပါတယ်။ ဒါက သူရဲ့ တစ်သက်တာ ပျော်ရွှင်မှုနှင့် သက်ဆိုင်နေတော့ ဆုံးဖြတ်ချက်ကို သူကိုယ်တိုင် ချသင့်ပါတယ်” ဟု ပြောလိုက်သည်။

တုန်းဖန်ယီ၏ စကားကို ကြားလျှင် ဝမ်ယုံ၏ မျက်ခုံးများ အနည်းငယ် တွန့်သွားသည်။ တုန်းဖန်ယီ အချိန်ဆွဲနေသည်မှာ ထင်ရှားနေသည်။

ဤခေတ်တွင် မိဘ၏ အမိန့်နှင့် လက်ထပ်ခြင်းသည် သာမန်ဖြစ်ရိုးဖြစ်စဉ်ပင် ဖြစ်သည်။ သားသမီး၏ အမြင်ကို မေးမြန်းရန် မလိုအပ်ပေ။ အထူးသဖြင့် သမီးမိန်းကလေးတစ်ဦး၏ လက်ထပ်ရေးကိစ္စတွင် အမျိုးသမီး၏ ဆန္ဒကို များသောအားဖြင့် ထည့်သွင်းစဉ်းစားလေ့ မရှိပေ။

သို့သော်လည်း တုန်းဖန်ယီကို စိတ်မဆိုးစေချင်သဖြင့် ဝမ်ယုံက ဆက်လက်တိုက်တွန်းခြင်း မပြုတော့ပဲ ထလိုက်ကာ

“ကောင်းပါပြီ။ တုန်းဖန်မိသားစုအကြီးအကဲနှင့် တုန်းဖန်မိန်းကလေးတို့ ဆုံးဖြတ်ချက်ချပြီးတဲ့ အခါကျရင် ကျွန်တော့်ဆီ သတင်းပို့ပေးပါ။ ကျွန်တော်သည် ဆူဖုန်းမြို့မှာ ရှိနေဦးမှာပါ။”

“ဒီနေ့တော့ ကျွန်တော့်ကို ခွင့်ပြုပါဦး” ဟု ဆိုကာ ထွက်ခွာသွားလေသည်။

ထိုစကားများနှင့်အတူ ဝမ်ယုံလည်း ခန်းမ၏အပြင်ဘက်သို့ ထွက်သွားတော့သည်။ ထိုအချိန်တွင် တုန်းဖန်ယီက လှမ်း၍

“ကောင်းကောင်းသွားပါ ဝမ်သခင်လေး။ ကျွန်တော့်သမီး ဆုံးဖြတ်ချက်ချပြီးတာနဲ့ ခင်ဗျားဆီ သတင်းပို့ပါမယ်” ဟု အော်ပြောလိုက်သည်။

မကြာမီ ဝမ်ယုံလည်း တုန်းဖန်အိမ်တော်၏ အပြင်ဘက်သို့ ရောက်သွားခဲ့သည်။

ဝမ်ယုံ၏ အရိပ်အယောင်လုံးဝ ပျောက်ကွယ်သွားသည်နှင့် တုန်းဖန်ယီ၏မျက်နှာ မည်း‌ မှောင်သွားသည်။ ထို့နောက် သူသည် အနောက်ဘက်ခြံဝင်းအတွင်းသို့ သွားရောက်ကာ သမီးဖြစ်သူ တုန်းဖန်လုံယွဲ့အား ထိုကိစ္စကို ပြောပြလိုက်သည်။

...........

အခန်း (၂၉၆)

တုန်းဖန်လုံယွဲ့ (၁)

တုန်းဖန်မိသားစု၏ အတွင်းဆောင်တစ်ခုတွင် ခရမ်းရောင် မိုးတိမ်ဝတ်စုံကို ဝတ်ဆင်ထားသော အမျိုးသမီးတစ်ဦးသည် အဆောင်ငယ်တစ်ခုအတွင်း၌ ရပ်လျက် စက္ကူပေါ်တွင် စုတ်တံဖြင့် ရေးဆွဲနေသည်။

ထိုအမျိုးသမီး၏ ဆံပင်မှာ တိမ်တိုက်ကဲ့သို့ မြင့်မားစွာ ထုံးဖွဲ့ထားပြီး အနက်ရောင် ဆံပင်များသည် ရေတံခွန်ကဲ့သို့ ခါးအထိ ကျနေကာ ကျောက်စိမ်းတုံးကဲ့သို့ ခန့်ညားစွာ ရပ်နေသည်။ သူမသည် နတ်သမီးတစ်ပါးကဲ့သို့ လှပလွန်းလှသည်။

ထိုအချိန်တွင် တစ်ဖက်တွင် ရပ်နေသော တုန်းဖန်ယီက

“ယွဲ့လေး။ ဖခင်ကို ပြောစမ်းပါ။ဘာတွေတွေးနေတာလဲ” ဟု မေးလိုက်သည်။

တုန်းဖန်လုံယွဲ့က စုတ်တံကို မရပ်ဘဲ ဆက်လက်ရေးဆွဲရင်းပြန်မေးလိုက်သည်။

“ဖခင်။ သူ အိမ်ရှေ့စံအဖြစ်နဲ့ မကြာဘူးဆိုတာ သိတယ်မဟုတ်လား”

တုန်းဖန်ယီက

“သူက အိမ်ရှေ့စံအဖြစ် မကြာနိုင်တာ မှန်ပေမဲ့ အခုအချိန်ထိတော့ အိမ်ရှေ့စံပဲ။ ငါခန့်မှန်းထားတာက ဆွမ်ဧကရာဇ်က ဝမ်မိသားစုကို အရေးယူဖို့ အနည်းဆုံး နောက်ထပ် ခြောက်လလောက် အချိန်ယူရဦးမယ်”

ဟု ဖြေလိုက်သည်။

တုန်းဖန်မိသားစုသည် အတော်လေး အထူးခြားဆုံးသော မိသားစုဖြစ်ပြီး အတွင်းရေးသတင်းအချို့ကို သိရှိထားသဖြင့် လုရှုယွမ်အပေါ် မျှော်လင့်ချက် မထားပါ။ သူ၏ ဘုန်းတန်ခိုးသည် ခဏတာသာ ဖြစ်လိမ့်မည်ဟု သူတို့က ယူဆထားသည်။

ဝမ်မိသားစု ချေမှုန်းခံရပြီးသည်နှင့် လုရှုယွမ်၏ အိမ်ရှေ့စံရာထူး ပြန်ရုပ်သိမ်းခံရမည်မှာ သေချာပေသည်။

တုန်းဖန်လုံယွဲ့က

“ဝမ်မိသားစုဟာ အခြားဩဇာကြီးမားတဲ့ မိသားစုတွေရဲ့ သမီးတွေကို အိမ်ရှေ့စံနဲ့ လက်ဆက်ပေးမယ့် ကိစ္စကို လုံးဝမြင်ချင်မှာမဟုတ်ဘူး။ ဒါပေမဲ့ အိမ်ရှေ့စံရဲ့ ကိုယ်စားလှယ်အဖြစ် ဝမ်ယုံ ရောက်လာခဲ့တာက သူတို့တွေ တစ်ခုခုကို အာရုံခံမိတဲ့အတွက် အခြားတောင်ပိုင်း အာဏာရှိ မိသားစုတွေနဲ့ ကျွန်မတို့မိသားစုကို ခိုင်ခိုင်မာမာ ချည်နှောင်ချင်လို့ပဲ။”

“ကျွန်မတို့မိသားစုဟာ မျိုးဆက်တစ်ဆက်ပြီးတစ်ဆက် ကုန်သွယ်ရေးလုပ်ငန်းပဲ လုပ်ကိုင်ခဲ့ပြီး ရှနိုင်ငံတော်ရဲ့ စီးပွားရေးလမ်းကြောင်းတွေကို ချုပ်ကိုင်ထားတယ်။

ကျွန်မတို့နဲ့ အခြားတောင်ပိုင်းက အာဏာရှိ မိသားစုတွေ ခိုင်ခိုင်မာမာ ချည်နှောင်မိရင် ဆွမ်ဧကရာဇ်က သူတို့ကို ပိုပြီး သတိထားလာမှာ အမှန်ပဲ”

တုန်းဖန်ယီက သက်ပြင်းချလိုက်ကာ

“အိမ်ရှေ့စံက မင်းကိုစိတ်ဝင်စားတယ်ဆိုတာကလည်း အကြောင်းပြချက်တစ်ခုပဲ ဖြစ်မယ်လို့ ငါလည်း ထင်တယ်။ ဒါပေမဲ့ အကြောင်းပြချက်ဖြစ်နေရင်တောင် ငြင်းဖို့ မလွယ်ဘူး”

ဟု ပြောလိုက်သည်။

“တိုက်ရိုက်ငြင်းပယ်လိုက်မယ်ဆိုရင် သူတို့သံသယဝင်လာနိုင်တယ်။ ဒါက အခြားသူ‌ တွေနဲ့ ဆက်ဆံရေးအတွက် မကောင်းဘူး။ ပြီး‌တော့ တို့မိသားစုမှာလည်း ကိုယ်ပိုင်တာဝန်ရှိနေတယ်။ အခုလိုအချိန်မှာ ပြဿနာတစ်စုံတစ်ရာ မဖြစ်သင့်ဘူး။”

ထိုအချိန်တွင် တုန်းဖန်လုံယွဲ့က စုတ်တံကိုချလိုက်ပြီး တုန်းဖန်ယီဘက်သို့ မျက်နှာမူကာ

“ ဒီလိုလုပ်ကြည့်ရအောင် ဖခင်။ ဖခင်က အိမ်ရှေ့စံကို သဘောတူဟန်ဆောင်ပြီး အချိန်ဆွဲပါ။ ကျွန်မက ဆူဖုန်းမြို့ကနေ ထွက်ခွာဖို့ နည်းလမ်းရှာမယ်”

ဟု ပြောလိုက်သည်။

တုန်းဖန်မိသားစုသည် တောင်ပိုင်း အာဏာရှိမိသားစုများထဲမှ တစ်ခုဖြစ်သော်လည်း အခြားနိုင်ငံတော်ကြီးများတွင်လည်း စီးပွားရေးလုပ်ငန်းများ ရှိနေသည်။ တုန်းဖန်လုံယွဲ့အတွက် ဆူဖုန်းမြို့မှ ထွက်ခွာပြီး အခြားနိုင်ငံ တစ်ခုတွင် ခိုလှုံရန်က မခက်ခဲပေ။ နောက်ပိုင်းတွင် တုန်းဖန်မိသားစုမှ တုန်းဖန်လုံယွဲ့ကိုယ်တိုင်က လက်ထပ်ရန် မလိုလားသဖြင့် အခြားနိုင်ငံသို့ ထွက်ပြေးသွားကြောင်း ဆင်ခြေပေးနိုင်သည်။

တုန်းဖန်လုံယွဲ့၏ ခိုင်မာသောဆုံးဖြတ်ချက်ကို မြင်တွေ့ရသော တုန်းဖန်ယီက

“ အခု လောလောဆယ်တော့ ဒီနည်းလမ်းပဲ ရှိတော့တယ်” ဟု ပြောလိုက်သည်။

“ယွဲ့လေး။ မင်းကို ဒီလိုအခြေအနေထဲ ရောက်အောင် လုပ်ရတာ စိတ်မကောင်းပါဘူး” ဟု သူက ဆက်ပြောလိုက်သည်။

တုန်းဖန်လုံယွဲ့က အေးဆေးစွာဖြင့်တုံ့ပြန်လိုက်သည်။

“ကျွန်မအတွက် လုပ်သင့်တာကိုပဲ လုပ်တာပါ”

တုန်းဖန်ယီက

“ငါ မင်းကို နောက်ထပ် မနှောင့်ယှက်တော့ဘူး”

ဟု ဆိုပြီး အဆောင်ထဲမှ ထွက်ခွာသွားကာ ဝမ်ယုံထံ သို့စာပို့ရန် ပြင်ဆင်လိုက်သည်။

ညအချိန် ရောက်ရှိလာသည်။ မြောက်ပိုင်းနယ်စားမင်းသားစံအိမ်။

ထိုည၏ လသည် အေးမြပြီး လှပနေသည်။လရောင်သည် မြေပြင်ပေါ်သို့ ဖြာကျလွှမ်းခြုံ လျက်ရှိသည်။ထိုအချိန်တွင် မြောက်ပိုင်းနယ်စားမင်းသားစံအိမ်ရှိ ချူးယုချင်၏ အခန်းထဲ၌ ချူးယုချင်သည် ဖျာပေါ်တွင် ဒူးထောက်ထိုင်နေပြီး အရှေ့တွင် အရက်အိုးတစ်လုံးနှင့် အမြည်းတစ်ချို့ ချထားသည်။

ချူးချင်လီနှင့် ချူးယုချင်တို့သည် မျက်နှာချင်းဆိုင်ထိုင်နေကြသည်။

ချူးယုချင်က သူမဘာသာ အရက်တစ်ခွက်ကို လောင်းထည့်ပြီး တစ်ကျိုက်တည်းနှင့် ကုန်အောင် သောက်လိုက်ကာ ချူးချင်လီအား

“ချင်လီ။ ဒါက မင်းသားစံအိမ်က ချက်တဲ့ အရက်အသစ်ပဲ။ အရသာလည်း အရမ်းကောင်းတယ်။ မင်းသားစံအိမ်ကို ဒီအရက် မှာချင်ရင် လအတန်ကြာ စောင့်ရတယ်။ ငါကတော့ ကျိရွှမ်းဆီကနေ အရက်တစ်အိုးရအောင် ရှာနိုင်ခဲ့တယ်။ မြည်းစမ်းကြည့်ပါဦး”

ဟု ပြောလိုက်သည်။

“ဒီအရက်က အဆိပ်ဖြေရာမှာ အထောက်အကူဖြစ်ပြီး သိုင်းပညာကျင့်စဉ်အတွက် အလွန်အကျိုးရှိပါတယ်လို့ ပြောကြတယ်။ မကြာသေးခင်က နင့်ရဲ့ ကျင့်စဉ်မမှန်တာတွေကြောင့် ခန္ဓာကိုယ်မှာ အမာရွတ်တွေ အများကြီးဖြစ်ခဲ့တယ်။ ဒီအမာရွတ်တွေက အဆိပ်ကြောင့် ဖြစ်နိုင်တယ်။ နည်းနည်းလောက် မြည်းကြည့်ပါလား”ဟုဆက်ပြောလိုက်သည်။

ချူးချင်လီသည် ချူးယုချင်၌ အခြားရည်ရွယ်ချက်ရှိမည်ဟု သံသယ မဖြစ်မိပေ။ အထူးသဖြင့် ချူးယုချင်ကိုယ်တိုင် အရက်တစ်ခွက်သောက်ပြီးနောက်တွင်ဖြစ်သည်။

ထို့ပြင် မြောက်ပိုင်းနယ်စားမင်းသားစံအိမ်မှ ထုတ်လုပ်သော အရက်ဖြူသည် အလွန်ရေပန်းစားကြောင်း ယခုအခါ စံအိမ်အတွင်းရှိ ကိုယ်ရံတော်များစွာကပင် မြည်းစမ်းလိုစိတ်ပြင်းပြနေကြောင်း သူမ အမှန်ပင် ကြားသိထားသည်။

ချူးယုချင်က ချူးချင်လီအတွက် အရက်အနည်းငယ်ငှဲ့ပေးလိုက်သည်။

ချူးချင်လီက ချက်ချင်းပင် အရက်ခွက်ကိုကောက်ယူကာ ဖြည်းညှင်းစွာ မြည်းစမ်းလိုက်သည်။

တစ်ငုံသောက်ပြီးနောက် အရက်အလွန် ပြင်းတာကို ချူးချင်လီ သတိထားမိလိုက်သည်။ သူမတွင် မြင့်မားသော သိုင်းပညာနှင့် ကောင်းမွန်သော အတွင်းအားတို့ မရှိပါက သူမ လုံးဝမူးသွားမည်ဖြစ်သည်။

ထိုအချိန်တွင် ချူးယုချင်က သူမအတွက် နောက်တစ်ခွက် ထပ်ငှဲ့လိုက်သည်။ သူမသည် ဒူးထောက်နေသော အနေအထားမှ အနည်းငယ် ကြွတက်လိုက်ပြီး ညင်သာစွာဖြင့် ထိုင်လျက်အနေအထားသို့ ပြောင်းလိုက်သည်။

ချူးယုချင်က

“ချင်လီ။ ဒီအရက်ကို နင်ဘယ်လိုထင်လဲ” ဟု မေးလိုက်သည်။

ချူးချင်လီက မျက်နှာအပြောင်းအလဲမရှိပဲ

“နည်းနည်းပြင်းတယ်။ ဒါပေမဲ့ အနံ့ကတော့ အတော်လေး ကောင်းတယ်” ဟု ပြန်ဖြေလိုက်သည်။

ချူးချင်လီ၏ အဖြေကိုကြားလိုက်ရသော ချူးယုချင်က နောက်တစ်ခွက် ထပ်လောင်း ပေးလိုက်ကာ

“နင်ကြိုက်ရင် နည်းနည်းထပ်သောက်ပါ။ ဒီအရက်က နောက်ပိုင်းမှာ နင့်ခန္ဓာကိုယ်ထဲက အညစ်အကြေးတွေကိုတောင် ဖယ်ရှားပေးနိုင်လောက်တယ်” ဟု ပြောလိုက်သည်။

ချူးယုချင်၏ အကြံအစည်မှာ ရိုးရှင်းသည်။ ချူးချင်လီကို မူးအောင်လုပ်ရန်ဖြစ်သည်။ ချူးချင်လီ သံသယမဖြစ်စေရန် သူမကိုယ်တိုင်လည်း အတူတူသောက်မည်။

လုချန်းသည် နောက်ပိုင်းတွင် သူမ၏အခန်းသို့ လာမည်ဖြစ်ပြီး သူ၏ ထာဝရတန်ခိုးရှင် နည်းလမ်းဖြင့် သူမကို အမူးပြေအောင် လုပ်ပေးမည်။ လုချန်း ရောက်လာပြီး သူမ မူးနေသည်ကို တွေ့ရှိပါက သူမ အမူးပြေအောင် သူအလိုလို ကူညီမည်မှာ သေချာသည်။

ထိုအချိန်တွင် သူမ နိုးလာမည်ဖြစ်ပြီး ညီမဖြစ်သူကတော့ အရက်မူးလျက် သတိလစ်နေမည်ဖြစ်သည်။ ထိုအခါ ယနေ့ညတွင် လုချန်းအား သူမ၏ ကတိအတိုင်း ပြုစုနိုင်မည်ဖြစ်သည်။

နံနက်အရုဏ်တက်သည်အထိ ချူးချင်လီအနေဖြင့် သတိမထားမိနိုင်ပေ။

ချူးချင်လီ ပြန်နိုးလာသည့်အခါတွင် သူမနှင့် လုချန်းတို့၏ အလုပ်ကိစ္စများ ပြီးဆုံးနေပြီဖြစ်မည်။

ချူးယုချင်က သူမ၏ ခွက်ကိုပြန်မြှောက်ကာ နောက်တစ်ငုံသောက်သည်ကို မြင်ရသောအခါ ချူးချင်လီ၏ စိတ်ထဲတွင် ရုတ်တရက် အကြံတစ်ခု ဝင်လာသည်။

ဤကာလအတွင်း သူမ၏အစ်မသည် သူမအပေါ် သံသယများ စတင်ဖြစ်ပေါ်နေပြီဖြစ်သည်။ အထူးသဖြင့် လုချန်းသည် သူမ၏အခန်းတွင် အမြဲ ရှိနေတတ်ပြီး နေ့စဉ်ဖြစ်ပွားနေသော အတွင်းအား ဖောက်ပြန်မှုမှာ လုံလောက်သော ရှင်းပြချက် မဖြစ်နိုင်တော့ပေ။

ပြီးခဲ့သည့် ရက်အနည်းငယ်အတွင်း သူမသ လုချန်းနှင့် အပေးအယူ မပြုလုပ်ခဲ့ခြင်းမှာ အဓိကအားဖြင့် ချူးယုချင်က သိရှိသွားမည်ကို စိုးရိမ်နေခြင်းကြောင့်ဖြစ်သည်။

ယခုအခါ မြောက်ပိုင်းနယ်စားမင်းသားစံအိမ်တွင် ဤမျှပြင်းထန်သော အရက်မျိုး ရုတ်တရက် ပေါ်ထွက်လာသည့်အတွက် သူမ၏ အခွင့်အလမ်းလည်း ရောက်ရှိလာခဲ့သည်။ သူမသာ ချူးယုချင်ကို မူးအောင်လုပ်နိုင်ပါက ချူးယုချင် သတိလစ်နေစဉ် လုချန်းနှင့် တွေ့ဆုံနိုင်မည်ဖြစ်၏။ ထိုအခါ ချူးယုချင် ဘယ်တော့မှ သိရှိမည်မဟုတ်ပေ။ ယခင်ကကဲ့သို့ ချူးယုချင်က သူ့တို့ကိုဖမ်းမိသွားမှာကိုလည်း အလွန်အမင်း စိုးရိမ်နေစရာ မလိုတော့ပေ။

သို့သော် ချူးယုချင် သတိမထားမိစေပဲ သူမကို မူး‌အောင်လုပ်ရန် အကောင်းဆုံးနည်းလမ်းမှာ သူမနှင့်အတူတူ သောက်ပေးရန်ဖြစ်သည်။

ထိုအတွေးဖြင့် ချူးချင်လီသည် ခွက်ကိုကောက်ယူကာ ဖြည်းဖြည်းချင်း ငုံသောက်လိုက်သည်။ ထိုအခိုက်တွင် လှည့်ကွက်တူညီနေသော ညီအစ်မနှစ်ဦးသည် တစ်ဦးကိုတစ်ဦး မူးယစ်စေရန် ရည်ရွယ်ချက်ဖြင့် ထွေရာလေးပါးစကားများပြောဆိုကြရင်း အရက်သောက်နေကြသည်။

ထိုအတောအတွင်း လုချန်း၏ စာကြည့်ခန်းတွင် မီးရောင်များ လင်းလျက် ရှိနေဆဲဖြစ်သည်။ အချိန်အတိုင်းအတာတစ်ခု ကုန်လွန်သွားပြီးနောက် တိမ်တိုက်တစ်ခုသည် လကို ဖုံးအုပ်လိုက်သဖြင့် အလင်းရောင်များ ပျောက်ကွယ်သွားသည်။

လုချန်းသည် ထိုင်ခုံမှ ထလိုက်ပြီး ခြေလက်ဆန့်လိုက်ရင်း ဇက်ကြောများကို ဖြေလျှော့လိုက်သည်။ ချူးယုချင်က ယနေ့ညတွင် သူ့အား သူမ၏အခန်းသို့ ဖိတ်ကြားထားကြောင်း သတိရလိုက်သောအခါ လုချန်း၏ နှုတ်ခမ်းထောင့်များတွင် အပြုံးရိပ်များပေါ်လာသည်။

သို့သော် ပြဿနာတစ်ခုကို သူရုတ်တရက် သတိရလိုက်သည်။ ချူးချင်လီသည် ချူးယုချင်၏ အခန်းနှင့် ကပ်လျက် နေထိုင်နေပြီး သူမသည် မကြာသေးမီက မင်းသားစံအိမ် အတွင်းဆောင် ဒုလုံခြုံရေးမှူး ရာထူးမှ ခေတ္တအနားယူထားသည်။

ယခု သူချူးယုချင်၏ အခန်းသို့ သွားပါက ချူးချင်လီ သူ့ကိုမြင်ရန် သို့မဟုတ် သူတို့၏အခြေအနေကို သတိထားမိရန် အလားအလာ အလွန်မြင့်မားနေသည်။

........

အခန်း (၂၉၇)

လူသတ်သမားတစ်ဦး ချူးယုချင်၏ အခန်းအတွင်းသို့ ဝင်ရောက်လာခြင်းဝင်ရောက်လာခြင်း (၁)

ချူးချင်လီ မြင်သွားမည်ကို တွေးမိသည်နှင့် လုချန်းသည် စိတ်ထဲတွင် ဇဝေဇဝါဖြစ်သွားလိုက်သည်။ ချူးယုချင်လည်း ဤအချက်ကို သိမည်သာဖြစ်သည်။ ချူးချင်လီ မင်းသားစံအိမ်တွင် ရှိနေသရွေ့ သူမသည် ချူးယုချင်ကို အမြဲမပြတ် စောင့်ကြည့်နေမည်ဖြစ်သည်။

ဒါဆို ချူးယုချင်က သူ့ကို သူမရဲ့ အခန်းထဲ ဘာလုပ်ဖို့ ခေါ်တာလဲ။

ချူးချင်လီ စောင့်ကြည့်နေချိန်တွင် ချူးယုချင်သည် မည်သည့် မရိုးမသားမှုကိုမှ မပြုနိုင်သဖြင့် သူတို့နှစ်ဦးတွင် ဆောင်ရွက်စရာ အလုပ်ဟူ၍ မရှိနိုင်ပေ။ သူမရဲ့ အခန်းထဲမှာ ဘာမှမလုပ်ပဲ ထိုင်နေရမှာလား။

ထိုသို့ တွေးကြည့်သောအခါ ချူးယုချင်က သူ့ကို ညအချိန်တွင် သူမ၏အခန်းသို့ လာရန် ဖိတ်ခေါ်ရသည့် အကြောင်းရင်းကို လုချန်း နားမလည်နိုင်ဖြစ်နေသည်။ သို့သော် ချူးယုချင်ကိုယ်တိုင် ဖိတ်ခေါ်ထားသည်ဖြစ်ရာ မည်သည့်ကိစ္စဖြစ်စေ သွားရောက်ကြည့်ရှုသင့်သည်ဟု သူတွေးလိုက်သည်။

မကြာမီ လုချန်းသည် ချူးယုချင်၏ အခန်းရှိရာ အဆောင်သို့ ဦးတည်၍ လျှောက်လိုက်သည်။

အဆောင်ဝင်း အတွင်းသို့ မဝင်သေးမီပင်ချူးယုချင်၏ အခန်းမှ မီးအိမ်အလင်းရောင်များ မှိတ်တုတ်မှိတ်တုတ် ထွက်နေသည်ကို လုချန်း မြင်လိုက်ရသည်။ စကားပြောသံများကိုလည်း ကြားနေရသည်။

ဒါက...

ချူးယုချင်ရဲ့ အခန်းထဲမှာ အခြားသူတွေ ရှိနေလို့လား။

ဤအချက်က ချူးယုချင် သူ့ကို သူမ၏အခန်းသို့ ခေါ်ရခြင်း၏ အကြောင်းရင်းကို ပို၍ နားမလည်နိုင် ဖြစ်စေသည်။ အခန်းထဲမှာ အခြားသူတွေ ရှိနေကြတယ် မဟုတ်လား။ ထို့နောက် လုချန်းလည်း တံခါးနားသို့ ချဉ်းကပ်လိုက်ကာ တံခါးကို ခေါက်လိုက်သည်။

“ဒေါ်လေးချူး။ ကျွန်တော် ဝင်လာလို့ရလား။”

ထိုအခိုက်တွင် အခန်းတွင်းမှ အမျိုးသမီးနှစ်ဦးသည် ကြမ်းပြင်ပေါ်တွင် လဲလျောင်းနေကြပြီဖြစ်သည်။ အရက်များစွာ သောက်မိသဖြင့် ပူနေကြပုံရသည်။ သူတို့၏ မိုးတိမ်ဝတ်စုံများလည်း လျော့ရဲနေပြီး ဖြူစင်သော လည်ပင်းများ၊ နုနယ်သော ညှပ်ရိုးများနှင့် နှင်းကဲ့သို့ ဖြူဖွေးသော အသားများ ပေါ်နေလျက်ရှိသည်။

လုချန်း၏ အသံ ထွက်ပေါ်လာ‌ပြီးနောက် အခန်းအတွင်း၌ ရုတ်တရက် တိတ်ဆိတ်သွားသည်။ အသံများ လုံးဝပျောက်ကွယ်သွားသည်။

ဒါက...

လုချန်း တံခါးနားတွင် ခဏမျှ ရပ်တန့်လိုက်သည်။ သူ ခုနကပင် အခန်းထဲမှ အသံများ ကြားနေရသည် မဟုတ်ပါလား။ ဘာလို့ ရုတ်တရက် တိတ်ဆိတ်သွားရတာလဲ။

အထဲမှာ တစ်ခုခု ဖြစ်နေပြီလား။

လူသတ်သမား ဝင်နေတာလား။

ထိုအတွေးနှင့်အတူ လုချန်း၏ နဖူးတွင် အရေးအကြောင်းများ ပေါ်လာကာ ချက်ချင်းပင် တံခါးကို တွန်းဖွင့်လိုက်သည်။

တံခါးဖွင့်လိုက်သည်နှင့် သူ့မျက်စိရှေ့တွင် မိန်းမလှနှစ်ဦး တစ်ဦးကိုတစ်ဦး ဖက်ထားကာ လဲကျနေသည့် ပုံရိပ်က ချက်ချင်း ပေါ်လာသည်။

ထိုအရာကို မြင်လိုက်ရတော့ လုချန်း အံ့အားသင့်သွားသည်။

နောက်ခဏအတွင်း အရက်နံ့များ လုချန်း၏ နှာခေါင်းထဲသို့ ပြင်းထန်စွာ ဝင်ရောက်လာသည်။

လုချန်း ချက်ချင်း နားလည်သွားသည်။ ချူးယုချင်နှင့် ချူးချင်လီတို့သည် အခန်းထဲတွင် အရက်သောက်နေကြပြီး သူတို့သောက်နေသည်မှာ မင်းသားစံအိမ်၏ ပြင်းထန်သော မုယောစပါး အရက်ဖြူ ဖြစ်သည်။

ထိုအချိန်တွင် လုချန်းသည် ကြမ်းပြင်ပေါ်ရှိ ထိုနှစ်ဦးကို တစ်ချက်ကြည့်လိုက်သည်။ ချူးယုချင်က လဲလျောင်းနေပြီး ချူးချင်လီက သူမ၏ဘေးတွင် သတိမရတရ ဖြစ်နေဆဲဖြစ်သည်။

လုချန်း၏ နှုတ်ခမ်းထောင့်တွင် အပြုံးရိပ်အနည်းငယ် ပေါ်လာသည်။ လူသတ်သမား မရှိပါ။ လူသတ်သမားက သူကိုယ်တိုင်သာဖြစ်သည်။

ဒီနေ့မနက်တွင် ချူးယုချင်က သူ့ကို ညပိုင်းတွင် သူမ၏အခန်းသို့လာရန် ဖိတ်ခေါ်ခဲ့သည်မှာ ချူးချင်လီအား သူတို့နှစ်ဦး၏ ဆက်ဆံရေးကို ပွင့်ပွင့်လင်းလင်း ပြောပြရန် ရည်ရွယ်ချက်ဖြင့်လား။ အခု သူ အနည်းငယ် နောက်ကျသွားပြီး အခုဆိုလျှင် မိန်းမလှ နှစ်ဦးစလုံး အရက်မူးနေကြပြီး ကြမ်းပြင်ပေါ်တွင် လဲနေကြပြီဖြစ်သည်။

ချူးယုချင်သည် သူတို့၏ ဆက်ဆံရေးကို ထပ်မဖုံးကွယ်လိုတော့သဖြင့် ချူးချင်လီအား ဖွင့်ပြောလိုက်ပြီဟု ထိုအချိန်အထိ လုချန်းထင်နေဆဲဖြစ်သည်။ ချူးယုချင်၏ တကယ့်ရည်ရွယ်ချက်ကို လုချန်းမှန်းဆမိခြင်း မရှိသေးပေ။

ယခုတွင် လုချန်း အခန်းအတွင်းသို့ ဝင်လာပြီး တံခါးကို နောက်မှ ပိတ်လိုက်သည်။ တံခါးပိတ်သံကို ကြားလိုက်ရသည်နှင့် မူးယစ်နေသော ချူးချင်လီက မည်သူဝင်လာသည်ကို ကြည့်ရန် ခေါင်းမော့လိုက်သည်။

မကောင်းဆိုးဝါးကောင်ကြီး ဝင်လာသည်ကို မြင်လိုက်ရသည်နှင့် သူမ၏ ဦးနှောက်အာရုံကြောများ အနည်းငယ် ကြည်လင်လာသည်။ သို့သော် အရက်အလွန်အကျွံသောက်မိထားသဖြင့် သူမ၏ စွမ်းရည်ဖြင့် အရက်ရှိန်ကို ဖျောက်ဖျက်ရန် အချိန်အနည်းငယ် လိုအပ်နေသေးသည်။ သူမ မူးယစ်နေဆဲဖြစ်ပြီး အားနည်းနေသည်။

လုချန်းက တိုက်ရိုက် ချူးယုချင်ထံသို့ လျှောက်လာသည်ကို မြင်လိုက်ရသည်နှင့် ချူးချင်လီ တောင့်တင်းသွားသည်။ ချူးယုချင်၏ အဝတ်အစားများသည် လုံးဝလျော့ရဲနေပြီး နှင်းကဲ့သို့ ဖြူဖွေးသော ပခုံးသားများ ပေါ်နေသည်။

လုချန်း၏ မျက်စိများက မမြင်သင့်သည်များကို မမြင်ရစေရန် ချူးချင်လီက အားအကုန်သုံးကာ သူမ၏လက်ကို မြှောက်လိုက်ပြီး ချူးယုချင်၏ အဝတ်အစားများကို တဖြည်းဖြည်း ဆွဲတင်လိုက်ကာ လုချန်းအား “မကြည့်နဲ့... မကြည့်နဲ့...” ဟု ပြောလိုက်သည်။

ထိုအခြေအနေကို မြင်တော့ လုချန်းက ခပ်တိုးတိုး ရယ်မောလိုက်သည်။ ချူးချင်လီသည် အရက်မူးနေသည့်တိုင် ချူးယုချင်အား သူနှင့်နီးကပ်ခွင့်မပြုပဲ ဤမျှ သတိကြီးစွာ ရှိနေမည်ဟု သူမျှော်လင့်မထားခဲ့ပေ။

လုချန်းသည် ပြုံးရယ်ကာ

“ချင်လီ။ မင်းတို့ကြမ်းပြင်ပေါ်မှာ အိပ်ရင် အအေးမိသွားမယ်။ ကိုယ်နှစ်ယောက်လုံးကို အိပ်ရာပေါ်တင်ပေးမယ်” ဟု ပြောလိုက်သည်။

ချူးချင်လီက ချက်ချင်းပင် ချူးယုချင်အပေါ်သို့ လက်တင်ကာ အရက်မူးနေသော မျက်နှာဖြင့် လုချန်းကို စူးစိုက်ကြည့်လျက်

“ရှင်... ထွက်သွား...”

ဟု ပြောလိုက်သည်။

ဤမိစ္ဆာ မည်သည့်လူစားမျိုးဖြစ်သည်ကို သူမကောင်းကောင်းသိသည်။ ယခုအခါ သူ့ရှေ့တွင် အရက်မူးနေပြီး ခုခံနိုင်စွမ်းမရှိသော မိန်းမလှနှစ်ဦး ရှိနေသည်။ သူ့ထံတွင် အခြားရည်ရွယ်ချက်မရှိဟု သူမ တစ်စက္ကန့်တောင် မယုံကြည်နိုင်‌ချေ။

ဤလူကို ချက်ချင်းထွက်စေရမည်။ မဟုတ်ပါက နောက်ထပ်သူဘာလုပ်လာမည်ကို မည်သူမျှ မသိနိုင်တော့ပေ။

ချူးယုချင်ကို ထိကိုင်ခြင်းမှ တားဆီးနေသည်ကို မြင်လျှင် လုချန်းက

“ချင်လီ။ ဒါကတော့ မင်းလွန်လွန်းပြီ။ မင်းကိုယ်တိုင် ကြမ်းပြင်ပေါ်အိပ်တာနဲ့ဒေါ်လေးချူးကိုပါ မင်းနဲ့အတူ ကြမ်းပြင်ပေါ်အိပ်ခိုင်းတာက မဟုတ်ဘူးလေ။”

“ကြမ်းပြင်က ဒီလောက်အေးနေတာ။ ဒေါ်လေးချူး အအေးမိသွားရင် ဘယ်လိုလုပ်မလဲ” ဟု ပြောလိုက်သည်။

ထို့နောက် လုချန်းက ချူးချင်လီ၏ လက်ကို ဆုပ်ကိုင်ကာ ချူးယုချင်၏ ကိုယ်ပေါ်မှ ဖယ်ရှားလိုက်သည်။

လုချန်း၏စကားကို ကြားသော်လည်း ချူးချင်လီက သူ့ကို လုံးဝမယုံကြည်ပဲ ချက်ချင်းပင် သူ့လက်မောင်းကို ဆုပ်ကိုင်ကာ ဆက်လက်တားဆီးရန် ကြိုးစားလိုက်သည်။

သို့သော် သူမသည် အရက်မူးနေပြီး လုချန်းနှင့် ထိတွေ့သည်နှင့် သူမ၏ စွမ်းအားများ ယာယီပိတ်ဆို့သွားသည်။ စွမ်းအားများ ပိတ်ဆို့ပြီး အရက်မူးလာသည်နှင့်အမျှ ပို၍အားနည်းလာကာ ခေါင်းထဲတွင် မူးဝေလာသည်။

ထို့နောက် လုချန်းသည် ချူးယုချင်၏ သွယ်လျသော ခန္ဓာကိုယ်ကို ကောက်ချီကာ သူမ၏ အိပ်ရာဆီသို့ သွားနေသည်ကို ချူးချင်လီ မျက်ဝါးထင်ထင် ကြည့်ရှုနေရသည်။ ထိုအခြေအနေကို မြင်လျှင် လုချန်းနှင့် ချူးယုချင် ထိုကိစ္စလုပ်မည်ဟု ထင်မှတ်လိုက်ပြီး ချူးချင်လီက အားကုန်ထုတ်၍

“ရှင်... ရှင်ကျွန်မအစ်မကို ထိရင်... ရှင့်ကိုသတ်ပစ်မယ်...” ဟု ပြောလိုက်သည်။

..........

All Chapters