အခန်း ၂၉၈-၃၀၀
Vol. 20 Ch. 298-300
အခန်း (၂၉၈ )
လူသတ်သမားတစ်ဦး ချူးယုချင်၏ အခန်းအတွင်းသို့ ဝင်ရောက်လာခြင်းဝင်ရောက်လာခြင်း (၂)
ချူးချင်လီ ကန့်ကွက်နေသော်လည်း လုချန်းက ပြုံးရင်း ချူးယုချင်ကို အိပ်ရာပေါ်တင်ကာ စောင်ဖြင့်အုပ်ပေးလိုက်သည်။
လုချန်းက ချူးယုချင်အား မသင့်လျော်သောလုပ်ရပ်များ မပြုလုပ်သည်ကို မြင်ရသောအခါ ချူးချင်လီ၏ စိတ်များ အနည်းငယ်ပြေလျော့သွားသည်။ သို့သော် ခဏအကြာတွင် လုချန်းက ချူးယုချင်ကိုချထားပြီး သူ့မဘက်သို့ ပြန်လည်ချဉ်းကပ်လာသည်ကို မြင်ရသောအခါ ချူးချင်လီ ကျောချမ်းသွားသည်။
ချူးချင်လီ၏ အနားသို့ရောက်သောအခါ လုချန်းက ဒူးထောက်ထိုင်ပြီး သူမအား ဖက်ရန် လက်နှစ်ဖက်ဆန့်လိုက်သည်။ ချူးချင်လီက လုချန်း ထိုနေရာတွင်ပင် သူမအား တစ်ခုခုလုပ်မည်ဟု ထင်မှတ်ကာ ချက်ချင်းပင် ရှောင်တိမ်းဖို့ ကြိုးစားလိုက်သည်။ သို့သော် လုချန်း၏လက် သူမ၏ခန္ဓာကိုယ်နှင့်ထိမိသည်နှင့် ချက်ချင်းပင် ရှောင်နိုင်စွမ်းမရှိတော့ပေ။ ခုခံနေသော်လည်း လုချန်းက သူမကို ပွေ့ဖက်လိုက်ကာ အိပ်ရာဘက်သို့ လျှောက်သွားသည်။
ခဏကြာသည်အထိ ခုခံနေသော ချူးချင်လီအား လုချန်းက အိပ်ရာပေါ်သို့ မှောက်လျက်အနေအထားဖြင့် တင်လိုက်သည်။ သူမကိုပါ အိပ်ရာပေါ်တင်လိုက်သည်ကို မြင်ရသော ချူးချင်လီ ခဏတာမျှ အံ့အားသင့်သွားသည်။
သူမ ဒီလူယုတ်မာကို နားလည်မှု လွဲသွားခဲ့တာလား။ သူမ၏အစ်မဖြစ်သူ အနားတွင်ရှိနေသည့်အတွက် ထိုသို့သော အပြုအမူမျိုးကို လုချန်း မပြုလုပ်ရဲဟု သူမယူဆလိုက်သည်။
ထိုအတွေးဖြင့် ချူးချင်လီ၏ ရင်ထဲတွင် သက်သောင့်သက်သာဖြစ်သွားသည်။
ထိုအချိန်တွင် လုချန်းသည် အိပ်ရာဘေးတွင် ရပ်ကာ အိပ်ရာပေါ်တွင် လှဲနေသော ချူးချင်လီအား ငေးကြည့်နေသည်။ ချူးချင်လီဝတ်ဆင်ထားသော ခရမ်းရောင် ဝတ်စုံသည် သူမ၏ခန္ဓာကိုယ်နှင့် ကပ်နေပြီး သူမ၏ ခန္ဓကိုယ် နောက်ပိုင်းကို ပိုမိုထင်ရှားစေသည်။
ချူးချင်လီ၏ခန္ဓာကိုယ်မှ အရက်အနံ့များ ထွက်နေသော်လည်း ထိုမြင်ကွင်းက လုချန်း၏ စိတ်ကို နှိုးဆွနေသည်။
ထို့ပြင် ဤနေရာသည် ချူးယုချင်၏အခန်းထဲ ဖြစ်နေသည်။ ယခင်က လျှို့ဝှက်စွာ ဆက်ဆံနေစဉ် ချူးယုချင်၏အသံကို ကြားရုံနှင့် ချူးချင်လီ၏ခန္ဓာကိုယ်တစ်ခုလုံး တောင့်တင်းသွားတတ်သည်။
ချူးယုချင် အနားတွင်ရှိနေပါက ဘာဖြစ်မည်နည်း။ လုချန်း ထိုအတွေးကို ဆက်မတွေးတော့ပေ။
ဘာပဲဖြစ်ဖြစ် သူဒီနေ့ ဒီမှာပဲ နေတော့မည်။
ဤချူးချင်လီဆိုသော မိန်းမသည် သူနှင့် ချူးယုချင်တို့အကြား ဖြစ်နေသည်များကို ဟန့်တားရန် ကြိုးစားခဲ့သည်။ သူမကို သင်ခန်းစာပေးရမည်။ သူမ၏ မျက်နှာဖုံးကိုခွာချပြီး သူမ၏ အရှက်များကို ဖယ်ရှားပစ်ကာ သူနှင့် ချူးယုချင်တို့ကို ဆက်စောင့်ကြည့်နေဦးမှာလားဆိုတာကို စမ်းသပ်ကြည့်ရမည်။
ထိုအချိန်တွင် လုချန်း အခန်းထဲမှ မထွက်သွားသေးသည်ကို ချူးချင်လီ သတိထားမိသွားသည်။ သူမသည် အိပ်ရာဘေးမှ လုချန်းကိုကြည့်ကာ အေးစက်နေသော အမူအရာဖြင့်
“ရှင်ဒီက... အခုပဲထွက်သွားပါ”
ဟု ပြောလိုက်သည်။
ထိုစကားကိုကြားလိုက်သည်နှင့် လုချန်း၏ ရင်ထဲတွင် ဒေါသမီးတစ်ခု ပြင်းထန်စွာ ပေါ်ထွက်လာသည်။ နောက်အခိုက်အတန့်တွင် အဝတ်ဆုတ်ဖြဲသံ တစ်ချက်ကို ကြားလိုက်ရသည်။ ချူးချင်လီသည် ချက်ချင်းပင် သူမ၏နောက်ကျောမှ အေးစက်သောလေကို ခံစားမိပြီး ဖြစ်ပျက်နေသည်ကို သိလိုက်ရသည်။ သူမ၏မျက်နှာလည်း ချက်ချင်းပင် ဖြူဖတ်ဖြူလျော်ဖြစ်သွားသည်။
ဒါက ချူးယုချင်၏ အခန်းဖြစ်သည်။
ချူးယုချင် အနားတွင် ရှိနေသည်။
မဖြစ်နိုင်ပါ။ သူမသည် ဤလူအား ထိုသို့လုပ်ခွင့်ပြုမည် မဟုတ်ပေ။
ချူးချင်လီသည် ချက်ချင်းပင် သူမ၏စွမ်းရည်အားလုံးကို စုစည်းရန် ကြိုးစားခဲ့သော်လည်း နောက်ခဏတွင် လုချန်းက သူမ၏လက်ကောက်ဝတ်ကို ဆုပ်ကိုင်လိုက်ပြီး သူမ၏စွမ်းရည်ကို ထပ်မံပိတ်ပင်လိုက်သည်။ သူမ၏ အားအင်ကုန်ခမ်းသွားပြန်သည်။
“အမ်... အမ်... အမ်...”
ကောင်းကင်ရှိ တိမ်တိုက်များ တဖြည်းဖြည်းပျံ့လွင့်သွားပြီး လင်းထိန်နေသောလပြည့်ဝန်းမှ အလင်းရောင်သည် ကမ္ဘာမြေပေါ်သို့ တစ်ဖန်ပြန်လည်ကျရောက်လာသည်။
ထိုအချိန်တွင် ညလေညင်းတစ်ချက် တိုက်ခတ်လာပြီး သစ်ရွက်များကို လှုပ်ခတ်သွားစေသည်။ နွေရာသီ ရောက်တော့မည်ဖြစ်သဖြင့် ညလေသည် အလွန်နူးညံ့ပြီး ထိတွေ့သူတိုင်းအား အေးချမ်းစေသည်။
ထိုအချိန်တွင် အဖြူရောင်ဝတ်စုံဝတ်ဆင်ထားသော အမျိုးသမီးတစ်ဦးသည် ခေါင်မိုးတစ်ခုပေါ်၌ထိုင်ကာ မြောက်ပိုင်းနယ်စားမင်းသားစံအိမ်ကို အမှောင်ထဲမှ ကြည့်ရှုနေသည်။
ဤညတွင် ပိုင်ချင်းချင်း ကင်းလှည့်ရန် တာဝန်ကျသည်။ သို့သော် သူမ ကင်းလှည့်လေ့မရှိပေ။ အဆင့်မြင့်သိုင်းပညာရှင်တစ်ဦးအနေဖြင့် အမြင့်တစ်နေရာတွင် နေရုံဖြင့် မင်းသားစံအိမ်အတွင်း အနှောင့်အယှက်တစ်ခုခု ဖြစ်သည်နှင့် အာရုံခံစားနိုင်စွမ်းရှိသည်။
ထိုအချိန်တွင် ချူးယုချင်၏အခန်းမှ အော်သံတစ်ချို့ကို သူမကြားလိုက်ရသည်။ ပိုင်ချင်းချင်းက ထိုအသံကို အာရုံမစိုက်ပဲ ခေါင်မိုးပေါ်တွင် ရပ်နေပြီး ခပ်ဝေးဝေးကို ငေးကြည့်နေသည်။
မင်းသားစံအိမ်အတွင်း ဤကဲ့သို့သော ဆူညံမှုကို ဖြစ်စေနိုင်သူမှာ ထိုလူသာရှိသည်။
သို့သော် ထိုအသံများ ချူးယုချင်၏ အခန်းမှလာနေသည်ကတော့ အံ့သြစရာဖြစ်သည်။ ပထမဆုံးအကြိမ်အဖြစ် ချူးယုချင်၏အခန်းမှ အသံများကို ကြားရခြင်းဖြစ်သည်။ ပုံမှန်အားဖြင့် ညအချိန်တွင် နွေဦးအသံ အဆောင်မှသာ အော်သံများ ထွက်ပေါ်လေ့ရှိသည်။
မည်မျှကြာသွားသည်မသိ လပြည့်ဝန်း၏ အလင်းရောင်သည် တိမ်တိုက်၏ ဖုံးလွှမ်းခြင်းကို တဖန်ခံလိုက်ရပြီး ဖီးနစ်ငှက်တစ်ကောင်၏အော်သံထွက်ပေါ်ပြီးနောက် အခန်းထဲမှ ဆူညံသံများ ရုတ်တရက်ရပ်တန့်သွားသည်။
အဆင့်ကိုး သိုင်းပညာရှင်များသည် မူးယစ်နိုင်သော်လည်း သူတို့၏ကိုယ်ခန္ဓာကို စွမ်းအားဖြင့်ကာကွယ်ထားသောကြောင့် အရက်၏ အာနိသင်က အလွန်လျင်မြန်စွာ ပျက်စီးသွားတတ်သည်။
အခန်းအတွင်းမှ အသံများမှာ အလွန်ကျယ်လောင်လွန်းပြီး ချူးယုချင်လည်း မူးဝေထိုင်းမှိုင်းစွာဖြင့် မျက်လုံးကို ဖွင့်လိုက်သည်။ ထိုအခါ လူနှစ်ဦးထပ်နေသည်ကို မှုန်ဝါးဝါးဖြင့် မြင်လိုက်ရသည်။
“ချန်းလေး... ချင်လီ့ကို မနှောင့်ယှက်နဲ့...” ချူးယုချင်က ဗလုံးဗထွေးဖြင့်ပြောလိုက်သည်။
ချူးယုချင် မျက်လုံးဖွင့်လိုက်သည့်အခါ ချူးချင်လီ အလွန်လန့်ဖျပ်သွားပြီး သူမ၏ ခန္ဓာကိုယ်တစ်ခုလုံး တောင့်တင်းသွားသည်။သူမ သတိပြန်ရဝင်လာပြီး ချူးယုချင်အား တစ်ခုခု အလျင်အမြန် ရှင်းပြလိုသော်လည်း ထိုအချိန်တွင် လက်ကြီးတစ်ဖက်က ချူးချင်လီ၏ ပါးစပ်ကို အုပ်လိုက်သည်။
ချူးချင်လီ ချက်ချင်းနားလည်သွားပြီး လှုပ်ရှားမှုများ ရပ်တန့်သွားကာ အခန်းတွင်း၌ တိတ်ဆိတ်သွားသည်။ ခြင်များ၏ အသံများကိုပင် ကြားနေရသည်။ အချိန်အတော်ကြာပြီးနောက် ချူးယုချင်လည်း သူမ၏ မျက်လုံးများကို ပြန်မှိတ်ကာ
“ချန်းလေး ဘာလို့များ မရောက်သေးတာလဲ... သူမေ့သွားတာလား...” ဟု ရေရွတ်လိုက်သည်။
ထို့နောက် ချူးယုချင် နှစ်နှစ်ခြိုက်ခြိုက် ပြန်အိပ်ပျော်သွားသည်။ ချူးယုချင် ပြန်အိပ်သွားသည်ကို မြင်သောအခါ ချူးချင်လီ စိတ်သက်သာရာ ရသွားပြီး သက်ပြင်းတစ်ချက် ချလိုက်သည်။
သို့သော် နောက်တဒင်္ဂတွင် သူမ၏ ရင်ထဲ၌ အမျက်ဒေါသမီးတောက်များ ပေါ်ထွက်လာသည်။ ဒီလူဆိုးက...
ထိုလူဆိုးနှင့် စာရင်းရှင်းရန် ချူးချင်လီ စိတ်ကူးပြီး ခေါင်းလှည့်လိုက်သည်နှင့် ဖိချခံလိုက်ရပြီး ပါးစပ်ပြန်ပိတ်ခံလိုက်ရသည်။
ချူးယုချင်၏ ဖြူဖွေးလှပသော မျက်နှာကို ကြည့်ရင်း သူမကိုတိုက်ခိုက်နေသည့် ထိုလူဆိုးအကြောင်း တွေးမိသောအခါ ချူးချင်လီ၏ ရင်ထဲတွင် အတော်မကျေမနပ်ဖြစ်မိသည်။ ဤမုန်းဖွယ်ကောင်းသော လူဆိုး အခုဆိုရင် သူမအစ်မကို စိတ်ကူးနေမှာဖြစ်ပြီး သူမကိုလည်း သူအစ်မလို့ ထင်နေမည်ဖြစ်သည်။
မိုးလင်းချိန်။
တစ်ညလုံး အိမ်ခေါင်မိုးပေါ်တွင် ရပ်နေခဲ့သော ပိုင်ချင်းချင်းလည်း အောက်သို့ဆင်းလာသည်။ ယနေ့ မင်းသားစံအိမ်၏ စောင့်ကြပ်ရေး တာဝန်ယူရမည့် ချူးယုချင်ထံ လက်လွှဲရန် သွားရမည်ဖြစ်သော်လည်း သူမသည် ချူးယုချင်ကို မရှာပဲ လင်ဝမ်ရွန်၏ အဆောင်သို့သွားကာ စောင့်ကြပ်ရေးတာဝန်ကို လွှဲပြောင်းပေးလိုက်သည်။
ထိုအချိန်တွင်။ နေရောင်ခြည်သည် အခန်းအတွင်းသို့ စီးဝင်လာပြီး ဆံပင်များ ဖရိုဖရဲဖြစ်နေသော ချူးယုချင် အိပ်ရာမှ နိုးလာသည်။
“အင်း...”
ချူးယုချင်သည် အိပ်ချင်မူးတူး အသံဖြင့် မျက်လုံးများကို ဖွင့်လိုက်သည်။
ထိုအချိန်တွင် သူမသည် အနီးမှ “အာ့...” ဆိုသော အသံကို ရုတ်တရက် ကြားလိုက်ရသည်။
ချူးယုချင် ရုတ်တရက် သတိထားမိသွားပြီး အလျင်အမြန် လှည့်ကြည့်လိုက်၏။ ချူးချင်လီသည် ကပိုကရိုဖြစ်နေပြီး လုချန်းက အိပ်ရာဘေးတွင် ရပ်နေ၏။ ထို့ပြင် ချူးချင်လီ၏ မိုးတိမ်ဝတ်စုံမှာ အစိတ်စိတ်အမွှာမွှာ ဖြစ်နေသည်ကို တွေ့လိုက်ရသည်။
ဤမြင်ကွင်းကို မြင်ရသောအခါ ချူးယုချင် အံ့အားသင့်သွားသည်။
သူမ စကားစပြောမည့်အချိန်တွင် လုချန်းက ချူးချင်လီအား အေးဆေးစွာဖြင့်
“ချင်လီ။ မင်းထပ်အကု ခံချင်သေးလား။ မင်းကိုယ်ပေါ်က ဒီအမာရွတ်တွေ မပျောက်ရင် နောင်တစ်ချိန်မှာ ဘယ်လိုလုပ် လက်ထပ်မလဲ” ဟု ပြောလိုက်သည်။
စကားပြောနေစဉ်တွင် လုချန်းသည် သူ၏ အဝတ်အစားများကို ပြန်ဆန့်လိုက်၏။ ချူးချင်လီကလည်း ချူးယုချင်ရှေ့တွင် ရပ်ကာ သူမ၏ မြင်ကွင်းကို တစ်ပိုင်းတစ်စ ကာထားသည်။
လုချန်း၏ စကားကို ကြားလိုက်ရသောအခါ ချူးယုချင် ခဏတာမျှ အံ့အားသင့်သွားသည်။
ထိုအချိန်တွင် လုချန်းက ချူးယုချင်ကို ကြည့်လိုက်ပြီး
“ဒေါ်လေးချူး နိုးပြီလား။ ချင်လီ အခန်းထဲမှာ အော်နေတာ ကြားလို့ ကျွန်တာ်ဝင်လာကြည့်တာ။ သူက နတ်ဆိုးဝင်ပူးသလို ဖြစ်နေတယ်။ ကျွန်တော် ကုသဖို့ ကြိုးစားတယ်။ ဒါပေမဲ့ သူက ရုန်းကန်နေတယ်။ ကျွန်တော်က သူ့ကို မဟုတ်တာ လုပ်မယ်လို့တောင် စွပ်စွဲတယ်။ ဒါနဲ့ ကျွန်တော် ဝင်စွက်ဖက်လိုက်ရတာ။”
“သူရဲ့ လည်ပင်းမှာ အသစ်ဖြစ်နေတဲ့ အမာရွတ်တွေကို ကြည့်ပါ” ဟု ပြောလိုက်သည်။
ဤသည်မှာ...
လုချန်း၏ စကားကို ကြားလိုက်ရသောအခါ ချူးယုချင် နောက်ဆုံးတွင် နားလည်သွားသည်။
သူမတွေးမိသည်။ လုချန်းနှင့် ချူးချင်လီတို့သည် သူမရှေ့တွင် ထိုသို့သော အရာမျိုး လုပ်နိုင်မည် မဟုတ်ပေ။ သူမ၏ အတွေးများသည် တဖြည်းဖြည်း ညစ်ပတ်လာနေပြီဖြစ်သည်။ သူတို့ မဟုတ်တာ လုပ်နေကြသည်ဟု သူမယုံကြည်နေမိသည်။
လုချန်းက ချူးချင်လီကို ကုသပေးနေခြင်းသာ ဖြစ်သည်။ ချူးချင်လီ၏ အဝတ်အစားများ စုတ်ပြဲနေသည်ကို မြင်ရသောအခါ ချူးယုချင်က ရှုတ်ချသောအကြည့်ဖြင့် လုချန်းကိုကြည့်ရင်း
“ချန်းလေး။ မင်း ချင်လီကို ကုသဖို့လိုတာ ဒေါ်လေးသိတယ်။ ဒါပေမဲ့ မိန်းကလေးတစ်ယောက်ရဲ့ အဝတ်အစားတွေကို ဒီလို စုတ်ပြဲအောင် မလုပ်ရဘူး။”
“မင်း ချင်လီရဲ့ ခန္ဓာကိုယ်ကို မြင်ပြီးသွားပြီဆိုရင် သူဟာ မင်းကိုပဲ လက်ထပ်ရတော့မယ်” ဟု ပြောလိုက်သည်။
ချူးယုချင်၏ စကားကို ကြားလိုက်ရသောအခါ ချူးချင်လီက အလျင်အမြန်ပင်
“အစ်မ။ ကျွန်မ ဒီကောင်စုတ်ကို လုံးဝ လက်မထပ်ချင်ဘူး”
ဟု ပြောလိုက်သည်။
ချူးချင်လီသည် အခုသတိပြန်ရနေပြီဖြစ်ပြီး လုချန်းအပေါ် မကျေမနပ်ဖြစ်နေသည်။
ချူးချင်လီက လုချန်းအား “ကောင်စုတ်” ဟု ခေါ်လိုက်သည်ကို ကြားလိုက်ရသောအခါ ချူးယုချင်၏ မျက်ခုံးများ အနည်းငယ် တွန့်သွားကာ ချက်ချင်းပင်
“ချင်လီ။ မင်း ချန်းလေးကို ဘာလို့ ဒီလိုပြောရတာလဲ။ သူက မင်းသားတစ်ပါးလေ”
“ပြီးတော့ သူက မင်းကို ကြင်နာစိတ်နဲ့ ကုသပေးနေတာပါ”
ဟု ပြောလိုက်သည်။
.......
အခန်း (၂၉၉)
ချန်းလေး....အဒေါ်ရဲ့ ကတိ...
ထိုအခိုက်တွင် ချူးယုချင်၏ မျက်နှာ အလွန်တည်သွားပြီး ဒေါသထွက်နေသည့်ဟန် ပေါ်လွင်သည်။ ချူးချင်လီ လုချန်းအား မကျေနပ် ဖြစ်နေတာကို သူမသိသည်။ သို့သော် လုချန်းသည် နယ်စားမင်းသား တစ်ဦးဖြစ်၏။ သူ့အား အခြားသူများက လွယ်လင့်တကူ မစော်ကားသင့်ပေ။
ချူးယုချင်၏ မျက်နှာအမူအရာ ပိုမိုတင်းမာလာသည်ကို မြင်ရသော ချူးချင်လီ ရင်ထိတ်သွားပြီး သူမပြောတာ လွန်သွားခဲ့သည်ဟု သိလိုက်ရသည်။
လုချန်းသည် အမှန်တကယ်ပင် လူဆိုးတစ်ဦးဖြစ်သော်လည်း အိပ်ရာထဲတွင် သူ့အား ကျိန်ဆဲခြင်းက သင့်တော်သော်လည်း အခြားသူများရှေ့တွင် ထိုသို့ ပြုမူခြင်းမှာ မသင့်ပေ။ မင်းသားတစ်ဦး၏ ဂုဏ်သိက္ခာကို ထောက်ထားရန် လိုအပ်သည်။
ချူးချင်လီလည်း မလွဲမရှောင်သာဖြင့်ပြောလိုက်သည်။
“အစ်မ။ ကျွန်မ မှားသွားပါပြီ”
ထိုအခါ ချူးယုချင်က လေသံပြင်းပြင်းဖြင့်
“ချင်လီ။ မင်းချန်းလေးကို ချက်ချင်း တောင်းပန်ရမယ်”
ဟု ပြောလိုက်သည်။
ထိုစကားကို ကြားလိုက်ရသော ချူးချင်လီက မနှစ်မြို့စွာဖြင့် လုချန်းဘက်သို့ လှည့်ကြည့်ကာ
“မင်းသား။ ကျွန်မ မှားသွားပါပြီ။ တောင်းပန်ပါတယ်”
ဟု ပြောလိုက်သည်။
ပါးစပ်ဖြင့် တောင်းပန်နေသော်လည်း ချူးချင်လီ၏ နှလုံးသားတွင် ကြီးမားသော မကျေမနပ်ဖြစ်မှုများ ကျန်ရှိနေဆဲဖြစ်သည်။ မနေ့ညက တစ်ညလုံး အနိုင်ကျင့်ခံခဲ့ရပြီး ယခု နံနက်စောစောတွင် ဤလူဆိုးအား တောင်းပန်နေရသည်။
ဤလူက သူမအား အခွင့်အရေးယူပြီးသည့်အပြင် စိတ်ထဲတွင်လည်း ဝမ်းသာနေမည်မှာ သေချာသည်။ သူမ တောင်းပန်နေသည်ကို မြင်လျှင် ပို၍ပင် ဝမ်းသာမည်။ ယုတ်ညံ့သောလူ ဖြစ်သည်။ သူမ အစ်မကို အသုံးချကာ တောင်းပန်ရ အောင်လုပ်ခဲ့သည်။ တစ်ချိန်ချိန်တွင် သူတို့နှစ်ဦးတည်း ရှိပါက ဒီလူနှင့် စာရင်းရှင်းရမည်။
ချူးချင်လီ၏ တောင်းပန်စကားကို ကြားလိုက်ရတော့ လုချန်းက ချက်ချင်းပင်
“ကိစ္စမရှိပါဘူး ဒေါ်လေးချူး။ ကျွန်တော် လုံးဝ ဗွေမယူပါဘူး”
ဟု ပြောလိုက်သည်။
“ကျွန်တော်လည်း အမှားလုပ်မိပါတယ်။ ချင်လီရဲ့ အဝတ်အစားတွေကို မဆုတ်ဖြဲသင့်ဘူး။ သူ့ကို အရှက်ရစေခဲ့တယ်။”
လုချန်းလည်း အမှားဝန်ခံလိုက်သည်ကို မြင်ရသော ချူးယုချင်က လျင်မြန်စွာဖြင့်
“ချန်းလေး။ မင်းက အခုဆို နိုင်ငံတစ်နိုင်ငံရဲ့ အကြီးအကဲဖြစ်နေပြီ။ အပြင်မှာ ဒီလောက်လွယ်လွယ် အမှားဝန်ခံလို့ မဖြစ်ဘူး”
ဟု ပြောလိုက်သည်။
နယ်စားတစ်ဦးသည် ဧကရာဇ်လောက် ကြီးကျယ်ခမ်းနားခြင်း မရှိသော်လည်း အာဏာကြီးသူတစ်ဦး၏ သင်္ကေတပင် ဖြစ်သည်။ အလွယ်တကူ အမှားဝန်ခံ၍ မရ ပေ။ အလွယ်တကူ အမှားဝန်ခံတတ်ခြင်းက နယ်စားတစ်ဦးအနေနှင့် ပျော့ညံ့သည်ဟု ညွှန်းဆိုသကဲ့သို့ဖြစ်သည်။ ဤသည်မှာ ဧကရာဇ်တစ်ပါး မိမိအပြစ်ကို ဝန်ခံသည်နှင့် ဆင်တူသည်။ ပို၍အာဏာရှိသူသည် ပို၍ အမှားဝန်ခံရန် ခက်ခဲသည်။
လုချန်းက ပြုံးရင်း
“ကျွန်တော် နားလည်ပါတယ် ဒေါ်လေးချူး။ ဒါမျိုးကို အတွင်းဆောင်ထဲမှာပဲ ပြောမှာပါ။ အပြင်မှာတော့ အလွယ်တကူ ဝန်ခံမှာ မဟုတ်ပါဘူး” ဟု ပြောလိုက်သည်။
“တကယ်တော့ ကျွန်တော်ကပဲ အရင်အမှားလုပ်မိခဲ့တာ။”
လုချန်း၏ အဖြေကို ကြားရသော ချူးယုချင်က သက်ပြင်းချလိုက်ပြီး ချူးချင်လီအား
“ချင်လီ။ ချန်းလေးက မင်းကို ကောင်းစေချင်လို့ ကုသပေးနေတာ။ သူ့ရဲ့ စေတနာကို ငြင်းပယ်မနေနဲ့”
ဟု ပြောလိုက်သည်။
စကားပြောရင်း ချူးချင်လီ၏ လည်ပင်းတစ်ဝိုက်မှ အနီစင်းများစွာကို ချူးယုချင်သတိထားမိလိုက်သည်။
သူမက ဆက်ပြောသည်။
“ငါမနေ့ညက နင့်ကို အရက်မတိုက်ခဲ့သင့်ဘူး။ နင် နောက်တစ်ခါ အတွင်းအား ဖောက်ပြန်မယ်လို့ မထင်မိလို့။ ကံကောင်းတာက ချန်းလေးက သတိထားမိလိုက်တယ်။”
လုချန်းက ပြုံး၍
“စိတ်မပူပါနဲ့ ဒေါ်လေးချူး။ ချင်လီက အတွင်းအား ဖောက်ပြန်သွားပေမဲ့ သူ့ခန္ဓာကိုယ်ကို သိပ်မထိခိုက်ပါဘူး။ အဓိကပြဿနာက သူ့ခန္ဓာကိုယ်မှာ ပေါ်လာတဲ့ အမာရွတ်တွေပါ”
ဟု ပြောလိုက်သည်။
ချူးယုချင်က
“ဒီအမာရွတ်တွေက အမျိုးသမီးတစ်ယောက်အတွက် အတော်လေး ထိခိုက်စေနိုင်တယ်။ ချင်လီက အပျိုစင်ပဲ ရှိသေးပြီး အိမ်ထောင်မရှိသေးဘူး။ ဒီလိုအမှတ်တွေရှိနေရင် ယောက်ျားယူဖို့ ခက်ခဲနိုင်တယ်။ သူ့မိန်းမရဲ့ ခန္ဓာကိုယ်မှာ အမာရွတ်တွေအများကြီးရှိတာကို ဘယ်ယောက်ျားကမှ မြင်ချင်ကြမှာမဟုတ်ဘူး။”
လုချန်းက
“ဒါကတော့ ပြဿနာမရှိပါဘူး။ လိုအပ်ရင် သူ မြောက်ပိုင်းနယ်စားမင်းသားစံအိမ်မှာပဲ တစ်သက်လုံးနေလို့ရပါတယ်” ဟု ပြန်ပြောလိုက်သည်။
ထိုစကားကို ကြားလိုက်ရသော ချူးယုချင်သည် စိတ်နှလုံး အေးစက်သွားပြီး လုချန်းကို နက်နက်ရှိုင်းရှိုင်း ကြည့်လိုက်သည်။
ဒီလူဆိုးလေးက တကယ်ပဲ ချင်လီကို မျှော်မှန်းထားတာပဲ။ ချူးချင်လီ မြောက်ပိုင်းနယ်စားမင်းသားစံအိမ်ထဲကို ဝင်လာပြီးတာနဲ့ ပြန်ထွက်ဖို့ အလွန်ခက်ခဲမည်ဟု အစကတည်းက သူမသံသယဖြစ်နေခဲ့သည်။
ချူးယုချင်၏ အပြစ်တင်သည့်အကြည့်ကို ခံလိုက်ရသော လုချန်းက အံ့အားသင့်သလို ပြုံးပြလိုက်ကာ
“ချင်လီ။ မလှုပ်နဲ့။ မင်းကို ဆက်ကုပေးမယ်”
ဟု ပြောလိုက်သည်။
ထို့နောက် သူ၏လက်ကိုမြှောက်ကာ ပြန်လည်သန်စွမ်းစေသောစွမ်းအားဖြင့် သူမ၏လည်ပင်းရှိ အမှတ်များကို ကုသဟန်ဆောင်လိုက်သည်။ ခဏအကြာတွင် ချူးချင်လီ၏ လည်ပင်းရှိ အမာရွတ်အချို့ မှေးမှိန်သွားသည်။
သို့သော် လုချန်းက လုံးဝမပျောက်အောင် မလုပ်ခဲ့ပေ။ ဤအမှတ်များသည် သူချန်ထားခဲ့သော အမှတ်များဖြစ်ပြီး အလွယ်တကူ ဖျက်ပစ်သင့်သည့် အရာမဟုတ်ပေ။
ထိုအချိန်တွင် ချူးချင်လီ၏ မျက်နှာသည် အေးစက်နေသော်လည်း အနည်းငယ် နီရဲနေဆဲဖြစ်သည်။
ချူးချင်လီ၏ မျက်နှာတွင် ဒေါသထွက်သောလက္ခဏာများ ပေါ်လာသည်ကို မြင်ရသော ချူးယုချင်၏ စိတ်ထဲတွင် နောက်တစ်ကြိမ် သက်ပြင်းချလိုက်မိသည်။ ချင်လီ၏ လုချန်းအပေါ် ထားသော သဘောထားကို ပြောင်းလဲရန်က တစ်နေ့တည်းနှင့် ဖြစ်နိုင်သည့် ကိစ္စမဟုတ်ဟု ထင်ရသည်။
ချူးယုချင် ထိုသို့တွေးနေစဉ် ရုတ်တရက် လေထဲတွင် ထူးဆန်းသော အနံ့တစ်ခုကို ရှူမိလိုက်သည်။ ယခင်က မကြာခဏ ရှူမိဖူးသော်လည်း မည်သည့်အနံ့ဖြစ်သည်ကို သူမ တိတိကျကျ မသိခဲ့ပေ။
ရုတ်တရက် ချူးယုချင်က သတိထားမိလိုက်သည်။ ချင်လီ အတွင်းအား ဖောက်ပြန်တိုင်း သူမ၏အခန်းထဲတွင် ဤအနံ့ကို ရနေသည်။ ဒါဟာ...
ဒါက အတွင်းအားဖောက်ပြန်ပြီး ခန္ဓာကိုယ်က စွန့်ထုတ်လိုက်တဲ့ အညစ်အကြေးတွေရဲ့ အနံ့လား။
ဟုတ်လောက်သည်။ မဟုတ်လျှင် ချင်လီ့ဆီမှာ အမြဲဒီလို ထူးဆန်းတဲ့အနံ့ ဘာကြောင့်ရနေရမှာလဲ။
ချူးယုချင် ထိုအတွေးကို ဆက်မတွေးတော့ပေ။
ထိုအချိန်တွင် လုချန်းက လက်ကိုမြှောက်ကာ ချူးချင်လီအား
“ချင်လီ။ မင်းကို နည်းနည်းတော့ ကုပေးလိုက်ပြီ။ ဒါပေမဲ့ မင်းရဲ့အမာရွတ်တွေ ပျောက်ဖို့ နောက်ထပ် အကြိမ်ကြိမ် ကုသဖို့လိုသေးတယ်။ အချိန်ရတဲ့အခါ ကိုယ့်ဆီကို ကုသမှု ခံယူဖို့လာပါ။ မနေ့ညက မင်း အတွင်းအား ဖောက်ပြန်တုန်းက အညစ်အကြေးတွေ အများကြီးချွေးနဲ့ထွက်သွားတယ်။ အခုအရင်ဆုံး ရေသွားချိုးလိုက်ပါလား။”
လုချန်း၏ စကားကို ကြားလိုက်ပြီးနောက်နှင့် ချူးချင်လီက သူ့ဘက်သို့လှည်၍ အေးစက်စွာဖြင့် တစ်ချက်ကြည့်လိုက်ပြီး လှည့်ထွက်သွားလိုက်သည်။ ချူးချင်လီ၏ ထွက်ခွာသွားသော ပုံရိပ်ကိုကြည့်ရင်းသူမ၏ ခန္ဓာကိုယ်မှ ချွေးစေးများ ကျဆင်းနေသည်ကို ချူးယုချင် သတိပြုမိလိုက်သည်။
ချင်လီ၏ ခန္ဓာကိုယ်မှ အညစ်အကြေးများ အမှန်တကယ် ထွက်ရှိသွားပြီဟု ချူးယုချင်စိတ်ထဲ တွေးမိလိုက်သည်။ သူမ အတွင်းအား ဖောက်ပြန်ရခြင်း၏ အရင်းခံအကြောင်းရင်းက ဘာဖြစ်မည်နည်း။
ပတ်ဝန်းကျင်ရဲ့ အကျိုးသက်ရောက်မှုကြောင့်လား။
ချင်လီ၏ အတွင်းအား လေ့ကျင့်မှုက ဒီလောက် ခဏခဏ ဖောက်ပြန်တတ်လား။
သိုင်းပညာရှင်တစ်ဦးသည် ဒီလောက် အကြိမ်ကြိမ် အတွင်းအားလေ့ကျင်မှုတွင် ဖောက်ပြန်တတ်ပါ ယခုအချိန်တွင် သူမ၏စွမ်းရည်အားလုံး ဆုံးရှုံးပြီး မသန်မစွမ်း ဖြစ်နေပြီဖြစ်မည်။ သို့သော် ချူးချင်လီကတော့ ထိုသို့မဖြစ်ပေ။
သူမ အတွင်းအား ဖောက်ပြန်ပြီးသည့် အခါတိုင်း အလျင်အမြန် ပြန်လည်ကောင်းမွန်လာတတ်သည်။ ဤမြန်ဆန်သော ပြန်လည်ကောင်းမွန်မှုက လုချန်း၏ ထာဝရတန်ခိုးရှင်နည်းလမ်းကြောင့်ဟု ဆိုနိုင်သည်။ သူ၏နည်းလမ်းသည် ခန္ဓာကိုယ်ပေါ်ရှိ ဒဏ်ရာများကိုပင် အလွယ်တကူ ကုစားနိုင်သည်။
သို့သော် အတွင်းအား လေ့ကျင့်နေစဉ် မကြာခဏ ဖောက်ပြန်မှုများ ဖြစ်ပေါ်ခြင်းကိုမူ ရှင်းပြရန် ခက်ခဲသည်။ လုချန်းအပေါ် သူမ၏ စိတ်ထဲတွင် နက်ရှိုင်းသော မုန်းတီးမှု ရှိနေသဖြင့် စိတ်မငြိမ်သက်ဖြစ်ကာ အတွင်းအား ဖောက်လွှဲဖောက်ပြန် ဖြစ်နေတာလား။
သိုင်းပညာရှင်များအတွက် စိတ်မငြိမ်မသက်ဖြစ်ခြင်းသည် အကြီးမားဆုံး တားမြစ်ချက်ဖြစ်သည်။ စိတ်မငြိမ်မသက်ဖြစ်ပါက လေ့ကျင့်နေစဉ် အတွင်းအား ဖောက်ပြန်နိုင်ခြေ အလွန်များသည်။
ချူးချင်လီ မကြာခဏ ဖောက်လွဲဖောက်ပြန်ဖြစ်မှုက အကြောင်းရင်းရှိမည်ဖြစ်သည်။ စိတ်မငြိမ်မသက်ဖြစ်ခြင်းကြောင့် အဓိက ဖြစ်နိုင်သည်။
ထိုအတွေးကြောင့် ချူးယုချင်၏ စိတ်ထဲတွင် မပြတ်သားဖြစ်သွား၏။
တကယ်လို့ အကြောင်းရင်းက ထိုအချက်ဖြစ်နေပါက သူမနှင့် လုချန်းကြားက ကိစ္စကို ချူးချင်လီ ဘယ်သောအခါမှ မသိစေရန် အထူးသတိထားရမည်။ သူမကိုယ်တိုင် လုချန်းကို ကိုယ်ထိလက်ရောက် ပြုစုပေးနေကြောင်း ချူးချင်လီသည် သိရှိသွားပါက လေ့ကျင့်နေစဉ် ပိုမို၍ ဖောက်ပြန်နိုင်ခြေ များသွားလိမ့်မည်။
ထိုအတွေးနှင့်အတူ ချူးယုချင်၏ ရင်ထဲတွင် စိုးရိမ်ပူပန်မှုများ လှိုင်းထလာသည်။ သို့သော် ထိုအချိန်တွင် ချူးယုချင် စဉ်းစားမိသည်။ သူမသည် မနေ့ညက လုချန်းကို သူမ၏အခန်းသို့ လာရန် ပြောခဲ့သည်။ လုချန်း အမှန်တကယ် လာခဲ့သလား။
ထိုအတွေးဖြင့် ချူးယုချင်က လုချန်းဘက်သို့ ကြည့်ကာ
“ချန်းလေး။ မနေ့ညက ဒေါ်လေးအခန်းကို လာဖို့ ပြောခဲ့တာ် မဟုတ်လား။ မင်း...”
ချူးယုချင် စကားဆုံးကို အဆုံးမသတ်နိုင်ချေ။ စကားပြောနေစဉ် သူမ၏ လှပသောမျက်နှာ ပူလောင်လာသည်။ မည်သည့်အကြောင်းကြောင့်မှန်းမသိ နောက်ပိုင်းကာလများတွင် လုချန်းကို ပြုစုပေးရန် သူမ အမြဲတမ်းတွေးနေမိသည်။ သူမ၏ ကတိစကားအတိုင်း အကြာကြီး မဖြည့်ဆည်းပေးနိုင်သဖြင့် လုချန်းက သူမကို ကတိမတည်ဟု ထင်မည်ကို စိုးရိမ်နေခြင်းလား သို့မဟုတ် အခြားအကြောင်းတစ်ခုခုကြောင့်လား။
မည်သည့် အကြောင်းရင်းကြောင့် ဖြစ်သည်ကို သူမကိုယ်တိုင် မသိချေ။ လုချန်းနှင့် နှစ်ယောက်တည်း အချိန်ကုန်ဆုံးရန် နည်းလမ်းပေါင်းစုံကို သူမရှာဖွေနေမိသည်။ သို့သော် သူမ၏ ညီမကို တွေးမိသည်နှင့် သူမ၏ စိတ်များ မပြတ်သားဖြစ်သွားတတ်သည်။
လုချန်းက မျက်နှာနီမြန်းနေသော ချူးယုချင်ဘက်သို့ လှည့်ကြည့်လိုက်သည်။ မနေ့ညက ချူးယုချင်ကို သိမ်းပိုက်ရန် သူအဆင်သင့်ဖြစ်နေသော်လည်း ချူးချင်လီသည်လည်း အခန်းထဲတွင် ရှိနေပြီး နိုးနေမည်ဟု မည်သူမှ မထင်မှတ်ခဲ့ပေ။ အခြားရွေးချယ်စရာမရှိသဖြင့် ချူးချင်လီကို သူရင်ဆိုင်ဖြေရှင်းခဲ့ရသည်။ နတ်သမီးတစ်ပါးကဲ့သို့ လှပသော ချူးယုချင်ကိုမြင်ပြီး ချူးချင်လီကို ကိုင်တွယ်ရသည်ကလည်း ထူးခြားသော အတွေ့အကြုံတစ်ရပ်ပင်ဖြစ်သည်။
သူရှုံးသွားသည်ဟု လုချန်းမခံစားမိပေ။ ချူးချင်လီကို နှိမ်နှင်းရာမှ သူ၏တိုးတက်မှုကို ကြည့်လျှင် ချူးချင်လီ အနေနှင့် ချူးယုချင်နှင့်သူ၏ ဆက်ဆံရေးကို အနှေးနှင့်အမြန် လက်ခံလာမည်ဟု သူယုံကြည်သည်။
မကြာမီ သူသည် ချူးချင်လီရှေ့တွင် ချူးယုချင်နှင့် ပွင့်ပွင့်လင်းလင်း ဆက်ဆံမည်ဖြစ်ပြီး ချူးချင်လီတွင် ပြောစရာစကား ရှိတော့မည် မဟုတ်ဟု သူ ယုံကြည်သည်။
လုချန်းသည် ပြုံးရ၍
“မနေ့ညက ကျွန်တော် လာခဲ့ပါတယ်။ ဒါပေမဲ့ ဒေါ်လေးချူးက အရက်မူးပြီး ကြမ်းပြင်ပေါ်လဲနေတာကို တွေ့လိုက်ရတယ်။ ကျွန်တော်က ချင်လီ့ကို ကူညီပြီး ဒေါ်လေးကို အိပ်ရာပေါ်တင်ပေးဖို့ လုပ်ခဲ့တယ်။ ပြီးတော့ ကျွန်တော် ပြန်သွားခဲ့တယ်။”
“ဒီနေ့မနက် အစောကြီးမှာ ဒေါ်လေး ဘယ်လိုရှိလဲဆိုတာ လာကြည့်ဖို့ စဉ်းစားခဲ့တယ်။ ဒါပေမဲ့ ချင်လီ အတွင်းအား ဖောက်ပြန်နေတာကို တွေ့လိုက်ရတယ်။”
ချူးယုချင်၏ စိတ်ထဲနှမြောသလို ဖြစ်သွားပြီး
“ဪ”
ဟု ဖြေလိုက်သည်။
သိလိုစိတ်ဖြင့် လုချန်းက မေးလိုက်သည်။ “ဒေါ်လေးချူး။ မနေ့ညက ကျွန်တော့်ကို ပြောစရာတစ်ခုခု ရှိခဲ့တာလား။”
“ဒေါ်လေး...” ချူးယုချင် နှုတ်ဆိတ်သွားသည်။
မနေ့ညက လုချန်းကို ခေ့ါ်ခဲ့သည်မှာ သူ့ကို ပြုစုပေးရန်အတွက်ဖြစ်ကြောင်း ဝန်ခံရန် သူမ မတတ်နိုင်ခဲ့ပေ။
ခဏရပ် ငိုင်သွားပြီးနောက် ချူးယုချင်က ဆက်ပြောသည်။
“ချင်လီ ဘာကြောင့် အကြိမ်ကြိမ် အတွင်းအား ဖောက်ပြန်နေတာလဲ။ သူရဲ့ ခန္ဓာကိုယ်မှာ တစ်ခုခု မှားယွင်းနေတာလားဆိုတာ သိဖို့ ထာဝရတန်ခိုးရှင်နည်းလမ်းနဲ့ စစ်ဆေးပေးဖို့ မင်းကိုခေါ်လိုက်တာပါ။”
ချူးယုချင်၏ မျက်နှာနီမြန်းနေသည်ကို မြင်လိုက်ရသည်နှင့် သူမ အမှန်ကို မပြောကြောင်း လုချန်းသိလိုက်သည်။ လုချန်းက သူမအနားသို့ ချဉ်းကပ်သွားကာ သူမ၏ နားနားကပ်၍ ခပ်တိုးတိုးပြောလိုက်သည်။
“ဒေါ်လေးချူး။ အခု ချင်လီ အခန်းထဲမှာ မရှိတော့ဘူး။ အမှန်အတိုင်း ပြောလို့ရပြီ။”
“မနေ့က ဒေါ်လေး ကျွန်တော့်ကို ခေါ်ခဲ့တာက အရက်မူးနေတုန်း ချင်လီ့ကို ကျွန်တော်တို့ရဲ့ ဆက်ဆံရေးအကြောင်း ဖွင့်ပြောဖို့လား။”
ဒါက...
လုချန်း နားလည်မှု လွဲနေသည်ကို တွေ့လိုက်ရတော့ ချူးယုချင် စိတ်သက်သာရာ ရသွားကာ
“အစက အဲဒီအတွေးရှိခဲ့တယ်။ ဒါပေမဲ့ မင်းမြင်တဲ့အတိုင်းပဲ။ ချင်လီက မင်းကို အခုထိ လက်မခံနိုင်သေးဘူး။ သူ အတွင်းအား လေ့ကျင့်နေတုန်း ခဏခဏ ဖောက်ပြန်နေတာက မင်းကို မကျေနပ်ပဲ စိတ်ထဲမှာ အတွေးတွေ ရှုပ်ထွေးနေလို့ပဲ ထင်တယ်။ မင်း သူ့ကို တစ်နေရာရာပို့ဖို့ အကြောင်းပြချက်တစ်ခု ရှာလိုက်ပါလား။”
လုချန်းက
“အဲဒါ မလိုအပ်ပါဘူး။ သူလက်ခံအောင် လုပ်နိုင်မယ့်နည်းလမ်း မကြာခင် ရှာတွေ့ပါလိမ့်မယ်။ သူရဲ့ ခန္ဓာကိုယ်ပေါ်က ဒဏ်ရာတွေကို ဒေါ်လေးမြင်တယ်မဟုတ်လား။ ကျွန်တော် အဲဒါတွေကို ကုသပေးဖို့ လိုနေသေးတယ်။ သူ့ကို မင်းသားစံအိမ်ကနေ အရမ်းဝေးတဲ့နေရာ ပို့လို့မရဘူး။ အဲဒီဒဏ်ရာတွေက မကုပဲနေရင် တစ်သက်လုံး ကျန်နေခဲ့မှာပဲ။”
ထိုစကားကို ကြားလိုက်ရသည်နှင့် ချူးယုချင်၏ အနည်းငယ် တုန်လှုပ်သွားသည်။
ထိုဒဏ်ရာများသည် အမျိုးသမီးတစ်ဦးအတွက် အလွန်အရေးကြီးသော အကျိုးသက်ရောက်မှုရှိသည်။ အမျိုးသမီးအားလုံးသည် အလှအပကို တန်ဖိုးထားကြသည်။ ထို့ပြင် ချူးချင်လီသည် အိမ်ထောင်မပြုရသေးသော အပျိုစင်ဖြစ်သည်။ သူမ၏ ခန္ဓာကိုယ်ပေါ်တွင် ဒီလောက်များပြားသော ဒဏ်ရာများ ရှိနေခြင်းကို သူမ လုံးဝ လက်ခံနိုင်မည် မဟုတ်ပေ။
လုချန်းက ယုံကြည်မှုအပြည့်ဖြင့် ပြုံးလိုက်ရင်းပြောလိုက်သည်။
“စိတ်မပူပါနဲ့ ဒေါ်လေးချူး။ ချင်လီ ကျွန်တော့်ကို လက်ခံနိုင်ဖို့ သိပ်မလိုတော့ပါဘူး။ သူရဲ့ စကားတွေက မာကျောပေမယ့် စိတ်ထဲမှာတော့ နူးညံ့ပါတယ်။ သူက အပြင်ပန်းမှာ မာကျောနေပုံရပေမဲ့ သူရဲ့ ခန္ဓာကိုယ်နဲ့ စိတ်ဓာတ်က အရမ်းနုညံ့တယ်။”
ချူးယုချင်က တုန့်ပြန်လိုက်သည်။
“အခုဆို သူမင်းကို လက်ခံနိုင်ဖို့ပဲ မျှော်လင့်ရတော့မယ်။”
“ဒါပေမဲ့...”
စကားပြောနေစဉ် ချူးယုချင်က ရှက်ရွံ့စွာဖြင့် လုချန်း၏ မျက်လုံးထဲကို ကြည့်လိုက်ကာ
“ချန်းလေး။ ဒေါ်လေးရဲ့ ကတိစကား...”
ချူးယုချင်၏ စကားသံများသည် လေထဲတွင် လွင့်မျောသွားပြီး ဆက်လက်ပြောရန် ရှက်ရွံ့သွားသဖြင့် နှုတ်ဆိတ်သွားသည်။
ချူးယုချင်၏ လှပသော မျက်လုံးများထဲကို ကြည့်ရင်းနှင့် လုချန်းက
“ဒေါ်လေးချူး။ ကျွန်တော် အခုအချိန်မှာတော့ ကိုယ့်ကိုယ်ကို ထိန်းချုပ်ဖို့ ကြိုးစားပါ့မယ်။”
မျက်နှာနီမြန်းလျက် ချူးယုချင်က အကြံပြုလိုက်သည်။
“ဒါဆို ကျိရွှမ်းကို မင်းအတွက် အခုအချိန်မှာ အခြားတစ်ယောက် ရှာခိုင်းလိုက်ပါလား။”
လုချန်းက
“မလိုတော့ပါဘူး။ အခုဆို ကျွန်တော်က အဆင့်လွန် ပညာရှင်အဆင့်ရောက်နေပြီ။ သာမန်အမျိုးသမီးတစ်ယောက်က ကြာကြာမခံနိုင်ဘူး”
ဟု ပြန်ဖြေလိုက်သည်။
ချူးယုချင်က
“ဟုတ်ပါတယ်”
ဟု သဘောတူလိုက်သည်။
“ကောင်းပါပြီ ဒေါ်လေးချူး။ ကျွန်တော့်မှာ အလုပ်ကိစ္စတွေရှိလို့ အခုသွားရမယ်။”
ချူးယုချင် ခေါင်းညိတ်ပြလိုက်ပြီးနောက် လုချန်းလည်း လှည့်ထွက်သွားသည်။
ထွက်ခွာနေရင်း လုချန်းစဉ်းစားမိသည်။ သူ မနက်မိုးလင်းခါနီးမှ အင်္ကျီဝတ်ထားဖို့ သတိရခဲ့တာ ကံကောင်းခဲ့သည်။ မဟုတ်ပါက ချူးယုချင် သိသွားနိုင်သည်။
သို့သော် ထိုခံစားမှုက အမှန်တကယ် စိတ်လှုပ်ရှားစရာ ကောင်းသည်။ နောက်ပြီး စိတ်ပိုင်းဆိုင်ရာ လှုံ့ဆော်မှုတစ်ခုတည်း မဟုတ်ပေ။ ရုပ်ပိုင်းဆိုင်ရာ လှုံ့ဆော်မှုပါ ပါဝင်သည်။
ဤဖြစ်ရပ်ပြီးနောက် သူနှင့် ချူးယုချင်တို့အား ချူးချင်လီ တားဆီးရဲတော့မည် မဟုတ်ဟု လုချန်းယုံကြည်သည်။
.......
အခန်း (၃၀၀)
ယမ်းလက်နက်ခေတ် ရောက်ရှိခြင်း (၁)
ရှနိုင်ငံတော်။
နေပြည်တော်။
အရှေ့ဆောင် နန်းတော်။
လုရှုယွမ်သည် လက်မှုပညာရှင်များ အဆင့်မြှင့်တင်ထားသော တိမ်ဖောက်လေးကို အဆောင်ဝင်းတစ်ခုတွင် စမ်းသပ်နေသည်။ တိမ်ဖောက်လေးသည် သူအိမ်ရှေ့မင်းသားဖြစ်လာပြီးနောက် သူ၏ ဒုတိယမြောက် အောင်မြင်မှုဖြစ်သည်။ အထူးပစ္စည်းများဖြင့် ပြုလုပ်ထားသော ဤလေးသည် အလွန်အစွမ်းထက်ပြီး သူတို့၏ အထူးပြုလုပ်ထားသော တိမ်ဖောက်မြားနှင့်တွဲဖက်ပါက သံချပ်ကာမြင်းတပ်၏ ထူထဲသော သံချပ်ကာကိုပင် အလွယ်တကူထိုးဖောက်နိုင်သည်။
တိမ်ဖောက်လေး ရှိပါက ရှနိုင်ငံတော်အနေဖြင့် စစ်မြေပြင်တွင် ရန်သူ့ သံချပ်ကာမြင်းတပ်ကို မကြောက်ရတော့သလို နောင်တွင် နိုင်ငံတွင်း အရေးအခင်းဖြစ်ပါက သူ၏ညီငယ် လျှို့ဝှက်ပြင်ဆင်ထားနိုင်သော သံချပ်ကာ မြင်းတပ်များကိုလည်း စိုးရိမ်စရာမလိုတော့ပေ။
လက်ထဲရှိ တိမ်ဖောက်လေးကို ကြည့်ရင်း လုရှုယွမ်၏ မျက်နှာတွင် အပြုံးတစ်ခု ပေါ်လာသည်။
တိမ်ဖောက်လေး နှင့် တိမ်ဖောက်မြား ပြုလုပ်ရာတွင် အသုံးပြုသော ပစ္စည်းများမှာ အလွန်ထူးခြားပြီး လက်ရှိတွင် တောင်ပိုင်းရှိ အာဏာရှိ မိသားစုကသာ ရရှိနိုင်သည်။ ထို့ပြင် ထုတ်လုပ်မှုနည်းစနစ်အချို့ကိုလည်း လျှို့ဝှက်ထားသည်။ အိမ်ရှေ့မင်းသား၏ အဖွဲ့သာလျှင် ဤနည်းပညာကို သိရှိပြီး လက်နက်ထုတ်လုပ်ရေး ဝန်ကြီးဌာနမှ လက်မှုပညာရှင်များပင် နည်းပညာကို အပြည့်အဝ မသိကြပေ။
ထို့ကြောင့် တိမ်ဖောက်လေးသည် အိမ်ရှေ့မင်းသား၏ အောင်မြင်မှုတစ်ခုအဖြစ်သာမက သူ၏ ပြိုင်ဘက်များ ထုတ်လုပ်နည်းပညာနှင့် ကုန်ကြမ်းများ ရယူခြင်းမှ တစ်စိတ်တစ်ပိုင်း ကာကွယ်ပေးနိုင်သည်။
နန်းတွင်းရှိ အခြားအုပ်စုများ တိမ်ဖောက်လေး ရရှိမည်ကိုမူ စိုးရိမ်စရာမလိုပေ။
တိမ်ဖောက်လေး ထုတ်လုပ်ပြီးသည့်အခါ အခြားအုပ်စုများ၏ လက်ထဲသို့ ရောက်ရှိမည်မှာ သေချာသော်လည်း အနည်းငယ်သာ ရရှိကြမည်။ လက်ရှိတွင် လက်နက်ထုတ်လုပ်ရေး ဝန်ကြီးဌာနသည် တစ်နေ့လျှင် တိမ်ဖောက်လေး အရေအတွက် အလွန်နည်းနည်းသာ ထုတ်လုပ်နိုင်ပြီး အမြောက်အမြား ထုတ်လုပ်နိုင်သည့် အဆင့်မရှိသေးပေ။
အရေအတွက်ကို ထိန်းချုပ်ထားသရွေ့ အခြားသူများ တိမ်ဖောက်လေး ရရှိသော်လည်း အမြောက်အမြား မရနိုင်ပေ။ ယခု အတောအတွင်း အိမ်ရှေ့မင်းသား၏ ဘက်တော်သားများက တိမ်ဖောက်လေး အမြောက်အမြားကို လျှို့ဝှက်စွာ ထုတ်လုပ်နေပြီဖြစ်သည်။ တိမ်ဖောက်လေး အရေအတွက်နှင့်ပတ်သက်လျှင် သူ၏ပြိုင်ဘက်များသည် သူတို့နှင့် ယှဉ်ပြိုင်နိုင်စရာ အကြောင်းမရှိပေ။
လုရှုယွမ် ဝမ်းမြောက်ဝမ်းသာဖြစ်နေစဉ် အစေခံမိန်းကလေးတစ်ဦး အလျင်အမြန်ဝင်ရောက်လာပြီး
“အိမ်ရှေ့မင်းသား။ ဝမ်လူကြီးမင်း ပြန်ရောက်လာပါပြီ”
ဟု ပြောလိုက်သည်။
ထိုအသံကိုကြားပြီး လုရှုယွမ်သည် သတိပြန်ဝင်လာကာ
“ချက်ချင်းခေါ်ခဲ့”
ဟု ပြန်ပြောလိုက်သည်။
“ ဟုတ်ကဲ့။”
ထို့နောက် အစေခံမိန်းကလေး ထွက်သွားပြီး ဝမ်ယုံကို ခေါ်လာသည်။
“အိမ်ရှေ့မင်းသားကို ဂါရဝပြုပါတယ်။ မင်းသားအသက်ရှည်ပါစေ။”
ထိုစဉ် လုရှုယွမ်က စိတ်အားထက်သန်စွာဖြင့်
“တုန်းဖန်ယီက ဘာပြောလဲ။ တုန်းဖန်လုံယွဲ့ကို ကျုပ်ဆီပေးဖို့ သဘောတူလား”
ဟု မေးမြန်းလိုက်သည်။
ဝမ်ယုန်က
“သဘောတူပါတယ်။ ဒါပေမဲ့...” ဟု ပြန်ဖြေသည်။
ဝမ်ယုံ နှုတ်ဆိတ်နေသည်ကိုမြင်သော်လည်း လုရှုယွမ်၏ မျက်နှာတွင် အပြုံးတစ်ခု ပေါ်လာသည်။ တုန်းဖန်မိသားစုကို သူ၏ဘက်တော်သားအဖြစ် ခိုင်ခိုင်မာမာ ချည်နှောင်နိုင်ပါက တောင်ပိုင်းရှိ အာဏာရှိမိသားစုအားလုံး အမှန်တကယ် စည်းလုံးညီညွတ်သွားမည်ဖြစ်သည်။
တုန်းဖန်လုံယွဲ့နှင့် ပတ်သက်လျှင်တော့ သူမကို အကြိမ်အနည်းငယ် မြင်ဖူးပြီး သူမ၏ အလှတရားကို နှစ်သက်မိသော်လည်း လုရှုယွမ်အတွက် တုန်းဖန်လုံယွဲ့၏ အလှထက် သူမ၏နောက်ကွယ်မှ တုန်းဖန်မိသားစုက ပို၍ အရေးကြီးသည်။
ထိုအခါ လုရှုယွမ်က
“ဒါပေမဲ့ ဘာလဲ”
ဟု ထပ်မေးလိုက်သည်။
ဝမ်ယုန်က
“ဒါပေမဲ့ တုန်းဖန်မိန်းကလေးက အိမ်ရှေ့မင်းသားနှင့် လက်ထပ်ရမယ်ဆိုတာ ကြားတာနှင့် ချက်ချင်း မြစ်ထဲခုန်ချပြီး အဆုံးစီရင်ဖို့ရကြိုးစားပါတယ်။ အချိန်မီ ကယ်ဆယ်နိုင်ပေမဲ့ အဆုံးစီရင်ဖို့ ဆက်လက်ကြိုးစားနေပါတယ်။ ဒီအတိုင်းဆိုရင် သူ့ကို ဘယ်သူမှ တားဆီးနိုင်မှာ မဟုတ်ပါဘူး။
ဒီသတင်းသာ ပြန့်နှံ့သွားရင် အိမ်ရှေ့မင်းသားရဲ့ ဂုဏ်သိက္ခာကို ပြင်းပြင်းထန်ထန်ထိခိုက်စေနိုင်ပါသည်။ တုန်းဖန်ယီလည်း ရွေးစရာမရှိတော့ပဲ တုန်းဖန်လုံယွဲ့ကို နားချဖို့ အချိန်လိုကြောင်း၊ အခု လောလောဆယ် အချိန်မှာ လက်ထပ်ခြင်းကို ဆိုင်းငံ့ထားဖို့နဲ့ အိမ်ရှေ့စံ မိဖုရားနဲ့ လက်ထပ်ပြီးမှ ဆုံးဖြတ်ဖို့ ကျွန်တော့်ကတဆင့် မင်းသားကို တောင်းပန်ခိုင်းပါတယ်။”
ဝမ်ယုန်၏စကားကို ကြားလိုက်ရသောအခါလုရှုယွမ်၏ မျက်နှာမည်းသွားသည်။ တုန်းဖန်လုံယွဲ့က ဤမျှအကြီးအကျယ် ကန့်ကွက်မည်ဟု သူ မထင်မိခဲ့ပေ။
အစကတည်းက တုန်းဖန်လုံယွဲ့သည် စိတ်ထားခက်ထန်သော အမျိုးသမီးဖြစ်ကြောင်း သိထားသည်။ တောင်ပိုင်းမှ လူငယ်ပညာတတ်များစွာ၏ ခြေကို ချိုးဖူးခြင်းက သူမ၏ စရိုက်ကို သက်သေပြနေသည်။ သို့သော် အိမ်ရှေ့မင်းသား၊ နောင်တစ်ချိန်တွင် ထီးနန်းကို ဆက်ခံမည့်သူနှင့် လက်ထပ်ရမည်ကို သိပါက သူမလက်ခံနိုင်မည်ဟု ထင်မှတ်ထားသည်။ အာဏာကြီးမားသော လူတစ်ဦးနှင့် လက်မထပ်လိုသော အမျိုးသမီးမရှိဟု သူယုံကြည်ထားသည်။
သို့သော် မျှော်လင့်မထားသည်မှာ တုန်းဖန်လုံယွဲ့က မြစ်ထဲခုန်ချပြီး အဆုံးစီရင်ရန် ကြိုးစားခဲ့ခြင်းဖြစ်သည်။
ထိုသတင်းသာ ပြန့်နှံ့သွားပါက နန်းတွင်းရှိ အမတ်များက သူ့အား အမျိုးသမီးတစ်ဦးကို အနိုင်ကျင့်သည်ဟု စွပ်စွဲကြမည် မဟုတ်ပါလား။
လုရှုယွမ်၏ မျက်နှာမည်းသွားသည်ကို မြင်သောအခါ ဝမ်ယုန်က ဆက်ပြောလိုက်သည်။
“စိတ်မပူပါနှင့် အိမ်ရှေ့မင်းသား။ တုန်းဖန်လုံယွဲ့က လက်မထပ်ချင်ပေမဲ့ တုန်းဖန်ယီက သဘောတူလိုက်ပြီ ဆိုတော့ သူကျွန်တော်တို့ဘက်သို့ ရောက်ပြီလို့ ဆိုနိုင်ပါတယ်။”
ဝမ်ယုံ၏စကားမှန်ကန်ကြောင်း လုရှုယွမ် နားလည်လိုက်သည်။ တုန်းဖန်လုံယွဲ့၏ သဘောထားက အရေးမကြီးတော့ပေ။ ယခုအချိန်တွင် သူမကို ယာယီထိန်းသိမ်းထားနိုင်ပြီး အဆုံးစီရင်ခြင်းမှ တားဆီးနိုင်လျှင် လုံလောက်သည်။
လုရှုယွမ်က ဆက်ပြောလိုက်သည်
“တုန်းဖန်ယီဆီ စာတစ်စောင်ပို့ပါ။ ကျုပ်ရဲ့ တုန်းဖန်လုံယွဲ့အပေါ် မပျောက်ပြယ်နိုင်တဲ့ ချစ်ခြင်းမေတ္တာအကြောင်း၊ သူအဆုံးစီရင်ဖို့ ကြိုးစားတာကို ကြားရတဲ့အခါ ကျုပ်ရဲ့နှလုံးသား ကွဲအက်ခဲ့ရပုံတို့ကို ထည့်ရေးပါ။ ဒါကြောင့် ကျုပ်တို့က လက်ထပ်ဖို့ ကတိကဝတ်ကို အရင်အတည်ပြုမယ်။ အိမ်ရှေ့မိဖုရားနှင့် လက်ထပ်ပြီးမှ သူ့ကို လာယူမယ်။ တုန်းဖန်ယီ အနေနှင့် တုန်းဖန်လုံယွဲ့ကို လက်ခံဖို့ မကြာခင် နားချနိုင်မယ်လို့ မျှော်လင့်တယ် ဆိုတာတွေ ထည့်ရေးပါ။”
တုန်းဖန်လုံယွဲ့သည် အလှပဆုံး မိန်းကလေးတစ်ဦး ဖြစ်သော်လည်း လုရှုယွမ်သည် စိတ်မရှည်သော လူတစ်ဦးမဟုတ်ပေ။ အကယ်၍ သူမကို အဆုံးစီရင်ရန် တွန်းအားပေးခဲ့လျှင် တုန်းဖန်မိသားစုနှင့် ဆက်ဆံရေး ပြတ်တောက်သွားနိုင်သည်။
တုန်းဖန်မိသားစုတွင် သမီးတစ်ဦးတည်းသာ ရှိသည်။ တုန်းဖန်လုံယွဲ့ သေဆုံးခွင့် မရှိပေ။ ထို့ပြင် အကယ်၍ သူမသေဆုံးခဲ့လျှင် သူ၏ဂုဏ်သိက္ခာအား ကြီးမားစွာ ထိခိုက်စေမည်။ ထို့ကြောင့် အချိန်ဆွဲခြင်းသည် အကောင်းဆုံးနည်းလမ်းဖြစ်သည်။ လက်ထပ်ရန် ကတိကဝတ်ကို အရင်အတည်ပြုပြီး နိုင်ငံရေးဆိုင်ရာ ချည်နှောင်မှုအဖြစ် အသုံးချရမည်ဖြစ်သည်။
ထိုအခါ တုန်းဖန်လုံယွဲ့အား မည်သည့်အချိန်တွင် လက်ထပ်မည်ဆိုသည်က အရေးမကြီးတော့ပေ။
လုရှုယွမ်၏စကားကို ကြားပြီးနောက် ဝမ်ယုံက
“ကျွန်တော် ချက်ချင်းပဲတုန်းဖန်ယီဆီ စာပို့ပါမယ် အိမ်ရှေ့မင်းသား။”
......